Youth Point
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Youth Point, Youth Organization, .
စစ်မှန်တဲ့ ကိုယ်ချင်းစာတရားဆိုတာ
🌺 လောကကြီးမှာ
ကိုယ့်အပေါ် မကောင်းပြောနေလည်း
ကိုယ် ကပြန်မပြောမိစေနဲ့...
🌺 ကိုယ့်အပေါ်
မဆီမဆိုင် မုန်းနေလည်း
ကိုယ်က ပြန်မမုန်းမိပါစေနဲ့...
🌺 ကိုယ့်အပေါ်
အမြင်စောင်းပြီး တစ်မျိုးမြင်နေလည်း
ကိုယ်က အမြင်မစောင်းတမျိုး
မထင်မိပါစေနဲ့...
🌺 ကိုယ့်အပေါ်
တစ်ကယ်မချစ်တဲ့သူနဲ့ တွေ့ခဲ့ရင်လည်း
ကိုယ်ကသူ့အပေါ် မေတ္တာမပျက်မိပါစေနဲ့...
🌺 သူကဘာပေးပေး
ကိုယ်ကသူ့အပေါ် မေတ္တာပဲ
ပြန်ပေးလိုက်ပါ...
🌺 မတ်ေတာ ဆိုတာ
ဝဋ်ကြွေးတွေကို ဆပ်ဖို့အတွက်
အကောင်းဆုံး ပေးဆပ်ခြင်းပဲ
ဖြစ်ပါတယ်...
🌺 ဒီဘဝမွာ
အမုန်းတွေရှိလည်း ကျေပါစေ...
🌺 အငြိုးတွေ ရှိရင်လည်း
ကျေပါစေ...
🌺 ဒီဘဝမှာ အကြွေးဆပ်ဖို့
အကြောင်းပါလာရင် ဒီဘဝမှာပဲ
အကျေဆပ်ခဲ့လိုက်ပါ...
🌺 နောက်ဘဝတွေထိ
ယူမသွားပါနဲ့...
မိတ်ဆွေ သိထားရမည့်အရာက...
🌺 ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါးပျော့ကွက်ကို ချမနင်းပဲ
နေတတ်ရမယ်...
🌺 ကိုယ့်မှာ ခံနိုင်ရည်မရှိရင်
သူတစ်ပါး နစ်နာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်...
🌺 ကိုယ့်မှာ ဒုက္ခဆိုတာ ရှိရင်
သူတစ်ပါး ဘဝပျက်စီးကြောင်းကို
ရှောင်ရှား တတ်ရမယ်...
🌺 ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်...
🌺 ကိုယ့်အပေါ် မပြုစေချင်တဲ့အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်...
🌺 ကိုယ့် မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို လက်ညှိုးမထိုးမိအောင်
နေတတ်ရမယ်...
🌺 ကိုယ့် မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်...
🌺 ကိုယ့်ကို ကဲ့ရဲ့တာမကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်...
🌺 ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်းပေးနိုင်ရမယ်...
🌺 ဒါဟာ ကိုယ်ချင်းစာတရားပဲ
ကိုယ်ချင်းစာတတ်ပါစေ။
မူရင်းရေးသားသူအားလေးစားစွာဖြင့်
"ရှိတ်စပီးယား ပြောခဲ့သောစကား"
ကျွန်ုပ် အမြဲပျော်ရွှင်တယ်၊
ဘာလို့လဲသိလား?
ဘာလို့လဲဆိုတော့.....
ကျွန်ုပ် ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်ဘူး။
မျှော်လင့်တာတွေက အမြဲနာကျင်စေပါတယ်။
ဘဝက တိုတောင်းလှပါတယ်။
ဒါကြောင့်..... သင့်ဘဝကို ချစ်ပါ။
ပျော်ရွှင်ပါ၊ ပြုံးလျှက်နေပါ။
သင့်အတွက်ပဲ သင်အသက်ရှင်ပါ။
စကားမပြောခင် နားထောင်ပါ။
မရေးသားခင် စဉ်းစားပါ။
မသုံးခင် ဝင်ငွေရှာပါ။
ဆုမတောင်းခင် ခွင့်လွှတ်ပါ။
ထိခိုက်အောင်မလုပ်ခင် ခံစားကြည့်ပါ။
မမုန်းခင် ချစ်ခြင်းမေတ္တာပြပါ။
အရှုံးမပေးခင် ကြိုးစားပါ။
မသေဆုံးခင် ဘယ်လို အသက်ရှင်နေထိုင်ရမယ်
ဆိုတာ ကို နားလည်ပါ။
William Shakespeare .
Credit
လူ(၃)မျိုး
မင်းဘဝမှာ လူ(၃)မျိုးနဲ့
ဆုံရပါလိမ့်မယ်။
(၁) သစ်ရွက်လိုလူ
(၂) သစ်ကိုင်းလိုလူ
(၃) သစ်မြစ်လိုလူ
ဒီလို လူတွေနဲ့ပါ။
သစ်ရွက်လိုလူ...
*******************
ဒီလိုလူတွေက မင်းဘဝထဲမှာ
ရာသီတစ်ခုနဲ့ ရောက်လာကြတာ။
အားနည်းတဲ့အတွက်
သူတို့ကို အားကိုးလို့မရဘူး။
သူတို့လိုချင်တာသာ
ယူဖို့လာတဲ့အတွက်...
လေတိုက်ရင် ထွက်သွားကြလိမ့်မယ်။
အဆင်ပြေတဲ့အခါ
ဒီလူတွေက မင်းကို ချစ်ပေမယ့်
လေတိုက်တဲ့အခါ
မင်းကို ထားခဲ့လိမ့်မယ်။
သစ်ကိုင်းလိုလူ...
********************
ဒီလိုလူတွေက သန်မာတယ်။
ဒါပေမယ့် သူတို့ကိုလည်း သတိထားရမယ်။
ဘဝက ခက်ခဲလာပြီး
ဝန် အလွန်အကျွံကို မထိန်းနိုင်တဲ့အခါ
ကျိုးပဲ့သွားလိမ့်မယ်။
တစ်ချို့ရာသီတွေမှာ
မင်းနဲ့အတူ ရှိနိုင်ပေမယ့်
ပိုခက်ခဲလာတဲ့အခါ
ဖဲ့ထွက်သွားလိမ့်မယ်။
သစ်မြစ်လိုလူ...
******************
ဒီလိုလူတွေရဲ့ စိတ်ရင်းခံကို
မင်းမြင်ဖို့ အလွန်ခက်ခဲပေမယ့်
သူတို့က မင်းဘဝအတွက်
အလွန်အရေးကြီးပါတယ်။
မင်းဘဝရဲ့
အလွန်ခက်ခဲတဲ့အချိန်ကာလကို
ဖြတ်သန်းနေချိန်မှာ
မင်းအနေအထားကို တည်ငြိမ်မှုရှိအောင်
သူတို့က ဖေးမကူညီထားလိမ့်မယ်။
သူတို့က မင်းကို
တကယ်ချစ်တဲ့သူတွေပါ။
မင်းဘဝမှာ
ဆုံခဲ့ရတဲ့သူတွေ...
ချစ်ခဲ့ရတဲ့ သူငယ်ချင်းတွေ...
အားလုံးကတော့
သစ်မြစ်လိုလူချည့် မဟုတ်နိုင်ဘူးပေါ့။
ခက်ခဲတဲ့ကာလမှာ
အတူရှိနေသူတွေကမှ
သစ်မြစ်လိုလူလို့ ဆိုနိုင်မယ်။
သစ်မြစ်လိုလူတွေကတော့
ရာသီမရွေး
မင်းနဲ့အတူ ရှိနေပါလိမ့်မယ်ဟု
ဆိုနိုင်ပါကြောင်း။ ။
#𝐂𝐫𝐞𝐝𝐢𝐭
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လွတ်လပ်စွာကူးယူနိုင်ပါသည်
အားဆေး (၁၀) မျိုး
**************
စိတ်ဓာတ်ကျတဲ့အခါ ဒီအားဆေး (၁၀)မျိုးကို သောက်ပြီး ခရီးဆက်လျှောက်နိုင်ပါစေ။
(၁) သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဖြစ်စေဘဲ လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ။
(၂) အောင်မြင်မှုဆိုတာ အချိန် နဲ့ နေရာပေါ် မတည်ပါဘူး။ အားကိုးထိုက်သူဖြစ်အောင် ကြိုးစားနေမှ သင်ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ။ ထာ၀ရ ရပ်တည်နိုင်ဖို့ ကြိုးစားမှုပေါ်မှာပဲ မူတည်ပါတယ်။
(၃) အရှုံးတွေနဲ့တွေ့ချိန် စိတ်ညစ်နေသလား ။ အဲဒီအရှုံးထဲက ရခဲ့တဲ့သင်ခန်းစာတွေဟာ နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။ ဘာကိုမှ စိတ်ဓာတ်မကျပါနဲ့။ အခက်အခဲ ဆိုရင် ရင်ကော့ပြီး ရင်ဆိုင်ပစ်လိုက်ပါ။
(၄) အတင်းပြော ကဲရဲ့မှာကို ကြောက်နေသလား။ ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့ သင့်လမ်းကို သင်ဆက်လျှောက်ပါ။ လမ်းမှာဟောင်သမျှ ခွေးတိုင်းကိုသာ ခဲနဲ့ထုနေမယ်ဆိုရင် သင်သွားချင်တဲ့ ခရီးရဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်တော့ဘူး။
(၅) အဆိပ်ရှိတဲ့သတ္တဝါ၊ ဦးချိုထောင်တဲ့သတ္တဝါ၊ ဆင်ခြင်မှုတရားနည်းပါးသူ ထိုသုံးမျိုးကို တွေ့လျှင် ဝေးဝေးကရှောင်ပါ။ ထိုသုံးမျိုးက သင့်ကို သွေးမျက်ရည်ကျစေနိုင်ပါတယ်။
(၆) လောဘကြီးသူ၊ အယုံလွယ်သူ၊ အားနာတတ်သူ၊ သနားတတ်သူ မဖြစ်အောင် သတိထားစဉ်းစားပါ။ ထိုသူများဟာ လူလိမ်အများဆုံးခံရသူတွေ ဖြစ်ပါတယ်။
(၇) နေချင်သလိုမဖြစ်လို့ ဖြစ်သလိုမနေလိုက်ပါနဲ့။ ရခဲလှတဲ့ ဘဝတစ်ခုကို သင်ကိုယ်တိုင်မှ တန်ဖိုးမထားတတ်ရင် လူဖြစ်ရှုံးလိမ့်မယ်။
(၈) မိမိအလင်းရောင်နဲ့ မိမိဘဝကို ထွန်းလင်းအောင်ကြိုးစားပါ။ ရယူလိုက်ရလို့ ပျော်ရတာထက် ပေးလိုက်ရလို့ ပျော်တဲ့သူကသာ ပျော်ရွှင်မှုအစစ်၊
ပိုင်ဆိုင်မှုအစစ်ဖြစ်တယ်။
(၉) မိမိရဲ့ ပျော်ရွင်မှုက သူတစ်ပါးရဲ့ မျက်ရည်တွေ မဖြစ်ပါစေနဲ့။ မလုပ်သင့်မှန်းသိရက်နဲ့ ခဏတာတွေကို ဦးစားပေးပြီး လုပ်လိုက်ရင် ပိုစိတ်ဆင်းရဲရလိမ့်မယ်။
(၁၀) သင့်မျက်နှာမှာ အပြုံးတစ်ပွင့်တပ်ဆင်လိုက်ပါ။ အောင်မြင်ခြင်း၊ ပျော်ရွင်ခြင်းတို့အတွက် လှေကားထစ်
တစ်ခုဖြစ်လာပါလိမ့်မယ်။ သင့်ရင်ထဲ ဝမ်းနည်းနာကျင်နေချိန်မှာတောင် ပြုံးနိုင်ခဲ့မယ်ဆိုရင် သင်ဟာ ရင့်ကျက်သူဖြစ်လာပါပြီ။
လူတိုင်းရဲ့ ရင်ထဲမှာ ကောင်းတဲ့ စိတ်တစ်လှည၊့် ဆိုးတဲ့ စိတ်တစ်လှည့် နေထိုင်လှုပ်ရှားပါတယ်။ လောကမှာ စိတ်ကြောင့် အကျိုးမဲ့ ဆင်းရဲဒုက္ခရောက်သလို စိတ်ကြောင့်ပဲ ကောင်းကျိုးချမ်းသာရတတ်တယ်။ မကောင်းတဲ့ စိတ်ကြီးစိုးရင် အမှားတွေ ထပ်ဆင့်ထပ်ဆင့်လုပ်မိကြပါတယ်။ ဒီလိုအခါမျိုးတွေမှာ စဉ်းစားချိန်ထိုးနိုင်ဖို့ ဒီစာလေးကို ရေးသားပေးလိုက်ပါတယ်။
✍ Credit
#နာကျင်စရာ များများကြုံရသူက
တစ်ခြားသူကို ပိုပျော်စေချင်ကြတယ်
ဖိနပ်ချုပ်သမားကြီးရဲ့ဆိုင်ကို
အမျိုးသမီးတစ်ယောက် ရောက်လာပြီး
ဖိနပ်ချုပ်ခိုင်းတယ်။
ဖိနပ်ချုပ်သမား အဘိုးအိုက
ဖိနပ်ပြင်ချုပ်ရင်း ဟာသတွေ ပြောနေလို့
အမျိုးသမီးလည်း ပါးစပ်မစိအောင်
ရယ်နေတာပေါ့။
အဘိုးအိုရဲ့ မျက်နှာက ပြုံးနေပြီး
အသက်အရွယ်နဲ့မလိုက်အောင် တက်တက်ကြွကြွပါပဲ။
'' ကျွန်မ မြင်ဖူးသမျှ
သက်ကြီးပိုင်းတွေထဲမှာတော့
အဘက အပျော်တတ်ဆုံးပဲ။
အဘက တော်တော်ကံကောင်းတယ်နော်
ပူပင်သောက သိပ်မရှိပုံပဲ။
ကျွန်မတို့ကတော့
လောကဓံရဲ့ ထိုးနှက်ချက်တွေကြား
မပျော်ရတာတောင် ကြာပါပြီ''လို့
အမျိုးသမီးက ပြောလိုက်တယ်။
အဘိုးအိုက ဖိနပ်ချုပ်နေရင်း
ဆတ်ခနဲ ခေါင်းမော့ကြည့်ပြီး
'' ဟုတ်မှာပါလေ''လို့ တုံ့ပြန်တယ်။
'' ကျွန်မ ကြားမိတာတစ်ခုရှိတယ် အဘ
ပြီးခဲ့တဲ့နှစ်ပိုင်းက
ဒီမြို့မှာ ကားမီးလောင်လို့
ယာဉ်မောင်းတစ်ယောက်ပဲ လွတ်ပြီး
သူ့မိသားစုတွေအကုန် သေသွားတယ်ဆိုတာလေ။
ကြောက်စရာကြီးနော်''လို့ အမျိုးသမီးက ဆက်ပြောတယ်။
အဘိုးအိုက ချောင်းတစ်ချက်ဟန့်လိုက်ပြီး
'' အင်း . . . လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်သွားတာ
ဒီမြို့မှာ ကြုံဖူးသမျှ ထိတ်လန့်စရာအကောင်းဆုံးဖြစ်ရပ်ပဲ''
'' အဲဒီယာဉ်မောင်းရော
အခုထိ သက်ရှိထင်ရှား ရှိသေးလား''လို့
အမျိုးသမီးက မေးလိုက်တယ်။
'' ဘာလို့ သိချင်တာလဲ''လို့ အဘိုးအိုက ပြန်မေးတယ်။
'' သြော် . . . သူ့မိသားစုတစ်ခုလုံး
ဆုံးရှုံးသွားပြီဆိုတာ သိလိုက်ရတော့
နှလုံးဖောက်တာ၊ ဘာတွေများ ဖြစ်သွားမလားလို့ပါ''
'' စိတ်ဒဏ်ရာ တော်တော်ရသွားတယ်
ဒါပေမဲ့ သူ မသေသေးပါဘူး''လို့ အဘိုးအိုက ဖြေတယ်။
'' အဲဒီတုန်းက
သူ ဘယ်လောက်တောင် ခံစားရမလဲဆိုတာ
တွေးကြည့်လို့တောင် မရလောက်ဘူးနော် ။
မိသားစုကို ဆုံးရှုံးခဲ့ရတဲ့
စိတ်ဒဏ်ရာကနေ သူ နလန်ထူနိုင်ပါ့မလား
သူ့ဘဝမှာ ပျော်ရွှင်စရာဆိုတာတော့
ရှိတော့မယ်မထင်ဘူး
သူလည်း အဲဒီစိတ်နဲ့ပဲ လုံးပါးပါးမယ် ထင်ပါရဲ့'' ။
'' အင်း . . . . ဟုတ်လောက်မှာပါ'' လို့
အဘိုးအိုက ခပ်တိုးတိုး ပြောတယ်။
အဘိုးအိုလည်း
ဖိနပ်ပြင်ချုပ်တာ ပြီးသွားတယ်။
အမျိုးသမီးလည်း ကျသင့်ငွေပေးပြီး
ထွက်သွားတယ်။
အမျိုးသမီးက လမ်းလျှောက်လာရင်းနဲ့
သူ့ဖိနပ်ထဲမှာ ခိုးလိုးခုလုဖြစ်နေလို့
ဖိနပ်ချွတ်လိုက်တဲ့အခါ
စာခေါက်လေးတစ်ခု တွေ့တယ်။
စာခေါက်လေးကို ဖွင့်ကြည့်လိုက်တော့
'' ဒီစာကို ရေးသူက
မင်း ဖိနပ်ကို ပြင်ချုပ်ပေးတဲ့ အဘိုးအိုပါ
ကားမီးလောင်လို့ မိသားစုတစ်ခုလုံးကို
ဆုံးရှုံးခဲ့ရတဲ့ ဘတ်စ်ကားယာဉ်မောင်းက
ကျုပ်ပဲဆိုတာ သိရင် မင်း အံ့သြသွားလိမ့်မယ်။
ပြောချင်တာလေး တစ်ခုရှိလို့ပါ။
တကယ်တော့ ပြုံးရွှင် ရယ်မောနေသူတွေမှာလည်း
နာကျင်စရာ ကိုယ်စီ ရှိကြပါတယ်။
နာကျင်စရာ များများကြုံရသူက
တခြားသူတွေကို ပိုပျော်စေချင်တယ်လေ''
သင်ခန်းစာ
တချို့သူတွေက လောကဓံကို
ပျော်တတ်တဲ့ စိတ်အခံနဲ့ တုံ့ပြန်ကြတယ်။
ဘယ်လို ထိုးနှက်ချက်တွေကြုံကြုံ
အပြုံးနဲ့ပဲ ဆီးကြိုကြတယ်။
ပြုံးနေနိုင်သူတွေက
ဘဝမှာ ဒုက္ခတွေ၊ အခက်အခဲတွေ
မကြုံရတာ မဟုတ်ပါဘူး။
ဖုံးကွယ်နိုင်စွမ်း ရှိတာပါ။
တခါတလေ အလှဆုံးအပြုံးတွေရဲ့နောက်ကွယ်မှာ
အကြီးမားဆုံး နာကျင်စရာတွေ ရှိနေတတ်ပါရဲ့။
_( ရိုးရာလေး)
လောကဓံ ခါးခါးတွေကြားကနေ
အချိုသာဆုံးအပြုံးတွေ ပြုံးနိုင်တာဟာလည်း
သင့်ရဲ့ အလှတရားတစ်ခုပါ။
Credit
" စိတ်ဓာတ် "
လူတစ်ယောက် ဘယ်လောက်ပဲ
ဟန်ဆောင်ကောင်းတဲ့သူ ဖြစ်နေပါစေ
ဘယ်လောက်ပဲ အပြောကောင်းတဲ့သူ ဖြစ်နေပါစေ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
သူ့လုပ်ရပ်တွေကနေ
သူ့စိတ်ဓာတ်က ပေါ်လာတာပါပဲ..
လူတစ်ယောက်ရဲ့ ဘဝမှာ
အရေးကြီးဆုံးက စိတ်ဓာတ်ပါ..
စိတ်ဓာတ်မကောင်းရင် လုပ်ရပ်ကောင်းတွေ
မလုပ်နိုင်သလို
လုပ်ရပ်ကောင်းတွေ မလုပ်ဘဲ
အကျိုးဆက်ကောင်းတွေကိုလည်း
မျှော်လင့်လို့ မရနိုင်ဘူး..
စိတ်ဓာတ်ကောင်းမှ
လုပ်ရပ်ကောင်းတာ
လုပ်ရပ်ကောင်းမှ
အကျိုးဆက်ကောင်းတာ
စိတ်ဓာတ် => လုပ်ရပ် => အကျိုးဆက်
ဒီသုံးခုက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေတာပါ..
စိတ်ဓာတ်ကောင်း မွေးမြူပါ
လုပ်ရပ်ကောင်းတွေ လုပ်ဆောင်ပါ
ကောင်းမွန်တဲ့ အကျိူးဆက်တွေက
မတောင်းဘဲပြည့်တဲ့
ဆုလာဘ်တစ်ခုအဖြစ်
ကိုယ့်ထံ ရောက်လာမှာ။
Credit
ပန်းတိုင်ဆိုတာ
လမ်းမှန်မှန်နှင့်
လျှောက်လှမ်းနေသူအတွက်
ဘဝတဆစ်ချိုးကို
ပြောင်းလဲသွားစေတယ်။
🌸🌹🌸🌹🌸🌹
အသိပညာတိုး၍ အကျိုးများပါစေ။
အရှင်သုမန(ရွှေမေတ္တာ)
နေပြည်တော်၊ စံပြအုန်းပင်
၃၀. ၈. ၂၀၂၃
ကိုယ်ချင်းစာ တရား
=============
သစ်သားဓာတ်တိုင်ကို ကွန်ကရစ်ဓာတ်တိုင်နှင့်အစားထိုးလဲလှယ်တဲ့အခါ မူလသစ်သားတိုင်မှာအသိုက်လုပ်ထားတဲ့ သစ်တောက်ငှက်မိသားစုအခြေမပျက်စေဖို့ အသိုက်နေရာကိုဖြတ်တောက်ပြီး
တိုင်အသစ်မှာတွဲချည်ပေးထားခဲ့ပါသတဲ့။
သူတပါးရဲ့ အသိုက်အမြုံနှင့် အိုးအိမ်ကို
မပျက်စီးစေရအောင်စီမံ ဖန်တည်းသူများရဲ့စိတ်ဓာတ်နဲ့အပြုအမူက ချစ်ခင်လေးစားစရာ
** အာဂျင်တီးနား ** မှာပါ တဲ့ ။
Credit to original uploader 🙏
“မြင်းတွေသောက်တဲ့ စမ်းချောင်းက ရေကိုသောက်ပါ။ မြင်းက ဘယ်တော့မှ ရေဆိုးကို မသောက်ပါဘူး။
ကြောင်အိပ်တဲ့ နေရာမှာ သင့်အိပ်ယာကို ခင်းပါ။
ပိုးကောင် တကောင် ထိခံထားရတဲ့ သစ်သီးကိုစားပါ။
အင်းဆက် နားတဲ့ မှိုကို ရဲရဲ နှုတ်ပါ။
ပွေး တွင်းတူးတဲ့ နေရာမှာ သစ်ပင်စိုက်ပါ။
မြွေက သူ့ကိုယ်သူ နွေးစေဖို့ ခွေတဲ့ နေရာမှာ သင့်ရဲ့ အိမ်ကို ဆောက်ပါ။
ငှက်တွေ အပူရှောင် ပုန်းခိုတဲ့ နေရာမှာ သင့်ရဲ့ ရေပန်းကို တူးပါ။
ငှက်တွေနဲ့ တချိန်တည်း အိပ်ယာဝင် အိပ်ယာထပါ — သင် နေ့အားလုံးမှာ ရွှေဝါရောင် ကောက်နှံစေ့တွေ ရိတ်သိမ်း ရပါလိမ့်မယ်။
ဟင်းရွက်စိမ်းတွေ ပိုစားပါ — သစ်တောထဲက သတ္တဝါတွေလို သင့်မှာ သန်မာတဲ့ ခြေထောက်တွေ နဲ့ ခုခံအားရှိတဲ့ နှလုံးတခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။
မကြာမကြာ ရေကူးပါ — ရေထဲက ငါးလို သင် မြေပြင်ပေါ်မှာ ခံစားရပါ လိမ့်မယ်။
ဖြစ်နိုင်သမျှ မကြာမကြာ ကောင်းကင်ကို ကြည့်ပါ။ သင့်အတွေးတွေ ပေါ့ပါး ကြည်လင် လာပါလိမ့်မယ်။
ကောင်းစွာ ဆိတ်ဆိတ်နေပါ၊ စကားမပြောမိသလောက် နေပါ — ထိုအခါ ဆိတ်ငြိမ်ခြင်းဟာ သင့်နှလုံးအိမ်ထဲ ဝင်လာပြီး သင့်စိတ်ဟာ တည်ငြိမ်ပြီး သာယာ အေးချမ်းမှုတွေ ပြည့်လာပါမယ်။
မူရင်းရေးသားသူအား
Credit ပေးပါ၏။
ဒီလူ၆ယောက်နဲ့တွေ့ရင်တစ်သက်လုံးပေါင်းပါ
၁။ သင့်ကိုငွေချေးပေးသူ
- ငွေတစ်ပြားတစ်ကျပ်တိုင်းဟာ သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ။ တန်ဖိုးထားပါ။
၂။ သင့်ကို ပစ္စည်း ရက်ရက်ရောရော ပေးတတ်သူ
- ပစ္စည်းပေါလွန်းလို့တော့ မဟုတ်ဘူး။ ပေးကမ်းစွန့်ကြဲတတ်သူမို့ပါ။
၃။ အတူတူအလုပ်လုပ်တဲ့အချိန်မှာ သင့်ကို ဦးစားပေးတတ်သူ
- "အ" လို့တော့မဟုတ်ဘူး။ မျှဝေခံစားတတ်လို့ပါ။
၄။ အလုပ်လုပ်ချိန်မှာ ပိုလုပ်တတ်သူ
- နုံအ လို့တော့မဟုတ်ဘူး။ တာ၀န်သိတတ်သူမို့လို့ပါ။
၅။ ဘေလ်ကို အရင်ရှင်းတတ်သူ။
- ငွေပေါနေလို့မဟုတ်ဘူး။ ခင်မင်ရင်းနှီးမှုကို ငွေထက် တန်ဖိုးထားတတ်လို့ပါ။
၆။ သင့်ကို ကူညီတတ်သူ
- သင့်ကို အောက်ကျခံ နေလို့မဟုတ်ဘူး။ သင့်ကို သူငယ်ချင်း အရင်းလို သတ်မှတ်လို့ပါ။
jack_Ma
#မူရင်းရေးသားသူကို Crd ပေးပါသည်... 😊
“လူတွေပြောပြောကြတဲ့ နင် အပျို မဟုတ်တော့ဘူး “
ပတ်ဝန်းကျင်မှာ ကြားကြားရတယ်။ ပူပူနွေးနွေး တစ်နှစ်၊ (၂)နှစ် လောက် အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးတွေ တခါတလေလေးများ လှလှပပနေတဲ့ အခါ၊ အပြင်တွေ ထွက်လည်တဲ့အခါ၊ Facebook မှာ ပုံတင်တဲ့ “ အပျိုမဟုတ်တော့ဘူး၊ အပျို လုပ်နေတာလား တို့..။
အိမ်ထောင်ကျပြီး တာနဲ့ ဘာလို့ လူရာသိပ်မဝင်တော့သလို စကြနောက်ကြ ပြောကြဆိုကြသလဲ မသိဘူးနော်။ ဒါက ယဉ်ကျေးမှု တစ်ခုလား..၊ အိမ်ထောင်ကျပြီးတဲ့ သူငယ်ချင်းတွေ ကိုယ်ပိုင်မိသားစုနဲ့ ဆိုတော့ ကိုယ်တွေလို ၊ လူလွတ်တွေလို အပြင်ထွက်နိုင်၊ ကဲနိုင်ချေ နည်းသွားတာနားလည်ပါတယ်။ ကျွန်မ အမြဲ သတိထားတယ်၊ နင် အပျိုမဟုတ်တော့ဘူးတို့ .. လာ အပျို လုပ်ကြမယ်တို့ တခါတလေ လေးတောင် မှ အိမ်ထောင်သည် သူငယ်ချင်းတွေ အပေါ် မစ မိအောင်ပေါ့။ သူတို့ အိမ်ထောင်ရေး ပြေပြေ မပြေပြေ အရင်တုန်းကလို သိပ်မစပ်စုဖြစ်တော့ဘူး။ ရန်ဖြစ်တိုင်း ဝင်လည်း မကူသလို ပါလည်း မပါတော့ဘူး။ တကယ်လို့ သူငယ်ချင်းတွေ အပြင်ထွက်မုန့်စား ချိန်းကြဆုံကြရင်သာ သူတို့ တစ်ချိန်က ငယ်ရွယ်နုပျိုခဲ့တာ၊ လှပ ခဲ့တာ ၊ ပျော်ရွှင်ခဲ့တာ ၊ လူချစ်လူခင် များခဲ့တာ၊ ဘယ်လို ကဲ ခဲ့တာ တွေကို ပျော်စရာလေးတွေ ပြန်ပြောဖြစ်ကြတယ်။ သူတို့ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေ အကြံပေးကြ၊ ဆိုကြပေါ့ ။ သူတို့လည်း အရင်က လူငယ်တွေပဲလေ၊ ခုထိလဲ လူငယ်တွေပဲ ...
“ သူငယ်ချင်းရယ် ငါ လေ ဆံပင်လေး လုပ်ချင်လို့” ၊ “ ငါ ဒါလေးဝတ်ချင်လို့ “ ငါနဲ့ အဆင်ပြေပါ့မလား ... တခါတလေ လာလာ တိုင်ပင်ကြတော့ ...
ကိုယ်က ပြောသေးတယ်၊ “ဟဲ့ နင့်ဘာသာ ဝတ်ချင်တာများ ဝတ်လိုက်လေ.. ဘာလို့ အပြစ် ရှိသလိုကြီး လာပြောနေတာတုန်း “ ဆိုတော့
ငါက ကလေး အမေလေ တဲ့ .. “ကလေး အမေ အဲ့လို မဝတ်ရဘူး ဘယ်သူ ပြောတုန်း “ ဆိုတော့လဲ
အဲ့လိုတော့ မပြောကြပေမဲ့ “ တခါတလေ ကျရင် ငါ ခံစားမိတာပါ။ ငါက အပြင် တခါလေး ထွက်ရင် ၊ ကလေးက ဘယ်မှာလဲ တို့၊ အပျိုလုပ်နေတာလားတို့ ၊ ယောက်ျားကို ဘယ်နား သွားထားလဲ တို့ ..အဲ့လို တွေ လာပြောရင် ငါ့စိတ်ထဲ အပြစ်လုပ်နေသလိုပဲ “ တဲ့ ...။ လူတွေက ဘာရယ်မဟုတ်ဘူး ဆိုပေမဲ့ အဲ့လို စနောက်ခံရပါများတော့ သူက “အိမ်ထောင်သည်” ဆိုတဲ့ စိတ်နဲ့ အပြင်လောကကြီးက သူနဲ့ မအပ်စပ်သလို ပဲ အလိုလိုနေရင်း အားငယ်ပြီး သိမ်ငယ်နေတာ။
အိမ်ထောင်သည်၊ အမျိုးသမီးတွေ ၊ တော်တော်များများ လည်း “ နင်အပျို မဟုတ်တော့ဘူး၊ အပျို လုပ်နေတာလား “ တို့ လာမေးရင် တော်တော် အောင့် သက်သက်နိုင်တယ် မဟုတ်လား နော်။ သက်တူရွယ်တူ အမျိုးသမီးတွေချင်း အိမ်ထောင်ကျတာနဲ့ မကျတာပဲ ကွာတောင် အပျို နဲ့ အိမ်ထောင်သည် ဘယ်လိုဝတ်ရမယ် သတ်သတ်မှတ်မှတ်ထားကြသေးတာလား။ မိန်းမချင်းတောင် တခါတလေ အိမ်ထောင်ရှည်၊ အပျို၊ အအို မခွဲခြားပဲ တန်းတူအခွင့်အရေး ရဖို့တောင် ၊ ယူပြီးသား ယောက်ျား ပြန်အမ်းရမလိုတောင် ဖြစ်မိကြမယ်ထင်တယ်။
ခက်တော့ ခက်သား၊ အိမ်ထောင်ကျသွားတော့ လူတွေနဲ့ စည်း တစ်ဘောင်ခြားသွားတာလား ? ကြည့်ကောင်းတဲ့ အဝတ်အစားတွေ ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက် မုန့်စားတာတွေ ၊ လှလှပပ လေးပြင်ဆင် ဝတ်စားပြီး ပုံရိုက်တင်မိတာတွေ ၊ က အိမ်ထောင်ကျပြီးရင် မအပ်စပ်တော့တာလား ?
အိမ်ထောင်ကျပြီးဆိုတာနဲ့ ကိုယ်ပိုင် ဘဝတစ်ခု ဖြစ်သွားပြီး အရင်လို နေလို့ ထိုင်လို့ မရတော့ ဘူး ၊ဆင်ခြင်ရမယ် ဆိုတာ..။ ကာမပိုင် မဟုတ်တဲ့ တခြား အမျိုးသားတွေ နဲ့ အီစီကလီ လုပ်လို့ မရတော့တာ၊ ကိုယ့်အိမ်ထောင်ဖက် အပေါ် သစ္စာထားပြီး ဝတ္တရားကျေဖို့အထိ နဲ့ သားသမီးတွေ ရလာရင် ပြုစုပျိုးထောင်ဖို့ အထိပဲ တာဝန်ကျေရင် ရပြီ မဟုတ်ဘူးလားနော့်...။ အိမ်ထောင်သည်လည်း တစ်ချိန်က အပျိုပါပဲ၊ ကောင်းကောင်းစားချင်တယ်၊ လှချင်ဝတ်ချင်တယ်။ သားသမီး ရလာလို့ ကိုယ်ခန္ဓာအချိုးအဆစ် အနည်းငယ်ပြောင်းလဲ လာရင်တောင် ကိုယ့်အမျိုးသားကို ဆွဲဆောင် ထားချင်တယ်။ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်က တခြား Single အမျိုးသမီးတွေ ဝတ်စားဆင်ယင်သလို အရမ်း Hot တာမျိုး၊ ဖလန်းဖလန်း ထနေတာမျိုး မြန်မာပြည်မှာ ဝတ်စားဆင်ယင်လို့ သိပ်အဆင်မပြေဘူးဆိုပေမဲ့... ပါတိတ် ဝမ်းဆက်ကြီး တကားကား ၊ လုံခြည် ၊ မြန်မာဝမ်းဆက် တွေ ဇွတ်ဝတ်လိုက်လို့ လည်းအိမ်ထောင်ရှင် ပီသတာသွားမျိုး လည်း မလိုအပ်ပါဘူး။ မြန်မာဆန်ဆန် ကြိုက်လို့ ဝတ်ရင်တော့ ထားပါတော့.. ။
တခါတလေ အမျိုးသမီးအချင်းချင်း ပျော်ချင် ၊ ကဲချင်ကြတာချင်းအတူတူ ကလေး အမေမို့ ပိုကဲတယ် ၊ ပိုနန့်တယ်တို့ လည်း မသမုတ်စေချင်ဘူး၊ ကလေး တစ်ယောက် မွေးပြီးသွားလို့ ပုံမှန်ထက် အရှက်မရှိတော့ဘူးလို့ ဒဲ့ မပြောတာပဲ ရှိမယ်။ စကားဆိုတာ လေ အလကားရတိုင်း မပြောရဘူး၊ တဖက်လူကို စိတ်မကောင်းဖြစ်တဲ့ထိ မစနောက်ရဘူး။ ကလေး တဖက်နဲ့ အိပ်ရေးပျက်ရတဲ့ ညတွေ ၊ စောစောစီးစီးထ ချက်ပြုတ်ရတာတွေ ၊ တနေ့ နဲ့ တနေ့ အိမ်မှာ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ အပြင်လောကမှာ ဘာတွေ ဖြစ်လို့ ဖြစ်မှန်းမသိ၊ အပျိုတုန်းက ခေတ်မီခဲ့သမျှ ခုကျ ဘာမှ လိုက်မမီတော့ဘူး။ အိမ်ထောင်မကျခင် တုန်းက ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ အမျိုးသမီးက ခုကျ ညပ်ဖိနပ် နဲ့ ကလေးကို ခါးခွင်ပြီး ဒီလ ကလေး နို့ဘူးနဲ့ နုတ်ခမ်းနီ ဘာဝယ်ရမလဲ ချင့်ချိန်နေရတဲ့ သူတွေ ဖြစ်သွားကြတယ်။ကြုံကြိုက်လို့ တခါတလေ အပြင်ထွက်တာ၊ လှလှပပ နေတာ ကို အပျို မဟုတ်တော့ကြောင်း သတိပေးသလိုလို နဲ့ မစ နောက်သင့်ဘူး လို့ထင်ပါတယ်၊ ခံစားရတဲ့ အမျိုးသမီးတွေ ပိုသိမှာပါ။
အိမ်ထောင်ကျသွားတိုင်း အပြင်လောက ကြီးနဲ့ မသက်ဆိုင်တော့တာမျိုး မဟုတ်ပါဘူး။ ကိုယ်က အိမ်ထောင်သည်ဆိုပေမဲ့ အသက် အပိုင်းအခြားအလိုက် ခေတ်နဲ့ အညီ နေထိုင်လို့ရပါတယ်။ သားသမီးတွေရလာရင် အနည်းကပ်ထိန်းကျောင်းရမှာက အမေ တွေပါ။ ခေတ်နဲ့ အညီ ၊ အတွေးအခေါ် ၊ အယူအဆ ၊ အားလုံးနီးပါး ခေတ်ဆန်နေမှသာ ကိုယ့်သားသမီး လမ်းမှားနေလား ၊ ဆိုးနေလား ၊ ကောင်းနေလား လိုက်မှီနိုင်မယ်။ မီးဖိုချောင်မှာပဲ အမြဲ အချိန်မကုန်ပဲ အပြင်လောက ကြီးနဲ့ပါ ပိုလို့ လိုက်ရောညီထွေ ရှိနေရမှာပါ။ အရွယ်ရောက်ပြီး သူများတွေ ဘယ်လို ကဲတယ်ပြောပြော ကိုယ့်သားသမီးလေးတွေ အရွယ်မရောက်ခင် လမ်းမှားမရောက်ဖို့ ပိုလို့ ခေတ်ရှေ့ပြေး တွေးခေါ်ပြီး သင်ပေးနေရမှာက အမေတွေ တာဝန်ပါ။ ပြောချင်တာက အိမ်ထောင်ကျ သွားလို့ ကိုယ့်ကို ကိုယ် ချစ်ရကောင်းမှန်း မသိတော့ဘူး၊ လှအောင် နေရမှန်းလည်း သတိမရတတ်တော့ဘူး ဆိုရင် အရင်တုန်းက လှခဲ့တဲ့ ပုံလေးတွေ ၊ နုပျို နေဆဲ ပုံစံလေးတွေကို ပြန် ကြည့်ကြည်ပါ။ “ ကိုယ် ဘယ်လောက် လှနေခဲ့သလဲ .. “၊ “ မှန်ကြည့်တိုင်း ဘယ်လောက် စိတ်ချမ်းသာအောင် ပြင်ဆင်နေထိုင်ခဲ့သလဲ “ ၊ “ခေတ်ကာလမှာ ကိုယ် ဘယ်လောက်စီးမြောလိုက်ပါခဲ့လဲ “ ... ?
အိမ်ထောင်သည် ဖြစ်နေလို့ အားငယ်စရာ လည်း ဘာမှ မလိုသလို လတ်ဆတ်တဲ့ အတွေးအခေါ်တွေ ၊ အနေအထိုင်တွေ ပျောက်ဆုံးနေတဲ့ အခါ အသစ်အဆန်းတစ်ခုခု ပြန်လည် ပြုလုပ်ရင်း ၊ပြန်ပြုပြင်ယူရင်း ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေပါ။ လူတွေရဲ့ “ အပျိုမဟုတ်တော့ဘူး” ဆိုတဲ့ ခပ်သိုးသိုး နဲ့ ရွတ်နောက်နောက် စကားတွေကို အတတ်နိုင်ဆုံး လစ်လျူရှူပြီး “ ကလေးတို့ အမေ” တွေလည်း Single မမ တွေနဲ့ အညီ အတွေးအခေါ်၊ အနေအထိုင် ခေတ်ရှေ့ပြေးနေစေလိုပါတယ်။ ကိုယ့် အိမ်ထောင်ဖက် အပေါ် သစ္စာရှိရှိနဲ့ တစ်ယောက်တာဝန် တစ်ယောက် ကျေကျေပွန်ပွန် ထိန်းသိမ်းပြီး ကိုယ်တိုင်လည်း တခါက လူငယ်တစ်ဦး မို့ ပါးရေမတွန့်သေးတဲ့ အထိ ကတော့ ပကတိ မူရင်းစိတ် အတိုင်း လှလှပပ နဲ့ တွေးခေါ် နေထိုင်ဖို့ ပါပဲ။
စနောက်တယ်ဆိုပေမဲ့ လည်း ရယ်စရာ မကောင်းတဲ့ “ အပျိုလုပ်နေတာလား “ဆိုတဲ့ စကားလုံးနဲ့ နုတ်ဆက်မေးမြန်းတာကိုလည်း အတတ်နိုင်ဆုံး ဆင်ခြင်နိုင်ကြပါစေနော်။
Topic(mother life, personality)
အရိုးရှင်းဆုံးနဲ့အနိုင်ယူတဲ့နည်း
___________________________
အတင်းတွေလား
ပြောပါစေ အာညောင်းသွားရင်
သူ့ဟာသူတိတ်သွားလိမ့်မယ်။
အတိုက်အခံတွေလား
သောင်းကျန်းပါစေ လက်ပန်းကျသွားရင်
သူ့ဟာသူရပ်သွားလိမ့်မယ်။
အပြိုင်အဆိုင်တွေလား
ပြိုင်ကြပါစေ ရှုံးသွားရင်
သူ့ဟာသူ ဘေးရှောင်ထွက်သွားလိမ့်မယ်။
အဆိုးမြင်သမားတွေလား
မြင်စမ်းပါစေ ပြောစရာမရှိတော့တဲ့အချိန်မှာ
သူ့ဟာသူ ငြိမ်ကုတ် သွားလိမ့်မယ်။
ကုန်းတိုက်သမားတွေလား
တိုက်စမ်းပါစေ ပါးစပ် စမြုတ်ပြန်သွားရင်
သူ့ဟာသူ့ တိတ်သွားလိမ့်မယ်။
အကျင့်ဆိုးရှိသူတွေလား
ဆိုးသွမ်းစမ်းပါစေ ကိုယ့်ဘာသာကိုယ်
ပျက်ဆီးသွားတဲ့နေ့မှာ
သူ့ဟာသူ ငြိမ်သွားလိမ့်မယ်။
လောဘ ကြီးသူတွေလား
ကြီးစမ်းပါစေ မှန်းသလောက်မရတာများသွားတဲ့အချိန်ခါမျိုးမှာ
သူ့ဟာသူ စိတ်ဓာတ်ကျသွားလိမ့်မယ်။
အလိမ် အညာ သမားတွေလား
စိတ်ကြိုက်လုပ်စမ်းပါစေ
လိမ်လို့မရတဲ့အခါမှာ
သူ့ဟာသူ လက်လျှော့သွားလိမ့်မယ်။
ကပ်ပါးကောင်တွေလား
ကပ်စမ်းပါစေ ဘာမှမရတဲ့နေ့မှာ
သူ့ဟာသူ နောက်ဆုတ်သွားလိမ့်မယ်။
ငရစ်တွေလား
ရစ်စမ်းပါစေ ဂရုမစိုက်ပဲ
နှုတ်ဆိတ်နေတဲ့ အချိန်မှာ
သူ့ဟာသူ အမောဖောက်ပြီး
လှည့်ပြန်သွားလိမ့်မယ်။
ငချွဲတွေလား
ချွဲစမ်းပါစေ မညှာပဲကြည့်နေလိုက်
သူ့ဟာသူ နလန်ထူသွားလိမ့်မယ်။
အရေးကြီးတာတစ်ခုက
ဒါတွေအားလုံးကို အနိုင်လိုချင်တယ်ဆိုရင်
မိမိကိုယ်ကိုလည်းရင့်ကျက်အောင်နေပါ
အသန်မာဆုံးနဲ့ခွန်အားကြီးမားအောင်နေပါ။
(စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပြောတာပါ)
တကယ်တော့
ဘယ်သူတွေဘယ်လောက်ပဲ
ကိုယ့်အပေါ်ဆိုးနေပါစေ ကိုယ်က
မခံယူရင်သူဘာမှ မတတ်နိုင်ပါဘူး
ဆိုလိုချင်တာက ကိုယ့်ဘေးမှာ လာပြီးဆဲဆို
နေတယ်ပဲထားအုံး နာမနေနဲ့သူ့အတတ်နဲ့သူ
ဆူးအောင် လုပ်ပစ်လိုက်စမ်းပါ။
မပြောနဲ့မနာနဲ့စိတ်မဆိုးနဲ့
အပြုံးမပျက်ပဲနေလိုက် သူ့ကိုနှုတ်ဆက်လိုက်
ဒေါသတွေမပြနဲ့မာန်မာနတွေမထောင်လွှားနဲ့
အတ္တတွေကို လွယ်လွယ်မလွှတ်ထုတ်လိုက်နဲ့
ငါဘာမှ မဖြစ်ဘူးဆိုတဲ့ပုံစံ နေပါ
မတူလို့မတုဘူးဆိုတဲ့ လက္ခဏာနဲ့သာနေပြလိုက်ပါ။
အလိုလိုနေရင်း သူ့ဟာသူ
ငပေါဖြစ်သွားလိမ့်မယ်။
မှတ်ထား
အဲ့ဒါအရိုးရှင်းဆုံးနဲ့အနိုင်ယူတဲ့နည်းပဲ
ဒါမျိုးကြုံဖူးတယ်ဆိုရင်တော့
မင်းဟာ တော်တော်လေး ရင့်ကျက်သွားပြီပဲ မိတ်ဆွေ.....။
ဒါကြောင့် ။ မိမိဘဝကို သူများတွေအတွက်မရှင်သန်ပါနဲ့။
အောင်မြင်ဖို့အတွက် ကြိုးစာနေချိန်မှာ ပတ်ဝန်းကျင်ရဲ့ အထင်တွေ ၊ အမြင်တွေ ၊ ပြောဆိုမှုတွေအပေါ်မှာ
ကိုယ့်က စိတ်ဓာတ် မကျဖို့ ၊ စိတ်မညစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ပတ်ဝန်းကျင်က မြင်တဲ့အမြင် ပြောတဲ့အပြော ထင်တဲ့အထင်တွေဟာ ကိုယ့်ရဲ့ ဘဝမဟုတ်ပါဘူး။
အဲ့သလိုမျိုး သူတစ်ပါးရဲ့ ထင်မြင်ပြောဆိုချက်တွေအပေါ်မှာလိုက်ပြီး ကိုယ့်စိတ်ဓာတ်ကလည်း
အတက်အကျဖြစ်နေတယ်ဆိုရင်တော့ သင်ဟာတကယ်မရင့်ကျက်သေးလို့ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝကို တခြားသူတွေအတွက် ရှင်သန်ပေးနေလို့ပဲဖြစ်ပါတယ်။
ဒါကြောင့် စာဖတ်မိတ်ဆွေတွေလည်း ကိုယ့်ရဲ့ဘဝကို
တခြားသူတွေအတွက်
ဘယ်တော့မှမရှင်သန်ပါနဲ့။
မိမိဘဝအတွက် အရိုးရှင်းဆုံးနဲ့အနိုင်ယူပါ။
မိမိတို့ သိထားရမှာက
လက်ငါးချောင်းတောင် အရွယ်စားမတူညီတဲ့လောကကြီးထဲမှာ
သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အငြင်းတရားတွေနဲ့
မရှင်သန်ချင်သင့်ပါဘူး ။
ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်ပေါ်က လက်ငါးချောင်းတောင်
အရွယ်စားမတူညီနိုင်မှတော့ ကိုယ်မဟုတ်တဲ့ တခြားလူရဲ့စိတ်ဆိုတာ
ကိုယ်နဲ့ ဘယ်လိုထပ်တူကျ နိုင်မှာတဲ့လဲ?
ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်နေတဲ့လူတွေက ကိုယ့်အပေါ် ကောက်ကျစ်သွားရင်တောင် ဘယ်သူမကောင်းဘူး
ဘယ်ဝါမကောင်းဘူးလို့ အပြစ်မပြောချင်ပါနဲ့
သူ့အပြစ် နဲ့သူ တူသောအကျိုး
ခံစားရလိမ့်မယ်လို့ ဥပေက္ခာပြုထားလိုက်ပါ။
နေ့စဉ်နဲ့အမျှ ဘဝရပ်တည်ရှင်သန်ရေးအတွက်
ရုန်းကန်နေသူ လူသားတွေတိုင်း အပြစ်ကင်းတဲ့သူ ဘယ်သူရှိမလဲ ကိုယ်လည်း အပြစ်ကင်းသူလို့ မခံယူထားပါဘူး
အမှားဆိုတာရှိနိုင်သလို အပြစ်ဆိုတာလည်း
လုပ်မိမှာပါ ကိုယ်ကမသိလိုက်တာပဲ ရှိလိမ့်မယ် ။
ဒါပေမယ့် လူရယ်လို့ ဖြစ်လာရင် လူတွေကြားထဲ ဖြူနေဖို့တော့ လိုအပ်တယ်
အမှားနည်းသူဖြစ်အောင် နေတတ်ရပါမယ် ။
လူအခြင်းခြင်းဆက်ဆံရေးမှာ ငါ ဆိုတဲ့အတ္တနဲ့ ရှင်သန်နေမည့်အစား သူ့ဖက်ကိုလည်းမြင်တတ်သူ ကိုယ့်ဖက်ကိုလည်းပြန်ကြည့်တတ်သူဖြစ်အောင် နေထိုင်လိုက်ရင်
မုန်းသူလည်းကင်းမယ် ၊ပြဿနာဆိုတာလည်း ရောက်မလာဘူး လူဖြစ်လာရခြင်းအတွက်လည်း အဓ်ိပ္ပါယ် ပြည့်စုံစေပါတယ်။
တချို့အရာတွေက ခွင့်မလွှတ်သင့်နေရင်တောင်
ခွင့်လွှတ်ခြင်းနဲ့သာ အနိုင်ယူလိုက်ပါ ။
ဒါက အရိုးရှင်းဆုံး အနိုင်ယူနည်းပါဘဲ။
Credit.
ဘက်လိုက်မှု
~~~~~~~~~
အချိန်ဆိုတာ
လူတိုင်းအတွက်
ဘက်လိုက်မှု အကင်းဆုံးအရာ တစ်ခု။
အသက်ကြီးကြီး/ငယ်ငယ်
ယောက်ျား/မိန်းမ
၀၀/ပိန်ပိန်
ဉာဏ်ကောင်းကောင်း/မကောင်းကောင်း
အချိန်က အားလုံးတန်းတူပဲ
အချိန်က ဘက်မလိုက်ဘူး။
သင့်ရဲ့ ယုံကြည်ခြင်းက သင့်ရဲ့ အကောင်းဆုံးနှလုံးသားထဲက ခွန်အားအစစ် အမှန်ပဲ။
တခြားသူတွေစကားလုံးတွေကြောင့် သင့်ယုံကြည်မှုတွေ မသေဆုံးပါစေနဲ့။
ငါထက်တော်တဲ့သူတွေအများကြီးပဲ ပထမဆုကို ငါမရနိုင်ပါဘူးဆိုတာ သင်လုပ်သမျှ ပြောသမျှ တွေးသမျှထဲမှာ
အကြီးမားဆုံး အမှားကြီးပဲ။
သင့်မှာသာ ယုံကြည်ခြင်းဆိုတဲ့ ခွန်အားတွေသာ ပိုင်ဆိုင်ပါစေ
ဒါဆိုရင် သင်လဲကျရင်တောင် ပြုံးပြုံးလေး ပြန်ထနိုင်တယ်။
လူတိုင်းမှာ နောက်ဆုံး ရလာဒ်ဆိုတာ ရှိတယ်။
သင့်ကြိုးစားမှုတွေတိုင်းက သင့်ရဲ့နောက်ဆုံးရလာဒ်ကို ဖြစ်ပေါ်စေတယ်ဆိုတာ မမေ့နဲ့။
သင့်ရဲ့ယုံကြည်မှုခွန်အားတွေနဲ့ သင့်ကိုယ်သင် အကောင်းဆုံးတည်ဆောက်နေတယ်ဆိုတာမမေ့ပါနဲ့။
မည်မျှပင်ဆုံးရှုံး လိုက်ရပါစေ ။
ယုံကြည်မှုနည်းနည်းလေးမှ မဆုံးရှုံးစေနဲ့။
Credit : Tan_Phoe
မေတ္တာများစွာဖြင့်
#အောင်မြင်ရေးနည်းလမ်းများ
Level မတူရင် ယှဉ်မနေပါနဲ့
အောက်မှာပါတဲ့..ပုံဟာ..၁၉၆၁ ခုနှစ်လောက်တုန်း
က..အမေရိကန်တွေဟာ..စစ်ခွေးတွေရဲ့အပြေးစွမ်း
ရည်ကို..ချီတာကျားသစ်နဲ့ပြိုင်ရင်..ဘယ်လောက်ကွာ
မလည်း..လေ့လာမှုတရပ်ကို..လုပ်ခဲ့စဉ်ကပုံလို့..စာထဲ
ဖတ်ဖူးပါတယ်။
စစ်ခွေးတွေနဲ့...ချီတာကျားသစ်ကို.. ယှဉ်ပြိုင်ပြေးခိုင်း
ပြီး.. ပန်းတိုင်ရောက်တဲ့အချိန်ကို နှိုင်းယှဉ်တွက်ယူ
မယ့်..စမ်းသပ်မှု့တခုပါဘဲ။ ထူးဆန်းတာကတော့..တာ
စလွှတ်လိုက်ထဲက..ခွေးတွေဟာ..သူ့ထက်ငါ..အလျှင်
အမြန်ပြေးကြပေမဲ့..ချီတာကျားသစ်က..ထတောင်မ
ရပ်ပါဘူး..ဟိုကြည့်ဒီကြည့်နဲ့..အေးဆေးထိုင်နေတာ..ခွေး
တွေပန်းတိုင်ရောက်တဲ့ထိပါဘဲတဲ့..
ချီတာကျားသစ်ဟာ..ကမ္ဘာပေါ်မှာ..အပြေး
အမြန်ဆုံး..သတ္တဝါတစ်ကောင်ဆိုတာ..လူတိုင်းသိ
သလို..သူ့ကိုယ်သူလည်းသိတယ်ထင်ပါတယ်...ဒီပြိုင်ပွဲ
မှာ..skill မပြဘဲ..အေးဆေးထိုင်ကြည့်နေပါတယ်။ ဒီလို
ပါဘဲ..ဘဝမှာ..သိပ်အာရုံနောက်မခံပါနဲ့...ကိုယ်ဘာ
ကောင်လည်း ကိုယ့်ဘာသာသေခြာသိရင်..တချို့
အရာတွေမှာ..ထိုင်သာနေလိုက်ပါ..ပတ်ဝန်းကျင်က
ပြောခြင်ရာပြောကြပါစေလေ။ သင်သိပ်တော်..သိပ်
တတ်နေရင်တောင်..မလိုအပ်ရင်ထိုင်သာနေပါ..ပြော
ခြင်တာပြောကြပါစေ။ ပတ်ဝန်းကျင်ကလည်းသိပါ
တယ်..ခွေးကခွေး..ကျားသစ်က..ကျားသစ်..ဆိုတာကို။
ဒါပါဘဲ..ဒါလေးပါဘဲ..တချို့အရာတွေထိုင်သာကြည့်
နေလိုက်ပါ..အမောမခံပါနဲ့။
Sit down if you do not need to do
The image below shows a study from 1961 when Americans conducted a study of how much war dogs could compete with a leopard. This is an experiment that compares the time with the war dogs and the leopard to compare the time of the goal. The strange thing was that the dogs in the launcher ran faster than me, but the cheetah did not even stand up.
The cheetah is one of the fastest running animals in the world. As everyone knows, I think he knows himself. In this race, he sits quietly and does not show skill. In this way, in life, do not pay too much attention. If you know for sure what you are, just sit down and say something. Even if you know a lot, just sit back and talk about what you don't need. People around me know that a dog is a dog, a leopard is a leopard. Just sit there and watch some things. Do not be discouraged.
Credit
ဆိတ်တစ်ကောင်က မြည်းတစ်ကောင်ကိုကြိုက်မိသွားတယ်။
မြည်းကပြောတယ်... " ငါ နင့်ကိုငေါက်တာ၊ ကန်တာ နင်ခံနိုင်ရင် နင် ငါ့ကိုတကယ်ချစ်လို့ပေါ့" တဲ့။
ဒီလိုနဲ့ဆိတ်ဟာ မြည်းအလိုကိုလိုက်ခဲ့တယ်၊ သည်းခံခဲ့တယ်။ မြည်းငေါက်တာ ကန်တာကို လက်ခံခဲ့တယ်။
တစ်နှစ်... နှစ်နှစ်... ဆယ်နှစ်အကြာမှာတော့ မြည်းကို ဆိတ်ထားခဲ့လိုက်တော့တယ်။
ဆယ်နှစ်တောင် စွဲစွဲမြဲမြဲရှိခဲ့တာပဲ ဘာလို့ တစ်သက်တာအထိ မထိန်းထားသလဲလို့ ဆိတ်ကိုတချို့ကမေးတော့ ဆိတ်က...
"ဆယ်နှစ်တာကာလနဲ့ ငါ့ရဲ့စစ်မှန်ခြင်းကို ငါသက်သေပြခဲ့ပြီးပြီ။ အခုလက်ကျန်အချိန်နဲ့ ငါ့ရဲ့ဂုဏ်သိက္ခာကို ငါကာကွယ်ရမယ်"
နင့်ကို ငါဘယ်လောက်မြတ်နိုး၊
နင့်အပေါ် ငါဘယ်လောက်ကောင်းလည်း
ငါ့ကို နင်တန်ဖိုးမထားရင်
ငါလည်းလက်လွှတ်တတ်၊ စွန့်ပစ်တတ်တယ်။
စီးပွားရေးပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ အချစ်၊
ဒါမှမဟုတ် အိမ်ထောင်ရေးပဲဖြစ်ဖြစ်
အရာအားလုံး အားလုံးက တန်ဖိုးထားတတ်မှ
ပိုင်ဆိုင်ဖို့ထိုက်တယ်။
သင့်အလိုလိုက်လျောသူဟာ
မစဉ်းစား မတွေးခေါ်တတ်သူမဟုတ်ဘူး။
သင့်အနား မခွာရက်နိုင်သူပါ။
ဘာမဆို သင့်ကိုလုပ်ခွင့်ပေးသူဟာ
ငတုံးငအ,မဟုတ်ပါဘူး။ သင့်ကို အလေးထားသူပါ။
နေကောင်းလား၊ ဘာလုပ်နေလဲမကြာခဏမေးသူဟာ
ပြောစရာစကားမရှိလို့ မဟုတ်ပါဘူး။
သင့်ကို ဂရုစိုက်သူပါ။
သင့်အပေါ်ကောင်းတာဟာ
သင့်ကို ပေးဆပ်စရာရှိလို့မဟုတ်ပါဘူး။
သင့်ကို ဆွေမျိုးသားချင်းလိုသဘောထားလို့ပါ။
စစ်မှန်သူအချင်းချင်းက
လျှောက်ရင်းလှမ်းရင်း ရင်ထဲတိုးဝင်ကြတယ်။
ဟန်ဆောင်သူက လျှောက်ရင်းလျှောက်ရင်း
မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။
လူလူချင်း တွေ့ဆုံဖို့အတွက်
ကံတရားလိုတယ်။
လူလူချင်း ပေါင်းသင်းဆက်ဆံဖို့အတွက်
ရိုးသားစစ်မှန်ခြင်းလိုပါတယ်။
ာတစ်ပုဒ်_မျှဝေခံစားပါတယ်
#နိုင်းနိုင်းစနေcredit
✔ အလိုမကျတိုင်း ရန်ရှာနေရင်
လူမိုက် ဖြစ်သွားလိမ့်မယ်။
✔ စိတ်ညစ်တိုင်း အရက်သောက်နေရင်
အရက်သမား ဖြစ်သွားတတ်တယ်။
✔ အခက်အခဲတွေ့တိုင်း ညည်းတွားနေရင်
အောင်မြင်မှုဆိုတဲ့လမ်း ပျောက်သွားတတ်တယ်။
✔ အရာရာကို မကောင်းမြင်နေရင်
အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်။
✔ အကောင်းမြင်စိတ် ထားတာပါဆိုပြီး
မကောင်းတာကို အကောင်းလုပ်ပြောနေရင်လည်း
ငပေါကြီး ဖြစ်တတ်တယ်။
✔ ကောင်းတာလေးတွေကို ချီးမွမ်းပြီး
မကောင်းတာတွေကို ဖုံးကွယ်ထားပြန်လည်း
“မတရားသောဘက် လိုက်သူ" လို့ ပြောခံရလိမ့်မယ်။
✔ ငါလုပ်ဖို့ စောနေသေးတယ်,
အချိန်အများကြီး ကျန်ပါသေးတယ်. . . .
တွေးနေရင်လည်း နောက်ကျသွားတတ်တယ်။
.
အရာရာဟာ နောက်ကျသွားပြီ,
ဘာမှမလုပ်နိုင်ဘူးလို့ ခံယူလိုက်တာကလည်း
ဘဝကို အရှုံးပေးလိုက်ရာ ကျတယ်။
✔ ဘဝဆိုတာ ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင်
ပျော်ရွှင်မှုကို ရှာတွေ့မှာ မဟုတ်ပြန်ပါဘူး။
✔ အရာရာဟာ ငါ့အတွက်ချည်းပဲဆိုရင်လည်း
အတ္တ္တကြီးရာ ကျတာပေါ့။
.
အရာရာဟာ ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး
မှိုင်နေရုံပဲ~ရှိတာပေါ့လို့ ထင်လိုက်တာနဲ့
စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်။
✔ ဘဝဆိုတာ တစ်စုံတစ်ယောက်က သတ်မှတ်ပြဋ္ဌာန်းပြီးသား,
ဒါမှမဟုတ် အတိတ်ကံကသာ ချယ်လှယ်နေတယ်...လို့
ယူဆလိုက်ရင် ပစ္စုပ္ပန်မှာ ရှုံးနိမ့်သွားလိမ့်မယ်။
✔ဘဝပြတ်တယ် ယူဆရင်တော့
ကံ,ကံ၏အကျိုး ပယ်ရာကျပြီး
တစ်ဘဝစာအတွက် မလုပ်သင့်တာတွေ လုပ်မိသွားလိမ့်မယ်။
✔ သူများပြောတိုင်း ယုံနေရင်လည်း
အလိမ်ခံရတတ်တယ်။
ငါမြင်ရ,ငါတွေ့ရမှ,ငါကိုယ်တိုင်ကြုံဖူးမှ လက်ခံမယ်ဆိုရင်လည်း
ကိုယ့်အဖေအမေတောင် ဟုတ်ပါ့မလား" လို့
သံသယ ဝင်သွားနိုင်တယ်။
✔ ခန္ဓာကြီးက ဘာမှမဟုတ်ဘူး,မုန်းစရာကြီးပါဆိုပြီး
မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ
ပစ်စလက်ခတ် နေလိုက်ရင်လည်း
ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး။
✔ ခန္ဓာကြီး တွယ်တာ,မက်မောပြီး
အိုဟောင်းသွားတာတွေကို နှမြောနေပြန်ရင်လည်း
စိတ်သောက ဖိစီးပါလိမ့်မယ်။
❄ သော့လေးတစ်ချောင်း ရှိတယ်
အဲ့ဒီသော့လေးနာမည်က အလယ်အလတ်လမ်းစဉ်" တဲ့။
✔ တကယ်တော့ ခန္ဓာကိုယ်ကြီးကို
မုန်းတီးနေရမှာ, ရွံရှာနေရမှာ မဟုတ်ပါဘူး. . . .
စွဲလန်းနေရမှာလည်း မဟုတ်ပါဘူး. . . .
.
ရုပ်တရားရဲ့ ဖြစ်ပျက်ပြောင်းလဲပြီး
သူ့သဘော သူဆောင်နေတာလေးတွေ ရှုမှတ်ပြီး
အမြဲမရှိနိုင်ပါလားလို့ မြင်တတ်တာကမှ ဥာဏ်အလင်းပါ။
✔ဘဝပြတ်တယ်, ဆက်တယ်ဆိုပြီး
တထစ်ချကြီး အစွန်းရောက်မနေပါနဲ့။
✔ အတိတ်နဲ့ အနာဂတ်ကြားက ပစ္စုပ္ပန်မှာသာ
ကောင်းအောင်လုပ်ပါ. . . .
အဲ့ဒီ့အခါ ကျန်ခဲ့တဲ့အတိတ်လည်း ကောင်းပြီး
နောင်လာမယ့်ပစ္စုပ္ပန်အလောင်းအလျာ အနာဂတ်ကလည်း
လှပနေမှာပါ။
✔ သူများပြောတိုင်း ခေါင်းငြိမ့်နေဖို့ မလိုသလို
ငါမဟုတ်ဖူးဆိုပြီး ခေါင်းခါဖို့ချည်းပဲ မလိုပါဘူး။
✔ အကြောင်းအကျိုးတွေ ဝေဖန်ဆန်းစစ်ပြီး
ဟုတ်နိုင်သည်/မဟုတ်နိုင်သည် ဆုံးဖြတ်ပါ။
“အရာရာဟာ ငါ့အတွက် သူ့အတွက်ပါလား" လို့ မြင်တတ်ပါစေ
✔ တရားသေ သတ်မှတ်ပြီးသား မဟုတ်သလို
ကိုယ်ပြုတဲ့ ကံတိုင်းဟာ အရာမထင်,
အထောက်အပံမရှိတာ မဟုတ်ပြန်ပါဘူး . . . ၊
ပြုပြင်ပြောင်းလဲလို့ ရတယ်ဆိုတာ နားလည်ပေးပါ. . . .။
✔ နောက်ကျနေပြီ စောနေသေးတယ် မသတ်မှတ်ပါနဲ့ ၊
ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ။
✔ ကောင်းတာကိုလဲ မပစ်ပယ်ပါနဲ့ . . . .
မကောင်းတာကိုလဲ မဖုံးကွယ်ပါနဲ့ . . . .
.
ကောင်းတာကို ချီးမွမ်းပြီး
မကောင်းတာကို ထောက်ပြဝေဖန် ပြုပြင်ပေးပါ။
✔ အခက်အခဲတွေ့တိုင်း စိတ်ပျက်အားလျော့စရာမလိုသလို. . .
“ အခက်အခဲကိုလည်း အခက်အခဲ မဟုတ်ပါဘူး" ဆိုပြီး
ပေါ့လျော့လို့ မရပြန်ပါဘူး. . . .။
.
အခက်အခဲကို ဘယ်လိုကျော်လွှားရမလဲ,
ဖြေရှင်းဖို့လုပ်တာက အသင့်တော်ဆုံးပါ။
✔ အရက်သောက်တိုင်း စိတ်ညစ်တာ~မပျောက်သလို
စိတ်ညစ်တိုင်း အရက်သောက်ဖို့တစ်နည်းပဲ
ရှိတာမဟုတ်ပါဘူး။
.
ဒီတစ်လမ်းပဲရှိတယ်လို့ ဆုပ်ကိုင်ထားလိုက်တာနဲ့
တခြားလမ်းတွေ~မြင်နိုင်ဖို့ မလွယ်တော့ပါဘူး။
.
စိတ်ညစ်တာကို ရင်ဖွင့်ဖို့
ကဗျာတွေ, သီချင်းလေးတွေ သီကုံးပြီး
ဖွင့်ဆိုလည်း ရပါတယ်။
✔ အလိုမကျတိုင်း ရန်ရှာနေလို့
အလိုမကျမှုကို အောင်နိုင်မှာ မဟုတ်ပါဘူး။
.
အလိုမကျမှုကို သည်းခံတတ်မှ
ငြိမ်းချမ်းမှုဆိုတဲ့ အောင်မြင်မှုကို ရရှိမှာပါ။
ဘယ်တော့မှ အစွန်းမရောက်ပါနဲ့။
.
အစွန်းရောက်တဲ့ အရာတိုင်းဟာ
ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ သတိထားမိပါစေ...။
ခရက်ဒစ် အောင်မြေဟိတဓရ ဦးရှားညို
✔ အခက်အခဲတွေ့တိုင်း ညည်းတွားနေရင်
အောင်မြင်မှုဆိုတဲ့လမ်း ပျောက်သွားတတ်တယ်။
✔ အရာရာကို မကောင်းမြင်နေရင်
အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်။
✔ အကောင်းမြင်စိတ် ထားတာပါဆိုပြီး
မကောင်းတာကို အကောင်းလုပ်ပြောနေရင်လည်း
ငပေါကြီး ဖြစ်တတ်တယ်။
✔ ကောင်းတာလေးတွေကို ချီးမွမ်းပြီး
မကောင်းတာတွေကို ဖုံးကွယ်ထားပြန်လည်း
“မတရားသောဘက် လိုက်သူ" လို့ ပြောခံရလိမ့်မယ်။
✔ ငါလုပ်ဖို့ စောနေသေးတယ်,
အချိန်အများကြီး ကျန်ပါသေးတယ်. . . .
တွေးနေရင်လည်း နောက်ကျသွားတတ်တယ်။
.
အရာရာဟာ နောက်ကျသွားပြီ,
ဘာမှမလုပ်နိုင်ဘူးလို့ ခံယူလိုက်တာကလည်း
ဘဝကို အရှုံးပေးလိုက်ရာ ကျတယ်။
✔ ဘဝဆိုတာ ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင်
ပျော်ရွှင်မှုကို ရှာတွေ့မှာ မဟုတ်ပြန်ပါဘူး။
✔ အရာရာဟာ ငါ့အတွက်ချည်းပဲဆိုရင်လည်း
အတ္တ္တကြီးရာ ကျတာပေါ့။
.
အရာရာဟာ ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး
မှိုင်နေရုံပဲ~ရှိတာပေါ့လို့ ထင်လိုက်တာနဲ့
စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်။
✔ ဘဝဆိုတာ တစ်စုံတစ်ယောက်က သတ်မှတ်ပြဋ္ဌာန်းပြီးသား,
ဒါမှမဟုတ် အတိတ်ကံကသာ ချယ်လှယ်နေတယ်...လို့
ယူဆလိုက်ရင် ပစ္စုပ္ပန်မှာ ရှုံးနိမ့်သွားလိမ့်မယ်။
✔ဘဝပျက်တယ် ယူဆရင်တော့
ကံ,ကံ၏အကျိုး ပယ်ရာကျပြီး
တစ်ဘဝစာအတွက် မလုပ်သင့်တာတွေ လုပ်မိသွားလိမ့်မယ်။
✔ သူများပြောတိုင်း ယုံနေရင်လည်း
အလိမ်ခံရတတ်တယ်။
ငါမြင်ရ,ငါတွေ့ရမှ,ငါကိုယ်တိုင်ကြုံဖူးမှ လက်ခံမယ်ဆိုရင်လည်း
ကိုယ့်အဖေအမေတောင် ဟုတ်ပါ့မလား" လို့
သံသယ ဝင်သွားနိုင်တယ်။
✔ ခန္ဓာကြီးက ဘာမှမဟုတ်ဘူး,မုန်းစရာကြီးပါဆိုပြီး
မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ
ပစ်စလက်ခတ် နေလိုက်ရင်လည်း
ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး။
✔ ခန္ဓာကြီး တွယ်တာ,မက်မောပြီး
အိုဟောင်းသွားတာတွေကို နှမြောနေပြန်ရင်လည်း
စိတ်သောက ဖိစီးပါလိမ့်မယ်။
❄ သော့လေးတစ်ချောင်း ရှိတယ်
အဲ့ဒီသော့လေးနာမည်က အလယ်အလတ်လမ်းစဉ်" တဲ့။
✔ တကယ်တော့ ခန္ဓာကိုယ်ကြီးကို
မုန်းတီးနေရမှာ, ရွံရှာနေရမှာ မဟုတ်ပါဘူး. . . .
စွဲလန်းနေရမှာလည်း မဟုတ်ပါဘူး. . . .
.
ရုပ်တရားရဲ့ ဖြစ်ပျက်ပြောင်းလဲပြီး
သူ့သဘော သူဆောင်နေတာလေးတွေ ရှုမှတ်ပြီး
အမြဲမရှိနိုင်ပါလားလို့ မြင်တတ်တာကမှ ဥာဏ်အလင်းပါ။
✔ ဘဝပျက်တယ်, ဆက်တယ်ဆိုပြီး
တထစ်ချကြီး အစွန်းရောက်မနေပါနဲ့။
✔ အတိတ်နဲ့ အနာဂတ်ကြားက ပစ္စုပ္ပန်မှာသာ
ကောင်းအောင်လုပ်ပါ. . . .
အဲ့ဒီ့အခါ ကျန်ခဲ့တဲ့အတိတ်လည်း ကောင်းပြီး
နောင်လာမယ့်ပစ္စုပ္ပန်အလောင်းအလျာ အနာဂတ်ကလည်း
လှပနေမှာပါ။
✔ သူများပြောတိုင်း ခေါင်းငြိမ့်နေဖို့ မလိုသလို
ငါမဟုတ်ဖူးဆိုပြီး ခေါင်းခါဖို့ချည်းပဲ မလိုပါဘူး။
✔ အကြောင်းအကျိုးတွေ ဝေဖန်ဆန်းစစ်ပြီး
ဟုတ်နိုင်သည်/မဟုတ်နိုင်သည် ဆုံးဖြတ်ပါ။
“အရာရာဟာ ငါ့အတွက် သူ့အတွက်ပါလား" လို့ မြင်တတ်ပါစေ
✔ တရားသေ သတ်မှတ်ပြီးသား မဟုတ်သလို
ကိုယ်ပြုတဲ့ ကံတိုင်းဟာ အရာမထင်,
အထောက်အပံမရှိတာ မဟုတ်ပြန်ပါဘူး . . . ၊
ပြုပြင်ပြောင်းလဲလို့ ရတယ်ဆိုတာ နားလည်ပေးပါ. . . .။
✔ နောက်ကျနေပြီ စောနေသေးတယ် မသတ်မှတ်ပါနဲ့ ၊
ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ။
✔ ကောင်းတာကိုလဲ မပစ်ပယ်ပါနဲ့ . . . .
မကောင်းတာကိုလဲ မဖုံးကွယ်ပါနဲ့ . . . .
.
ကောင်းတာကို ချီးမွမ်းပြီး
မကောင်းတာကို ထောက်ပြဝေဖန် ပြုပြင်ပေးပါ။
✔ အခက်အခဲတွေ့တိုင်း စိတ်ပျက်အားလျော့စရာမလိုသလို. . .
“ အခက်အခဲကိုလည်း အခက်အခဲ မဟုတ်ပါဘူး" ဆိုပြီး
ပေါ့လျော့လို့ မရပြန်ပါဘူး. . . .။
.
အခက်အခဲကို ဘယ်လိုကျော်လွှားရမလဲ,
ဖြေရှင်းဖို့လုပ်တာက အသင့်တော်ဆုံးပါ။
✔ အရက်သောက်တိုင်း စိတ်ညစ်တာ~မပျောက်သလို
စိတ်ညစ်တိုင်း အရက်သောက်ဖို့တစ်နည်းပဲ
ရှိတာမဟုတ်ပါဘူး။
.
ဒီတစ်လမ်းပဲရှိတယ်လို့ ဆုပ်ကိုင်ထားလိုက်တာနဲ့
တခြားလမ်းတွေ~မြင်နိုင်ဖို့ မလွယ်တော့ပါဘူး။
.
စိတ်ညစ်တာကို ရင်ဖွင့်ဖို့
ကဗျာတွေ, သီချင်းလေးတွေ သီကုံးပြီး
ဖွင့်ဆိုလည်း ရပါတယ်။
✔ အလိုမကျတိုင်း ရန်ရှာနေလို့
အလိုမကျမှုကို အောင်နိုင်မှာ မဟုတ်ပါဘူး။
.
အလိုမကျမှုကို သည်းခံတတ်မှ
ငြိမ်းချမ်းမှုဆိုတဲ့ အောင်မြင်မှုကို ရရှိမှာပါ။
ဘယ်တော့မှ အစွန်းမရောက်ပါနဲ့။
.
အစွန်းရောက်တဲ့ အရာတိုင်းဟာ
ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ သတိထားမိပါစေ...။
Credit
Website
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Saturday | 01:00 - 17:00 |
Sunday | 01:00 - 17:00 |