Nan Yu
ကျန်းမာခြင်းထက် ကောင်းမွန်သောလက်ဆေ
ဒါက မင်းအပေါ်ရပ်တန့်လိုက်တဲ့ နောက်ဆုံးစာပါ။
မင်းနဲ့ပြတ်စဲပြီးတဲ့နောက် လူကောင်းတစ်ယောက်ကို ရှာဖွေတွေ့ရှိခြင်းပေါ့။
မင်းဘက်က အမှားအများကြီးနဲ့ ငါ့အပေါ်နာကျင်စေခဲ့တာတောင်မှ တောင်းပန်စကားတောင် ငါပြန်မရခဲ့ဘူး။
ငါပြိုလဲနေတဲ့အချိန်မှာ သူ့ကိုစတွေ့တာပဲ။
မင်းနဲ့မတူတဲ့ အငွေ့အသက်တွေပေါ့။
ဂရုစိုက်ခြင်း သေးသေးလေးတွေကနေ ချစ်ခြင်းမေတ္တာကို
ငါ အပြည့်အဝ ရှာတွေ့ရတယ်။
ငါ့ကို အလေးအနက်ထားပြီး ထိခိုက်နာကျင်ရအောင်မလုပ်ဘူး။
စတင်ဆက်သွယ်မှုတိုင်းကို ငါ့ဘက်က တစ်ခါလေးတောင်
မစတင် ခဲ့ရဘူး။ မပြေလည်တဲ့အခါမျိုးတွေမှာတောင်
လမ်းခွဲဖို့ သူ မပြောခဲ့ဘူး။
ဖက်တွယ်ပုံဖက်တွယ်နည်းတွေဟာ မင်းနဲ့အများကြီးကိုကွာတယ်။
ပစ်ချခဲ့ပုံများကို ကျေးဇူးတင်ပါတယ်။
မနေ့ကထိ ငါမင်းကို ချစ်သေးတယ်ဆိုရင်
ဒီနေ့ကစပြီး သူ့ကိုပဲ ချစ်ပါတော့မယ်။
မင်းပြောခဲ့သလိုပေါ့ အချစ်ဟောင်းရယ်။
"မင်းအတွက် ကောင်းမွန်တဲ့လူကို ရှာတွေ့မှာပါ" တဲ့။
အင်း ...သေချာတာပေါ့။
မင်းကိုလွှတ်ချနိုင်သည်အထိ အဲ့အမျိုးသားကို
ငါချစ်မိတယ်။
copy
တစ်ယောက်တည်းနေတတ်အောင်နေ
ချမ်းတယ်ထင်ရင် အနွေးထည်ဝတ်လိုက်
ဗိုက်ဆာတယ်ထင်ရင် မုန့်ဝယ်စားလိုက်
ကိုယ့်နွေးထွေးမှုဟာ သူ့ကြောင့်တော့မဖြစ်
စေသလို
ကိုယ့်ဆာလောင်မှုဟာ သူကြောင့်တော့
မဖြစ်စေနဲ့။
ဘယ်သူ့ကိုမှ စိတ်မစွဲနဲ့။
ဘယ်အရာကိုမှ ပုံသေမှတ်မယူနဲ့။
သိပ်နီးကပ်ပါတဲ့ အရိပ်ဆိုတာတောင်
အမှောင်မြင်ရင်အဝေးကိုပြေးသွားတတ်
တဲ့ ဘဝမှာကိုယ်က
ဘယ်အရာပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်
တစ်ခဏပိုင်ဆိုင် သာယာမိတာကို
ထာဝရပိုင်မယ်ဆိုပြီး စိတ်စွဲနေရင်
တစ်စုံတစ်ရာရှိမှ ရှင်သန်နိုင်မယ်ထင်ရင်
ကိုယ့်ရှင်သန်ခြင်းဟာ မောပန်းလာသလို
ကိုယ့်ပျော်ရွှင်ခြင်းဟာလည်း ဝေးသထက်
ဝေးကာ မပျော်ရွှင်တဲ့ဘဝကိုရစေနိုင်လို့ပါ။
ဦးချေ(6.9.22)
photo-pinterest
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘ၀အောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ
👇✔︎👇✔︎👇✔︎🅿🅰🅶🅴
https://www.facebook.com/ငါဘဝ-အတွက်-ငါရှိတယ်-103517665457202/
👇🏻✔👇🏻✔👇🏻✔🅰🅲🅲
https://www.facebook.com/profile.php?id=100057121953908
👇🏻✔👇🏻✔👇🏻✔🅿🅰GE
https://www.facebook.com/ဘဝအောင်မြင်ရေးစာပေ-103465915781962/
" နေရာမမှန်လျှင် တန်ဖိုးမဲ့တယ် "
******************************
ဘဝမှာ တစ်ချို့အရာတွေက
နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊
ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေမှာပါပဲ။
သနပ်ခါးက မိန်းကလေးတစ်ယောက်
သူမမျက်နှာမှာ လိမ်းထားတဲ့အခါ
နေရာမှန်လို့ လှပပြီး ချစ်စရာကောင်း
တယ်။
အဲ့ဒီ သနပ်ခါးဟာ သွေးနေရင်းနဲ့ ကြမ်း
ပြင်ပေါ် ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိ
နေတဲ့ သနပ်ခါးတွေဟာ နေရာမမှန်လို့
တန်ဖိုးမဲ့ရတယ်။ အညစ်အကြေးအဖြစ်
သက်ရောက်သွားတယ်။
ဆံပင်က မိန်းကလေးတစ်ယောက်
ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထား
ရင်၊ သူမဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင် နေရာမှန်လို့ သိပ်လှပြီး ချစ်စရာကောင်းတယ်။
အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့)
ဟင်းခွက်ထဲ ရောက်သွားမယ်ဆိုရင်
နေရာမမှန်တဲ့အတွက် ရွံစရာ
ဖြစ်သွားနိုင်တယ်။
ကိုယ်က အလိုက်တသိ ကူညီပေးတယ်
ဒါပေမယ့် သူများတကယ် လိုအပ်နေချိန်
မဟုတ်တော့၊ ကိုယ်ကူညီ ပေးတာတွေဟာ နေရာမမှန်၊ အချိန်မှန် မဟုတ်တဲ့အတွက် တန်ဖိုးမရှိ အသုံးမဝင်ဖြစ်လို့ စေတနာတွေ အလကား ဖြစ်ရတယ်။
စကားပြောတဲ့ နေရာမှာလည်း
အချိန်အခါ မဟုတ်ပဲ ပြောမိတဲ့အခါ၊
စကားပြောပါများရင် အမှားတွေပါပြီး
ကိုယ့်တန်ဖိုးကို လျော့စေတယ်၊
နေရာမမှန်လို့ မလိုအပ်ပဲ ပြောမိတဲ့
ကိုယ်က ငပေါကြီး ဖြစ်ရလိမ့်မယ်။
အချစ်ဆိုတာလည်း
ကိုယ်ချစ်တာကို တန်ဖိုးထားပြီး
အပြန်လှန်နားလည်မှုရှိမှ၊ ကိုယ့်ကို
တန်ဖိုးထားသူနဲ့ ချစ်ခွင့်ရမှသာလျှင်
နေရာမှန်လို့ ချစ်သူတွေလည်း
ပျော်ရွှင်ရမှာပါ။
ကိုယ့်အချစ်ကို တန်ဖိုးမထား သစ္စာဖောက်သူနဲ့တွေ့ရင် ကိုယ်ပေးတဲ့ အချစ်ဆိုတာလည်း နေရာမမှန်လို့ ကိုယ်ပဲ တန်ဖိုးမဲ့ရပါလိမ့်မယ်။
အရာရာ အားလုံးက
သူ့နေရာနဲ့သူ နေရာမှန်ဖို့ လိုပါတယ်၊
နေရာမမှန်ရင်တော့ တန်ဖိုးတွေ
မဲ့နေရအုံးမှာပါပဲ။
ပေးဆပ်တယ် ဆိုပေမယ့်
နေရာမှားနေရင်တော့
ကိုယ်ပဲထိခိုက် နာကျင်ရလိမ့်မယ်။
Credit.
ပြန်လည်မျှဝေပါသည် BH😍
"ထပ်ဖြစ်ရင် တကယ်သေလိမ့်မယ်" လို့
တဖွဖွရေရွတ်ခဲ့တဲ့အထိ
"ဒါမျိုး ထပ်မဖြစ်ပါစေနဲ့" လို့
သွေးရူးသွေးတန်းနဲ့ငိုယိုပြီးဆုတောင်းမိတဲ့အထိ
ကြောက်လန့်သွားတဲ့Trauma တွေဆိုတာ
တကယ်ရှိတယ် ။
အလားတူဖြစ်ရပ်မျိုးတွေဘဝမှာထပ်ပေါ်လာမှာ
စိတ်သေဖူးပြီးသားပြက္ခဒိန်တွေထဲ
ထပ်ချော်ကျသွားမှာ
ကော်ဖီနှစ်ခွက်ထဲကို
တစ်ယောက်ထဲသောက်မိမှာမျိုးတွေက
တွေးကြည့်ရင် တကယ်ကြောက်စရာကောင်းတယ် ။
Credit ယန်း
“လူတွေပြောပြောကြတဲ့ နင် အပျို မဟုတ်တော့ဘူး “
ပတ်ဝန်းကျင်မှာ ကြားကြားရတယ်။ ပူပူနွေးနွေး တစ်နှစ်၊ (၂)နှစ် လောက် အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးတွေ တခါတလေလေးများ လှလှပပနေတဲ့ အခါ၊ အပြင်တွေ ထွက်လည်တဲ့အခါ၊ Facebook မှာ ပုံတင်တဲ့ “ အပျိုမဟုတ်တော့ဘူး၊ အပျို လုပ်နေတာလား တို့..။
အိမ်ထောင်ကျပြီး တာနဲ့ ဘာလို့ လူရာသိပ်မဝင်တော့သလို စကြနောက်ကြ ပြောကြဆိုကြသလဲ မသိဘူးနော်။ ဒါက ယဉ်ကျေးမှု တစ်ခုလား..၊ အိမ်ထောင်ကျပြီးတဲ့ သူငယ်ချင်းတွေ ကိုယ်ပိုင်မိသားစုနဲ့ ဆိုတော့ ကိုယ်တွေလို ၊ လူလွတ်တွေလို အပြင်ထွက်နိုင်၊ ကဲနိုင်ချေ နည်းသွားတာနားလည်ပါတယ်။ ကျွန်မ အမြဲ သတိထားတယ်၊ နင် အပျိုမဟုတ်တော့ဘူးတို့ .. လာ အပျို လုပ်ကြမယ်တို့ တခါတလေ လေးတောင် မှ အိမ်ထောင်သည် သူငယ်ချင်းတွေ အပေါ် မစ မိအောင်ပေါ့။ သူတို့ အိမ်ထောင်ရေး ပြေပြေ မပြေပြေ အရင်တုန်းကလို သိပ်မစပ်စုဖြစ်တော့ဘူး။ ရန်ဖြစ်တိုင်း ဝင်လည်း မကူသလို ပါလည်း မပါတော့ဘူး။ တကယ်လို့ သူငယ်ချင်းတွေ အပြင်ထွက်မုန့်စား ချိန်းကြဆုံကြရင်သာ သူတို့ တစ်ချိန်က ငယ်ရွယ်နုပျိုခဲ့တာ၊ လှပ ခဲ့တာ ၊ ပျော်ရွှင်ခဲ့တာ ၊ လူချစ်လူခင် များခဲ့တာ၊ ဘယ်လို ကဲ ခဲ့တာ တွေကို ပျော်စရာလေးတွေ ပြန်ပြောဖြစ်ကြတယ်။ သူတို့ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေ အကြံပေးကြ၊ ဆိုကြပေါ့ ။ သူတို့လည်း အရင်က လူငယ်တွေပဲလေ၊ ခုထိလဲ လူငယ်တွေပဲ ...
“ သူငယ်ချင်းရယ် ငါ လေ ဆံပင်လေး လုပ်ချင်လို့” ၊ “ ငါ ဒါလေးဝတ်ချင်လို့ “ ငါနဲ့ အဆင်ပြေပါ့မလား ... တခါတလေ လာလာ တိုင်ပင်ကြတော့ ...
ကိုယ်က ပြောသေးတယ်၊ “ဟဲ့ နင့်ဘာသာ ဝတ်ချင်တာများ ဝတ်လိုက်လေ.. ဘာလို့ အပြစ် ရှိသလိုကြီး လာပြောနေတာတုန်း “ ဆိုတော့
ငါက ကလေး အမေလေ တဲ့ .. “ကလေး အမေ အဲ့လို မဝတ်ရဘူး ဘယ်သူ ပြောတုန်း “ ဆိုတော့လဲ
အဲ့လိုတော့ မပြောကြပေမဲ့ “ တခါတလေ ကျရင် ငါ ခံစားမိတာပါ။ ငါက အပြင် တခါလေး ထွက်ရင် ၊ ကလေးက ဘယ်မှာလဲ တို့၊ အပျိုလုပ်နေတာလားတို့ ၊ ယောကျ်ားကို ဘယ်နား သွားထားလဲ တို့ ..အဲ့လို တွေ လာပြောရင် ငါ့စိတ်ထဲ အပြစ်လုပ်နေသလိုပဲ “ တဲ့ ...။ လူတွေက ဘာရယ်မဟုတ်ဘူး ဆိုပေမဲ့ အဲ့လို စနောက်ခံရပါများတော့ သူက “အိမ်ထောင်သည်” ဆိုတဲ့ စိတ်နဲ့ အပြင်လောကကြီးက သူနဲ့ မအပ်စပ်သလို ပဲ အလိုလိုနေရင်း အားငယ်ပြီး သိမ်ငယ်နေတာ။
အိမ်ထောင်သည်၊ အမျိုးသမီးတွေ ၊ တော်တော်များများ လည်း “ နင်အပျို မဟုတ်တော့ဘူး၊ အပျို လုပ်နေတာလား “ တို့ လာမေးရင် တော်တော် အောင့် သက်သက်နိုင်တယ် မဟုတ်လား နော်။ သက်တူရွယ်တူ အမျိုးသမီးတွေချင်း အိမ်ထောင်ကျတာနဲ့ မကျတာပဲ ကွာတောင် အပျို နဲ့ အိမ်ထောင်သည် ဘယ်လိုဝတ်ရမယ် သတ်သတ်မှတ်မှတ်ထားကြသေးတာလား။ မိန်းမချင်းတောင် တခါတလေ အိမ်ထောင်ရှည်၊ အပျို၊ အအို မခွဲခြားပဲ တန်းတူအခွင့်အရေး ရဖို့တောင် ၊ ယူပြီးသား ယောကျ်ား ပြန်အမ်းရမလိုတောင် ဖြစ်မိကြမယ်ထင်တယ်။
ခက်တော့ ခက်သား၊ အိမ်ထောင်ကျသွားတော့ လူတွေနဲ့ စည်း တစ်ဘောင်ခြားသွားတာလား ? ကြည့်ကောင်းတဲ့ အဝတ်အစားတွေ ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက် မုန့်စားတာတွေ ၊ လှလှပပ လေးပြင်ဆင် ဝတ်စားပြီး ပုံရိုက်တင်မိတာတွေ ၊ က အိမ်ထောင်ကျပြီးရင် မအပ်စပ်တော့တာလား ?
အိမ်ထောင်ကျပြီးဆိုတာနဲ့ ကိုယ်ပိုင် ဘဝတစ်ခု ဖြစ်သွားပြီး အရင်လို နေလို့ ထိုင်လို့ မရတော့ ဘူး ၊ဆင်ခြင်ရမယ် ဆိုတာ..။ ကာမပိုင် မဟုတ်တဲ့ တခြား အမျိုးသားတွေ နဲ့ အီစီကလီ လုပ်လို့ မရတော့တာ၊ ကိုယ့်အိမ်ထောင်ဖက် အပေါ် သစ္စာထားပြီး ဝတ္တရားကျေဖို့အထိ နဲ့ သားသမီးတွေ ရလာရင် ပြုစုပျိုးထောင်ဖို့ အထိပဲ တာဝန်ကျေရင် ရပြီ မဟုတ်ဘူးလားနော့်...။ အိမ်ထောင်သည်လည်း တစ်ချိန်က အပျိုပါပဲ၊ ကောင်းကောင်းစားချင်တယ်၊ လှချင်ဝတ်ချင်တယ်။ သားသမီး ရလာလို့ ကိုယ်ခန္ဓာအချိုးအဆစ် အနည်းငယ်ပြောင်းလဲ လာရင်တောင် ကိုယ့်အမျိုးသားကို ဆွဲဆောင် ထားချင်တယ်။ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်က တခြား Single အမျိုးသမီးတွေ ဝတ်စားဆင်ယင်သလို အရမ်း Hot တာမျိုး၊ ဖလန်းဖလန်း ထနေတာမျိုး မြန်မာပြည်မှာ ဝတ်စားဆင်ယင်လို့ သိပ်အဆင်မပြေဘူးဆိုပေမဲ့... ပါတိတ် ဝမ်းဆက်ကြီး တကားကား ၊ လုံခြည် ၊ မြန်မာဝမ်းဆက် တွေ ဇွတ်ဝတ်လိုက်လို့ လည်းအိမ်ထောင်ရှင် ပီသတာသွားမျိုး လည်း မလိုအပ်ပါဘူး။ မြန်မာဆန်ဆန် ကြိုက်လို့ ဝတ်ရင်တော့ ထားပါတော့.. ။
တခါတလေ အမျိုးသမီးအချင်းချင်း ပျော်ချင် ၊ ကဲချင်ကြတာချင်းအတူတူ ကလေး အမေမို့ ပိုကဲတယ် ၊ ပိုနန့်တယ်တို့ လည်း မသမုတ်စေချင်ဘူး၊ ကလေး တစ်ယောက် မွေးပြီးသွားလို့ ပုံမှန်ထက် အရှက်မရှိတော့ဘူးလို့ ဒဲ့ မပြောတာပဲ ရှိမယ်။ စကားဆိုတာ လေ အလကားရတိုင်း မပြောရဘူး၊ တဖက်လူကို စိတ်မကောင်းဖြစ်တဲ့ထိ မစနောက်ရဘူး။ ကလေး တဖက်နဲ့ အိပ်ရေးပျက်ရတဲ့ ညတွေ ၊ စောစောစီးစီးထ ချက်ပြုတ်ရတာတွေ ၊ တနေ့ နဲ့ တနေ့ အိမ်မှာ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ အပြင်လောကမှာ ဘာတွေ ဖြစ်လို့ ဖြစ်မှန်းမသိ၊ အပျိုတုန်းက ခေတ်မီခဲ့သမျှ ခုကျ ဘာမှ လိုက်မမီတော့ဘူး။ အိမ်ထောင်မကျခင် တုန်းက ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ အမျိုးသမီးက ခုကျ ညပ်ဖိနပ် နဲ့ ကလေးကို ခါးခွင်ပြီး ဒီလ ကလေး နို့ဘူးနဲ့ နုတ်ခမ်းနီ ဘာဝယ်ရမလဲ ချင့်ချိန်နေရတဲ့ သူတွေ ဖြစ်သွားကြတယ်။ကြုံကြိုက်လို့ တခါတလေ အပြင်ထွက်တာ၊ လှလှပပ နေတာ ကို အပျို မဟုတ်တော့ကြောင်း သတိပေးသလိုလို နဲ့ မစ နောက်သင့်ဘူး လို့ထင်ပါတယ်၊ ခံစားရတဲ့ အမျိုးသမီးတွေ ပိုသိမှာပါ။
အိမ်ထောင်ကျသွားတိုင်း အပြင်လောက ကြီးနဲ့ မသက်ဆိုင်တော့တာမျိုး မဟုတ်ပါဘူး။ ကိုယ်က အိမ်ထောင်သည်ဆိုပေမဲ့ အသက် အပိုင်းအခြားအလိုက် ခေတ်နဲ့ အညီ နေထိုင်လို့ရပါတယ်။ သားသမီးတွေရလာရင် အနည်းကပ်ထိန်းကျောင်းရမှာက အမေ တွေပါ။ ခေတ်နဲ့ အညီ ၊ အတွေးအခေါ် ၊ အယူအဆ ၊ အားလုံးနီးပါး ခေတ်ဆန်နေမှသာ ကိုယ့်သားသမီး လမ်းမှားနေလား ၊ ဆိုးနေလား ၊ ကောင်းနေလား လိုက်မှီနိုင်မယ်။ မီးဖိုချောင်မှာပဲ အမြဲ အချိန်မကုန်ပဲ အပြင်လောက ကြီးနဲ့ပါ ပိုလို့ လိုက်ရောညီထွေ ရှိနေရမှာပါ။ အရွယ်ရောက်ပြီး သူများတွေ ဘယ်လို ကဲတယ်ပြောပြော ကိုယ့်သားသမီးလေးတွေ အရွယ်မရောက်ခင် လမ်းမှားမရောက်ဖို့ ပိုလို့ ခေတ်ရှေ့ပြေး တွေးခေါ်ပြီး သင်ပေးနေရမှာက အမေတွေ တာဝန်ပါ။ ပြောချင်တာက အိမ်ထောင်ကျ သွားလို့ ကိုယ့်ကို ကိုယ် ချစ်ရကောင်းမှန်း မသိတော့ဘူး၊ လှအောင် နေရမှန်းလည်း သတိမရတတ်တော့ဘူး ဆိုရင် အရင်တုန်းက လှခဲ့တဲ့ ပုံလေးတွေ ၊ နုပျို နေဆဲ ပုံစံလေးတွေကို ပြန် ကြည့်ကြည်ပါ။ “ ကိုယ် ဘယ်လောက် လှနေခဲ့သလဲ .. “၊ “ မှန်ကြည့်တိုင်း ဘယ်လောက် စိတ်ချမ်းသာအောင် ပြင်ဆင်နေထိုင်ခဲ့သလဲ “ ၊ “ခေတ်ကာလမှာ ကိုယ် ဘယ်လောက်စီးမြောလိုက်ပါခဲ့လဲ “ ... ?
အိမ်ထောင်သည် ဖြစ်နေလို့ အားငယ်စရာ လည်း ဘာမှ မလိုသလို လတ်ဆတ်တဲ့ အတွေးအခေါ်တွေ ၊ အနေအထိုင်တွေ ပျောက်ဆုံးနေတဲ့ အခါ အသစ်အဆန်းတစ်ခုခု ပြန်လည် ပြုလုပ်ရင်း ၊ပြန်ပြုပြင်ယူရင်း ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေပါ။ လူတွေရဲ့ “ အပျိုမဟုတ်တော့ဘူး” ဆိုတဲ့ ခပ်သိုးသိုး နဲ့ ရွတ်နောက်နောက် စကားတွေကို အတတ်နိုင်ဆုံး လစ်လျူရှူပြီး “ ကလေးတို့ အမေ” တွေလည်း Single မမ တွေနဲ့ အညီ အတွေးအခေါ်၊ အနေအထိုင် ခေတ်ရှေ့ပြေးနေစေလိုပါတယ်။ ကိုယ့် အိမ်ထောင်ဖက် အပေါ် သစ္စာရှိရှိနဲ့ တစ်ယောက်တာဝန် တစ်ယောက် ကျေကျေပွန်ပွန် ထိန်းသိမ်းပြီး ကိုယ်တိုင်လည်း တခါက လူငယ်တစ်ဦး မို့ ပါးရေမတွန့်သေးတဲ့ အထိ ကတော့ ပကတိ မူရင်းစိတ် အတိုင်း လှလှပပ နဲ့ တွေးခေါ် နေထိုင်ဖို့ ပါပဲ။
စနောက်တယ်ဆိုပေမဲ့ လည်း ရယ်စရာ မကောင်းတဲ့ “ အပျိုလုပ်နေတာလား “ဆိုတဲ့ စကားလုံးနဲ့ နုတ်ဆက်မေးမြန်းတာကိုလည်း အတတ်နိုင်ဆုံး ဆင်ခြင်နိုင်ကြပါစေနော်။
Topic(mother life, personality)
————————————————————————
https://www.facebook.com/462613407461813/posts/1950568711999601/
ဝဋ်ကြွေးကြီးတဲ့မြန်မာပြည်
နိုင်ငံခြားက Date ကုန်ခါနီး စားသောက်ကုန်တွသွင်းလာပြီး ဘူးချွတ်ပြီး ပြန်ရိုက်ဖို့ ပုံနှိပ်လောကမှာတောင်ရှိတယ်။
ဘီစကစ်ဗူးတွေ ပါကင်အသစ်၊
Date Code အသစ်တွေနဲ့ ပြန်ရိုက်ပေးတာရှိတယ်။
နောက်ပြီး ယခုဝင်နေတဲ့
ဆယ်လမွန်ငါးတို့၊ SHISHAMO ငါးတို့ဆို
အောက်လမ်းက ဝင်လာတာပဲ။
နောက်ပြီး
ဘနားမီး ရေချိုပုဇွန်၊ ကက္ကတစ်ငါးတွေဆို
အောက်လမ်း ထိုင်းနိုင်ငံကနေ
ဗဟိုစံပြငါးစျေးကို နေ့တိုင်းအဝင်ရှိတယ်။
ဘယ် FDA မှ မစစ်ဘူး၊ ဒီအတိုင်းပဲ ဝင်လာတာ။
မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ
လူ့ သက်တမ်း အတိုဆုံးနိုင်ငံအဖြစ်
စာရင်းဝင်လာနေပါတယ်။
ဘာဖြစ်လို့ မြန်မာတွေ
အသက်တိုကြတာလဲ ဆိုတာတော့ သိပြီးကြမှာပါ။
အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ နဲ့ တရုတ်တို့အတွက်တော့
မြန်မာဟာ အလွန်လုပ်စား ကိုင်စားလို့ ကောင်းလှတဲ့
စျေးကွက်ကြီးတခုလို ဖြစ်နေတာမို့
သူတို့နိုင်ငံမှာ ဥပဒေနဲ့
တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားလို့
လုပ်မရတဲ့အရာမှန်သမျှ ခိုးလုပ်ကြပြီး
အဲ့ဒီပစ္စည်းပေါင်းစုံကို
မြန်မာပြည် စျေးကွက်ထဲလာဖြန့် တယ်။
စားသောက်ကုန်၊ ဆေးဝါးမျိုးစုံလုပ်ငန်း အပါအဝင်
အတုတွေလုပ်တယ်။ မြန်မာပြည်ထဲဖြန့်တယ်။
နယ်စပ်ဂိတ် မှန်သမျှမှာလည်း FDA က မစစ်နိုင်။
စစ်နိုင်သမျှစက်တွေကလည်း
ခေတ်မီ ဓာတုဆေးတွေများသမို့
မှန်ကန်စွာ ဓါတ်မခွဲနိုင်သေး။
တခါတခါ ဓါတ်ခွဲ စမ်းသပ်လိုက်တဲ့အခါမှာလည်း
နာမည်ကြီး တံဆိပ်တွေအပါအဝင်
စားသောက်ကုန်၊ အဖျော်ယမကာ အတော်များများ
လူကိုဥပဒ်ပေးတဲ့ဓါတ်တွေပါတာ
FDA ကလည်း မကြာခဏ ထုတ်ပြန်နေရတာ
မြင်သိ ကြားတွေ့ကြရမှာပါဘဲ။
သစ်သီးသစ်ရွက်တွေနဲ့ ပတ်သက်တာမှန်သမျှ
မြန်မြန်ကြီး၊ မြန်မြန်ပွင့်၊ မြန်မြန်သီး၊
နေ့ချင်းညချင်း မှည့်နိုင်တဲ့ ဆေးတွေထွင်တယ်။
မြန်မာပြည်ထဲ ဖြန့်တယ်။
အခုဆို ဘာအသီး စားချင်းလဲ ပြောလိုက်
ရာသီမရွေးရတယ်။
ခုည မှည့်ချင်လား။ မနက်ဖြန် မှည့်ချင်လားပြော။
များများ ချိုချင်လား ရတယ်။
ဥပမာ ခရမ်းချဉ်သီးဆိုရင်
ပွဲရုံတွေက အစိမ်းတွေဘဲ ဝယ်တော့တာလို့
ဖတ်မိသေးတယ်။
စျေးကွက်ထဲကဝယ်လိုအားကို ဖြန့်ခါနီးမှ
အချိန်မှီ မှည့်ပေးလိုက်တယ်လို့ ဆိုတယ်။
အသားတု၊ ဥအတု၊ လူအတု အတုမျိုးပေါင်းစုံ။
ကော်ဖီ, အချိုရည်, ကျန်တာ အတော်များများ
မှန်သမျှ ဂျင်းတွေချည်းဘဲ။
ထိုင်းဖက်နယ်စပ်မှာ
ထိုင်းရဲက ဖမ်းမိတဲ့ သတင်းတွေလည်း
မကြာခဏ ဖတ် ဖတ်မိကြမယ်ထင်မိ။
နောက် စျေးအတန်ဆုံးလို ဖြစ်လာတာက
အချိုမှုန့်တွေ။
၂၀၀ ဖိုးဆို လက်တစ်ခုပ် လောက်ရတယ်။
ဗုံးဗောလအော ဟင်းတွေထဲထည့်
ဆီးချိုတွေတက်။
အချိုမှုန့်မပါတော့ရင် မစားတတ်ကြတော့တဲ့
အဖြစ်တွေ ရောက်မှန်းမသိ ရောက်ကြရ။
အချိုမှုန့်ကြောင့်ပဲ ဆီးချို၊ သွေးတိုး၊ နှလုံး
ရောဂါတွေ ဖြစ်ပြီး သေကြရ။
သာမန် အပေါစားအရက်ဖြူ (OP) ဆိုလည်း
၄၀၀ လေါက်ဆို တပုလင်းရတယ်။
ပဲလှော်လေး ၁၀၀ ဖိုးနဲ့ တွဲကစ်လိုက်ရင်
၅၀၀ဖိုးဆို မူးပြီ၊ ရေချိန်ကိုက်ပြီ။
ပြီးတဲ့အခါ ဗမာဆေးများများနဲ့
ကွမ်းယာ ပါးစပ်ထဲထည့်ပြီး
ဆေးပေ့ါလိပ်တရှိုက်၊ နှစ်ရှိုက်
အဆုပ်ထဲအထိ ဆွဲထည့်လိုက်တဲ့အခါ
တရက်စာ ဖူလုံပြီ။
ရေသန့်ကမှ အရက်ထက် စျေးကြီးနေသေးတယ်။
အဲလို အပေါစား အရက်တွေသောက်တော့
မြန်မြန်သေကြတာပေါ့။
အရည်မရ၊ အဖတ်မရ ကွမ်းယာဆိုင်ဆိုလည်း
နေရာတကာ လက်ညိုးထိုးမလွဲသလိုပဲ။
တနေ့တနေ့ မြန်မာပြည်သား လူတွေ ကွမ်းစားပြီး
ပါးစပ်ထဲက ထွေးထုတ်လိုက်တဲ့ ပမာဏဟာ
ငွေသန်းချီဖိုးတောင်ရှိတယ်ဆိုလား
ဖတ်မိသေးတယ်။
အဲ့ဒီအထဲ ထည့်စားလိုက်ကျတဲ့
အိန္ဒိယက လာတဲ့ ဆေးပေါင်းစုံ။ 92' အပါအဝင်။
အိန္ဒိယကနေ တလတလကို
ဒေါ်လာ သန်းချီပြီး ပေးဝယ်နေရတယ်။
အရက်ဆို မြန်မာလူ ၁၀ ယောက်မှာ
၇ ယောက် သောက်တယ်။
ကွမ်းလည်း အလားတူပဲ။
ဒါတွေကို မှီခိုစားသောက်နေကြတဲ့ ဒီနိုင်ငံကလူတွေမှ
ကင်ဆာ၊ သွေးတိုး၊ ဆီချို နှလုံး၊ ကျောက်ကပ်
ရောဂါ မရရင် ဘယ်သူတွေရမလဲ။
နောက်ပြီး ဆန်ကို
အဓိက အစားအစာအဖြစ် စားသုံးကြတဲ့အခါ
ကစီဓါတ်များတော့ အဆီများလာသလို၊
အငန်ဆိုလည်းကြိုက်၊
အစပ်ဆိုလည်း လက်မလွတ်စေရဘူး။
စားသောက်ပုံ စားသောက်နည်းဟာ
အသက်ရှည်ဆုံး နိုင်ငံတွေနဲ့
ဆန့်ကျင်ဖက် ဖြစ်နေတယ်။
အသက်ရှည်တဲ့ နိုင်ငံတွေရဲ့
အစားအစာကို လေ့လာကြည့်ရင်
ပထမဆုံး ဖျော်ရည် အရည်တခုကို
စ သောက်ကြတယ်။
ပြီးတဲ့အခါ
အချိုပွဲလို အစာလေးတွေ ထပ်စားကြပြီးမှ၊
နောက်ဆုံးမှာ main food ဖြစ်တဲ့
သား ငါး အသီးအရွက်ကို စားကြတယ်။
ပြီးတဲ့အခါ ကော်ဖီ သောက်ချလိုက်ကြတယ်။
မနက်ပိုင်းဆို ဘာမှ မစားသေးခင်မှာ
အူလမ်းကြောင်းကို ဖျော်ရည်တခုခုနဲ့
အရင်သောက်ပြီး ခံထားကြလေ့ရှိတယ်။
ဥပမာ အိန္ဒိယဆိုရင် သူတို့အစားအစာမှာ
ဂျုံ၊ ပဲ၊ အသီးအရွက်နဲ့ နို့ ကို
အဓိကထားစားကြတယ်။
ဆီ၊ အငန်ကို လုံးဝနီးနီး မစားကြဘူး။
ဒီအတွက် ကလေးဘဝ ကတည်းကလူတွေ
အရပ်ရှည်ကြတယ်။
ကြီးလာတဲ့အခါ လူလုံးတွေ ထွားလာကြတယ်။
ခံနိုင်ရည် အားကောင်းကြတယ်။
ဒါဟာ ကိုယ်တိုင် ရောက်ဖူးတဲ့
နိုင်ငံ ၆ နိုင်ငံ လောက်က စားတဲ့ အစားပုံစံ နဲ့
ဥပမာယှဉ်ပြီး ပြောရတာပါ။
စောစော အိပ်ယာထ သွားတိုက်၊ မျက်နှာသစ်ဆိုတဲ့
ငယ်ငယ်က သင်ခဲ့ရတဲ့စာက
စပြီး လွဲလာနေသလိုမျိုးပဲ။
မျက်နှာသစ်ပြီး ရေချိုး ရေလေါင်းပြီးမှ
သွားတိုက်ရင် အပူထွက်သွားတဲ့အတွက်
သွားကျိုးတာ၊ နာတာ မဖြစ်ဘူးတဲ့။
မနက် ထပြီးတာနဲ့ တစ်နေကုန် စားသောက်။
ညနေကျ ရေချိုး၊ သွားတိုက်ပြီးတော့ ညစာစား၊
ဒီတော့ ရှေ့ နောက် လွဲနေမှုတွေကအစ
သွားတွေ ပိုးစားယိုင်နဲ့ပြီး
အခေါင်းပေါက်တွေ ဖြစ်ရာက ရောဂါဝင်
အသေစော၊ အသက်တိုရတာ။
ဒါတွေကအစ အခြေခံကို
လွဲမှားနေသယောင်ဘဲလို့မြင်တယ်။
အမှန်ဆို မနက်စာစားပြီးမှ သွားတိုက်။
ညစာစားပြီးမှ သွားတိုက်ကြရမှာ။
ဒါတွေကအစ ပြင်မှရမယ်။
လူတဦးချင်းစီက စပြင်ရမယ်။
နောက် မိသားစု အလိုက်ပြင်ရမယ်။
နောက် ပတ်ဝန်းကျင် တနိုင်ငံလုံးပြင်မှ
ကျန်းမာ၊ အသက်ရှည်ကြမယ်။
ဘယ်လိုပြင်ရမလဲဆိုရင်
အသီးအရွက် စားချင်ရင် ကိုယ့်ကိုစိုက်စားပါ။
စျေးကဝယ်ရင် သဘာဝ အတိုင်းခူးရောင်းတဲ့
တောသည်လေးတွေဆီက
မသန်မစွမ်း၊ ပိုးကိုက်ထားတဲ့ အရွက်တွေဝယ်ပါ။
အသီးစားချင်ရင် အပင်ကနေ တိုက်ရိုက်ခူးပေးတဲ့
အသီးကို ရှာစားပါ။
အသားငါးလည်း လတ်ဆတ်တာကိုစားပါ။
အချိုရည် လုံးဝ မသောက်ပါနဲ့။
အသီးကို ဖျော်သောက်ပါ။ အငန်လျော့။
အဆိမ့်၊ အချို၊ အစပ် လျော့စားပါ။
နောက် အရေးအကြီးဆုံးက ဆီ။
ဆီကို ဖြစ်နိုင်ရင် ဆီကြိတ်တဲ့ စက်တွေမှာ
သွားဝယ်ပါ။ ဒါမှမဟုတ် မြေပဲ နှမ်း ဝယ်ပြီး
ကိုယ့်ရှေမှာ ကြိတ်ခိုင်းပါ။
စျေးထဲကဆီတွေ မစားပါနဲ့။
ဈေးထဲကဆီအကုန်နီးပါး(၉၉%)က
စားအုန်းဆီနဲ့တရုတ်ဘက်ကလာတဲ့
ပြန်ချက်ထားတဲ့ဆီအဟောင်းတွေကို
ပြုပြင်ထားတဲ့ဆီအတုတွေပါ။
ဒီလိုမလုပ်နိုင်ရင် ဆီ လျော့စားပါ။
နောက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။
မနက် ညနေ အချိန်ရရင် လမ်းလျှောက်ပါ။
နှလုံးအားကောင်းအောင် သွက်သွက်လျှောက်။
အမြင့်တက်ပါ။ အမောခံနိုင်အောင် ကျင့်ပါ။
အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး
လုံးဝ မသုံးပါနဲ႔။
ညစာကို ညနေ ၅ နာရီကျော်ရင်
ထမင်းမပါဘဲ စားပါ။
အရည်သောက်
အသီးအရွက်၊ အသားငါးဘဲ ထိုင်စားပါ။
မြန်မာတွေ အသက်ရှည်စေဘို့
စဉ်းစားမိသမျှဝေခြင်းပါ။
အာရောဂျံ ပရာမံ လာဘံ ကျန်းမာခြင်းဟာ
လာဘ်တစ်ပါးပါ။
ကျန်းမာရေးအသိ ကိုယ်စီ ရှိကြစေချင်ပါတယ်။
ဟိုတလောက ဆိတ်သားခြောက် ဝယ် လာပြီး
အိမ်ရောက်တော့ Microwave နဲ့ နွှေးလိုက်တာ
ပလပ်စတစ်အရည်တွေ ထွက်လာလို့ဆိုပြီး
ပုံနဲ့တကွ တင်လိုက်တာကို ဖတ်လိုက်မိပါတယ်။
မြန်မာပြည်က အစားအသောက်တွေဟာ
သဘာဝ အနေအထားကနေ
အမျိုးမျိုးသော နည်းတွေနဲ့ ပြုပြင်ပြီး
ပြန်ရောင်းနေကြတာမို့ တနေ့တခြား
ကြောက်စရာ ကောင်းလာနေပါတယ်။
အားလုံးသိကြတဲ့အတိုင်း၊
ရောဂါအားလုံး ရဲ့ အခြေခံဟာ
အစာလမ်းကြောင်းကနေ လာတာဖြစ်ပါတယ်။
ပုံစံအမျိုးမျိုး နဲ့ လာနေကြတာပါ။
အခုနောက်ပိုင်း အလွန် အဖြစ်များနေတာကတော့
Autoimmune ရောဂါမျိုးစုံ ဖြစ်ပါတယ်။
ဒီရောဂါဟာလည်း
တနေရာတည်းမှာ ဖြစ်ခဲလှပါတယ်။
ခန္ဓာကိုယ်ရဲ့ သုံးလေးနေရာလောက်မှာ
ဖြစ်နေလေ့ရှိပါတယ်။
ကျွန်တော့်ဆီကို လာတဲ့ စာတွေ၊
Email, Message တွေကို ဖတ်လိုက်မယ်ဆိုရင်
Autoimmune ရောဂါတွေရယ်၊ ကင်ဆာတွေ
အရမ်းများလာနေပါတယ်။
အရင်က အတော်လေးရှားပါးတဲ့
ကင်ဆာမျိုးစုံလည်း တွေ့နေရပါပြီ။
အသက် ၁၅ နှစ် Melanoma at the a**l area
နောက်တစ်ယောက် ဒူးက အနာမကျက်လို့
အသားစ ယူပြီး စစ်လိုက်တဲ့အခါ
Anaplastic Non-Hodgkins lymphoma ပါတဲ့။
နောက်တစ်ယောက်က
ဗိုက်အတွင်း lymphoma
အသည်းကင်ဆာ၊ အဆုပ်ကင်ဆာ တွေကလဲ
များသလား မပြောနဲ့။
အဆင့် ၄ တွေချည်းပါဘဲ။
နောက်တစ်ယောက်က Pancreatic cancer.
အစားအသောက်ကြောင့်ဖြစ်တဲ့
အူလမ်းကြောင်း ကျန်းမာရေးကို မထိန်းနိုင်ဘူးဆိုရင်
ခံစားရတတ်တဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ။
နောက်တခု သတိထားမိတကတော့
နိုင်ငံခြားမှာ နေနေကြတဲ့ မြန်မာတွေလည်း
အတော်များများ Autoimmune ရောဂါတွေ
ဖြစ်နေကြပါတယ်။
သွေးဖောက်စစ်သူတွေ အတော်များများမှာ
ရှိနေကြပါတယ်။
ပြန်သုံးသပ် ကြည့်တော့၊
အများစုဟာ နိုင်ငံခြား ရောက်နေကြပေမဲ့
ကိုယ့် မြန်မာအစားအစာတွေကိုဘဲ စားကြပါတယ်။
ထမင်း ဟင်း ပါဘဲ။
နောက်ပြီး မြန်မာပြည်က အစားအသောက်မျိုးစုံ
လူကြုံနဲ့သော်လည်းကောင်း၊
ကိုယ်ကိုယ်တိုင်သော်လည်းကောင်း
တပွေ့ တပိုက်ကြီး ဝယ်ယူလာပြီး
freezer ထဲ မှာ ထည့်ပြီး
တဖြေးဖြေး စားနေကြတာ သတိပြုမိပါတယ်။
ငပိကြော်၊ ငါးခြောက်ကြော်၊
လဘက်၊ အကြော်မျိုးစုံ၊ မုန့်ဟင်းခါး အရည်တွေ
စသည် ဖြင့် ဖြစ်ပါတယ်။
ဒီရောဂါ တွေရဲ့ ဖြစ်ကြောင်းဟာ
အမျိုးမျိုး ရှိပါသော်လည်း
အဓိက ကတော့ အစားအသောက် ပါ။
ဒီအတိုင်း ဆက် သွားကြမယ်ဆိုရင်
တိုင်းပြည်အတွက် ရင်လေးမိပါတယ်။
ကိုယ်နဲ့အတူ ကိုယ့်မိသားစုကို စောင့်ရှောက်ဖို့၊
သတိလေးကပ်ပြီး၊ ဉာဏ်အကူလဲ လိုပါလိမ့်မယ်။
ဘယ်လောက် ကြိုက်တဲ့ အစာဘဲဖြစ်ဖြစ်
ဥပါဒ်ရှိလာပြီဆိုရင် ဖြတ်နိုင်ရပါမယ်။
ရောဂါရလာပြီဆိုရင် ရှာထားသမျှ ငွေတွေကုန်
အလူးအလိမ့်ခံရ၊ ရောဂါ သံသရာ ဝဲဂယက်မှာ
ချာချာလည် နေတော့မှာ ဖြစ်ပါတယ်။
အခုလိုအဖြစ်မျိုး ရောက်ရတာဟာလဲ
လူအများစုဟာ
ဗဟုသုတ ခေါင်းပါးနေကြတာက တကြောင်း၊
လောဘ ဦးဆောင်နေတာက တကြောင်း၊
ရသတဏှာကို မကျော်လွန်နိုင်တာက တကြောင်း၊
အစိုးရအနေနဲ့ အစားသောက်တွေအပေါ် ကြပ်မတ်မှု
ထိထိရောက်ရောက် မရှိတာက တကြောင်း၊
ဖြစ်လာမဲ့ အန္တရာယ်ကို
သဘောမပေါက်တာက တကြောင်း၊
တိုင်းပြည် ဆင်းရဲတာက တကြောင်းတို့ကြောင့်
ဖြစ်ပါတယ်။
မိမိနှင့် မိမိ၏ မိသားစုကို
ဉာဏ်သုံး၊ သတိကပ်ပြီး
စောင့်ရှောက်သူများ ဖြစ်နိုင်ကြပါစေ။
(အားလုံးသိအောင် ပြန်ရှယ်ပေးကြပါဦး)
Credit to Original
ပင်ပန်းလားလို့ မေးရင်
အရမ်းကို ပင်ပန်းနေပြီပေါ့
အိမ်ပြန်ချက်ပြီလားမေးရင်အရမ်းပြန်ချင်တာပေါ့
ဒါပေမယ့် . .မနားရဲသေးဘူး
အိမ်ပြန်ချိန်မရောက်သေးဘူးလေ
အနောက်ကို လှည့်ကြည့်လိုက်ပြန်ရင်လဲ
ကျောထောက်နောက်ခံ ရယ်လို့ မရှိပါဘူး
ကျွန်မအပေါ် မျှော်လင့်ချက်တွေနဲ့
အားကိုးတကြီး ကြည့်နေရှာတဲ့
မျက်လုံးတွေပဲ တွေ့တယ်
ကျွန်မအဆပေါင်းများစွာအားတင်းပြီးရှေ့ဆက်ရအုံးမယ်
မနက်ဖြန်တိုင်းအတွက်အားတင်းထားပါတယ်
ကျမကိုချစ်တဲ့သူတွေအတွက် ကျမသန်မာမှဖြစ်မယ်
#အားတင်းထားပါကလေးရေ
“မြန်မာအမျိုးသမီးတွေ တွေးခေါ်ပြောင်းလဲ သင့်တဲ့ လိင်ကိစ္စအပေါ် ခံယူစိတ် “
မြန်မာအမျိုးသမီးတွေရဲ့ အမြင် မှာ-
လိင်ကိစ္စဟာ - (၁)ကိုယ့် တဖက်လူရဲ့ ဆန္ဒအတွက် မိမိ အချစ်ကို သက်သေပြစရာ အရာတစ်ခု
-(၂) အမျိုးသမီးတွေ အတွက် ပေးဆပ်ခြင်း ၊ အမျိုးသားတွေ အတွက် ရယူခြင်း လို့ ခံယူကြတဲ့အရာတခု
-(၃)အသိမကြွယ်ပဲ ကိုယ်ကိုကိုယ် မကာကွယ်တတ်တာကို သိက္ခာပိုရှိတယ် ထင်ကြတဲ့ အရာတစ်ခု
-(၄)ကိုယ့်ကို တကယ်မချစ်တဲ့ ယောကျ်ားတစ်ယောက်ကို တွယ်ကပ်ဖို့ သက်သေခံ မျက်ရည်ခံထိုးရမဲ့ အရာတစ်ခု
-(၅)လိင်ကိစ္စ နဲ့ မိမိ သိက္ခာတန်ဖိုး ကို ကိုယ်တိုင် ညီမျှခြင်း ချပြီး ကိုယ့်ကိုကိုယ် တန်ဖိုး ဆွဲချတတ်တဲ့ အရာ တစ်ခု
-(၆)ကျန်းမာရေး ရှူထောင့် နဲ့ သဘာဝ တရား ရဲ့ ရှူထောင်ကို ပွင့်လင်းရိုးသားစွာ မတွေးပဲ ရှူပ်ထွေးနေတဲ့ အရာတစ်ခု
လင်ကို ဘုရားလို ရိုသေပြီး ရှိခိုကန်တော့ ဦးချအပ်တယ်၊ ကျွန်လို လုပ်ကျွေးပြီး ပြည့်တန်ဆာ လို ပြုစုရတယ်ဆိုတဲ့ မနက်ဖန် သဘက်ခါ ပွင့်တော့မဲ့ ဘုရားလောင်း လင်ယောကျ်ား အပေါ် ပါရမီ ဖြည့်နေရသလိုလိုနဲ့ ဘုမသိဘ မသိ နဲ့ အဆုံးအမ ခံရဖူးမယ် ထင်တယ် ၊ဒီလို ဆုံးမစာတွေလည်း ဖတ်ခဲ့ဖူးကြမယ် ။ “ Domestic Abuse ( အိမ်တွင်း အကြမ်းဖက်မှု) “ မှန်း မသိ ၊ ဆိုးသမျှ ရိုက်နှက်သမျှ ၊ ယုတ်မာသမျှ နဲ့ ဖောက်ပြန်သမျှ ကို သည်းခံပေါင်း ပြီး ပါရမီ ဖြည်ခဲ့တယ်ဆိုတဲ့ ဘုရား ဖြစ်မဲ့ အုတ်နီခဲ လိုမျိုး အူတူတူ မိန်းမ တွေလည်း ရှိခဲ့ ပါသေးတယ်။
ဒီလို လွဲမှား တဲ့ လင်ချစ်ဂါထာ အဆုံးအမတွေ အယူအဆ နဲ့ ယဉ်ကျေးမှု တွေရဲ့ ရိုက်သွင်းမှုတွေဟာ .. ကနေယောကျ်ားဆိုရင် အလိုလို မြင့်မြတ်ပြီး မိန်းမ ဆို ရင် ယောကျ်ား တွေရဲ့ အဖြည့်ခံ သဘောနဲ့ နာမ် နိမ်ခဲ့ကြတာဟာ ယနေ့ထိပဲ။အမျိုးသမီး တစ်ဦး ရဲ့ တန်ဖိုးကို Virgin ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ တိုင်းတာကြပြီးတော့ .. တနေ့ တဖက်အမျိုးသားရဲ့ ဆန္ဒကို လိင်ကိစ္စ ပြု ဖြည့်တင်းဖို့အတွက် အမျိုးသမီးတွေက လက်မထပ်ခင်ထိ စောင့်ထိန်း နိုင်မှသာ တန်ဖိုး သိက္ခာရှိသလို အဆိုပြုခဲ့လို့လည်း မြန်မာမိန်းမတွေ ဘဝ မှာ လိင်ကိစ္စဟာ သိက္ခာ ကြီး တစ်ခုလို ချုပ်တည်း စောင့်ထိန်းနေရတာပဲ။
တကယ်တော့ .. လိင်ကိစ္စဟာ အဖိုအမ ( ယောကျ်ား ၊ မိန်းမ) နှစ်ယောက်ကြားက .. မျိုးဆက်သစ် မွေးထုတ်ဖို့ ရာ အပိုင်း တစ်ခုထဲ မဟုတ်သလို လူသား တစ်ယောက် ရဲ့ စိတ်ပိုင်း / ခန္ဓာရုပ်ပိုင်း ဆိုင်ရာ ကျေနပ်မှု နဲ့ ခန္ဓာဗေဒအပေါ် ကျန်းမာရေးအရ ထောက်ပံ မှုတွေပါ အများကြီးပေးထားတဲ့ ဇီဝဗေဒ ဆိုင် ရာ ရုပ်ခန္ဓာရဲ့ လိုအပ်ချက် ၊ ခံစားချက် တခုဆိုတာပါပဲ။
( ဒီစာကနေ အမျိုးသမီးတွေကို ခံယူချက်နဲ့ ရစေချင်တဲ့ Message က - ယောကျာ်းတကာ နဲ့ လိုက်အိပ် ၊ ဖြစ်ချင်သလိုဖြစ် ၊ သိက္ခာမကျသွားဘူးလို့ ဆိုလို ထား ခြင်း မဟုတ်သလို .. လွဲနေတဲ့ ခံယူချက်တွေကြောင့် မိန်းမဘဝ စိတ်ရော ကိုယ်ပါ နစ်နာရတာချည်းတွေ မဖြစ်အောင် / ကိုယ့်ကိုကိုယ် ကာကွယ်တတ်အောင် အသိပညာပေးလိုခြင်းသာ ဖြစ်ပါတယ်)
(၁) ကိုယ့် တဖက်လူရဲ့ ဆန္ဒအတွက် မိမိ အချစ်ကို သက်သေပြစရာ အရာတစ်ခု
“ ချစ်လို့ ပေးဆပ်တာနော် “ ဆိုတဲ့ သက်သေတစ်ခုအတွက် နဲ့ ကိုယ့်ရဲ့ Virginity ( အပျိုရည်) နဲ့ S*x ကို အချစ်သက်သေ လုပ်လိုက်ကြတဲ့ အမျိုးသမီးတွေ ဒုနဲ့ဒေး ရှိဖူးကြမယ်။ လိင်ကိစ္စဟာ သောက်မပြေတဲ့ ပင်လယ်ရေပဲ .. တခါစားဖူး ပိုငတ်ကြတဲ့ သဘာဝကြီးက နေ တခါ အချစ်သက်သေပြပြီးရင် နောက်တခါလဲ ဒီလို အချစ်သက်သေမျိုး ထပ် ပြနေရမှာပဲ ။ ကိုယ့်ရဲ့ Partner ရဲ့ ဆန္ဒကြောင့် ချစ်ရင်လာ “ အတူတူအိပ်ပေး “ ဆိုတဲ့ ဆိုလိုရင်းရောက်အောင် Mentally အရကော Physically အရပါ R**e ခံနေရတဲ့ Love Victims (အချစ်ဒုက္ခ)သည် မဖြစ်ပါစေနဲ့။
“S*x” နဲ့ “Love “ ကို ကွဲဖို့ လိုတယ်။ ချစ်သူသဘာဝ S*x ကိစ္စရှိလာဖို့ ဟာ ကိုယ် ခွင့်ပြုမှ ဖြစ်မဲ့ ကိစ္စတွေ ဆိုတော့ ကိုယ့်ရဲ့ သဘောတူညီမှု အပြင် ကိုယ်ကိုတိုင်ကော တကယ် လိုချင်ရဲ့လား ဆိုတာ ထည့်တွေးရမဲ့ အချက်ပဲ။
(၂) အမျိုးသမီးတွေ အတွက် ပေးဆပ်ခြင်း ၊ အမျိုးသားတွေ အတွက် ရယူခြင်း လို့ ခံယူကြတဲ့အရာတခု
မြန်မာ Logic မှာ .. လိင်ကိစ္စဟာ အမျိုးသမီးတွေ အတွက် ပေးဆပ်ခြင်း ၊ အမျိုးသားတွေ အတွက် ရယူခြင်း လို့ ခံယူကြတယ်။
လင်သားရဲ့ ဆန္ဒတစ်ခု ကို ဖြည့်တင်းပြီး သားသမီးတွေ မွေး ပေး ခဲ့လိုက်ကြ တယ် Or**sm ဆိုတာ ဘာမှန်း မသိပဲ သေသွားခဲ့တဲ့ မြန်မာအမျိုးသမီးတွေ အများကြီးပဲ ရှိကြမယ် ။ မိသားစု၊ အိမ်ထောင်မှု ကိစ္စတွေကြားကနေ စိတ်ပင်ပန်း လူပင်ပန်းတဲ့ ကြားက လိင်ကိစ္စဟာ စိတ်အပန်းဖြေစရာ တခုလို
ခံစား ဖို့ နေနေသာသာ ၊ ယောကျ်ား အလိုမကျ ငြိုငြင်မှာစိုးလို့ တာဝန်ကျေစရာ တခုလို ဖြည့်တင်းပေးရတဲ့ မြန်မာမိန်းမတွေ ဘဝဟာ သနားစရာပဲ။ လိုချင်လို့ ကိုယ်တိုင် လိုလိုချင်ချင် နဲ့ ရယူနေမျိုးမဟုတ်ပဲ တာဝန် ဝတ္တရားအရ ဖြည့်စီး နေသလိုမျိုး။ ယောကျ်ားဘက်က အရာရာမှာ တာဝန်ကျေတာ ရှိကောင်းရှိနိုင်သလို လိင်ကိစ္စတခုထဲကိုပဲ သိမ်းကြုံးကြည့်ပြီး အရမ်းကြီး အရေးပါသလို ပြောနေတာ မဟုတ်ပါဘူး ။ ကိုယ် မလိုချင်ရင် အတင်းတွေ တာဝန် ဝတ္တရားအရ .. နေပေးနေရတာဟာ မုဒိန်းကျင့် ခံနေရတာနဲ့ အတူတူပါပဲ။ ကိုယ့်အပေါ် စိတ်ပိုင်းဆိုင်ရာ အရ ၊ ချစ်ခြင်းမေတ္တာအရ ၊ ကျန်းမာရေး အရ အိမ်ထောင်ဘက်/ ချစ်သူ partner အနေနဲ့ .. လေးစားမှု မရှိပဲ သူလိုချင်တိုင်း ယူနေရင် အဆင်တော့ မပြေပါဘူး ၊ ဒါက ရှင်းပါတယ်။
“ လိင်ကိစ္စဟာ အဖိုအမ အပေးအယူ မျှ တ ပြီး အန္တရာယ် လည်း ကင်းစေဖို့ အဆုံးထိ ပွင့်လင်း ရမဲ့ အရာဖြစ်သလို ကိုယ်က ချည်း ပေးလိုက်ရတာမျိုး မဟုတ်ပဲ နဲ့ ကိုယ်က လိုအပ်လို့ ကိုယ်တိုင် ယူတဲ့ အရာ”မျိုး ပဲ.. ဖြစ်သင့်ပါ တယ်။
(၃)အသိမကြွယ်ပဲ ကိုယ်ကိုကိုယ် မကာကွယ်တတ်တာကို သိက္ခာပိုရှိတယ် ထင်ကြတဲ့ အရာတစ်ခု
မြန်မာအမျိုးသမီးတွေ ရဲ့ ခေတ်ကာလ အပေါ် လေ့လာလိုက်စား ပြီး Smart ဖြစ်မှု ဟာ မိုင်ကုန်မပြေးပဲ ဟိုမရောက် ဒီမရောက်နဲ့ အလွန် ဂွကျပါတယ်။ အဆိုးဆုံးကတော့ Smart ဖြစ်တာနဲ့ experienced ဖြစ်တာ ကို ရောချပြီး တလွဲဆံပင် ကောင်း ၊ တန်ဖိုးထားခံလိုခြင်းပါ။ အတွေ့အကြုံ နည်း တာနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်တတ်တာ ဟာ မတူညီပါဘူး။ အမျိုးသား Partner တစ်ဦးနဲ့ ဘယ်လို ပင် စိတ်ချရတဲ့ ပတ်သက်မှု အနေအထား ပြင်ရှိပါစေ ၊ အချိန် မတန်သေးဘူး.. ငါ မိဘဖြစ်ဖို့ Ready မဖြစ်သေးတဲ့ ကာလ တခုထိ “ 100% Safety First “ ဖြစ်ဖို့ ကို ဦးစားပေးပြီး မိမိကိုယ်ကို ကာကွယ်တတ်ပါစေ။
အဲ့အတွက် မိမိ Partner ကို အကာအကွယ် အပြည့်အဝ သုံးပြီး ဆောင်ရန် ၊ ရှောင်ရန် နဲ့ .. ဆေးပညာ ဗဟုသုတ ကို အပွင့်လင်းဆုံး မျှဝေ သင့်သလို masterpiece experienced လို့ တလွဲ အထင်ခံရတာနဲ့ ဘေးဥပါတ်မရှိ ကိုယ့်ကိုကိုယ် အပြည့်အဝ ကာကွယ်နိုင်တာ ဒီနှစ်မျိုးမှာ ဘယ်ဟာ က Smart ပိုဖြစ်မလဲ ??
-(၄)ကိုယ့်ကို တကယ်မချစ်တဲ့ ယောကျ်ားတစ်ယောက်ကို တွယ်ကပ်ဖို့ သက်သေခံ မျက်ရည်ခံထိုးရမဲ့ အရာတစ်ခု
ကိုယ့် အပေါ် စာနာစိတ် မရှိပဲမချစ်တဲ့ ယောကျ်ားတစ်ယောက်ကို လိင်ကိစ္စအတွက် တာဝန်ယူခံပြီး တစ်ဘဝလုံးပေါင်း သင်းဖို့ မျက်ရည်ခံ ထိုးတာဟာ အမျိုးသမီး တချို့ရဲ့ တကယ့်ကို မဟာ အမှားပဲ။ အမျိုးသမီး ချင်း သိက္ခာကို ထည့် မတွက်လို့ မဟုတ်သလို S*x= Dignity လို့ ထင်နေရင် ..
ဘဝ မှာ နေစရာတောင် ကျန်တော့မှာ မဟုတ်ဘူး။
ဒါဟာ သိက္ခာမရှိလို့ ပြောတဲ့ စကား မဟုတ်ဘူး ၊ အမျိုးသမီး တစ်ဦးရဲ့ ဂုဏ်သိက္ခာဆိုတာ လိင်ကိစ္စ ပြုခြင်းမပြုခြင်းနဲ့ ဆုံးဖြတ်ပေးရမဲ့ အရာမဟုတ်ဘူး။
အိမ်ထောင်မပြုခင် လိင်ကိစ္စ လွန်ကျူး ပြီးရင် တန်ဖိုး မရှိတော့ သလို အမျိုးသမီးတွေကို ပဲ ဖိနိပ် ပြောဆိုဆက်ဆံ ကြလွန်းလို့ လည်း .. ယောကျ်ားတွေဟာ လွန်ကျူး ဖို့ အသားစီး ပိုရတာ ဖြစ်တယ်၊ အမျိုးသားတွေကတော့ သူ အိမ်ထောင်မပြုခင်ထိ တော့ အယောက်(၁၀၀)နဲ့ အိပ်လဲ Virgin ပဲ ။ အေးလေ.. Virgin Men ဖြစ်ကြောင်း သက်သေပြစရာ မှ မရှိတာ ..။ အမျိုးသမီးတွေကျ မင်္ဂလာဦးညမှာ အိပ်ယာခင်းမှာ သွေးမစွန်းလို့ , အပျိုအမြှေးပါး ပျက်စီးလို့ .. စောင်တလွဲ စံနှုန်းတွေနဲ့ ဘောင်ကျဉ်းလွန်းတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝ။
လိင်ကိစ္စကို အကြောင်းပြပြီး မျက်ရည်ထိုးမှ ကိုယ့် ကိုကိုယ် သိက္ခာ ရှိမယ် လို့ ထင်ရင် လူဖြစ်ရှူံးပြီလို့ သာ မှတ်လိုက်တော့။ ကိုယ့်ကို တကယ်.. မစာနာ တဲ့ တကယ် မချစ်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ အနားမှာ တသက်လုံးနေဖို့ ဆုံးဖြတ်ပြီ ဆိုကတည်းက ကိုယ့်ဘဝဟာ တကယ်ကို လုံးပါးပါးပြီ။ ဘယ်ချိန် ထဖောက်ပြန်မလဲ .. ၊ သူ မခွဲနိုင်မခွါရက် ချစ်လှပါပြီတဲ့ တခြား မိန်းမကို ဘယ်ချိန် အိမ်ခေါ်တင်လာမလဲ စောင့်ကြည့်ရမဲ့ ဘဝမျိုး နဲ့.. တစ်ခါ သာယာလို့ မှားဖူးတဲ့ အမှားအတွက် ငါ့ သိက္ခာ လို့ ခေါင်းစဉ်တပ် ပြီး ၊ ကိုယ့် ဘဝကိုပါ ဆွဲချလိုက်တာ တန်ရဲ့လား လို့ သာ တွေးကြည့် ပါ။
(၅)လိင်ကိစ္စ နဲ့ မိမိ သိက္ခာတန်ဖိုး ကို ကိုယ်တိုင် ညီမျှခြင်း ချပြီး ကိုယ့်ကိုကိုယ် တန်ဖိုး ဆွဲချတတ်တဲ့ အရာ တစ်ခု
ချစ်သူရည်းစားထားပြီး ချစ်သူသဘာဝ ချစ်ရည်လူးပြီးနောက် မြန်မာအမျိုးသမီးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ပြဿနာကတော့ ...
S*x= Dignity
S*x=Love လို့ ထင်နေခြင်းပဲ။
သူမှ မယူရင် ငါ့ဘဝတော့ သွားပြီ။ ငါတော့ သိက္ခာ မရှိတော့ဘူး၊ သူနဲ့ အဲ့လောက်ထိ တွဲခဲ့ပြီးမှ ငါ့ကို ဘယ်ယောကျ်ားမှ ယူမှာ မဟုတ်ဘူး လို့ တွေးမိတတ်ကြတာပါပဲ။ Life goal ဆိုတာ ကိုယ့်ရဲ့ စိတ်ကူးအိမ်မက် ထဲမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ နေချင်တဲ့ အိမ် ၊ လိုချင်တဲ့ ဝင်ငွေ နဲ့ ဘဝကို တည်ဆောက်ခြင်းပဲ၊ အခြေခိုင်ပြီ ဆိုမှ Family life ကိုသွားကြတာ ဖြစ်တယ်။ ဒါပေမဲ့ မြန်မာလူငယ်တွေ အများစုမှာ
ယောကျ်ားယူတာ/ အိမ်ထောင်ပြုတာကို ဘဝပန်းတိုင် တခုလို ဘာလို့ တွေးမိတတ်ကြလဲ၊ ချစ်သူရှိခြင်း/မရှိခြင်းဟာ ဂုဏ်သိမ်တခုလို ဘာလို့ ခံယူကြလဲ ၊မက်စရာ အိမ်မက်တွေက မရှိကြတာလား ပဲ..
စဉ်းစားစရာပဲ ပေါ့နော်..
ဒီလို လိင် ကိစ္စ လွန်ကျူးပြီးတာနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုး မရှိတော့ ဘူး .. ၊ သူကလွဲပြီး တခြားတစ်ယောက် မရနိုင်တော့ဘူးလို့ S*xual mindset မှာ လွဲမှားနေကြတယ်။ လိင်ကိစ္စအပေါ် ပွင့်လင်း မြင်သာမှု မရှိတော့ပဲ ကိုယ့်ကိုကိုယ် တန်ဖိုးဆွဲချတဲ့ အရာ တခု အနေနဲ့ Depress ဖြစ်ကြ
တဲ့ အမျိုးသမီးငယ်လေးတွေ အတော်များများ ရှိပါတယ်။ အဲ့လို အထင်မြင်လွဲမှားနေမှုတွေကြောင့်လဲ ဒီ တစ်ဦးတစ်ယောက်ကို ကပ်တွယ်လိုမှု ၊ အချစ်ခံလိုမှု တွေနဲ့
လိင်ကိစ္စကို ကိုယ်တိုင်က မလိုချင်ပဲ၊ မလိုအပ်ပဲ နဲ့
တဖက်လူကို အမြတ်ထုတ်ခွင့် ပေးလိုက်တယ်။
ဒါကြောင့်လဲ မြန်မာအမျိုးသမီးတွေ အပေါ် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်ခြင်း နဲ့ အလိုမတူ အဓမ္မမှုတွေ များသထက် များလာရတဲ့ အကြောင်းအရင်းထဲက တခုပဲ။ လိင်ကိစ္စဟာ ရှက်ကြောက်စရာ၊ ဖုံးကွယ်စရာ ၊ သိက္ခာကျစရာလို့ ခံယူထားတော့လည်း မသမာသူတွေ အဖို့ ရှက်ကြောက်နုတ်ဆိတ်နေကြတဲ့ အမျိုးသမီးတွေ အပေါ် အသားစီးရနေခြင်း ဖြစ်တယ်။
အဲ့ဒီ အတွက် မိဘ, ကျောင်းပညာရေး ၊ လူ့အသိုင်းအဝိုင်း အဖွဲ့အစည်း တခုခု ကနေ S*xual Knowledge/Education နဲ့အတူ S*xual Mindset ကိုပါ သင်ကြားပေးသင့်တယ် ဆိုတာပါပဲ။
-(၆)ကျန်းမာရေး ရှူထောင့် နဲ့ သဘာဝ တရား ရဲ့ ရှူထောင်ကို ပွင့်လင်းရိုးသားစွာ မတွေးပဲ ရှူပ်ထွေးနေတဲ့ အရာတစ်ခု
သဘာဝ တရားကြီးရဲ့ ဖန်တီးမှုအရ လူသား အနေနဲ့ ဖြစ်လာခဲ့ရင် Biologically လိင်စိတ် ဆိုတာ လူသား အဖိုအမ တိုင်းမှာ ပါဝင်ပြီးသား ဖြစ်သလို ထိန်းချုပ်နိုင်တဲ့ စိတ်အနည်းအများသာလျှင် ကွာပါလိမ့်မယ်။ S*xual Desirability များတာလည်း အမျိုးသမီးတွေ ဖြစ်သလို ထိန်းချုပ်မှု အားကောင်းတာလည်း အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ လိင်ကိစ္စမှ ပေးစွမ်းသော Or**sm ခံစားမှု ဟာ ကိုယ်ခန္ဓာကို အရမ်းကို အထောက်အကူပြုသော အရာဖြစ်သလို Or**sm ကို ခံစားဖို့ လွယ်ကူတာကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုနုပျိုရတဲ့ အချက်ထဲက တခုလည်းဖြစ်ပါတယ်။
လိင်ကိစ္စဟာ ပုထုဇဉ် လူသား ကိုယ်ခန္ဓာရဲ့ အာသီသ အရ လိုအပ်တဲ့ အရာ တခုဖြစ်သလို အမျိုးသားတွေ ဘက်အနေနဲ့ .. ရယူလိုစိတ်နဲ့ ဦးဆောင် ပွင့်လင်းသလို အမျိုးသမီးတွေဟာလည်း ကိုယ့်ဘက်က ဆုံးရှူံးလိုက်ရတာမျိုး မဟုတ်ပဲ ရယူတတ်ဖို့ ကြိုးစားသင့်တယ် ဆိုတာပါပဲ။ အဲ့ဒီလို ရယူတတ်မှု မှာ S*xual Desirability စိတ် ထန်ကြောင်း သိက္ခာကျစရာ၊ အပုတ်ချ ပြောဆိုခံရစရာ ဘာအကြောင်းမှ မရှိသလို .. အပြောခံရပြီဆိုကတည်းက ကိုယ့်Partner လူ က စည်းမရှိ၊ သမာ သမှတ် မရှိတာဟာ သိသာလွန်းတဲ့ အချက်ဖြစ်တယ်။ ကိုယ်တိုင် မလိုချင်ရင် ဘာဆိုဘာမှ ကိုယ့်ဘက်က ဘာမှ မပေးပါနဲ့၊ အားနာနာနဲ့ ပေးလိုက်ရတဲ့ အရာတွေထဲမှာ ကိုယ်ရဲ့ ကိုယ်ခန္ဓာ ကိုယ်တခုလုံး ပါသွားတယ် ဆိုတာမျိုးတော့ လုံးဝ မဖြစ်ပါစေနဲ့ အမျိုး သမီးတို့ ... Be Smart and safe until the end !!!
sexualmindset
Credit - truthbutbitter
အမှိုက်ထဲကရွှေ / သရက်ရွက် 🥰💪👍
သရက်ရွက် ( Mango Leave ) ကို အမေရိကန်နိုင်ငံမှာ ၂အောင်စ ကို 13$ နဲ့ရောင်းနေတာတွေ့ရတော့
ဘာတွေကောင်းလဲဆို Google ခေါက်ကြည့်လိုက်ပါတယ်။
သရက်သီးအရွက်ဟာ
သရက်သီးထက် အာဟာရပိုများနေပါတယ်။
ဗီတာမင် အေ ဘီ စီ နဲ့
Antioxidant တွေကြွယ်ဝပါတယ်။
သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ
ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာ
ချက်ပြုတ်စားသောက်ကြပါတယ်။
ဆေးဘက်ဆိုင်ရာအနေဖြင့်
ဆီးချိုရောဂါကို ထိန်းညိဖို့သောက်သုံးကြပါတယ်။
ဒါအပြင် သွေးတိုးရောဂါ ထိန်းညှိပေးပါတယ်
စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
ကုသနိုင်ပါတယ်။
အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို
လျော့ချပေးပါတယ်။
သည်းခြေမှာ ကျောက်တည်ခြင်းကို
ခြေဖျက်နိုင်ပါတယ်။
အစာအိမ်ရောဂါတွေ သွေးဝမ်းသွားရောဂါတွေ
ကုသနိုင်ပါတယ်။
ကြို့ထိုးတဲ့ ရောဂါအတွက်ဆို
သရွက်ရွက်ခြောက်ကိုမီးရှို့ပီး ရှူပေးရင်
ပျောက်ကင်းပါတယ်။
မီးလောင်ဒဏ်ရာတွေမှာ အသုံးပြုနိုင်ပါတယ်။
နားကိုက်ရောဂါကုသနိုင်ပါတယ်။
ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ်။
အလွန်ဆေးဖက်ဝင်သော သရက်ရွက်အကြောင်း
သရက်ရွက်သည် Vitamin A, B နဲ့ C ကြွယ်ဝပြီး potassium, magnesium ဓာတ်လဲပါဝင်သောကြောင့် ကျန်းမာရေးအတွက်အလွန်အထောက်ကူပြု၍ ဆေးဖက်ဝင်ကြောင်းတင်ပြချင်ပါသည်။
သရက်ရွက် နှင့် ကျန်းမာရေး -
1. သရက်ရွက်တွင် anthocyanidins ဆိုသော
ဓာတ်ပါသောကြောင့် သရက်ရွက်ကို ရေနွေးတွင်
တစ်ညအကြာစိမ်၍ ရလာသောအရည်ကို
သောက်သုံးခြင်းဖြင့် အစပျိုးနေသောသွေးချိုရောဂါသက်သာစေရန်ကူညီပေးသည်။
2. သရက်ရွက်သည်
သွေးတိုးခြင်းကိုလဲသက်သာစေပါသည်။
3. သရက်ရွက်ကို ရေချိုးသောကြွေဇလုံထဲထည့်၍ ရေချိုးခြင်းသည် စိုးရိမ်ပူပန်မှု/anxiety ကိုလဲ
လျော့အောင်ကူညီပေးပါသည်။
4. ကျောက်ကပ်ကျောက်တည်ခြင်းနှင့်
သည်းခြေအိပ်ကျောက်တည်ခြင်းများဖြစ်ပါက သရက်ရွက်ကို အမှုန့်ကြိတ်ပြီး ရေနွေးထဲတစ်ညထား၍ နေ့တိုင်းသောက်လျှင် ကျောက်များကျေစေပြီး
ပျောက်စေပါတယ်။
5. သရက်ရွက်များများကို ပြုပ်၍
ပျားရည်အနည်းငယ်ဖြင့် သောက်လျှင်
အသံပျောက်ခြင်း၊ အအေးမိ ချောင်းဆိုးခြင်း၊
ရင်ကျပ်ခြင်း၊ ပန်းနာရင်ကြပ် တို့ကိုပျောက်စေပါသည်။
6. သရက်ရွက် တွင် adiponectin ပါသောကြောင့်
အဆီပိုများကျပြီး ဝိတ်ထိန်းရာတွင်
အထောက်ကူပြုပါသည်။
7. သရက်ရွက်သည် ကင်ဆာ ကာကွယ်ပေးသည်။
သရက်ရွက်တွင် ဆိုးကျိုးအကြီးကျယ်မရှိပါ။
စားသုံးရန် အန္တရာယ်ကင်းသည်ဟု ဆိုထားပါသည်။
Credit မူရင်းရေးသူ