Royal Care Online Clinic

Royal Care Online Clinic

နေ့စဉ် မနက် ၈ နာရီမှ - ညနေ ၆ နာရီထိ ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

28/07/2024

သွေးလွန်တုပ်ကွေးရောဂါ နှင့် ကာကွယ်ဆေးအကြောင်း

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးတကယ်ထိရောက်သလား❓❓❓❓❓

ဒီရက်ပိုင်းမှာ မေးကြတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်

ထိုင်းမှာ သွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးကြတယ်ပြောတယ် ဒီမှာထိုးလို့ရလား ဆရာ❓❓❓

အပိုင်း(၂) ပိုင်းနဲ့ကျွန်တော်မျှဝေသွားပါမယ်

- သွေးလွန်တုပ်ကွေးရောဂါ
- ကာကွယ်ဆေး

#သွေးလွန်တုပ်ကွေးရောဂါ
🔻🔻🔻🔻🔻🔻🔻🔻

❓သွေးလွန်တုပ်ကွေးရောဂါဆိုတာ….
သွေးလွန်တုပ်ကွေးရောဂါဆိုတာ ဒန်ဂီး ဗိုင်းရပ်စ်(Dengue virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ရတာပါ
ဒီ ဗိုင်းရပ်စ်ဟာ ခြင်ရဲ့ ခန္ဓာကိုယ်ထဲမှာရှင်သန်နိုင်ပါတယ် အတိအကျပြောရင် (Anopheles mosquito) ခြင်ကြား(အမ)အသက်ရှင်ဖို့အတွက် ပရိုတင်း တစ်မျိုးကို လူ့ခန္ဓာကိုယ်မှသွေးစုပ်ရာကနေ ဒီဗိုင်းရပ်စ်ပိုးကို ကူးစက်ခံရတာဖြစ်ပါတယ်

❓ (ဒန်ဂီးဗိုင်းရပ်စ်)
ဒီ ရောဂါပိုးကိုလေ့လာကြည့်မယ်ဆိုရင် အမျိုးအစားလေးမျိုးထပ်ရှိတာတွေ့ရပါတယ် ဆေးကညာအရ(Serotype) လို့ခေါ်ပါတယ်
အမျိုးအစား ၁-၄ အထိရှိပါတယ်

😬ဒါဟာမကောင်းတဲ့အချက်တစ်ချက်လို့လည်းပြောနိုင်ပါတယ်
ဥပမာ အမျိုးအစား ၁ ဖြစ်ဖူးတဲ့သူဆိုရင် အမျိုးအစား ၁ ကို နောက်တစ်ကြိမ်ထပ်ဖြစ်ရင် ကာကွယ်နိုင်စွမ်းရှိပေမယ့် တခြားအမျိုးအစားဖြစ်ခဲ့မယ်ဆိုရင်တော့ ကာကွယ်နိုင်စွမ်းမရှိပါဘူး

ဒါဟာ သွေးလွန်တုပ်ကွေးဖြစ်ဖူးပြီးလည်း ထပ်ခါတလဲလဲ ထပ်ဖြစ်နိုင်တာကို သိသာနိုင်ပါတယ်

❓သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများနှင့်ကုသနည်းများ
အဆင့်(၃) ဆင့်နဲ့ပြောပါမယ်

👉အဆင့်(၁) - Febrile phase
သာမာန်တုပ်ကွေးဖျားနာဖြစ်သလိုပဲ နှုံးချိပြီး ကိုယ်လက်ကိုက်ခဲတာဖြစ်ပါမယ်

💥ထူးခြားချက်ကတော့အဖျားကြီးပါမယ်(၁၀၀ အထက်တွေပဲဖြစ်ဖို့များပါမယ်) ၂-၃ ရက်လောက်ကြာတတ်ပါတယ်

💥ထူးခြားချက်ကိုသေချာမှတ်စေချင်ပါတယ်
- နှာစေး ၊ ချောင်းဆိုး ၊ လည်ချောင်းနာတာ မရှိသလောက်ရှားပါတယ် (ဒါဟာ သာမာန်ရာသီတုပ်ကွေးနဲ့ကွာခြားတဲ့အချက်ပါ)

💥နောက်ထပ်ထူးခြားချက်တစ်ခုကတော့အစားအစာ ရေလုံးဝမသောက်ချင်တော့တဲ့အနေအထားပါ(သာမာန်တုပ်ကွေးနဲ့ကွာခြားချက်)
ဒါဟာအရေကြီးပါတယ် ကြိုးစားစား ကြိုးစားသောက်ရပါမယ် ဒါမှ အဆင့် (၂) အဆင့်(၃) မရောက်မှာပါ

အဆင့်(၁)ကိုကုသပုံကတော့ သာမာန်လိုပါပဲ အဖျားပျောက်ဆေးသောက် ဓာတ်ဆားရည်များများသောက် အိပ်ချိန်မှန်စားချိန်မှန်ဖို့ ဂရုစိုက်ပါ

👉အဆင့်(၂) - critical phase
ဒီအဆင့်ကတော့ သေချာပေါက်ဆေးရုံမှာကုသရမယ့်အဆင့်ပါ

ဖျားပြီး ၃ -၄ ရက်မြှောက်နေ့မှာဖြစ်တတ်ပါတယ်

အဖျားကျသွားပါလိမ့်မယ် ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး
အစားပျက် အသောက်ပျက် ပိုဆိုးတာကမှိန်းသွားတဲ့အဆင့်ထိဖြစ်နိုင်ပါတယ်
- ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းနာလာတာဖြစ်တတ်ပါတယ်
- နှာခေါင်းသွေးယိုခြင်း
- သွားဖုံးသွေးယိုခြင်း
- ဝမ်းမည်းမည်းသွားခြင်း
- ဆီးအရောင် အနီသွားခြင်း
- ကျောက်ကပ် ၊ အဆုတ် ပျက်စီးခြင်း
- သွေးပေါင်ကျခြင်း
- သတိလစ်မေ့မြောခြင်းအထိဖြစ်တတ်ပါတယ်

👉အဆင့်(၃) - convalescence phase
နာလန်ထတဲ့အဆင့်လို့ပြောလို့ရပါတယ်
အဆင့်(၂) ကိုကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့ပြီဆိုရင်တော့ နာလန်ထတဲ့အဆင့်(၃) ကိုရောက်လာပါပြီ
လက္ခဏာတွေကတော့
- အစား အသောက်ပြန်စားချင်သောက်ချင်လာမယ်
- လူကနေရတာ လန်းလာမယ်
- အနီကွက်တွေပေါ်လာမယ် အထူးသဖြင့် ခြေထောက်တွေမှာပေါ်လာပါလိမ့်မယ်

ဒီလောက်ဆိုရင်တော့ သွေးလွန်တုပ်ကွေးအကြောင်းကိုသိသွားကြပြီထင်ပါတယ်

သွေးလွန်တုပ်ကွေး #ကာကွယ်ဆေး
🔻🔻🔻🔻🔻🔻🔻🔻🔻🔻
ဒီတစ်ခါကတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးကိုလေ့လာကြည့်ကြရအောင်ဗျာ

💢 #သွေးလွန်တုပ်ကွေးကာကွယ်ဆေး ဆိုတာ…..
Qdenga လို့ခေါ်တဲ့ဆေးဖြစ်ပါတယ်
- အသက် ၄ နှစ်မှ စပြီးထိုးလို့ရပါတယ်
- အပေါ်မှာပြောခဲ့တဲ့ အမျိုးအစား (၄) မျိုးစလုံးကိုကာကွယ်နိုင်ပါတယ်
- သွေးလွန်တုပ်ကွေးရာသီမရောက်ခင် ၃ လခြားပြီး ၂ ကြိမ်ထိုးရပါမယ်
- ၁ ကြိမ်သာထိုးရမယ့်ဆေးလည်းပေါ်ထွက်မယ်လို့ခန့်မှန်းရပါမယ်(Brazil နိုင်ငံမှာလက်ရှိစမ်းသပ်နေဆဲဖြစ်ပြီး Butantan DV လို့ခေါ်ပါတယ်) အတိအကျတော့မသိရသေးပါ

💢ကာကွယ်ဆေးမထိုးသင့်သောသူများ

ဒီကာကွယ်ဆေးအမျိုးအစားဟာဆိုရင် သွေးလွန်တုပ်ကွေးကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို ရောဂါမဖြစ်စေတဲ့နည်းလမ်းနဲ့ ကိုယ်ခံအားကိုလှုပ်ဆော်ပေးတဲ့နည်းလမ်းနဲ့ အသုံးပြုတဲ့ အမျိုးအစားထဲမှာပါပါတယ်(live attentuated vaccine)လို့ဆေးပညာအရခေါ်ပါတယ်
ဒါကြောင့် ကိုယ်ခံအားနည်းတဲ့သူတွေတွက် မသုံးရပါဘူး
- အသက်(၄) နှစ်အောက်
- အသက်(၆၀) အထက် (အမျိုးမျိုးတော့ပြောထားတာတွေ့ရပါတယ်-တိတိကျကျတော့မဟုတ်ပါ)
- ကိုယ်ခံအားနည်းသူများ
- သွေးကင်ဆာဖြစ်နေသူများ
- အခြားသောကင်ဆာဖြစ်နေသူများလည်းမထိုးရပါဘူး
- Autoimmune ရောဂါရှိသူများ
- ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ
- ကင်ဆာဆေးသွင်းနေသူများ
- Steroid (စတီးရွိုက်ဆေးကို ၁ လကျော်ကြာသောက်ရတဲ့သူများ)

💢ကာကွယ်ဆေး ထူးခြားချက်
အရင်ကထွက်ခဲ့ပြီးသားဖြစ်တဲ့ Dengvaxia လို့ခေါ်တဲ့ဆေးထက် အားသာချက် ထူးခြားချက်တွေရှိပါတယ်
- သွေးလွန်တုပ်ကွေးဖြစ်ဖူးဖူး မဖြစ်ဖူးဖူး သုံးလို့ရပါတယ်
- ၃ လတစ်ခါထိုးရမယ်ဆိုပေမယ့် ၃ လကျော်ပြီးမထိုးဖြစ်ရင်လည်း အစကပြန်ထိုးစရာမလိုပဲ နောက်တစ်ကြိမ်စာကိုထိုးလို့ရပါတယ်
- အရင်ဆေးလိုမျိုး ၃ ကြိမ်ထိုးစရာမလိုပါဘူး

မှတ်ချက် - ကာကွယ်ခြင်းလွန်းလို့ဆိုပြီး ပထမဆေးထိုးပြီး ၃ လမပြည့်ခင် ဒုတိယဆေးထိုးလို့လည်းလုံးဝ(လုံးဝ)မရပါဘူးနော်❌❌❌

💢ကာကွယ်ဆေးရဲ့အကျိုးကျေးဇူးများ
- သွေးလွန်တုပ်ကွေးserotypes 1 2,3,4 ၄မျိုးလုံးကို 80.2%ထိကာကွယ်ပေးနိုင်ပါတယ်
- သွေးလွန်တုပ်ကွေးကြောင့်ဆေးရုံတက်ရောက်ကုသရတဲ့နှုန်းကို90.4%ထိလျှော့ချပေးပြီး
- ဒုတိယအကြိမ်ထိုးပြီး ၄နှစ်ခွဲ၅နှစ်ကြာတဲ့ချိန်မှာ ၆၀% ကာကွယ်ပေးနိုင်ပါသေးတယ်လို့လြေလာချက်တွေအရသိရပါတယ်

💢ကာကွယ်ဆေးရဲ့ဘေးထွက် ဆိုးကျိုးများ
- ကိုယ်လက်ကိုက်ခဲတာ
- မအီမသာဖြစ်တာ
- ခေါင်းကိုက်တာ စတဲ့ လက္ခဏာလေးတွေပဲတွေ့ရတယ်လို့ဆိုပါတယ်

✅နောက်ဆုံးအနေနဲ့ မျှဝေလိုက်ချင်တာကတော့ ဘယ်လောက်ပဲ ကာကွယ်ဆေးတွေကောင်းကောင်း စျေးသက်သက်သာသာနဲ့ မပင်ပန်းပဲရမယ့်နည်းလမ်းတွေကို မမေ့စေချင်ပါဘူး
- ဖုံး၊သွန်၊လဲ၊ဆစ်၊လောင်း၊ထောင်၊ မြှုပ်၊ ရှင်း မှုတ် လို့ခေါ်တဲ့ ကာကွယ်နည်းတွေကိုသတိရပါ
- ခြင်ခိုအောင်းနိုင်တဲ့ ရေရှိရာနေရာကို ဖုံးထားပါ မလိုပါက သွန်ပစ်ပါ ရေကိုလဲပေးပါ ရေစစ်လိုအပ်ရင်သုံးပါ စတဲ့ နည်းလမ်းတွေကို သတိရမယ်ဆိုရင် သွေးလွန်တုပ်ကွေး အန္တရာယ်မှကင်းဝေမှာဖြစ်ပါတယ်

မှန်ကန်သောကျန်းမာရေးဗဟုသုတများရကြပါစေဆုတောင်းရင်း……

Dr Kyaw
#ကျန်းမာရေးဗဟုသုတ
#သွေးလွန်တုပ်ကွေး

12/07/2024

ဝမ်းလျှော ဝမ်းပျက် သတိပြုကြပါ💢💢💢

ကာလဝမ်းရောဂါအကြောင်းကိုရေးပေးပါဆရာ❗️❗️❗️❗️

ဒီရက်ပိုင်းကျွန်တော့ကို ဒီအကြောင်းအရာတွေလာပြောကြတာများနေပါတယ် ကြားဖြတ်အစီအစဉ်အနေနဲ့ ကျွန်တော်ရေးပေးပါ့မယ်

ဝမ်းလျှောတာ ဝမ်းပျက်တာတွေဟာ အတော်ဖြစ်နေတာကိုတွေ့နေရပါတယ်🚨🚨🚨
ကျွန်တော်တို့ဘာတွေသိထားသင့်သလဲဆိုတာကိုရေးပေးသွားပါမယ်

✴️ဝမ်းလျှော ဝမ်းပျက်တယ်ဆိုတာဘာကိုပြောတာလဲ
ယေဘုယျအားဖြင့် လူတစ်ယောက်တစ်နေ့ကို ဝမ်း ၃ ကြိမ်နဲ့အထက်သွားခြင်း (သို့) အရည်ဝမ်းသွားခြင်းကို ဝမ်းလျှော ဝမ်းပျက်တယ်လို့ခေါ်ပါတယ်

✴️ဝမ်းလျှော ဝမ်းပျက်ဘာကြောင့်ဖြစ်ရတာလဲ❓
ဖြစ်ရခြင်းအကြောင်းအရင်းကတော့များပါတယ်
- အစာအဆိပ်သင့်ခြင်း
- ရောဂါပိုးကြောင့်ဖြစ်ခြင်း
- တချို့သော ဆေးဝါးများ(ကင်ဆာဆေးများ)ကြောင့်ဖြစ်ခြင်း
- သိုင်းရွိုက်အကြိတ်ကြီးခြင်းကြောင့်ဖြစ်ခြင်း အခြားသောအကြောင်းအရာများစွာရှိပါသေးတယ်

ဝမ်းလျှော ဝမ်းပျက်ဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းကတော့ ရောဂါပိုးကြောင့်ဖြစ်ကြတာများပါတယ်

WHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့)ရဲ့ စစ်တမ်းအရ ဝမ်းလျှော ဝမ်းပျက်ခြင်းဟာ ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ရောဂါများထဲမှ တတိယနေရာမှာရှိတယ်လို့ဆိုပါတယ်

ဒီမှာတော့ ရောဂါပိုးကြောင့် ဝမ်းလျှော ဝမ်းပျက်ခြင်းကိုပဲ အဓိကပြောပေးသွားပါမယ်

✴️ရောဂါပိုးကြောင့်ဝမ်းလျှောခြင်း
ဘယ်လိုရောဂါပိုးတွေက ဝမ်းလျှောစေသလဲ❓
- ဘက်တီးရီးယား
- ဗိုင်းရပ်(စ်)
- ကပ်ပါးကောင်
- သန်ကောင်အစရှိတဲ့ရောဂါပိုးတွေကြောင့်ဖြစ်တတ်ပါတယ်
ဒီထဲမှာ အဖြစ်အများဆုံးကတော့ ဗိုင်းရပ်(စ်) ၊ သန်ကောင်ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်(စစ်တမ်းများအရ)

✴️ဝမ်းလျှော ဝမ်းပျက်ဖြစ်ရင် ဘာလက္ခဏာတွေဖြစ်တတ်သေးလဲ❓
- အားကုန်သလိုဖြစ်တာ
- နှုံးချိတာ
- ကြွက်သားတွေနာကျင်ကိုက်ခဲတာ
- လျှာခြောက် အာခြောက်
- သိပ်ဆိုးလွန်းရင် မျက်တွင်းခွက်တာ
- ကလေးငယ်ဆိုရင် ငယ်ထိပ်ခွက်တာ
- ရင်တုန်တာ
- မောလာတတ်တာ
- အသက်ဆုံးရှုံးအထိကိုဖြစ်စေတတ်ပါတယ်(ရောဂါပိုးအမျိုးအစားပေါ်တော့မူတည်ပါလိမ့်မယ်)

✴️သတိထားရမည့် သူများ
ဝမ်းလျှော ဝမ်းပျက်ဖြစ်နေတဲ့အချိန်မှာ အထူးသတိထားရမည့် သူများကတော့
- ကလေးသူငယ်များ
- အသက်အရွယ်ကြီးတဲ့သူများ
- ဆီးဆေးသောက်နေသောသူများ
- သွေးတိုးကျဆေးသောက်နေသောသူများ
- ဆီးချိုကျဆေးသောက်နေသောသူများ
- သွေးတိုးရောဂါရှိသူ
- ဆီးချိုရောဂါရှိသူ
- သွေးအားနည်းရောဂါရှိသူ
- ကျောက်ကပ်အားနည်းသူ
- အသည်းခြောက်ရောဂါရှိသူ
- ကင်ဆာရောဂါရှိသူ
- စတီးရွိုက်ဆေးသောက်နေရသူ
- ကျောက်ကပ်၊အသည်း အစားထိုးကုသမူခံယူထားသူ

✴️ကာကွယ်ရန်နည်းလမ်းများ
5F ကိုသတိရပေးပါ
F - fluid(သောက်ရေ)
F - food(အစားအသောက်)
F - fingers(လက်၊ လက်သည်း)
F - fly(ယင်ကောင်)
F - f***s (မစင်)

- သောက်သုံးရေသန့်ရှင်းဖို့အတွက် အထူးဂရုပြုရပါမယ်
- အစားအသောက်ပြင်ဆင်တဲ့ချိန်သေချာဆေးကြော သန့်စင်ပါ
- လက်သည်းများကို ပုံမှန်လှီးဖြတ်ပါ လက်ကိုမကြာခဏ ဆေးကြောပါ
- ယင်နားစာများကိုမစားရ စားသုံးမည့် အစားအစာ ရေစသည်တို့ကို ယင်မနားအောင်ထားပါ
- မစင် ဘယ်သူမှတော့ မစင်ကိုကိုင်တွယ်တာမရှိပါဘူး😬 ရောဂါဖြစ်ပွါးနေချိန် အိမ်သာ အဝင်အထွက် လက်ကိုသေချာစွာဆေးဖို့ပါ (အထူးသဖြင့် သက်ကြီးရွယ်အို ကလေးသူငယ်)တွေမှာ အမူမဲ့ အမှတ်မဲ့ပိုဖြစ်တတ်ပါတယ်

✴️ဝမ်းလျှော ဝမ်းပျက်ရောဂါတွက် ဆောင်ရန် ရှောင်ရန်များ

❌အလွယ်တကူ ပိုးသတ်ဆေးသောက်တဲ့အကျင့်ကိုလုံးဝမလုပ်ပါနဲ့(အချို့ရောဂါပိုးများသည် ပိုးသတ်ဆေးသောက်လျှင်ပိုတောင်ဆိုးစေပါသည်)

✅ဓာတ်ဆားထုပ် - အဓိကပါပဲ
ဝမ်းလျော ဝမ်းပျက်ဖြစ်တယ်ဆိုတာ မခန့်မှန်းနိုင်လောက်တဲ့ ရေ နဲ့ ဓာတ်ဆားတွေကို ခန္ဓာကိုယ်ကဆုံးရှုံးလိုက်တာပါ

အကြမ်းဖျင်းပြောရရင် ကိုယ်သွားသလောက် ပြန်သောက်ပါ ပိုပြီးလည်းသောက်ပါ
ဥပမာ - ဝမ်း ၃၀၀စီစီ လောက်သွားရင် ဓာတ်ဆားရေ ၃၀၀ စီစီ သောက်ပါ (ပိုပြီးသောက်နိုင်လည်းရပါတယ်)

ဖျော်နည်း - ဓာတ်ဆားတစ်ထုပ်ကိုရေသန့် (၁)လီတာနဲ့ဖျော်ပါ တစ်နေ့တွင်းကုန်အောင်သောက်ပါ နောက်ရက်ကျန်ရင် ကျန်တဲ့ပမာဏကိုသွန်ပစ်ပါ မသောက်ရ

✅အစားအသောက် - ဖျောက်မရတဲ့အကျင့်တစ်ခုရှိပါတယ်
ဝမ်းလျောတာနဲ့ အစာလျော့စားဆိုတာ အတော်ပြောကြပါတယ်
လုံးဝမှားပါတယ် ဝမ်းလျှောလို့ အားအင်ချိနဲ့လာတဲ့ချိန်မှာ အစားမစားတဲ့အချိန်ပိုလို့တောင်ဆိုးနိုင်ပါတယ်
သွေးပေါင်ကျတာ မလိုအပ်ပဲဆေးရုံရောက်တာထိကိုဖြစ်နိုင်ပါတယ်
သန့်ရှင်းတဲ့အစားအသောက်ကိုစားနိုင်ပါတယ် (နည်းနည်း နဲ့ အကြိမ်များများစားရင်ပိုသင့်တော်ပါတယ်) မူစုပ်ယူမူ နည်းနေတဲ့အချိန်ဖြစ်လို့ပါ

✅လက်ကိုမကြာခဏဆေးပါ လက်သည်းများကိုလှီးဖြတ်ပါ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ

🚨🚨အရေးကြီးလက္ခဏာများ
- အဆက်မပြတ်သွားမယ်
- အစာ ရေမဝင်လောက်အောင် ထိုးအန်မယ်
- အဖျားကြီးမယ် ၁၀၀ ဒီဂရီအထက်၊ အဖျားမကျဘူး
- ကလေး သက်ကြီးရွယ်အို မှိန်းနေမယ်ဆိုရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းကိုသွားဖို့အကြံပြုပါတယ်

အခုမျှဝေခဲ့တာအကြောင်းအရာကတော့ ဝမ်းလျှော ဝမ်းပျက်ခြင်းအကြောင်းအရာပဲဖြစ်ပါတယ်

ကာလဝမ်းရောဂါရယ်လို့တော့ ကျွန်တော်တို့ ပြောဖို့အတွက် အတည်ပြုမူတွေစောင့်ကြည့်သင့်ပါတယ်

မှန်ကန်သောကျန်းမာရေးဗဟုသုတများရကြပါစေဆုတောင်းရင်း……

Telegram channel မှာလည်းတင်ပေးထားပါတယ်

https://t.me/+uLnCRRma07hkNjJl

Dr Kyaw

#ဝမ်းလျှော
#ဝမ်းပျက်

02/12/2023

💥သွေးပျစ်ခြင်းနှင့် လေဖြတ်ခြင်း💥

ခုခေတ်ကာလ မှာ ဆေးလိပ် ဘီယာ အမြဲ နေ့တိုင်းလိုလို သောက်တတ်တဲ့ ခေတ်ဖြစ်လာပါပီ
လွန်ခဲ့တဲ့နှစ် အနည်းငယ် လောက်က လေဖြတ်တယ် သွေးတိုးတယ် ဆိုတာ
အသက် ၅၀ ကျော် ၆၀ ကျော်တွေ မှာမှ အဖြစ်များတာ ဖြစ်ပါတယ်
ယခုနှစ်အနည်းငယ် အတွင်းမှာ တော့ လေဖြတ်ခြင်း ၊နှလုံး သွေးကြောကျဉ်းခြင်း ၊
ပိတ်ခြင်း တွေက လူငယ် လူလတ်ပိုင်း ၃၀ ကျော် ၄၀ ကျော်တွေမှာလည်း အဖြစ်များလာကြပါပီ
အခု မျှဝေပေးသွားမှာကတော့ အသက်ငယ်ရွယ်တဲ့ သူတွေ ရော အသက်ကြီးတဲ့
သူတွေရောမှာ ဖြစ်တတ်တဲ့ သွေးပျစ်ခြင်း နဲ့ လေဖြတ်ခြင်း အကြောင်း ကျန်းမာရေးဗဟုသုတအနေနဲ့မျှဝေပေးချင်ပါတယ်

📌သွေးပျစ်ခြင်း အကြောင်းအရင်း

သွေးပျစ်ခြင်း အကြောင်းအရင်း နှစ်မျိုးရှိပါတယ်

၁)ပထမ တစ်မျိုးက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်လို့မှတ်ပါဆေးပညာအရ JAK 2 ဆိုတဲ့ မျိုးရိုးဗီဇလေး ပုံမှန်မဟုတ်လို့ ပါ
ခန္ဒာကိုယ်ထဲမှာ သွေးနီဥ တွေ ပိုထုတ်တဲ့ ရောဂါပါ
သူက သွေးနီဥ ရော သွေးဖြူဥ ရော သွေးဥမွှားတွေပါ ပိုထုတ်ပါတယ်
အဲ့ တာကြောင့် ပုံမှန်ထက်များနေတာ ဖြစ်တဲ့အတွက် သွေးကြောထဲ မှာ သွေးပိုပျစ်ပါတယ်

၂)ဒုတိယ တမျိုးကတော့
ခန္ဒာကိုယ်ထဲက တစ်သျှူးတွေ အောက်စီဂျင်မလုံလောက်တော့တဲ့ အခြေအနေမှာ
သွေးနီဥ တွေ ပိုထုတ်တဲ့ အခြေအနေတွေပါ
ခန္ဒာကိုယ်ထဲမှာ အောက်စီဂျင်ကို လိုအပ်တဲ့ နေရာတွေ သယ်ယူပို့ဆောင်ပေးတဲ့
Haemoglobin ဆိုတဲ့ သွေးနီဥထဲက အသားဓာတ်တစ်မျိုးရှိပါတယ်
ခန္ဓကိုယ်မှာ အောက်ဆီဂျင် ကျနေတာ သိတယ် ဆိုရင် ခန္ဒာကိုယ်က haemoglobin တွေပိုထုတ်ပါတယ်
အဲ့အချိန်မှာ လိုအပ်တာထက်ပိုထုတ်လိုက်တဲ့အတွက် သွေးပျစ်လာပါတယ်

ပထမတစ်မျိုးကတော့ ဆေးပညာအရ နည်းနည်းလည်းမှတ်ရခက်တော့

ဒုတိယ တမျိုးဖြစ်တဲ့ အောက်ဆီဂျင်ကျလို့ သွေးပျစ်ရခြင်း အခြေအနေတွေ ကို မျှဝေသွားပါမယ်

📌ဘယ်လိုလူမျိုးတွေမှာ ကျတတ်လဲ❓
- နှစ်ရှည် ဆေးလိပ်သောက်တဲ့သူတွေ
- အရက်ဘီယာ သောက်တဲ့သူ
- အဝ လွန်တဲ့သူ
- နာတာရှည် အဆုတ် လေပြွန်ပိတ်ရောဂါ ရှိတဲ့သူ ၊
- သွေးတိုးရှိသူ
- ကျောက်ကပ်ကင်ဆာရှိတဲ့သူတွေမှာ haemoglobin ပိုထုတ်တတ်ပါတယ်

ဒီလိုအကြောင်းအရင်းတွေထဲမှာမှ
👉ဆေးလိပ်အလွန်အကျွံ သောက်တဲ့သူ
👉အရက်ဘီယာ သောက်တဲ့သူတွေမှာ
သွေးပျစ်နိုင်ခြေ ပိုများပါတယ်လို့ သုတေသနတွေကဆိုထားပါတယ်

📌သွေးပျစ်ရင် ဘယ်လိုလက္ခဏာ တွေ ခံစားရမလဲ❓
- ခေါင်းကိုက််မယ် ၊ ခေါင်းမူးမယ် ၊ မိုက်ခနဲ ဖြစ်မယ်
- ကိုယ်လက်မအီမသာ ဖြစ်မယ် ၊ နုံးမယ်
- အာရုံစူးစိုက်မှု အားနည်းမယ်
- နှားခေါင်းသွေးယိုမယ်
- ခန္ဒာကိုယ် ယားယံမယ် ၊ ဗိုက်နာမယ်
- မျက်နှာနီရဲမယ် စတဲ့ လကက္ခဏာတွေရှိတတ်ပါတယ်

📌သွေးပျစ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ
ဒီအချက်တွေကတော့ သွေးပျစ်ခြင်းကြောင့်ဆေးရုံ၊ ဆေးခန်း​ရောက်ကြရခြင်းအချက်တွေဖြစ်ပါတယ်
- ခြေထောက် သွေးပြန်ကြောတွေ ပိတ်ခြင်း
- အဆုတ် သွေးကြောပိတ်ခြင်း
- လေဖြတ်ခြင်း
- အစာအိမ်အနာဖြစ်ခြင်း
- နှလုံး သွေးကြောပိတ်ခြင်း
စတဲ့ နောက်ဆက်တွဲ ရောဂါ တွေ ဖြစ်တတ်ပါတယ် အသက်အန္တရာယ်လည်းရှိပါတယ်

📌သွေးပျစ်တာဘယ်လိုသိနိုင်မလဲ
သွေးပျစ်ခြင်း ရောဂါ လက္ခဏာ တွေ ခံစားရပီ ဆိုရင်
နီးစပ်ရာ ဆေးရုံ ဆေးခန်း သွား ပီး သွေးစစ်ကြည့်ဖို့လိုပါမယ်
သွေးစစ်ပြီး သွေးနီဥ ပမာဏ ဟာ လိုအပ်တာထပ်ပိုများနေပီ ဆိုရင် တော့ သွေးပျစ်တယ်လို့သတ်မှတ်ပါတယ်

📌သွေးပျစ်ခြင်းကုသမှု
- ရေကိုများများသောက်ပေးရပါမယ် ( ၂-၃ လီတာ နေ့စဉ်)
- Venesection လိုခေါ်တဲ့ ခန္ဒာကိုယ်ထဲမှ သွေးထုတ်ပြစ်ဖို့လိုပါမယ် (တစ်နည်းအားဖြင့် သွေးလှူလို့ရပါတယ်လို့ပြောချင်ပါတယ်)
ကုသိုလ်လည်းရသလို ရောဂါတွက်လည်းကုသမူဖြစ်ပါတယ်
👉နောက်ပိုင်း သွေးပြန်စစ်ဖို့ လိုပါမယ်
ပုံမှန်အနေအထားရောက်ရင် သွေးပျစ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေမခံစားရတော့ပါဘူး

📌မျိုးရိုးဗီဇ ကြောင့် သွေးပျစ်ခြင်း
သက်ဆိုင်ရာ သွေးရောဂါ အထူးကုနဲ့ ပြသပြီး
လိုအပ်တဲ့ ကုသမှု ခံယူရမှာဖြစ်ပါတယ်

📌သွေးပျစ်ခြင်းမှ ကာကွယ်ခြင်း
-ဆေးလိပ် လုံးဝ ဖြတ်ဖို့ လိုအပ်ပါတယ်
- အရက်ဘီယာ လျော့ ရပါမယ်
- သွေးတိုးရှိလျှင် သွေးကျဆေး ပုံမှန်သောက်ရပါမယ်
- ရေများများ သောက်ပေးရပါမယ်
- ကိုယ်လက်လှုပ်ရှားမှု များများ လုပ်ပေးရမယ်

ဒီလောက်ဆိုရင်တော့ ငယ်ရွယ်တဲ့သူတွေလေဖြတ်ရခြင်းအကြောင်းအရင်းရဲ့ နောက်ကွယ်က သွေးပျစ်ခြင်းအကြောင်းကို စုံစုံလင်လင်သိပြီလို့ထင်ပါတယ်

အသက်ငယ်ငယ် ရွယ်ရွယ် နဲ့ လေဖြတ်ခြင်းမှ
ကာကွယ်ဖို့ သွေးပျစ်စေမယ့် အပြုအမူ တွေလျော့ချဖို့ လိုအပ်ပါမယ်နော်

အကျိုးရှိတယ်ဆိုရင် ထပ်မံပြီးမျှဝေပေးဖို့လည်းတိုက်တွန်းချင်ပါတယ်

ကျေးဇူး တင်စွာဖြင့်
Dr TMNS

03/10/2023

၃နှစ်အရွယ်က​လေး​တွေရဲ့ လူမှုဆက်​ဆံ​ရေးဖွံ့ဖြိုးတိုးတက်မှုအ​ကြောင်း တ​စေ့တ​စောင်း 👧🧑

ကလေးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်(Autonomy) ကိုလေးစားပါ

​🤰ပဋိသ​န္ဓေတည်လိုက်ပြီဆိုတဲ့အချိန်ကစလို့ ​မွေးဖွားလာရာက​နေ အရွယ် အဆင့်ဆင့်ကို က​လေး​လေး​တွေဟာ ဖြတ်သန်းရပါတယ်... အဲဒီအဆင့်​တွေမှာ ​

🤱မွေးကင်းစ နို့စို့က​လေးအရွယ် (တစ်နှစ်​အောက်)
🚶လမ်း​လျှောက်တတ်ကာစ အရွယ် toddler (တစ်နှစ်မှ ၃နှစ်)
🧍‍♀️မူကြိုအရွယ် (၃နှစ် မှ ၆နှစ်)
🙆‍♂️အလယ်အလတ် က​လေးအရွယ် (၆နှစ် မှ ၁၂နှစ်)
👨မြီး​ကောင်​ပေါက် အရွယ် (၁၂ နှစ် မှ ၂၀ နှစ်) တို့ ဖြစ်ကြပါတယ်....

အဲဒီ အသက်အရွယ်အလိုက်မှာ က​လေးဖွံ့ဖြိုးတိုးတက်မှု စိတ်ပညာအရ က​လေးများသည် ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်ခြင်း (Physical Development)🏃‍♀️, သိမှု ဖွံ့ဖြိုးခြင်း (Cognitive Development)👩‍🏫, လူမှုဆက်ဆံ​ရေး ဖွံ့ဖြိုးတိုးတက်ခြင်း (Social Development)👯‍♂️, စိတ်ခံစားချက် ဖွံ့ဖြိုးခြင်း (Emotional Development)🙇‍♀️ တို့ကို ကြုံ​တွေ့ရပါတယ်....

ဖွံ့ဖြိုးမှုနယ်ပယ်တစ်ခုစီတိုင်းကို စိတ်ပညာရှင်​တွေက အ​သေးစိတ် ​လေ့လာကြတဲ့အခါ theory ​တွေ ထွက်​ပေါ်လာပါတယ်... ဒါကလည်း က​လေးစိတ်ပညာရဲ့ အသက် လို့ ဆိုရမှာပါ...👨‍💻

အဲဒီထဲမှာမှ စိတ်ဝင်စားစရာ​ကောင်းတဲ့ က​လေး​တွေရဲ့ လူမှုဆက်ဆံ​ရေး ဖွံ့ဖြိုးတိုးတက်မှု (Social Development) အ​ကြောင်းကို စိတ်ပညာရှု​ထောင့်က​နေ ပညာရှင် Erik Erikson မှ ​လေ့လာထားတာကို ဗဟုသုတအ​နေနဲ့ ထုတ်နှုတ်တင်ပြလိုပါတယ်...🙋‍♀️

Erikson ရဲ့ theory မှာ က​လေးအသက်အလိုက် ​လေ့လာထားရာက​နေ မူကြိုက​လေး​လေး​တွေရဲ့ စိတ်ပညာအရ လူမှုဆက်ဆံ​ရေး ဖွံ့ဖြိုးတိုးတက်လာပုံကို ​ပြောပြချင်ပါတယ်....

၁နှစ်ခွဲ မှ ၃နှစ်ပတ်ဝန်းကျင်​အရွယ်မှာဆိုရင် စကားလုံး​ရေ ၁၀၀၀ နီးပါးကိုလည်း သိ​နေပြီဖြစ်လို့ တွတ်တီးတွတ်တာကလည်း ​ပြောတတ်​နေပါပြီ... potty training လို့​ခေါ်တဲ့ ကိုယ့်ဘာသာ အိမ်သာသွားခြင်း၊ ကိုယ်လက်သန့်စင်ခြင်း၊ ကိုယ့်ဘာသာ အင်္ကျီဝတ်ခြင်း ချွတ်ခြင်း၊ ​ရေချိုးခြင်း၊ ဇွန်းဖြင့် ထမင်းစားခြင်း စ တဲ့ အ​ခြေခံ ဘဝတွက်တာလုပ်ငန်း​တွေကို သင်ယူတတ်​မြောက်ကာစ ဖြစ်ပါတယ်... တကယ့်ကို လူ့​​လောကကြီးကို မျက်စိဖွင့်နားစွင့်ကာ အစွမ်းကုန်သင်ယူ​တော့မယ့် အရွယ်ပါပဲ... 🧏‍♀️

ဒီအချိန်မှာ က​လေး​တွေဟာ ဘာမဆို ကိုယ့်ကိုယ်ကို အရမ်းအားကိုးချင်လာတယ်...သူတို့မှာ power လို့​ခေါ်တဲ့ စွမ်းအင်၊ independence လို့​ခေါ်တဲ့ အမှီအခိုကင်းကင်း ကိုယ့်ကိုယ်ကိုအားကိုးခြင်း စတဲ့အသိ​​တွေ တရှိန်ထိုး တိုးတက်​နေတာမို့ ဘာမဆို သူသာလျှင် လုပ်ချင်လာတယ်.... ​မေ​မေ​ရေ​သောက်ချင်တယ်ဆိုလည်း သူက ​ရေခပ်​ပေးချင်တယ်၊ ​မေ​မေ ဟင်းချက်​နေရင် သူက ပန်းကန်​ဆေး​ချင်တယ်၊ ​ဖေ​ဖေ ကား​​ရေ​ဆေး​နေရင် သူက ​ရေပိုက်ကိုင်ချင်တယ်၊ ဘွားဘွားက ပန်းပင်စိုက်​နေရင် သူက ​ပန်းအိုး​တွေ မ သယ်ချင်တယ်... ဒီလို ကိုယ့်အားကိုယ် ကိုးလိုခြင်းကို Autonomy လို့​ခေါ်ပါတယ်....👨‍🌾🤸‍♀️

Autonomy အရမ်းဖွံ့ဖြိုး​နေတဲ့ ဒီအရွယ်မှာ မိဘ​တွေဟာ အဲဒီစိတ်​လေးကို ​မြေ​တောင်​မြှောက်​ပေးဖို့လိုပါတယ်... သူ့ဆုံးဖြတ်ချက်​လေးကို က​လေးမို့ဆိုပြီး မပစ်ပယ်ဘဲ ​လေးစားဖို့လိုပါတယ်... သူဝတ်ချင်တဲ့ အင်္ကျီကို သူ့ဘာသာ ​ရွေးခိုင်းတာမျိုး၊ သူစားဖို့ ထမင်းပန်းကန်ကို သူ့ဘာသာ သယ်ခိုင်းတာမျိုး အား​ပေးသင့်ပါတယ်... ​ဘေးက​နေ တအားလိုက်လုပ်မ​ပေးဘဲ ကူညီဖို့ အသင့်အ​နေအထားနဲ့သာ ​စောင့်သင့်ပါတယ်... အဲဒါဆိုရင် က​လေး​လေး​တွေဟာ ​နောင်တစ်ချိန်မှာလည်း ကိုယ်ပိုင်အ​တွေးအ​ခေါ်အယူအဆ မြင့်မားတဲ့ လူသား​လေး​တွေ ဖြစ်လာမှာပါ....👨‍👧‍👦

Autonomy ကို အားမ​ပေးဘဲ က​လေးကို အချစ်လွန်ပြီး ဘာမဆို အကုန်လုပ်​ပေးမယ်၊ ထမင်းကအစ ခွံ့​ကျွေးမယ်၊ သူ့ဘာသာ ဘာမှမလုပ်ခိုင်းဘဲ မိုးလင်းတဲ့အချိန်မှစ၍ သွားလည်းတိုက်​ပေး၊ ​​ရေလည်းချိုး​ပေး၊ ဖိနပ်လည်းဝတ်​ပေးတဲ့ over-protective ဖြစ်တဲ့ အမူအကျင့်​တွေ၊ က​လေးကို ​ဘေးက​နေ အကုန်စီမံ​ပေးပြီး အ​ခြွေအရံအ​စောင့်အ​ရှောက်​ပေါင်းများစွာနဲ့ ကိုယ်တိုင်ဘာမှလုပ်ဖို့မလိုတာ​တွေ၊ က​လေးက ​ရေခွက်ကို ကိုယ့်ဘာသာသယ်ရင်း မ​တော်တဆ ဖိတ်ကျ၊ ​ရေခွက်ကျကွဲသွားတာမျိုးဆို အပြစ်တင်ကြိမ်း​မောင်းပြီး ​နောက်မလုပ်ခိုင်း​တော့တာ​တွေ စတဲ့ မိဘများရဲ့ အမူအကျင့်​တွေဟာ က​လေးရဲ့ Autonomy စိတ်က​လေးကို သိမ်ငယ်သွား​စေပြီး တဖြည်းဖြည်းနဲ့ က​လေးဟာ ဘာမှမလုပ်တတ်​တော့ဘူး၊ ကိုယ့်အားကိုယ် မကိုးတတ်​တော့ဘူး၊ အကူအညီမှမပါရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ​တော့ဘူး စ တဲ့ အားနည်းချက်​တွေကြီးထွားလာပြီး ​နောက် ကြီးပြင်းလာတဲ့အခါမှာလည်း ကိုယ်ပိုင်အ​တွေးအ​ခေါ် နည်းပါးတဲ့ လူသား​တွေဖြစ်လာနိုင်ပါတယ်... တစ်နည်းအားဖြင့်ဆို​သော် က​​လေးသည် သူ့ကိုယ်သူ အသုံးမဝင်ဘူးလို့ ထင်မြင်ယူဆ သံသယအ​တွေး (Doubt) ဖြစ်သွားတာပါ....🗣🙇

ဒါ​ကြောင့် မူကြိုကို မကြာခင်သွား​တော့မယ့် မိမိတို့ရဲ့က​လေးငယ်​လေးကို Autonomy (ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးခြင်း) ရင့်သန်​စေဖို့ ​လေ့ကျင့်​ပေးရန် အထူး​အ​ရေးကြီးလှပါတယ်.....🧏‍♀️

17/08/2023

Child Developmental Psychology (သိမှတ်ဖွယ်ရာ ကလေးစိတ်ပညာ သင်တန်း)

သင်ရိုးပုံစံ နမူနာကို Course trainer

🧑🏻‍⚕️Dr A Ni(MBBS, Diploma in Child Psychology) မှ ရှင်းပြထားတဲ့ Video လေးပါနော်

မကြာခင် September 3rd မှာလည်းသင်တန်းအသစ်ဖွင့်သွားဖို့ရှိပါတယ်

စိတ်ပါဝင်စားတဲ့ မည်သူမဆို တက်ရောက်နိုင်ပါတယ်

Page messenger မှာလည်းအသေးစိတ်မေးမြန်းနိုင်ပါတယ်နော်😊

11/08/2023

Child Developmental Psychology
(သိမှတ်ဖွယ်ရာ ကလေးစိတ်ပညာသင်တန်း)
➖➖➖➖➖➖➖➖➖➖➖➖➖

သားသားမီးမီး​လေးတွေရဲ့ ဖွံ့ဖြိုးမှုက မှန်ကန်ပြီး ပြုစုပျိုး​ထောင်မှုကလည်း စနစ်ကျမှသာလျှင် ​နောင်တစ်ချိန် လူကြီးဖြစ်တဲ့အချိန်မှာ ကိုယ်ကျင့်တရား​​ရော
စိတ်​နေသ​ဘောကပါ ပြည့်ဝတဲ့ လူသား​တွေဖြစ်လာနိုင်မှာပါ.....

ဒါ​ကြောင့် က​​​လေးဘဝမှာကတည်းက ​ကောင်းမွန်တဲ့ အုတ်မြစ်ချ လမ်းညွှန်မှု​တွေလုပ်နိုင်ဖို့ အ​ရေးကြီးလှပါတယ်....

က​​လေးရဲ့ စိတ်နှလုံးသ​ဘောသဘာဝ​တွေ၊ အကျင့်ဗီဇ​လေး​တွေကို နားလည်ဖို့အတွက် အုပ်ထိန်းသူမိဘ​​တွေ၊ က​လေးနဲ့လက်ပွန်းတတီး​နေရတဲ့ ဆရာ ဆရာမ​တွေကို က​လေးစိတ်ပညာ (Child Psychology) အ​ကြောင်း အသိပညာမျှ​ဝေ​ပေးမယ့် "Basic Child Psychology" ​လေးရက်တာ သင်တန်း​လေး ဖွင့်လှစ်မယ့်အ​ကြောင်း သတင်း​ပေးလိုပါတယ်....👨‍👧‍👦👨‍👩‍👧‍👧👩‍👦

ဒီ သင်တန်း​လေးမှာ ဘာ​တွေ ပို့ချသွားမလဲ?🤔

👨‍👩‍👦1. Developmental Psychology and its important theories (က​လေးရဲ့ သိမှုဆိုင်ရာတိုးတက်မှု၊ စိတ်ခံစားချက်နဲ့ လူမှုဆက်ဆံ​ရေး တိုးတက်မှုအတွက် ဘာ​တွေ လုပ်​ဆောင်သင့်သလဲ?)

👨‍👩‍👦2.A Brief on Lifespan Attachment Theory (ရင်ခွင်ပိုက်အရွယ်ကစလို့ ဘယ်လိုမျိုး လမ်းညွှန်ဆုံးမမှု​တွေ၊ ဘယ်လိုမျိုး အုပ်ထိန်းမှု​တွေ​ပေးသင့်ပါသလဲ?)

👨‍👩‍👦3. How to Strengthen Parent-Child Relationship (မိဘနဲ့သားသမီးကြား ​နွေး​ထွေးခိုင်မာတဲ့ ဆက်ဆံ​ရေးကို ဘယ်လို တည်​ဆောက်ကြမလဲ? ဘယ်လို ထိန်းသိမ်းကြမလဲ?)

👨‍👩‍👦4. Understanding Adolescents (မြီး​ကောင်​ပေါက်အရွယ်လို့​ခေါ်တဲ့ က​လေးဘဝက​နေ လူငယ်ဘဝကို ကူး​ပြောင်းတဲ့ စပ်ကူးကာလမှာ ဘယ်လို အခက်အခဲ​တွေ ကြုံရနိုင်လဲ? ဘယ်လို​ဖြေရှင်းမလဲ?)

က​လေးစိတ်ပညာကို အ​ခြေခံကျကျ​လေ့လာတဲ့အခါ တကယ့်အ​ရေးကြီးဆုံး​ထောက်တိုင်သဖွယ်ဖြစ်တဲ့ အထက်ပါ ​ခေါင်းစ​ဥ် ​လေးမျိုးကို ​ဆွေး​​နွေးပို့ချ​​ပေးသွားမှာဖြစ်ပါတယ်.... 🙋‍♀️

စာသင်တာမျိုးမဟုတ်ဘဲ ပို့ချသူနဲ့ မိဘ​တွေကြား အပြန်အလှန် ​ဆွေး​နွေးကြတဲ့ပုံစံဖြစ်တာ​ကြောင့် စိတ်လက်​ပေါ့ပါးစွာ သိလိုသမျှကို ​လေ့လာနိုင်မှာဖြစ်ပါတယ်ရှင်....

👩‍💻ဒီ မိတ်ဆက်သင်တန်း​လေးကို ပို့ချမယ့်သူက​တော့
👉Dr A Ni ဖြစ်ပြီး M.B.B.S ဘွဲ့အပြင် ၂၀၂၂ မှာ London Qualifications Board မှ အသိအမှတ်ပြုထားတဲ့ Diploma in Child Psychology လက်မှတ်ကို အမှတ်အများဆုံး (Highest Marks Achiever- Grade A) ဖြင့်ရရှိထားသူဖြစ်ပါတယ်...လက်ရှိမှာလည်း Diploma in Early Childhood Care & Development course ရဲ့ candidate ဖြစ်ပါတယ်... 👩‍🎓

ဘယ်သူ​တွေ တက်​ရောက်သင့်ပါသလဲ? 🤔

သားသားမီးမီး​တွေကို ကိုယ်တိုင် နားလည်ပြီး ​သေချာစွာ ပျိုး​ထောင်လိုသူတိုင်း တက်​ရောက်သင့်တဲ့ သင်တန်း​လေးဖြစ်ပါတယ်... ​မွေးကင်းစမှ အသက် ၁၈နှစ်အထိ က​လေးရှိ​​သော မိဘများ၊
က​လေး​တွေကို လမ်းညွှန်ပဲ့ပြင်​ပေးရတဲ့ ဆရာ ဆရာမများ၊ က​လေးစိတ်ပညာကို အ​ခြေခံမှစ၍ ​လေ့လာလိုသူများ တက်​ရောက်နိုင်ပါတယ်... 🙋‍♀️

Zoom application နဲ့ online class တက်​ရောက်ရမှာပါ... သင်တန်းပြီးဆုံးတဲ့အခါ Certificate of Attendance လက်မှတ်​ပေးအပ်မှာဖြစ်ပါတယ်ရှင်...👨‍🏫

🗓 သင်တန်းကာလ - ၄ရက် ( ​စက်တင်ဘာ ၄ရက်၊ ၆ ရက်၊ ၁၁ ရက်၊ ၁၃ ရက်)

🕰 သင်တန်းအချိန် - ည​နေ ၆နာရီခွဲ မှ ည ၈နာရီ ( class အပြီး နာရီဝက် ​ဆွေး​နွေးချိန်၊ ​မေးခွန်း​မေးချိန် ​ပေးပါမည်)

💳 သင်တန်း​ကြေး - ၃၅၀၀၀ ကျပ်

🗒 သင်တန်းဖွင့်မည့်ရက် - စက်တင်ဘာ ပထမအပတ် ၄ရက်​နေ့မှ စတင်ပါမည်။

သင်တန်းသားများနှင့် ပို့ချသူ ဆရာမ ပါဝင်မယ့် telegram channel လည်း ပြုလုပ်​ပေးထားမှာဖြစ်ပြီး သင်တန်းကို live မတက်​ရောက်နိုင်တဲ့ရက်​တွေအတွက် စိတ်ပူစရာမလိုဘဲ recording video ​တွေ ထားရှိ​ပေးသွားမှာပါ... telegram channel မှလည်း ဆရာမနဲ့ အချိန်မ​ရွေး ​ဆွေး​နွေး​မေးမြန်းလို့ရနိုင်ပါတယ်ရှင်... 🖥💻

Royal Care Clinic မှ ဖွင့်လှစ်တဲ့ က​လေးစိတ်ပညာသင်တန်းဟာ ပထမအသုတ်ကို ​အောင်မြင်စွာပြီးဆုံးခဲ့ပြီး တက်​​​ရောက်သူမိဘများရဲ့ နှစ်သက်အား​ပေးမှု good review များကိုလည်း ရရှိထားပါတယ် 🤝🤝🤝

ကဲ... အဲဒါဆိုရင် မိမိတို့ရဲ့ သားသားမီးမီး​တွေကို နားလည်မှုအပြည့်နဲ့ စနစ်တကျ ပြုစုပျိုး​ထောင်နိုင်မယ့် နည်းလမ်း​တွေကို သိရှိနားလည်နိုင်ဖို့အတွက် ဒီ သင်တန်း​လေးကို အမြန် လာအပ်လိုက်​တော့​နော်...🤱🧑‍🍼

စိတ်ဝင်စားတဲ့မိဘများအနေနဲ့
- Page messenger
- 09785213556
- 095115498 မှ ဆက်သွယ်စုံစမ်းစာရင်းသွင်းနိုင်ပါပြီဆိုတဲ့အကြောင်းသတင်းကောင်းလေးပါးလိုက်ပါရစေ

15/07/2023

ကျန်းမာ​ပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့
က​လေး​တွေဖြစ်ဖို့ဆိုတာ မိဘတိုင်းရဲ့ ရည်မှန်းချက်ပါ.... 👨‍🏫🙋

"ယ​နေ့လူငယ်၊ ​နောင်ဝယ် လူကြီး" ဆိုတဲ့ စကားအတိုင်းပဲ က​လေးဘဝမှာ ပြုစုပျိုး​ထောင်မှု မှန်ကန်ခဲ့မှသာလျှင် ​နောင်တစ်ချိန်မှာ ​အောင်မြင်ပြီး အများအကျိုးကိုယ့်အကျိုး​ဆောင်နိုင်တဲ့ လူသားများ ဖြစ်လာမှာ အ​​သေအချာပါပဲ....🧑‍💼👩‍💼

မိဘနဲ့သားသမီးကြားက ဆက်ဆံ​ရေးဆိုတာ ​သွေးသားဆက်နွယ်တဲ့ biological relationship တစ်ခုသာမဟုတ်ဘဲ parenting လို့​ခေါ်တဲ့ သွန်သင်လမ်းညွှန်မှုက အခရာဖြစ်ပါတယ်... မိမိရဲ့ သားသမီး​တွေကို လမ်းမှန်​ရောက်​အောင်၊ စိတ်​ရောကိုယ်ပါ ဖွံ့ဖြိုးတိုးတက်​အောင် ​ဆောင်ကျဥ်းနိုင်တဲ့ နည်းလမ်းတစ်ခုဆိုရင်လည်း မမှားပါ....🤱👨‍👩‍👧

သားသားမီးမီး​တွေရဲ့ ဘဝမှာ ဒီလိုအ​ရေးပါတဲ့
​ဖေ​ဖေ​မေ​မေတို့ရဲ့ သွန်သင်လမ်းညွှန်မှု​တွေ မှန်ကန်တိုးတက်​စေဖို့ နည်းစနစ်​တွေကို မျှ​ဝေ​ဆွေး​​နွေးမယ့် webinar ​လေးတစ်ခုကို "𝐓𝐇𝐄 𝐏𝐎𝐖𝐄 𝐎𝐅 𝐏𝐎𝐒𝐈𝐓𝐈𝐕𝐄 𝐏𝐀𝐑𝐄𝐍𝐓𝐈𝐍𝐆 𝐑𝐀𝐈𝐒𝐈𝐍𝐆 𝐇𝐀𝐏𝐏𝐘 & 𝐂𝐎𝐍𝐅𝐈𝐃𝐄𝐍𝐓 𝐊𝐈𝐃𝐒" ဆိုတဲ့ ​ခေါင်းစဥ်​လေးနဲ့ ကျင်းပပြုလုပ်​ပေးသွားဖို့ စီစဥ်ထားပါတယ်....👩‍💻

ဒီ webinar ​လေးမှာ မိဘတိုင်းအတွက် အကျိုးရှိ​စေဖို့-
👨‍👩‍👦 မိဘနဲ့သားသမီးကြား ခိုင်မာ​သော ဆက်ဆံ​ရေး
👨‍👩‍👦 သွန်သင်လမ်းညွှန်မှု အမျိုးမျိုး (Parenting Styles)
👨‍👩‍👦 မိဘနှစ်ပါးလုံး ဟန်ချက်ညီညီ လမ်းညွှန်နိုင်ဖို့ Co-parenting အ​ကြောင်း
👨‍👩‍👦 က​လေးကို motivation ဘယ်လို​ပေးကြမလဲ?
👨‍👩‍👦 မိမိကိုယ်ကိုယုံကြည်မှု၊ တာဝန်ယူတတ်မှုတို့ ခိုင်မာလာ​စေရန် ဘယ်လို လမ်းညွှန်ရမလဲ?
စသည်ဖြင့် ​ခေါင်းစဥ်ငယ်အမျိုးမျိုးကို ရှု​ထောင့်​ပေါင်းစုံမှ ​ဆွေး​နွေး​ပေးသွားမှာ ဖြစ်ပါတယ်....

မျှ​ဝေ​ဆွေး​နွေးမည့်သူ👩‍🏫👩‍⚕️
Dr A Ni
M.B.B.S (Mdy)
Diploma in Child Psychology (LQB, UK)

🗓Webinar ကျင်းပမည့်ရက် - ၂၆.၇.၂၃
🕡ကျင်းပမည့် အချိန် - ည ၆နာရီခွဲမှ ၈နာရီ
Registration အတွက် Royal Care Page Messenger မှာဆက်သွယ်စုံစမ်းနိုင်ပါပြီ။

08/07/2023

ကလေးတွေမှာဖြစ်တတ်တဲ့ စိတ်ဖိစီးမူပြဿနာဆိုတာဘာလဲ❓
ဘယ်လို လျော့ချပေးလို့ရမလဲ❓

သိချင်ရင် ဟောပြောပွဲ recorded video လေးကိုသေသေချာချာလေ့လာကြည့်လိုက်နော်

ဟောပြောပေးထားသူကတော့…..
🧑🏻‍⚕️Dr. A Ni
(MBBS, Diploma in child psychology)ဖြစ်ပါတယ်

😍Dr. A Ni ရဲ့ Child Developmental Paychology သင်တန်းလေးကိုလည်း တက်ချင်ရင် လာရောက်စုံစမ်းနိုင်ပါတယ်နော်😍

07/07/2023

💢သင်တန်းစပါတော့မယ်ရှင့်💢

တိုးတက်လာတဲ့​ခေတ်ကြီးမှာ က​လေး​တွေရဲ့
စိတ်ခန္ဓာ ဖွံ့ဖြိုးမှုကလည်း ဟိုးအရင်ကနဲ့မတူဘဲ မြန်ဆန်​ပြောင်းလဲလာပါတယ်....

သူတို့​လေး​တွေရဲ့ ဖွံ့ဖြိုးမှုက မှန်ကန်ပြီး ပြုစုပျိုး​ထောင်မှုကလည်း စနစ်ကျမှသာလျှင် ​နောင်တစ်ချိန် လူကြီးဖြစ်တဲ့အချိန်မှာ ကိုယ်ကျင့်တရား​​ရော
စိတ်​နေသ​ဘောကပါ ပြည့်ဝတဲ့ လူသား​တွေဖြစ်လာနိုင်မှာပါ.....

ဒါ​ကြောင့် က​​​လေးဘဝမှာကတည်းက ​ကောင်းမွန်တဲ့ အုတ်မြစ်ချ လမ်းညွှန်မှု​တွေလုပ်နိုင်ဖို့ အ​ရေးကြီးလှပါတယ်....

က​​လေးရဲ့ စိတ်နှလုံးသ​ဘောသဘာဝ​တွေ၊ အကျင့်ဗီဇ​လေး​တွေကို နားလည်ဖို့အတွက် အုပ်ထိန်းသူမိဘ​​တွေ၊ က​လေးနဲ့လက်ပွန်းတတီး​နေရတဲ့ ဆရာ ဆရာမ​တွေကို က​လေးစိတ်ပညာ (Child Psychology) အ​ကြောင်း အသိပညာမျှ​ဝေ​ပေးမယ့် မိတ်ဆက် online class ​လေး ဖွင့်လှစ်မယ့်အ​ကြောင်း သတင်း​ပေးလိုပါတယ်....👨‍👧‍👦👨‍👩‍👧‍👧👩‍👦

ဒီ သင်တန်း​လေးမှာ ဘာ​တွေ ပို့ချသွားမလဲ?

👨‍👩‍👦1. Developmental Psychology and its important theories (က​လေးရဲ့ သိမှုဆိုင်ရာတိုးတက်မှု၊ စိတ်ခံစားချက်နဲ့ လူမှုဆက်ဆံ​ရေး တိုးတက်မှုအတွက် ဘာ​တွေ လုပ်​ဆောင်သင့်သလဲ?)

👨‍👩‍👦2.A Brief on Lifespan Attachment Theory (ရင်ခွင်ပိုက်အရွယ်ကစလို့ ဘယ်လိုမျိုး လမ်းညွှန်ဆုံးမမှု​တွေ၊ ဘယ်လိုမျိုး အုပ်ထိန်းမှု​တွေ​ပေးသင့်ပါသလဲ?)

👨‍👩‍👦3. How to Strengthen Parent-Child Relationship (မိဘနဲ့သားသမီးကြား ​နွေး​ထွေးခိုင်မာတဲ့ ဆက်ဆံ​ရေးကို ဘယ်လို တည်​ဆောက်ကြမလဲ? ဘယ်လို ထိန်းသိမ်းကြမလဲ?)

👨‍👩‍👦4. Temperament of Children (က​လေးရဲ့ ကိုယ်ရည်ကိုယ်​သွေးအ​ပေါ်မူတည်ပြီး လိုက်ဖက်တဲ့ လမ်းညွှန်မှုကို ဘယ်လို​​ပေးမလဲ?)

👨‍👩‍👦5. Understanding Children with Special Needs (အထူးအကူအညီလိုအပ်​​နေတဲ့ က​လေး​တွေ၊ တမူထူးခြားတဲ့က​လေး​​တွေဆိုတာ ဘယ်လိုမျိုး လက္ခဏာ​တွေရှိလဲ? ​စောင့်​ရှောက်မှု ဘယ်လို​ပေးကြမလဲ?)

👨‍👩‍👦6. Understanding Adolescents (မြီး​ကောင်​ပေါက်အရွယ်လို့​ခေါ်တဲ့ က​လေးဘဝက​နေ လူငယ်ဘဝကို ကူး​ပြောင်းတဲ့ စပ်ကူးကာလမှာ ဘယ်လို အခက်အခဲ​တွေ ကြုံရနိုင်လဲ? ဘယ်လို​ဖြေရှင်းမလဲ?)

အထက်ပါ ​ခေါင်းစဥ်​တွေအပြင် မိဘ​တွေ သိလိုတဲ့၊ ​တောင်းဆိုတဲ့ အ​ကြောင်းအရာ နှစ်ခုကို ​နောက်​ဆုံး သင်တန်းရက် နှစ်ရက်မှာ ပို့ချ​ပေးသွားမှာဖြစ်ပါတယ်.... 🙋‍♀️

စာသင်တာမျိုးမဟုတ်ဘဲ ပို့ချသူနဲ့ မိဘ​တွေကြား အပြန်အလှန် ​ဆွေး​နွေးကြတဲ့ပုံစံဖြစ်တာ​ကြောင့် စိတ်လက်​ပေါ့ပါးစွာ သိလိုသမျှကို ​လေ့လာနိုင်မှာဖြစ်ပါတယ်ရှင်....

👩‍💻ဒီ မိတ်ဆက်သင်တန်း​လေးကို ပို့ချမယ့်သူက​တော့ Dr A Ni ဖြစ်ပြီး M.B.B.S ဘွဲ့အပြင် ၂၀၂၂ မှာ London Qualifications Board မှ အသိအမှတ်ပြုထားတဲ့ Diploma in Child Psychology လက်မှတ်ကို အမှတ်အများဆုံး (Highest Marks Achiever- Grade A) ဖြင့်ရရှိထားသူဖြစ်ပါတယ်...လက်ရှိမှာလည်း Diploma in Early Childhood Care & Development course ရဲ့ candidate ဖြစ်ပါတယ်... 👩‍🎓

သားသားမီးမီး​တွေကို ကိုယ်တိုင် နားလည်ပြီး ​သေချာစွာ ပျိုး​ထောင်လိုသူတိုင်း တက်​ရောက်သင့်တဲ့ သင်တန်း​လေးဖြစ်ပါတယ်...

Zoom application နဲ့ online class တက်​ရောက်ရမှာပါ... သင်တန်းပြီးဆုံးတဲ့အခါ Certificate of Attendance လက်မှတ်​ပေးအပ်မှာဖြစ်ပါတယ်ရှင်...👨‍🏫

🗓 သင်တန်းကာလ - တစ်လ

🕰 သင်တန်းအချိန် - အပတ်စဥ် စ​နေ နှင့် တနင်္လာ၊ ည​နေ ၆နာရီခွဲ မှ ည ၈နာရီ ( class အပြီး နာရီဝက် ​ဆွေး​နွေးချိန်၊ ​မေးခွန်း​မေးချိန် ​ပေးပါမည်)

💳 သင်တန်း​ကြေး - ၅၀၀၀၀ ကျပ်

🗒 သင်တန်းဖွင့်မည့်ရက် - July လ ပထမအပတ်

သင်တန်းသားများနှင့် ပို့ချသူ ဆရာမ ပါဝင်မယ့် telegram channel လည်း ပြုလုပ်​ပေးထားမှာဖြစ်ပြီး သင်တန်းကို live မတက်​ရောက်နိုင်တဲ့ရက်​တွေအတွက် စိတ်ပူစရာမလိုဘဲ recording video ​တွေ ထားရှိ​ပေးသွားမှာပါ... telegram channel မှလည်း ဆရာမနဲ့ အချိန်မ​ရွေး ​ဆွေး​နွေး​မေးမြန်းလို့ရနိုင်ပါတယ်ရှင်... 🖥💻

ကဲ... အဲဒါဆိုရင် မိမိတို့ရဲ့ သားသားမီးမီး​တွေကို နားလည်မှုအပြည့်နဲ့ စနစ်တကျ ပြုစုပျိုး​ထောင်နိုင်မယ့် နည်းလမ်း​တွေကို သိရှိနားလည်နိုင်ဖို့အတွက် ဒီ သင်တန်း​လေးကို အမြန် လာအပ်လိုက်​တော့​နော်...🤱🧑‍🍼

Page messenger မှ ဆက်သွယ်အပ်နှံနိုင်ပါပြီ...

Photos from Royal Care Online Clinic's post 03/07/2023

Anxiety in Children and Adolescents Free Webinar လေးစပါတော့မယ်နော်😊

28/06/2023

အခမဲ့ ဟောပြောမည့် အစီအစဉ်
➖➖➖➖➖➖➖➖➖

👧👦သားသားမီးမီး​​လေး​တွေရဲ့ စိတ်ခံစားမှုဖြစ်တဲ့ emotion အ​ပေါ် မလိုလားအပ်တဲ့ သက်​ရောက်မှု​တွေဖြစ်လာတဲ့အခါ စိတ်ဖိစီးမှု​တွေ၊ ​ကောင်းစွာ အိပ်မ​ပျော်နိုင်တဲ့ အခက်အခဲ​တွေ စသဖြင့် ​ဖြစ်​ပေါ်လာနိုင်ပါတယ်...🙍‍♀️🤦‍♀️

ဒါ့အပြင် က​လေးဘဝက​နေ လူငယ်ဘဝကို ကူး​​ပြောင်းတဲ့ ဆယ်​ကျော်သက်ကာလမှာလည်း စိတ်ခံစားချက် ​ပြောင်းလဲမှုနဲ့အတူ ပူပင်​သောက ​ရောက်ရတဲ့အ​ကြောင်း​လေး​တွေ ရှိတတ်ကြပါတယ်...🙍‍♂️

👩‍💻အဲဒါ​ကြောင့် Royal Care Clinic မှ ဦး​ဆောင်ပြီး က​လေးစိတ်ပညာ ပို့ချသူ Dr A Ni က​ ​
💢Anxiety in Children and Adolescents​​💢
(က​လေးများတွင် ဖြစ်တတ်​​သော စိတ်ဖိစီးမှု နှင့်ပူပန်​သောက​ ပြဿနာ) ခေါင်းစဥ်​လေးနဲ့ ဒုတိယအကြိမ် free webinar အခမဲ့​ဆွေး​နွေးပွဲ​လေး ပြုလုပ်​ပေးမှာဖြစ်ပါတယ်...

ဒီ webinar ​လေးမှာ ​​ဖေ​ဖေ ​မေ​မေတို့ စိတ်ဝင်စားမှုအရှိဆုံးဖြစ်တဲ့
👉Separation Anxiety (​ကျောင်းပို့လို့မရဘဲ မိဘကို အ​ပျောက်မခံတဲ့ ပြဿနာ)
👉Specific Phobias (တစ်စုံတစ်ခုကို ပုံမှန်ထက်ပိုပြီး ​ကြောက်ရွံ့တဲ့ ပြဿနာ)
👉အိပ်ရာထဲ ဆီးသွားတဲ့ Enuresis ပြဿနာ​လေး​တွေအ​ကြောင်းပါ ထည့်သွင်း​ပြောကြား​ပေးမှာမို့ လက်မလွှတ်တမ်း ပါဝင်​သင့်ပါတယ်ရှင်.... 🧏‍♀️

👩‍👦‍👦အထူးဧည့်သည် (Special Guest) အ​နေနဲ့ ​မိခင်နဲ့က​လေး​တွေအတွက် ဗဟုသုတ​တွေ အမြဲမျှ​ဝေ​ပေးတဲ့ မေ​မေ blogger တစ်ဦးဖြစ်တဲ့
Mommy Yu ကိုလည်း ဖိတ်​ကြားထားပါတယ်ရှင်...

👩‍🏫 ​ဟော​ပြောမည့်သူ
- Dr A Ni (M.B.B.S, Diploma in Child Psychology)
🗓 ​ဟော​ပြောမည့်​နေ့ရက်
- ၃.၇.၂၃ (တနင်္လာ​နေ့)
🕡 ​ဟော​ပြောမည့်အချိန်
- ည​နေ ၆နာရီခွဲမှ ည ၈နာရီ
(🙋‍♀️ ​​မေးခွန်း အ​မေးအ​ဖြေ ကဏ္ဍကို နာရီဝက် ​ပေးပါမယ်ရှင်)

🤝စိတ်ဝင်စားတဲ့ဖေဖေ မေမေတို့ page messenger မှာ လာပြောပေးပါနော်🤝

20/06/2023

Screen time များနေတဲ့ ကလေးတွေအတွက် ဘယ်လိုပြန်ပြီးပြုပြင်ပေးရမလဲ❓

🧑🏻‍⚕️Dr. A Ni
MBBS(Mdy)
Diploma in child psychology (LQB) မျှ ကလေးဖေဖေ/မေမေ တို့အတွက် မျှဝေပေးထားတဲ့ video လေးပါ

အဆုံးထိကြည့်သွားဖို့တော့လိုပါမယ်နော်🤓

အဆင်ပြေတယ်ဆို မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း မျှဝေ ပေးလိုက်ပါဦးနော်🤝

💯တခြား ကလေး စိတ်ပညာဘာသာရပ်ကိုစိတ်ဝင်စားတယ်ဆိုရင်လည်း Dr. A Ni ရဲ့ အသေးစိတ်သင်ကြားပေးမယ့် Class မှာ join လို့ရပါတယ်နော်💯

13/06/2023

🤩စုစုပေါင်း(၁၀)ဦးအခမဲ့ဆွေးနွေးတိုင်ပင်ခွင့်အစီအစဉ်🤩

သားသားမီးမီးတို့ရဲ့ ​ဖေ​ဖေ​မေ​​မေ​တွေအတွက် "အခမဲ့ ​​ဆွေး​နွေးတိုင်ပင်နိုင်မယ့် အစီအစဥ်" လာပါပြီရှင် 🙋‍♀️

💁‍♀️ ဘယ်အ​ကြောင်းအရာ​တွေကို အခမဲ့ ​ဆွေး​​နွေးခွင့်ရမလဲ?

👉Child Developmental Psychology နဲ့ပတ်သက်ပြီးဆွေးနွေးနိုင်မှာဖြစ်ပါတယ်

အသေးစိတ်လေးနည်းနည်းရှင်းပြပါမယ်နော်

🔸က​လေးရဲ့ အပြုအမူပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ​ပြောင်းလဲမှု​လေး​တွေ
🔸ကိုယ်အမူအရာ နှုတ်အမူအရာ ပြဿနာရှိ​နေတာ​လေး​တွေ
🔸ပြန်မ​ပြော နားမ​ထောင် ​ခေါင်းမာ​နေတာမျိုး​တွေ အစရှိတဲ့ က​လေးသူငယ် စိတ်ပညာဆိုင်ရာ ​အ​ကြောင်းအရာ​တွေ အပြင်
🔸က​လေးကျန်းမာ​ရေးဆိုင်ရာဗဟုသုတ သိလိုသမျှ​လေး​တွေကို ​အခမဲ့ တိုင်ပင်​ဆွေး​နွေးခွင့်ရပါမယ်ရှင်။

💁‍♀️ ဘယ်သူက ပင်တိုင်​ဆွေး​​နွေး​ပေးမှာလဲ?
👩‍🏫 London Qualifications Board မှ အသိအမှတ်ပြု က​လေးစိတ်ပညာ ဒီပလိုမာဘွဲ့ ရရှိထားပြီး က​လေးကျန်းမာ​ရေး​စောင့်​ရှောက်မှုနယ်ပယ်မှာ ၅နှစ်နဲ့အထက် အ​တွေ့အကြုံရှိ​ထားတဲ့အပြင် အခုလက်ရှိမှာလည်း က​လေး​တွေရဲ့ စိတ်​ရောကိုယ်ပါ ကျန်းမာ​ရေး​စောင့်​ရှောက်ခြင်း ဝန်​​ဆောင်မှု​တွေ​ပေး​နေတဲ့ ​ဒေါက်တာ မှ ပင်တိုင်​ဆွေး​နွေး​ဖြေကြား​ပေးသွားမှာပါ။

💁‍♀️ မိဘ​ ဘယ်နှဦးအထိ လက်ခံ​ဖြေကြား​ပေးဖို့ စီစဥ်ထားပါသလဲ?
👩‍🏫 ​မိဘများအပြင် ဆရာ ဆရာမနဲ့ အုပ်ထိန်းသူ မည်သူဖြစ်​စေ ​ရွေးချယ်ခံရသူ (၁၀) ​​ယောက်ဟာ ​ဆရာမနဲ့ ​အခမဲ့​ဆွေး​​နွေးခွင့်ရမှာပါ။

အစီအစဉ်လေးမှာပါဝင်ဖို့အတွက် ဒီအချက်တွေကိုတော့လုပ်ဆောင်ပေးလို့ရတယ်မလား ဖေဖေ/မေမေတို့ရေ…..
👉Page and post ကို like ပေးရပါမယ်
👉Post ကို ကိုယ်နဲ့သိတဲ့ Fb friend ၃ ယောက် mention ခေါ်ပြီး share ပေးရပါမယ်
👉Share ပြီးရင် screen shot လေး comment box မှာပို့ထားပေးပါနော်
✳️Random picker နဲ့ရွေးမှာဖြစ်တဲ့အတွက် Screen shot ပို့တဲ့ account တွေကိုထည့်ပြီး ရွေးသွားမှာဖြစ်ပါတယ်

✴️အချိန်ကန့်သတ်ချက်ကတော့
ယနေ့ ၁၃.၆.၂၀၂၃ မှ ၁၅.၆.၂၀၂၃ ထိ (၃) ရက်တိတိဖြစ်ပြီး

၁၆.၆.၂၀၂၃ မှာ ဆွေးနွေးခွင့်ရတဲ့သူများကို page မှာ ကြေညာပေးသွားမှာပါ

🧏 ကဲ....မိမိဟာ သားသားမီးမီးတို့ရဲ့ စိတ်ခန္ဓာကျန်းမာ​ကြံ့ခိုင်​ရေးနဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုတယ်ဆိုရင်​​တော့ ဒီ အစီအစဥ်​လေးမှာ ပါဝင်ဖို့ ဖိတ်​ခေါ်ပါရ​စေ.....

အသေးစိတ်သိရှိလိုပါက…..
📲09786213556,095115498
📩Page messenger သို့ဆက်သွယ်နိုင်ပါတယ်ရှင်

Videos (show all)

Child Developmental Psychology (သိမှတ်ဖွယ်ရာ ကလေးစိတ်ပညာ သင်တန်း)သင်ရိုးပုံစံ နမူနာကို Course trainer🧑🏻‍⚕️Dr A Ni(MBBS, ...
ကလေးတွေမှာဖြစ်တတ်တဲ့ စိတ်ဖိစီးမူပြဿနာဆိုတာဘာလဲ❓ဘယ်လို လျော့ချပေးလို့ရမလဲ❓သိချင်ရင် ဟောပြောပွဲ recorded video လေးကိုသေသေခ...
Screen time များနေတဲ့ ကလေးတွေအတွက် ဘယ်လိုပြန်ပြီးပြုပြင်ပေးရမလဲ❓🧑🏻‍⚕️Dr. A NiMBBS(Mdy)Diploma in child psychology (LQB) ...
June 4 ရက်နေ့က စီစဉ်ပေးခဲ့တဲ့ 👩🏼‍⚕️Dr. A Ni ရဲ့Child Developmental Psychology Webinar လေးရဲ့ မှတ်တမ်းတင် ဗီဒီယိုလေးကို ပ...
ကိုဗစ်ကာကွယ်ဆေးဆိုတာဘယ်လိုဖြစ်လာတာလဲ?
ရုတ်တရက်နှလုံးရပ်ပြီး လဲကျသွားတဲ့ သူတွေကို တွေ့ဖူးကြလား❓ရုတ်တရက် နှလုံးရပ်ခြင်းဟာ အားကစားသမား အများစုမှာ အဖြစ်များကြပြီး...

Telephone

Website

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00