University of Computer Studies - Myeik Interim Council
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from University of Computer Studies - Myeik Interim Council, Government Organization, .
This page is official page of University of Computer Studies - Myeik Interim Council.Students from UCS-Myeik can ask about interim education of the Ministry of Education.
Web Development
ယနေ့လို တိုးတက်မှုတွေမြန်ဆန်နေတဲ့ခေတ်ကြီးမှာ နည်းပညာရဲ့ အခန်းကဏ္ဍ၊ နည်းပညာသမားတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးသလို လူသားအရင်းအမြစ်လိုအပ်မှုဟာလည်း မြင့်မားဆဲပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာခေတ်ကြီးမှာ နည်းပညာနဲ့အဆက်မပြတ်ဖို့၊ နည်းပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အခြေခံသိရှိမှုတွေကို ဖြန့်ဝေသင်ကြားပေးနိုင်ဖို့ အစီအစဉ်လေးတစ်ခု ဖန်တီးပေးထားတာရှိပါတယ်။ အဲ့ဒါကတော့ ယခုပြောကြားပေမယ့် Web Development အတန်းလေးပဲဖြစ်ပါတယ်။
တက်ရောက်နိုင်သူများကတော့ ကွန်ပျူတာတက္ကသိုလ်များ၊ ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များမှ နွေဦးတော်လှန်ရေးအတွင်း ပညာရေးသပိတ်မှောက်ကျောင်းသားများပဲဖြစ်ပါတယ်။
သင်ကြားပေးမယ့်သင်ခန်းစာတွေကတော့ -
=> အခြေခံ Web content များဖန်တီးဖို့အတွက် HTML ဆိုင်ရာ သင်ခန်းစာများ
=> Efficient code များရေးသားနိုင်ဖို့အတွက် သိရှိဖို့လိုအပ်တဲ့ Data Structure and Algorithm
=> Data များကို ကောင်းမွန်စွာ Manipulate ပြုလုပ်နိုင်ဖို့အတွက် Database Management System
=> ယနေ့ခေတ်မှာ ခေတ်စားလျက်ရှိတဲ့ Cloud based ဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချသွားမှာပဲ။
စတင်သင်ကြားမယ့်ရက်ကတော့ (11/9/2023) ရက်နေ့မှာဖြစ်ပြီး နှစ်လကြာ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာနေ့တိုင်းရဲ့ ညနေ (5:30 pm - 7:00 pm) တိုင်းမှာ Zoom မှ online class အဖြစ်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
လူဦးရေကန့်သတ်ထားမှုလေးတော့ရှိတာကြောင့် တက်ရောက်လိုသူ သပိတ်မှောက်ကျောင်းသားများအနေဖြင့် အမြန်ဆုံးစာရင်းပေးသွင်းထားဖို့တော့ လိုအပ်ပါတယ်နော်။ တက်ရောက်ခွင့်ရောက်သူ ကျောင်းသားများကို E-mail မှတဆင့် ပြန်လည်အကြောင်းကြားမှာဖြစ်တာကြောင့် စာရင်းသွင်းပြီးရင် mail လေးစောင့်ကြည့်ပေးကြဖို့တော့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
Form ဖြည့်သွင်းရန် - https://forms.gle/ZXDLF8vStQXqYh746
Formal English Language and Informal English Language Course
နွေဦးတော်လှန်ရေးအတွင်း ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှင့်နှီးနွယ်သောတက္ကသိုလ်များမှ သပိတ်မှောက်ကျောင်းသားများအဖြစ် ပါဝင်လျက်ရှိကြသူများအတွက် တော်လှန်ရင်း ပညာရှာနိုင်ဖို့ Formal English Language and Informal English Language Course လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ။
နိုင်ငံမတူ ယဉ်ကျေးမှုမတူ ဘာသာစကားမတူတဲ့အခါ မိမိရဲ့ ပြောဆိုဆက်ဆံပုံတွေ လွဲမှားမှုတွေ မိမိကို အထင်အမြင်လွဲမှုဖြစ်စေတတ်ပါတယ်။ "ဟုတ်ကဲ့" နဲ့ "အင်း" ဆိုတဲ့ စကားလုံးများက ထောက်ခံကြောင်း၊ မှန်ကန်ကြောင်းဆိုပုံခြင်းတူပေမယ့် နားထောင်ရပုံခြင်းတော့ ကွဲပြားပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်ပြီး ကာလံဒေသံမှန်ကန်စွာ ပြောဆိုဆက်ဆံချင်သူများအဖို့ ဒီ Course လေးက တက်ရောက်သင့်တဲ့အတန်းတစ်ခုဖြစ်ပါတယ်။
အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့များတွင် ညနေ (6:30) မှ (8:00) အချိန်အထိ သင်ကြားပေးမှာဖြစ်ပါတယ်။ (၆) ပတ်ကြာဖွင့်လှစ်မယ့် ယခုအတန်းလေးဟာဆိုရင် (Aug 10, 2023) မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
လူဦးရေ အကန့်အသတ်ရှိတဲ့အတွက် အမြန်ဆုံးစာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်နော်။
Form ဖြည့်သွင်းရန် link => https://forms.gle/AqsvcTXRNeGXRZ8e9
edX Learning Platform မှ အခမဲ့သင်ကြားနိုင်မည့် သင်ခန်းစာများအတွက် ပထမအသုတ် Registration ကို မတ်လ 24 ရက် မှာ ပိတ်သိမ်းတော့မှာဖြစ်ကြောင်း အသိပေးခြင်း။
အကြမ်းဖက်စစ်အာဏာရှင်နှင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်တော်လှန်နေကြသော ကျောင်းသူ၊ကျောင်းသားများ၏ ပညာဆက်လက်သင်ယူနိုင်ရေး၊ စဥ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်၍ edX Education Learning Platform တွင် သင်တန်းအမျိုးအစားပေါင်း (၈၈) ခုကို လူဦးရေအကန့်အသတ်ဖြင့် အခကြေးငွေပေးသွင်းစရာမလိုပဲ တက်ရောက်နိုင်ရန်အတွက် ဆောင်ရွက်ထားပါသည်။
သင်တန်းသို့ တက်ရောက်လိုသော ကွန်ပျူတာတက္ကသိုလ်များမှ သပိတ်မှောက်ကျောင်းသူကျောင်းသားများအနေဖြင့် အောက်ပါလင့်ခ်တွင်အသေးစိတ်လေ့လာ၍ စာရင်းပေးသွင်းလျှောက်ထားနိုင်ပါသည်။
https://www.facebook.com/114150758229638/posts/151363081175072/?mibextid=Nif5oz
ကြားကာလ ကွန်ပျူတာတက္ကသိုလ်များ ပညာရေးဘုတ်အဖွဲ့
#ကြားကာလပညာသင်ကြားရေးအစီအစဉ်
ကွန်ပျူတာတက္ကသိုလ်များနဲ့ ကွန်ပျူတာနှီးနွယ် တက္ကသိုလ်များကနေပြီးတော့ နွေဦးတော်လှန်ရေးမှာ ပညာရေးသပိတ်မှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကြားကာလပညာသင်ကြားရေးအစီအစဉ်အဖြစ် လူတိုင်းနားလည်တတ်ကျွမ်းသင့်တဲ့ ကွန်ပျူတာအခြေခံ နှင့် A+အတန်းကို ဒုတိယအကြိမ်အဖြစ် ထပ်မံ့လိုက်ပါပြီ။
ITကို အခြေခံကနေစနစ်တကျ သင်ယူလိုသူတွေနဲ့ ကိုယ်တိုင် အသုံးပြုနေရတဲ့ ကွန်ပျူတာအကြောင်း သိရှိလိုသူတွေအတွက် Computer fundamental & A+ အကြောင်းကို သင်ယူနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။
❓ဘာတွေသင်ပေးမှာလဲ။
ကွန်ပျူတာ တပ်ဆင်တည်ဆောက်ထားပုံတွေ၊ Concept problemတွေ၊ Errorရှင်းနည်းတွေနဲ့ Solution problemတွေကို အခြေခံမှတစ်ဆင့် ဘယ်လိုစဉ်းစား ဖြေရှင်းရမလဲ ကိုင်တွယ်ရမလဲဆိုတာကို စနစ်တကျ သင်ကြားပေးပြီး အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Computer fundamental အပိုင်းကိုလည်း သေသေချာချာ သင်ပြပေးသွားမှာမို့ ကျောင်းသားကျောင်းသူများအနေဖြင့် စိတ်အားထက်သန်မှုနဲ့ လေ့လာသင်ယူချင်စိတ်ရှိဖို့သာ လိုအပ်ပါတယ်။
❓Courseက ဘယ်နေ့စမှာလဲ? ဘယ်လောက်ကြာမှာလဲ။
✓ March 20 ရက်နေ့ကစပြီး
✓ တနင်္လာနေ့ ကနေ ကြာသပတေးနေ့အထိ
✓ ည 7:30 ကနေ 9:00 နာရီအချိန်တိုင်း
zoom platformကို အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပါတယ်။
စုစုပေါင်း 15နာရီစာCourseက 3 ပတ်ပဲ ကြာမြင့်ပါမယ်။
❓ဘယ်သူတွေ တက်ရောက်နိုင်ပါသလဲ။
ဒီ courseကို ကွန်ပျူတာ တက္ကသိုလ်နဲ့ ကွန်ပျူတာနှင့်နှီးနွယ် တက္ကသိုလ်များမှ CDMကျောင်းသားတွေအပြင် အခြားတက္ကသိုလ်မှ CDMကျောင်းသူကျောင်းသားများလည်း တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။
လူနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေ 25ယောက်တိတိကိုပဲ လက်ခံမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင် မြန်မြန်စာရင်းသွင်းပေးဖို့ လိုတယ်နော်။
Registration Form - https://forms.gle/JiLrCL7vaqZFbP3y6
ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေ တောက်လျှောက်စတင်လာတော့မှာ ဖြစ်တဲ့အတွက် အမြဲမပြတ် လေ့လာစောင့်ကြည့်ပေးကြပါဦး။
#ကြားကာလပညာသင်ကြားရေးအစီအစဉ်
အထူးကျေးဇူးတင်ရှိကြောင်း ကြေညာခြင်း
ကွန်ပျူတာတက္ကသိုလ်(မြိတ်)
ယာယီတက္ကသိုလ်ကောင်စီ
ပြည်သူ့သစ္စာဖောက်များအား အမည်ပျက်စာရင်းသွင်းကြောင်း ကြေငြာခြင်း
ကျန်ရှိနေသော သစ္စာဖောက်လောက်ကောင်များအားလည်း ဆက်လက်ဖော်ပြပေးသွားပါမည်
ယာယီတက္ကသိုလ်ကောင်စီ
ကွန်ပျူတာတက္ကသိုလ်(မြိတ်)