Daewon Myanmar and Korea
ယုံကြည်စိတ်ချရသော ချေးငွေလျှောက်ထား ဝန်ဆောင်မှု
ဒီနေ့တစ်ရက်ကတော့ တောင်ကိုရီးယားအစိုးရရုံးပိတ်ရက်လေးမို့ ဒီနေ့ပိတ်ပါတယ်ရှင် ~ 🩵
မနက်ဖြန်ပြန်တွေ့ကြပါမယ်နော် ~ 🩵
အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါ ~ 💕
အကုန်လုံးအတွက် စိတ်ချမ်းသာကိုယ်ကျန်းမာတဲ့နေ့လေးဖြစ်ဖို့ Daewon က ဆုတောင်းပေးလိုက်ပါတယ်ရှင် ~ ^^ 💕
ကုန်ထုတ်လုပ်ငန်း ဖြေဆိုခွင့်ဖြတ်ပိုင်း ရရှိပြီးသူများ သိရှိရန်
ကိုရီးယားကို ကျောင်းနဲ့သွားတဲ့သူတွေအနေနဲ့ မိမိတို့မိဘများကို ကိုရီးယားသို့ခေါ်ယူလို့ရတော့မှာဖြစ်ပါတယ်
🌷 ကျောင်းသွားတက်တဲ့သူတွေအတွက် သတင်းကောင်းပါ။ 🌷
ကျောင်းသွားတက်တဲ့သူတွေအနေနဲ့ မိမိတို့မိဘများကို ကိုရီးယားသို့ခေါ်ယူလို့ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားအစိုးရဟာ ကျောင်းလာတက်တဲ့ နိုင်ငံခြားသားကျောင်းသားများအား မိဘခေါ်ယူခွင့်ပေးမယ်လို့ တနင်္ဂနွေနေ့ကထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ကျောင်းသားမိဘများအနေဖြင့် မိမိတို့ကလေးရဲ့ကျောင်းနဲ့နီးစပ်သောနေရာဒေသများတွင် စိုက်ပျိုးရေးနဲ့ရေလုပ်ငန်းများ အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
E9 / E7 ကိုင်ဆောင်သူများနဲ့တော့ မတူပါဘူး။ ဆိုလ်းမြို့ကလွဲပြီး တခြားမြို့နဲ့ဒေသများက ကျောင်းတွေမှာတစ်နှစ်နဲ့အထက်ကျောင်းတက်သူများအနေဖြင့် မိဘခေါ်ယူလို့ရမှာဖြစ်ပြီး မိဘဖြစ်သူက တောင်ကိုရီးယားမှာ ရာသီလုပ်သားအနေနဲ့ ( ၈ ) လ အလုပ်ဝင်ရောက်လုပ်ကိုင် နေထိုင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ( လက်ရှိ တောင်ကိုရီးယားမှာ အလုပ်လုပ်ကိုင်ပါက အခြေခံလစာဟာ မြန်မာငွေ သိန်း ၅၀ ဝန်းကျင်ဖြစ်ပါတယ်။ )
ကျောင်းသား / ကျောင်းသူများရဲ့ မိဘများအနေနဲ့က အသက် ( ၅၅ ) နှစ်အောက်ရှိရမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ရမယ်လို့ သတ်မှတ်ထားပါတယ်။
မိဘခေါ်ယူလိုတဲ့ ကျောင်းသား / ကျောင်းသူများအနေနဲ့က တောင်ကိုရီးယားဥပဒေချိုးဖောက်ထားမှုမရှိဖို့လိုပါတယ်၊ ဒါ့အပြင် အဆိုပါမိဘခေါ်ယူခွင့် ပါမစ်မလျှောက်ခင် ကျောင်းတက်ဖို့ semester ၂ ခု ကျန်ရှိရမယ်လို့လဲဆိုပါတယ်။
အခြားသောသတ်မှတ်ချက်များလဲရှိနိုင်တာမို့ မိဘခေါ်ယူလိုပါက မိမိတို့ကျောင်းမှတာဝန်ရှိသူကိုမေးမြန်းနိုင်ပါတယ်။ 🌷🌷
ကိုရီးယားသတင်းရေးဆရာ Nam Hyun-woo ရေးသားသော The Korea Times က သတင်းစာပိုဒ်ကို Daewon Myanmar and Korea မှဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။ မူရင်းသတင်းလင်ခ့်ကို ကွန်းမန့်မှာပေးထားမှာမို့ ကိုယ်တိုင် ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။ 🩵
ကျေးဇူးအများကြီးတင်ပါတယ် 🥰🙏🏻
အက်မင်တို့ ဒီရက်ပိုင်းဘာဆိုဘာမှ မတင်ဖြစ်တာတောင် သတိတရရှိနေပေးကြလို့ ပိုတောင်ကျေးဇူးတင်ရပါတယ် ❤️🙏🏻
ရုံးပိတ်ရက်ကြေညာခြင်း
================
၃ လပိုင်း ၁ ရက်နေ့ဟာ ကိုရီးယားအစိုးရရုံးပိတ်ရက်ဖြစ်နေတာကြောင့် ဘဏ်ပိတ်ပါတယ်ရှင် ❤️
စနေ ၊ တနင်္ဂနွေလဲခံသွားတာမို့ အက်မင်တို့ တနင်္လာနေ့ပြန်တွေ့ပါမယ်နော် 🩵
သောကြာ၊ စနေ၊ တနင်္ဂနွေအတွင်းမှာ အသေးသုံးလျှောက်ထားသူတွေအကုန် တနင်္လာနေ့ငွေလွှဲဝင်ပါလိမ့်မယ်ရှင် 🩵
အားလုံးပဲ ကျန်းမာချမ်းသာပြီး ပျော်စရာ မတ်လလေးဖြစ်ပါစေလို့ Daewon မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် ❤️
EPS ‼️‼️‼️
အက်မင်တို့ စနေနဲ့ တနင်္ဂနွေ နေ့ဘက် စာပြန်နားပါမယ်နော် 💕
၂၀၂၄ ခုနှစ်ရဲ့ အဦးဆုံးအသုတ်လဲဖြစ်တဲ့ ၂ လပိုင်း EPS calling အသုတ် 🎉🎉
ဖေဖော်ဝါရီလအစလေးကို ရင်ခုန်စရာသတင်းကောင်းလေးနဲ့ ဖွင့်ပေးပါရစေနော် 🥰🥰
၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး calling အသုတ်ကို အခုလထဲခေါ်ယူမှာဖြစ်ပြီး ခေါ်ယူသွားမယ့်လုပ်သားဦးရေက အယောက်သုံးသောင်းကျော်တောင်ဖြစ်ပါတယ်။ အရင်နှစ်တွေက တစ်ခါခေါ်ရင် တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်ပဲခေါ်တာပါ။ အခုနှစ်မှာအများကြီး တိုးခေါ်ထားပါတယ် 💕💕
ကုန်ထုတ် 📦
ခေါ်ယူမည့်လုပ်သားဦးရေ : ၂၃,၂၃၂ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၂ လပိုင်း ၂၉ ရက်နေ့ မှ ၃ လပိုင်း ၈ ရက်နေ့ထိ
စိုက်မွေး 🌾
ခေါ်ယူမည့်လုပ်သားဦးရေ : ၄,၂၀၉ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၃ လပိုင်း ၁၁ ရက်နေ့ မှ ၃ လပိုင်း ၁၅ ရက်နေ့ထိ
ဆောက်လုပ်ရေး 🏗️
ယူမည့်လုပ်သားဦးရေ : ၁,၆၃၂ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၃ လပိုင်း ၁၁ ရက်နေ့ မှ ၃ လပိုင်း ၁၅ ရက်နေ့ထိ
ဝန်ဆောင်မှုလုပ်ငန်းများ 🚚
ယူမည့်လုပ်သားဦးရေ : ၁,၂၉၇ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၃ လပိုင်း ၁၁ ရက်နေ့ မှ ၃ လပိုင်း ၁၅ ရက်နေ့ထိ
ခေါ်စာစောင့်နေတဲ့ရွှေမြန်မာတို့ အမြန်ဆုံးခေါ်စာကျပြီး ဟန်းဂုမြေကိုအမြန်ဆုံးရောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 💗🙏🏻
( မြန်မာပြည်ကနေ အလုပ်ခေါ်စာကျပြီးလို့ လေယာဉ်ကြေး ဘာကြေးညာကြေးသွင်းဖို့ အရေးပေါ် အမြန်လိုအပ်ရင်ဖြစ်စေ ( သို့မဟုတ် ) ဟန်းဂုမြေကိုရောက်ပြီးလို့ အသေးသုံးလေးပဲလိုအပ်ရင်ဖြစ်စေ ညီမတို့ page က ချေးငွေအမြန်လျှောက်ပေးကြောင်းလေးလဲ ကြော်ငြာဝင်ပါရစေရှင် ❤️ )
TOPIK စာမေးပွဲရက် ကြေညာပါပြီ 😍💕
၂၀၂၄ ခုနှစ် ပူပူနွေးနွေးနှစ်အစလေးမှာ ဦးဦးဖျားဖျားတင်ပေးချင်တဲ့ သတင်းကောင်းလေးကတော့ တောင်ကိုရီးယားနိုင်ငံ အခြေခံလစာတိုးတဲ့ အကြောင်းလေးပါ 💖
၂၀၂၄ ခုနှစ်ကစပြီး အခြေခံလုပ်အားခဟာ တစ်နာရီ ဝမ် ၉,၈၆၀ ဖြစ်သွားပါပြီ။
🔺 တကယ်တမ်းအလုပ်သမားတွေဘက်က ၂၀၂၄ ခုနှစ်အတွက် တောင်းဆိုတဲ့အခြေခံလုပ်အားခက တစ်နာရီကို ဝမ် ၁၀,၀၀၀ ( တစ်သောင်းဝမ် ) တောင်းဆိုခဲ့တာပါ။ ဒါဟာ ၂၀၂၃ ခုနှစ်ရဲ့ အခြေခံလုပ်အားခနဲ့ ယှဉ်ရင် ၃.၉၅% တိုး၍ တောင်းဆိုထားခြင်းဖြစ်ပါတယ်။
🔺 အလုပ်ရှင်များဘက်နဲ့ ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်မှာတော့ တစ်နာရီအခြေခံလုပ်အားခ ဝမ် ၉,၈၆၀ ထိတိုးပေးရမယ်လို့ အတည်ပြုခဲ့ကြပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်ရဲ့ အခြေခံလုပ်အားခနဲ့ ယှဉ်ရင် ၂.၅% တိုးပေးထားခြင်းဖြစ်ပါတယ်။
🔺 တစ်နာရီ ဝမ် ၉,၈၆၀ ဟာ သာမာန်အခြေခံလုပ်အားခသာဖြစ်ပြီး ၊ အချိန်ပိုများ / ပိတ်ရက်များ / ညဆိုင်းများအတွက်မဟုတ်ပါဘူး။ အချိန်ပိုဆင်းရင် အခြေခံလုပ်အားခထက် တစ်ဆခွဲပိုရပါတယ်။ ဒါကြောင့် အချိန်ပိုဆင်းရရင် အချိန်ပိုတစ်နာရီအတွက် အခြေခံလုပ်ခဟာ တစ်နာရီ ဝမ် ၁၄,၇၉၀ ဖြစ်ပါတယ်။
🔺 အကြမ်းဖြင်းတွက်မယ်ဆို အနိမ့်ဆုံးတစ်လကိုအခြေခံလုပ်အားခ ဝမ် ၂,၀၆၀,၇၄၀ ဖြစ်ပြီး လက်ရှိမြန်မာငွေပေါက်စျေးနဲ့ဆို ၅၂ သိန်းဝန်းကျင်ဖြစ်ပါတယ်။
ရွှေမြန်မာတို့ ခုလ လစာထွက်ရင် လစာစာရွက်ကလေးကို သေချာလေးစစ်ကြည့်ကြပါ၊ မေ့ပြီးနှစ်ဟောင်း အခြေခံလစာနဲ့တွက်ပေးနေရင် ပြောစရာရှိတာပြောကြပါလို့ Daewon မှ တိုက်တွန်းလိုက်ပါတယ်ရှင် 😚
အားလုံးပဲ ငွေရေးကြေးရေး ခြေသလုံးမွှေးတဲ့ နှစ်ထောင့်နှစ်ဆယ့်လေး ဖြစ်ကြပါစေရှင် 😍🙏🏻
လက်ရှိအချိန်မှာ မိမိအဆင့်ကိုဝင်ကြည့်လို့ ရဦးမှာမဟုတ်ပါဘူး
💔 ဆာဗာကျနေပါတယ် 💔
၂၄ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်ပြန်ရမယ်ပြောပါတယ် ( မြန်မာအချိန်ဆို နေ့လည် ၁၁ ခွဲလောက်ပေါ့ )
ဟန်းဂုမရောက်သေးသူတွေလဲ ဖိုက်တင်းပါ ၊ စောင့်မျှော်နေတဲ့အလုပ်ခေါ်စာသတင်းကောင်းက ၂၀၂၄ မှာ ကြားရမှာပါနော် 💖
EPS သမားတို့ အဆုတ်ကလေးအတွက် သတိပြုရန်ပါ 🫁❤️
‼️ သတိပြုရန်ပါ ‼️
🫁 TB အဆုတ်နာရောဂါ 🫁
ကိုရီးယားကိုရောက်လာပြီးမှ မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ အကြောင်းအရင်းတစ်ခုက တီဘီရောဂါပါ။ တီဘီရောဂါဆိုတာကလည်း မှန်းရတာခက်တဲ့ ရောဂါတွေထဲကတစ်ခုပါ။
ရောဂါပိုးကူးပုံက Covid နဲ့ အတူတူပဲဆိုရင် နားလည်ဖို့လွယ်သွားလိမ့်မယ်။ အခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ ကာကွယ်ဆေးလည်းရှိတယ်။ ကုသလို့လည်းရနေပါတယ်။
‼️ ခက်တာက ကိုယ်ခံအားကောင်းနေချိန် တီဘီပိုးဝင်သွားပြီး ကိုယ်မသိလိုက်ပဲ ပြန်ကောင်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါမျိုးက ပြဿနာမရှိဘူး။ တီဘီတစ်ခေါက်ဖြစ်ဖူးရင် အဆုတ်မှာရောဂါဖြစ်ဖူးတဲ့ ဒဏ်ရာတွေကျန်နေရစ်တတ်တယ်။ ( အလွယ်ခေါ်တော့ စပေါ့ ပေါ့ ၊ ဆေးစစ်လို့ အဆုတ်မှာ စပေါ့ ဆိုတာ ဒါပါပဲ ) ဒါပေမယ့် တီဘီပိုးကတော့ ကိုယ်ထဲမှာမကျန်တော့တဲ့အတွက် inactive တီဘီလို့ သတ်မှတ်ပြီး အေးဆေးအလုပ်ဆက်လုပ်လို့ရပါတယ်။
‼️ သို့ပေမယ့် ပြဿနာရှိတဲ့အဖြစ်မျိုးတွေက အရင်ကကိုယ်ခံအားကောင်းနေချိန်ကို တီဘီကူးတာခံလိုက်ရပြီး၊ ကုန်အောင် မတိုက်ထုတ်လိုက်နိုင်ဘဲ ပိုးကအဆုတ်ထဲကျန်နေခဲ့တာပါပဲ။ ဒါပေမယ့် ကိုယ်ခံအားကလည်း ဆက်တိုက်ကောင်းနေတော့ ပိုးကဆက်မပွားပဲ ငြိမ်နေတာပေါ့။ သူ့ကိုကျတော့ active တီဘီလို့သတ်မှတ်တယ် ( ပိုးက ရှိနေတာမို့အချိန်မရွေး ကိုယ်ခံအားကျတာနဲ့ တီဘီရောဂါပြန်ထလာပြီး ကူးစက်မှုပေးနိုင်တယ်ပေါ့ )
‼️ အဲ့လို active ဖြစ်တဲ့သူဆို ကိုရီးယားရောက်တဲ့ နေ့မှာပဲ ရရာလေယာဉ်နဲ့ ပြန်ပို့ပေးရပါတယ်။ ဘာကြောင့်လဲ ? အဘယ်ကြောင့်ဆိုသော် ကိုယ်ခံအားကျလို့ တီဘီတစ်ယောက်ထဖြစ်တာနဲ့ တစ်စက်ရုံလုံးကူးနိုင်လို့ပါ ‼️
အဲ့တော့ ဒီရောက်လို့ဓါတ်မှန်ရိုက်တဲ့အခါ ငယ်ငယ်ကတီဘီဖြစ်ဖူးတဲ့သူပဲဖြစ်ဖြစ်၊ ကိုယ်မသိပဲတီဘီကူးခဲ့ပြီး သူ့ဖာသာပျောက်သွားတဲ့သူပဲဖြစ်ဖြစ်၊ အဆုတ်မှာလက္ခဏာပေါ်တဲ့ အတွက် ဆေးရုံကြီးကိုပို့ပြီး အဆုတ်ကို CT Scan ထပ် ဖတ်ရပါတယ်။
Inactive ဆို ဆက်နေ၊ Active ဆိုရင် ပြန်ရပါမယ်။
ဘယ်သူမှ ကယ်လို့မရဘူး။ ကိုယ့်နိုင်ငံမှာတုန်းက ဆေးအောင်ခဲ့တယ်ဆိုလည်း ဒီကဆေးရုံက active အဖြေထွက်လာရင် ပြန်ရပါတယ် 😪
ဘာရယ်မဟုတ်ဘူး။ ခုတလော တခြားနိုင်ငံက လုပ်သားတွေ အပတ်တိုင်း တီဘီကြောင့် ပြန်ပို့ခံနေရတာ တစ်ယောက်မဟုတ် တစ်ယောက်တွေ့နေရလို့ သတိထားရအောင် ရေးပေးလိုက်ပါတယ်။
🚨 တီဘီဖြစ်ဖူးရင် / spot ရှိတယ်ဆိုရင် ဆေးရုံးကြီးဖြစ်ဖြစ် တိကျစိတ်ချရတဲ့နေရာမှာ ကိုယ့်အခြေအနေက Active လား Inactive လားဆိုတာ နောက်တစ်ခေါက်ထပ်စစ်ထားဖို့ လိုမယ်ထင်ပါတယ်။
^^ အထက်ပါပိုဒ်စာမှာ Daewon မှ မူပိုင်ရေးသားခြင်းမဟုတ်ပါ။ မူရင်းရေးသားသူကို credit ပေးပါတယ်နော်။
ဒီရောက်မှပြန်လွှတ်ခံရရင် တအားနစ်နာပါတယ်။
ဒါကြောင့် မြန်မာမှာကတည်းက ကိုယ့်အဆုတ်လေးကို ဂရုစိုက်ကြပါ။ ကိုယ်ခံအားကောင်းနေလို့ဘာမှမဖြစ်ပေမယ့် ပိုးကရှိနေနိုင်ပါတယ်။ အက်မင်ငယ်ငယ်လေးတုန်းက တီဘီဖြစ်ဖူးပါတယ်၊ အက်မင်ကိုထိန်းတဲ့ ကလေးထိန်းအစ်မကြီးစီက ကူးတာပါ။ ၆ လဆေးသောက်ပျောက်တာပါပဲ။ ဒါကြောင့်ဆေးသေချာသောက်ပြီး ကုသကြပါ။ အားလုံးပဲ ဟန်းဂုမြေကို အမြန်ဆုံးလှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ❤️🙏🏻
၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးအသုတ်လဲဖြစ်တဲ့ ၁၂ လပိုင်း EPS calling အသုတ်ခေါ်ယူရန် ၁၄ ရက်သာ လိုပါတော့တယ် 🎉🎉
ယခုတစ်ခေါက်က ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးအသုတ်ခေါ်ယူခြင်းဖြစ်ပြီး EPS လုပ်သားတစ်သောင်းဝန်းကျင် ခေါ်ယူသွားမှာဖြစ်ပါတယ် 💕💕
ကုန်ထုတ် 📦
ခေါ်ယူမည့်လုပ်သားဦးရေ : ၅၀၀၀ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၁၂ လပိုင်း ၁၄ ရက်နေ့ မှ ၂၀ ရက်နေ့ထိ
စိုက်မွေး 🌾
ခေါ်ယူမည့်လုပ်သားဦးရေ : ၃၀၀၀ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၁၂ လပိုင်း ၂၁ ရက်နေ့ မှ ၂၆ ရက်နေ့ထိ
ဆောက်လုပ်ရေး 🏗️
ယူမည့်လုပ်သားဦးရေ : ၁၀၀၀ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၁၂ လပိုင်း ၂၁ ရက်နေ့ မှ ၂၆ ရက်နေ့ထိ
သင်္ဘောကျင်း ⛴️
ယူမည့်လုပ်သားဦးရေ : ၅၀၀ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၁၂ လပိုင်း ၁၄ ရက်နေ့ မှ ၂၀ ရက်နေ့ထိ
ဝန်ဆောင်မှုလုပ်ငန်းများ 🏗️
ယူမည့်လုပ်သားဦးရေ : ၂၅၀၀ ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၁၂ လပိုင်း ၂၁ ရက်နေ့ မှ ၂၆ ရက်နေ့ထိ
ခေါ်စာစောင့်နေတဲ့ ရွှေမြန်မာတို့ အမြန်ဆုံးခေါ်စာကျပြီး ဟန်းဂုမြေကိုအမြန်ဆုံးရောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 💗🙏🏻
ဟန်းဂုရောက်ရွှေတို့လဲ အေးနေတဲ့ရာသီမို့ ကျန်းမာရေးဂရုစိုက်ကြပါနော 💙🥰
( မြန်မာပြည်ကနေ အလုပ်ခေါ်စာကျပြီးလို့ လေယာဉ်ကြေး ဘာကြေးညာကြေးသွင်းဖို့ အရေးပေါ် အမြန်လိုအပ်ရင်ဖြစ်စေ ( သို့မဟုတ် ) ဟန်းဂုမြေကိုရောက်ပြီးလို့ အသေးသုံးလေးပဲလိုအပ်ရင်ဖြစ်စေ ညီမတို့ page က ချေးငွေအမြန်လျှောက်ပေးကြောင်းလေးလဲ ကြော်ငြာဝင်ပါရစေရှင် ❤️ )
၂၀၁၅ ခုနှစ်မှ စတင်ကောက်ယူခဲ့တဲ့စာရင်းများအရ လာမယ့်နှစ် ၂၀၂၄ ခုနှစ်ဟာ လုပ်သားခေါ်ယူမှုအများဆုံးစံချိန်ချိုးမယ့်နှစ်ပါတဲ့
🔺 မှတ်ချက် ။ ။ eps စနစ်က ၂၀၀၄ ကတည်းကဖော်ဆောင်ခဲ့တာဖြစ်ပြီး ယခုထုတ်ဖော်ပြတဲ့စာရင်းကတော့ ၂၀၁၅ ကမှ စလုပ်ထားတဲ့စာရင်းဖြစ်ပါတယ်။
🔺 ၂၀၁၅ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၇ နှစ်လုံးလုံး EPS စနစ်နဲ့တစ်နှစ်ပတ်လုံးမှ ၁၆ နိုင်ငံကနေ လုပ်သား ၅ သောင်းကျော်သာခေါ်ယူခဲ့တာပါ။
🔺 ကိုဗစ်အလွန် ၂၀၂၂ ကစလို့ ပထမဆုံး လုပ်သား ၆ သောင်းကျော် ( ၇ သောင်းနီးပါး ) စတင်ခေါ်ယူခဲ့ရာကနေ .. ၂၀၂၃ ခုနှစ်မှာ ၂၀၂၂ ခုနှစ်ရဲ့ နှစ်ဆနီးပါး လုပ်သား တစ်သိန်းနှစ်သောင်းကျော် ခေါ်ယူခဲ့ပါတယ်။
🔺 သို့ပေမယ့်လဲ လုပ်သားအင်အားပြတ်လပ်နေကြသော၊ EPS လုပ်သားခေါ်ယူဖို့တောင်းဆိုကြသော လုပ်ငန်းရှင်များကြောင့် လာမယ့် ၂၀၂၄ ခုနှစ်မှာတော့ တစ်ခါမျှမခေါ်ဖူးတဲ့ ပမာဏဖြစ်တဲ့ လုပ်သားတစ်သိန်းခြောက်သောင်းခွဲကျော် ခေါ်ယူသွားဖို့ လျှာထားပြီးဖြစ်ကြောင်းသိရပါတယ်။
🔺 ယခင်က EPS လုပ်သားများကို စိုက်မွေး ၊ ကုန်ထုတ် ၊ ဆောက်ထုတ်ရေး လုပ်ငန်းများမှသာခေါ်ယူလို့ရခဲ့တာဖြစ်ပြီး၊ ယခုအခါမှာ အခြားသောလုပ်ငန်းများဖြစ်တဲ့ ကုန်စည်ပို့ဆောင်ရေးနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကလဲ ခေါ်ခွင့်ရလာတာကြောင့်လဲပါပါတယ်။
‼️ ၂၀၂၄ ခုနှစ်မှာခေါ်ယူမယ့် EPS လုပ်သားပမာဏဟာ ဟိုးယခင်ခေါ်နေကျ လုပ်သားငါးသောင်းကျော်နှင့်နှိုင်းယှဉ်ပါက ၃ ဆကျော်ပမာဏဖြစ်ပါတယ်။ ‼️
‼️ ဖော်ပြထားသော ပမာဏများမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းက ခေါ်တာမဟုတ်ဘဲ ၁၆ နိုင်ငံခေါ်ယူကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ဘယ်နှဦးခေါ်ယူမလဲကို ဘယ်သူမျှအတိအကျမသိရပါ။ အကြမ်းဖြင်းသိလိုပါက ယခင်ခေါ်ယူတာထက် ၃ ဆကျော်တိုး၍ခေါ်ယူတာကြောင့် ယခင်သွားရသောလူဦးရေထက် ၃ ဆကျော်ပိုသွားရမယ်လို့ အကြမ်းဖြင်းသာ အလွယ်မှတ်ထားစေချင်ပါတယ် ‼️
EPS သမားများကို စားသောက်ဆိုင်လုပ်ငန်းများကပါ ခေါ်ယူတော့မှာဖြစ်ပါတယ်
🔺 စားသောက်ဆိုင်လုပ်ငန်းသီးသန့်မှ လုပ်သားအယောက် တစ်သောင်းဝန်းကျင်ခေါ်ယူမှာဖြစ်ပါတယ်
အလုပ်သမားအင်အားအထူးလိုအပ်နေသော စားသောက်ဆိုင်များရဲ့တောင်းဆိုမှုများအရ တောင်ကိုရီးယားအစိုးရက စားသောက်ဆိုင်များကိုပါ E9 လုပ်သားခေါ်ယူခွင့်ပေးလိုက်ပါတယ်။
စားသောက်ဆိုင်များအတွက် E9 လုပ်သားခေါ်ယူမယ့်ခန့်မှန်း လုပ်သားအရေအတွက်ကို ပထမအယောက် ၃၀၀၀ မှ စားသောက်ဆိုင်ပိုင်ရှင်များရဲ့တောင်းဆိုမှုကြောင့် ယခုအယောက် ၁၀၀၀၀ ( တစ်သောင်း ) ထိလဲ တိုးပေးထားပါသေးတယ်။
E9 လုပ်သားများအနေနှင့် ယခင်က ကုန်ထုတ်၊ စိုက်မွေး၊ ဆောက်လုပ်ရေး အစရှိသောလုပ်ငန်းများတွင်သာဝင်ရောက်လုပ်ကိုင်ခွင့်ရှိခဲ့ရာမှ လွန်ခဲ့သောလက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင်ပါ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး၊ ယခုလမှာတော့ စားသောက်ဆိုင်များတွင်ပါ လုပ်ကိုင်ခွင့်ထပ်ပေးလိုက်တာဖြစ်ပါတယ်။
- Maekyung Media Group နှင့် ကိုရီးယားနိုင်ငံက Pulse News သတင်းဌာနမှ သတင်းကို Daewon မှ ဆီလျှော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မူရင်းသတင်း လင့်ခ်ကို ကွန်းမန့်တွင်တင်ပေးထားပါမယ်။
🔺 လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံအတွင်းလုပ်သားမရှိ ( လုပ်သားလိုအပ်နေသော ) လုပ်ငန်းပေါင်း ၂၀၀,၀၀၀ ( နှစ်သိန်း ) ကျော် ကျန်ရှိနေသေးတယ်လို့သိရပါတယ်။ တောင်ကိုရီးယားမှာ မွေးဖွားနှုန်းကျဆင်းနေတာကြောင့် အလုပ်လုပ်ကိုင်နိုင်မယ့် အသက်အရွယ်တန်းကကိုရီးယားနိုင်ငံသားများ တဖြည်းဖြည်းနည်းပါးလာပြီး နိုင်ငံ့စီးပွါးရေးဆက်လက်တောင့်ထားရန် လုပ်ငန်းများဆက်လက်လည်ပတ်နိုင်ဖို့ကို နိုင်ငံခြားသားလုပ်သားများကိုသာ အားကိုးနေရတဲ့အခြေအနေကို ရောက်နေပါတယ်။
🔺 EPS သမားတို့အတွက် အလုပ်ပြောင်းနိုင်သော နယ်မြေများကန့်သတ်လိုက်တာကြောင့် အလုပ်အဆင်မပြေလို့ အလုပ်ပြောင်းရတဲ့အခါတွေမှာ ယခင်ထက်ရွေးချယ်စရာနည်းပြီး အဆင်မပြေဖြစ်မယ်လို့ထင်ခဲ့ရပေမယ့် ယခုလိုဝင်ရောက်လုပ်ကိုင်နိုင်သော လုပ်ငန်းအမျိုးအစားများတိုးချဲ့ပေးထားတာကြောင့် EPS သမားတို့ဘဝက ယခင်ကထက်ပင် ကိုရီးယားမှာအလုပ်လုပ်ကိုင်နေထိုင်ရတာ အဆင်ပြေချောမွေ့မယ့်သဘောမှာရှိနေပါတယ်။
🔺 စားသောက်ဆိုင်လုပ်ငန်းများဟာ အခြားသောလုပ်ငန်းများထက်စာလျှင် အလေးအပင် မ,ရတာမျိုးလဲနည်းပြီး လုပ်ငန်းခွင်အန္တရာယ်လဲနည်းပါးပါတယ်။ သို့ပေမယ့် ဘာသာစကားတော့ အခြားသောလုပ်ငန်းများထက်ပိုပြီးလိုအပ်ပါတယ်။ ယခင်က စားသောက်ဆိုင်များတွင် ကျောင်းလာတက်သူများသာ လုပ်ကိုင်လို့ရခဲ့ပြီး ဘာသာစကားရမှခန့်ကြတာများပါတယ်။
‼️ သတိပေးကြေညာခြင်း ‼️
အတုအပ အလိမ်အညာ သတိပြုပါ။ အခုခေတ် online မှာ တစ်ဘဝစားတွေသိပ်များလာပါတယ်။
အက်မင်တို့ သတင်းတွေတင်တဲ့အခါ -
‼️ သေချာခိုင်လုံသော သတင်းဌာနက / တောင်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန / တောင်ကိုရီးယား tv သတင်းလိုင်းများမှလွှင့်သော သတင်းများကိုသာ ဘာသာပြန်ဆို၍တင်ပါတယ်။ ( သတင်းအရင်းအမြစ်ခိုင်လုံမှုမရှိသော သတင်းများ လုံးဝ မတင်ပါ )
‼️ သက်ဆိုင်ရာ တောင်ကိုရီးယားအစိုးရဌာနများ / မြန်မာနိုင်ငံ POEA နှင့် တောင်ကိုရီးယားသံရုံးကတရားဝင်ကြေညာချက်များကိုသာတင်ပါတယ် ( သတင်းမှား / တရားဝင်ထုတ်ပြန်ကြေညာ အတည်ပြုထားခြင်းမရှိတဲ့ သတင်းတွေလုံးဝမတင်ပါဘူး )
ထို့အပြင်အက်မင်တို့ အသေးသုံးလေးတွေလျှောက်ပေးတဲ့အခါ ကိုရီးယားမှလျှောက်သည်ဖြစ်စေ၊ မြန်မာမှ လျှောက်သည်ဖြစ်စေ -
‼️ ဝန်ဆောင်ခ အခကြေးငွေ တစ်စုံတစ်ရာကို လျှောက်ထားသူဘက်မှ ( လုံးဝ လုံးဝ ) တောင်းခံခြင်းမရှိပါ။
‼️ အသေးသုံးကို လစဉ်ပြန်သွင်းရာတွင် ဘဏ်မှအော်တိုဖြတ်စနစ်သာအမြဲသုံးပါသည်။ လျှောက်ထားသူရဲ့ ဘဏ်အကောင့်ထဲမှ လစဉ်အော်တိုဖြတ်ပါသည်။ ( fb အကောင့် ( သို့ ) viber အကောင့် ( သို့ ) ဖုန်းမှ တစ်ဆင့်ဆက်သွယ်ပြီး ဒီအကောင့် ဒီအကောင့်ကိုလွှဲပေးပါဟု တစ်ခါမျှလိုက်လံ၍မတောင်းခံပါ )
‼️ အက်မင်တို့ Daewon အနေဖြင့် တရားဝင် page ၂ ခုသာရှိပါတယ်။
🔺 ယခု page - Daewon Myanmar and Korea နှင့်
🔺 Page အခွဲလေး - Daewon Korea and Myanmar တို့သာ ဖြစ်ပါတယ်။
‼️ အဆိုပါ page ၂ ခုသာ အက်မင်တို့နဲ့သက်ဆိုင်ပါတယ်။ အဆိုပါ page ၂ ခုကလွဲပြီး အခြားမည်သည့် page / facebook account / viber / phone မဆို အက်မင်တို့ Daewon နှင့် ( လုံးဝ လုံးဝ ) မသက်ဆိုင်ပါ။
‼️ အဆိုပါ page ၂ ခုကလွဲပြီး အခြားမည်သည့် page / facebook account / viber / phone တို့နှင့်မျှ customer ကိုဆက်သွယ်မည်မဟုတ်ပါ။ ( ဆက်သွယ်ခွင့်လဲမရှိပါ )
‼️ အဆိုပါ page ၂ ခုကလွဲပြီး အခြား page / facebook account / viber / phone စသည်တို့နှင့် Daewon နာမည်ကို အလွဲသုံးစားလုပ်ပြီး အကယ်၍ သတင်းမှားများတင်ခြင်း ( သို့ ) တခြားငွေကြေးကိစ္စ ပြသနာတစ်စုံတစ်ခု စသည်ဖြင့်ဖြစ်ပေါ်လာပါက အက်မင်တို့မဟုတ်တာကြောင့် လိုက်လံ၍တာဝန်ယူပေးနိုင်မှာမဟုတ်ကြောင်း အထူးသတိပေးချင်ပါတယ်။
🔺 အက်မင် ဒီ post တင်တာ တခြားကြောင့်မဟုတ်ပါဘူး၊ အသိတချို့က Daewon ဆိုပြီး facebook acc တစ်ခုတွေ့လိုက်တယ်လို့လာပြောလာလို့ပါ။ အကောင့်ထဲဝင်ကြည့်တော့လဲ တွေ့ကရာ eps သတင်းတွေအပြင် စိုက်ပျိုးရေးနဲ့ရာသီလုပ်သား ကိစ္စဆက်သွယ်လို့ရပါတယ်ဆိုပြီး ခပ်တည်တည်နဲ့တင်ထားပါတယ်။ ( စိုက်ပျိုးရေးနဲ့ခေါ်မယ့်ကိစ္စကို သံရုံးကလက်ရှိအချိန်ထိ အတည်ပြုထားခြင်းမရှိပါ ) ဒါတင်မက အသေးသုံးလျှောက်လို့ရကြောင်းတွေပါ ဆက်သွယ်ရန် viber နဲ့တကွ တင်ထားပါတယ်။ viber နာမည်ကိုလဲ ခပ်တည်တည်နဲ့ Daewon လို့ပေးထားပါတယ်။ လက်ရှိမှာ ထို facebook acc ကတော့ အက်မင်တို့ တွေ့တွေ့ချင်း report ဝိုင်းကျွေးလို့ ပျက်သွားပါပြီ။ viber ကတော့ အက်မင်တို့ ပျက်အောင်မလုပ်နိုင်ပါဘူး။ ရှေ့လျှောက် အက်မင်တို့ Daewon နာမည်နဲ့ အလွဲသုံးစားလုပ်လျှင် မခံရစေဖို့ post တင်အသိပေးတာဖြစ်ပါတယ်။ ဒီ page ၂ ခုကလွဲပြီး ကျန်တာ အက်မင်တို့ လုံးဝမဟုတ်ပါဘူးနော်။ Daewon နာမည်ကြီးယူသုံးပြီး တခုခုဖြစ်လာရင် အက်မင်တို့ခေါင်းပေါ်ကျလာမှာစိုးလို့ ကြိုပြီး စာအရှည်ကြီးလာတင်ထားခြင်းဖြစ်ပါတယ် 🔺
ဒီလောက်ကပ်ဆေးကာလ ကမ္ဘာတစ်ဝှမ်း ကပ်တွေတစ်ခုပြီးတစ်ခုဆိုက်နေချိန်မှာ အပူစာတွေမစားရဲကြပါနဲ့ 🙏🏻
အားလုံးလဲ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးပြီး စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် ❤️🥰🙏🏻
သူ့ယဉ်ကျေးမှု ကိုယ့်ယဉ်ကျေးမှု မတူတဲ့အခါ ကိုယ်ကဘုမသိ ဘမသိ လူမုန်းခံရတာမျိုးဖြစ်တတ်တာမို့ သတိထားသင့်တာလေးတွေပါ 🤍
📍ကိုရီးယားမှာ ဒီအချက်လေးတွေကို သတိထားကြစို့
ကိုရီးယားကားကြည့်တဲ့သူတွေကတော့ ကိုရီးယားယဉ်ကျေးမှုတွေကို အတော်များများသိပါတယ်။ တချို့ကျတော့လဲ စာပဲဖိကျက်၊ စာမေးပွဲအောင်ပြီးရောက်လာပြီး ယဉ်ကျေးမှုတွေကိုမလေ့လာဖြစ်လိုက်တဲ့အခါ ကိုယ်ကပုံမှန်အတိုင်းနေပေမယ့် လုပ်ငန်းခွင်မှာဘေးလူတွေက ဒီလူယဉ်ကျေးမှုမရှိဘူး/ သူတို့အပေါ်မထီမဲ့မြင် ရိုင်းတယ်အထင်ခံရတတ်တာမျိုးဖြစ်တတ်ပါတယ်။ အက်မင်တို့တုန်းကလဲ တချို့ကိစ္စတွေမသိလို့မှားမိတာလေးတွေရှိတာကြောင့် တခြားသူတွေသတိထားနိုင်ဖို့ တင်ပေးလိုက်ပါတယ်။
၁ ) နှုတ်ဆက်တဲ့အခါ
🔹 နှုတ်ဆက်တဲ့အခါ ခေါင်းညွှတ်ပြီးအရိုအသေပေးရပါတယ်။ ရွယ်တူနဲ့နှုတ်ဆက်ရင် ခေါင်းငုံ့ပြရုံလောက်အဆင်ပြေပေမယ့် ကိုယ့်ထက်အရွယ်အားဖြင့်ကြီးသူ / ရာထူးအားဖြင့်ပါကြီးသူဆို ကျောကိုင်းပြီးပါနှုတ်ဆက်တာကောင်းပါတယ်။ တွေ့လို့နှုတ်ဆက်တဲ့အခါဖြစ်စေ၊ ပြန်လို့နှုတ်ဆက်တဲ့အခါဖြစ်စေ ကျောလေးကိုင်းပြီးနှုတ်ဆက်ရင် လေးစားသမှုရှိရာကျပါတယ်။
🔹 အိမ်လည်ဖိတ်ခံရရင် လက်ဆောင်လေးတစ်ခုခု ယူကိုယူသွားရပါတယ်၊ လက်ဗလာနဲ့မသွားရပါဘူး။ လက်ဆောင်တန်ဖိုးကြီးဖို့မလိုပါဘူး၊ ဒီတိုင်းလက်ဗလာမဟုတ်ရင် အဆင်ပြေပါတယ်။
၂ ) စကားပြောဆိုတဲ့အခါ
🔸 ဂျပန်အကြောင်းမပြောတာကောင်းပါတယ်။ ဂျပန်တွေက ကိုရီးယားကိုကျူးကျော်ခဲ့တဲ့သမိုင်းကို ကိုရီးယားတွေက မမေ့ကြပါဘူး၊ အထူးသဖြင့် လူကြီးပိုင်းများက ပိုလို့တောင်မမေ့ကြပါဘူး။ အခုထိတောင်မှ ဂျပန်တို့ကျူးကျော်ခဲ့စဉ်က ကိုရီးယားမိန်းမပျိုလေးများ ဖျက်ဆီးခဲ့ပြီး ကိုယ်ဝန်နဲ့ထားခဲ့တဲ့ကိစ္စကို ဂျပန်နဲ့ကိုရီးယား အစိုးရချင်းပြောဆိုနေကြတုန်းပါ။ ဒါကြောင့်ဂျပန်အကြောင်း ဘာမှမပြောတာကောင်းပါတယ်။
🔸 စကားကိုပြောတဲ့အခါ တစ်ဦးနှင့်တစ်ဦးဝေးကွာလို့ မကြားရလို့အော်ပြောတာမှအပ ကျန်တဲ့နေရာတွေကိုယ်ကြားလောက်ရုံသာ ပြောဆိုရပါတယ်။ ကားပေါ် / ရထားပေါ်မှာဖြစ်စေ၊ ကော်ဖီဆိုင်/ မုန့်ဆိုင်မှာဖြစ်စေ လူကြားသူကြား စကားကျယ်လောင်စွာပြောမိရင်ဖြစ်စေ၊ ဖုန်းအကျယ်ကြီးအော်ပြောရင်ဖြစ်စေ ဘေးလူတွေနှာခေါင်းရှုံ့ခံရတာမျိုး ကြုံရပါလိမ့်မယ်။
🔸 အခန်းထဲမှာဆိုရင်လဲ သီချင်းများကျယ်လောင်စွာဖွင့်လို့မရပါဘူး။ သီချင်းကျယ်လောင်စွာဖွင့်တာမျိုးဆို ဘေးခန်းတွေက အတိုင်ခံရတတ်ပါတယ်။
🔸 နောက်ပြီး ကိုယ်ဟာတစ်ယောက်တည်းတစ်ခန်းမနေဘဲ အခန်းဖော်နဲ့နေတာဆိုရင်လဲ ကိုယ့်အခန်းဖော်ကို တတ်နိုင်သမျှ အနှောက်ယှက်မပေးမိအောင်နေထိုင်ရပါတယ်။ သူသူကိုယ်ကိုယ် အလုပ် / ကျောင်းက အပြန် ပင်ပန်းပြီး နားချင်နေချိန်မှာ အခန်းဖော်က ဆူညံဆူညံ သီချင်းတွေဖွင့်နေမယ်၊ ဖုန်းတွေပြောနေမယ်၊ ဗီဒီရိုကိုအသံချဲ့ကြည့်နေမယ်ဆို ကိုယ်လဲစိတ်ချမ်းသာမှာမဟုတ်တာကြောင့် ကိုယ်ချင်းစာစိတ်နဲ့ အနှောက်ယှက်မဖြစ်အောင်နေရပါတယ်။
၃ ) ကိုယ်နေဟန်ထား
🔹 ကိုရီးယားမှာ ချူဆော့နေနေ ဘာနေနေ မုန့်ဖိုး / လက်ဆောင် ပေးကြပါတယ်။ လက်နှစ်ဖက်နဲ့လက်ခံယူရပါတယ်၊ သူများကစေတနာရှိလို့ပေးတဲ့ဟာကို လက်တစ်ဖက်တည်းနဲ့ယူရင် ရိုင်းရာကျပါတယ်။ ( မြန်မာနဲ့ယဉ်ကျေးမှုတူပါတယ်၊ မြန်မာယဉ်ကျေးမှုမှာလဲ တစ်ခုခုယူရတဲ့အခါ လက်နှစ်ဖက်နဲ့ တရိုတသေလက်ခံယူရပါတယ် )
🔹 ကိုယ်ရတဲ့ လက်ဆောင် / မုန့်ဖိုးကို ပေးသူရှေ့မှာ ချက်ချင်းဖောက်ကြည့်တာမျိုး၊ မုန့်ဖိုးဆိုလဲ ပေးသူကိုရှေ့ထားပြီး စာအိတ်ဖောက် ရေတွက်တာမျိုးမလုပ်ရပါဘူး။
🔹 လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ သူတပါးလက်ကို လက်တစ်ဖက်တည်းနဲ့ ကိုင်ဆွဲနှုတ်ဆက်မယ့်အစား၊ ညာဘက်လက်နဲ့ကိုင်ဆွဲပြီး ဘယ်ဘက်လက်က ကိုယ့်ညာဘက်လက်ရဲ့လက်ကောက်ဝတ်ကို ကိုင်ထိန်းထားခြင်းအားဖြင့် လက်နှစ်ဖက်လုံးအသုံးပြုပြီးနှုတ်ဆက်တာပိုကောင်းပါတယ်။ ဒီလိုပြုမူခြင်းအားဖြင့် တစ်ဖက်သားအပေါ် လှိုက်လှိုက်လှဲလှဲရှိရာကျပါတယ်။
🔹 တစ်စုံတစ်ခု / တစ်နေရာရာကို ညွှန်ပြချင်တဲ့အခါ လူကြီး / ရာထူးကြီးဆိုရင် လက်ညှိုးကြီးငေါက်ငေါက်မထိုးပြဘဲ လက်ဖဝါးနဲ့သာ ရည်စူးညွှန်ပြတာ ပိုယဉ်ကျေးရာကျပါတယ်။
၄ ) စားမယ်သောက်မယ်
🔸 စားဖို့သောက်ဖို့ ဖိတ်ရင်/ ဆိုဂျူဘာညာ အသက်ရှည်ဆေးသောက်ဖို့ဖိတ်ရင်မငြင်းသင့်ပါ။ ကိုရီးယားမှာကခင်မင်မှုကို ပြသဖို့သောက်ကြပါတယ် ( တို့မြန်မာတွေ မငြင်းမှန်းသိပါတယ်၊ အားနာပါးနာနဲ့ အိုက်တင်ခံပြီး ငြင်းမိမှာစိုးလို့ပါ )
🔸 သောက်ကြလို့ ခွက်ငှဲ့တဲ့အခါ ပုလင်းယူပြီး ကိုယ့်ခွက်ထဲကိုယ်ငှဲ့လို့မရပါဘူး။ တစ်ယောက်တည်းသောက်ရင်တော့ ကိုယ်ငှဲ့ ကိုယ်သောက်အဆင်ပြေပေမယ့် အများနဲ့သောက်ကြရင် ကိုယ့်ခွက်ထဲ ကိုယ်မငှဲ့ဘဲ အသက်အရွယ်အားဖြင့်ကြီးသူ / ရာထူးအားဖြင့်ကြီးသူကို ငှဲ့ပေးရပါတယ်။ ကိုယ့်ခွက်ဗလာဖြစ်နေရင်လဲ သူများကလာငှဲ့ပေးပါလိမ့်မယ်။
🔸 ကိုယ်ကငှဲ့ပေးရင် ပုလင်းကိုလက်နှစ်ဖက်နဲ့ ကိုင်ငှဲ့ရသလို၊ သူများကငှဲ့လာပေးရင်လဲ ခွက်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ခံယူရပါတယ်။
🔸 သောက်တဲ့အခါ လူကြီးသူမဘက်ကို မျက်နှာမူပြီးမော့လို့မရပါဘူး၊ တစ်ဖက်ကိုလှည့်ပြီး မော့ရပါတယ်။
🔸 အစားအစာကိုအတူတူစားကြရင် လူကြီးသူမထက်အရင် စားသောက်ခြင်းမလုပ်ရပါဘူး ( မြန်မာမှာတော့ဦးဖယ်ပြီးစားပါတယ် ) ဟန်းဂုမှာတော့ဦးဖယ်တာမျိုးမရှိဘဲ အသက်အကြီးဆုံးလူက စစားမှ ( သို့ ) စားကြတော့လို့ပြောမှ ကောင်းကောင်းစားပါ့မယ်ဆိုပြီး စစားလို့ရပါတယ်။
🔸 စားနေရင်းဖြစ်စေ၊ စားပြီးရင်ဖြစ်စေ တူကို အစားအသောက်မှာစိုက်ထားခြင်း လုံးဝမလုပ်ရပါဘူး။ အသုဘအခန်းအနားတွေမှာသာ တူကိုထမင်းမှာစိုက်ထားကြတာမို့ပါ။
🔸 စားသောက်ပြီးသွားရင် ကျွေးမွေးတဲ့သူကိုကျေးဇူးတင်ပါတယ်ပြောရပါသေးတယ်။
၅ ) လုပ်ငန်းခွင်
🔹 တစ်ခုခုကို မှင်နီနဲ့ရေးတာရှောင်ရပါတယ်။ တစ်စုံတစ်ဦးနာမည်ကို မှင်နီနဲ့ လုံးဝ ရေးမရပါဘူး။ ဆုံးပါးသွားသူတွေကိုသာ နာမည်မှင်နီနဲ့ရေးတာမို့ပါ။
🔹 လူဆိုတာအမှားတဲ့မကင်းတာမို့ လုပ်ငန်းခွင်မှာ အမှားလုပ်မိတာမျိုးက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ မြန်မာမှာက မိဘ / ဆရာသမားက ဆူတာခံရရင် အသံမထွက်ရဘဲ ငြိမ်နေရပါတယ်။ အထူးသဖြင့်မိဘဆို ပြန်အသံထွက်မိရင် နင်ကငါ့ပြန်ပြောတာလား ဖြောင်း ဖြောင်း ဆိုပြီး အကျွေးခံရတတ်ပါတယ်။ ကိုရီးယားမှာတော့ တမျိုးလေးပါ၊ တခုခုဆူခံရတယ်၊ အမှားလုပ်မိလို့ ဒီလိုဒီလိုလုပ်ရမယ်လို့ ပြောပြခံရတယ်ဆို "ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး" "နောက်တစ်ခါဆို ပိုသတိထားပါ့မယ်" "အမှားလုပ်မိပါတယ်" "နားလည်ပါပြီ" "နောက်တစ်ခါထပ်မဖြစ်အောင်ဂရုစိုက်ပါ့မယ်" စသည်ဖြင့် ပြောရပါတယ်။ မဟုတ်ဘဲ အသံမထွက်ရင် ကိုယ့်အမှားကိုယ် ဝန်မခံဘူး၊ ရှင်းပြနေတာကို ပေတေနေတယ်ဆိုပြီးထင်ရော။
🔹 မှားရင်သေချာတောင်းပန်ရပါတယ်။ အက်မင်တို့အတန်းက ကိုရီးယားဆရာမဆို သူ့ကလေးလေးနေမကောင်းလို့ အတန်းတစ်ရက်မလာနိုင်တာကို တစ်တန်းလုံးက ကျောင်းသားကျောင်းသူတစ်ယောက်ချင်းစီကို ဖုန်းဆက်တောင်းပန်ခဲ့ဖူးပါတယ်။ အက်မင်တို့က မြန်မာလူမျိုးဆိုတော့ အဲ့နေ့က ဆရာမကဖုန်းဆက်ပြီး တောင်းပန်ပါတယ်ပြောတော့အထူးအဆန်းပေါ့။ မြန်မာမှာ ဘယ်ဆရာ/ဆရာမက ကျောင်းသားကျောင်းသူကို တောင်းပန်ဖူးလို့လဲ။ မြန်မာလူမျိုးတို့က တောင်းပန်ပါတယ်ဆိုတဲ့စကားကို ပြောဖို့ဝန်လေးကြပါတယ်။ ဆောရီးပါနော်လောက်ပဲ ပြောကြပါတယ်။ ဟန်းဂုမှာကျတော့ တစ်ခုခုဆို ကိုယ်မှားရင် သေချာတောင်းပန်ရပါတယ်။ တောင်းပန်ခြင်းဟာ မာနမရှိတာမဟုတ်ဘဲ တစ်ဖက်သားအပေါ် လေးစားမှုရှိခြင်းပါ။
ကိုရီးယားများဟာ ယဉ်ကျေးလိမ္မာတဲ့သူဆို တအားချစ်ကြပါတယ်။ အခုလိုဆောင်ရန်ရှောင်ရန်လေးတွေ သိထားတော့ အနည်းဆုံးတော့ သူများလူမျိုးကြားပိုပြီးအဆင်ပြေနိုင်ပါတယ်။ နောက်လဲ အသုံးဝင်မှာလေးတွေ အလျှင်းသင့်သလိုတင်ပေးသွားပါမယ်နော်။ ဒါကြောင့် page ကို like & follow ထားပါလို့ ❤️
Daewon Myanmar and Korea / Daewon Korea and Myanmar
#ကိုရီးယားယဉ်ကျေးမှု #ကိုရီးယား
E9 လုပ်သားများအတွက် ကုန်ထုတ် ၊ စိုက်မွေး ၊ ဆောက်လုပ်ရေး စတဲ့လုပ်ငန်းများအပြင် Logistic ( ကုန်စည်ပို့ဆောင်ရေး ) လုပ်ငန်းမှာပါ ဝင်ရောက်လုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိ
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်သားများကြောက်ခမန်းလိလိ ရှားပါးလာမှုကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအတွက် E9 လုပ်သားများခေါ်ယူခွင့် အဆိုတင်သွင်းမှုကို ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။
ယခင်က E9 လုပ်သားခေါ်ယူခွင့်ကို စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်သာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ E9 လုပ်သားခေါ်ယူခွင့်ရှိခဲ့ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့သောကြာနေ့ကစပြီး တောင်ကိုရီးယားနိုင်ငံခြားသားလုပ်သားရေးရာကော်မတီက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကိုပါ E9 လုပ်သားများခေါ်ယူနိုင်ရန် စတင်ခွင့်ပြုပေးလိုက်တယ်လို့သိရပါတယ်။
ကုန်စည်ပို့ဆောင်ရေးအတွက်ခေါ်ယူမည်ဆိုသော်လည်း E9 လုပ်သားများအတွက်ကို ကုန်ပစ္စည်းထုတ်ပိုးခြင်း ၊ အမျိုးအစားခွဲခြင်း ၊ နေရာဒေသခွဲခြင်း ၊ ကုန်စည်များနေရာချထားခြင်း.. စတဲ့ ရိုးရှင်းသောအခြေခံလုပ်ဆောင်မှုများသာ လုပ်လို့ရဦးမှာဖြစ်ပြီး ကုန်ပစ္စည်းပို့ဆောင်ရမယ့်နေရာများကို ကိုယ်တိုင်ယာဉ်မောင်းပို့ဆောင်ခြင်းကဲ့သို့ နေရာဒေသကျွမ်းကျင်ရန်လိုအပ်သော ၊ ယာဉ်မောင်းကျွမ်းကျင်ရန်လိုအပ်သော ၊ ပိုမိုခက်ခဲရှုပ်ထွေးသောကိစ္စများကိုတော့ လုပ်ဆောင်ခွင့်မပြုပေးသေးဘူးလို့ဆိုပါတယ်။
လက်ရှိမှာတော့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအတွက် E9 လုပ်သားအချို့ကို ယခုနှစ် ၂၀၂၃ မကုန်ခင်မှာ ပထမဆုံးအသုတ်အဖြစ် စတင်အလုပ်ခန့်အပ်သွားနိုင်ရန် ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။ လုပ်ငန်းရှင်များ E9 လုပ်သားခေါ်ယူရန်လျှောက်ထားအခါမှာ လျှောက်လွှာကိုစိစစ်ရတာနဲ့ လုပ်ငန်းရှင်တို့အတွက် သင့်တော်သောလုပ်သားရရှိရန် လအနည်းငယ်ကြာနိုင်တယ်လို့လဲဆိုပါတယ်။
ပုံ - အလုပ်သမားရေးရာ ဒုဝန်ကြီး Lee Sung Hee မှ E9 ကုန်ထုတ်လုပ်သားများနှင့် သောကြာနေ့က ဂင်ဖိုအစည်းအဝေးတွင်စကားပြောဆိုဆွေးနွေးနေစဉ်ကပုံ ဖြစ်ပါတယ်။
The Korea Herald သတင်းဌာနမှထုတ်ပြန်သော သတင်းကို Daewon Myanmar and Korea မှ မြန်မာဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ မူရင်းသတင်း website လင်ခ့်ကို ပထမဆုံးကွန်းမန့်မှာဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
🔺 စာမေးပွဲဖြေ / အလုပ်ဖောင်တင်တဲ့အခါမှာတော့ ကုန်စည်ပို့ဆောင်ရေးဆိုပြီး သပ်သပ်ရှိလာမယ့်ပုံမပေါ်ပါဘူး။ ကုန်ထုတ် ၊ စိုက်မွေး ၊ ဆောက် ဆိုပြီး ၃ မျိုးပဲဆက်ရှိနေလောက်ပါမယ်။ အလုပ်ဖောင်တင် / အလုပ်ရှာကာလမှသာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက E9 လုပ်သားများကို တခြားလုပ်ငန်းများနည်းတူ ဝင်ရောက်ခေါ်ယူအလုပ်ခန့်သွားမယ့်ပုံပါ။ လက်ရှိမှာတော့ အများစုက စိုက်မွေးကိုရှောင်ကြပါတယ်၊ လူပင်ပန်းပြီး လစာနည်းတာကြောင့်ဖြစ်ပါတယ်။ ကုန်စည်ပို့ဆောင်ရေးကတော့ စိုက်မွေးထက် လုပ်ရကိုင်ရသက်သာမလား မသိပါ။ ဘာပဲဖြစ်ဖြစ် လုပ်ကိုင်နိုင်တဲ့လုပ်ငန်းခွင်ကျယ်ပြန့်လာတာကြောင့် အလုပ်အကိုင်အခွင့်အရေးပိုမိုများလာတာဟာ ကောင်းသတင်းလို့ပဲထင်ပါတယ် 🔺
တောင်ကိုရီးယားအလုပ်သမားလိုအပ်ချက်ကို စက်ရုပ်များနှင့် ဖြေရှင်းနိုင်မည်လား ?
လတ်တလော ကိုရီးယားသတင်းမှာရေပန်းစားနေတာကတော့ အချိန် ၂ နာရီအတွင်းမှာ ကြက်ကြော်အကောင် ၁၀၀ ကြော်ပေးနိုင်တဲ့ စက်ရုပ်လေးပဲဖြစ်ပါတယ်။ ဒါဟာ စားသောက်ကုန်လုပ်ငန်းမှာ လိုအပ်နေတဲ့အလုပ်သမားလိုအပ်ချက်တွေကိုဖြေရှင်းပေးနိုင်မယ့် လမ်းစပဲလားလို့လဲ မေးခွန်းထုတ်နေကြပါတယ်။
ကိုရီးယားလို့ပြောလိုက်ရင် ကိုရီးယားအစားအသောက်တွေကိုပါ ပြေးမြင်ကြပါတယ်။ ခက်တာက ၅၄% သော စားသောက်ကုန်လုပ်ငန်းရှင်များက လုပ်သားရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့သိရပါတယ်။
ယခုကြက်ကြော်လုပ်ငန်းမှာ စတင်အသုံးပြုနေတဲ့စက်ရုပ်လေးကတော့ အချိန် ၂ နာရီအတွင်းမှာကို ကြက်ကြော်အကောင် ၁၀၀ ပြီးမြောက်နိုင်တယ်လို့သိရပါတယ်။ ဒါဟာ လူသားအလုပ်သမား ၅ ယောက် အကြော်အိုးပေါင်းများစွာနဲ့ မနားမနေကြော်လို့ရလာမယ့် ကြက်ကြော်အရေအတွက်နဲ့ညီမျှတယ်လို့ သိရပါတယ်။ စက်ရုပ်လေးက လူသားအလုပ်သမားထက် အလုပ်ပိုမိုပြီးမြောက်နိုင်သလို ဆီအပူချိန်ကို အမြဲထိန်းညှိနိုင်တာကြောင့်နဲ့ မိနစ်အတိအကျကြော်တာကြောင့် ကြက်ကြော်အရသာကိုလဲ တစ်သမတ်တည်းတိကျစွာထွက်စေတယ်လို့ဆိုပါတယ်။ ပိုမိုလဲသန့်ရှင်းတယ်လို့ဆိုပါတယ် ( လူသားမှ ချက်ပြုတ်တဲ့အစားအစာတွေက မီးအနားချက်ပြုတ်ရတာကြောင့် လူသားရဲ့ချွေး/ ဆံချည်မျှင်ပါဝင်နိုင်မှု၊ လူသားနေမကောင်းပါက ( သို့ ) သေချာဆေးကြောသန့်စင်မှုမရှိပါက ထိုလူသားပြင်ဆင်တဲ့စားသောက်ဖွယ်ရာတွေမှာ ဘတ်တီးရီးယားများပါဝင်နိုင်မှုကို ဆိုလိုတာထင်ပါတယ် )
တောင်ကိုရီးယားမှာ လုပ်သားတစ်ဦးရဲ့ တစ်နာရီအနိမ့်ဆုံးလုပ်အားခက ဝမ်တစ်သောင်းကျော်ပါ။
လူ ၅ ယောက်ရဲ့ တစ်နာရီလုပ်အားခဆို ဝမ်တစ်သောင်းကျော် x ၅ = ဝမ် ၅ သောင်းကျော် ( ၆ သောင်းနီးပါး ) ဖြစ်ပါတယ်။
တစ်ရက်အလုပ်ချိန် ၈ နာရီနဲ့တွက်ရင် ဝမ် ၆ သောင်း x ၈ = ဝမ် ၅ သိန်းဝန်းကျင်ပါ။
တစ်ရက်ကို ဝန်ထမ်းခ ဝမ် ၅ သိန်းဖြစ်တာကြောင့် တစ်လဆို ၅ သိန်း x ၃၀ = ဝမ်သိန်း ၁၅၀ ခန့်ကုန်ကျပြီး စက်ရုပ်အသုံးပြုပါက ထိုဝန်ထမ်းခများ သက်သာတယ်လို့သိရပါတယ်။ ( အစပိုင်းစက်ရုပ်ဝယ်တဲ့ စက်ရုပ်ဖိုးကတော့ရှိမှာပါ )
တောင်ကိုရီးယားကတော့ ယခုအချိန်မှာ အနာဂတ်အတွက်လုပ်ငန်းများတွင် Ai နှင့် စက်ရုပ်များအသုံးပြုပြီး လုပ်ငန်းခွင်ကုန်ထုတ်လုပ်မှုတိုးမြှင့်ဖို့ ဒေါ်လာငွေမီလီယံနှင့်ချီပြီး ရင်းနှီးမြှုပ်နှံထားတယ်လို့သိရပါတယ်။ ယခုတောင် ကုန်ထုတ်လုပ်ငန်းအတော်များများမှာ စက်ပစ္စည်းများကိုထိန်းချုပ် အသုံးပြုနေလျှက်ရှိပါတယ်။
ယခုအချိန်တောင်ကိုရီးယားလုပ်ငန်းများမှာ အလုပ်သမားရှားပါးနေတာဟာ တကယ်ပါ။ Ai နှင့်စက်ရုပ်များကလဲ လူသားများထက် ပိုမိုအကုန်အကျသက်သာပြီး ပိုမိုအလုပ်လုပ်နိုင်တာလဲအမှန်ပါ။ ကုန်ထုတ်လုပ်မှုတိုးမြှင့်ဖို့ Ai နှင့်စက်ရုပ်များကိုအသုံးပြုခြင်းက အကုန်အကျသက်သာပြီး အလုပ်ကိုပိုပြီးမြောက်မှုရှိစေတယ်ဆိုပေမယ့် တစ်ဖက်မှာတော့ လူသားများအလုပ်အကိုင်အခွင့်အရေးရှားပါးလာမလားဆိုတာကလဲ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ စက်ပစ္စည်းတွေအစားထိုးထိုး လူသားတွေကစက်ပစ္စည်းတွေကို ထိန်းချုပ်နေရဦးမှာဖြစ်တဲ့အတွက် လူလုပ်သားလိုအပ်ချက်က နည်းသွားမှာပေမယ့် ရှိတော့ရှိနေဦးမယ်လို့ထင်ပါတယ်။
Asia Net သတင်းဠာနနဲ့ Barron's သတင်းဠာနက ပါလာတဲ့သတင်းကို Daewon Myanmar မှဘာသာပြန်ထားတာဖြစ်ပါတယ်။
မူရင်းသတင်းလင်ခ့်များကို ကွန်းမန့်မှာဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။
အားလုံးစောင့်မျှော်နေတဲ့ ၂၀၂၃ ခုနှစ်ရဲ့ တတိယ EPS calling အသုတ်ရက်စွဲထွက်ပေါ်လာပါပြီ 🎉🎉
လအသစ်လေးရဲ့ ပထမဆုံးရက်မှာ ဒီသတင်းကောင်းလေး တင်ပေးခွင့်ရလို့ ဝမ်းသာမိပါတယ် ❤️❤️
ယခုတစ်ခေါက်က ၂၀၂၃ ခုနှစ်ရဲ့ တတိယအကြိမ်မြောက် ခေါ်ယူခြင်းဖြစ်ပြီး EPS လုပ်သား ၂၈၀၀၀ နီးပါး ခေါ်ယူသွားမှာဖြစ်ပါတယ်။ အခေါ်နောက်ကျပေမယ့် ခေါ်တဲ့လုပ်သားဦးရေတိုးထားပါတယ် 💕💕
ကုန်ထုတ် 📦
ခေါ်ယူမည့်လုပ်သားဦးရေ : 20,919 ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၁၀ လပိုင်း ၁၉ ရက်နေ့ မှ ၂၇ ရက်နေ့ထိ
စိုက်မွေး 🌾
ခေါ်ယူမည့်လုပ်သားဦးရေ : 5,609 ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၁၀ လပိုင်း ၃၀ ရက်နေ့ မှ ၁၁ လပိုင်း ၃ ရက်နေ့ထိ
ဆောက်လုပ်ရေး 🏗️
ယူမည့်လုပ်သားဦးရေ : 1,431 ဦး
ခေါ်ယူသွားမည့်ရက်စွဲ : ၁၀ လပိုင်း ၃၀ ရက်နေ့ မှ ၁၁ လပိုင်း ၃ ရက်နေ့ထိ
ယခု တတိယအသုတ်မှာခေါ်ယူမှာ လုပ်သားပေါင်းအယောက် ၂၈၀၀၀ နီးပါးဖြစ်ပါတယ်။ ယခင်ဒုတိယအသုတ်မှာ ၂၁၀၀၀ ကျော်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒီအသုတ်မှာတော့ အရင်အသုတ်ထက် လုပ်သား ၇၀၀၀ လောက်တိုးခေါ်တာဖြစ်တာကြောင့် တကယ်အားရစရာပါ 💪🏻💪🏻
ခေါ်စာစောင့်နေတဲ့ ရွှေမြန်မာတို့ အမြန်ဆုံးခေါ်စာကျပြီး ဟန်းဂုမြေကိုအမြန်ဆုံးရောက်ကြပါစေ။ သူဠေးကောင်းအလုပ်ကောင်းနဲ့တိုးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 💗🙏🏻
❤️ မြန်မာပြည်ကနေ အလုပ်ခေါ်စာကျပြီးလို့ လေယာဉ်ကြေး ဘာကြေးညာကြေးသွင်းဖို့ အရေးပေါ် အမြန်လိုအပ်ရင်ဖြစ်စေ ( သို့မဟုတ် ) ဟန်းဂုမြေကိုရောက်ပြီးလို့ အသေးသုံးလေးပဲလိုအပ်ရင်ဖြစ်စေ ညီမတို့ page က ချေးငွေအမြန်လျှောက်ပေးကြောင်းလေးလဲ ကြေညာဝင်ပါရစေရှင် ❤️
အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ကောင်းသတင်းတွေ၊ ကောင်းခြင်းတွေအမြန်ဆုံး ရရှိကြပါစေလို့ဆုတောင်းလျှက်ပါရှင် 💗🙏🏻
၂၀၂၄ တွင် EPS လုပ်သားများ ပိုမိုခေါ်ယူမည် ၊ စည်းကမ်းများပိုမိုတင်းကြပ်ပြီး အခွင့်အရေးများလဲ ပိုမိုရရှိမည်
တောင်ကိုရီးယားနိုင်ငံရဲ့အရေးပါအရာရောက်တဲ့ နိုင်ငံစီးပွါးရေးဆိုင်ရာ လေ့လာစမ်းစစ်သူအဖွဲ့အစည်း ၂ ခုရဲ့ လေ့လာစုံစမ်းစစ်မှုများလုပ်ဆောင်မှုအပြီးတွင် တောင်ကိုရီးယားအစိုးရက လာမယ့်နှစ် ၂၀၂၄ ခုနှစ်တွင် ယခုနှစ် ၂၀၂၃ တွင်ခေါ်ယူသော eps လုပ်သားဦးရေထက်ပိုမိုတိုးမြှင့် ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။
Covid 19 ကပ်ရောဂါဆိုးကြောင့် တောင်ကိုရီးယားလုပ်ငန်းခွင်များတွင် လုပ်သားရှားပါးမှုဒဏ်ကိုခံစားခဲ့ရပြီး တောင်ကိုရီးယားအစိုးရဟာ ၂၀၂၃ ခုနှစ်တွင် eps လုပ်သား ၁၁၀၀၀၀ ( တစ်သိန်းတစ်သောင်း ) ခေါ်ယူဖို့စီစဉ်ခဲ့ပါတယ်။
နိုင်ငံစီးပွါးရေးဆိုင်ရာ လေ့လာစုံစမ်းစစ်ဆေးသူအဖွဲ့အစည်းရဲ့ စစ်တမ်းများအရ E9 လုပ်သားများနှင့် လည်ပတ်နေသော လုပ်ငန်း ၅၀၂ ခုကို မေးမြန်းခဲ့ရာ -
၄၃.၂ % သော လုပ်ငန်းရှင်များက ယခုနှစ်ခေါ်ယူတဲ့အရေအတွက်အတိုင်းပဲလဲ ရပါတယ်လို့ဖြေကြားခဲ့ပြီး
၄၆.၈ % သော လုပ်ငန်းရှင်များကတော့ လုပ်သားမလုံလောက်တာကြောင့် လုပ်သားတိုးမြှင့်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
၉.၈ % ကတော့ လျှော့ခေါ်လဲရပါတယ်လို့ ဖြေကြားခဲ့ပြီး
၀.၈ % ကတော့ ဒီကိစ္စနှင့် ပတ်သတ်ပြီး ဘာထင်မြင်ချက်မှ မပေးခဲ့ပါဘူး။
စုံစမ်းစစ်ဆေးသူအဖွဲ့က လုပ်သားများအလုပ်ခွင်အမြဲဘဲ ခဏခဏရွှေ့ပြောင်းတဲ့ကိစ္စကိုလဲ မေးမြန်းခဲ့ပြီး ၅၂.၄ % သော လုပ်ငန်းရှင်များက သူတို့ရဲ့လုပ်ငန်းမှာ E9 လုပ်သားများမမြဲဘဲ ခဏလေးနဲ့ထွက်စာတောင်းတာကို ကြုံခဲ့ကြတယ်လို့ ဖြေခဲ့ကြပါတယ်တဲ့ .. ထွက်စာမပေးလျှင် အလုပ်ခွင်ခိုကပ်ခြင်း၊ အလုပ်ပျက်ကွက်ခြင်း၊ အလုပ်ခွင်မှရှောင်ထွက်ခြင်းများပါလုပ်ဆောင်ကြတယ်လို့သိရပါတယ်။
စုံစမ်းစစ်ဆေးသူအဖွဲ့ရဲ့ စစ်ဆေးတင်ပြချက်များကို အခြေပြုပြီး တောင်ကိုရီးယားအစိုးရဟာ ၂၀၂၄ တွက် E9 လုပ်သားများ ပိုမိုခေါ်ယူရန်၊ E9 လုပ်သားများ လုပ်ငန်းခွင်ခဏခဏပြောင်းလဲမှုမရှိအောင် စည်းကမ်းများအထူးပိုမိုတင်းကြပ်ရန်၊ တစ်ဖက်တွင်လဲ E9 လုပ်သားများအတွက် ပိုမိုကျယ်ပြန့်သော လုပ်ငန်းခွင်ရွေးချယ်မှုများပေးရန် စီစဉ်နေတယ်လို့သိရပါတယ်။
တောင်ကိုရီးရားနိုင်ငံပိုင်သတင်းဠာန The Korea Herald မှ ထုတ်ပြန်သောသတင်းကို စီလျှော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ မူရင်းသတင်းလင်ခ့်ကို ကွန်းမန့်မှာတင်ထားပေးပါမယ် ❤️
🔺တောင်ကိုရီးယားအစိုးရဟာ ၂၀၂၄ ခုနှစ်မှာ ယခုနှစ် ၂၀၂၃ တွင်ခေါ်ယူသော လုပ်သားအရေအတွက် ၁၁၀၀၀၀ ( တစ်သိန်းတစ်သောင်း ) ထက်ပင်ပိုမိုတိုးမြှင့်ခေါ်ယူမှာဖြစ်လို့ ဝမ်းသာစရာကိစ္စဖြစ်ပါတယ်။
🔻တစ်ဖက်မှာလဲ လုပ်သားများလုပ်ငန်းခွင်မမြဲတဲ့ပြသနာကြောင့် ခေါ်ယူတဲ့လုပ်သားများကို အလုပ်ခွင်ပြောင်းလဲရာတွင်ပိုမိုခက်ခဲအောင်၊ လုပ်ငန်းပြောင်းရာတွင်စည်းကမ်းများအထူးပိုမိုတင်းကြပ်သွားမှာဖြစ်ပါတယ် ( လုပ်ငန်းခွင်ကောင်းကောင်းကိုရောက်သူများအတွက်အဆင်ပြေပေမယ့်၊ အဆင်မပြေတဲ့လုပ်ငန်းခွင်ကိုရောက်သူများအတွက်တော့ အတော်ကိုခက်ခဲမယ့်ကိစ္စဖြစ်ပါတယ် )။
🔺ကုန်ထုတ်၊ ဆောက်လုပ်ရေး နဲ့ စိုက်ပျိုးရေးလုပ်ငန်းများသာမက အခြားသောလုပ်ငန်းများမှာလဲ E9 လုပ်သားများဝင်ရောက်လုပ်ကိုင်နိုင်ဖို့ဆောင်ရွက်နေတာကြောင့် လုပ်ငန်းခွင်ပိုမိုရွေးချယ်စရာများလာတာကတော့ ကောင်းသတင်းပဲဖြစ်ပါတယ်။
အားလုံးပဲ ဘေးရန်ကင်းကွာ စိတ်ချမ်းသာကိုယ်ကျန်းမာကြပြီး အိပ်မက်တွေအမြန်ဆုံးအကောင်ထည်ပေါ်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🤍🙏🏻
Website
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |