Thabeikkyin Federal School

Thabeikkyin Federal School

ပညာ့အားမာန် မိုးသို့ညံ၊ အမှောင်ပယ်ခွင်း သပိတ်ကျင်း

15/03/2023

သူတို့ဆရာ: မြန်မာစာproject တွေ မနက်ဖြန် စာတမ်းဖတ်ဖို့ ရှိတယ်နော်...

Students:

13/03/2023

မိုင်ဆုင်ခ🙏

သပိတ်ကျင်းဖက်ဒရယ်ကျောင်းမှာ တက်ရောက်နေကြတဲ့ကျောင်းသားများထဲမှာ ဗမာနဲ့ချင်း ပြီးရင် ရှမ်းနီတိုင်းရင်းသားတွေက တတိယအများဆုံးပါ😍

ဒါကြောင့် ကျောင်းတော်သူ၊ကျောင်းတော်သား ရှမ်းနီမောင်မယ်များနှင့်တကွ ပြည်ထောင်စုအဝှမ်းမှာ ပျံ့နှံ့နေထိုင်ကြတဲ့ ရှမ်းနီတိုင်းရင်းသားများရဲ့
ရှမ်းနီအမျိုးသားနေ့ကို ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်။

ရှမ်းနီသွေးချင်းတို့ အေးချမ်းပျော်ရွှင်ကြပါစေ🌟💐

''ရှမ်းနီအမျိုးသားနေ့''
(မတ်လ ၁၃ ရက်နေ့)

ဒီနေ့ မတ်လ (၁၃) ရက်နေ့မှာ ကျရောက်တဲ့ နောက်ထပ် နေ့ထူးနေ့မြတ်ကတော့ ရှမ်းနီ(တိုင်းလိုင်) လူမျိုးတို့ရဲ့ အထွတ်အမြတ်‌နေ့ဖြစ်တဲ့ ''ရှမ်းနီအမျိုးသားနေ့'' ပဲ ဖြစ်ပါတယ်။

ရှမ်းနီအမျိုးသားတို့ရဲ့ မြို့ပြတည်‌ထောင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ် ၊မြန်မာသက္ကရာဇ် (၈၈၈) ခုနှစ် ၊ ခရစ်နှစ် (၁၅၂၇) ခုနှစ် မတ်လ (၁၃) ရက်ကို အစွဲပြုပြီး ရှမ်းနီအမျိုးသားနေ့လို့ သတ်မှတ်ကျင်းပကြပါတယ်။

ဒီနေ့ကို
ရှမ်းနီအမျိုးသားဘိုးဘေးတို့ တည်ထောင်ခဲ့တဲ့ မြိုပြပြည်ထောင်တွေနဲ့ ရေမြေတောင်တောင်တို့ကိုတန်ဖိုးထားဖို့၊
အစဉ်အလာကြီးမားတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းတတ်ဖို့၊
ရှမ်းနီအမျိုးသားတို့ရဲ့ ခိုင်မာစည်းလုံးတဲ့ သဘောဆန္ဒတွေကို ပေါင်းစည်းတည်ဆောက်ဖို့
စတဲ့ရည်ရွယ်ချက်တွေနဲ့ နှစ်စဉ်ဆင်နွှဲကြပါတယ်။

ဒီနှစ်မှာဆိုရင်တော့ ရှမ်းနီအမျိုးသားနေ့ဟာ (၄၉၆) ကြိမ်မြောက်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ဟာ ရှမ်းနီအမျိုးသားတို့အတွက် အလေးအမြတ်ထားရတဲ့ နေ့တစ်နေ့ဖြစ်တာကြောင့် အိမ်အိမ်တို့ကလည်း ရှမ်းနီလူမျိုးသူငယ်ချင်းတွေနဲ့အတူ ရှမ်းနီအမျိုးသားနေ့ကို နွေးနွေးထွေးထွေး ဂုဏ်ပြုကြိုဆိုကြရင်း မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်ဇော၊ သွေး၊ ချွေးတွေနဲ့ ကြိုးစားတော်လှန်လျှောက်လှမ်းခဲ့တဲ့၊လျှောက်လှမ်းနေဆဲဖြစ်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ အိမ်အိမ်တို့ တူတူကြိုးစားအားစိုက်ကြစို့နော်……

#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ကိုအောင်ရမည်

Photos from Thabeikkyin Federal School's post 08/03/2023

မင်မင်ရဲ့ အသဲနှလုံးစကားကိုတီတီတာတာပြောတဲ့ aster babies တွေရဲ့လက်ရာ

Photos from Thabeikkyin Federal School's post 08/03/2023

ယနေ့က မတ်လ ၈ ရက်
ကမ္ဘာ့အမျိုးသမီးများနေ့ ဖြစ်ပါတယ်။

ရဲရင့်ထက်မြတ်တဲ့ အမျိုးသမီးတွေဆိုတာ ခေတ်အဆက်ဆက်မှာ ရှိနေခဲ့၊ ရှိနေမြဲ၊ ရှိနေဦးမှာပဲ။

ယခုနှစ်အတွက် ဆောင်ပုဒ်က `` ညီမျှခွင့်တူ၊ ဖေးမယူ´´ ဖြစ်ပါတယ်။

Love you all💙


#မတ်လ_၈ရက်

05/03/2023

🙏🙏🙏🙏🙏

#တပေါင်းလပြည့်_မြတ်ဗုဒ္ဓပြည်တော်၀င်
#အခါတော်နေ့_သိမှတ်ဖွယ်ရာများ
#တပေါင်းလပြည့်နေ့အကြောင်း

(၁) တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်၀င် အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့
ကြွရောက်တော်မူရန် လျှောက်ထားသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

(၂) ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်
ဝေဠု၀န်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ
အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပါသည်။

(၃) ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး
ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို
နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ
မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။

နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူ အားလုံးတယောက်မကျန် သာသနာ့ဘောင်သို့ ၀ငျရောကျပွီး ဧဟိဘိက္ခု ရဟန်းတွေချည်း ဖြစ်ကုန်ကြပါသည်။

(၄) ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က
တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄-ဂါထာ
သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့်
ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့
ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။

(၅)။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ
မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း
ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ) ဒေသစာရီ ကြွချီတော်မူပါသည်။

#ဖြစ်ပေါ်လာသော_အကျိုးဆက်များ

မြတ်စွာဘုရား ကပိလ၀တ် နေပြည်တော်သို့
ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင်
ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ-

(၁) နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။

(၂) သာကီ၀င်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရဝဿ မိုးကို ရွာသွန်းစေခြင်း။

(၃)။ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော
ဝေဿ န္တရာ ဇာတ်တော်ကြီးကို ဟောကြားခြင်း။

(၄)မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍
ခမည်းတော်ကြီး အနာဂါမ် တည်ပြီး၊ နောင်အခါ အရဟတ္တဖိုလ်တည်ခြင်း။

(၅) မိထွေးတော်ဂေါတမီ သောတာပန်တည်ခြင်း၊
နောင်သောအခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့် ကြုံခြင်း။

(၆) ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ
ဇာတ်တော်ကြီး ဟောကြားခြင်း။

(၇) ဇနပဒကလျာဏီ၏ ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း။

(၈) သားတော်ရာဟုလာ အမွေတောင်း၍
သာမဏေဘ၀သို့ ရောက်ရှိခြင်း။

(၉)။သာကီ၀င်မင်းမျိုးမှ မင်းသားတထောင်
ရဟန်းဘောင်သို့ ရောက်ခြင်း။

(၁၀) ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား
မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌
အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ-ဧတဒဂ် ကို ချီးမြှင့်တော်မူခြင်း။

(၁၁) အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓ၀င် ဒေသနာကိုဟောကြားတော်မူခြင်း-
စသော အကျိုးဆက်များ ဖြစ်ပါသည်။

#တပေါင်းလပြည့်_မြတ်ဗုဒ္ဓ_ပြည်တော်၀င်
#အခါတော်နေ့

#ကြည်နူးဖွယ်ကောင်း_လတပေါင်း

အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊ ဇလေသိနော ဆဒနံ ဝိပ္ပဟာယ။
တေ အစ္စိမန္တော၀ ပဘာသယန္တိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား။

ဒါနိ-ဣဒါနိ=ဆောင်းကိုလွန်မြောက် နွေးဦးပေါက်သို့
ရောက်လတ်တုံလာ ယခုအခါ၌။

ဒုမာ=တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။

ဆဒနံ=ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို။

ဝိပ္ပဟာယ=စွန့်ပယ်သောထွေ ကြွေကျကုန်၍။

ဖလေသိနော=အသစ်ဖြစ်သော အသီးကို
ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍။

အင်္ဂါရိနော=မီးကျီးအသွေး နီးတွေးသော ရွက်နု
အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။

တေ=ထိုသစ်ပင်အပေါင်းတို့သည်။

အစ္စိမန္တော၀=ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍ သာလျှင်။

ပဘာသယန္တိ=ပြောင်တ၀င်း၀င်း ထွန်းလင်းတောက်ပကြကုန်၏။

မဟာဝီရ=ကြီးမြတ်သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား။

အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ငြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။

သမယော=ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း
ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

#ဒေါင်းသံသာစွ_တပေါင်းလ

မယူရသံဃာ ဂိရိမုဒ္ဓနသ္မိံ၊ နစ္စန္တိ နာရီဟိ သမင်္ဂီဘူတာ။
ကူဇန္တိ နာနာ မဓုရဿ ရေဟိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။

ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသော ရှင်ပင်မြတ်ဘုရား။

ဂိရိမုဒ္ဓနသ္မိံ=ကြွရာလမ်းတခွင် ဝဲယာဖြစ်သော
တောင်ထိပ်အပြင်၌။

မယူရသံဃာ=ဥဒေါင်းငှက် အပေါင်းတို့သည်။

နာရီဟိ=ကြင်ဖော်မှန်လှ ချစ်ဒေါင်းမတို့နှင့်။

သမင်္ဂီဘူတာ=တကွယှဉ်နွဲ မောင်နှံတွဲကြကုန်သည်ဖြစ်၍။

နစ္စန္တိ=အမြီးကိုထောင် အတောင်ကိုကော့ ခေါင်းကိုမော့၍ ကျော့ကျော့ရွှင်ဖြိုး တင့်စနိုးလျှင် ရှေ့ထိုးနောက်ငင် လူ့အသွင်သို့ မြူးရွှင်ကခုန်ကြကုန်၏။

နာနာ မဓုရဿ ရေဟိ=အထူးထူးအထွေထွေ
အိုးဝေ အိုးဝေ ဟူသော သာယာသော အသံတို့ဖြင့်။

ကူဇန္တိ=ဘာသာမဂဓ သဘာဝြဖင့် တွန်ကြမြူးကြ ကျူးရင့်ကြကုန်၏။

မဟာဝီရ=ကြီးမြတ်သောဝီရိယ ရှိတော်မူသော မြတ်စွာဘုရား။

အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက်
တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်
ရှိတော်မူသော မြတ်စွာဘုရားတို့၏။

သမယော=ဖွားရာဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း
ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျှောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

#ကာဠုဒါယီ_လျှောက်ထားသည့်_နောက်ဆုံးဂါထာ

နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗျတိကျခ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။

မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား-

ဆောင်းနှောင်းနွေးဦး တပေါင်းလ ဤအခါထူးသည်
အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား။ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား။

မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်း နေပါသည်ဘုရား။

ဆောင်းနှောင်းနွေဦး တပေါင်းလဤအခါထူးသည်
မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ ကြွချီရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

#ရှင်အုန်းညို_ရေးခဲ့သည့်_ဂါထာခြောက်ဆယ်ပျို့မှ #စာပိုဒ်

လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တဝါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊
လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊
ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊
သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။

အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊
ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊
တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊
တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။

တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်၀င် အခါတော်နေ့
သိကောင်းဖွယ်ရာများ ဤတွင်ပြီးဆုံး၏။

🙏🙏🙏

#အဂ္ဂမဟာပဏ္ဍိတ၊ #အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
#မဟာသဒ္ဓမ္မဇောတိကဓဇ_ဘဒ္ဒန္တပညာသာမိ (မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များမှ-

Credit

#မူရင်းရေးသားပူဇော်သူ အဆင့်ဆင့်မျှဝေသူများကို လေးစားစွာဂါရဝပြု၍ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

🙏🙏🙏


#တပေါင်းပွဲတော်
#ဒေါင်းသံသာစွ_တပေါင်းလ

02/03/2023

ဒီနေ့က....

လရောင်လင်းပေမယ့်
ကြယ်တွေတော့ မစုံခဲ့ဘူး...

လင်းတစ်လှည့် မှောင်တစ်ချို့နဲ့
ညအလယ်မှာ လျှောက်ရမယ့်လမ်းက
စမ်းတဝါးဝါး...

ရဲဘော်ရဲဘက်တွေ တစ်ယောက်ကိုတစ်ယောက်
အားပေးရင်း...
ဖေးမရင်း...
လက်တွဲထားကြရင်း.....နဲ့
ရောက်နီလာရာလမ်းကို မျှော်ကြည့်တဲ့အခါ
ခပ်ရေးရေးပဲ မြင်နေရသေးတယ်ဆရာ...

ဒီခရီး ဒီလမ်းကို
ဒီမိုး ဒီရေတွေကြား
ဒီလူတွေနဲ့ ဆက်လျှောက်ကြမယ်လို့
ဆုံးဖြတ်ပြီးမှ ဘဝခါးလို့
ခဏနားဦးမယ် ဆိုပါလား။

ခေတ္တတော့နားဗျာ..
ပြီးရင်တော့ ကုန်းထလို့
အနာဂါတ်အတွက်...
တိုင်းပြည်အတွက်...
မျိုးဆက်သစ်တွေအတွက်....
ရုန်းကြွကြတာပေါ့ ဆရာရေ....

မိုးည ( zool: )

28/02/2023

Reading Explorer Foundation class📖 Batch -1
Title -A Mysterious Visitor
Presented by LV 9017/LV 9030

28/02/2023

``ကျွန်မတို့ဆရာမတွေမှ
ရှေ့ကနေရဲရဲဝံ့ဝံ့မရပ်တည်ပေးရင်
ကျွန်မတို့ကလေးတွေ
အာဏာရှင်စနစ်အောက်မှာ
အကြောက်တရားနဲ့
တစ်သက်လုံးနေထိုင်သွားရမှာပေါ့

ဆရာမကြီးဒေါ်တင်နွဲ့ရီ

[ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁ ၊ ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့ ရန်ကုန်ပညာရေးသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ဆရာမကြီးသည် ရာဘာကျည်ထိမှန်၍ ကျဆုံးခဲ့သည် ]

Photos from Thabeikkyin Federal School's post 27/02/2023

Allium များ.....

ကြိုးစားထား .....

သပိတ်ကျင်းကျောင်းရဲ့........

စွမ်းအား......မျိုးဆက်သစ်များတော့ ကိုယ်အတန်းကိုဆောင်ပုဒ်ကိုယ်စီပေးထားကြတာ တဲ့နော် သိပ္ပံသင်ခန်းစာရဲ့လက်တွေ့လုပ်ဆောင်ပုံများ

26/02/2023

ပန်းစံကားရဲ့ စာတမ်း

Photos from Thabeikkyin Federal School's post 19/02/2023

ယနေ့ဟာ ပြည်ထောင်စုအတွင်းက ချင်းသွေးချင်းတို့ရဲ့ ၇၅နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်ပါတယ်....

ပြီးတော့လည်း ကျနော်တို့ သပိတ်ကျင်းကျောင်းမှာ ဗမာတိုင်းရင်းသားပြီးရင် ချင်းတိုင်းရင်းသားအများဆုံးတက်ရောက်နေကြပါတယ်....

ဒါကြောင့် သားတို့သမီးတို့အားလုံး ဒီနေ့မှာကျရောက်တဲ့ ၇၅နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ဝမ်းမြောက်ပျော်ရွှင်ကြပါစေ...

ချင်းလူမျိုးတို့ရဲ့အကျိုး၊ နိုင်ငံရဲ့အကျိုးကို ထမ်းပိုးနိုင်ကြသည့် လူချွန်လူကောင်းတွေ ဖြစ်ကြပါစေဗျာ။

မူရင်းပုံပိုင်ရှင်များအား လေးစားစွာ credit ပေးပါတယ်။


#ချင်း
#ပညာ့အားမာန်_မိုးသို့ညံ_အမှောင်ပယ်ခွင်း_သပိတ်ကျင်း

18/02/2023

လစဥ်လတိုင်း မရှိတဲ့ကြားက တတ်နိုင်သမျှ ကျောင်းကိုထောက်ပံ့လှူဒါန်းကြတဲ့ မိဘတွေကို ဆရာ၊ဆရာမများကိုယ်စား ကျေးဇူးတင်ပါတယ်ခမျာ။

မိဘတွေရဲ့ချွေးနည်းစာမို့ တစ်ကျပ်တစ်ပြားမှ အလေအလွင့် မရှိစေရပါဘူးလို့ အာမခံပါတယ်ခမျာ🙏

P.s မထည့်ဝင်ဖြစ်တဲ့မိဘများလည်း အားငယ်စရာမလိုပါဘူးနော်။ ဒီအချိန်က အချင်းချင်းဖေးမကူညီရမယ့် အချိန်မို့ ကလေးတွေရဲ့ပညာရေးကိုသာ ဂရုစိုက်ပေးရင် ရပါပြီခမျာ🥰

Photos from Thabeikkyin Federal School's post 18/02/2023

၁၀၈ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အခမ်းအနား ဆုရရှိသူများစာရင်း...

အောင်ဆန်းမျိုးဆက်လေးတွေ😍

18/02/2023

`` အားနာတယ် ဗိုလ်ချုပ် ´´

3GS- 3056
( တစ်နှစ်ထက်တစ်နှစ် ငသွက်လေးတွေ ဖြစ်လာကြတယ်ကွာ ကလေးလေးတွေက။ အခုလည်း ရိုးသားကြိုးစား ဆန်းဖလားဝါးတဲ့ဗျာ😍)

#ပညာ့အားမာန်_မိုးသို့ညံ_အမှောင်ပယ်ခွင်း_သပိတ်ကျင်း

16/02/2023

တောက်မည့်မီးခဲ တရဲရဲ🔥
( သပိတ်ကျင်းဖက်ဒရယ်ကျောင်း ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အခမ်းအနားမှ ကောက်နှုတ်ချက် )


#ပညာ့အားမာန်_မိုးသို့ညံ_အမှောင်ပယ်ခွင်း_သပိတ်ကျင်း

Photos from Thabeikkyin Federal School's post 13/02/2023

အဖ ဗိုလ်ချုပ်မွေးနေ့မှာ အဖရဲ့သမီးလေးစု မသမာသူတစ်စုက မတရားအာဏာရယူ ဖမ်းဆီးချုပ်နှောင်ထားတယ်အဖရေ....

Photos from Thabeikkyin Federal School's post 11/02/2023

NUCC မှ ထုတ်ပြန်ကြေညာထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ နှင့် စပ်လျဉ်းသည့်ထုတ်ပြန်ကြေညာချက်

ရက်စွဲ - ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီ (၁၁)ရက်

၁။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည် ယနေ့အချိန်အထိ အဓိကဒေါက်တိုင်တစ်ခု အဖြစ်တည်ရှိနေသည်မှာ မည်သူမျှငြင်းချက်မထုတ်နိုင်သည့် အချက်ပင်ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အရှိုက်ကိုထိချက်မှန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို ဖြိုချဖျက်ဆီးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်မှာလည်း ပြည်သူလူထုတစ်ရပ်လုံး အသိပင်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း CDM တို့သည် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်း ၊ လုံလောက်သောထောက်ပံ့ကူညီမှုများမရရှိခြင်း ၊ ဘဝရပ်တည်ရေးများပျက်စီးဆုံးရှုံး၍ ပြည်သူများ နှင့် တသွေးတည်းတသားတည်း ဒုက္ခအခက်အခဲပေါင်းများစွာကို (၂) နှစ်တာအတွင်း ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြသည်။

၂။ ထိုမတရားမှုပေါင်းများစွာကို ရင်ဆိုင်နေကြရင်းပင် နိုင်ငံ့ဝန်ထမ်း CDM တို့သည် မိမိတို့၏ ပင်မတာဝန်များကိုလည်း မပျက်မကွက် ထမ်းဆောင်ခဲ့ကြသည်။ နိုင်ငံ့ဝန်ထမ်း CDM တို့သည် အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခြင်းမဟုတ်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်း CDM တို့အတွက် တရားမျှတမှုရရှိရန်လည်း အလွန်အရေးကြီးလှပေသည်။ နိုင်ငံ့ဝန်ထမ်း CDM တို့သည် တရားမျှတမှုအတွက် ရပ်တည်တိုက်ပွဲဝင်နေချိန်တွင် အခြားတစ်ဖက်တွင်လည်း Non CDM တို့သည် စစ်အာဏာရှင်ယန္တရားတွင် ဒေါက်တိုင်များအဖြစ် ပါဝင်ဆောင်ရွက်နေမှု ကြောင့် နိုင်ငံဝန်ထမ်း CDM များ ၊ တော်လှန်သော ပြည်သူလူထု နှင့် ကျောင်းသားလူငယ်များစွာတို့ မတရားဖမ်းဆီးခံ ၊ သတ်ဖြတ်ခံခဲ့ရသည်ကို လျစ်လျူရှုသင့်ပါ၏လော။ ထိုသို့မတရားမှုများကို ဒေါက်တိုင်အဖြစ်ပါဝင်မှုအဆင့်အလိုက် အရေးယူရမည်မှာ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြပါသော တော်လှန်ရေးအစုအဖွဲ့အသီးသီး၏ တာဝန်ဟု ရူမြင်ပါသည်။

၃။ နိုင်ငံ့ဝန်ထမ်း CDM တို့၏ အခန်းကဏ္ဍကို လက်ခံပါလျှင် Non CDM တို့၏ ပြစ်မှုကျူးလွန်မှုများကိုလည်း လက်ခံရမည် ဖြစ်ပေသည်။ စည်းရုံးသိမ်းသွင်းခြင်းနည်းနာကို ကျွန်ုပ်တို့အနေဖြင့် အလေးအနက်လက်ခံပါသည်။ သို့သော် တော်လှန်ရေးသည် ရက်သား/လသားမဟုတ် ၊ တော်လှန်ရေးကာလ (၂) နှစ်ကျော်ခဲ့ပြီ ဖြစ်ပေသည်။ ပကတိ အရှိတရားသည် မြေပြင်မှ နိုင်ငံ့ဝန်ထမ်း CDM များ နှင့် ပြည်သူလူထုသည်သာ အသိဆုံးဖြစ်ပေသည်။ ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တရားတွင် ရှေ့တန်းမှ ဦးဆောင်၍ဆောင်ရွက်နေကြသည့် Non CDM တို့၏ဒဏ်ကို ပြည်သူလူထု တစ်ရပ်လုံး ခါးဆီးခံနေရသည်မှာ ငြင်းချက်ထုတ်စရာမရှိသော သက်သေများပင်ဖြစ်ပေသည်။

၄။ သို့ဖြစ်၍ အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှုများအတွက် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ ထွက်ပေါ်နိုင်ရန် မြေပြင်ရှိ ပညာရေးဘုတ်အဖွဲ့များ ၊ CDM ဦးဆောင်ကော်မတီများ ၊ ဆရာသမဂ္ဂများ ၊ သပိတ်ကော်မတီများ မှ အကြံပြုချက်များ ပေးပို့ခဲ့ကြပြီး JCC CDM မှ ဦးဆောင်ကြိုးပမ်းရေးဆွဲခဲ့သည့် “နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ” ကို NUCC က အတည်ပြု ထုတ်ပြန်ခြင်းအပေါ် ကျွန်ုပ်တို့မှ ဝမ်းမြောက်စွာ ကြိုဆိုထောက်ခံပါသည်။

၅။ ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေအထွေသပိတ်ကော်မတီ( BEGSC)သည် ပြည်သူလူထု နှင့် နိုင်ငံ့ဝန်ထမ်း CDM တို့၏ ပကတိအခြေအနေကို မထီမဲ့မြင်ပြုနေသော ၊ နိုင်ငံ့ဝန်ထမ်း CDM တို့၏ ဂုဏ်သိက္ခာ နှင့် တော်လှန်ရေးတွင်ပါဝင်မှု အခန်းကဏ္ဍကို လျစ်လျူရှုနေသော ၊ နိုင်ငံ့ဝန်ထမ်း CDMတို့၏ တရားမျှတမှုကို ပစ်ပယ်နေသော ၊ CDM/Non CDM အကြပ်အတည်းတွင် မြေပြင်ရှိ CDM ဝန်ထမ်းထု၏အသံကို မျက်ကွယ်ပြုနေသော အစုအဖွဲ့ နှင့် အဖွဲ့အစည်းအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။

၆။ NUCC မှ အတည်ပြုထုတ်ပြန်ထားသည့် “နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ” ပိုမိုတရားမျှတ၍ အားကောင်းခိုင်မာသည့် မူဝါဒဖြစ်စေရေး နှင့် ဥပဒေ၊နည်းဥပဒေများ အမြန်ဆုံးရေးဆွဲ အတည်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာတော်လှန်ရေး အစုအဖွဲ့အသီးသီးအား ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေအထွေသပိတ်ကော်မတီ (BEGSC) က အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်သည်။

၇။ ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေအထွေသပိတ်ကော်မတီ(BEGSC)သည် အခြေခံပညာ CDM ပညာရေး ဝန်ထမ်းများ၏ ပကတိအသံကိုသာကိုယ်စားပြု၍ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးတို့အပြင် နိုင်ငံ့ဝန်ထမ်း CDM ထု၏ တရားမျှတမှုအတွက် ရှေ့တန်းမှ ရပ်တည် ရင်ဆိုင်တော်လှန်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

တော်လှန်ရေးသစ္စာဖြင့်……

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC)

04/02/2023

Batch-2 အတွက် အပ်နှံထားတဲ့ ကျောင်းသား၊ကျောင်းသူများအနေနှင့် NUG-MOE လက်အောက်ရှိ ကျောင်းများမှ အတန်းပြီးမြောက်ကြောင်း လက်မှတ်မပါက သက်ဆိုင်ရာအတန်းအလိုက် ပြန်လည်စစ်ဆေးအကဲဖြတ်ခြင်း ခံရပါမည်။

( စာမကျက်ဘဲ စာဖတ်ထားကြနော် ပေါက်စတို့ )

Photos from Thabeikkyin Federal School's post 04/02/2023

သားတို့သမီးတို့ မင်္ဂလာပါ....

ဒီနေ့က ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ဗမာသွေးချင်းညီအစ်ကိုတို့ရဲ့ ``ကောက်သစ်စားပွဲ´´တစ်နည်းအားဖြင့် ``ထမနဲပွဲနေ့ ´´ဖြစ်ပါတယ်😍

`` နှာရည်စိုရွှဲ၊ တပို့တွဲ ´´ တဲ့။ တပို့တွဲလဟာ နွေမရောက်ခင်၊ ဆောင်းလည်းကုန်ခါနီး ဆောင်းနှောင်းရာသီရဲ့ အမြင့်ဆုံးအချိန်မို့ မြူနှင်းကလေးကတစိုစို၊ မြောက်ပြန်လေလေးက တဖြူးဖြူးနဲ့ တို့တွေလည်း နှာရည်ညှစ်ရလွန်းလို့ နှာခေါင်းမီးတောက်နေရတဲ့ အချိန်ပေါ့ကွာ😂။ တပို့တွဲဆိုတာက `` ထန်းပိုတွဲ ´´ ကနေ လာတာကွ။ ဗမာတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ အညာဒေသမှာ ထန်းဖူး၊ထန်းခိုင်တွေ ထွက်တဲ့ရာသီပေါ့။ အဲဒီထန်းဖူး၊ထန်းခိုင်တွေကနေ ထန်းရည်အချိုရော၊ အခါးရော ရသကွ။ ထန်းရည်အချိုကို ကုန်ချောအမျိုးမျိုးထုတ်လုပ်ကြပြီး၊ ထန်းရည်အခါးကိုတော့ ကျေးလက်ဘီယာအဖြစ် သောက်သုံးကြတယ်။ ပြီးတော့ အဲဒီအချိန်က တစ်မိုးတွင်းလုံးစိုက်ခဲ့တဲ့ ကောက်ပဲသီးနှံတွေ ရိတ်သိမ်း၊ သိုလှောင်ပြီးတဲ့အချိန်ပေါ့ကွာ။

တန်ဆောင်မုန်း၊ နတ်တော်မှာ ရိတ်သိမ်းခဲ့တဲ့ ကောက်ပဲသီးနှံတွေဟာ ယခုတပို့တွဲလကို ရောက်ချိန်ကစပြီး အရသာအကောင်းဆုံးအနေအထားကို ရောက်လာတဲ့အတွက် ဒီလမှာ ကောက်သစ်စားကြတာပါ။ ဗမာတိုင်းရင်းသားတွေရဲ့ကောက်သစ်စားပွဲက အခြားတိုင်းရင်းသားတွေနဲ့ မတူပါဘူး။

ပေါ်လာတဲ့ ကောက်ညှင်းကို ဆီ၊ရေနဲ့ ထိုးပြီး ထမနဲလုပ်စားကြတာပါ။ `` ထမနဲ ´´ ဆိုတာ `` ထမင်းနှဲ ´´ ဆိုတဲ့ စကားကနေ လာတာပါ။ ထမင်းကို မွှေပြီးချေတယ်ပေါ့ကွာ။ အခုလို တပို့တွဲလပြည့်နေ့ဆိုရင် ရပ်၊ရွာ အလိုက် တစ်သင်းတစ်ဖွဲ့ကြီး ထမနဲထိုးကြ။ ပြီးရင် ဘုရားဆွမ်းတော်ကပ်၊ ဘုန်းကြီးကျောင်းကိုလှူ၊ အရပ်ထဲက လူကြီးမိဘတွေကို လိုက်လံကန်တော့။ အားလုံးပြီးရင်တော့ မြောက်ပြန်လေအေးအေးအောက်မှာ တစ်ဝိုင်းတစ်ဖွဲ့ကြီး ဝိုင်းအုံစားကြရတာ ပျော်စရာပဲ မဟုတ်လား။

ဗမာတိုင်းရင်းသားတွေရဲ့ရိုးရာအစားအစာ ``ထမနဲ´´ ကို လုပ်စားကြည့်ချင်ရင်တော့ ဆရာ ပြောပြမယ်။ အရင်ဆုံး ကောက်ညင်းကိုဆေးပြီး ဆယ်ထား။ ဆယ်ထားတဲ့ကောက်ညှင်းထဲ ဆားပါတစ်ခါတည်း ရောနယ်ထားပေါ့ကွာ။ ပြီးရင် ဆီဒယ်အိုးတည်ပြီး ကြက်သွန်နီနဲ့ အုန်းသီးဆံ လှီးထည့်ပြီးလို့ နည်းနည်းကြွပ်လာရင် ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းထားတာတွေ ရောကြော်လိုက်ပါ။ အဲဒါတွေပြီးရင်တော့ အစောန ဆယ်ထားတဲ့ကောက်ညှင်းကို ရေနည်းနည်းနဲ့ မနပ်တနပ်အနေအထားထိ တည်ပေးရမယ်။ ရေလည်းခမ်းလာပြီ။ ကောက်ညှင်းလေးကလည်း မနပ်တနပ်အနေအထားရောက်လာရင် အစောနက လုပ်ထားတဲ့ ဆီမွှေးနဲ့ မြေပဲတွေ၊ နှမ်းတွေ လောင်းထည့်ပြီး နှံ့သွားအောင် ယောင်းမနဲ့ ထိုးကြပေရော့။ အမ်မယ် ရပ်၊ရွာပွဲတွေဆိုရင် ပြိုင်ပွဲတွေလုပ်ပြီး အိုးစည်၊ဗုံ၊မောင်းတွေနဲ့ကို အကြီးအကျယ် ညာသံပေး ချကြတာဗျ။ ပြီးတော့ ထမနဲကို ယောင်းမနဲ့ထိုးတဲ့နေရာမှာ အင်နဲ့အားနဲ့ထိုးရတာဗျား။ မထိတထိနဲ့ ထိုးလို့ကတော့ အဲဒီထမနဲ့က ဝက်စာဖြစ်မယ်သာမြင်ထားတော့😁။ ထမနှဲလည်းနပ်လာပြီ။ ဂျင်းနံ့လည်း သင်းလာပြီဆိုရင် မီးဖိုပေါ်က ချလို့ရပါပြီ။ ငှက်ပျောဖက်လေးပေါ် တည်ခင်းပြီး စားလိုက်ရရင် ဖက်စိမ်းနံ့သင်းသင်း၊ ဂျင်းနံ့ကမွှေးမွှေး၊ ​အုန်းဆံကြော်လေးက ပျံ့ပျံ့၊ မြေပဲလေးက ဆိမ့်ဆိမ့်၊ ထမနှဲကထွေးထွေးနဲ့ အရသာကို မင်းတို့ပဲ မြင်ကြည့်တော့မောင်။

ဒီနေ့လို ပွဲတော်အခါသမယမှာ
ထမနဲထိုးစားကြည့်ဖို့ ဆရာ တိုက်တွန်းချင်ပါတယ်။ အိမ်မှာ ထမနဲလုပ်စားဖြစ်ရင်လည်း ပုံလေးတွေ မန့်ခဲ့ကြဦးနော်😍

#တပို့တွဲလပြည့်
#ထမနဲပွဲ
#ကောက်သစ်စားပွဲ
#ဗမာ
#ပညာ့အားမာန်_မိုးသို့ညံ_အမှောင်ပယ်ခွင်း_သပိတ်ကျင်း

မူလတန်း ဆရာအတတ်ပညာသင်တန်း Primary Teachership Course- PTC (ဒုတိယအကြိမ်) ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း 03/02/2023

အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
မူလတန်း ဆရာအတတ်ပညာသင်တန်း
Primary Teachership Course- PTC
(ဒုတိယအကြိမ်) ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း
ဤသင်တန်းသည် စစ်အာဏာရှင် အမြစ်ပြတ်ပျောက်ကွယ်သွားသည်အထိ နည်းအမျိုးမျိုးဖြင့် တော်လှန်ဆန့်ကျင်သော ပြည်သူများအတွက် ပညာရေးအခွင့်အလမ်းမဆုံးရှုံးစေရန်နှင့် ဆရာအင်အား ပြန်လည် ဖြည့်တင်းနိုင်ရန်အတွက် ရည်ရွယ်၍ အမျိူးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန National Unity Government (NUG-MoE) ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော ဆရာအတတ်ပညာ သင်တန်းဖြစ်ပါသည်။ ပထမအကြိမ်အဖြစ် သင်တန်းအပတ်စဉ် (၁) မှ (၇) အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ပါသည်။ ယခု ဒုတိယအကြိမ်တွင် အပတ်စဉ် (၄) ခု ဖွင့်လှစ်မည် ဖြစ်ပြီး၊ အပတ်စဉ်တစ်ခုစီတွင် သင်တန်းသား (၂၅၀) ဦးကိုလက်ခံပို့ချပေးမည်ဖြစ်ပါသည်။ အပတ်စဉ်တစ်ခုစီ၏ သင်တန်းကာလမှာ (၃) လ ဖြစ်ပါသည်။
အပတ်စဉ် (၁) ၆ - ၃ - ၂၀၂၃ မှ ၆ - ၆ - ၂၀၂၃
အပတ်စဉ် (၂) ၁၃ - ၆ - ၂၀၂၃ မှ ၁၃ - ၉ - ၂၀၂၃
အပတ်စဉ် (၃) ၂၀ - ၉ - ၂၀၂၃ မှ ၂၀ - ၁၂- ၂၀၂၃
အပတ်စဉ် (၄) ၂၇ - ၁၂ - ၂၀၂၃ မှ ၂၇ - ၃ - ၂၀၂၄
သင်ကြားသင်ယူမှုအစီအစဉ်မှာ Moodle Learning Platform တွင်သင်ခန်းစာများကို မိမိသင်ယူနိုင်မှု အလိုက် (Self-Paced Learning) လေ့လာသင်ယူရမည်ဖြစ်ပြီး အပြန်အလှန် ဆွေးနွေးမှု (Discussion Sessions) အစီအစဉ်များ ပါဝင်မည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စံနှုန်းပြည့်မီပါက သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ် (Completion Certificate) ပေးအပ်မည်ဖြစ်ပါသည်။
လျှောက်ထားသူသည်
(က) အနိမ့်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
(ခ) စစ်ကောင်စီ ၏ အုပ်ချုပ်မှုယန္တရားတွင်တာဝန်ထမ်းဆောင်နေသူ/ သင်တန်းတက်ရောက်နေသူ (လုံး၀) မဖြစ်စေရ။
(ဂ) သတ်မှတ်ထားသည့်သင်တန်းကို ပြီးဆုံးအောင်တက်ရောက်နိုင်သူဖြစ်ရမည်။
မှတ်ချက် - ကြားကာလပညာသင်ကြားရေးကိုအကောင်အထည်ဖော်နေသော Federal Schools များနှင့် မြေပြင် သင်ကြားရေးကျောင်း(သို့မဟုတ်) တိုင်းရင်းသားဒေသရှိကျောင်းများတွင်စေတနာ့ဝန်ထမ်းဆရာအဖြစ် ဆောင်ရွက်နေသူများအား ဦးစားပေးရွေးချယ်ပါမည်။
** ပညာရေးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များမှ CDM ကျောင်းသား၊ကျောင်းသူများသည် ဤသင်တန်းကို လျှောက်ထားရန်မလိုပါ။
အပတ်စဉ် (၄) ခုစလုံးအတွက် သတ်မှတ်သင်တန်းသားဦးရေပြည့်ပါကစာရင်းသွင်းလက်ခံခြင်း
ပိတ်သိမ်းမည်ဖြစ်ပါသည်။
အပတ်စဉ်အလိုက်တက်ရောက်ခွင့်ရရှိကြောင်း အကြောင်းကြားစာကို (၂၄-၂-၂၀၂၃ မှ ၂၈-၂-၂၀၂၃ ) အတွင်းလျှောက်ထားသူ၏ Email သို့ပေးပို့မည်ဖြစ်ပါသည်။
စာရင်းသွင်းလျှောက်ထားရန် Link >> https://forms.gle/tKMYrQL8HCe215mz9
စုံစမ်းမေးမြန်းလိုပါက [email protected] သို့ Email ပေးပို့၍မေးမြန်းနိုင်ပါသည်။

မူလတန်း ဆရာအတတ်ပညာသင်တန်း Primary Teachership Course- PTC (ဒုတိယအကြိမ်) ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း ယခုသင်တန်းတွင်အပတ်စဉ်(၄)ခုဖွင့်လှစ်မည်ဖြစ်ပြီး၊အပတ်စဉ်တစ်ခုစီတွင်သင်တန်းသား(၂၅၀)ဦးကိုလက်ခံပို့ချပေးမည်.....

Photos from နှင်းဆီလက်ဆောင် - Rose Gift's post 02/02/2023

အို မိုင်ဂေါ့ ချစ်တတ်လိုက်တာပန်းပွင့်တို့ရေ အရမ်းလည်းချစ်တယ်နော် သားတို့သမီးတို့ဘဝတလျှောက်အေးချမ်းပြီးဖက်ဒရယ်ဒီမိုကရေစီအရသာကိုခံစားရပါစေ သားတို့သမီးတို့ လက်ထက် စစ်အာဏာရှင်စနစ်မရှိစေရအောင်ဆုံးမ လမ်းညွှန်ခွင့်ရလို့ Tbkfsကadmin teams အဖွဲ့ကကျေးဇူးအများကြီးတင်ရှိပါတယ်😍😍😍😍😍

02/02/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၃/၂၀၂၃)
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် )
၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ပထမအကြိမ် စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလအထိ ပထမအကြိမ်နှင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအထိ ဒုတိယအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်နှင့်အညီ
၁။ အွန်လိုင်း (Online) ဖြင့် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှ စတင် ဖြေဆိုနိုင်ပြီဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ပထမအကြိမ်ဖြေဆိုခြင်း ပြီးစီးမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
၂။ မြေပြင် (On-ground) တွင် ဖြေဆိုရန် လျှောက်ထားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ သည် မိမိတို့ သက်ဆိုင်ရာ မြို့နယ်၊ စာဖြေဌာနများ၏ သတ်မှတ်ရက်တွင် စတင်ဖြေဆိုနိုင်ပြီ ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ဒေါက်တာဇော်ဝေစိုး
ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

https://www.facebook.com/109386154653912/posts/514226477503209/?mibextid=Nif5oz

Photos from Pann Sine-ပန်းဆိုင်'s post 01/02/2023

အမှတ်တရတွေအမြဲဖန်တီးပေးသောသူများကို မင်မင်တို့လည်းချစ်ခင်လေးစားတန်ဖိုးထားပါ တယ်😘😘😘😘😍😍

Photos from Thabeikkyin Federal School's post 01/02/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
ကြေညာချက်အမှတ် (၃/၂၀၂၃)
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်

အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှု ကို (၂)နှစ်တိတိ ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ ခိုင်မာသော စိတ်ဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်းများနှင့် နိုင်ငံ့သူရဲကောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရား သဖြင့် အဓမ္မသိမ်းယူခဲ့စဉ်မှ စတင်ပြီး ယနေ့ထက်တိုင် အမှန်တရားနှင့်ဓမ္မဘက်မှရပ်တည်၍ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာသော နိုင်ငံချစ်၊ ပြည်သူချစ် စိတ်ဓာတ်ဖြင့် တော်လှန်ရေး၏ ထောက်တိုင်တစ်ခု ဖြစ်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုများဖြင့် တော်လှန်ရေးတွင် ပါဝင်လျက် ရှိသော ပြည်သူ့သူရဲကောင်း၊ နိုင်ငံ့သူရဲကောင်း CDM ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းများကို အောက်ပါအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

၁။ ပြည်သူ့သူရဲကောင်း CDM များ အားလုံးကို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မည်ဖြစ်သည်။

၂။ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ၏ အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းခြင်းနေ့ရက် မတိုင်ခင် အချိန်ထိ ထမ်းဆောင်ခဲ့သော ရာထူးတာဝန်များမှနေ၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမည် ဖြစ်သည်။ အဆိုပါ ရာထူးတိုးမြှင့်ခြင်းအမိန့်သည် ယခု ကြေညာချက် ထုတ်ပြန်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။

၃။ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်) ကို ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ် မှစတင်ကာ အမြဲတမ်းဝန်ထမ်းများ အဖြစ် အတည်ပြုခန့်ထားလိုက်သည်။

၄။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှ စတင်၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်း မရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများ အားလုံးကို တော်လှန်ရေး အလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ

The Republic of the Union of Myanmar
National Unity Government
Statement (3/2023)
http://nugmyanmar.org
1 February 2023

Statement of commendations and acclamations to be made to the Peoples and the Nations heroes who have steadfastly and resolutely taken part in Civil Disobedience Movement for two years

To commend and laud all the heroes of the People and the Nation, who have resolutely and steadfastly taken part in Civil Disobedience Movement and stood on the side of justice and righteousness with nationalistic fervour against the illegal putsch on 1st February 2021, the following events will take place.

1. All the Peoples heroes who participated in the Civil Disobedience Movement will be awarded National Badges of Honour in the post-revolutionary period.

2. All the Civil Servants who participated in the Civil Disobedience Movement will be promoted to the next higher grade from the posts held just prior to the day of the coup detat. This directive is to take effect from 1st February 2023.

3. All those Civil Servants who participated in the Civil Disobedience Movement and were on part-time contracts or daily wage contract will be all given permanent full time contracts, effective from 1st February 2023.

4. All those Civil Servants who participated in the Civil Disobedience Movement and were denied access to their rightful income and bonuses from the time of the coup by the terrorist military group will be reimbursed fully in lump sums during the post-revolutionary era.

National Unity Government

01/02/2023

ကဲကဲ အညောင်းအညာလေးဆန့်ပြီး အစားအကောင်းလေးတွေနဲ့ ကိုယ့်ကိုယ်ကို ဆုချလိုက်ကြပါဦး😍

01/02/2023

Magnolia ကဥယျာဥ်မှူး Trနှင့် သားငယ်သမီးငယ်များကိုလေးစားဂုဏ်ယူပါတယ် ​
အောင်ပန်းဝေသီပြည်တော်ဝင်မည်

01/02/2023

တစ်တန်းလုံးအိပ်😴
တစ်ကျောင်းလုံးအိပ်😴
တစ်မြို့နယ်လုံးအိ်ပ်😴
တစ်နိုင်ငံလုံးအိပ်😴
အိပ်ရေးဝဖို့ အရေးကြီးတယ်နော်🥰

Photos from Thabeikkyin Federal School's post 31/01/2023

ပညာသင်နှစ်ပြီးမြောက်ခြင်း အထိမ်းအမှတ်
နွေဦးပန်းကလေးများနှင့် နွေဦးရဲ့ဥယျာဥ်မှူးများ💙

ချစ်တယ်နော် ကလေးတို့🥰

31/01/2023

ပျော်ပါစေ ကျောင်းသွားဖော် သူငယ်ချင်းများ💙🧡💜🤍💚💛❤️

အကြောင်းအမျိုးမျိုးကြောင့် အပတ်စဥ် ၁ အပြီး ကျောင်းက ထွက်ခွာသွားကြရတဲ့ သူငယ်ချင်းများကို နှုတ်ဆက်ပါတယ်..... ဘဝလမ်းခရီး သာယာဖြောင့်ဖြူးကြပါစေခမျာ💐

တော်လှန်ရေးကြီးပြီးသွားရင် သပိတ်ကျင်းမြို့နယ်လေးကို လာလည်ကြဦးနော်🌼🌸🌺🥀🌻🌹🌷✨🌟

Videos (show all)

သူတို့ဆရာ: မြန်မာစာproject တွေ မနက်ဖြန် စာတမ်းဖတ်ဖို့ ရှိတယ်နော်...Students:#Crd#Sakar#TBKFS#thabekkyin_federal_school
Reading Explorer Foundation class📖  Batch -1 Title -A Mysterious Visitor Presented by LV 9017/LV 9030
ပန်းစံကားရဲ့ စာတမ်း
`` အားနာတယ် ဗိုလ်ချုပ် ´´3GS- 3056 ( တစ်နှစ်ထက်တစ်နှစ် ငသွက်လေးတွေ ဖြစ်လာကြတယ်ကွာ ကလေးလေးတွေက။ အခုလည်း ရိုးသားကြိုးစား ဆ...
တောက်မည့်မီးခဲ တရဲရဲ🔥( သပိတ်ကျင်းဖက်ဒရယ်ကျောင်း ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အခမ်းအနားမှ ကောက်နှုတ်ချက် )#Allium#ပညာ့အားမ...
Magnolia ကဥယျာဥ်မှူး Trနှင့် သားငယ်သမီးငယ်များကိုလေးစားဂုဏ်ယူပါတယ် ​အောင်ပန်းဝေသီပြည်တော်ဝင်မည် #tbkfs
ပျော်ပါစေ ကျောင်းသွားဖော် သူငယ်ချင်းများ💙🧡💜🤍💚💛❤️အကြောင်းအမျိုးမျိုးကြောင့် အပတ်စဥ် ၁ အပြီး ကျောင်းက ထွက်ခွာသွားကြရတဲ့ သူ...
မြို့ပြနဲ့ကျေးလက်ကွာဟခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ🤔group A ရဲ့ မတူညီတဲ့ရှုထောင့်က တင်ပြချက်လေးတွေကိုလည်း ရှုမြင်ခံစားကြည်...
မင်္ဂလာပါဗျ🙏Grade - 3 လူမှုရေးဘာသာမှာ သင်ကြားခဲ့ရတဲ့ညောင်တုန်းမြို့နဲ့ ဇီးဖြူကျွန်ကျေးရွာနဲ့ပါတ်သက်ပီး သားတို့ပါတ်ဝန်းကျ...
🌲☃️💒Merry Christmas!💝🔔☃️🌲🎁🎊အရှေ့ပြည်၌မြင်ရသောကြယ်သည် သူတို့ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်ပေါ်သို့ရောက်၍ တည်လျက်နေ၏။ ...
ပထမတန်း လူမှုရေးဘာသာရပ် အခန်း (၃) ကျွန်ုပ်တို့ စားသုံးသော အစားစာများအိမ်စာပြုလုပ်ခြင်းG1A 18လက်ဖက်သုပ်ပြုလုပ်ခြင်း#Thabe...
မင်္ဂလာပါရှင်။ သမီးက Magnolia တတိုင်းမွှေးပန်းကလေးအတန်းမှ M- 5008 ဖြစ်ပါတယ်။ သမီးအကြိုက်ဆုံးအစားအစာတွေထဲက တစ်ခုကတော့ ` အ...

Website