Saw Moe Thel

Saw Moe Thel

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saw Moe Thel, Sports, .

29/06/2023

#ကြောက်စရာကောင်းတဲ့လူ

#သူ့ အိမ်က
ပိုကောင်းတယ်လို့
ပင့်ကူ အချင်းချင်း မတွေးကြဘူး။

#သူ့ အသံက
ပိုချိုတယ်လို့
ဥသြ အချင်းချင်း မတွေးကြဘူး။

#သူ့ အတောင်ပံက
ပိုလှတယ်လို့
လိပ်ပြာ အချင်းချင်း မတွေးကြဘူး။

#သူ့ အရောင်က
ပိုလင်းတယ်လို့
ကြယ် အချင်းချင်း မတွေးကြဘူး။

သူက အမှတ်ပိုများတယ်
သူက အလုပ်ပိုကောင်းတယ်
သူက ရာထူးပိုမြင့်တယ်
သူက နာမည်ပိုကြီးတယ်
သူက ပိုသာတယ်
သူက ပိုတော်တယ်
သူက ပို…တယ်

#လူအချင်းချင်း တွေး
#လူအချင်းချင်း တွန်း
#လူအချင်းချင်း တိုက်ကြတယ်။

ကူ မလိုနဲ့ ယူ
ထူ မလိုနဲ့ ခြူ
ခြေထိုး ပြီးမှ ရှေ့တိုးတက်တာ လူ။

လျှာဖျားမှာ မေတ္တာတရား
နှလုံးသားက မစ္ဆရိယပွားတာ လူ။

ဆင်းရဲတာကြားရင် အားရ
မျက်ရည်ကျတာမြင်ရင် ပျော်ကြတာ လူ။

ပင်လယ်ရေကို မောင်ပိုင်စီး
ဝန်တိုလောင်မီးနဲ့
မနာလိုစိတ်ကြီးတာ လူ။

လူ…လူ…လူ
ကြောက်စရာကောင်းတဲ့ လူ။

#သြော်…မေ့လို့…

"ငါ"ဆိုတာလည်း
အဲဒီလူတွေထဲက "လူ"

Credit မူရင်း

21/06/2023

ကောင်းလိုက်တဲ့ ဥပမာပေးလေး
ဖတ်လိုက်ရတော့ ကောင်းလို့
ပြန်မျှဝေ လိုက်တယ်နော် .....

" ခွေးကျင့်ခွေးကြံ "
---------------
တနေ့တွင်
တောကစားထွက်လာသော ဘုရင်က
ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို
တွေ့လိုက်ရ သဖြင့်
သူနှင့်အတူ မြင်းစီးပြီးတော့
ဘေးချင်းယှဉ်လိုက်လာသော
ပညာရှိ အမတ်ကြီးကို
မေးလိုက်လေသည်.....

အမတ်ကြီး ဘယ်မှာကြည့်လိုက် ကြည့်လိုက်
သိုးတွေက အုပ်စုလိုက်တွေ့ရတယ်နော် "
" ခွေးတွေ ကိုတော့ ဘာဖြစ်လို့
အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ ?.

မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို
မနက်ဖြန်မှ ဖြေပါရစေဘုရား 🙏"

ကောင်းပြီလေ

ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင်
အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်......

အခန်းတခန်းထဲတွင်
အသားပုံကြီးတစ်ပုံကို ချထားပြီး
ခွေး အကောင် ၂၀ ကိုထည့်ခါ
သော့ပိတ်ထား လိုက်သည်.....

အခြားအခန်းထဲတွင်
မြက်ထုံးများကို ချခါ
သိုးအကောင် ၂၀ ကို အခန်းအတွင်း
မောင်းသွင်းပြီး တံခါးပိတ်ထားလိုက်လေသည်.....

နောက်တနေ့ နံနက်တွင်
အမတ်ကြီးက
သူစီမံထားသည့် အကြောင်းအရာကို
မင်းကြီးအား လျှောက်တင်ခါ
အခန်းများဆီသို့ ခေါ်လာလေသည်......

ပထမ ခွေးတွေထည့်ထားသည့်
အခန်းကို ဖွင့်လိုက်သည်
ဘုရင်ကြီးက အံ့အားသင့်သွားသည်
ခွေးတွေ အားလုံး အသက်ပျောက်နေသည်
အခန်းအလယ်တွင် ချထားသည့်
အသားပုံကြီးကား နေရာမပျက် ရှိနေသည်
ခွေးတစ်ကောင်မျှ အသားပုံကို
စားသွားသည့်ပုံမပေါ်.....

နောက်တခန်းကို
ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည်
သိုးတွေအားလုံး လှဲလျောင်းကာ
အိပ်စက်နေ ကြသည်
အခန်းအလယ်တွင် ချပေးထားသည့်
မြက်တွေလည်း မရှိတော့ပေ.....

ထိုအဖြစ်အပျက်များကို
ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက်....

ခွေးတွေဟာသူတို့ကိုကျွေးထားတဲ့အသားတွေကိုတစ်စက်မျှမစားရဘဲသေကုန်ကြရခြင်းမှာတကောင်နှင့်တကောင်တိုက်ခိုက်ခါ
#တကိုယ်ကောင်းဆန်ခြင်းကြောင့်ပါဘုရား 🙏

သိုးတွေကတော့ #အေးချမ်းစွာမျှဝေစားသောက်တတ်သည့်
အလေ့အထကြောင့် အသက်ရှင်ကာ
နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား
ဟု လျှောက်တင်လေသည်....

ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ
နေထိုင်တတ်သော အလေ့အထနည်းလေသည်
အကောင်နည်းနည်း စုမိလျှင်ပင်
ပြဿနာရှာကာ မာန်ဖီတတ်သည်
အစားအစာ နှင့် ကာမ အတွက်ဆိုလျှင်
ခွေးများသည် တကောင်နှင့်တကောင်
မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်.....

#ရှေးလူကြီးများကခွေးလိုမနေနှင့်သိုးတွေလိုနေဟု
ဆုံးမကြခြင်းမှာ
တကောင်နှင့်တကောင်
မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့်
အတူတကြ မျှဝေတတ်သောစိတ်ရှိသည့်
လူ့ဘောင်အဖွဲ့အစည်းသည်သာ
တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို
ပြဆိုခြင်းဖြစ်သည်....

ခွေးတွေလို ငါ့တွက် ငါ့ဟာ
ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်......။
အတ္တ လောဘ နဲ့ တကိုယ်ကောင်းစိတ်
မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည် ...။

သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည်.....။
သူ့ဘက် ကိုယ့်ဘက် သူ့အတွက် ကိုယ်အတွက်
မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည် ....။

Credit to

မေတ္တာဖြင့်မျှဝေပေးပါသည်
#Ńÿò
#ခွန်အားဖြစ်စေသောစာများ

Photos from Saw Moe Thel's post 21/06/2023

Website