Enews

Enews

This is for all...!!!

11/02/2021

စစ်အာဏာလုဓားပြ အဖွဲ့၏ ဥပဒေမဲ့ ဖမ်းဆီးခံထားရသူများစာရင်း 😡😡😡😡😡

၁။ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံ)
၂။ ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ)
၃။ ဦးဟင်နရီဗန်ထီးယူ (ဒု-သမ္မတ ၂)
၄။ ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)
၅။ မန်းဝင်းခိုင်သန်း (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ)
၆။ ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ၊ NLD ဗဟိုအလုပ်အမှုဆောင်)
၇။ ဦးအေးသာအောင် (အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ)
၈။ ဦးလှသိန်း (ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ)
၉။ ဦးသန်းမြင့် (စီးပွားကူးသန်းဝန်ကြီး)
၁၀။ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)
၁၁။ ဒေါက်တာအောင်သူ (လယ်/ဆယ်ဝန်ကြီး)
၁၂။ ဒေါက်တာဝင်းမြတ်အေး (လူ/ကယ်/ပြန်ဝန်ကြီး)
၁၃။ ဦးသန့်စင်မောင် (ပို့ဆက်ဝန်ကြီး)
၁၄။ ဒေါက်တာ မျိုးသိမ်းကြီး (ပညာရေးဝန်ကြီး)
၁၅။ ဦးဖေမြင့် ( ပြန်ကြားရေးဝန်ကြီး)
၁၆။ ဒေါက်တာ မျိုးအောင် (နေပြည်တော်ကောင်စီဥက္ကဋ္ဌ)
၁၇။ ဒေါက်တာ ဇော်မြင့်မောင် (မန္တလေးတိုင်းဝန်ကြီးချုပ်)
၁၈။ ဒေါက်တာ အောင်မိုးညို (မကွေးတိုင်းဝန်ကြီးချုပ်)
၁၉။ ဒေါက်တာ မြင့်နိုင် (စစ်ကိုင်းတိုင်းဝန်ကြီးချုပ်)
၂၀။ ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဝန်ကြီးချုပ်)
၂၁။ ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်ဝန်ကြီးချုပ်)
၂၂။ ဒေါက်တာ အေးဇံ (မွန်ပြည်နယ်ဝန်ကြီးချုပ်)
၂၃။ ဦးဝင်းသိန်း (ပဲခူးတိုင်းဝန်ကြီးချုပ်)
၂၄။ ဒေါက်တာ ခက်အောင် (ကချင်ပြည်နယ်ဝန်ကြီးချုပ်)
၂၅။ ဦးဘော့စ်ကို (ကယားပြည်နယ် ဝန်ကြီးချုပ်)
၂၆။ ဒေါက်တာ လင်းထွဋ် (ရှမ်းပြည်နယ်ဝန်ကြီးချုပ်)
၂၇။ ဦးညီပု (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)
၂၈။ ဆလိုင်းလျန်လွယ် (ချင်းပြည်နယ်ဝန်ကြီးချုပ်)
၂၉။ ဦးလှမိုးအောင် (ဧရာဝတီတိုင်းဝန်ကြီးချုပ်)
၃၀။ ဦးမြင့်မောင် (တနင်္သာရီတိုင်းဝန်ကြီးချုပ်)
၃၁။ ဦးတင်မောင်ထွန်း (ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ)
၃၂။ ဦးလင်းနိုင်မြင့် (ရန်ကုန်တိုင်းလွှတ်တော် ဒု-ဥက္ကဋ္ဌ)
၃၃။ ဦးရဲမင်းဦး (ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး)
၃၄။ ဒေါ်နီလာကျော် (ရန်ကုန်တိုင်း ဆောက်လုပ်ရေးဝန်ကြီး)
၃၅။ နော်ပန်းသဉ္ဇာမျိုး (ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး)
၃၆။ ဦးနိုင်ငံလင်း (ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး)
၃၇။ ဒေါ်မိုးမိုးစုကြည် (ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
၃၈။ ဦးသန်းဝင်း (ပဲခူးတိုင်း စက်မှု/လျှပ်စစ်/လမ်းပန်းဝန်ကြီး)
၃၉။ ဦးညွန့်ရွှေ (ပဲခူးတိုင်း စီမံဘဏ္ဍာဝန်ကြီး)
၄၀။ ဒေါက်တာစောညိုဝင်း (ပဲခူးတိုင်း သယံဇာတ/ပတ်ဝန်းကျင်ဝန်ကြီး)
၄၁။ ဦးထွန်းထွန်းဦး (ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
၄၂။ နော်ပွယ်ဆေး (ပဲခူးတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)
၄၃။ ဒေါ်ရီရီချို (တနင်္သာရီတိုင်း စီမံဘဏ္ဍာဝန်ကြီး)
၄၄။ ဦးစိုးညွန့်လွင် (ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး)
၄၅။ စိုင်းသျှံတစ်လုံ (ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး)
၄၆။ ဦးဝေလင်း (ကချင်ပြည်နယ်အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး)
၄၇။ ဦးအာတီယောဟန် (လီဆူတိုင်းရင်းသားရေးရာဝန်ကြီး)
၄၈။ ဦးဒါရှီလဆိုင်း (ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီး)
၄၉။ ဦးဝင်းညွန့် (ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး)
၅၀။ ဦးနော်လီ (ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး)
၅၁။ ဦးနေဝင်း (ကချင်ပြည်နယ် လူမှုရေးဝန်ကြီး)
၅၂။ ဦးကျော်ကျော်ဝင်း (ကချင်ပြည်နယ် လယ်/ဆည်ဝန်ကြီး)
၅၃။ ဦးဇော်ဝင်း (ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
၅၄။ ဦးမော် (ကယားပြည်နယ်၊ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီး)
၅၅။ ဦးဇိုဘွဲ့ (ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ)
၅၆။ ဦးစိုးထက် (ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး)
၅၇။ ဒေါက်တာထိန်လင်း (မွန်ပြည်နယ် လူမှုရေးဝန်ကြီး)
၅၈။ ဦးရွှေမြင့် (မွန်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး)
၅၉။ ဒေါက်တာမင်းကြည်ဝင်း (မွန်ပြည်နယ် သယံဇာတ/ပတ်ဝန်းကျင်ဝန်ကြီး)
၆၀။ ဦးချမ်းသာ (ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး)
၆၁။ ဦးအောင်ကျော်ဇံ (ရခိုင်ပြည်နယ် လျှပ်စစ်စက်မှုဝန်ကြီး)
၆၂။ ဦးကျော်အေးသိန်း (ရခိုင်ပြည်နယ် ဘဏ္ဍာအခွန်ဝန်ကြီး)
၆၃။ ဦးကျော်လွင် (ရခိုင်ပြည်နယ် စိုက်ပျိုးမွေးမြူ/သစ်တောသတ္တုတွင်းဝန်ကြီး)
၆၄။ ဦးပုန်ဘွေ (ရခိုင်ပြည်နယ် ချင်းရေးရာဝန်ကြီး)
၆၅။ ဦးဝင်းဌေး (ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင်/လမ်းပန်းစက်မှုဝန်ကြီး)
၆၆။ ဦးဌေးဝင်း (ဧရာဝတီတိုင်း စီမံဘဏ္ဍာဝန်ကြီး)
၆၇။ ဦးတင်အောင်ဝင်း (ဧရာဝတီတိုင်း စိုက်ပျိုးမွေးမြူဝန်ကြီး)
၆၈။ ဦးကျော်မြင့် (ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး)
၆၉။ ဒေါက်တာလှမြတ်သွေး (ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး)
၇၀။ ဒေါက်တာစိုးဝင်း (ဧရာဝတီတိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
၇၁။ ဂါ့မိုးမြတ်မြတ်သူ (ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)
၇၂။ ဦးဘိုဘိုငယ် (ဗဟိုဘဏ် ဒု-ဉက္ကဋ္ဌ)
၇၃။ ဦးဝင်းထိန် (NLD နာယက)
၇၄။ ဦးဉာဏ်ဝင်း (NLD ဗဟိုအလုပ်အမှုဆောင်)
၇၅။ ဦးဟံသာမြင့် (NLD ဗဟိုအလုပ်အမှုဆောင်)
၇၆။ ဒေါက်တာ မျိုးညွန့် (NLD ဗဟိုအလုပ်အမှုဆောင်)
၇၇။ ဦးသိန်းဦး ( NLD ဗဟိုအလုပ်အမှုဆောင်)
၇၈။ မုံရွာအောင်ရှင် (NLD ပြန်ကြားရေးအဖွဲ့ဝင်)
၇၉။ ဒေါက်တာ တင်မျိုးဝင်း (NLD)
၈၀။ ဦးသောဘိတ (အလင်္ကာကြယ်)
၈၁။ အရှင်ပညာသီဟ (ရွှေညဝါဆရာတော်)
၈၂။ ဦးအရိယာဝံသာဘိဝံသ (မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်)
၈၃။ ကိုမြအေး (၈၈ မျိုးဆက်)
၈၄။ မင်းသွေးသစ် ( ဗကသများအဖွဲ့ချုပ်အမှုဆောင်ဟောင်း)
၈၅။ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)
၈၆။ မောင်သာချို (စာရေးဆရာ)
၈၇။ သရဝဏ်-ပြည် (စာ‌ရေးဆရာ)
၈၈။ ဦးဘုန်း (ဓာတု) (စာရေးဆရာ)
၈၉။ မင်းထင်ကိုကိုကြီး (ဒါရိုက်တာ)
၉၀။ စောဖိုးခွား (အဆိုတော်)
၉၁။ မောင်မောင်အေး (NLD ပံ့ပိုးထောက်ခံသူ)
၉၂။ ဦးထင်လင်းဦး (စာရေးဆရာ)
၉၃။ ဦးဇော်လွင် (မြစ်ကြီးနားမြို့နယ် NLD)
၉၄။ ဦးသောင်းဌေး (ကယားပြည်နယ် NLD ဥက္ကဋ္ဌ)
၉၅။ ဦးစိုင်းယု (ကယား)
၉၆။ ဦးဒိန်ခန်ဖုန် (ကချင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ)
၉၇။ ဦးမြသိန်း (ကချင်ပြည်နယ် NLD ဥက္ကဋ္ဌ)
၉၈။ ဦးမျိုးကျော် (မိုးညှင်း ပြည်နယ် - ၂)
၉၉။ ဦးကြည် (မိုးညှင်းမြို့နယ် NLD ဒုဥက္ကဋ္ဌ)
၁၀၀။ ဦးဝင်းဇော် (မိုးညှင်း အမျိုးသားဟောင်း)
၁၀၁။ ဦးလှဆောင် (မိုးညှင်းခရိုင် NLD အဖွဲ့ဝင်)
၁၀၂။ ဦးတင်အောင် (မိုးညှင်းခရိုင် NLD အတွင်းရေးမှူး)
၁၀၃။ ဦးခင်မောင်ထွန်း (မိုးညှင်းမြို့နယ်)

သက်ဇော် - ytu@sg

11/02/2021

ဒေါက်တိုင်တွေထွက်ပေါ်လာပြီ။
(ယံယံခေါက်ဆွဲ၊နဂါးပျံ လဖက်ခြောက်၊မြမေတ္တာမွန် ဆီဆိုင်)
(မြန်မာ့သြဘာ၊ရွှေသံလွင်ဆောက်လုပ်ရေး၊)

နိုင်ငံတော်ပုန်ကန်သူ မင်းအောင်လှိုင် ခေါ်ယူတဲ့
UMFCCI အစည်းအဝေးမှာ
ကျွန်တော်တို့ အမျိုးတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ လုပ်ငန်း အချို့ကို တွေ့ရှိရပါတယ်
UMFCCI မှ
ဒု-ဥက္ကဌ ဦးဝေဖြိုး
(ရသာချို ကုမ္မဏီလိမိတက် ယံယံခေါက်ဆွဲ)
အထွေထွေ အတွင်းရေးမှုချုပ် ဦးအေးဝင်း
(သူရိယဝင်း ကုမ္မဏီ နဂါးပျံ လဖက်ခြောက်)
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်း ဥက္ကဌ
ဒေါက်တာဝင်းမြင့်
(မြမေတ္တာမွန် ဆီဆိုင်)
မြန်မာနိုင်ငံ မြေသြဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသတိုးဟိန်း
(မြန်မာ့သြဘာ လုပ်ငန်းစု)
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း
ဥက္ကဌ ဦးကျော်ဝင်း
(ရွှေသံလွင် လုပ်ငန်းအုပ်စု SKY NET)
အထက်ပါ ပုဂ္ဂိုလ်တွေရဲ့ လုပ်ငန်းများဟာ
နိုင်ငံတော်ပုန်ကန်သူ မင်းအောင်လှိုင်၏
ဒေါက်တိုင်များအဖြစ်ယ
ဝင်ရောက် ပူးပေါင်းလျက်ရှိပါသည်
၎င်းလုပ်ငန်းစုများ၏ ထုတ်ကုန်များကို
ဝယ်ယူစားသုံးခြင်း
ပြန်လည်ဖြန့်ဖြူးခြင်းများအား
မပြုလုပ်ကြပါရန်
လေးစားစွာ ပန်ကြားအပ်ပါသည်

11/02/2021

၉.၂.၂၀၂၁ ည
သူများရုံးဝင်ဖောက်တာ
ခုတော့ နိုင်ငံတကာက သိသွားပြီပေါ့.

အဲ့ဒါကြောင့် အမေစုက ပြောတာပေါ့ ဘာရမလဲ သာဝရယ်တဲ့ 😁😁😁

Up News
၁၀.၂.၂၀၂၁ ည ၇:၂၀
ဂျပန်သတင်းဌာန NHK မှာ
အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်
ရုံးချူပ်ဖောက်ခံရတဲ့ ဗီဒီယိုပြသွားပါတယ်
ဗီဒီယိုထဲမှာ အပေါက်ဝသံပန်းတံခါးကိုသော့ဖျက်ပီး အုပ်စုလိုက်ဝင်လာတဲ့လူတွေက ရုံးချူပ်ထဲမှာရှိတဲ့ CCTV ကို record မကျန်အောင် မမြင်ရတဲ့ဘက်ကိုလှည့်လိုက်ပီး စာရွက်စာတမ်းထည့်ထားတဲ့ ဗီဒိုများ ရိုက်ချိူးဖျက်ဆီးပြီး ဖွင့်ထားတာတွေပြသွားပါတယ်

သတင်းထဲမှာတော့ အဲ့ဒီလူတွေဟာ အရေးပါတဲ့ စာရွက်စာတမ်းတွေကိုသိမ်းဆည်းယူဆောင်သွားတယ်လို့ ပြောကြားထားပါတယ် (ခရက်ဒစ်ပေးစရာမလိုပဲ လွပ်လပ်စွာရှယ်နိုင်ပါတယ်ရှင့်)
NHK news at 19:20
s photo
Ohh btw 😁 i m so happy about this news

မရှက်ဘူးလားလို့ မမေးတော့ဘူး၊ ခိုးတာကလွဲလို့ ဘာမှမလုပ်တတ်သူတွေ

11/02/2021
11/02/2021

တရုတ် ရေနံပိုက်လိုင်း ရုံးချုပ်ကို အလင်းပြမယ်။

မန္တလေး၊ အမြန်လမ်းမပေါ်၊ တောင်သမန်သစ္စာ စီမံကိန်း လမ်းခွဲအကျော်၊ ရန်ကုန်မှ မန်းလေးအဝင်ဘက်အခြမ်း၊ အမြန်လမ်းမဘေးမှာ တည်ရှိပါတယ်။

ဆိုင်းပုဒ်အကြီးစား တပ်ထားပါတယ်။

Credit ပေးစရာမလို၊ ပြန်ကူးတင်ပါ။

11/02/2021

တရုပ်မှ လေယာဉ်အမြောက်အများဖြင့်
ပင်လယ်စာဟု ကမ္ဘာကိုလိမ်ညာကာပို့ဆောင်ပေးနေသော
မြန်မာပြည်ရောက် ပစ္စည်းများ။

Photo

11/02/2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဝန်ထမ်းတွေရဲ့ ဒုက္ခကိုသိအောင် ဝိုင်း Copyတင်ပေးကြပါ

ကျွန်မအမေက ဗဟိုဘဏ်ဝန်ထမ်းပါ ဗဟိုဘဏ်ကချပေးထားတဲ့ဝန်ထမ်းအိမ်ယာမှာနေပါတယ် သူ့မှာ ကလေး၃ယောက်နဲ့မို့ နေစရာအိမ်မရှိလို့သားသမီးမျက်နှာကြည့်ပီး CDMလုပ်ချင်ပေမယ့် မလုပ်ရပဲ ငြိမ်ခံနေရပါတယ် ဗဟိုဘဏ်က စစ်တပ်လူကြီးတွေအများစု အုပ်စိုးတဲ့နေရာပါ တစ်ခြားဘဏ်တွေနဲ့ လုံးဝမတူပါဘူး ဖိအားအရမ်းများပါတယ် ဗဟိုဘဏ် စီမံဌာန မှာနေတဲ့ ဗိုလ်ကြီး ဟိန်းထွန်းဆွေက ဝန်ထမ်းတွေ CDM လုပ်ရင် ဖိနပ်နဲ့ရိုက်မယ် ပါးရိုက်မယ် ထောင်ချမယ် လိုင်းခန်းကနေ ချက်ချင်း ဆင်းရမယ်ဆိုပြီးခြိမ်းခြောက်နေပါတယ် ဗဟိုဘဏ် ဝန်ထမ်းအိမ်ယာက ထွက်ရင် ရပ်ကွက်တစ်ခုကို ဖြတ်ပီးမှ ကားလမ်းမကိုရောက်ပါတယ် ဝန်ထမ်းတွေအလုပ်သွားရင် အဲ့ရပ်ကွက်က လူတွေက စောက်ရှက်မရှိတဲ့မျက်နှာတွေအလုပ်သွားကြဦးမယ် စောက်ကြောက် အဘ ဘောမတွေ ဆို ပြီးပြောကြပါတယ် ဗဟိုဘဏ် ရုံးရှေ့မှာလည်း ဆန္ဒပြတဲ့လူတွေ ရောက်နေတဲ့အတွက် ဗဟိုဘဏ်က ဗိုလ်ကြီး သန့်စင်ဆိုတဲ့လူက အောက်ဖော်ပြပါ ပုံကို ကိုင်ပြီး လမ်းကိုသွားခိုင်းပါတယ် ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ရန်တိုက်ပေးနေတာပါ ဝန်ထမ်းတွေအဲ့စာကို ကိုင်ရင် ခွေးဘဝလုံးလုံးရောက်မှာပါ ဗဟိုဘဏ်ဝန်ထမ်းအများစုက အလုပ်မသွားချင်ကြပါဘူး ထောင်ချမယ် အခန်းကနှင်ချမယ် ပါးရိုက်နားရိုက်မယ် ခြိမ်းခြောက်ထားလို့ ကြောက်ပီးသွားနေကြရတာပါ မနက်ဖြန်ကစပြီးကျွန်မအမေလည်း CDMမှာပါဝင်ပါတော့မယ် လိုင်းခန်းက နှင်ချခံရရင် ပြည်သူတွေဘက်ကအသင့်ရှိနေပေးဖို့အကူညီတောင်းပါတယ်ရှင် 😔ဗဟိုဘဏ်က ဝန်ထမ်းတွေကို ဝိုင်းဝန်းရံပေးကြပါ ဒါဆို CDMမှာ လိုက်ပီးပါလာမယ့်သူတွေအများကြီးပါ

ကျေးဇူးပြုပြီး copyယူတင်ပေးကြပါနော်
Crd

11/02/2021

“ပြည်ပရောက် အင်ဂျင်နီယာများက ပြည်သူ့ဝန်ထန်းအယောက်၂၅၀ ကို တစ်လ ၂ သိန်းနှုန်းနဲ့ သိန်း ၅၀၀
စတင်ပြီး ထောက်ပံ့ပါမယ်”
အင်ဂျင်နီယာညီအကိုတွေ လာပြီဟေ့💪💪💪
ကျနော်တို့ပြည်တွင်းပြည်ပရောက်
မြန်မာအင်ဂျင်နီယာများ ဉီးဆောင်ပြီး
Financial Supporter ရှာတာ ဒီနေ့အထိ
အင်အား ၅၀၀ ခန့်ရထားပါပြီ...
Internet ရတုန်းလေး..
အကြမ်းဖျင်းပြောပြလို့ရတာက..
ငွေအင်အား February လအတွက်
Survey အရ သိန်း ၅၀၀ ခန့်ရှိပါမယ်...
ပြည်သူ့ဝန်ထန်းအယောက်၂၅၀ ခန့်ကို
တစ်လ ၂ သိန်းနှုန်းနဲ့ သိန်း ၅၀၀...
စတင်ထောက်ပံ့ချင်ပါတယ်...
မနက်ဖြန် CD စနိုင်ဖို့... ညတွင်းချင်း ပြည်သူ့ဝန်ထမ်း ၁၀၀ ကိုဖုန်းစဆက်ရပါမယ်... 6BE ကျောင်းသား
အယောက် ၂၀ က ဖုန်းဆက်ဖို့လုပ်အားကူပါမယ်...
CD လုပ်မယ့် ပြည်သူ့ဝန်ထမ်းများ
အောက်ပါလိပ်စာကို ဆက်သွယ်လို့ရပါတယ်..
[email protected]
09781274460 viber

#ပြည်သူ့သပိတ်အောင်ရပါမည်
🇲🇲🇲🇲🇲🇲

11/02/2021

CDM ကိုဘာကြောင့် ကြောက်သလဲ
---------------------------------
မတရားတဲ့ အမိန့်တွေ ဥပဒေတွေကို လိုက်နာစရာမလိုဘူး။ မတရားတာကို မလိုက်နာတာ လူသားတိုင်းရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ခုပဲလို့ ပြောသွားသူကတော့ မာတင်လူသာကင်းဖြစ်ပါတယ်။

“One has a moral responsibility to disobey unjust laws.”

― Martin Luther King Jr.

မတရားတဲ့ အမိန့်မှန်သမျှ အာဏာဖီဆန်တာဟာ ဒီမိုကရေစီလမ်းကြောင်းကနေ ရှောင်ဖယ်တာမဟုတ်ဘူး။ ကျွန်တော်တို့ခေါင်းပေါ်ကို နင်းတော့မယ့် စစ်ဖိနပ်တွေကို တာဝန်အရ မနင်းနိုင်အောင် တားဆီးဖယ်ရှားဖို့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ကာ လမ်းပေါ်ထွက်ကြတယ်။ အသွင်အမျိုးမျိုး ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ကြတယ်။ ဒါက လုပ်နည်းတစ်ခုပဲ။ လိုအပ်တာမှန်ပေမယ့် တိုက်ပွဲကြီးကို လုံးဝ ရပ်တန့်သွားအောင် မလုပ်နိုင်ပါဘူး။

တစ်ခု စဉ်းစားကြည့်ပါ

စစ်ပွဲကြီးတစ်ခုမှာ စစ်သားမရှိရင် ဘာဖြစ်သွားမလဲဆိုတာ

ဒီလိုပါပဲ အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတဲ့ ယန္တရားကြီးတစ်ခုမှာ အဲဒီ ယန္တရားကြီးကို လည်ပတ်စေနိုင်တဲ့ ဝန်ထမ်းတွေ မရှိရင်ရော ဘာဖြစ်သွားမလဲဆိုတာ။

စစ်သားက စစ်တိုက်ဖို့ ငြင်းလိုက်ရင် စစ်ပွဲမဖြစ်တော့ဘူး

ဝန်ထမ်းက အာဏာရှင်လက်အောက်မှာ မလုပ်နိုင်ဘူးလို့ ငြင်းလိုက်ရင် အာဏာရှင် ယန္တရား ထိုးရပ်သွားမှာပဲ။

ဒီအတိုင်းပါပဲ ပြည်သူကလည်း မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဆိုရင် သွေးပျက်ပြီ။

ဒီအချိန်မှာ ယန္တရားကို အတင်းလည်ပတ်ဖို့ ကြိုးပမ်းချင်တဲ့ အာဏာရှင်တွေဟာ ရတဲ့ ချိုကျိုး နားရွက်ပဲ့တွေနဲ့ ယန္တရားကို လည်ပတ်နိုင်အောင် ကြိုးပမ်းတတ်ပါတယ်။ အစုတ်အပြတ်တွေနဲ့ လည်ပတ်လည်း အဲဒီ ယန္တရား ကြီးဟာ ကောင်းမွန်တဲ့ ယန္တရားကြီး တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ အစုတ်အပြတ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ အဲဒီလည်ပတ်မှုဟာ စုတ်ပြတ်သော ရလဒ်တွေသာ ရတတ်ပါတယ်။

သောရိုးက ပြောပါတယ်

“သဘာဝအတိုင်း မစိုက်နိုင်တဲ့ အပင်ဟာ သေမှာပဲ။ လူတွေမှာလည်း ဒီအတိုင်းပဲ” တဲ့

ပြည်သူတွေမှာ ပြည်သူတွေရဲ့ သဘာဝနဲ့ ရှင်သန်တဲ့ အုပ်ချုပ်ရေးလိုပါတယ်။ စစ်အုပ်ချုပ်ရေးမဟုတ်ပါဘူး။ အာဏာရှင် အုပ်ချုပ်ရေး မဟုတ်ပါဘူး။ အာဏာရှင် ယန္တရား မဟုတ်ပါဘူး။

မတရားတဲ့ အမိန့်မှန်သမျှဟာ သူ့ပင်ကိုယ်ထုတ်ပြန်ချက်မှာကိုက မတရားမှုတွေ ပါနေတဲ့အတွက် မလိုက် နာရင် ဖမ်းမယ်၊ ဆီးမယ်၊ အပြစ်ပေးမယ်ဆိုတာတွေ ကပ်ပါလာရပါတယ်။

မတရားမှုကို အကြမ်းဖက်မှုနဲ့ တုန့်ပြန်လိုက်လို့ တရားမျှတမှုဆိုတာ ဖြစ်မလားနိုင်ပါဘူး။

လက်နက်ကိုင်ထားတဲ့ အကြမ်းဖက်လာမှုကို လက်နက်မပါတဲ့သူတွေက အကြမ်းပြန်ဖက်လို့ အောင်ပွဲမရနိုင် ပါဘူး။

အကြမ်းမဖက်တဲ့နည်းတွေကို ရှာဖွေပြီးတော့ စစ်အာဏာရှင်စနစ်ကြီးတစ်ခုလုံး ရပ်ဆိုင်းသွားအောင် တန်ပြန်နိုင်ခြင်းကသာလျှင် အောင်ပွဲနဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ်။

CDM ဆိုတာ စစ်အာဏာရှင်တွေအကြောက်ဆုံး ပြည်သူတွေရဲ့ အကောင်းဆုံး တုံ့ပြန်တဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။

(ဗဟုသုတအဖြစ် ဖော်ပြခြင်းဖြစ်ပါသည်)

တင်ညွန့်

၁၁.၂.၂၀၂၁

11/02/2021

📛CDMလုပ်​နေတဲ့ ဝန်ထမ်းကို တပ်က ခဏလိုက်ခဲ့ပါ လာ​ခေါ်ရင်...
ဟို​နေ့က ပညာ​ရေးဝန်ထမ်း ဆရာမကြီးကို တပ်ကခဏလိုက်ခဲ့ဖို့လာခေါ်​နေတာ ဆရာမကြီးက အိမ်မှာ ဗီဒီယိုရိုက်ထားလို့ကြည့်ရပါတယ်။ အဲ့လို လာ​ခေါ်ရင်....
☑️ ဗီဒီယိုရိုက်ပါ။ တခါတည်း လိုက်ဖ်လွှင့်ထား​ကြောင်း​ပြောပါ။
☑️ မေးခွန်းတခုထဲ​မေးပါ။
"ဗိုလ်မှူးတို့က လိုက်ခဲ့ပါလို့ ခေါ်တိုင်းလိုက်ရ​အောင် ၂၀၀၈ ဖွဲ့စည်းပုံ ​ခြေဥက ပျက်သွားပြီလား ဖြေပါ ဗိုလ်မှူး။ ဗိုလ်မှူးဘက်က ဟုတ်ကဲ့ ကျွန်​တော်တို့ အာဏာရယူပြီးကတည်းက ဖွဲ့စည်းပုံပျက်ပါပြီ အခုစစ်အုပ်ချုပ်​ရေးပါလို့​သာပြောပါ။ ကျွန်မ လိုက်ခဲ့ပါမယ်။ အခုလိုက်ဖ်လွှင့်ထားတာပါလို့။
အဲ...မပျက်​သေးပါဘူး ကျ​နော်တို့က ၂၀၀၈အ​ခြေခံ ဥပ​ဒေ အရလုပ်​နေတာပါဆိုရင်​တော့..
☑️ ၂၀၁၃ နိုင်ငံ့ဝန်ထမ်းဥပ​ဒေ အပိုဒ်ခွဲ (၃၈)အရ ကျွန်မ လိုက်ဖို့ရာ တရားရုံး ဆင့်​ခေါ်စာ ပါရပါမယ်၊
ရဲ ပါရမယ်၊
အုပ်ချုပ်​ရေးမှူးပါရမယ်၊
အိမ်ကိုရှာချင်ရင် ထပ်ပြီးရှာခွင့် တရားရုံးစာ ပါရပါမယ်။ မပါရင်ပြန်ပါ မပြန်ရင် ပိုက်နက်ကျူး​ကျော်မှု​မြောက်ပါတယ်။
☑️ အပိုဒ်ခွဲ (၄၂) အရ တရားရုံးဆုံးဖြတ်ချက်မပါပဲ အ​ရေးယူမယ်ဆိုရင်လည်း ပြစ်မှုထင်ရှားမှဖြစ်ပါမယ်။
အ​ရေးယူသူက ဝန်ထမ်းဌာနရဲ့ အ​ရေးယူခွင့်ရှိတဲ့ အကြီးအကဲ ဖြစ်ရပါမယ်။
ကိုယ့်အထက်အရာရှိတိုင်းကိုယ့်ကို အ​ရေးမယူနိုင်ဘူး။ ဌာနရဲ့ ဝန်ထမ်း​ရေးရာ အကြီးအကဲကသာ ယူနိုင်တာပါ။ ဒါ့​ကြောင့် ဗိုလ်မှူးတို့ ​ခေါ်ချင်ရင်​တော့ အခုမေးခွန်းကို​ဖြေဖို့လိုမယ်​နော" လို့​ပြော​စေချင်ပါတယ်။
☑️ ပြည်သူတွေက အ​ရေးကြီးသက်​သေ​နေရာက ရှိမှာပါ။
Crd

11/02/2021

ဟလို ..သာလုပ်လိုက်ကြ

အိမ်ကိုလာရောက်ဖမ်းဆီးတာ၊စစ်ဆေးတာတွေဖြစ်လာရင် ဆက်သွယ်ပါ။

VOA သတင်းထောက်
မဇာဏီထွဏ်း
09971714701

RFA သတင်းထောက်
မဝေယံမိုးမြင့်
09420115654

BBC သတင်းထောက်
မအိမ့်ခိုင်ဦး
09774400991
09975727849

10/02/2021

‼️အရေးကြီးကြားဖြတ်သတင်း‼️



တစ်တိုင်းပြည်လုံး ၂ လပိုင်း ၁၅ ရက်နေ့မတိုင်ခင် ဝန်ထမ်းတွေအားလုံး CDM ဖြစ်မှ ဖြစ်မှာပါ။ မဟုတ်ရင် ကျွန်တော်တို့အကုန်လုံး ခုလို Facebook ပေါ်မှာ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် / ပုံတင်ခွင့် ရရှိတော့မှာမဟုတ်ပါဘူး။ တင်တဲ့သူတွေလည်း အကုန် Jail အောင်းရမှာပါ။

ကျွန်တော်တို့အသုံးပြုနေတဲ့ လမ်းကြောင်းတွေကို ခြေရာခံတဲ့စနစ်ကို တရုတ်အကူအညီနဲ့ သူတို့လုပ်ပိုင်ခွင့်ရသွားကြတော့မှာပါ။

ကျွန်တော်တို့အခုလက်ရှိအသုံးပြုနေကြတဲ့ Facebook, Instagram , Tiktok, Twitter, Printerest အစရှိတဲ့ Social Media App တွေအားလုံး သူတို့ထိန်းချုပ်လို့ရသွားမှာပါ။

🔺 CDM လုပ်ခြင်းဖြင့် ပူးပေါင်းပါဝင် ပေးကြပါ

အချိန်မီTwitter ပေါ်မှာChinaက Military coupကိုကူညီနေတဲ့အကြောင်းတင်ပေးကြပါ😰

Crd

10/02/2021

တရုတ်အစိုးရ သိစေရန်

VPN အပါအ ၀ င် FB, Twitter, Google စသည်တို့ကိုပိတ်ဆို့ရန်နှင့် CYBER LAW အားတင်းကြပ်ရန်အတွက်အင်တာနက်အစိုးရ Firewall ကိုတရုတ်အစိုးရသည်အရေးတကြီးကူညီပေးဘို့ လာနေပြီဆိုတာ ငါတို့သိနေတယ်။ ကူမင်းမှလေယာဉ် ၅ စီးသည်မနေ့ကရန်ကုန်သို့ရောက်ရှိခဲ့သည်။ မျက်မြင်သက်သေများက“ ခရီးသည်အများစုသည်အိုင်တီပညာရှင်များဖြစ်သည်” ဟု ထွက်ဆိုထားသည်။

မင်းတို့ တရုတ်အစိုးရက နိူင်ငံတော်ပုန်ကန်သူတွေကို အားပေးအားမြှာက်ပြုနေတာ အခုချက်ချင်းရပ်ပါ။ မရပ်ရင် မင်းတို့ တရုတ်အစိုးက နိူင်ငံတော် ပုန်ကန်သူတွေ အားပေး အားမြှောက် ပြုနေတာဆိုတာ ကမ္ဘာက သိအောင် ဖြန့်ပါမည်။

Junta

Let the Chinese government know

We know that the Chinese government is urgently helping the Internet government firewall to block FB, Twitter, Google, including VPNs, and to crack down on CYBER LAW. Five planes from Kunming arrived in Rangoon yesterday. Eyewitnesses say "most of the passengers are IT professionals."

Stop immediately that your Chinese government is encouraging the rebels. If you do not stop, you will spread the word that the Chinese government is supporting the rebels.

Junta

让中国政府知道

我们知道,中国政府正在紧急帮助互联网政府防火墙阻止FB,Twitter,Google(包括VPN),并打击网络法。 昆明有五架飞机昨天抵达仰光。 目击者说:“大多数乘客都是IT专业人员。”

立即停止您的中国政府在鼓励叛乱分子。 如果您不停止行动,您会说中国政府正在支持叛军。

容塔

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြင်းထန်စွာအရေးယူမည်ဟု ဂျပန်လွှတ်တော်အမတ်များ ကြ 10/02/2021

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြင်းထန်စွာအရေးယူမည်ဟု ဂျပန်လွှတ်တော်အမတ်များ ကြ အာဏာသိမ်းစစ်ခေါင်းဆောင် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဂျပ.....

10/02/2021

ရင်ထဲမကောင်းလိုက်တာနော်😭

(ကူးယူလာတာပါ ပြန်လည်ကူးယူနိုင်ပါတယ်)

GEN Z လေးရဲ့ ရင်ဖွင့်သံ
==================
ဆန္ဒပြတာ ၃ ရက်ရှိပါပြီ။
ဆန္ဒပြတဲ့သူတွေ ကိုကြည့်လိုက်မယ်ဆိုရင်
အသက် ၁၈ နဲ့ ၃၀ ကြား လူငယ်တွေဟာ ၉၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။
ကျွန်တော်တို့ လူငယ်တွေ အားနေလွန်းလို့ လမ်းပေါ်တက်နေတာ မဟုတ်ပါဘူး။
ကျွန်တော်တို့မှာ...
အိမ်မက်တွေ ရှိပါတယ်။
ဘဝတွေ ရှိပါတယ်။
ရည်မှန်းချက်တွေ ရှိပါတယ်။
ပန်းတိုင်တွေ ရှိပါတယ်။
ဆေးလိပ်သောက်တတ်တဲ့ ကောင်ပါချင်ပါမယ်
အရက် ဘီယာကြိုက်တဲ့ ကောင်ပါချင်ပါမယ်
Game ဘဲဆော့ နေတဲ့ ကောင်ပါချင်ပါမယ်
ဒါပေမယ့် ကျွန်တော်တို့ဟာ သိမ်ဖျင်းနေတဲ့ မျိုးဆက်မဟုတ်ဘူး။
Social Media တွေက တစ်ဆင့် ကမ္ဘာက သိအောင် လုပ်နိုင်ခဲ့တယ်။
အင်တာနက်မရှိတဲ့ ကြားက လူပေါင်း ထောင်ချီ သောင်းချီ ပါဝင် လာအောင် ဆက်သွယ်နိုင်ခဲ့တယ်။
ကျွန်တော်တို့ နားထောင်တဲ့ သီချင်းတွေမှာ နားမခံနိုင်တဲ့ ဟာတွေ ပါချင်ပါမယ်။
ဒါပေမယ့် ဆန္ဒပြတဲ့ တစ်လျှောက်လုံး ထူးအိမ်သင်းရေးပြီး မွန်းအောင်သီဆိုခဲ့တဲ့ အရေးကြီးပြီ သီချင်း၊ ကမ္ဘာမကြေဘူး သီချင်းတွေ လမ်းတစ်လျှောက်လုံး သီဆိုဟစ်ကြွေးခဲ့ကြတယ်။
ကျွန်တော်တို့မှာ-
အမှိုက်ကောက်တဲ့ အဖွဲ့ရှိတယ်။
ဆေးအဖွဲ့ရှိတယ်။
လမ်းရှင်းတဲ့ အဖွဲ့ရှိတယ်။
ကြွေးကြော်တဲ့ အဖွဲ့ရှိတယ်။
ထောက်ပို့အဖွဲ့ ရှိတယ်။
တစ်မြို့လုံးပတ်ဖို့ အားအင်တွေ ရှိတယ်။
တောင်းဆိုချက်တွေ ဟစ်ကြွေးဖို့ အသံတွေ ရှိတယ်။
ဒါပေမယ့် ကျွန်တော်တို့မှာ တစ်ခုမရှိပါဘူး။
အဲ့ဒါက အစိုးရ ယန္တရားကို ရပ်အောင် လုပ်နိုင်စွမ်းမရှိပါဘူး။
ကျွန်တော်တို့မှာ အစိုးရကို ယိမ်းယိုင်သွားစေမယ့် ဘာရာထူး အာဏာမှ ရှိမနေကြသေးပါဘူး။
အဲ့ဒီ အစွမ်းက အကိုတို့ အမတို့ ဦးလေးတို့ အဒေါ်တို့ ဆီမှာဘဲ ရှိပါတယ်။
ကျေးဇူးပြုပြီး ကျွန်တော်တို့အိမ်မက်လေးတွေ ဆက်မက်ခွင့် အတွက်
မှာ ပါဝင်ပေးကြပါ။
Covid ကာလကြီးမှာ လူကြီးတွေ အနေနဲ့ အန္တရာယ်များပါတယ်ခင်ဗျာ။
အိမ်မှာဘဲ နေပြီး CDMလုပ်ပေးကြပါ။
လမ်းပေါ်က တာဝန် ကျွန်တော်တို့ တာဝန်ထားပါ။ 💪🏿💪🏿

10/02/2021

- ဆရာမျိုးရန်နောင်သိန်း အားလေးစားစွာဖြင့် ...
ပြန်လည်မျှဝေသည်

///////////////////////////////////////////////////////////////////////////

ယနေ့ ၁၀-၂-၂၀၂၁ မှစ၍အထူးသတိထားကြပါရန်အကြံပြုလမ်းညွန်ချက်။

၁။ ၂၀၂၁ ပြည်သူ့အရေးတော်ပုံသည် အရှိန်ရကာအောင်မြင်ချိန်ရောက်နေပါပြီ။

၂။ ၂၀၂၁ပြည်သူ့အရေးတော်ပုံအတွင်းသို့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ ထွေအုပ်ဝန်ထမ်းများအပါအဝင် မြန်မာနိုင်ငံအနှံက ပြည်သူဝန်ထမ်းများ၊ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူလူထုတစ်ရပ်လုံးက ပါဝင်လာကြပါပြီ။

၃။ ယနေ့မှာ တရုတ်နိုင်ငံသံရဲုးကလည်း အာဏာသိမ်းသူပုန်အဖွဲ့ကိုသတိပေးစာထုတ်လိုက်ပါပြီ။

၄။ တရုတ်နိုင်ငဲသည်မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လုပ်နေသောါလည်း၊အာဏာသိမ်းသူပုန်အဖွဲ့ရဲ့လုပ်ရပ်တွေကလွန်စွာဆိုးဝါးလွန်းသောကြောင့် နိုင်ငံတကာလမ်းကြောင်းကိုသွေဖဉ်လို့မရတော့ပါ။

၅။ ကမ္ဘာကုလသမ္မဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများ ၊ ကမ္ဘာနိုင်ငံအသီးသီးမှလည်းအာဏာသိမ်းသူပုန်အဖွဲ့ကို သတိပေးနေပါပြီ။

၆။ ယခုလို ၂၀၂၁ ပြည်သူ့အရေးတော်ပုံအောင်မြင်လာမှုကိုအာဏာသိမ်းသူပုန်အဖွဲ့အနေနှင့် သေနတ်ဖြင့်ပစ်ခတ်ဖြိုခွဲ၊ ဖျက်စီးပါက ကမ္ဘာဖိအားပိုမိုဆိုးဝါး၊ မြန်ဆန်လာမည်ကိုစီုးရိမ်သည့်အတွက် ယုတ်မာသောနည်းဗျူဟာအသစ်ကိုပြောင်းထားပါသည်။

၇။ လူမိုက်လူရမ်းကားများကိုအခကြေးငွေပေးပြီး တိုက်ခိုက်စေခြင်းပြုလုပ်ပါတော့မည်။

၈။ ပြည်သူများသတိထားရှောင်ရှားစေချင်သည့် ( ၂ ) ချက်ရှိပါသည်။

(က) ရဲလုံခြုံရေးစည်းနားကို မသွားသင့်ပါ။ လုံခြုံရေးအဖွဲ့များလူစုခွဲခိုင်းလျှင် အခြေအနေကြည့်ပါ။ တင်းမာမှု ၊ ပြစ်ခတ်မှုများဖြစ်လာနိုင်လျှင် လူစုခွဲပြီးနေရာရွေ့ဆန္ဒပြပါ။ မြို့သိမ်းတိုပက်ပွဲမဟုတ်သည့်အတွက် ဆန္ဒထုတ်ဖော်နေရန်ပိုအရေးကြီးပါသည်။

( ခ ) လူမိုက်လူရမ်းကားများဝင်လာလျှင် ရှောင်ပေးလိုက်ပါ၊ ပဋိပက္ခအဓ်ကရုဏ်းပုံစံလုံးဝမဖြစ်စေရန်ဂရုစိုက်ပြီးရှောင်ပေးလိုက်ပါ။

၉။ အကယ်၍ ဆန္ဒစုပြရန်အခြေအနေမပေးတော့လျှင် မိမိရပ်ကွက်အနီးကားလမ်းမပေါ်တွင်ဆန္ဒဖော်ထုတ်ပါ။ မိမိရပ်ကွင်အတွင်းသို့ လူမိုက်၊ လူရမ်းကားများမလာရဲပါ။

၁၀။ တန္ဒဆက်ပြရန်လုံးဝအခြေအနေမပေးတော့လျှင် မိမိအိမ်ပြန်၍ နောက်နေ့အတွက်အားပေးပြင်ဆင်ထားကြပါ။

၁၁။ ၂၀၂၁ပြည်သူ့အရေးတော်ကုံတိုက်ပွဲအောင်မြင်သည်အထိဆက်လက်ဆင်နွဲရပါမည်။ ပြည်သူများမလိုအပ်ပဲ အထိအခိုက်မခံစေလိုပါ။ အင်အားမပြုန်းတီးစေလိုပါ။

၁၂။ ၂၀၂၁ ပြည်သူ့အရေးတော်ပုံအတွင်း ပြည်သူများ အကျအဆုံး၊ ထိခိုက်ဒဏ်ရာရမှု လုံးဝမရှိသော နည်းလမ်း၊ နည်းဗျူဟာကိုသာ အသုံးပြုကြပါရန်တိုက်တွန်း၊ သဘေားထားပေး၊ အကြံပြုလမ်းညွန်လိုက်ပါသည်။

လေးစားစွာဖြင့်

မျိုးရန်နောင်သိိန်း
#မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အခြာအာဏာကွန်ရက်

၁၀၊၂၊၂၀၂၁
၁၄:၀၀ နာရီ

#ပြည်သူ့အရေးတော်ပုံ၂၀၂၁
#ဦးမျိုးရန်နောင်သ်န်း
#ဦးမျိုးရန်နောင်သိမ်း

10/02/2021

ကျွနုပ်တော့ အဲ့ဒီအတိုင်းယုံကြည်တယ်

သည်တစ်ခါ အာဏာရှင်ကို နိုင်လျှင်
-
၁. ခေါင်းဆောင်ကောင်းကို ပြန်ရမယ်

၂. ရုံးတွေ ဂတ်တွေ သွားရင် လာဘ်စားမယ့်သူ မရှိတော့ဘူး
အာဏာရှင်ကြီး ပြုတ်ရင် အသေးစားတွေ ငုတ်သွားမယ်

၃. တရားဉပဒေ စိုးမိုးမှု အမှန်တကယ် ရမယ်
မတရားမှုမှန်သမျှ လူတိုင်းတော်လှန်ရဲကြပြီ

၄. လူလူချင်း အရမ်းကို လေးစားချစ်ခင်လာကြမယ်
ရဲဘော်ရဲဘက်တွေ၊ ငါတို့နဲ့အတူတကွ ဆင်နွဲခဲ့ကြသူတွေ

၅. စီးပွားရေးတွေ အရှိန်အဟုန်နဲ့ တက်မယ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စောင့်နေတယ်

၆. အဲသည်အခါ အမေစုပြောတဲ့ အနှစ်နှစ်ဆယ်ဆိုတာ တကယ်ဖြစ်လာမယ်

ဒါကြောင့်မလို့ လက်မလျော့ကြနဲ့ အားမလျော့ကြပါနဲ့

သဘောတူရင် ပြန်ကူးတင်ပါ.. မရှယ်ပါနဲ့

10/02/2021

#ဘက်ဂျက်_သူခိုးတွေ

ကန့်ကွက်ပါတယ်။
မြန်မာနိုင်ငံသားများ နဲ့ နိုင်ငံတကာရောက်မြန်မာတွေရဲ့ ချွေးနည်းစာနဲ့
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူထားသမျှ ကိုဗစ်ကာကွယ်ဆေးဝယ်ရန်ငွေများအပါဝင် ပရဟိတလုပ်ငန်းပေါင်းစုံအတွက်အလှူငွေများ၊ ပစ္စည်းတွေကိုနာမည်ပြောင်းရယူဖို့လုပ်နေပါပြီ။
ဝိုင်းဝန်းကန့်ကွက်ကြရန်ပြည်တွင်းပြည်ပမှပြည်သူများကိုအသိပေးအပ်ပါသည်။

ကော်ပီယူပြီးတင်ပါ။
မပေးဘဲယူတာသူခိုးနဲ့အတူတူဘဲ။

10/02/2021

"MRTV4 ကကြေငြာလိုက်ပါပြီ
ဝန်ထမ်းတွေ လစာပေးရန် ဘတ်ဂျက်မရှိတော့ပါ
ဒေါ်အောင်ဆန်းစုကြည့်ကို သွား မခန့်မှန်းနဲ့ ရူးသွားလိမ့်မယ် ။

အ‌မေစု ဘက်ကတော့ အကွက်စေ့အောင် လုပ်ပြီးမှ၀န်ထမ်းများကို ထားခဲ့တာနော် ပြည်သူ့၀န်ထမ်းတွေဘက်ကရော?

လက်စသပ်တော့ ၂ လလောက်တောင့်ခံနိုင်ဖို့၂ လစာထုတ်ချေးပေးထားတာကိုး။

အဲ့ဒါကြောင့် အရင်က မလိုပဲနဲ့ ဘာလို့ထုတ်ချေးပါလိမ့်လို့ တွေးလိုက်သေးတယ်

Our leader is a genius!!

၂လစာစားထားတဲ့သူတွေ အသိတရားရှိကြပါစေ။

Ps-ယူတော့တပြုံးပြုံးနဲ့နော် CDMမှာ မပါဝင်တဲ့ဟာတွေ နောက်မှ‌နောင်တမရနဲ့နော်😏




Photo

10/02/2021

ကျနော့်သူငယ်ချင်း ရဲအုပ်ပြောတဲ့စကား ဒီအချိန်မှာထုတ်ပြောပါမယ်၊

ထိပ်တိုက်မတိုးပဲ နောက်ထပ်တပတ်လောက်
တောင့်ခံထား ၊ အားမလျှော့စေနဲ့သူငယ်ချင်းတဲ့

CDMကိုအားစိုက်လုပ်ခိုင်းထားတဲ့၊ ရဲတွေနဲ့ပြည်သူကိုအမုန်းပွားအောင်လုပ်လာတာကို ရအောင်ထိန်းပေးပါတဲ့

သပိတ်အရှိန်ကိုတန့်မသွားစေနဲ့တဲ့၊အဓိကက ဆန္ဒထုတ်ဖော်နေတာကို မီဒီယာကနေ ကမ္ဘာကိုပြသနေနိုင်ဖို့ပဲတဲ့

ဟုတ်ပါတယ် ၊ အဓိကရုဏ်းတွေမဖြစ်အောင်ထိန်းရင်း၊ နေ့စဥ်ထွက်ကြပါ၊ အချိန်သတ်မှတ်ပြီးပြပါ၊
ပြီးရင်လူစုခွဲပြန်ကြပါ၊ နောက်နေ့တွေအတွက် အားပြန်မွေးကြပါ၊ တရက်ထဲနဲ့အဖြေမပေါ်နိုင်တာမို့ လိမ္မာပါးနပ်ကြဖို့ပါပဲ

ဒီစကားကို ကျနော်တာဝန်ယူပါတယ်။

WG.ဝေကြီး

ကူးယူဖော်ပြပေးကြပါ

10/02/2021

မအလသာဝတပ်ပျက်နေပြီ...

မအလ သာဝ တပ်မှ အကြီး အကျယ် ပျက်နေတာ.. ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ.. ပြသနာပေါင်းသောင်းခြောက်ထောင် ဘယ်က အစဆွဲလို့ ဖြေရမှန်းမသိ...

အာဏာသိမ်းပြီးနောက်တရက် ရခိုင်တပ်မမှူးကို ဘကုန်းအစိုးရဆီလွှတ်ပြီး သူတို့ စစ်အစိုးရကို ထောက်ခံဘို့ သွားပြောခိုင်းပါသေးတယ်. နောက်တရက်မှာ Rohingya ၂သန်းလက်ခံပါမယ်ဆိုပြီး သူတို့ ဘာကြောင့် စစ်အာဏာသိမ်းရသလဲဆိုတာကို ရှင်းပြတဲ့ စာ ထုတ်တယ်.. သာဝလုပ်တုန်းကတော့ တိတ်တိတ်လေး လုပ်တာဘဲ.. ဘကုန်းအစိုးက နိုင်ငံတကာက နံလွန်းလို့ ပစ်ထားတဲ့ ချီးထုပ်ကြီးကို လက်မခံရဲတော့ ဘကုန်းနိုင်ငံခြားရေး ဝန်ကြီးက ဖော်ထုတ်ဝန်ခံလိုက်တော့ သာဝ အရှက် လုံးလုံးကွဲ..

တရုတ်ကို မြစ်ဆုံစီမံကိန်းပြန်ပေးမယ်.. ကျောက်ဖြူ ရေနက်ဆိပ်ကမ်း လုပ်ခွင့်ပေးမယ်ဆိုပြီး သူတို့ကို ထောက်ခံခိုင်းတယ်.. ဘိုင်ဒန်က အခုမှ ပြန်ထူထောင်ထားတဲ့ အမေရိကန် တရုတ် ဆက်ဆံရေး တည်မြဲစေချင်ရင် မြန်မာ အရေးကို လက်ရှောင် ဆိုတော့ တရုတ်ကြီး အကျပ်ရိုက် အမေရိကန်နဲ့ မြန်မာ ဘယ်ဟာကို လက်လွတ်ရမလဲ တွေဝေနေတော့ စစ်အစိုးရကို ဗြောင်မထောက်ခံရဲ...

US အထက်အောက် လွှတ်တော် နှစ်ရပ်စလုံးက သူတို့ တောင်းဆိုထားတာကို မလုပ်ရင် မြန်မာကို စီးပွါးရေးသာမက စစ်ရေးပါ အရေးယူမယ်ဆိုဘဲ...

UN ကလဲ ဒီ လာမဲ့ ၁၂/၂/၂၀၂၁ မှာ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ UN council အစည်းအဝေးခေါ်ပြီး စစ်အစိုးရအပေါ်.. ဘယ်လို action ယူမလဲဆိုတာ ဆုံးဖြတ်ချက်ချတော့မယ်.. UN Secretary General ကတော့ စစ်အာဏာသိမ်းမှု အဖြေ ပြောင်းပြန် ဖြစ်သွားတဲ့ နည်းလမ်းမှန်သမျှလုပ်သွားမယ် တဲ့ .. အခု Secretary General က စပိန်ကလာတာ.. အာဏာရှင်စနစ်ကို ဖရန်ကို လက်အောက်က အကြာကြီး တော်လှန်ခဲ့ရတဲ့ နိုင်ငံ.. အာဏာရှင်ဆို သိပ်မုန်းတာ...

ICJ/ ICC ကလဲ မအလ သာဝကို ဖမ်းဘို့ ဝရမ်းထုတ်တော့မယ်.. ဝရမ်းထုတ်ရင် နိုင်ငံတကာ တပ်တွေက လာဝင်ဖမ်းလို့ရပြီ..

ပြည်တွင်းမှာကလဲ CDM တွေ က အရှိန်မြှင့် လမ်းပေါ်ထွက် နိုင်ငံတလွှား ဆန္ဒပြတဲ့ သူတွေက တနေ့တခြား များလာ..ဆရာဝန်တွေနဲ့ ဘဏ်ဝန်ထမ်းတွေ CDM လုပ်လိုက်တာ သူတို့ အတွက် အထိနာတယ်..အဓိက က ၂၀၂၁ အတွက် စစ်တပ်အတွက် budget ကို အမေစုဆီက မရသေးဘူး.. budget မရခင် အာဏာလုယူထားတာဆိုတော့ လက်ထဲ ပိုက်ဆံ ပြတ်နေပြီ..စစ်တပ်ဝန်ထမ်းတွေ လခပေးဘို့ တောင် မရှိတော့ဘူး..ဒါကြောင့် ဒေါ်ခင်ကြည် foundation က ပိုက်ဆံတွေ ဝင်သိမ်းလိုက်တာ.. သူတို့ ထိမ်းသိမ်းထားပါတယ်ပေါ့ အသံကောင်းကလဲ ဟစ်သေးတာ..

ဘဏ်တွေဆီက ပိုက်ဆံချေးဘို့ကျတော့လဲ ဘဏ်တွေက အလုပ်မလုပ်နဲ့ဆိုတော့ အလုပ်က မဖြစ်.. ဒါကြောင့် နှစ်ရက်ဘဲ ရှိသေး skynet တို့ MRTV တို့မှာ ခဏခဏ ဘဏ်ဝန်ထမ်းတွေ အလုပ်ဆင်းဘို့ မေတ္တာ ရပ်ခံနေတာ..

ဆန္ဒပြတဲ့သူတွေကို သေနတ်နဲ့ ပစ်ပြီး နှိမ်နင်းဘို့ ကျတော့လဲ ICC/ICJ တို့ UN နဲ့ နိုင်ငံတကာက စောင့်ကြည့်တော့ မပစ်ရဲဘူး.. genocide ဖြစ်ပြီး စစ်ရာဇဝတ်ကောင် ဖြစ်မှာလဲ ကြောက်ကြတာ...ခြောက်လှန်တဲ့ သဘောလောက်ဘဲ ပစ်ခိုင်းထားတယ်လို့ ကြားတယ်.. ဒါတောင် မနေ့က ဟိုရဲမှူးတကောင် လက်ယားပြီး ပစ်ထည့်လိုက်တာ သမီးလေးတယောက် စတေးလိုက်ရပြီ.. အဲဒီရဲကတော့ war criminal ဖြစ်သွားပါပြီ.. ICJ မှာ ရှင်းရတော့မယ်.. အထက်အမိန့်အရပစ်တာပါဆိုပြီး ရှင်းခွင့်မရှိတော့ပါဘူး..

အခု မအလသာဝကို စာဖတ်နေသူကြီးနဲ့ ကြံ့ဖွတ်ကြီးကြီးပိုင်းတွေက ဒီဆန္ဒပြတာတွေကို တပတ်အတွင်း ဖြိုခွင်းခိုင်းထားပါတယ်.. အာဏာသိမ်းလိုက်တော့ ၂၀၀၈ ဥပဒေက ပျက်ပြီလေ..နောက်ကြောင်းပြန်ဥပဒေနဲ့ အရေးယူခံရမှာ ကြောက်နေကြပြီ..ထိန်းချုပ်လို့ မရရင် ဗိုလ်ချုပ်တွေ တယောက်ပြီး တယောက် ထိုးကျွေးခိုင်းထားပါတယ်... ဆိုလိုတာက ပြည်သူကို ပစ်ခိုင်းပါလိမ့်မယ်.. ပစ်ပြီးရင် ဒါတွေ အားလုံး ဒီ ဗိုလ်ချုပ်လုပ်တာပါဆိုပြီး အပစ်ပုံချလိမ့်မယ်..ပြည်သူတွေ သတိထားပေးကြပါ..(အတည်မပြုရသေး)ပြည်သူတွေ ပန်းတိုင် မပျောက်ပါစေနဲ့.. ထိုးကျွေးတဲ့ အာရုံဘက်ကို မရောက်ပါစေနဲ့.. ပန်းတိုင်က မအလနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးပါ...

ပြည်တွင်းပြည်ပ ဖိအားတွေ နဲ့ မအလ သာဝတယောက် အရူးမီးဝိုင်းနဲ့ စိတ်ငြိမ်ဆေးတွေ သောက်နေရပါပြီ..ညဘက် အိပ်မပျော်တော့ပါဘူး.. သူ့မျက်လုံးထဲ ကြိုးကွင်းကို သာ မြင်နေရပြပြီ.. မသေခင်ကတည်းက သေခါနီး နမိတ်တွေ မြင်နေရပြီ..နေပြည်တော်က မဟာ ဥပသန္တိ စေတီမှာ ကျည်ကာ ၂ထပ်လောက်ဝတ်ပြီး နေ့တိုင်း ယတြာချေနေရပြီ..အသုဘ မျက်နှာ ပေါင်ဒါရိုက်ထားတဲ့ မျက်နှာနဲ့ ဂယောင်ဂတန်း CDM လုပ်တဲ့ ဝန်ထမ်းတွေ ကို ပြန်ခေါ်နေရပါပြီ...ဝန်ထမ်းတွေ ရုံးပြန်မတက်ကြပါနဲ့နော်.. စစ်အာဏာရှင် အစိုးရ လည်ပတ်မှု ယန္တရားထဲက pinion အဖြစ်မခံပါနဲ့...အမေစုလွတ်လာမှ ပျော်ပျော်ကြီး ပြန်တက်ကြတာပေါ့...အလွန်ဆုံး ဖေဖော်ဝါရီလ အကုန်လောက်ထိပါဘဲ..

ပြည်တွင်းပြည်ပက နိုင်ငံရေး ကျွမ်းကျင်သူတွေ အကဲဖြတ်သူတွေကတော့ စစ်အစိုးရ ဒီအတိုင်းဆိုရင်တော့ နောက် နှစ်ပတ်လောက်ဆို ပြုတ်ကျပြီတဲ့.. ပြည်သူတွေ တောင့်ထား ညီထား.. CDM တွေ ထပ်မြှင့် အခုဆိုရင် နိုင်ငံတကာကလဲ ကိုယ့်ဘက်မှာရှိနေပြီ..ပြည်သူအားဖြင့်သာ စစ်အာဏာရှင်ကို တွန်းချနိုင်ရမယ်...

စစ်အာဏာရှင်အစိုးရ မုချ ကျဆုံးရမည်..

crd

Photos from Daw Cho Cho's post 10/02/2021
10/02/2021

.
အားလုံးပဲ အလေးထားပြီး
ဖတ်ပေးစေချင်ပါတယ်..🙏🙏🙏 ။

အဆင့်မြင့်ပညာ ဦးစီဌာန (ရန်ကုန်)မှ
ဒုညွှန်မှူး (ချုပ်) ဒေါက်တာ ဒေါ်သန်းသန်းဝင်းနှင့်
ဒုညွှန်မှူး (ချုပ်) ဒေါက်တာ ဦးချစ်စိန်တို့သည်.။

(CDM) လှုပ်ရှားမှုတွင် မပါဝင်ပဲ
ယနေ့အချိန်ထိ ရုံးတက်လျှက်ရှိရုံသာမကပဲ
လက်ရှိရုံးတက်နေသော ဝန်ထမ်းများအားလည်း (CDM) မလုပ်ကြရန် ဖိအားပေးကာ.။

ဆူပူ/ခြိမ်းခြောက် ရုံးတက်စေခြင်းများ
ပြုလုပ်နေပါသဖြင့် ပြည်သူများက
ကူးယူဖော်ပြ၍ ပြစ်တင်ရှုံ့ချကြပါရန်နှင့်.။

အဆင့်မြင့်ပညာ ဦးစီးဌာ (ရန်ကုန်) ၊
သထုံလမ်း ကမာရွတ်ရှေ့တွင် (CDM) လုပ်ကြရန် သွားရောက် ဆန္ဒပြပေးကြပါရန် အထူးမေတ္တာရပ်
ခံအပ်ပါသည်.။

#ကူးယူဖော်ပြပေးဖို့_အထူးလိုအပ်
#အာဏာရှင်တွေ_ကျဆုံးပါစေ
#အတ္တသမားတွေ_ကျဆုံးပါစေ
#ခရစ်ဒစ်ပေးရန်မလို
#မရှယ်ပါနဲ့_ကူးယူဖော်ပြပါ.။

လေးစားလျှက်
ထက်အောင်

10/02/2021

❤️❤️❤️မဟာသတင်းကောင်း ❤️❤️❤️
မြန်မာပြည်သူတွေရဲ့အသံကို ကြားသွားတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး Anonymous Hacker group

မနေ့က anonymous hacker group ရဲ့ twitter မှာ မြန်မာပြည်သူတွေရဲ့ အော်ဟစ် အကူအညီတောင်းသံတွေ လူတွေကိုကြက်ကလေးဝက်ကလေးတွေ သတ်သလို သတ်နေကြတဲ့ မင်းမဲ့စရိုက်တွေ အကုန်သူတို့ group က ပြန် tweet ထားတာတွေ့တော့ မြန်မာပြည်အတွက်မျှော်လင့်ချက်ရောင်ခြည်အကြီးကြီးသန်းလာပြီမို့ အရမ်းပျော်ပြီး လာရှယ်ရပါတယ်။

Anonymous Hacker Group ဆိုတာဘာလဲ။
သူတို့က တစ်ကမ္ဘာလုံးဖြန့်ကျက်ထားတဲ့ ကမ္ဘာ့အတော်ဆုံး ကွန်ပြူတာ hacker များဖြစ်ကြပါတယ်။ သူတို့ဘယ်သူဆိုတာ ခုထိ ခြေရာခံလို့မရပါဘူး။ ကမ္ဘာ့ အလုံခြုံဆုံးဆိုတဲ့ ဘဏ်စနစ်တွေ ၊ မသမာသူသူဌေးများမှသူတို့ ကာကွယ်ရေးအတွက်ငှားထားတဲ့ cyber security ကုမ္ပဏီတွေ မတရားအာဏာသိမ်းအစိုးရတွေ website တွေကို hack ၊ ဖြုတ်ချပြီး ပြည်သူတွေရဲ့ မတရားခံရမှုတွေကို လက်စားချေဖို့၊ မသမာလုပ်နေတဲ့ ကြောင်သူတော်သူဌေးများကို အမည် နေရပ် ဘက်ဂရောင်းတစ်ခုလုံး ဖော်ဖို့၊ သတင်းအမှားများဖော်ပြနေတဲ့ အစိုးရ website တွေ ကို ဝင်စီးပြီး သူတို့ရဲ့ မျက်နှာဖုံးကွာကျပြီး လူကြားထဲစောက်ရှက်ကွဲအောင်လုပ်တဲ့ ကမ္ဘာ့ ကွန်ပြူတာကျွမ်းကျင်ပညာရှင် အစည်းအရုံးလို့ပဲခေါ်ကြပါစို့။
ခုခေတ် လူငယ်တော်တော်များများကတော့သူတို့ အဖွဲ့နာမည်ကိုကြားဖူးကြပါတယ်။ မကြားဖူးတဲ့သူများအားတက်သွားအောင် သူတို့ဘာလုပ်ခဲ့လဲဆိုတာ အောက်မှာဆက်ဖတ်ပါ။

Anonymous Hacker Group ဘယ်လိုစခဲ့လဲ။
၂၀၀၃ ခုနှစ်မှာ 4chan လို့ခေါ်တဲ့ အင်တာနက်ချက်တင်အဖွဲ့ကနေ တကမ္ဘာ့လုံးဆိုင်ရာ ကွန်ပြူတာစနစ်တွေကိုဖောက်ထွင်းတတ်တဲ့ဖောက်ထွင်းဝိဇ္ဇာတွေက မတရားခံရတဲ့ ကမ္ဘာ့ပြည်သူကိုယ်စားပြုဖွဲ့ခဲ့ပါတယ်။ US, UK, North Korea လို security တင်းကျပ်လှပါတယ်ဆိုတဲ့ နိုင်ငံတွေတောင်သူတို့ကိုကြောက်ရပါတယ်။
သူတို့ကို V for Vandetta ရုပ်ရှင်ထဲက Guy Fawkes mask တွေ ဝတ်ပြီး တွေ့ရမှာဖြစ်ပါတယ်။

ခုချိန်ထိ Anonymous ဦးဆောင် စီစဉ်ခဲ့တဲ့နာမည် အကြီးဆုံး cyber attack များ။

အီဂျစ် က အာဏာရှင်အစိုးရတော်လှန်ရေးမှာ ပါဝင်ခဲ့။ အီဂျစ်မှာလွန်ခဲ့တဲ့ဆယ်နှစ်က ခုချိန် မြန်မာပြည်လို သတင်းအမှောင်ချတဲ့ခေတ်မှာ လူထောင်ပေါင်းများစွာကို fax ကနေ အချိန်နဲ့တပြေးညီ ပြည်ပက သတင်းအမှန်တွေပေးပို့ပြီး တော်လှန်ရေးအောင်မြင်စေခဲ့ပါတယ်။

တူနီးရှား အာဏာရှင်အစိုးရ လက်ထက်မှာ တော်လှန်ရေးလုပ်နေတဲ့ပြည်သူတွေလိုအပ်တာကိုဖြည့်ဆည်းပေးတဲ့ Care package တွေ လိုအပ်တဲ့နေရာကို အလျှင်အမြန်ဖြန့်ပေးပြီးကူညီခဲ့ပါတယ်။ ( ဥပမာ အင်တာနက်ပိတ်ထားရင် ကျော်လို့ရတဲ့ proxy website တွေ လူထုကိုပေးပါမယ်။ လှူပေးမယ့်အလှူရှင်နဲ့ လိုအပ်မှုရှိတဲ့ပြည်သူကိုချိတ်ဆက်ပေးပါမယ်။) အစိုးရ ရဲ့ အရေးကြီးတဲ့ သတင်းမှားလွှင့်တဲ့ website ရှစ်ခုကိုဖြုတ်ချပြီး လူထုတင်မြှောက်တဲ့ ခေါင်းဆောင်တွေရဲ့သတင်းအချက်အလက်အမှန်ကို လူထုကြားထဲဖြန့်နိုင်ခဲ့ပါတယ်။

Wikileaks website ( တရားဥပဒေအထက်မှာ နေချင်တဲ့ မသမာသူ နိုင်ငံ့အစိုးရ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ လူသိမခံနိုင်တဲ့ လျို့ဝှက်ချက်တွေ ပေါက်ကြားလို့ရတဲ့ website ) ကို သူဌေးတွေရဲ့ အပုပ်ဖော်တာမခံနိုင်တော့လို့ အလုပ်တွဲမလုပ်တော့ဘူးဆိုငြင်းတဲ့ Visa, MasterCard, PayPal service တွေကို hack လုပ်ပြီး server တွေ down စေခဲ့ပါတယ်။ ပြည်သူ့ဘက်မှာပဲရပ်တည်တဲ့ လေလှိုင်းပေါ်က အမှန်တရားဘက်တော်သားတွေပါ။

သူတို့ဒဏ်ခံရတဲ့ထဲမှာ မြောက်ကိုရီးယား၊ US ရဲ့ တရားဥပဒေရုံး၊ နာမည်ကြီးကုမ္ပဏီတွေ ရဲ့ အင်တာနက်လုံခြုံရေးကိုကာကွယ်ပေးရတဲ့ cyber security company တွေလဲပါပါတယ်။

သူတို့ယုံကြည်တာ ကမ႓ာသားအားလုံး တရားမျှတမှုရရမယ်။ အခြေခံလူ့အခွင့်အရေးရရမယ်။ သတင်းလွတ်လပ်စွာစီးဆင်းရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်( Freedom of information/ freedom of speech) ရှိရမယ်။ ဒီမှာဖြစ်နေတဲ့ အရာတွေအကုန် ဒီ anonymous ကလုံးဝမကြိုက်တဲ့အရာတွေဖြစ်နေတာပါ။

Anonymous ဝင်ပါလာပြီဆိုရင် မြန်မာပြည်မှာ မျှော်လင့်လို့ရတဲ့ cyber attack များ

၁။ သူတို့ အစိုးရဘဏ်တွေရဲ့website ကို ဝင်စီးပြီး စစ်အာဏာရှင်တွေရဲ့ အကောင့်ကိုဝင် သူတို့ရဲ့ ပိုက်ဆံ ဘယ်လောက်ရှိလဲ အတိအကျကြည့်လို့ရ( zero ဖြစ်သွားအောင် ယူလို့လဲ ရချင်ရမယ် မပြောတတ်) စစ်အာဏာရှင်တွေနဲ့ စီးပွားရေးလုပ်နေတဲ့လုပ်ငန်းရှင်တွေရဲ့ အမည်၊ ဘဏ်အကောင့်၊နေရပ်လိပ်စာ၊ ဆွေမျိုးစာရင်းပါ တစ်ကမ္ဘာ့လုံးသိအောင်လုပ်ပြပြီး တစ်ကမ္ဘာ့လုံးနဲ့ ပြည်သူများရှေ့စောက်ရှက်ခွဲနိုင်။ သူတို့က ဒေတာယူပြီး စစ်ခုံရုံးလိုနေရာအပ်လိုက်မှာ။ ကျန်တာ နောက်ဆက်တွဲ ကိုယ့်သမိုင်းကိုယ်ရေးပဲ။

၂။ ဆန္ဒပြ ပြည်သူများထဲက သူတို့လို့နိုင်ငံတွင်းက hacker တွေကို ကူညီပြီး သတင်းမှားတွေဖြန့်နေတဲ့ website page တွေ ကို hack ပြီး မအလကို ကို သူခိုးပုံ ပြောင်းထားတဲ့ ပုံတွေ တင်နိုင်။ ( မြောက်ကိုရီးယားမှာကင်ဂျောင်အွန်းကို ဝက်ပုံပြောင်းပြီး မြောက်ကိုရီးယားofficial အစိုးရwebsite မှာ တင်ထားခဲ့ဖူးပါတယ်)

၃။အာဏာရှင်တို့ အကျင့်ယုတ်ပြီးအင်တာနက်ဖြတ်လိုက်လဲ anonymous က သူတို့ ဘလော့ခ်လုပ်ထားတဲ့ network တွေထဲဝင်ပြီး သူတို့လုပ်ထားပိတ်ထားတာတွေ အကုန်ပြန်ဖြည်ပေးနိုင်ပါတယ်။ ( မျှော်လင့်တာထဲက တစ်ခုပေါ့လေ)

၄။ သူတို့ဝင်ပါလာရင် နိုင်ငံတိုင်းက အစိုးရတွေ အရမ်းကြောက်ကြပါတယ်။ဘယ်လို နည်းပညာနဲ့တားတားသူတို့ကို ပိတ်လို့တားလို့မရလို့ပါ။ သူတို့ဝင်ကူတဲ့ပြည်သူ့တော်လှန်ရေးတိုင်းကလဲအောင်မြင်တာများပါတယ်။

ခုသူတို့ မြန်မာလူမျိုးတွေတင်တဲ့ tweet တွေကို စောင့်ကြည့်နေပါတယ်။တစ်ချို့ဟာတွေ retweet ပြန်လုပ်နေပါတယ်။ ( Twitter သမားများ သတင်းအထူးပါရင် သူတို့ကိုအာရုံစိုက်ပေးစေချင်ပါတယ်)

မအလ၊ သူ့အမျိုး၊သူနဲ့စီးပွားရေး ဆက်စပ်မှုရှိတဲ့သူတွေ အရှက်တကွဲအကျိုးနည်းဖြစ်ဖို့သာပြင်ပါတော့။ မတရားစုဆောင်း ရှာဖွေသိမ်းဆည်းထားတဲ့ဥစ္စာတွေပြည်သူ့လက်ပြန်အပ်ဖို့သာပြင်ပါတော့။ သူတို့ကိုခုချိန်ထိ တိုးတက်လှပါတယ်ဆိုတဲ့ဘယ်အစိုးရ hacker မှ တားနိုင်ခြင်းမရှိသေးပါဘူး။ ဘယ်အချိန်မှာ သူတို့နိုင်ငံခြားက ဘဏ်အကောင့်တွေထဲက ပိုက်ဆံတွေ exposed လုပ်ခံရတော့မလဲကြောက်ရပါတော့မယ်။ ကိုယ်တွေ ပြည်သူဘာမှ မလုပ်နိုင်ရင်သူတို့က လုပ်နိုင်တဲ့ power ရှိတဲ့သူတွေကို အပ်လိုက်မှာပါ။မဟုတ်တာလုပ်ထားတာမှန်သမျှ မရှုမလှပေါ်ပါတော့မယ်။

ဆန္ဒပြနေကြတဲ့ ပြည်သူတွေတောင့်ထားကြပါ။
CDM ဝန်ထမ်းတွေ ဆက်တောင့်ထားကြပါ။
ဒီအရေးတော်ပုံအောင်ပြီဆို အေးဆေးနားလို့ရပါပြီ။
ဒီစာကို ကူးချင်ကူးရှယ်ချင်ရှယ် အောက်ကပုံတွေပါ တွဲတင်ဖို့တော့မမေ့ပါနဲ့နော်။

အောင်မြင်ဖို့နီးနေပါပြီ။

Website