soe min heain

soe min heain

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from soe min heain, Grocers, .

18/09/2023

သာသနာနှစ်(၅၀၀၀)ပြည့်ပြီးနောက်ပိုင်း
ဖြစ်လာမည့် အကြောင်းအရာ ( ၁၈)ချက်
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

၁။ ကမ္ဘာတစ်ဝန်းက ဘုရားဓာတ်တော်တွေ ဗောဓိညောင်ပင်သို့ ပြန်စုပြီး နိမ္မိတဘုရား အဖြစ် တကြိမ်တရားဟောမည်။

၂။တရားဟောသောအခါ နတ်ဗြဟ္မာများ ဝိဇ္ဇာပုဂ္ဂိုလ်များ အရိယာသောတာပန်များ သူတော်စဉ်ရသေ့များ တရားနာကြားပြီး ကျွတ်တမ်းဝင်ကြမည်။

၃။တရားဟောပြီးသောအခါ နိမ္မိတဘုရားသည် ဓာတ်တော် ပြန်ဖြစ်ကာ ဓာတ်တော်သည်လည်း ထိုနေရာတွင် တေဇောဓာတ်မီးလောင်ကာ ချုပ်ငြိမ်းသွားတော့မည်။

၄။ထိုအချိန်တွင် လူသက်တမ်းက ၁၀ နှစ်သာရှိတော့ပြီး ၅ နှစ်တွင် အိမ်ထောင်ပြုကြမည်။

၅။ကြီးသူကိုရိုသေခြင်းမရှိတော့ဘဲ လောဘ ဒေါသ မောဟ များက အတိုင်းအဆမရှိ အားကြီးမည်။

၆။မကောင်းမှုဒုစရိုက်တွေသာ များပြီး ခိုးဆိုးလုနှိုက်သတ်ဖြတ်ကြပြီး တရားဥဒေ ကင်းမဲ့မည်။

၇။ တစ်ကမ္ဘာလုံး စစ်မီးများသာတောက်ပြီး လူများစွာ သေကြမည်။ စစ်မဖြစ်သော နေရာတွင် ကပ်သုံးပါးနှိပ်စက်၍ သေကြမည်။

၈။စစ်ဘေး ကပ်ဘေး ရန်ဘေးများ ကြောင့် သူတော်ကောင်း အနည်းစုသည် တောနက်ထဲ ဝင်ပုန်းကြမည်။

၉။ ကမ္ဘာတစ်ခုလုံးက လူသားများ စစ်ဘေး ကပ်ဘေး များကြောင့် သေဆုံးကြသောအခါ တောနက်ထဲက သူတော်ကောင်း အနည်းစုသာကျန်မည်။

၁၀။ မြို့တိုင်းရွာတိုင်းသည် ပျက်စီးကာ လူသေများ အပုပ်များ ပြည့်နှက်နေကာ အချိန်ကြာသော် တောကြီးဖုံးအုပ် ကာ တောနက်ဖြစ်သွားမည်။

၁၁။ သူတော်ကောင်းတို့ နေသောတောနက်များသည် သန့်ရှင်းစင်​ကြယ်​သော မြို့သစ်များ မြို့ကြီးများ ဖြစ်လာမည်။

၁၂။ သူတော်ကောင်းများသာ ရှိ၍ ကမ္ဘာတွင်အေးချမ်းသာယာမည်။ တက်ကပ်ပြန်ဖြစ်လာမည်။

၁၃။ လူ့သက်တမ်း ၁၀ နှစ် မှသည် တဖြည်းဖြည်းပြန်ရှည်ကာ အသ​ချေ်သက်တမ်းအထိရှည်မည်။

၁၄။အသ​ချေ်သက်တမ်းမှ ဆုတ်ကပ်ပြန်ဖြစ်ကာ အနှစ်တစ်သိန်းတန်းတွင် အရိမေတ္တယျ မြတ်စွာဘုရားပွင့်လိမ့်မည်။အရိမေတ္တယျဘုရား၏ သက်တော်သည် ၈သောင်း ရှိမည်။

၁၅။ အရိမေတ္တယ ဘုရားသည် လည်း သာသနာတော် နှစ် သုံးသိန်းခြောက်သောင်းထားခဲ့လိမ့်မည်။

၁၆။ ထိုသုံးသိန်းခြောက်သောင်းပြည့်သော် ဘုရားငါးဆူပြည့်၍ ဤ ဘဒ္ဒကမ္ဘာကြီး ပျက်စီးသွားမည်။

၁၇။ ပျက်စီးပြီးနောက် ဘုရားမပွင့်သည့် ကမ္ဘာတစ်သိန်း ဖြစ်တည်​ပြီး ထိုကမ္ဘာတစ်သိန်းလွန်​​သော်
"မဏ္ဍ "ကမ္ဘာအသစ်ပြန်ဖြစ်မည်။

၁၈။ထိုကမ္ဘာတွင် ရာမသမ္ဗုဒ္ဓဘုရားနဲ့ ဓမ္မရာဇာဘုရား နှစ်ဆူ ပွင့်မည်။

#ဓမ္မကျမ်းဂန်များနှင့်သဘောထားကွဲလွဲချက်များရှိပါက ဖြည့်စွက်ဖက်ရှုပေးကြရန်မေတ္တာရပ်ခံအပ်ပါသည်။

Crdမူရင်းရေးသားပူဇော်မျှဝေသူ

16/09/2023

အတ္တပြုတ်အောင်ရှုပွါးနည်းအလုပ်ပေး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သုညပဲသုညတပဲလို့သာရှုနေ

ပျက်တိုင်း,ပျက်တိုင်း ဘယ်လို ရှုရမယ်။ (ငါ_ငါ့ဥစ္စာမဟုတ်လို့ရှုရပါမယ်)၊ ငါ,ငါ့ဥစ္စာ မဟုတ်တဲ့ သုညချည်းပဲ ဆိုတော့ ကဲ နောက်ကျတော့ နားလည်ပါပြီ တဲ့၊ ငါလဲချုပ်၊ ငါလဲ ပြုတ်ပြီး သားတွေ ဖြစ်သွား တယ်၊ ငါ့ဥစ္စာကော (ပြုတ်ပြီးသားပါ ဘုရား)၊ အင်း ပေါ်လာတာ ကလေးဟာ သုညပဲ သုညတပဲ လို့သာ ရှုနေ။ (မှန်ပါ့)။
ပေါ်လာတဲ့ စိတ်ကလေးကို ဘယ်လို ရှုရမယ်။ (သုညတ သုညတလို့ ရှုရပါမယ်)၊ သုညတ သုညတ၊ သြော် ငါ, ငါ့ဥစ္စာမှ ဆိတ်သုဉ်းတာပဲ၊ အဓိပ္ပါယ် ရှင်းချင် ရင်ပေါ့ဗျာ။ (မှန်ပါ့ ဘုရား)။
အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ သူက သုညတ၊ ဒီက ရှုနေတာ ကလေးက (မဂ္ဂပါဘုရား)၊ မဂ္ဂ သူက ဘာပါလိမ့်။ (သုညတပါဘုရား)၊ ရှုနေတာကလေးက (မဂ္ဂပါဘုရား)။
အဲသုည မြင်တာ ဘယ်သူပါလိမ့်မတုံး မေးရင် ဘယ့်နှယ် ပြောကြပါ့မလဲ။ (မဂ္ဂပါဘုရား)၊ ဪ မဂ်ကမှ သုညမြင်တာ။ (မှန်ပါ့)။
မဂ်က (သုညမြင်တာပါ ဘုရား)၊ အဲဒါကြောင့် ဘာ ပေါ်လာလာ၊ ဘယ်စိတ် ပေါ်လာလာ၊ ဘယ်ဝေဒနာ ပေါ်လာလာ ဒကာ ဒကာမတို့ ငါလဲ မဟုတ်၊ ငါ့ဥစ္စာလဲ မဟုတ်၊ သုညတသာ ဟုတ်နေ တာပဲ။ (မှန်ပါ့)၊ ရှင်း ပလား။ (ရှင်းပါပြီဘုရား)။

အာရုံကသုညတရှုတာကမဂ္ဂ

ငါလဲ (မဟုတ်ပါ)၊ ငါ့ဥစ္စာလဲ (မဟုတ်ပါ ဘုရား)၊ ဘာသာ ဟုတ်ပါလိမ့်။ (သုညတသာ ဟုတ်ပါတယ် ဘုရား)။
သုညတသာ ဟုတ်တယ်လို့ တစ်ခါတည်း ဉာဏ်နဲ့ တည့်တည့် တည့်တည့်ပြီး ရှုလိုက်တော့ အာရုံက သုညတ၊ ရှုတာက (မဂ္ဂပါ ဘုရား)။
မဂ္ဂဆိုတော့ ဒကာ ဒကာမတို့ တစ်ခါတည်း ငါ ငါ့ဥစ္စာ ဆိုတဲ့ ဒိဋ္ဌိတွေ နောက်က အကုန် ပြုတ်တယ်။ (မှန်လှ ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် သုညတကလေး ရှေ့ကထား၊ ဒကာ ဒကာမတွေက မဂ္ဂနဲ့ရှု။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)၊ အဲဒီတော့ ဒါကလေး သုညတ ဖြစ်သွားပြီ၊ ဘယ် စိတ်ကလေး ဖြစ်ဖြစ် သုညတ ဖြစ်သွားပြီ ဆိုလို့ ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတို့သိတဲ့ အတိုင်း ရှေ့က သုညတ၊ နောက်က (မဂ္ဂပါ ဘုရား)၊ သေတာက အတ္တ၊ အတ္တနိယ (မှန်လှပါ)၊ မှတ်မိပလား။ (မှတ်မိပါပြီ)။

သေတာက (အတ္တ အတ္တနိယပါ)၊ အတ္တက ငါ၊ အတ္တနိယက ငါ့ဥစ္စာ။ (မှန်ပါ့)၊ ဒိဋ္ဌိတဏှာသေတယ်။ (မှန်ပါ့)၊ ရှုတတ်ပလား။ (ရှုတတ်ပါပြီ)၊ ဒါ တိုတိုနဲ့ ပြတာနော်။ (မှန်လှပါဘုရား)။
တိုတိုနဲ့ပြတာ၊ ဒကာ ဒကာမတွေက သေးသေး အဓိပ္ပါယ်လို့ မမှတ်လိုက်ပါနဲ့၊ မောဃရာဇ ရဟန်းကို ဘုရားက ဟောတော်မူတာ။ (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ မြင်တိုင်း,မြင်တိုင်း ဘာ ဖြစ်အောင် ရှုရမတုံး။ (သုညတ ဖြစ်အောင် ရှုရပါမယ် ဘုရား)။
ဒါဖြင့် ရှေ့က သုညတ၊ နောက်က (မဂ္ဂပါဘုရား)၊ သေတာက (အတ္တ အတ္တနိယပါ ဘုရား)။
အတ္တနဲ့ အတ္တနိယ၊ တစ်ခါတည်း ဒိဋ္ဌိပြုတ်တယ်။(မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာပြုတ်ပါလိမ့်။ (အတ္တနဲ့ အတ္တနိယ ပြုတ်ပါတယ် ဘုရား)။

ဒိဋ္ဌိတဏှာပြုတ်တယ်

အတ္တဆိုတာ ငါနော်။ (မှန်ပါ့)၊ အတ္တနိယ ဆိုတာ (ငါ့ဥစ္စာပါ ဘုရား)၊ ငါ့ဥစ္စာ ပြုတ်သွားတယ် ဆိုတော့ အတ္တက ငါ၊ ငါ့ဥစ္စာ ဆိုတာက တဏှာ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)၊အင်း ဒိဋ္ဌိ တဏှာ ပြုတ်သွားတယ်။
ဒကာ ဒကာမတို့ ဘာပြုတ်ပါလိမ့်။ (ဒိဋ္ဌိ တဏှာ ပြုတ်ပါတယ် ဘုရား)၊ ဪ ခင်ဗျားတို့က ဘယ်လိုများ မြင်လိုက်လို့ ပြုတ်တာပါလိမ့်။ (သုညတ မြင်လိုက်လို့ ပြုတ်တာပါ ဘုရား)၊ ဦးခင်မောင် အတော်မိပြီ။ (မှန်ပါ့)၊ ဦးဝ အတော်မိတဲ့ တရား ဆိုတာ သေချာပလား။ (သေချာ ပါပြီ ဘုရား)။
အင်မတန် ဂရုစိုက်ပြီး ဦးဇံရင်တို့ သတိ ပေးတယ် နော်။ (မှန်ပါ့ ဘုရား)၊ သတိ ပေးနေတယ် ဒကာ ဒကာမ တို့၊ ဒီနှစ်လုံးသည် ခင်ဗျားတို့ ကောင်းကင် မြှောက်တဲ့ တုတ် ဘဝမှ လွတ်မယ်။ (မှန်ပါ့ ဘုရား)။
ဒီအတ္တ အတ္တနိယ ပြုတ်ပါတယ် ဆိုကတည်းက ဒိဋ္ဌိ ပြုတ်သွားပကောဗျ (မှန်ပါ့ ဘုရား)၊ ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ အလိုလိုပါသွားတယ်။ (မှန်လှပါ)။

ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်ရင်သောတာပန်

ဒိဋ္ဌိပြုတ်ရင် (ဝိစိကိစ္ဆာ အလိုလို ပါသွားပါတယ် ဘုရား)၊ အဲဒီတော့ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ရင် သောတာပန် အစစ်။ (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ။

ဒီ သောတာပန် အစစ်ဆိုလို့ ရှိရင် ဒကာ ဒကာမတို့ စုတေမှနေ သေလွန်တဲ့ အခါကျလို့ ရှိရင် သောတာပန် အဖြစ် နဲ့ သေသွားတဲ့ အခါ သုဂတိမှ တစ်ပါး ဘယ်သွားသေး သတုံး။ (ဘယ်မှမသွားပါ ဘုရား)။
ကောင်းကင် မြှောက်တဲ့ တုတ်လို ကျချင်သလို ကျတာ လား၊ မှန်းခြေပေါက် ရှိသလား (မှန်းခြေပေါက် ရှိပါတယ် ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ ဒီ သုညကလေး ဖြစ်အောင်ဟာ ခင်ဗျားတို့ ဝန်မလေး ကြပါနဲ့။ (မှန်ပါ့ ဘုရား)။
သုညကလေး ဖြစ်အောင် (ဝန်မလေး ကြပါနဲ့ ဘုရား)၊ ဝန်မလေး ကြပါနဲ့ ဆိုတာ သေသေ ချာချာ ပြောပါတယ်။ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ဟာလဲ ကောင်းကင် မြှောက်တဲ့ တုတ်လို မမြဲဘူး။ (မှန်ပါ့)၊ ခင်ဗျားတို့ သားသမီးတွေကလဲ (မမြဲပါ ဘုရား)။
မမြဲသေးတော့ ဒီ သုညတ ဆိုက်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် ( မြဲပါတယ်ဘုရား)၊ မြဲပြီး သုည ဆိုက်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် (မြဲပါပြီဘုရား)။
မြဲပြီဆိုတာ သေချာပလား။ (သေချာပါပြီ)၊ ဒါဖြင့် ဒီသုညတသည် ငါတို့ကို ကယ်မည့်သူ သုညတ (မှန် လှပါဘုရား)၊ ဘယ်လို ဆိုကြမယ် (သုညတသည်ငါတို့ကိုကယ်ယူမည့်သုညတပါဘုရား)🙏🙏🙏
ငါတို့ကို ကောင်းကင် မြှောက်တဲ့ တုတ်ဘဝမှ လွတ် အောင်လုပ်တဲ့ သုညတ (မှန်ပါ့)၊ ဆိုနိုင်ကြမလား။ (ဆိုနိုင်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒီအလုပ်ဟာ ဒကာ ဒကာမတို့ ခဲယဉ်း သလားလို့ တစ်ခါ မေးပြန်ဦးမယ်။ (မခဲယဉ်းပါ)၊ မခဲယဉ်းဘူးနော်။
(မှန်ပါ့)၊ ဒါဖြင့် ငါလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာ လဲ မဟုတ်ဘူး၊ ပျက်သွားတဲ့ ဓမ္မကလေးဟာ ငါငါ့ ဥစ္စာမှ ဆိတ်သုဉ်းတဲ့ ဓမ္မပဲလို့ ဆိုတာ ဝန်လေးသလား။ (မလေးပါ ဘုရား)။
ဘယ်ဟာ ပေါ်လာလာ ငါ ငါ့ဥစ္စာ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)၊ ခန္ဓာထဲ စိုက်ကြည့်ပါ ဒကာ ဒကာမတို့၊ ဝေဒနာ ကလေး ပေါ်လာလဲ ကြည့်စမ်း၊ ငါလား။ (မဟုတ်ပါ ဘုရား)။
ငါ မဟုတ်ပါဘူး ဝေဒနာပါ ဒကာ ဒကာမတို့။ (မှန်ပါ့)၊ ငါ့ဥစ္စာလား ဆိုလို့၊ အို ငါ့ဥစ္စာ မဟုတ်ပါဘူး၊ ဖဿ ပစ္စယာ ဝေဒနာပါ
(မှန်ပါ့)၊ ဖဿကလုပ်ထားတာပါ။ (မှန်လှပါ)၊ သေချာပလား။ (သေချာပါပြီ ဘုရား)။

ဒါကလေးဟာ ကြည့်ရင်းမတ္တနဲ့ တစ်ခါ ဆိတ်သုဉ်း သွားပြန်တော့ ငါ, ငါ့ဥစ္စာ အဖြစ်မှ မရှိပါကလား ဆိုတာ မတွေ့ဘူးလား။ (တွေ့ပါတယ် ဘုရား)။
ဒါဖြင့် ငါ, ငါ့ဥစ္စာ မရှိတာ သည်ကားလို့ ဆိုရင်ဖြင့် သုညတ (မှန်ပါ့)၊ မြင်တာက (မဂ္ဂပါ) သေတာက (အတ္တ-အတ္တနိယပါ ဘုရား)၊
အတ္တ-အတ္တနိယ၊ တစ်ခါတည်း ဒိဋ္ဌိ ပြုတ်ထွက်သွား တယ်။ (မှန်ပါ့)၊ တစ်ခါတည်း ဒိဋ္ဌိပြုတ် ထွက်သွားတော့ ဒီတရားထက် ပိုင်တာ ဒကာ ဒကာမတွေ ရှိသေးရဲ့လား။ (မရှိပါဘုရား)။
အဲဒီ လောက်တောင် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ သြော် ဘာပဲပေါ်ပေါ် သုညဖြစ်အောင် လုပ်ဖို့ရာ တို့အရေးပါ ကလား။ (မှန်လှပါ)။
သုညဖြစ်အောင် တို့က ရှုနိုင်လို့ရှိရင်ဖြင့် မရှိတာ တွေ့မယ်၊ ပြင်မယ် မရှိတာ သိရင်ဖြင့် သုညဖြစ်တာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီဘုရား)။
မရှိတာသိရင် (သုညဖြစ်ပါတယ်)၊ မရှိတာ ၁ လို့လဲ ရေးလို့ဖြစ်ကဲ့လား ဦးခင်မောင် (မဖြစ်ပါဘုရား)၊ ၂ ကော ရေးလို့ ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား)၊ ဘာရေးမတုံး မရှိတာ (သုည ရေးရပါမယ် ဘုရား)။
ဒါကြောင့် သုညလို့ ဆရာဘုန်းကြီးက ပြောနေတယ်၊ စာလိုတော့ သုညတ (မှန်လှပါဘုရား)၊ ခင်ဗျားတို့ ၁ ဆိုတဲ့ ငါကော ရေးလို့ ဖြစ်ကဲ့လား။ (မဖြစ်ပါဘုရား)၊ ၂ ဆိုတဲ့ ငါ့ဥစ္စာကော (မဖြစ်ပါ ဘုရား)၊ ဘာရေးမတုံး။ (သုညရေးရပါမယ်ဘုရား)၊ ဟောဒီဉာဏ်နဲ့ သုညသာရေး (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သူက သုည (ဝါ) သုညတ၊ သူက ဘာတုံး။ (မဂ္ဂပါဘုရား)၊ အင်း သေတာက ဘာပါလိမ့်။ (အတ္တနဲ့ အတ္တနိယပါဘုရား)။
အတ္တ-အတ္တနိယဆိုတော့ ၁ နဲ့ ၂ ပြုတ်သွားတယ်။ (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတွေ ဘာပြုတ် သွားသလဲ။ (၁ နဲ့ ၂ ပြုတ်သွားပါတယ် ဘုရား)။
၁ နဲ့ ၂ ပြုတ်ပြီး ဉာဏ်ထဲမှာ သုညကျန်ရစ်တယ်။ (မှန်ပါ့ ဘုရား)၊ ဉာဏ်ထဲမှာ ဘာကျန်ရစ် ပါလိမ့်။ (သုည ကျန်ရစ်ပါတယ် ဘုရား)။

အထက်နတ်ပြည်သာသွားမည်

နားလည်ကြရဲ့လားနားလည်ကြရဲ့လား။ (နား လည်ပါတယ်ဘုရား)၊ ဘုန်းကြီးကဖြင့် စိတ်ရော ကိုယ်ပါ ဒကာ ဒကာမတို့ ကောင်းကင် မြှောက်တဲ့ ဘဝမှ တစ်ခါတည်း လွတ်ပြီး သကာလ ကဲ ဒီဘဝက သောတာပန်တည်၊ တည်ပြီး သကာလ နတ်ရွာ သုဂတိပဲ၊ ခင်ဗျားတို့ ဘယ်မှ မသွားဘူး၊ အထက်သာတက်။ (မှန်ပါ့ဘုရား)🙏။

(မိုးကုတ်တရာတော်ဘုရားကြီး )

Website