ဟူးကွက်ဆေးဆိုင် -HuKwet Phamacy

ဟူးကွက်ဆေးဆိုင် -HuKwet Phamacy

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဟူးကွက်ဆေးဆိုင် -HuKwet Phamacy, Pharmacy / Drugstore, .

11/06/2023

လိပ်ခေါင်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

လိပ်ခေါင်းရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ၀မ်းကိုပျော့နေအောင် (၀မ်းမချုပ်အောင်) ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။

(၁) အမျှင်ဓာတ်များများစားပါ။
သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတွေများများစားပေးသင့်ပါတယ်။
(၂) ရေများများသောက်ပါ။
တစ်နေ့ကို ရေ(၈)ဖန်ခွက်လောက် သောက်ပေးရပါမယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးရပါမယ်။
(၃) ၀မ်းမညှစ်ပါနဲ့။
ပုံမှန်၀မ်းသွားနေတုန်းမှာပဲဖြစ်ဖြစ်၊ ၀မ်းချုပ်လို့ပဲဖြစ်ဖြစ် အသက်အောင့်ပြီး အားစိုက်ညှစ်ထုတ်ရင် ၀မ်းဗိုက်အတွင်းမှာ ဖိအားအများကြီး မြင့်တက်လာပါတယ်။ လိပ်ခေါင်းဖြစ်ဖို့ အခွင့်အရေး တွေများလာစေပါတယ်။
(၄) ၀မ်းသွားချင်ရင် အောင့်မထားပါနဲ့။
ပုံမှန်၀မ်းသွားချင်လာတဲ့အခါ ၀မ်းမသွားချင်အောင် စိတ်ကိုချုပ်ထိန်းထားလိုက်ရင် ၀မ်းသွားချင် စိတ် ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါပေမဲ့ မစင်တွေက အူထဲမှာအချိန်ကြာကြာနေရရင် ခြောက်ပြီးမာလာပါတယ်။ နောက်ပိုင်းမှာ ၀မ်းသွားဖို့ ခက်ခဲလာပါလိမ့်မယ်။
(၅) ကာယလေ့ကျင့်ခန်းပြုလုပ်ပါ။
၀မ်းချုပ်တာကို ကာကွယ်ဖို့၊ သွေးပြန်ကြောတွေအပေါ် ဖိအားလျော့နည်းစေဖို့ ကိုယ်ကာယ လေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်သင့်ပါတယ်။ တက်တက်ကြွကြွ နေထိုင်သင့်ပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်လို့ ကိုယ်အလေးချိန်လျော့ကျသွားတာကလည်း ၀မ်းဗိုက်အတွင်း ဖိအားလျော့နည်းစေတဲ့ အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။
(၆) အချိန်ကြာကြာထိုင်ခြင်းကို ရှောင်ကြဉ်ပါ။
အချိန်ကြာကြာထိုင်တာ အထူးသဖြင့် အိမ်သာထဲမှာ အချိန်ကြာကြာထိုင်တာဟာ စအို၀မှာ ရှိတဲ့ သွေးအပေါ် ဖိအားများစေပြီး လိပ်ခေါင်းရောဂါဖြစ်ဖို့ အခွင့်အရေးကိုများစေပါတယ်။

အကယ်၍ မိမိအိမ်တွင် လိပ်ခေါင်းရောဂါ ခံစားနေရတဲ့သူရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့သွားရောက်ခါ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Pharmacy #
KME

20/07/2022

ချောင်းဆိုးချွဲကြပ်နေတဲ့ခလေးတေအတွက် Musol အမှုန့်ပါရှင့်

Photos from ဟူးကွက်ဆေးဆိုင် -HuKwet Phamacy's post 16/07/2022

လိုချင်တာများရှိရင်လဲပြောပါကွယ်🥰🥰🥰
ဆေးလေးတွေလဲ ရောင်းချင်တယ် 😄😄😄
ဟူးကွက်ဆေးဆိုင်
ကျောက်မဲမြို့
09.789354116

15/07/2022

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့
ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....


ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

သိုင်းရွိုက်ရောင်မယ်..

လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း

- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

ဦး​​ေခါင်း နာဗ်ကြောများ ရောင်ခြင်း

ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊

ဂုတ်ဆက် ခဲခြင်း

- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊

လက်ပြင်ရောင်ခြင်း

တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ


အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

တို့ဆောင်ထားသင့်ပါသည်..
Crd/Naing Nyi

@@ #@ #@@@@@ #&-+(/)

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်

အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

WL ( ရိုးရာလေး )

14/07/2022

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်တဲ့ သိသင့်သိထိုက်တဲ့ အချက်များ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

အများပြည်သူသတိထားနိုင်ရန် ကူးယူဖေါ်ပြပါသည်။

#ဘီအေဖိုး

04/07/2022

Creatinine ဆိုတာ ဘာလဲ။
ကျောက်ကပ်ပျက်စီးရင် Creaetinine ဘာလို့တက်လဲ။

Creatinine က ကျောက်ကပ်ပျက်စီးရင်တက်တယ်။ ပြန်ရောကျနိုင်လား။

Creatinine ဆိုတာဘာလဲ။

Creatinine ဆိုတာ ကျောက်ကပ် လုပ်ငန်းဆောင်တာ ကို တိုင်းတာ ရာမှာ အလွန်အရေးပါ သော အရာဖြစ်ပါတယ်။။ ဘာလို့လဲ ဆိုတော့ Creatinine က ကျောက်ကပ်က မစွန့်ရင် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းမှ ဓာတ်ဖြိုခွဲ၍ မရသလို စွန့်ထုတ်လို့ လည်း မရနိုင်လို့ပါ။ ဒါကြောင့် သွေးအတွင်း Creatinine ဓာတ် များလာပြီ ဆိုရင် အကြမ်းဖျင်းအားဖြင့် ကျောက်ကပ် မကောင်းလို့ သွေးထဲ မှ Creatinine ဓာတ်ကို မစွန့်ထုတ်နိုင်လို့ ယူဆလို့ ရပါတယ်။

Creatinine ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ။

Creatinine ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကြွက်သားများမှ တစ်ဆင့် Energy ထုတ်သုံးသော အခါတွင် ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းအဖြစ် Creatinine ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ထို Creatinine သည် ခန္ဓာကိုယ် အတွက် အစိတ် အတောက်ဖြစ်ပါတယ်။ ထို အဆိပ် အတောက်များကို သွေးမှ တစ်ဆင့် ကျောက်ကပ်သို့ ရောက်ရှိသွားပြီး ကျောက်ကပ်မှ ပြန်လည် စွန့်ထုတ်ရပါတယ်။ ကျောက်ကပ်တစ်ခုတည်းမှ သာ Creatinine ကို ဖျက်စီး စွန့်ထုတ်၍ မရသော ကြောင့် ကျောက်ကပ်မကောင်းလျှင် သွေးအတွင်း Creatinine များနေမည်ဖြစ်ပါတယ်။

Creatinine သည် ကြွက်သားများမှ Energy သုံးလျှင် စွန့်ထုတ်သော ဘေးထွက် ပစ္စည်းဖြစ်သောကြောင့် ယောကျာ်းများတွင် မိန်းမထက်စာလျှင် သွေးအတွင်း Creatinine ပိုများပါသည်။ ကျန်းမာသန်စွင်းသော ကြွက်သားတောင့်တင်းသော အားကစားသမားများတွင် Creatinine သာမန်ထက် ပိုများတတ်ပါတယ်။ သို့သော်လည်း ပုံမှန်ဖြစ်ပါတယ်။ ကျောက်ကပ်မကောင်းသော သူများအနေဖြင့် သာ Creatinine များနေတတ်ပါတယ်။

Creatinine များနေရင် ပြန်ကျတတ်သလား။ ပုံမှန်အတိုင်းပြန်ဖြစ်နိုင်လား။

ပြန်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ကျောက်ကပ် ပျက်စီးခြင်း အပေါ်မူတည်ပါတယ်။ ကျောက်ကပ်က ဘာကြောင့်ပျက်စီးတာလဲ။ ရုတ်တရက် အကြောင်းအရင်းးတစ်ခုခု ကြောင့် ကျောက်ကပ်ပျက်စီးတာလား။ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကြောင့် ကျောက်ကပ်ပျက်စီးတာလား။

ရုတ်တရက် အကြောင်းအရင်း တစ်ခုခုကြောင့် ကျောက်ကပ်ပျက်စီး တာဆိုရင်တော့ ထိုအကြောင်းအရင်းကို ကုသလိုက်ရင်တော့ ကျောက်ကပ် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပြီး Creatinine က ပုံမှန် ပြန်ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် မြွေကိုက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကျောက်ကပ်ရောင်ရောဂါ အချို့တို့တွင် ကျောက်ကပ်အား ပြန်လည် ကောင်းမွန်အောင် ကုသလျှင် ဖြည်းဖြည်းချင်း ကျောက်ကပ်သည် ပြန်လည် ကောင်းမွန်သွားတတ်ပါတယ်။

နာတာရှည် ကျောက်ကပ် ပျက်စီးခြင်းကြောင့် တက်လာတဲ့ Creatinine ဆိုရင်တော့ ပုံမှန် Level အတွင်း ပြန်ရောက်ဖို့ တော့ ခက်ပါတယ်။ ထပ်ပြီး တော့ ကျောက်ကပ်မပျက်စီးအောင် ထိန်းသိမ်းရင်း Creatinine Level ထပ်ပြီး တက်မလာအောင် ထိန်းသိမ်းပြီး ကုသရတာမျိုး ပါ။ နောက်ဆုံး ကျောက်ကပ်လုံးဝပျက်စီး သွားရင်တော့ ကျောက်ကပ် အစားထိုး ကုသရတာမျိုးရှိပါတယ်။ အစားထိုးမကုသနိုင်ရင်တော့ ကျောက်ကပ်ဆေးပြီး ခန္ဓာကိုယ် ထဲ မှ အဆိပ်အတောက်တွေကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်နာတာရှည်ကျောက်ကပ် ပျက်စီးခြင်းက ပိုပြီး အန္တရာယ်များပြီး ကုသရလည်းခက်ပါတယ်။ သို့သော်လည်း နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဆိုသည့် အတိုင်း ဖြည်းဖြည်းချင်းပျက်စီးတာပါ။ နှစ်နှင့် ကြာအောင် အချိန်ယူပြီး ပျက်စီးတာပါ။ ချက်ချင်းပျက်စီးတာ မဟုတ်တဲ့ အတွက် ကြိုတင်ကာကွယ်ဖို့ အချိန်တွေ အများကြီး ရှိပါတယ်။ မကာကွယ်လို့ ဂရုမစိုက်လို့သာ အခုလို ကျောက်ကပ်လုံးဝ ပျက်စီးတဲ့အခြေအနေ နောက်ကြောင်းပြန်လှည့်လို့ မရတဲ့ အခြေအနေမျိုးဖြစ်သွားတာပါ။

ဒါကြောင့် ဘယ်လို နာတာရှည် ကျောက်ကပ်ရောဂါတွေ ဖြစ်တတ်လဲ။ ဘယ်လို သတိပြုရမလဲ။ ဘယ်လို ကာကွယ် ပြုမူနေထိုင်ရမလဲ ဆိုတာ အသေးစိတ် ဆက်လက်ဖတ်ရှု လိုက်ရအောင်။

နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေသော အကြောင်း များမှ

၁။ ဆီးချိုရောဂါ

၂။ သွေးတိုးရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးခြင်း အသေးစိတ်အား အောက်ဖော်ပြပါ Link အား နှိပ်၍ အသေးစိတ် ဖတ်ရှုနိုင်ပါပြီ။

၃။ အသက်အရွယ်ကြီးခြင်း

အသက် ၇၅ နှစ်ကျော်လာလျှင် ကျောက်ကပ်သည် အသက်အရွယ်ကြောင့် အလုပ်လုပ်နိုင်သော တစ်ရှူး များလျော့ နည်းလာပါသည်။ သို့ သော် အခြားရောဂါအခံ များမရှိလျှင် အဆင့် တက်သွားခြင်းမရှိဘဲ လူကောင်း ကဲ့သို့ နေနိုင်ပြီး ရောဂါအခံ တစ်မျိုးမျိုး ၊ ဆီးချို သွေးတိုး၊ အကိုက်အခဲပျောက်ဆေး များရေရှည် သောက်ခြင်းတို့ရှိပါက ပိုဆိုးသွားတတ်ပါသည်။

၄။ ကျောက်ကပ်ရောင်ရောဂါများ

ကျောက်ကပ်ရောင်ရောဂါများသည် အသက်အရွယ်မရွေးတွင်ဖြစ်တတ်ပြီး အကြောင်းရင်းများမှာ လည်း အလွန်များပြားတတ်ပါသည်။ တစ်ခါတရံတွင် အကြောင်းရင်းမရှိဘဲ ကျောက်ကပ်ရောင် ခြင်းမျိုးပင်ရှိတတ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းသည်အထက်ရှိ ရောဂါ များနှင့် မတူဘဲ ကျောက်ကပ်နှင့် ပတ်သတ်သည့် လက္ခဏာများခံစားသိရှိတတ်ပါသည်။ ဆီးတွင်းသွေးပါခြင်း၊ ဆီးအရောင်နောက်ခြင်း၊ဆီးသွားသည့် ပမာဏ နည်းသွားခြင်း၊ သွေးတိုးထိန်းမရခြင်း ၊ ခြေလက်များဖောရောင်လာခြင်းတို့ သည် ကျောက်ကပ်ရောင်နေခြင်းကိုပြသည့် လက္ခဏာများဖြစ်ပါသည်။

၅။ အကိုက်အခဲပျောက်ဆေးများပုံမှန်သောက်ခြင်း

ဒူးနာ၊ခါးနာ၊ လေးဘက်နာ စသည့် ကိုယ်လက်နာကျင်ခြင်းအမျိုးမျိုးသည် နာတာရှည်ဖြစ်နေသောလူများတွင် အကိုက်အခဲပျောက်ဆေး များကို နှစ်မျိုးထက်ပို၍ စပ်ပြီး စွဲသောက်ကြခြင်းကြောင့် ကြာလာသော အခါကျောက်ကပ်ပျက်စီးခြင်းဖြစ်ရပါသည်။ အကိုက်အခဲပျောက်ဆေး များသည် ကျောက်ကပ်သို့ သွေးစီးဆင်း မှုကို နည်းစေပြီး ကျောက်ကပ်ရှိ အလုပ်လုပ်သော တစ်ရှူ း များကို သွေးငတ်၍ ကြွေကျပျက်စီးခြင်း ကိုဖြစ်ပေါ် စေပါသည်။ ထို့ကြောင့် အကိုက်အခဲ ပျောက်ဆေး များကို မိမိသဘောဖြင့် မသောက်ဘဲ ကျွမ်းကျင်သော သမားတော် နှင့် ပုံမှန် ကျောက်ကပ်စစ်ဆေးခြင်းပြုလုပ်ပြီး မှသာ သောက်သုံးသင့်ပါသည်။ အကိုက်အခဲပျောက်စေသောတိုင်းရင်းဆေးများ၊ သစ်ဥသစ်ဖု များမှ ပြုလုပ်ထားသော အကိုက်အခဲပျောက်ဆေး များကို မှီဝဲလိုပါကလည်း အလွန်အကျွံရေရှည် မသောက်သုံးဘဲ မိမိ ကျောက်ကပ် ဓာတ်ကိုမကြာခဏ ပြန်လည်စစ်ဆေးနေသင့် ပါသည်။

၆။ ကျောက်ကပ်တွင် ရေအိတ်များပါလာခြင်း

ကျောက်ကပ်တွင်းရေအိတ်များပါလာခြင်းသည် မျိုးရိုးလိုက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး မိဘတွင်ရှိနေပါက မိမိတို့ မောင်နှမသားချင်းအားလုံး အာထရာဆောင်းကိုပုံမှန် နှစ်စဉ် ရိုက်၍ စစ်ဆေးနေသင့်ပါသည်။ ကျောက်ကပ်တွင်းရေအိတ်များသည်တိုးပွားလာတတ်ပြီး ကျောက်ကပ်၏ ပုံမှန် အလုပ်လုပ်နိုင်သော တစ်ရှူ း များ တစ်နေ့တစ်ခြားဆုံးရှုံး လာခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပေါ်ပါသည်။ ကာကွယ်နိုင်သော နည်းလမ်းလည်း မရှိသေးသော်လည်း မိမိ ၏ သွေး ပေါင် ပြောင်းလဲ မှု ရှိသည် နှင့်၊ ကျောက်ကပ်ဓာတ် Creatinine တက်လာသည် နှင့် စတင် ကုသ မှု ခံယူထားလျှင် ကျောက်ကပ်ပျက်စီးခြင်းကို အထိုက်အလျောက် တားဆီးနိုင်မည်ဖြစ်ပါသည်။

၇။ မကြာခဏ ဆီးလမ်းကြောင်းပိုး၀င်ရာမှ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
ဆီးလမ်းကြောင်းတွင်း မကြာခဏ ပိုး၀င်တတ်သူများတွင် ဆီးလမ်းကြောင်းသည် ပိုး၀င်တိုင်း တစ်ခါရောင် တစ်ခါ အနာပြန်ကျက်ဖြစ်ရသည့် အတွက် ဆီးလမ်းကြောင်းတွင် အမာရွတ် များကျန် ခဲ့ ပြီး ထို အမာရွတ် တစ်ရှူ းသည် ဆီးလမ်းကြောင်းပိတ်ခြင်းကိုဖြစ်စေပါသည်။ ထို အခါ အညစ်အကြေး ဆီး များသည် အောက်ဘက်သို့ မစီးဆင်းနိုင်တော့ဘဲ ကျောက်ကပ် ထဲတွင် အောင်းနေပြီး ကျောက်ကပ်ရေဖြင့် ဖောင်းခြင်း၊ ထိုမှတစ်ဆင့် ပြည်တည်ခြင်းတို့ဖြစ်ပေါ် ပြီး ကျောက်ကပ် ပျက်စီး ခြင်းဖြစ်ပါသည်။

ကျောက်ကပ်ရောဂါ သည် ခဏတာပြသနာမဟုတ်။မိသားစုထဲတွင်တစ်ယောက် ကျောက်ကပ်ပျက်စီးသည် နှင့်
နာတာရှည်ကုသရန်လိုသည်သာမက ပျက်စီးပြီး မှ ကုသသည့် အတွက် ငွေကုန်ကြေးကျမြောက်မြားစွာ ကုန်ကျခြင်း၊ စိတ်ရောလူပါပင်ပန်းခြင်းတို့ဖြစ်ကြရပါသည်။ နာတာရှည် ကျောက်ကပ်ဖြစ်ရသည့် အကြောင်းရင်း များကို ကြည့်လိုက်လျှင် လည်း မိမိ အချိန်မီကာကွယ် ခဲ့ လျှင် ဖြစ်လာမည်မဟုတ်သော အကြောင်း များဖြစ်သည်ကများသည်။ သို့ဖြစ်ရာ ကျောက်ကပ် ရောဂါ ကို ပေါ့ဆမနေဘဲ မိမိတွင် သွေးတိုး၊ ဆီးချို တစ်မျိုးမျိုးရှိသည်ဖြစ်စေ၊ အကိုက်အခဲပျောက်ဆေး များသောက်နေရသည်ပင်ဖြစ်စေ၊ ကျောက်ကပ်ရောဂါ ဖြစ်ဖူးလျှင်ဖြစ်စေ ၊ လူကောင်းပကတိဖြစ်စေကာမူ ကြိုတင်စစ်ဆေးထားရန်လိုအပ်သော စစ်ဆေးမှု တစ်မျိုးဖြစ်ပါသည်။

ကျောက်ကပ်ဓာတ်စစ်ဆေးခြင်းတွင်မည်သည်တို့ပါ၀င်သနည်း။

၁။Ultrasound ရိုက်ပြီး ကျောက်ကပ်ကောင်းမကောင်းစစ်ဆေးခြင်း
Ultrasound ရိုက်ခြင်းသည် ကျောက်ကပ်စစ်ဆေးခြင်းတွင် အလွန်ပင် အရေးပါသော စစ်ဆေးခြင်းဖြစ်ပါသည်။ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဖြစ်သည့် အခါတွင် ကျောက်ကပ်သည် Ultrasound တွင် မူလထက် အရွယ်အစားသေးနေမည်ဖြစ်ပါသည်။ အခြားသော နာတာရှည်ကျောက်ကပ်အမျိုးအစား များဖြစ်စေသည့် ကျောက်ကပ်ရေအိတ် တည်ခြင်း အစရှိသည် တို့ကို တိတိကျကျ သိရှိနိုင်ပါသည်။ ရေအိတ် အရွယ်အစားအား တိတိကျကျတိုင်းတာနိုင်ပါတယ်။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း များကို လည်း ရှာဖွေနိုင်ပါတယ်။ ကျောက်ကပ်ရောင်မရောင်အား လည်း သိရှိနိုင်ပါတယ်။ ထို့ကြောင့် Ultrasound ရိုက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ အတော်များများအား သိရှိနိုင်ပြီး Ultrasound ရိုက်၍ ပုံမှန် Normal Result ထွက်ပါက အလွန်ကောင်းသော အဖြေဖြစ်ပါတယ်။ ဒါကြောင့် Ultrasound ရိုက်ခြင်းသည် လည်း ကျောက်ကပ်စစ်ဆေးခြင်းအတွက် အရေးကြီးသော စစ်ဆေးမှု ဖြစ်ပါတယ်။

၂။ Urea &Eletrolyte, Creatinine
ကျောက်ကပ်ဓာတ် နှင့် ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်များပါ၀င်ပါသည်။ Urea နှင့်Creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးတစ်မျိုးပင် ဖြစ်သည်။ Creatinine သည် သွေးထဲတွင် ရှိပြီး ကျောက်ကပ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ပေးရသောပစ္စည်းဖြစ်ပါသည်။ သွေးထဲတွင် Creatinine များနေပါက ကျောက်ကပ် မှ Creatinine ကို ကောင်းစွာ မစွန့်ထုတ်ပေးနိုင်ခြင်းကို ပြပြီး တစ်နည်းအားဖြင့် ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကိုပြပါသည်။ နှလုံးရောဂါ၊သွေးတိုးရောဂါရှိသူများ နှင့် ဆီးချို ရောဂါရှိသူများတွင် ကျောက်ကပ် ထိမထိစစ်ဆေးသင့်သော အရာဖြစ်ပြီး သွေးကျဆေးစွဲသောက်နေရသူများတွင်လည်း ၆လ ၁ နှစ် ကြာတစ်ခါ ပြန်လည်စစ်ဆေးနေသင့်သော အရာလည်းဖြစ်ပါသည်။
ဆားဓာတ်များတွင် ဆိုဒီယမ်(Na)၊ ပိုတက်ဆီယမ်(K)၊ ကလိုရိုက်(Cl)၊ ဘိုင်ကာဗွန်နိတ်(HCO3) တို့ပါ၀င်ပါသည်။ ခန္ဓာကိုယ်၏ဆားဓာတ်ညီမျှမှု ကို ထိန်းသိမ်းပေးသည်မှာလည်း ကျောက်ကပ်ဖြစ်သောကြောင့် ကျောက်ကပ် ကောင်းမကောင်းစစ်ဆေးမှုတွင် ပါ၀င်ပါသည်။ထို မညီမျှမှုများတစ်ခုခုရှိနေပါက
ဆီး နှင့်ကျောက်ကပ် အထူးကုသမားတော် နှင့်သေချာပြသပြီး မိမိကျောက်ကပ်အခြေအနေကိုပြသအကြံဥာဏ်ရယူသင့်ပါသည်။

၃။Urine RE (ဆီးစစ်ဆေးခြင်း)
ဆီးကို စစ်ဆေးခြင်းဖြင့် ဆီးထဲတွင် သွေးပါမပါ၊ ဆီးထဲတွင် အသားဓာတ်မည်မျှ ကျနေသနည်းအား သိရှိနိုင်ပါသည်။ ကျောက်ကပ်ရောဂါအများစုသည် ဆီးအတွင်းသွေးပါခြင်းနှင့် ဆီးအသားဓာတ်တို့နှင့် ဆက်စပ်သည့်အတွက် ကျောက်ကပ်ရောဂါရှိမရှိအား စစ်ဆေးရာတွင် ဆီးစစ်ခြင်းသည် အလွန်အထောက် အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုအပြင် ဆီးလမ်းကြောင်းပိုးဝင်မဝင်ခြင်းအားလည်း သိရှိနိုင်ပါသည်။ သွေးချိုဝေဒနာရှင်မျာမှာလည်း သွေးတွင်းသကြားဓာတ် အလွန်များသည့်အခါတွင် ဆီးအတွင်း သကြားဓာတ်ပါလာခြင်းအား ပမာဏ မည်မျှပါသနည်းအား တိုင်းတာနိုင်ပါသည်။ အသည်းရောင်အသားဝါ ဖြစ်နေသော သူများတွင် လည်း အသားဝါသည့် ဓာတ်အား ဆီးအတွင်း တိုင်းတာသိရှိနိုင်ပါသည်။ ထို့ကြောင့် ဆီးစစ်ဆေးခြင်းသည် ကျောက်ကပ်နှင့် ပက်သက်သော ရောဂါအတော်များများအား ဖော်ပြနိုင်သောကြောင့် ကျောက်ကပ်အတွက် အထောက်အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။

Crd, Family Doctor

01/07/2022

'' မိုးအေးအေးမှာ ရင်ခုန်သံတွေနွေးထွေးသွားစေဖို့ 🌧💓 ''

သဲသဲမဲမဲရွာနေတဲ့ မိုးစက်တွေနဲ့
အလိုက်ဖက်ဆုံး ကော်ဖီပူပူလေးတစ်ခွက်ဖြစ်ဖြစ်၊ ထွေးပွေ့ထားပေးမယ့်ချစ်သူလေးတစ်ယောက်ဖြစ်ဖြစ် ရှိမနေရင်တောင် ကိုယ့်အတွက်
အဖော်ပြုပေးမဲ့
"Mi𝐱𝐚𝐠𝐫𝐢𝐩" လေးတော့ ရှိသင့်တယ်။

❤မြန်မာဆေး၊အင်္ဂလိပ်ဆေး၊
ဆေးတွေကို တနေရာထဲမှာစုံစုံလင်လင်
ရနိုင်မည့် ဟူးကွက်ဆေးဆိုင်သို့
အမြန်ဆုံးသာ လှမ်းခဲ့ပါ မိတ်ဆွေ🎀

M𝐢𝐱𝐚𝐠𝐫𝐢𝐩 6လုံးကပ်လေး
ဆောင်ထားလိုက်ပါ မိတ်ဆွေ....❤️

ဟူးကွက်ဆေးဆိုင်
အမှတ် ၆ ရပ်ကွက် ရွှေဖီဦးလမ်း
မဂ်လာစျေးသစ်
ကျောက်မဲမြို့

30/06/2022

🔺Omega 3 fish oil 🔺

Omega 3 fish oil 🐟🐟🐟 သည် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ fatty acids နှစ်မျိုး ဖြစ်တဲ့ DHA နှင့် EPA တို့ပါဝင်ပါတယ်။

Fatty acids တွေကိုခန္ဓာကိုယ်အတွင်းမှာ မတည်ဆောက်နိုင်တဲ့ အတွက် omega 3 ကြွယ်ဝ သော အစားအစာများ သို့မဟုတ် ဆေးဝါးများကို မှီဝဲစားသုံးရပါတယ်

ငါးကြီးဆီ(Fish oil) ရဲ့ကောင်းကျိုးလေးတွေကိုဖော်ပြပေးချင်ပါတယ်
၁.စိတ်ဖိစီးမှုကို လျှော့ကျစေခြင်း
၂.အမြင်အာရုံအားကောင်းစေခြင်း
၃.ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်အောင် ကူညီပေးခြင်း
၄.နှလုံးရောဂါ နှင့် လေငန်းရောဂါ ဖြစ်ပွားမှု ကိုလျှော့ချပေးခြင်း (သွေးတွင်းအဆီများလျှော့နည်းစေခြင်းနှင့် သွေးပေါင်ကျစေခြင်း)
၅.ကင်ဆာရောဂါဖြစ်ပွားမှု ကိုလျှော့ချပေးခြင်း
၆. ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း
၇.Alzheimer ရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးခြင်း
၈.ကလေးငယ်များ ပန်းနာရင်ကြပ်ရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးခြင်း
၉.အသည်းအဆီဖုံး ခြင်းကို လျှော့ချပေးခြင်း
၁၀.အရိုး အဆစ် သန်မာစေခြင်း
၁၁.အရိုးအဆစ် နာခြင်း ယောင်ရမ်းခြင်းကို လျှော့ချပေးခြင်း
၁၂.နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း
၁၃.အမျိုးသမီးများ ဓမ္မတာ လာစဉ် ကိုက်ခဲမှုကို သက်သာစေခြင်း
၁၄.အိုမင်းရင့်ရော်မှုကို လျှော့ချပေးခြင်း
၁၅.ဝက်ခြံထွက်နှုန်းကို လျှော့ချပေးခြင်း
၁၆.အရေပြားမှ ရေဓါတ်ဆုံးရှုံးမှုကိုလျှော့ချပေးခြင်း

ထိုအပြင်ငါးကြီးဆီ(Fish oil) ကို ကျန်းမာရေးအတွက်သာ မကပဲအလှအပအတွက်ပါ မှီဝဲနိုင်ပါတယ်နော် ။

⚠️ တနေ့ကို ငါးကြီးဆီ(Fish oil) 3gmအထိ သောက်သုံးနိုင်တယ်။သို့ပေမဲ့လိုအပ်တာထက် ပိုမိုသောက်သုံးခြင်းဟာ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်သောကြောင့် ဆရာဝန် ညွှန်ကြား ချက်အတိုင်းသာ သောက်သုံးသင့်ပါတယ်။ ⚠️

ဟူးကွက်ဆေးဆိုင်မှာ ရရှိနိုင်တဲ့ ငါးကြီးဆီ(Fish oil) Omega3အမျိုးအစားအချို့ကို ဖော်ပြလိုက်ပါတယ်

ဟူးကွက်ဆေးဆိုင်
အမှတ် ၆ ရပ်ကွက် ရွှေဖီဦးလမ်း
မဂ်လာစျေးသစ်
ကျောက်မဲမြို့

Website