The Neem Academy

The Neem Academy

Creating a space for continuous learning with a commitment in excellence and qualification

08/01/2022

**ပန်းများရောင်စုံ ပွင့်ပါစေ **

ကျနော်က အင်္ဂလိပ်စာ ဆရာတစ်ယောက်ဖြစ်ပါသည်။ ကလေးလေးတွေကိုတွေ့သည့်အခါ အင်္ဂလိပ်လို နှုတ်မဆက်မိစေရန် ကျနော်ကြိုးစားပါသည်။ ထူးဆန်းသွားပါသလား။ ရှင်းပြပါမည်။
ကျွန်တော့်စိတ်ထင် မြန်မာမိဘအတော်များများသည် ကလေးများ အင်္ဂလိပ်စကားငယ်ရွယ်စဉ်မှာပင်ပြောတတ်ဆိုတတ်ကြခြင်းကို အလွန်ပင်ဂုဏ်ယူတတ်ကြပါသည်။ ဟုတ်ပါသည်။ အင်္ဂလိပ်စကားပြောတတ်ဆိုတတ်ခြင်းသည် အလွန်ကောင်းသော ကိစ္စတစ်ခုဖြစ်ပါသည်။ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ သံခင်းတမံခင်းတို့တွင် အရေးပါလှသည့် ကမ္ဘာသုံးဘာသာစကားတစ်ခုဖြစ်သော အင်္ဂလိပ်စကားကို ငယ်ရွယ်စဉ်မှာပင် သင်ယူထားခြင်းသည် ကောင်းသောအချက်တစ်ချက်ဖြစ်သည်မှာ လက်ခံရမည်မှာမလွဲပင်။ အင်္ဂလိပ်စကား၏ အသုံးဝင်ပုံများကို ဋီကာချဲ့ကာ ပြောပြရန်လည်းလိုတော့ မည်မထင်ပါ။ အားလုံးက သိကြပြီးဖြစ်ပါသည်။
ဘာသာစကားသည်အရေးကြီးသည်မှာ အငြင်းပွားစရာမရှိသော်လည်း ၎င်းသည် အရေးကြီးသောအချက်များထဲမှတစ်ခုဖြစ်ကြောင်းကိုမူ မဖြစ်မနေသတိရကြဖို့ လိုပါသည်။ ဟောင်းဝဒ် ဂါဒ်နာ (Howard Gardner) ခေါ် အမေရိကန်ပညာရှင်တစ်ယောက်က လူတွင် ဉာဏ်ရည်သည်တမျိုးတည်းမဟုတ်ဘဲ အမျိုးမျိုးရှိသည်ဟုဆိုခဲ့ပါသည်။ ၎င်းတို့မှာ
၁) Logical-mathematical intelligence. (Number/reasoning smart)
ယုတ္တိနှင့် သင်္ချာဉာဏ်ရည်
၂) Linguistic intelligence. (Word smart)
ဘာသာစကား ဉာဏ်ရည်
၃) Spatial Intelligence. ..(picture smart).
အရုပ်သဏ္ဍန်ဖန်တီးခြင်း နေရာအကွာအဝေးတွေကို မြင်တတ်အသုံးချတတ်ခြင်းဉာဏ်ရည်
၄) Musical Intelligence. ... (Music smart)
ဂီတဉာဏ်ပါရမီ
၅) Bodily-kinesthetic Intelligence. ... (Body smart)
ကိုယ်ခန္ဓာကိုလှုပ်ရှားအသုံးချရတွင် ကျွမ်းကျင်သည့်ဉာဏ်ရည်
၆) Intrapersonal Intelligence. ... (Self smart)
ကိုယ့်ကိုယ်ကို နားလည်သဘောပေါက်ထိန်းကြောင်းနိုင်သည့်ဉာဏ်ရည်
၇) Interpersonal Intelligence. ... (People smart)
လူအများနှင့် ပြောဆို ဆက်ဆံတတ်သည့်ဉာဏ်ရည်
၈) Naturalistic intelligence. (Nature smart)
သစ်ပင်၊အကောင်များနှင့် သဘာဝကို နားလည်တတ်သော ဉာဏ်ရည်တို့ဖြစ်သည်။ ထိုသို့ ဉာဏ်ရည်အမျိုးမျိုးရှိသည့် အနက်မှ ဘာသာစကားစွမ်းရည်သည် တစ်ခုသာဖြစ်ပါသည်။
လက်တစ်ဖက်တည်းတွင်ရှိသော လက်ချောင်းများအတိုအရှည်မညီကြသလို လူတို့သည် ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေးများကွာခြားတတ်ကြပါသည်။ အချို့သော သိပ္ပံပညာရှင်များသည် ငယ်စဉ်ဘဝက ဘာသာစကားစွမ်းရည်ဘက်တွင် အားနည်းကြကြောင်းကိုလည်း ကျနော်တို့ အကြိမ်ကြိမ်ဖတ်ရှုခဲ့ကြပြီးဖြစ်သည်။ ဥပမာ နာမည်ကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် အသက်ငါးနှစ်ခန့်ရှိသည်အထိ စကားမပြောခဲ့ဟု အချို့စာအုပ်များတွင်ဖော်ပြကြသည်။ အချို့သော ဂီတနှင့်ရုပ်ရှင်တွင် ထွန်းပေါက်ကြသူများသည် ငယ်စဉ်က စာသင်ရခက်သူများအဖြစ်သတ်မှတ်ခံခဲ့ကြရသည်။ အမေရိကန် Rap အဆိုတော် Eminem သည် အထက်တန်းတွင် ခဏခဏကျနေသဖြင့် ကျောင်းထွက်ခဲ့ရသူတစ်ဦးဖြစ်သည်။ အဓိကဆိုလိုချင်သည့် အချက်မှာ ကလေးတစ်ဦးတွင် စွမ်းရည်တစ်ခုမရှိသည်နှင့် ထိုကလေးကို ညံ့ဖျင်းသူတစ်ဦးအဖြစ်မသတ်မှတ်လိုက်ကြရန်ဖြစ်သည်။ ကလေးတိုင်းသည် မည်သည့်စွမ်းရည်မျှမရှိလျှင်ပင် ချစ်ခြင်းမေတ္တာနှင့်တန်ဖိုးထားခြင်း ရရှိရန်ထိုက်တန်ပါသည်။
ကလေးတစ်ဦးကို အင်္ဂလိပ်လို နှုတ်ဆက်ပြီး သူတို့က အင်္ဂလိပ်လိုပြန်ပြောနိုင်သည့်အခါ “သမီးကတော်လိုက်တာ၊ သားကတော်လိုက်တာ” ဟု ပြောလိုက်ခြင်းသည် ကလေး၏ ဘာသာစကားစွမ်းရည်ကို အသိအမှတ်ပြုခြင်းသာဖြစ်သည်။ ကလေးများ၏ စိတ်ထဲတွင် ဘာသာစကားစွမ်းရည်သည်သာ အရေးကြီးသည်ဟု အထင်ရောက်သွားစေရန် မိမိတို့ကိုယ်တိုင်မသိလိုက်ဘဲ လုပ်မိနေခြင်းဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် အခြားစွမ်းရည်၊ ဉာဏ်ရည်များသည် အရေးမကြီးလှ၊ ဘာသာစကားစွမ်းရည်မရှိသော ကလေးများသည့် ညံ့ဖျင်းသော ကလေးများ၊ ချစ်စရာမကောင်းသော ကလေးများဖြစ်သည်ဟု ပုံဖော်မိသွားနိုင်သည်။ တော်ရုံဆိုကိစ္စမရှိလှသော်လည်း ခုကတော့ အလွန်အကျွံလိုဖြစ်နေကြပါသည်။ အစမှာကျနော်ပြောခဲ့သည့် ကလေးများကို ကျနော် အင်္ဂလိပ်လိုနှုတ်မဆက်ရခြင်းအကြောင်းအရင်းကို ရှင်းလောက်ပြီထင်ပါသည်။
ကလေးများကို ပန်းကလေးများလို သဘောထားကြည့်ကြရအောင်ပါ။ မတူညီသော ကိုယ်ရည်ကိုယ်သွေး၊ မတူညီသော ဉာဏ်ရည်ဉာဏ်သွေးရှိသောကလေးများသည် အရောင်အသွေးစုံသော ပန်းခင်းကြီးနှင့်တူပါသည်။ အကယ်၍သာ ကျွန်တော်တို့လူ့အဖွဲ့အစည်းသည် သွက်သွက်လက်လက်ပြောတတ်ဆိုတတ်သောကလေးများ၊ အင်္ဂလိပ်လိုပြောတတ်သော ကလေးများကိုသာ ဂုဏ်ယူဖွယ်ရာကလေးများအဖြစ် သဘောထားမိနေကြလျှင် အရောင်တစ်မျိုးတည်းသော ပန်းပွင့်ကလေးများကိုသာ ရေလောင်းပေါင်းသင်ပြီး ဂရုစိုက်ကြသလိုဖြစ်နေပေမည်။ ကျန်သောပန်းကလေးများသည် ရေအငတ်ခံ၊ နေအပူခံကာ ကြုံလှီနွမ်းဖျော့သွားကြမည်ဖြစ်သည်။ အရောင်စုံပန်းခင်းကြီးမဖြစ်တော့ဘဲ ပန်းမျိုးတစ်မျိုး၊ အရောင်တစ်ရောင်သာရှိသည့် စိတ်ဝင်စားဖွယ်ကင်းသော လောကကြီးဖြစ်နေပေတော့မည်။
အနာဂတ်သည် ရောင်စုံသော ပန်းခင်းကြီးတစ်ခင်းလို လှပနေစေဖို့ ကျနော်တို့ ပညာပေးသူတွေ၊ လက်ဦးဆရာတွေ၊ လူကြီးသူမတွေမှာ တာဝန်ရှိပါသည်။ မည်သည့်အရောင်ဖြင့်ပွင့်သောပန်း၊ မည်သည့်အမျိုးအစားဖြစ်သော ပန်းကို မဆို ကျွန်တော်တို့ချစ်တတ် တန်ဖိုးထားတတ် ကြရမည်။ ပန်းများရောင်စုံပွင့်စေချင်ပါသည်။

စာရေးသူ-ဆရာ‌အောင်ကျော်ဖြိုး
မေတ္တာဖြင့်
ဆာယာဖောင်ဒေးရှင်း အဖွဲ့သားများ…

15/10/2021

PS - တီချယ်ကဒီ တပတ် သီချင်း ဆယ်ခေါက်ဆိုကြည့်တို့ Drawing display board လေး လုပ်လို့ Homework ပေးတဲ့ အခါ
ကြိုးစားပေးတဲ့ ကလေးတို့ကိုလည်း ကျေးဇူးတင်ပါတယ်လို့

Credit ဆရာကြီး ဒေါက်တာစိုးသန်း
စောစောသင်ပေးနိုင်လေ ပိုကောင်းလေ

တိုက်တိုက်ဆိုင်ဆိုင် မနေ့က စာဖတ်သူ မိဘ သုံးယောက်က ကျွန်တော့်ကို မေးခွန်းတွေ comment မှာ ရေးပြီးမေးထားကြတယ်။ ဆရာ ၂ နှစ်သားကလေးကို အင်္ဂလိပ်စာ ဘယ်လိုနည်းနဲ့သင်ပေးရမလဲ။ ဆရာ ကျွန်မရဲ့ လေးနှစ်သားလေးက YouTube က video တွေကြည့်ပြီး စကားတွေလိုက်ပြောချင်နေတယ်။ သူ့ကို ဘယ်လို အင်္ဂလိပ်စာ လေ့ကျင့်ပေးရမလဲ။ စသည့်မေးခွန်းမျိုးလေးတွေပါ။ ဒါ့ကြောင့်လည်း ကလေးလေးတွေကို အင်္ဂလိပ်စာသင်ပေးတာနဲ့ ပတ်သက်လို့ ပြောပြချင်တာလေးတစ်ခုရှိလို့ ဒီ post ကိုရေးလိုက်တာပါ။

နိုင်ငံခြားဘာသာစကားသင်ကြားရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့သင်ကြားရေးက ဆရာတွေလောကမှာ၊ အထူးသဖြင့် SLA (Second Language Acquisition) နဲ့ Child Language Acquisition အကြောင်းဆွေးနွေးကြရာမှာ လူသိအများဆုံးစကားကတော့ "The earlier, the better." အစောဆုံးစသင်နိုင်လေ ပိုကောင်းလေ ပဲ။ နောက်တစ်ခုကတော့ "Use it or lose it." တဲ့။ ဆိုလိုတာက အဲဒီဘာသာစကားတစ်ခုကို သင်ယူရုံနဲ့မပြီးဘူး၊ အမြဲမပြတ် အသုံးချနေဖို့လိုတယ်၊ အသုံးမပြုရင်တော့ lose it သင်ထားတာတွေကို မေ့ကုန်မယ်၊ တတ်မှာမဟုတ်တော့ဘူး ဆိုတဲ့ key points လေးတွေရှိပါတယ်။

ကလေးတွေကို ဖြစ်နိုင်ရင် အင်္ဂလိပ်စကားသံတွေနဲ့ အစောဆုံး ထိတွေ့မှုရှိစေသင့်ပါတယ်။ နှစ်သားအရွယ်လေးတွေကို စာရေး စာဖတ် သင်ပေးဖို့ပြောနေတာမဟုတ်ပါဘူး။ သူတို့လေးတွေရဲ့ အနားမှာ rich linguistic environment ကိုဖန်တီးပေးထားဖို့ လိုကြောင်းကို ဆိုချင်တာပါ။ ဒီအချက် အရေးကြီးကြောင်းကို ပြချင်လို့ ကျွန်တော်တို့ သင်ကြားရေးလောကမှာ ရှိတဲ့ သီအိုရီတစ်ခုကို ပြောပြပါရစေ။ Critical Period Hypothesis လို့ခေါ်ပါတယ်။

Critical Period Hypothesis (CPH)

ဒီ သီအိုရီကို Eric Lenneberg က ၁၉၆၇ ခုနှစ်မှာ သူရေးခဲ့တဲ့ Biological Foundations of Language ဆိုတဲ့စာအုပ်မှာ တင်ပြခဲ့ပြီးနောက်မှာ language acquisition studies တွေလုပ်ကြတဲ့ ပညာရှင်များကြားမှာ ရေပန်းစားလာတာပါ။ ဒီ CPH သီအိုရီအရ လူတစ်ယောက်ကို မွေးဖွားပြီးပြီးချင်း ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့်အစောပိုင်းနှစ်ကာလများဟာ မိခင် ဘာသာစကားကို သင်ယူနိုင်ဖို့ အရေးကြီးတဲ့ကာလ critical period ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကာလမှာ ကလေးရဲ့ပတ်ဝန်းကျင်မှာ ဘာသာစကားကို ကြားနေနိုင်ဖို့ adequate stimuli စေ့ဆော်စေသောအရာများ လုံလောက်စွာရှိရမယ်တဲ့။ သီချင်းသံတွေ၊ အပြန်အလှန်စကားပြောသံတွေ၊ မိဘတွေက သူ့ကို စကားလာပြောသံတွေကို သူ့နားထဲမှာ အလုံအလောက်ကြားဖို့လိုတဲ့ အချိန်ကာလပါ။ အဲဒီ adequate stimuli အခွင့်အရေးဆုံးရှုံးတဲ့ကလေးဟာ ဘာသာစကားကို သဘာဝကျကျတတ်မြောက်ဖို့ နှောင့်နှေးနိုင်တယ်လို့ CPH သီအိုရီက ဆွေးနွေးထားပါတယ်။ ဒါ့ကြောင့် Language learning နဲ့ပတ်သက်လာရင် ဒီ theory ကို ရည်ညွှန်းပြီး The earlier, the better. လို့ ပြောကြခြင်းဖြစ်တယ်။
Younger = better in the long run
ငယ်ငယ်မှာကတည်းက သင်ပေးခဲ့ရင် ရေရှည်မှာ ကျောင်းသားအတွက် ပိုကောင်းတယ် ဆိုတဲ့ concept ပါပဲ။

ဒီ သီအိုရီကို ထောက်ခံကြတဲ့ scholar တွေ၊ researcher တွေအများကြီးရှိသလို လက်မခံကြတဲ့ သူတွေလည်းရှိတာပေါ့။ ဆရာကြီး Stephen Krashen ကလည်း ဒီ CPH ကို ဝေဖန်ခဲ့ဖူးပါတယ်။ ထားပါတော့။ ကျွန်တော်ကတော့ သမီးတစ်ယောက်ကို ပျိုးထောင်ခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ အတွေ့အကြုံအရတော့ ဒီ စောစောသင်လေ ပိုကောင်းလေ ဆိုတဲ့ အယူအဆကို ကိုယ်တွေ့မို့လို့ လက်ခံတယ်။ သမီးကို မွေးကတည်းက ကျွန်တော်က အင်္ဂလိပ်လိုပဲ တောက်လျှောက်ပြောတယ်၊ အခု အထိပဲ။ သူ့အမေက ကလေးကို မြန်မာလိုပြောတယ်။ သူ့အတွက် nursery rhyme တွေ၊ သီချင်းတွေ၊ ကာတွန်းကားတွေ အားလုံး အင်္ဂလိပ်လိုပဲ အချိန်တော်တော်များများ ဖွင့်ပေးထားတယ်။ ဒီကလေးဟာ အသက် သုံးလေးနှစ်သမီးလောက်မှာ fully bilingual ဖြစ်သွားပြီ။ အင်္ဂလိပ်လိုရော မြန်မာလိုပါ သွက်သွက်ပြောတတ်သွားပြီ။ code switching ကို သူ့ဟာသူ naturally လုပ်သွားနိုင်တာပဲ။ လေးနှစ်လောက်မှာ သူ့ကို မူကြိုထားတော့ ကျောင်းမှာ ထိုင်းစကားပါသင်ရတော့ သူဟာ trilingual kid ဖြစ်သွားပါရော။ ဒါတွေဟာ ဘာကို သက်သေပြသလဲဆိုတော့ language learning အတွက် မိဘက သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်မှာ linguistically rich environment နဲ့ adequate stimuli ဖန်တီးပေးနိုင်မယ်ဆိုရင် အဲဒီ critical period အတွင်းမှာ ကလေးတွေဟာ ဘာသာစကားကို တစ်ခုမက with ease အသာလေး သဘာဝကျကျ pick up လုပ်နိုင်တဲ့ အရည်အချင်းပါလာပြီးသားဆိုတာပါပဲ။

ဒီလို စောစောမသင်ဘဲ adulthood ကြီးမှ သင်ရတဲ့သူတွေကျတော့ ပိုအားထုတ်ရတယ်၊ ခက်ခက်ခဲခဲ တမင်လုပ်ယူရတယ်။ ရှက်တယ်၊ ကြောက်တယ်ဆိုတဲ့ teenager တွေမှာ၊ လူကြီးတွေမှာ ဖြစ်တတ်တဲ့ fear, anxiety, language learning inhibitions တွေဟာ အစွဲချွတ်ရခက်တယ်။ ဆရာအတွက်ရော ကျောင်းသားအတွက်ပါ ပင်ပန်းတယ်။ ကြီးမှ သင်တဲ့သူတွေဟာ ငယ်ငယ်ကတည်းက သင်လာကြတဲ့ ကလေးတွေကို မယှဉ်နိုင်တဲ့အရာကတော့ အထူးသဖြင့် pronunciation အသံထွက်နဲ့ natural turn of phrases တွေပဲ။ ငယ်ငယ်ကတည်းက သင်ခဲ့ရတဲ့သူတွေဟာ အသံထွက်မှန်တယ်၊ ရေးလိုက်ရင် ပြောလိုက်ရင် သဘာဝကျတဲ့ အင်္ဂလိပ်စာထွက်လာတယ်။

ဒါတွေပြောပြတော့ လက်မခံနိုင်သူလည်းရှိမှာပဲ။ သီအိုရီရှိကြောင်း သိရအောင်ပြောပြတာပါ။ ကြီးတော့မှ သင်ပေမယ့် တကယ့်ကို native-like fluency ရသွားတဲ့ လူတော်တွေရှိပါတယ်လို့ ပြောကြလိမ့်မယ်။ Heart of Darkness ဆိုတဲ့ ကမ္ဘာကျော်ဝတ္ထုကိုရေးခဲ့တဲ့ ပိုလန်နိုင်ငံသား စာရေးဆရာကြီး Joseph Conrad ဟာ သူ အသက်နှစ်ဆယ်ကျော်မှာမှ အင်္ဂလိပ်စကားကို စပြောတတ်သူပါ။ သူရေးတဲ့ အင်္ဂလိပ်ဝတ္ထုတွေကို အင်္ဂလိပ်လူမျိုးတွေက အလေးပြုရတယ်။ သူကျတော့ critical period ကျော်မှ လေ့လာခဲ့ပြီး အင်္ဂလိပ်စာကို ဒီလောက်ကောင်းကောင်းတတ်ခဲ့တဲ့ သာဓကရှိပါတယ်လို့လည်း ငြင်းနိုင်ပါတယ်။ သို့သော် မိတ်ဆွေ... လူတိုင်းဟာ Joseph Conrad မဟုတ်ပါဘူး။ Average Joe လူသာမန်တွေများပါတယ်။ ဒါ့ကြောင့် ကိုယ့်သားသမီးကို သဘာဝကျကျ လွယ်လွယ်ကူကူနဲ့ အင်္ဂလိပ်စာကို တတ်စေချင်သူမိဘများကို ကလေးလေးတွေရဲ့ ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှအကောင်းဆုံး အင်္ဂလိပ်စကားပတ်ဝန်းကျင်လေး ဖန်တီးပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

05/09/2021

This highlights what mainatream education miss out today.

ထိုင်းနိုင်ငံ၏ အော်တာနေးတစ်
ပညာရေးသို့ ခြေလှမ်းစတင်ခြင်း
======================
(ဘာသာပြန်သတင်းဆောင်းပါး)

အော်တာနေးတစ်ကျောင်းများက
ထိုင်းနိုင်ငံ၏ပညာရေးစံနစ်ကို
ပြောင်းလဲစေ၍ ကလေးများ၏
စွမ်းဆောင်ရည်များကို တိုးတက်
စေမည်လော။

ထိုင်းနိုင်ငံရှိ "ဟွေးပန်ကျောင်း"မှကျောင်းသားများသည် သူတို့ကို
မွန်းလွဲပိုင်းသင်ခန်းစာ သင်ပေးမည့်
နေရာ၌ အဆင်သင့်ဖြစ်နေကြပေပြီ။
ထိုနေရာ၌ သူတို့ကို ရေအကြောင်း
သင်ပေးပါမည်။

အမှန်တော့ ခြွင်းချက်တစ်ခု
မှ လွဲ၍မည်သည့်ထူးခြားဆန်း
ကြယ်အစီအစဉ်များကို
ဆရာများက မရေးဆွဲထားပါ။
(ထိုင်းနိုင်ငံ၏မြောက်ပိုင်းအကျဆုံး
ဒေသမှထို ရွာငယ်လေအနား (၇၄၀) ကီလိုမီတာမျှ ဖြတ်သန်းစီးဆင်းသွား
သော 'နန်' မြစ်ကမ်း၌သင်ကြားမှု
စတင်မည်ဆိုသောအချက်)။

အသက်ခြောက်နှစ်မှ ဆယ့်လေးနှစ်
အတွင်းရှိသောကလေး(၆)ယောက်က
ပေနေသောရွံ့များကို ဆေးကြောရန်
ခဏတာမျှရေကူးနေလိုက်သေးသည်။
ထို့နောက် ဆရာမနှင့် အတူစက်ဝိုင်းပုံစံ
ထိုင်လိုက်ကာ သင်ခန်းစာအချိန်အတွင်းမည်သည်တို့ကို သင်ယူရမည့်
အကြောင်းဆွေးနွေးကြပါသည်။

မြစ်ထဲမှာဘယ်လို အစာရှာရတယ်ဆိုတာ
တို့ဒီနေ့သင်ယူကြရအောင်။ ကလေး
တို့ရေ မြစ်ထဲမှာရှိနေတဲ့ ကလေးတို့
မိဘတွေ ဘာလုပ်နေကြသလဲ ဟေ့
ဟု ဆရာမ 'ဆာရာပွန်မွန်ရာစီဝူ' က
မေးလိုက်ရာ အားလုံးက
"ငါးဖမ်းနေကြပါတယ်" ဟု
သံပြိုင်ဖြေလိုက်ကြသည်။

ဒီနေ့ခင်းမှာတော့ ကလေးတို့ရဲ့မိဘ
တွေက သားတို့သမီးတို့ရဲ့သင်ဆရာ
တွေဘဲ။ ဒီတော့သူတို့ ဘယ်လိုနည်းစ
နစ်တွေသုံးပြီးငါးဖမ်းတယ်၊ ငါး၊ ပုဇွန်၊
ရေညှိတွေအပြင် ဘာတွေထပ်ရသေး
သလဲဆိုတာမှတ်ထားကြရအောင်။
မြစ်ထဲမှာ တခြားဟာတွေလဲ ရှိနိုင်
သေးတယ်လေ ဟု စိတ်လှုပ်ရှားနေ
သောကလေးများကို ဆရာမကပြော
လိုက်ပါသည်။

ထိုအခါ မြစ်ပြင်ကျယ်သည် စာသင်
ခန်းမဖြစ်သွားတော့သည်။ ရေညှိဖုံး
ထားသော ကျောက်တုံးများပေါ်မှ
ဖြတ်သွားစဉ် မလဲကျအောင် ကလေး
များလက်ကို မိဘများကကိုင်ထားကြသည်။ အခြားအသက်ကြီးသော ကလေးများက ပိုက်ကွန်ဖြင့်ငါးဖမ်းသူကဖမ်း၊ ရေကူးမျက်မှန်များတပ်၍ ရေကူးသူက
ကူးနေကြ‌လေသည်။

ဟွေးပန်ရွာ‌ကျောင်းလေးသည် သူတို့
၏ အတန်းချိန်ပြင်ပ လက်တွေ့သင်ခန်း
စာများကြောင့် လူသိများလာခဲ့သည်။
“ဒီကျောင်းလေးက ရွာက ကလေးတွေ
ကို အလွယ်တကူနားလည်ပြီး အသုံးချ
နိုင်တဲ့ပညာတွေကိုသင်ပေးပါတယ်။
ဒီကျောင်းသာမရှိရင် ရွာကကလေးတွေ
ဟာ အခြေခံပညာသင်ယူဖို့ ကီလိုမီတာ (၁၂၀) လောက်သွားရမှာ”ဟု မိဘ
တစ်ဦးကပြောပြသည်။

ထိုင်းအစိုးရကျောင်များနှင့် မတူသော အချက်တစ်ချက်မှာ ဟွေးပန်ရွာ‌ကျောင်း သည် သူငယ်တန်းမှအထက်တန်းအထိ
အော်တာနေးတစ်ပညာရေးစနစ်ကို
အသုံးပြုခြင်းဖြစ်သည်။ ဤကျောင်း၌ ပညာရေးဝန်ကြီးဌာနက ပြဌာန်းထား
သောဘာသာရပ်များအပြင် ကျေးရွာ
လူမှုဘဝကို တိုက်ရိုက်အကျိုးသက်
ရောက်စေသောပညာရပ် ဥပမာ မြေ၊
ရေ၊ သစ်တော၊ အစားအစာဆိုင်ရာ
လုံခြုံစိတ်ချမှုတွေကိုပါ ထည့်သွင်း
သင်ကြားပေးနေပါသည်။

အခြားကျောင်းများနှင့် လုံးဝမတူသောအချက်တစ်ချက်မှာ ကလေးများက
မိမိတို့ သင်ယူခဲ့ရသမျှကို ပြန်ပြောရုံ
သာပြောဖို့လိုအပ်ခြင်းဖြစ်သည်။
စာမေးပွဲမရှိပါ။ လေ့လာသင်ယူလိုသော ဘာသာရပ်ကို ကျောင်းသားကိုယ်တိုင်
ရွေးချယ်နိုင်ပြီး ထိုဘာသာရပ်ကို
မည်သို့သင်ယူခဲ့ပုံကို ပြန်ပြောခြင်း
မှလွဲပြီး စာမေးပွဲဖြေစရာမလိုပေ။
ထိုကလေးနှင့် ပတ်သက်သောသုံးသပ်
ချက်ကို ဆရာများက အခါအားလျော်စွာ
လုပ်ပေးပါသည်။ ကလေးတစ်ဦးစီတိုင်းကို သင့်လျော်သောလုပ်ငန်းတစ်ခုစီပေး၍ လုပ်ဆောင်ခဲ့သမျှ အပေါ်မူတည်၍ အမှတ်ပေးသွားသည်။

အမှန်တော့ ထိုကျောင်း၌ ဆရာ ဟူ၍
မရှိဘဲ အကြံပေးလမ်းပြသူများသာရှိသည်။ သူတို့ က တက်ကြွစွာသင်ယူလေ့လာနိုင်သောဝန်းကျင်ကိုဖန်တီး၍ ကျောင်းသားများ၏စူးစမ်းလိုစိတ်ကို တွန်းအားပေး
သည့်မေးခွန်းများကိုမေးရန် စီမံထားသူ
များဖြစ်ကြပါသည်။

ထိုင်းနိုင်ငံရဲ့အစဉ်အလာသင်ယူမှု
ပုံစံ(ပင်မပညာရေးပုံစံ)ကတော့ အခန်း
ကျဉ်းလေးတစ်ခုထဲ ကနေသင်ယူရ
တဲ့ပုံစံပါ။ ဟွေးပန်ကျောင်းက ကျောင်း
သားတွေကတော့ သူတို့ရဲ့ဝန်းကျင်မှာ
ရှိတဲ့အရာဝတ္ထုတွေကနေ ပထမတန်းစားပင်ကိုယ်အတွေ့အကြုံတွေကို တွေ့ကြုံ
ခံစားခွင့်ရကြပါတယ်။ တကယ့်အရာ
တွေကို မြင်ရခြင်း၊ ထိတွေ့ရခြင်းမှ
တဆင့် သင်ယူရခြင်းဖြင့် သူတို့ဟာ
သင်ယူခြင်းဖြစ်စဉ်ကို ပျော်ပျော်ရွှင်ရွှင်
နဲ့ဖြတ်သန်းနေကြပါတယ် ဟု
ဆရာမရာစီဝူက ပြောပြပါသည်။

ထိုင်းနိုင်ငံမှ အော်တာနေးတစ်ကျောင်းများ၏ လက်ကိုင်ကျင့်သုံးမှုပုံစံသည်
အစိုးရကျောင်းများ၏ပုံစံနှင့် ကွဲပြား
ခြားနားနေသည်။ “ပညာရေးဆိုတာစာသင်ခန်းကတဆင့်သွားရတာ” ဟု
နားလည်ထားသော ပင်မစာသင်ကျောင်း များတွင် ပုံမှန်စာသင်ခန်းနှင့် အဖန်ဖန်ရွတ်ဆိုကျက်မှတ်ရခြင်းကသာ စံနှုန်း
တစ်ခုဖြစ်နေသည်။ ထိုကျောင်းများ၌
ဆရာတပည့်ဆက်ဆံရေးသာရှိပြီး
သင်ကြားမှုပြီးဆုံးမှသာ ဆွေးနွေးသည့်
ပုံစံကိုကျင့်သုံးပါသည်။

သို့သော် ဟွေးပန်ကဲ့သို့သောအော်တာ
နေးတစ်ကျောင်းများတွင် ကလေးတို့၏ စူးစမ်းလိုစိတ်ကို အားပေးကြသည်။
သူတို့ကို တကယ်အားပေးသောအချက်
မှာ “ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာပါ၊ မေးခွန်းများမေးပါ၊ အဖြေကို ကိုယ်တိုင်
ရှာပါ” ဟူ၍ဖြစ်သည်။ ဆရာမရာစီဝူက “တကယ်လို့သူတို့ကို အားလုံးပြောပြ
လိုက်တယ်ဆိုရင် သူတို့ဘယ်စူးစမ်း
လေ့လာတော့မလဲ၊ စဉ်းစားတော့မှာလဲမဟုတ် ဘူးလား”ဟုပြောပြပါသည်။

ထိုင်းပင်မပညာရေးကျောင်းများက
အဆင့်တစ်ရအောင် သူ့ထက်ငါအပြိုင်
လုရန်ကြိုးပမ်း နေချိန်တွင် ဟွေးပန်
ကဲ့သို့သော အော်တာနေးတစ်ကျောင်း
များက စာသင်ပျော်၍ ကျောင်းသူ
ကျောင်းသားများ၏ စွမ်းရည်အစွမ်းကုန်
ပွင့်လန်းလာရန် လုပ်ဆောင်ပေးကြသည်။

ထိုသို့သော “ပျော်ရွှင်ပွင့်လန်းသော
ပန်းကလေးများ လေ့လာသင်ယူခြင်းနည်းစနစ်”သည် အရှေ့တောင်အာရှ
နိုင်ငံများမှ မိဘများအကြား ရေပန်း
စားလာခဲ့သည်။ ထိုနိုင်ငံများရှိ ပင်မပညာရေး စနစ်များတွင်လည်း ချို့ယွင်း
ချက်များ ရှိနေကြောင်း မြင်တွေ့
လာရသောကြောင့်လည်းဖြစ်ပါသည်။

ကမ္ဘာ့ပညာရေးစံနစ်များကိုစောင့်ကြည့်လေ့လာရေးအဖွဲ့က ထိုင်းနိုင်ငံအနေဖြင့်
ယခုထက် ပိုကောင်းအောင်လုပ်နိုင်သည်
ဟုဖေါ်ပြကြသည်။ ၂၀၁၅ ခုနှစ်တွင်
နိုင်ငံပေါင်း(၇၂)နိုင်ငံမှ ကျောင်းသူ
ကျောင်းသား (၅၄၀၀၀၀)ကို နိုင်ငံတကာကျောင်းသားအကဲဖြတ်ရေး အစီအစဉ် (PISA)မှ စောင့်ကြည့်ပြီးနောက်
အဆင့်သတ်မှတ်ချက်ပြုရာ ထိုင်းနိုင်ငံမှ
အဆင့်(၅၂)သာချိတ်ခဲ့သည်။

PISAအဖွဲ့က နိုင်ငံစုံမှ အသက်(၁၅)နှစ်အရွယ် ကျောင်းသားတို့၏သိပ္ပံ၊
သင်္ချာ၊ စာဖတ် နိုင်စွမ်း၊ သင်ယူဖတ်ရှု
ခဲ့သမျှကို လက်တွေ့ဘဝ၌မည်မျှပြန်
အသုံးချနိုင်သည်၊ စသည်တို့ကို အကဲ
ဖြတ်ပြီး ရလဒ်ကို သုံနှစ်တကြမ်ထုတ်
ပြန်မှုပြုပါသည်။ ၂၀၁၅ ခုနှစ်ထုတ်ပြန်
ချက်အရ နယ်ပယ်စုံတွင် ထိုင်းနိုင်ငံမှကျောင်းသားတို့သည် အရှေ့တောင်
အာရှအိမ်နီးချင်းနိုင်ငံများမှ ကျောင်းသူ
ကျောင်းသားတို့ထက် နိမ့်ကျနေသည်
ကိုတွေ့ရသည်။ ထို့အပြင်၂၀၁၅ ကမ္ဘာ့
အဆင့်သတ်မှတ်ချက်တွင် စင်ကာပူ နှင့်ဗီယက်နမ်နိုင်ငံတို့က အဆင့်(၁)နှင့်(၈)ချိတ်ခဲ့ရာ ထိုင်းပညာရေစံနစ်ထက်များစွာ
သာလွန်နေကြောင်းတွေ့ရသည်။

အချက်အလက်အရကြည့်သော် PISAလေ့လာမှုစစ်တမ်း၌ စတင်ပါဝင်
ချိန် (၂၀၀၀ခုနှစ်)ကတည်းက ထိုင်းကျောင်းသူကျောင်းသားများတို့၏
စွမ်းဆောင်ရည်သည် ကျဆင်းနေ
ကြောင်းတွေ့ရသည်။

ထိုင်းဖွံ့ဖြိုးရေးနှင့် သုတေသနအဖွဲ့
အစည်းမှ ပညာရေဆိုင်ရာ သုတေသီ
တစ်ဦးဖြစ်သော 'နီချာပီတာရာပွန်စာကွန်'
က “အမှန်တော့ ထိုင်း ကလေးတဝက်
လောက်မှာ ဒီအခြေခံအရည်အသွေး
တွေမရှိကြပါဘူး။ ဘာလို့လဲဆိုတော့
ဒီအသက်အရွယ် (၁၅နှစ်)ကို ရောက်လာ
ပြီဆိုရင် ကျောင်းထွက်ပြီး အလုပ်လုပ်
ကြလို့ပါဘဲ။ ဒီအဖြစ်က ကျွန်တော်တို့
မှာ အခြေခံပညာလောက်သာတတ်တဲ့အလုပ်သမားထုကြီး ရှိနေတယ်ဆိုတာ
ပြသနေတယ်။ ပညာသိပ်မတတ်တဲ့အလုပ်သမားထုကြီးရှိနေတာက
အခြား တိုင်းပြည်များထက် အဆင့်
နိမ့်နေပြီမို့ ပိုပြီးစိတ်ပူရမဲ့ကိစ္စပါဘဲ”
ဟုပြောပါသည်။

သူကဆက်၍ “နိုင်ငံသားတွေကိုဘယ်
လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမလဲ
ဆိုတာ ကျွန်တော်တို့ ပိုအာရုံစိုက်သင့်တယ်။ တကယ်လို့ ထိုင်းကျောင်းတွေကိုကမ္ဘာ့
အဆင့်မှာ တက်လာစေချင်ရင် ကလေး
တွေကို ပညာရပ်ဆိုင်ရာဗဟုသုတတွေ
ဘဲပေးပြီး လက်တွေ့ဘဝနဲ့ ကင်းကွာ
စေတဲ့ကျောင်းတွေအဖြစ် ဆက်ရပ်တည်
လို့မရတော့ဘူး”ဟုပြောပါသည်။

သို့သော် ထိုင်းပညာရေးဌာန အရာရှိ
ကြီးတဦးဖြစ်သူ "တီရာကိတ်ဂျာ
ရီယွန်ဆက်ဒဆင် " ကတော့ PISA
အဖွဲ့ရဲ့အကဲဖြတ်မှုဟာ ထိုင်းပညာရေး
စနစ်မှာ ချို့ယွင်းချက်ရှိတာကို ဆိုလိုတာမဟုတ်ဘူး။ ထိုင်းကျောင်းသားတွေ
ရမှတ်နိမ့်ရတဲ့ အကြောင်းရင်းက မေးခွန်း
လွှာမှာပါတဲ့ ဘာသာရပ်ဆိုင်ရာ ဝေါဟာရကြောင့်ဖြစ်တယ်။ ထိုင်းကျောင်းသူ‌
ကျောင်းသားတွေက ဘာကိုသိထား
ရင်အမှတ်ပိုရနိုင်တယ်ဆိုတာ မသိကြ
ဘူးဟု ပြောပါသည်။

သူကဆက်၍ “အဲသည် ဝေါဟာရတွေက အင်္ဂလိပ်စာတတ်သူတွေကိုတောင် တွေဝေ
စေနိုင်တယ်။ ဒါကိုနားလည်ဖို့ သူတို့ကိုယ်တိုင် အကြိမ်ကြိမ်ပြန်ဖတ်ကြရတယ်။ အဲသည်လို ခက်ခဲတဲ့စကားလုံး တွေကို
ထိုင်းဘာသာသို့ ပြန်ဆိုလိုက်တဲ့အခါ
ပိုဆိုးတော့တာပေါ့။ ဘာကိုဆိုလိုမှန်း
သေချာမသိတဲ့ ပညာရပ်ဆိုင်ရာ ဝေါ
ဟာရတွေအဖြစ် ထိုင်းကျောင်းသား
တွေက အသုံးပြုတော့တာပါဘဲ။ အဲဒါနဲ့
ဂူးဂဲလ်ဘာသာပြန်ချက်ကို နှိုင်းယှဉ်
လို့ရတယ်လို့ ပြောချင်တာမဟုတ်ပါဘူး။
ဒါတွေက သိပ်မဆိုးပေမဲ့ ထိုင်းကလေး
တွေအတွက် ခက်ခဲတယ်လေ”ဟုပြောသည်။

တာဝန်ရှိသူများက အစိုးရပညာရေးမူ
ဝါဒများကို အထက်ပါအတိုင်း ကာကွယ်
ပြောကြားခဲ့သည့်တိုင် မိဘများစွာတို့က ပင်မပညာရေးလမ်းကြောင်းသည် သူတို့သားသမီးများ၏ အနာဂတ်အတွက်လုံလောက်သော အာမခံချက် မပေးနိုင်
ဟုယုံကြည်နေကြသည်။ ထိုသို့ယုံကြည်သောကြောင့် " ပွန်သာဝန်ချန်ချစ်ဆိုပန် "
၏မိခင်ဖြစ်သူက သူမ၏သားကို
ဘန်ကောက်မြို့ရှိ အော်တာနေးတစ်ကျောင်း တစ်ကျောင်းသို့ပြောင်းရွှေ့ခဲ့သည်။

“ယနေ့ခေတ်မိဘတွေက ဂုဏ်ထူး
အမှတ်တွေဟာ သူတို့သားသမီးရဲ့
ရှင်သန်ရေးကို အကူအညီမ ပေးနိုင်ဘူး
လို့စဉ်းစားလာကြပြီ။ ဘဝမှာ ကျွမ်းကျင်
မှုအရည်အသွေးတွေက အရေးကြီးပြီး
အော်တာနေးတစ် ကျောင်းဆင်းတွေမှာ လိုအပ်တဲ့ အရည်အသွေးတွေ ရှိလာပြီ
ဖြစ်တယ်” လို့သူမက ပြောကြားခဲ့ပါသည်။

ဘက်စုံလေ့လာရေးသင်ကြားပုံက သူ့သား
ရဲ့တီထွင်ဖန်တီးနိုင်စွမ်း၊ ဆင်ခြင်တုံ
တရားနဲ့ တာဝန်ယူစိတ်တွေကို တိုးတက်
ဖွံ့ဖြိုးလာစေမယ်လို့ "ပွန်သာဝန်"က
ယုံကြည်နေပါတယ်။ သူမက ဆက်၍
“ကလေးတွေမှာ ကိုယ်ပိုင်အမြင်နဲ့ခံစား
ချက်တွေကို ဖေါ်ပြနိုင်ခွင့်ရှိတယ်၊
အော်တာနေးတစ်ကျောင်းတွေက
ဒါမျိုးအခွင့်အရေးတွေကိုပေးတယ်၊ လက်တွေ့ကိုယ်တိုင်တွေ့ကြုံခံစားစေ
ပါတယ်” ဟုပြောကြားခဲ့သည်။

သို့သော်ထိုင်းအစိုးရကျောင်းများ၏
ပညာသင်ကြားရေးစရိတ်နှင့် ယှဉ်လျှင်
အော်တာနေးတစ်ကျောင်းများ၏
သင်ကြားမှုစရိတ်မှာမြင့်နေသည်။
အော်တာနေးတစ်ကျောင်းစရိတ်ကို
မိသားစုတိုင်းမပေးနိုင်ပါ။ ထို့ကြောင့်
ကလေးအများစုသည် ရှေးရိုးပုံစံသင်
ကြားမှုစနစ်ကိုသာ ကျင့်သုံးနေသော
အစိုးရကျောင်းများသို့ တက်နေရကြသည်။

နီချာဆိုသူက “ထိုင်းပညာရေးတိုးတက်
ချင်တယ်ဆိုရင် တစ်နိုင်ငံလုံးမှာသုံးနေ
တဲ့ သင်ရိုးညွှန်းတမ်းကို ပြန်ချိန်ညှိဖို့
လိုနေတယ်။ ဒါမှ စာလေ့လာမှုရော
ဘဝမှာလိုအပ်တဲ့ အခြားအရည်အသွေး
တွေပါ တိုးတက်လာမှာဖြစ်တယ်”ဟု
ပြောပါသည်။

“လက်ရှိ သင်ရိုးညွှန်းတန်းမှာ လေ့လာ
ရမဲ့စာ အလုံအလောက်ပါဝင်ပြီးဖြစ်တယ်။ ဒါပေမဲ့ ဒီခေတ်ကြီးထဲမှာ ကျွန်တော်တို့ရဲ့
ကလေးတွေကို စာကပေးတဲ့အသိ
ထည့်ပေးရုံနဲ့ မလုံလောက်တော့ဘဲ
ဗဟုသုတကို ကိုယ်တိုင်ဘယ်လိုရှာဖွေ
ယူမလဲ၊ ရှာတွေ့လာတဲ့သတင်းအချက်
အလက်တွေကို ဘယ်လိုစီစစ်ခွဲခြား
မလဲ၊ စိတ်ကူးအသစ်တွေရလာဖို့
ရထားတဲ့ အချက်အလက်တွေကို
ဘယ်လိုအသုံးချမလဲ၊ အစရှိတာတွေ
ကိုလေ့ကျင့်ပေးနိုင်တဲ့ လေ့လာရေး
နည်းစနစ်တွေ လိုလာပြီ”ဟု CNA
သတင်းဌာန အင်တာဗျူး၌ ပြောကြား
သွားခဲ့ပါသည်။

“ဒီနိုင်ငံမှာအော်တာနေးတစ်ကျောင်း
တွေက အတိုင်းအတာတစ်ခုအထိ
အရေးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့
ဒီနိုင်ငံထဲမှာလည်း ရှေးရိုးမဆန်တဲ့
သင်ကြားလေ့လာတဲ့ နည်းစနစ်တွေကို
သုံးလို့ရတယ်ဆိုတာ သက်သေပြပေး
လို့ဖြစ်တယ်။ ၂၁ရာစု ကလေးတွေ
မှာ ဆန်းစစ်ဝေဖန်တတ်တဲ့ စဉ်းစား
ပုံမျိုး၊ ဆက်သွယ်ပုံမျိုး၊ အဖွဲ့လိုက်
ဘယ်လို အလုပ်လုပ်ရတယ်ဆိုတာ
မျိုးနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုအရည်
အသွေးတွေရှိထား၊ လေ့ကျင့်ထားပြီး
ဖြစ်ဖို့လိုတယ်။ အော်တာနေးတစ်ကျောင်းတွေက ကလေးတွေကို ဒီအရည်အသွေး
တွေရှိအောင် ဆောင်ရွက်ပေးထား
တာကြောင့် ကလေးတွေတက်ကြွနေ
တာဖြစ်ပါတယ်”ဟုပြောသည်။

ထိုင်းပညာရေး တိုးတက်ဖို့အမျိုးမျိုး
ကြိုးစားခဲ့ကြသည်။ အစိုးရကျောင်းများ
စွာက အော်တာနေးတစ်ကျောင်းများကိုလေ့လာရန် ကိုယ်စားလှယ်များ စေလွှတ်
ပြီးသင်ကြားပုံများကို လေ့လာစေ၍ ကိုယ်ပိုင်နည်း စနစ်များနှင့်ညှိနှိုင်းချိန်
ဆခြင်းများပြုလာကြသည်။

မြိုတော်ဘန်ကောက်တွင် ရှိသော
"ရွှန်အာရွှန်"(အာရုဏ်ဦး)ကျောင်းသည် အော်တာနေးတစ်ကျောင်းများထဲတွင်
ရှေးအကျဆုံးနှင့် အထင်ရှားဆုံးကျောင်းဖြစ်သည်။ ဤကျောင်းကိုအကျိုးအမြတ်
ကိုဦးထိပ်မထားသည့် ကိုယ်ပိုင်အဖွဲ့
အစည်းတစ်ခုက ထူထောင်ထားခြင်း
ဖြစ်ပြီး သူတို့ကျောင်းမှ ဆရာများ၊ ကျောင်းသားများ၏ အပြန်အလှန်
ဆက်ဆံပုံများကို နိုင်ငံတဝှန်းရှိကျောင်း
များမှ ကိုယ်စားလှယ်များအား လာရောက်လေ့လာခွင့်ပြုထားသည်။ ကျောင်းဧရိယာမှာ (၈)ဟက်တာဧကကျယ်ဝန်းပြီး ရေကန် ငယ်လေးများစွာပါဝင်သည်။ ရေကန်လေးများဘေး၌ သစ်သားကျောင်းခန်းလေးများ၊ လယ်ကွင်း၊ သစ်တောငယ်လေးနှင့် စွန့်ပစ်ပစ္စည်းစက်ရုံတို့ရှိကြရာ သဘာဝတရားအကြောင်းကောင်းစွာသင်ပေးနိုင်သည့်ကျောင်းတော်ကြီးပင်ဖြစ်သည်။

သူငယ်တန်းမှအထက်တန်း အထိတက်ရောက်နေသောကျောင်းသား (၁၄၀၀)တို့
မိမိဘ၀ရေးရာများကို ကိုယ့်ခြေထောက်
ပေါ်ကိုယ်ရပ်တည်၍ ဖြေရှင်းခြင်းဟူသောအသက်ရှင်ခြင်းဆိုင်ရာ အနုပညာကိုသင်ပေးသည့် ဘက်စုံသင်ကြားနည်း
ကို ထိုကျောင်းကအသုံးပြုသည်။
ငယ်စဉ်မှစ၍ မိမိ၏နေ့လည်စာအတွက်ချက်ပြုတ်ပြင်ဆင်ခြင်း၊ ဆန်စပါးစိုက်ပျိုးခြင်း၊ တကျောင်းလုံးမှ စွန့်ပစ်ပစ္စည်းများ
ကို ပစ်သင့်သည်ကိုပစ်၊ သန့်စင်၍ပြန်လည်အသုံးချနိုင်သော ပစ္စည်းများကို ပြန်လည်
ထုတ်လုပ်ခြင်းအစရှိသည် တို့ကို
လုပ်ဆောင်ကြရသည်။

ရွှန်အာရွှန်ကျောင်းကို တည်ထောင်သူ
တစ်ဦးဖြစ်သော ပရာပါပတ်နီယွန်က
“ဘဝဆိုတာ သင်ယူရစမြဲဖြစ်တယ်။
ကျုပ်တို့ နေ့တိုင်းသင်ယူနေရတယ်။ စာသင်ခန်းဘယ်မှာလဲ၊ ဘယ်စာအုပ်တွေ
ကိုဖတ်ရမလဲလို့ မေးရင် နေရာတကာ
ဟာစာသင်ခန်းဖြစ်ပြီး တွေ့မြင်သမျှဟာစာအုပ်တွေဖြစ်တယ်လို့ ဖြေရမှာဘဲ။
ကျုပ်တို့ရဲ့ကျောင်းသားတွေကို အခန်း
ကျဉ်းလေး၊ စာအုပ်များနဲ့ ဘောင်မ
ခတ်ထားပါဘူး။ နေရာတကာက
သင်ယူဖို့အခွင့်အလမ်းတွေ ပေးစမြဲ
ဖြစ်တယ်”ဟု ရှင်းပြပါသည်။ ထပ်မံ၍
“ဆရာတွေဆိုတာ ကလေးတွေရဲ့ဘဝ
ဒီဇိုင်းကို ရေးဆွဲပေးသူတွေပါ။ သူတို့ရဲ့ဝန်းကျင်မှာရှိတဲ့ သဘာဝတရား၊ လူ့အသိုင်းအဝိုင်းနဲ့လူတွေ၊ စားဝတ်နေရေးအတွက် ကြိုးပမ်းပုံတွေ၊ အရင်းအမြစ်
တွေကနေ ကလေးတွေသင်ယူနိုင်မဲ့
အချက်တွေနဲ့ဆိုင်တဲ့ ဒီဇိုင်းတွေကို
ဆွဲပေးကြတာဖြစ်တယ်။ ကျုပ်တို့ရဲ့
ကျောင်းက ကလေးတစ်ဦးစီမှာရှိတဲ့
စွမ်းဆောင်ရည်တွေ အကောင်းဆုံး
ပေါ်ထွက်လာစေဖို့ ဖြစ်နိုင်သမျှအခွင့်
အလမ်းတွေအကုန် ဖန်တီးပေးပါတယ်”
ဟုပြောပါသည်။

ရွှန်အာရွှန်ကျောင်းသားတို့သည် အစိုးရ
မှသတ်မှတ်ထားသော မသင်မဖြစ်ဘာသာရပ်များကို သင်ယူရသည့်အပြင် ဘက်စုံသင်ယူရေးဖြစ်စဉ်မှ ပေးသည့်
အခြားအရည်အသွေးများကိုလဲ သင်ယူ
ကြရသည်။ အကြောင်းအရာတူညီလျှင်စုပေါင်းသင်ပေးပြီး တက်ကြွစွာသင်ယူနိုင်သော အခွင့်အလမ်းများကိုလည်း
ဖန်တီးပေးထားပါသည်။ ကလေးများသုတေသနလုပ်ရန်၊ ဆက်သွယ်ရန်၊ အသင်းအဖွဲ့လိုက်လုပ်ရန်၊ တကယ့်အခြေအနေများတွင် ချက်ခြင်းဖြေ
ရှင်းနိုင်စွမ်းရှိရန် စသည်တို့ကို ဆရာများ
ကအားပေးကြသည်။

ဥပမာအားဖြင့် (၄)တန်းကျောင်းသားများ
ကို ဆရာက ထိုင်းနိုင်ငံ၏ မြို့တော်
ဘန်ကောက်အကြောင်းကို လေ့လာပါ၊
မြို့တစ်ပါတ်ပတ်နိုင်သော လမ်းကြောင်း၊ ကိုယ်နေသည့်နေရာကို ရှာဖွေပါ ဟု
ခိုင်းလိုက်သောအခါ သူတို့အနေဖြင့်
မည်သည့် ဘတ်စ်ကားကိုစီးရမည်၊
ငွေမည်မျှကုန်မည်၊ လမ်းမည်မျှလျှောက်
ရမည်ကိုပါ တပါတည်းလေ့လာပြီး
သားဖြစ်သွားသည်။

ဟွေးပန်ရွာကျောင်းမှ ကျောင်းသားများ
ကမူ မိဘများကိုကူညီ၍ရွှံ့၊ ကျောက်ခဲ
တို့ဖြင့် မြစ်ထဲ၌ရေကာတာငယ်တစ်ခုဆောက်လုပ်ကြသည်။ ဒေသတွင်း
နည်းစနစ်တစ်မျိုးဖြစ်ပြီး ရေကြောကိုခွဲ ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုရေကာတာငယ်၏နောက်ဖက်တွင် ရေအနည်းငယ်
သာရှိတော့သည့် ရေအိုင်ငယ်လေးရှိသည်။ ထိုရေအိုင်ငယ်လေးအတွင်း ကျောက်ခဲ
ငယ်များအကြား ကူးခတ်နေကြသော
ငါး၊ ပုဇွန်ငယ်လေးများကိုကြည့်၍
ကလေးများပျော်ကြသည်။ ထိုမျှမက တစ်ယောက်ယောက် က သတ္တဝါငယ်
လေးများကိုဖမ်းယူလျှင် စိတ်လှုပ်ရှားစွာ
ဖြင့်အော်ဟစ်သံများ ဆူညံနေတော့သည်။

ငယ်ရွယ်စဉ်ကပင် လက်တွေ့ဗဟုသုတ
ကိုပေးခြင်းသည် ပြုစုပျိုးထောင်ပေးခြင်းတစ်မျိုးပင် ဖြစ်သည်။ အသိုင်းအဝိုင်းတစ်ခုစီ၌ ကိုယ်ပိုင်ရေခံမြေခံရှိနှင့်ပြီး
ဖြစ်သောကြောင့် ကလေးများမည်သို့
သင်ယူဖို့လိုသည်ကို သက်ဆိုင်ရာ
ရေခံမြေခံကိုအသုံးချ၍ ရှာဖွေရမည်ဟု ဆရာမရာစီဝူကပြောပြသည်။
ကျွန်မတို့ကလေးတွေ တောထဲသွား
လေ့လာမယ်ဆိုရင် ဆန်ကလွဲပြီး
ကျန်တာဘာမှ မသယ်သွားဘူး။
သူတို့ဖာသာသူတို့ငါးဖမ်း၊ ကင်ကြပြီး ဝါးကျည်တောက်တွေနဲ့ ထမင်းချက်
စားကြတယ်။ သူတို့အတွက်ရေးကြီးတဲ့ ရှင်သန်ရာစွမ်းရည်များကိုသင်ယူခြင်း
ဖြစ်တယ်လို့ ထပ်ပြောပါတယ်။

မှတ်ချက်။ သတင်းထောက်ပီချာယဒါပွန်ချက်ချို၏ဆောင်းပါးကိုဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ သူမသည် ဒေသအနှံ့(စစ်ဖြစ်ရာနေရာများပါမကျန်)သွားလာ၍သတင်းတင်ပြခဲ့သူဖြစ်သည်။

ဘာသာပြန်သူ 'ဝင်းဇော်(MIT)'

တည်းဖြတ်သူ 'ကိုပီတိ'

မှတ်ချက်။
ထိုင်းနိုင်ငံ၏ ဟွေးပန်ရွာလေး
အကြောင်းကို ၂၀၁၉ ခုနှစ်
ဇွန်လ၊ ချယ်နယ်နယူးအေးရှား
(CNA) ဝက်ဘ်ဆိုဒ်၌ ရေးသား
ထုတ်ဝေထားသည်ကို ဘာသာ
ပြန်ဆိုတင်ပြခြင်းဖြစ်ပါသည်။

Photos from The Neem Academy's post 29/08/2021

Starter Junior တန်းက ကလေးလေးတွေ ပထမဆုံး Story စရေးကြရာဝယ်
First Time Learners လေးတွေမို့ နှစ်ဆပိုပင်ပန်းပေ့
ပျော်ပျော်ရွင်ရွင် ကြိုးစားပေးကြတော့ အမောပြေရပါတယ်ရှင်

First Attempt of my juniors to write story .
They are proving that hard work pays off.

Photos from The Neem Academy's post 29/08/2021

Starter A မှ ကလေးလေးများ၏ Stories လေးတွေ..

From thoughts to words.
From fun to learning.
From fluency to accuracy.
These are some pieces of writing of Starter A class.
Fostering creativity and analytical skill is also core element of our daily instructional activities.

Carol Black 28/08/2021

Credit- Green Memo

ကမ္ဘာကြီးကို ကျောင်းထားရန်
ကြိုးစားနေသူများအကြောင်း
====================
Schooling the World

ပင်မပညာရေး(ဗဟိုကထိန်းချုပ်
သောပညာရေး) က ကလေးများကို
ဆင်းရဲတွင်းကနေ လွတ်မြောက်စေမယ်၊
ပိုကောင်းတဲ့ ဘဝကို ရရှိစေမယ် စတဲ့
ကတိတွေက တကယ်မှန်ကန်ပါရဲ့လား ?

ကမ္ဘာပေါ်မှာ ပင်မပညာရေး စတင်
အသက်ဝင်လာချိန်မှာ အမေရိကတိုက်
မှာရှိကြတဲ့ နဂိုမူလ နေထိုင်သူတွေ
ဘယ်လိုပုံစံ သွတ်သွင်းခံလိုက်ကြ
ရပါသလဲ ! ပင်မပညာရေးပုံစံကြောင့်
ကလေး‌တွေဆီမှာ ပြင်းထန်တဲ့
ပြိုင်ဆိုင်ရခြင်း၊ စိတ်ဖိစီးမှု နဲ့ မူလ
ယဉ်ကျေးမှုဓလေ့များကနေ ဖယ်ကျဉ်
ခံလိုက်ရခြင်းတွေဟာ ကောင်းပါရဲ့လား ?

ပင်မပညာ‌ရေးပုံစံကို ပြန်လည်ဆန်းစစ်
သုံးသပ်ဖို့ " ကမ္ဘာကြီးကိုကျောင်း
ထားမယ် " Schooling the World " မှတ်တမ်းရုပ်ရှင်ကို ' ကယ်ရိုဘလက်ခ် ' - Carol Black အမေရိကန်သူ မိခင်
တဦးက ရိုက်ကူးတင်ဆက်ထားတယ်။

သူမကိုယ်တိုင် မိမိရဲ့ရင်သွေးကို
ပင်မစာသင်ကျောင်းနဲ့ မတူသော
အော်တာနေးတစ်ပညာရေး ကို
ပေးအပ်ခဲ့တယ်။ သူမကိုယ်တိုင်ရေးသားထားတဲ့ အော်တာနေးတစ်ပညာရေး
အက်ဆေး(essay) တွေကိုလည်း
ထုတ်ဝေထားပါသေးတယ်။ carolblack.org
ထဲဝင်ဖတ်လို့ရပါတယ်။

အော်တာနေးတစ်ပညာရေး ကို
လေ့လာလိုသူတိုင်း ဒီမှတ်တမ်းရုပ်ရှင်
ကိုကြည့်သင့်ပါတယ်။ ရုပ်ရှင်ထဲမှာ
အာရှတိုက် ဟိမဝန္တာတောင်တန်းပေါ်က
"လာဒတ်" ဒေသ(အိန္ဒိယ) က စာသင် ကျောင်းတွေကို မြင်ရမယ်။ ဥရောပတိုက်
ကနေ တစတစအားကောင်းလာတဲ့
ပင်မပညာရေးပုံစံ က ဘယ်လိုသက်
ရောက်မှုတွေ ဖြစ်ပေါ်စေသလဲ
ဆိုတာခံစားရပါလိမ့်မယ်။
နောက်ခံမြန်မာစကားပြောထည့်ထား
တဲ့ မှတ်တမ်းရုပ်ရှင် အပိုင်း(၄)ပိုင်းကို
ဖော်ပြထားပေးလိုက်ပါပြီ။

အဂ်လိပ်လို စာတမ်းထိုးထားတဲ့
မူလစာသားများကို ဖတ်ချင်ရင်လည်း
ကူးယူ ဖတ်ရှုနိုင်အောင်
ဖော်ပြပေးထားပါတယ်။
Schooling the World
မူရင်းအဂ်လိပ်စာတမ်းထိုး
pdf free download link
https://www.scribd.com/document/352452230/Schooling-the-World-Transcript

Schooling the World
မှတ်တမ်းရုပ်ရှင်
နောက်ခံမြန်မာစကားပြော
အပိုင်း(၁)
https://www.facebook.com/112031367794941/posts/136571055340972/
အပိုင်း(၂)
https://www.facebook.com/112031367794941/posts/136575192007225/
အပိုင်း(၃)
https://www.facebook.com/112031367794941/posts/136576072007137/
အပိုင်း(၄)
https://www.facebook.com/112031367794941/posts/136576835340394/

မှတ်တမ်းရုပ်ရှင်ကို ကြည့်ပါ။
ကိုယ့်ရဲ့ ပတ်ဝန်းကျင်က မိဘနဲ့
ကျောင်းသားများကိုလည်း ကြည့်ရှု
နိုင်ဖို့မျှဝေနိုင်ပါတယ်။ ပညာရေး က
လူသားတစ်ဦးချင်းစီကို တကယ်
လွတ်မြောက်မှုပေးနိုင်ဖို့ မိမိကိုယ်တိုင်
လုပ်ဆောင်နိုင်တာ ဘာတွေရှိမလဲ
ဆိုတာ စဉ်းစားကြည့်နိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကိုပီတိ
၂၇ ရက် ဩဂုတ်လ ၂၀၂၁

Carol Black Long reads about learning, culture, unschooling, life, by Carol Black.

16/07/2021

လက်ရှိ Register လုပ်ပြီး Viber group ထဲသို့ မရောက်သေးသော အုပ်ထိန်းသူများအနေနဲ့ messenger ကနေ လာရောက်အသိပေးပေးပါရှင်
အားလုံး Stay Safe ပါနော်

Photos from The Neem Academy's post 14/07/2021

Protect yourself and loved ones from corona virus!
Stay safe and Let's do overcome together ♥

Credit goes to Artique.

13/07/2021

လစဥ် သင်တန်းကြေး ၅၀၀၀ သက်သာစေမဲ့
Early Bird Registeration ပိတ်ဖို့ ၂ရက်ပဲ ကျန်တော့တာမို့ အမြန်ဆုံး စာရင်းသွင်းကြဖို့
ထပ်မံ အသိပေးလိုက်ရပါတယ်ရှင်

The Neem Academy မှ ဖွင့်လှစ်သော သင်တန်းများအကြောင်းကို သိရှိလိုပါက

https://www.facebook.com/108245424804913/posts/120966210199501/
Registeration ဘယ်လိုလုပ်ရမလဲ သိရှိလိုပါက

https://www.facebook.com/108245424804913/posts/122660290030093/

12/07/2021

Lol
can't help laughing !
😂😂
Don't underestimate your kids naw
It is so cuteee though😙

09/07/2021

အကျပ်အတည်းကြားမှာ ပညာရှာ

၂၁ ရာစု လူငယ်တွေနဲ့ မိဘတွေအဖို့ လက်တရွေ့က လေ့လာနိုင်တဲ့ ခေတ်မီParenting နည်းလမ်းသစ်တွေ၊ အကောင်းဆုံး ဆေးဝါးနှင့် ဘေးအကင်းဆုံး အစားအသောက်တွေ နိုင်ငံတကာအဆင့် ပညာရေး စသဖြင့် သမိုင်းတစ်လျှောက်လုံး သားသမီး ကို အကောင်းဆုံး ပံ့ပိုးပေးဖို့ ရွေးချယ်စရာ အများဆုံး ကာလလို့ ပြောနိုင်မဲ့ ခေတ်တစ်ခုရောက်ခဲ့တယ်။

၂၁ ရာစု မိဘနဲ့ လူငယ်တို့ရဲ့ အိမ်မက်တွေဟာ ပုံစံ မျိုးစုံနဲ့ တောက်ပခဲ့တယ်။ ဒီလိုနဲ့မှာ မျှော်လင့်မထားတဲ့ ရောဂါ ကပ်ဘေးနဲ့ ပဋိပက္ခ တွေ၊ စစ်မက်အခြေအနေတွေဟာ အိမ်ရှေ့ ပေါက်ဝထိ ရုတ်ချည်းဆက်တိုက် ရောက်လာကြ တယ်။

ကလေးငယ် နဲ့ လူငယ်တွေအတွက် ဝေဝါးလမ်းပျောက်သွားတဲ့ပညာ‌ရေးဟာ မိဘတွေအတွက် ‌ခြောက်ခြားစရာ အခြေအနေ တစ်ခုပါ။ ကလေးတွေရဲ့ ပညာရေးပျောက်ဆုံးအဆက်ပြတ်ခြင်းကလည်း လူ့ အသိုင်းအဝန်းတစ်ခု လုံးရဲ့ အနာဂတ် ပျောက်ဆုံးဖို့ လမ်းစတစ်ခုပါပဲ။

ဒါပေမဲ့ လမ်းဆုံးသွားတဲ့ အနေအထားထိ တော့ မဟုတ်သေးပါဘူး၊

အနည်းဆုံး နောက်ဆုံးပေါ် ကမ္ဘာကြီး ဘာတွေဖြစ်နေတာ မြင်နိုင်သေးတယ်၊

နောက်ဆုံးပေါ် ကမ္ဘာကြီးရဲ့ အရင်းအမြစ်အချို့ကို လိုရာအတွက် ဆီလျော်အောင် ရယူအသုံးချခွင့် ရှိသေးတယ်။

နည်းပညာ အကူအညီနဲ့ ရှေ့ဆက်လို့ရတဲ့ ပညာရေးအရင်းအမြစ်တွေ ရှိသေးတယ်၊

သမာရိုးကျမဟုတ်တဲ့ ပညာရေးကို ကမ္ဘာကြီးက ပိုပို လက်ခံပေးလာတယ်။

အသိအမှတ်ပြု လက်မှတ်တွေထက် လက်တွေ့ဘဝကို ရင်ဆိုင်နိုင်မဲ့ စွမ်းရည်တတ်မြောက်မှုကို ပိုအသိအမှတ်ပြု လာကြတယ်။

အခုအချိန်မှာ အကျပ်အတည်းကြားမှ ရုန်းထရှင်သန်နိုင်ဖို့ စွမ်းရည်က ( resilience) က မိဘတွေရော ကလေးတွေရော တပြိုင်နက် သင်ယူဖြေဆိုရမဲ့ စာမေးပွဲတစ်ခုပါ။

ပညာရေးဟာ ပုံစံမျိုးစုံနဲ့ ရှိတာကို နားလည် လက်ခံရပါမယ်။

အကျပ်အတည်း ကြားမှပဲ သင်ယူရှင်သန်စရာ ရှာဖွေနိုင်ရမယ်။

အရွယ်အလိုက် နေ့စဉ်သင်ယူသွားနိုင်မယ်ဆို အတန်းပညာထက်ပိုတဲ့ အသိပညာ၊ စွမ်းရည် ရဖို့ရာတောင် မခက်ခဲပါဘူး။

အားလုံးရှင်သန်သင်ယူနိုင်ကြပါစေ။

ကလေးများသို့မေတ္တာဖြင့်
The Neem Academy

The Neem Academy မှ ဖွင့်လှစ်သော သင်တန်းများကို ဖတ်ရှုလိုပါက

https://www.facebook.com/108245424804913/posts/121262223503233/

Photos from English Academy's post 08/07/2021

Fun and learn.. !

Photos from She’s Crafty's post 08/07/2021

Lovely way to spend times with kids!

07/07/2021
Photos from The Neem Academy's post 07/07/2021

ရောဂါကပ်ဘေး၊ စစ်မက်ပဋိပက္ခတွေ ကြောင့်
လူကြီးတွေတင်မက
ကလေးလေးတွေပါ စိတ်ဖိစီးမှု ရှိနိုင်ပါတယ်။
ကလေးလေးတွေရဲ့ စိတ်ကျန်းမာရေးကို လစ်လျုမရှုပဲ
လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းလေးတွေနဲ့ ဂရုတစိုက်စောင့်ရှောက်ပေးပါ ဖေဖေမေမေတို့ရေ

My credit goes to original message creator.

Photos from The Neem Academy's post 05/07/2021

Credit-APK (cartoonist)
သင်ယူခြင်းကို ဘယ်အရာမှ မပိတ်ဆို့အပ်ရာ..

04/07/2021

Google Drive နဲ့ Register လုပ်ရန် အခက်အခဲ ရှိသော
မိဘများအတွက် Paper form များ ကျောင်းမှာ ထုတ်ယူနိုင်ပါပြီ။
Early Bird discount အတွက် ဇူလိုင် ၁၅ ရက်
နောက်ဆုံးထားပေးသွင်းပေးဖို့ ထပ်မံအသိပေးအပ်ပါတယ်။

Photos from The Neem Academy's post 02/07/2021

မကွေးမြို့ အခြေစိုက် The Neem Academy ရဲ့ ပထမဆုံး ဖွင့်လှစ်မဲ့ သင်ကြားမည့် Program ၂ခု ကို အရင်ရှင်းပြ ပါရစေ။
✅✅✅
ပထမ Program ကတော့
CEFR-YLE မှာ Starter-Mover-Flyer ဆိုပြီး အဆင့် ၃ဆင့် ရှိပါတယ်။ မိဘများ သိပြီး ဖြစ်မှာပါ။
ယခု The Neem Academy မှာ
CEFR ရဲ့ young learner course ရဲ့ ပထမဆုံး Starter level လောက်ကို စသင်ကြားမှာ ဖြစ်ပါတယ်။
အသက် ၆နှစ်မှ ၁၂ နှစ်ထိ ကလေးများ တက်ရောက်နိုင်ပါတယ်။
အတန်းကို CEFR ရဲ့ Guided learning hour အတိုင်း Cambridge က ထုတ်တဲ့ သင်ရိုးစာအုပ်များအပေါ် အခြေခံ lesson plan ပြန်လည် ရေးဆွဲပြီးမှ သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းကာလ ၇လပါ။
တရားဝင်စာမေးပွဲစံနှုန်းများအတိုင်း စစ်ဆေးမဲ့ The Neem Academy က ပြုလုပ်တဲ့ စာမေးပွဲကို ဖြေဆိုပြီး The Neem Academy ရဲ့ Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာမှ မိဘများ ဆန္ဒအတိုင်း နိုင်ငံတကာ အသိအမှတ်ပြုတဲ့ လက်မှတ်ရဖို့ကို တရားဝင် exam centerမှာ စာမေးပွဲ ဖြေချင်ရင်လည်း ဖြေဆိုနိုင်ဖို့ ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာမေးပွဲကြေးကိုတော့ မိဘများဘက်မှ ပေးသွင်းရမှာ ဖြစ်ပါတယ်။
Notes✅
၆ နှစ်ကျော်ပြီး ၁၂ နှစ် မပြည့်တဲ့၊ အစိုးရသင်ရိုးအတိုင်းသာ သင်ဖူးတဲ့ ကလေးများကိုလည်း Starter ကပဲ စတတ်ရပါမယ်။
The Neem Academy အနေနဲ့ အငယ်ဆုံး အသက်သတ်မှတ်ချက်အတိုင်း ကလေးများကို စတင်သင်ကြားဖို့ ပိုမို တိုက်တွန်းအားပေးပါတယ်။
✅✅✅
ဒုတိယ Programကတော့ အသက်၁၂ နှစ်မှ ၁၅ နှစ်ထိ ကလေးများအတွက် ဖြစ်ပါတယ်။
ဒီကလေးများအတွက် YLE level ၃ခု မှာ အသက် due ဖြစ်သွားပြီ ဖြစ်တဲ့အပြင် တက္ကသိုလ် ဝင်တန်းအတွက် ရည်စူးပြင်ဆင်ရမဲ့ အရွယ် ဖြစ်တာမို့ ဒီအခြေအနေနဲ့ ဆီလျော်တဲ့ သင်ရိုးကို ပြင်ဆင်ထားပါတယ်။
Hybrid classရဲ့ ပထမရက်ကို YLE ရဲ့ mover နဲ့ Flyer level ထဲက သင်ခန်းစာများနဲ့ ဒုတိယ ရက်မှာ cambridge သင်ရိုးများမှပဲ grammar နဲ့ writing ကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလက ၇လ ကြာမြင့်ပါတယ်။ သင်တန်းအပြီးမှာတော့ ကလေးငယ်များက နေ့စဥ်သုံး အခြေခံ အင်္ဂလိပ် အသုံးအနှုန်းများကို နားလည်​ပြောဆိုနိုင်ပြီး short and simple essay လေးများကို စတင်ရေးသားလာနိုင်မှာ ဖြစ်ပါတယ်။ The Neem Academy က level ပြီးဆုံးတဲ့အခါ အရည်အချင်းစစ်
ဲစာမေးပွဲ ရှိပြီး Certificate ပေးမှာ ဖြစ်ပါတယ်။
CEFR levelများကို ပိုမိုဖတ်ရှုလိုပါက အောက်ပါ link တွင် ဖတ်ရှုပါ။
✅✅✅
Profile
သင်ကြားသူဆရာမအနေဖြင့် ဘာသာစကားသင်ကြားခြင်း၊ ဘာသာပြန်ဆိုခြင်း၊ သင်ရိုးများပြုစုခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးခြင်းစီမံကိန်းများ၌ အကြီးပိုင်းတာဝန်များဆောင်ရွက်ခဲ့ခြင်းတို့တွင် ၁၀နှစ်ကျော် အတွေ့အကြုံရှိခဲ့သူ၊ နိုင်ငံရပ်ခြားများသို့ ပညာရပ်ဆိုင်ရာ တာဝန်ရှိသူအနေနဲ့ဖြင့် သွားရောက်လေ့လာသည့် အတွေ့အကြုံများ ရှိခဲ့သူဖြစ်ပါသည်။ MA English နဲ့ ကျောင်းပြီးထားပြီး London School Teacher College မှ ချီးမြှင့်သည့် Diploma in Teaching English to Speaker of Other Language ဘွဲ့ကို ရရှိထားပါသည်။ ထို့ပြင် American Center မှ The Teacher Tree Programme ၏ Teacher Training Programme များတွင် တက်ရောက်ပြီးစီးထားသူ ဖြစ်ပါသည်။ Certificate in Jolly Phonic ကိုလည်း တတ်ရောက်ပြီးစီးထားပါတယ်။ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ၊ သုတေသနပညာနှင့် နိုင်ငံတကာဥပဒေပညါတို့ကိုလည်း လေ့လာခဲ့သူ ဖြစ်ပါသည်။
✅✅✅
Support
The Neem Academy ရဲ့ class များဟာ ကျောင်းသားဦးရေ အလွန်ကန့်သတ်ထားတဲ့ private classများ ဖြစ်ပါတယ်။ ပြီး CEFR level အတိုင်း သင်ကြားမဲ့ classများဟာ phase အလိုက် နှစ်ရှည်သွားတာ ဖြစ်တဲ့ အတွက် ၁၀ တန်းမတိုင်ခင် ၃နှစ် ကနေ ၅နှစ်လောက် ဆက်တိုက် ဖြေးဖြေး ပုံမှန်သင်သွားတဲ့အခါ A2 သို့ B1 level အထိ အနည်းဆုံး ပြီးအောင် ဆက်သင်သွားသင့်တဲ့ course မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကလေးကိုယ်တိုင်ရော
မိဘကပါ တစိုက်မက်မက် လုပ်နိုင်မယ် ဆိုမှပဲ ထိရောက်အကျိုးရှိမှာပါ။ ဒါကြောင့် သင်တန်းမအပ်ခင် ကြိုတင်အချိန်ယူ စဥ်းစားပေးဖို့ မေတ္တာရပ်ခံပါတယ်။ Zoom class လ သင်တဲ့အခါလည်း မိဘပံပိုးမှု အရေးကြီးတာမို့ သာမန်ကာလျှံကာ အချိန်ကုန်အောင် သင်တန်းတစ်ခု ပေးတက်ထားမယ် ဆိုတာမျိုး
လုံးဝ မဖြစ်ပါဆိုတာကိုလည်း မေတ္တာဖြင့် ကြိုအသိပေးပါရစေ။
✅✅✅
Size
ဆိုတော့ တန်းခွဲ ၃ ခု ရှိမှာ ဖြစ်ပြီး တတန်းကို လူ ၁၂ ယောက်သာ အများဆုံး သင်ကြားမှာ ဖြစ်ပါတယ်။
✅✅✅
Schedule
တစ်ပတ်မှာ Sat,Sun နှစ်ရက်၊ တစ်ရက်ကို ၂နာရီ နှုန်းနဲ့ ၇လ ကြာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
July 17 ရက်နေ့မှာ သင်တန်းအားလုံးစတင်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဓာတ်ပုံမှာ ကြည့်ပေးပါ။
✅✅✅
Delivery
Physical class အတွက် သင်တန်းခန်းမပြင်ဆင်ထားပြီး ဖြစ်ပေမဲ့ Covid အခြေအနေကြောင့် လောလောဆယ် မှာ 100% Zoom Online class လုပ်ပါမယ်။
Zoom class အတွက် ကောင်းမွန်တဲ့ internet connection၊ laptop သို့ အဖိုးသင့်တဲ့ tablet ၊ မဝယ်ရသေးရင် screen နည်းနည်းကျယ်တဲ့ ဖုန်း စသဖြင့်လိုအပ်ပါတယ်။
မိဘနဲ့ ကလေးများအတွက် Zoom သုံးဖို့ Support လိုရင်လည်း သီးခြား ကူညီပေးနိုင်ပါတယ်။ Zoom အသုံးပြုပုံနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များကို အောက်ပါ link တွင် ဖတ်ရှုပါ။
https://www.facebook.com/108245424804913/posts/120780683551387/
Covid နဲ့ စိတ်ချရတဲ့ လုံခြုံရေးအခြေအနေရှိပါက physical class ပြန်ဖွင့်ပါမယ်။
✅✅✅
App
ဆရာနဲ့ ကျောင်းသား ဆက်သွယ်ဖို့၊ မိဘနဲ့ ဆက်သွယ်ဖို့ကို Viber ကနေ ဆက်သွယ်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးစာသင်ဖို့ Viber number နဲ့ app ပြင်ဆင်ပေးထါးပြီး register လုပ်တဲ့အခါ တပါတည်း ဖော်ပြပေးပါ။
✅✅✅
#သင်တန်းကြေး
တစ်လ ကို ၃၅၀၀၀ကျပ် သတ်မှတ်ပြီး တစ်လချင်း သို့၊ ၃လ တဖြတ်စာ သို့ ၇လစာ နှစ်သက်သလို ပေးသွင်းနိုင်ပါတယ်။
တစ်လချင်းသွင်းတဲ့သူကလွဲလို့ စာအုပ်ဖိုးပေးစရာ မလိုပါဘူး။ တစ်လချင်းလစာသွင်းပါက စာအုပ်ဖိုး သီးခြားပေးသွင်းရပါမယ်။ မိဘများရဲ့ Hard Cash ခက်ခဲမှုကို နားလည်စွာဖြင့် Kpay လက်ခံပေးပါတယ်။
🔔🔔🔔🔔🔔🔔
#အထူးအစီအစဥှ
🔔🔔🔔
သင်တန်းကြေးကို ဇူလိုင် ၁၅ ရက်နောက်ဆုံးထား Registeration လုပ်ပြီး ပေးချေပါက early bird promotion အနေနဲ့ 15 % discount ရှိမှာမို့ ၃၀၀၀၀ ကျပ် early bird rate နဲ့ပဲ သင်တန်းကာလ ၇လလုံးကို လစဥ်ဖြစ်စေ၊ ၃လတစ်ဖြတ်ဖြစ်စေ၊ ၇လ လုံးဖြစ်စေ ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။
🔔🔔🔔
သင်တန်းစဖွင့်တဲ့က ဇူလိုင် 17 ရက်ပေမဲ့
သင်တန်းကြေးဟာ သြဂုတ်လစာအတွက်ပေးသွားရတာ ဖြစ်တဲ့အတွက် July လထဲက စာသင်ကြားရက်များဟာ Free class များ ဖြစ်ပါတယ်။
✅✅✅
Register ပြုလုပ်ရန်
အောက်မှာပေးထါးတဲ့ link မှာ ဖြည့်စွက်ပြီး တဲ့ အခါ ဖော်ပြထားတဲ့ kpay မှာ ငွေသွင်းပြီး messager ကို
ဆက်သွယ်အကြောင်းကြားပြီးပါက Registeration လုပ်ပြီးပါပြီ။
နောက် google form မှာ ဖြေဖို့ အခက်အခဲရှိပါက ဖော်ပြပါ ဖုန်းအတိုင်းဆက်သွယ်ပြီး သင်တန်းနေရာကို ရိုးရိုးစာရွက်နဲ့ လာဖြည့်လည်း ရပါတယ်။ hard cash နဲ့ ပေးလိုပါကလည်း ဆက်သွယ်ပြီး သင်တန်းနေရာကို လာပေးလို့ ရပါတယ်။
Registeration လုပ်ပြီးပါက သင်ခန်းစာစာအုပ်တွေ ကိုလည်း လာရောက်ထုတ်ယူဖို့ ပြန်လည် အကြောင်းကြားပေးသွားပါမယ်။
Register Form Link - https://docs.google.com/forms/d/e/1FAIpQLSc1lCyXwlkWFb3mEIL4fC8nC14xsRLW-jXokGCTyi66VW8f8g/viewform?fbclid=IwAR26ElGDTm2t9jFUC11JyAaWcFH0QuT33SOIxpENVoaWcaLWyc-k1pAs2Yw
Ph-09767673713
[email protected]
Digital Payment - Kpay- 09 401540790 (Ko Nyi Nyi Maung)
Early Bird Promotion Rate -30000 per month
Early Bird Deadline - 15-7-2021
Regular training fee - 35000
Regular registration deadline - 20-7-2021
Class size ကို limit လုပ်ထားတဲ့အတိုင်းပဲ လက်ခံမှာ ဖြစ်လို့ ၊ early bird discount လည်း ရှိတာမို့
early Registeration လုပ်ဖို့ အကြံပြု ပါတယ်။

Telephone

Website