အောင်ပွဲ တော်လှန်ရေးစာစဉ်
လူထုတော်လှန်ရေးအတွင်းနိုင်သည့်ဘက်?
ဗကသများအဖွဲ့ချုပ် (၈၇)နှစ်ပြည့် အထိမ်းအမှတ် ပိုစတာ
#ဗကသများအဖွဲ့ချုပ်
Kamikaze (အသေခံတိုက်ပွဲဝင်ခြင်း)
တယောက်မှ မကျန်တော့တဲ့အထိ ရန်သူကို တိုက်ခိုက်မယ်လို့ စစ်သားတိုင်းက ပြောတတ်ကြပါတယ်။
ဂျပန်စစ်သားတွေကလွဲလို့ ဘယ်သူမှ မလုပ်ခဲ့ဖူးတာကတော့ အမှန်တရားပါပဲ။
William Slim (Field Marshal, Supreme Allied Commander)
Kamikaze ဆိုတဲ့ စကားလုံးဟာ ဂျပန်စကားလုံး (kami-ဘုရား၊ kaze-လေ)တွေကို ပေါင်းထားတာဖြစ်ပါတယ်။ မွန်ဂိုတွေ ဂျပန်ကိုလာရောက်တိုက်ခိုက်စဉ်က တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်တွေစစ်နိုင်ခဲ့ရတဲ့ ဖြစ်ရပ်ကနေ ဆင်းသက်လာပါတယ်။
၁၉၄၄လောက်မှာ ဂျပန်ဟာ သိသိသာသာ စစ်ပွဲမှာ အရေးနိမ့်စပြုလာပါပြီ။ အရေးကြီးတဲ့ နေရာအတော်များများကို လက်လွှတ်ခဲ့ရတဲ့အပြင် အကောင်းဆုံးလေယာဉ်မှူးတွေကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ အစားထိုးခန့်အပ်နိုင်မယ့် လေယာဉ်မှူးတွေလည်း မရှိတဲ့အဖြစ်မျိုးတွေ၊ မဟာမိတ်အုပ်စုတွေလောက် လက်နက်ပစ္စည်းမပြည့်စုံမှုတွေကြောင့် Kamikaze နည်းလမ်းကို အသုံးပြုဖို့ အကြောင်းဖန်လာပါတော့တယ်။
ဒါအပြင် ဂျပန်တွေဟာ ရန်သူကိုလက်နက်ချတာထက် အသေခံတိုက်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုးကမှ သိက္ခာရှိတဲ့ လုပ်ရပ်လို့ လက်ခံထားကြသူတွေပါ။ ဒါကြောင့် သေမဲ့အတူတူ ရန်သူကိုလည်း ရနိုင်သမျှ တိုက်ခိုက်မယ့် ဆာမူရိုင်းအတွေးအခေါ်ကြောင့် Kamikaze အယူအဆတွေ ပိုပြင်းထန်လာတာ ဖြစ်နိုင်ပါတယ်။
Kamikaze မစ်ရှင်တွေမှာ အရည်အချင်းနည်းသေးတဲ့ ပညာသင် ပိုင်းလော့တွေကို အတွေ့အကြုံ၊ အရည်အချင်းရှိတဲ့ ပိုင်းလော့တယောက်က ဦးဆောင်ပြီး တိုက်ခိုက်ကြတာဖြစ်ပါတယ်။
Kamikaze စစ်သားတွေကို လေယာဉ်မောင်းအတွေ့အကြုံတွေထက် ငယ်ရွယ်မှု၊ နိုးကြားတက်ကြွမှုနဲ့ စိတ်အားထက်သန်မှုစတဲ့ အချက်တွေနဲ့ ရွေးချယ်ပါတယ်။ အတွေ့အကြုံမရှိတဲ့ ပိုင်းလော့တွေဟာ ရန်သူ့စစ်သင်္ဘောတွေကို တိုက်ခိုက်တဲ့အခါ(သို့) ရန်သူလေယာဉ်တွေနဲ့ ပြန်တိုက်ရတဲ့အခါမှာ အနိုင်ရဖို့ အခွင့်အရေး နည်းတာကြောင့်လည်းပါပါတယ်။ ဒါအပြင် စစ်ပြီးကာနီးကာလမှာ ဂျပန်ရဲ့ စစ်လက်နက်ထုတ်လုပ်နိုင်မှု ကျဆင်းလာတဲ့အတွက် သက်တမ်းလွန်နေတဲ့ လေယာဉ်တွေကိုပါ ထည့်သုံးနိုင်တဲ့ kamikaze missionတွေကို ရွေးချယ်ဖို့ ပိုအခွင့်သာလာတာ ဖြစ်ပါတယ်။ ရန်သူစစ်သင်္ဘောရဲ့ မီးခိုးခေါင်းတိုင်တွေ၊ လေယာဉ်တင်သင်္ဘောတွေရဲ့ လေယာဉ်ပြေးရာ ကုန်းပတ်တွေ၊ ဗုံးကြဲလေယာဉ်တွေဟာ kamikaze missionတွေရဲ့ အသေခံ တိုက်ခိုက်ဖို့အတွက် အဓိကပစ်မှတ်ဖြစ်ပါတယ်။
Kamikazeမစ်ရှင်တွေကြောင့် မဟာမိတ်တွေ ဘယ်လောက်အထိနာခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ယခုအထိ အငြင်းပွားနေရတုန်းပါ။ အမေရိကန်လေတပ်ရဲ့ ဝက်ဘ်ဆိုက်မှာတော့ kamikazeတိုက်ခိုပ်မှုတွေကြောင့် စစ်သင်္ဘော ၃၄ စင်းနှစ်မြုပ်ခဲ့ရပြီး ၃၆၈ စင်းကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးခံခဲ့ရတယ်လို့ သိရပါတယ်။ တပ်သား ၄၉၀၀သေဆုံးခဲ့ရပြီး ၄၈၀၀လောက် ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ပွဲတလျှောက် နစ်မြှုပ်ခဲ့ရတဲ့ သင်္ဘောအရေအတွက်ရဲ့ ၈.၄%ဟာ kamikazeတိုက်ခိုက်မှုတွေကြောင့်လို့ ဖော်ပြထားပါတယ်။
Kamikazeနည်းတူ အသေခံတိုက်ခိုက်တဲ့ ပုံစံအချို့ကိုလည်း ဂျပန်တွေဟာ ဆောင်ရွက်ခဲ့ပါသေးတယ်။
ရေငုပ်သင်္ဘောကို ဖောက်ခွဲရေးပစ္စည်းအပြည့်တင်ကာ ရန်သူ့စစ်သင်္ဘောနားတွင် အသေခံဖောက်ခွဲခြင်း၊ လူကိုယ်တိုင် မောင်းနှင်ရတဲ့ တော်ပီဒိုများ အသုံးပြုကာ တိုက်ခိုက်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။
အသေခံပြီး တိုက်ခိုက်ခဲ့တဲ့ Kamikaze စစ်သားတွေနဲ့ ပတ်သက်ပြီး နောက်မျိုးဆက်တွေမှာ အယူအဆတွေ အမျိုးမျိုးကွဲပြားနေပါတယ်။
ဒီလိုမျိုး အသေခံတာဟာ အသက်တွေ အလကားဆုံးရှုံးခံတာလို့ ဝေဖန်ကြတာတွေအထိ ဖြစ်လာပါတယ်။
တချို့ကတော့ မျိုးချစ်စိတ်ဓာတ်ကြောင့် လုပ်ရတာလို့ ပြန်ငြင်းပါတယ်။
(ဖက်ဆစ်ဝါဒ မကောင်းတာကို အားလုံး သိပြီးဆိုပေမယ့် စစ်ရေးကိစ္စကို အဓိကပြောချင်တာမလို့ ဆက်ပြောပါမယ်။)
ဘာဖြစ်လို့ ဒီလိုမျိုးအယူအဆတွေ ကွဲရသလဲဆိုတော့ ကိုယ်ပိုင်ဆန္ဒအရ Kamikazeစစ်သားလုပ်ခဲ့တဲ့သူတွေနဲ့ အတင်းအကျပ် အမိန့်အရ လုပ်ခဲ့ရတဲ့သူတွေ ကွဲပြားတာကြောင့်ဖြစ်ပါတယ်။ အသေခံဖို့အတွက် အလုအယက်စာရင်း ပေးခဲ့တာတွေရှိသလို အမိန့်အရလုပ်ဆောင်ခဲ့ရသူတွေရှိတာကိုလည်း ငြင်းလို့မရပါဘူး။
သေချာတခုကတော့ kamikaze mission တွေဟာ မဟာမိတ်တပ်တွေကို အတိုင်းအတာတခုအထိ အထိနာစေခဲ့တာပဲဖြစ်ပါတယ်။
ဂျပန်လက်နက်ချခဲ့ပြီး နောက်တနေ့မှာ ဒုတိယရေတပ်ဗိုလ်ချုပ် Takijiro Onishi ဟာ ဆာမူရိုင်းရိုးရာရာပုံစံဖြင့် ဗိုက်ကို ဓားဖြင့်ကန့်လန့်ခွဲကာ သတ်သေခဲ့ပါတယ်။
၁၉၄၅မှာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Kantaro Suzuki ကတော့ "ဒီလိုမျိုးအသေခံပြီးတိုက်ခိုက်ခဲ့ရတာဟာ ရှုံးနိမ့်မှုကြောင့်ပါ" လို့ စစ်ပြီးတဲ့နောက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။
ယွန်းနီ
[ကိုးကား
- Kamikaze - Japan's Su***de Gods by Albert Axell and Hideaki Kase
- Wikipedia]
ဝါဒဖြန့်ခြင်း( propaganda) ဆိုတဲ့စကားလုံးဟာ “အတွေးအခေါ်တွေကို ဖြန့်ဖြူးသည်၊ တိုးမြင့်လုပ်ဆောင်သည်” ဆိုတဲ့ လက်တင်စကားလုံး(propagare)၊ ကြိယာကိုနာမ်အဖြစ်ပြောင်းသုံး ထားခြင်းဖြစ်ပါတယ်။ ၁၆၂၂တွင်ပုပ်ရဟန်းမင်းကြီးသည် Sacra Congregatio de Propaganda Fide ကို ရောမခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ယုံကြည်မှုတိုးအောင်လုပ်ဆောင်ဖို့ တည်ထောင်ခဲ့ပါသည်။
သူတို့အလေးအထားတဲ့ ဘာသာရေး လူစုလူဝေးရဲ့ရည်ရွယ်ချက်ဟာ ကမ္ဘာအကြီးကိုသက်ဝင်ယုံကြည်မှု တိုးလားစေဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒီနေရာမှာဝါဒဖြန့်ခြင်းရဲ့ မူလအဓိပ္ပာယ်အနှစ် သာရကပျောက်ဆုံးနေပါပြီ။၂၀ရာစုအစပိုင်းပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်ကာလတွေမှာသုံးတဲ့အသုံးပြုပုံတွေကိုကြည့်ရင်တော့ ဒီစကားလုံးရဲ့ သဘောကျစရာမကောင်းတဲ့ အဓိပ္ပါယ်တွေကိုပိုတိုးလာစေမှာပါ။
ယခုအချိန်မှာဝါဒဖြန့်ခြင်းကို ခေါင်းစဉ်တပ်လျှင်တော့ လိမ်လည်လှည့်ဖျားတဲ့အရာလို့ တပ်ကြမှာပါ။ ဒုတိယကမ္ဘာစစ်ကဝါဒဖြန့်ခြင်းကို အဆုံးသတ် လိုက်တာနဲ့ တစ်ပြိုင်နက်ဒီအကြောင်းအရာကို လေ့လာတဲ့ပညာရှင်တွေက ဝါဒဖြန့်ခြင်းလို့ မသုံးကြတော့ဘဲ စိတ်ပိုင်းဆိုင်ရာနဲ့အပြုအမူတွေကို ပြောင်းလဲပေးမှု၊ဖြားယောင်းမှုလို့ စတင်နားလည်လာခဲ့ကြပါတယ်။ လူမှုစိတ်ပညာနဲ့လူမှုဆက်သွယ်ရေးကဲ့သို့သော ဘာသာရပ်တွေနဲ့ လူမှုသိပ္ပံလေ့လာမှုတွေတိုးတတ်လာခြင်းက ဝါဒဖြန့်ခြင်းကို ဖျားယောင်းခြင်းလို့ သိသာစေခဲ့ပါတယ်။ Doob (1948)
ဝါဒဖြန့်မှု ဆိုသည်မှာ -
ကိုယ်ရည်ကိုယ်သွေးကို အကျိုးသက်ရောက်မှုရှိရန် တစ်ဦးတစ်ယောက်ချင်းစီ၏ အပြုအမှု ဆောင်ရွက်ချက်များကို အဆုံးစွန်ထိ ထိန်းချုပ်ရန် ကြိုးပမ်းမှု ဖြစ်သည်။ Burnett (1989)
ဝါဒဖြန့်ခြင်းသည် ဆက်သွယ်မှု ကြားခံနယ်အမျိုးမျိုးတွင် အတွေးအခေါ်ကို သယ်ဆောင်ပေးခြင်း ၊ လွမ်းမိုးနိုင်သည့် အတွေးအခေါ်များကို ပုံသွင်း ပေးခြင်း တို့ကို ဆောင်ရွက်နိုင်သည် ။
Sproule (1994) သည် ဝါဒဖြန့်ချိခြင်းကို စနစ်တကျ နည်းလမ်းများဖြင့် ပြည်သူထုအား စည်းရုံးသိမ်းသွင်းမှု အဖြစ် ဖော်ထုတ်ခဲ့သည်။
ဝါဒဖြန့်ခြင်းသည် အဖွဲ့အစည်းကြီးများ သို့မဟုတ် အုပ်စုများက အထူး အကျိုးအမြတ်ရရန်အတွက် ပြည်သူလူထုအား ကြီးမား၍ စနစ်ကျသည့် အစီအမံများဖြင့် ဆွဲဆောင်စည်းရုံးခြင်း ကို ဖော်ပြသည် ။
Rogers (1994)
"ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ဖက်ဒရယ်အစိုးရ များသည် ဆွဲဆောင်သူများ၏ အကျိုးစီးပွားနှင့် ရည်ရွယ်ချက်အကြောင်း ပြသနာဖြစ်စေမည့် မေးခွန်းများကို မြှင့်တက်မှုမရှိစေဘဲ မှုဝါဒချမှတ်သူများအတွက် အသုံးဝင်သော သုတေသနကို အထောက်အပံ့ပေးရန် စိတ်အား ထက်သန်ကြသည်။ "
Simpson (1994)
သွယ်ဝိုက်ကာအနုတ်သဘောဆောင်သည့် ထင်မြင်ယူဆချက်များကြောင့် ဝါဒ ဖြန့်ချိရာတွင် ပြဿနာများ ဖြစ်ပေါ်လာတတ်ပြီး ၎င်းဝါဒဖြန့်ချီခြင်း အမျိုးအစားအမျိုးမျိုးကို ခွဲခြားရန် အရေးကြီးလာပါသည်။ ၎င်းသည် ကျွန်ုပ်တို့ကို အပြုသဘောနှင့် အနုတ်သဘော ဆောင်သည့်လက္ခဏာများကို ခွဲခြားရန် ကူညီပေးပါသည်။ (Szanto, 1977)။
ဝါဒဖြန့်ခြင်းအမျိုးအစားသုံးမျိုးကို အဓိပ္ပါယ် သတ်မှတ်သည်။
အဖြူရောင်ဝါဒဖြန့်ခြင်း (White Propaganda)
၎င်းအမျိုးအစားသည် သတင်းအချက်အလက်၏ ဇာစ်မြစ်ကိုသိရှိပြီး အကြောင်း အရာကို မှန်ကန်သည်ဟုယူဆသော ဝါဒဖြန့်ခြင်းအမျိုးအစားဖြစ်သည်(Guth, 2009)။
၎င်းသည်အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ကော်ပိုရေးရှင်းများနှင့်အစိုးရများက ပြုလုပ်သော ကြော်ငြာအများစုကို လွှမ်းခြုံထားသည်။ အဖြူရောင်ဝါဒဖြန့်မှု၏ ဥပမာတစ်ခုမှာ အစိုးရမှ ယာဉ်မောင်းများကို အရက်သောက်ပြီး ကားမောင်းခြင်းမှ တားဆီးရန်အတွက် ကြားခံဆက်သွယ်အသုံးပြုခြင်းဖြစ်သည်။ အလားတူစွာ ကော်ပိုရေးရှင်းမျာ၏ မခိုင်မာသည့် ရှင်းလင်းချက်များဖြင့် သူတို့၏ထုတ်ကုန်များကိုမြှင့်တင်ခြင်းကို အဖြူရောင်ဝါဒဖြန့်ခြင်း အဖြစ် ရှုမြင်နိုင်သည်။ သို့ရာတွင်၊ ၎င်းတွင်အရင်းအမြစ်ကို သိပြီးဖြစ်သော်လည်း သတင်း အချက်အလက် မှားယွင်းနေလျှင် ၎င်းကိုရှင်းလင်းရန် လိုအပ်သောစစ်ဆေးမှုများနှစ်ခု ရှိကြောင်း သတိပြုရန်အရေးကြီးပြီး ထို့နောက်၎င်းကို အဖြူဝါဒဖြန့်ခြင်းဟုမခေါ်ဆိုနိုင်ပါ။ ဥပမာအားဖြင့်၊ အကယ်၍ အစိုးရ လူမှုဖူလုံရေး အစီအစဉ်၏ စွမ်းဆောင်ရည်နှင့် ပတ်သက်သည့် အချက်အလက်များကိုထုတ်ပြန်ပြီး၊ အချက်အလက်ကိုယ်တိုင်က လိမ်လည်မှု သို့မဟုတ် ယုံကြည်စိတ်ချရမှုမရှိပါက ၎င်းသည်အရင်းအမြစ်ကို သိရှိထား သော်လည်း အဖြူဝါဒဖြန့်ခြင်းဟုမယူမှတ်ပါ။
အနက်ရောင်ဝါဒဖြန့်ခြင်း (Black Propaganda)
ဤဝါဒဖြန့်ချိရေးအမျိုးအစားတွင် အရင်းအမြစ်၏မူလအစကို မသိရှိရဘဲ ထုတ်လွှင့် နေသော သတင်းအချက်အလက်များလည်း မမှန်ပါ (Guth, 2009) ။ ဤသို့သော ဝါဒဖြန့်မှုသည် စစ်ရေးကြိုးပမ်းမှုများနှင့် နိုင်ငံရေးစျေးကွက်များတွင် အများအားဖြင့် တွေ့ရသည်။ ဥပမာအားဖြင့် အမေရိကန်၏အီရတ်စစ်ပွဲသည် အဖြစ်အပျက်မျိုးစုံကို ဖော်ပြနေသည်။ အမေရိကန်ဝါဒဖြန့်ချိရေးစက်ယန္တရားများက ပြည်သူလူထု၏ စစ်ပွဲအမြင်နှင့်ပတ်သက်၍ မျက်နှာသာရရန် အမေရိကန်ပြည်သူများကို သတင်းမှားများ လုံလောက်စွာ ဖြည့်ဆည်းပေးခဲ့သည်။ စစ်ပွဲအစတွင် လိမ်လည်စာရွက်စာတမ်းများအရ အီရတ်အစိုးရသည် ဇီဝဗေဒနှင့်နျူကလီးယားလက်နက်များ အစုလိုက်အပြုံလိုက် ဖျက်ဆီးခြင်းလက်နက်များ ပိုင်ဆိုင်ထားသည်ဟု စွပ်စွဲခဲ့သော်လည်း အမေရိကန်၏ ကျူးကျော်မှုအပြီးတွင် ထိုသို့သောပြောဆိုမှုများကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ စုံစမ်းစစ် ဆေးရေးသတင်းထောက် Seymour Hershရေးသားခဲ့သည်- "ကုလသမဂ္ဂ စစ်ဆေးရေး အဖွဲ့၀င်တစ်ဦးက အမေရိကန်နှင့်ဗြိတိသျှတို့၏ ရပ်တည်ချက်ကို အားပေးပြီး စီစဉ်ထား ရှိသောဒါဇင်နဲ့ချီသော အတည်မပြုနိုင်သော၊ အတည်မပြုနိုင်သော ထောက်လှမ်းရေး အစီရင်ခံစာများနှင့် မလှုပ်ရှားနိုင်သည့် ထောက်လှမ်းရေးဟု လူသိများသော အချက် အလက်များကို MI6 ထောက်လှမ်းရေးအဖွဲ့ထံ မြှုပ်နှံသိမ်းဆည်းထားပြီး လန်ဒန်နှင့် အခြားဒေသများရှိသတင်းစာများသို့တိတ်တဆိတ်လွှဲပြောင်းပေးသည်။” (Hersh,2003)
သတင်းမှားဆိုသည်မှာဝါဒဖြန့်ချိရေးကို အခြားအဓိပ္ပာယ်အနေဖြင့် ဖွင့်ဆိုနိုင် သည်။ ၎င်းကို လျို့ဝှက်ကိစ္စနှင့် မမှန်ကန်သတင်းများဖြန့်ဝေရာတွင် သုံးသည်။ ထို့ကြောင့် ၎င်းကို အနက်ရောင်ဝါဒဖြန့်ခြင်းတွင် ထည့်သွင်းစဉ်းစား နိုင်သည်။မမှန်ကန်သော၊ မပြည့်စုံသော၊ လွှဲမှားသော သတင်းအချက်အလက်များသည် တစ်ဦးတစ်ယောက်၊ အဖွဲ့ သို့မဟုတ် နိုင်ငံဆီသို့ ဦးတည်ရည်ရွယ် ဖြန့်ဝေခြင်း၊ သဲလွန်စချခြင်း၊ သတင်း အတည်ပြုချက်ရယူခြင်းဖြစ်သည်။(Shultz et al., 1984)
ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး Joseph Goebbels က အမှန်တရားကို ရိုးရိုးရှင်းရှင်းသွေဖယ်ခြင်းထက် 'အစွန်းရောက်ခြင်းနှင့်ပွင့်လင်းခြင်း”သည် လူထု၏ယုံကြည်မှုရရှိရန် ပိုမိုထိရောက်လိမ့်မည်ဟု ထင်မြင်ချက်ပေးခဲ့သည် (Bogart, 1995)။ ထို့ကြောင့်အချိန်ကြာလာသည်နှင့်အမျှ ဝါဒဖြန့်သူများသည် အလွန်အမင်း နှစ်ဖွဲ့ကွဲစေ နိုင်ခြင်းနှင့်ကွဲပြားနေသည့် သတင်းမက်ဆေ့ခ်ျများ ဖြန့်ဝေလေ့ရှိသည်။ မဟာမိတ်များက ပင်အနက်ရောင်ဝါဒဖြန့်မှုကိုအသုံးပြုသည်။ ဗြိတိန်ထောက်လှမ်းရေးသည် ပုလဲဆိပ်ကမ်းကို ဂျပန်တို့မတိုက်ခိုက်ခင်နှစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုကို စစ်တိုက်ရန် ကြိုးပမ်းခဲ့သည်။ အနက်ရောင်ဝါဒဖြန့်မှုအကျင့်၏ အတိုင်းအတာသည် အရင်းအမြစ်၏ ယုံကြည်ကိုးစားမှုကို ပရိသတ်၏လက်ခံမှုအပေါ်နှင့် သတင်းမက်ဆေ့ချ် အကြောင်းအရာပေါ် မူတည်သည်။ သတင်းမက်ဆေ့ခ်ျ သို့မဟုတ် အရင်းအမြစ်သည် ပရိသတ်၏လက်ခံထား သည့် လူမှုယဉ်ကျေးမှုနှင့်နိုင်ငံရေးမူဘောင် ပြင်ပသို့ရောက်သွားလျှင် ဝါဒဖြန့်ရန် ကြိုးပမ်းမှုများသည် ကျရှုံးနိုင်ချေရှိသည်။ ဤတွင်အနက်ရောင်ဝါဒဖြန့်ခြင်း၏ ကျရှုံးခြင်း သည် များသောအားဖြင့် အကြီးအကျယ်အနုတ်လက္ခဏာ သက်ရောက်မှုရှိသည် မဟုတ်ကြောင်း သတိပြုစိတ်ဝင်စားဖို့ကောင်းပါသည်၊ ဆိုလိုသည်မှာ အများပြည်သူများ သည် မကြာမီသူတို့လှည့်ဖြားခံခဲ့ရသည့် အကြောင်းအရာများနှင့် ထိုလှည့်ဖျားကြိုး ကိုင်ခံရမှုကြောင့် စိတ်ပျက်စရာကိစ္စကိုလည်း ရှေရှည်စိတ်မပျက်နိုင်ဘဲ အချိန်ကာလ တစ်ခုတွင် မေ့လျော့သွားနိုင်လို့ဖြစ်သည်။
မီးခိုးရောင်ဝါဒဖြန့်ခြင်း (Grey Propaganda)
၎င်းဝါဒဖြန့်ချီခြင်းအမျိုးအစားကို ဝါဒဖြန့်ချီသူများနှင့် ပြည်သူ့ဆက်ဆံရေး ကျွမ်းကျင်သူများက လုံးဝကို လက်ခံသည်။ ဤတွင်အချက်အလက်များ၏ အရင်းအမြစ် သံသယဖြစ်ဖွယ်နှင့် သတင်းအချက်အလက်ရဲ့ မှန်ကန်မှုကိုလည်းသံသယဖြစ်ဖွယ်ရှိပါသည်။ ၎င်းအမျိုးအစားသည် ၀ါဒဖြန့်ချိသူအား အားသာချက်နှစ်ခုပေးသည်။ ပထမအချက်မှာ သတင်းအမှန်တရားအချို့နှင့် ဝါဒဖြန့်ချီမည့်အကြောင်းအရာကို ပေါင်းစပ်လိုက်သောအခါ ဤဝါဒဖြန့်ချိမှုသတင်းမှန်မမှန်ကို ခွဲခြားသတ်မှတ်ရန် အလွန်ခက်ခဲသည်၊ နှင့် ဒုတိယအချက်မှာ သတင်းအရင်းအမြစ်ကို သံသယဖြစ်နေသောလည်း ကျူးလွန်သူများသည် အပြည့်အဝငြင်းပယ်နိုင်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည်ထိုနည်းစနစ်ကိုထပ်ခါထပ်ခါ သုံး၍ ရနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်နေရာတိုင်းမှာ မီးခိုးရောင်ဝါဒဖြန့်ခြင်းနှင့် ပတ်သက်၍ မြင်နေရသည်မှာ အံ့သြဖွယ်မဟုတ်ပါ။ ကမ္ဘာတဝန်းလုံးရှိ ကော်ပိုရေးရှင်းများနှင့် အစိုးရများသည် ၎င်းဝါဒဖြန့်ခြင်းမျိုးကို အသုံးပြုလေ့ရှိသည်။ ကော်ပိုရေးရှင်းများ၏ 'မှားယွင်းစွာဖော်ပြထားသော' အစီရင်ခံစာအချက်အလက်များ ၊ FMCG ကုမ္ပဏီများသည် ၎င်းတို့စီးပွားရေးလုပ်ငန်း၏ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ မျက်စိနှောက်စရာကောင်း သော ရှင်းလင်းချက်များ၊ ထင်ပေါ်ကျော်ကြားမှုများ၊ ထုတ်ကုန်များကိုမြှင့်တင်ရုံအတွက်သာ ထုတ်လုပ်သည့်ရုပ်ရှင်များနှင့် ဘာသာရေးအမည်ဖြင့် ပုဂ္ဂိုလ်ရေးကြွယ်ဝမှုကို သိုလှောင်ထား သည့် ရုပ်မြင်သံကြားသတင်းသမားများရှိသည်။
(PROPAGANDA AS COMMUNICATION STRATEGY:
HISTORIC AND CONTEMPORARY PERSPECTIVE) ကို ရဲဘော်များမှ ဆီလျော်အောင် ထုတ်နှုတ်ဘာသာပြန်ထားသည်။
စစ်ပြန်ခြင်း ၃ ပါး
‘စစ်ပြန်ခြင်း’ ဆိုသည်မှာ စစ်ခံ စစ်ထိုး ဆင်နွှဲပြီးနောက် မိမိ၏ တပ်ဘက်မှ အရပ် အနေ မသင့် အရေးမလှ၍ ဆုတ်ခွာရသောအခါ အအုပ်အစည်းမပျက် စစ် ဆုတ် စစ်ပြန်ခြင်းကို ဆိုလိုသည်။ စစ်ပွဲတွင် အဆင်မပြေ၍ ဆုတ်ခွာရသောအခါ ဣန္ဒြေမပျက် ဆုတ်ခွာနိုင်ရန် အရေးကြီးသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ဖြစ်၏။ စစ်ပြန်ခြင်း ဗြိတိသျှတို့၏ ‘အောင်မြင်စွာ ဆုတ်ခွာသည်’ ဟူသော စကားကဲ့သို့ သည် စစ်ပွဲကို ဆင်နွှဲသော တပ်များအဖို့ အရေးကြီးလှသည်။ ထို့ကြောင့် သေနင်္ဂဗျူဟာ ကျမ်းများတွင် စစ်ပြန်ခြင်း (သေနာနိဝတ္တန ဗျူဟာ) ကို တစ်သီးတစ်သန့် တစ်ကဏ္ဍပြု၍ ထည့်သွင်းထာခြင်း ဖြစ်သည်။
စစ်ပြန်ခြင်း ၃ ပါးရှိသည်။
(က) အဂ္ဂိဇာလ ဗျူဟာ။
မီးထွန်းသကဲ့သို့ စစ်ပြန်ခြင်း။
(ခ) အမာဝါသီ ဗျူဟာ။
လကွယ်သကဲ့သို့ ဆုတ်ပြန်ခြင်း။
(ဂ) သီဟကဲ့သို့ စစ်ပြန်ခြင်း။
ခြင်္သေ့သွား သကဲ့သို့ စစ်ပြန်ခြင်း။
စစ်ပြန်ခြင်း သုံးပါး၏ အဖွင့်မှာ ဤသို့ဖြစ်၏။
(က) မီးထွန်းသကဲ့သို့ စစ်ပြန်ခြင်း
မြူမှေးရိပ်မှောင်၊ ရှင်းလင်းအောင်လျှင်၊ မီးရောင်မြို့ရဲ့၊ ထွန်းသကဲ့သို့ကြွင်းမဲ့ထင်ရှားသူ့တပ်သားကိုကွယ်တားမဆီးသိစေပြီးမှ၊ ခရီးသင့်ရာဆုတ်ခဲ့လာသည်စစ်ခွာတစ်တန်၊ တစ်ပါးမှန်၏. . . ၁
မည်းမှောင်လှသော ညဉ့်အခါတွင် အမှောင်ကိုဖျောက်ကာ မီးထွန်းဘိသကဲ့သို့ ထင်ရှားစွာ တစ်ဖက်ရန်သူ တပ်သားများအား အကာအကွယ် အတားအဆီး မရှိ သိမြင်စေ၍ မိမိနှင့် သင့်ရာအရပ်သို့ စစ်ဆုတ်ခွာခြင်း ဖြစ်သည်။ အသျှင် ဩဘာသာ ဘိဝံသ၏ အဆိုမှာမူ အဂ္ဂိဇာလဗျူဟာ ဟူသည် မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ဝါးမျို ဖျက်ဆီး၍ ဆုတ်ပြန်ခြင်း ဖြစ်သည်ဟု ဖွင့်ပြသည်။
(ခ) လကွယ်သကဲ့သို့ စစ်ပြန်ခြင်း
“တပ်ပြန်သွားမည်၊ ရိပ်ခြည်မထင်၊ မမြင်ရအောင်၊
တောင်ရှောင်မြောက်ကွယ်၊ ယမယ်ရိုးဖွဲ့၊ ဆုတ်ခွာခဲ့သည်၊
လကွဲ သဏ္ဌာန်၊ ထုံးစစ်ပြန်တည့်"
မိမိတပ်ဆုတ်ပြန်တော့မည်ဟု ဆိုလျှင် တစ်ဖက်ရန်သူတပ်ကို မမြင်ရလေ အောင် ရှောင်ပုန်းကွယ်ဝှက် ဆုတ်ခြင်း ဖြစ်သည်။ လကွယ်နေ့ ညအခါ အမိုက်တိုက် ဖုံးလွှမ်းကာ မည်သည့်အရာကိုမျှ မမြင်ရသကဲ့သို့ အသက်အသံမပြု စည်းကမ်းသေဝပ် စွာ ရှောင်ခွာခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။
(ဂ) ခြင်္သေ့သွားသကဲ့သို့ စစ်ပြန်ခြင်း
‘ဝေဖန်ခန့်ထား၊သူရဲများနှင့်၊ ခြားနားလှည့်လည်၊
မင်းရှေ့တည်၍၊ ပြန်သည်မှာကား၊ တောဖျားမြိုင်စွန်း
ဟေမဝန်ဝယ်၊ ကျော်ဝှန်ရန်ခွင်းခြင်္သေ့မင်းနှင့်၊ နှိုင်းခင်းစစ်ပြန်ကြောင်းတစ်တန်တည့်”၃
တော၏အဖျား မြိုင်၏အစွန် တောဟေမဝန်တွင် ရန်အပေါင်းတို့ကို ဖြိုခွင်း နိုင်သော ခြင်္သေ့မင်းသည် မြူးတူးခုန်ကြွား ဆုတ်ပြန်သွားသကဲ့သို့ စစ်ကို ဆုတ်ပြန်သော အခါ မင်းကို ရှေ့ထားကာ ရဲရဲဝံ့ဝံ့ တင်းတင်းမာမာ ရှေ့တက် နောက်ဆုတ်ကာ ပြန်ခြင်း ဖြစ်သည်။
အခြားစစ်ပြန်ခြင်း ၃ ပါး
ဖော်ပြပါ စစ်ပြန်ခြင်း (သေနာနိဝတ္တန ဗျူဟာ) ၃ ပါးအပြင် အခြား စစ်ပြန် ခြင်း ၃ ပါး ရှိသေးကြောင်း သေနင်္ဂဗျူဟာ ကျမ်းများတွင် ပြဆိုသည်။ ယင်း စစ်ပြန်ခြင်း ၃ ပါးမှာကား
(က) သတ္ထနာဒိဗျူဟာ
လက်နက်သံပေး ဟစ်ကြွေး ကြိမ်းမောင်း၍ ပြန်ခြင်း။
(ခ ) မဂ္ဂဆိန္ဒ ဗျူဟာ
(တပ်ဆုတ်ရာ) ခရီးလမ်းပန်း တံတား တို့ကိုဖျက်၍ ပြန်ခြင်း။
(ဂ) စိရတ္တ ဗျူဟာ
ကြာမြင့် ဖြည်းနှေးစွာ နေ၍ ပြန်ခြင်း။
စသည်တို့ ဖြစ်ကြသည်။
"မြန်မာ့စစ်မှတ်တမ်းနှင့် သေနင်္ဂဗျူဟာများ" စာအုပ်မှ ထုတ်နုတ်ထားခြင်းဖြစ်သည်။
စစ်ပွဲ၏ဥပဒေသများ ( Laws of War )
ပထမဥပဒေ -
"စစ်ပွဲ၏လမ်းစဉ်နှင့်ရလဒ်သည်အဓိကအားဖြင့်စစ်၏အစတွင်စည်းစနစ်တကျလေ့ကျင့်ထားသောတိုက်ပွဲဝင်စစ်သည်များနှင့်ရရှိနိုင်မှုအပေါ်မူတည်သည်။ "
ဒုတိယဥပဒေ -
" စစ်ပွဲ၏လမ်းစဉ်နှင့်ရလဒ်သည်တိုက်ပွဲဝင်စစ်သည်များ၏စစ်ရေးစွမ်းရည်အပေါ်မူတည်သည်။"
တတိယဥပဒေ -
"စစ်ပွဲ၏လမ်းစဉ်နှင့်ရလဒ်သည်၎င်း၏နိုင်ငံရေးအကြောင်းအရာပေါ်တွင်မူတည်သည်။"
စတုတ္ထဥပဒေ-
"စစ်ပွဲ၏လမ်းစဉ်နှင့်ရလဒ်သည်တိုက်ပွဲ၀င်စစ်သည်များနှင့်ပြည်သူလူထု၏နိုင်ငံရေးကိုယ်ကျင့်သီလနှင့်စိတ်ပိုင်းဆိုင်ရာစွမ်းရည်များဆက်စပ်မှုပေါ်မူတည်သည်။ "
Marshal Sokolovsky
စစ်ရေးမဟာဗျူဟာ
အထက်ပါဥပဒေသများအားရိုးရိုးရှင်းရှင်းပြောရသော်
ပထမဥပဒေ -
အသင့်ပြင်ထားပါ။လာမည့်စစ်ပွဲအတွက်ငြိမ်းချမ်းနေသောအချိန်တွင်ပြင်ဆင်ပါ။အဆင်အသင့်ဖြစ်နေသောတပ်ဖွဲ့အင်အားစုများသည်စစ်ပွဲကိုအဆုံးအဖြတ်ပေးသည့်အချက်များဖြစ်သည်။စစ်ပွဲအစတွင်အကောင်းဆုံးတပ်ဖွဲ့များနှင့်လက်နက်ကိရိယာများရှိသည့်ဘက်ကစစ်ပွဲကိုအနိုင်ရလိမ့်မည်။
ဒုတိယဥပဒေ -
စစ်ပွဲကိုအချိန်အကြာဆုံးအားတင်းတောင့်ခံနိုင်သည့်ဘက်သည်စစ်ကိုအနိုင်ရရှိလိမ့်မည်။
တတိယဥပဒေ - နိုင်ငံရေးအရအမြတ်ပိုမိုများပြားလေလေစစ်ပွဲပိုမိုကြာရှည်ပြင်းထန်လေလေဖြစ်သည်။
စတုတ္ထဥပဒေ -
စစ်ပွဲရည်ရွယ်ချက်များကိုတရားမျှတစွာရှုမြင်ရမည်။အများပြည်သူထောက်ခံမှုမပါဘဲခေတ်သစ်စစ်ပွဲဆင်နွှဲနိုင်မှာမဟုတ်ပါ။
ဆိုဗီယက်၏စစ်ပွဲအတွက်စံမံကိန်းများနှင့်ပြင်ဆင်ခြင်းများသည်စစ်ကိုရှောင်လွှဲ၍မရနိုင်ဟုသောထင်မြင်ချက်ကိုထင်ဟပ်စေသည်။ဆိုဗီယက်ယူနီယံသည်စစ်ကိုလိုလားသည်ဟုဆိုလိုခြင်းမဟုတ်ပါ။သို့သော်စစ်ပွဲအတွက်စဉ်ဆက်မပြတ်အသင့်ဖြစ်ဖို့ပြင်ဆင်ထားခြင်းသာဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုသည်အာဏာရှင်ဆန်၍ဗဟိုထိန်းချုပ်မှုများသည။၎င်း၏နိုင်ငံရေး၊စီးပွားရေးစနစ်အားလုံးသည်စစ်တပ်၏လိုအပ်ချက်များကိုပထမဦးစားပေးလုပ်ဆောင်သည်။စစ်ပွဲ၏အခြေခံလိုအပ်ချက်များအတွက်ပြင်ဆင်ခြင်းနှင့်ထိန်းသိမ်းခြင်းများလုပ်ဆောင်ရန်လိုအပ်သောအရင်းအမြစ်များနှင့်တိုက်ရိုက်ဖန်တီးမှုများကိုနိုင်ငံတော်ကခွဲဝေသတ်မှတ်ပေးသည်။
နိုင်ငံတစ်နိုင်ငံသည်စစ်ပွဲဆင်နွှဲရန်ပြင်ဆင်မှုရာတွင်အဓိကအချက် (၃) ချက်ပြီးမြောက် ရမည်။
(၁)လက်နက်ကိုင်တပ်ဖွဲ့များပြင်ဆင်ခြင်း၊
(၂) အမျိုးသားစီးပွားရေးကိုကြိုတင်ပြင်ဆင်ခြင်းနှင့်
(၃) စစ်သည်အင်အားပြင်ဆင်ခြင်း။
ဂန္ထဝင်ရုရှားစစ်ဘက်ဆိုင်ရာအခြေခံမူများ
(၁)စစ်ပွဲအစတွင်အင်အားအလွန်အမင်းအားစိုက်ထုတ်ခြင်း။
(၂) လှုပ်ရှားမှုများတစ်ပြိုင်နက်ဖြစ်ခြင်း
(၃)အင်အားစုများစီးပွားရေး။
(၄)အာရုံစူးစိုက်မှု။
(၅)အဓိကရည်ရွယ်ချက် - ရန်သူစစ်တပ်။
(၆) အငိုက်ဖမ်းခြင်း
(၇) ညီညွတ်စွာဆောင်ရွက်ခြင်း
(၈) ပြင်ဆင်မှုရှိခြင်း
(၉) အားမာန်အပြည့်ဖြင့်လိုက်လံတိုက်ခိုက်ခြင်း
(၁၀) လုံခြုံရေး
(၁၁) ရန်သူ၏အကြံကိုလက်ဦးမှုပြုခြင်းနှင့်လွှမ်းမိုးခြင်း
(၁၂) ရန်သူ့အားနည်းချက်ကိုမိမိအားသာချက်ဖြစ်အောင်လုပ်ခြင်း
ဤစာရင်း၏သိသာထင်ရှားသောအချက်များမှာ -
- တိုက်ပွဲအစတွင် " သာလွန်ခြင်း" များရှိသည့်ဘက်ကအောင်မြင်လိမ့်မည်။
- ရန်သူ့အတွက်ရင်ဆိုင်ဖြေရှင်းရမည့်အခြေအနေတစ်ခုထက်မကရှိပါစေ။
- ပထဝီအနေအထားကြောင့်ဦးတည်ချက်ပြောင်း၍မရပါ။
ရန်သူစစ်တပ်၏အင်အားကိုဖျက်ဆီးခြင်းအပေါ်အာရုံစိုက်သင့်သည်။
- တိုက်ခိုက်မှုမတိုင်မီအသေးစိတ်ကျ၍အမှားအယွင်းမရှိသောကြိုတင်ပြင်ဆင်မှုရှိရမည်။
- ပြိုင်ဘက်အားကြိုတင်ကာကွယ်နိုင်ရန်နှင့်ရန်သူကသင်ထိန်းချုပ်ထားသောအခြေအနေများအပေါ်သာအာရုံစိုက်စေရန်အကွက်ကျကျအစီအစဉ်ရေးဆွဲပါ။
- ရန်သူ၏အားသာချက်များထက်ရန်သူအားနည်းချက်များကိုအာရုံစိုက်ပါ။
THE SOVIET ARMY : Operations and tacticsမှ ထုတ်နှုတ်ဘာသာပြန်ထားသည်။
လုပ်ကြံသတ်ဖြတ်ခြင်း
အဓိပ္ပာယ်ဖွင့်ဆိုချက် ( Definition)
လုပ်ကြံသတ်ဖြတ်သူ (assassin) ဟူသည့် ဝေါဟာရမှာ hashshashin (အာရဗီ حشّاشين, ħashshāshīyīn) မှဆင်းသက်လာသည်ဟု ယုံကြည်ရပြီး ၎င်း၏ အင်္ဂလိပ် ရင်းမြစ်စကားလုံး မှာ ဆေးခြောက် (ma*****na) နှင့် ဆင်တူသည့် “Hashish” ဆိုသော မူးယစ်ဆေးတစ်မျိုး နှင့်လည်း ဆက်နွယ်သည် ။ " Hasan-Dan-Sabah " က သူ၏ နောက်လိုက်များအား နိုင်ငံရေး နှင့် အခြား လူသတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်စေရန် စိတ်ဓာတ်ခွန်အားပေးရာတွင် ဆုလာဘ်အဖြစ် "Hashish" မူးယစ်ဆေးကို ပေးလေ့ရှိခဲ့သည်။
လုပ်ကြံသတ်ဖြတ်မှု (assassination) ဆိုသည်မှာ ထင်ရှားသော (သို့) အရေးကြီးသောလူတစ်ဦး ကိုသတ်ဖြတ်သည့် လုပ်ရပ်ဖြစ်သည် ။ ဥပမာအားဖြင့် နိုင်ငံ အကြီးအကဲများ၊ အစိုးရ အကြီးအကဲများ၊ နိုင်ငံရေးသမားများ၊ မင်းမျိုး မင်းနွယ်များ ၊ ကျော်ကြားသည့် အနုပညာရှင်များ ၊ အမှုဆောင်အရာရှိချုပ် ( CEO) များ စသည်တို့ ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်မှုသည် နိုင်ငံရေးနှင့် စစ်ရေးအရ ဖြစ်စေ၊ ငွေကြေး ရယူလိုမှုကြောင့် ဖြစ်စေ ၊ မကျေနပ်ချက်ကို လက်စားချေရန်၊ ကျော်ကြားမှု သို့မဟုတ် ကျော်ကြားမှုကို ရရှိလိုသော ဆန္ဒကြောင့်ဖြစ်စေ၊ လုပ်ကြံသတ်ဖြတ်ရန် စစ်တပ်၊ လုံခြုံရေး ၊ သောင်းကျန်းသူ သို့မဟုတ် လျှို့ဝှက် ရဲအဖွဲ့၏ အမိန့်ကြောင့် ဖြစ်နိုင်သည်။ လုပ်ကြံသတ်ဖြတ်ခြင်း ကို ရှေးအချိန်ကတည်းက ပြုလုပ်ခဲ့သည်။
တာဝန် ပေးအပ်ခြင်း ( Employment )
လုပ်ကြံသတ်ဖြတ်ခြင်းသည် ပုံမှန်အားဖြင့် လျှို့ဝှက် စစ်ဆင်ရေးများတွင် မသုံးသော လွန်ကဲသော ဆောင်ရွက်ချက် တစ်ခု ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်ရန် ညွှန်ကြားချက်များကို မည်သည့်အခါမျှ ရေးသားခြင်း ၊ မှတ်တမ်းတင်ခြင်း မပြုသင့်ပါ။ ဤ နည်းလမ်းကို အသုံးချရန် ဆုံးဖြတ်ချက်ကို ဆောင်ရွက်မည့် နယ်ပယ် သို့ ဧရိယာနှင့် အနီးဆုံး ရောက်ရှိနေမှသာလျှင် ချမှတ်ရမည်။ ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်များကို အနိမ့်ဆုံး လူအင်အား ကန့်သတ်၍ ညွှန်ကြား ဆောင်ရွက် သင့်သည် ( လူနည်းနည်း နှင့်သာ ဆောင်ရွက်ရန်) ။
လုပ်ကြံသတ်ဖြတ်ခြင်း ကိုဆောင်ရွက်မည့် သူသည် တစ်ဦးသာ ဖြစ်ပါက အကောင်းဆုံး ဖြစ်သည်။ မည်သည့် အစီရင်ခံစာမှ မလုပ်မရပါ။
တရားမျှတမှု (Justification)
လူသတ်မှုသည် ကိုယ်ကျင့်တရား အရ တရားမျှတမှု မရှိချေ။ အကယ်၍ လုပ်ကြံသတ်ဖြတ်ခံရမည့် သားကောင် ( victim) သည် အတိုက်အခံ အဖွဲ့အစည်းကို ဖျက်ဆီးနိုင်သည့် သတင်းအချက်အလက်ကို ထုတ်ဖော် ပြောကြားခဲ့လျှင် ၎င်းသည် မိမိကိုယ်ကို ကာကွယ်ရန် စောဒက တက်နိုင်သည်။ ရက်စက်ယုတ်မာမှုများတွင် တာဝန်ရှိသူများ (သို့မဟုတ်) လက်စားချေရမည့် သူများကို လုပ်ကြံသတ်ဖြတ်ခြင်းသည် အပြစ်ပေးခြင်း ဖြစ်သည်ဟု မှတ်ယူရမည်။ ဩဇာအာဏာ လျင်မြန်စွာ ကြီးမားလာပြီး လက်ရှိတွင် မိမိတို့ လွပ်လပ်မှု အတွက် အန္တရာယ်ဟု ရှုမြင်နိုင်သည့် နိုင်ငံရေး ခေါင်းဆောင်အား သတ်ဖြတ်ခြင်းကို လိုအပ်ပါက ဆောင်ရွက်ရမည် ။
သို့သော် လုပ်ကြံသတ်ဖြတ်မှုကို ကောင်းကျိုး ဆိုးပြစ် ခွဲခြားသိသော အသိတရား ဖြင့် အသုံးပြုခဲသည်။ ကိုယ်ကျင့်တရား စောင့်ထိန်းမှု လွန်ကဲသော သူများသည် လုပ်ကြံသတ်ဖြတ်မှုတာဝန်ကို ဆောင်ရွက်ခြင်း မပြုသင့်ပါ ။
ခွဲခြား အသုံးပြုခြင်း( Classification)
ပစ်မှတ် သည်သူ၏ အန္တရာယ်ကို သတိမပြုမိခြင်း ၊ သတိပြုမိသော်လည်း အစောင့်အရှောက် ရှိခြင်း ၊ မရှိခြင်း စသည်တို့အပေါ်လိုက်၍ အသုံးပြုမည့် နည်းလမ်းများသည် ပြောင်းလဲမှု ရှိနိုင်သည် ။ထို့အပြင် လူကြံသတ်ဖြတ်သူသည် ပစ်မှတ်နှင့်အတူ ထိုနေရာတွင် အသတ်ခံရနိုင်ချေ ရှိ ၊ မရှိ စသည့် အချက်သည် လည်း သက်ရောက်မှုရှိနိုင်သည် ။ ပစ်မှတ်သည် သတိပြုမိခြင်း မရှိပါက " ရိုးရိုး အခြေအနေ - simple " ဟု သတ်မှတ်သည် ။ ပစ်မှတ်သည် သတိပြုမိသော်လည်း အစောင့်အရှောက် မရှိပါက" အမဲလိုက်ခြင်း - chasing " ဟု ခေါ်ပြီး အစောင့်အရှောက် ရှိပါက " အစောင့်ရှိ - guarded "ဟု သတ်မှတ်မည် ဖြစ်သည် ။
အကယ်၍ လုပ်ကြံသတ်ဖြတ်သူသည် ပစ်မှတ် နှင့်အတူ သေရလျှင် ၎င်းလုပ်ရပ်ကို“ ရှုံးနိမ့်ခြင်း - lost ” ဟုခေါ်လိမ့်မည်။ အကယ်၍ လုပ်ကြံသူသည် လွတ်မြောက်လာပါက "လုံခြုံသည် - safe " ဖြစ်သည်ဟု ဆိုနိုင်သည် ။
ဤနေရာတွင် မည်သည့်အပေးအယူမျှ မရှိသင့်ကြောင်း သတိပြုသင့်သည်။ လုပ်ကြံသတ်ဖြတ်သူသည် ရန်သူ့ လက်သို့ အသက်ရှင်လျက် အဖမ်းမခံရသင့်ပေ ။
ထို့အပြင် ပစ်မှတ်သည် မတော်တဆမှု (သို့) သဘာဝအကြောင်းအရင်းများကြောင့် မဟုတ်ဘဲ အမှန်တကယ် လုပ်ကြံသတ်ဖြတ်ရခံသည့် သားကောင်ဖြစ်သည် ဟူသောအချက်ကို ဖုံးကွယ်ရန်လည်း လိုအပ်နိုင်သည်။ အကယ်၍ ထိုကဲ့သို့သော ဖုံးကွယ်ခြင်းကို လိုလားပါက စစ်ဆင်ရေးကို “ လျှို့ဝှက် - secret ” ဟုခေါ်လိမ့်မည် ။ ဖုံးကွယ် ထားရန် မလိုအပ်ပါကဤလုပ်ရပ်ကို "ပွင့်လင်း - open " ဟုခေါ်တွင်လိမ့်မည်။ အကယ်၍ လုပ်ကြံသတ်ဖြတ်မှုကြောင့် ထိရောက်မှုရှိစေရန် ၊ လူသိရှင်ကြားဖြစ်ရ န်လိုအပ်လျှင်၎င်းကို " အကြမ်းဖက် ခြိမ်းခြောက်ခြင်း - terroristic " ဟု ခေါ်တွင် ရလိမ့်မည်။
ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များအရ ရောမစစ်အာဏာရှင် ဂျူးလိယက်ဆီဇာ ( Julius Caesar ) ကို လုပ်ကြံသတ်ဖြတ်ခြင်း သည် လုံခြုံ ၊ ရိုးရှင်း အကြမ်းဖက်ခြင်းဖြစ်ပြီး Huey Long လုပ်ကြံခံရမှုမှာ ရှုံးနိမ့် အစောင့် အရှောက်ရှိ၊ ပွင့်လင်း သည့် ဖြစ်ရပ်ဖြစ်သည် ။ ထိုင်းတော်ဝင်စစ်တပ်အရာရှိ နှင့် Augustus Caesar တို့၏ လုပ်ကြံခံရမှုမှာ လုံခြုံ ၊ အစောင့်အရှောက်ရှိ ၍ လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်ခံရမှုဟု ဆိုနိုင်သည် ။
အမဲလိုက်ခြင်း အဆင့် လုပ်ကြံသတ်ဖြတ်ခြင်းများ ( chase assassination )သည် များသောအားဖြင့် လျှို့ဝှက်အေးဂျင့်များ သို့မဟုတ် ရာဇဝတ်ဂိုဏ်းသားများပါ ဝင်သည်။
လုပ်ကြံသတ်ဖြတ်သူ ( The Assassin)
လုံခြုံစိတ်ချရသော လုပ်ကြံသတ်ဖြတ်မှုများတွင်၊ လုပ်ကြံသတ်ဖြတ်သူသည် လျှို့ဝှက်အေးဂျင့် တစ်ယောက် ၏ ပုံမှန် အရည်အသွေးများ လိုအပ်သည်။ သူသည် စိတ်ပိုင်းဖြတ်မှု၊ ရဲရင့်မှု၊ အသိဉာဏ်ရှိမှု ၊ ကြံရည်ဖန်ရည်ရှိမှု ၊ ဖျတ်လက် တက်ကြွမှု ရှိရမည် ။ အကယ်၍ သေနတ် သို့မဟုတ် မူးယစ်ဆေးဝါးကဲ့သို့သော အထူးကိရိယာများကိုအသုံး ပြုမည်ဆိုပါက ၎င်းကိရိယာများနှင့် ပတ်သက်၍ ထူးချွန်သော ကျွမ်းကျင်မှုရှိရမည်ဖြစ်သည်။
လူသိရှင်ကြား ဖြစ်ရန် ခြိမ်းခြောက်လုပ်ကြံမှု မှလွဲ၍ လုပ်ကြံသတ်ဖြတ်မှုသည် ဒေသအတွင်း ၌သာ သတင်းပြန့်ရန် လိုသည်။ သူသည် အဖွဲ့အစည်းရှိလူများနှင့် အနည်းဆုံး ထိတွေ့မှုသာ ရှိသင့်ပြီး သူ့ အား ညွှန်ကြားချက်များကို လူတစ်ဦးတည်းမှ နှုတ်ဖြင့်သာ ပေးသင့်သည်။
လုပ်ကြံမှု အပြီးတွင် ဘေးကင်းလုံခြုံစွာ ထွက်ခွာသွားနိုင်ရန် လုံးဝမရှိမဖြစ် လိုအပ်သော်လည်း ဤတွင် ထပ်မံ၍ အဆက်အသွယ်များကို တတ်နိုင်သမျှ ကန့်သတ်ထားသင့်သည်။ ညွှန်ကြားချက်များကို ထုတ်ပြန်သူသည် လိုအပ်ပါက အမိန့် ရုပ်သိမ်းခြင်း သို့မဟုတ် ဖုံးအုပ်ခြင်း အစီအစဉ်ကို ပြုလုပ်ရမည်။
ကျရှုံးသွားသော လုပ်ကြံမှု တွင် လုပ်ကြံသတ်ဖြတ်သူသည် တစ်စုံတစ်ခုသော အကြောင်းအရာကို အရူးအမူးဖြစ်သူ ဖြစ်ရမည်။ နိုင်ငံရေး၊ ဘာသာရေးနှင့် လက်စားချေခြင်း သည် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ ဖြစ်သည် ။ အရူးအမူးသမား (တယူသန်သူ) သည် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သောကြောင့် သူသည် အလွန်ဂရုစိုက် မည်ဖြစ်သည်။ သူသည်ဤဆောင်ရွက်ချက်တွင် တစုံတရာ မှားယွင်းမှုကြောင့် အသက် ဆုံးရှုံးနိုင်သော်လည်း အခြားအဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များ ကို သိရှိခြင်း မရှိစေရပါ။
စီစဉ်ခြင်း ( Planning)
လုပ်ကြံသတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချပြီးသောအခါ စစ်ဆင်ရေးများတွင် အသုံးပြုသော အခြေအနေနှင့် အနီးစပ်ဆုံး တူညီသည့် အခြေအနေအပေါ် အခြေခံ၍ ဤစစ်ဆင်ရေး၏ နည်းဗျူဟာများကို စီစဉ်ရမည်။
ဝယ်ယူရန်သို့မဟုတ် တီထွင်ဖန်တီး ရန်လိုအပ်သည့် အထူးပစ္စည်း ကိရိယာများကို ထည့်သွင်း စီစဉ်ရမည်။ လိုအပ်သော အချက်အလက်အားလုံးကို စုဆောင်းပြီးသောအခါ ထိရောက်သောနည်းဗျူဟာ အစီအစဉ်ကို ပြင်ဆင်နိုင်သည်။ အစီအစဉ်အားလုံးကို စိတ်ထဲတွင်သာ မှတ်သားထားရမည် ။ စစ်ဆင်ရေး၏ သက်သေအထောက်အထားများအဖြစ် မည်သည့် စာရွက်စာတမ်းတွင်မျှ မရှိစေရပါ။
ခံစစ်အခြေအနေမျိုးတွင် လုပ်ကြံသတ်ဖြတ်မှုကို ပြန်လည်ချေပခြင်းအဖြစ် အသုံးပြုနိုင်သည်။ ဤတွင်အတိုက်အခံအဖွဲ့အစည်းသည် တစ်ဖက်အဖွဲ့မှ အဆင့်မြင့် အရာရှိများအား သူတို့၏ဘဝများသည် အပြစ်မဲ့သူများအား အတွက် လက်စားချေခြင်းအဖြစ် အရေးယူအပြစ်ပေးခြင်း ခံရလိမ့်မည်ဟု လူသိရှင်ကြားသတိပေးရမည်။
ထိုကဲ့သို့သော ခြိမ်းခြောက်မှုတစ်ခုကို ပြုလုပ်၍ နမူနာသင်ခန်းစာ ပေးမရပါက အသုံးမပြုနိုင်ပါ။
ထို့ကြောင့် ဖိနှိပ်ချုပ်ချယ်သောအစိုးရ၏ တာဝန် ပေးအပ်ခြင်းခံရသူများ ( ရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ ဥက္ကဌ စသည်) ကိုလုပ်ကြံသတ်ဖြတ်ရန်စီစဉ်ထားရန် နှင့် အလွန်အကျွံ ရက်စက်စွာပြုခြင်း ဆောင်ရွက်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန်အသင့်ပြင် ထားရမည်။
အဆိုပါအစီအစဉ်များအား မြေပြင်တွင်ကြုံတွေ့ရမည့် နည်းဗျူဟာအခြေအနေ ပြောင်းလဲမှုများနှင့် သင့်တော်အောင် မကြာခဏပြုပြင်ရမည်။
လုပ်ကြံသတ်ဖြတ်ခြင်းဆိုင်ရာနည်းလမ်းများ
လုပ်ကြံသတ်ဖြတ်ခြင်းတွင် အဓိကအချက်မှာ ပစ်မှတ်ထားသောသားကောင်၏ သေခြင်းတရားဖြစ်သည်။ လူတစ်ယောက်ကိုလုပ်ကြံသတ်ဖို့အတွက် နည်းလမ်းများစွာ ရှိသည်။ သို့သော်ထိုအမှုကိုကျူးလွန်သူ၏ စိတ်ပိုင်းဆိုင်ရာပြင်းထန်မှုကြောင့်အလုပ်သည် လွဲချော်သွားနိုင်သည်။ အသုံးပြုမည့်အသေးစိတ်နည်းလမ်းများသည် အခြေနေအရပ်ရပ်ပေါ် မူတည်ရေးဆွဲရမည် သို့သော်သားကောင်၏သေခြင်းတရားသည် အဓိကဦးစားပေးအချက် ဖြစ်သည်။ ဟစ်တလာအားလုပ်ကြံရာတွင် မအောင်မြင်ရခြင်းမှာလုပ်ကြံသူလျှို့ဝှက် အဖွဲ့စည်းများသည် သေသပ်စနစ်ကျစွာမစီစဉ်ထား သောကြောင့်ဖြစ်သည်။
အောက်ပါတို့သည် အသုံးပြုနိုင်သည့်နည်းလမ်းများဖြစ်သည်။
1.လက်နက်မဲ့တိုက်ခိုက်လုပ်ကြံခြင်း
လူတစ်ယောက်ကို လက်နက်မဲ့လုပ်ကြံတိုက်ခိုက်နိုင်သည်။ သို့သော််ထိုသို့ပြုလုပ်နိုင် ရန်ကျွမ်းကျင်မှုကောင်းကောင်း ရှိဖို့လိုအပ်သည်။ ကျွမ်းကျင်သောအဆင့်မြင့်ဂျူဒိုသမား တစ်ယောက်ပင်လျှင်ပြတ်သားသောခံယူချက်မရှိပါကထိုသို့လုပ်ကြံသတ်ဖြတ်နိုင်ရန်မလွယ်ကူပေ။ အရေးကြီးဆုံးသောလိုအပ်ချက်မှာလုပ်ကြံသတ်ဖြတ်ရန် လုံလောက်သောအကြောင်း ရင်းနှငိ့အာသီသရှိရန်ဖြစ်သည်။ တူ၊သံတူ၊ပုဆိန်၊ယာဉ်မောင်း၀က်အူ၊မီးဖိုချောင်သုံးဓား၊ မီးခုံတိုင်အစရှိသော မာကျောလေးလံသောပစ္စည်းများသည်ပင် သတ်ဖြတ်လုပ်ကြံရန် လုံလောက်သည်။ လုပ်ကြံသူသည်လျှင်မြန်သန်စွမ်းသည်ဆိုပါက ကြိုးတစ်ချောင်း၊ဝါယာ ကြိုးတစ်ခုသည်ပင်အလုပ်ဖြစ်နိုင်သည်။ ထိုကဲ့သို့သောလက်လုပ်လက်နက်များအားလုံး တွင်အညးသာချက်၊အသုံး၀င်နိုင်မှုများရှိသည်။
ကာကွယ်ပစ္စည်းများတပ်ဆင်ထားသော သားကောင်အားသေစေနိုင်သောအဆင့်မြင့် သေနတ်များဖြင့်ပင် မသတ်နိုင်ပေ။ အကယ်၍လုပ်ကြံသူသည် သားကောင်ကိုရှာဖွေရန် လိုအပ်ပါက လုပ်ရှားမှုမတိုင်မီ(သို့)လှုပ်ရှားမှုပြီးသည့်အချိန်များတွင် အထူးလက်နက်များကို အသုံးမပြုသင့်ပေ။ ရည်မှန်းချက်မအောင်မြင်ခင်လုပ်ကြံသူအား သတိထားဖမ်းမိသွားနိုင် သည်။ဒါကြောင့်ပြစ်မှုမြောက်သော လက်နက်များကို သယ်ဆောင်မသွားသင့်ပေ။ အနီးနား လုံခြုံသောနေရာများတွင် သိမ်းဆည်းထားသင့်သည်။ အကယ်၍လုပ်ကြံသူသည်အလုပ် သဘောကြောင့်လက်နက်များကို သယ်ဆောင်ရမည်ဆိုလျှင်သူသည် မည်သူမည်ဝါဖြစ် ကြောင်းလူအများသတိမထားမိစေရန် လျှို့ဝှက်ထားရမည်။
2.မတော်တဆဖြစ်ရပ်
ဖန်တီးထားတဲ့မတော်တဆမှုတွေက လျှို့ဝှက်လုပ်ကြံမှုတွေမှာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါသည်။ အောင်မြင်စွာလုပ်ကြံပြီးသည့်အခါတွင်မူ အမှတ်မထင်စုံစမ်းစစ်ဆေး မှုတွေကြောင့် အနည်းငယ်တော့စိတ်လှုပ်ရှားစေနိုင်ပါသည်။
ရိုးရှင်းတဲ့လုပ်ကြံမှုအတွက် အသုံး၀င်ဆုံးမတော်တဆဖြစ်ရန်နည်းလမ်းမှ ၇၅ ပေ အမြင့်ကနေမာကျောသောကြမ်းပြင်ပေါ်သို့ ပြုတ်ကျခြင်းဖြစ်ပါသည်။ ဓာတ်လှေကား၀င်ရိုး၊ ရေတွင်းထဲမှာပါသော လှေကားထစ်များ၊ အကာမပါတဲ့ပြတင်းပေါက်တွေက ထိုလုပ်ကြံမှု ကိုအထောက်အကူဖြစ်ပါသည်။ တံတားပေါ်ကနေရေထဲသို့ ပြုတ်ကျသွားခြင်းသည်စိတ်ချ ရတဲ့နည်းလမ်းတော့မဟုတ်ပါ။ ရိုးရှင်းတဲ့လုပ်ကြံမှုဖြစ်စဉ်တွေမှာ နေရာရောအစီအစဉ်ပါကြို ချထားပြီးဆောင်ရွက်ရမှာဖြစ်ပါသည်။ သို့ပေမဲ့လုပ်ကြံမည့်သူက လုပ်ကြံခံရမည့်သား ကောင်ကိုအော်ဟစ်ဆူညံစေခြင်းမျိုးကဲ့သို့ မထင်မှတ်ထားသောဖြစ်ရပ်ဖြစ်လာလျှင်ပါးနပ်စွာ ဖြင့်အလီဘိုင်ဖျောက်ကာ တိတ်တဆိတ်နောက်ဆုတ်ရန် လိုအပ်ပါသည်။ ရှုပ်ထွေးသော လုပ်ကြံမှုဖြစ်စဉ်မှာတော့လုပ်ကြံမှုမစခင် လုပ်ကြံမည့်သားကောင်ကို မူးမေ့အောင်လုပ်ထား ခြင်း သို့မဟုတ် ဆေးဝါးတစ်ခုခုသုံးစွဲထည့်သွင်းစေခြင်းများ ပြုလုပ်၍ကြိုတင်ပြင်ဆင်ရန် လိုပါသည်။သေဆုံးပြီးနောက်ပုံမှန်မဟုတ်သော သိသာစေနိုင်သော ဒဏ်ရာများအခြေအနေ များမဖြစ်လာစေရန်လည်း သတိထားသင့်ပါသည်။
ရေမကူးတတ်သောသူကိုလုပ်ကြံမည်ဆိုလျှင် ပင်လယ်ထဲသို့မဟုတ်ရေစီးသန်သော မြစ်ထဲပစ်ချရုံနှင့်လုံလောက်ပါသည်။ လုပ်ကြံမည့်လူက သားကောင်ကိုရေထဲပစ်ချပြီး ကိုယ်တိုင်ပဲပြန်ဆယ်ယူကာ ကယ်ဆယ်သည့်အသွင်ယူခြင်းသည် လုပ်ကြံမည့်သားကောင် သေဆုံးခြင်းကို အတည်ပြုပြီးသားဖြစ်သကဲ့သို့ သံသယကင်းစွာအလီဘိုင်ကောင်းကောင်း ပြနိုင်မည်ဖြစ်သည်။
လုပ်ကြံခံရမည့်သားကောင်ကို သေရည်အရက်သုံးစွဲသောက်သုံးစေခြင်းဖြင့်လည်း မည်သို့သောလုပ်ကြံမှုမဆိုပြုလုပ်နိုင်ပါသည်။ ရထားလမ်းကားလမ်းများတွင် လဲကျပစ်ချ ကြံစည်ခြင်းသည် အသုံး၀င်သည့်နည်းလမ်းဖြစ်သော်ငြားလည်း အချိန်ကိုက်ဖြစ်ရန်အလွန် အရေးကြီးသည့်အပြင် မမျှော်လင့်ထားသောအခြေအနေတချို့ကြောင့် timing လွဲခြင်းမျိုး ဖြစ်တောင့်ဖြစ်ခဲလွဲမှားခြင်းမျိုးများနှင့်လည်း ကြုံတွေ့ရတတ်သည်။
ကားမတော်တဆမှုဖြစ်ခြင်းကတော့ လုပ်ကြံမည့်လူအတွက်စိတ်ကျေနပ်မှုအနည်း ငယ်သာပေးစွမ်းနိုင်ပါသည်။ မတော်တဆကားတိုက်မှုဖြစ်ရန်အတွက် အချိန်ကိုက်ဖြစ်ဖို့ လွန်စွာအရေးကြီးသည့်အပြင် တိကျသောစမ်းသပ်မှုများလည်းလိုအပ်သည်။ ကားကလုပ် ကြံမှုအတွက် အချိန်ကိုက်ဖြစ်ရန် စိတ်ချရမှုအားနည်းနေသည်ဆိုလျှင် လုပ်ကြံခံရမည့် သားကောင်ကို မူးယစ်ဆေးဝါးသုံးစွဲစေခြင်းအပြင် ကားထဲတွင်မူးယစ်ဆေးဝါးသဲလွန်စချန် ထားကာဆေးသုံးခြင်းကြောင့် ကားမတော်တဆမှုဖြစ်သည့်ဟန်ပြုလုပ်ရပါမည်။ သို့ပင်မဲ့ တစ်ခုတည်းသောစိတ်အချရဆုံးနည်းလမ်းမှာ ကားကိုမည်သည့်အတိမ်းအစောင်းမှမရှိစေ ပဲချောက်နက်ထဲရေနက်နက်ထဲသို့ ထိုးမောင်းသွားစေခြင်းပင်ဖြစ်သည်။
မူးယစ်ဆေးဝါးသုံးထားသောသားကောင်ရှိသော အဆောက်အဦးကိုရှို့မီးပြုလုပ်ကာ မီးလောင်နေသောအဆောက်အဦးထဲတွင် သားကောင်ကိုထားခဲ့ခြင်းဖြင့်လည်းမတော်တဆ သေဆုံးခြင်းပုံစံကိုရရှိစေသည်။ သို့ရာတွင်အဆောက်အအုံမှာ မီးလောင်မလွယ်သော အဆောက်အအုံဖြစ်ခဲ့လျှင် လုပ်ကြံမှုမအောင်မြင်နိုင်သောကြောင့် စိတ်ချရသောနည်းလမ်း တော့မဟုတ်ပေ။
3.ဆေးဝါး
အကြမ်းဖက်လုပ်ကြံနည်းကလွဲ၍ တခြားသောလုပ်ကြံခြင်းပုံစံအားလုံးတွင် ဆေးဝါး သည်လွန်စွာအသုံး၀င်ပါသည်။ လုပ်ကြံမည့်သူသည် ဆရာ၀န်တစ်ယောက်သူနာပြု တစ်ယောက်ကဲ့သို့ဆေးများ၏အသုံးပြုပုံကို ကျွမ်းကျင်ရပြီးလုပ်ကြံခံရမည့်သားကောင်သည် ဆေးဝါးများအသုံးပြုနေရသူဆိုလျှင် ဤကြံစည်ခြင်းနည်းလမ်းသည် လွန်စွာလွယ်ကူအသုံး ၀င်သောနည်းလမ်းဖြစ်ပါသည်။
Morphine အလွန်အကျွံသုံးခြင်းသည်သေဆုံးခြင်းကို ကောင်းမွန်စွာဖြစ်ပေါ်စေနိုင်ပြီး သေဆုံးပြီးနောက် မည်သည့်အကြောင်းကြောင့် သေကြောင်းရှာဖွေရန်ခက်ခဲပါသည်။ သုံးစွဲရ မည့်ဆေးပမာဏသည ်လုပ်ကြံခံရမည့်သားကောင်က ပုံမှန်မူးယစ်ဆေးသုံးစွဲသည့်ပမာဏ ပေါ်မူတည်နေပါသည်။ ပုံမှန်အားဖြင့်ဆိုလျှင်ဆေး၂လုံးမျှဖြင့် သေဆုံးခြင်းအတွက်လောက်ငှ သည်။
အကယ်၍လုပ်ကြံခံရမည့်သားကောင်သည် အရက်အလွန်အကျွံသောက်လေ့ရှိသူဆို လျှင်ထိုသူ၏ခန္ဓာကိုယ်အတွင်း morphine ထိုးသွင်းခြင်းပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်း သည်အရက်စွဲခြင်းကြောင့် သေဆုံးမှုဖြစ်ရခြင်းဟန်ဖြစ်ပေါ်စေပါသည်။
Arsenic(စိန်အဆိပ်) သို့မဟုတ် Strychie ကဲ့သိုသောအဆိပ်များသည်အသုံး၀င် သော်လည်း တိကျသောဆရာ၀န်ဆေးညွှန်း အာမခံမရှိပဲ၀ယ်ယူလို့မရသည့်အတွက် အခက်အခဲရှိပါသည်။Rasputin နှင့် Kolohan ကိုလည်းအဆိပ်ဖြင့်လုပ်ကြံရာမှာ မအောင်မြင် ခဲ့ပါ။ နောက်ပိုင်းတွင်မူလူသတ်ရန်ကြိုးပမ်းမှုအနေဖြင့်တောင် စွဲချက်တင်ခံရနိုင်ပါသည်။
4.လက်နက်ချွန်များသို့မဟုတ်အသွားပါသောလက်နက်များ
အသွားပါသောလက်နက်များကို ပြည်တွင်းမှာပင်လွယ်လွယ်ကူကူကျယ်ကျယ် ပြန့်ပြန့်ရရှိနိုင်ပါသည်။ စိတ်ချရရန်အတွက်ခန္ဓာကိုယ်နှင့် ပတ်သတ်သောဗဟုသုတများ တော့အနည်းအကျဉ်းရှိထားရန်လိုအပ်ပါသည်။ ခန္ဓာကိုယ်ကိုလက်နက်ချွန်ဖြင့်ထိုးခြင်းသည် နှလုံးကိုထိုးမိမှသာ စိတ်ချရမည်ဖြစ်သည်။ သို့ရာတွင်နှလုံးသည် နံရိုးများနှင့်ကာကွယ် ထားပြီးအလွယ်တကူထိုးမိရန်ခဲယဉ်းသည်။
၀မ်းဗိုက်ကိုထိုးသွင်းခြင်းသည်လည်း သေစေနိုင်လောက်သည်ထိဖြစ်စေနိုင်သော် လည်းခေတ်သစ်ဆေးပညာများမှာ ထိုဒဏ်ရာကိုကုလာနိုင်ကြသည့်အတွက် သေဆုံးဖို့ မသေချာပေ။
သေဆုံးရန်အတိကျဆုံးစိတ်အချရဆုံးနည်းလမ်းကတော့ အာရုံကြောပင်မကျောရိုး ကိုခုတ်ဖြတ်ခြင်းပင်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်ဓားတစ်ချောင်း သို့မဟုတ် ပေါ့သောပုစိန် သို့မဟုတ်ရဲတင်းသာလိုအပ်ပါသည်။
အခြားစိတ်ချရသောနည်းလမ်းကတော့ လေပြွန်နှစ်ဖက်မှာရှိတဲ့လည်ပင်းကြောနှင့် မေ့ကြောကိုဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
လုပ်ကြံခံရမည့်သားကောင် ကဆေးတစ်ခုခုကြောင့် သို့မဟုတ် ဒဏ်ရာတစ်ခုခု ကြောင့်သတိလစ်မေ့မြောနေသည့်အခါ အထက်ဖော်ပြပါနည်းလမ်းများ အသုံးပြုခြင်းဖြင့် သေဆုံးမှုဖြစ်ပေါ်စေနိုင်ပါသည်။
5.တုံးသောလက်နက်များ
လက်နက်ချွန်များကိုအသုံးပြုသည့်အခါ ကိုယ်ခန္ဓာအကြောင်းသိရန် လိုအပ်သကဲ့သို့ တုံးသောလက်နက်များဖြင့် ကြံစည်ရာတွင်လည်းလိုအပ်သည်။ ထိုလက်နက်များကိုအသုံးပြု ရခြင်း၏အကြီးမားဆုံးကောင်းကျိုးတစ်ခုမှာ လွယ်ကူကျယ်ပြန့်စွာရရှိနိုင်ခြင်းပင်ဖြစ်သည်။ တူတစ်လက်ကိုကမ္ဘာ့ဘယ်နေရာတွင် မဆိုလွယ်ကူစွာရရှိနိုင်သည်။ ဘေ့စ်ဘောနှင့်ဘတ်တံ များလည်း ကျယ်ပြန့်စွာဖြန့်ချီထားပြီးဖြစ်သည်။ ထိုအရာများမရှိလျှင်တောင် ကျောက်တုံး နှင့်တုတ်ကောင်းကောင်းတစ်ချောင်း အလွယ်တကူရနိုင်သည်။ ထိုအရာများသည် တပ်ဆင်ရန်လည်း မလိုပြန်ဖြုတ်ရန်လည်းမလိုပေ။
ထုရိုက်ခြင်းပြုလုပ်မည်ဆိုလျှင် နားထင်နားရွက်အနောက်ပိုင်း ဦးခေါင်းခွံအနောက် ပိုင်းအပေါ်ကိုသာရိုက်သင့်သည်။ အကယ်၍မိမိ၏လက်နက်သည် လေးလံ၍ဝိတ်ပါလျှင် ဦးခေါင်းခွံမည်သည့်နေရာမဆို ထုရိုက်နိုင်သည်။ မျက်လုံးနှင့်လည်ချောင်းမှဆုံးသောအပိုင်း အောက်ဘက်အရှေ့ဘက်ပိုင်းကတော့ သေဆုံးမှုဖြစ်ပေါ်လာဖို့ခက်ခဲပါသည်။
6.သေနတ်
သေနတ်များကို လုပ်ကြံသတ်ဖြတ်ခြင်းတွင် မကြာခဏအသုံးပြုလေ့ရှိပြီးအလွန် သုံးဝင်သောနည်းလမ်းဖြစ်သည်။ လုပ်ကြံသူအများစုတွင် လက်နက်နှင့်ပတ်သက်သော နည်းပညာလုံလုံလောက်လောက် မရှိတတ်ကြပေ။ နည်းပညာဗဟုသုတလုံလုံ လောက်လောက်ရှိလျှင် ၎င်း၏လုပ်ဆောင်နိုင်စွမ်းသည် ပိုမိုတိကျကျယ်ပြန့်လာမည် ဖြစ်ပြီးပို၍စိတ်ချနိုင်မည်ဖြစ်သည်။ သေဆုံးမှုသည် အဓိကလိုအပ်ချက်ဖြစ်သောကြောင့်၊ လက်နက်၏စွမ်းဆောင်နိုင်မှုသည် ပထမဦးစားပေးဖြစ်ပြီး အကွာအဝေးသည်လက်နက် အလိုက်ဆုံးဖြတ်ရမည်ဖြစ်သည်။ သေနတ်အသုံးပြုရာတွင် အားနည်းချက်အချို့ရှိသည်။ သေနတ်များကိုရရန်ခက်ခဲသည့်အပြင် ၎င်းတို့က ိုလက်ဝယ်ကိုင်ဆောင်ထားခြင်းသည် ပုံမှန်အားဖြင့် ပြစ်မှုမြောက်သည်။သေနတ်ကိုင်ဆောင်ရန်အတွက် အတွေ့အကြုံလိုအပ် သည်။သို့ရာတွင်သေနတ်များကို လုပ်ကြံမှုအများစုတွင်အသုံပြုခြင်းသည် အခြားလက်နက် များအသုံးပြုခြင်းထက်ထိရောက်သည်။ သေနတ်သုံး၍ လုပ်ကြံမှုများတွင်လုပ်ကြံသူနှင့် လုပ်ကြံခံရမည့် သားကောင်ကြား အကွာအဝေးတခုလိုအပ်ခြင်းသည် အားနည်းချက် တခုဖြစ်သည်။
(က)ရိုင်ဖယ်သေနတ်
စောင့်ကြည့်လုပ်ကြံမှုတွင် ရိုင်ဖယ်သေနတ်သည် ဖြစ်နိုင်ချေတခုအဖြစ်ထည့်သွင်း စဉ်းစားပေးရမည်ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်မည့်အကွာဝေးသည် ကိုက် ၁၀၀ အတွင်း ဆိုလျှင်အလုံးစုံစိတ်ချရမည်ဖြစ်သည်။ အချို့သောအခြေအနေများတွင ်အကွာအဝေးသည် ကိုက်၂၅၀အထိတိုးသွားနိုင်သည်။ရိုင်ဖယ်သည်ကောင်းမွန်စွာပြုလုပ်ထားသောမောင်းရိုက်တံသို့မဟုတ် ကျည်နောက်ပိတ်စနစ်အမျိုးအစားဖြစ်ပြီး အားကောင်းသောအဝေးပစ် ကျည်တောင့်များကိုလက်ခံပစ်ခတ်နိုင်သင့်သည်။ .၃၀၀ F.A.B မဂ္ဂနမ်သည် အလွယ်တကူ ရရှိနိုင်သော အကောင်းဆုံးကျည်ဖြစ်မည်။ အခြားသင့်တော်သော ကျည်ဆံပမာဏများမှာ .၃၇၅ ( တရားမဝင် ) မဂ္ဂနမ်ကျည်ဆံ၊ .၂၇၀ W ဝင်ချက်စတာကျည်ဆံ၊ .၃၀ - ၁၀၆ p.s. ကျည်ဆံ၊ ၈×၆၀ မမမဂ္ဂနမ်ကျည်ဆံ၊ ၉.၃×၆၂ kk ကျည်ဆံနှင့် ၎င်းအမျိုးအစား၏အခြား ကျည်ဆံများဖြစ်သည်။ စစ်ဘက်သုံးသေနတ်များတွင် အသုံးပြုသောကျည်ဆံအမျိုး အစားသည် လူသေရန်အခွင့်အလမ်းနည်းသောထိပ်ဖူးတွင် သတ္တုအပြည့်ပါသော ကျည်ဆံအမျိုးအစားများဖြစ်ပြီး အထက်ပါကျည်ဆံများသည် ပစ်မှတ်အားထိမှန်ပါက ပြန့်ကျဲသွားသော ကျည်ဆံအမျိုးအစားဖြစ်ခြင်းကြောင့် ပုံမှန်စစ်ဘက်သုံးကျည်ဆံအမျိုး အစားများထက်ပို၍ရွေးချယ်နိုင်သည်။ စစ်ဖက်သုံးကျည်ဆံများအား တိကျမှုအားလျော့ကျ စေသောကြောင့် ကျည်ဆံထိပ်ဖူးအားလွန်ဖြင့်ဖောက်ခြင်း၊ အခြားသတ္တုများဖြည့်ခြင်းမပြု လုပ်သင့်ပါ။ ရိုင်ဖယ်သေနတ်သည် သေနတ်ပြောင်းလေးလံပြီး အလွယ်တကူ မောင်းတံဆွဲရုံနှင့် ကျည်ထွက်သော bull gun အမျိုးအစားဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၎င်းရိုင်ဖယ်သေနတ်သည် အလွန်အမင်းတိကျစွာပစ်နိုင်သော သေနတ်ဖြစ်သင့် သည်။ လက်နက်သည်စံအားဖြင့် ကိုက် ၁၀၀ တွင် တစ်လက်မကျည်ပြန့်ကျဲစုဖွဲ့မှုရှိ သင့်သည်။ သို့သော်လည်း၂၁/၂လက်မကျည်ပြန့်ကျဲစုဖွဲ့မှုရှိသော လက်နက်သည်လည်း အဆင်ပြေနိုင်သည်။ ချိန်ခွက်သည်မှန်ဘီလူးပါသင့်သည်၊ မှန်ဘီလူးပါခြင်းကြောင့်တိကျမှုရှိရုံ သာမကမြင်ကွင်းသည်အမှောင်သို့မဟုတ်အလင်းနည်းချိန်တွင်ပိုကောင်းမွန်သည်။ရိုင်ဖယ်နှင့်ပစ်ခတ်သူသည်အမှောင်ထုအတွင်းရှိနေယှဉ်ပင်ပစ်မှတ်၏ပုံရိပ်အားမြင်နိုင်(ရင်)မှန်ဘီလူးပစ်ခွက်သည် အလုပ်ဖြစ်နိုင်သည်။
အထက်တွင်ဖော်ပြထားသော ပစ်မှတ်ထိ(ရင်)ပြန့်ကျဲသွားသောအမဲလိုက်ကျည်ဆံ အမျိုးအစားများသည် အနီးကယ်သို့အလယ်အလတ်အကွာအဝေးတွင် အသားများဆိုးဆိုး ဝါးဝါးစုတ်ပဲ့၍ရှော့ရစေသည်။ လူတစ်ဦးသည် အထက်ပါကျည်ဆံအမျိုးအစားများဖြင့် ခန္ဓာကိုယ်အတွင်းသို့ပစ်ခတ်ခံရပါက အထပ်ပါလူသည်ကျိန်းသေသေနိုင်သည်။ လုပ်ကြံသူ သည်တရားဝင်ပွဲလမ်းသဘင်တစ်ခုခုမတိုင်မီ ရိုင်ဖယ်သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမည့် နေရာအား ရှာထားနိုင်ပါကအထက်ပါပွဲသို့တက်ရောက်လာသောပြည်သူ့အချစ်တော်များ၊ အစောင့်အကြပ်များနှင့်အရာရှိများသည် အောင်မြင်ရန်အခွင့်အရေးပိုများစွာအပြင် ဘေးကင်းလုံခြုံစွာလုပ်ကြံနိုင်သည်။ အထက်ပါစနစ်မှရရှိသောသည ်အများပြည်သူအကြား ပြောင်းပြောင်ထင်ထင်သတ်ပြနိုင်သော ဝါဒဖြန့်တန်ဖိုးသည်အလွန်ကြီးမားသည်။
(ခ) စက်သေနတ်
စက်သေနတ်များကို တစ်မိုင်ထက်ဝေးသော အကွာအဝေးရှိ အသေးစားယာဉ်များ၊ လေယာဉ်များကို ဖျက်ဆီးနိုင်စွမ်းရှိသော အလွန်အားပြင်းသည့် ရိုင်ဖယ်သေနတ်များကို အသုံးပြုနိုင်သည့် ကိစ္စအများစုတွင် အသုံးပြုကောင်း ပြုသည်။ အများအားဖြင့် အခမ်းအနားတစ်ခုတွင် ကျွမ်းကျင်ပြီး ဇွဲကြီးသောအဖွဲ့သည် အရေးကြီးသောအခါ သေနတ်ကိုယူပြီး ရုတ်ရုတ်သဲသဲဖြစ်မှု မရှိဘဲ လုံခြုံရေးတပ်များကို စီစဉ်ထားနိုင်သည်ဆိုသော်လည်း စက်သေနတ်များသည် အခမ်းအနားတစ်ခုရှိ လုံခြုံရေးတပ်စိတ်ကို ဖြိုဖျက်နိုင်သည်။
လျှို့ဝှက်ထားသော ကိစ္စများကို ဖော်ထုတ်ရန်အတွက် စက်သေနတ်၏ ပစ်ခတ်နိုင်စွမ်းကို အသုံးမပြုသင့်ပါ။ Trotsky သည် အောင်မြင်မှုအခွင့်အလမ်းမရှိသည်ကို သိလျက်ထိုလုပ်ရပ်ကို ကြိုးစားခဲ့သည်။ စက်သေနတ်၏ အလိုအလျောက်လုပ်ဆောင် ချက်ကို ယုံကြည်ရစေရန် အရာဝတ္ထုတစ်ခုကို ၅ စက္ကန့်မျှ ပစ်ခတ်ပေါက်ကွဲစေခြင်းဖြင့် အသုံးပြုသင့်သည်။ ကျည်အပြည့်နှင့်ဆိုလျှင် ပစ်ခတ်ပေါက်ကွဲမှုသည် လူတစ်ယောက်ထက် မကြီးသော်လည်း လုံးဝသေစေနိုင်သည်။ ကိုက် ၁၅၀ အတွင်း ထိုကိစ္စကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်သည်။ အကောင်းဆုံးအခြေအနေအချိန်အခါတွင် စနစ်တကျချိန်ဆထားသော စက်သေနတ်သည် ထိုကိစ္စကို ကိုက် ၈၅၀ အတွင်း လုပ်ဆောင်နိုင်သည်။ စက်သေနတ်သမားများသည် စောင့်ကြည့်တိုက်လိုက်ရန် လေ့ကျင့်ထားသောကြောင့် ပထမအကြိမ် ပစ်ခတ်ရာတွင် ပစ်မှတ်ကို အတိအကျထိရန်မှာ အခက်အခဲဖြစ်သည်။ ပစ်မှတ်မတည်ငြိမ်သည့် လုပ်ကြံမှုမျိုးတွင် စက်သေနတ်ကို အသုံးမပြုနိုင်ပါ။
(ဂ) The submachine gun [ယမ်းတောင့် ပစ်ရန်အတွက် ဒီဇိုင်းဆွဲထားသော အလိုအလျောက် ကာဘိုင်သေနတ်]
ရုရှား နှင့် ဂျာမန်များမှ အသုံးပြုသော စက်ကိရိယာတပ် ပစ္စတို နှင့် ဗြိတိသျှတို့အသုံးပြုသော စက်ကိရိယာတပ် ကာဘိုင်မြင်းစီးသေနတ် တို့ဟုခေါ်သော လက်နက်များသည် လုပ်ကြံသတ်ဖြတ်ရာတွင် ရံဖန်ရံခါ အသုံးဝင်သည်။ ရိုင်ဖယ် နှင့် စက်သေနတ်များ ဖြင့်မတူသောအချက်မှာ ဤသေနတ်များသည် တာတိုသေနတ်ဖြစ်ပြီး ၎င်းဟာ ပစ္စတိုကျည်ထက်ပင် အားကောင်းမှုနည်းပါးသည်။ ပြောင်းဝ 0. 45 ရှိသော US လက်နက်များသည် 9 မီလီမီတာရှိသော ဥရောပ လက်နက်များထက် သေစေနိုင်သော စွမ်းရည်ရှိ အနားသတ်များပါရှိသော်လည်း စိတ်ချမှုရှိစေရန် အရာဝတ္ထု၏ တည်ချက်သို့ အနည်းဆုံး ငါးချက်လောက် ပစ်သင့်သည်။
Sub-machine gun များ၏ လုက်ကြံသတ်ဖြတ်မှု ပစ်ကွင်းသည် နီးကပ်၍ ပြင်းထန်စွာ တိုက်ရိုက် ပစ်ခြင်းဖြစ်သည်။
ကိုက် 50 အကွာ သို့ ထိုထက်များသော အကွာအဝေးမှ sub-machine သေနတ် ပစ်သမားများသည် တိကျသော ပစ်မှတ်တစ်ခုချင်းစီကိုပစ်နေစဉ်တွင် ၎င်းသည် လုပ်ကြံသတ်ဖြတ်မှုအတွက် သေချာလုံလောက်မှုမရှိပေ။ သာမန်အခြေအနေများအောက် တွင် 5MG ကို လုံးဝ အလိုအလျောက်လက်နက်များအနေဖြင့် သုံးသင့်သည်။ များစွာသော ဝတ္ထုမျာကို ပစ်ခတ်သော အခြေအနေတွင် အမြန်နှုန်းကျွမ်းကျင်မှုသည် လိုအပ်သောကြောင့် စွမ်းဆောင်ရည်ရှိသော သေနတ်သမား၏ လက်ထဲတွင်အလိုအလျောက် ကျည်ထွက် နိုင်နှုန်းမြင့်မားမှုသည် ထင်ရှားသော အကျိုးကျေးဇူးဖြစ်သည်။
တစ်ခုထက်ပိုသော ပစ်မှတ်တစ်ခုကို လုပ်ကြံလိုသောအခါ sub-machine သေနတ်သေနတ်သည် အမိုးအကာအောက်တွင်လုပ်ဆောင်ရသောအလုပ်အတွက် အထူးသဖြင့် သင့်တော်သည်။ sub-machine သေနတ် တစ်စုံ အသုံးပြုမှုအတွက် ထိရောက်သော နည်းစနစ်တစ်ခုဖန်တီးထားသည်။ ၎င်းမှာ သေနတ်ပစ်သမားကို အန္တရာယ်မရှိဘဲ သို့မဟုတ် နည်းနိုင်သမျှနည်းအောင် ပစ်မှတ်များ ဒါဇင်များစွာပါဝင်သော အခန်းတစ်ခုကို စက္ကန့်နှစ်ဆယ်မျှနှင့် ရှင်းလင်းနိုင်သော နည်းဖြစ်သည်။ ၎င်းကို အောက်တွင် ပုံဆွဲပြထားသည်။
US sub-machine သေနတ်များသည် သေစေနိုင်သော ယမ်းတောင့်များကို ပစ်စဉ်အတွင်း နိုင်ငံခြား လက်နက်များ၏ ကျည်ထွက်နိုင်နှုန်းသည် လက်ခံနိုင်သော ကျစ်လျစ်သည့် ပုံစံ ဖြင့် ပစ်မှတ်ကို လျှင်မြန်စွာ သေနတ်ပစ်သမားကို ကာကွယ်နိုင်စေသည်။ Bergman model 1934 သည် ဤနည်းအားဖြင့် ကောင်းပေသည်။ SMG သည် သင့်တင့်ကောင်းမွန်သော ကျည်ထွက်နှုန်းရှိပြီး နှစ်လိုဖွယ်ကောင်းစွာ ကျစ်လျစ်သပ်ရပ်၍ ကွယ်ဝှက်နိုင်ပေသည်။ ရုရှား SHG's များသည် ကောင်းမွန်သော ကျည်ထွက်နှုန်းရှိပေသည်။ သို့သော် ညီမျှသော သတ်နိုင်စွမ်းအကျိုးသက်ရောက်မှုအတွက် ကိရိယာများစွာ လိုအပ်သော အလင်းကာကွယ်နိုင်မှု၊ သေးငယ်မှုတို့သည် အနှောက်အယှက်ဖြစ်စေသည်။
(ဃ) အနီးပစ်သေနတ် (ပြောင်းချောသေနတ်)
ပစ်မှတ်သည် ၁၀ ကိုက်အတွင်းရှိသည့် အခြေအနေမျိုးတွင် ပြောင်းဝကျယ် အနီးပစ်သေနတ်သည် အထိရောက်ဆုံး လူသတ်လက်နက်ဖြစ်သည်။ အနီးပစ်သေနတ် များသည် ပစ်ခတ်မှုကို ကြာရှည်မလုပ်ဆောင်နိုင်သောကြောင့် ပစ်မှတ်တစ်ခုတည်းရှိသော အခါမျိုးတွင် ပုံမှန်အားဖြင့် အသုံးပြုသင့်သည်။ သေနတ်ပြောင်းဝကို အသုံးပြုလွယ်ကူရန် ဖြတ်ထားနိုင်သော်လည်း ပစ်ခတ်နိုင်စွမ်းတွင် အရေးပါသော အချက် မဟုတ်ပေ။ ၎င်း၏ အကောင်းဆုံး အကွာအဝေးမှာ ပစ်မှတ်နှင့် လက်လှမ်းမီသည်အထိ ဖြစ်သည်။ ကျည် ၁၂ တောင့်ဆံ့သေနတ်အတွက် ၀၀ ကျည်ဆံသည် အကောင်းဆုံးဖြစ်သည်၊ သို့သော် အကွာအဝေးမှန်ပါက ငှက်ပစ် သို့မဟုတ် ဘောလုံးများကို ပစ်နိုင်လိမ့်မည်။ ပစ်ခတ်မှုပုံစံသည် အနီးကပ်ဖြစ်သောကြောင့် လုပ်ကြုံသူသည် ရင်ညွန့်ကို ချိန်ပါက ဦးခေါင်းကို အလွယ်တကူ ထိမှန်နိုင်သည်။
(င) ပစ္စတို
ခြောက်လုံးပြူး ပစ္စတိုသေနတ်များသည် လုပ်ကြံလက်နက်အဖြစ် အတော်အသင့် အသုံးမဝင်သော်လည်း အလွယ်တကူရနိုင်ပြီး သယ်ဆောင်ရ ဖုံးကွယ်ရလွယ်ကူခြင်းကြောင့် တစ်ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ထားခြင်းမရှိခြင်းကြောင်း တစ်ကြောင်း မကြာခဏ အသုံးပြုကြသည်။ လူသိများသည့် လုပ်ကြံသတ်ဖြတ်မှုများ (Lincoln, Harding, Ghandi) များတွင် ပစ္စတိုကို အသုံးပြုခဲ့ကြသော်လည်း အောင်မြင်မှုများရှိသကဲ့သို့ မကြာခဏဆိုသလို ကျရှုံးမှုများ (Truman, Roosevelt, Churchill) လည်း ရှိသည်။
ပစ္စတိုကို အသုံးပြုမည်ဆိုပါက လက်လှမ်းမမီသည့် အကွာအဝေးမှ ပစ်သင့်ပြီး အားကောင်းနိုင်သမျှကောင်းအောင် ပစ်သင့်ပါသည်။ အနီးပစ်သေနတ် (ပြောင်းချော သေနတ်) သည် ပို၍သေစေနိုင်ပြီး ပစ္စတိုသည် ကိုင်ဆောင်ရလွယ်ကူခြင်းမှလွဲ၍ ၎င်းတို့ကို တူညီသော စစ်ဆင်ရေးအခြေအနေများတွင် အသုံးပြုသည်။
ကိုင်ဆောင်သူသည် ကျွမ်းကျင်သူဖြစ်ပါက ပစ္စတိုသည်အထိုက်အလျောက် သေစေနိုင်သော်လည်း ထိုကျွမ်းကျင်သူများမှာ ရှားပါးပြီးလုပ်ကြုံမှုများတွင် အသုံးမပြု နိုင်ပေ။
0.45 C**t, 0.44 Special, 0.455Kly, 0.45 A.S. (U.S Service) and 0.357 Magnum များသည် အသုံးဝင်သော သေနတ်များဖြစ်သည်။ အားပျော့သည့် ပစ်ချက်များသည် လုံလောက်သော်လည်း စိတ်ချရမှုနည်းပါးသည်။ 0.32s နှင့် 0.25s ယမ်းတောင့်များကို ရှောင်ကြဉ်သင့်သည်။
အခြေအနေအားလုံးတွင် အပြည့်အဝစိတ်ချနိုင်ရန် ပစ်မှတ်ကို အနည်းဆုံး ၃ ကြိမ် ပစ်ခတ်သင့်သည်။
(စ)အသံတိတ်သေနတ်များ
သေနတ်တစ်ခုအတွင်း လှုပ်ရှားပေါက်ကွဲသံကို သင့်တော်သောကိရိယာတပ်ဆင်ပြီး ထိထိရောက်ရောက် အသံတိတ်အောင် ပြုလုပ်နိုင်သည်။ သို့သော်လည်း လက်နက်ပြင်ပမှ ထွက်သောအသံဖြစ်သည့် လေခွင်းသံကို တိတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ။ အဆိုပါဖြစ်စဉ်တွင် ကျည်ဆံ၏အလျင်သည် အသံထက်ပိုမြန်သောကြောင