မိသားစုOnline Cooking Foodstuffs

မိသားစုOnline Cooking Foodstuffs

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မိသားစုOnline Cooking Foodstuffs, Kitchen/Cooking, .

09/05/2022

ပြည်ထမင်းသုပ်🤤စားချင်စရာကြီး😍😍
မိသားစု စုံစုံလင်လင်ရှိတဲ့နေ့ အလုပ်ပိတ်ရက်တွေမှာ ထမင်းဟင်းမစားချင် လုပ်စားလို့ရတယ်နော်😍😍
ပြည်မြို့ရဲ့နာမည်ကြီးအစားအစာ
#ပြည်ထမင်းသုပ် နည်းပါ။
ပြည်မြို့အစားအစာလို့ပြောရင်
ပြည်ပလာတာ ပြည်ထမင်းသုပ်
စတာတွေကချန်ခဲ့လို့မရတဲ့အထဲမှာ
ထိပ်ဆုံးကပါတယ်။

ကိုယ်က ပြည်သား မဟုတ်လေတော့

ပြည်ကသူငယ်ချင်းကို ဖုန်းဆက်ပြီး
သုပ်ပုံသုပ်နည်းမေးရတယ်။

ရိုးရိုးထမင်းသုပ်တာနဲ့သိပ်မကွာပေမယ့်
သူ့နည်းသူ့ဟန်ကွဲ
ပြားတာလေးတွေလည်းရှိပါတယ်။

လိုအပ်တာလေးတွေကတော့
ထမင်းသုပ်ဆိုတော့ ထမင်းအဓိကတော့ပေါ့😁
ကျန်တဲ့ တန်ဆာပလာလေးတွေက
ကိုယ့်ထည့်လို့လွယ်သလောက်ပေါ့
ပဲ ပြား ကြော်ပြီး ပါးပါးညှပ်၊

အာလူးကို နူးနေအောင်ပြုတ်ချေ၊
ပဲပင်ပေါက်လေးရေစင်အောင်ဆေးပြီး
ဒယ်အိုးထဲထည့်လှော်၊
ပုဇွန်ခြောက်မှုန့်လေးညက်အောင်ထောင်း၊
ပဲ ကြာဆံလေးလည်း
ရေနွေးဖြောထား ဒီလောက်ဆို ရပါပြီ။

ထမင်းသုပ်အဓိက က
ဆီနီ ဆီချက်လို့ထင်ပါတယ်။ကြက်သွန်ဖြူကို
ပါးပါးလှီးပြီး ဆီများများနဲ့ဆီချက်ချက်ပါမယ်။ကြက်သွန်ဖြူတွေရွှေအိုရောင်သန်းလာရင်

အဖတ်တွေကိုဆယ် မီးပိတ်ပြီး
က်န္တဲ့ဆီပူထဲကို
ငရုတ်သီးအရောင်တင်မှုန့် နဲ့ ငရုတ်ခွဲခြမ်း
ဆတူရော ထည့်မွှေပြီး
ဆီသတ်လိုက်ရင် ငရုတ်အနှစ်လေးတွေပါတဲ့
ဆီနီဆီချက်ရပါပြီ။

ပြီးရင်တော့ မန်ကျည်းရည်
အနည်းငယ်ဖျော် ၊ ပဲမှုန့် ၊ငံပြာရည် ၊အချိုမှုန့်
စတဲ့ လိုတာလေးတွေပြင်ပြီး ထမင်းသုပ်လို့ရပါပြီ။

တွဲစားဖို့ကတော့ ကြက်ဥ half fried ၊ ငါးဖယ် ၊ ကြက်ကြော်စသဖြင့် အဆင်ပြေရာပြင်ထားပါ။
အဲဒါဆို စသုပ်လို့ရပါပြီ။

ပြည်မှာကတော့ အနံမွှေးတဲ့ အင်ဖတ်ထဲ ထမင်း
နည်းနည်းထည့်ပြီး ပဲပင်ပေါက် ပဲကြာဇံ
အာလူး ပဲ ပြား စတဲ့
တန်ဆာပလာတွေထည့်ပြီး
ငံပြာရည် အချိုမှုန့် ပဲမှုန့်
ပုဇွန်ခြောက်မှုန့် နောက်ဆုံး
ဆီချက်ဆမ်းပြီး
ကြက်သွန်ဖြူကြော်လေးဖြူးပြီး
ဖက်လေးထုပ်လိုက်ရင် ပြည်ဖက်ထမင်းသုပ်ကောင်းကောင်းတစ်ပွဲရပါပြီ။

နေ့တိုင်း ထမင်းနဲ့ဟင်းချည်း
စားလို့ညည်းငွေ့လာတဲ့အခါ
ဒီလိုအသုပ်လေးတွေကလည်း
ခံတွင်းလိုက်ပြီး စားလို့ကောင်းတာမို့
သုပ်စားကြည့်ဖို့ တိုက်တွန်းပါရစေ😁
အားလုံး စားကောင်း ကျန်းမာကြပါစေ😊😊😊

Credit မူရင်းပိုင်ရှင်
မှပြန်လည်မျှဝေသည်။

09/05/2022

ကင်းမွန်ဆီပြန်ရေကျဲဟင်း

ကင်းမွန်ကို ရှာလကာရည်ဖြင့် နယ်ပြီး ရေပြန်ဆေးထားပေးပါ။ ကြက်သွန်ဖြူနီကိုထောင်းပြီး ငရုတ်သီးအစိမ်းမှုန့်ထည့်ကာ ဆီသပ်ပေးပါ။ အနံ့မွှေးပြီဆို ကင်းမွန်ကိုထည့်ပါ။ ရေအနည်းငယ် ဆား အချိုမှုန့် နှင့် ကွဲရုံထောင်းထားသော ငရုတ်သီးထည့်ပါ။ ရေခမ်းခါနီးဆိုမှ ပင်စိမ်းအုပ်ပါ။ ရေခပ်ကျဲကျဲစားလိုရင် ရေမခမ်းခင် မီးပိတ်ဖို့ လိုပါလိမ့်မယ်။

PT@Credit

Website