Your Gynaecologist
Women health
သင့်မှာ သမီးတစ်ယောက်ရှိခဲ့လျှင် မီးယပ်အထူးကုဆရာဝန်ဆီ ဘယ်အချိန် သွားသင့်ပါသလဲ....?
#ကျွန်တော့်သမီးက အသက်(၁၃) နှစ်ပါ။ သမီးလေးကို
သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ဘယ်အရွယ်မှာ
စတွေ့ပေး ရမယ်ဆိုတာ ကျွန်တော်သေချာ မသိလို့
ဖြေကြားပေးစေချင်ပါတယ်။
အမေရိကန်သားဖွားမီးယပ်အထူးကုကောလိပ် (ACOG) ကအသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားမိန်းကလေးငယ်များသည် မီးယပ်အထူးကုဆရာဝန်ကိုပထမဆုံးအကြိမ်တွေ့ရန်တိုက်တွန်းထားသည်။
မိန်းကလေးအများစုသည် ဤသို့ပထမဆုံးအကြိမ်
မီးယပ်အထူးကုဆရာဝန်နှင့် ပြသရာတွင်
စမ်းသပ်စစ်ဆေးမှု ခံယူရန်မလိုအပ်ပါ။
မီးယပ်အထူးကုဆရာဝန်များသည် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး မိန်းကလေးအားသူမ၏ဖွံ့ဖြိုးတိုးတက်မှုအကြောင်းပြောဆိုပါလိမ့်မည်။
ဤအရာသည်သင်၏သမီးအတွက် သူမ၏မီးယပ်အထူးကုဆရာဝန်ကြီးနှင့် ဆက်ဆံရေးတိုးတက်စေရန်လည်း နည်းလမ်းကောင်းတစ်ခုဖြစ်သည်။
ထို့နောက် သင့်သမီးကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန်တိုက်တွန်းပြီး ဆေးထိုးရမည့် အစီအစဥ်ကို ရှင်းပြပါလိမ့်မည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးသည်
သားအိမ်ခေါင်းကင်ဆာ အားလုံး၏ ၇၀ % ထိ
ကာကွယ်ပေးနိုင်မည်ဖြစ်သည့်အတွက်
အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားတွင်
သင့်သမီးကို မီးယပ်အထူးကုဆရာဝန်နှင့်
ပြသပေးရန် လိုအပ်ပါသည်။