Shine Hope parahita

Shine Hope parahita

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shine Hope parahita, Community Organization, .

18/05/2017

Shine Hope parahita

18/05/2017

Shine Hope parahita's cover photo

22/07/2016

" လွတ်လပ်စွာပျံသန်းခြင်း "

21-7-2016 (2 to 4 pm)
လွတ်လပ်စွာပျံသန်းကြသူများ၏ အမြင်, အတွေး, အယူအဆ, ခံယူချက်တွေကို ပေါ်လွင်စေသော စကားဝိုင်းလေးတစ်ခုဖြစ်ခဲ့ :::
ပညာတတ်နဲ့ စာတတ် ရဲ့ကွဲပြားမှုက စာတတ်တွေမှာ problem တွေပဲရှိတတ်ပြီး solution မရှိကြ,,,
ပညာတတ်တွေမှာတော့ problem. ရော solution ရော တွဲရှိကြ,
စာတတ်ခြင်းမှ ပညာတတ်ခြင်းသို့ ကူးပြောင်းမှု (personal transformation) ရှိဖို့လို,,
Learning. က ပညာတတ်ဖြစ်စေသည်။
ယခုအပတ်တွင် လူငယ်များပါဝင်မှုရှိလာပါသည်။ ဝမ်းမြောက်စွာကြိုဆိုပါသည်။
လူငယ်များ ယခုထက်ပိုမို များလာပါစေ။

15/07/2016

ဖိတ်ခေါ်ပါသည်။
စာပေသည် လူသားတို့ အသိဉာဏ် အတွေးအခေါ်တွေ ထက်မြက်ဖို့ အကောင်းဆုံးအထောက်အပံ့ပင်ဖြစ်သည်။

14/07/2016

"အရည်အသွေး " ခေါင်းစဉ်ဖြင့်စာပေစကားဝိုင်း,,,
အရည်အသွေး (capacity) သည် လူတိုင်းတွင် မွေးရာပါအဖြစ် အတူတူ ပါလာကြောင်း, လူတိုင်းသည် မိမိတို့. Capacity ကို ထုတ်သုံးရာတွင် ပတ်ဝန်းကျင်နှင့် အလေ့အကျင့်များကြောင့် Skill. ( အရည်အချင်း) များ ကွာခြားလာကြောင်း, Skill သည် နှစ်ပိုင်းရှိပြီး ရုပ်ပိုင်းဆိုင်ရာ Hard Skill. နှင့် စိတ်ပိုင်းဆိုင်ရာ Soft Skillတို့ဖြစ်ကြောင်း, Skill. ပြည့်ဝရန် Practic များများလုပ်ရန်လိုကြောင်း စသည် စသည် ဖြင့် ဒေါက်တာမျိုးမင်းဦး၏ စိတ်ပညာဆိုင်ရာ အကြံပြု သုံးသပ်ဆွေးနွေးချက်များက Knowledge. ကို ပိုပြည့်လာစေ။,,,,,

စာပေစကားဝိုင်းသို့ လူငယ်များ ပိုများလာစေရန် ဖိတ်ခေါ်ပါသည်။

08/07/2016

"ယုံကြည်စိတ်ကို မွေးဖွားခြင်း "

စာပေစကားဝိုင်းမြင်ကွင်း, :
ကိုယ့်ရဲ့ယုံကြည်စိတ်ကို ဘယ်လိုမွေးဖွားမလဲ?
အခြေအနေတစ်ခုအပေါ်ယုံကြည်ဖို့ ဘာတွေလိုသလဲ?
ဒေါက်တာမျိုးမင်းဦးရဲ့ စိတ်ပညာဆိုင်ရာ အကြံပေးမှုများက
တက်ရောက်လာသူအားလုံးအတွက် သင်တန်းတစ်ခုတက်နေရသလို အားလုံးကို အကျိုးရှိစေပါတယ်

30/06/2016

"ကြိုးဆွဲခံနေရသည့် ရုပ်သေးရုပ်များ " ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းမြင်ကွင်း
အသိဥာဏ်နှင့်ခံစားချက်အပေါ် တက်ရောက်လာသူများ၏ အမြင်မျိုးစုံနှင့် ဒေါက်တာမျိုးမင်းဦး၏ စိတ်ပညာဆိုင်ရာ အကြံပြုချက် သုံးသပ်ချက်များက ဆွေးနွေးပွဲကို မြိုင်ဆိုင်စေခဲ့ပါသည်

25/06/2016

"Psychology of Persuasion"
View of the last day.

25/06/2016

လာရောက်ဆွေးနွေးကြဖို့ ဖိတ်ကြားအပ်ပါသည်။

23/06/2016

" သိတာတစ်မျိုး လုပ်တာတခြား" ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ယနေ့ ၂၃.၆.၂၀၁၆ ရက် (၂း၀၀) နာရီမှ (၄း၀၀) နာရီထိ ပြုလုပ်ခဲ့ရာ Dr.MyoMinOo၊ စာရေးဆရာဦးအောင်ကျော်ဆန်း၊ နယ်ပယ်အသီးသီးမှ ပရဟိတမောင်မယ်များ ၊ ရှိုင်းဟုပ်ပရဟိတတာဝန်ခံဦးဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ စုစုပေါင်းအင်အား (၂၁) ဦးတက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆရာဦးအောင်ကျော်ဆန်း၏ ရသစုံဆွေးနွေးမှုများ၊ Dr.MyoMinOo ၏စိတ်ပညာဆိုင်ရာအကြံပြုဆွေးနွေးမှုများ၊ ဦးဝင်းဆွေနှင့် ပရဟိတမောင်မယ်များ၏ လုပ်ငန်းကိုယ်တွေ့မျှဝေဆွေးနွေးမှုများဖြင့် ယနေ့စာပေစကားဝိုင်းသည် ထူးခြားစွာသက်ဝင်စေခဲ့ပါသည်။

23/06/2016

Second day view "Psychology of Persuasion" by Dr.Myo Min Oo (Phd).
23-6-2016 (9:30) to (12:30)

22/06/2016

၂၂,၆,၂၀၁၆. ရက် ၀၉း၃၀ မှ ၁၂း၃၀ ထိ ရှိုင်းဟုပ် ၂၀၈ခန်းမ၌ Dr.Myo Min Oo (Phd) မှ "Psychology of Persuasion" ခေါင်းစဉ်ဖြင့် နယ်ပယ်အသီးသီးမှ ပရဟိတအဖွဲ့ဝင်များ၊ တစ်ကိုယ်တော်ပရဟိတသမားများနှင့် ရှိုင်းဟုပ်ပရဟိတအဖွဲ့ဝင်များကို ပို့ချဆွေးနွေးပေးခဲ့ပါသည်။

18/06/2016

စာပေချစ်မြတ်နိုးသူများအတွက် ဖိတ်ကြားလွှာ

16/06/2016

၁၆.၆.၂၀၁၆ ရက် ၂နာရီမှ၎နာရီထိ ရှိုင်းဟုပ်ပရဟိတရုံးခန်း၌ "အနှောင်အဖွဲ့မိနေသည့်ဦးနှောက်များ " ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကျင်းပပြုလုပ်ခဲ့ရာ စိတ်ပညာရှင်ဒေါက်တာမျိုးမင်းဦး ( Phd) အပါအဝင် စာပေမြတ်နိုးသူ ၁၆ ဦးတို့တက်ရောက် ဆွေးနွေးခဲ့ကြသည်။
စာပေစကားဝိုင်းအား အပတ်စဉ်ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

14/06/2016

ရှိုင်းဟုပ်ပရဟိတရုံးခန်း၌ အပတ်စဉ်စာပေစကားဝိုင်းအား ကြာသပတေးနေ့တိုင်း ပြန်လည်ကျင်းပတော့မည်ဖြစ်ပါသည်။

Website