Myanmar National News

Myanmar National News

တိကျမှန်​ကန်​​သောသတင်းများအားပြည?

Photos from Myanmar National News's post 25/12/2020

နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတခု နိုင်ဂျီရီးယားတွင်တွေ့ရ

နိုင်ရိုဘီ၊ ဒီဇင်ဘာ ၂၅ ( )

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတမျိုးကို နိုင်ဂျီရီးယားနိုင်ငံတွင်တွေ့ရှိကြောင်း အာဖရိကတိုက်ရောဂါထိန်းချုပ်ရေး ဗဟိုဌာနအကြီးအကဲ ဂျွန် နန်ဂါဆောင် က ဒီဇင်ဘာ ၂၄ ရက်တွင်ပြောပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန်လိုအပ်ကြောင်းလည်း သတိပေးသည်။

ဗြိတိန်နှင့်တောင်အာဖရိကတို့တွင် ပိုမိုကူးစက်မြန်သည့်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ၁ ခုစီတွေ့ခဲ့ပြီးနောက် အ၀င်အထွက်ပိတ်ခြင်းများပြုလုပ်ပြီးနောက်ပိုင်း ယခုသတင်းပေါ်ထွက်လာခြင်းဖြစ်သည်။

နိုင်ဂျီရီးယားနှင့်တောင်အာဖရိကတို့တွင် ကူးစက်မှုများမြင့်တက်နေချိန်တွင် သတင်းထွက်လာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်တပတ်အတွင်း နိုင်ဂျီရီးယားတွင် ကူးစက်မှု ၅၀ ရာခိုင်နှုန်းမြင့်တက်လာပြီး တောင်အာဖရိကတွင် ၄၀ ရာခိုင်နှုန်းမြင့်တက်လာသည်ဟုလည်း နန်ဂါဆောင်ကပြောသည်။

နိုင်ဂျီရီးယားရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် အာဖရိကကူးစက်ရောဂါမျိုးဗီဇပြီးပြည့်စုံစေရေးဗဟိုဌာနတို့က နမူနာမ်ားကို ထပ်မံစစ်ဆေးမည်ဖြစ်ပြီး စောသေးသဖြင့် အချိန်အနည်းငယ်ပေးရန်လည်း သူကတောင်း ဆိုသည်။

အာဖရိကတိုက်တွင် နေထိုင်သူအများဆုံးဖြစ်သည့်နိုင်ဂျီရီးယားတွင် လူသန်း ၂၀၀ ကျော်နေထိုင်ပြီး ဗုဒ္ဓဟူးနေ့ အထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၀၀၀၀ ကျော်ခဲ့သည်။

ယခုလအတွင်း ပထမဆုံးအနေဖြင့် ကူးစက်အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိခဲ့သည်။

Ref : COVID-19: Another new coronavirus variant found in Nigeria, says Africa CDC



(unicode)
နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတခု နိုင်ဂျီရီးယားတွင်တွေ့ရ

နိုင်ရိုဘီ၊ ဒီဇင်ဘာ ၂၅ ( )

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတမျိုးကို နိုင်ဂျီရီးယားနိုင်ငံတွင်တွေ့ရှိကြောင်း အာဖရိကတိုက်ရောဂါထိန်းချုပ်ရေး ဗဟိုဌာနအကြီးအကဲ ဂျွန် နန်ဂါဆောင် က ဒီဇင်ဘာ ၂၄ ရက်တွင်ပြောပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန်လိုအပ်ကြောင်းလည်း သတိပေးသည်။

ဗြိတိန်နှင့်တောင်အာဖရိကတို့တွင် ပိုမိုကူးစက်မြန်သည့်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ၁ ခုစီတွေ့ခဲ့ပြီးနောက် အဝင်အထွက်ပိတ်ခြင်းများပြုလုပ်ပြီးနောက်ပိုင်း ယခုသတင်းပေါ်ထွက်လာခြင်းဖြစ်သည်။

နိုင်ဂျီရီးယားနှင့်တောင်အာဖရိကတို့တွင် ကူးစက်မှုများမြင့်တက်နေချိန်တွင် သတင်းထွက်လာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်တပတ်အတွင်း နိုင်ဂျီရီးယားတွင် ကူးစက်မှု ၅၀ ရာခိုင်နှုန်းမြင့်တက်လာပြီး တောင်အာဖရိကတွင် ၄၀ ရာခိုင်နှုန်းမြင့်တက်လာသည်ဟုလည်း နန်ဂါဆောင်ကပြောသည်။

နိုင်ဂျီရီးယားရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် အာဖရိကကူးစက်ရောဂါမျိုးဗီဇပြီးပြည့်စုံစေရေးဗဟိုဌာနတို့က နမူနာမ်ားကို ထပ်မံစစ်ဆေးမည်ဖြစ်ပြီး စောသေးသဖြင့် အချိန်အနည်းငယ်ပေးရန်လည်း သူကတောင်း ဆိုသည်။

အာဖရိကတိုက်တွင် နေထိုင်သူအများဆုံးဖြစ်သည့်နိုင်ဂျီရီးယားတွင် လူသန်း ၂၀၀ ကျော်နေထိုင်ပြီး ဗုဒ္ဓဟူးနေ့ အထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၀၀၀၀ ကျော်ခဲ့သည်။

ယခုလအတွင်း ပထမဆုံးအနေဖြင့် ကူးစက်အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိခဲ့သည်။

Ref : COVID-19: Another new coronavirus variant found in Nigeria, says Africa CDC

25/12/2020

မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၁၃)မိနစ်၊ (၄၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၁၆၅၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Mindoro, Philippines)၊ မြောက်လတ္တီတွဒ် (၁၃.၈၅)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၁၂၀.၆၅)ဒီဂရီ၊ အနက် (၁၃၁)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစေကး (၆.၃) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ိုးဇလ

Photos from Myanmar National News's post 25/12/2020

တပ်မတော်(ကြည်း၊ ရေ၊ လေ) Military Power ကို တစ်ပြိုင်တည်းစွမ်းအားမြှင့်တင်ဆောင်ရွက်နေကြောင်း တပ်ချုပ်ပြောကြား.

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ( )

တပ်မတော်(ကြည်း၊ ရေ၊ လေ) Military Power ကို တစ်ပြိုင်တည်းစွမ်းအားမြှင့်တင်ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

(၇၃)နှစ်မြောက်တပ်မတော်(ရေ)နေ့အထိမ်းအမှတ် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံစွမ်းအား (National Power) တည်ဆောက်ရာမှာ စစ်ရေးစွမ်းအား (Military Power) တည်ဆောက်ခြင်းဟာ အဓိကအေရးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ၂၁ ရာစု ခေတ်သစ်စစ်ပွဲတွေရဲ့ သေဘာတရားအရ ရေတပ်ဖွဲ့တစ်ဖွဲ့တည်းနဲ့ စစ်ဆင်ဆောင်ရွက်ခြင်းထက် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ခြင်းအားဖြင့် ရည်မှန်းချက်အပေါ် ထိရောက်အောင်မြင်မှုရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ တပ်မတော်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကို ထိရောက်စွာ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိအောင် ရည်မှန်းပြီးတော့မှ တစ်ပြိုင်တည်း စွမ်းအားမြှင့်တင်ဆောင်ရွက် ပေးခဲ့ပါတယ် ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

(၇၃)နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မြန်မာနိုင်ငံ၏ပထမဦးဆုံးရေငုပ်သေ င်္ဘာ မင်းရဲသိင်္ခသူကိုလည်း တပ်တော်ဝင်ခဲ့သလို (၆၃)မီတာ ရေငုပ်သဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊ (၄၉)မီတာ အမြန်သွားတိုက်ဖျက်ရေးရေယာဉ် ဒုံးပ်ံ(၁)စီး၊ (၅၆)မီတာ တင့်ကာတင်ကမ်းထိုးရေယာဉ်တစ်စီးနှင့် (၂၆)မီတာ တွဲဆွဲရေယာဉ်နှစ်စီးတို့ကိုလည်း တပ်တော်ဝင်ခဲ့သည်။

#တပ်မတော် #ရေငုပ်သင်္ဘော

(unicode)
တပ်မတော်(ကြည်း၊ ရေ၊ လေ) Military Power ကို တစ်ပြိုင်တည်းစွမ်းအားမြှင့်တင်ဆောင်ရွက်နေကြောင်း တပ်ချုပ်ပြောကြား.

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ( )

တပ်မတော်(ကြည်း၊ ရေ၊ လေ) Military Power ကို တစ်ပြိုင်တည်းစွမ်းအားမြှင့်တင်ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

(၇၃)နှစ်မြောက်တပ်မတော်(ရေ)နေ့အထိမ်းအမှတ် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံစွမ်းအား (National Power) တည်ဆောက်ရာမှာ စစ်ရေးစွမ်းအား (Military Power) တည်ဆောက်ခြင်းဟာ အဓိကအေရးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ၂၁ ရာစု ခေတ်သစ်စစ်ပွဲတွေရဲ့ သေဘာတရားအရ ရေတပ်ဖွဲ့တစ်ဖွဲ့တည်းနဲ့ စစ်ဆင်ဆောင်ရွက်ခြင်းထက် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ခြင်းအားဖြင့် ရည်မှန်းချက်အပေါ် ထိရောက်အောင်မြင်မှုရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ တပ်မတော်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကို ထိရောက်စွာ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိအောင် ရည်မှန်းပြီးတော့မှ တစ်ပြိုင်တည်း စွမ်းအားမြှင့်တင်ဆောင်ရွက် ပေးခဲ့ပါတယ် ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

(၇၃)နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မြန်မာနိုင်ငံ၏ပထမဦးဆုံးရေငုပ်သေ င်္ဘာ မင်းရဲသိင်္ခသူကိုလည်း တပ်တော်ဝင်ခဲ့သလို (၆၃)မီတာ ရေငုပ်သဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊ (၄၉)မီတာ အမြန်သွားတိုက်ဖျက်ရေးရေယာဉ် ဒုံးပ်ံ(၁)စီး၊ (၅၆)မီတာ တင့်ကာတင်ကမ်းထိုးရေယာဉ်တစ်စီးနှင့် (၂၆)မီတာ တွဲဆွဲရေယာဉ်နှစ်စီးတို့ကိုလည်း တပ်တော်ဝင်ခဲ့သည်။

#တပ်မတော် #ရေငုပ်သင်္ဘော"

24/12/2020

မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉) နာရီ၊ (၁၇) မိနစ်၊ (၁၄) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၄၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့မြောက်ဘက်(၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၆၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစေကး(၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။ိုးဇလ

24/12/2020

မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၅၁) မိနစ်၊ (၂၃) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့မြောက်ဘက်(၁၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၆၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၉၀)ဒီဂရီ၊ အနက် (၁၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစေကး(၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။ိုးဇလ

24/12/2020

မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄) နာရီ၊ (၃၉) မိနစ်၊ (၄၈) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် (၃၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကာမိုင်းမြို့၏ အရှေ့မြောက်ဘက်(၁၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ်(၂၅.၅၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စေကး(၅.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။ိုးဇလ

23/12/2020

မင်္ဂလာညချမ်းပါ မြန်မာ

23/12/2020

Heav rainfall warning!
၂၀၂၀ ဒီဇင်ဘာလ ၂၄ရက်နေ့မှ ၂၆ရက်နေ့အတွင်း ထိုင်းတောင်ပိုင်းဒေသတစ်ခုလုံးတွင် မိုးများရွာသွန်းနိုင်ပြီး Chumphon, Surat Thani Nakhon Si Thammarat Phatthalung Songkhla ဒေသများတွင်း မိုးကြီးရေလျှံနိုင်ပါတယ် ထိုင်းနိုင်ငံတောင်ပိုင်းကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများ အထူးသတိပြုဂရုစိုက်ကြပါလို့ အကြံပြုလိုက်ရပါတယ်
ကော့သောင်း ဘုတ်ပြင်း ရနောင်း မိုးရွာနိုင်ခြေရှိပါတယ် အန္တရာယ်မရှိပါဘူး...
23/12/2020 at 6:35pm (MMT) Su Su San

23/12/2020

မြေငလျင်သတင်း

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၄၄)မိနစ်၊ (၁၉) စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ တောင်ဘက် (၇၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ငပုတောမြို့၏ အနောက်ဘက် (၁၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၅၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစေကး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။ #မိုးဇလ

Photos from Myanmar National News's post 22/12/2020

COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းနည်းစနစ်အား ကျင့်သုံးသွားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ( )

COVID-19 ရောဂါပိုးသည် မည်သည့်အချိန်ကာလအထိ ဆက်လက်ဖြစ်ပွားနေမှုရှိနေမည်ကို တိုင်းတာလို့မရသေးသည့်အပြင် ကာကွယ်ဆေး၏ ဆေးအာနိသင်သည် မည်သည့်အချိန်အထိ ကာကွယ်နိုင်မည်ဆိုသည်ကို တြက်ဆ၍ မရနိုင်သေးသည့် အတွက်ကြောင့် COVID-19 နှင့်အတူ ယဉ်တွဲနေထိုင်ခြင်းနည်းစနစ်အား ကျင့်သုံးသွားမည်ဖြစ်ကြောင်းကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ယနေ့ထုတ်ပြန်သည်။

အထက်ပါကဲ့သို့ တြက်ဆ၍ မရနိုင်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်မှုရှိနေပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုသည် ပိုမိုနှောင်းနှေးသွားမည်ဖြစ်သည့်အတွက် COVID-19 နှင့်အတူယဉ်တွဲနေထိုင်ခြင်းနည်းစနစ်အား ကျင့်သုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

COVID-19 ရောဂါပိုးသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားသောရောဂါပိုးတစ်မျိုးဖြစ်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုများ ရှိနေသည့်အတွက်ကြောင့် အဆိုပါရောဂါသည် ပပျောက်သွားမည်မဟုတ်သေးပဲ ကမ္ဘာပေါ်တွင် နောင်နှစ်ပေါင်းများစွာအထိ ဖြစ်ပွားနေဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ယင်းသို့ အခြေအနေများကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးညွန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေထိုင်ရန်နှင့် COVID-19 နှင့် အတူယဉ်တွဲနေထိုင်ခြင်း၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Photo - MOHS



(unicode)
COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းနည်းစနစ်အား ကျင့်သုံးသွားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ( )

COVID-19 ရောဂါပိုးသည် မည်သည့်အချိန်ကာလအထိ ဆက်လက်ဖြစ်ပွားနေမှုရှိနေမည်ကို တိုင်းတာလို့မရသေးသည့်အပြင် ကာကွယ်ဆေး၏ ဆေးအာနိသင်သည် မည်သည့်အချိန်အထိ ကာကွယ်နိုင်မည်ဆိုသည်ကို တြက်ဆ၍ မရနိုင်သေးသည့် အတွက်ကြောင့် COVID-19 နှင့်အတူ ယဉ်တွဲနေထိုင်ခြင်းနည်းစနစ်အား ကျင့်သုံးသွားမည်ဖြစ်ကြောင်းကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ယနေ့ထုတ်ပြန်သည်။

အထက်ပါကဲ့သို့ တြက်ဆ၍ မရနိုင်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်မှုရှိနေပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုသည် ပိုမိုနှောင်းနှေးသွားမည်ဖြစ်သည့်အတွက် COVID-19 နှင့်အတူယဉ်တွဲနေထိုင်ခြင်းနည်းစနစ်အား ကျင့်သုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

COVID-19 ရောဂါပိုးသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားသောရောဂါပိုးတစ်မျိုးဖြစ်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုများ ရှိနေသည့်အတွက်ကြောင့် အဆိုပါရောဂါသည် ပပျောက်သွားမည်မဟုတ်သေးပဲ ကမ္ဘာပေါ်တွင် နောင်နှစ်ပေါင်းများစွာအထိ ဖြစ်ပွားနေဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ယင်းသို့ အခြေအနေများကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးညွန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေထိုင်ရန်နှင့် COVID-19 နှင့် အတူယဉ်တွဲနေထိုင်ခြင်း၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Photo - MOHS

Photos from Myanmar National News's post 22/12/2020

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ နယ်စပ်တွင်သေဆုံးမှုအများဆုံးအဖြစ် ၂၀၂၀ ပြည့်နှစ်ရပ်တည်နေ

ဒါကာ၊ ဒီဇင်ဘာ ၂၂ ( )

၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသေဆုံးမှုသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း အများဆုံးဖြစ်နေသည်။

နယ်စပ်တွင်သေဆုံးမှုများကို သုညအထိလျှော့ချမည်ဟု အိန္ဒိယနိုင်ငံက ထပ်ကာထပ်ကာကတိပြုနေသော်လည်း သေဆုံးမှုများရှိနေခြင်းဖြစ်သည်။

ဇန္နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အနည်းဆုံး ၄၅ ယောက်ကို အိန္ဒိယနယ်စပ်လုံခြုံရေး တပ်ဖွဲ့များက အသေပစ်သတ်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နယ်စပ်တွင်သေဆုံးမှုများလျော့ကျခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ယောက်ကိုသတ်ခဲ့သည်ဟု လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့များထံမှရသည့်အချက်အလက်များ အရသိရသည်။

၂၀၀၉ ခုနှစ်တွင် ၆၆ ယောက်၊ ၂၀၁၀ ပြည့်နှစ်တွင် ၅၅ ယောက်၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တွင် ၂၄ ယောက်၊ ၂၀၁၃ ခုနှစ်တွင် ၁၈ ယောက်၊ ၂၀၁၄ ခုနှစ်တွင် ၂၄ ယောက်၊ ၂၀၁၅ ခုနှစ်တွင် ၃၈ ယောက်၊ ၂၀၁၆ ခုနှစ်တွင် ၂၅ ယောက်၊ ၂၀၁၇ ခုနှစ်တွင် ၁၇ ယောက်နှင့် ၂၀၁၈ ခုနှစ်တွင် ၃ ယောက်သာသေဆုံးခဲ့သည်ဟု ၂၀၁၉ ခုနှစ်က လွှတ်တော်တွင် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ကပြောသည်။

ထိုပမာဏထဲတွင် နယ်စပ်တွင် အိန္ဒိယလုံခြုံရေးအဖွဲ့ကြောင့် ဒဏ်ရာရသူများမပါဝင်ချေ။

Ref : Bangladesh sees highest border deaths in 10 years



(unicode)
ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ နယ်စပ်တွင်သေဆုံးမှုအများဆုံးအဖြစ် ၂၀၂၀ ပြည့်နှစ်ရပ်တည်နေ

ဒါကာ၊ ဒီဇင်ဘာ ၂၂ ( )

၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသေဆုံးမှုသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း အများဆုံးဖြစ်နေသည်။

နယ်စပ်တွင်သေဆုံးမှုများကို သုညအထိလျှော့ချမည်ဟု အိန္ဒိယနိုင်ငံက ထပ်ကာထပ်ကာကတိပြုနေသော်လည်း သေဆုံးမှုများရှိနေခြင်းဖြစ်သည်။

ဇန္နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အနည်းဆုံး ၄၅ ယောက်ကို အိန္ဒိယနယ်စပ်လုံခြုံရေး တပ်ဖွဲ့များက အသေပစ်သတ်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နယ်စပ်တွင်သေဆုံးမှုများလျော့ကျခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ယောက်ကိုသတ်ခဲ့သည်ဟု လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့များထံမှရသည့်အချက်အလက်များ အရသိရသည်။

၂၀၀၉ ခုနှစ်တွင် ၆၆ ယောက်၊ ၂၀၁၀ ပြည့်နှစ်တွင် ၅၅ ယောက်၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တွင် ၂၄ ယောက်၊ ၂၀၁၃ ခုနှစ်တွင် ၁၈ ယောက်၊ ၂၀၁၄ ခုနှစ်တွင် ၂၄ ယောက်၊ ၂၀၁၅ ခုနှစ်တွင် ၃၈ ယောက်၊ ၂၀၁၆ ခုနှစ်တွင် ၂၅ ယောက်၊ ၂၀၁၇ ခုနှစ်တွင် ၁၇ ယောက်နှင့် ၂၀၁၈ ခုနှစ်တွင် ၃ ယောက်သာသေဆုံးခဲ့သည်ဟု ၂၀၁၉ ခုနှစ်က လွှတ်တော်တွင် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ကပြောသည်။

ထိုပမာဏထဲတွင် နယ်စပ်တွင် အိန္ဒိယလုံခြုံရေးအဖွဲ့ကြောင့် ဒဏ်ရာရသူများမပါဝင်ချေ။

Ref : Bangladesh sees highest border deaths in 10 years

Photos from Myanmar National News's post 21/12/2020

မြန်မာနိုင်ငံသား ၃၆၀ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်ခံရ .

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ ( )

ထိုင်းတွင် တနင်္လာနေ့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၂ ယောက်ထပ်တိုးပြီး ထိုထဲမွ ၃၆၀ သည် ဘန် ကောက်အနောက်တောင်ဘက်မှ ဆာမွတ်ဆာခွန်ခရိုင်ရှိ ပုစွန်လက်ကားဈေးတွင်အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံမှရွှေ့ပြောင်းလုပ်သားများဖြစ်သည်။

တနင်္ဂနွေနေ့တွင် စံချိန်တင်ကူးစက်သူ ၅၇၆ ယောက်ရှိခဲ့ပြီးနောက် တနင်္လာနေ့တွင်လည်း ကူးစက်မှုမြင့် တက်လာခြင်းဖြစ်သည်။

ယနေ့ထပ်တိုးသည့်ကူးစက်မှုများကြောင့် ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၅၂၈၉ ယောက်ရှိ နေသည်။

တရားမ၀င်ရွှေ့ပြောင်းလုပ်သားများအပါအ၀င် မြန်မာနိုင်ငံမှလုပ်သားအားလုံးကိုလာရောက်စစ်ဆေးခံရန် ထိုင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြီးကြပ်ရေးဗဟိုဌာနပြောခွင့်ရသူ တာဝီဆလစ် ဝိသာနုယို ဆင်ကတိုက်တွန်းသည်။

တရားမ၀င်ရွှေ့ပြောင်းလာသူများကို အရေးယူမည်မဟုတ်ဟုလည်း သတိပေးသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်နိုင်ရန် ဆာမွတ်ဆာခွန်တွင် ကုတင် ၁၀၀၀ ခန့် အရေးပေါ်ဆေးရုံတည် ဆောက်ထားမည်ဟု ဒေါက်တာတာဝီဆလစ်ကအသိပေးသည်။

Ref : Migrant Covid cases soar



(unicode)
မြန်မာနိုင်ငံသား ၃၆၀ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်ခံရ .

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ ( )

ထိုင်းတွင် တနင်္လာနေ့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၂ ယောက်ထပ်တိုးပြီး ထိုထဲမွ ၃၆၀ သည် ဘန် ကောက်အနောက်တောင်ဘက်မှ ဆာမွတ်ဆာခွန်ခရိုင်ရှိ ပုစွန်လက်ကားဈေးတွင်အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံမှရွှေ့ပြောင်းလုပ်သားများဖြစ်သည်။

တနင်္ဂနွေနေ့တွင် စံချိန်တင်ကူးစက်သူ ၅၇၆ ယောက်ရှိခဲ့ပြီးနောက် တနင်္လာနေ့တွင်လည်း ကူးစက်မှုမြင့် တက်လာခြင်းဖြစ်သည်။

ယနေ့ထပ်တိုးသည့်ကူးစက်မှုများကြောင့် ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၅၂၈၉ ယောက်ရှိ နေသည်။

တရားမဝင်ရွှေ့ပြောင်းလုပ်သားများအပါအဝင် မြန်မာနိုင်ငံမှလုပ်သားအားလုံးကိုလာရောက်စစ်ဆေးခံရန် ထိုင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြီးကြပ်ရေးဗဟိုဌာနပြောခွင့်ရသူ တာဝီဆလစ် ဝိသာနုယို ဆင်ကတိုက်တွန်းသည်။

တရားမဝင်ရွှေ့ပြောင်းလာသူများကို အရေးယူမည်မဟုတ်ဟုလည်း သတိပေးသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်နိုင်ရန် ဆာမွတ်ဆာခွန်တွင် ကုတင် ၁၀၀၀ ခန့် အရေးပေါ်ဆေးရုံတည် ဆောက်ထားမည်ဟု ဒေါက်တာတာဝီဆလစ်ကအသိပေးသည်။

Ref : Migrant Covid cases soar

Photos from Myanmar National News's post 21/12/2020

ဖီလစ်ပိုင်...
ခရိုဗန်ခ်ျ မုန်တိုင်းဝင်ရောက်တိုက်ခတ်ခံခဲ့ရတဲ့ ဖီလစ်ပိုင်နိုင်ငံတွင် လူ ၈ဦးသေဆုံးခဲ့ပြီး ၂ဦး ဒါဏ်ရာရရှိခဲ့ကာ ၁ဦးပျောက်ဆုံးနေပါတယ်

(Source: CCTV Asia Pacific)
21/12/2020 at 5:22pm (MMT) Su Su San

21/12/2020

မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉) နာရီ၊ (၃၀) မိနစ်၊ (၀၀) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (စစ်ကိုင်းမြို့၏ အရှေ့-အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၉၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစေကး(၃.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။ိုးဇလ

Photos from Myanmar National News's post 20/12/2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အမြန်ရထား နှင့် ခရီးသည်တင်ဘတ်စ်ကားကို တိုက်မိရာ ၁၂ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀(PeopleMedia)

ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရထားတစ်စင်းက ရထားသံလမ်းကူးဂိတ်တစ်ခု၌ ဘတ်စ်ကားတစ် စင်းကို အရှိန်နှင့်ဝင်တိုက်မိရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာသ တင်းများက ဆိုသည်။

ပါဘာတီပူမွ ရတ်ဂ်ျဟာနီသို့မောင်းနှင်နေသည့် အမြန်ရထားတစ်စင်းက ဂျိုင်ပူဟတ်ခရိုင်ရှိ ပူရာနာပွိုင် သံလမ်းကူးဂိတ်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စင်းကို တိုက်မိခဲ့ခြင်းဖြစ်သည်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ ရထားသံလမ်းကူးဂိတ်ကို ဖွင့်လှစ်ထားသော်လည်း တာဝန်ကျဝန်ထမ်း မရွိ ခြင်းကြောင့် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး အလမ်ဂါဂျာဟန်က ပြောသည်။

မတော်တဆမှုဖြစ်ရာနေရာ၌ အလောင်းဆယ်လောင်း တွေ့ရှိခဲ့ပြီး ရှစ်ဦးကို ကယ်ဆယ်ခဲ့ကာ ၄င်းတို့အ နက် နှစ်ဦးက ရရှိသောဒဏ်ရာများကြောင့် အစိုးရဆေးရုံတစ်ခု၌ သေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ရွာရီဖူ အစ္စလာမ်က ပြောသည်။

သေဆုံးသူ၊ ဒဏ်ရာရရှိသူများအားလုံးက ခရီးသည်တင်ဘတ်စ်ကားမှဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် မီးရထား လုပ်ငန်းက ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်သုံးဦးပါ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။

ဘေးအန္တရာယ်ကင်းရေး စံနှုန်းများညံ့ဖျင်းမှုနှင့် ရထားလမ်းကူးဂိတ်များ၌ ဝန်ထမ်းများ၏ ပေါ့ဆမှု ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယင်းသို့သောဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

--ကိုးကား--
ဒေလီစတား
Ref; 12 killed, 6 injured as train hits bus in Bangladesh

20/12/2020

>
အာဖဂန်နစ္စတန်ရှိ အမေရိကန်-နေတိုး အခြေစိုက်စခန်းအား ဒုံးကျည်များကျရောက်

အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၁၉

အာဖဂန်နစ္စတန်နိုင်ငံ ဘာဂရမ်ဒိစတြိတ်ရှိ အမေရိကန်-နေတိုး အဓိက စစ်အခြေစိုက်စခန်းဆီသို့ ဒုံးကျည်များကျရောက်ခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရပြောခွင့်ရပုဂ္ဂိုလ်ထံမှ ကနဦးသတင်းသိရသည်။ ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုကို မသိရသေးချေ။

Source: Xinhua
Ref: Rockets strike main U.S.-NATO base in Afghanistan: Official

20/12/2020

မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၄၉) မိနစ်၊ (၅၆) စက္ကန့် အချိန်တွင် တောင်ကြီးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၅၆) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဆီဆိုင်မြို့၏ တောင်ဘက် (၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၉၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၂၇)ဒီဂရီ၊ အနက်(၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစေကး (၃.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။ #မိုးဇလ

Photos from Myanmar National News's post 19/12/2020

ပြန်ပေးဆွဲ၊ ခြိမ်းခြောက်ငွေတောင်းသည့် လက်နက်ကိုင်အဖွဲ့များကို ဆန့်ကျင်ကြောင်း ဆန္ဒပြမယ့်ပွဲကို တိုင်းအစိုးရတားမြစ်၍ မလုပ်ဖြစ်တော့ဟုဆို
---------------------------------
မန္တလေးတိုင်း မိုးကုတ်မြို့မှာ ပြန်ပေးဆွဲ၊ ဆက်ကြေးတောင်းခံတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မယ့်အစီအစဉ်ကို တိုင်းအစိုးရက တားမြစ်တာကြောင့် မလုပ်ဖြစ်တော့ဘူးလို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ လူ့အခွင့်အရေးနှင့်တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့(မန္တလေးတိုင်း)တာဝန္ခံ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
ဒီဇင်ဘာ(၁၉)ရက်မှာ လုပ်ဆောင်မယ့် အဲဒီဆန္ဒထုတ်ဖော်ပွဲကို မူလက ခွင့်ပြုထားပေမယ့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့်ဆိုပြီး မလုပ်ဆောင်တော့ဖို့ ဒီဇင်ဘာ(၁၈)ရက် ညပိုင်းက အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။ကျနော်တို့လုပ်မှာက ကိုဗစ်လမ်းညွှန်ချက်နဲ့အညီ အယောက်သုံးဆယ်ပဲ။ လူရာချီရှိတဲ့ ကျောက်မျက် အထာပွဲတောင် မနက်ဖြန်ကစပြီးဖွင့်ခွင့်ပေးလိုက်ပြီ။ ဒါကို ကိုဗစ်ကြောင့်တားမြစ်တယ်ဆိုတော့ နားမလည် တော့ဘူး။ အစိုးရကို မေတ္တာရပ်ခံချင်တာက ကျနော်တို့ကို တားမြစ်သလိုပဲ TNLA ကိုလည်း ဆွေးနွေးပြီး တားမြစ်ပေးပါလို့ ပြောချင်တယ်လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
မိုးကုတ်မြို့မှာ တအာင်း(ပလောင်)အဖွဲ့ TNLA နဲ့ လက်နက်ကိုင်အဖွဲ့တချို့က ဒေသခံတွေကို ဖမ်းဆီးထိန်းသိမ်း တာ၊ ပြန်ပေးဆွဲတာ၊ ခြိမ်းခြောက်ငွေတောင်းခံတာတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ အဲဒါကြောင့် ဒီလုပ်ရပ်တွေကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ဖို့ပြုလုပ်ခဲ့ကြတာပါ။ ဒီဇင်ဘာ(၄)ရက်ကတည်းက TNLA ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းလည်း ပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး TNLA ကပြောခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ထံ ဖုန်းဆက်ခဲ့ပေမယ့် ဆက်သြယ္လို့ မရေသးပါဘူး။
ဆန္ဒထုတ်ဖော်မှုကို လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့၊ ပတ္တမြားမြေ ဘာသာပေါင်းစုံ ငြိမ်း ချမ်းရေးအဖွဲ့၊ စိမ်းလန်းမိုးကုတ်အဖွဲ့၊ ထာပ ကျောက်ကုန်သည်ပွဲစားများအဖွဲ့တို့အပါအဝင် တခြားအဖွဲ့တွေနဲ့ ဒေသခံတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။ အချိန်ကပ်မှ တားမြစ်ခံခဲ့ရတဲ့အတွက် မြို့ခံ တချို့ကတော့ ကွင်းထဲကိုရောက်လာပြီး ဗီးနိုင်းတွေ ခင်းကာ ခေတ္တမျှထိုင်နေခဲ့ကြပါတယ်။ မိုးကုတ်မြို့ဟာ ကျီးလန့်စာစားအခြေအနေဖြစ်နေတဲ့အတွက် ဆန္ဒထုတ်ဖော်ခွင့်ရဖို့ တိုင်းအစိုးရထံ ထပ်မံတင်ပြသွားမယ်လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။ ဒီဇင်ဘာ(၁၈)ရက် ညပိုင်းကလည်း လက်နက်ကိုင်အဖွဲ့တစ်ခုက ဆက်ကြေး ပေးဖို့ ဖုန်းဆက်လာပြီး မပေးရင် မိုင်းခွဲမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ မြို့မိမြို့ဖတွေကပြောပါတယ်။
"အဲဒီလိုလုပ်ရပ်တွေ တွန့်သွားအောင်၊ မြို့က ထကြွနိုးကြားနေတယ်လို့ သိရင် နည်းနည်းများသက်သာသွားမလား လို့ပါ။ နောက်ဆုံး လုံးဝမလုပ်တော့တဲ့အထိ သက်ရောက်မှုရှိအောင် ကျနော်တို့ လုပ်မှာပါ "လို့ မိုးကုတ် ထာပြဲ ကျောက်ကုန်သည်ပွဲစားများအဖွဲ့ နာယက ဦးမြတ်ထွန်းက ဆိုပါတယ်။ သတင်း-ဏေဏီ
One News Myanmar

19/12/2020

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်လုံခြုံရေးရဲကား သမုတ်တွင်တိမ်းမှောက်
=-=-=-=-=-=-=
19 12 , 2020

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၏လုံခြုံရေးရဲကားမှာဒီဇင်ဘာ ၁၉ ရက်နေ့ညနေ ၅ နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွား ခဲ့ကြောင်းသိရပ့တယ်။

ဝန်ကြီးချုပ်ယာဉ် တန်း၏ရှေ့ ပွိုင့်လုံခြုံရေးရဲကားသည် သမုတ်-
လွတ်လွတ်တံတားကိုဖြတ်သန်းပြီး လော့လော့ကျေးရွာအနီးအရောက်တွင်ဘီးချော်တိမ်းမှောက်ခဲ့ကြောင်းသိရပါတယ်။

လုံခြုံရေးရဲကားမှာဝန်ကြီးချုပ်ယာဉ်တန်းအား ထားဝယ်မှလိုက်ပါစောင့်ရှောက်မောင်းနှင်လာတာဖြစ်ပြီး တံတားကြီးဖြတ်သန်းပြီးနောက်တိမ်းမှောက် ခဲ့ကြောင်းသိရပါတယ်။

ယာဉ်တိမ်း မှောက်မှုကြောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိတာကြောင့် ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရပါတယ်။

https://m.facebook.com/story.php?story_fbid=1345698272437117&id=222869948053294
မြတ်ထွဋ် (မြိတ်)

19/12/2020

မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆) နာရီ၊ (၄၉) မိနစ်၊ (၀၂) စက္ကန့် အချိန်တွင် တောင်ကြီးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၅၉) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဆီဆိုင်မြို့၏ တောင်-အရှေ့တောင်ဘက် (၁၅)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၂၉)ဒီဂရီ၊ အနက်(၄) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစေကး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ိုးဇလ

19/12/2020

#မြေငလျင်လှုပ်စဉ်ဆောင်ရွက်ရန်

၁. ငလျင်လှုပ်စဉ် စိတ်ကိုတည်ငြိမ်စွာထားပြီး ပြိုကျနိုင်သည့် အရာဝတ္ထုများ၊ အဆောက်အဦးများ အနီးမွ အျမန်ဆုံး ရှောင်ရှားပါ။
၂. အိမ်ထဲတွင် ရှိနေပါက ကုတင်၊စားပွဲ ခုံအောက် ဝင်နေပါ၊ ကုတင်၊ စားပြဲမ်ား မရှိလျှင် အဆောက်အဦး၏ အတွင်းနံရံတလျှောက်(သို့) ထောင့်တစ်ခုခုတွင် အကာကွယ်ယူပါ။
ငလျင်လှုပ်နေစဉ် အိမ်အပြင် မထွက်ပါနှင့်၊
အိပ်ယာထဲရောက်နေပါက ခေါင်းကိုခေါင်းအုံးအောက်မှာထားပြီး ကာကွယ်ပါ။
၃. အထပ်မြင့်တိုက်တွင်ရှိနေပါက ပြတင်းပေါက်၊ဝရံတာနှင့် ဝေးဝေးနေပါ။
၎. မြေညီထပ်တွင်ရှိနေပြီး ဝင်ပေါက်၊ ထွက်ပေါက်နှင့် နီးပါက အဆောက်အဦးအတွင်း မေနဘဲ အပြင်ဘက်သို့ အျမန်ဆုံး ထွက်ခွာရှောင်ရှားပါ။
၅. အဆောက်အဦးကို စွန့်ခွာရမည်ဆိုလျှင် ဓါတ်လှေကားအတွင်း ပိတ်မိနိုင်သဖြင့် ရိုးရိုးလှေကားမှသာ ဆင်းပါ၊ အိမ်အပြင်ရောက်နေပါက အပြင်မှာမှာပဲဆက်နေပါ၊ အဆောက်အဦး၊ သစ်ပင်၊ မီးတိုင်၊ ဓါတ်ကြိုးများနှင့် ကင်းလွတ်ရာတွင် နေပါ။ မြေပြင်မှာ ဝပ်နေပါ။
၆. ကားထဲတွင်ရှိနေပါက ကားကိုအရှိန်လျှော့ပြီး ဘေးကင်းမည့်နေရာကိုမောင်းသွားပြီး ရပ္ထားပါ။ ကားထဲမှာပဲနေပါ။
၇. ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းစပ်တွင်နေထိုင်သူများ ဖြစ်ပါက မြေပြင်တောင်ကုန်းရှိရာနေရာသို့ အျမန်ဆုံးသြားပါ။
၈. လျှပ်စစ်ဓါတ်ကြိုးများနှင့် ကွဲရှထိခိုက်နိုင်မည့်အရာများကို သတိထား ရှောင်းရှားပါ။ မီးမ်ား ငြိမ်းသတ်ထားပါ။
၉. မိသားစုမ်ား တကွဲတပြားဖြစ်သွားနိုင်ပါက ပြန်ဆုံရမည့်နေရာကို ကြိုတင်သတ်မှတ်ထားပါ။

++++++++++++++++++++

#ငလျှင်လှုပ်ပြီးနောက်ဆောင်ရွက်ရန်

၁. အင်အားကြီးသည့်ငလျင်လှုပ်ပြီးတိုင်း နောက်ဆက်တွဲ ငလျင်များ လှုပ်တတ်သဖြင့် နောက်ထပ်ငလျင် ဆက်မလှုပ်မီ အဆောက်အဦး အပြင်ဘက်သို့ အျမန်ဆုံး ပြေးထွက်ပါ။
၂. ကွင်းပြင်၊ ကွက်လပ်၊ လယ်ကွင်းစသည့် နေရာများတွင် ခေတ္တယာယီနေပါ။
၃. ငလျင်လှုပ်ပြီးနောက် အချို့ကမ်းခြေဒေသများတွင် ပင်လယ် ဒီလှိုင်းကြီးများ တက်လာခြင်း၊ ရေကာတာ နှင့် ဆည်များပြိုကျခြင်း၊ တောင်ပြိုကျခြင်းတို့ ကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်တတ်သဖြင့် မြေမြင့်ပိုင်းသို့ ကြိုတင်ရှောင်ရှားပါ။
၎. ဒဏ်ရာရနေသူများ၊ လှောင်ပိတ်မိနေသူများကို ကူညီပြီး ရှေးဦးပြုစုပါ၊ ကေလးသူငယ္မ်ား၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ မကျန်းမာသူများ၊ ကိုယ်ဝန်ဆောင်များကို ဦးစားပေးကယ်တင်ပါ၊
၅. အပျက်အစီးအောက်တွင် ပိတ်မိနေပါက မီးခြစ်ကို မသုံးပါနှင့်၊ မီးလောင်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် အဓိကငလျင်ကြောအနေဖြင့် ရခိုင်ငလျင်ကြော၊ စစ်ကိုင်းငလျင်ကြော၊ ကျောက်ကြမ်းငလျင်ကြော၊ သံလွင်ငလျင်ကြောနှင့် ဟူးကောင်းငလျင်ကြောဟူ၍ ငလျင်ကြော ငါးခုရှိပြီး စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောမှ ငလျင်လှုပ်ခတ်ပါက အပျက်အစီးအဆုံးအရှုံး များပြားနိုင်ကြောင်း ဘူမိဗေဒပညာရှင်များက ပြောကြားထားပါသည်။

19/12/2020

မြေငလျင်သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၅၂) မိနစ်၊ (၄၈) စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင်(၆၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ယင်းမာပင်မြို့၏ အနောက်-အနောက်တောင်ဘက် (၁၅)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၀၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇)ဒီဂရီ၊ အနက်(၇၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစေကး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ိုးဇလ

Photos from Myanmar National News's post 19/12/2020

မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ ၁၈ သိန်းကျော်၌ မှတ်ပုံတင်မရှိသူများ၊ အသက်မပြည်သူများနှင့် မှတ်ပုံတင်ထပ် နေသူများ (၃) သိန်းကျော် ပါဝင်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ - ၁၉ ( )

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ ၁၈ သိန်းကျော်၌ မှတ်ပုံတင်မရှိသူများ၊ အသက် မပြည်သူများနှင့် မှတ်ပုံတင်ထပ်နေသူများ (၃)သိန်းကျော် ပါဝင်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

မွန်ပြည်နယ်ရှိ (၁၀)မြို့နယ်၌ မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း (၁၈၂၈၈၂၇)ဦးရွိရာ ထိုထဲတွင် မှတ်ပုံတင်မရှိဘဲ မဲပေးသူ (၃၀၄၀၈၁)ဦး၊ မှတ်ပုံတင်ထပ်နေသူ (၃၃၉၈၆)ဦးနှင့် အသက် ၁၈ နှစ်မပြည့်သူ (၂၄၇) ဦး စုစုပေါင်း (၃၃၈၃၁၄) ဦးထိ ပါဝင်နေတယ်လို့ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

ဒါက မဲစာရင်းမှာ တွေ့ရှိချက်ပေါ့၊ ဟိုဟာကြတော့ ကျွန်တော်တို့က သေချာသွားကြည့်ပြီး ပုံစံ ၁၆ တို့ ဘာတို့ တောက်လျှောက်စစ်မှရမှာ အဲ့ဒါကြောင့် ကျွန်တော်တို့ စစ်ချင်တယ် ပြောတာကို သူတို့က မပေးတာလေ၊ အဲ့လို သိရင်တောင် နည်းနည်းခွဲလို့ ရသေးတာပေါ့၊ အခုကေတာ့ မဲပေးခွင့်ရှိတဲ့သူပေါ် မူတည်ပြီးတော့မှ ဒါကိုခြဲထား တာ ဟု မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

အထက်ပါ မဲစာရင်းများမှာ မွန်ပြည်နယ် (၁၀)မြို့နယ်အတွင်းရှိ မဲရုံတစ်ရုံချင်းအလိုက် စိစစ်တွေ့ရှိထားသည့် စာရင်းများကို ကွန်ပျူတာထဲတွင် ထည့်၍ PDF Format မွ Excel Format ပြောင်းလိုက်ရာမှာတော့ အထက်ပါ မဲစာရင်း ကွာဟချက်များကို တွေ့ရှိလာခြင်းဖြစ်ကြောင်း ဦးအောင်ကြည်သိန်းက ဆက်လက်ပြောဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော် လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။

Photo - မွန်ပြည်နယ် USDP

#မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ

(unicode)
မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ ၁၈ သိန်းကျော်၌ မှတ်ပုံတင်မရှိသူများ၊ အသက်မပြည်သူများနှင့် မှတ်ပုံတင်ထပ် နေသူများ (၃) သိန်းကျော် ပါဝင်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ - ၁၉ ( )

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ ၁၈ သိန်းကျော်၌ မှတ်ပုံတင်မရှိသူများ၊ အသက် မပြည်သူများနှင့် မှတ်ပုံတင်ထပ်နေသူများ (၃)သိန်းကျော် ပါဝင်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

မွန်ပြည်နယ်ရှိ (၁၀)မြို့နယ်၌ မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း (၁၈၂၈၈၂၇)ဦးရွိရာ ထိုထဲတွင် မှတ်ပုံတင်မရှိဘဲ မဲပေးသူ (၃၀၄၀၈၁)ဦး၊ မှတ်ပုံတင်ထပ်နေသူ (၃၃၉၈၆)ဦးနှင့် အသက် ၁၈ နှစ်မပြည့်သူ (၂၄၇) ဦး စုစုပေါင်း (၃၃၈၃၁၄) ဦးထိ ပါဝင်နေတယ်လို့ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

ဒါက မဲစာရင်းမှာ တွေ့ရှိချက်ပေါ့၊ ဟိုဟာကြတော့ ကျွန်တော်တို့က သေချာသွားကြည့်ပြီး ပုံစံ ၁၆ တို့ ဘာတို့ တောက်လျှောက်စစ်မှရမှာ အဲ့ဒါကြောင့် ကျွန်တော်တို့ စစ်ချင်တယ် ပြောတာကို သူတို့က မပေးတာလေ၊ အဲ့လို သိရင်တောင် နည်းနည်းခွဲလို့ ရသေးတာပေါ့၊ အခုကေတာ့ မဲပေးခွင့်ရှိတဲ့သူပေါ် မူတည်ပြီးတော့မှ ဒါကိုခြဲထား တာ ဟု မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

အထက်ပါ မဲစာရင်းများမှာ မွန်ပြည်နယ် (၁၀)မြို့နယ်အတွင်းရှိ မဲရုံတစ်ရုံချင်းအလိုက် စိစစ်တွေ့ရှိထားသည့် စာရင်းများကို ကွန်ပျူတာထဲတွင် ထည့်၍ PDF Format မွ Excel Format ပြောင်းလိုက်ရာမှာတော့ အထက်ပါ မဲစာရင်း ကွာဟချက်များကို တွေ့ရှိလာခြင်းဖြစ်ကြောင်း ဦးအောင်ကြည်သိန်းက ဆက်လက်ပြောဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော် လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။

Photo - မွန်ပြည်နယ် USDP

#မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ

Photos from Myanmar National News's post 19/12/2020

လူစုလူဝေးမဖြစ်စေရန် ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ ပန်းခြံနှင့် ကစားကွင်းအားလုံး ဒီဇင်ဘာလကုန်ထိ ပိတ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ( )

ခရစ်စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလ၌ လူစုလူဝေးမဖြစ်စေရန် လူစည်ကားရာ ပြည်သူ့ဥယျာဉ်၊ တိရိစ္ဆာန် ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ ပန်းခြံနှင့် ကစားကွင်းအားလုံးကို ဒီဇင်ဘာလ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွန်ကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at home သတ်မှတ်ထားရာ မြို့နယ်များရှိပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များအားလိုက်နာခြင်းမရှိဘဲ ပြင်ပ၌သွားလာ နေခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သောသတိပေးစစ်ဆေးတင်းကြပ်မူများ ဆောင်ရွက်သွားရန် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ဒီဇင်ဘာ ၂ ရက်တွင် အကြောင်းကြားလာမူ အပေါ် ကြပ်မတ်ဆောင်ရွက်သွားရန်ဟူ၍ ညွန်ကြားစာတွင်ဖော်ပြထားသည်။

ထို့ကြောင့် ခရစ်စမတ်ကာလနှင့် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်ကာလများအတွင်း ရန်ကုန်တိုင်းဒေသကြီး တွင်လူစုလူဝေးတတ်သောအထက်ပါနေရာများအား ဒီဇင်ဘာ ၂၁ ရက်မှစ၍ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် ညွန်ကြားထားခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေးဖြစ်မှုများရှိခဲ့သည် မဟာဗန္ဓုလပန်းကို ယာယီပိတ်ခဲ့ပြီးနောက် ယခုကျန်ရှိသည့် ပန်းခြံများအားထပ်မံပိတ်လိုက်ခြင်းလည်းဖြစ်သည်။

#ပန်းဥယျာဉ်

(unicode)
လူစုလူဝေးမဖြစ်စေရန် ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ ပန်းခြံနှင့် ကစားကွင်းအားလုံး ဒီဇင်ဘာလကုန်ထိ ပိတ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ( )

ခရစ်စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလ၌ လူစုလူဝေးမဖြစ်စေရန် လူစည်ကားရာ ပြည်သူ့ဥယျာဉ်၊ တိရိစ္ဆာန် ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ ပန်းခြံနှင့် ကစားကွင်းအားလုံးကို ဒီဇင်ဘာလ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွန်ကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at home သတ်မှတ်ထားရာ မြို့နယ်များရှိပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များအားလိုက်နာခြင်းမရှိဘဲ ပြင်ပ၌သွားလာ နေခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သောသတိပေးစစ်ဆေးတင်းကြပ်မူများ ဆောင်ရွက်သွားရန် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ဒီဇင်ဘာ ၂ ရက်တွင် အကြောင်းကြားလာမူ အပေါ် ကြပ်မတ်ဆောင်ရွက်သွားရန်ဟူ၍ ညွန်ကြားစာတွင်ဖော်ပြထားသည်။

ထို့ကြောင့် ခရစ်စမတ်ကာလနှင့် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်ကာလများအတွင်း ရန်ကုန်တိုင်းဒေသကြီး တွင်လူစုလူဝေးတတ်သောအထက်ပါနေရာများအား ဒီဇင်ဘာ ၂၁ ရက်မှစ၍ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် ညွန်ကြားထားခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေးဖြစ်မှုများရှိခဲ့သည် မဟာဗန္ဓုလပန်းကို ယာယီပိတ်ခဲ့ပြီးနောက် ယခုကျန်ရှိသည့် ပန်းခြံများအားထပ်မံပိတ်လိုက်ခြင်းလည်းဖြစ်သည်။

#ပန်းဥယျာဉ်

Videos (show all)

မော်လမြိုင်ဆေးရုံကြီးတွင် အရည်အသွေးပြည့်မှီသည့် N-95 mask နှင့် PPE ဝတ်စုံများလိုအပ်နေ==================================...
🙏မင်္ဂလာညချမ်းပါ 🙏မြန်​မာ🙏
မင်္ဂလာညချမ်းပါ မြန်​မာ🇲🇲 နှလုံးစိတ်​ဝမ်း ​အေးချမ်းကြပါ​စေ🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
၅/၇/၂၀၂၀ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးကျွန်းမှာ မိုး ကြီးလို့ရေဘေးသင့်လျက်ရှိပြီး ရေမျက်နှာ ပြင်မြင့်တက်လာမှုကြောင့် လ...
2/7/2020(8:00)amဖားကန့် ဂွေခါ မြေပြိုတဲ့ ရုပ်သံဖိုင်ပါ။ဒေသခံ တွေ အပြောအရ ကျောက်ရှာ လူ(200) ဝန်းကျင် ခန့်ပါသွားနိုင်ကြောင...
မင်္ဂလာညချမ်းပါ  မြန်​မာ🇲🇲🙏🙏🙏

Website