Htet Shweyi Tarot

Htet Shweyi Tarot

တာ့ရော့ဗေဒ လက္ခဏာ

23/10/2024

ထက်ရွှေရည် ဆိုတာ တာ့ရော့နဲ့ ဖြစ်တည်လာခဲ့ပြီး

အကောင့်အမည်တောင် အခုထိ မချိန်းပါ။

တာ့ရော့ ဟောစဉ်ကလဲ ဧည့်များစွာ ရဲ့ ယုံကြည့်အားကိုးရခဲ့သူပါ။

အထူးသဖြင့် ဆယ်ကျော်သက်များစွာ ပါ၀င်ပါတယ်။ အချစ်ရေး မျိုးစုံ ကြိုးခုန် ဟောခဲ့ရတာပေါ့။

စေတနာကြေးက စလို့ 15000 ကျပ်ထိ

အခုမေး အခုဟော အခုလွှဲနဲ့ ပေါ့ပေါ့ပါးပါး ပဲ ပေါ့။

တာ့ရော လောကမှာလဲ မှန်ကန်မှုကြောင့် ရပ်တည်ခဲ့ပါတယ်။

တဖြည်းဖြည်း ဆန်းပညာရပ်များ သင်ရင်း ဟောရင်း ပညာရပ်များစွာ ဆင့်ကဲ သင်ယူခဲ့ပါတယ်။

ဘ၀နဲ့ ရင်းပြီး မေးလာသော စီးပွားရေး၊ ကျန်းမားရေး၊၊ေသရေး ရှင် ရေး များကို တိကြ ပြတ်သားစွာ

အာမခံ ဟောနိုင်ရန် ဉာဏ်ပူဇော်ခ 30000ကျပ်ယူ၍ နက္ခတ်ဖြင့်ဟောကြားခဲ့ပါသည်။

ယခုအခါ ယခင် မိတ်ဟောင်း များ၊ လူငယ်များ၊ အကောင့်ပျက်တာတောင် ဖုန်းနံပါတ်လေး မှတ်မိလို့
ဆက်၍ မေးလာသူများသည် ဉာဏ်ပူဇော်ခ မတတ်နိုင်ကြောင်းး၊ တာ့ရော့ဖြင့် ဟောပေးပါရန် ပြောကြသူများရှိပါသည်။

ထို့ကြောင့် လူငယ်များ အချစ်ရေးအဓိက ရည်ရွယ်၍

တာရော့ သီးသန့်ဖြင့် ဟောကြားခြင်း Packageများ စီစဉ် ရေးသားနေပါပြီ ရှင့်။

24/02/2024

တပို့တွဲလပြည့်
သြဝါဒပါတိမောက်အခါတော်နေ့..🙏🙏🙏
========================

ဗုဒ္ဓဘာသာ၀င်တို့ အထွဋ်မြတ်ထားရာ နေ့ထူးနေ့မြတ်ပါ။

မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး
ကမ္ဘာသူ ကမ္ဘာသား အားလုံး
၇ရက်သားသမီး အားလုံး
မိမိတို့ လိုလားသော ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်စုံကြပါစေ🙏🙏🙏လို့ ဆရာမ ထက်မှ

ဆုမွန်ကောင်းတောငိးပေးလိုက်ပါတယ်ရှင့်

တပို့တွဲလပြည့်နေ့၏ ထူးခြားချက် 🙏🙏🙏

၁။ရှင်သာရိပုတ္တရာရဟန္တာဖြစ်တဲ့နေ့

၂။ရှင်သာရိပုတ္တရာနှင့်ရှင်
မဟာမောဂ္ဂလန် ဧတဒဂ်ဘွဲ့ထူးရတဲ့နေ့

၃။အင်္ဂါလေးရပ်နှင့်ပြည့်စုံသော
ရဟန်းပရိတ်သတ်တို့အလိုအလျောက်စုမိတဲ့နေ့ဖြစ်ခြင်း

၄။ဘုရားရှင်တိုင်းသြဝါဒပါတိမောက်
ပြတော်မူသောနေ့ဖြစ်ခြင်း။

သြဝါဒပါတိမောက်

(အပါယ်ဘေးမှကင်းဝေးစေသော
အဆုံးအမတော်)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ခန္တီပရမံ တပေါ တိတိက္ခာ
နိဗ္ဗာနံ ပရမံ ဝဒန်ဒိဗုဒ်ဓါ
နဟိ ဗဗ္ဗဇိတော ပရူပဃာတီ
န သမဏော ဟောတိ ပရံ ဝိဝေဌယန္တော။

လွန်စွာချုပ်တည်းမှုဟူသော
သည်းခံခြင်းသည်အလွန်မြတ်သော
အကျင့်ပေတည်း။
နိဗ္ဗာန်တရားကိုအမြတ်ဆုံးဟူ၍
ဘုရားရှင်တို့ဟောတော်မူကုန်၏
သူတပါးကိုသတ်သောသူသည်
စိတ်အညစ်အကြေးကိုနှင်ထုတ်သူမဟုတ် သူတပါးကိုညှဉ်းဆဲသောသူသည် မကောင်းမှုကိုငြိမ်းစေသူမဟုတ်

၂။သဗဗှပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ
သစိတ္တ ပရိယောဒပနံ
ဧတံ ဗုဒ်ဓါန သာသနံ ။

မကောင်းမှုဟူသမျှ မလုပ်ရာ
ကောင်းမှုဟူသမျှကိုပြည့်စုံစေရာ၏
မိမိစိတ်ကိုသန့်ရှင်းဖြူစင်စေရာ၏
ဤသည်ကားဘုရားရှင်တို့၏
အဆုံးအမတော်ပေတည်း။

၃။အနူပဝါဒေါ အနူပဃာတော
ပါတိမောက္ခစ သံဝရော
မတ်တညုတာစ ဘတ်တသ်မိ ံ
ပန္တဉ္စ သယနာသနံ
အဓိစိတ္တေ စ အာယောဂေါ
ဧတံ ဗုဒ်ဓါန သာသနံ။

သူတပါးကို မစွပ်စွဲမပြစ်မှားရာ
သူတပါးကို မညှင်းစဲ မနှိပ်စက်ရာ
မြတ်သောသီလ၌စောင့်စည်းလုံခြုံရာ၏စားသုံးဖွယ်၌ပမာဏကိုသိရာ၏အစွန်အဖျားကျောင်းအိပ်ရာ၌နေရာ၏ထူးမြတ်သောစိတ်၌လွန်စွာအားထုတ်ရာ၏
ဤသည်ကားဘုရားရှင်တို့၏
အဆုံးအမတော်ပေတည်း - - - -။
(မြတ်ဗုဒ္ဓ)

မေတ္တာဖြင့်
DhammaMetta...
Ashin Pannissara Cakkaba
ရိုသေစွာ credit ပေးပါတယ်ရှင်🙏🙏🙏

#တပို့တွဲလပြည့်နေ့
#ဆရာမထက်

15/02/2024

ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း
~~~~~

`လောကီပညာရပ် လျှို့ဝှက်ချက်များနဲ့ ပြည့်နှက်နေသော နေရာဟောင်းတစ်ခု´

တောင်ပိုင်းရှမ်းပြည်ရဲ့ပျောက်ဆုံးသွားသော မြို့တော်နဲ့ ငုံးသုံးဘုရားကို ဧည့်သည်တွေပို့ရင်း ထပ်ရောက်ခဲ့ပြန်တယ်..

သာမိုင်းခမ်းဆိုတာက ရှမ်းစစ်သည်ပေါင်းများစွာ
သွေးမြေကျခဲ့ပြီး သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့
ဝိဥာဉ်မြို့တော် ...

☘️သမိုင်းထဲက “ သာမိုင်းခမ်း "

☘️ရာဇဝင်ထဲက “ သာမိုင်းခမ်း ”

☘️နရပတိစည်သူမင်းတည်ထားခဲ့တဲ့
စေတီများထဲက တစ်ဆူအပါအဝင်ဖြစ်တဲ့
“ သာမိုင်းခမ်း ”
☘️ရှေးစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ “သာမိုင်းခမ်း”

☘️ကလောမြို့ အောင်ပန်းမြို့တို့ကို
မြို့ဖြစ်ပေါ်လာစေတဲ့ ”သာမိုင်းခမ်း.”

☘️ပင်လုံစာချုပ်ကိုဖြစ်ပေါ်လာအောင်
အကောင်းဆုံးဖော်ဆောင်ပေးခဲ့တဲ့
“ စဝ်ထွန်းအေး”ရဲ့
မွေးရပ်မြေဖြစ်တဲ့ “ သာမိုင်းခမ်း. ”.

ထိုနေရာလေးသည် အောက်မြန်မာပြည်အား အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ထားပြီး မင်းတုန်းဘုရင် နန်းတက်စဉ်အချိန်အထိ အလွန်စည်ပင်သာယာဝပြောသော နေရာလေးတစ်ခုဖြစ်ခဲ့လေ၏။ မြို့၏ အမည်ကား သာမိုင်းခဏ်းဟု တွင်လေ၏။ ထိုခေတ်အခါက ညောင်ရွှေစော်ဘွား မိုင်းပွန်စော်ဘွား သီပေါစော်ဘွား သာမိုင်းခဏ်းစော်ဘွား ဟူ၍လည်း ရှမ်းစော်ဘွားများထဲတွင် နာမည် အထင်ကရ ရှိပြန်လေ၏။

သာမိုင်းခဏ်းစော်ဘွားသည် ဘာသာတရား အလွန်ကိုင်းရှိုင်းသူဖြစ်ပြီး လောကီပညာရပ်များကိုလည်း လွန်စွာစိတ်ဝင်စားသူတစ်ဦး ဖြစ်လေ၏။ သာမိုင်းခဏ်းမြို့ အနီးတဝိုက်ရှိဒေသများနှင့် တစ်နိုင်ငံလုံးရှိ လောကီပညာရှင်များကိုလည်း ၎င်းမှ မကြာခဏ ဖိတ်ခေါ်၍ ပညာသင်ယူခြင်း ချီးမြင့်မြှောက်စားခြင်းများ ပြုတတ်လေ၏။ တစ်ခါသော် ၎င်းမြို့တွင် အင်းပညာရှင် စမပညာရှင် ဗေဒင်ပညာရှင် အဂ္ဂိရတ်ပညာရှင် ဆေးပညာရှင် ပြဒါးပညာရှင် စသည့် လောကီပညာရှင်အပေါင်းတို့ကို ဖိတ်ကြားကာ ဘုရားစေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့လေ၏။ ထို့ကြောင့် လောကီပညာရပ်များဖြင့် တည်ထားသော ဘုရားဟု နာမည်ကျော်ကြားလှလေ၏။ ထိုဘုရားအား ယခုထက်တိုင် ဖူးတွေ့နိုင်၏။ လွန်စွာမှလည်း ဆုတောင်းပြည့်လေ၏။

ထို သာမိုင်းခဏ်းစော်ဘွားသည် မိမိအုပ်ချုပ်ရသော မြို့တွင်းမှ မြို့သူမြို့သားများအားလည်း လောကီပညာရပ်များကို လေ့လာသင်ကြား စေပြန်၏။ ထို့ကြောင့် သာမိုင်းခဏ်းတွင် အသက်အရွယ်ကြီးရင့်သူမှစ၍ ခလေးသူငယ်အရွယ်အထိ လူတိုင်းနီးပါး လောကီပညာရပ်များကို ကျွမ်းကျင်တတ်မြောက် ကြလေ၏။

တစ်ခါသော် သားမိုင်းခဏ်းစော်ဘွားသည် အခွန်ပဏ္ဍာ ဆက်သရန် ပျက်ကွက်မှုကြောင့် မြန်မာဘုရင်မှ အမျှက်ရှသဖြင့် လူအင်အား စစ်အင်အား အလုံးအရင်းဖြင့် သာမိုင်းခဏ်းအား သိမ်းပိုက်စေ၏။ ဤတွင် သာမိုင်းခဏ်းစော်ဘွားသည် ကျိန်စာတစ်ရပ်အား ဆိုခဲ့လေ၏။ မိမိ မရှိတော့သည့် အချိန်တွင် ထို သာမိုင်းခဏ်းမြို့သည်လည်း မရှိစေရ။ အကယ်၍များ ဆက်လက်တည်ရှိပြီး ယခုကဲ့သို့ စည်ကားသာယာခဲ့ပါသော် ပြည်ပျက်ပါစေဟု ကျိန်စာဆိုခဲ့လေ၏။

မြန်မာဘုရင်၏ အမျက်ရှမှုနှင့်အတူ သာမိုင်းခဏ်းစော်ဘွားသည်လည်း ကွယ်လေ၏။ ထို့အတူ ကျိန်စာများနှင့် ပြည့်ဝသော သာမိုင်းခဏ်းသည်လည်း ကွယ်လေ၏။ သာမိုင်းခဏ်းစော်ဘွား၏ အသုဘသို့ အနယ်အနယ်အရပ်ရပ်မှ လောကီပညာရှင်များ လာရောက်ကြလေ၏။ သာမိုင်းခဏ်းစော်ဘွား၏ အုတ်ဂူမှာ လွန်စွာကြီးမားလေ၏။ ထိုအုတ်ဂူအတွင်း သူ၏ ပိုင်ဆိုင်သမျှသော ရွှေ ငွေ ကျောက်သံပတ္တမြား အဖိုးမဖြတ်နိုင်သော ရတနာများ ထည့်သွင်း မြုပ်နှံသဂြိုလ်ထားသည့်အပြင် ထို အုတ်ဂူ၏ အောက်၌လည်း ၎င်း၏ ကြင်ယာတော် အလုပ်အကျွေးများနှင့် စစ်သည်ရဲမက်များကိုပါ ထည့်သွင်း မြုပ်နှံခဲ့လေ၏။ ဤတွင် နန်းစဉ်ဆက် အလွန်ရှားပါး၍ အဖိုးအနဂ္ဂထိုက်တန်သော ပြည်တန်ပတ္တမြား နှင့် ကြောင်မျက်ရှင် ရတနာများလည်း ပါသည်ဟု ဆိုကြ၏။

ထို စော်ဘွား၏ အုတ်ဂူအား လောကီပညာရှင်အပေါင်းတို့က ၎င်းတို့၏ ပညာရပ်များဖြင့် အစီအမံများ အစွမ်းကုန် ပြုလုပ်ပေးခဲ့ကြ၏။ ထို့ကြောင့် ထိုအုတ်ဂူကြီးသည် လောကီအစီအမံများဖြင့် ပြည့်နှက်လျှက် ရှိ၏။ သီပေါဘုရင်နှောင်းပိုင်းတွင် သိုက်ဆရာအမျိုးမျိုးတို့သည် ထို ဂူကြီးအား မကြာခဏ လာရောက် ဖောက်ခဲ့ကြ၏။ မည်သို့မျှ ဖောက်မရသည့်အပြင် သိုက်ဆရာတို့သည်သာ ရူးလျှင်ရူး မရူးလျှင် သေပွဲဝင်ကြရလေ၏။ ဤသည်ကား လောကီပညာရပ် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်လျှက်ရှိသော နေရာဟောင်း တစ်ခုသာလျှင် ဖြစ်ပေတော့၏။

ယခုအခါ သာမိုင်းခဏ်းသည်လည်း တဖြည်းဖြည်းနှင့် ကွယ်ပျောက်ကာ ရှိလေတော့ချေ၏။ ထို သာမိုင်းခဏ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အလွန်တွင် တည်ရှိလေ၏။ ရွာငယ်အဆင့်မျှပင် မရှိပါတော့ချေ။

မေတ္တာများစွာဖြင့်

လောကီပညာအစီရင်

အချစ်ရေး/အိမ်ထောင်ရေး/လူမှု့ရေး/စီးပွားရေးနှင့်
ငွေကြေး-အကြွေးကိစ္စ/အမှု့ခင်းအချုပ်နှောင်ကိစ္စများ
ထွက်သွားသူပြန်လာစေလိုခြင်းများနှင့်
အနှောက်ယှက်အန္တရာယ်ကင်းရှင်းစေရေးကိစ္စများကို
ငွေကြေးကုန်ကျခံနိူင်၍ အစီရင်အပ်နှံပြုလုပ်လိုလျှင်
မက်စင်ဂျာ မှာ ဆက်သွယ်စုံစမ်းနိူင်ပါသည်။09957669559

Photos from Htet Shweyi Tarot's post 22/01/2024

သူငယ်ချင်းတွေနဲ့ပေါင်းနေလို့ ပေါနေတာ🤭

တကယ့် ရင်ထဲက ဘုရားနဲ့ တရားနဲ့🥰🙏🙏🙏

သူတော်ကောင်းမကြီးရယ်😊😊

ကိုယ်နဲ့တော့ တည့်အောင်ပေါင်းပေါ့😬🤭🤭

🍀🍀🍀🍀🍀

စိတ်တွေကြည်လင်လို့ အကြည်ဓာတ်လေးကူးစက်ပါစေ။

အပူသောက ကင်းဝေးစွာ အိပ်စက်နိုင်ပါစေ

ကုသိုလ်စိတ်နဲ့ နိုးထနိုင်ပါစေရှင့်

🙏🙏🙏🙏🙏

Photos from Htet Shweyi Tarot's post 21/01/2024

ဘုရားပန်းလေးတွေ မလဲမီ

ပန်းလှလှလေးတွေ မြင်ရင် ၀ယ်ချင်၊လှူချင်၊ပွေ့ပြီးပုံလေးရိုက်လိုက်ရမှ 🥰🥰🥰

Photos from Htet Shweyi Tarot's post 21/01/2024

အမေရှိနေသ၍ အမေ့အိမ်ရဲ့ နေ့စဉ် အာရုံဆွမ်း ဆွမ်းကပ်ကုသိုလ်🙏🙏🙏

ဘုရားကို သက်ရှိ သံဃာကဲ့သို့နေ့စဉ် အာရုံဆွမ်းကပ်

ယခုလ ရဟန္တာကြီးများ ရည်မှန်း၍ ဆွမ်းကပ်

ပြီးရင် အိမ်ပင့်သံဃာ ဆွမ်းလောင်း၊ဆွမ်းကပ်

တန်းဆွမ်းလောင်း

ဘုရားဆွမ်းစွန့်ရင် အသက်၉၀အမေကြီးအား ထမင်းဟင်း၊မုန့်အကုန် နေ့စဉ်ပြန်ပေး။

သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်အမေ🥰🥰

ကိုယ်ကိုတိုင်မလုပ်နိုင်ရင်တောင် အမေ့ဆီ ကိုယ့်ဉာဏ်ပူဇော်ခထဲမှ ဆွမ်းအတွက်လှမ်းလှမ်းကန်တော့ဖြစ်ပါတယ်🙏🙏🙏

အမေ့ရဲ့ဒါနကုသိုလ်ဟာလဲ ၇ရက်သားသမီးတို့ ကုသိုလ်လေးပါဘဲ မျှဝေပေးပါတယ်ရှင့်🙏🙏🙏

Photos from Htet Shweyi Tarot's post 19/01/2024

ရွှေကြက်ယက်🍀🍀🍀 သွားတာ

ရန်ကုန်🍀🍀 ရောက်သွားတယ်

ရန်ကုန်မှာ🍀🍀 ဆရာကြီးရွှေမင်းဆီရောက်သွားတယ်🤭

ကားကို မမောင်းတတ်မောင်းတတ်နဲ့ လျှောက်သွားတာ

ကုလား🍀🍀🍀ပွဲတော် ရပ်ကွက်ကြီးထဲ ရောက်သွားတာ

ကားမမောင်းတတ်လို့ရောက်လာတာပါ ပြောတော့

ကုလား🍀🍀🍀 တစ်ဦးက ကားလိုက်မောင်းပို့တယ်။

ထင်ထင်ရှားရှား တကယ်လိုဘဲ
အားလုံးကို ပေးလိုက်ပါတယ် cbမှာ တခုထဲပဲရယ် ။

စေတနာမှန်လို့ အကျိုးပေးသန်ပါစေ။မှန်ပါစေ

17/01/2024

ငွေလွှဲ မ၀င်ရင် မဟောဘူးဆိုတာ ချေတာမဟုတ်ပါဘူး။

ငွေလွှဲ၀င်ပြီး ဘိုကင်ပေးထားသူတွေတောင်
အကုန် မဟောရသေးလို့ပါရှင့်

ယုံကြည်စွာ အားကိုးစွာ လာရောက်မေးသူ ကျေးဇူးရှင် ထမင်းရှင် များ အားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခပြည့်စုံကြပါစေရှင့်🙏🙏🙏

ဉာဏ်ပူဇော်ခ 15000

ဆရာမထက်ရွှေရည်
လက္ခဏာဗေဒင်

16/01/2024

မကြောက်ကြနဲ့ သရဲတွေ့ရင် နှလုံးတောင်း။ ‌ကိုယ်ဆို တေွ့သမျှ 2d ဂဏန်းပဲ တောင်းနေလို့
ဘယ်သရဲမှ ကို အခြောက်မခံရတော့တာ🤣🤣🤣

ဘ၀မှာ သရဲပေးလို့ ၃ခါရဖူးတယ် သိတဲ့သူတွေပါအစစ်ပေါက်ကြတာ။

ရန်ကုန် လဲပင်ကြီးသရဲက 84။85ပေး ပေါက်

တောင်ငူတောင်ပို့ကြီးနားသွားတောင်းတာ ကုလားမသရဲက 075ပေးလို့ 07ပေါက်

မွေးနေ့က zarfar မှာ ထမင်းသွားစားရင်း သရက်ပင်က သရဲ တောင်းတော့ 64လားမသိ။မမှတ်မိ ။ပေါက်။

ဇီးကွက်လို့ပေးလို့ 32ပေါက် အခုပတ်ရော အရင်ပတ်ရော

ဆပ်ပြာဆိုလို့ 35ပေါက်

တသောင်းတန်ပေးလို့ 10.2ခါပေါက်

မြွေနကောင်ရယ်ပြလို့ 72 ၀က်၀က်ကွဲပေါက်။စတုဒီသာထိကျွေးလှူဖူး။

ပင်လယ်ထဲကဘုရားဖူးရလို့ ၅၄ နခါပေါက်

၀က်လောက်တွေမက်လို့ ထိုင်းထီပေါက်

မမှတ်မိဘဲ ရဖူးတာတွေအများကြီး

ပြောချင်တာ အနားရှိမှန်းသိရင် မကြောက်နဲ့ 2dသာ ပစ်တောင်းကြည့်😜😜😜😜🤣🤣🤣

ရတိုင်းလဲ ကုသိုလ်ဆက်ပေး တကယ်လှူပေးခဲ့ပါတယ်ရည်ရွယ်ပြီး။

နာနာဘာ၀လား သရဲလားတော့ မသိဘူး
တကယ်တော့ရှိတာလက်ခံတယ်။

15/01/2024

အနားမှာဘယ်သူမှ မရှိဘူးဆိုပြီး
စိတ်ဓာတ်မကျပါနဲ့
နာနာဘာဝတွေ အမြဲရှိနေပါတယ်

Photos from Htet Shweyi Tarot's post 15/01/2024

အမေ ပြောဖူးတဲ့စကားလေးတခွန်းကြောင့်

အရမ်းအေးလဲ မနက်ခင်းဆို အပျင်းမထူရဲဘူး

နေ့စဉ်စားနေတဲ့ ထမင်းအိုးက *ချီးအိုး* မဖြစ်စေနဲ့

*ဆွမ်းအိုး*ဖြစ်ပါစေ ဆိုတာလေး

ကျေးဇူးရှင် မီးက လာတော့ ကျေးဇူးရှင် ပေါင်းအိုးက ပျက်။

ကျေးဇူးရှင်မီးသွေးနဲ့ချက်ရတာပေါ့ အစောကြီး🥰

မနက်ဆို နေ့စဉ် ကုသိုလ်လေးက
ဆွမ်းလောင်း၊ဆွမ်းကပ်၊ ဆွမ်းဟင်း မမီရင် ၀တ္ထုငွေလေးကပ်။

ပရိတ် ပဌာန်း မေတ္တာသုတ်ပူဇော်

လူ မချမ်းသာသေးရင်တောင်

စိတ်ကတော့ တကယ်ချမိးသာရတယ်

Photos from Htet Shweyi Tarot's post 11/01/2024

12.jan.2024 ကြာသပတေးနေ့ 🍀

သာသနာပွဲ၊ဝိဇ္ဇာပွဲ လှူဖွယ်ပစ္စည်းတို့အား
ယုံကြည်သဒ္ဓါပွား၍

ကြာသပတေး သမီးမှ လှူဒါန်းပါသည်။

အဓိဌာန် အောင်ပွဲ၊ အေးပွဲ ပါဘုရား🙏

စိတ်အကြံပြု အဓိဌာန် ယခုပင်အောင်ပါစေ

အောင်စေ ပိုင်စေ နိုင်စေ

၇ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခပြည့်စုံပါစေ

#အဓိဌာန်ပွဲ
#အောင်ပွဲအေးပွဲ

Photos from Htet Shweyi Tarot's post 10/01/2024

နတ်တော်လကွယ် ၁၃၈၅ခုနှစ် ဗုဒ္ဓဟူးနေ့
10.1.2024
ပွင့်လေပြီးသော ဘုရားရှင်တို့အားလည်ကောင်း

အိမ်၌ သီတင်းသုံးနေတော်မူသော ဘုရားရှင်တို့အားလည်ကောင်း ရည်မှနိး၍ ပန်း၊ရေချမ်း၊ဆီမီးကပ်လှူပူဇော်ပါသည်။

ပရိတ်၊ပဌာန်း၊မေတ္တာသုတ်များ ပူဇော်ပါသည်။

ထို့နောက်

၀သုဒ္ဓရေ နတ်သားနတ်သမီးတို့ အား မေတ္တာပို့ ဆုတောင်းပါသည်။

#လကွယ်နေ့ ယတြာ🙏🙏🙏(10.1.2024)နတ်တော်လကွယ်နေ့

🌸လကွယ်နေ့ နဲ့ ဝသုန္ဒရေ နတ်မင်း၊နတ်သမီး🌸

လူတိုင်း ဟာ ကမ္ဘာမြေကြီးပေါ်မှာ ရပ်တည် ရှင်သန်ကြရပါတယ်။ အဲတော့ မြေစောင့်နတ် (သို့) ဝသုန္ဒရေ နတ်မင်း နတ်သမီးအား အသိအမှတ်ပြု ပြီး၊ လှူဒါန်းအကူအညီတောင်းလို့ရပါတယ်ရှင်။
ပြုလုပ်ရတာအရမ်းလွယ်ကူပါတယ်။ လကွယ်နေ့ မှာ ဖယောင်းတိုင် ၁ တိုင်၊ အမွှေးတိုင် ၂ တိုင် ဘဲလိုအပ်ပါတယ်။
မိမိအိမ်ရှေ့မြေကြီး ပေါ် (တိုက်ခန်းမှာနေသူများကတော့ အိမ်ရှေ့ပန်းအိုးထဲကမြေကြီးမှာ ) ဖယောင်းတိုင် နဲ့ အမွှေးတိုင်ထွန်း ပြီး နှုတ်မှ

" ဝသုန္ဒရေနတ်မင်း၊နတ်သမီး သင့်အား ကျွန်ုပ် ဖယောင်းတိုင် နှင့်အမွှေးတိုင် လှူဒါန်းပါတယ် ။

ယခုလကွယ်နေ့မှာ မြတ်စွာဘုရားရှင်အား သင်အနေနဲ့လှူဒါန်းနိုင်ရန်အတွက် လှူဒါန်းပါတယ်။.

ကျွန်ုပ်အား ကျန်းမာ ချမ်းသာအောင် ၊(_ _ _မိမိလက်ရှိအခက်အခဲတစ်မျိုးအား ပြောပါ ) ကူညီ စောင့်ရှောက်ပါ။ "
လို့ ပြောပြီးလှူဒါန်းပါ။

မိမိအား မြေစောင့်နတ်မင်းမှ ကူညီပါလိမ့်မည်။

မှတ်ချက်။ ။ ကောင်းမွန်သော အကူအညီသာတောင်းပါ။ သူတပါးအကျိုးပျက်စီးစေမဲ့ဆုတောင်း ၊မတော်မတရားဖြစ်မဲ့ ဆုတောင်းမျိူ မတောင်းရပါ။

(10.1.2024) လကွယ်နေ့မို့ စာဖတ်ပြီးချိန်မှစလုပ်၍ရပါတယ်နော်။တစ်လမှာ တစ်ရက်ဘဲမို့ သေသေချာချာ လုပ်ကြည့်ပါ။ အကျိုးထူးပါတယ်။

ကံကောင်း ကျန်းမာ လာဘ်ရွှင်ပါစေ။

၇ရက်သားသမီးတို့ ကိုယ်စိတ်နှစ်ပါး ကျန်းသာကြပါစေ

ကောင်းစွာအိပ်စက်နားယူနိုင်ကြပါစေ
🙏🙏🙏🙏

သာဓုသာဓုသာဓု

ဆရာမတင်ပေးသော အကြောင်းအရာတိုင်းသည် ကိုယ်တိုင်ပြုလုပ်မှသာ

ကိုယ်တိုင်ဆောင်ရွက် ထူးခြားမှသာ မျှဝေပါသည်ရှင်🥰🍀🍀🍀

#ဆရာမထက်ရွှေရည်

#လကွယ်နေ့ယတြာ
#ဝသုန္ဒရေနတ်သားနတ်သမီး
#09957669559

Photos from Htet Shweyi Tarot's post 10/01/2024

Honest Review 🥰🥰🥰မို့ တန်ဖိုးထားမှတ်တမ်းလေးပါ။

Cbမှာ တော့ review ပေးသူ များလှပါတယ်။🥰

Cmt နဲ့ Share ပြီး ပြောပေးသူကတော့ အရမ်းရှားပါတယ်🥰🥰

Giveway မို့ review ပေးတာ မဟုတ်ဘဲ

တကယ်မေးပြီး မေးဖူးသူတွေက ပေးတဲ့ မှတ်ချက်မို့ တန်ဖိုး မဖြတ်နိုင်အောင် အလေးထား ကျေးဇူးတင်စကား ဆိုပါတယ်ရှင့်

#လက္ခဏာဗေဒင်ထက်ရွှေရည်

ဘိုကင်ယူနိုင်ပါသည်။
ဉာဏ်ပူဇော်ခ ၁၅၀၀၀ကျပ်
09957669559

08/01/2024

ပစ်တိုင်းထောင်လေး မြင်ရင် ကိုယ့်ကိုယ်ကို ပြန်မြင်ရသလိုပဲ

ကိုယ်ရွေးချယ်ခွင့် မရတဲ့ Broken family မှာ

ခြေတွေလက်တွေလို့ တင်စားရမဲ့ မိဘတွေမရှိဘဲ ရှင်သန်နိုင်ခဲ့တယ်။

ခုချိန်ထိလဲ လဲရင်ပြန်ထ လဲရင်ပြန်ထ အပြုံးမပျက်နေနိုင်သူမို့ ပျော်ပျော်ပဲ နေတတ်ခဲ့တယ်။

ရင်အုပ်မကွာ စောင့်ရှောက်ခဲ့တဲ့ အဖွားဆီက ဆုံးမစကားခွန်အားတွေက တစ်ယောက်ထဲလဲ ရပ်တည်နိုင်ရမယ်။
''လာတုန်းကလဲတစ်ယောက်ထဲ ဘယ်သူ့မှ အားကိုးစရာမလိုဘူးဆို ရိုက်သွင်းခဲ့တဲ့စိတ်''ကို အမြဲ ကျေးဇူးတင်နေခဲ့တယ်။

ဂုဏ်ဆာပြီး ကြီးကြီးကျယ်ကျယ်ပြောရရင် မိဘအစုံ မနေခဲ့တာကလွဲရင် ဘ၀မှာ တခါလေးမှ မသိမ်ငယ်ခဲ့ဖူးဘူး။

မဟာတံတိုင်းလို ရပ်တည်ပေးခဲ့တဲ့အဘွားဟာ
"ဒေါ်၀င်းကြည်ရဲ့ မြေးမလေး"ဆို မျက်စောင်းနဲ့တောင် မထိုးရဲအောင် အရှိန်အဝါပေးခဲ့တာ။

အဘွားမရှိတော့တဲ့ နောက်ပိုင်းမှာလဲ မေတ္တာတွေ မရခဲ့တောင် အဖေ၊အဒေါ်ရဲ့ အရှိန်အဝါတွေကြောင့်
အမြင့်ဆုံးမှာလဲ နေခဲ့ဖူးပြီ။

လောကကြီးကို အရွဲ့တိုက် စိတ်ရိုင်း‌ေတွ၀င်၊‌ေခြဆံုကန်ထွက်
ကိုယ်အာ့ကိုကိုးချင်စိတ် ပြင်းထန်ပြီး ရုန်းကန်ရင်း အနိမ့်ဆုံးမှာလဲ နေဖူးပြီ

ခက်ထန်တဲ့စိတ်ကို ပျော့ပျောင်းအောင် လူတိုင်းကို မမုန်းတတ်အောင်၊မေတ္တာထားတတ်အောင်၊ဘာသာရေးမှာ ကိုင်းရှိုင်းအောင် ဆုံးမသွန်သင်ခဲ့သူက အဝေးကအမေကြောင့် ''ရန်သူကိုတောင် မမုန်းတတ်ခဲ့တော့ပြန်ဘူး''

ဘယ်ချိန်မှာ ဘယ်လိုကြုံကြုံ ဘယ်တော့မှ မမှုတတ်တာ ဆရာမရဲ့ ပစ်တိုင်းထောင် စိတ်ဓာတ်ပဲ

နောက်တကြိမ် ကျရင် ပစ်တိုင်းထောင် လေးတွေ လက်ဆောင်ပေးမယ်😊😊😊

#ထက်ရွှေရည်ဘ၀အမှတ်တရ
#ဆရာမထက်

Videos (show all)

👻👻😍😍
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ🙏🙏🙏
🙏🙏🙏

Website