Ma Ma Wai Phoo's LovHome Cooking

Ma Ma Wai Phoo's LovHome Cooking

Share for Loves, Love for shares

Photos from Ma Ma Wai Phoo's LovHome Cooking's post 02/09/2024

အရှင်ဘုရားကို မုန့်ဟင်းခါးဆပ်ကပ်ဖြစ်ပါတယ်🙏🌿

မုန့်ဖတ်လေးဝယ်ပြီး အိမ်မှာ အကြိုက်စားရုံပဲ....👍

ုန့်ဟင်းခါး

Photos from Ma Ma Wai Phoo's LovHome Cooking's post 29/08/2024

#ပဲပြုတ် ၅၀၀ဖိုး Breakfastနှစ်ရက်စာ frozenထဲသိမ်းပါတယ်....

ေစျးတခါသွားဟင်းစားအပြင် Breakfastအတွက် ပဲပြုတ်၊ မုန့်ဖတ်၊ ဆမူဆာ ၅ရက်စာလောက်အပါဝယ်ရပါတယ်....

ပဲပြုတ်ကတော့ အရင်စမ်းသပ်ပြီး အောင်မြင်တာနဲ့ နောက်ပိုင်း frozenထဲသိမ်းတော့တာပဲ....

အဆင်ကိုပြေလို့....

ထမင်းနဲ့ပြင်လိုက်ရင်တော့ ပဲပြုတ်၅၀၀ဖိုးဟာ....ဆိုင်ကြီးတွေဆို တန်ဖိုးတစ်ခုရှိတာမို့...
အပြင်ဆိုင်မသွားပဲ....ကားခမကုန်ပဲ....စားလို့ရတာသည်....အဆင်ပြေနေပါပြီ🍀🍚

26/08/2024

Kitchenထဲမှာ လှနေစေချင်လို့....

ရေသန့်ဘူးကို အကျီဝတ်ပေးလိုက်ပြီ....

ရေဘယ်လောက်ရောက်နေလဲ ကြည့်လို့ရအောင် အပေါက်ပါဖောက်ချုပ်ထားတယ်...

ဆောင်းတွင်းရောက်တော့မယ်ဆိုတော့ ေရသန့်ဘူးလေး အေးနေမှာစိုးလို့....🌿💦

Kitchenထဲ ခဏခဏသွားပြီး ရေတွေသောက်ရတာလေ....😅

#ရေသန့်ဘူးအစွပ်

23/08/2024

အော်....ဘိုစားပဲရယ်...ကြိုက်လွန်းတော့လဲ....
၁၀သါး ၁၀၀၀....
နည်းနည်းရလည်း ရွှေလိုပဲ....
တစိမ့်စိမ့်ကြည့်ပြီး အရသာခံ စားရတာ.....😅

တခုတော့ကောင်းတယ်....
တစောင်းလေးတွေ အကြာကြီးမလှီးရတော့ဘူးပေါ့....😂

ဘိုစားပဲခြံစိုက်သူနဲ့ အိမ်နီးချင်းဆိုကောင်းမှာပဲ...🌱

21/08/2024

အိမ်ရဲ့ယိုပေါက်အကြီးကြီးကို ပိတ်လိုက်ပြီ။

Gas စျေး ၁၃၀၀၀ဆိုလို့ ၃ပိသာဝယ်ပြီး အရေးအကြောင်းသုံးဖို့ပဲ သိမ်းထားလိုက်တော့တယ်။

လျှပ်စစ်မီးလာတဲ့အချိန် ထမင်းရောဟင်းရောအကုန်ချက်ပဲ။

မနက် မီးပျက်တဲ့နေ့တွေဆို Supermanလိုမြန်မှရမယ်။

စားတဲ့ဆီလည်းတက်၊ Gasလည်းတက်တော့ တစ်ခုဖြုတ်လိုက် မှ သက်သာတော့တယ်....😌

20/08/2024

ပေါင်မုန့်ဘေးသားကြိုက်တဲ့သူတွေရှိလား....

Parisianဆိုင်ကိုမရောက်ဖြစ်တာ အတော်ကြာပြီ....

ဒီနေ့ရောက်တော့ ဘေးသားလေးတွေကို စားချင်စဖွယ်တွေ့တာနဲ့ ဝမ်းသာအားရဝယ်ခဲ့တယ်....

အပျင်းပြေရုပ်ရှင်ကြည့်ရင်းစားမယ်ဆို အရမ်းကောင်း....

အရသာက အနည်းငယ်ချိုပြီး နှမ်းလေးပါကပ်ထားတော့ ကြိုက်...

စျေးကလည်း ချို....၁၄၀၀ကျပ်တည်းရယ်....

သိပြီးသားသူတွေရှိပေမယ့် မမဝေဖူးကတော့ အခုမှတွေ့လို့ လက်တို့လိုက်တာပါ....

မသိသေးတဲ့သူ စျေးချိုချိုလေးနဲ့ ဝယ်စားလို့ရအောင်ပေါ့.....

#ပေါင်မုန့်ဘေးသား

Photos from Ma Ma Wai Phoo's LovHome Cooking's post 09/08/2024

တာမွေမြို့နယ်ချင်းတူတာတောင် ဈေးမတူတာနှင့် ရနိုင်တဲ့အရွက် မတူတာရှိတယ်။

နှစ်တွေအကြာကြီးမစားခဲ့ရတဲ့အရွက် အခုတော့ ပြန်စားရပါပြီ။

သုဝဏ္ဏမှာနေခဲ့တုန်းက အိမ်ရှေ့ခြံထဲမှာ ဘောစကိုင်းအပင်စိုက်ထားတော့ စားချင်တဲ့အချိန်ခူးစားရုံပဲ။

အဘိုးနှင့်အကြိုက်တူခဲ့တဲ့အရွက် မို့ သတိတရအမြဲရှိနေတယ်။

အခုသုဝဏ္ဏနဲ့နီးလာလို့ ရေခံမြေခံကွာတယ်ထင်ပါရဲ့...ဘောစကိုင်းအရွက် စျေးထဲတွေလို့ ဝမ်းသာအားရဝယ်စားဖြစ်ပါတယ်။

နုဖတ်နေရော တို့စားလို့ကောင်းလိုက်တာ။

ဘောစကိုင်းပင်တွေလည်း အနီးအနားပြန်တွေ့ရပြီ။

ခူးရောင်းပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။

သူရောင်းပေးလို့ ကိုယ်စားရတာ။

#ဘောစကိုင်းအမှတ်တရ

Photos from Ma Ma Wai Phoo's LovHome Cooking's post 04/08/2024

ရေလျှံနေတယ်ဆိုတာ ဒါမျိုး😅

ရေသန့်လာပို့မည့်အချိန်မှာ လက်ကျန်ဘူးထဲကရေကို အိမ်မှာရှိသမျှဘူးတွေခွက်တွေနှင့် ထည့်ထားရတယ်။

ပြန်ပါသွားမှာ နှမြောနေတာ....ကိုယ့်လိုအိမ်ရှင်မတွေရှိလားတော့မသိဘူး။

အခုတော့ ရေဘူးအသစ်တွေလည်းရောက်၊ လက်ကျန်ရေတွေလည်းအပြည့်။

ကိုယ့်ဘာသာကျေနပ်နေတာ....

ရေမရှိတာ၊ သုံးရေပဲဖြစ်ဖြစ်၊ သောက်ရေပဲဖြစ်ဖြစ် ပြတ်လပ်နေရင် စိတ်ထဲနေလို့မရဘူး။

နေရာအသစ်မှာ ရေတင်တိုင်းရေရနေတာကိုလည်း အရမ်းသဘောကျပြီး ကျေးဇူးတင်ပါတယ်။

#ရေသန့်ပို့ရင်ကျသင့်ငွေထက်
မုန့်​ေရာ ၊မုန့်ဖိုးပါပိုပေးနေကျ။

သူလည်းအဆင်ပြေ၊ ကိုယ်လည်းအဆင်ပြေပေါ့။☘💦

Photos from Ma Ma Wai Phoo's LovHome Cooking's post 23/06/2024

အာလူးကတ်တလိပ်ကို internetဆိုတာမပေါ်သေးခင်တည်းက အဘွားသင်ပေးခဲ့ပါတယ်။

ဟင်းချက်တာကိုစသင်ချိန်က ဝါသနာမပါခဲ့ပါဘူး။
သဘောတရားလည်းနားမလည်ပါဘူး။

အိမ်ရဲ့တာဝန်ကိုမဖြစ်မနေယူရတဲ့အချိန်မှာ....ဟင်းချက်တာရော၊ စျေးသွားတာရော တွန်းအားတစ်ခုအနေနှင့် လုပ်နိုင်ခဲ့ပါတယ်။

ကိုယ့်ရဲ့လက်နှင့် သေချာလေးချက်ပြုတ်ပြီး ပြုစုနိုင်ခဲ့လို့ အတိတ်အတွက် ကျေနပ်ပါတယ်။

ပထမဆုံးအလုပ်မှာလည်း အာလူးကတ်တလိပ်လုပ်နည်းကိုပဲ ရေးပြှီး အောင်ခဲ့တာကလည်း အဘွားရဲ့သင်ပြမှုတွေပဲ။

ဘယ်အရာမှတော့ အလဟဿဖြစ်မနေပဲ အကုန်ဆက်နွယ်နေသလို ရှင်သန်မှုအကြောင်းတရားတစ်ခုလည်းဖြစ်နေပြန်ပါတယ်။

အကြောင်းတရားများစွာ တည်ဆောက်ပြီးမှ
တချို့​ေသာအကျိုးရလဒ်တွေကို ခံစားခွင့်ရခဲ့ရင်း....အာလူးကတ်တလိပ်အကြောင်းလေး အမှတ်တရရေးသားလိုက်ရပါတယ်။

#အာလူးကတ်တလိပ်

11/06/2024

သဘာဝအလှတွေလည်း ချစ်တယ်။

ကိုယ့်ကိုကိုယ်လည်း ချစ်တယ်။

မိသားစုကိုလည်း ရှင်သန်နေတုန်းမှာ ချစ်တယ်။

စားချင်တာတွေ ချက်ကျွေးတယ်။

လူကြီးမိဘကိုလည်း ဂရုစိုက်တယ်။

နောင်တမရှိ နေ့ရက်တွေအတွက်....

အေးမြသောလေပြေလေး ရှုခွင့်ရနေတာ....

မိုးတွေရွာပေးနေတာ....သစ်ပင်တွေရှိနေသေးတာ...

ကျေးဇူးတင်ပါတယ်☘👏

10/06/2024

တပတ်စာစျေးဝယ်ပြီး အလုပ်တစ်ခုပြီးမြောက်သွား...

စျေးထဲလည်း သွားပါတယ်...

တလှည့်စီ...တမျိုးစီ ရသလေးတွေ...

စျေးနှုန်းလေးတွေ အံ့မခန်းပဲ....

Mondayအရွက်အသားစုံနေတာတော့ ဝယ်ရတာစိတ်ချမ်းသာစရာပါပဲရှင်....🛒

04/06/2024

မေလအတွက် မှတ်တမ်းလေး☘
အပူအအေးနှစ်ခုလုံးကျော်ဖြတ်ခဲ့တဲ့ မေလလေး🌸
Thank you May👏

27/05/2024

ဒီတခါတော့ အသံသွင်းတာလေး...
ကိုယ်တိုင်ရေးစာစုလေးတွေ ချက်ချင်းချရေး...
အကြမ်းပြောကြည့်ဖြစ်တယ်...
မိုးအေးတော့ စာလေးရေး ကော်ဖီလေးလည်းသောက်☕📖

25/05/2024

မိုးအဝင်နံနက်ခင်း အေးချမ်းခြင်းများဖြင့်....⛈🍀

ရရှိခြင်း၊ မျှဝေခြင်း၊ ကျေးဇူးတင်ခြင်းများ လုပ်ဆောင်ပြီး တပတ်တာကြိုတင်ပြင်ဆင်ပါသည်🌶🍳

23/05/2024

ဆွမ်းထမင်း+ကြက်စပါးလင်ချက်

နံနက်အစော၄နာရီ၄၀ အိပ်ရာထ၍ ဆွမ်းချက်ဖြစ်ပါတယ်။

နွေအကုန်မိုးအဝင်ရှုခင်းတွေကို အမိအရပုံရိုက်ဖြစ်နေတယ်။

ဆွမ်းလောင်းမည့် ရည်ရွယ်ချက်ကို လုံ့လစိုက်ထုတ်ခဲ့ပြီ။

ကုသိုလ်နဲ့အစပြုတဲ့ နံနက်ခင်းလေးကို ရသလောက်မှတ်တမ်းယူဖြစ်ခဲ့ပါတယ်။

20/05/2024

ဟင်းတွေမချက်ခင် နံနက်ခင်းအားအင်ယူတဲ့ အလေ့အကျင့်တစ်ခု☘

အကောင်းတွေနှင့်အစပြုတဲ့ နံနက်ခင်းမှသည် တနေ့တာဖြစ်သမျှလက်ခံပြီး တတ်နိုင်သော အရာများဖြင့် ကောင်းမွန်ပါစေသတည်း🙏🌳

12/05/2024

#ကြက်ကလီစာဟင်း
#ပဲနီလေးဟင်းချို
#ပဲပြုတ်ကြော်
#ဌဲ့ထမင်း

တနေ့တာချက်ဖွယ်ရာများ နံနက်ခင်းမှာ စတင်....☘🍳🌶

11/05/2024

ငါးနီတူအစပ်ကြော် အိမ်အတွက် ကြော်ဖြစ်တာလေး...
ရှယ်ကောင်းဆိုပဲ...

10/05/2024

"ကြွက်နားရွက်ဝက် မိုးခိုနှပ်"

နည်းနည်းအချိန်ပေးရတယ်...🕠
စားလို့ကောင်းမယ်...🍚

Photos from Ma Ma Wai Phoo's LovHome Cooking's post 08/05/2024

လက်ဆောင်ရတဲ့ မတ်ချစ်စုကို ထန်းလျက်မရှိလို့ ဒီလိုလေး လုပ်စားလိုက်တယ်...

စားချင်တာက ထန်းလျက်နဲ့ ငံပြာရည်နဲ့....

သရက်သီးအစိမ်းမို့ လှီးတာ အဆင်ပြေသလိုလေး သရက်သီးပေါက်သလိုဖြစ်သွားတယ်...

မတ်ချစ်စုကို စိန်တလုံးမစားဖူးခင် ကလေးဘဝတည်းက ကြိုက်ခဲ့ရသော အသီးပါ...

အိမ်ကသရက်ပင်က ရင်ကွဲမျိုး...သူများအိမ်က မတ်ချစ်စု...

ရင်ကွဲဆိုအချိုစူးလို့ တအိမ်လုံးကြိုက်ကြပေမယ့် ကိုယ်တစ်ယောက်တည်း မကြိုက်တာ...

သူများအိမ်ကမတ်ချစ်စုကိုပဲ လေတိုက်ရင် မျက်စောင်းထိုးလိုက်၊ သူတို့တံချူနဲ့ခူးရင် မျက်စောင်းထိုးလိုက်နဲ့....သွား သွားမျှော်ကြည့်နေတာမျိုး....

တောင်းစားရတဲ့အသီးက ပိုချိုတာမျိုးလေး​ပေါ့ရှင်...😋😋

02/05/2024

မီးဖို​ဆောင်အသစ်မှာ...
တခါတည်းရှင်း...နေရာချ...
ပင်ပန်းပေမယ့် ပျော်ပါတယ်....

ဟင်းချက် vlogလေးတွေ ကြိုးစားတင်မယ်နော်...
အခုလည်း အထုပ်ဖောက်နေရင်းက အကြံရလို့ ရိုက်ဖြစ်ထားလို့သာ....

Photos from Ma Ma Wai Phoo's LovHome Cooking's post 01/05/2024

#မန်ကျည်းရွက်သုပ် အရမ်းကောင်း....

#ဝက်ခေါင်းသရက်သီးသနပ်ပေါင်းနူးပြဲလေး....

ဝက်ခေါင်း တစ်ဆယ်သား ၁၅၀၀ကို ၄၀သါး။

အရင်က တစ်ဆယ်သား၇၀၀၊၈၀၀အချိန်တွေ လွမ်းမိပါတယ်။

time travellerလုပ်ပြီး ေစျးဝယ်လို့ရရင်တော့လား....

#မြန်မာအရွက်သုပ်
#မြန်မာဟင်း

Photos from Ma Ma Wai Phoo's LovHome Cooking's post 26/04/2024

ပူပူလေးနွှေးစားမယ်

ပလိန်းလေးစားရတာကြိုက်တဲ့သူဆို အဆင်ပြေတယ်....

ပိုကောင်းတဲ့ အရသာကိုရချင်ရင် microwaveနဲ့ နွှေးစားကြည့်ပါ...

နောက်ဆို နွှေးပြီးစားမယ်ပဲ ဖြစ်သွားလိမ့်မယ်....

အထဲကမုန့်သားအလွှာပိုအိသွားတယ်...

အရသာစိမ့်စိမ့်လေးက ပုံမှန်မုန့်သားအေးထက် ပိုပြီးပေါ်လွင်တာကို ခံစားရပါလိမ့်မယ်....

လူကြီးသူမတွေရှိရင် ဒီလိုလေးလုပ်ပြီးကျွေးမယ်ဆို သူတို့အရသာလည်းတွေ့၊ စိတ်ပျော်ရွှင်မှုလည်း ရမှာအမှန်ပါပဲရှင်....🥐🥐

25/04/2024

Sweety Home Living Mallမွာ အိမ္အတွက်လို
တာတွေသွားကြည့်​ဖြစ်ပါတယ်...

မဝယ်ခင် နှစ်ခါပြန်စဉ်းစားဖြစ်တယ်...
တကယ်ရောသုံးမှာလား...
လိုရဲ့လားဆိုတာ....

Local Productကြိမ်ခြင်းလေးတွေဆိုလည်း အကုန်လိုချင်စရာတွေချည်းပါပဲ....

တခါတလေ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် ပစ်စညျးလေးတှေ ဝယျသငျ့ပါတယျ....
သုံးနေခ​ျိန်မှာရတဲ့ ကြည်နူးမှုသည် ပေးရတဲ့ငွေထက် သာလွန်သော ခံစားမှုရစေပါတယ်ရှင်....☘

22/02/2023

ဆီဈေးမငြိမ်၊ ငါးကျီးကျပ်တိုက်ဈေးမိုး‌ပေါ်ခုန်တက်သွားလို့ ခဏနားလိုက်ပါတယ် ချစ်သော၀ယ်ယူသူမိတ်ဆွေများရှင်။

Videos (show all)

အိမ်ရဲ့ယိုပေါက်အကြီးကြီးကို ပိတ်လိုက်ပြီ။Gas စျေး ၁၃၀၀၀ဆိုလို့ ၃ပိသာဝယ်ပြီး အရေးအကြောင်းသုံးဖို့ပဲ သိမ်းထားလိုက်တော့တယ်။...
သဘာဝအလှတွေလည်း ချစ်တယ်။ကိုယ့်ကိုကိုယ်လည်း ချစ်တယ်။မိသားစုကိုလည်း ရှင်သန်နေတုန်းမှာ ချစ်တယ်။စားချင်တာတွေ ချက်ကျွေးတယ်။လူက...
တပတ်စာစျေးဝယ်ပြီး အလုပ်တစ်ခုပြီးမြောက်သွား...စျေးထဲလည်း သွားပါတယ်...တလှည့်စီ...တမျိုးစီ ရသလေးတွေ...စျေးနှုန်းလေးတွေ အံ့မ...
မေလအတွက် မှတ်တမ်းလေး☘အပူအအေးနှစ်ခုလုံးကျော်ဖြတ်ခဲ့တဲ့ မေလလေး🌸Thank you May👏
ဒီတခါတော့ အသံသွင်းတာလေး...ကိုယ်တိုင်ရေးစာစုလေးတွေ ချက်ချင်းချရေး...အကြမ်းပြောကြည့်ဖြစ်တယ်...မိုးအေးတော့ စာလေးရေး ကော်ဖီလ...
မိုးအဝင်နံနက်ခင်း အေးချမ်းခြင်းများဖြင့်....⛈🍀ရရှိခြင်း၊ မျှဝေခြင်း၊ ကျေးဇူးတင်ခြင်းများ လုပ်ဆောင်ပြီး တပတ်တာကြိုတင်ပြင်...
ဆွမ်းထမင်း+ကြက်စပါးလင်ချက်နံနက်အစော၄နာရီ၄၀ အိပ်ရာထ၍ ဆွမ်းချက်ဖြစ်ပါတယ်။နွေအကုန်မိုးအဝင်ရှုခင်းတွေကို အမိအရပုံရိုက်ဖြစ်နေ...
ဟင်းတွေမချက်ခင် နံနက်ခင်းအားအင်ယူတဲ့ အလေ့အကျင့်တစ်ခု☘အကောင်းတွေနှင့်အစပြုတဲ့ နံနက်ခင်းမှသည် တနေ့တာဖြစ်သမျှလက်ခံပြီး တတ်န...
#ကြက်ကလီစာဟင်း#ပဲနီလေးဟင်းချို#ပဲပြုတ်ကြော်#ဌဲ့ထမင်းတနေ့တာချက်ဖွယ်ရာများ နံနက်ခင်းမှာ စတင်....☘🍳🌶
ငါးနီတူအစပ်ကြော် အိမ်အတွက် ကြော်ဖြစ်တာလေး...ရှယ်ကောင်းဆိုပဲ...
"ကြွက်နားရွက်ဝက် မိုးခိုနှပ်"နည်းနည်းအချိန်ပေးရတယ်...🕠စားလို့ကောင်းမယ်...🍚
မီးဖို​ဆောင်အသစ်မှာ...တခါတည်းရှင်း...နေရာချ...ပင်ပန်းပေမယ့် ပျော်ပါတယ်....ဟင်းချက် vlogလေးတွေ ကြိုးစားတင်မယ်နော်...အခုလည...

Telephone

Website

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00