Dr.MK Braces

Dr.MK Braces

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.MK Braces, Medical and health, .

05/05/2023

(သွားညှိသူတိုင်းနာတာလား ။ )

ပုံမှန် သွား Braces တွေတပ်ပီး wire စတပ်လိုက်ရင်တော့ နည်းနည်းတင်းတာမျိုးရှိတတ်ပါတယ် ။ ယခုလိုတင်းတာမျိုးက များသော အားဖြင့် ၄ရက်လောက်သာ ကြာတတ်ပြီး တချို့ ဆိုရင် ၂ ရက်လောက်နဲ့ ပုံမှန်ပြန်ဖြစ်သွားကြပါတယ် ။

(ဒါဆို ဘယ်လိုချိန်မှာအရမ်းနာတတ်လဲ ။)

အရမ်းနာလာရင်တော့ မိမိရဲ့ သွားညှိကုဆရာဝန်ကို အမြန်ဆုံးဆက်သွယ် အကြောင်းကြားပေးပါ ။
ယခုကဲ့သို့နာတယ် ဆိုတာ သင်၏အရိုးထဲတွင်သွားများရွှေ့လျားသောကြောင့် နာကျင်တတ်ပါတယ် ။
တချို့သွားမညီညာမှု သွားထပ်မှုများနေရင် ( severe rotation & crowding) ဖြစ်နေသော သူများတွင် wire က သွားအတော်များများနှင့် tighly engaged ဖြစ်နေသော ကြောင့် ၎င်းကဲ့သို့ case များတွင် ပုံမှန်ထက်ပိုနာကျင်နိုင်ပါတယ် ။

နောက်တစ်ခုဖြစ်နိုင်တာကတော့ ဆရာဝန် က လိုအပ်ချက်အရ wire နည်းနည်း ကြီးတာသုံးထားရင်လည်းနာတတ်ပါတယ် ။

Pain threshold နိမ့်သော သူများတွင်လည်း သူများထက်ပိုနာတတ် ပါတယ် ။

မတော်တဆ အလွန်မာသော အစားအစာများ ကို ရက်ရှည် စားသုံးမိရင်လည်း နာတတ်ပါတယ် ။

အားကစား လုပ်ရင်းထိမိခိုက်မိရင်လည်း နာတတ်ပါတယ် ။

အထက်ဖော်ပြပါအချက်များက မိမိနှင့် ကိုက်ညီမှုရှိပါက ရှောင်ရှားပေးသင့်ပါတယ်။ မိမိဆရာဝန်နှင့်သေချာ တိုင်ပင်ပြီး ယခုလို အခက်ခဲများကို ကျော်လွှားနိုင်မှာဖြစ်ပါတယ် ။

Dr.Myat Ko

Website