Soe Thandar Aung

Soe Thandar Aung

Just a girl who loves the snakes

26/01/2024

Comment ထဲက link မှာဝင်ကြည့်ကြပါ 🙏

VPN ခံပေးကြပါအုံး 🤩

Adsတွေမကျော်ကြနဲ့နော်

25/01/2024

ကောမန့်က လင့်ခ် မှာ ရှာကြည့်ကြနော်

VPNလေးတော့ခံပေးကြပါနော်

ကြော်ငြာတက်ရင် မကျော်လိုက်ကြပါနဲ့နော့ 😍

Photos from Myanmar Biodiversity's post 19/01/2024
12/01/2024

ဂျပ်မြွေအကိုက်ခံရရင် ဘာလို့မအိပ်ရဘူးပြောကြတာလဲ

ပင်လယ်ကမ်းခြေတွေမှာ တွေ့ရလေ့ရှိတဲ့ ဂျပ်မြွေရဲ့အဆိပ်အကြောင်း ဒီ video လေးမှာ
ရှင်းပြထားပါတယ်ရှင့်

07/01/2024

ထိုင်း မလေး နယ်စပ် မြွေရှာခရီးစဥ် - 1
(Herping Vlog 2)

Photos from Soe Thandar Aung 's post 21/11/2023

Glistening beauty in the dark - Xenopeltis unicolor

18/11/2023

🚨 စစ်ဘေးရှောင်ပြည်သူများ မြွေအန္တရာယ်ကြိုတင်ကာကွယ်ရန် အောက်ပါအချက်များအားလုပ်ဆောင်ပေးပါ

၁။ မြွေခိုအောင်းနိုင်တဲ့နေရာမျိုးကိုရှောင်ပါ( ဥပမာ-လဲကျနေတဲ့ သစ်တုံးတွေနား၊ မြက်ထူတဲ့ခြုံပုတ်တွေနား၊ ရွံထူတဲ့နေရာတွေ ၊ တွင်းခေါင်းရှိတဲ့နေရာတွေ )

၂။ မြက်တောထဲကို ဖြတ်ရတော့မယ်ဆိုရင် တုတ်ရှည်တစ်ချောင်းနဲ့ အရင်ပုတ်ခြောက်ပြီးမှဖြတ်ပါ။ ခိုအောင်းနေတဲ့မြွေတွေကို ထွက်ပြေးအောင် ခြောက်လှန့်တဲ့သဘောပါ။

၃။ တောထဲတွေဖြတ်ရတဲ့အခါ မြွေမရှိအောင်လမ်းကြောင်းအရင်ရှင်းပြီးမှ ဖြတ်ပါ
​ပြုလုပ်ထားသောလမ်းကြောင်းပေါ်မှသာဖြတ်ပါ

၄။ ကျောက်ပုံဘေး သစ်ရွက်ဆွေးပုံတွေဘေး ခြုံပုတ်နား၊ အပျက်အစီးတွေလွှတ်ပစ်ထားတဲ့နေရာနား၊ ဝါးရုံနားတွေမှာ အနီးကပ်မထိုင်ပါနဲ့ (မြွေဟောက်တွေခိုအောင်းရတာကြိုက်တဲ့နေရာတွေပါ)

၄။ မြက်ခင်းပြင်တွေမှာ ထိုင်နားတော့မယ်ဆိုရင် မိမိခြေချလိုက်တဲ့နေရာတဝိုက်နဲ့ မိမိထိုင်နားမယ့်နေရာတဝိုက်ကို သေချာစစ်ဆေးပါ

၅။ ညဖက်ထွက်ရင် အလင်းအားကောင်းတဲ့ဓာတ်မီးဆောင်ပါ

၆။ ထင်းတွေ ကျောက်တုံးတွေ လိုအပ်တဲ့အခါ ကောက်မကိုင်ခင်သေချာစစ်ဆေးပေးပါ။

၇။ မြွေသေတွေ့ခဲ့ရင်တောင် ကောက်မကိုင်ပါနဲ့
အလိုအလျောက်ကြွက်သားစနစ်ကြောင့် မြွေသေကလည်းကိုက်နိုင်ပါတယ်။

၈။ မြေပြင်ပေါ်မှာ မဖြစ်မနေ အိပ်ကြရတော့မယ်ဆို ခြင်ထောင် ထောင်အိပ်ကြဖို့တိုက်တွန်းပါတယ်

၉။ ဖြစ်နိုင်ရင် ဖိနပ်အထူ ရာဘာ ဖိနပ်တွေဝတ်ကြဖို့ ဘောင်းဘီအရှည်ဝတ်ကြဖို့အကြံပြုပါတယ်။

၉။ မတော်တဆ မြွေကိုက်ခံခဲ့ရရင် ရှေးဦးသူနာပြုနည်းအတိုင်းလုပ်ဆောင်တတ်ဖို​့ ရှေးဦးသူနာပြုနည်းကိုလည်းဖတ်ထားဖို့လည်း လိုအပ်ပါတယ်

မြွေကိုက်ခံခဲ့ရလျှင် အရေးပေါ်လုပ်ဆောင်ရန်*

၁။ မြွေကိုက်ခံရလျှင် စိတ်ကိုတည်ငြိမ်စွာထားရန် လိုအပ်ပါသည်။

၂။ မြွေကိုက်ခံရသော ဒဏ်ရာကို ဓားဖြင့်လှီးခြင်း၊ ပါးစပ်ဖြင့် စုပ်ထုပ်ခြင်း၊ အဝတ်စ ပတ်တီး ရာဘာကွင်း ကဲ့သို့သော အရာများဖြင့် တင်းကြပ်စွာစီးခြင်းများ လုံးဝမပြုလုပ်ပါနှင့်။

၃။ မြွေကိုက်ခံရသောဒဏ်ရာ နှင့် ဒဏ်ရာတဝိုက်ယောင်ယမ်းခြင်းနေရာကို ဘောပင်ဖြင့် အမှတ်အသားပြုလုပ်ခြင်းနှင့် အကိုက်ခံရသောအချိန်ကို တပါတည်းရေးမှတ်ထားခြင်းများ ပြုလုပ်သင့်ပါသည်။

၄။ အကိုက်ခံရသော ဒဏ်ရာ၏ ခြေ လက် တွင်ဝတ်ဆင်ထားသော လက်စွပ်များ လက်ကောက်များ ခြေချိန်းများ ကိုတစ်ခါတည်းချွတ်ထားရပါမည်။

၅။ မြွေကိုက်ခံရသော ခြေ လက် များကို တတ်နိုင်သမျှ မလှုပ်ရှားမိစေရန် အဝတ်စ တုတ်တို့ဖြင့် ချည်နှောင်ထိန်းထားရန် လိုအပ်ပါသည်။ ( တင်းကြပ်စွာ မချည်ရ )

၆။ မြွေကိုက်ခံရပီးချိန်တွင် လူနာကို အစာရေစာ အများအပြားကျွေးခြင်းများမပြုလုပ်ပါနှင့်။ ထိုသို့ အများအပြားကျွေးခြင်းကြောင့် အစာများသည် အစာအိမ်မှတဆင့် အသက်ရှုလမ်းကြောင့်သို့ ဝင်နိုင်ပြီး အသက်ရှုလမ်းကြောင်းပိတ်ကာ အသက်အန္တရာယ် ဆုံရှုံးနိုင်သောကြောင့်ဖြစ်သည်။

၇။ မြွေကိုက်ခံရသောဒဏ်ရာပေါ်သို့ ရေခဲကပ်ခြင်း ရေနွေးအိတ်ကပ်ခြင်းများ မပြုလုပ်ရပါ။

၈။ မြွေကိုက်ခံရသော ဒဏ်ရာပေါ်သို့ ပရုပ်ဆီကဲ့သို့ လိမ်းဆေးများလိမ်းခြင်း၊ အုန်းဆီ သံလွင်ဆီကဲ့သို့သော ဆီများလူးခြင်း၊ အရွက်များအုံခြင်းသည် အနာကိုပိုးဝင်စေနိုင်ပြီး ကုသမှု့ကို အဟန့်အတားဖြစ်စေခြင်းကြောင့် ထိုကဲ့သို့ လိမ်းခြင်းများမပြုလုပ်နှင့်။

၉။ လူနာကို ဆေးကုသနိုင်မယ့်နေရာသို့အမြန်ဆုံးပို့ဆောင်ပေးပါ

၁၀။ မြွေကိုက်ခံရ၍ သတိလစ်နေသောလူနာကို ဘေးတစ်စောင်းအနေအထားဖြင့်ထား၍ သယ်ဆောင်ရပါမည်။ ပက်လက်လှန်ခြင်း မှောက်လျက်ထားခြင်းများသည် ဗိုက်ထဲရှိအစာများကို အသက်ရှုလမ်းကြောင်းထဲသို့ သွားရောက်ပိတ်ဆို့စေနိုင်၍ အသက်ဆုံးရှုံးနိုင်သောကြောင့်ဖြစ်သည်။

၁၁။ ကိုက်သောမြွေ၏ဓာတ်ပုံ သို့မဟုတ် မြွေအမျိုးအစားသေချာစွာသိခြင်းသည် ကုသမှု့အတွက် အလွန်တရာအကျိုးရှိပါသည်။ သို့သော်လည်း ထိုမြွေကိုဖမ်းခြင်း သတ်ခြင်းဖြင့်အချိန်မကုန်ရန် အရေးကြီးပါသည်။ လူနာ၏အသက်သည် အချိန်နှင့်အမျှအရေးကြီးပြီး မြွေကိုလိုက်ဖမ်းနေစဉ် ထပ်၍အကိုက်ခံရနိုင်သောကြောင့်ဖြစ်သည်။

ရှေးဦးသူနာပြုနည်းဖြင့်ပတ်တီးစည်းနည်း comment တွင်ကြည့်ရန်

Videos (show all)

ဂျပ်မြွေအကိုက်ခံရရင် ဘာလို့မအိပ်ရဘူးပြောကြတာလဲပင်လယ်ကမ်းခြေတွေမှာ တွေ့ရလေ့ရှိတဲ့ ဂျပ်မြွေရဲ့အဆိပ်အကြောင်း ဒီ video လေးမှ...
ထိုင်း မလေး နယ်စပ် မြွေရှာခရီးစဥ် - 1(Herping Vlog 2)
ရေးကူးနေတာ ဘာမြွေကြီးလဲ?
လိုက်ရိုက်ပေးမယ့်သူမရှိပေမယ့်လည်း  ဖုန်းလေးနဲ့ဖြစ်သလိုလေးကြိုးစားရိုက်ပြီးတင်ပေးပါမယ်  အဆက်ကြည့်ရန်  https://youtu.be/ga...
စပါးအုံးရဲ့အသံ နားထောင်ကြည့်ပါ သူ့နားကပ်မှာစိုးလို့အဲ့လို ပြန်ခြောက်တာ စပါးအုံးတွေပ အရှိန်ယူပြီးအမြင့်ကိုပါခုန်ကိုက်နိုင...
မြန်မာနိုင်ငံမှာ အကိုက်ခံရမှု အများဆုံးသောမြွေမျိုးစိတ်#All_about_snakes#Daboia_siamensis#မြွေပွေး#SoeThandarAung
ငန်းတော်ကျားရဲ့ပါးစပ်ထဲကို တခြားမြွေတွေ အခစားဝင်ရတယ်ဆိုတာ တကယ်လား.?#မြွေဘုရင်#ငန်းတော်ကျား#Bungarus_fasciatus
Anaconda မြွေအမတွေက Anaconda မြွေအထီးတွေကို ပြန်စားကြတယ်ဆိုတာ တကယ်လား?😲😲https://youtube.com/@ohannah2341
မြန်မာနိုင်ငံရဲ့ အဆိပ်အပြင်းဆုံးမြွေ (၁၀) မျိုး
တောကြီးမြွေဟောက်ကိုက်ခံရတာ သေသွားတယ်ပြောကြတယ်မြန်မာက Rescue team တွေ အတွက်ပါ လက်ဆင့်ကမ်း​ ပြောပေးလိုက်ပါတယ် 🙏vd- crd
စပါးကြီးမြွေက လူမြိုနိုင်လား?? အဖြေက မြိုနိုင်ပါတယ် ဒါပေမယ့် လူမျိုတဲ့ ဖြစ်ဉ်အရမ်းနည်းတဲ့ အတွက် မြွေမျိုခံရဖို့ထက် ထီပေါ...