Su April L o v e
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Su April L o v e, Restaurant, .
ငြိမ်ခံမှန်းသိလို့ ဒါ
ငါလုပ်လို့ရတဲ့သူဆိုပြီးပိုအနိုင်ကျင့်
လာတာ စကားတွေက လွန်ကဲလာတာ
အမှားမလုပ်ပဲ တောင်းပန်နေရတာတွေ
အပြစ်မရှိပဲ သီးခံပေးနေခဲ့ရတာတွေ
#ကြာလာတော့စိတ်ပျက်လာပြီ
တစ်ချို့လူတွေနဲ့
တစ်ချို့ကိစ္စလေးတွေ ကြုံလိုက်ရတဲ့အခါ ....
ချစ်ခင်ရင်းနှီးမှုတွေဟာ အရင်လိုပြန်မဖြစ်တော့ဘူး။
ဆက်ဆံရေးတွေ မပြတ်သွားရင်တောင် မျက်နှာဖုံးအောက်က မျက်နှာတွေကို တွေ့လိုက်ပြီးချိန်မှာတော့
အရင်လို ကိုယ်ရောစိတ်ပါနှစ်ပြီးတော့ မဆက်ဆံဖြစ်တော့ပါဘူး။
တချို့တွေဆို ရှင်လျှက်နဲ့ မဆုံနိုင်အောင် ဝေးကုန်ကြတဲ့ ဆက်ဆံရေးတွေ ဖြစ်သွားကြရတယ် ။
ဒီလိုဖြစ်လာတဲ့အခါ ...
အရာအားလုံးအပေါ် လိပ်ပြာလုံခဲ့သူက စိတ်အေးလက်အေးနဲ့ နောင်တမရှိ ရှေ့ဆက်လို့ရတယ်။
🌸🌸မာရင်ရင်🌸🌸
ကိုယ်ကြိုက်တာကိုယ်လုပ်နေရရင်
လူ့သဘာဝဆိုတာ
အရမ်းပျော်ရွှင်ကျတာပဲလေ
အရာအားလုံးဟာ ဖြစ်တည်လာတဲ့အပေါ်
မူတည်ပြီး ဖြတ်သန်းကျရတာ ဆိုတော့
သူတစ်ပါးမထိခိုက်တဲ့အရာဖြစ်တဲ့အတွက်
ကိုယ့်ဖြစ်တည်မူနဲ့ ကိုယ့်ပျော်ရွှင်မူက
ကိုယ့်အတွက်တော့ အကောင်းဆုံးပါ
ပါတ်ဝန်းကျင်ဆိုတာ လိုသုံးလဲရှိသလို
မလိုမုန်းလဲရှိတဲ့အတွက် စိတ်ထဲထည့်ထားဖို့
မလိုအပ်ပါဘူး ကံကျမ္မာကပေးတဲ့အတိုင်းပဲပေါ့
တွေ့ကြုံဆုံကွဲ ဖြစ်ပျက်သဘောတိုင်းပါပဲ
သချင်္ာဘာသာရပ်လို ပုံသေနည်းမရှိတဲ့အတွက်
လူ့စိတ်ဆိုသည့်အလျောက် ပြောင်းလဲတတ်တာ
သဘာဝပါ အရာအားလုံး နာလည်မူ့လေးနဲ့
နေသွားတော့မယ်
ချစ်ပေးတယ်ဆိုတာလေ..📸
တစ်နေ့သုံးခါဖုန်းဆက်တာကိုဆိုလိုတာမဟုတ်ဘူး။
ညတိုင်းစကားတွေဖောင်ဖွဲ့ပြောနေမှ..ချစ်တာမဟုတ်ဘူး..။
နှစ်ရက်ခြားတစ်ခါလောက်တွေ့နေမှ..ချစ်တာမဟုတ်ဘူး...။
နေမကောင်းတဲ့အခါ..ဖုန်းလေးနဲ့ဘာဆေးသောက်နော်ဆိုတာလည်း
ချစ်ပေးတာမဟုတ်သလို...။
သူငယ်ချင်းတွေနဲ့အပြင်မသွားနဲ့... ညနက်တဲ့ထိ လျှောက်လည်နေရင်
စိတ်ဆိုးပြီး..။
ငါမကြိုက်တဲ့ စီးကရက်တွေမသောက်နဲ့ နင့်ကိုချစ်လို့ဖြတ်ခိုင်းတာဆိုတာလည်း ချစ်တာမဟုတ်သလို။ နင်တစ်ခုခု လုပ်ပါလားစိတ်ဓာတ်ပဲ ကျမနေနဲ့လေဆိုတာကလည်းချစ်ပေးတာမဟုတ်ဘူး...။
ချစ်ပေးတဲ့ပုံတွေက..မှားနေတယ်။
အဲ့ဒါအချစ်မဟုတ်ဘူး..အချစ်ဆိုတာမပေးတတ်ရင်အချုပ်အနှောင်တစ်ခုနဲ့အလားတူတယ်..။ကျွန်တော်တို့ဟာ ကိုယ်သတ်မှတ်ထားတဲ့
ကောင်းပါတယ်ဆိုတဲ့အချက်ထဲကို ကိုယ်ချစ်ရတဲ့သူတွေ့တဲ့အခါ
သူ့အကျင့်တွေကိုပြင်ဆင်ပြီး သွတ်သွင်းလိုက်စရာမလိုဘူး။
လူတစ်ယောက်ကို ကျွန်တော်တို့ဘယ်တော့မှမပိုင်ဘူး။
အဆုံးစွန် ကျွန်တော်တို့မိဘတွေတောင်ကျွန်တော်တို့ကိုပိုင်လို့လား?
အရွယ်တစ်ခုရောက်ရင်လွှတ်ပေးရတာချည်းလေ..။
နည်းတူပဲ သူစိမ်းတစ်ယောက်ဆိုပိုလို့တောင်..ဆိုး
သူမပေးချင်တဲ့ဘယ်အရာကိုမှကျွန်တော်တို့ကတောင်းယူလို့မရသလို။
သူ့မှာရှိတဲ့အပြုအမူတွေကိုကအစ..ဒါမကောင်းဘူးလို့ငါထင်တယ်ဆိုပြီး
သွားပြင်လို့မရဘူး...။
မကောင်းဘူးဆိုတာ...ခင်ဗျားထင်ရုံပါ..။
သူ့အတွက်..ဒါဟာစိတ်ထွက်ပေါက်လည်းဖြစ်နိုင်တယ်။
တစ်ခုတည်းသောပျော်ရွှင်မှုလည်းဖြစ်နိုင်တယ်...။
ဒါဟာသူ့အတွက်ဆိုးကျိုးဖြစ်စေတယ်ဆိုရင်တောင်
ယုံလိုက်ပါ..ကျွန်တော်တို့ထက်သူ့ကိုယ်သူ ပိုသိပါတယ်..။
ချစ်ပေးတယ်ဆိုတာလေ...
တစ်လောကလုံးနဲ့သူတစ်ယောက်တည်းဖြစ်နေတဲ့အချိန်...
တစ်ချက်ကလေးပြုံးပြတာ..။အရက်တွေမူးလာတဲ့အခါဘာလို့ဒီလောက် သောက်နေတာလဲလို့မမေးပဲ..အမူးပြေအောင်တစ်ခုခုလုပ်ပေးတာ။
သူ့မှာဘာစိတ်ညစ်စရာတွေရှိနေလဲဆိုတာကိုတယုတယနဲ့မေးတာ။
တစ်ယောက်တည်းသူနေချင်တယ်လို့ယူဆရတဲ့ရက်တွေမှာ..
လွှတ်ထားပေးပြီး..သူတစ်စုံတစ်ယောက်ကိုလိုအပ်တဲ့အခါခေါ်ဖို့
ကိုယ်ကသူ့အနားမှာတိတ်တိတ်လေးရှိနေပေးတာ..။
ချစ်တာထက်..နားလည်ဖို့လိုတယ်။
သူရဲ့ဘယ်လုပ်ရပ်မှ..မှန်တယ်မှားတယ်တွေပြောနေမှာမဟုတ်ဘူး။
သူမှန်နေတဲ့အချိန်သူ့နားမှာလူတွေအများကြီးရှိလိမ့်မယ်။
သူမှားတဲ့အချိန်တော့ကိုယ်ကသူ့နားမှာရှိနေတာမျိုး..။
ချစ်ခြင်းကဘယ်တော့မှမပူလောင်ဘူး။
တစ်စုံတစ်ယောက်ကိုတကယ်ချစ်မိတဲ့အခါ...
အဲ့အချစ်က တစ်ဘဝလုံးစာအတွက်အားအင်တွေဖြစ်သွားလိမ့်မယ်။
ပြန်မချစ်လည်းရတယ်..။ငါကငါ့မေတ္တာနဲ့ငါနွေးတယ်။
လက်ရှိ လက်သုံးစကားက
အင်း ... ဒီလိုပါပဲဆိုတာလောက်ပဲ
ပျော်နေလားမေးရင်
ပျော်ပါတယ်ဆိုတဲ့ အဖြေပဲ ထွက်တယ်
တစ်စုံတစ်ယောက်ကို
ဖြစ်သမျှ ပျက်သမျှ
အလုံးစုံ မပြောပြဖြစ်တော့တာ
ကြာပြီ ဖြစ်သလို
တစ်ယောက်ယောက်ကို
ပြောပြချင်မိတဲ့ စိတ်တွေလည်း
ရှိမနေတော့တာ ကြာပါပြီ
ကံကို အပြစ်မဖွဲ့တော့သလို
ဒါဟာ
ငါလျှောက်ရမယ့်လမ်းဆိုတာမျိုးလောက်
တွေးဖြစ်တော့တယ်
မပျော်ခြင်းတွေကို
မပြောပြဖြစ်တော့သလို
အဆင်ပြေတယ် မပြေဘူးလည်း
မညည်းတွားဖြစ်တော့ပါဘူး ။
အဆင်ပြေသလိုပေါ့ ။
#ကျေးကို
အဆင်ပြေလားလို့တောင်
တစ်ခါမှ
မေးဖော်မရတဲ့သူတွေအတွက်
ကိုယ့်ဘက်က အမြဲအသင့်ရှိနေပေးခဲ့တာကို
နောင်တ,လို့တော့ ခေါင်းစဥ်မတတ်တော့ဘူး။
ပေးဆပ်မှုတိုင်းအတွက်
ဘာတစ်ခုမှ
ပြန်မရရင်တောင်မှ
သင်ခန်းစာတော့ အလိုလိုရပြီးသားပါ။
ကိုယ်အဆင်မပြေတာကလွဲလို့
အားလုံးကို အဆင်ပြေစေချင်ခဲ့တာ။
ကိုယ်မပျော်တာကလွဲလို့
အားလုံးကို ပျော်ရွှင်စေချင်ခဲ့တာပါ။
အရာရာ
အလျှော့ပေးလွန်းလို့ ထင်ပါရဲ့
လူတကာက အမြဲ အနိုင်လိုချင်နေကြတာ။
အမုန်းမပေးချင်ဘူး။
ဒါ့ကြောင့်....
ပေးလက်စနဲ့....အရှုံးပေးထားတာ။
ထီးလေးတစ်ချောင်းဟာ
လူတစ်ယောက်ကို အရိပ်ပေးဖို့အတွက်
သူကိုယ်တိုင် နေပူဒဏ်ကို အရင်ခံရတယ်။
ဖိနပ်လေးတစ်ရံဟာ
လူတစ်ယောက်ကို သန့်ရှင်းစေဖို့အတွက်
သူကိုယ်တိုင် အညစ်အကျေး အပေခံရတယ်။
ရွှေငါးလေးတွေဟာ
လူတွေ အလှကြည့်ဖို့အတွက်
မှန်လှောင်အိမ်ထဲမှာ မွန်းကျပ်စွာ နေပေးရတယ်။
ကိုယ့်အဖြစ်က
ထီးလေးတစ်ချောင်းလို
ဖိနပ်လေးတစ်ရံလို
မှန်လှောင်အိမ်ထဲက ရွှေငါးလေးလို
ကိုယ့်အဖြစ်က... အဲ့လိုမျိုး။
တတ်နိုင်သလောက် ပေးဆပ်လိုက်မယ်
အမြဲတမ်းတော့
တာဝန်မယူနိုင်တော့ဘူး။
တဖက်လူကိုကြည့်ပြီး
တန်ရာတန်ရာပဲ ဆက်ဆံတော့မယ်
ဟန်ဆောင်ပြီးတော့ မပြုံးပြတော့ဘူး။
အဝေးကြီးကို လှမ်းမငေးတော့ဘူး
ကိုယ့်ဘဝနဲ့ မအပ်စပ်တဲ့
မျှော်လင့်ချက်တွေက
ကလေးတစ်ယောက်ရဲ့ စုဗူးလိုပဲ
အချိန်မတန်ခင် ခွဲရတာ များတယ်။
ကိုယ်သိလိုက်ပါပြီ
နောက်ဆိုရင် ကိုယ့်နေ့ရက်တွေက
ဖတ်လက်စ စာအုပ်တွေနဲ့ပဲ နေပျော်ပါတယ်။
ဝေဒနာ ရှိတိုင်းလည်း မကုစားချင်တော့ပါဘူး
တစ်ချို့ဒဏ်ရာတွေက
ရင့်ကျက်ဖို့အတွက် လိုအပ်တယ်လေ။
အမှန်ပြောရရင်
ဘယ်သူ့ကိုမှ စိတ်မနာရက်ဘူး
စေတနာတွေ ရေစီးကမ်းပြိုခဲ့ဘူးတဲ့
ကိုယ့် မေတ္တာ စေတနာတွေကိုပဲ ပြန်အားနာတယ်။
to original writter
credit
ကိုယ်ကဝောာ့ကိုယ့်မှာရှိတာလေးနဲ့
ပျော်တတ်နေပါပြီ
ကော်ဖီ ခါးခါးတွေ
လက်ဖက် ခါးခါးတွေဆို
အရမ်း နှစ်ခြိုက်တတ်တဲ့ လူပါ
တိတ်ဆိတ်ခြင်းတွေကို
အများအားဖြင့် မက်မောတတ်သလို
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကိုပဲ
အမြဲတမ်း မျှော်လင့်တောင်းတမိပါတယ်
ရုတ်တရက်လောကကြီးကနေ ထွက်ခွာသွားကြတဲ့လူတချို့ကို ငါမြင်တွေ့ရတော့ ငါကိုယ်တိုင်ကရော အသက်၃၀အထိ အသက်ရှည်နေပါ့မလား ။
သေဖို့အတွက်ကြိုးစားရှင်သန်နေရတဲ့ဘဝမှာ
ဒီနေ့အတွက် ပျော်ရွှင်ချင်တယ်။
တတ်နိုင်သလောက်မိဘနှစ်ပါးကို
ဖြည့်ဆည်းပေးချင်တယ် ။
သွားချင်တဲ့ခရီးတွေ ရောက်အောင်သွားချင်တယ်။
တွေ့ချင်တဲ့လူတချို့ကို တွေ့ခွင့်ရချင်တယ်။
မဖြစ်နိုင်တော့တဲ့အရာတွေကို မေ့ပစ်ထားချင်တယ် ။
ဘဝကိုရိုးရိုးရှင်းရှင်းတွေးပြီး
အေးအေးချမ်းချမ်းပဲဖြတ်သန်းချင်တော့တယ် ။
🖤🌱
#ဖားစည်ရည်ကျော်
11-2-2024 ရက်နေ့ည ၁၀ နာရီအချိန်ကျိုက်ထီးရိုးရင်ပြင်တော်ဘုရားဖူများ၏ကြည်ညိုထက်သန်သည့်သဒ္ဓါအားလေးစားဂုဏ်ပြုအပ်ပါါ၍သာဓုအကြိမ်ကြိမ်ခေါ်ရပါ၏
i miss you papa
WISH (2024) #အသစ်စက်စက်ကားလေး
===========================
#ကြိုက်ကြမယ်လို့တော့မျော်လင့်ပါတယ်ဗျ
ဒစ္စနေးရဲ့ ဂီတကာတွန်းရုပ်ရှင်အသစ် ရပါပြီ။ Frozen ရဲ့ ဒါရိုက်တာ
Chris Buck ရိုက်ကူးထားပြီး အသံသရုပ်ဆောင်အနေနဲ့
West Side Story ထဲက Ariana DeBose နဲ့ Chris Pine တို့
ပါဝင်ထားပါတယ်။ ဇာတ်လမ်း သီချင်း ဖန်တီးမှု အားလုံးကောင်းတာမို့
မိသားစုလိုက်ရော ကလေးတွေအတွက်ရော တစ်ယောက်တည်း
အပန်းဖြေဖို့ရော အကုန်သင့်တော်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
**
တစ်ခါတုန်းက မဂ္ဂနီဖီကိုဆိုတဲ့လူတစ်ယောက်ဟာ မှော်ပညာကို
အသည်းအသန်လေ့လာခဲ့ပြီး ဆုတောင်းတွေကိုပါ ဖြည့်ပေးနိုင်တဲ့
အစွမ်းအထိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်းတစ်ကျွန်းမှာ သူ့ဇနီး
အမာရာနဲ့အတူ ရိုဆက် ဆိုတဲ့ တိုင်းပြည်တစ်ခုတည်ထောင်ခဲ့ပြီး
လူအားလုံးကို လက်ခံထားခဲ့ပါတယ်။ အဲဒီကျွန်းက လူတွေဟာ
သူတို့အလိုချင်ဆုံး ဆုတောင်းတစ်ခုကို ဘုရင်ကြီးဆီမှာ အပ်ထားနိုင်ပြီး
ဘုရင်ကြီးက ဆုတောင်းတွေကို ကာကွယ်ပေးထားတဲ့အပြင်
တစ်လတစ်ခါ ထိုက်တန်သူတစ်ယောက်ရွေးပြီး ဆုတောင်းဖြည့်
ပေးပါသေးတယ်။ အားနည်းချက်အနေနဲ့ကတော့ ကိုယ့်ရဲ့အလိုချင်ဆုံး
ဆုတောင်းတစ်ခုကို အပ်ထားလိုက်ပြီးသွားရင် ကိုယ်အလိုချင်ဆုံး
အရာက ဘာလဲဆိုတာပါ မမှတ်မိတော့ဘဲ တစ်နေ့မှာ ဆုတောင်းပြည့်ဖို့
စောင့်နေရတော့တာပါပဲ။ ဒီလိုစောင့်နေတဲ့သူတွေထဲမှာ အားရှာဆိုတဲ့
မိန်းကလေးရဲ့ အသက် ၁၀၀ ပြည့်သွားတဲ့အဘိုးနဲ့အမေလည်း ပါဝင်
ပါတယ်။ အားရှာဟာ ဘုရင်ကြီးဆီမှာ ဆုတောင်းတွေနဲ့ပတ်သတ်တဲ့
အလုပ်ကို လက်ထောက်အဖြစ် လုပ်ခွင့်ရဖို့ သွားလျှောက်ရင်းနဲ့
ဒီဆုတောင်းတွေထဲက အများစုဟာ ဘယ်တော့မှ ဖြည့်ပေးတာမခံရမှန်း
သိလာပါတယ်။ အနည်းဆုံးတော့ ဆုတောင်းတွေ မပြည့်တော့ရင်တောင်
ကိုယ်အလိုချင်ဆုံးအရာကို ကိုယ်သတိရပြီး ကြိုးစားခွင့်ရှိဖို့ ထိုက်တန်
တယ်လို့ ယုံကြည်တဲ့ အားရှာဟာ ဘုရင်ကြီးဆီကနေ ဆုတောင်းတွေကို
ခိုးယူပြီး ပိုင်ရှင်တွေကို ပြန်ပေးဖို့ ကြိုးစားတဲ့အခါ...။
===============================
☘️🔻 ဇာတ်ကားကြည့်ရန် တယ်လီဂရမ် လင့် 🔻☘️
https://t.me/Channel_MM_SuB_LinK2/3551
https://t.me/ChannelMmSubMovieLinkOnly/5174
🌿🔻 ဇာတ်ကားကြည့်ရန် ဖေ့ဘွတ် လင့်🔻🌿
https://www.facebook.com/groups/1395889347807238/permalink/1431452840917555/?mibextid=Nif5oz
===============================
ငိုတဲ့..အချိန် ချော့မယ့်သူ..မရှိတဲ့အခါ.
ကြံ့ကြံ့ ခံ ရင်ဆိုင်တတ်ဖို့ သင်ယူခဲ့တယ်။
ကြောက်တဲ့..အချိန် အဖော်လုပ်မယ့်သူ..မရှိတဲ့..အခါ..
သတ္တိရှိတတ်ဖို့ သင်ယူခဲ့ရတယ်။
စိတ်ရှုပ်တဲ့..အချိန် ဂရုစိုက်မယ့်သူ..မရှိတဲ့..အခါ
တောင့်ခံတတ်ဖို့ သင်ယူခဲ့တယ်။
ပင်ပန်းတဲ့..အချိန် မှီဖို့ ပုခုံးတစ်စုံ မရှိတဲ့..အခါ..
ကိုယ့်ကိုယ် ကိုယ် အားထားတတ်ဖို့ သင်ယူခဲ့တယ်။
ဒီလိုနဲ့.
ကိုယ့်ကိုယ်ကို ပြန် ရှာဖွေတွေ့ရှိခဲ့တယ် ။
ဒီလိုနဲ့.တဖြည်းဖြည်း ရင့်ကျက်လာခဲ့တယ်။
အလိုမကျစေတဲ့..အရာ..
ကြီးကြီးမားမားလည်း မရှိတော့ပါဘူး.။
တစ်ခါတလေ
အလို မကျစေတဲ့..အရာလည်း..
ကျွန်မ အတွက် ပျော်ရွှင်ခြင်း..တစ်မျိုး ဖြစ်ခဲ့ပါတယ် ။
#လေးစားစွာဖြင့်_kyukyu❤️📖
❣️🥀
စကားတွေအများရီးပြောရင်
အမှားတွေအများရီးပါမှာဆိုးလို့
#😷🙅🏻
အချို့လူတွေက စကားမပြောခင်
ဒါအရင်ကျွေးဖို့လိုတယ်💁♀️🧠
စိတ်မပျက်ပဲဆက်ချစ်ပေးနိုင်မလား..?
ဒီလိုပါဘဲ 😔
#စာတို
လမ်းမတူလို့ စွန့်ပစ်သွားမဲ့သူထက်
ပြုပြင်ပေးမဲ့သူကို ပိုပြီးသဘောကျတယ်
SNT