La Min Soe Image

La Min Soe Image

Politics is fhe concern of all people in the country

16/01/2023

Interpol (International Police) က
NUG , CRPH နဲ့ PDF နဲ့ဆက်စပ်နေတဲ့ သူတွေကို အကြမ်းဖက်လို့မယူဆကြောင်း နဲ့ ဒါဟာပြည်တွင်းရေး တစ်ခုသာဖြစ်တယ်လို့ စကစ ကိုအကြောင်းပြန်လိုက်တာပါပဲ...

မလေးရှားနှင့် ထိုင်းရောက်မြန်မာတွေ တစ်ချို့လှုပ်ရှားမှုတွေမှာပါထားတဲ့ ပြည်သူတွေ အနေနဲ့ နောက်ကျောလုံစရာ ဖြစ်ပြီပေါ့...

တိုင်းတပါးမှာရှိနေတုန်း အင်တာပိုလ်ဘက်က ဆွဲစိခံရမယ့်အရေးကနေလွတ်မြောက်ပြီ...

အင်တာပိုလ်ကို ဖြစ်ကြောင်းကုန်စင် အီးမေးလ်ပို့ ကူညီပေးကြသော မလေးရှား လူ့အခွင့်အရေး အဖွဲ့များ အားလုံးကို ကျေးဇူးတင်ရှိပါတယ်....

အင်တာပိုလ်ကို ကေ့စ်တင်ဖို့ တစ်ကေ့စ်ကို
မြန်မာငွေ ၃၀၀၀၀ ကျပ် အကုန်ကျခံပြီး
ဘာသာပြန်ခဲ့ရတဲ့ မြန်မာပြည်အရပ်ရပ်က
အိုင်အိုအမှုကိုင်များအတွက် မျက်ရည်နှစ်စက်...တဲ့

Facebook နဲ့ Google က စကစ ကနေ တိုင်တဲ့ NUG ,CRPH နဲ့ PDF အပါအ၀င် သူတို့ကို
စော်ကား မော်ကား ရေးနေတဲ့ အကောင့်တွေကို
ပိတ်ပေးဖို့ စာရေးတာ ဟိုကပိတ်မပေးဘူးတဲ့လေ
ခုတော့ သိပြီမို့လား....🤣

#ဒေါ်သူဇာမောင်(မလေးရှား MMWC)

15/01/2023

အဆင်ခြင်မဲ့ အာဏာသိမ်းရာမှ ငွေကုန် လူပမ်းရုံ ဖြစ်မည့် ရွေးကောက်ပွဲ ဆီသို့
*****************

မင်းအောင်လှိုင်သည် ယခုအခါ အချိန်ကုန်၊‌ ငွေကုန်၊ လူပမ်းပြီး တိုင်းပြည်၏ အရင်းအမြစ် များ ဖြုန်းတီးမည့် ‌"ရွေးကောက်ပွဲ" ပြုလုပ်ပြီး လူတောထဲ ဝင်တိုး နိုင်ရေး သက်သက်ဖြင့် ဒီမိုကရေစီ ဗန်းပြ လိမ်ညာလှည့်ဖျားရန် ကြံစည် နေပြီ ဖြစ်သည်။

သို့သော် ၎င်း၏ ရွေးကောက်ပွဲအား လွန်ရော ကျွံရော စိတ်တူ ကိုယ်တူ အာဏာရှင် လက်တဆုပ်စာ ကသာ အသိအမှတ် ပြုဖို့သာ ရှိသည်ဟု မြန်မာနှင့် ပတ်သက်ပြီး စာအုပ်ပေါင်းများစွာ ရေးသားပြုစုခဲ့သူ ဝါရှင်တန် တက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ တွဲဖက် ပါမောက္ခ မေရီ ကာလာဟန် မှ Frontier Myanmar တွင် From the coup to something called "election" ခေါင်းစဉ်ဖြင့် ယခုလို ဆောင်းပါးရေးသားလာခဲ့သည်။

ထိုရွေးကောက်ပွဲကြောင့် အခြေအနေသည် အကြမ်းဖက်မှု များဖြင့် ဆိုးရွားလာဖို့သာ ရှိနေသည်ဟု အားလုံးက သိထားပြီး ဖြစ်သော်လည်း မင်းအောင်လှိုင် ကတော့ ‌ဇွတ်တိုးလုပ်ဖို့ ရှိနေသည်။

၎င်း၏ အာဏာသိမ်းမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သန်းချီသော ပြည်သူများ အိုးအိမ်များ ပျက်စီး ဆုံးရှုံးပြီး စားရမဲ့ သောက်ရမဲ့ ဘဝ ရောက်ကုန်ကြသည်၊ စစ်ရာဇဝတ်မှုများ လည်း အပတ်တိုင်း ဆက်၍ ကျုးလွန်နေပြီး လူ အဖွဲ့အစည်း တခုလုံးအား ပေးတာယူ၊ ခိုင်းတာလုပ် ဆိုသည့် စစ်တပ် ပုံစံ ရိုက်သွင်းလျှက် ရှိ‌သည်။

၎င်း၏ ရွေးကောက်ပွဲအား ဩဂုတ်လ ၁ ရက်နေ့တွင် လုပ်လိမ့်မည်ဟု ယူဆရသည်၊ ထိုနေ့သည် ဖွဲ့စည်းပုံအရ ၎င်း၏ အရေးပေါ် အခြေအနေကို တရားဝင် အဆုံးသတ် ပေးရမည့် နေ့လည်း ဖြစ်သည်။

ရွေးကောက်ပွဲ ဇာတ်ထုတ် ကြီးမှ မည်သိုသော ရလဒ် ထွက်ပေါ်လာစေကာမူ အထက်တန်း စစ်ဗိုလ်ချုပ်ကြီးများ အတွက် "ထွက်ပေါက်ရမည့် မဟာဗျုဟာ" ဖြစ်လာလိမ့်မည် မဟုတ်သည့်အပြင် ငြိမ်းချမ်းရေးလည်း ပေါ်ထွက်လာမည် မဟုတ်ပေ။

မင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲအား မဲမသမာ မှု များ ရှိသည် ဟု အကြောင်းပြ အာဏာသိမ်းထားမှုအား မှန်ကန်ကြောင်း ရွေးကောက်ပွဲ ဖြင့် လီဆယ် သက်သေပြနိုင်လိမ့်မည်ဟု စိတ်ထဲစွဲနေသူ ဖြစ်သည်။ တဖက်တွင်လည်း စစ်တပ်သည် တိုင်းပြည်ကို ထိမ်းသိမ်းကာကွယ်ပေးနေသည့် အဖွဲ့အစည်း အဖြစ် ထပ်၍ ကြွေးကျော် နိုင်ဦးမည် ဖြစ်သည်။

တကယ်တမ်း အာဏာသိမ်းခဲ့သည့် အကြောင်းရင်းသည် သက်တမ်းကုန်၍ ပင်စင်ယူရတော့မည် အရေး ကြောင့် အာဏာလက်လွှတ် ရဖို့ ဖြစ်လာခြင်းနှင့်၊ နောက်တကြောင်းက နိုင်ငံတော် အတိုင်ပင်ခံ အပေါ် အမျက်သိုပြီး အငြိုးထားလာမှု များကြောင့်ပင် ဖြစ်သည်။

ရွေးကောက်ပွဲ အတွက် ၎င်းကိုယ်တိုင် လက်ရွေးစင် ရွေးထုတ်ခန့်ထားသော ကော်မရှင် အဖွဲ့ဝင် သက်ကျားအို ၁၅ ဦးသည် လည်း ပထမနေ့ကတည်းကပင် ၎င်းလိုချင်သည့် ပုံစံအတိုင်း NLD ထက် သာအောင် လုပ်ပေးနိုင်မည်ဟု ယုံကြည်နေကြသူများ ဖြစ်နေပြန်သည်။

သို့ ‌သော် ဇူလိုင်၊ ဩဂုတ်လများသည် ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ်များ ဖြစ်ပြီး မိုးကောင်းသည့် လများ ဖြစ်၍ ရွေးကောက်ပွဲအား ‌ထိုလများ အတွင်း တခါဖူးမျှ ပြုလုပ်ခဲ့ဖူးခြင်း မရှိ‌ပေ။

သို့သော် ၎င်းတို့အတွက် အချိန်မရှိတော့၊ မဲစာရင်း ပြုစုရန်၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ မှတ်ပုံတင်ရန်၊ ၎င်းတို့ မဲဆန္ဒနယ်မြေများတွင် လှုံ့ဆော်ရေး အတွက် ကွင်းဆင်းရန်၊ ကော်မရှင်သည် ‌ရွေးကောက်ပွဲအား PR စနစ်သို့ ပြောင်းရန် တို့အတွက် အချိန်ယူရဖို့ ရှိနေသည်။ ရွေးကောက်ခံ အမတ်လောင်းများ အတွက် မဲဆွယ်ခွင့်ကို ရက် ၆၀ မှ ၉၀ အထိ တိုးပေးမည်ဟု ကောလဟသများ ထွက်နေသည်။ မဲဆန္ဒ နယ်မြေများကို လည်း မြို့နယ် ပေါင်း ၃၃၀ မှ ခရိုင်အဆင့် ၁၀၀ ကျော်အထိ ပြောင်းလဲဖို့ ဦးတည် လုပ်ဆောင်လျက် ရှိသည်။ သို့မှသာ မင်းအောင်လှိုင်၏ ရွေးကော်သည် ထိထိရောက်ရောက် ထိန်းချုပ်နိုင်မည်ဟု ယူဆထားသည်။

PR စနစ်သည် စစ်တပ် လိုလားသော ပါတီများ လွှတ်တော်ထဲ ဝင်ရောက်ခွင့် ရရေး အတွက် ရည်ရွယ်ခြင်းပင် ဖြစ်သည်။ ထို့ပြင် မင်းအောင်လှိုင်သည် ကိုယ်စားလှယ် ၂၅% ကို သူတဦးတည်း စိတ်ကြိုက် ရွေးချယ် ခန့်အပ်နိုင်ခွင့် ရှိနေပြန်၍ ပါတီများ သပိတ်မှောက်ဖို့ ရှိနေသော်လည်း သူ့အတွက် အောင်ပွဲကတော့ သေချာသလောက် ရှိနေပြီ ဖြစ်သည်။

အဓိက အန္တရာယ် ရှိလာနေသည်ကား မဲဆန္ဒရှင်စာရင်း ကောက်ယူရေးပင် ဖြစ်သည်။ ထိုသို့သော စာရင်းမျိုးကို ဝန်ကြီးဌာနများက တာဝန်ယူ ပြုစုထားခြင်း မရှိပဲ ရပ်ကျေး အဆင့်မှ ပြုလုပ်‌ပေးရသည်။ ရပ်ကျေးများကလည်း အဆိုပါ စာရင်းမျိုးကို update လုပ်ထားကြခြင်းသည် မရှိသလောက် ရှားပါးလှသည်။ နိုင်ငံတဝှမ်းတွင် ရပ်ကျေး အဆင့် အုပ်ချုပ်ရေးမှုးများလည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး စာရွက်စာတမ်းများလည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

‌ရပ်ကွက် ကျေးရွာများ အထဲထိ ကွင်းဆင်း ကောက်ယူ ရမည့် သူများသည်လည်း တော်လှန်ရေး အင်အားစုများ၏ ပစ်မှတ်များ ဖြစ်လာပေဦးမည်။

အာဏာသိမ်း အဖွဲ့သည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို မည်သို့ပင် လုပ်လာစေကာမူ မြန်မာ သမိုင်းတွင် သွေးထက်သံယို အဖြစ်ဆုံး ရွေးကောက်ပွဲ အဖြစ် သမိုင်းတွင်ကျန်ရစ်ဖို့သာ ရှိပေသည်။

၁၉၅၁-၅၂ တွင် ပြည်တွင်းစစ်ကြောင့် ရွေးကောက်ပွဲကို သုံးကြိမ် ခွဲ ပြုလုပ်ခဲ့ရပြီး မဲဆန္ဒပေးသူ ၁၈% သာ ရှိခဲ့သည်။ စစ်တပ်သည်လည်း ထိုသို့ အဆင့်ဆင့် ပြုလုပ်မည်ဟု ကောလဟသများ ထွက်ပေါ်နေသည်။ ပထမအဆင့် အဖြစ် ၎င်းတို့ အပိုင် ထိန်းချုပ်ထားနိုင်သည့် နေရာများတွင် ပြုလုပ်သွားဖို့ ရှိနေသည်၊ ထိုနေရာများသည် စစ်တပ် အခိုင်အမာ တပ်စွဲထားသည် နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ မင်္ဂလာဒုံ နှင့် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ ပေါင်း ၂၀ ခန့် ရှိနေသည့် မကွေး တိုင်း အတွင်း တွင် ဖြစ်ဖွယ်ရှိသည်။

ထို့ပြင် နိုင်ငံတဝှမ်းရှိ ပျုစောထီး ရွာများ နှင့် စစ်စခန်းများ ရှိရာ ဒေသများရှိ စုစုပေါင်း ကျေးရွာ ၂၀၀ ခန့်လည်း ပါဝင်ဖို့ ရှိနေသည်။

၎င်းတို့အား တိုက်ခိုက်ခြင်း မရှိသည့် တိုင်းရင်းသား ဒေသများ ဖြစ်သည့် ဝ နှင့် မွန်ပြည်သစ် ပါတီ တို့ ထိန်းချုပ်ဒေသများတွင်ပင် ပြုလုပ်နိုင်ဖို့ အလှမ်းဝေးလျက် ရှိနေသည်။ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကတော့ ၎င်းတို့ ဒေသများတွင် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မည်သို့သော လုပ်ငန်းမျိုးမှ ခွင့်မပြုဟု အတိအလင်းပြောဆိုထားပြီးလည်း ဖြစ်သည်။

ကချင် လွတ်မြောက်ရေး အဖွဲ့ ဥက္ကဌကမူ ရွေးကောက်ပွဲ တွင် ပါဝင်သည့် မည်သည့် ပါတီမဆို
"ရန်သူ ဖက်က ရပ်တည်နေသူများ" အဖြစ် သတ်မှတ်သွားမည်ဟုပင် သတိပေးလာခဲ့သည်။

နိုင်ငံတွင်းရှိ ခရိုင် စုစုပေါင်း၏ ထက်ဝက်ခန့် တွင် ပြုလုပ် နိုင်ခဲ့သည် ဆိုစေဦး လူထု အတွက် အန္တရာယ် ရှိလာနိုင်သည်။ လာရောက်မဲပေးသူ များကို အချို့သော စိတ်မာ ခက်ထန်သည့် တော်လှန်ရေး အင်အားစု များ က တရားဝင် ပစ်မှတ်များ အဖြစ် ယူဆ၍ ရနေသည်။ တဖက်တွင် မဲထည့်ရန် ပျက်ကွက်သူများ၏ အိမ်များကို ရဲများ မှ ဝင်ရောက် စီးနင်း စစ်ကြောမှုများ ပြုလုပ်လာနိုင်ပြီး၊ ရွာများ အတွက်လည်း ဗုံးကြဲ မီးရှို့၊ အမြှောက်နှင့် ထုရာတွင် လက်ယဉ်နေပြီ ဖြစ်သော စစ်တပ်၏ ရန်ကလည်း ရှိနေပြန်သည်။

ဆောင်းပါးရှင်က ဖြစ်လာနိုင်သည့် ဖြစ်စဉ် နှစ်ရပ်ကို ချပြခဲ့သည်။

ပထမ ဖြစ်စဉ်သည် မင်းအောင်လှိုင်သည် ‌ယခင် နေရာ ၄၀၀ မှ ၂၀၀ အထိ လျော့ချပြီး လေကြောင်း နှင့် မြေပြင်တပ်အင်အား အလုံအလောက်ချကာ လုပ်လာနိုင်သည်။ ဒုတိယ ဖြစ်စဉ် အဖြစ် ဩဂုတ် ၁ ရက်နေ့ နောက်ဆုံး ပြုလုပ်ပေးရမည့် အရေးကို ရွှေ့ဆိုင်းရန် ဥပဒေ ကို လက်တလုံးခြား လုပ်ကာ အကြောင်းပြ၍ ရနိုင်မည့် တခုခု ကို ရှာလာနိုင်သည်။ ထိုသို့ လုပ်လာမည် ဆိုလျှင်ပင် သူ၏ လက်အောက်ငယ်သားများ အကြား အကြီးအကျယ် မျက်နှာ ပျက်စရာ ဖြစ်လာနိုင်သည်။ ၎င်းသည် လုပ်တိုင်း ရှုံးနေသည့် ရွေးကောက်ပွဲ ကို အစွဲအလမ်းကြီးနေသည့် စစ်တပ်ထဲမှ ခေါင်းဆောင် အဖြစ် ထွက်ပေါ်လာခဲ့သူ လည်း ဖြစ်နေပြန်သည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် လူများသည် ပင်‌စင်ပေး၍ စစ်တပ် ပါတီ ဖြစ်သော ကြံဖွတ်သို့ စေလွှတ်ခံရသည့် ဗိုလ်ချုပ်ဟောင်းများ၊ အောက်‌ ‌ခြေ လူထု၏ ထောက်ခံမှု မရှိသည့် ထွေလီကာလီ ပါတီငယ်လေးများ ဖြစ်သည်၊ ထိုပါတီငယ်လေးများထဲတွင် စစ်တပ် နှင့် မဟာမိတ် ပြုထားသည့် ရှမ်းအမျိုးသား တိုးတက်ရေး ပါတီ (SNDP) နှင့် ကိုကိုကြီး၏ ပြည်သူ့ ပါတီလည်း ပါဝင်နေသည်။ လက်ရှိ စစ်အာဏာသိမ်း အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် ပါဝင်နေသည့် NLD မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDF) နှင့် ပြည်သူ့ ရှေ့ဆောင်ပါတီ (PPD) တို့လည်း သေချာပေါက် ပါဝင်လာဖို့ ရှိနေသည်။

၎င်းတို့ ပါခြင်း မပါခြင်းထက် ပို၍ စိုးရိမ်စရာ ဖြစ်လာရသည်က NLD အပေါ် မကျေနပ် ဖြစ်နေကြသည့် အဓိက တိုင်းရင်းသား လူနည်းစုပါတီများ ပါဝင်လာကြမည့် အရေးပင် ဖြစ်သည်။ ထိုအထဲတွင် မွန်ညီညွတ်ရေး ပါတီ (MUP) က ပါဝင်မည်ဟု အတည်ပြုထားပြီး ဖြစ်သော်လည်း SNLD နှင့် ANP တို့က ယခုထိ ယတိပြတ် ပြောဆိုခြင်း မရှိသေးပေ။

မကြာမီက ဒေါ်အောင်ဆန်းစုကြည် ထံမှ ထောက်ခံမှု ရရန် ဖြစ်ကတတ်ဆန်း ချည်းကပ်ခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ရွေးကောက်ပွဲ တရားဝင်ဖို့ မရှိ မဖြစ် လိုအပ်နေသည့် NLD မှ ပါဝင်မည့် အနေအထား မတွေ့ရပေ။

၎င်းတို့၏ အလိမ်အညာ ရွေးကောက်ပွဲအား ကောင်းချီးပေး ထောက်ခံကြမည့် နိုင်ငံများ ဟူ၍ လက်နက် ရောင်းချ၍ အမြတ်အစွန်းများ ရနေပြီး ကုလ လုံခြုံရေး ကောင်စီတွင် ၎င်းတို့အား အကာအကွယ် ပေးနေသည့် တရုတ် နှင့် ရုရှားတို့သာ ရှိပေသည်။ မြန်မာ နှင့် ပတ်သက်ပြီး အမြတ်ထုတ်ဖို့ စိတ်ကူးနေ‌သော အိန္ဒိယ နှင့် ထိုင်း တို့ကလည်း ထောက်ခံလာဖို့ ရှိနေသည်။ ထိုနိုင်ငံများမှ လွဲ၍ အခြားနိုင်ငံများမူ ထိုသို့ လုပ်ရန် ခေါင်းထဲပင် ထည့်ထားကြမည် ဟု မဟုတ်ဟု ယူဆရသည်။

စစ်တပ်သည် ‌ရွေးကောက်ပွဲဖြင့် တိုင်းပြည် တည်ငြိမ်လာမည်ဟု အမျှော်လင့်ကြီး မျှော်လင့်နေသော်လည်း ၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဖြစ်‌လာခဲ့သည့် နမူနာများအရ ၎င်းတို့ မည်သို့မျှ ထိန်းချုပ်၍ မရနိုင်သည့် အဖြစ်အပျက် များဆီသို့လည်း ဦးတည်သွားနိုင်ပြန်သည်။

# Ko Hlaing

Photos from La Min Soe Image's post 15/01/2023

ကိုယ့်တပ်ရင်းကို လာတိုက်မဲ့ သူတွေနဲ့
စစ်တိုက်ရတော့မှာကို ပျော်နေကြတာတဲ့၊ အမှန်တော့ ထိုးကျွေးခံရတာပါပဲ။

တပ်တစ်တပ် တပ်ရင်းတစ်ရင်း
ဗကိုကင်းမှာ ထားတဲ့ လက်နက်/ ခဲယမ်းတွေဟာ နှစ်ရှည်လများ မပစ်ပဲထားတဲ့ လက်နက်တွေ ခဲယမ်းတွေဖြစ်ပြီး တကယ်စစ်သားတွေတောင်မှ ပစ်ရင် လိုတဲ့နေရာမရောက်တာနဲ့ မထိတာနဲ့ အနုတ်စုပ်ဂုပ်စုတ်တွေပါ။

အဲလိုလုပ်ရတဲ့အထဲမှာ အရာရှိတွေရဲ့ မိန်းမတွေ မပါဝင်ပဲ အရာရှိမဟုတ်သူတွေရဲ့ မိန်းမတွေပဲ သေနတ်ကိုင်ပြီး ကင်းစောင့်ရတာ၊ ကျွန်လုပ်ရတာ အရသာတွေ့နေရင်တော့ ဆက်လုပ်ကြပေါ့။

13/01/2023
08/01/2023

အ ရေး တ အား ကြီး တဲ့ အ လုပ် ကို
တ အား အ ရေး ကြီး တယ် ဆို ပြီး
အ ရေး တ ကြီး တ အား မ လုပ် မိ ဖို့
တ အား အ ရေး ကြီး တယ်...

07/01/2023

ရှေးကဘုန်းကြီးတွေ သိပ်မိုက်လို့မရတာ၊
ဒါမှမဟုတ် ဘုန်းကြီးမိုက်တွေ နေရာကြီးကြီးမားမား မရတာ အကြောင်းက မှူးကြီးမတ်ရာတွေအားလုံးဟာ ဘုန်းကြီးစာကို ဘုန်းကြီးတတ်သလောက်တော့ တန်းတတန်း၊ အဆင့်တဆင့်ထိ တတ်ကြတဲ့သူချည်းပဲ။
ဒီတော့ ဘုန်းကြီးမိုက်ဆို နေရာကောင်းမရဘူးပေါ့၊
ဘာလို့ဆို နန်းတော်ထဲက လူကြီးတွေဟာ .,...
ဘုန်းကြီး ဘယ်လိုနေရမယ် ထိုင်ရမယ်
ဘယ်သူ စာဘယ်လောက်တတ်တယ်၊
အကျင့်အနေအထိုင် ဘယ်လိုရှိတယ်ဆိုတာ သူတို့ သိနေတာမို့ပဲ။

ခုခေတ်ကျ အဲဒီ social control ပျောက်သွားတယ်။
အဲသလို ပျောက်သွားတဲ့အပြင်မှာ ဘုန်းကြီးလောကမှာကလဲ အေးအေးနေမယ်ဆိုတဲ့ ဘုန်းကြီးတွေကို နိုင်ငံရေးရာထူး နေရာကြီးတွေ ပေးထားမိတော့ ..,...
အဲဒီအထဲ ထူးထူးချွန်ချွန်မိုက်တဲ့ ဘုန်းကြီးမိုက်တယောက်ပါလာရင် ဟို ဘုန်းကြီးအ၊ ဘုန်းကြီးရိုးကြီးတွေကို နားလှည့်ပါးရိုက်လုပ်ပီး ဆရာတက်လုပ်ကော။
လူကလဲ ဘုန်းကြီးကိစ္စဘာမှနားမလည်တဲ့ လူတွေ ခေါင်းဆောင်ဖြစ်ကုန်တော့ ဘုန်းကြီးဆို မပြောရဲတာနဲ့ဘဲ social control ပျောက်၊ ဖြစ်ချင်တာ ဖြစ်ကုန်ရောပေါ့။

ရှေးက social control က ထိထိရောက်ရောက် ရှိတယ်။
ယောတို့ဆို စာတတ်ရုံမကဘူး၊ နည်းနည်းတောင် မာနကြီးတဲ့ဘက်ရောက်ဦးမယ်၊
မောင်ယမ် ငါ့စာဖတ်ပြီးပလား၊ မောင်ယမ် စာကြည့်ဦးဆိုတာမျိုးပေါ့။
နောင် လယ်တီဆရာတော်လောင်း ဦးပဇင်းကိုတောင် ပိဋကတ်လေ့လာနည်း နိဿယည်းပေးလိုက်သေးတယ်မဟုတ်လား။

ခုကတော့ လူတွေကလဲ သာသနာဘက် ဘာမှမသိဘဲ ခပ်နုံနုံ၊
အရေးကြီးတဲ့ ဘုန်းကြီးနေရာ ရာထူးတွေကျတော့ ဘုန်းကြီးရိုး ဘုန်းကြီးအ,ကြီးတွေက တက်ယူ၊
ပြီးတော့ ထူးထူးချွန်ချွန်မိုက်တဲ့ ဘုန်းကြီးမိုက်တွေကို မပြောမဆိုရဲဆိုတော့ ဒါပင် လက်ရှိသာသနာရဲ့အခြေအနေပါပဲ။
ရိုးရိုး အေးအေးနေချင်တာ အကြောင်းမဟုတ်ပါဘူး။
အဲသလို နေချင်ရင် ရာထူး မယူကြဖို့ပါပဲ။

ရာထူးယူထားပီး တာဝန်မယူတာကို ဘုရား မချီးမွမ်း။
လက်ဝဲတော်ရံ လက်ယာတော်ရံ ဆရာတော်ကြီးနှစ်ပါးမှာတောင် ရှင်သာရိပုတ္တက အေးအေးနေမယ်ဆိုတော့ ဘုရား သာဓုမခေါ်။
ဘုရား တာဝန်ကို ဒို့ ယူရတော့မယ်ပြောတဲ့ ရှင်မောဂ္ဂလ္လာန ကိုသာ ဘုရား သာဓုခေါ်လို့ (လက်ယာတော်ရံကြီးကိုတောင် မခေါ်တဲ့ မဟာ တပ်ပြီးတော့) တသာသနာလုံးက မဟာမောဂ္ဂလ္လာန် (Moggallān the Great) လို့ ဒီဆရာတော်ကြီးကို ခေါ်ကြရတယ်မဟုတ်လား။

ဓာတ်ပုံ-
ယောဆိုတာ တကယ့်စာတတ်ကြီးကွဲ့လို့ လယ်တီဆရာတော်ကြီးက ချီးကျူးတာခံရတဲ့ ယောမင်းကြီး

07/01/2023

စစ်ဏာရှင် ကျဆုံးရေး ညီညွတ်မှု လိုအပ်နေပြီး အားလုံး ညီညွတ်ကြရန် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၇

ရက္ခိုင့်တပ်တော်AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က စစ်အာ ဏာ ရှင် ကျဆုံးရေးအတွက် ညီညွတ်မှု လိုအပ်နေသဖြင့် အားလုံးညီညွတ်ကြ ရန် တိုက်တွန်းပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ဒေါက်တာညိုထွန်းအောင်က ကလောင်နာမည် သူပုန်ဖြူ ဖြင့် UNITY ကဗျာရေးသားပြီး စစ်အာဏာရှင် နိဂုံးချုပ်ရေး ညီညွတ်မှု လိုအပ်နေပြီး ညီညွတ်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

UNITY ကဗျာတွင်

"ဒီတစ်ခါ
ပင်ဒိုရာ အိုးထပ်ပွင့်ကြည့်
အဲ့အိုးပြန်ပိတ်တဲ့အခါ
အာဏာရှင် ဒုစရိုက်
စစ်ရာဇဝတ်သား
တစ်ဆွေတစ်မျိုးလုံး
တစ်ယောက်မကျန်
တစ်ခါတည်းထည့်ပေးလိုက်ဖို့
ငါတို့တတွေ
အရင်ဆုံး
ညီညွတ်မှု လိုအပ်နေတယ်" ဟု ဒေါက်တာညိုထွန်းအောင်(ခ) သူပုန်ဖြူက ရေးသားထားခြင်းဖြစ်သည်။
crd..

01/01/2023

အင်အားကြီးတိုင်း မနိုင်ပါဘူး
===========================
မင်းအောင်လှိုင် ဟာ...,.........

၁ ၂၀၀၈ ကိုချိုး​ဖောက်ပြီး အာဏာသိမ်းတာ
၂ nld မပါတဲ့​ရွေး​ကောက်ပွဲကိုလုပ်တာ
၃ အာဆီယမ် သ​ဘောတူညီချက်ကို မလိုက်နာတာ
၄ ​ရွေး​ကောက်ပွဲဖြစ်​အောင်လုပ်ဖို့ မဖြစ်နိုင်တာ
၅ ဖြစ်လာတဲ့​ရွေး​ကောက်ပွဲကိုအသိအမှတ်ပြုမခံရနိုင်တာ
၆ သန်တမာန်​ရေးလုံးဝလမ်းပိတ်သွားတာ
၇ ပြည်သူကို သတ်ဖြတ်တာရွာမီးရှို့တာ
၈ ရိုဟင်ဂျာသတ်ဖြတ်မှု အမှုကပ်ခံထားရတာ

စစ်​ရေး

​၁ ​ပီဒက်က တန်ုင်ငံလုံးပြန့်သွားတာ
၂ ​နေ့တိုင်း တိုက်ပွဲကျ​နေတာ
၃ တပ်​ပြေးများ​နေတာ
၄ စစ်သား​တွေစစ်ပန်းပြီး စိတ်ဓါတ်ကျ​နေတာ
၅ ဝင်​ငွေနဲလာတာ
၆ ​လေ​ကြောင်းကိုပဲ အားကိုးလာရတာ

နုကြည်
၁ ၂နှစ်တာကာလ အ​တွေ့အကြုံရလာတာ
၂ သံတမာန်​ရေး အထိုက်အ​လျောက် ​​ထောက်ခံမှူရလာတာ
၃ စစ်ရုံးချုပ်ဖွင့်နိုင်လာတာ
၄ စစ်​ရေးအဆင့်ဆင့်ကွပ်ကဲမှု ဖွဲစည်းပုံခိုင်မာလာတာ
၅ လက်နက်အင်အား တဖြည်းဖြည်းပြည်ွစုံလာတာ
၆ ရံပုံ​ငွေအထိုက်အ​လျောက်ရှိလာတာ

ပီဒက်
၁ တိုက်ပွဲအ​တွေ့အကြုံရလာတာ
၂ စုဖွဲ့မှု အား​ကောင်းလာတာ
၃ လက်နက်တည်ထွင်လာနိုင်တာ
၅ နုကြည်နဲ့ အဆက်အသွယ်မိလာတာ

စီဒမ်
၁ ကျင့်သားရလာတာ
၂ အလုပ်အကိုင်အထိုက်အ​လျောက်ရှိလာတာ
၃ လူအမှန်​တွေပဲကျန်ခဲ့ပြီး ကျစ်လစ်လာတာ

ပြည်သူ
၁ မအလကို အမုန်းတရားကြီးလာတာ
၂ ရန်ငါစည်းပြတ်လာတာ
၃ ဒုက္ခကို ကျင့်သားရလာတာ
၄ နိုင်ငံ​ရေးကို နားလည်လာတာ
၅ NDAA သတင်း​ကြောင့်စိတ်အားတက်လာ

နိုင်ငံခြား​ရောက်မြန်မာ
၁ အ​တွေ့အကြုံရလာတာ
၂ အတုအစစ်ခွဲခြားနိုင်လာတာ
၃ ​ငွေ​ကြေးစီးဆင်းမှုလမ်းမှန်ကို​ရောက်လာတာ
၄ NDAA သတင်း​ကြောင့်အားတက်လာတာ
၅ စုဖွဲ့မှုအား​ကောင်းလာတာ

အီးအာအို
၁ နုကြည်နဲ့ ချိတ်ဆက်လာတာ
၂ နိုင်ငံ​ရေး​ရွေ့ကွက်မှာပါဝင်လာတာ
၃ စစ်​ရေးအရ မဖြစမ​နေ ပတ်သက်လာတာ
၄ အ​ခြေအ​နေမှန်ကို သ​ဘော​ပေါက်လာတာ

အာဆမ်
၁ အ​မေရိကန်နဲ့ ကုလက ဖိအား​တွေရလာတာ
၂ အာဆမ် ၂ခြမ်းကွဲသွားတာ
၃ ပြတ်ပြတ်သားသားရပ်တည်ဖို့လိုလာတာ
၄ အာဆမ်ဥက္ကဌ ​ပြောင်းသွားတာ
၅ လုံခြုံ​ရေး​ကောင်စီဆုံးဖြတ်ချက်က ဖိအားဖြစ်လာတာ

အ​မေရိကန်

၁ စထဲက မြန်မာနိုင်ငံကိုဒီမိုက​ရေစီလမ်း​ကြောင်း​ပေါ်ကိုပြန်တင်​ပေးဖို့​ပြောထားတယ်
၂ အခု NDAA နဲ့ BURMA ACT က အသက်ဝင်လာမယ်
၃ PDF NUG CRPH NUCC ကိုအသ်ိအမှတ်ပြုထားတယ်
၄ ​တော်လှန်​ရေးကိုမနီးမ​ဝေး​က​နေ ကူညီလာမယ်

ကုလ
၁ မြန်မာ့အ​ရေး ကိုမဖြစ်မ​နေကိုင်တွယ်လာရတာ
၂ လုံခြုံ​ရေး​ကောင်ဆီက ဆုံးဖြတ်ချက်ချနိုင်လာတာ
၃ မအလကိုအ​ရေးယူဖို့ တာဝန်ဖြစ်လာတာ
၄ တရုပ်နဲရုရှားကို ဖိအား​ပေးနိုင်လာတာ

တရုပ်
၁ သူအကျိုးစီးပွားထိခိုက်လာနိုင်တာ
၂ မအလ ကို​ပေါ်​ပေါ်တင်တင် မကာကွယ်ရဲတာ
၃ ခွချက်လုပ်ဖို့ပြင်လာတာ

ထိုင်း
၁ အ​မေရိကန်နဲ့မကင်းနိုင်တာ
၂ ပီတီတီကို ထိခိုက်လာတာ
၃ အာဆမ်ကိုလွန်ဆန်လို့မရတာ

အားလုံးကို တခုချင်းစီစစ်ရင်
​တော်လှန်​ရေးရှုံးစရမရှိဘူး
​နောက်ပြန်မလှည့်ဘူး
အရှိန်ပိုလာမယ်
​ရွေး​ကောက်ပွဲပျက်မယ်
စစ်​ရေးသာလာမယ်
နန်း​တွေပြိုလာမယ်
​နောက် ၆လအတွင်း သိသာတဲ့ ​​ပြောင်းလဲမှုအကြီးကြီးဖြစ်မယ်
​စေ့စပ်ညှိနှိုင်းမှုမဖြစ်နိုင်ဘူး
မအလမှာ​ကျူးလွန်ထားတဲအမှု​တွေများနေလို့ ​စေ့စပ်လမ်း​ကြောင်ပိတ်သွားတယ်
အ​မေစုလည်း​စေ့စပ်လမ်း​ကြောင်းသွားလို့မရဘူး
ပြည်သူက ​​စေ့စပ်တာကိုလက်မခံနိုင်ဘူး
​တော်လှန်​ရေးက ပြည်သူဦး​ဆောင်​နေတာ
နုကြည်ကို ပြည်သူကထိမ်း​ကြောင်း​နေတာ

မအလ မှာထွက်​ပေါက်မရှိဘူး
အရင်ထက်ပိုကြမ်းရမ်းမယ်
မအလ အတတ်ခံရမယ်
သူ့တပည့်​တွေကတတ်တာခံရမယ်

၂၀၂၃ အတွင်း ပြီး​အောင်ဝိုင်းကြိုးစားရမယ်
လုပ်နိုင်တာဆက်လုပ်ပါ
လူတိုင်းပါဝင်ပါ
မအလဟာ မြန်မာ ပြည်သူလူတိုင်းအတွက် အကျိုးမ​ပေးနိုင်ပါ

*****
​သူဟာ ပြည်သူကိုဒုက္ခ​ပေးမယ်
သူ့စစ်သား​တွေကိုလည်းဒုက္ခ​ပေးမယ်
သူ​ဌေး​တွေကိုလည်းဒုက္ခ​ပေးမယ်
ဘုန်းကြီး​တွေကိုလည်းဒုက္ခ​ပေးမယ်
သူ့နဲ့တွဲတဲလူအားလုံးဒုကခ​ရောက်မှာ​သေချာတယ်
​ဝေး​ဝေး​ရှောင် မြန်မြန်တတ် မြန်မြန်​တေမှ ​အေးမယ့်ကောင်။

photo crd

27/12/2022

မအလ = ဟိတ်ကောင်...ထွန်းအောင်ကျော် လေယာဥ် power ခလုတ်က ဘယ်နားမှာလဲ? သူများမသိစေနဲ့နော်.

ထွန်းအောင်ကျော်= ငိုးမ မအလ Fake လုပ်နေပြန်ပြီ၊ လျှပ်စစ်ကားထုတ်မယ်လည်း ပြောထားတယ် ၊ ခု လျှပ်စစ်လေယာဥ်များ ထုတ်မယ်ပြောရင် ငါတော့ ခက်ပြီ....

haha..haha haha

26/12/2022

ကျခဲ့ရ​သော စစ်သားမျက်ရည်
++++++++++++++++++++

အိန္ဒိယကြည်းတပ်မတော်က ဗိုလ်ချုပ် Mrinal Suman က ၂၃ ဧပြီ ၂၀၁၆ ရက်နေ့ Indian Defence Review စာစောင်မှာ “When a Soldier Cries” “စစ်သားတစ်ယောက် ဝမ်းနည်း ငိုကြွေးရချိန်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ သူပြောတဲ့ စစ်သား ( Soldier ) ဆိုတာက တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် အဆင့်အားလုံးကို ဆို လိုတာဖြစ်ပါတယ်။

ဗိုလ်ချုပ် ဆူမန်က စစ်တိုက်တယ်ဆိုတာက ရက်စက်မှု၊ ဖျက်ဆီးမှု နဲ့သေခြင်းတရားတွေကို ရင်ဆိုင်ရတဲ့ အလုပ်ပဲ၊ အန္တရာယ်ကိုရင်ဆိုင်ရဲတဲ့ သတ္တိ ရှိဖို့လိုသလို ကိုယ့်ရန်သူကို သတ်ဖြတ်ရဲ ဖို့လည်းလိုတယ်၊ စစ်သားဆိုတာ ဒီလိုအလုပ်မျိုးကို လုပ်ဆောင်နိုင်ဖို့အတွက် လေ့ကျင့်ပေး ခံ ထားရ တဲ့သူတွေ ဆိုတော့ လူတွေက စစ်သားဆိုတာ သွေးအေးအေးနဲ့ ရက်စက်နိုင်တဲ့သူ၊ ခံစား ချက်မဲ့တဲ့သူ လို့ထင်ကြ တယ်၊ မဟုတ်ဘူး၊ စစ်သားဆိုတာ လည်း လူသားပဲ၊ ဝမ်းနည်းတတ်တယ်၊ ကြေကွဲတတ်တယ်၊ စစ်သားတစ်ယောက် ဝမ်းနည်းပူဆွေး ငိုကြွေးရတဲ့ အကြောင်း အရင်း ငါးချက် ရှိတယ်လို့ ပြောတယ်။ အဲဒီငါးချက်ထဲမှာ တစ်ချက်ကတော့ အိန္ဒိယ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်ကို ပြောထားတဲ့အတွက် အခြားနိုင်ငံများက စစ်သားတွေနဲ့ သက်ဆိုင်မှု မရှိ သလောက်ပဲ။ ကျန်တဲ့လေးချက်ကတော့ ဘယ်နိုင်ငံက ဖြစ်ဖြစ် စစ်သား မှန်သမ ျှ နဲ့သက်ဆိုင် တယ်။

အဲဒီလေးချက်ထဲမှာ ပထမဆုံးအချက်ကတော့ “ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အချိန်” ဖြစ်ပါတယ်။ စစ်သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ တိုက်ပွဲကို နိုင်အောင်တိုက်နိုင်ခြင်းပဲ၊ စစ်သား တိုင်းက တိုက်တိုင်းအောင်ဖြစ်ချင်တယ်။ ဒါ့ကြောင့်တိုက်ပွဲတစ်ပွဲ ရှုံးပြီဆိုတာနဲ့ သိက္ခာကျတယ်၊ သူ့ တာဝန် ကို ကျေပွန်အောင်မထမ်းဆောင်နိုင်ဘူးဆိုပြီး ကြေကွဲမဆုံးဖြစ်ရတယ်။

ဒုတိယအချက်ကတော့“ ရဲဘော်ရဲဘက်တစ်ယောက်ကျဆုံးတဲ့အချိန်” ဖြစ်ပါတယ်။ စစ်သား ဘ၀ ဆိုတာ အသင်းအဖွဲ့နဲ့လုပ်ရတဲ့အလုပ်၊ ရဲဘော်ရဲဘက်စိတ်နဲ့ အပြန်အလှန်ကူညီစောင့်ရှောက် ရတဲ့ အလုပ်ဖြစ်တယ်။ အဲဒီလို ဖြစ်အောင်လည်း လေ့ကျင့်ပေးထားတယ်။ စစ်သားတွေက သေခြင်း တရားနဲ့ အချိန်မရွေးကြုံနိုင်တယ်ဆိုတာ သိထားပေမယ့် ကာလရှည်ကြာ လက်တွဲတိုက်ပွဲ ဝင် လာတဲ့ ရဲဘော်ရဲဘက်တစ်ယောက် ကျဆုံးသွားရင် ကြေကွဲရတာပဲ။ ကိုယ်က အကာအကွယ် မပေး နိုင်လို့ ကျဆုံးသွားရတယ်လို့ ခံစားရရင် ပိုပြီးကြေကွဲရတာပေါ့။

တတိယအချက်ကတော့“ အရည်အချင်းမရှိတဲ့ခေါင်းဆောင်နဲ့ တွေ့ကြုံရတဲ့အချိန်” ဖြစ် ပါတယ်။ တပ်မတော်ဆိုတာ အထက်အောက် ယုံကြည်မှု၊ အပြန်အလှန်သစ္စာရှိမှု နဲ့ တည်ဆောက်ထား တဲ့အဖွဲ့အစည်းဖြစ်တယ်။ လက်အောက်တပ်ဖွဲ့ဝင် စစ်သည်တွေရဲ့ ယုံကြည်အားကိုးမှု ရတယ် ဆိုတာ ခေါင်းဆောင်တစ်ယောက်အတွက် အမြင့်မားဆုံး ဆုလဒ်ပဲ။ ဒီလိုယုံကြည်မှုဆိုတာကလည်း ခေါင်းဆောင်လုပ်သူရဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားနဲ့ စစ်ဆင်မှုဆိုင်ရာအရည်အချင်း ပြည့်၀ မှု တွေ အပေါ်မှာ မူတည်ပြီး ပေါ်ပေါက်လာတာဖြစ်တယ်။ စစ်ခေါင်းဆောင်တစ်ယောက်ဟာ အကျင့် ပျက်၊ လာဘ်စား၊ လောဘကြီးတဲ့အပြင် စစ်ကိုလည်းနိုင်အောင်မတိုက်နိုင်ဘူးဆိုရင် စစ်သားတွေက ခေါင်းဆောင်အပေါ်မှာ ယုံကြည်မှုမရှိတော့ရုံသာမကဘူး၊ သူ့ရဲ့ စစ်မှုထမ်းဘဝကိုပါ သံသယဝင်ပြီး စိတ်ပျက် ဝမ်းနည်းသွားတတ်တယ်။

စတုတ္ထအချက်ကတော့ “ လူထုထောက်ခံမှုမရတဲ့အချိန်” ဖြစ်ပါတယ်။ စစ်သားဆိုတာ နိုင်ငံတော် အတွက် အသက်နဲ့ ခန္တာကိုယ် ကို စွန့်လွှတ်ပါ့မယ်လို့ သစ္စာဆိုထားသူတွေဖြစ်တယ်။ တစ်ဖက် မှာ လည်းသူတို့ဟာလူသားတွေ ဖြစ်တဲ့အပြင်လူထုထဲက ပေါက်ဖွားလာသူတွေ ဖြစ်တဲ့အတွက် သူတို့ လုပ်ဆောင်ချက်ကို လူထုက အသိအမှတ်ပြု တာ ခံချင်တယ်။ ဒီလိုအသိအမှတ်ပြုမှု၊ ထောက်ခံမှု ဟာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေ၊ ငွေကြေးတွေ ထက် တန်ဖိုးကြီးတယ်။ ဒီလို အသိအမှတ်ပြုမှုကြောင့် ပဲ အသက်ပင်သေသေ ဆိုတဲ့ စိတ်နဲ့ နိုင်ငံ အတွက် တိုက်ပွဲဝင်ကြတယ်။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် လူထုက စစ်သားတွေကို မနှစ် သက် တော့ဘူး၊ သူတို့လုပ်ရပ်တွေကို မထောက်ခံ တော့ဘူး၊သူ့ကိုယ်သူစစ်သားအဖြစ် လက်မထောင်ဂုဏ်မယူနိုင်တော့ဘူးဆိုရင် ဝမ်းနည်း ကြေကွဲ တာပဲ။

ကျွန်တော့်တစ်ဦးတည်းအမြင်ကတော့ ဗိုလ်ချုပ်ဆူမန် ပြောတဲ့အချက်လေးချက်မှာ နောက်ဆုံး နှစ် ချက်က အရေးကြီးဆုံးလို့ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တိုက်ပွဲတစ်ပွဲရှုံးရင် နောက်တိုက်ပွဲ တစ်ပွဲ မှာ နိုင်အောင်ပြန်တိုက်လို့ရတယ်။ ကမ္ဘာ့စစ်သမိုင်းမှာ ရှုံးရာကနေ ပြန်အနိုင်ယူ အောင်ပွဲ ခံ ခဲ့တဲ့ သာဓက အများကြီးရှိတယ်။

ဒီလိုပါပဲ၊ ရဲဘော်ရဲဘက်တစ်ဦး ကျဆုံးသွားလို့ ခံစားရတဲ့ဝမ်းနည်းမှုဟာ အချိန်ကာလရဲ့ ကုစားမှု၊ သက်ဆိုင်ရာဘာသာတရားရဲ့ ဆိုဆုံးမမှုတွေကြောင့် တဖြေးဖြေးချင်းလျော့ကျသွားနိုင်တယ်၊ ဖြေ သာနိုင်တယ်။ ဒါမှမဟုတ် နောက်တစ်ပွဲကို အနိုင်တိုက်ပြီး သူငယ်ချင်းအတွက် လက်စားချေခဲ့ပြီလို့ တွေးနိုင်တယ်။

အရည်အချင်းမရှိတဲ့ခေါင်းဆောင်နဲ့ ကြုံရတာကတော့ ရေတိုကိစ္စမဟုတ်တော့ဘူး။ ညံ့ဖျင်းတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ မှားယွင်းတဲ့မူဝါဒတွေ အကျိုးသက်ရောက်မှုက လေးငါးဆယ်နှစ် ဖြစ် နိုင်သလို မျိုးဆက်တစ်ခုလောက်အထိလည်း ဖြစ်သွားနိုင်တယ်။ ပြန်ကုစားနိုင်ဖို့အတွက် အချိန် ယူ ရမယ်။ ငွေကုန်လူပန်းဖြစ်မယ်။

လူထု ထောက်ခံမှု မရတဲ့ ကိစ္စကတော့ အဆိုးဆုံးပေါ့။ စစ်သားတစ်ဦးချင်းအနေနဲ့နေ့တိုင်း၊ နေ့တိုင်း၊ အချိန်တိုင်း၊ အချိန်တိုင်း ခံစားနေရတဲ့ကိစ္စ၊ စစ်သားတစ်ဦးချင်းသာမဟုတ် တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရပ်တည်မှုကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်တယ်။ ဗီယက်နမ် စစ်ပွဲကာလ အမေရိကန်နိုင်ငံအတွင်း စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြင်းထန်နေတဲ့အချိန်မှာ အမေရိကန် စစ် သားတွေဟာ လူထုထဲကို စစ်ဝတ်စုံဝတ်ပြီးသွားလာဖို့အတွက် အလွန်ဝန်လေးခဲ့ကြတယ်။ လူတွေ မကြိုက်တဲ့အလုပ်ကို လုပ်နေရတယ်ဆိုတော့ အမေရိကန်စစ်သားတွေကလည်း သူတို့ အလုပ်ကို တန်ဖိုးမထားတော့ပဲ အရည်အချင်းကျဆင်း၊ စည်းကမ်းမဲ့ ဖြစ်လာခဲ့တယ်။

အဲဒီ အခြေအနေကို ကုစားနိုင်ဖို့အတွက် အမေရိကန်တပ်မတော်ဟာ ဆယ့်ငါးနှစ်လောက် အချိန် ယူခဲ့ ရတယ်။ ဒါတောင်မှ အမေရိကန်တပ်မတော်က ဒီမိုကရေစီနိုင်ငံရေးစနစ်ထဲမှာ ကာကွယ်ရေး တာဝန်သက်သက်ကိုပဲ ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းအဖြစ်ရပ်တည်နေတဲ့အတွက် လူထု ထောက်ခံမှုနဲ့ တပ်မတော်အရည်အချင်းကို ပြန်တည်ဆောက်ဖို့လွယ်ကူခဲ့ တာပါ။

နောက်ပြီး ဗိုလ်ချုပ်ဆူမန်ပြောတဲ့အချက်လေးချက်မှာ အရှုံးနဲ့ သေခြင်းတရားဆိုတာ စစ်သားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံရမယ်လို့ခံယူထားပြီးသားဖြစ်တဲ့အတွက် ကြုံလာခဲ့ရင်လည်း ရင်ဆိုင် နိုင်စွမ်းရှိပါတယ်။ အရည်အချင်းမရှိတဲ့ခေါင်းဆောင်နဲ့ လူထုထောက်ခံမှု မရခြင်း ဆိုတဲ့ အချက်တွေ ကတော့ ဘယ်စစ်သားမှ မေ ျှာ်လင့်မထားဘူး၊ ကြုံလည်း မကြုံချင်ဘူး။ ဒါပေမဲ့ မလွှဲမရှောင်သာ ကြုံ လာခဲ့ရင်လည်း ဒီအခြေအနေကို ပြန်လည်ကုစားဖို့ဆိုတာ စစ်သားတွေပဲ စွမ်းဆောင်နိုင်တာပါ။

26/12/2022

ယင်းမာပင်မြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရသပိတ်ပြုလုပ်
====================================

ဒီဇင်ဘာ ၂၆ ၊ ၂၀၂၂

ယင်းမာပင်မြို့နယ် မြောက်ခြမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ဒီနေ့မှာ အကြမ်းဖက်စစ်တပ်ကျရှုံးရေးအဖြစ် အာရုဏ်ဦးသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြ တော်လှန်ပြည်သူတွေက “အာရုံမလွဲစေနဲ့ စိတ်ဝမ်းမကွဲစေနဲ့ တစ်သံတည်းညီ တစ်ချီတည်းရုန်းကြ ” ဆိုတဲ့ စားသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ချီ တက်ဆန္ဒပြ လှည့်လည်ခဲ့ကြတာပါ။

ဆန္ဒပြတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြု လုပ်နေတာပါ။

25/12/2022

Marry Christmas ...
+++++++++++++
အ​ကြမ်းဖက်စစ်တပ်က တိုင်းရင်းသားဒေသတွေနဲ့ ပြည်
သူများအပေါ ကြဲတိုက်ခိုက်ပေမဲ့ ခရစ်ယာန်ဘာသာတရားကို ယုံကြည်သူများအနေဖြင့် သေနတ်သံ ဗုံးသံတွေကို မမူပဲ ခရစ်စမတ်နေ့အတွက်ပြင်ဆင်ပျော်ရွှင်နေ့ကြမှာပါ။

ဒါဟာ စစ်ဖြစ်နေတာနဲ့ မဆိုင်ဘဲ ယုံကြည်ကိုးကွယ်
ရာ ဘာသာတရားကို မြတ်နိုးတန်ဖိုးထားခြင်းသာဖြစ်ပါတယ်။

မိမိနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ကိုးကိုယ်ရာဘာသာတွေရဲ့
ဓလေ့ထုံးတမ်းအစဉ်လာတွေကို ဘယ်အခြေနေမျိုး
မှာဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးရမှာ ဖြစ်ပါတယ်။

မြတ်နိုးတန်ဖိုးထားအပ်တဲ့အရာတွေကို မလုပ်ရဲ
အောင် နည်းအမျိုးမျိုးနဲ့ နှောက်ယှက်‌နေတဲ့အရာ
တွေရှိရင်တော့ အားလုံးပူးပေါင်း
တွန်းလှန်ကြဖို့ လိုအပ်ပါတယ်။

# TTM

22/12/2022

မြန်မာအရေးနှင့် ပတ်သက်၍
ကုလ လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက် ချပြီ
============...=================
2022 ခုနှစ်၊ ဒီဇင်ဘာလ 22

ယနေ့ ပြုလုပ်သော ကုလ လုံခြုံရေး ကောင်စီမှ ၇၄ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် နိုင်ငံတွင်း အကြမ်း ဖက်မှုများ ချက်ချင်း အဆုံးသတ်ရေး နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်သူ မရှိ ချမှတ်လိုက်ပြီ ဖြစ်သည်။

ရုရှား၊ တရုတ် နှင့် အိန္ဒိယ တို့က မဲမပေးဘဲ ကြားနေခဲ့ကြသည်။ ဗီတိုအာဏာဖြင့် ပယ်ချခွင့် ရှိနေသည့် တရုတ် နှင့် ရုရှားတို့မှ ယခုအကြိမ်တွင် ကန့်ကွက်ခဲ့ခြင်း မရှိ၍ ထိုသို့ ဆုံးဖြတ်ချက်ကို ပထမဆုံး အကြိမ် ချမှတ် နိုင်ခဲ့ ကြခြင်းလည်း ဖြစ်သည်။

ထိုအဆိုအား ဗြိတိန်မှ ကမကထ ပြု တင်သွင်းလာခြင်းဖြစ်ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ထုံးစံအတိုင်း ရုရှား၊ တရုတ်တို့၏ ဗီတို နှင့် ရင်ဆိုင်ရဖွယ် ရှိ၍ မျှော်လင့်ချက် မရှိလှဟု ယူဆရသော်လည်း အဆိုတင်သွင်း သည့် နိုင်ငံများကလည်း ထိုနိုင်ငံများမှ ဗီတို အာဏာ သုံး၍ ကမ္ဘာ အလယ်တွင် ဆိုးသွမ်းလှသော အကြမ်းဖက် စစ်တပ်အပေါ် ကာကွယ်ပေးနေမှု ကို ပေါ်လွင်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

19/12/2022

မန်းငြိမ်းမောင် ပြန်ခဲ့ရပြီ
================
အကြမ်းဖက်စစ်တပ်မှ တရားမဝင် ဖွဲ့စည်းထားတဲ့ နစက အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာလ ၁၉ ရက် နေ့ မနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဦးတင်ဦး အား သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ထိုသို့တွေ့ဆုံရာတွင် မန်းငြိမ်းမောင်မှ NLD အား ရွေးကောက်ပွဲ ပြန်ဝင်ရန်နှင့် စစ်ကောင်စီအနေနဲ့လည်း နိုင်ငံအား တည်ငြိမ်အောင် ထိန်းနိုင်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်၊ သူရဦးတင်ဦးမှ ပြည်သူ့ဆန္ဒနှင့် အညီ ပြည်လုံးကျွတ်ရွေးကောက်ပွဲအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲအား ထပ်မံပြုလုပ်ရန် မလိုအပ်တော့ကြောင်းနှင့် ပြည်သူဆန္ဒ၊ ပြည်သူ့သဘောထားအား ဆန့်ကျင်ပြီး မပြုလုပ်သင့်ကြောင်း ပြောဆိုခဲ့ပါသည်။

အလားတူ ရွေးကောက်ပွဲပြုလုပ်ရန် ကိစ္စနှင့် ပတ်သက် စစ်ကောင်စီဥက္ကဋ္ဌ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထိုကဲ့သို့ သူရဦးတင်ဦး အား သွားရောက်တွေ့ဆုံခဲ့ပါတယ်။သူရဦးတင်ဦးသည် ၁၉၇၆ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ အငြိမ်းစားယူခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲအား ပြန်လည်ပြုလုပ်ပေးမည် ပြောဆိုထားသော်လည်း နိုင်ငံအနှံတွင် ရွာလုံးကျွတ် မီးရှိံ့မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ တိုင်းရင်းသားဒေသများတွင် နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိပါတယ်။

08/12/2022
08/12/2022

ကျွန်တော်တို့တွေ ကျောက်ခဲ ကျတဲ့နေရာကို လိုက်ကြည့်တာနဲ့ စာရင် ကျောက်ခဲပစ်တဲ့ သူက ဘယ်သူလဲ? ကျောက်ခဲက ဘယ်ကထွက်တာလဲ အဲတာတွေလုပ်နိုင်ရင်
နိုင်ငံရေးအရ အများကြီး ပြောင်းလဲသွားနိုင်တယ်

07/12/2022

အကြမ်းဖက်စစ်တပ်ရဲ့ တရားဥပဒေဆိုတာ
==============++++++++++++++
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ နိုဝင်ဘာလ ၃၀ ရက်နေ့က သေဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။ အဆိုပါ ကျောင်းသား ၇ ဦးဟာ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင် တို့ဖြစ်ကြပါတယ်။ သူတို့ကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလကဖြစ်ခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ်ပစ်ခတ်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်လို့ဆိုပြီး ဧပြီလ ၂၂ ရက်နေ့၌ စွပ်စွဲဖမ်းဆီးခဲ့တာပါ။
အဲအချိန်က တောင်ဒဂုံမြို့နယ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတာလေ။ တကယ်ဆိုစစ်တပ်ဘက်က လုပ်တာလည်းဖြစ်နိုင်ပါတယ်။ ဒီလို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့နေရာမှာ ကမ္ဘာ့ရတနာဘဏ်ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားတွေ အနေနဲ့ ဘယ်လိုလုပ်ပြီး ပါဝင်ပတ်သက်မှုရှိမှာလဲ၊ ကျောင်းသားတွေအနေနဲ့ ဆန္ဒပြ တာသို့ နိုင်ငံရေးမှာ ပါဝင်လာအောင် လှုံဆော်တာတို့တော့ရှိပါတယ်။ ဒါကလည်း ကျောင်းသား တစ်ယောက်ရဲ့အခွင့်အရေးတွေကို တောင်းဆိုနေတာမဟုတ်ပါဘူ။ ပြည်သူတွေကိုယ်စား၊ ပြည်သူတွေရဲ့အခွင့်အရေး၊ ပြည်သူတွေဆန္ဒတွေကို တောင်းဆို တာ၊ ရယူတာပါ။ နိုင်ငံကို မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို အနု နည်းဖြင့် ဆန့်ကျင်ဆန္ဒပြတာပါ၊။ သူတို့ဟာ စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတွေပါ။ သူတို့မှာ လက်နက်နဲ့တူတာ ဆိုလို့ ဘာရှိမှာလဲ၊ စာအုပ်နဲ့ ခဲတံလောက်ပဲရှိတာပါ။
ဒီလိုကျောင်းသားတွေကို စစ်ခုံရုံးမှာ ဖမ်းဆီးတာတို့ စစ်ဆေးတာဖြစ်လို့ အရပ်ဘက်ရှေ့နေတွေနဲ့ အမှုလိုက်ခွင့်မရကြပါဘူး။ ချေပခွင့်လည်းမရှိပါဘူး။ စစ်တပ်ဖမ်းဆီးခံရတဲ့ မည်သူမဆို သူတို့တွေရဲ့ ဘယ်မိသားစုဝင်နဲ့မှ တွေ့ခွင့်လည်း မရကြသလို့ တွေ့ခွင့်လည်း မပေးပါဘူး၊ ဒါမှ သူတို့လုပ်ချင်တာ လုပ်လို့ရမှာလေ၊ ခုလည်း ကျောင်းသား ၇ ယောက်က သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဖမ်းဆီးခံခဲ့ချိန်ကစပြီး တွေ့ခွင့် မရကြပါဘူး၊ စစ်ခုံရုံးဆိုရင် သိကြတဲ့အတိုင်းပဲလေ စစ်တပ်ဘက်ကပဲ လိုသလို ပုဒ်မတွေတပ်လို့ရတယ်၊ အမှုတွေကို ကြီးချင်လား ငယ်ချင်လား၊ ပေါ့ချင်လား လေးချင်လား သူတို့ရဲ့ ပါးစပ်ထဲမှာရှိတာပါ။ ခေတ်အဆက်ဆက်ကလည်း ဒီလိုပဲ လုပ်ခဲ့ကြတာ ကျင့်သုံးကြတာ။ စစ်တပ်အနေနဲ့ သူတို့ကို ဆန့်ကျင့်တွန်းလှန်တဲ့ ဘယ်နယ်ပယ် အသီးသီးက လူကြီး/လူငယ်၊ ရဟန်းသံဃာ၊ ဆရာ/မများပါမကျန် ကျောင်းသား/ သူများကို မတရားသဖြင့် ပုဒ်မတွေအမျိုးမျိုးတပ်က ဖမ်းဆီး၊ နှိပ်စက်၊ ညှင်းပန်း သတ်ဖြတ်မှုတွေကို လုပ်ဆောင်ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆို ပိုဆိုးတယ်။ ခိုးဆိုး၊ လုနှိုက်၊ သတ်ဖြတ်သမားတွေထက် ပိုပြီး ပြစ်ဒဏ်ပေးတယ်၊ ပိုပြီး နှိပ်စက်ခံရတယ်။ နောက်ပြီး ကျွန်တော်တို့တွေ မသိတဲ့ လူတွေရဲ့ဘဝတွေ အသက်တွေ အများကြီးပဲ။
ခုလည်း စစ်တပ်ဘက်က တရားမဲ့သတ်ဖြတ်မှုတွေက လုပ်နေတုန်းပဲ။ လမ်းမပေါ်တွေမှာ စစ်ကြောရေးစခန်းတွေမှာ အကျဉ်းထောင်တွေထဲမှာ အများအပြား ကို နိုင်ငံရေးပုဒ်မတပ်ပြီး သတ်ဖြတ်နေတုန်းပဲ။ သူတို့တွေကတော့ ဥပဒေနဲ့အညီ၊ လုပ်ထုံးလုပ်နည်းအရ သေဒဏ်ချပါတယ်၊ အပြစ်ပေးပါတယ် ပြောနေတာပဲ။ ပုပ်သိုးဆွေးမြေ့နေတဲ့ တရားဥပဒေတွေနဲ့ တရားရုံးတွေကို ခုတုံးလုပ်ပြီး လူသတ်ဖို့ ကြိုးစားတဲ့ကိစ္စပါ၊ ဒီကိစ္စကို ဘယ်နည်းနဲ့ပဲ သူတို့သည် လူသတ်သည်ဖြစ်စေ၊ ဘယ်နည်းနဲ့ မဆို လူထုကိုဖိနှိပ်တာဖြစ်စေ ကျနော်တို့ပြင်းထန်စွာဆန့်ကျင်ပါတယ်။ ဒီလိုဖြစ်ရပ်တွေထပ်မဖြစ်ဖို့အတွက်ဆိုရင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်ဖို့ လိုပါတယ်။ တော်လှန်ရေးကို ဆက်အရှိန်မြင့်ဖို့လိုပါမယ်။

02/12/2022

ကိုယ့်အပူနဲ့ ကိုယ်မို့
*******************
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အာဏာသိမ်းပြီးချိန်တည်းက သိကြတဲ့အတိုင်းပဲ ရှရှားနိုင်ငံကို ၃ ကြိမ် သွားရောက်ခဲ့ပါတယ်၊ ရုရှားနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ ရွှေတိဂုံပုံတူ စေတီထီတင်တာ ၁ ကြိမ်၊ အာမေးနီးယား၊ မွန်ဂို လီးယားနဲ့ တရုတ်တို့ပါ တက်ရောက်ကြတဲ့ အရှေ့ဖျားဖိုရမ်မှာ အစည်းအဝေးမှာ ပူတင်နဲ့ တွေ့တာအပါအဝင်ပေါ့၊ ထိုသို့သွားတဲ့နေရာမှာလည်း ရုရှားနိုင်ငံအနေနဲ့ မင်းအောင်လှိုင် ကို နိုင်ငံခေါင်းဆောင်တစ်ဦးကဲ့သို့ သတ်မှတ်ကြိုဆိုတာ မဟုတ်ပဲ စစ်တပ်အကြီးအကဲ တစ်ဦးအဖြစ်သာ လက်ခံတွေ့ဆုံခဲ့တာပါ။ ရုရှားနိုင်ငံအနေဖြင့်လည်း ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲရာတွင် ကုန်ကျစရိတ်နှင့် ဉရောပ၏ စီးပွားရေးပိတ်ဆို့မှု၊ ဖြတ်တောက်မှုတို့ကြောင့် နိုင်ငံအတွင်း စီးပွားရေးအလွန်ကျဆင်းခဲ့တာပါ။ ခု ရုရှားက စစ်ရေးအရေးမသာတော့သဖြင့် ယူကရိန်းနိုင်ငံကနေ တဖြည်ဖြည်းဆုတ်ခွာ နေရပါ တယ်။ ယူကရိန်းဘက်ကလည်း မြို့တွေကို တစ်မြို့ပြီးတစ်မြို့ ပြန်သိမ်းနေပါပြီ။ ဒါကြောင့် ရုရှားအနေနဲ့ သူ့နိုင်ငံစီးပွားရေးအတွက် စစ်လက်နက်ရောင်းချရေးနိုင်ရန်သာ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ ဆက်ဆံနေတာဖြစ်ပါတယ်။ တကယ်တော့ရုရှား ကလည်း သူ့ဒုက္ခနဲ့သူ။ မင်းအောင်လှိုင် ခုနောက်ဆုံးသွားထားတဲ့ ရုရှားခရီးစဉ်မှာလည်း သူ့ကို ရုရှားက ထောက်ခံလာအောင် နိုင်ငံကို အပြည့်အဝထိန်းချုပ်နိုင်ပြီဟု လိမ်လည် ကာ ရုရှားစီးပွားရေးသမားများအား မြန်မာနိင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်တာ၊ အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်၊ ရုရှားရူဘယ်နှင့် အိန္ဒိယရူပီးတို့နှင့် ကူးသန်း ရောင်းဝယ်ရေး၊ ဘဏ္ဍာရေး ငွေပေးငွေယူများတွင် အစားထိုးသုံးစွဲမယ်လို့လည်း ပြောဆို ခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ ရုရုားကလည်း သူ့ဒုက္ခနဲ့ သူပါ။
တဆက်တည်းမှာပဲ မင်းအောင်လှိုင် အားကိုးအားထားပြုနေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကို ကြည့်ရင်လည်း သမ္မတရှီကျင့်ဖျင် အစိုးရရဲ့ တင်းကျပ်တဲ့ မူဝါဒ တွေ အပေါ် တရုတ်ဆန့်ကျင်ဆန္ဒပြပွဲမှုတွေ ဆက်တိုက်ပေါ်ပေါက်နေတာ တွေ့ရပါတယ်။ ဆန္ဒပြတဲ့ နေရာမှာလည်း ဒီမိုကရေစီရေး၊ ဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်စွာသဘောထား ဆန္ဒတွေ ဖော်ထုတ်ခွင့် ရှိရေး စတဲ့အချက်တွေ ပါဝင်နေပြီး သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်ပေးဖို့ အထိတောင် တောင်းဆိုနေတဲ့အထိ ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ အခုလို နိုင်ငံရေး အပြောင်းအလဲပြုလုပ်ဖို့နှင့် ဒီမိုကရေစီစနစ်ကျင့်သုံးဖို့အထိ တရုတ်နိုင်ငံသားတွေ တောင်းဆိုတာက ကွန်မြူနစ်စနစ်ကျင့်သုံးနေတဲ့နိုင်ငံမှာ အင်မတန် ကြုံတောင့်ကြုံခဲပါ။ ခုဆို တရုတ်နိုင်ငံဟာ နိုင်ငံရေးရှုပ်ထွေးမှုတွေ အများကြီးဖြစ်ပေါ်နေတာ။ ဒါကြောင့် ဒီနိုင်ငံနှစ်နိုင်ငံ သူတို့ရှုပ်ထွေးမှုနဲ့သူတို့ တိုင်ပတ်နေကြပြီး စစ်တပ်အတွက် အလား အလာ မကောင်းသလို အားကိုးရာလည်း မဖြစ်နိုင်ပါဘူး။

လမ်းပျောက်နေသော စစ်ကောင်စီ

Website