Kándəlz

Kándəlz

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kándəlz, Gift Shop, .

23/03/2022

Waffle လေးစားရင်း waffle candle လေး တူတူထွန်းကြည့်ရအောင် 🧇❤️

More infos and giveaway:
https://www.facebook.com/110503168088868/posts/153705033768681/?d=n

Photos from Kándəlz's post 20/03/2022

Our candle bakery is launched 🤩🙌🏻
*Giveaway included*

Candle bakery လေး launch လုပ်မယ့်နေ့ကို ရောက်ရှိလာပါပြီ။ ရေးးး

ဝါးမစားမိအောင်စိတ်ထိန်းရမယ့် ဖယောင်းတိုင်လေးတွေ အားပေးကြဖို့ ready ပဲလားဗျို့ 🥳 ၆၅၀၀-၁၀၅၀၀ ကြားပဲရှိတဲ့ အနံ့မွှေးမွှေးလေးတွေနဲ့ မုန့်ပုံစံဖယောင်းတိုင်လေးတွေ ဝယ်ယူရရှိနိုင်ပါပြီ။

တင်ပြီးသား Candle လေးတွေအားလုံးမှာ စျေးလေးတွေရေးပေးထားပြီး အလွယ်တကူကြည့်လို့ရအောင် link လေးစုပေးထားပါတယ်။ အခု launch ထဲမပါတဲ့ candle 3 မျိုးကျန်နေသေးတာ ဘာတွေဖြစ်မယ်ထင်ပါသလဲ??? 😉✨

📢Giveaway📢

Candle လေးတွေ ၃ ယောက်တိတိ လက်ဆောင်ပေးသွားမှာဖြစ်တဲ့အတွက်

✨post လေးကို share
✨ဝယ်ပေးချင်တဲ့ or ဝယ်ပေးစေချင်တဲ့ သူငယ်ချင်း or ချစ်သူကို tag ပြီး
✨ဘယ်မုန့်ပုံစံဖယောင်းလေးက သူ့ကိုသတိရစေကြောင်းလေး comment ရေးပေးသွားပါနော်။

giveaway ပေါက်ခဲ့ရင် အဲ့ဒီရွေးချယ်ထားတဲ့ဖယောင်းလေးကို လက်ဆောင်ပေးသွားပါမှာမို့ good luck ပါရှင့်။ 🍀❤️

📢 promotion 📢

ဒီလကုန်တဲ့ထိ ဘယ် candle လေးဝယ်ဝယ် ၅% off ပေးသွားမှာမို့ များများဝယ်လေ များများတန်လေနော်။

‼️disclaimer: မီးအရမ်းပျက်တာကြောင့် ရက်လောအော်ဒါလေးတွေတော့ လက်မခံပါဘူးရှင်။ ရန်ကုန်မြို့တွင်း အနည်းဆုံး ၅ ရက် အခြားမြို့တွေဆို အနည်းဆုံး ၁ ပတ် လောက် ကြိုမှာပေးပါနော်။ ‼️

ကဲ ဘာစောင့်နေတာလဲ။
လိုချင်တာလေး ရှာလိုက်ကြစို့ 🥰


#ဖယောင်းတိုင်

Photos from Kándəlz's post 19/03/2022

Mini cake candles 🎂

There’s nothing better than cake but more cake.
Cake ထပ်ပိုကောင်းတဲ့အရာက ပိုများတဲ့ cake တွေပါပဲ။

🙋🏻‍♀️သူငယ်ချင်းထဲမှာ ဝိတ်ချနေလို့၊ အီလို့ ကိတ်မစားချင်ဘူးဆိုတဲ့သူရှိလား?
🙋🏻‍♀️ ကိတ်မုန့်တော့စားပါရဲ့ နှစ်တိုင်းကိတ်ပေးနေရလို့ ရိုးနေပြီလား?
🙋🏻‍♀️ ကိတ်ကခဏလေးနဲ့ကုန်သွားတာ။ ပိုအမှတ်ရမှာလေး ပေးချင်တယ်ဆိုတဲ့သူရှိလား?

ရှိရင်တော့ ဒီ cake candle လေးတွေက perfect gift ပဲနော်။

အသီး candle လေးတွေကို fruity အနံ့သင်းသင်းလေးတွေနဲ့ အရောင်လိုက်လေး ရသလို personalized message လေးတွေပေးဖို့လည်း customized candle လေးတွေမှာလို့ရပါတယ်။

Price: 8500 MMK (themed cake candles)
9000 MMK (customized cake candles)

Photos from Kándəlz's post 16/03/2022

Bungeoppang (Korea fish bread candles) 🐟🍞

Korea ကားတွေထဲကလို ငါးပုံစံပေါင်မုန့်သားအိအိလေးကိုအလယ်ကနေခွဲလိုက်ရင် ပဲမဲချိုချိုလေးနဲ့ အငွေ့တထောင်းထောင်းထွက်လာတာကြည့်ပြီး သွားရည်ကြဖူးကြတဲ့လူ လက်ထောင် 🙋🏻‍♀️

နောက်ပိုင်းဘယ်လောက် အရသာ filling မျိုးစုံပေါ်လာပေါ်လာ original ပဲမဲလေးကတော့ မင်မင့်အသဲစွဲပဲ

ဒီစားချင်စရာ ငါးပေါင်မုန့်လေးကို သီးစုံနံ့လေးနဲ့ candle လေးရတော့မယ်ဆိုရင် သင်ယုံလိုက်ပါ။

Fish bread candle လေး ၂ ခုကြား cream လေးညှပ်ထားပြီး အပေါ်ကလည်း topping လေးတွေကို

💕 cheese
💕 blueberry
💕 raspberry
💕 blue raspberry
💕 orange
💕 chocolate စသည်ဖြင့် ကြိုက်နှစ်သက်ရာကို customized ရွေးတပ်လို့ရပါတယ်။

Price: 6500 MMK for two pieces

Photos from Kándəlz's post 15/03/2022

Tom and Jerry Cheese Cake Candle 🧀

ငယ်ငယ်ကတည်းကနေ ကြီးတဲ့အထိ ကလေးလူငယ်မရွေးကြိုက်ကြတဲ့ ကာတွန်းကားကိုပြပါဆို Tom and Jerry ပါပဲ။ ကာတွန်းကားကြည့်တိုင်း Jerry အမြဲစားတဲ့ cheese တုံးကြီးကို သွားရည်ကျဖူးကြတယ်ဟုတ်?

Tom and Jerry ချစ်သူတိုင်းအကြိုက်တွေ့စေမယ့် cheese candle အကိတ်ကြီး kandalz မှာ ရရှိတော့မှာဖြစ်ပါတယ်။

Cheese ဝါဝါလေးပေါ်မှာ strawberry လေးတင်ထားပြီး vanilla နံ့လေးနဲ့ဆိုတော့ ဝါးမစားမိအောင် စိတ်ထိန်းကြပါဗျို့ 😉❤️

Tom and Jerry လို အမြဲရန်ဖြစ်နေရတဲ့ သူငယ်ချင်း or ချစ်သူရည်းစားရှိရင် ပူဆာလိုက်ပေတော့။

Price: 9500 MMK

Photos from Kándəlz's post 14/03/2022

Cupcake candles 🧁

Happiness is just a cupcake away
ပျော်ရွှင်မှူက cupcake တစ်ခုအကွာမှာပါ

Fruity နံ့သင်းသင်းလေးနဲ့ ချစ်စရာ cupcake candle လေးတွေရရှိသူကတော့ ပျော်ရွှင်ရမှာ အသေအချာပါပဲနော် 🥰

✨Raspberry cupcake
✨Blue raspberry cupcake
✨Blueberry cupcake ဆိုပြီး ရွေးချယ်စရာ သုံးမျိုးရှိပါတယ်။

Price: 8000 MMK

Photos from Kándəlz's post 13/03/2022

Waffle candles 🧇

လှည်းတန်းမှာ သူငယ်ချင်းစောင့်ရင်း သူငယ်ချင်းက “လမ်းမှာ လာနေပြီ ခဏလေး”ဆို ဂျင်းထည့်လို့ နေပူပူနဲ့စင်တာထဲဝင်ပြီး ဝေဖာလေးတွေဝင်စားဖူးလား?

သူငယ်ချင်းနဲ့ ဒီလို memory ရှိဖူးရင် အမြဲနောက်ကျတဲ့ သူငယ်ချင်းကို mention ခေါ်ပြီး လက်ဆောင်တောင်းလိုက်တော့နော် ❤️

❣️Blueberry waffles
❣️Raspberry waffles အပြင်
❣️Cheese, chocolate, စသည်ဖြင့် topping လေးတွေရွေးလို့ရပါတယ်။

အနံ့လေးကတော့ ကိုက်စားချင်စရာ cream နံ့လေးမို့ စိတ်လေးတော့ထိန်းကြပါလို့ 🙈

Price: 10500 MMK

11/03/2022

Save the date 🥳❤️

Your candle bakery is on the way. Product လေးတွေ launch တော့မှာဖြစ်ပါတဲ့အတွက် မိတ်ဆက်ပေးပါရစေ။

🤔 နာမည်ကဘာအဓိပ္ပာယ်လဲ။ အသံဘယ်လိုထွက်လဲ။

“kándəlz” ဆိုတဲ့နာမည်လေးကတော့ candles ဆိုတဲ့ အသံထွက်ကို IPA letter နဲ့ရေးထားတာပဲ ဖြစ်ပါတယ်။ ရှာရခက်သူတွေအတွက် ဆိုပြီး Facebook မှာရော Instagram မှာပါ ရှာလို့ရပါတယ်။

🍰 Candles bakery လို့ ဘာလို့ခေါ်တာလဲ။

Bakery သွားတဲ့အခါမှာ မုန့်နံ့မွှေးမွှေးလေးတွေနဲ့ cake ချိုချိုလေးတွေရသလိုပဲ Kandalz မှာလည်း cake, cupcake, waffle, fish bread, macaron, စသည်ဖြင့် မုန့်ပုံဖယောင်းတိုင်လေးတွေကို cream နံ့လေးတွေ၊ vanilla နံ့လေးတွေ၊ strawberry နံ့လေးတွေ၊ coconut နံ့လေးတွေနဲ့ မွှေးမွှေးလေးထွန်းလို့ရမှာမို့လို့ပါ။

💴 စျေးကရော ဘယ်လောက်လောက်ရှိမလဲ။

6000 လောက်ကနေ 10000 ဝန်းကျင်အထိ range ရှိတဲ့အပြင် Budget ပေါ်မူတည်ပြီး customized လို့လည်း ရဦးမှာပါ။ လက်ဆောင်ပေးလို့ကောင်းတဲ့ packaging လှလှလေးနဲ့မို့ ပူဆာဖို့ပြင်ထားလိုက်ပါ။

🗓 ဘယ်တော့ launch မှာလဲ။

March 20 ရက်နေ့ launch သွားမှာဖြစ်ပြီး ကြားထဲမှာ product introduction post လေးတွေတင်ပေးသွားမှာဖြစ်လို့ page လေးကို like and follow ထားဖို့ မမေ့နဲ့နော်။

💕 Stay tuned for giveaway

Product launch day ဟာ Admin Grace ရဲ့မွေးနေ့လည်းဖြစ်တဲ့အတွက် အမှတ်တရ လက်ဆောင် giveaway လေးတွေလည်း ပေးသွားမှာမို့ stay tuned ပါရှင့်။

See you all ❤️

#ဖယောင်းတိုင်

02/12/2021

Stay tuned for cute dessert candles

02/12/2021

Videos (show all)

Waffle candles featuring waffles and ice cream

Website