Myanmar Hlaing News

Myanmar Hlaing News

Myanmar Hlaing Notes

Photos from Myanmar Hlaing News's post 03/04/2024

ပြည်တွင်းက ကြယ်ငါးပွင့် ဟိုတယ်ကြီးတချို့ တန်မှတန် အထူးလျှော့ဈေးတွေနဲ့ ပြည်တွင်းဧည့်သည်တွေဆီ ဦးတည်ဝန်ဆောင်မှုပေးနေ

ဧပြီ ၃ - ၂၀၂၄

ရန်ကုန်မြို့က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တချို့ ပြည်တွင်းဧည့်သည်အတွက်ရည်ရွယ်ပြီး သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတချို့ကို ဖော်ဆောင်လာကြပါတယ်။ အရင်က ဝန်ဆောင်ခနှုန်းထားတွေကို ဒေါ်လာနဲ့သတ်မှတ်ပြီးဝန်ဆောင်ခယူရာကနေ အခုအခါ ကျပ်ငွေနဲ့သတ်မှတ်တဲ့ ဝန်ဆောင်မှုတချို့ကို ဈေးနှုန်းထက်ဝက်အထိလျှော့ချပြီးဝန်ဆောင်မှုပေးလာတာမျိုးပါ။
ကမ္ဘာအေးဘုရားလမ်းပေါ်က အခန်းပေါင်းရာဂဏာန်းရှိတဲ့ အင်းလျားလိတ်ဟိုတယ်နဲ့ ဆီဒိုးနားဟိုတယ်တွေမှာ နှစ်သိန်းမပြည့်တဲ့ မြန်မာငွေနဲ့ တည်းခိုနေထိုင်နိုင်ဖို့ အထူးလျှော့ဈေးတွေနဲ့ ကြေညာထားပါတယ်။

စိမ်းစိုသာယာလှတဲ့ ကန်ရေပြင်ဘေး ခြံဝန်းကျယ်ကြီးထဲက သဘာဝအလှတရားတွေကြောင့် နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးလာရောက်တည်းခိုနေထိုင်လေ့ရှိတဲ့ အင်းလျားလိတ်ဟိုတယ်ရဲ့ နွေရာသီ ပရိုမိုးရှင်းတွေက သင်္ကြန်ပိတ်ရုံးပိတ်ရက် ဘူဖေးညစာ သုံးဆောင်ဖို့အတွက် တစ်ဦးကို ၃၅၀၀၀ ကျပ်သာ ကျသင့်မယ့် 𝐈𝐧𝐲𝐚 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐁𝐮𝐟𝐟𝐞𝐭 𝐃𝐢𝐧𝐧𝐞𝐫 ၊ Weekday မှာ ၅၅,၀၀၀ ကျပ်တည်းနဲ့ အင်းယားလိတ်ဟိုတယ်ရဲ့ High Tea စားရင်း FREE ရေကူးအပန်းဖြေလို့ရတဲ့အစီအစဉ် နဲ့ သင်္ကြန်ပိတ်ရက် ဧပြီ (၁၇) ရက်နေ့ကနေ (၂၁)ရက်နေ့အတွင်း Staycation ဖို့အတွက် Flash Sale နဲ့ကြိုဝယ်ထားမယ်ဆိုရင် လူနှစ်ဦးစာ မနက်စာအပါအဝင်ကို တစ်ညကို ၈၄,၀၀၀ ကျပ်ပဲ ကျသင့်မယ့် ဝန်ဆောင်မှုတွေကို ကြေညာထားပါတယ်။

အလားတူပဲ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဆီဒိုးနားဟိုတယ်မှာလည်း နွေရာသီအားလပ်ရက်တွေအတွက် ရေကူးအပန်းဖြေအနားယူနိုင်ဖို့ မနက်စာဘူဖေး အပါအဝင် အခန်းခနှုန်းထား ၅၀ ရာခိုင်နှုန်း လျှော့ဈေး တစ်ညအတွက် မြန်မာကျပ်ငွေနဲ့ ၁၇၇၆၀၀ ကျပ်သာကျသင့်မယ့် အထူးလျှော့ဈေးဝန်ဆောင်မှုတွေပေးနေပြီး အဲဒီဝန်ဆောင်မှုက သင်္ကြန်တွင်းရုံးပိတ်ရက်တွေတော့ မပါဘူးလို့လည်း သိရပါတယ်။

ပြည်တွင်းဟိုတယ်ကြီးတချို့ အခုလို အထူးလျှော့ဈေးနှုန်းထားတွေနဲ့ ဈေးနှုန်းပြောင်းလဲဝန်ဆောင်မှုပေးတာတွေရဲ့နောက်ကွယ်မှာတော့ အခုအချိန်ဟာ ခရီးသွားရာသီဖြစ်ပေမယ့် ပြည်ပဧည့်သည်ဝင်ရောက်မှုနည်းနေတာ ပြည်တွင်းခရီးသွားတွေအနေနဲ့ City Hotel တွေနဲ့ Motel တွေမှာသာ တည်းခိုကြပြီး အဆင့်မြင့် 5 Star Hotel ကြီးတွေမှာ ဧည့်ဝင်ရောင်မှုနည်းတာတွေ၊ လျှပ်စစ်မီးမမှန်တာတွေ၊ ကုန်ဈေးနှုန်း စက်သုံးဆီဈေးနဲ့ ဝန်ထမ်းအသုံးစရိတ်တွေကြောင့် ကာမိအောင်လုပ်ဆောင်ကြတာလို့ ပြည်တွင်းဟိုတယ်လုပ်ငန်းရှင် ဦးအောင်ထွန်းက မှတ်ချက်ပြုပါတယ်။

“အဓိက က မီးပေါ့။ မီးက တအားပျက်တော့ ဟိုတယ်တစ်လုံးကို တစ်လ တစ်လ မီးစက်ဆီဖိုးက သိန်း ၅၀ သိန်း ၆၀ လောက်ကုန်တယ်။ မီတာခကလည်း သိန်း ၃၀ လောက်ကုန်တယ်။ ဒါအခန်း လေး ငါးဆယ်ပဲရှိတဲ့ ဟိုတယ်တွေမှာ နော်။ ရာချီရင် သည့်ထက်ပိုကုန်မယ်။ အခန်းပေါင်းရာကျော်ရှိတဲ့ ဟိုတယ်ကြီးတွေကြတော့ နိုင်ငံခြားသားအဓိက ဆွဲဆောင်ကြတဲ့အခါ ဥယျာဉ်မှူးတွေ ထားရတာ၊ နောက်ပြီး အခန်းရှိရင် ရှိသလောက်၊ ဝန်ထမ်းအရေအတွက်က ထားရတာဆိုတော့၊ သောကြာ၊ စနေ၊ တနင်္ဂနွေလောက်ပဲ လူဝင်ပြီး ကျန်တဲ့ရက် လူမဝင်တော့ ဝန်ထမ်းအင်အားက ပိုနေပြန်ရော။ လူမဝင်ရင် Cover မဖြစ်တော့ အလုပ်ဖြစ်အောင်စီမံခန့်ခွဲရတာပဲ။ အလုပ်ဖြစ်ဖို့ အဓိက လုပ်ဆောင်လာကြရတာပဲ”လို့ မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌလည်းဖြစ်တဲ့ ဟိုတယ်လုပ်ငန်းရှင် ဦးအောင်ထွန်းက MT News ကို ပြောပါတယ်။

အရင်ကဆိုရင် အခုလိုပွဲတော်ရာသီကာလ ပြည်ပခရီးသွားဧည့်သည်လည်းများပြားပြီး ပြည်တွင်းငွေကြေးဈေးကွက်လည်း ငွေလဲနှုန်းတည်ငြိမ်တဲ့အတွက် 5 Star ဟိုတယ်တွေရဲ့ ဝန်ဆောင်မှုက အနိမ့်ဆုံး ဒေါ်လာ၂၀၀ ကနေ စတင်ကာ အမြင့်ဆုံး ဒေါ်လာ ၂၀၀၀ အထိ နှုန်းထားတွေရှိခဲ့တာပါ။ အခုအခါမှာတော့ ဒေါ်လာ တစ်ရာ မပြည့်တဲ့ ဝန်ဆောင်မှုတွေနဲ့ နိုင်ငံခြားသားဧည့်သည်ထက် ပြည်တွင်းဧည့်သည်ကိုဦးတည်ဝန်ဆောင်မှုပေးတဲ့ အနေအထားဖြစ်လာတာလို့ သိရပါတယ်။

Hey Mar
MT News

Photos from Myanmar Hlaing News's post 03/04/2024

တရုတ်စမတ်ဖုန်း ရှောင်းမီကုမ္ပဏီရဲ့ ပထမဦးဆုံး SU7 လျှပ်စစ်ကား အမှာစာ ၁၀၀,၀၀၀ ရရှိထား

ဧပြီ ၃ - ၂၀၂၄

တရုတ်စမတ်ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ ရှောင်းမီကုမ္ပဏီ (Xiaomi ) ဟာ ၎င်းတို့ကုမ္ပဏီက ပထမဦးဆုံး ထုတ်လုပ်တဲ့ SU7 အမည်ရှိ လျှပ်စစ်ကားအမှာစာ အစီးရေ ၁၀၀,၀၀၀ ကျော်ရရှိထားကြောင်း ဧပြီလ ၃ ရက်နေ့ က ပြောကြားလိုက်ပါတယ်။

“ရှောင်းမီကားကို ပထမဦးဆုံး တရားဝင်ထုတ်လုငပ်လိုက်ပါပြီ။ စမတ်ကားလောကရဲ့ တကယ့်ပြုပြင်ပြောင်းလဲ မှုကြီး တရားဝင်စတင်ဖွင့်လှစ်လိုက်ပါပြီ။ တရုတ်နိုင်ငံဟာ တက်ဆလာတို့လို မဟာအင်အားကြီးကုမ္ပဏီကြီး တစ်ခုကို မွေးဖွားသန့်စင်ပေးလိုက်ပါပြီ။” လို့ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ ပထမဦးဆုံးကာတင်ပို့တဲ့ အခမ်းအနား မှာ ရှောင်းမီကုမ္ပဏီရဲ့ CEO နဲ့ တည်ထောင်သူ လေဂျင်းက ပြောပါတယ်။

ပထမဦးဆုံးပို့ဆောင်ပေးမယ့်ကားအစီးရေ ၅၀၀၀ ကတော့ ပထမဦးဆုံးဝယ်ယူတဲ့ဖောက်သည်တွေအတွက် သီးသန့်အပိုပစ္စည်းတွေ တပ်ဆင်ပေးထားပြီး အကန့်အသတ်နဲ့ ထုတ်လုပ်ထားတဲ့ "Founder's Edition” လို့ အမည်ရ လျှပ်စစ်ကားတွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း SU7 လျှပ်စစ်ကားတွေ စတင်အရောင်းဖွင့်လှစ်လိုက်ပြီးနောက် Speed Ultra 7 ခေါ် SU7 လျှပ်စစ်ကားတွေ ထပ်မံရရှိဖို့အတွက် နောက်ထပ်ဖောက် သည်တွေကို ၄ လကနေ ၇ လအထိ စောင့်ဆိုင်းနေရဖွယ်ရှိတယ်လို့ ရှောင်းမီကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

SU7 လျှပ်စစ်ကားတွေကို စိတ်ဝင်စားလာမှု များပြားလာတဲ့အတွက် ရှောင်းမီကုမ္ပဏီရဲ့အစုရှယ်ယာတန်ဖိုးဟာ အင်္ဂါနေ့က ၁၆% ဝန်းကျင်မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။

အင်္ဂါနေ့ညက ကုမ္ပဏီအစုရှယ်ယာတန်ဖိုးဟာ အမေရိကန်ကားကုမ္ပဏီ General Motors ထက် မြင့်မားပြီး ဟောင်ကောင်ဒေါ်လာ ၁၇.၃၄ ရှိတဲ့တဲ့အတွက် ရှောင်းမီကုမ္ပဏီရဲ့ ရာဖြတ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၅ ဘီလျံရှိကြောင်း သိရပါတယ်။

Newvisionmedia
Ref: Chinese smartphone maker Xiaomi starts delivering the first of more than 100,000 EVs ordered

03/04/2024

မြင့်မားသော အပူချိန်ကြောင့် ဖိလစ်ပိုင်နိုင်ငံရှိကျောင်း ရာချီတွင် စာသင်ချိန်များရပ်ဆိုင်း

ဧပြီ ၃ - ၂၀၂၄

ဖိလစ်ပိုင်နိုင်ငံတွင် အန္တရာယ်ရှိသော မြင့်မားသောအပူချိန်ကြောင့် ဧပြီလ(၂)ရက်နေ့တွင် မနီလာမြို့ရှိ ဒါဇင်နှင့်ချီသောကျောင်းများအပါအဝင် နိုင်ငံတွင်းရှိ ရာနှင့်ချီသောကျောင်းများတွင် လူကိုယ်တိုင်သင်ကြားပို့ချသည့်အတန်းများကို ရပ်ဆိုင်းလိုက်ကြောင်း ပညာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မနီလာမြို့ရှိ အပူချိန်သည် ဧပြီလ(၂)ရက်နေ့တွင် (၄၂)ဒီဂရီဆဲလ်စီးယက်စ်ထိရောက်ရှိနိုင်ပြီး ဧပြီလ(၃)ရက်နေ့တွင် အပူချိန်မှာ (၄၃)ဒီဂရီဆဲလ်စီးယက်စ်ထိရောက်ရှိနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတွင်းရှိ အခြားနေရာ (၁) ဒါဇင်ခန့်တွင်လည်း အပူချိန်မှာ (၄၂-၄၃)ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

Quezon မြို့ရှိ မူလတန်းနှင့်အလယ်တန်းကျောင်းများကို ပိတ်ပစ်ရန်အမိန့်ပေးထားသော်လည်း အခြားနေရာများရှိကျောင်းများကို အွန်လိုင်းမှသင်ကြားရေးသို့ပြောင်းရန် ဒေသတွင်းအရာရှိများက ရွေးချယ်ခွင့်ပေးထားကြောင်းသိရသည်။ မနီလာမြို့ရှိ ကျောင်းအချို့တွင် တစ်နေ့လုံး၏အပူဆုံးအချိန်ကို ရှောင်ရှားရန်အတွက် အတန်းချိန်များကို လျှော့ချထားကြောင်းသိရသည်။

အပူညွှန်းကိန်း (၄၂)ဒီဂရီဆဲလ်စီးယက်စ်မှ (၅၁)ဒီဂရီဆဲလ်စီးယက်စ်အတွင်း အပူရှိန်များကြောင့် ကြွက်တက်ခြင်းနှင့် ပင်ပန်းနွမ်း နယ်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတစ်ဦးက အကြံပေးပြောဆိုထားသည်။ အပူချိန်(၃၃)ဒီဂရီဆဲလ်စီးယက်စ်နှင့် (၄၁)ဒီဂရီဆဲလ်စီးယက်စ်တို့တွင်လည်း ကြွက်တက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို ဖြစ်စေနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူတစ်ဦးက ပြောဆိုခဲ့သည်။

Mindanao ကျွန်း၏ ဒေသအများအပြားရှိ ဒေသဆိုင်ရာအရာရှိများသည် သီတင်း ပတ်(၂)ပတ်ကျော်အထိ လူကိုယ်တိုင်သင်ကြားပို့ချသည့် အတန်းများကို ရပ်ဆိုင်းခြင်း သို့မဟုတ် အတန်းချိန်များကို လျှော့ချခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာပညာရေးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Rea Halique ကပြောကြားခဲ့သည်။

အဆိုပါအမိန့်သည် Cotabato ပြည်နယ်၊ South Cotabato ပြည်နယ်၊ Sultan Kudarat ပြည်နယ်တို့အပြင် Cotabato၊ General Santos နှင့် Koronadal မြို့တို့ရှိ ရာနှင့်ချီသောကျောင်းများအပေါ် သက်ရောက်ကြောင်း Rea Halique ကပြောကြားခဲ့သည်။ Cotabato မြို့၏ အပူချိန်သည် ဧပြီလ(၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် အပူချိန်(၄၂)ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသခန့်မှန်းသူတစ်ဦးကပြောကြားခဲ့သည်။

Pika(NPNews)

Photos from Myanmar Hlaing News's post 03/04/2024

တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ကြိုတင်ပြင်ဆင်ထားသော ရာဇဝတ်မှုများကို ဖြိုခွင်းရန် ရုရှားသမ္မတ အမိန့်ပေး

ဧပြီ ၃ - ၂၀၂၄

ရုရှားသမ္မတပူတင်သည် တရားမဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ကြိုတင်ပြင်ဆင်ထားသော ရာဇဝတ်မှုများကို ဖြိုခွင်းရန် နိုင်ငံ၏တရားဥပဒေစိုးမိုးရေးအေဂျင်စီများကို ညွှန်ကြားထားကြောင်း သိရသည်။

ပူတင်သည် ဧပြီလ(၂)ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံစဉ်အချိန်အတွင်း အဆိုပါအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်းနေထိုင်ခြင်းသည် အစွန်းရောက်ဝါဒများ နှင့် ရာဇဝတ်မှုများသို့ ဦးတည်သွားလေ့ရှိကြောင်း ပူတင်က ပြောခဲ့သည်။

ပူတင်က “ပြည်သူလူထုစည်းလုံးညီညွတ်မှုရှိစေဖို့၊ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့နဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို နှိမ်နှင်းဖို့အပြင် ကြိုတင်ပြင်ဆင်ထားတဲ့ ရာဇဝတ်မှုတွေကို ချေမှုန်းဖို့ ဒေသတွင်းအေဂျင်စီတွေနဲ့ ပူပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောခဲ့သည်။

ရာဇဝတ်ဂိုဏ်းများသည် နယ်စပ်ဖြတ်ကျော်ကာ ရာဇဝတ်မှုများကို လုပ်ဆောင်နေပြီး နိုင်ငံခြားထောက်လှမ်းရေး ဝန်ဆောင်မှုများ၊ နိုင်ငံတကာအစွန်းရောက်ဖွဲ့စည်းမှုဆိုင်ရာကိုယ်စားလှယ်များ နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပူတင်က ပြောခဲ့သည်။

အဆိုပါအဖွဲ့အစည်းများသည် လူကုန်ကူးမှု နှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ နှင့် ဆိုက်ဘာရာဇဝတ်မှုများတို့တွင်လည်း ပါဝင်ပတ်သက်နေကြောင်း ပူတင်က ထပ်မံပြောခဲ့သည်။ လက်ရှိအချိန်တွင် ရှိသော ဒေတာဘေ့စ်များသည် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်သေးကြောင်း နှင့် ခေတ်မီဒစ်ဂျစ်တယ် အီလက်ထရွန်းနစ်ဒေတာဘေ့စ်များ၏ biometric ဒေတာကောက်ယူမှုများ လိုအပ် ကြောင်း ပူတင်က ပြောခဲ့သည်။

ရုရှားနိုင်ငံရှိ ပြဇာတ်ရုံတစ်ခုကို သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ(၁၄၄)ဦး သေဆုံးခဲ့ပြီး အခြားလူ(၅၅ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိပြီးနောက် ပူတင် နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ အရာရှိများ တွေ့ဆုံမှုထွက်ပေါ်လာခြင်းဖြစ်သည်။

Pika(NPNews)

03/04/2024

အမေရိကန်နိုင်ငံ၊ တက္ကဆက်မှာ လူတစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရ

ဧပြီ ၃ - ၂၀၂၄

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ နို့စားနွားတွေနဲ့ ထိတွေ့ခြင်းကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက် ခံထားရသူ တွေ့ရှိလာရတယ်လို့ ဧပြီ ၁ ရက်က သတင်းအရ သိရပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် လက်ရှိကမ္ဘာ့တစ်ဝှမ်းမှာ ဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု တွေ တိုးပွားလာနေတယ်လို့ သိရပါတယ်။ ၎င်းဟာ နိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့ရှိတဲ့ ဒုတိယ မြောက်လူနာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က တက္ကဆက်၊ ကန်ဆက် နဲ့ အခြားပြည်နယ်များရှိ တောရိုင်းငှက်တွေနဲ့ ထိတွေ့ခဲ့မှုရှိတဲ့ တိရစ္ဆာန်တွေ ကြက်ငှက်တူပ်ကွေး ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရပြီဆိုရင် လက္ခဏာအဖြစ် မျက်လုံးနီခြင်း၊ မျက်လုံးရောင်ခြင်းများ ရှိလာနိုင် တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) မှ ပြောကြားပါတယ်။

အဆိုပါဗိုင်းရပ်စ်ကြောင့် ကြက်ငှက်သန်းပေါင်းများစွာ သေဆုံးခဲ့ပြီး တောငှက်များအပြင် ကုန်းနဲ့ အဏ္ဏဝါနို့တိုက်သတ္တဝါတွေမှာပါ ကူးစက်ခံရမှုတွေ တွေ့ရှိခဲ့ရပါတယ်။

အခုဖြစ်ရပ်အတွက် နွားတွေမှာ ကူးစက်မှု အစုလိုက်အပြုံလိုက် ဆက်တိုက်တွေ့နိုင် တာကြောင့် နွားတွေကို စောင့်ကြည့်ဖို့ လိုအပ်ပြီး လူသားတွေအတွက်ကတော့ ကြီးကြီးမားမား စိုးရိမ်စရာ မရှိဘူးလို့ CDC က ဆိုပါတယ်။

"ကနဦးစမ်းသပ်မှုမှာ လူကို ကူးစက်နိုင်စေမယ့် ဗိုင်းရပ်စ်ပြောင်းလဲမှုတွေကိုတော့ မတွေ့ခဲ့ရပါဘူး” လို့ အမေရိကန် စိုက်ပျိုးရေးဌာန၊ CDC နဲ့ အစားအသောက် ဆေးဝါးကွပ်ကဲရေးဌာနတို့က ပြီးခဲ့တဲ့သီတင်းပတ်က ပူးတွဲထုတ်ပြန် ချက်မှာ ပြောကြားခဲ့ပါတယ်။

မတ်လအစောပိုင်းကလည်း အမေရိကန်နိုင်ငံ၊ မင်နီဆိုတား ပြည်နယ်မှာ ဆိတ်တွေကြား အစုလိုက်အပြုံလိုက် ကြက်ငှက်တုပ်ကွေးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရောင်နီ(NPNews)

03/04/2024

ဗြိတိန်တွင် လူမျိုးရေးခွဲခြားမှု မြင့်တက်လာသဖြင့် ကုလသမဂ္ဂ သတိပေးနေရ

ဧပြီ ၃ - ၂၀၂၄

ဗြိတိန်နိုင်ငံတွင် လူမျိုးရေးခွဲခြားမှုများ မြင့်တက်လာခြင်းသည် စိုးရိမ်စရာကိစ္စ တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက အစီရင်ခံစာအသစ်တစ်ခုတွင် ပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန်အစိုးရသည် လူမျိုးရေးခွဲခြားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းမျိုးမရှိကြောင်းနှင့် လူမျိုးရေးခွဲခြားမှုများမှာ ပိုမိုတိုးမြင့်လာပုံပေါ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက သတိပေးပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ရိုးမားနှင့်အာဖရိကအပြင် အခြားလူနည်းစု အုပ်စုများအပေါ် လူမျိုးရေးခွဲခြားမှုများ ပိုမိုမြင့်တက်လာကြောင်းပြသသည့် အစီရင်ခံစာများနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီကပြောဆိုခဲ့သည်။ အထူးသဖြင့် အာဖရိကနွယ်ဖွားများသည် ဗြိတိန်၏ ရာဇဝတ်မှု တရားစီရင်ရေးစနစ်အောက်တွင် လူမျိုး ရေးခွဲခြားမှု၊ အချိုးအစားမညီမျှသော ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေရကြောင်း ကုလ သမဂ္ဂလူ့အခွင့်အရေး ကော်မတီက ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံအနေဖြင့် လူမျိုးရေး ခွဲခြားမှုများကို တိုက်ဖျက်ရန်အတွက် နောက်ထပ်အရင်း အမြစ်များကို ခွဲဝေချထားပေးရန်၊ ゞင်း၏ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးမူဝါဒများကို ပြန်လည်သုံးသပ်ရန်၊ အရပ်ဘက်ဝန် ထမ်းများနှင့် တရားဥပဒေ စိုးမိုးရေးအရာရှိများကို လေ့ကျင့်မှုများ လုံလုံလောက်လောက် လုပ်ဆောင်ပေးရန် အဆိုပါ အစီရင်ခံစာတွင် အကြုံပြုထားကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ်တွင် ဆူဒန်ကဲ့သို့သော နိုင်ငံများမှလာသည့် ယူကရိန်းနိုင်ငံသား များ၏ ဆွေမျိုးများအပေါ် ゞင်းတို့၏မူဝါဒများနှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးကျွမ်း ကျင်သူအဖွဲ့တစ်ဖွဲ့က ဗြိတိန်ကို အရှက်မရှိ လူမျိုးရေးခွဲခြားမှုဟု စွပ်စွဲပြောဆိုခဲ့ဖူးကြောင်း သိရသည်။ အဆိုပါအချိန်က လူမျိုးရေးခွဲခြားမှုမှာ ゞင်းတို့၏ အသားအရောင်ကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထို့ပြင် ဗြိတိန်အစိုးရသည် အခြားနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများအပေါ် ထိခိုက်စေမည့် မူဝါဒများကို ဖော်ဆောင်နေကြောင်း ရွှေ့ပြောင်းနေထိုင်သူများ၏ သက်သာချောင်ချိရေး ကောင်စီ (JCWI) ၏ မူဝါဒနှင့် စည်းရုံးရေးမန်နေဂျာ Caitlin Boswell ကစွပ်စွဲပြောဆိုခဲ့သည်။

သို့သော်လည်း အဆိုပါစွပ်စွဲပြောဆိုချက်များကို ဗြိတိန်အစိုးရက ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရသည်။ ဗြိတိန်အစိုးရကဓအားနည်းချက်ရှိတဲ့ အုပ်စုတွေကို အချင်းချင်းနှိုင်းယှဉ်ပြီး သတ်မှတ်တာမျိုးက မှားယွင်းတဲ့လုပ်ရပ်တစ်ခုပါပဲဓဟု ပြောဆိုခဲ့သည်။

Pika(NPNews)

Photos from Myanmar Hlaing News's post 03/04/2024

Move Forward ပါတီဖျက်သိမ်းရေး တိုင်ကြားချက် ထိုင်းတရားရုံးလက်ခံ

ဧပြီ ၃ - ၂၀၂၄

Move Forward ပါတီကို ဖျက်သိမ်းဖို့ တိုင်ကြားချက်ကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒဆိုင်ရာတရားရုံးက လက်ခံ လိုက်ကြောင်း ဗုဒ္ဓဟူးနေ့ (ဧပြီလ ၃ ရက်နေ့) က ကြေညာလိုက်ပါတယ်။

ဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်သွားဖို့ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ ကတိပေးခဲ့တဲ့ Move Forward ပါတီကို ဖျက်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်က တိုင်ကြားလာတာကို ထိုင်းတရားရုံးက လက်ခံလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အဲဒီဥပဒေကြောင့် ထိုင်းပြည်သူ ၂၆၀ ထက်မနည်း တရားစွဲခံခဲ့ရပါတယ်။

အဲဒီဥပဒေကိုပြင်ဆင်မယ်ဆိုတဲ့ Move Forward ပါတီရဲ့ အစီအစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ ဘုရင် ကို နိုင်ငံ့အကြီးအကဲခန့်အပ်ထားတာကို ဖြုတ်ချဖို့ ကြိုးပမ်းတာဖြစ်ကြောင်း တရားရုံးက ပြောဆိုခဲ့ပြီးနောက်မှာ အခုလို ရွေးကောက်ပွဲကော်မရှင်ရဲ့ တိုင်ကြားချက်ကို လက်ခံလိုက်တာဖြစ်ပါတယ်။

Move Forward ပါတီဟာ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမဲ့ ဘုရင်စနစ်ကိုထောက်ခံတဲ့လွှတ် တော်အမတ်တွေနဲ့ ထိုင်းတပ်မတော်သားလွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုကြောင့် အစိုးရဖွဲ့စည်းခွင့် လက် လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

Move Forward ပါတီဟာ အောက်လွှတ်တော်ထဲမှာ လွှတ်တော်အမတ် ၃၀% ဝန်းကျင်ရှိပြီး အင်အားအ တောင့်တင်းဆုံး အတိုက်အခံပါတီဖြစ်ပါတယ်။ ဘုရင်စနစ်ကိုဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အဲဒီဥပဒေကို ပြင်ဆင်မယ့်အရေးကို ထိုင်းလူ ငယ်တွေနဲ့ မြို့ပြမဲဆန္ဒရှင်တွေက ထောက်ခံခဲ့ကြပါတယ်။

တရားရုံးက Move Forward ပါတီကို ဖျက်သိမ်းရေးကိစ္စကို ဆုံးဖြတ်ဖို့ လက်ခံလိုက်မယ်ဆိုရင် Move Forward ပါတီအနေနဲ့ ၎င်းရှေ့က Future Forward ပါတီလို ပါတီဖျက်သိမ်းခံရနိုင်သလို နိုင်ငံရေးလုပ်ကိုင်ခွင့်တွေကို လည်း တားမြစ်ပိတ်ပင်ခံရနိုင်ပါတယ်။

Move Forward ပါတီကတော့ ၎င်းတို့ရဲ့ ရွေးကောက်ပွဲမဲဆွယ်ပွဲဟာ စည်းမျဉ်းခံဘုရင်စနစ်ကို အားပေးမြှင့်တင် ဖို့ကြိုးစားတာဖြစ်ပြီး ဥပဒေကို အလွဲသုံးစားလုပ်နေတာတွေကို ကာကွယ်ဖို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောပါ တယ်။

ပါတီဖျက်သိမ်းရေး တိုင်ကြားချက်ကို တရားရုံးက လက်ခံလိုက်တာနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ဖြေရှင်းသွားဖို့ ပြင်ဆင်ထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Newvisionmedia
Ref: Thai court accepts case seeking to disband opposition Move Forward Party

03/04/2024

အပူဒဏ်ကြောင့် အမျိုးသားတစ်ဦး ဘတ်စ်ကားမှတ်တိုင်မှာ ရုတ်တရက်မူးလဲကျမှု ယနေ့မွန်းတည့်ချိန်က ဖြစ်ပွား

ဧပြီ ၃ - ၂၀၂၄

ဒီနေ့ မတ်လ ၃ ရက်နေ့ မွန်းတည့်ချိန်က မင်္ဂလာတောင်ညွှန့်မြို့နယ် ဘူတာကြီးဘေး ကားမှတ်တိုင်မှာ အမျိုးသားတစ်ဦး ရုတ်တရက်မူးလဲကျတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီ အရေးပေါ်ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။

မူးလဲကျတဲ့ အမျိုးသားက အသက် ၄၀ ဝန်းကျင်ဖြစ်ကာ သွေးပေါင်ချိန်တက်နေတဲ့ လက္ခဏာတွေ့ရပြီး ခန္ဓာကိုယ် အပူချိန်မြင့်မားနေတဲ့ အနေအထားလို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ လင်းလက်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

လင်းလက် လူမှူကူညီရေးအသင်းတာဝန်ရှိသူက “သတိတော့ကောင်းသေးတယ်။ ချွေးလည်းမထွက်ဘဲ Heat stroke ရသွားတာ။ မြေပြင်ပြုစုပေးပြီး ဆေးရုံ အမြန်ပို့ခဲ့တယ်။ ဒီရက်ထဲ အပူချိန်မြင့်လာလို့ ရောဂါအခံရှိသူတွေ ဥပမာ နှလုံး သွေးတိုး ဆီးချို ကျောက်ကပ် ရောဂါအခံသမားတွေ နေပူထဲကို သွားရင်လည်း အပူချိန် အရမ်းမပြင်းတဲ့ မနက်ပိုင်းလို၊ ဒါမှမဟုတ် ရေနဲ့ ဓာတ်ဆားဆောင်ပြီး၊ ထီးလိုမျိုး အဆောင်းတွေနဲ့ သေချာ ထွက်သင့်တယ်။ လဆန်းပိုင်းလောက်ကစပြီး ကျွန်မတို့အတွေ့အများဆုံးလူနာတွေက ဦးဏှောက်သွေးကြောပေါက်တာ။ ရုတ်တရက်မူးလဲပြီး အသက်ပါ ပါသွားတာ။ အဖျားကြီးပြီး တက်တဲ့လူနာတွေ အရေးပေါ် ပို့ပေးရတာ ရှိတယ်” လို့ MT News ကို ပြောပါတယ်။

ဧပြီလ အတွင်း နေ့အပူချိန် မြင့်မားလာတဲ့အတွက် သက်လတ်ပိုင်း၊ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါသည်တွေ အပူဒဏ်အန္တရာယ် ပိုမိုသတိပြုကြဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ပတ်သတ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

အယ်နီညို ဖြစ်စဉ်ရဲ့ ရိုက်ခတ်မှုကြောင့် လာမယ့် ၁၀ ရက်အတွင်း ကမ္ဘာတဝှမ်း နေရာအများအပြားမှာ အပူလှိုင်းတွေ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဥ်တွေကို စောင့်ကြည့်​လေ့လာလာသူတချို့ကလည်း အသိပေးထားပါတယ်။

Hey Mar
MT News

03/04/2024

အသက် ၈၀ ခန့်အရွယ် အဘိုးအို​တစ်ဦး ချောင်းထဲသို့ အပေါ့စွန့်ရာမှ အရှိန်လွန်၍ ချောင်းထဲသို့ပြုတ်ကျ သေဆုံး

ဧပြီ ၃ - ၂၀၂၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မန္တလေးမြို့၊ ၂၆/၉၂ လမ်း သင်္ဂဇာချောင်း အရှေ့ဘက်လမ်းရှိချောင်းတွင် ယမန်နေ့က အသက် ၈၀ နှစ်ခန့်အရွယ် အဘိုးအိုတစ်ဦး ချောင်းထဲသို့အပေါ့စွန်ရာက အရှိန်လွန်၍ ပြုတ်ကျရာသေဆုံးသွားကြောင်း ကူညီပေးခဲ့သည့် နိဗ္ဗာန်သုခအသင်းမှ သိရသည်။

"ထင်ရတာတော့ ဆီးချိုရောဂါရှိလားမသိဘူး။ နေတွေကလည်းတအားပူတော့ ရောဂါအခံရှိတော့ သွေးတအားတက်ပြီး ချောင်းထဲကိုပြုတ်ကျတာဖြစ်မယ်။ ပြီးတော့ အဘိုးက ချောင်းထဲသေးပေါက်ရင်းနဲ့ အဲ့ဒီမှာချောင်းထဲကို ခေါင်းထိုးစိုက်သွားတာ" ဟု သွားရောက်ကယ်ဆယ်သည့် နိဗ္ဗာန်သုခအသင်းမှ တာဝန်ရှိသူတစ်ဦးက MT news သို့ ဖြေကြားခဲ့သည်။

အပေါ့စွန့်စဥ် ပြုတ်ကျသေဆုံးရရှာသည့် အဘိုးအို၏ ရုပ်အလောင်းကို ရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

TZ
MT News
ဓာတ်ပုံ- နိဗ္ဗာန်သုခအသင်း

03/04/2024

ရာသီဥတု အပူလွန်ကဲပြီး ကားထဲက တစ်ရှူးနဲ့ သွားတိုက်ဆေးတွေ မီးထလောင်မှု ထိုင်းမှာ ဖြစ်ပွား

ဧပြီ ၃ - ၂၀၂၄

ပူလောင်နေတဲ့ ထိုင်းနိုင်ငံရဲ့ နေရောင်အောက်မှာ ရပ်ထားတဲ့ ကားတစ်စီးအတွင်းက တစ်ရှူးခြောက်နဲ့ သွားကြားထိုးတံတွေကြောင့် ကားတစ်စီးလုံးမီးလောင်လုနီးပါး ဖြစ်သွားခဲ့တယ်လို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားသလို အပူလွန်ကဲနေတဲ့ ရာသီဥတုမှာ ကားထဲ မီးလောင်လွယ်စေတဲ့ ပစ္စည်းတွေ ထားရှိတာတွေကို သတိပြုစေတဲ့ အဆိုပါဖြစ်ရပ်ကတော့ မနေ့ ဧပြီလ ၂ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကားပိုင်ရှင်ဖြစ်သူ တာဝမ် ဆပ်ကလင်ရဲ့ ပြောကြားချက်အရ သူဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း မနေ့က လူနေအိမ်လမ်းကြားမှာ ကားကိုရပ်ထားခဲ့ပြီး ဆိုင်ကယ်နဲ့ အလုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် မွန်းတည့်ချိန်မှာ သူ့အမေဆီက သူ့ကား မီးလောင်နေတယ်ဆိုတဲ့ အကြောင်းကြားခဲ့ရပြီး အပြေးအလွှားပြန်လာခဲ့ကာ သူ့ကားကို မီးသတ်သမားတွေက မီးငြှိမ်းသတ်နေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်အရ မီးလောင်မှုဖြစ်ပွားရခြင်းရဲ့ ဇာစ်မြစ်ဟာ တစ်ရှူးခြောက်နဲ့ သွားကြားထိုးတံတွေကြောင့်လို့ ယူဆရပြီး အဲ့ဒါတွေထားထားတဲ့ ကားနောက်ထိုင်ခုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်ဆိုတာ သိခဲ့ရတယ်လို့ သူကပြောပါတယ်။

အရင်နေ့တွေကတည်းက လွန်ကဲနေခဲ့တဲ့ အပူရှိန်နဲ့ နောက်ပြတင်းပေါက်က နေရောင်ခြည်တို့ ပေါင်းစပ်မှုကြောင့် မီးလောင်လွယ်တဲ့ အရာတွေက မီးလောင်စေခဲ့တယ်လို့ ခန့်မှန်းထားကြပြီး ကံကောင်းထောက်မစွာနဲ့ သူ ကားရပ်နားရာနေရာက နီးစပ်ရာ မီးသတ်တပ်ဖွဲ့က ကားကို မီးငြှိမ်းသတ်နိုင်ခဲ့လို့ ကားတစ်စီးလုံး မီးလောင်မှုကို တားဆီးနိုင်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ ထိုင်းဘတ်ငွေ ၂၀၀၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ တာဝမ်က ခန့်မှန်းထားပြီး သူ့ရဲ့ ကားကို သေချာစစ်ဆေးကာ ထိုင်ခုံတွေ အစားထိုးလဲလှယ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

နေရောင်ထဲမှာ ကားပါကင်ထိုးတဲ့အခါ သတိထားဖို့အပြင် တစ်ရှူးတွေနဲ့ သွားကြားထိုးတံတွေလိုမျိုး မီးလောင်လွယ်စေတဲ့ ပစ္စည်းတွေကို ယာဉ်အတွင်းမှာ မထားခဲ့စေဖို့နဲ့ အလားတူအန္တရာယ်တွေကို ရှောင်ရှားနိုင်စေဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

Pan Ei
MT News
Ref; The Thaiger

03/04/2024

ဒေါ်လာ ၁၀၇ ဘီလျံအပါအဝင် ယူကရိန်းနိုင်ငံအတွက် ရေရှည်ထောက်ပံ့နိုင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးတိုင်ပင်နေ

ဧပြီ ၃ - ၂၀၂၄

ယူရိုငွေ ဘီလျံ ၁၀၀ (ဒေါ်လာ ၁၀၇ ဘီလျံ) ထောက်ပံ့မယ့် ငါးနှစ်စာ ရန်ပုံငွေ အစီအစဉ်တစ်ရပ်အပါအဝင် ယူကရိန်းနိုင်ငံအတွက် ရေရှည်ထောက်ပံံ့မယ့် နည်းလမ်းနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဗုဒ္ဓဟူးနေ့ (ဧပြီလ ၃ ရက်နေ့) က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နေတိုးအတွင်းရေးမှူးချုပ် ဂျန်းဆော့တန်းဘာ့ဂျ်တင်ပြခဲ့တဲ့ အဆိုပြုချက်တွေဟာ ရုရှားကျူးကျော်စစ်ကို ခုခံ တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံအတွက် လက်နက်၊ ခဲယမ်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရာမှာ အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေအတွက် ပိုပြီး တိုက်ရိုက်ကျတဲ့နည်းလမ်းနဲ့ ပါဝင်ပတ် သက်လာလိမ့်မယ်လို့ သံတမန်တွေက ပြောပါတယ်။

မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ခေါ် နေတိုးအဖွဲ့ရဲ့ ၇၅ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားငကျင်းပနေတဲ့ ဘရပ်ဆဲလ်မြို့က နှစ်ရက်ကြာအစည်းအဝေးမှာ အဲဒီအစီအစဉ်တွေကို ဆွေးနွေးသွားမှာဖြစ်သလို ဇူလိုင်လမှာ ဝါရှင်တန်မှာကျင်းပမယ့် နေတိုးအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေအစည်းအဝေးအတွက်လည်း ကြိုတင်ပြင်ဆင် သွားမှာဖြစ်ပါတယ်။

အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲမှာ ဒေါ်လာ ဘီလျံ ၆၀ ခန့် ဆိုင်းငံ့ခံထားရတဲ့အချိန်မှာ ယူကရိန်းနိုင်ငံအ တွက် ဥရောပမဟာမိတ်နိုင်ငံတွေက ဆက်လက်ထောက်ပံ့ဖို့ ဘယ်လောက်ဆန္ဒရှိသလဲဆိုတာကို အခုအစည်း အဝေးမှာ အဖြေရှာသွားမှာဖြစ်ပါတယ်။

အစီအစဉ်တွေအရ နေတိုးအဖွဲ့ဟာ ဒေါ်နယ်ထရမ့်အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာခဲ့ရင် ဖြတ်တောက်ခံ ရမယ့် ဘတ်ဂျက်အစီအစဉ်တွေကို တစ်စိတ်တစ်ပိုင်းအကာအကွယ်ပေးဖို့အတွက် ဖွဲ့စည်းတည်ဆောက်ထား တဲ့ ရမ်းစတိန်းအုပ်စုအဖြစ် အမေရိကန်ဦးဆောင်တဲ့ အရေးပေါ်ညွှန့်ပေါင်းအဖွဲ့ထံက ပေါင်းစပ်ညှိနှိုင်းမှုကို လက် ခံရယူသွားမျာဖြစ်ပါတယ်။

စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သတ်တာဟာ ရုရှားနဲ့ တင်းမာမှုတွေ ပိုမိုဖြစ်လာမှာ စိုးရိမ်တဲ့အတွက် လက်ရှိအ ချိန်အထိ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ နေတိုးအဖွဲ့ဟာ ယူကရိန်းနိုင်ငံအတွက် သေကြေပျက်စီးမှုမရှိတဲ့အကူ အညီတွေကို အဓိကအာရုံစိုက်ကူညီခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက နှစ်နိုင်ငံအခြေခံလိုအပ်ချက်တွေပေါ်မူတည်ပြီး လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ ဒေါ်လာဘီလျံနဲ့ချီပြီး ထောက်ပံ့ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံကို ပိုမိုတောင့်ခံထားနိုင်တဲ့ အခြေအနေရောက်အောင် ထောက်ပံ့ရမယ့်အချိန် ရောက်နေပြီဖြစ်ပြီး နေတိုးအဖွဲ့ဟာ အဲဒီအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့ အကောင်းဆုံးအဖွဲ့ဖြစ်တယ်လို့ နေတိုးအဖွဲ့အတွင်း ရှုမြင်နေကြကြောင်း သံတမန်တွေက ပြောပါတယ်။

ယူကရိန်းနိုင်ငံကို တင့်ကားတွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေထောက်ပံ့တာဟာ နေတိုးအဖွဲ့က တင်းမာမှု တွေမြင့်တက်လာအောင်လုပ်ဆောင်နေတာဖြစ်တယ်လို့ မှတ်ယူမှာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ၎င်းတို့ကို လက်တုံ့ပြန်တဲ့အဆင့်အထိ ရောက်လာခြင်းမရှိကြောင်း သံတမန်တချို့က ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွက် မဟာမတ်နိုင်ငံတွေရဲ့အဖွဲ့ဝင်တွေဆီကို လိုအပ်တဲ့တံတားတစ်စင်းအဖြစ် တာဝန်ထမ်း ဆောင်သွားနိုင်မယ့် ဆောင်ရွက်မှုတွေအတွက် နေတိုးအဖွဲ့က စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန် ကြီးအန်တိုနီဘလင်ကန်က အင်္ဂနေ့က ပဲရစ်မြို့မှာ ပြောပါတယ်။

Newvisionmedia
Ref: NATO ministers mull 100 billion euro military fund for Ukraine

Photos from Myanmar Hlaing News's post 03/04/2024

တူရကီနိုင်ငံက နိုက်ကလပ်တစ်ခုမှာ မီးလောင်တာကြောင့် လူပေါင်း ၃၀ နီးပါး သေဆုံး

ဧပြီ ၃ - ၂၀၂၄

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုမှာ နေ့ခင်းပိုင်း ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၂၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့အလယ်ပိုင်းရှိ ဘီစီတက်စ်ခရိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအားလုံးက ဆောက်လုပ်ရေးလုပ်သားတွေဖြစ်တယ်လို့ သိရသလို မီးလောင်မှုကြောင့် နောက်ထပ် လူရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက ခုနစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးရုံးက ပြောကြားခဲ့ပါတယ်။

အစ္စတန်ဘူလ်ရဲ့ လူစည်ကားတဲ့ ဂေရတ်တီပီရပ်ကွက်ရဲ့ Masquerade လို့ အမည်ရတဲ့ နိုက်ကလပ်ဟာ ၁၆ ထပ်ရှိတဲ့ အဆောက်အဦရဲ့ မြေညီထပ်နဲ့ မြေအောက်ထပ် ၂ ထပ်တို့မှာ တည်ရှိတာဖြစ်ပြီး မီးလောင်ကျွမ်းမှုက မြေအောက်ထပ်ကနေ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး တူရကီအာဏာပိုင်တွေက နိုက်ကလပ်ရဲ့လုပ်ငန်းမန်နေဂျာ၊ စာရင်းကိုင်နဲ့ လုပ်ဖော်ကိုင်ဘက်တွေ၊ ပြုပြင်မွမ်းမံမှုနဲ့ပတ်သက်တဲ့ လုပ်သားတွေအတွက် တာဝန်ရှိပုဂ္ဂိုလ်အပါအဝင် လူရှစ်ဦးကို ဖမ်းဆီးထားကြောင်း TRT သတင်းက ဖော်ပြခဲ့ပါတယ်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ မီးဘေးအန္တရာယ်ဆိုင်ရာ အထူးကျွမ်းကျင်သူ ၃ ဦးအဖွဲ့က မီးလောင်ရခြင်းအကြောင်းရင်းကို စစ်ဆေးနေကြတယ်လို့ သိရပြီး အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoglu ကလည်း မီးလောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်းကို လူမှုမီဒီယာကတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

Pan Ei
MT News

Ref; CNN

03/04/2024

အရက်မူးနေတဲ့ ယောက်ျားက ဇနီးဖြစ်သူ သားသည်အမေကို မူးယစ်ရမ်းကားကာ ဓားနဲ့ခုတ် မွှန်းတာမျိုးပြုလုပ်ရန်ရှာမှုဖြစ်ပွား

ဧပြီ ၃ - ၂၀၂၄

အရက်မူးနေတဲ့ ခင်ပွန်းဖြစ်သူက ဆဲဆိုကြိမ်းမောင်းကာ ဇနီးဖြစ်သူ သားသည်မိခင်ကို ဓားနဲ့ ခုတ်တာ မွှန်းတာမျိုး ပြုလုပ်တဲ့အတွက် ဦးခေါင်း၊ မျက်နှာနဲ့ လက်ဖျံတွေမှာ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ မနေ့က ဧပြီ ၂ ရက် ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ချောင်းမကြီးကျေးရွာအုပ်စု၊ ဇလုပ်ကြီးကျေးရွာနေ မအေးခိုင် အသက် ၂၇ နှစ်ကို ယောက်ျားဖြစ်သူက အရက်မူးပြီး ရိုက်နှက်ရာက လင်မယားစကားများပြီး မအေးခိုင်ကို ဓားနဲ့ခုတ် ရာမှာ ဦးခေါင်းဒဏ်ရာ၊ ဘယ်မျက်ခုံး ဒဏ်ရာနဲ့ ညာဘက်လက်ဖျံကြွက်သား ဓားနဲ့ မွှန်းတဲ့ ဒဏ်ရာတွေရရှိခဲ့တာလို့ သိပါတယ်။

ဆေးရုံကူညီပို့ဆောင်ပေးခဲ့တဲ့ ကလျာဏမိတ္တ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “မိန်းမဖြစ်သူက အော်လည်း မအော်ရဲ၊ ပြေးလဲမပြေးရဲဘဲ သူ့ ယောကျာ်းဘေးမှာ ဓားဒဏ်ရာတွေနဲ့ ထိုင်စောင့်ပေးနေရပြီး ယောကျာ်းအိပ်ပျော်သွားမှ မှတ်ပုံတင်လေးအရယူပြီး ရွာဥက္ကဋ္ဌအိမ် လာတိုင်တာ။ ဥက္ကဋ္ဌကမှ အသင်းကို ဖုန်းဆက်ပြီး ကားကူညီပေးဖို့ ပြောလို့ ကူညီပေးဖြစ်တာပါ။ မိန်းကလေးက ကြောက်လန့်ပြီး သွေးရူးသွေးတန်းဖြစ်နေတာ။ကလေးလည်း သူနဲ့ပါလာတယ်” လို့ MT News ကို ပြောပါတယ်။

အဆိုဖြစ်စဥ်ကနေ ဆက်သွယ်ကူညီတောင်းခံမှုကြောင့် ဇလုပ်ကြီးကျေးရွာဆီအသင်းက သွားရောက်ခေါ်ဆောင်ပြီး နေပြည်တော်လယ်ဝေးမြို့ကုတင်(၁၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Hey Mar
MT News

03/04/2024

ကျွန်တော့်မိတ်ဆွေ ဂျပန်ကြီးက ပြောတယ်.

ထာဝရဝိန့်စိန်က မသီရီနဲ့ မသက်သက်မာ တို့ကိစ္စ သိလားမေးလို့

မနှစ်က ဖြစ်ခဲ့တဲ့ပြဿနာလေး သိတော့သိတယ် ဘာဖြစ်လို့လဲ? လို့ ပြန်မေးတော့

သူ့အနေနဲ့ ပေးပိုင်ခွင့်ရှိရင် စံပြလူသားအဖြစ် ဆုပေးချင်ကြောင်းပြောပါတယ်.

ဟာ့ ဘာဖြစ်လို့လဲ? မေးတော့

ဂျပန်ကြီးက ဒီကလေးနှစ်ယောက်က လူသာငယ်တယ် လူကြီးတွေလို အမှန်တရား (ငါပဲမှန်တယ်ဆိုတဲ့ အမှန်တရား) ကိုမဆုတ်ကိုင်ပဲ ဖြစ်သင့်ဖြစ်ထိုက်တာကို ညှိနှိုင်းဖြေရှင်းသွားတာကို သူ့အနေနဲ့ အလွန်သဘောကျ မိကြောင်း ပြောပြပါတယ်.

အဲဒီအချိန်က FB မှာ ပွက်လောရိုက်ခဲ့တာ ကြားမိဖတ်မိခဲ့ပေ့မဲ့ သိပ်သတိမထားမိပေ့မဲ့ မဲကိစ္စနဲ့ ထာဝရဝိန့်စိန်ကလည်း သူတို့ရဲ့ မဲစည်းကမ်းအရ ပယ်မဲဖြစ်လို့ ပေါက်မဲကားမအပ်နိင်ဘူး. မသက်သက်မာအနေနဲ့ကလည်း တစ်နိုင်ငံလုံးအသိ လူသိရှင်ကြားကြော်ငြာခံရပြီမှ ပယ်မဲ ဆိုတာ လက်မခံနိုင်ဘူးဖြစ်လို့ ဘေးကလည်း ဝိုင်းလှော်နဲ့ တော်တော်လေး လူပြောများခဲ့ပါတယ်.

ဝိန့်စိန်အနေနဲ့က သူတို့သက်မှတ်ထားတဲ့စည်းကမ်းနဲ့မညီရင် ပယ်မဲဖြစ်မယ်လို့ ကြော်ငြာထားပြီ ပေါက်မဲအဖြစ် လူသိရှင်ကြားကြော်ငြာပြီးမှ ပယ်မဲဖြစ်တာ ချက်ချင်းမကြော်ငြာနိုင်ခဲ့တဲ့ လိုအပ်ချက်ရှိခဲ့သလို မသက်သက်မာဖက်မှာလည်း ပေါက်မဲ ဘောင်ချာက မပြနိုင်ခဲ့ဘူးလို့ ရှင်းလင်းတာကြားမိပါတယ်.

အကယ်၍ သူတို့နှစ်ဦးစလုံးမှာ သူ့အကြောင်းပြချက်နဲ့ သူ့ အမှန်တွေပါ.

ဒါပေ့မဲ့ သူ့အမှန် တဖက်သားအမှား ဆိုတဲ့ ထောက်ပြချက်တွေနဲ့ ငါပဲမှန်တာဆိုပြီး အပြိုင်အဆိုင် တရားစွဲကြမယ်ဆိုရင် နှစ်ဦးစလုံးမှာ ယနေ့အထိ မပြီစီးသေးတဲ့ တရားရင်ဆိုင်မှုနဲ့အတူ ထိခိုက်နစ်နာမှုတွေ ရှိလာကြမှာ အသေအချာပါ.

မသီရီကလည်း မသက်သက်မာနဲ့ တောက်လျှောက် ညှိနှိုင်းမှုကို အရေးတယူလုပ်ပြီး သူတို့ရဲ့ စည်းမျည်းစည်းကမ်းကိုလည်းမပယ်. မသက်သက်မာဖက်က လက်ခံလာအောင်လုပ်ခဲ့တာကို ကြည့်ရင် အမှန်ဆိုတာထက် ပိုပြီးမြင့်တဲ့ ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်တာကို နှစ်ဖက်မနစ်နာအောင် လုပ်ဆောင်ခဲ့တာကတော့ တကယ်ချီးကျူးစရာပါ.

မဲကိစ္စမှာ လိုအပ်ချက်ကတော့ ရှိခဲ့တယ် အဲဒီလိုအပ်ချက်ကိုပဲ အပြစ်တင်ပြီး ဝိန့်စိန်ကို အပီဖြုတ်ဖို့ လုပ်ခဲ့မယ်ဆိုရင် ဝိန့်စိန်လည်း ထာဝရ ဝိန့်စိန်မဖြစ်လာနိုင်သလို ဝိန့်စိန်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းခွင်က လူတွေလည်း အခါမသင့်ရင် အလုပ်ပြုတ်ဒုက္ခရောက်နိုင်တဲ့အထိ ကြီးကျယ်သွားနိုင်ပါတယ်.

မဲကိစ္စမှာ ရာနှုန်းပြည့်မမှန်နိင်ပေ့မဲ့ အတိမ်းအစောင်းတော့ အနည်းငယ်ရှိနိုင်ပါတယ်.ဒါကို အကြောင်းပြပြီး ပြသာနာအကြီးကြီးရှာမယ်ဆိုရင် နစ်နာမှုတွေ ဆုံးရှုံးမှုတွေ ပေးဆပ်ရမဲ့ နာမည်ဂုဏ်သိက္ခာတွေက ပိုကြီးနိုင်ပါတယ်.

လူကြီးတွေ ဆိုရင် ငါပဲမှန်တာ ငါ့လုပ်သမျှအမှန် ငါ့မှာ လုပ်ပိုင်ခွင့်လည်းရှိတယ် ငွေလည်းရှိ အာဏလည်းရှိတယ် အလျော့မပေးဘူး ဆိုတဲ့ တစောက်ကန်းစိတ်နဲ့ အမှန်တရားကိုပဲ လက်ဆုပ်ကိုင်ပြီး ချကြတတ်ကြပေ့မဲ့ ဒီကလေးမလေးနှစ်ယောက်ကတော့ အရွယ်နဲ့မလိုက် ပျော့ပြောင်းတဲ့ သဘောထားနဲ့ ပြေလည်အောင်ဖြေရှင်းသွားလို့ သူ့အနေနဲ့ စံပြဆု ချီးမြင့်ချင်ကြောင်း ပြောပြပါတယ်.

ကမ္ဘာ့ကြီးမှာ ငါသာအမှန် ဆိုတဲ့ လူကြီးတွေ အာဏရှိသူတွေကြောင့် တစ်နေ့တစ်နေ့မရိုးနိုင်အောင် တိုက်ပွဲတွေဖြစ် လူတွေ ဒုက္ခရောက်နေကြတာ ကမ္ဘာ့သတင်းမှာ နေ့စဉ်ပါနေတာပါ.သူတို့ရဲ့ အမှန်တရား လက်ကိုင်မှုကြောင့် ကမ္ဘာ့လူသားတွေမှာ ဒုက္ခရောက်နေကြရ သေကြေပျက်စီးဆုံးရှုံးနေကြရတာလည်း မကြားချင်မမြင်ချင်အဆုံးပါ.

ပြသာနာကြီးကြီးဖြစ်ပြီဆိုကြည့်လိုက် ငါပဲမှန်တယ် ဆိုတဲ့ လူကြီးတွေကြောင့်ချည်းပါပဲ.

အမှန်တရားချည်းပဲ လက်ကိုင်မထားပဲ ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးချယ် ဆောင်ရွက်နိုင်ကြမှသာ ကမ္ဘာ့ကြီးက အေးချမ်းနိုင်မှာပါ.

Thein Aung Chen

Photos from Myanmar Hlaing News's post 03/04/2024

မူဆယ်မှာ တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေပူးပေါင်းပြီး အွန်လိုင်းငွေလိမ်တဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ခေါင်းဆောင် ၂၁ ဦး အပါအဝင် အွန်လိုင်း ငွေလိမ် သံသယ ရှိသူ ၈၀၇ ဦးဖမ်းဆီး

ဧပြီ ၃ - ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေပူးပေါင်းပြီး အွန်လိုင်းမှာငွေလိမ်ပြီး နောက်ကွယ်က ကြိုးကိုင်နေတဲ့ ခေါင်းဆောင် ၂၁ ဦး အပါအဝင် အွန်လိုင်း ငွေလိမ် သံသယရှိသူ ၈၀၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၃၅၂ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း CCTV သတင်းနဲ့ MOI (ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဝန်းကြီးဌာန) ရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။

မူဆယ်မှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့တို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လည်မှု ဂိုဏ်းတွေက ဖြိုခွင်းမှု ပြုလုပ်ခဲ့ပြီး အွန်လိုင်းငွေလိမ်မှု ကျူးလွန် သံသယရှိသူ ၈၀၇ ဦးကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ် CCTV မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ အွန်လိုင်းငွေလိမ်မှု ကျူးလွန် သံသယရှိသူ ၈၀၇ ဦးထဲမှာ မြန်မာနိုင်ငံသား သံသယရှိသူ ၄၅၅ ဦးနဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးတို့ ပါဝင်ပြီး တရုတ်နိုင်ငံသား ၃၅၂ ဦးကို မတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာဘက်မှ သံသယရှိသူများကို မြန်မာဘက်က အရေးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှုကျူးလွန်သူတွေကို ပူးပေါင်းဖြိုခွင်းနေပြီး တရုတ်နိုင်ငံသား သံသယရှိသူ ၄၈,၀၀၀ ကို လွှဲပြောင်းပေးခဲ့ကြောင်း နဲ့ လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဒေသမှာ အွန်လိုင်းငွေလိမ်လည်မှု ကျူးလွန်နေဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

"ကျားဖြန့် (အွန်လိုင်းငွေလိမ်) အရမ်းဖမ်းလို့ အလုပ်ခဏ နားထားတယ်။ နည်းနည်းငြိမ်ရင် ကုမ္ပဏီ ပြန်ဖွင့်မယ်ပြောတယ်။ အလုပ်ပြန်ဖွင့်ရင် အလုပ်ပြန်ဝင်ဖို့ စောင့်နေတယ်။ တစ်လလောက်တော့ ကြာမယ်ထင်တယ်" လို့ အွန်လိုင်းငွေလိမ် ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် အွန်လိုင်းငွေလိမ်လည်မှုမှာ အသုံးပြုတဲ့ သက်ဆိုင်ရာ မှုခင်းကိရိယာများကိုလည်း တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ နောက်ကွယ်ကနေ ကြိုးကိုင်၊ ငွေကြေးထောက်ပံ့နေတဲ့ ငွေလိမ် ခေါင်းဆောင် ၂၁ ဦး ပါဝင်ပြီး ၎င်းတို့နဲ့ ဆက်စပ်တဲ့ သံသယရှိသူ ၅၁ ဦး၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ လိမ်လည်မှု script တွေနဲ့ တခြား ဆက်စပ် ကိရိယာ အများအပြားကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ပါရှိပါတယ်။

လက်ရှိမှ တရုတ်နိုင်ငံက သံသယရှိသူတွေနဲ့ ဆက်စပ်ပစ္စည်းတွေအားလုံးကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးထားပြီး တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနဟာ Anhui၊ Jiangsu နဲ့ အခြားနေရာတွေမှာ သံသယရှိသတွေကို စစ်ဆေးနေတယ်လို့ဆိုပါတယ်။

အွန်လိုင်း လိမ်လည်မှု လုပ်ငန်း တိုက်ဖျက်ရေး မြန်မာ - တရုတ် နှစ်နိုင်ငံ ပူးပေါင်းပြီး ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကစ ၃၁ ရက်နေ့အထိ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သံသယရှိသူ တရုတ်နိုင်ငံသား အမျိုးသား ၃၃၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၅၂ နဲ့ မြန်မာ နိုင်ငံသား ၄၈၆ ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ MOI က သတင်းထုတ်ထားပါတယ်။

"ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ည ကတည်းက မူဆယ်မှာ ငွေလိမ်ကုမ္ပဏီတွေထဲ ဝင်ပြီး လိုက်ဖမ်းနေတာ။ တမြို့လုံးပါပဲ။ အဲမှာ လုပ်နေတဲ့ လူတွေ အများကြီး ထွက်ပြေးနေကြတာ။ တချို့က တခြားနေရာတွေမှာ သွားပုန်းနေကြတာ။ တရုတ်နိုင်ငံသားတွေကို မန့်ဝိန်းဂိတ်ကနေ ပို့တယ်။ အများကြီးပဲ။" မူဆယ် ဒေသခံ တဦးကလည်း ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးထဲက ၃၀၀ ဦးကို မတ်လ ၂၉ ရက်နေ့က၊ မတ်လ ၃၀ ဦးကို မတ်လ ၃၀ ရက်နေ့က နဲ့ ၂၂ ဦးကို မတ်လ ၃၁ ရက်နေ့က စသဖြင့် မူဆယ်မြို့၊ မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်၊ မန့်ဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

နယ်စပ်ဒေသတွေမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ တားဆီးတိုက်ဖျက်ဖို့ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ShyV(VOM)
Photo - MOI

Videos (show all)

အစ္စရေးလေတပ် ဗုံးကြဲချက်
မာလီနိုင်ငံတွင် စစ်တပ်နှင့် လက်နက် ကိုင်စစ် သွေးကြွ သူပုန်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေစက်တင်ဘာ ၁၈ - ၂၀၂၃...
အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်ကြီးတွင် အလွန်ဆိုးရွားသော မိုးသည်းထန် စွာရွာသွန်းမှုများဖြစ်ပွားခဲ့ရပြီး...
မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်းက ရုရှားသမ္မတ ပူတင် နှင့်တွေ့ဆုံရန်​ ရုရှားနိုင်ငံအတွင်းရောက်ရှိနေစဥ် မြေ...
ပေါ်တူဂီလမ်းမပေါ်က ဝိုင်မြစ်ကြီးစက်တင်ဘာ ၁၂ - ၂၀၂၃စက်တင်ဘာလ ၁၀ ရက်နေ့က ပေါ်တူဂီနိုင်ငံမှာရှိတဲ့ Levira ဝိုင်စက်ရုံမှာ မတ...
Air China လေယာဉ်သည် အင်ဂျင်မီးလောင်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရစက်တင်ဘာ ၁၁ - ၂၀၂၃ခရီးသည် ၁၄၆ ဦးနှင့် လေယာဉ်အမှုထမ်း ၉...
အမေရိကန်နိုင်ငံ အနောက်ဘက်အစွန်းပိုင်း ဟာဝိုင်အီးကျွန်းပေါ်ရှိ အကြီးမားဆုံး မီးတောင်တစ်ခု ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ...
ပြင်သစ်နိုင်ငံအတွင်းရှိ အီရန်နိုင်ငံ သံရုံးအား အီရန်ကွန်မြူနစ်-မာ့က်စ်ဝါဒီ အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့စ...
အနောက် အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဂီနီနိုင်ငံတွင် နိုင်ငံအတွင်း အာဏာသိမ်းမှု နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ဆန္ဒပြပွ...
အာဖရိကတိုက် အလယ်ပိုင်းရှိ Chad နိုင်ငံတွင် ဖြစ်ပွားနေသော ပြင်သစ် ဆန့်ကျင် ရေးဆန္ဒပြမှုများအတွင်း ပြင်သစ် စစ်အခြေ စိုက်စခ...
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ Maltepe Başıbüyük အနီးတွင် ပြင်းထန်သော တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ရပြီး မီးလောင်ရသ...

Website