Salai Htain Lin Maung

Salai Htain Lin Maung

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Salai Htain Lin Maung, History Museum, .

26/03/2024

လူတောမတိုးချင်တဲ့စိတ်
**********************

တစ်ယောက်တည်း အနေကြာလာတာများပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံလေ့မရှိတဲ့ သူတစ်ယောက်ဟာ လူအများကြားထဲသွားရင် ရှက်သလိုလို ၊ ယုံကြည်မှုဘမရှိသလိုလို ဖြစ်ကြရတယ် ။

ရှက်ကြောက်ခြင်းဆိုတာ မိမိရဲ့စိတ်အတွင်းကနေလာတဲ့အရာ တစ်ခုပဲ ဖြစ်ပါတယ် ။ တစ်နည်းအားဖြင့်ရှက်ကြောက်ခြင်းဟာ သိမ်ငယ်စိတ်ကနေ ဖြစ်ပေါ်လာတာလို့လည်းပြောလို့ ရပါတယ် ။ ဒါဆို ရှက်ကြောက်တဲ့စိတ်က လူတစ်ယောက်ကို ဘာဖြစ်သွားစေနိုင်လဲ ။ တကယ်တော့ ဘာမှမဖြစ်သွားစေပါဘူး ။ ပြောတာနည်းနည်း ရှုပ်သွားမယ်ထင်ပါတယ် ။

ဟုတ်ပါတယ် ။ လူတစ်ယောက်ဟာ အရာရာမှာ ရှက်နေကြောက်နေတဲ့အခါ သူ လုပ်ချင်တာကို လုပ်ဖို့လည်း သတ္တိမရှိတော့ဘူး ။ အများကြားသွားဖို့ကိုလည်း အဆင်မပြေတော့ဘူး ။ အဲတော့ ဘာမှမလုပ်ဖြစ်တော့ဘူး ။ ဘာမှမလုပ်ဖြစ်တော့ ဘယ်နေရာမှ ထထမြောက်မြောက် ဖြစ်သွားတယ်ဆိုတာ မရှိတော့ဘူး ။ တစ်ချိန်လုံး ဒီရှက်တဲ့စိတ် ၊ ကြောက်တဲ့စိတ်ကသာ အချိန်တိုင်း ကြီးစိုးနေတော့တာပေါ့ ။

ဒါဆို ရှက်တဲ့စိတ် ၊ ကြောက်တဲ့စိတ်ကို ဘယ်လိုဖြေဖျောက်ရမလဲလို့ ခင်ဗျားတို့ ကျွန်တော့်ကို မေးကြမှာပါပဲ ။ အဲ့ဒီအတွက်တော့ ဝမ်းနည်းပါတယ် ။ ဖြေဖျောက်ဖို့အတွက် လုံးဝ နည်းလမ်းကို ကျွန်တော် မသိပါဘူး ။

ကျွန်တော့်တုန်းကလည်း ဒီလိုစာတွေ စတင်ဖို့အတွက်ကို တော်တော်လေး ကြောက်ခဲ့တယ် ။ လွန်ခဲ့တဲ့နှစ်တွေက ကျွန်တော်က Low profile နဲ့ နေနေကျသူ တစ်ဦးဖြစ်တယ် ။ ဘာ Post မှလည်း မတင်သလို ၊ My day တောင်မှ ကျွန်တော် တင်လေ့မရှိပါဘူး ။

အမှန်တိုင်းပြောရရင် အဲ့တုန်းက ငယ်သေးတဲ့ အရွယ်ဖြစ်တာရယ် ၊ အေးအေးဆေးဆေးနေတတ်တာရယ်ကြောင့်လားမသိ သို့သော် ကျွန်တော် Post တွေ့တင်ရင် ငါ့ကိုလူတွေ ဘာလာပြောမလဲစတဲ့ ရှက် ကြောက်စိတ်လေးကြောင့်လည်း ကျွန်တော် အတော်ကြာ ဘယ်သူမှမသိ ကိုယ့်နေရာလေးမှာပဲ နေခဲ့ဖူးတယ် ။

ဒါဆို ဘာလို့ ကျွန်တော်မရှက်တော့တာလဲ တစ်ခုခုဘလုပ်ရမှာကို မကြောက်တော့တာလဲ ။ ကျွန်တော် အထက်မှာပြောခဲ့သလိုပဲ အဲ့လိုလုပ်ဖို့ကို ကျွန်တော်နည်းလမ်းမသိပါဘူး ။

ဒါပေမယ့် ကျွန်တော် စခဲ့တယ် ။ ကျွန်တော် ဝါသနာပါတဲ့ အရာကို စခဲ့တယ် ။ စာတွေ စရေးတယ် ။ Videoတွေလုပ်တယ် ။ အဆက်မပြတ် လုပ်နေခဲ့တယ် ။ လုပ်ရင်းလုပ်ရင်း ကျွန်တော်ရဲ့ ငယ်ငယ်က ရှက်တတ်တဲ့စိတ် ၊ ကြောက်တဲ့စိတ်တွေ ပျောက်သွားခဲ့တယ် ။

နားလည်အောင်ပြောရရင် အလုပ်တစ်ခု ၊ ဝါသနာပါတဲ့အရာတစ်ခုကို စလုပ်လိုက်တာဟာ အချိန်ကြာလာတဲ့အခါ ကိုယ့်ဘဝရဲ့ ပြောင်းလဲမှုကို တကယ် တွေ့ရပါလိမ့်မယ် ။

ဟုတ်ပါတယ် ။ လူတွေဟာ အရမ်းကိုယ့်ကိုကိုယ် အပြစ်တင်ကြတယ် ။ “ ငါက အသုံးကိုမကျဘူး ၊ ဒီနေရာမှာပဲ ဒီနှစ်ကလဲ ၊ ငါက တကယ်ကို ငတုံး ” စတဲ့စတဲ့ အရာတွေနဲ့ ကိုယ့်ကိုကိုယ် ဝေဖန်ပြီးတော့ နေ့စဉ်စိတ်ဆင်းရဲမှုတွေကို ဝယ်ယူနေကြတယ် ။

တကယ်တော့ အဲ့လို အချိန်ကုန်ခံပြီး ကိုယ့်ကိုကိုယ် ပြန်ဝေဖန်နေမယ့်အစား ကိုယ့်ရဲ့ ဝါသနာပါတဲ့အရာ ၊ ကိုယ်တကယ် ရူးသွပ်တဲ့အရာတွေကို ကြိုးစားပြီး လုပ်စေချင်တယ် ။

စလုပ်တဲ့အချိန်မှာတော့ ရှက်နေ ၊ ကြောက်နေမှာပါပဲ ။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့်ဘဝ ပြောင်းလဲမှုကိုကြည့်လိုက်ပါ ။ ရှက်နေကြောက်နေပြီး မလုပ်လိုက်ရင်တော့ ဆက်ပြီး ရှက်နေကြောက်နေအုံးမှာပါပဲ ။

#မင်းပြောင်းလဲနိုင်ပါတယ်
MK Book Store & စင်္ကာပူ

17/03/2024

🎀"အကောင်းမြင်တတ်သူ"🎀
➖➖➖➖➖➖➖➖➖➖
ရှေးရှေးတုန်းကပေါ့..

💐မျက်လုံးတစ်ဖက်ကန်းပြီး ..
ခြေတစ်ချောင်း မရှိတဲ့ ..
သူဋ္ဌေးကြီးတစ်ယောက် ရှိသတဲ့။

💐တစ်နေ့မှာ သူဋ္ဌေးကြီးဟာ ..
အတော်ဆုံးပန်းချီဆရာတွေကို ခေါ်ပြီး ..
သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ ..
အကောင်းဆုံးဖြစ်အောင် ..
ရေးဆွဲဖို့ ပြောသတဲ့။

💐ပန်းချီဆရာတွေလည်း ..
မျက်စိတစ်ဖက်လပ်..
ခြေတစ်ချောင်းမရှိတဲ့သူရဲ့ပုံတူကို..
အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ဆိုတော့ ..
လက်တွန့် နှုတ်ဆိတ်နေကြတာပေါ့...။

💐အဲဒီမှာပဲ ပန်းချီဆရာတစ်ယောက်ဟာ ..
သူဋ္ဌေးကြီးရဲ့ပုံတူပန်းချီကားကို ..
အလှဆုံး ၊ အကောင်းဆုံးဖြစ်အောင်..
ရွေးဆွဲဖို့ ကတိပြုလိုက်ပါသတဲ့...။

ပြီးတော့ ပန်းချီဆရာ ဟာ ..
ပုံတူပန်းချီကားကို ..
စတင် ရေးဆွဲပါတော့တယ်။

💐ပန်းချီကား ရေးဆွဲပြီးတဲ့အခါမှာတော့ ..
မြင်ရသူအားလုံးတအံ့တသြနဲ့ ..
ငေးမော ချီးကြူး ကြပါသတဲ့။

💐တကယ့် ကို သူဋ္ဌေးကြီးရဲ့ ပုံတူက..
အလှဆုံးနဲ့အကောင်းဆုံး ပန်းချီကားပဲ .လို့
မှတ်ချက် ပြု လိုက်ကြသတဲ့။

💐ပန်းချီကားထဲမှာ သူဋ္ဌေးကြီးဟာ ..
မျက်လုံးတစ်ဖက်ကို ပိတ်ထားပြီး ..
မြင်းကို ခွစီးကာ
သားကောင်ကို ..
လေးမြားတို့ဖြင့်
ချိန်ရွယ်လို့..
အမဲလိုက်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။.................. .............

💐ဒီပုံပြင်ကို ဖတ်ပြီး တွေးကြည့်မိတယ်..
ပန်းချီဆရာချင်းတူပါလျက် ..
တခြားပန်းချီဆရာတွေကရော ..
သူ့လိုဘာကြောင့်များ မတွေးမိပါလိမ့်...။

💐အတတ်ပညာချင်း တူလျှင် ..
အသိပညာချင်း ကွာခြားပါလိမ့်မယ် ။
အသိပညာချင်းတူလျှင် ..
အလှ ကို ခံစားတတ်တဲ့ ..
နှလုံးသားချင်းကွာခြားပါလိမ့်မယ် ။

💐တခြားသူတွေရဲ့ အားနည်းချက်ကို ..
မြင်ဖို့က လွယ်ကူပြီး ၊
အကောင်းမြင်စိတ်လေး ..
မွေးတတ်ဖို့က ..
ခက်ခဲနေကြလို့ပဲ ဖြစ်ပါတယ်။


#မေတ္တာဖြင့်တဆင့်_
#ပြန်လည်မျှဝေသည်...
#လေးစားစွာဖြင့်-
&K-Social Knowledge
©®

16/03/2024

အကျင့်ဖြစ်သွားတာမျိုး မလုပ်မိပါစေနဲ့ ။

တခါတုန်းက ကြက်ဥ မကြိုက်တဲ့ ကျီးကန်းတစ်ကောင်ဟာ သူပိုင်တဲ့ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။

ခွေးက အစပိုင်း ကျေးဇူး တင်တယ်ပေါ့၊၊
ကြာတော့ အကျင့်ဖြစ်သွားတယ်။

အကျင့်ဖြစ်လာတော့ ဒါက သူ့ကို ပေးကိုပေးရမလိုဆိုတဲ့ စိတ် ဖြစ်လာတယ်။

တစ်နေ့ကျတော့ ကျီးကန်းက ကြက်ဥကို ကြောင်ကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။

ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာ ဆိုတာ သူမေ့သွားတယ်။

ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ် ဆိုတာ မေ့သွားတယ်။

ဒါနဲ့ သူတို့စကားများကြပြီး အခင်အမင်ပျက်သွားကြတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီအတိုင်းပါပဲ။

တချို့သော လူတွေဟာ သူတစ်ပါးဆီက တစ်ခါတရံ ရလိုက်တဲ့ အရာတွေကို တစ်သက်လုံး ရမဲ့အရာလို့ သတ်မှတ်တက်တဲ့ လူတွေ ရှိတတ်ပါတယ်။

အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။

အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။

ကြာလာတော့ သူများ ကိုယ့်အပေါ် ကောင်းတာကို အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ် ။

ဒါကိုဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။

တစ်နေ့မှာ ကိုယ့်အပေါ် မကောင်းခဲ့ရင် အပြစ်တင် ရှုံ့ချ မိတော့တယ်။

တကယ်တမ်းကျတော့ သူများ မကောင်းတော့တာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။

ရနေကျဆိုတော့ ရပိုင်ခွင့်တစ်ခုလို မြင်လာပြီး ကျေးဇူးတရား ဆိုတာကို မေ့သွားတာပါ။

ဒါကြောင့် သူတစ်ပါးပိုင်တဲ့ ပစ္စည်းကို ကိုယ့်ရပိုင်ခွင့်လို ပုံသေ သတ်မှတ် မထားသင့်ပါဘူး။

တကယ်တော့ ကြက်ဥ ဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။


#ဘဝအတွက်စာဖတ်ပါ

14/03/2024

*လူတစ်ယောက်တော်တယ်ဆိုတာ*
******************************

လူတစ်ယောက် တော်တာက
သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။

အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင်
အများဆုံးသူတစ်ကြိမ်ပဲ တော်နိုင်မှာပါ။

အကယ်၍ အကြိမ်ပေါင်းများစွာ ၊ အချိန်ကြာရှည်စွာ
လူတစ်ယောက်က တော်တယ်ဆိုရင် အဲ့ဒီအရာကို
အရည်အချင်းလို့ခေါ်ပါတယ်။
အရည်အချင်းက ခက်ခက်ခဲခဲ လေ့ကျင့်လို့ရလာတာပါ။

ဘာဖြစ်လို့အဲ့လောက်တော်တာလဲ မွေးရာပါ ပါရမီလား
ဆိုပြီး တချို့ကမေးကျတယ်။
အဖြေက မဟုတ်ပါဘူး။

တော်ရတဲ့အကြောင်းရင်းက သူများထက်
* ပင်ပင်ပန်းပန်း လေ့ကျင့်လို့၊
* အရာမှန်သမျှ သင်ယူလေ့လာလို့၊
* သူများထက် ပိုဖတ်လို့ ၊
* သူများထက် ပိုကြည့်လို့၊
* သူများထက် ပိုကြုံတွေ့ရလို့၊
* သူများထက် ပိုပြီးနာကျင်ရလို့ပဲ
လူတစ်ယောက်ကို သူများထက်ပိုတော်အောင်
ဖန်းတီးပေးတာပါ။
ဒါဆိုရင် နောက်မေးခွန်းတစ်ခုက
ပါရမီက တကယ်ရှိလားလို့ မေးလိမ့်မယ်။
အဖြေက တကယ်ရှိပါတယ်။
ဒါပေမဲ့ ပါရမီဆိုတဲ့အရာက ကျွန်တော်တို့ကို
အကြောင်းပြချက်မရှိပဲ အရာတစ်ခုကို
နှစ်သက်အောင် လုပ်ပေးရုံပဲရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီအရာကိုအာရုံစိုက်ပြီး
လုပ်နိုင်တော့ အစပိုင်းမှာအဲ့ဒီအရာကို
ကောင်းကောင်းဆောင်ရွက်နိုင်တာပေါ့ ။

ဒါပေမဲ့ရေရှည်အတွက် အဲ့ဒီပါရမီက မလုံလောက်ပါဘူး။

ဒါကြောင့် ဘယ်အရာမဆို ကျွန်တော်တို့ခက်ခက်ခဲခဲ
လေ့ကျင့်မှ အဲ့ဒီအရာအပေါ် တော်မယ့်လူတစ်ယောက်ဖြစ်မှာပါ ။
လွယ်လွယ်ပြောရရင် Bus ကားလိုမျိုးပါပဲ။

ကျွန်တော်တို့ကို လမ်းထိပ်ထိပဲချပေးမှာပါ။

အဲ့ဒီကနေ ကျွန်တော်တို့လူတွေက
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ပန်းတိုင်ကိုဆက်ပြီး
ကြိုးစားပြီးသွားရမှာပါ။

သူများထက်ပိုပြီးကြိုးစားလေ့ကျင့်ရင်
သူများရဲ့အရှေ့မှာ လျှောက်ရမှာပါ။

သူများလို မလေ့ကျင့်မကြိုးစားတဲ့သူကတော့
နောက်ဆုတ်သလိုဖြစ်နေမှာပါ။
ဒါကြောင့်ဒီလောကက မတရားဘူးလို့မပြောပါနဲ့။
တကယ်ဆိုရင် ကိုယ်ကိုတိုင် အသုံးမကျတာပါ။
ဒါကြောင့်
တော်တာက ဘယ်တော့မှ ကံကောင်းမှုကြောင့်မဟုတ်ပါဘူး။

ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်စိတ်ထဲမှာ
"သူဘာဖြစ်လို့ တော်တာလဲ?
ဆိုတဲ့မေးခွန်းကို ထုတ်ထားလိုက်ပါ။

ဘာဖြစ်လို့လဲဆိုတော့ အဖြေကတစ်ခုပဲရှိပါတယ်။

သူက သူများထက် ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်ပြီး
ဝီရိယကိုပိုင်ဆိုင်ထားလို့ပါ။

14/03/2024

ဟိုတယ်သူဋ္ဌေးတစ်ယောက်က
သူ့ ဟိုတယ်ကိုဓာတ်လှေကား
တပ်ချင်တော့ကျွမ်းကျင်တဲ့
အင်ဂျင်နီယာတစ်ယောက်ကို
ခေါ်ပြီးအလုပ်အပ်တယ်.

အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့်
ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ
အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက်
အထပ်တိုင်းကို လိုက်ကြည့်ပြီး
အတိုင်းတာ ယူနေတုန်း.သန့်ရှင်းရေး
အလုပ်သမကြီးတစ်ယောက်
ရောက်လာတယ်,,,

ဆရာ ဘာတွေလုပ်နေတာလဲဟင်?
အဲလိုမေးတော့ အင်ဂျင်နီယာကလည်း
ရိုရိုသေသေ ပြန်ရှင်းပြတယ်,,,

အဒေါ်ရေ ဓာတ်လှေကားတပ်မလို့
အဲဒါ အပေါက်တွေဖောက်ရမှာ
လိုက်ကြည့်နေတာပါ,,,

အဲတော့ အလုပ်သမကြီးက,,,
"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး
အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်
အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,

ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို့
အာရုံစိုက်မလို့လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,
ဆရာရယ် အပြင်မှာ တပ်တာမဟုတ္ဘူး

အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,,
တယ်ဟုတ်ပါလား
ဒါဆိုအပေါက်တွေလိုက်ဖောက်စရာလည်းမလိုသလို
နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,

အဲလိုနဲ့ အဆောက်ဦးတွေရဲ့အပြင်ဘက်မှာလည်း
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ္ခု ဖြစ်လာခဲ့ပါတယ်,,,

ကမ္ဘာစစ်အတွင်းမှာပေါ့,,,
စစ်တပ်တစ္ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,

အဲဒါဘာလဲဆိုတော့,,,သူတို့ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ္ခုဟာ
သူတို့ထရပ်ကားအမိုးတွေနဲ့မလွတ်တာပါ,,,
အများကြီးမလွယ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ္တာပါ,,,
သူတို့အကျပ်ရိုက်ကုန်တယ်,,,

ကားတွေကို အမိုးတွေဖြုတ်မလား.???
ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,

တံတားအပေါ်က မလွတ်သမျှကို
လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စီးသလိုဖြစ်ပြီး
တံတားကျိုးကျသွားနိုင်တယ်,,,

အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,

သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,

ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ့
သူတို့ကို ကြည့်နေတယ်,,,
အဲဒီမှာအင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,

ဒါပေမယ့် ကလေးက မသွားပဲ
အဲဒီအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,
အဲဒါနဲ့ အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,

ဟိုလေ တံတားအမိုးနဲ့ ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,

အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဘေးနားက ကားနဲ့ ခေါင်းနဲ့
ဆောင့်တဲ့သူက ဆောင့်
ဖြစ်ကုန်ပါတော့တယ်,,,

သင်ခန်းစာ

ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့
ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။

ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,

အရည်အချင်းဆိုတာ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ
ဆရာတစ်ဦးသည် ချောင်ကျသောရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။

ရွာသို့ရောက်သော်လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ

ဆရာက လှေသမားအား
ခင်ဗျား သချာင်္ဗေဒတတ်သလား
ကျွန်တော် မတတ်ပါဘူး
ရူပဗေဒ တတ်သလား
ဒါလဲ မတတ်ပါဘူး
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ
သုံးတတ်သလား

စိတ်မကောင်းပါဘူးဒါလဲ
ကျွန်တော်မတတ်ပါဘူး
ဆရာမှာခေါင်းခါပြီး

သင်္ချာမတတ်ရင်
လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်

ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်

ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်..

ခင်ဗျားရဲ့ ဘ၀ ၆ပုံ၄ပုံဟာ
ဆုံးရှုံးသွားပြီပဲ

ထိုခဏအတွင်း ရာသီဥတု
ပြောင်းပြီး ကောင်းကင်တွင်

တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း
ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား

ခင်ဗျား ရေကူးတတ်သလား ဟု
မေးလိုက်သည်။

ဆရာက ခဏမျှ ဆွံ့အပြီး
ကျွန်တော် မကူးတတ္ဘူး။
တစ်ခါမှ မသင်ဖူးဘူး ဟု
ပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကို
သွင်သွင် ရမ်းပြီး..
ဒါဆိုရင် ခင်ဗျားရဲ့ဘ၀
၆ပုံစလုံးဟာဆုံးရှုံးရတော့မယ် ဟု
ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ
ကိုယ့်ရဲ့အဆင့်အတန်း
ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို

သွားတိုင်းတာလို့ မရပါဘူး။
တစ်ပါးသူကိုအထင်မသေးပါနဲ့။
ငါဆိုတဲ့ ကိုယ့်စံနှုန်းနဲ့
အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူ့မှာ ထိုးထွင်းဥာဏ်မရှိဘူး
ဒါပေမဲ့ သူဟာ ရိုးသားတယ်
မကောင်းတာကို မကြံစည်တတ်ဘူး။
ဒီလူဟာအပြောအဆို မတတ္ဘူး။

ဒါပေမဲ့ သူဟာ
အလုပ်ကို ကြိုးစားတယ်။
ဖြောင့်မတ်တယ်။
မခိုမကပ်ဘူး။

ငါရဲ့ အရည်အချင်း
သူ့မှာ မရှိသလို သူ့ရဲ့
အရည်အချင်းလဲ
ငါ့မှာ မရှိဘူး ဆိုတာကို
ဘယ်တော့မှ မမေ့ပါနဲ့။

Credit:ထိန်လင်း

Credit- To Original Writer

09/03/2024

ကလေးကို ဒုက္ခခံခိုင်းပါ
~~~~~~~~~~~~~~~

တခါတုန်းက ဘေးချင်းကပ် နေတဲ့ အိမ်လေး နှစ်အိမ် ရှိတယ်။ ပထမအိမ် ကတော့ ထမင်း၊ ဟင်း စားစရာ ချက်ပြုတ် ရောင်းပါတယ်။ အဲ့ဒီအိမ်နဲ့ ကပ်ရက်အိမ်ကတော့ ဗွီဒီယို အခွေအငှားဆိုင် ဖွင့်ထားပါတယ်။ ထမင်း၊ ဟင်း ရောင်းတဲ့ ဆိုင်မှာ ကလေးတယောက် ရှိသလို ဗွီဒီယိုအခွေ အငှားဆိုင် မှာလည်း ရွယ်တူကလေး ရှိပါတယ်။

ကျောင်းဆင်းလာချိန်ဆို ထမင်းဆိုင်က ကလေး ကတော့ ည ၉ နာရီ အထိ အမေကို လာကူရောင်း ပန်းကန်သိမ်း၊ ဧည့်သည် တွေကို စားစရာများ နေ့တိုင်း ကူချပေးပါတယ်။ အခွေအငှားဆိုင်က ကလေးကတော့ ကျောင်းက ပြန်လာတာနဲ့ ဒုတိယထပ်မှာ ဂိမ်းထိုင်ဆော့ နေတတ်ပါတယ်။ ဗိုက်ဆာ လာရင်တော့ အဖေကို ဘေးဆိုင်မှ စားစရာများ ဝယ်ပေးရန် အော်ဟစ်မှာပြီး အခန်းထဲ အထိ လာပို့ခိုင်း တတ်ပါတယ်။

ထမင်းဆိုင်က ကလေးဟာ ကျောင်းတက်ရင်း စီးရန် ဆိုင်ကယ် လိုချင်တာ နောက်ဆုံး အတန်း ၁၂ တန်း တက်မှ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေက သူ့လုပ်အားခ အဖြစ် တရက်ကို ၁၀၀ ပေးပြီး ၄၀ ကိုတော့ ကျောင်းမုန့်ဖိုး အဖြစ် ပေးပါတယ်။ လိုချင်တာလေး များကို ကိုယ့်ဘာသာကိုယ် ပိုက်ဆံစုပြီး ဝယ်ရပါတယ်။

အခွေအငှားဆိုင်က ကလေးကတော့ ဝမ်းတူးကော ဖုန်းလေး အသစ် ထွက်လာကာ စမှာပဲ အမေကို ဝယ်ပေးဖို့ ပူဆာတာနဲ့ ဝယ်ပေးလိုက်ပါတယ်။ သူဟာ ကျောင်းမှာ ပထမဦးဆုံး ဖုန်းရှိသူ၊ ဆရာမ ထက်တောင် စောပြီး ဟမ်းဖုန်း ကိုင်နိုင်သူ ဖြစ်ပါတယ်။

ထမင်းဆိုင်က ကလေးဟာ စနေ၊ တနင်္ဂနွေဆို အဖေ ကိုယ်စား ဈေးသွားဝယ် ရပါတယ်။ ဈေးမှာ ပစ္စည်းများကို ကိုယ်တိုင် သွားဝယ်ပြီး ဆိုင်ကို သယ်လာရပါတယ်။ အခွေအငှားဆိုင်က ကလေး ကတော့ စနေ၊ တနင်္ဂနွေဆို အံဆွဲထဲက ပိုက်ဆံတွေ နှိုက်ယူပြီး သူငယ်ချင်းများနဲ့ ရုပ်ရှင်ကြည့်၊ စတိုးဆိုင် သွားတတ်ပါတယ်။

တနေ့မှာတော့ နှစ်အိမ်လုံးဟာ တောကဘုရားပွဲကို သွားကြပါတယ်။ အပြန်မှာတော့ နှစ်အိမ်လုံးမှ မိဘတွေ ကားမှောက်ပြီး ဆုံးသွားပါတယ်။ထမင်းဆိုင်က ကလေးက ၁၂ တန်း အောင်ပြီမို့ သူ့လုပ်အားခနဲ့ ဝယ်ထားတဲ့ ဆိုင်ကယ်ကို မောင်းပြီး ဈေးသွားဝယ်ပြီး ဆိုင်ကို ပုံမှန်အတိုင်းဆက်ဖွင့်ကာ သူ့ထက် အငယ်ကလေးကို ရှာကျွေးပါတယ်။

အခွေအငှားဆိုင်က ကလေးကတော့ ၁၂ တန်း အောင်ရော မိဘငွေတွေ သုံးဖြုန်းတာ ဘယ်နှစ်နှစ် ခံမလဲ။ အခုတော့ ပြောင်ကုန်ပြီမို့ အိမ်ကိုရောင်းရန် ကြော်ငြာလိုက် ပါတယ်။ ထမင်းဆိုင်က ကလေးဟာ အခွေအငှားဆိုင် ရောင်းရန် ဆိုင်းဘုတ်ကို တွေ့တော့ သူ့ပိုက်ဆံနဲ့ မိဘတွေ စုထားတဲ့ ပိုက်ဆံ ပေါင်းပြီး ဘေးချင်းကပ်ရက် အိမ်ကို ဝယ်လိုက်ပါတယ်။

အခွေအငှားဆိုင်က ကလေးဟာ အိမ်ရောင်းရငွေ သန်းပေါင်းများစွာ ရှိတာမို့ မိုးမမြင် လေမမြင် သိပ်ပျော်ရွှင် လို့ပေါ့။ ထမင်းဆိုင်က ကလေးဟာ နံရံတွေကိုဖြို၊ တဆိုင်ထဲ ဖြစ်လာရန် ပြင်လိုက်ပြီး စားပွဲတွေ ထပ်ဖြည့် ထည့်ကာ ဆိုင်ကြီးဖြစ်လာတော့ လူတွေ အများကြီး လာစားနိုင်ရန် အရင်ကထက် ရောင်းကောင်း လာရန် ပြင်ဆင်ပါတယ်။

နောက်နှစ်များ မကြာမီ ထမင်းဆိုင်ကလေးဟာ ပိုမို ကောင်းမွန်တဲ့ဘဝကို ရောက်သွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဈေးရောင်းကောင်း လို့ပါပဲ။ အခွေအငှားဆိုင်က ကလေးဟာ ရှိသမျှ ငွေတွေလည်း သုံးလို့ ကုန်ပြီမို့ သူများဆီမှာ အလုပ် သွားလုပ်နေရ ပါတော့တယ်။

လိုချင်တာတွေကို လက်ညှိုးလေး ထိုးပြလိုက်တာနဲ့ အကုန် ရလာတတ်သူ တယောက်၊ နောက်တယောက်ကတော့ လိုချင်တာရဖို့ စိတ်ရော ကိုယ်ရော လုပ်အားရော ကိုယ်တိုင်လည်း အားစိုက် ရင်းနှီးမြုပ်နှံ ခဲ့ရပါတယ်။ နောက်ဆုံးတော့ မိဘတွေလည်း ကွယ်လွန်သွားပြီး နောက်ပိုင်း တယောက်ချင်းစီမှာ ကျင့်သားရနေပြီ ဖြစ်တဲ့ မိဘရဲ့ ပြုစုပျိုးထောင်မှု အတိုင်း ဆက်လက်ရှင်သန်ကာ မတူညီတဲ့ ဘဝတွေကို လျှောက်လှမ်းနေကြတာပါပဲ။

ကလေးရဲ့ ဒုက္ခ ခံစားရမှုတွေကို သူ့ဘာသာ ခံပါစေ လို့ ဒီနေ့မှာ ကြိုးစား သည်းခံပြီး မနေနိုင်ရင် မိတ်ဆွေ မရှိတော့တဲ့ နောက်ပိုင်းမှာ မိတ်ဆွေရဲ့ ကလေးဟာ သူ့ဘဝကို ပျော်ရွင် ချမ်းသာစွာ နေနိုင်လိမ့်မယ်လို့ မမျှော်လင့် ပါနဲ့တော့။ မိတ်ဆွေတို့ဟာ အသက် တထောင် ပြည့်အောင် နေကြရမှာ မဟုတ်တာကို မမေ့ပါနဲ့။

ဒီနေ့မှ စ၍ မိတ်ဆွေရဲ့ ကလေးကို အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား နိုင်အောင်၊ တာဝန်ယူတတ်အောင်၊ ဘဝရဲ့ ဆင်းရဲ ဒုက္ခ အရသာကို သိအောင် လေ့လာသင်ကြား ပေးသင့်ပါတယ်။ စည်းစိမ်အပြည့်နဲ့ ဇိမ်ကျနေဖူးတဲ့ သူတယောက်ဟာ အခုတော့ ဒုက္ခတွေ ခံနေရပြီး၊ ဒုက္ခတွေ ခံခဲ့ရဖူးသူ တယောက်ကတော့ အခုချိန်မှာ ပျော်ရွှင်စွာ နေနိုင်သွားပါပြီ။

လိုချင်ရင် ကိုယ့်ဘာသာ ပိုက်ဆံစု ဝယ်ခိုင်းပါ။ ဘယ်သူမှ တစုံတယောက် အတွက် ဘဝ တသက်တာလုံး ငွေရှာပေး မနေနိုင်တာကို မိတ်ဆွေလည်း ကောင်းစွာ သိပြီးသား ဖြစ်မှာပါ။ ဒါ့ကြောင့် မိတ်ဆွေရဲ့ ကလေးကို သူ့ဘာသာသူ ငွေရှာနိုင်အောင်၊ သူ့ဘဝသူ ရပ်တည်နိုင်အောင် သင်ပေးထား သင့်ပါတယ်။

09/03/2024

" ခြေရာ "
••••••••••••
အမေရိကန်နိုင်ငံမြောက်ပိုင်း မြို့ကလေးတစ်မြို့မှာ
အရက် ကြိုက်တတ်တဲ့ဖခင်တစ်ဦး ရှိသတဲ့..။

သူဟာ မနက်တိုင်း မနက်တိုင်းဆို
အရက်တစ်ခွက်လောက်သောက်ပြီးမှ
အလုပ်သွားတတ်လေ့ရှိတယ်...။

တနေ့မှာပေါ့...
အိမ်အပြင်မှာ မိုးနင်းတွေကျဆင်းနေပြီး...
မြေပြင်တစ်ခုလုံးလည်း
အဖြူရောင်တွေ ဖုံးလွမ်းနေတဲ့အချိန်...
သူဟာ သွားနေကျအတိုင်း ဆိုင်ကိုဦးတည်ပြီး
အိမ်ကနေ ထွက်ခွါလာခဲ့တယ်...။

သူ့စိတ်ထဲမှာ အိမ်နဲ့တောင်မှ သိပ်မဝေးသေးဘူး
လို့ ထင်နေခဲ့တာလေ..။

ဒီလိုနဲ့ သူသွားနေတုန်း
နောက်က လူတစ်ယောက် လိုက်နေတယ်
လို့ ခံစားမိလာတယ်...
ဒါနဲ့ နောက်ကို ချက်ချင်းလှည့်ကြည့်လိုက်တော့...
အသက် ရှစ်နစ်တောင်မပြည့်သေးတဲ့
ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်...
အဲ့ဒါ တစ်ခြားသူမဟုတ်ပါဘူး သူ့ရဲ့သားပါပဲ...။

နင်းဖြူပေါ်မှာ ကျန်ရှိခဲ့တဲ့ သူရဲ့ခြေရာအတိုင်း
တစ်လှမ်းချင်းလှမ်းလာနေတဲ့သားဖြစ်သူကို...

" ငါ့သား မင်းဘာလိုက်လုပ်နေတာလဲ "
လို့ လှမ်းမေးလိုက်တဲ့အခါမှာ
သားဖြစ်သူက အားပါးတရပြန်ပြောလိုက်တာက...

“ ဖေဖေ...
သားဖေဖေ့ခြေရာကို နင်းနေတာလေ ” တဲ့ ။

သားရဲ့အဖြေကြောင့် ရင်ထဲမှာ ထိတ်ကနဲဖြစ်သွားပြီး
သူ အတော်တုန်လှုပ်သွားတယ်...။

" ငါ့သားက ငါ့ခြေရာကို နင်းနေတာ " တဲ့...။

သူအရက်ဆိုင်သွားချင်စိတ်တွေ ပျောက်သွားခဲ့တယ်...
ဒါနဲ့ချက်ချင်းပဲ သားဖြစ်သူလက်ကိုဆွဲလို့
အိမ်ပြန်ခဲ့တယ်...။

ထိုနေ့ကစပြီး...
သူအရက်ဆိုင်ကို မသွားတော့ဘူး...။

ပြီးတော့...

ထိုနေ့ကစပြီး...
သူ အရက်ပြတ်သွားခဲ့တယ်....။

ဒီလိုပါပဲ...

ဘဝမှာ ကိုယ်လုပ်သမျှတွေနဲ့ထပ်တူ
ကိုယ့်ခြေရာနင်းဖို့ အနီးဆုံးသူဟာ
ကိုယ့်ရဲ့သားသမီးတွေပါပဲ...

ဒီတော့...
ကိုယ့်ထက်မညံ့တဲ့ သားသမီးတွေ...
ကိုယ့်ထက်တော်ဖို့
သူတို့နင်းထားတဲ့ ကိုယ့်ခြေရာကလေးတွေ...
သူတို့တွေအတွက်
ဟိုးအမြင့်ကိုတက်တဲ့ လှေကားထစ်ကလေးတွေဖြစ်ဖ်ို့
ကိုယ့်ခြေရာကလေးတွေကို အမြဲတမ်းဂရုစိုက်လို့
ချခင်းပေးရမယ်..

ဒါ့ကြောင့်...

လမ်းမှားနေလား ? သိသိခြင်းလှည့်ပြန်ခဲ့ပါ...။

ဘာ့ကြောင့်လဲ ဆိုတော့....
သင့်နောက်မှာ လိုက်လာတဲ့ သင့်သားသမီးတွေကို
လမ်းမှားနေကြောင်းပြောလို့
လမ်းပြပေးရဦးမယ် မဟုတ်လား...။

Photo by Google

Credit

Photos from Salai Htain Lin Maung's post 17/06/2023

😁😘

04/10/2022

ဒေါသကိုထိန်းချုပ်နည်း

တစ်ခါက ကောင်လေးတစ်ယောက်ရှိတယ်။ ဒီကောင်လေးက သူ့ဒေါသကို ထိန်းချုပ်ဖို့ ပြသနာတွေ ရှိတယ်။ ဒေါသထွက်လာတဲ့အခါ လူတွေကို ထိခိုက်မိရင်တောင် စိတ်ထဲရှိတဲ့ အရာကို အရင်ပြောလိမ့်မယ်။

တစ်နေ့မှာ သူ့အဖေက သူ့ကို သံတူနဲ့ သံချောင်းထုပ် လက်ဆောင်ပေးပြီး “မင်း စိတ်ဆိုးတိုင်း အိမ်နောက်ဖေး ခြံစည်းရိုးကို သံချောင်းနဲ့ထိုးပါ” လို့ ပြောပါတယ်။

ပထမရက်များတွင် ကောင်လေးသည် လက်သည်းတစ်ဝက်ကို အသုံးပြုခဲ့သည်။ နောက်ရက်သတ္တပတ်များအတွင်း သူသည် ဒေါသကို မထိန်းနိုင်မချင်း လက်သည်းအနည်းငယ်ကို အသုံးပြုခဲ့သည်။ ထို့နောက် သူ့အဖေက ကောင်လေးကို ဒေါသမထွက်ဘဲ နေ့တိုင်း လက်သည်းခွံခွာခိုင်းသည်။

ကောင်လေးက သူ့ရဲ့နောက်ဆုံးလက်သည်းကို ဖြုတ်တဲ့နေ့မှာ သူ့အဖေက “မင်း ကောင်းကောင်းလုပ်လိုက်တာ ကောင်လေး။ ဒါပေမယ့် နံရံမှာ အပေါက်တွေကို မြင်နိုင်သလား။ ခြံစည်းရိုးက ဘယ်တော့မှ ထပ်တူမကျဘူး။ ဒီလိုပဲ ဒေါသစိတ်နဲ့ ယုတ်မာတဲ့စကားတွေ ပြောတဲ့အခါ အမာရွတ်တွေ ချန်ထားခဲ့လိမ့်မယ်။”

စိတ်ဓာတ်ရေးရာ

ဒေါသသည် ဓားနှင့်တူသည်—အန္တရာယ်အရှိဆုံးလက်နက်တစ်ခုဖြစ်သည်။ အသုံးပြုတဲ့အခါ ဒဏ်ရာတွေ သက်သာသွားပေမယ့် အမာရွတ်တွေ ကျန်နေပါသေးတယ်။

04/10/2022

ရေတွင်းမှာခွေး

မိခင်ခွေးတစ်ကောင်နှင့် သူ့သားလေးများသည် ခြံတစ်ခြံတွင် နေထိုင်ကြသည်။ လယ်ကွင်းမှာ ရေတွင်းတစ်ခုရှိတယ်။ မိခင်ခွေးက သူ့ခွေးလေးတွေကို ဘယ်တော့မှ အနားမကပ်ဖို့၊ မကစားဖို့ အမြဲပြောခဲ့ပါတယ်။

တစ်နေ့တွင် ခွေးလေးတစ်ကောင်သည် စူးစမ်းချင်စိတ်ဖြင့် ကျော်လွှားကာ ရေတွင်းအနီးသို့ သွားရန် အဘယ်ကြောင့် ခွင့်မပြုရသနည်းဟု တွေးမိသည်။ ထို့ကြောင့် စူးစမ်းလေ့လာရန် ဆုံးဖြတ်ခဲ့သည်။

သူသည် ရေတွင်းထဲသို့ဆင်းကာ နံရံပေါ်သို့တက်ကာ အထဲသို့ ချောင်းကြည့်သည်။ ရေတွင်းထဲမှာတော့ ရေထဲမှာ သူ့ရောင်ပြန်ဟပ်တာကို မြင်လိုက်ပေမယ့် အဲဒါက တခြားခွေးလို့ ထင်နေတယ်။ သူ့ရဲ့ တွေးခေါ်မှု က သူ့ကို အတုယူလိုက်တာနဲ့ ခွေးကလေးက ဒေါသ ထွက်ပြီး တိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ခွေးကလေးသည် ရေတွင်းထဲသို့ ခုန်ဆင်းသွားကာ ခွေးတစ်ကောင်မျှ မရှိသည်ကို တွေ့ရှိခဲ့သည်။ လယ်သမားက သူ့ကို ကယ်တင်တဲ့အချိန်အထိ ဟောင်စပြုလာတယ်။ ခွေးကလေးက သူ့သင်ခန်းစာကို သင်ယူပြီး ရေတွင်းကို ဘယ်တော့မှ ပြန်မသွားတော့ဘူး။

စိတ်ဓာတ်ရေးရာ
သက်ကြီးရွယ်အိုတွေပြောတာကို အမြဲနားထောင်ပြီး သူတို့ကို ရန်မတိုက်ပါနဲ့။

04/10/2022

ကပ်စေးနည်းသူနှင့် သူ၏ရွှေ

တစ်ခါက ဥယျာဉ်ခြံဝင်းရှိတဲ့ အိမ်မှာ သနားစရာ အပျိုကြီးတစ်ယောက်ရှိတယ်။ ကပ်စေးနည်းဟောင်းသည် သူ၏ ဥယျာဉ်ရှိ ကျောက်တုံးများအောက်တွင် သူ၏ ရွှေဒင်္ဂါးများအားလုံးကို ဝှက်ထားလေ့ရှိသည်။

ညတိုင်း၊ သူအိပ်ရာမဝင်ခင်မှာ ဆင်းရဲသားက သူ့ဒင်္ဂါးပြားတွေကို ရေတွက်ဖို့ သူ့ဥယျာဉ်ထဲကို ထွက်သွားတယ်။ သူသည် နေ့တိုင်း ထိုအတိုင်း လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်နေသော်လည်း ရွှေဒင်္ဂါးတစ်ပြားမှ မကုန်ချေ။

တစ်နေ့တွင် သူခိုးတစ်ယောက်သည် ကပ်စေးနည်းသော အကြွေစေ့များကို ဝှက်ထားသည်ကို တွေ့လိုက်ရသည်။ ကပ်စေးနည်းသော အဘိုးကြီးသည် မိမိအိမ်သို့ ပြန်သွားသောအခါ သူခိုးသည် ပုန်းအောင်းရာသို့ သွား၍ ရွှေရှိသမျှကို ယူသွား၏။

နောက်တစ်နေ့တွင် အဘိုးအိုသည် သူ့ဒင်္ဂါးပြားများကို ရေတွက်ရန် ထွက်လာစဉ်တွင် ပျောက်ကွယ်သွားသည်ကို တွေ့ရှိပြီး ကျယ်လောင်စွာ ငိုကြွေးနေတော့သည်။ သူ့အိမ်နီးချင်း ငိုသံကြားလို့ ပြေးလာပြီး ဘာဖြစ်တာလဲလို့ မေးတယ်။ အိမ်နီးနားချင်းက အဖြစ်အပျက်ကို သိလိုက်သည်နှင့် “ဘာကြောင့် လုံခြုံမယ့်အိမ်မှာ ပိုက်ဆံမစုတာလဲ” ဟု မေးသည်။

အိမ်နီးနားချင်းက “အိမ်ထဲမှာ ရှိတာက တစ်ခုခုဝယ်လိုတဲ့အခါ အလွယ်တကူ ဝင်လို့ရလိမ့်မယ်” တဲ့။ "တစ်ခုခုဝယ်မလား?" “ငါ့ရွှေတွေကို ဘယ်တော့မှ အသုံးမချဘူး” လို့ သနားကရုဏာကို ပြန်ပြောသတဲ့။

အဲဒီလိုကြားတော့ အိမ်နီးချင်းက ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး ပစ်ချခဲ့ပါတယ်။ ထို့နောက် သူက “အဲလိုဖြစ်ရင် ကျောက်တုံးကို ကယ်ပါ။ မင်းဆုံးရှုံးခဲ့တဲ့ရွှေတွေလောက် တန်ဖိုးမရှိဘူး”

စိတ်ဓာတ်ရေးရာ
ပိုင်ဆိုင်မှုသည် ၎င်းအတွက်အသုံးပြုသည့်အရာကဲ့သို့ အရေးကြီးပါသည်။

04/10/2022

ဝက်ဝံနှင့်သူငယ်ချင်းနှစ်ယောက်

တစ်နေ့မှာ သူငယ်ချင်း နှစ်ယောက် တောထဲ လမ်းလျှောက်လာကြတယ်။ သစ်တောဟာ အန္တရာယ်ရှိတဲ့နေရာဖြစ်ပြီး ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ သူတို့သိပါတယ်။ ဒါကြောင့် အန္တရာယ်တစ်ခုခုကြုံလာရင် တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်နေဖို့ ကတိပြုကြတယ်။

ရုတ်တရက် ဝက်ဝံကြီးသည် ၎င်းတို့ထံ ချဉ်းကပ်လာသည်။ သူငယ်ချင်းတစ်ယောက်က အနီးနားက သစ်ပင်တစ်ပင်ကို အမြန်တက်ပြီး ကျန်သူငယ်ချင်းကို ထားခဲ့လိုက်တယ်။

တခြားသူငယ်ချင်းက ဘယ်လိုတက်ရမှန်းမသိဘဲ ဘုံသဘောအတိုင်း လိုက်သွားခဲ့တယ်။ သူသည် မြေပြင်ပေါ်တွင် လှဲလျောင်း၍ အသက်ရှုမဝသလို သေဟန်ဆောင်ကာ ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။

ဝက်ဝံသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော သူငယ်ချင်းထံသို့ ချဉ်းကပ်လာသည်။ ဝက်ဝံသည် သေနေသောသူတို့ကို ဘယ်တော့မှ မထိနိုင်သောကြောင့် တိရစ္ဆာန်သည် သူ၏နားကို ဖြည်းဖြည်းချင်း ပျံသွားပြီးနောက် အနံ့ခံစပြုလာသည်။

ခဏကြာတော့ သစ်ပင်မှာ ပုန်းနေတဲ့ သူငယ်ချင်းက ဆင်းလာတယ်။ “ချစ်သူငယ်ချင်း၊ မင်းကို ဘယ်လျှို့ဝှက်ချက်က တီးတိုးပြောလဲ” လို့ သူ့သူငယ်ချင်းကို မေးတယ်။ သူငယ်ချင်းက “ဝက်ဝံက သူငယ်ချင်း အတုအယောင်ကို ဘယ်တော့မှ မယုံဖို့ အကြံပေးတယ်”

စိတ်ဓာတ်ရေးရာ

စစ်မှန်သောမိတ်ဆွေသည် မည်သည့်အခြေအနေမျိုးတွင်မဆို သင့်အနားတွင် အမြဲရှိနေပေးပါသည်။

02/10/2022

နို့တစ်ခွက်

တစ်ခါက ဆင်းရဲနွမ်းပါးတဲ့ ကောင်လေးတစ်ယောက်ဟာ ကျောင်းစရိတ်အတွက် သတင်းစာရောင်းပြီး တစ်အိမ်တက်ဆင်း လျှောက်သွားနေခဲ့တယ်။ တစ်နေ့တွင် သူသည် သူ့လမ်းကြောင်းအတိုင်း လျှောက်လာရင်း အားနည်းလာပြီး အားနည်းလာသည်။ နွမ်းပါးသောကလေးသည် အစာငတ်နေသဖြင့် ဘေးအိမ်သို့ ရောက်သောအခါ အစာတောင်းရန် ဆုံးဖြတ်ခဲ့သည်။

ဆင်းရဲသားကောင်လေးက အစာတောင်းပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ တံခါးဝကို ရောက်တဲ့အထိ အကြိမ်တိုင်း ငြင်းပယ်ခံရတယ်။ ရေတစ်ခွက်တောင်းပေမယ့် သူ့အခြေအနေမကောင်းတာကိုမြင်တော့ ကောင်မလေးက နို့တစ်ခွက်နဲ့ပြန်လာတယ်။ ကောင်လေးက နို့အတွက် ဘယ်လောက်အကြွေးတင်လဲလို့ မေးပေမယ့် ပေးချေဖို့ ငြင်းဆိုခဲ့ပါတယ်။

နှစ်တွေကြာလာတော့ အခု အရွယ်ရောက်နေပြီဖြစ်တဲ့ မိန်းကလေးက ဖျားသွားတယ်။ သူမသည် ဆရာဝန်ထံမှ ဆရာဝန်ထံ သွားခဲ့သော်လည်း မည်သူမျှ သူ့ကို မကုသနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူမသည် မြို့၏အကောင်းဆုံးဆရာဝန်ထံ သွားခဲ့သည်။

ဆရာဝန်က သူမကို နောက်ဆုံးပျောက်ကင်းတဲ့အထိ လနဲ့ချီပြီး ကုသပေးခဲ့ပါတယ်။ သူမပျော်ရွှင်နေသော်လည်း ငွေပေးချေရန် မတတ်နိုင်တော့မှာကို သူမကြောက်သည်။ ဒါပေမယ့် ဆေးရုံက သူမကို ဘေလ်ပေးတဲ့အခါမှာတော့ 'နို့တစ်ခွက်နဲ့ အပြည့်ပေးခဲ့တယ်' လို့ ရေးထားပါတယ်။

စိတ်ဓာတ်ရေးရာ..
ကောင်းသော အကျင့်သည် အကျိုးမရှိပေ။

02/10/2022

အပ်ပင်

တစ်ခါက တောစပ်မှာ ညီအစ်ကိုနှစ်ယောက်ရှိတယ်။ အစ်ကိုအကြီးဆုံးက သူ့ညီလေးကို အမြဲတမ်း သနားတယ်။ အကိုကြီး က စားစရာတွေ အကုန်ယူပြီး အဝတ်ကောင်းတွေ အကုန်လုယူတယ်။

အစ်ကိုအကြီးဆုံးက တောထဲသွားပြီး ဈေးရောင်းဖို့ ထင်းရှာတယ်။ တောအုပ်ကို လျှောက်သွားရင်း မှော်သစ်ပင်ပေါ် ရောက်တဲ့အထိ သစ်ပင်တိုင်းရဲ့ အကိုင်းအခက်တွေကို ခုတ်ထစ်ခဲ့တယ်။

အကိုင်းအခက်တွေကို မခုတ်ခင် သစ်ပင်က ရပ်လိုက်ပြီး 'အို သခင်၊ ငါ့အကိုင်းအခက်တွေကို နှမြောပါ စေ။ မင်း ငါ့ကို နှမြောရင် ရွှေပန်းသီး ပေးမယ်။'

အစ်ကိုအကြီးဆုံးက သဘောတူပေမယ့် သစ်ပင်က ပန်းသီးဘယ်နှစ်သီးပေးလဲဆိုတာကို စိတ်ပျက်သွားတယ်။

လောဘဇောကြောင့် ညီဖြစ်သူက ပန်းသီးများများမပေးပါက သစ်ပင်တစ်ပင်လုံးကို ခုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဒါပေမယ့် ပန်းသီးများများပေးမယ့်အစား သစ်ပင်က ရာနဲ့ချီတဲ့ ဆေးထိုးအပ်လေးတွေနဲ့ ရေချိုးပေးတယ်။ နေဝင်စပြုလာချိန်တွင် အစ်ကိုဖြစ်သူက မြေပြင်ပေါ်သို့ လဲကျကာ နာကျင်စွာ ငိုကြွေးခဲ့သည်။

မကြာခင်မှာပဲ ညီငယ်က စိတ်ပူလာပြီး အကိုကြီးကို လိုက်ရှာတယ်။ ရာနှင့်ချီသော ဆေးထိုးအပ်များဖြင့် နာကျင်စွာ လဲလျောင်းနေသော သစ်ပင်၏ပင်စည်ကို တွေ့ရှိသည်အထိ ရှာဖွေခဲ့သည်။

သူသည် သူ့ထံသို့ အပြေးအလွှားသွားပြီး အပ်တစ်ချောင်းစီကို မေတ္တာဖြင့် ဝီရိယစိုက်ထုတ်လိုက်သည်။ ဆေးထိုးအပ်တွေ ပြတ်သွားတဲ့အခါ အစ်ကိုဖြစ်သူက သူ့ညီလေးကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ မှော်သစ်ပင်က အကိုကြီးရဲ့ နှလုံးသားမှာ အပြောင်းအလဲကို မြင်ပြီး သူတို့လိုအပ်နိုင်တဲ့ ရွှေပန်းသီးတွေ လက်ဆောင်ပေးတယ်။

စိတ်ဓာတ်ရေးရာ...
အမြဲတမ်း ဆုပေးမှာမို့ ကြင်နာတတ်ဖို့ အရေးကြီးပါတယ်။

02/10/2022

ဒုက္ခတေများလာတဲ့အခါ

Asha က ဘဝကို စိတ်ပျက်ပြီး ငြီးငွေ့လာတဲ့အတွက် သူ့အဖေ ဘာလုပ်ရမလဲလို့ မေးတယ်။ သူ့အဖေက ကြက်ဥတစ်လုံး၊ လက်ဖက်ရွက်နှစ်ရွက်နဲ့ အာလူးတစ်လုံး ယူလာပေးဖို့ ပြောခဲ့ပါတယ်။ ထို့နောက် အိုးသုံးလုံးကို ထုတ်၍ ရေဖြည့်ကာ မီးဖိုပေါ်၌ တင်ထားလေ၏။

ရေပွက်ပွက်ဆူလာတဲ့အခါ Asha က ပစ္စည်းတွေကို အိုးတစ်လုံးစီမှာ ထည့်ထားပြီး သူတို့ကို စောင့်ကြည့်ဖို့ ပြောခဲ့တယ်။ 10 မိနစ်လောက်ကြာတော့ သူက ကြက်ဥကို အခွံခွာပြီး အာလူးကို အခွံခွာပြီး အရွက်တွေကို ညှစ်ထုတ်ခိုင်းပါတယ်။ အာရှာ စိတ်ရှုပ်သွားသည်။

သူမ၏ဖခင်က “ပစ္စည်းတစ်ခုစီကို တူညီသောအခြေအနေတွင် ပွက်ပွက်ဆူနေသောရေထဲတွင် ထည့်ထားသည်။ တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံချင်း မတူကြဘူးလား။"

သူက ဆက်ပြောတယ် “ကြက်ဥက ပျော့ပေမယ့် အခု မာကျောတယ်။ အာလူးက မာကျောပေမယ့် အခုတော့ ပျော့သွားပါပြီ။ လက်ဖက်ရွက်က ရေကို သူ့ဘာသာသူ ပြောင်းပေးတယ်။”

ထို့နောက် ဖခင်က “ဒုက္ခတွေခေါ်လာတဲ့အခါ သူတို့မှာ ရှိတဲ့အတိုင်း တုံ့ပြန်တယ်။ အခု မင်း ကြက်ဥ၊ အာလူး ဒါမှမဟုတ် လက်ဖက်ရွက်လား"

စိတ်ဓာတ်ရေးရာ...
ခက်ခဲသောအခြေအနေများတွင် မည်သို့တုံ့ပြန်ရမည်ကို ကျွန်ုပ်တို့ရွေးချယ်နိုင်ပါသည်။

02/10/2022

ဆင်နှင့်သူငယ်ချင်းများ

တစ်ခါတုန်းကတစ်ကောင်တည်းသော ဆင်တစ်ကောင်သည် တောထဲ၌ လမ်းလျှောက်ရင်း သူငယ်ချင်းများကို ရှာဖွေသည်။ မကြာမီ သူမသည် မျောက်တစ်ကောင်ကိုတွေ့ပြီး 'ငါတို့ သူငယ်ချင်းဖြစ်နိုင်မလား' လို့မေးတယ်။

မျောက်က 'မင်းက အကြီးကြီးဖြစ်ပြီး ငါလိုသစ်ပင်တွေပေါ်မှာ မလှုပ်နိုင်တော့လို့ မင်းသူငယ်ချင်းမဖြစ်နိုင်ဘူး' လို့ ပြန်ဖြေလိုက်တယ်။

ရှုံးနိမ့်သောအခါ ဆင်သည် ယုန်တစ်ကောင်ကို တိုက်မိ၍ လိုက်ရှာသည်။ 'ငါတို့ သူငယ်ချင်းဖြစ်လို့ရမလား ယုန်' လို့မေးတယ်။

ယုန်က ဆင်ကိုကြည့်ကာ “မင်း ငါ့တွင်းထဲမှာ အံဝင်ခွင်ကျ အရမ်းကြီးတယ်။ မင်းငါ့သူငယ်ချင်းမဖြစ်နိုင်ဘူး"

ထို့နောက် ဆင်သည် ဖားနှင့်တွေ့သည်အထိ ဆက်သွားခဲ့သည်။ “နင်က ငါ့သူငယ်ချင်း ဖားလား” လို့ မေးတယ်။

ဖားက “မင်းက အရမ်းကြီး လေးတယ်။ မင်းငါ့လို ခုန်လို့မရဘူး။ ငါတောင်းပန်ပါတယ် ဒါပေမယ့် မင်းငါ့သူငယ်ချင်းမဖြစ်နိုင်ဘူး"

ဆင်က သူသွားရာလမ်းမှာ တွေ့တဲ့ တိရိစ္ဆာန်တွေကို ဆက်မေးပေမယ့် တူညီတဲ့ အဖြေကို အမြဲရခဲ့ပါတယ်။ နောက်တစ်နေ့တွင် ဆင်သည် တောတိရစ္ဆာန်အားလုံး ကြောက်လန့်တကြား ပြေးသွားသည်ကို တွေ့လိုက်ရသည်။ ဖြစ်ပျက်နေတာတွေကို မေးဖို့ ဝက်ဝံတစ်ကောင်ကို ရပ်လိုက်ပြီး ကျားက တိရိစ္ဆာန်လေးတွေကို တိုက်ခိုက်နေတယ် လို့ ပြောခဲ့ပါတယ်။

ဆင်သည် အခြားတိရစ္ဆာန်များကို ကယ်တင်လိုသောကြောင့် ကျားထံသို့ သွား၍ “အရှင်၊ အကျွန်ုပ်၏ အဆွေခင်ပွန်းတို့ကို ချန်ထားတော်မူပါ။ မစားနဲ့။"

ကျားက နားမထောင်ဘူး။ သူသည် သူ့ကိုယ်ပိုင်လုပ်ငန်းကို သတိထားရန် ဆင်ကို ပြောပြရုံသာဖြစ်သည်။

တခြားလမ်းကို မမြင်ဘဲ ဆင်က ကျားကို ကန်ထုတ်ပြီး ကြောက်လန့်သွားတယ်။ ရဲရင့်သောပုံပြင်ကိုကြားသောအခါ၊ အခြားတိရစ္ဆာန်များက “မင်းဟာ ငါတို့သူငယ်ချင်းဖြစ်ဖို့ သင့်တော်တဲ့အရွယ်ပဲ” လို့ သဘောတူလိုက်တယ်။

မှတ်ချက်...သူငယ်ချင်းဆိုတာ ပုံသဏ္ဍာန်မျိုးစုံနဲ့လာကြတာ။

02/10/2022

လယ်သမားနှင့်ရေတွင်း

တစ်နေ့တွင် လယ်သမားတစ်ဦးသည် အိမ်နီးချင်းထံမှ ရေတွင်းတစ်တွင်းဝယ်၍ လယ်ယာအတွက် ရေအရင်းအမြစ်ကို ရှာဖွေနေပါသည်။ သို့ရာတွင် အိမ်နီးချင်းသည် လိမ္မာသည်။ နောက်တစ်နေ့တွင် လယ်သမားသည် သူ့ရေတွင်းမှ ရေခပ်လာသောအခါ အိမ်နီးချင်းက ရေယူခွင့်မပြုခဲ့ပေ။

လယ်သမားက ဘာ့ကြောင့်လဲလို့မေးတော့ အိမ်နီးချင်းက “ရေတင်မဟုတ်ဘူး ရေတွင်းကို ငါရောင်းတယ်” လို့ ပြန်ဖြေပြီး ထွက်သွားတယ်။ လယ်သမားက ဧကရာဇ်မင်းထံသွားပြီး တရားမျှတမှုတောင်းတယ်။ ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြတယ်။

ဧကရာဇ်မင်းသည် သူ၏ကိုးပါးနှင့် ပညာအရှိဆုံး နန်းတွင်းသူ ကိုးဦးအနက်မှ Birbal ကို ခေါ်ခဲ့သည်။ Birbal က အိမ်နီးနားချင်းကို မေးတော့ “လယ်သမားက ရေတွင်းထဲက ရေကို ဘာလို့ မယူခိုင်းတာလဲ။ လယ်သမားကို ရေတွင်းရောင်းလိုက်တာလား။

အိမ်နီးနားချင်းက “ဗြောင်ရေတွင်းကို လယ်သမားကို ငါရောင်းခဲ့တယ်၊ ဒါပေမယ့် အဲဒီရေတွင်းက ရေတော့မဟုတ်ဘူး။ ရေတွင်းထဲက ရေခပ်ခွင့်မရှိဘူး”

Birbal က “မင်းရေတွင်းကို ရောင်းပြီးကတည်းက လယ်သမားရဲ့ရေတွင်းမှာ ရေကို ထိန်းပိုင်ခွင့်မရှိတော့ဘူး။ လယ်သမားကို ငှားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ချက်ခြင်းထုတ်တာပဲဖြစ်ဖြစ်၊” သူ့အစီအစဥ် မအောင်မြင်မှန်းသိလို့ အိမ်နီးချင်းက တောင်းပန်ပြီး အိမ်ပြန်ခဲ့တယ်။

မှတ်ချက်....လိမ်လည်ခြင်းသည် သင့်အား မည်သည့်အရာမှ ရရှိမည်မဟုတ်ပေ။ လိမ်လည်လှည့်စားရင် မကြာခင် ပေးချေရလိမ့်မယ်။

02/10/2022

ရွှေငန်းလေးရဲ့ဥ

တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ နေ့တိုင်း ရွှေဥတစ်လုံး ဥတဲ့ ငန်းတစ်ကောင်ရှိတယ်။ ကြက်ဥက လယ်သမားလင်မယားအတွက် သူတို့ရဲ့နေ့စဉ်လိုအပ်ချက်တွေကို ထောက်ပံ့ပေးဖို့ လုံလောက်တဲ့ငွေကို ထောက်ပံ့ပေးခဲ့ပါတယ်။ လယ်သမားလင်မယားသည် အချိန်အတော်ကြာအောင် ပျော်ရွှင်နေခဲ့သည်။

ဒါပေမယ့် တစ်နေ့မှာတော့ လယ်သမားက သူ့ကိုယ်သူ တွေးပြီး “ငါတို့ တစ်နေ့ကို ကြက်ဥတစ်လုံးပဲ ဘာလို့ယူရမှာလဲ၊ သူတို့အားလုံးကို တစ်ခါတည်းယူပြီး ပိုက်ဆံအများကြီးမရှာနိုင်တာ ဘာကြောင့်လဲ။” လယ်သမားက သူ့မိန်းမ သူ့အကြံအစည်ကို ပြောပြပြီး မိုက်မဲစွာ သဘောတူလိုက်တယ်။

ထို့နောက် နောက်တစ်နေ့တွင် ငန်းသည် ရွှေဥချသောအခါ လယ်သမားသည် ထက်ထက်သော ဓားဖြင့် အမြန်ထိုးလိုက်သည်။ သူသည် ရွှေဥအားလုံးကို ရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် ငန်းကို သတ်ပြီး ၎င်း၏ အစာအိမ်ကို ဖြတ်လိုက်သည်။ ဒါပေမယ့် ဗိုက်ကိုဖွင့်ကြည့်လိုက်တော့ တစ်ခုတည်းသော အရာက အသည်းနဲ့သွေးပါ။

လယ်သမားသည် သူ၏မိုက်မဲသောအမှားကို လျင်မြန်စွာ သဘောပေါက်ပြီး ဆုံးရှုံးသွားသော သယံဇာတအတွက် ငိုကြွေးခဲ့သည်။ ရက်တွေကြာလာတာနဲ့အမျှ လယ်သမားလင်မယားက ပိုဆင်းရဲလာတယ်။ ဘယ်လောက် ယုတ်မာပြီး ဘယ်လောက်မိုက်မဲခဲ့ကြလဲ။

မှတ်ချက်.....လေးလေးနက်နက်သေချာတွေးပြီးမှ ဆုံးဖြတ်ချက်ချပါ။

30/09/2022

ပညာရှိအိုဇီးကွက်

ဝက်သစ်ချပင်တစ်ပင်မှာ နေထိုင်တဲ့ ဇီးကွက်အိုကြီးတစ်ကောင်ရှိတယ်။ သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို နေ့စဉ်နဲ့အမျှ စောင့်ကြည့်နေခဲ့တယ်။

လေးလံသောခြင်းတောင်း အဘိုးကြီးတစ်ဦးကို သယ်လာသည့် လူငယ်လေးတစ်ဦးအား ယမန်နေ့က ကြည့်ရှုခဲ့သည်။ ဒီနေ့ သူ့အမေကို အော်ငေါက်တဲ့ မိန်းကလေးကို တွေ့တယ်။ မြင်လေလေ စကားနည်းလေလေပါပဲ။

ရက်တွေကြာလာသည်နှင့်အမျှ စကားနည်းသော်လည်း ပိုကြားလာရသည်။ ဇီးကွက်အဘိုးကြီးသည် လူများပြောနေသည့် ပုံပြင်များကို ကြားနေရသည်။

ဆင်တစ်ကောင်က ခြံစည်းရိုးပေါ်ကနေ ခုန်ချတဲ့ အမျိုးသမီးတစ်ယောက် ပြောနေတာကို ကြားလိုက်ရတယ်။ တစ်ခါမှ အမှားမလုပ်ဖူးဘူး လို့ ယောက်ျားတစ်ယောက်က ပြောတာကို ကြားတယ်။

ဇီးကွက်ဟောင်းသည် လူတို့ဖြစ်ပျက်ခဲ့သည်များကို မြင်ကြားကြားသိခဲ့ရသည်။ တချို့က ပိုကောင်းလာတယ်၊ တချို့က ပိုဆိုးလာတယ်။ သို့သော် သစ်ပင်ရှိ ဇီးကွက်အဟောင်းသည် နေ့စဉ်နှင့်အမျှ ပိုလိမ္မာလာသည်။

မှတ်ချက်..... သတိထားပါ။ စကားနည်းပြီး များများနားထောင်ပါ။ ဒါက ငါတို့ကို ပညာရှိစေလိမ့်မယ်။

30/09/2022

ဂုဏ်ယူ နှင်းဆီ

ဟိုးရှေးရှေးတုန်းက အဝေးက သဲကန္တာရတစ်ခုမှာ သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် ဂုဏ်ယူစရာကောင်းတဲ့ နှင်းဆီတစ်ပွင့်ရှိတယ်။ သူမ၏ တစ်ခုတည်းသော မကျေနပ်ချက်သည် ရုပ်ဆိုးသော ရှားစောင်းလေး၏ဘေးတွင် ကြီးထွားနေပါသည်။

နေ့တိုင်း လှပသောနှင်းဆီသည် ရှားစောင်းလေး၏အသွင်အပြင်ကို စော်ကားကာ လှောင်ပြောင်နေကာ ရှားစောင်းလေး၏ တိတ်ဆိတ်နေချိန်ဖြစ်သည်။ အနီးနားရှိ အခြားအပင်များအားလုံးသည် နှင်းဆီပန်းကို အဓိပ္ပါယ်ရှိစေရန် ကြိုးပမ်းသော်လည်း သူမသည် သူမ၏ပုံသဏ္ဍာန်ကြောင့် ယိမ်းယိုင်လွန်းလှသည်။

ပူလောင်သောနွေရာသီတစ်ခုတွင် သဲကန္တာရသည် ခြောက်သွေ့လာပြီး အပင်များအတွက် ရေမကျန်တော့ပါ။ နှင်းဆီသည် လျင်မြန်စွာ ညှိုးစပြုလာသည်။ သူမ၏ လှပသော ပန်းပွင့်များသည် ခြောက်သွေ့သွားပြီး စိမ်းလန်းစိုပြေသော အရောင်များ ဆုံးရှုံးသွားသည် ။

ရှားစောင်းကို လှမ်းကြည့်လိုက်တော့ စာကလေးတစ်ကောင်က ရေသောက်ဖို့ ရှားစောင်းလေးရဲ့ နှုတ်သီးကို ငုံ့နေတာတွေ့တယ်။ ရှက်ရွံ့သော်လည်း နှင်းဆီသည် ရေသောက်နိုင်မလားဟု ရှားစောင်းကို မေးသည်။ ကြင်နာတတ်တဲ့ ရှားစောင်းလေးဟာ သူတို့နှစ်ယောက်ကို ခက်ခဲကြမ်းတမ်းတဲ့နွေရာသီကို သူငယ်ချင်းအဖြစ် ကူညီပေးရင်း အဆင်သင့်သဘောတူခဲ့ပါတယ်။

မှတ်ချက်.... ဘယ်သူ့ကိုမှ သူတို့အမြင်နဲ့ ဘယ်တော့မှ အကဲမဖြတ်ပါနဲ့။

Website