Shwe Zee Kwet

Shwe Zee Kwet

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Zee Kwet, Sports, .

24/11/2020

#99.99% အာမခံပေးနိုင်လို့
#99.99% မကယုံကြည်နိုင်ပါတယ်ခဗျ

viber ph 09-950002080

ငွေအထုတ်အသွင်းကို မနက် ၉ နာရီမှ ည ၁၀ခွဲ ထိအကြိမ်ရေ ကန့်သတ်ချက်မရှိ ပြုလုပ်ပေးနေပါပီခဗျ...

ငွေအထုတ်အသွင်းပြုလုပ်နိုင်သော

Banks & Money Wallets များ
👇👇👇
Mobile Banking - KBZ , AYA & CB
MONEY Wallets - Wave money & KBZ pay

Photos from Shwe Zee Kwet's post 24/11/2020

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ မွန်မြတ်တဲ့ စိတ်ထား
====================================
အဲဗာတန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကရာဗင်ကော့တေ့ဂျ်( ဖူလ်ဟမ်ကွင်း) အတွင်းမှာ ရှိနေတဲ့ ဆောက်လုပ်ရေး လုပ်သားတစ်ဦး ကို ဂျာစီလက်ဆောင်ပေးခဲ့ပါတယ်။ အဆိုပါအလုပ်သမားအနေနဲ့လည်း ဂျာစီရပြီးချိန်မှာ ပျော်ရွင်ကျေနပ်ဟန်ကို မြင်တွေ့ခဲ့ရတာကြောင့် ပရိသတ်တွေ တော်တော်များများကလည်း ရစ်ချာလီဆန်ရဲ့ လုပ်ရပ်အပေါ် ချီးကျူးနေခဲ့ရပါတယ်။ ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာခဲ့ပြီး ဘောလုံးအသင်းများစွာရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရဖူးတဲ့ ရစ်ချာလီဆန်ဟာ လက်ရှိအချိန်မှာတော့ အဲဗာတန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြနေခဲ့သလို ဘရာဇီးလက်ရွေးစင်အသင်းအတွက်လည်း ကစားပေးနေနိုင်ခဲ့ပြီဖြစ်ပါတယ်။

Shwesports

Photos from Shwe Zee Kwet's post 24/11/2020

ဒူးအရွတ်ဒဏ်ရာကြောင့် ပီကေးကို ကာလအတန်ကြာဆုံးရှုံးရမယ့် ဘာစီလိုနာ
===============================================
ဘာစီလိုနာအသင်းရဲ့ အဓိကနောက်ခံလူ ဂျရတ်ပီကေးဟာ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလအတန်ကြာ အနားယူရတော့မှာဖြစ်တယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုကြေညာသွားခဲ့ပါတယ်။ ပီကေးဟာ အက်သလက်တီကိုအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား အိန်ဂျယ်ကော်ရီယာနဲ့ ထိခိုက်မိခဲ့တာဖြစ်ပြီး ဒဏ်ရာ ရသွားခဲ့တာဖြစ်ပါတယ်။ တချို့သတင်းတွေမှာတော့ ပီကေးရဲ့ ဒဏ်ရာဟာ ပြင်းထန်ခဲ့ပြီး သုံးလကနေ ငါးလအထိ အနားယူရနိုင်တယ်လို့လည်း ရေးသားဖော်ပြထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ အဆင့် ၁၁ အထိ ရောက်ရှိနေခဲ့ပြီး ဇယားထိပ်ကဦးဆောင်သူ ဆိုစီဒက်နဲ့ ၁၂ မှတ်အထိကွာဟနေခဲ့ပါတယ်။ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ ဘာစီလိုနာအတွက် အတော်လေးအထိနာခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး ညာနောက်ခံလူ ဆာဂျီယိုရော်ဘတ်တိုလည်း ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် ၂ လနီးပါးအနားယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိအချိန် ဘာစီလိုနာခံစစ်ပိုင်းမှာ လင်ဂလတ်တစ်ဦးတည်းသာ ကြံ့ခိုင်မှုပြည့်ဝတဲ့နောက်ခံလူအဖြစ် ရှိနေတော့တာကြောင့် နည်းပြ ရော်နယ်ကိုးလ်မန်းအတွက် ခေါင်းခဲစရာလည်းဖြစ်နေခဲ့ပါတယ်။

Shwesports

24/11/2020

လာမယ့်ဇန်နဝါရီမှာ ပရီးမီးယားလိဂ်ထံ ပြန်ရောက်လာနိုင်တဲ့ အဲရစ်ဆင်
============================================
အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန် အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်ထံ ပြန်ရောက်လာနိုင်တဲ့ အခြေအနေတစ်ရပ်မှာ ရှိနေခဲ့ပါတယ်။ အကြောင်းရင်းကတော့ အင်တာမီလန်အသင်းရဲ့ အမှုဆောင်အရာရှိ မာရော့တာက ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ လာမယ့် အပြောင်းအရွှေ့မှာ အသင်းပြောင်းဖွယ်ရှိတယ်လို့ ဝန်ခံသွားခဲ့လို့ပါပဲ။ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ စပါးအသင်းကနေ အင်တာမီလန်အသင်းထံ ရောက်ရှိလာခဲ့သူဖြစ်ပြီး အီတလီမြေမှာ ပုံစံကောင်းတွေပျောက်ဆုံးသွားခဲ့ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ အင်တာမီလန်နည်းပြ အန်တိုနီယိုကွန်တီရဲ့ စိတ်ကြိုက် ဝယ်ယူခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အင်တာမီလန်အသင်းရဲ့ အမှုဆောင်အရာရှိ မာရော့တာ

"အသင်းပြောင်းလိုတဲ့ ကစားသမားတွေကို ကျွန်တော်တို့ဘက်က တားဆီးမယ့်ဆန္ဒမရှိပါဘူး။ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးရရင် ရောင်းချဖို့ စဉ်းစားသွားမှာပါ။ လက်ရှိအချိန်ထိတော့ လာရောက်ကမ်းလှမ်းတာမျိုးမရှိသေးပါဘူး"

လို့ ပြောဆိုသွားခဲ့ပါတယ်။ အဲရစ်ဆင်ကို စပါးအသင်းက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အာဆင်နယ်အသင်းကလည်း ကွင်းလယ်လူ ရှာကာနဲ့ အလိုက်ပေးလဲလှယ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

Shwesports

Photos from Shwe Zee Kwet's post 24/11/2020

ချန်ပီယံလိဂ်ကန်မယ့်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ မက်ဆီ
============================================
ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ မနက်ဖြန်ညမှာ ကစားမယ့် ဒိုင်နမိုကိဗ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဘာစီလိုနာနည်းပြ ကိုးလ်မန်းဟာ ယူကရိန်းအထိသွားကစားရမယ့် အဝေးကွင်းပွဲစဉ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မက်ဆီကို ခေါ်ဆောင်မသွားဘဲ အနားပေးဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ပွဲကစားပြီးချိန်မှာ ၃ပွဲလုံးအနိုင်ရထားခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အခြေအနေကောင်းမွန်နေခဲ့တာကြောင့် မက်ဆီကို ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေထွက်ခွာဖို့ တောင်းဆိုခဲ့သူဖြစ်သလို ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း အသင်းရဲ့ ရှုံးပွဲတွေ၊ ပြဿနာတွေအတွက် သူတစ်ယောက်တည်း ပြစ်တင်ပြောဆိုခံရမှုကိုလည်း စိတ်ပျက်မိကြောင်း ဖွင့်ဟထားခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးလ်မန်းဟာ မက်ဆီအပြင် ကွင်းလယ်ကစားသမား ဒီဂျောင်ကိုလည်း ချန်လှပ်ခဲ့ပြီး အခုလိုချန်လှပ်ခဲ့ခြင်းဟာ အနားရစေဖို့သက်သက်သာ ရည်ရွယ်ကြောင်းလည်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Shwesports

Photos from Shwe Zee Kwet's post 24/11/2020

စီးရီးအေကစားသမားတွေရဲ့ ပါးမှာ မှင်နီသုတ်ထားတာ ဘာကြောင့်လဲ
====================================
ယခုတစ်ပတ်မှာ ကစားခဲ့ကြတဲ့ စီးရီးအေပွဲစဉ်တွေမှာတော့ ကစားသမားတွေရဲ့ ပါးပြင်တစ်ဖက်မှာ ဆေးမှင်အနီရောင်လေးတွေ သုတ်ထားတာကို ထူးထူးခြားခြားမြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ အီတလီမှာဖြစ်ပွားနေတဲ့ အမျိုးသမီးတွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကို သတိပြုမိလာစေဖို့ ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု လျော့ကျရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီခဲ့ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုအရာတွေကြောင့်ပဲ ကျွန်တော်တို့ဟာ ဘောလုံးပွဲတွေကို ပိုပိုပြီးချစ်လာခဲ့ရတာမဟုတ်လား။

Shwesports

Photos from Shwe Zee Kwet's post 24/11/2020

အစားကို ကုန်အောင်စား၊ စကားကိုတော့ ကုန်အောင်မပြောနဲ့ ဆိုတဲ့စကားဟာ ရော်နယ်ဒိုအတွက် ဖြစ်လာခဲ့ပါတယ်။၂၀၁၀ ခုနှစ်ရဲ့ အခုလိုနေ့မျိုးမှာ ဘာစီလိုနာက အယ်လ်မားရီးယားကို ၈ - ၀ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။အဲဒီပွဲစဉ်အပြီးမှာ စီရော်နယ်ဒိုက

" ကျွန်တော်တို့နဲ့ တွေ့တဲ့အခါ ဒီပွဲရဲ့ ထက်ဝက်လောက် သွင်းနိုင်ပါ့မလား”

လို့ စိန်ခေါ်စကား ဆိုခဲ့ပါတယ်။ရော်နယ်ဒိုရဲ့ ပြောစကားအပြီး ရက်အနည်းငယ်အကြာမှာတော့ ဘာစီလိုနာက ရီးရဲကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြခဲ့ပါတယ်။

Shwesports

Photos from Shwe Zee Kwet's post 23/11/2020

"ကျွန်တော့်ဘဝမှာ ဂျာစီတောင်းခဲ့ဖူးတဲ့ ဘောလုံးသမားဆိုတာ သိပ်ပြီး များများစားစားမရှိခဲ့ပါဘူး။ ဒါပေမယ့် မင်းရဲ့ (အိုဇေးလ်) ဂျာစီကို ရခဲ့မယ်ဆိုရင်တော့ ဒါဟာ ငါ့အတွက် ဆုလာဘ်တစ်ခုပါပဲ။ ဂုဏ်ယူစရာတစ်ခုဖြစ်လာမှာလည်း သေချာပါတယ်"။

မယ်ချယ်ပလာတီနီ ( ယူအီးအက်ဖ်အေ ဥက္ကဌဟောင်း) ၏ ၂၀၁၄ ကမ္ဘာ့ဖလားပွဲအပြီး ပြောကြားချက်

Shwesports

22/11/2020

Shwe Zee Kwet နဲ့လက်တွဲနေတဲ့ ညီကိုများ အားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပါရစေခဗျ။

ကျွန်တော်တို့ Shwe Zee Kwet ibet Agent အနေနဲ့ ရံဖန်ရံခါ ငွေလွှဲကျန့်ကြာမှူ့ ကိုယ်လိုချင်တဲ့ Bank acc (or) Money Wallet acc တခုခုနဲ့ငွေလွှဲမပေးနိုင်တာမျိုးကြုံရတာတွေအတွက် အနူးညွှတ်တောင်းပန်အပ်ပါတယ်ခဗျ။

ရှေ့ဆက်ပီး မှန်ကန်တိကျတဲ့ ငွေလွှဲငွေသွင်းဝန်ဆောင်မှူ့ ၊ unit အထုတ် အသွင်း ဝန်ဆောင်မှူ့များအား မြန်မြန်ဆန်ဆန်နဲ့အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ရန် ကြိုးစားလျှက်ရှိပါတယ်။

Shwe Zee Kwet ရဲ့ member ဝင်များနှင့် member ဝင်မဟုတ်သေးသော ညီကို၊ သူငယ်ချင်းများအားလုံး အောင်မြင်မှူ့တွေအသီးသီး ရရှိနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်ခဗျ။

Covid ကပ်ဆိုးကြီးကို ibet website မှာပွဲပေါင်း စုံစုံလင်လင်ကို ကျွန်တော်တို့ Shwe Zee Kwet မှာ member account ရယူပီး ဖြတ်သန်းကြပါစို့🥰🥰🥰

Viber ph 09 950002080

22/11/2020

ကိုဗစ်ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်တဲ့ တော့တီ
==========================================
ရိုးမားအသင်းခေါင်းဆောင်ဟောင်း ဖရစ္စကို တော့တီကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက် ၁၅ ရက်အကြာမှာတော့ ပြန်လည်သက်သာသွားခဲ့ပြီလို့ သိရှိရပါတယ်။ ကိုဗစ် -၁၉ ရောဂါကြောင့် ပြီးခဲ့တဲ့လမှာပဲ ဖခင်ဖြစ်သူ အန်ဇိုတော့တီကို ဆုံးရှုံးခဲ့ရတဲ့ တော့တီဟာ သူကိုယ်တိုင်တော့ ရောဂါဆိုးကို တွန်းလှန်နိုင်ခဲ့ပါတယ်။ အခုလို ပြန်လည်ကောင်းမွန်လာခဲ့တာနဲ့ ပတ်သက်ပြီး တော့တီက

"အားလုံးမင်္ဂလာပါခင်ဗျာ၊ ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ ကျွန်တော်ဟာ ဒီရောဂါကူးစက်ခံထားခဲ့ရပြီး အခုတော့ ပြန်လည်သက်သာလာခဲ့ပါပြီ၊ ခံစားရတာကတော့ တကယ်ကိုဆိုးရွားပါတယ်။ အသက်ရှူဖု့ိ အောက်ဆီဂျင် အလုံအလောက်မရသလို အဖျားဝေဒနာကိုလည်း ခံစားခဲ့ရပါတယ်။ ကျွန်တော်ဟာ ၁၅ ရက်ကြာ ဒီဝေဒနာကို ခံစားခဲ့ရပြီးနောက်မှာတော့ တွန်းလှန်နိုင်ခဲ့ပါပြီ။ ကျွန်တော့ိကု အဘက်ဘက်ကနေ ကူညီပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ် "

လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဟာ လူတိုင်းကို ဒုက္ခအကြီးအကျယ်ပေးနိုင်တာဖြစ်လို့ အားလုံးအနေနဲ့ သတိထားဆင်ခြင်ကြဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

Shwesports

20/11/2020

မန်စီးတီးအသင်းဟာ နည်းပြချုပ် ဂွာဒီယိုလာကို ၂၀၂၃ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်နွေရာသီမှာ မန်စီးတီးအသင်းထံ ရောက်လာခဲ့တဲ့ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ရယူနိုင်ခဲ့ပေမယ့်လည်း အသင်းပိုင်ရှင်ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိဘဲ အမြင့်ဆုံးအဆင့်အဖြစ် ကွာတားဖိုင်နယ်ကိုသာ ရောက်ရှိခဲ့တာပါ။ ဒါကြောင့် ဂွာဒီယိုလာအနေနဲ့ ယခုနှစ်ဘောလုံးရာသီနဲ့ နောက်ထပ်လာမယ့် နှစ်ရာသီတို့မှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Shwesports

20/11/2020

နည်းပြဘဝနဲ့ ကစားသမားဘဝရဲ့ ကွာခြားချက်တွေကို ပြောပြသွားခဲ့တဲ့ လမ်းပတ်
==================================================
ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်သလို လက်ရှိအချိန်မှာ နည်းပြချုပ်အဖြစ် တာဝန်ယူနေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဖရန့်လမ်းပတ်က နည်းပြဘဝနဲ့ ကစားသမားဘဝက ကွာခြားချက်တစ်ချို့ကို ပြောပြသွားခဲ့ပြီး နည်းပြဘဝမှာ ပိုမိုခက်ခဲကြောင်း ပြောဆိုသွားခဲ့တာပါ။ လမ်းပတ်ဟာ နည်းပြဘဝပထမဆုံးအသင်းအဖြစ် ဒါဘီကောင်တီအသင်းကို ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာပဲ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့လို့ ပရီးမီးယားလိဂ်တန်းတက်ခွင့် ပလေးအော့ဖ်ကစားခဲ့ရပေမယ့် ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာကို ရှုံးခဲ့တာကြောင့်သာ တန်းတက်ခွင့်နဲ့ ဝေးကွာခဲ့တာဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်ကောင်းတွေကြောင့် ချဲလ်ဆီးအသင်းက လမ်းပတ်ကို နည်းပြချုပ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံးဘောလုံးရာသီမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အကယ်ဒမီထွက်လူငယ်ကြယ်ပွင့် ကစားသမားတွေကို လည်း မြေတောင်မြှောက်ပေးနိုင်ခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာလည်း တန်ဖိုးမြင့်ကစားသမားတွေ ခေါ်ယူထားခဲ့တာပါ။ နည်းပြဘ၀ အခက်အခဲတွေနဲ့ ပတ်သက်ပြီး လမ်းပတ်

"နည်းပြဘဝဟာ ကစားသမားဘဝထက်ပိုပြီး ရှုပ်ထွေးပါတယ်။ နည်းပြဘဝမှာ ကစားသမား ၂၅ ယောက်ရယ်၊ ဝန်ထမ်းတွေရယ်၊ တခြားသော လူပေါင်းများစွာနဲ့ ဆက်ဆံရပြီး ကစားသမားဘဝကလို အားလပ်ချန်တွေလည်း မရှိတော့ပါဘူး။ နည်းပြတစ်ယောက်ဟာ တစ်နေ့ကို ပြဿနာ ၅၀ လောက်နဲ့ ကြုံနေရတယ်။ ဒါပေမယ့်လည်း ကျွန်တော်က ဒါတွေကို နှစ်သက်ပါတယ်။ ဒါတွေမရှိဘဲနဲ့လည်း နေနိုင်တော့မှာမဟုတ်ပါဘူး "
လို့ ပြောဆိုသွားခဲ့ပါတယ်။

Shwesports

20/11/2020

အပူပေါ် အပူဆင့်နေတဲ့ ယာဂန်ကလော့ပ်
==============================
နောက်ခံလူ လေးယောက်လုံး ဒဏ်ရာကိုယ်စီရရှိသွားကြချိန်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမား ရိုင်းဝီလီယံကို ပရီးမီးယားလိဂ်မှာပွဲထုတ်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် နိုင်ငံတကာပွဲကစားရင်း ထပ်မံဒဏ်ရာရရှိသွားခဲ့တာကြောင့် အပူပေါ်အပူဆင့်တဲ့ အနေအထားတွေဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာရနေတဲ့ ကစားသမား ဆယ်ဦးအထိရှိနေခဲ့ပြီဖြစ်လို့ ကလော့ပ်ကတော့ ဇန်နဝါရီလကို အမြန်ရောက်ပါစေလို့သာ ဆုတောင်းနေမယ်ထင်ပါတယ်။

Shwesports

20/11/2020

ပြီးခဲ့တဲ့ဘောလုံးရာသီ ဆယ်ခုအတွင်း အလွတ်တည်ကန်ဘောကနေ ဂိုးအများဆုံးသွင်းယူထားနိုင်ခဲ့သူများ
======================================================

လီယွန်နယ်မက်ဆီ - ၃၃ ဂိုး
ရော်နယ်ဒို - ၃၁ ဂိုး
ရာမိုစ့် - ၂၆ ဂိုး
ဒီဇီကို - ၂၄ ဂိုး

Shwesports

19/11/2020

ယခုနှစ်ဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် နေရာအလိုက် နာမည်ကျော်ကစားသမား ( ၁၁ ) ယောက်

18/11/2020

ဟာဇက်ကို ရောင်းချခဲ့တဲ့ငွေနဲ့ အကျိုးရှိတဲ့ အားဖြည့်မှုတွေပြုလုပ်နိုင်ခဲ့တဲ့ ချဲလ်ဆီး
==========================================
ချဲလ်ဆီးအသင်းကတော့ ဟာဇက်အတွက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေးကို မှန်မှန်ကန်ကန်နဲ့ အသုံးချနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာဇက်ကို ရီးရဲမက်ဒရစ်ထံ ပေါင် ၁၄၃ သန်းနဲ့ ရောင်းချခဲ့ပြီး အေဂျက်စ်ကြယ်ပွင့် ဇီယက်ချ်၊ လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာ၊ လေဗာကူဆင်ကြယ်ပွင့် ကိုင်းဟာဗက်ဇ်တို့ကို ခေါ်ယူခဲ့ရာမှာတော့ ၁၅၅ သန်းသာ ကျသင့်ခဲ့တာလည်းဖြစ်ပါတယ်။

Shwesports

18/11/2020

လာမယ့် စနေညမှာကစားမယ့် လက်စတာနဲ့ ပွဲစဉ်မှာ ပွဲထွက်လာနိုင်တဲ့ လီဗာပူးလ်ရဲ့ ပွဲထွက်လူစာရင်း

အဓိက ခံစစ်သမားတွေ အားလုံး ဒဏ်ရာကိုယ်စီနဲ့ အနားယူနေရချိန်မှာ စွယ်စုံရကစားသမား ဂျိမ်းမီလ်နာကို နေရာစုံ ကစားခိုင်းထားတဲ့ ESPN ရဲ့ ဟာသဓာတ်ပုံလေးဖြစ်ပါတယ်။

Shwesports

18/11/2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတဲ့ အာဆင်နယ်ကွင်းလယ်လူ အယ်လ်နန်နီ
=============================================
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အယ်လ်နန်နီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာသွားခဲ့ပါတယ်။ အယ်လ်နန်နီဟာ အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေခဲ့တာဖြစ်ပြီး စနေနေ့က တိုဂိုအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ပွဲချိန်ပြည့်ဝင်ရောက်ကစားပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် အယ်လ်နန်နီဟာ လက်ရှိအချိန်မှာတော့ ကိုဗစ် - ၁၉ ရောဂါလက္ခဏာတွေ ပြသထားခြင်းမရှိပေမယ့် ဆေးစစ်မှုများ ရောဂါပိုးတွေရှိခဲ့တာကြောင့် ၁၀ ရက်ကြာ တကိုယ်တည်းသီးသန့်နေထိုင်ကာ စောင့်ကြည့်ခံသွားရမှာဖြစ်ပါတယ်။ အယ်လ်နန်နီဟာ ပရီးမီးယားလိဂ်ကစားသမားတွေထဲက ၁၆ ယောက်မြောက် ရောဂါကူးစက်ခံရသူဖြစ်လာခဲ့တာလို့လည်း သိရပါတယ်။ အယ်လ်နန်နီဟာ ယခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၁၁ ပွဲအထိ ကစားခွင့်ရထားသူလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၁ ထိရောက်နေခဲ့ပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုဗိုလ်နေရာကို ရယူထားနိုင်ခဲ့ပါတယ်။ အယ်လ်နန်နီဟာ လက်ရှိအချိန်မှာတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိသွားပြီဖြစ်ကာ စည်းကမ်းချက်တွေနဲ့အညီ နေထိုင်သွားမှာဖြစ်တာကြောင့် လာမယ့် တနင်္ဂနွေမှာ ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်ကို လွဲချော်ရမှာဖြစ်သလို မိုလ်ဒီအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲကိုလည်း လွဲချော်ရမှာဖြစ်ပါတယ်။

Shwesports

18/11/2020

ကိုဗစ် - ၁၉ ကူးစက်ခံလိုက်ရတာကြောင့် ဘာစီလိုနာနဲ့ပွဲကို လွဲချော်ရတော့မယ့် လူးဝစ်ဆွာရက်ဇ်
================================================
အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ နိုင်ငံတကာပွဲစဉ်များ ကစားပေးရန် ဥရုဂွေးအသင်းနဲ့ ပူးပေါင်းနေခဲ့တာဖြစ်ကာ လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ဆေးစစ်ချက်အဖြေအရ သိရှိရပါတယ်။ ဒါကြောင့် ဆွာရက်ဇ်ဟာ အဂါၤနေ့မှာ ကစားမယ့် ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို လွဲချော်ရမှာဖြစ်သလို စနေနေ့မှာ ကစားမယ့် အသင်းဟောင်း ဘာစီလိုနာနဲ့ လာလီဂါပွဲစဉ်ကိုလည်း လွဲချော်သွားဖို့ ရှိနေပါတယ်။ ဆွာရက်ဇ်ဟာ တစ်ကိုယ်တည်းသီးသန့် ၁၄ ရက်ကြာနေထိုင်သွားရမှာဖြစ်ပြီး ဆေးစစ်ချက်အဖြေအရ ရောဂါပိုးမတွေ့မှသာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်မှာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရောဂါပိုးတွေ့ရှိထားပေမယ့် ကျန်းမာရေးကတော့ ကောင်းမွန်ပြီး ရောဂါလက္ခဏာပြသခြင်းတော့ မရှိဘူးလို့ သိရပါတယ်။

Shwesports
______________________________

14/11/2020

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလားဟ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာသွားခဲ့ပါတယ်။

Shwesports

14/11/2020

စီရော်နယ်ဒို (ရီးရဲမက်ဒရစ်) (၂၀၀၉ မှ ၂၀၁၈)

လာလီဂါမှာ စီရော်နယ်ဒိုကစားခဲ့တဲ့ ၉ နှစ်အတွင်း လာလီဂါရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီတစ်ဦးတည်းက ၇ကြိမ်ရရှိခဲ့ပြီး ဂရက်ဇ်မန်း က ၁ ကြိမ် ရရှိခဲ့ပါတယ်။

Shwesports

14/11/2020

အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို စပါးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ရရှိသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ အောက်တိုဘာလအတွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ၄ ဂိုးသွင်းကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Shwesports

Photos from Shwe Zee Kwet's post 14/11/2020

လိဂ်ဝမ်းမှာ တစ်လတာအကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့တဲ့ ယူနိုက်တက်ဂိုးသမားဟောင်း
================================================
ယူနိုက်တက်အသင်းမှာ အချိန်ကာလတစ်ခုကြာ ရှိနေခဲ့ဖူတဲ့ အင်္ဂလန် ယူ - ၂၁ ဂိုးသမားဟောင်း ဘင်အားမိုစ့်ကတော့ လိဂ်ဝမ်းပြိုင်ပွဲမှာ ချာလ်တန်အသင်းနဲ့အတူ ၆ ပွဲဆက်ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာကြောင့် အောက်တိုဘာလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပေမယ့် အသင်းကြီးမှာ ထင်ပေါ်ခဲ့ခြင်းမရှိခဲ့ဘဲ ယူနိုက်တက်မှာရှိနေစဉ်ကာလမှာတော့ ပရီးမီးယားလိဂ် ၁ပွဲသာ ဝင်ရောက်ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံမှာ ၇ ပွဲအထိ ကိုယ်စားပြုပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၃၀ အရွယ်ရှိနေခဲ့ပြီဖြစ်တဲ့ ဘင်အားမိုစ့်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၇ နှစ်ကြာ ယူနိုက်တက်အသင်းမှာ ရှိနေခဲ့ဖူးသူလည်းဖြစ်ပါတယ်။

Shwesports

14/11/2020

ခေတ်အဆက်ဆက်မှာ အက်သလက်တီကိုအသင်းဟာ တိုက်စစ်မှူးကောင်းတွေ ခြေချခဲ့ရာ၊ မွေးထုတ်ခဲ့ရာ အရပ်ဖြစ်ခဲ့ပါတယ်။ဒီကစားသမားတွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံးဖြစ်မလဲ? ဘယ်ကစားသမားက အမှတ်တရတွေ ပေးစွမ်းနိုင်ခဲ့သလဲ?

ကျွန်တော်တို့ငယ်စဥ်က PS2 ဂိမ်းဆော့စဥ်မှာ ဖော်လန် နဲ့ အဂူရိုအတွဲကတော့ တီကို တိုက်စစ်မှာ ရှယ်မိုက်ခဲ့တာပါ။

အမြင်လေးတွေ ပြောသွားခဲ့ကြပါဦး။

Shwesports

12/11/2020

ရော်နယ်ဒိုရောက်လာရင် ဖြစ်လာမယ့် ယူနိုက်တက် ကစားကွက်
========================================
လာမယ့်နွေရာသီမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူနိုက်တက်ကို တကျော့ပြန် ရောက်လာမယ်လို့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းသွားခဲ့ပြီး ပွဲပေါင်း ၄၃၈ ပွဲမှာ ဂိုးပေါင်း ၄၅၀ သွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားကိုလည်း ၄ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၉၂ ပွဲမှာ ၁၁၈ ဂိုးသွင်းထားနိုင်ခဲ့တာပါ။ ဒါကြောင့် The Sun သတင်းဌာနကတော့ ရော်နယ်ဒို ရောက်လာရင် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ကစားကွက်ကို ဖော်ပြခဲ့တာပါ။ အဆိုပါ ကစားကွက်မှာတော့ ရော်နယ်ဒိုဟာ မာစီရယ်နဲ့ ရက်ချ်ဖိုဒ့်တို့နှစ်ယောက်ရဲ့ အလယ်၊ အထောင်တိုက်စစ်မှူး နေရာမှာရှိနေခဲ့ပါတယ်။ ဒါ့အပြင် လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုလည်း ဗဟိုခံစစ်မှာ ထည့်သွင်းနေရာပေးထားကို မြင်တွေ့ခဲ့ရပါတယ်။

Shwesports

12/11/2020

ကစားသမားခေါ်ယူမှုအတွက် ငွေကြေးအများဆုံးသုံးစွဲထားသော အသင်းများ
========================================
၂၀၁၁-၁၂ ဘောလုံးရာသီက စတင်တွက်ချက်မှုအရ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ငွေကြေးသုံးစွဲမှု အများဆုံးအသင်းအဖြစ် မန်စီးတီးအသင်းက ရပ်တည်နေခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ နောက်မှာတော့ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းက ရပ်တည်နေခဲ့တာပါ။ သူတို့နောက်မှာတော့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့က အသီးသီးရပ်တည်နေခဲ့ကြပါတယ်။

ငွေကြေးသုံးစွဲမှုအများဆုံးဖြစ်ခဲ့တဲ့ မန်စီးတီးကတော့ အဆိုပါနှစ်ကာလတွေအတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ်ရယူနိုင်ခဲ့ပြီး၊ မန်ချက်စတာယူနိုက်တက်အသင်းက ၁ ကြိမ်၊ ချဲလ်ဆီးအသင်းက ၂ ကြိမ်၊ လီဗာပူးလ်အသင်းက ၁ ကြိမ် ရယူနိုင်ခဲ့ကြပြီး အာဆင်နယ်ကတော့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ခြင်းမရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

Shwesports

12/11/2020

မရိုးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတဲ့ ရော်နယ်ဒို နဲ့ ယူနိုက်တက် ပြန်လည်ပေါင်းထုတ်ခန်း
=========================================
လာမယ့်နွေရာသီအပြောင်းအရွေ့မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတဲ့ အသင်းရဲ့ ကစားသမားဟောင်း စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း လာမယ့်နွေရာသီမှာ အသက် ၃၆ နှစ်ပြည့်ပြီးဖြစ်လာမယ့် ရော်နယ်ဒိုကို ရောင်းထုတ်ကာ လူငယ်ကစားသမားတွေနဲ့ သွေးသစ်လောင်းဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ကိုဗစ်ကာလမှာ ငွေကြေးဆုံးရှုံးမှုတွေအတွက် အသုံးစရိတ်တွေ ပြန်လည်စိစစ်လိုနေတာကြောင့် တစ်ပတ်လုပ်ခအဖြစ် ပေါင် ၅၄၀၀၀၀ အထိ ပေးချေနေရတဲ့ ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လာမယ့်နွေရာသီမှာ ရော်နယ်ဒိုကို ယူနိုက်တက်အသင်းမှာ ပြန်လည်မြင်တွေ့ရဖို့ သတင်းတွေလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ရော ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်အသင်းကို ပြန်ရောက်လာနိုင်တယ်လို့ ထင်ပါသလား။ ထင်မြင်ချက်လေးတွေကိုလည်း ပြောပေးသွားကြပါဦး။

Shwesports

Videos (show all)

Shwe Zee Kwet နဲ့လက်တွဲနေတဲ့ ညီကိုများ အားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပါရစေခဗျ။ ကျွန်တော်တို့ Shwe Zee Kwet ib...

Website

Opening Hours

Monday 09:00 - 22:30
Tuesday 09:00 - 22:30
Wednesday 09:00 - 22:30
Thursday 09:00 - 22:30
Friday 09:00 - 22:30
Saturday 09:00 - 22:30
Sunday 09:00 - 22:30