Kyaing Tong Nursing & Midwifery Training School Students’ Union

Kyaing Tong Nursing & Midwifery Training School Students’ Union

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaing Tong Nursing & Midwifery Training School Students’ Union, Education Website, Kyaing Tong, .

Photos from Kyaing Tong Nursing & Midwifery Training School Students’ Union's post 25/10/2022

"အရပ်သားပြည်သူများအပေါ် ပစ်မှတ်ပြုတိုက်ခိုက်ခြင်းအပေါ် ကျောင်းသားသမဂ္ဂများမှ သဘောထားထုတ်ပြန်ချက်"

Photos from Kyaing Tong Nursing & Midwifery Training School Students’ Union's post 19/07/2022

မမေ့နိုင်

Photos from Kyaing Tong Nursing & Midwifery Training School Students’ Union's post 07/07/2022

လိုင်းလေးရသခိုက်
အမေ့သတင်းတွေကြားရတယ် အမေအဆင်ပြေပါ့မလားမတွေးဖြစ်တော့ဘူး အမေအဆင်ပြေပါစေဘဲတစ်ချက်ဆု​တောင်းပြီး ကဗျာလေးတစ်ဗုဒ်ကောက်ချရေးလိုက်တယ်
ရင်တွင်းဖြစ်ပေါ့..❣
ကဗျာလေးနာမည်က ''ပန်းတိုင်'' တဲ့


#တောတွင်းရောက်သမဂ္ဂတစ်ယောက်ရဲ့ရင်တွင်းဖြစ်အသံ

07/07/2022

“သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး”
သခင်ကိုယ်တော်မှိုင်း (မတ် ၁၀၊ ၁၉၆၃)

အာဏာသိမ်းအကြမ်းဖက်စစ်ခွေးဖက်ဆစ်တို့အနေဖြင့် မည်သို့ပင် ယုတ်မာရက်စက်မှူရှိနေပစေ ကျုပ်တို့သည် ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုင်ဆွဲကာ အဖိနှိပ်ခံပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်၍
လူတန်းစားအလွှာပေါင်းစုံ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

“ငါ၏ဦးခေါင်းသည် သွေးချင်းချင်းနှင့် နီးမြန်းလင့်ကစား ဘယ်သော်မှ ဦးမညွတ်”

Photos from Student Union Representatives Committee - SURC's post 07/07/2022

နှစ် "၆၀" မြောက် ဆဲဗင်းဂျူလိုင်နေ့ ကြေညာချက်

30/05/2022
06/02/2022

" သျှမ်းပြည်ညီညွတ်ရေး၊အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုနှင့်ပင်လုံကတိကဝတ် " စကားဝိုင်းအစီအစဉ်
လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်မည့် (၇၅) ကြိမ်မြောက် သျှမ်းပြည်နယ်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် " သျှမ်းပြည်ညီညွတ်ရေး၊အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုနှင့်ပင်လုံကတိကဝတ် " ခေါင်းစဉ်ဖြင့် သျှမ်းပြည်အတွင်း တက်ကြွလှုပ်ရှားလူငယ်များနှင့် ကျောင်းသားသမဂ္ဂများပါဝင်သော စကားဝိုင်း တစ်ရပ်အား ကျွန်တော်များရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများ ကွန်ယက်မှ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ဆွေးနွေးသွားမည့်အဓိကအကြောင်းအရာများမှာ
(၁) ပြည်ထောင်စုစစ်စစ် နှင့် တစ်ပြည်ထောင်စနစ်၊
(၂) အတုအယောင်ပြည်ထောင်စုစိတ်ဓာတ်၊
(၃) ပျောက်ဆုံးနေသော ကိုယ့်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊
(၄) ပင်လုံကတိကဝတ်အပေါ်မျှော်လင့်ယုံကြည်ချက်၊
(၅) မဟာလူမျိုးကြီးဝါဒအောက်တွင်ပျောက်ဆုံးခဲ့ရသော တိုင်းရင်းသားတို့၏ တန်းတူရေးအိပ်မက်၊
(၆) မိမိတို့မျှော်လင့်သောဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုပုံဖော်ထုဆစ်ကြမလဲ။

စကားဝိုင်းအား မိဘပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် Shan State Students Unions’ Network Page နှင့် သတင်းမီဒီယာများမှ ညနေ(၄)နာရီတွင် တိုက်ရိုက် (Live)ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

06/02/2022

◾ပြည်ထောင်စုဆိုတာ တကယ်ရောရှိရဲ့လား။
(ဖတ်ရန်ကြာချိန် ၃မိနစ်)

ကျွန်တော်တို့တိုင်းပြည်ဟာ တကယ်မရှိခဲ့တဲ့ ဝါဒတွေကြား နှစ်ပေါင်းများစွာ စုန်းစုန်းမြုပ်နေရတဲ့ တိုင်းပြည်ဖြစ်တယ်။ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံအောက်ကနေ စစ်အုပ်စုဟာ အမြစ်ခိုင်မာလာခဲ့တယ်။ စစ်အုပ်စုရဲ့ လက်ကိုင်စကားဟာ သူတို့သည် ဒီပြည်ထောင်စုကို ကာကွယ်နေရတာဆိုတဲ့အရာပါပဲ။ ဒါဆို တကယ်ရော သူတို့ကာကွယ်နေကြတာလား။ အဖြေကတော့ မဟုတ်ပါဘူး။

ဗမာပြည်ဟာ ဘယ်တုန်းကမှ ပြည်ထောင်စုဖြစ်မလာခဲ့ဘူး။ ပြည်ထောင်စုအမည်ခံ တစ်ပြည်ထောင်စနစ်အောက်မှာ ဌာနေလူမျိူးစုတွေဟာ စစ်အုပ်စုရဲ့ သွေးခွဲအုပ်ချုပ်မှုတွေကြား အလဲလဲအကွဲကွဲနဲ့ ကိုယ့်မြေ ကိုယ့်နေရာကိုတောင် မအုပ်ချုပ်နိုင်ခဲ့သလို သယံဇာတရင်းမြစ်နဲ့ ပတ်သက်တဲ့ ခံစားခွင့်တွေလည်း စိုးစဉ်းမျှ မရှိခဲ့ပါဘူး။ ခေတ်အဆက်ဆက် ဖက်ဆစ် စစ်ခေါင်းဆောင်များနဲ့ သူတို့ရဲ့ စစ်တပ်၊ စစ်အုပ်စုကသာ လက်နက်အားကိုးနဲ့အတူ တောင်တန်း၊ ပြည်မ ခွဲခြားဖိနှိပ်လာတာကို ခံခဲ့ကြရတာဖြစ်တယ်။

၁၉၄၇ ပင်လုံစာချုပ် ချုပ်ဆိုစဉ်အခါက လွတ်လပ်တဲ့ ပြည်ထောင်တွေဟာ ပြည်ထောင်စုဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အတူတကွ နေထိုင်ကြတဲ့ လမ်းစဉ်ကို ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးမရခင် ရွေးချယ်ခဲ့ကြတာ မှန်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်း တက်လာတဲ့ အစိုးရအဆက်ဆက်တွေက ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ နေနေသာသာ ရှိတယ်လို့တောင် မထင်ခဲ့ကြတာဟာ အမှန်တရားတစ်ခုပါပဲ။

၁၉၆၂ အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတဲ့ ပြည်ထောင်တွေဟာ စစ်အုပ်စုရဲ့ လက်နက်အားကိုး လူပါးဝမှုတွေကြောင့် လွတ်လပ်ခွင့်၊ ညီတူညီမျှ ခံစားခွင့် ဆုံးရှုံးခဲ့ကြရတယ်။ သျှမ်းစော်ဘွားများပြည်ထောင်ကို ကြည့်ရင် ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်ပါတယ်။ အဲ့နောက်ပိုင်း ဖက်စစ်အုပ်စုဟာ သူတို့သာလျှင် ပြည်ထောင်စုရဲ့ ကာကွယ်သူ။ သူတို့သာလျှင် ပြည်ထောင်စု အကျိုးသယ်ပိုးနေသူဆိုပြီး မရှိခဲ့တဲ့ ပြည်ထောင်စုကြီးကို ဟန်ပြရင်း ယခုထက်ထိ တိုင်းပြည်ကို ဂုတ်သွေးစုပ်နေကြတာပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် ယနေ့အထိတည်ရှိလာတဲ့ ပြည်ထောင်စုဆိုတာဟာ ဖက်စစ်စစ်အုပ်စုရဲ့ ပုံရိပ်ယောင် ဝါဒမှိုင်းတစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာ ဒီမြေ၊ ဒီရေမှာ လုံးဝမရှိသေးပါဘူး။ ကျနော်တို့အနေနဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်ဖို့ ချီတက်လှမ်းတက်နေတဲ့အချိန်မှာ ဒီလိုမျိူး ပုံရိပ်ယောင် အတုအယောင်ဝါဒတွေကနေ ခွဲထွက်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ၁၉၄၇ ကနေစပြီး အခုထိ ရှိခဲ့တဲ့ ပုံရိပ်ယောင် အဓမ္မပြည်ထောင်စုကြီးကို စွန့်ပစ်ပြီး ဌာနေလူမျိုးစုအသီးသီးနဲ့ ပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်ကို အတူတကွ ဖန်တီးတည်ဆောက်ကြဖို့အတွက် အလေးအနက် တိုက်တွန်းပါတယ်။

ပြည်ထောင်စုဆိုတာ တကယ်တော့မရှိခဲ့ပါ။

ပြည့်စုံမောင်မောင်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ရရတကသ
တကသများ-ရန်ကုန်



#အတုအယောင်ပြည်ထောင်စု

03/01/2022

"ကျောင်းသားပြည်သူအပေါင်းအား နှိုးဆော်ချက်"

ကျောင်းသားပြည်သူအပေါင်းတို့ခင်ဗျာ...
ကျွန်တော်တို့နိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီ၏ ဆိုးသွမ်းရမ်းကား၍ ဖိနှိပ်မှုကို ခံစားလာခဲ့ကြရာသည်မှာ (၁)နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများသည် အဖိနှိပ်ခံပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆောင်ရွက်လာခဲ့ကြရာတွင် တပ်ဦးမှာ ဦးဆောင်လျက်ရှိပါသည်။

ယနေ့အချိန်အထိ စစ်အာဏာရှင် စစ်ဘီလူးများ သက်ဆိုးရှည်နေရခြင်းတွင် စစ်ဘီလူးများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်နေကြသော ပြည်တွင်းပြည်ပ သစ္စာဖောက်လောက်ကောင်များ၏ ပံ့ပိုးကူညီမှုကြောင့်လည်း အများအားဖြင့် ပါဝင်နေပါသည်။ နိုင်ငံအဝှမ်းရှိ ကျောင်းသားသမဂ္ဂများအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးတို့သည် "စစ်ကောင်စီနှင့် ပူးပေါင်းသူ မည်သူမဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း"ထုတ်ပြန်ထားကြသည်နှင့်အညီ ယခုအခါ အာဏာသိမ်းစစ်ကောင်စီနှင့် ထောက်တိုင်များကို အားပေးကူညီ ပံ့ပိုးနေသူများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် လိုအပ်ပါသည်။

ပြည်သူလူထု၏ စည်းလုံးမှုဖြင့် သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့သကဲ့သို့ စစ်အာဏာရူးများ ကြီးစိုးရမ်းကားနေသော စစ်ကျွန်ဘဝမှလွတ်မြောက်ရန် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုသည် အလွန်အရေးကြီးပါသည်။ သို့ဖြစ်၍ နိုင်ငံအဝှမ်းရှိ ကျောင်းသားပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ကြသူ မည်သူကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ကြရန်နှင့် တော်လှန်ရေးကို မျက်ခြေမပြတ်စေဘဲ ဆက်လက်တိုက်ပွဲဝင်ကြရန် နှိုးဆော်လိုက်ပါသည်။

စစ်ကောင်စီနှင့် ပူးပေါင်းသူမှန်သမျှ
ပြတ်ပြတ်သားသား ဆန့်ကျင်ကြ

#ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ

Photos from Student Union Representatives Committee - SURC's post 24/12/2021
27/11/2021

"အမျိုးသားနေ့ (၁၀၁) နှစ်ပြည့်"

မြန်မာနိုင်ငံသည် တော်လှန်ရေးကို ခေတ်အသီးသီးတွင် ကျော်ဖြတ်ခဲ့ကြရသည်။ ခေတ်အသီးသီးတွင်လည်းကျောင်းသားနှင့်ပြည်သူသည် လက်တွဲညီခဲ့ကြသည်ချည်းဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ‌(၁၀) ရက်နေ့တွင် သပိတ်မှောက်ကျောင်းသားများ စုဝေး၍နယ်ချဲ့အင်္ဂလိပ်တို့မှ မတရားပြဌာန်းထားသည့် ရန်ကုန်တက္ကသိုလ်အက်ဥ‌ပဒေအားသပိတ်မှောက်ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေတွင် အမျိုးသားရေးခွဲခြားမှုများ၊လူတန်းစားခွဲခြားမှုများ အစရှိသရွေ့ မလိုလားအပ်သည့် ကန့်သက်ချက်ပေါင်းများစွာပါ၀င်ပြီး မြန်မာပြည်သူလူထုအား စာတတ်မြောက်ရေးကို ပိတ်ပင်တားဆီးထားသည်။ထိုကဲ့သို့ မတရားမှုကို သည်းမခံနိုင်ကြသော ကျောင်းသားကြီးများနှင့်ပြည်သူတို့သည် လူထုအစည်းအဝေးပွဲများ ခေါ်ယူ၍ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ထိုကဲ့သို့ ဆန့်ကျင်ကန့်ကွက်ခဲ့သော ကျောင်းသားများ ကျောင်းပြန်မတက်ပါက ကျောင်းထုတ်ပယ်မည်ဆိုသောအချက်ဖြင့် ဖိနှိပ်လာခဲ့သော်လည်း မတရားသဖြင့် ထုတ်ထားသော ဥပဒေကို အစွန်းဆုံးထိ သပိတ်မှောက်တော်လှန်ခဲ့ကြသည်။ထိုအချိန်မှစတင်၍ အမျိုးသားကျောင်းများ စတင်အမြုတေလာခဲ့သည်။မြို့မအထက်တန်းကျောင်း၊ ရန်ကုန်နှင့်အမျိုးသားကျောင်း၊ ဗဟန်းကောလိပ်အစရှိသဖြင့် တစ်မျိုးသားလုံးစာတတ်မြောက်ရေးကို ဦးတည်သော သခင်ပညာရေးဟုဆိုစမှတ်ပြုကြသည့် အမျိုးသားကျောင်းများပေါ်ထွန်းလာခဲ့သည်။ ကျောင်းသားများသပိတ်မှောက်တော်လှန်ခဲ့ကြသော နေ့ကိုလည်း အမျိုးသားအောင်ပွဲနေ့ဟု ဆိုစမှတ်ပြုကြသည်အထိ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ တော်လှန်ပုန်ကန်ခဲ့ကြသည်။
ယနေ့အချိန်တွင်လည်း မြန်မာလူထုသည် မတရားအာဏာရယူထားသော အကြမ်းဖက်စစ်တပ်၏ ပညာရေးကို သပိတ်မှောက်လျက်ရှိကြသည်။ပညာရေး မဏ္ဍိုင်သည် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ တည်ဆောက်၍ မရနိုင်ပဲ အလဲလဲအပြိုပြို‌ဖြစ်နေရသည်မှာကျောင်းသားနှင့်လူထုယနေ့အချိန်ထိ လက်တွဲညီညီ ဆန့်ကျင်တော်လှန်နေခြင်းကြောင့်ဖြစ်သည်။လာမည့် ၁၃၈၃ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်(၂၀၂၁ခုနှစ်၊ နို၀င်ဘာလ၂၈ရက်နေ့)တွင်ကျရောက်သော (၁၀၁) နှစ်မြောက်အမျိုးသားနေ့ကို လေးစားဦးညွှတ်ရင်း ကျောင်းသားလူငယ်များအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၍ အာဏာသိမ်းစစ်ကောင်စီမှ တည်ဆောက်ရန် ကြိုးပမ်းနေသည့် သွေးစွန်းပညာရေးအား ရရာနည်းလမ်းဖြင့် ဆက်လက် တော်လှန် သပိတ်မှောက်ကြရမည်ဖြစ်သည်။


#အမျိုးသားနေ့

23/11/2021

အမျိုးသားနေ့မျိုးဆက်

ဒဂုန်တာရာ

(ယခုဆောင်းပါးသည် မန္တလေးဗဟိုအမျိုးသားကျောင်းမှထုတ်ဝေသော ၁၉၉၅ အမျိုးသားနေ့စိန်ရတုသဘင်မဂ္ဂဇင်းမှ ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။ ယင်းမဂ္ဂဇင်းတွင် လူထုဒေါ်အမာက တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခုဆောင်းပါးရေးသားသူ စာရေးဆရာဒဂုန်တာရာသည် ကျိုက်လတ်အမျိုးသားကျောင်းတွင်ပညာသင်ခဲ့သူဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)၏ အမှုဆောင်ဟောင်းတစ်ဦးလည်းဖြစ်ပါသည်။)

(က)
တလောက မန္တလေးလူထုဒေါ်အမာထံမှ မန္တလေးအမျိုးသားကျောင်းသားဟောင်းများမှ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ်စာစောင်အတွက် ဆောင်းပါးရေးပေးရန် ကျွန်တော့်ထံ စာရေးလိုက်သည်။တကယ်ကတော့ ကျွန်တော်မန္တလေးအမျိုးသားကျောင်းမှထွက်သူမဟုတ်၍ မဆိုင်ဟု သာမန်အားဖြင့် ထင်လို့ရသည်။သို့သော် ကျွန်တော်သည်လည်း ကျိုက်လတ်အမျိုးသားကျောင်းမှ ကျောင်းသားတစ်ယောက်ဖြစ်၍ ဆိုင်နေသည်။အမျိုးသားနေ့ ဆိုသည်မှာလည်း ကိုလိုနီခေတ်က တစ်ပြည်လုံး အမျိုးသားနေ့ကျင်းပသောအစဉ်အလာကိုကျွန်တော်ဆက်ခံခဲ့သူဖြစ်၍လည်း ဆိုင်သည်ဟုကျွန်တော်ခံစားခဲ့သည်။ ထို့ကြောင့် ကျွန်တော်ရေးဖွဲ့ချင်စိတ်ပေါ်လာသည်။

လူထုဒေါ်အမာကလည်း အမျိုးသားနေ့ မျိုးဆက်၊ကျွန်တော်ကလည်း အမျိုးသားနေ့ မျိုးဆက်။

(ခ)
အမျိုးသားနေ့ဆိုသည်ကလည်း ၁၉၂၀-ပထမကျောင်းသားသပိတ်ကြီးမှ စတင်ပေါ်ပေါက်လာသော အမျိုးသားနေ့ဖြစ်သည်ကို အားလုံးသိပြီးဖြစ်သည်။ ပထမကျောင်းသားသပိတ်သည် ကိုလိုနီခေတ်က ကိုလိုနီအင်္ဂလိပ်အစိုးရကို ဆန့်ကျင်သော လူထုလှုပ်ရှားမှုကြီးဖြစ်သည်။ ပညာရေးလှုပ်ရှားမှုဟုလည်း ပြော၍ရသည်။ တကယ်ကတော့ အမျိုးသားရေးလှုပ်ရှားမှုမှတ်တိုင် တစ်တိုင်ဖြစ်သည်။ကိုလိုနီခေတ်တွင် ကျင်းပခဲ့သော နှစ်တိုင်းကျင်းပခဲ့သောအမျိုးသားရေးနေ့ ဆိုသည်က ကိုလိုနီဆန့်ကျင်ရေး၊နယ်ချဲ့ဆန့်ကျင်ရေးဟူသောအသိကအမြဲပါနေသည်။

လွတ်လပ်ရေး ရပြီးသောအခါလည်းအမျိုးသားနေ့ကိုကျင်းပခဲ့သည်။သို့သော် ခံစားမှုချင်းက တူမည်မထင်။ ထိုအခါက ကိုလိုနီခေတ်အခါက အမျိးသားနေ့ ကျင်းပခြင်းသည် လွတ်လပ်ရေး အမျိုးသားလွတ်မြောက်ရေးကိုတောင့်တသော ဆန္ဒပြသောနေ့ဖြစ်သည်က အမှန်ပင်။

၁၉၂၀-ကျောင်းသားသပိတ်မှာ ကိုလိုနီခေတ်၊လွတ်လပ်ရေးမရမှီခေတ်က အမျိုးသားလွတ်မြောက်ရေး စိတ်ဓာတ်ဖြင့် ကျင်းပသောပွဲ၊လူထုလှုပ်ရှားမှုပွဲဖြစ်သည်။ သို့သော်လွတ်လပ်ရေးရပြီးသောအခါ ယင်းသို့သောခံစားမှုမျိုး အပြည့်အဝရှိမည်မထင်လွတ်လပ်ရေးရပြီးနောက် အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ် လွတ်လပ်သော အစိုးရကသတ်မှတ်ခဲ့သည်။နိုင်ငံတော်ကသတ်မှတ်သောနေ့ ဖြစ်သွားသည်။ကိုလိုနီခေတ်ကမိမိတို့ အသိဖြင့် ကျင်းပခြင်းဖြစ်သည်။ လွတ်လပ်သွားပြီကိုး။လွတ်လပ်ရေးဆိုသော စကားရပ်ကိုအခြားတိုင်းပြည်မှမြင်သောအမြင်နှင့် ကျွန်တော်တို့တိုင်းပြည်ကမြင်သော အမြင် တူကြမည်မထင်၊အခြားနိုင်ငံများကလွတ်လပ်ရေးနေ့ကို အမျိုးသားနေ့ဟုခေါ်ဝေါ်ခဲ့ကြသည်။ကျွန်တော်တို့ဆီမှာတော့ လွတ်လပ်ရေးရတော့ လွတ်လပ်ရေးနေ့ကသပ်သပ်၊အမျိုးသားနေ့ကသပ်သပ်၊အမျိုးသားနေ့တွင် ပထမကျောင်းသားသပိတ်ကြီးပေါ်ပေါက်ရသည့် အရင်းခံများကိုဖော်ပြရာမှာ ပညာရေးလှုပ်ရှားမှုသဘောပင် ဖော်ပြတတ်သည်။တကယ့်အနှစ်သာရက ပညာရေး၊လူမှုရေး၊စီးပွားရေး၊နိုင်ငံရေး အားလုံးအကြုံးဝင်သော ခံစားမှုဖြစ်သည်ကို ယနေ့မျိုးဆက်များခံစားချင်မှခံစားပေမည်။ထို့ကြောင့် ကိုလိုနီခေတ်က နှစ်တိုင်းကျင်းပသော အမျိုးသားနေ့ကို မီသူတိုင်း အမျိုးသားနေ့မျိုးဆက်ဟု ခေါ်ဝေါ်လိုက်ရခြင်းဖြစ်သည်။

တကယ်တော့ ဒေါ်အမာမှာ ကျွန်တော့်ထက် (၄) နှစ်ကြီးသည်။ဒေါ်အမာသည် ၁၉၃၆ ကျောင်း သားသပိတ်တွင်ပါဝင်သူ၊ကျွန်တော်က၁၉၃၈မှတက္ကသိုလ်သို့ရောက်၍ သူနှင့်တွေ့သူမဟုတ်၊၁၉၃၆-ကျောင်သားသပိတ်နှစ်က ကျွန်တော်ကျိုက်လတ်အမျိုးသားကျောင်းတွင် ပညာသင်နေတုန်း ဖြစ်သည်။

ထိုနှစ် မေလက ဂျူဗလီဟောတွင်ကျင်းပသော ပထမဆုံးသောမြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံကြီးသို့ သပိတ်မှောက်ကျောင်းသားများကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ထိုအခါအဆိုတစ်ခုတင်သော အင်းလျားဆောင်မှ မအမာကို စတင်တွေ့ခဲ့ဖူးသည်။နောက်တော့မန္တလေးရောက်တိုင်းသူမနှင့်တွေ့ဆုံခဲ့သည်။ကျွန်တော်တို့ကအမျိုးသားနေ့ မျိုးဆက်ချင်းမဟုတ်ပါလား။

(ဂ)

မလွတ်လပ်သောအခါမှလွတ်လပ်သော သဘောကိုပို၍သိလာရသည်။ထိုအခါကတော့လွတ်လပ်ရေးဆိုသည်မှာ လူမျိုးခြားလက်အောက်မှလွတ်လပ်ခြင်း ဟူသောအဓိပ္ပာယ်ကိုသာသိခဲ့ရသည်။အမျိုးသားနေ့သည်ယင်းတော်လှန်ရေးစိတ်ဓာတ်ကို လှုံ့ဆော်ပေးသောနေ့ ဖြစ်သည်ကိုသိခဲ့ရသည်။ ထိုအခါကျွန်တော်တို့ကျိုက်လတ်မြို့တွင် အမျိုးသားနေ့ နှစ်စဉ်ကျင်းပသည်။ အမျိုးသားကျောင်းမြက်ခင်းပြင်တွင် စုဝေးပြီး ဆရာကြီး၏ဟောပြောချက်ကို နားထောင်ရသည်။ထို့နောက်မြို့တွင်းသို့လှည့်လည်ရသည်။

ရဲတပ်ကရှေ့ဆုံးကချီတက်ရသည်။ရဲတပ်မှာကျောင်းသားဖြင့်ဖွဲ့စည်းထားသော ရဲတပ်ဖြစ်သည်။ထိုအခါက အင်္ဂလိပ်အစိုးရသည် လက်နက်ဖြင့် အုပ်ချုပ်ထားသဖြင့် လက်နက်ကိုဆန့်ကျင်သည့်သဘော တုံံ့ပြန်သည့်သဘောဖြင့်ရဲတပ်ကိုဖွဲ့စည်းခြင်းဖြစ်သည်ဟုနားလည်မိသည်။

ထို့နောက်ရန်ကုန်တက္ကသိုလ်သို့ရောက်သောအခါ တက္ကသိုလ် သမဂ္ဂမှအမျိုးသားနေ့ကိုကျင်းပသည်။ထိုအခါက မြို့မကျောင်းတွင် ကျောင်းသားများစုဝေးကြပြီးလျှင် ဆူးလေဘုရားလမ်းရှိ ထိုအခါက ဝိတိုရိယဘုရင်မပန်းခြံ(ယခုဗန္ဓုလပန်းခြံ)သို့ စီတန်းလှည့်လည်ချီတက်ကာစုဝေး၍ နိုင်ငံရေးခေါင်းဆောင်များ၏ ဟောပြောချက်များကို နားထောင်ရသည်။

လွတ်လပ်ရေးနှင့်တစ်ဆက်တည်း ဆက်စပ်နေသော သဘောတရားက အချုပ်အခြာအာဏာပိုင်မှုဖြစ်သည်။အချုပ်အခြာအာဏာပိုင်မှုကို ထိုအခါက စကားလုံးဖြင့်သာသိရှိခဲ့သည်။ကိုလိုနီလက်အောက်ခံဖြစ်၍နိုင်ငံတော်မရှိ။လွတ်လပ်သောနိုင်ငံတော်မရှိ၊အချုပ်အခြာအာဏာပိုင်မှုဆိုသည်မှာလည်း လွတ်လပ်ရေးပင်ဖြစ်သည်။ ပြည်သူတို့လွတ်လပ်ရေးဖြစ်သည်။ ပြည်သူတို့လွတ်လပ်မှသာလျှင် အချုပ်အခြာအာဏာပိုင်မှု သဘောဖြင့် နိုင်ငံတော်ကိုတည်ထောင်နိုင်မည်ဖြစ်သည်။

အမျိုးသားနေ့မှဆင့်ပွားဆင့်ပွားပေါ်ပေါက်လာသော အသိဖြစ်သည်။ကျွန်တော်တို့အမျိုးသားနေ့မျိုးဆက်မှပေါက်ဖွားလာသော နိုင်ငံရေးခေါင်းဆောင်များလည်းရှိကြသည်။အမျိုးသားခေါင်းဆောင်ဟူသော အခုထက်ထိလက်ခံခဲ့သော ဦးအောင်ဆန်းသည်လည်းမရှိတော့ပြီ။

ကျွန်တော်သည် အမျိုးသားနေ့ မျိုးဆက်ကို သတိရမိသည်။ ကိုလိုနီခေတ်က ကျင်းပခဲ့သော အမျိုးသားနေ့ကို သတိရမိသည်။

(ဃ)
အမျိုးသားနေ့တစ်နေ့။ကျွန်တော်တို့သည်အစောကြီးထကာ ကျောင်းဆောင်ရှိ ကျောင်းသားများကို အမျိုးသားနေ့တက်ရောက်ရန်ဆော်ဩကြသည်။ကိုယ့်အသိနှင့်ကိုယ် စုရပ်ဖြစ်သော မြို့မကျောင်းသို့ထွက်လာခဲ့ရာ ကျွန်တော်က ဒီးဒုတ်ဦးဘချိုနှင့်အတူ လျှောက်လာခဲ့မိသည်။ဆရာချိုက ပန်းရောင်ခေါင်းပေါင်း၊ ပင်နီကြမ်းရင်ဖုံး၊ ယောပုဆိုးတောင်ရှည်၊ ကတ္တီပါပိန်းတန်းနှင့် နေထွက်စပြုနေပြီဖြစ်၍ ပုသိမ်ထီးကိုဆောင်းထားသည်။ကျွန်တော်လည်း ပင်နီဖျင်ကြမ်းနှင့်။

ဆရာချို၏ ရုပ်ရည်မှာသန့်ပြန့်၍ကြည်လင်နေသည်။ ဆရာချို ပထမသပိတ်မှောက် ကျောင်းသား၊ကျွန်တော့်အပေါ်နေရောင်ထိုး၍ ဒီဘက်ကိုတိုးဟုဆိုကာ သူ၏ထီးအောက်တွင် ခိုစေသည်။စကားတပြောပြော၊သူတို့ဝံသာနုခေတ်ကအကြောင်း၊ ၁၉၂၀ကျောင်းသားသပိတ်အကြောင်း ထိုညကတက္ကသိုလ်သမဂ္ဂတွင် ဟောပြောပွဲပြုလုပ်ခဲ့သည်။သမဂ္ဂဟောပြောပွဲပြီးလျှင် မြေနီကုန်းတရားပွဲရှိသဖြင့် ဟောပြောသူများကို ကျွန်တော်က ကားဖြင့်လိုက်ပို့ပေးရသည်။

ကားကအမိုးဖွင့် တက္ကစီကား၊ ကားပေါ်တွင်ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ဆရာချိုနှင့် သခင်နုတို့ပါသည်။ကားရှေ့တွင် ကျွန်တော်ကထိုင်ရသည်။လမ်းတွင် သူတို့ခေတ်ကအမျိုးသားတက္ကသိုလ်ဖွင့်ခဲ့သည့်အကြောင်း၊ဆရာကြီးကမြန်မာစာပေနှင့် ရာဇဝင်ပါမောက္ခ၊အမျိုးသားလွတ်လပ်ရေးနေ့ကို ဆောင်ရွက်ပေးသော အမျိုးသားနေ့မျိုးဆက်ကို သတိရမိသေးတော့။

ဒဂုန်တာရာ
၂၃-၇-၉၅။

#အမှတ်တရဆောင်းပါး
#အမျိုးသားနေ့အကြိုဆောင်းပါး

21/11/2021

"အမျိုးသားနေ့ကိုမွေးဖွားပေးခဲ့သော ၁၉၂၀ ခုနှစ် ကျောင်းသားလှုပ်ရှားမှုကြီး"
ရေးသူ - ဦးအောင်ဒင်

(ယခု ဆောင်းပါးသည် ၁၉၆၉ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့ထုတ် ရှုဒေါင့်ဂျာနယ် အမှတ် (၁၇)မှ
ထုတ်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးသူ ဦးအောင်ဒင်မှာ ၁၉၂၀ခုနှစ် သပိတ်မှောက်ရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့သူ ကျောင်းသားကြီး (၁၁) ဦးတွင် တစ်ဦး အပါအဝင်ဖြစ်ပါသည်။ )

လာမည့် ၁၉၆၉ခုနှစ် ဒီဇင်ဘာလ(၄) ရက်၊ ၁၃၃၁ ခုနှစ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက် နေ့သည်ကား ကိုလိုနီကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည့် (၄၉) ကြိမ်မြောက် အမျိုးသားနေ့ ဖြစ်ပေသည်။ ကျွန်တော်သည် ၁၉၆၀ခုနှစ် ပထမအကြိမ် ကောလိပ်သပိတ်တိုက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ (ဘွိက်ကော့တား) သပိတ်မှောက်ကောလိပ်ကျောင်းသားဟောင်း တစ်ဦးဖြစ်သဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၄၉နှစ်ကျော်က ကြိုးပမ်းလှုပ်ရှားခဲ့ပုံများကို ယနေ့တိုင်အောင် ပူပူနွေးနွေး ခံစားတွေ့ကြုံရသကဲ့သို့ တသသ သတိရ မှတ်မိနေပါသည်။

"ကာလကတ္တားတက္ကသိုလ်နှင့် ရန်ကုန်-ယုဒသန်ကောလိပ် "

အမှန်အားဖြင့် ၁၉၂၀ခုနှစ် ကျောင်းသားတိုက်ပိတ် တိုက်ပွဲသည် မြန်မာပြည်သူတို့၏ အမျိုးသား လွတ်လပ်ရေးတိုက်ပွဲ၌ အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ ထိုစဉ်က ဗြိတိသျှနယ်ချဲ့သမား၏ ကိုလိုနီကျွန်ပြုဖိနှိပ်သွေးစုပ်မှုကို ဆန့် ကျင်ကာ (ဝိုင်-အမ်-ဘီ-အေ)ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်နှင့် မျိုးချစ် ပုဂ္ဂိုလ်တို့၏ စည်းရုံးလှုံဆော်မှုကြောင့်၊ နယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ်စိတ်ဓာတ်များ ပိုမို ထက်မြတ်လာပါသည်။

အမှန်ဆိုရလျှင် ၁၉၂၀ခုနှစ်အထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟူ၍ တကျောင်းမျှ မရှိသေးပါ။ ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် ကျောင်းသားသာ ရှိပါသည်။ ထို အချိန်က ဗြိတိသျှနယ်ချဲ့ အစိုးရ ချမှတ် ပြဌာန်းထားသော ပညာရေးပေါ်လစီသည် ဗျူရို ကရက် အုပ်ချုပ်ရေး ယန္တရားအတွက် မင်းမှုထမ်းများကို မွေးထုတ်ပေးနေသည့် ကျွန် ပညာရေးစနစ်ဖြစ်ပါသည်။ ထို့အပြင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းများမှာလည်း အိန္ဒိယနိုင်ငံ ကာလက္ကတားတက္ကသိုလ်မှ ပြဌာန်းသောပညာရပ်များကိုသာ သင်ကြားရသည်။ ယင်းတက္ကသိုလ်က စစ်ဆေးသော စာမေးပွဲကိုဖြေဆိုကြရသည်။

"သီးခြားတက္ကသိုလ် နှင့် ဖိနှိပ်ချုပ်ချယ်မှု "

ထိုအခြေအနေတွင် မြန်မာပြည်အတွက် ဗြိတိသျှအစိုးရ၏ စိတ်ကြိုက် ဖန်တီးထားသော သီးခြားတက္ကသိုလ် ဖွင့်လစ်ပေးရန် စီစဉ်လာသည်။ ဥပဒေအမျိုးမျိုးဖြင့် ချုပ်ချယ်၍ ဖွင့်လှစ်မည့် အစီအစဉ်ဖြစ်ပါသည်။ ယင်းရည်ရွယ်ချက်ဖြင့် ၁၉၂၀ ဇွန်လတွင် တက္ကသိုလ်ဥပဒေကြမ်းကို ဗြိတိသျှအစိုးရက ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထိုဥပဒေကြမ်းတွင် အောက်ပါအချက်အလက်များပါဝင်သည်။
(၁) မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။
(၂) ထိုတက္ကသိုလ်အောက်တွင်လည်း ကောလိပ်ကျောင်း တစ်ကျောင်းတည်းသာ ရှိရမည်။
(၃) ထိုတစ်ခုတည်းသော ကောလိပ်ကို ရန်ကုန်မြို့တွင်သာ ဖွင့်လှစ်ရမည်။
(၄) ထိုကောလိပ်တွင် သင်ကြားမည့် ကျောင်းသူကျောင်းသားများသည် ကျောင်းအိပ်ကျောင်းစားများအဖြစ်နေကြရမည်။
(၅) ထိုကောလိပ်သို့ တတ်ရောက် သင်ကြားနိုင်စေရန် တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိဘဲ ၁၀တန်း စာမေးပွဲသာ ထားရှိရမည်။
(၆) ဆယ်တန်းအောင်မြင်သည့် ကျောင်းသားများသည် တက္ကသိုလ်သို့ ဝင်ခွင့် ရရှိရန် အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာရပ်တစ်ခုခုတွင် ထူးချွန်စွာ အောင်မြင် ရမည်။
(၇) ထိုသို့ ထူးချွန်စွာအောင်မြင်သည့်တိုင်အောင် တက္ကသိုလ် ပညာရပ်များကို ကောင်းမွန်စွာ ပညာသင်ကြားနိုင်စေရန် ပြင်ဆင်မှုအတန်းတွင် တနှစ် သင်ကြား ရမည်။
(၈) ထို့ပြင်ဆင်မှု အတန်းတွင် တနှစ်သင်ကြားခဲ့ပြီးသော်လည်း တက္ကသိုလ် အာဏာပိုင်ဆရာများက ပညာမပြည့်ဝဟု ဆုံးဖြတ်ပါက တက္ကသိုလ်သို ဝင်ခွင့်မပြု။
(၉) ရေးဖြေစာမေးပွဲများအပြင် နှုတ်ဖြင့် ဖြေဆိုရသည့် စစ်ဆေးချက်များကိုလည်း ဖြေဆိုရမည်။
(၁၀) မဟာဝိဇ္ဇာတန်းစာမေးပွဲကို ဖြေဆိုရန် ဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့် အောင်သူ ဖြစ်ရမည်။ဝိဇ္ဇာတန်းကို ရိုးရိုးအောင်ရုံမျှနှင့် မဟာဝိဇ္ဇာ စာမေးပွဲကို ဖြေဆိုခွင့် မပြု။
(၁၁) ဂုဏ်ထူးတန်းနှင့် ဝိဇ္ဇာတန်း စာမေးပွဲကို သိပ္ပံတန်း( ဥပစာတန်း) အောင်မြင်ပြီး (၃)နှစ်ကြာမှသာ ဖြေဆိုရမည်။
(၁၂)ဂုဏ်ထူးနှင့် ဝိဇ္ဇာတွဲတန်းကို တကြိမ်ဖြေဆို၍ မအောင်မြင်လျှင် နောက်ထပ် ဖြေဆိုခွင့်မရှိ။

ဥပဒေဆိုးကို ကန့်ကွက်နေသည့် ကြားမှ အထက်ပါ ပညာရေးချုပ်ချယ်ဖိနှိပ်မှု ဥပဒေများအပြင် အခြားအချက် (၅) ချက်လည်း ရှိသေးသည်။ ခြုံ၍ဆိုရလျှင် တက္ကသိုလ် အက်ဥပဒေကြမ်းသည် ဗျူရိုကရက်နှင့် ကြေးရတတ် လူတစု၏သားသမီးများကိုသာ ပညာသင်ယူနိုင်ခွင့်ပြုပြီး၊ ပညာရေး လွတ်လပ်ခွင့် များကို ချုပ်ချယ်ကန့်သတ်ထားသည့် ကိုလိုနီပညာရေး ဥပဒေဆိုးကြီးဖြစ်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် မိဖပြည်သူ တရပ်လုံးက ကန့်ကွက်ကြပါသည်။ မြန်မာသတင်းစာများကလည်း ကန့်ကွက်ကြပါသည်။

သို့သော် ဗြိတိသျှနယ်ချဲ့ အစိုးရက လူထုဆန္ဒကို ဂရုမပြုဘဲ ၁၉၂၀ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် အဆိုပါ တက္ကသိုလ် ဥပဒေကြမ်းကို အတည်ပြုကြောင်း ကြေညာလိုက်ပါသည်။ ယင်းသို့ ကြေညာလိုက်ခြင်းသည် မိဖပြည်သူများနှင့် ကျောင်းသားထုကို နယ်ချဲ့ အစိုးရက "စိန်"ခေါ်လိုက်ခြင်းဖြစ်သည်။ သို့ဖြင့် ငြိမ်းချမ်းစွာပညာသင်ကြားရေး၊ အမျိုးသားပညာရေးစနစ်ထူထောင်ရေးနှင့် ကိုလိုနီပညာရေးစနစ်ဖျက်သိမ်းရေးလုပ်ငန်းသည် သမိုင်းပေးတာဝန် တခု ဖြစ်လာပါသည်။

"ရွှေတိဂုံကုန်းတော်နှင့် ကျောင်းသားကြီး (၁၁) ဦး"

၁၉၂၀ခုနှစ် ဒီဇင်ဘာ(၃) ရက်၊ ၁၂၈၂ခုနှစ် တန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့တွင် ကျွန်တော်တို့ကောလိပ်ကျောင်းသားကြီး ၁၁ဦးသည် တက္ကသိုလ် ဥပဒေ ကန့်ကွက် ဆန္ဒပြရေး အတွက် ရွှေတိဂုံကုန်းတော် စနေဒေါင့် သို့ တတ်ရောက် စုဝေးကာ ညှိနှိုင်း ဆွေးနွေးကြပါသည်။ ယင်းဆွေးနွေးပွဲသို့တတ်ရောက်ကြသော ကျောင်းသားများမှာ (၁) ကိုဘရှင် (၂)ကိုညီပိတ် (၃) ကိုဖိုးကွန်း (၄) ကိုအေး (၅) ကိုလှတင် (၆) ကိုဖေသိန်း (၇) ကိုထွန်းဝင်း (၈) ကိုဘခင် (၉) ကိုဘရှင် (ထားဝယ်) (၁၀) ကိုဘဦးနှင့် ကျွန်တော်တို့ ဖြစ်သည်။ ထိုနေ့ ဆွေးနွေးပွဲ၌ ကျောင်းသားသပိတ်လှုပ်ရှားမှုကို ကျယ်ပြန့်စွာ စည်းရုံး လှုံဆော်ရန်အတွက် သစ္စာအဓိဌာန်ပြုခဲ့ကြပါသည်။

"ဦးအရိယကျောင်းနှင့် ကောလိပ်သပိတ်"

၁၉၂၀ခုနှစ် ဒီဇင်ဘာ(၄) ရက်၊(တန်ဆောင်မုန်းလဆုတ်(၉) ရက်နေ့)တွင်မူ ဗဟန်းရပ် ဆရာတော်
ဦးအရိယကျောင်းတွင် ကျောင်းသားပေါင်းစုံ အစည်းအဝေးခေါ်ဆိုခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ကျောင်းသားပေါင်း (၄၅၀) ကျော်တတ်ရောက်ပြီး ယူနီဗာစီတီ အက် ဥပဒေကို ပြန်လည် ပြင်ဆင် ပြုပြင်ပေးခြင်း မရှိသမျှ ကာလပတ်လုံး လုံးဝ ကျောင်းပြန် မတတ်တော့ဟု ဆုံးဖြတ်ခဲ့ပါသည်။ ကျောင်းသားထု၏ ဆုံးဖြတ်ချက်ကိုလည်း ကျောင်းသားခေါင်းဆောင် ကိုဘဦးလက်မှတ်ဖြင့် လက်ထောက်ဘုရင်ခံ ဆာဂျီနယ် ကရက်ဒေါက်ထံ ပေးပို့လိုက်ပါသည်။ ယင်း ဆုံးဖြတ်ချက် သဘောထားနှင့် ပတ်သတ်၍ နယ်ချဲ့ ဗျူရိုကရက် အစိုးရက လုံးဝအကြောင်းပြန်ခြင်းမရှိပါ။

ကျွန်တော်တို့ ကောလိပ်ကျောင်းသားကြီးများသည် သံမဏိစိတ်ဓာတ်ဖြင့် သပိတ်စခန်းကြီးကိုဖွင့်လှစ်ရန် စီစဉ် ညှိနှိုင်း ဆွေးနွေးကြပါသည်။ ပထမတွင် မိုးညှင်း တောရကျောင်းတိုက် နေရာ၌ စခန်းဖွင့်လှစ်ရန် ကိုလူဖေဝင်းက အဆိုပြုပါသည်။ သို့သော် သွားရေးလာရေး အခက်အခဲရှိသဖြင့် ဗဟန်း ဦးအရိယကျောင်း၌ပင် သပိတ်စခန်းဖွင့်လှစ်ပါသည်။ တချိန်တည်းမှာပင် သပိတ်မှောက်ကျောင်းသားများ၏ စားရေးသောက်ရေး အတွက် သက်သာချောင်ချိရေးအဖွဲ့ကိုလည်း လူကြီးများက ပါဝင်ဖွဲ့စည်းခဲ့ပါသည်။ ထိုအဖွဲ့ကို ရန်ကုန်မြို့ပေါ်ရှိ ကုန်သည်ပွဲစားကြီးများဖြစ်ကြသော ဦးဖိုးခိုင်၊ ဦးဖိုးတတ်၊ ဦးအောင်ကြီးတို့က ဦးဆောင်ခဲ့ပါသည်။ ရိက္ခာပစ္စည်းနှင့် ရံပုံငွေများ ကောက်ခံခဲ့ပါသည်။

သပိတ်စခန်း တွင် ကျွန်တော်တို့သည် ပိုစတာများ၊ ကြေညာချက်များ ကမ်းလှမ်း ကြပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော "ယူနီဗာစီတီအက် ဥပဒေ ကျဆုံး ကြပါစေ၊ မက်ဟန်တား ပြန်သွား" စသည့် ပိုစတာများကို အတွင်းဝန်များရုံးရှိ ပညာမင်းကြီးရုံး စားပွဲ မှန်အောက်၌ ထားခဲ့ကြပါသည်။ ထိုစဉ်က ကျွန်တော်သည် သပိတ်စခန်း လှုပ်ရှားမှု သတင်းများကို မြန်မာ့အလင်း၊သူရိယသတင်းစာနှင့် Burma Observer, New Burma Rangoon Daily News အင်္ဂလိပ်သတင်း စာတိုက်များသို့ ပေးပို့ခဲ့သည်။

"ကောလိပ်သပိတ်၏ (၂၆) ဦးကောင်စီ"

သပိတ်တိုက်ပွဲမှာလည်းပိုမိုကျယ်ပြန့်လာပါသည်။ အထက်တန်းနှင့် အလယ်တန်းကျောင်းသားထုကလည်း ထောက်ခံဆန္ဒပြကြပါသည်။ ၁၉၂၀ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ကျွန်တော်တို့ ယူနီဗာစီတီ သပိတ် မှောက် ကျောင်းသားများ၏ မူလ ၁၁ဦး အဖွဲ့ အပြင် ကောင်စီကို တိုးချဲ့ဖွဲစည်းလိုက်ပါသည်။ ယင်းယူနီဗာစီတီသပိတ်မှောက် ကျောင်းသားများ၏ (၂၆) ဦးကောင်စီတွင် ပါဝင်ကြသူများမှာမူလ(၁၁) ဦးနှင့် တကွ (၁)ကိုလှစိန် (၂)ကိုဘတင် (၃)ကိုမြ (၄)ကိုမြင့် (၅) ကိုဖိုးကျား (၆) ကိုစိုးဝင်း (၇) ကိုဖိုးလတ် (၈)ကိုထွန်းဖေ (၉)ကိုဘဟန် (၁၀)ကိုဘကျော် (၁၁) ကိုလူဖေဝင်း (၁၂)ကိုမောင်ကို (၁၃)အီးမောင်စိန် (၁၄)အင်စီဆင်း (၁၅)မစ္စတာဘိုစ့် တို့ ဖြစ်ပါသည်။ ကျွန်တော်တို့ကျောင်းသားခေါင်းဆောင်များသည် အခြားမြို့နယ်များသို့ သွားရောက်၍ ကျွန်ပညာရေး ဆန့်ကျင်ရေး တရားပွဲများ ကျင်းပခဲ့ကြသည်။

" အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းသားများ "

အမှန်ဆိုရလျှင် ကျွန်တော်တို့ကျောင်းသားအုံကြွလှုပ်ရှားမှုသည် မိဖပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျယ်ပြန့်သော လူထုလှုပ်ရှားမှုအဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်မှာပင် အမျိုးသားပညာရေးစနစ်ကို မြှင့်တင်လိုသည့် စေတနာ ယုံကြည်ချက်ဖြင့် မျိုးချစ်ပညာတတ်ပုဂ္ဂိုလ်များက ကျွန်တော်တို့ သပိတ်မှောက် ကျောင်းသားများအတွက် ဗဟန်းတွင် အမျိုးသား
ကောလိပ်ကြီးကို ထူထောင် ဖွင့်လှစ် ခဲ့ပါသည်။ အမြို့မြို့အနယ်နယ်တွင်လည်း အမျိုးသားကျောင်းများ ပေါ်ပေါက်လာ ပါသည်။ ဝိုင်အမ်ဘီအေ အသင်းချုပ်၏ "အမျိုးဘာသာ၊သာသနာ" ဟူသော ကြွေးကြော် သံအောက်တွင် ပြည်သူလူထုနှင့်ကျောင်းသားထုမှာ ပိုမိုသွေးစည်းညီညွှတ်လာခဲ့သည်။

"အမျိုးသားနေ့နှင့် (၉) ကြိမ်မြောက် ဂျီစီဘီအေ စည်းဝေးပွဲ"

၁၉၂၁ခုနှစ် အောက်တိုဘာလ (၂၁ -၂၄)ရက်တွင် မန္တလေးမြို့၌ ဂျီစီဘီအေ အသင်းကြီး၏ နဝမအကြိမ်မြောက် ပြည်လုံးကျွတ်အစည်းအဝေးပွဲကြီး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ ကျောင်းသားကိုယ်စားလှယ် ကိုမြင့် တတ်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာအမျိုးသားနေ့ တနေ့ သတ်မှတ်ရန် စဉ်းစားကြသည်။ တချို့ ပုဂ္ဂိုလ်တို့က သီပေါမင်းပါတော်မူသည့်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်သင့် သည်ဟု အဆိုပြုသည်။ အချို့က နိုင်ငံရေးမျက်စိဖွင့်ပေးသည့် ဦးဥတ္တမ ကိုယ်တော်ကြီး မအူပင်တွင် ပထမဆုံးအကြိမ်ထောင်ကျသည့်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပေး ရန် တင်ပြကြသည်။ ယင်းသို့ အငြင်းပွားနေစဉ် ကျောင်းသားကိုယ်စားလှယ် ကိုမြင့်က "ပါတော်မူနေ့ဆိုသည်မှာ တမျိုးသားလုံး လွတ်လပ်ရေး ဆုံးရှုံးရသည့် နေ့ဖြစ်၍ အမင်္ဂလာနေ့ဖြစ်ကြောင်း၊ ဦးဥတ္တမ ထောင်ကျခံရသည့်နေ့မှာလည်း အမင်္ဂလာနေ့ပင်ဖြစ် ကြောင်း အမျိုးသားနေ့ကို သတ်မှတ်လျှင် ၁၉၂၀ခုနှစ်က ဗြိတိသျှနယ်ချဲ့ ကို ဆန့်ကျင် ကာ တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့သည့် တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့ကိုသာ အမျိုးသားနေ့၊ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်သင့်ကြောင်း" တင်ပြပါသည်။ ယင်းသို့ တင်ပြသဖြင့် အများသဘောတူဆုံးဖြတ်ချက်အရ တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။

ယခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ရက်နေ့ ဆိုလျှင် အမျိုးသားအောင်ပွဲနေ့သည် (၄၉) ကြိမ်မြောက် ခဲ့ပေပြီ။ လာမည့် ၁၉၇၀နှစ်ငါးဆယ်ပြည့် အမျိုးသားအောင်ပွဲနေ့ ရွှေရတုသဘင်ကို ကျွန်တော်တို့
တတွေ လှမ်းလင့် ကြိုဆိုကြပါစို့။

အောင်ဒင်

#အမှတ်တရဆောင်းပါး
#အမျိုးသားနေ့အကြိုဆောင်းပါး

03/11/2021

အသံတိတ်ပေမဲ့ အလံမလိပ်တဲ့ အာခံသပိတ်
“ကျောင်းမတက်နဲ့ ကျောင်းပျက်” လို့ CDM လုပ်နေတဲ့ ကျောင်းသားရဲဘော်များနဲ့ စစ်အာဏာရှင်စနစ်ကို အာခံလို့ “စစ်ကျွန်ပညာရေးကို မြောင်းထဲပို့၊ ငါတို့ကလေးကို ကျောင်းထဲမပို့ဘူး” ဆိုတဲ့ CDM ကျောင်းသား မိဘများခင်ဗျား…
စစ်အာဏာရှင်စနစ်ကို အခြေတည်လို့ ယန္တရားတစ်ခုလုံးကို ပြန်လည်လည်ပတ်နိုင်ဖို့ စစ်ကောင်စီ ကြိုးစားတည်ဆောက်နေပါပြီ…
အကြမ်းဖက်စစ်အုပ်စုဟာ ယခုဆိုလျှင် ကျောင်းသားလူငယ်များရဲ့ သွေးခင်းလမ်းမှာ ကျောင်းဆောက်လို့နေပါပြီ..
သွေးစွန်းသော အကြမ်းဖက်လက်များနှင့် ကျောင်းနံရံ ကို သေနတ်ထောက်လို့ ကျောင်းသားလူငယ်များရဲ့ အနာဂတ်ကို အကြောက်တရားနဲ့ တည်ဆောက်ဖို့ ကြိုးစားနေပါပြီ…
မိဘများရဲ့ ပညာတတ်စေလိုတဲ့ စိတ်စေတနာ ဆန္ဒကို အာသာဖြေပြဖို့ ကြိုးစားနေပါပြီ...
ဘယ်လောက်ပဲ တည်ဆောက်ပြပါစေ၊ မလုံခြုံသော ခံစားချက်၊ ကျီးလန့်စာ စားရသော ပုံမှန် ရပ်တည်ဖို့ မလွယ်ကူတဲ့ နေ့တွေမှာ ကျွန်တော်တို့ အနာဂတ်ကို ရှာဖွေနိုင်မှာမဟုတ်တာ အသေအချာပါပဲ….
ပညာရေးဟာ လူငယ်တိုင်းရဲ့ အနာဂတ်ဖြစ်ပါတယ်… ဟောင်းနွမ်းတဲ့စနစ်ဆိုးတွေကို ဖြိုဖျက်လို့ ပြန်လည်တည်ဆောက်ရမယ့် နိုင်ငံတော်ကို ပညာနဲ့ တည်ဆောက်ရမှာဖြစ်ပေမဲ့ ကျောင်းသားလူငယ်များရဲ့ သွေးစွန်းထားသော၊ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျွန်ပညာရေးကို ထောက်ပံ့လို့ လူငယ်များရဲ့ ဘဝကို ပြန် မသတ်ဖို့ မိဘများကို မေတ္တာရပ်ခံလိုက်ရပါတယ်…
စစ်ကျွန်ပညာရေးမှာ စာမသင်ဘဲ ဆက်လက်တော်လှန်အာခံကြ
စစ်ကျွန်ပညာရေးမှာ ကျောင်းမအပ်ဘဲ ဆက်လက်တော်လှန်အာခံကြ
ကျောင်းသားမရှိတဲ့ ခြောက်ကပ်တဲ့ ကျောင်းကို ပြသလို့ ဆက်လက်တော်လှန်အာခံကြ
ဘွဲ့ယူသူမရှိတဲ့ ကျက်သရေမဲ့ ဘွဲ့နှင်းသဘင်ကို ပြသလို့ ဆက်လက်တော်လှန်အာခံကြ
ပြည်သူ့အစိုးရနဲ့ ချိတ်ဆက်ကာ အနာဂတ်ကို ပညာနဲ့တည်ဆောက်ကာ ဆက်လက်တော်လှန်အာခံကြ
သွေးစွန်းလက်နဲ့ သုံးစားမရတဲ့ ပညာရေးစနစ်မှာ အနာဂတ်မရှိဘူး...
#အသံတိတ်ပေမဲ့အလံမလိပ်တဲ့အာခံသပိတ်
#သွေးစွန်းပညာရေးအလိုမရှိ
#မတရားတဲ့အမိန့်ဟူသမျှတာဝန်အရဖီဆန်ကြ
#အရေးတော်ပုံအောင်ရမည်
#အာဏာရှင်စနစ်ကျဆုံးရမည်

01/11/2021

ကျောင်းမပို့ “ဘူး”သပိတ်

အကြမ်းဖက်စစ်ကောင်စီသည် တရားမဝင်အစိုးရယန္တရားကြီး လည်ပတ်နိုင်အောင် အကြိမ်ကြိမ်ကြိုးစားနေလျက်ရှိရာ ယခုနိုဝင်ဘာလတွင်လည်း အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ အာဏာရှင်လက်အောက် ရုံးမတက်၊ ကျောင်းမတက် သပိတ်မှောက်ပြီးချိန် ယခုအခါ မိဘများကပါ "ကျောင်းမပို့ ဘူးသပိတ်" အာဏာရှင်ဆန့်ကျင်ရမည့်အချိန်ဖြစ်သည်။

◼️ အကြမ်းဖက်စစ်ကောင်စီသည် ကျောင်းသားများ ပညာသင်ယူတတ်မြောက်ရေးအတွက် ဖွင့်ခြင်းမဟုတ်ဘဲ ၎င်းတို့နိုင်ငံရေးအကျိုးအမြတ်ကိုသာကြည့်၍ ကျဆင်းနေသော အစိုးရယန္တရားကြီး လည်ပတ်နိုင်ရန်သာ ဆောင်ရွက်ခြင်းဖြစ်သည်။

◼️ ခံယူချက်ခိုင်မာသော ပြည်သူ့ဘက်တော်သား CDM ဆရာကောင်းများနှင့် ကျောင်းသားများအား မတရားဖိနှိပ်ဖမ်းဆီးထားပြီး ကျန်ရှိသည့် အလိုတူအလိုပါဆရာများနှင့် စစ်ကျွန်ပညာရေးကို စိတ်တိုင်းကျအသက်သွင်းရန် ကြိုးစားနေသည်။

◼️စစ်ကောင်စီတပ်ဖွဲ့များသည် တော်လှန်ရေး တပ်ဖွဲ့များအား အကြမ်းဖက်အဖွဲ့အဖြစ် ပုံဖျက်ရန် ကျောင်းတွင်းပစ်ခတ်ဖောက်ခွဲနိုင်သည်။ ကျောင်းတက်ရောက်လာသည့် ကျောင်းသားကျောင်းသူများအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အကာအကွယ်ယူနိုင်သည်။ သွေးစွန်းသောလက်များက ထိန်းချုပ်ထားသည့် စာသင်ခန်းအတွင်းသို့ မိမိသားသမီးများ အသက်အန္တရာယ်ကို အာမခံချက်မရှိဘဲ အတင်းမပို့ကြပါရန်တိုက်တွန်းပါသည်။

ယခုခေတ်တွင် ပညာရေးအဆက်မပြတ်ရန် မိမိနေအိမ်၌ပင် စိတ်ဝင်စားရာ ပညာရပ်အလိုက် Education Website, YouTube channel, သင်တန်းအသီးသီးမှ အချိန်မရွေး လေ့လာဆည်းပူးနိုင်နေပြီဖြစ်သည်။ အာဏာရှင်တို့၏ စစ်ကျွန်ပညာရေးကို ပြတ်ပြတ်သားသား ငြင်းဆန်သပိတ်မှောက်ကြပါ။ ငြိမ်းချမ်းလွတ်လပ်စွာ ပညာသင်ကြားနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ချိန်ရောက်မှ မိမိအဖိုးတန်သားသမီးများအား စာသင်ခန်းသို့ ပို့ပေးကြပါဟု မေတ္တာရပ်ခံတောင်းဆိုပါသည်။




#ဘူးသပိတ်
#ကျောင်းမပို့ဘူး
#ကျောင်းမတက်နဲ့_ကျောင်းပျက်
#မတရားတဲ့အမိန့်ဟူသမျှ_တာဝန်အရဖီဆန်ကြ
#အရေးတော်ပုံ_အောင်ရမည်
#စစ်အာဏာရှင်စနစ်_မုချကျဆုံးရမည်

Photos from Student Union Representatives Committee - SURC's post 31/10/2021

◾ကျောင်းသားသမဂ္ဂများမှ ပူးတွဲကြေညာချက်(မြန်မာဘာသာ)

ဤကြေညာချက်အား တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ အခြေခံပညာကျောင်းသားသမဂ္ဂများ၊ ပြည်ပအခြေစိုက်ကျောင်းသားသမဂ္ဂများ စုစုပေါင်း (၂၃၆) ဖွဲ့မှ ပူးပေါင်းထုတ်ပြန်သည်။

Photos from Student Union Representatives Committee - SURC's post 25/10/2021

ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ၏ ရပ်တည်ချက်
ကြေညာချက်အမှတ် (၀၄/၂၀၂၁)

23/10/2021

"စစ်ကောင်စီ၏ ငွေဝင်ပေါက်ကိုပိတ်ဆို့ဖို့ ပြည်သူ့အင်အားပြ ဆန္ဒထုတ်ဖော် လက်မှတ်ထိုးရန် ဖိတ်ခေါ်ပါသည်"

အကြမ်းဖက်စစ်ကောင်စီကို သက်ဆိုးရှည်စေသော အာဏာရှင်နှင့်အပေါင်းအပါတို့၏ စီးပွားရေးလုပ်ငန်းများအနက် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း - Myanmar Oil and Gas Enterprise (MOGE) မှ ရရှိသောဝင်ငွေမှာ မြန်မာနိုင်ငံသို့ စီးဝင်နေသော နိုင်ငံခြားငွေစုစုပေါင်း၏ ထက်ဝက်ကျော်ခန့်ရှိပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (1) billion ကျော်ရရှိနေသည်။

၎င်းဘီလီယန်နှင့်ချီသည့်ငွေအား အာဏာသိမ်းစစ်ကောင်စီမှ ချုပ်ကိုင်ထားလျက်ရှိရာ ဖက်ဆစ်စစ်အုပ်စုတို့ ပြည်သူလူထုအား အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်ရန်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ချေမှုန်းရန် အထောက်အပံ့ဖြစ်စေမည့် သွေးစွန်းကျည်ဆံငွေများသာ ဖြစ်နေသည်။

ထို့ကြောင့် စစ်ကောင်စီထံသို့ ငွေကြေးစီးဆင်းနေသည့် MOGE လုပ်ငန်းအား မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ ပိတ်ဆို့စေလိုကြောင်း ဖိအားပေးတောင်းဆိုနိုင်ရန် အောက်ဖော်ပြပါ Petition Link လေးခုလုံး၌ ဝင်ရောက်လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ဖို့ ပြည်သူလူထုတစ်ရပ်လုံးကို ဖိတ်ခေါ်ပါတယ်။

(1) MOGE နှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်နေသော France's Total Energies အား စစ်ကောင်စီထံသို့ ငွေကြေးလွှဲပြောင်းမှု ရပ်တန့်ကာ ကျည်ဆံဖိုး ဆက်လက်မထောက်ပံ့ဖို့ ဖိအားပေးတောင်းဆိုရန်။
Total Energies - https://actionnetwork.org/petitions/total-stop-being-an-accessory-to-min-aung-hlaing-the-myanmar-militarys-murder-campaign

(2) MOGE နှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်နေသော American Chevron Company အား စစ်ကောင်စီထံသို့ ငွေကြေးလွှဲပြောင်းမှု ရပ်တန့်ကာ ကျည်ဆံဖိုး ဆက်လက်မထောက်ပံ့ဖို့ ဖိအားပေးတောင်းဆိုရန်။

Chevron - https://bit.ly/nochevron


(3) MOGE နှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်နေသော Korea's POSCO Company အား စစ်ကောင်စီထံသို့ ငွေကြေးလွှဲပြောင်းမှု ရပ်တန့်ကာ ကျည်ဆံဖိုး ဆက်လက်မထောက်ပံ့ဖို့ ဖိအားပေးတောင်းဆိုရန်။

POSCO - https://bit.ly/poscopetition

(4) စစ်ကောင်စီက ချုပ်ကိုင်ထားသည့် MOGE လုပ်ငန်းအား စီးပွားရေးပိတ်ဆို့ဖို့ အမေရိကန်သမ္မတ Joe Biden ထံသို့ တောင်းဆိုရန်၊၊

Joe Biden - https://bit.ly/sanctionMOGE

Photos from Kyaing Tong Nursing & Midwifery Training School Students’ Union's post 18/10/2021

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ (၇.၁၀.၂၀၂၁) ရက်နေ့တွင် တရားမဝင် ပြန်လည်ဖွင့်လှစ်ပေးနေ‌သော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ Non_CDM အနေဖြင့် တတ်ရောက်ခဲ့ပါသော လောက်ကောင်များအား ဖော်ထုတ်တင်ပြလိုက်ခြင်း။

Photos from Students' Union League for Myanmar Nursing and Midwifery Training Schools's post 04/10/2021
28/09/2021

''ထွက်လို့သေတာ မဟုတ်ဘူးနော်
သေအောင် ပစ်သတ်နေလို့ သေတာ
ထိုင်ငိုနေလို့ ပြီးမယ့်ပွဲ မဟုတ်ဘူး
တိုက်ယူမှ ရမယ့်ပွဲ
ကျဆုံးသွားသော ငါတို့ရဲဘော်တွေအတွက်
ဆက်လက် တိုက်ပွဲဝင်မယ်''

မခင်ခင်ကြွယ်

ကြေညာချက်အမှတ်။ ။ ၅/၂၀၂၁

Website