Book shilt

Book shilt

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Book shilt, Book shop, .

11/09/2024

Selena Gomez ကိုမွေးတော့ အမေဖြစ်သူက ၁၆နှစ်၊ အဖေဖြစ်သူက ၁၇နှစ်ပဲ ရှိကြပါတယ်။

မကြာပါဘူး... Selena Gomez ၅နှစ်အရွယ်လည်း ရောက်ရော မိဘတွေကကွာရှင်းခဲ့ကြပြီး Selena မှ အမေနဲ့အတူ လိုက်လာခဲ့ပါတော့တယ်။

အမေဖြစ်သူက ၂၁နှစ်အရွယ်လေးနဲ့ ဖြစ်ချင်တာတွေဘေးချပြီး သမီးလေးအတွက် အလုပ်၃ခုလုပ်ရင်း ထောက်ပံ့ပေးခဲ့ရရှာတယ်။

Selena Gomez တို့ သားအမိခင်ဗျာ ကားဆီထည့်ဖို့ ဆိုဖာကူရှင်တွေထဲ အကြွေစေ့တွေများရှိမလားရှာ၊ တစ်ခါတစ်လေ ဆီကုန်သွားလို့ ကားလမ်းမပေါ်တင် ကားကြီးထိုးရပ်သွားတဲ့ အကြိမ်တွေလည်း မနည်းပါတဲ့။

ကားဆီမဖြည့်နိုင်တဲ့ရက်တွေဆို ညစာအတွက် စပါဂတ်တီခေါက်ဆွဲဝယ်ဖို့ အမေနဲ့အတူ store အထိ ညတိုင်းလမ်းလျှောက်သွားရတယ်။

တစ်ခါတစ်လေ စပါဂတ်တီခေါက်ဆွဲဝယ်ဖို့ကို အကြွေစေ့တွေလည်း လိုက်ရှာရပြန်ပါရော။

Selena Gomez မှာ မုန့်ဖိုးမရှိလို့ စျေးသက်သာတဲ့ ပေါင်မုန့်နဲ့ချိစ်တွေပဲ စားပြီး ကြီးပြင်းလာခဲ့ရပါတယ်။

ကလေးသရုပ်ဆောင်ဖြစ်ဖို့ လူရွေးပွဲတွေသွားတော့လည်း ဝတ်စရာမရှိလို့ ဝမ်းကွဲမောင်နှမတွေဆီက အဝတ်တွေကို ငှားသွားရပါတယ်တဲ့။

စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရလို့ Selena က များသောအားဖြင့် သူ့အဖိုးအဖွားအိမ်မှာပဲ ကြီးပြင်းလာခဲ့ရပါတယ်။

သို့သော်လည်း မင်းသမီးပိုးပါတဲ့ သူ့အမေက audition တွေ သွားဖြေတိုင်း Selena ကို ခေါ်သွားလေ့ရှိပြီး concert တွေ လိုက်ပြဖို့အတွက်လည်း အမြဲပိုက်ဆံစုထားလေ့ရှိပါတယ်။

ဒီလိုနဲ့ အနုပညာဝါသနာပိုးကူးသွားတဲ့ Selena တစ်ယောက် ၇နှစ်အရွယ်လေးကတည်းက အနုပညာအလုပ်တွေ ကြိုးစားပမ်းစား လုပ်လာလိုက်တာ ၁၅နှစ်အရွယ်လေးနဲ့ မီလီယံနာစဖြစ်လာခဲ့ပါတယ်။

၂၀၁၉မှာ “Rare Beauty” လို့ ခေါ်တဲ့ ကိုယ်ပိုင် makeup line ကိုလည်း တည်ထောင်နိုင်ခဲ့ပြီး ယခုဆို အသက်၃၂နှစ်အရွယ်မှာ ဘီလီယံနာဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

အမျိုးသမီးအဆိုတော်တွေထဲ Rihanna နှင့် Taylor Swift ပြီးရင် Selena Gomez က ၃ယောက်မြောက် ဘီလီယံနာပါပဲ။

ဒါပေမယ့် Rihanna နှင့် Taylor Swift တို့က အသက်၃၃နှစ်မှာ ဘီလီယံနာဖြစ်ခဲ့ကြပြီး Selena Gomez က အသက်၃၂နှစ်မှာ ဘီလီယံနာဖြစ်ခဲ့လို့ အသက်အငယ်ဆုံး ဘီလီယျံနာအမျိုးသမီးအဆိုရှင်ပဲ ဖြစ်ပါတယ်။

ဘီလီယံနာဖြစ်လာနိုင်တဲ့ ပထမဦးဆုံး Disney/Nickelodeon star ပဲလည်း ဖြစ်ပါတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬

🛒 PLANET POP မှာ Music & Movie Streaming Services များအတွက် OFFICIAL PREMIUM များကို ဝယ်ယူရရှိနိုင်ပါပြီ။

29/07/2024

หยุดยาวนี้เจอเลย!!!

28/07/2024

"ခင်ဗျား ဦးနေဝင်းကို ကြောက်သလား"

"ဟာ"

လက်ညှိုးကြီးထိုး၍ မေးလိုက်သော စကားကြောင့် အောက်က ပရိတ်သတ်အားလုံး ဟာကနဲ ဟင်ကနဲ ဖြစ်ကုန်ကြသည်။

မေးလိုက်သူကတော့ စာပေဟောပြောပွဲစင်မြင့်ပေါ်က ဆရာသုမောင်၊ မေးခံလိုက်ရသူက မြို့နယ်ကောင်စီ ပါတီယူနစ်ဥက္ကဌကြီး။

* * *

၁၉၈၈ နှစ်ဦးပိုင်းလောက်က ဖဆပလရပ်ကွက်မှာ စာပေဟာပြောပွဲတစ်ခု ကျင်းပသည်။ ဟောပြောပွဲက ခမ်းခမ်းနားနား။ စာရေးဆရာများ ဟောပြောပွဲပြီးလျှင်လည်း ဂန္တဝင်အဆိုတော်ကြီးများဖြစ်သည့် စန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွဋ်တို့၏ အစီအစဉ်များလည်း ရှိသည်။ ဟောပြောပွဲကို ဆရာသုမောင် ရောက်လာတော့ တော်တော်လေး အရှိန်ရရနှင့် ရောက်လာသည်။

ဆရာသုမောင်၏ရှေ့ မှာ ဟောပြောသွားကြသူများက ဆရာကြီးတစ်ဦးနှင့် ဆရာမကြီးတစ်ဦး….။ ဆရာကြီးနှင့် ဆရာမကြီးတို့ ဟောပြောသွားသည့်ပုံစံကို ဆရာသုက သိပ်သဘောတွေ့ဟန်မတူ။ ဒါနှင့် ဆရာသုမောင်အလှည့် စင်ပေါ်ရောက်တော့ ဘာမှမပြောသေးပဲ ခဏ ငြိမ်နေသေးသည်။ နောက်မှ ခေါင်းပေါင်းစ တလူလူနှင့် ရှေ့ဆုံးတန်းမှာ ထိုင်နေသော စာရေးဆရာကြီးကို တည့်တည့်ကြည့်၍ "ဆရာကြီးက အဆိုတွေ အငိုတွေနဲ့ ဟောပြောသွားတာမို့ စာရေးဆရာ မဟုတ်ဘူး၊ ဘိတ်သိတ်ဆရာကြီးပါပဲ"ဟု ပြောထည့်လိုက်ရာ ဆရာကြီး ထပြန်သွားပါသည်။ ပရိတ်သတ်တွေလည်း နည်းနည်းတော့ ပြုံးစစ ဖြစ်ကုန်သည်။

ဆရာသုကတော့ ဘာကိုမှ မမှု။ နောက်ထပ် သွားတွေ့သည်က ဆရာမကြီး။ ဆရာမကြီးက သဇင်ပန်းတွေ တဝေဝေနဲ့ ပုဝါနှစ်ဖက်ကို စုံချ ဆင်မြန်းထားသည်။

“နောက်တစ်ယောက်ကလည်း စင်ပေါ်မှာ သီချင်းတွေ ဆိုလိုဆိုနဲ့ သူလည်း စာရေးဆရာ မဟုတ်ဘူး နတ်ကတော်ကြီးပါပဲ”

ပရိသတ်ကတော့ သိလိုက်ပြီ။

ဆရာသုတစ်ယောက် အရှိန်ကလေးနဲ့ ရစ်ပြီ ဆိုတာကို။ ဆရာမကြီးလည်း စလင်းဘက်လေး ကောက်ကိုင်၍ ဆူဆူအောင့်အောင့် ထွက်သွားသည်။

ဆရာမကြီး ထွက်သွားပြီးနောက် ပွဲခင်းထဲကို လိုက်လို့ကြည့်ပြန်သည်။ တွေ့ပြီ။ ဒီတစ်ခါ အလှည့်ကျလာသူ ကံဆိုးသူမောင်ရှင်ကတော့ မိုက်ကရိုဖုန်း ရှေ့တည့်တည့်မှာ ထိုင်နေမိသူ ပါတီယူနစ်ဥက္ကဌကြီးဖြစ်သည်။

"ခင်များ ဦးနေဝင်းကို ကြောက်သလား"

"ဟယ်..."

လက်ညိုးကြီးထိုး၍ မေးခံလိုက်ရသော ပါတီယူနစ်ဥက္ကဌကြီးကိုယ်တိုင် မျက်လုံးအပြူးသားနှင့် ဆွံ့အသွားသလို၊ ပရိတ်သတ်တွေအားလုံးလည်း ဟာကနဲ ဟင်ကနဲ ဖြစ်ပြီး လန့်ဖျတ်ကုန်ကြသည်။ ဒါပေမဲ့ ကျွန်တော်တို့ဆရာသုက အပါးပါ။

"ခင်ဗျား ကြောက်သလား၊ ဦးနေဝင်းဆိုတာ ကြောက်စရာ မဟုတ်ပါဘူး၊ ချစ်စရာပါ" ဘာညာကွိကွဖြင့် စကားလမ်းကြောင်းတွေ လွှဲချသွားပါမှ ပရိတ်သတ်အားလုံးမှာ 'ဟင်း ချနိုင်ခဲ့တော့သည်။

သု ဆိုတာ ကောင်းသော၊ မောင် ဆိုတာ လူကလေး။ ဒါကြောင့် သုမောင်ဆိုတာ ကောင်းသောလူကလေး လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့သော ကျွန်တော်တို့၏ဆရာသုမောင်သည် ရံဖန်ရံခါတော့ အတော်ပင် နွဲ့ဆိုး ဆိုးတတ်သော သဘောရှိပါသည်။

တစ်ခါကလည်း မော်လမြိုင်သင်္ကြန်မှာ။

မင်းသားကြီးဝင်းဦးနှင့် ဆရာသုကို ဖိတ်ကြသည်။ မော်လမြိုင်ကို ဆရာသု၏ မိခင်ကြီးရော၊ ယောက္ခမကြီးရော၊ ဇနီးဖြစ်သူ အေးဘုံရော၊ အခါလည်သမီးလေးရော လိုက်ပါလာခဲ့ပါသည်။

မော်လမြိုင်ကို ရောက်ရောက်ချင်းမှာပဲ တာဝန်ရှိသူများက လာခေါ်သည်။ အကြောင်းကတော့ ပြုစုဧည့်ခံဖို့ပါ။

ဆရာသုလည်း ယောက္ခမကြီးကို မျက်နှာချိုသွေးပြီး အသာလိုက်သွားသည်။ ဆရာသု ယောက္ခမကြီးက အရက်သောက်တာကို လုံးဝမကြိုက်။

ဟိုရောက်တော့ နာမည်ကြီးအဆိုတော် မင်းသားနှစ်ယောက်အတွက် လိုလေသေးမရှိ အကောင်းစားဝီစကီများဖြင့် ပြင်ဆင်ထားသည်။ သင်္ကြန်ကာလအတွင်းမို့ စိတ်ကြိုက် ဆော်ပလော်တီးလိုက်ကြလေရာ ညသန်းခေါင်လောက်မှာတော့ ဆရာသုကို တာဝန်ရှိသူများက တွဲပို့လိုက်ရသော အခြေအနေသို့ ရောက်ရှိသွားပါသည်။

ဆရာသု ညဉ့်လယ်လောက်ရောက်တော့ တစ်ရေးနိုးလာသည်။ အမူးကတော့ဖြင့် မပြေသေး။ မျက်လုံးဖွင့်ကြည့်လိုက်တော့ အမေယောက္ခမကြီးက သူ့ကုတင်ပေါ်မှာ တင်ပါးလွှဲထိုင်ရင်း ဆရာသု၏ ရင်ဘတ်ကလေးကို လက်ဖြင့်ဖိ၍ လေသံအေးအေးလေးနှင့် ဆုံးမရှာသည်။

"သားရေ၊ အမေ့မှာ သမီး လေးယောက်ရှိတော့ သားမက် လေးယောက် ရှိတာပေါ့ကွယ်။ အဲဒီသားမက် လေးယောက်ထဲမှာ သားကို အချစ်ဆုံးကွယ့်။ နာမည်ကြီးလို့ ပိုက်ဆံရှာနိုင်လို့ မဟုတ်ဘူး။ သားက စာရေးဆရာမို့လို့ကွယ်၊ အမေတို့အမျိုးထဲမှာ စာရေးဆရာရှိတာကို အမေက သိပ်ဂုဏ်ယူတာ၊ အရက်မသောက်ပါနဲ့လား"

အင်မတန်မှ ညွှတ်နူးဖွယ်ကောင်းသော အမေယောက္ခမကြီး၏ စကားပါ။

သို့သော် အမူးမပြေသေးသော ကျွန်တော်တို့၏ ဆရာသု ပြောမိပြောရာ ပြောလိုက်ပုံကတော့ "ဟုတ်ကဲ့ပါ အမေ၊ ကျွန်တော်ကလည်း ယောက္ခမတွေထဲမှာ အမေ့ကို အချစ်ဆုံးပါပဲ အမေ"

"ဟင်..."

ဤသို့ ဤသို့ဖြင့် ကျွန်တော်တို့ ချစ်ရပါသော ဆရာသုမောင်……။

* * *

ဆရာမင်းလူ စာရေးဆရာ စဖြစ်တော့ အသက်နှစ်ဆယ်ကျော်ကျော်လေးပဲ ရှိသေးသည်။ ဒါကတော့ သူတို့ညီအကိုတွေအားလုံး အတူတူပဲဖြစ်သည်။ သူတို့ အသက်နှစ်ဆယ်စွန်းစွန်းတွေမှာပဲ အောင်မြင်သော အနုပညာရှင်များ ဖြစ်လာခဲ့ကြသူများ ဖြစ်သည်။

ဆရာမင်းလူ စာရေးဆရာ စဖြစ်တော့လည်း စာရေးဆရာများကြားတွင် အငယ်ဆုံးလိုလို ဖြစ်နေသည်။ ဒီတော့လည်း စာရေးဆရာကြီးများနှင့် ယမကာဝိုင်း အတူထိုင်မိလျှင် ရံဖန်ရံခါ ကြားညှပ်တတ်သည်။ ဆရာများ အသောက်လွန်သွား၍ မူးသွားလျှင်လည်း ဆရာမင်းလူကိုသာ လိုက်ပို့ရန် တာဝန်ပေးလေ့ရှိသည်။

တစ်ခါတော့ ဆရာကြီးနှစ်ယောက်ကို လိုက်ပို့ရင်း လမ်းမှာ ပြဿနာတက်ကြသည်။ စာပေရေးရာ အယူအဆတစ်ခုကို ဆွေးနွေးငြင်းခုန်ရင်းမှ နှစ်ယောက်သား ထိုးမယ် ကြိတ်မယ် ဖြစ်လာတော့ ဆရာမင်းလူက ကြားဝင် တောင်းပန်ပေးရသည်။

“အေး ခင်ဗျားနဲ့ကျုပ် ဒီနေ့တာ နောက်ဆုံးပဲ၊ ဒီနေရာကပဲ လမ်းခွဲကြမယ်၊ ဟေ့ကောင် မင်း ငါနဲ့လိုက်ခဲ့"

ဆရာတစ်ယောက်က ပြောပြောဆိုဆို ဆရာမင်းလူ လက်ကို ဖမ်းဆွဲသည်။

ထိုအခါ ကျန်ဆရာတစ်ယောက်က "ဟား ဟား ဟား.. ဒီလိုလုပ်လို့ ရမလား၊ ဟေ့ကောင် သူနဲ့ မလိုက်နဲ့၊ သူနဲ့မင်း လိုင်းမတူဘူး။ ငါနဲ့လိုက်ခဲ့" ဆိုပြီး ဆရာမင်းလူ လက်တစ်ဖက်ကို ဆွဲပြန်သည်။

“အံမယ်…မင်းက ဖောက်ပြန်တဲ့ဒီကောင့်ကို အထင်ကြီးသလား၊ မင်းပဲ ငါ့ကဗျာတွေ ကြိုက်တယ်ဆို၊ လာ ငါနဲ့ လိုက်“

စသည်အားဖြင့် ဆရာမင်းလူ၏လက်နှစ်ဘက်အား အပြန်အလှန် ဆွဲကြလေတော့ရာ ခပ်ပိန်ပိန် ဆရာမင်းလူခမျာ လွန်ဆွဲပွဲတွေမှာလို ဟိုဘက်ကို ပါသွားလိုက်၊ ဒီဘက်ကို ပါလာလိုက်နှင့် ဖြစ်နေသည်။

ဘယ်ဘက်မှ မပါသွားအောင်ဆိုပြီး တောင့်ထားလိုက်တော့လည်း အပြန်အလှန် ဆွဲထားကြသော ဆရာနှစ်ပါး၏အလယ်မှာ သူက ကားယားကြီး ဖြစ်နေပြန်သည်။ နောက်ဆုံး ဆရာမင်းလူ သည်းမခံနိုင်တော့။

“တော်ကြပါတော့ဗျာ ဘယ်သူနဲ့ မလိုက်ဘူးဗျာ"

ဆရာမင်းလူခမျာ လွန်ဆွဲသလို အပြိုင်ဆွဲနေကြသော ဆရာကြီးနှစ်ပါး၏လက်မှ အတင်းရုန်းကန် ထွက်ပြေးခဲ့ရလေသည်။

နောက်ဆရာတစ်ယောက်ကမူ တစ်မျိုး။

အရက်မူးပြီးလျှင် လမ်းမှာတွေ့သည့် ဓာတ်တိုင်များ သစ်ပင်များကို အတင်းဖက်တက်တတ်သည်။

တစ်ခါတော့ ထိုဆရာကို လိုက်ပို့ဖို့ ဆရာမင်းလူပဲ တာဝန်ကျပါသည်။ ဆရာက အပြန်လမ်းတွင် လမ်းမကြီးအတိုင်း သွားနေပါက ကြာသည်ဟုဆိုပြီး ရပ်ကွက်အကြိုအကြားတွေထဲက ဖြတ်သွားသည်။

တစ်နေရာမှာတော့ လမ်းတွေထဲက ဖြတ်အထွက်မှာ ကွင်းပြင်ကြီးတစ်ခုနားအရောက် ဖျတ်ကနဲ ထိုးလိုက်သော မီးရောင်ကို တွေ့တော့ ထိုဆရာက "ဟေ့ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ဖွံ့ ဖြိုးရေးကောင်စီက ကင်းလှည့်နေတာလား မသိဘူး၊ သစ်ပင်ပေါ် တက်ပုန်းနေရအောင်"

ဆိုပြီး သစ်ပင်ပေါ်သို့ လှစ်ကနဲ ပြေးတက်သွားသည်။

ထိုဆရာက မူးလာတိုင်း သစ်ပင်ပေါ်တက်နေကျမို့ အဆင်ပြေသော်လည်း ဆရာမင်းလူအဖို့တော့ အဆင်မပြေ။ သစ်ပင်ပေါ် တက်ပုန်းနေပြီး မိသွားကာမှ ပိုဆိုးနေမည် စိုးပါသဖြင့် အောက်မှာပဲ ရပ်နေလိုက်သည်။ ထိုအချိန်မှာပဲ မီးရောင်နှင့်လူများက အနားရောက်လာသည်။

"ဘာလုပ်နေတာလဲ"

"ဟို ဟို … အပေါ့သွားမလို့ပါ"

“စောဓစာက နှစ်ယောက် မြင်လိုက်ပါတယ်၊ တစ်ယောက်က ဘယ်ရောက်သွားတာလဲ"

ဆရာမင်းလူမှ အင်း အဲဖြင့် အဖြေရခက်နေတုန်းမှာပဲ သစ်ပင်ပေါ် ရောက်နေသော ထိုဆရာမှ တာဇံလို အူး အား အော်ဟစ်ပြီး ဝုန်းကနဲ ခုန်ဆင်းလာရာ အားလုံး လန့်ဖျန့်ကုန်သည်။

"ဟင်… ခင်ဗျား ဒါ ဘာလုပ်တာလဲ၊ ဒါဘာလုပ်တာလဲ ဟင် ခင်ဗျား"

ထိုဆရာကလည်း မခံ၊ ခပ်တည်တည်နှင့် ပြန်ဟောက်သည်။

"ခင်ဗျားတို့ကရာ ဘာလဲ၊ စစ်လား မေးလားနဲ့"

"ကျုပ်တို့က ရပ်ကွက်ကောင်စီဝင်တွေဗျ၊ တာဝန်အရ မေးနေတာ"

"ကျုပ်လည်း ကောင်စီဝင်ပဲ"

"ဒါဆို အဖွဲ့ဝင်ကဒ်ပြား ပြ"

"ရော့"

ထိုဆရာက ကဒ်ပြားတစ်ခုကို ခပ်တည်တည်နှင့် ထုတ်ပေးလိုက်သည်။ ကဒ်ပြားက ကောင်စီဝင်တော့ ကောင်စီဝင်ကဒ်ပြား၊ ဒါပေမဲ့ ပန်းချီပန်းပု ကောင်စီဝင်ကဒ်ပြား ဖြစ်နေသည်။

ဒါပေမဲ့ တော်ပါသေးသည်။

"ဪ ပန်းချီဆရာတွေကိုး၊ ဒါနဲ့ ညကြီးမင်းကြီး သစ်ပင်ပေါ် ဘာတက်လုပ်ရတာတုန်း"

ဒီတစ်ခါတော့ ထိုဆရာ ပါးစပ် မဟခင်မှာ ဆရာမင်းလူက အလျှင်အမြန် ဝင်ပြောသည်။

"ဟို ပန်းချီဆွဲဖို့ ညရှုခင်း ကြည့်နေကြတာပါ"

"ဟင် "

* * *

ဆရာမောင်ဝဏ္ဏက တစ်မျိုး။

ဆရာမင်းလူကတော့ အကိုအကြီးဆုံးဖြစ်သော ဆရာမောင်ဝဏ္ဏနှင့် တစ်ခါ အတူသောက်မိရာ ခြောက်ကပ်ကပ်ကြီး ပွဲသိမ်းခဲ့ရသည်ဟု ဆိုသည်။ ဆရာမောင်ဝဏ္ဏမှာ ပင်ကိုယ်အားဖြင့်ပင် စကားနည်းပြီး အတွေးသမားဖြစ်လေရာ သောက်လေ ငြိမ်လေဖြစ်ပြီး စကားလည်း တစ်ခွန်းမှ မပြောတော့။ ဆရာမင်းလူကလည်း အကိုအကြီးဆုံးနဲ့ ညီအငယ်ဆုံးဖြစ်လေတော့ ရှိန်ပြီး စကားစမြည် မပြောရဲ။ ထို့ကြောင့် ခြောက်ကပ်ကပ် ဖြစ်သွားခဲ့ရခြင်းပင်။

ဆရာမောင်ဝဏ္ဏသည် ဆရာမင်းလူနှင့် အတူတူ ထိုင်ခဲသော်လည်း ဆရာသုမောင်နှင့်မူ အတူတူ အလွဲလေးတွေ ဖြစ်ခဲ့ဖူးသည်ဟု ပြောလို့ရမည် ထင်ပါသည်။ အလုပ် အတူတွဲလုပ်ရင်းနဲ့ပါ။

တစ်ခါတော့ ဆရာမောင်ဝဏ္ဏ၊ ဆရာသုမောင်၊ မင်းသားစိန်မြင့်တို့ ငပလီမှာ အတူဆုံကြသည်။ ဆရာမောင်ဝဏ္ဏက ဒါရိုက်တာ၊ မင်းသားက စိန်မြင့်နဲ့ သုမောဝ်၊ ရုပ်ရှင်ကားတစ်ကား ရိုက်ကူးကြခြင်း ဖြစ်ပါသည်။ ထိုအချိန်က ဆရာမောင်ဝဏ္ဏ ယမကာ မှီဝဲသေးသည်။ မဖြတ်ရသေး။

ထုတ်လုပ်သူကလည်း မင်းသားကြီး ဦးစိန်မြင့်ပင် ဖြစ်လေရာ ဘာပြောကောင်းမည်နည်း၊ သုံးယောက်သား ပင်လယ်ကြီးနှင့်အတူ နေ့မူး ညမူး မူးကုန်ကြတော့သည်။

ထိုအချိန်မှာပင် အရေးတော်ပုံက ပေါ်လာသည်။ အကြောင်းမှာ ရိုက်လက်စ ကင်မရာ ပျက်သွားခြင်းပင်။ ကင်မရာက ဖခင်ဖြစ်သူ ဆရာကြီးဦးသာဓု၏ အပိုင်ကင်မရာ။ ဆရာကြီးဦးသာဓုက သူ့ကင်မရာ ပျက်လျှင် ဘယ်သူကိုင်တာကိုမှ မကြိုက်။ သူကိုယ်တိုင် ပြင်ရမှ ကျေနပ်သူဖြစ်သည်။ ယခုလည်း ကင်မရာပျက်ပြီဆိုတော့ ဆရာကြီးဦးသာဓုကို ဖုန်းဆက်ခေါ်ရသည်။

ဆရာကြီးဦးသာဓု ရောက်လာတော့ သုံးမယာက်သား ဂွကျကုန်ကြသည်။ ဆရာကြီးဦးသာဓုက အရက်ကို အလွန်မုန်းသူဖြစ်သည်။

ဆရာသုတို့၊ ဆရာမောင်ဝဏ္ဏတို့ သုံးယောက်ကလည်း မနေနိုင်၊ ဆရာကြီး မသိအောင် ခိုးသောက်ကြသည်။ ပုလင်းများကို သဲထဲတွင် မြုပ်ထားပြီး ဆရာကြီး အိပ်လောက်ပြီဆိုမှ ထထ တွယ်ကြသည်။ သို့သော်လည်း တစ်ရက်မှာတော့ ဆရာကြီးနှင့် မိတော့သည်။ ပင်လယ်ဒီရေက မြုပ်ထားသော ပုလင်းများကို ဖော်၍ ဘန်ဂလိုအနားသို့ အရောက် ပို့ဆောင်ပေးပေရာ ဆရာကြီးနှင့် တည့်တည့်တိုးသွားခြင်းပင်။

ဆရာကြီးကလည်း ပါးသည်။ အသာလေး မသိချင်ယောင်ဆောင်နေသည်။ သူတို့ သောက်နေလောက်ကြပြီဆိုသည့်အချိန်မှ လှမ်းခေါ်သည်။

"ဟေ့ ဟို ဇိုးသမား သုံးကောင် လာခဲ့ကြစမ်း"

ဆရာမောင်ဝဏ္ဏတို့ သုံးယောက်မှာ ပါးစပ်ပင် မဆေးအား။

ဆရာကြီးဦးသာဓုရှေ့ မှာ မတ်တပ်ရပ်လိုက်ကြသည်။

“ဟေ့ကောင် ငစိန်မြင့်၊ မင်းပါးစပ်ကို ဟား လို့ လုပ်စမ်း"

မင်းသားဦးစိန်မြင့်ကလည်း လူပါး၊ ဟားလို့တော့ လုပ်ပါရဲ့၊ ဒါပေမဲ့ လေကို အပြင်မမှုတ်ပဲ ပါးစပ်ထဲ ရှိုက်သွင်းလိုက်သည်။

"အံမာ…မင်း ငါ့ကို နောက်စရာ အောက်မေ့တာလား၊ ကဲကွာ"

ဖျောက်ကနဲ မြည်သံနှင့်အတူ ဆရာကြီးဦးသာဓု၏လက်သီးက ဦးစိန်မြင့်ပါးပေါ် ကျရောက်သွားသည်။ ခွပ်ကနဲ မမြည်ရတာက သားအရင်းမဟုတ်လို့ လျော့ထိုးလိုက်ခြင်း ဖြစ်သည်။

နောက်တစ်ခါ ဆရာသုမောင်အလှည့်။ ဆရာသုမောင်ကလည်း အကယ်ဒမီမင်းသားပဲ။

ရုပ်ရှင်ထဲကအတိုင်း လက်သီးနှင့် မထိခင်လေးမှာ နောက်သို့ အလိုက်သင့် လှန်ချလိုက်သည်။ ကြမ်းပြင်ပေါ်မှာ ပုံလျက်သားလေး လဲလို့။

နောက်တစ်ခါကတော့ ကျွန်တော်တို့ဆရာမောင်ဝဏ္ဏ အလှည့်။ အကယ်ဒမီဒါရိုက်တာကြီး ဖြစ်သော်လည်း အပြင်တွင်တော့ အိုက်တင် လုပ်တတ်ဟန် မတူ။ လုပ်ရဲရင် ခံရဲရမယ်ဆိုသော အယူအဆနှင့်အတူ မာန်တင်း၍ ခံလိုက်ရာ ဆရာကြီးဦးသာဓု၏ လက်သီးနှင့် သူ့ပါးရိုးငေါငေါမှာ အုပ်ကနဲ မိတ်ဆက်သွားတော့သည်။

ဆရာမောင်ဝဏ္ဏမှာ အရက်ရှိန်ကလေးကလည်း ရှိ၊ ထိုးရက်လေခြင်းရယ်လို့ ဝမ်းနည်းသွားသောကြောင့်ရယ်လေလား မသိ။ ကိုယ်ခန္ဓာကို ချက်ခြင်းပြန်မတ်၍

"ထိုးလိုက်စမ်းပါ အဖေ၊ ကျွန်တော့်ကို အားရအောင် ထိုးလိုက်စမ်းပါ အဖေ"

"ဟင်"

ဒီတစ်ခါမှ ဆရာကြီး ဦးသာဓု တကယ်ဒေါသထွက်လေပြီ။

"ခွေးဖြစ်မယ့် နွား၊ ကဲကွာ ကဲကွာ"

"အောင်မလေးဗျ"

ဆရာမောင်ဝဏ္ဏတစ်ယောက် ငပလီသဲသောင်ပြင်ပေါ်သို့ အူယားဖားယား ထွက်ပြေးရှာချပြီတကား။

* * *

ချစ်ခင်မိရသော အနုပညာရှင်များ၏ ယမကာအလွဲလေးများကို သတိရလို့ပါ။ ကျွန်တော်တို့အားလုံးနီးပါးသည် ယမကာကို နည်းနည်းဖြစ်စေ များများဖြစ်စေ မြည်းစမ်းဖူးကြပါသည်။ ယမကာ မြည်းစမ်းဖူးသူတိုင်း တစ်ခုမဟုတ် တစ်ခု အလွဲလေးတွေ ကြုံဖူးကြပါလိမ့်မည်။

တစ်ယောက်နှင့်တစ်ယောက် အလွဲလေးတွေ တူကြမည် မထင်။ အချို့သူတို့၏အလွဲများမှာ ဆိုးဆိုးရွားရွား၊ အချို့သူတို့၏ အလွဲများက ပြုံးချင်စရာ၊ အချို့သောသူတို့၏ ယမကာအလွဲများကမူ ချစ်စရာကောင်းနေပါသည်။

------------------

မောင်ဗလ အလွမ်းပြေမှတ်စုများ (ကလောင်စုံ)
ယမကာလုလင် (မင်းလူ)
အရက်သမား အမှားတစ်ခါ (သုမောင်)

❗️မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။

Photos from Bookman's post 28/07/2024
28/07/2024
16/07/2024

ဗိုလ်ချူပ်အောင်ဆန်း
အရမ်းတော်
စာတတ်ပေတတ် ဆရာကြီးတွေတောင်
တလေးတစားပြုကြ
သို့သော်..တချိူ့က..

15/07/2024

လူတစ်ယောက်
သူ့အနာဂတ်ကိုသိချင်ရင်
သူ့အားလပ်ချိန်ကိုကြည့်ပါ......

09/03/2023

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။
အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်။
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြုတ်ပြန်တယ်။
သူ ဥပဒေကျောင်း၀င်ခွင့်လျောက်တယ် မရဘူး။
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်။
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်။
အသက် ၂၀ မှာ သူ့မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့အတူအိမ်ပေါ်ကဆင်းသွားတယ်။
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်။
မိန်းမနဲ့ကွဲနေချိန်မှာ သူ့သမီးကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဒီလိုနဲ့သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်။

သူ စစ်တပ်ထဲဝင်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်။

အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်။
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ကို အဲဒီလိုမြင်တယ်လို့သူခံစားရတယ်။
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့မတန်ဘူးဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိူးစားခဲ့တယ်။
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့သလည်းဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ရဲ့အားသာချက်လေးတစ်ခုသူတွေ့မိတယ်။ အဲ့တာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့ $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့လို အပ်တဲ့တန်ဆာပလာတွေကို၀ယ်ကာ သူ့ရဲ့ ကြက်ကြော်ကို တအိမ်၀င် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။

ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ကိုယ်သူ့အဆုံးစီရင်ဖို့ကြိူးစားခဲ့ဘူးတယ်ဆိုတဲ့အချက်

သို့သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။

စိတ်ဓါတ်ရေးရာအရ သင်ခန်းစာယူစရာများကတော့
1/ အလုပ်တစ်ခုကို စတင်ဖို့အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ်။ ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ပါစေ ဘယ်တော့မှအရူံးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ဝိရိယတွေရှိဖို့လိုတယ်။
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်။ သူများနဲ့မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။

အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှမရှိဘူး သူငယ်ချင်း

ီ_ဘာ_ဘာ

24/01/2023

စာဖတ်သူဟာ..
လက်ရှိ ဝင်ငွေနဲ့ မရပ်တန့်ဘဲ ဆက်လက်တိုးတက်ချင်တယ်ဆိုရင်

အသိလေး တခုပေးပါရစေ..

လူတွေရဲ့ ဝင်ငွေဟာ သူတို့ ရဲ့ အရည်အချင်းကောင်းနဲ့ တိုက်ရိုက် အချိုးကျပါတယ်

အရည်အချင်းကောင်း နည်းသူဟာ ဝင်ငွေနည်းပါတယ်
အရည်အချင်းကောင်း များသူဟာ ဝင်ငွေများပါတယ်...

ကိုယ်က ဝင်ငွေများချင်တယ်ဆိုရင် အရည်အချင်းကောင်းတွေမြှင့်ရပါမယ်...

ဒီလို မြှင့်လိုက်တိုင်းမှာ ဝင်ငွေတွေ လိုက်ပြီးတိုးပါတယ်...

အိုခေ...
ဒီ အသိလေးကို နားလည် လက်ခံလာပြီဆိုရင်..

ကိုယ်လိုချင်တဲ့ ဝင်ငွေတခုကို အရင် ရည်မှန်းပါ..
ဘယ်လောက်လိုချင်လဲ...
၁ဝ သိန်းလား၊ သိန်း ၂၀ လား၊ သိန်း ၄၀ လား...
သိန်း ၅၀ လား၊ သိန်း ၁၀၀ လား

ဒါကို ရည်မှန်းပြီးရင် ဒီ ဝင်ငွေတွေရနိုင်တဲ့
အလုပ်ကို စဉ်းစားပါ၊ ဒီအတွက် လိုအပ်တဲ့
အရည်အချင်းကောင်းတွေ ဆက်ဖြည့်ပါ။

ဒီမှာ အရေးပါလာမှာ တခုက အချိန်ပါ...

အကယ်၍ များ ကိုယ်ဟာ ဝင်ငွေ တိုးဖို့ ကြိုးစားနေပြီဆိုရင်
ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ ဒီဝင်ငွေ တိုးဖို့အတွက်
ဖြည့်ဆည်းပေးနိုင်တဲ့ အလုပ်တွေ ရွေးလုပ်ဖြစ်ဖို့လိုပါတယ်။

ဒီအလုပ်တွေ လုပ်လာပြီဆိုရင် ကိုယ့်ရဲ့အချိန်တန်ဖိုးလည်း
တက်လာပါတယ်။

ဥပမာ -
ဆိုပါစို့... ကျွန်တော်တို့ တနေ့ကို ၁၀ နာရီနဲ့
၁လကို ရက် ၂၀ လောက် အလုပ်လုပ်တယ်။
ဒီတော့... ရက် ၂၀ နဲ့ ၁၀ နာရီ မြှောက်လိုက်ရင်
ရက် ၂၀ x ၁၀ နာရီ = နာရီ ၂၀၀ ရမယ်...
(တလကို နာရီ ၂၀၀ အလုပ်လုပ်တယ်ပေါ့)

တလကို ၅ သိန်း ရတယ်ဆိုရင်
တစ်နာရီ ဘယ်လောက်တန်လဲတွက်ဖို့.
၅ သိန်းကို နာရီ ၂၀၀ နဲ့ပြန် စားကြည့်ရအောင်
လခ ၅ သိန်း / နာရီ ၂၀၀ = ၂၅၀၀ ကျပ် ရမယ်...
(တစ်နာရီဟာ ၂၅၀၀ ကျပ်တန်တယ်ပေါ့)

ကိုယ်က ဝင်ငွေ ၁၀ သိန်း ရချင်တာဆိုရင်
အခုန တွက်ခဲ့သလို ...
ဝင်ငွေ ၅ သိန်းမှာ တစ်နာရီ ၂၅၀၀ တန်ရင်..
ဝင်ငွေ ၁၀ သိန်းမှာ တစ်နာရီကို ၅၀၀၀ တန်ပါတယ်...
သိန်း ၂၀ ဆိုရင် တစ်နာရီကို ၁ သောင်းတန်ပါတယ်...
သိန်း ၂၀၀ ဆိုရင်တော့ တစ်နာရီကို ၁ သိန်းတန်သွားပါတယ်...

ကဲ... နာရီတွေဟာ တန်ဖိုးတက်လာပြီလား...

"ကိုသူရရေ.. ဒီလောက် ရပါ့မလား" လို့ တွေးနေရင်
ဟုတ်ကဲ့.. ရနိုင်ပါတယ်..

အရည်အချင်းကောင်းတန်ဖိုးတွေသာ မြှင့်လိုက်ပါ...
နာရီတိုင်းဟာ အဖိုးတန်လာပါတယ်...

လူတွေ ဖေ့ဘွတ် တခါသုံးရင် မသိလိုက်၊ မသိဖာသာနဲ့
၁၅ မိနစ်လောက် ကုန်သွားတတ်ပါတယ်..

တနေ့ကို အနည်းဆုံး ၄ခေါက်ပဲ ကြည့်ဦး (ဒီ့ထက်များပါတယ်)
၁နာရီ ကုန်သွားပါပြီ။

အကယ်၍ များ ကိုယ်က ဝင်ငွေ သိန်း ၂၀ မှန်းထားရင်...
၁နာရီ ၁သောင်း ပလုံခနဲ ဖြစ်သွားပါတယ်...

ဒီအသိဝင်လာတဲ့အတွက်...
ကျွန်တော်ဟာ ဝင်ငွေ ဒီလောက်နဲ့ မရပ်တန့်ချင်ပါဘူး...
ကျွန်တော် ဒီ့ထက် ရချင်ပါတယ်... ရနိုင်တယ်လို့လည်း ယုံတယ်...
ဒီအတွက် နည်းလမ်းတွေရှာတယ်...
ပညာတွေ ထပ်ပြီး စုဆောင်းတယ်၊
လက်တွေ့ ကျင့်သုံးတယ်...

တကယ် တိုးတက်လာပါတယ်...
ခက္တာ တခုက...
တိုးတက်လာတာနဲ့ အညီ အလုပ်တွေ အများကြီးပိလာတယ်...

အလုပ်တွေ မပြီးဖြစ်လာပါတယ်...
ဟိုဟာလုပ်ရမလို... ဒီဟာပဲလုပ်ရမလို...
ဟိုအလုပ်လည်း မပြီး... ဒီအလုပ်လည်း မပြီးဖြစ်ပါတယ်...
မိတ်ဆွေလည်း ကြုံဖူးမယ်ထင်ပါတယ်..

ဒီတော့ ဘာလုပ်ရမလဲ.. ဆက်ပြီး လေ့လာတယ်။
ဒီတော့ စာအုပ်တွေဖတ်ကြည့်ပါတယ်..
အလုပ်ပြီးဖို့ အချိန်ကို စီမံရမယ်တဲ့.. Time Management ပေါ့ဗျာ...

လုပ်ရမယ့် အလုပ်တွေကို နေ့စဉ် ToDo list အနေနဲ့ ချရေးပါတဲ့..

ဒါနဲ့ ချရေးကြည့်ပါတယ်.. လိုက်လုပ်ပါတယ်...

ပထမပိုင်းတော့ ဟုတ်မလိုလိုပဲ..

List ထဲက အလုပ်တွေ ပြီးပေမယ့် တကယ့်တိုးတက်မှု ကို မမြင်ရဘူး...
တကယ် ပြီးရမယ့် အလုပ်တွေ ပြီးမလာဘူး...
မပြီးသေးတဲ့ ..အလုပ်တွေကြည့်ပြီး စိတ်ဖိစီးလာတယ်..

အချိန်ဇယားတွေဆွဲဆိုလို့လည်း ဆွဲကြည့်တယ်...
ဒါလည်း ၁ပတ်၊ ၂ပတ်ပဲ..
ပြီးရင် ပြန်မေ့ပျောက်ပျောက်ဖြစ်ပြီး ... မလုပ်ဖြစ်ပြန်ဘူး

ဘာလိုနေသလဲ??

ဒီမှာ တွေ့လာတာက နည်းလမ်းသိယုံတင်မရသေးဘူး။
အသုံးပြုပုံလည်း သိရမယ် ဆိုတာပါ..

အလုပ်တွေ ပြီးယုံတင် မရသေးဘူး၊
အရေးကြီးတဲ့ အလုပ်တွေကို ပြီးဖို့ ရွေးချယ်တတ်ရမယ်ဆိုတာပါ..

အလုပ်တွေ မြန်မြန်နဲ့ များများပြီးဖို့ လိုပါတယ်။
အဲ့ဒီ ပြီးရမယ့် အလုပ်တွေမှာလည်း အရေးကြီးတဲ့ အလုပ်တွေပါနေဖို့လိုပါတယ်...

ဒါမှ.. ပြီးသလောက် အကျိုးရှိလာမှာပါ..
ဒါမှ... အချိန်တွေ တန်ဖိုးတက်လာမှာပါ...

ဆက်လက်လေ့လာတဲ့အခါမှာ...
ဒီလို ပြောင်းလဲတိုးတက်ဖို့အတွက် ဦးနှောက်အလုပ်လုပ်ပုံနဲ့
အရေးကြီးတဲ့ အလုပ်တွေကို ပြီးမြောက်အောင်
အချိန်ကို အသုံးပြုစီမံခန့်ခွဲပုံကို သိဖို့လိုပါတယ်။

အချိန်ဟာ စိတ်ခံစားမှုနဲ့ဆိုင်ပါတယ်..
ကိုယ်ကြိုက်တာ လုပ်နေရင်... အချိန်ကုန်မှန်းမသိကုန်ပြီး
မကြိုက်တာ လုပ်ရရင်တော့... အချိန်ကြာတယ်လို့ ခံစားရမှာပါ..
ဒီလို ခံစားမှုဟာ ဦးနှောက်က ထုတ်ပေးပါတယ်..

ဒီတော့..
အချိန်ထက် အလုပ်ကို ရွေးတတ်ဖို့ လိုပါတယ်..
ဘယ်အလုပ်ကို ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာလည်း သိဖို့လိုပါတယ်..

မနက်မှာ ဘယ်အလုပ်ဟာ အသင့်တော်ဆုံး..
နေ့လည်မှာ ဘယ်အလုပ်ဟာ အသင့်တော်ဆုံး...
ညနေမှာ ဘယ်အလုပ်ဟာ အသင့်တော်ဆုံး...
ဆိုတာတွေ သိလာရင်.. ဖေ့ဘွတ်လည်း ဖြတ်စရာမလိုသလို...
အလုပ်တွေ မပြီးလို့ စိတ်ဖိစီးတာတွေလည်း မဖြစ်လာတော့ပါဘူး...

ဒီနည်းလမ်းတွေကို ဆက်လက်လေ့လာပြီး.. ကျင့်သုံးခဲ့တာ
လက်ရှိအထိ နေရာတခု ရောက်လာပါပြီ။

ဘယ်အလုပ်ကို ဘယ်အချိန်မှာလုပ်ပြီး
ဘယ်လိုပြီးရမယ်ဆိုတာပါ အဆင်သင့်ဖြစ်နေပါပြီ။

အလုပ်ပုံကို တွေ့လို့ စိတ်ညစ်နေမယ့်အစား...
ဆက်တိုက် အစဉ်အတိုင်း ဘယ်အလုပ်ကို ဘယ်အချိန်မှာ
လုပ်မယ်ဆိုတာ တန်းပေါ်နေပါပြီ။

ဘာနဲ့တောင် သွားတူလည်းဆိုရင်...
ရန်ကုန်မြို့ကြီးပေါ်ကို ကျွန်တော် အူလည်လည်နဲ့တက်ခဲ့တုန်းက
ဘယ်ကားက ဘယ်ကို ရောက်တာ မသိတဲ့အတွက်...
ခဏခဏ မှားစီးခဲ့ပေမယ့်..
အချိန်ကြာလာတော့... ဘယ်အချိန်မှာ ဘယ်ကားစီးရမယ်ဆိုတာကို
သိလာပြီး.... သာသာယာယာ အိမ်ပြန်နေရသလိုပါပဲ..

အလုပ်လည်းပြီး... အချိန်လည်းပိုရ....
စိတ်လည်းအေး... ဝင်ငွေလည်းတိုးပေါ့ဗျာ..

ကိုယ်ရော...
ဒီလိုမျိုး အရေးကြီးတဲ့ အလုပ်တွေကို စိတ်ဖိစီးမှု မများပဲနဲ့
စိတ်လက်ကြည်ကြည်နဲ့... ဘယ်အချိန်မှာ ဘာလုပ်ရမယ်...
ဘယ်လို လုပ်ရမယ်ဆိုတဲ့ နည်းလမ်းသာ သိသွားရင်...
ဘယ်လောက်များ အဆင်ပြေမလဲ...

ပြောလက်စနဲ့.. ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပါ့မယ်..

ကျွန်တော်တို့ Neuroscience ဆိုတဲ့ ဦးနှောက်အကြောင်း
လေ့လာတဲ့အခါမှာ... ဦးနှောက်ဟာ Focus (အာရုံစိုက်မှု)
အပေါ်မူတည်ပြီး အလုပ်လုပ်ပါတယ်.

ဥပမာ။။
ကိုယ်က အလုပ်တခု လုပ်ချိန်မှာ၊ အခြားတခုကို
သွားစဉ်းစားနေရင် Focus ပြောင်းသွားပြီး..
လက်ရှိအလုပ်လည်းမပြီး..
နောက်အလုပ်လည်း မစဖြစ်...ဖြစ်တတ်ပါတယ်။

ဒီလို.. မစဖြစ်တော့ ရှေ့ရေးကို ...ပိုစိုးရိမ်ပြီး.. ပိုတွေး..
ပိုတွေးတော့ လက်ရှိအလုပ်က ပိုမပြီး... ဒီလိုနဲ့
လုံးလည် ချာလည် လိုက်နေတတ်ပါတယ်...
(ဖြစ်ဘူးလား မသိဘူး)

ဒီလိုနဲ့ နေ့စဉ်ရက်ဆက်ဖြစ်လာရင်...
တလကြာလည်း .. ဘာမှ ဖြစ်မလာ..
နှစ်လကြာလည်း .. ဘာမှ ဖြစ်မလာ...
တစ်နှစ်ကြာတော့လည်း... ဘာကြီးမှ မဖြစ် ဖြစ်လာပါတယ်..

အရေးကြီးတာက... ကျွန်တော်တို့ အလုပ်အပေါ် စိတ်ချနေဖို့ပါ..
တနည်းအားဖြင့်.. ဘယ်အလုပ်ကို ဘယ်အချိန်လုပ်မယ်ဆိုတာကို
စီစဉ်ထားနိုင်ရင်... စိတ်အေးလက်အေး Focus ကောင်းကောင်းနဲ့
လက်ရှိ အလုပ်ကို ပြီးအောင် လုပ်နိုင်ပါမယ်...

အချိန် အပိုင်းလိုက် Focus နဲ့သွားတဲ့အတွက်..
တခုပြီး တခု.. သူရောက်လာတဲ့ အချိန်တွေမှာ ..
လုပ်သွားရင်းနဲ့ အလုပ်တွေ တခုခြင်း ရှင်းနိုင်လာပါမယ်..

တရက် အလုပ်တွေ အပြီးဖြတ်...
တလ အလုပ်တွေ ဖြတ်...
နှစ်လကြာတာ့ အလုပ်တွေ အရှိန်အဟုန်နဲ့ပြီး..
တစ်နှစ်ကြာတော့ အရေးကြီးအလုပ်တွေ ပိုမိုပြီးမြောက်လာတဲ့အတွက်
အရှိန်အဟုန်ကောင်းကောင်းနဲ့
တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်...
ဘဝတိုးတက်မှု ကောင်းလာပါမယ်..

အလုပ်ကောင်းတွေ ရွေးချယ်ပြီးမြောက်အောင်
လုပ်နိုင်တဲ့အကျိုးကြောင့်... ဝင်ငွေကောင်းလည်း တိုးလာပါမယ်...

ဒီလို Focus ပြောင်းလဲဖို့အတွက် အလုပ်လုပ်ချိန်မှာ
မိမိကို အနှောင့်အယှက် မပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်း
ဖန်တီးပေးနိုင်ရပါမယ်..

အကောင်းဆုံးကတော့.. အလုပ်လုပ်ချိန်မှာ ဖုန်းကို
Silence (သို့) Flight Mode ပြောင်းထားတာပါပဲ...

ဒီ့အပြင်... အချိန်ဇယားဆွဲမယ်ဆိုရင်..
ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကြီးပဲ မထည့်ဘဲ..
ဦးနှောက်ရဲ့ အချိန်ပေါ်မူတည်ပြီး .. အလုပ်လုပ်ပုံကို
နားလည်ထားရပါမယ်။

(အများအားဖြင့် ဦးနှောက်ဟာ မနက်ပိုင်းမှာ
အင်ပြည့်အားပြည့်နဲ့ Focus လုပ်နိုင်ပါတယ်။)

ဒီလို သိထားမှ.. ဘယ်အချိန်မှာ Focus များတဲ့ အလုပ်လုပ်မယ်၊
ဘယ်အချိန်မှာတော့ Focus နည်းတဲ့ အလုပ်လုပ်မယ်၊
ဘယ်အချိန်မှာတော့ စိတ် အပမ်းပြေအောင် နေမယ်။
ဘယ်အချိန်မှာတော့ လူတွေနဲ့ စကားပြောမယ်။. စသဖြင့် စီစဉ်ထားနိုင်ရင်..

ဦးနှောက် အတွက် အလုပ်အစီအစဉ် ကျနတဲ့အတွက်
ဦးနှောက်ကြီးလည်း မပင်ပန်းတော့ပါဘူး.

ဦးနှောက်က သူမပင်ပန်းဘူးထင်လာရင်..
အလုပ်ကို ပင်ပန်းတယ်လို့မမြင်ဘူး
ပျော်စရာ... အလေ့အကျင့်တခု၊ လုပ်ရိုးလုပ်စဉ် တခုလိုမြင်လာပါမယ်။
ဒါဆိုရင် အချိန်ဇယားကို ပိုပြီးလုပ်ချင်လာမယ်။
ကျွန်တော်တို့ အရေးကြီးတဲ့ အလုပ်တွေကို ပိုပြီးမြောက်လာမယ်..

ဒီအတိုိင်းရှေ့ဆက်သွားရင်...
ငယ်ငယ်က လောက်စာလုံး လိမ့်သလို၊
အရှေ့က တခုကိုထိလို့၊ နောက်က တခုတွေပါ
ဆက်တိုက်အဆင့်အဆင့်ထိပြီး လဲသွားသလို...

အလုပ် တခုပြီးသွားတာနဲ့... နောက်အလုပ်တွေပါ ဆင့်ကဲ ဆင့်ကဲ့...
ပြီးလာပါမယ်..

နေ့ရက်တိုင်းမှာ အလုပ်ဝန်မပိ...
ပိုမို လွတ်လပ်ပေါ့ပါးလာပြီး...
အလုပ်ဖိစီးမှုဒဏ်ကလျော့ချနိုင်ပါမယ်...
ကိုယ့်အတွက် အပမ်းဖြေအချိန်ရော..
မိသားစု အချိန်တွေပါ ပေးနိုင်လာပါမယ်..

မိသားစု နဲ့ ထမင်းဝိုင်းမှာ အလုပ်အကြောင်းတွေးမနေပဲ...
ကျေးဇူးရှင် အဖေ၊ အမေ၊..
ချစ်ခင်ပွန်း၊ ချစ်ဇနီး၊ ...
သားလေး၊ သမီးလေးတို့အတွက်...
မိသားစု ပိုစည်းလုံးသွားစေမယ့့် နှလုံးသား စကားတွေ ပြောဖြစ်လာပါမယ်..

စာတောင် အတော်ရှည်သွားပြီဗျာ...

သင်ကြား ကျင့်သုံးခဲ့တဲ့
Modern Applied ways of using Time Efficiently (MATE)
အဆင့်မြင့် အချိန်ကို ကောင်းကောင်းအသုံးချနည်း သင်တန်းရဲ့
နည်းလမ်းပေါင်းများစွာထဲက...

အခြေခံ အချက်လေးကို ဒီ စာဖတ်နေသူအတွက်
အကျိုးရှိအောင် ဆွဲထုတ်ရေးသားပေးလိုက်ပါတယ်..

အဆင်ပြေပါစေဗျာ..

ီ_ဘာ_ဘာ

15/12/2022

ရင်းနှီးမြုပ်နှံမှု တစ်ခု အတွက် ..သတိထားစရာတွေ... အပိုင်း (၁)
ခုတလောတော့ ရင်းနှီးမြုပ်နှံမှု အကြောင်းလေးတွေ ပဲ ပြောပြချင်နေတဲ့စိတ်ဖြစ်နေတော့ Investment အကြောင်း လေးပဲ ထပ်ပြီး မျှဝေဖြစ်ပါတယ်။ ဒီတစ်ခါတော့ ရင်းနှီးမြုပ်နှံမှု လုပ်မယ် ဆိုရင် ဒီလို အချက်လေး တွေကို သတိထားသင့်ပါတယ်။ ပုံမှန် Investment လုပ်နေကျ သူတွေကတော့ ဒါတွေကို Street - smart အနေနဲ့အတွေ့အကြုံက သင်ပေးလို့ အလိုလို နားလည် နေပြီး ဖြစ်နိုင်ပေမယ့် အခု မှ စတင် မယ့်သူတွေ ကျတော့ ကြိုတင်သိရှိထားတာ ကျေးဇူးအများကြီး ရှိပါတယ်။ ကဲ…ဒါဆို ဆက် လေ့လာကြည့်ရအောင်ပါ။
(၁) High Return, High Risk
ဒါက ကျွန်တော် အမြဲ ကိုပြောနေကျ concept တစ်ခုပါပဲ။ ရင်းနှီးမြုပ်နံှမှု လုပ်တဲ့အခါ ပြန်ရနိုင်တဲ့ အမြတ် အစွန်းပမာဏ ကသိပ်ကို များနေရင် ထည့်လိုက်တဲ့ ငွေရင်းဆုံးရှုံး နိုင်မယ့် Risk က လဲ သိပ်မြင့်လေ့ ရှိပါတယ်။ ငါးဆိုတာ ငါးစာကိုပဲမြင်ပြီး ငါးမျှားချိတ်ကို သတိမမူတတ်သလို စတင်ပြီး ရင်းနှီးမြုပ်နှံမယ့်သူတွေက လဲ High Return ကိုသာ ထင်းထင်းကြီးမြင်၊ လောဘ တက်လာကာ ဆုံးရှုံးနိုင်မှုကို မေ့သွားတတ်ကြပါတယ်။ ဆုံးပြီလဲဆိုရော Emotion တွေ တက်လာကာ မဖြစ်သင့်တာ တွေ ဖြစ် လာပါတော့တယ်။
ကျွန်တော့် မိတ်ဆွေ Partner တစ်ဦးက ကိုယ်ပိုင်စီးပွားရေး လုပ်တဲ့ အပြင် Stock Trading ပါ လုပ်ပါတယ်။ ဆိုတော့ မိတ်ဆွေ လုပ်တဲ့ အထဲကို သိန်း ဆယ်ဂဏာန်းလောက် ရှယ်ယာ ထည့်လိုက်ပါတယ်။ သူကလဲ ဒီ Stock Trading ကို အပျော်လုပ်တာပါပဲ။ အဲဒီက အမြတ်ကို ဘားထိုင်တယ်၊ သုံးလိုက်တယ် စသဖြင့်ပါပဲ။ ဒီလိုနဲ့ တစ်ပတ်အကြာ အခြေအနေ ဘယ်လိုတုန်း ညိုကီ ဆိုတော့ ရှုံး တယ် ဘဒို ရေတဲ့ တစ်သိန်းကျော်ပဲ လက်ကျန် ကျန်တော့တယ် တဲ့ ။ အိုကေပါ လို့ပေါ့။ ဒါနဲ့ နောက် သုံးရက်နေတော့ ပြန်အဆင်ပြေပြီဗျ ရှုံးသမျှပြန်ရလို့ အမြတ် တောင် ဆယ်ချီ ရနေပြီ တဲ့။ Stock Trading က ကျွန်တော်ကိုယ်တိုင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမှာ လုပ်ခဲ့ဖူးပါတယ်။ အမြတ် တအား ကြမ်း ပါတယ်။ ဒီလိုပဲ ရှုံးပြီ ဆိုရင်လဲ မျက်တောင်တမှိတ် အတွင်း ထည့်ထားသမျှငွေ အကုန် ပြုတ်တာပါပဲ။ ဒီသဘောသဘာ၀ ကို သိထားတော့ အရှုံး အမြတ် သိပ်ကြမ်း တာတွေ့လဲ Emotion မဖြစ်တော့ပဲ သဘောတရားကိုနားလည်နေတာပါပဲ။
ဆိုတော့ ထည့်ထားတဲ့ ငွေရင်း လုံးဝမဆုံးဘူး အမြတ်ကလဲ ကြမ်းတယ် ဘာမှလဲ သိပ်အားထုတ်စရာမလိုဘူး၊ ဆိုရင် လူလိမ်ခံရဖို့ များပါတယ်။ တစ်ခုရှိတာက အမြတ် ကြမ်း ပြီး ငွေရင်းမဆုံးအောင်က Risk Management Plan ဘယ်လိုရှိသလဲ၊ Exit Strategy ကောင်းကောင်း ရှိသလား၊ Damage Control Plan က ဘယ်လောက် ထိရောက်သလဲတော့ သုံးသပ်ရပါတယ်။ ဒါတွေကောင်းနေရင် အလုပ်ဖြစ်ရင်တော့ အမြတ် ကြမ်း ပြီး အရင်းမဆုံးတာ ဖြစ်နိုင်တတ်ပါတယ်။ အမြတ်ကြမ်းတယ်ဆိုတာက တစ်လကို အသားတင် တစ်ဆယ်တိုးလောက် ရနေ တာကို ဆိုတာပါပဲ။
(၂) Nothing Grow Forever..
ဘယ်အရာမှ တစ်သမတ်ထဲ ကြီးထွား ဖွံ့ဖြိုးမနေပါဘူး။ ဒီလိုပါပဲ ဘယ်ရင်းနှီးမြုပ်နှံမှုမှ တစ်သက်လုံး အမြတ် မထွက်နေပါဘူး။ ဒါကတော့ လူတိုင်းသိထားတဲ့ သဘောပါပဲ။ တစ်ခု ရှိတာ ကပြောင်းပြန် ဖြစ်နေတဲ့ ဘယ်တော့မှ တစ်သက်လုံး ဆုံးရှုံး မနေဘူးဆိုတာကိုကျ နားလည် လက်ခံနိုင်သူ ရှားပါတယ်။ တစ်ခါက မိတ်ဆွေ တစ်ဦးက တက်စီ တစ်စီ ဝယ်ပြီးအုံနာခ အငှားခ ယူမယ်ဆိုပြီး ရင်းနှီး မြုပ်နှံမှု လုပ်ပါတယ်။ ကား ဆိုတဲ့ စက်ပစ္စည်းတွေရဲ့ သဘောအတိုင်း ပထမ တစ်လမှာ တစ်ခု မဟုတ်တစ်ခုပြင် ရတာပါပဲ။ အောက်ပိုင်း ပြင်ရ၊ အင်ဂျင်ဝိုင်လဲရ၊ ဂီယာဝိုင်လဲရ နဲ့ သုံးရက်ခြား တစ်ခါလောက် ငွေ ထွက်နေတော့ မိတ်ဆွေ လဲ ဘူ လာပါတယ်။ ဒါနဲ့ပဲ စိတ် ညစ်ပြီး ကား ကိုပြန်ရောင်း ထုတ်ကာ ငွေပြန်ကိုင်ထားလိုက်ပါတော့တယ်။ သဘော က ရှေ့လူက ခိုင်းထားတဲ့ကားဖြစ်တော့ ကိုယ့်လက် ထဲမယ် ပြန်လည် ပြင်ဆင်မှုတွေ တော့လုပ်ရတာပါပဲ။ ဒါလေးတွေ နည်းနည်းလုပ် ပြီး ရင် နောက် တစ်နှစ် နှစ်နှစ်က ပြန်ခိုင်းစား ရုံ ရှိမှာပါပဲ။ ဒါပေမယ့် ငွေစိုက် ရချိန် ကို ကျော်လွန်နိုင်စွမ်း မရှိတော့ ပြန်စား ရမယ့် အချိန်ကိုလဲ မကြုံတော့ပြန်ပါဘူး။
ရင်းနှီးမြုပ်နှံမှု တစ်ခုမှာ နာမည်ကိုက ရင်းနှီး ရပါတယ်လို့ ပါနေလေတော့ ရင်းထား ရတဲ့ အချိန် ရှိ တတ်ပါတယ်။ ဒီအချိန် လေး ကို တောင့်မခံနိုင်တဲ့ အခါ အမြတ် ကြီးကြီး လွဲတတ်ပါတယ်။ ဥပမာ မြေလေး တစ်ကွက် ဝယ်လိုက်တယ် တစ်နှစ် လောက် စောင့် လိုက်တယ်။ ဈေးက ထင်သလောက် တက်မလာတော့ ရသလောက် နဲ့ ပြန်ရောင်းလိုက်ပါရော။ ရောင်းလဲ ပြီးလို့ ခြောက်လ လောက် အကြာ ဝုန်းဆို မြေဈေးတွေ နှစ်ဆ ခုန်တက်တော့မှ ဖြစ်ရလေးခြင်း ဆိုပြီး ငိုချင်းချ သူတွေ လဲ တွေ့ရဖူးပါတယ်။ သူတို့က ကံဆိုး လိုက်တာ လို့ဆိုပါတယ်။ ကျွန်တော်ကတော့ အချိန် ကောင်း မှန်းဆနိုင်မှု လွဲချော တယ် လို့ဆိုချင်ပါတယ်။
(3) Social Media ပေါ်တက်လာရင်…
ရင်းနှီးမြုပ်နှံမှု တစ်ခုနဲ့ ကောင်းကောင်း အမြတ် ရဖို့ဆိုတာ Information တွေကို ဘယ်လောက် ဦးအောင် ရသလဲ ဆိုတဲ့ အချက်ကလဲ အရေးကြီးပါတယ်။ အချို့ Investment တွေဟာ Information အမြန်ဆုံးရသူတွေ အပေါ်မူတည်ပါတယ်။ ဟိုတစ်ချိန်က ကားအဟောင်းတွေကို အရည်ကြိုအပ်ပြီး ရလာတဲ့ စလစ်နဲ့ကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ သတင်း ထွက်ခါနီးမှာ သတင်း ကိုနည်းတစ်ခုခုနဲ့ ကြို သိသူတွေရှိခဲ့ပါတယ်။ ဒီလူတွေက၁၀ သိန်း ၁၅ သိန်းလောက်ပဲ ဈေးရှိတဲ့ လေးဘီးကားလေးတွေ ကို သိန်း ၂၀ ၃၀ ပစ်ပေးပြီး ဝယ်စုလိုက်ကြတာပါပဲ။ ကျွန်တော့် အိမ်ဘေးက မြေကွက်လပ်ကြီးထဲမှာ အဲဒီတုန်းက လေးဘီးကားတွေ အပြည့် ဝယ်ထားလိုက်တာကိုတွေ့ဖူးပါတယ်။ အဲ့ဒီတုန်းကတော့ ဒီလူ ရူးများသွားတာလားလို့ လူတွေက ထင်ကြပေမယ့် နောက် တစ်ပတ်လောက်မှာ အထက်က ခွင့်ပြုချက်လဲ ထွက်လာရော… လေးဘီးကားတစ်စီး က သိန်းတစ်ရာ တန်းဖြစ်သွားပါတော့တယ်။ ဒီတော့မှ လူတွေ လဲ မြေကွက်လပ်ထဲက လေးဘီးကား အုပ်ကြီးကို ကြည့်ကာ တံတွေးမျိုမျို ချနေရ ပါတော့တယ်။
ရင်းနှီးမြုပ်နှံမှု စလုပ်တဲ့သူတွေက Info တွေကို ဘယ်က ရှာသလဲဆိုတော့ Social Media ကနေရှာပါတယ်။ အထူးသဖြင့်တော့ Facebook ပါပဲ။ အရင်ခေတ်က ရင်းနှီးမြုပ်နှံမှု လောက မှာ ဆိုရိုး တစ်ခုရှိပါတယ်။ သတင်းစာပေါ် မှာ ပါလာတော့မှ အဲဒီအခွင့်အလမ်းကို ခင်ဗျားသိတယ်ဆိုရင် အဲဒါ အတော်နောက်ကျ နေပြီ ဆိုတာပါပဲ။အခုခေတ်ကျတော့ Social Media ပေါ် ရောက်မှ အဲဒီ Investment အခွင့်အလမ်းကို သိတယ်ဆိုရင် ခင်ဗျားဟာ First Hand မဖြစ်နိုင်တော့ပါဘူး။
ဆိုတော့ ကိုယ့် ပင်ပင်ပန်းပန်း စုထား တဲ့ ငွေလေးတွေကို တပြားမှ မပေးရပဲ လူတိုင်းပို့စ်တက်ရေး နေလို့ရတဲ့ Social Media အချက်အလက်ကို အားကိုးပြီး ရင်းမထည့်လိုက်ပါနဲ့။ အဲဒီနယ်ပယ်ကကျွမ်း ကျင်သူ တကယ်လက်ရှိလုပ်နေသူတွေကိုဖြစ်နိုင် မဖြစ်နိုင် မေးမြန်းဖို့ လိုအပ်ပါတယ်။
ဆက်ရန်…
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

Photos from ဒေါက်တာအေးကျော် ဘဝတက်လမ်းစာပေ ဖုန်း 09 5137526's post 15/12/2022
15/12/2022

ချစ်ခြင်းတရားကပျော်ရွင်မူကိုပေးသလို
နာကျင်မူကိုလည်းပေးတတ်တယ်ဆိုတာ
အသဲကွဲဖူးတဲ့လူကသိမှာပါ☺️☺️☺️🤗

09/11/2022

⚡⭐18-40-60 ဥပဒေသ🙋

* ကမ္ဘာကျော်ဦးနှောက်၊ အာရုံကြော ပါရဂူ ဒေါက်တာ Amen ရဲ့ ဖော်ထုတ်
ချက်အရ
-> လူအများစုဟာ အသက် ၁၈ နှစ်အရွယ်မှာ ငါ့ကို၊ ငါ့ရုပ်ရည်ကို၊ ငါ့လုပ်ဆောင်
ချက်ကို၊ငါ့အခြေအနေကို သူများ တွေ ဘယ်လိုထင်မြင်ဝေဖန်မလဲ ဆိုတဲ့မွန်း
ကြပ်တဲ့စိတ်နဲ့ပဲ ဘာကိုမှ ထက်ထက်မြက်မြက်လုပ်လို့မရအောင် ဖြစ်တတ်ကြ
ပါတယ်။🤔
-> အသက် ၄၀ လူရွယ်ဘဝရောက်တော့မှ သူများ ဘယ်လိုထင်ထင် ကိုယ့်လုပ်ရ
ကို အားတင်းပြီး ဖြစ်မြောက်အောင် လုပ်လာနိုင်ပါတော့တယ်။😑

=> အသက် ၆၀ လောက် ရောက်တော့မှ ကိုယ်ကို ဘယ်သူမှ လေးလေးနက်နက်၊
ဘယ်လိုမှ မထင်၊ကိုယ့်အကြောင်းကိုလည်း ခေါင်းအလေးခံ ရှုမြင်စဉ်းစားနေ
ကြတာမဟုတ်ဘဲ သူတို့ အပူ၊ သူတို.အရူပ်၊သူ တို့ အလုပ်နဲ့ပဲ မွန်းကြပ်ပြီ:လုံး
ခြာလည် လိုက်နေမှန် : သိလာကြတော့တယ်။🤗

🎁ဒါ့ကြောင့် ယနေ.ကစပြီး သင်ဘယ်အရွယ်ပဲ ပဲ ဖြစ်ဖြစ် ကိုယ့်ကို ဘယ်သူ
ဘာထင်မလဲဆိုတဲ့ မွန်းကြပ်တဲ့စိတ်တွေကို ပယ်သတ်ပြီး ကိုယ့်ဘဝ မစ်ရှင်
[ရည်ရွယ်ချက် ] တွေကို ပေါ့ပါး | သွက်လက်၊ထက်မြက်စွာ အကောင်အထည်
ဖော်ကာ အောင်မြင်မှုကို ရော ပျော်ရွှင်မူကိုပါ ရယူလိုက်ပါ။🌟🌈

09/11/2022

ပအိုဝ်းသီးချင်းလေးပါ
ကိုကြိုက်တာတင်နိူင်ပါတယ်နော😁

09/11/2022

ဘဝသည် ကိုရီးယားကား မဟုတ်ပါ
+++++++++++++++++++++
လူငယ်ဆိုတာ အောင်မြင်မှုကို အားကျ ကြတယ်
အားကျရမှာပေါ့ အကောင်းစားအိမ်မက်ကြီးတွေနဲ့ အကောင်းစားဘဝတွေကို
သို့ပေမယ့် ဆရာတော်တပါးရဲ့ ဆုံးမစကားလိုဘဲ ....
လူတွေက ပိုက်ဆံကို နည်းမျိုးစုံနဲ့ ရှာတယ် ပြီးတော့ လူကောင်း သူကောင်းပါလို့ မြင်စေချင်တော့ လှူပြတန်းပြတယ် ပြီးရင် အလှူလုပ်လို့ဘဲ ကြီးပွားသလို ပုံစံဖမ်းပြတော့ .... မသိရင်ဘဲ လှူလို့ တန်းလို့ဘဲ ကြီးပွားလာသလိုလိုပုံစံနဲ့ ကျန်တဲ့လူတွေက အရင်ဘဝ ကတည်းက မလှူမတန်းခဲ့လို မွဲနေတဲ့လူလိုလို ကံခြင်းမယှဉ်နိုင်သလိုလို နောက်တော့ ဘာမှ မသိတဲ့ လူငယ်တွေက အားကျ ... ဒါပေသည့် ဒါကြီးက လက်တွေ့ မှ မဖြစ်နိုင်တာ ... ဘာဖြစ်လို့ဆိုတော့ သူပြထားတဲ့ ကြီးပွားလာတဲ့ အကြောင်းအရင်းက အမှန်မဟုတ်လို့တဲ့ ...
အရာအားလုံးဟာ သူ့ အဆင့်နဲ့ သူပါ
အခြေခံပညာ မသင်ဘဲ တက္ကသိုလ်ဘွဲ့ရချင်လို့မရပါဘူး ...
ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်ကျော်ဖြတ်ထားတဲ့ လူတွေဆီမှာဘဲ လက်တွေ့ကျတဲ့ လမ်းကြောင်းအမှန်က ရှိတာပါ ...
တခါတလေ ငါက သူတို့လို ဘာကြောင့်မဖြစ်ရတာလဲ ဆိုပြီးအားမငယ်ပါနဲ့ သူတို့ကကော အချိန်မတန်ဘဲ ဖြစ်နေရင် ဘာကြောင့်လည်း ဆိုတာ သေသေချာချာ သိဖို့လိုတယ် ...
နေရိပ်လိုလျှင် နေပူထဲက လျှောက်တဲ့ ... လူသားတစ်ယောက်ရဲ့ ဇွဲလုံလ နဲ့ဘဲ နေပူထဲက ဖြတ်လျှောက်ရတာပါဘဲ ...
ယုတ်စွ အဆုံး လွပ်လပ်ခြင်း ဆိုတာတောင် အခမဲ့ မရပါဘူး ...
Freedom is not Free
အဲ့ဒါကြောင့် အိမ်မက်မက်ပါ ... ရည်မှန်းချက် နဲ့ မလျှော့သော ဇွဲလုံလ နဲ့ ခရီးကို လျှောက်လှမ်းပါ ... မရပ်တန့်သရွှေ့ တစ်နေ့ ထက် တစ်နေ့ ပန်းတိုင်နဲ့ ပိုပိုနီးလာပါလိမ့်မယ် ...
ကိုယ်မြင်နေရတဲ့ အရာတိုင်းမှာ ကိုယ်မမြင်ရတဲ့ အခြေအနေကို မြင်တတ်အောင်ကြည့်ပါ ...
ကိုယ်က မွေးရာပါ ညံနေတာ မဟုတ်မှန်းသိကြ စေချင်တယ် ... အချိန်ပေးလိုက်ပါဗျာ ... သူငယ်တန်းကနေ တက္ကသိုလ်ကျောင်းသား တန်းမဖြစ်နိုင်တာ သဘာဝပါ ...
ဘဝသည် ကိုရီးယားကား မဟုတ်ပါ ထိုကြောင့် ဝမ်းနည်းနေချိန် နဲ့ ရယ်မောနေချိန်မှာတောင် အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေဖို့ လိုအပ်ပါသည်
Ko James

ီ_ဘာ_ဘာ

Videos (show all)

ဗိုလ်ချူပ်အောင်ဆန်းအရမ်းတော်စာတတ်ပေတတ် ဆရာကြီးတွေတောင်တလေးတစားပြုကြသို့သော်..တချိူ့က..
လူတစ်ယောက်သူ့အနာဂတ်ကိုသိချင်ရင်သူ့အားလပ်ချိန်ကိုကြည့်ပါ......
ချစ်ခြင်းတရားကပျော်ရွင်မူကိုပေးသလိုနာကျင်မူကိုလည်းပေးတတ်တယ်ဆိုတာအသဲကွဲဖူးတဲ့လူကသိမှာပါ☺️☺️☺️🤗
ပအိုဝ်းသီးချင်းလေးပါကိုကြိုက်တာတင်နိူင်ပါတယ်နော😁
🤭🤭🤭

Website