Online Class
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Online Class, Education, .
Microsoft excel က function တစ်ခုဖြစ်တဲ့
conditional formatting ကိုဘယ်လိုအသုံးပြုမလည်း ဘယ်နေရာတွေမှာ သုံးလည်းဆိုတာကို
သေချာစွာရှင်းပြပေးထားပါတယ်
Excel ကို ခုမှစလေ့လာလို့ပဲဖြစ်ဖြစ်
လုပ်ငန်းခွင်ထဲမှာ လက်တွေ့သုံးချင်လို့ပဲဖြစ်ဖြစ်
ကြည့်သွားသင့်တဲ့ သင်ခန်းစာတစ်ပုဒ်ပဲလို့
တိုက်တွန်းလိုက်ပါစေ
Computer Basic 11 ( Conditional Formatting ကိုဘယ်လိုအသုံးချမလည်း) @kyawsoehtike I Talk Channel တင်သမျှကိုလာရောက်ကြည့်ရှုသူများကော မကြည့်ရှုရသေးသူများကော အားလုံးကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာ.....
Mega Million ထီဝယ်လို့ရပါပြီ။ Jackpot ဆုကြေးက ၂၄၅ မီလျှံပါ။ ပြီးတော့ ၄ ဒေါ်လာကစပြီး ၁ မီလျှံထိကို ဆုကြေးအသေးလေးတွေ အများကြီးရှိပါသေးတယ်။ US ထီထိုးပြီး မီလျှံနာ စိတ်ကူးယဉ်ရင်း တော်လှန်ရေးကို ကူလို့ရပါပြီ။ထီတစ်စောင်ကို မြန်မာငွေတစ်သောင်းခွဲ၊ ထိုင်းဘတ် ၁၆၀ ၊ စင်ကာပူဒေါ်လာ ၇ ဒေါ်လာဖြင့် ပေ့ချ်ချက်ဘောက်တွင် ဝယ်ယူနိုင်ပါတယ်။ ငွေလွှဲပြီးလျှင် (နာရီအနည်းငယ်အတွင်း) ထီလက်မှတ်ကို ချက်ဘောက်မှ ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ဝယ်ယူမည်ဆိုပါက NUG Pay တစ်မျိုးတည်းဖြင့်သာ ဝယ်ယူရရှိနိုင်ပါတယ်။ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံမှ ဘဏ်အကောင့်တိုက်ရိုက် ပေးချေနိုင်မှာ ဖြစ်ပါတယ်။
အားလုံးပဲ အသက်ရှင်အောင်နေပါ
✅ ဖျက်စရာမလိုသော မျဉ်းကြောင်းများ ✅
တစ်ရက်မှာ ဆရာဖြစ်သူက
စာသင်ခန်းထဲဝင်လာပြီး
အတန်းသားတွေကို...
" သားတို့ ...
သားတို့ကို ဒီနေ့ ဘဝအတွက်
အလွန် အရေးကြီးတဲ့သင်ခန်းစာ
တခု သင်ပေးမယ်။
အားလုံးငြိမ်ပြီး နားထောင်ပေးကြပါ "
လို့ပြောပြီး...
ကျောက်သင်ပုန်းပေါ်မှာ
မြေဖြူနဲ့ မျဉ်းဖြောင့်တကြောင်းကို
ခပ်ရှည်ရှည်လေး ဆွဲ လိုက်ပါတယ်။
ပြီးတော့ ...
သားတို့...
" ဒီမျဉ်းကို တိုသွားအောင်
ဘယ်သူ လုပ်နိုင်မလဲကွယ် "
လို့ မေးလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ...
ကျောင်းသားတယောက်က
ကျောက်သင်ပုန်းရှေ့ထွက်လာပြီး
မျဉ်းကို အလယ်ကနေ တဝက်လောက်
ဖျက်လိုက်ပါတော့တယ်... ။
" ဆရာ..
အခု ဆရာဆွဲထားတဲ့မျဉ်းကြောင်း
တိုသွားပါပြီ ခင်ဗျာ " လို့
ပြောလိုက်ပါတယ်... ။
ဆရာက ခေါင်းကို ခါရမ်းလိုက်ပြီး
နဂိုမူလ အရှည်လောက် မျဉ်းကို
ပြန်ပြီး ရေးဆွဲလိုက်ပါတယ် ... ။
" ဒီလိုတော့ မလုပ်ပါနဲ့သားရယ်...
မျဉ်းကို တိုသွားအောင် လုပ်တဲ့နေရာမှာ
မူလ မျဉ်းကို မထိခိုက်စေချင်ဘူး "
တတန်းလုံးလည်း တော်တော်ကြာကြာ
ငြိမ်နေကြပြီးနောက်...
ကျောင်းသားတယောက်ထွက်လာပြီး
မူလမျဉ်းနဲ့ ယှဉ်လျက်
ပိုပြီး ရှည်တဲ့မျဉ်းတကြောင်းကို
ရေးဆွဲ ပြလိုက်ပြီး...
" ဆရာ ...
အခု ဆရာ့မျဉ်း တိုသွားပါပြီ ခင်ဗျာ "
အဲဒီတော့မှ
ဆရာကပြုံးပြီး... အားလုံးကို
" သားတို့...
ဒီမျဉ်းကြောင်း ၂ ခု အကြောင်း
ဆရာ သင်ကြားပေးတာလေးကို
တသက်လုံး မှတ်သားထားကြပါ "
" မျဉ်းရှည်တကြောင်းကို ဖျက်သလို
ကိုယ်ထက် သာနေတဲ့ သူတယောက်ကို
ဖျက်စီးတာမျိုး သားတို့ဘဝမှာ
မလုပ်မိကြပါစေနဲ့ "
ကိုယ်က သူ့ထက်ပိုသာအောင်
ကြိုးစားမယ်ဆိုတဲ့စိတ်မျိုးကိုသာ
မွေးမြူကြပါ။
ဒါမှသာ ...
သားတို့ဟာ လူ့ဘဝမှာ ယဉ်ကျေးလိမ္မာတဲ့
စိတ်ချမ်းမြေ့ရတဲ့လူသားတွေဖြစ်လာမှာပေါ့..
သူများကို ဖျက်စီးမဲ့လမ်းကိုရွေးမယ်ဆိုရင်
ထိုသူဟာ သမ္မတဖြစ်ဖြစ် ၊
ဝန်ကြီးဖြစ်ဖြစ် သူဌေး ဖြစ်ဖြစ်
ဘာသာရေးဆရာ ဖြစ်ဖြစ်
ဘာကြီးပဲဖြစ်နေ ဖြစ်နေ…
စိတ်ဓါတ်အောက်တန်းကျသူ
ဘဝမှာ ပျော်ရွှင်မှု တွေ
ဆိတ်သုန်းရသူ ဖြစ်ပြီး ...
တမလွန်မှာရော လက်ငင်းဘဝမှာပါ
မိမိပြုသည့်ကံ မိမိ ပြန်ခံစားရသူများ
ဖြစ်ကြမှာ စိုးရိမ်မိပါတယ်... ။
မှတ်ထားကြနော် ...။
မေတ္တာဖြင့် အညတရ ရဟန်း မန္တလေး
ပြန်လည်မျှဝေသည်။
ပုလွေက အဝတ်တန်းမဖြစ်ဘူး
===================
(နို ၉) 😁😁
ဝါးရုံတစ်ခုထဲမှာရှိတဲ့ ဝါးနှစ်ချောင်းပါ
တစ်ချောင်းက ပုလွေဖြစ်သွားပါတယ်။
နောက်တစ်ချောင်းက အဝတ်လှန်းတဲ့ တန်းဖြစ်သွားပါတယ်။
အဝတ်တန်းဝါးက မကျေမနပ် ပုလွေကိုလှမ်းမေးပါတယ်
ငါတို့က ဝါးရုံတစ်ခုထဲဖြစ်ရဲ့သားနဲ့
ငါကလေထဲမိုးထဲနေရပြီး ဘာမှတန်ဖိုးမရှိဘူး
မင်းကျတော့ တန်ဖိုးမြင့်နေတာက ဘာ့ကြောင့်လည်း?
ပုလွေ ပြန်ဖြေလိုက်တာက
******
မင်းက ဓါးတစ်ချက်ပဲ အခုတ်ခံရတယ်
ငါက ဓါးအချက်ပေါင်းများစွာ အခုတ်ခံရပြီးမှ
လက်ရာမြောက်စွာ တန်ဖိုးထားခြင်းခံရတာလေ။
အဲ့ဒီတော့မှ အဝတ်တန်းကနှုတ်ဆိတ်သွားပြီး တစ်ခုတွေးလိုက်မိတယ်
သြော် တန်ဖိုးမြင့်နေတဲ့သူတိုင်းက ဒဏ်ရာပေါင်းများစွာ
အလူးအလဲ ခံခဲ့ရတာပါလား လို့ပေါ့
လူ့ ဘဝဆိုတာလည်း ဒီလိုပါပဲ
*အခက်အခဲ အတားဆီး များစွာကျော်ဖြတ်ရတဲ့ ဒဏ်
*နားလည်ပေးနိုင်သူ မရှိလို့ အထီးကျန်ဆန်တဲ့ ဒဏ်
*ဝိုးတဝါး အခြေနေအောက်မှာတာဝန်ယူရတဲ့ဒဏ်
*ဘဝပေး ကံကြမ္မာကြောင့် တွေ့ဆုံကွေကွင်းရတဲ့ ဒဏ်
ဒဏ်ပေါင်းစုံကို အပြုံးနဲ့ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ပါမှ
ဘဝက တန်ဖိုး ရှိမှာပါ
ဒါ့ကြောင့်မို့
သူများတွေ အောင်မြင်နေတာ တွေ့ရရင်
မနာလို ဝန်တို မဖြစ်မိပါစေနဲ့
သူ့မှာ ပေးဆပ်ထားရတာပိုများလို့ပါ
ငါနေရမည့် ` အိမ် ´
´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´
ဘဝအစ မလှပသမို့ ခဏခဏ ငိုခဲ့ရတယ်။
ဘဝဇာတ်ခုံ အဖုံဖုံမှာ ကြုံလာသမျှ နိုင်ခဲ့ရတာရှိသလို
မချိတဲ့နှလုံးသား ဟန်ဆောင်အပြုံးများစွာနဲ့
အရှုံးပေးခဲ့ရတာလည်း ရှိပါတယ်။
လောကဓံ အလှည့်အပြောင်းကြောင့် ကံအကြောင်းမလှ ငိုခဲ့ရသလို
ဘဝကိုအနိုင်နွှဲ ရယ်ပွဲ ဖွဲ့ခဲ့တာလည်း ရှိတယ်။
ရတာမလို လိုတာမရ မရတာလို မလိုတာရသမို့
ဖြစ်လာသမျှကိုရင်ဆိုင် အခက်အခဲမှန်သမျှကို
ယှဉ်ပြိုင်မယ်ဆိုရင် နိုင်ချင်လည်းနိုင်လိမ့်မယ်။
ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်ဖို့ ခွန်အားတွေ
အများကြီးသန္ဓေတည်နေတာ ငါ့ကိုငါ အသိဆုံး။
တစ်ခါတစ်လေတော့လည်း အားခဲလို့ရုန်းကန်
နင်လားဟဲ့လောကဓံ ဆိုပြီး အံတုလို့စိန်ခေါ်
တိမ်ပေါ်ထိတက်ပြိုင်လိုက်ချင်ရဲ့
မနိုင်လို့ခြေချော်ကျ ရှုံးကာမှရှုံးရော
အပြုံးနဲ့အရာရာကို အသာလေး ကျော်ဖြတ်ချင်တယ်။
ဒါကြောင့်လည်းလေ ဖြစ်လေရာဘဝ
ဒီလောကသံသရာမှာ အရှုတ်တွေရှင်း
အယူတွေမမှားယွင်းစေဖို့
အနေတတ်၍ အသေမြတ်စေဖို့
ခုရှုခုငြိမ်း ခန္ဓာဇာတ်သိမ်းစေဖို့
ပစ္စုပ္ပန်ဘဝ ငါနေရာမှာက
သတိဆိုတဲ့အိမ်လေးပါ
credit ပေးပါတယ်
ကျမ်းမာချမ်းသာပါစေ
သူငယ်ချင်းရဲ့ Channel လေးပါ အားပေးလိုက်ကြပါဦး YouTube မှာမြန်မာစာတန်းထိုးလို့ရပြီတဲ့
YouTube Movies မြန်မာစာတန်းထိုးနည်း မြန်မာစာတန်းထိုးမရလို့ စိတ်ညစ်မနေနဲ့ YouTube Movies တွေကို မြန်မာ စတန်းထိုး ကြည့်ဖိုးတွက် Video ကို အစအဆုံး သာ ကြည့်ပေးလ...
သကြားထက် ချိုသောအရာ
=====================
အသက် အတော်ကြီး နေပြီ ဖြစ်တဲ့ လူကြီး တစ်ယောက် ဟာ အေးစက် မှုန်မှိုင်း နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခု ပေါ်မှာ ထိုင်နေ ခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲ ညစ်နွမ်း နေတဲ့ အ၀တ် အစား တွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန် ကာ လျှံကာ ကြည့်သွား ကြရုံက လွဲလို့ ဘယ်သူ ကမှ အရေး တယူ မရှိ ကြပါ။ ဟုတ်ပါ တယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်း စားသောက် နေတဲ့ သူ့လိုလူ တစ်ယောက် ကို ဘယ်သူ ကများ ဆေးဖော် ကြောဖက် လုပ်ချင် ပါ့မလဲ။ ရေခဲလု မတတ် အေးချမ်း လွန်းတဲ့ ခုလို ချိန်မျိုးမှာ စုတ်ပြဲ နေတဲ့ သူ့ကုတ် အင်္ကျီ အဟောင်း လေး ထက် စာရင် နွေးနွေး ထွေးထွေး ထူထူ ထဲထဲ ရှိမဲ့ အင်္ကျီ မျိုးက သူ့ အတွက် သိပ်ကို လိုအပ် နေမှာ တော့ အမှန်ပါ။
ဒီအချိန်လေး မှာ အသက် ၃၅ နှစ် အရွယ်ခန့် ရှိတဲ့ အမျိုးသမီး တစ်ယောက် ဟာ ပလက်ဖောင်း လေး အတိုင်း လမ်းလျှောက် လာနေပါတယ်။ ပလက်ဖောင်း ပေါ် လျှောက် လာရင်းနဲ့ အမျိုးသမီး ဟာ ထို အဖိုးအို အနား ကို အရောက်မှာ ခြေစုံ ရပ်တန့် လိုက်ပါ တော့တယ်။ ပြီးတော့ သူ့ကို ငုံ့ကြည့် လိုက်ကာ “ ဦးလေး .. ရှင် နေကောင်း ရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆို လိုက်ပါတယ်။ ကြည့် လိုက် တာနဲ့ အမျိုးသမီး ဟာ ချမ်းချမ်း သာသာ အထက်တန်း လွှာ ထဲက ဖြစ်မယ် ဆိုတာ အဖိုးအိုက သိလိုက် ပါတယ်။ သူမ ဟာ လှပ သစ်လွင်တဲ့ ထူထူ ထဲထဲ ကုတ် အင်္ကျီကို ၀တ်ဆင် ထားပြီး သန့်ရှင်း သပ်ရပ် လို့ နေပါတယ်။ ပြီးတော့လဲ သူမ ကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း ဆိုတာ ကို ဘယ်သော အခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါ။ ဒီလို အမျိးသမီး တစ်ယောက် က သူနဲ့ လာပြီး စကားပြောဆို ပတ်သက် ဖို့ဆိုတာ အကြောင်းကို မရှိဘူးလို့ သူက ထင်လိုက် ပါတယ်။ ဒီ အ မျိုးသမီး ဟာ လည်း တစ်ခြား လမ်းသွား လမ်းလာ တွေလိုဘဲ သူ့ကို ရယ်စရာ လုပ်ဖို့ စနောက်ဖို့ သက်သက်နဲ့ စကား လာပြော နေတာ သာ ဖြစ်မှာပါ။ ဒါကြောင့် လဲ အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ။ ကျုပ် တစ်ယောက် တည်း အေးအေး နေနေ တာကို မနှောက်ယှက် စမ်းပါနဲ့ ” လို့ အော်ဟစ်ပြီး ပြော လိုက်ပါတယ်။
အံ့သြ စရာက ထို အမျိုးသမီး ဟာ သူ့ရဲ့ အော်ဟစ်သံ ကို ကြောက်လန့် ပြီး ထွက်သွား တာမျိုး မဟုတ်ဘဲ နေရာမှာ ဆက်ပြီး ရပ်နေ တုန်းပါ။ ညီညာပြီး ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံး လိုက်ရင်းက “ ရှင် ဗိုက်ဆာ နေသလား ” လို့ သူ့ကို မေးပြန် ပါတယ်။ “ မဆာပါဘူး ကျုပ်က သမ္မတကြီး နဲ့ အတူတူ ညစာ စားပြီးပြီ ခင်ဗျား သာ ခု ချက်ခြင်း ဒီက ထွက်သွား စမ်းပါဗျာ ” လို့ သူက စိတ်ပေါက်ပေါက် နဲ့ ရွဲ့ပြီး ပြန်ဖြေ လိုက် ပါတယ်။ အမျိုးသမီးဟာ သူ့အနားက ထွက်ပြီး မသွား သလို အပြုံးလဲ မပျက် ပါဘူး။ ပြီးတော့ သူ့ဘေးနား ထိုင်ချ လိုက်ပြီး အဖိုးအို ရဲ့လက်မောင်းတွေ ကို အသာအယာ ဆုပ်ကိုင် လိုက်ချိန် မှာတော့ “ ဟာ ခင်ဗျား ဘာလုပ် တာလဲ ကျုပ် ပြောပြီး ပြီလေ။ ကျုပ်ကို မနှောက် ယှက် ပါနဲ့။ ခင်ဗျား ဒီနေရာ က ထွက်သွားပါ” လို့ အဖိုးအို ဆီက ဒေါသ တကြီး အော်ဟစ်သံ က ဟိန်းထွက် လာ ပါတော့တယ်။
ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက် လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု ဖြစ်နေ သလား.. ကျွန်တော် ဘာများ ကူညီ ပေးရ ပါမလဲ ” လို့ မေးလာ တော့ အမျိုးသမီးက “ ဘာ ပြဿနာ မှ မရှိပါဘူး ရဲအရာရှိ ကြီးရယ်။ ဒီလူကို မတ်တပ်ရပ် နိုင်အောင် ကျွန်မ ကြိုးစား နေတာပါ။ ကျွန်မ ကို တစ်ဆိတ် လောက် ကူညီ ပေးပါလား ရှင်.. ” ရဲ အရာရှိ ဟာ သူ့ခေါင်း ကို ကုတ် လိုက်ရင်း “ ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ် တော်တော် ကြာပါပြီ၊ သူဟာ ဘယ်သူ့ကို မှ တော့ ဒုက္ခ မပေးခဲ့ပါဘူး၊ သူ့ကို ဘာများ လုပ်မလို့ ပါလဲ ” လို့ မေးလိုက် ပါတယ်..
“ရှင် ဟိုနား က ကော်ဖီဆိုင်လေး ကို တွေ့တယ် မဟုတ်လား။ ကျွန်မ သူ့ကို အဲဒီဆိုင်လေး ထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင် တယ်။ ပြီးတော့လဲ ဒီလောက် ချမ်းအေး လွန်း တဲ့ ရာသီဥတု ဒဏ်ကနေ ခနလေး ဖြစ်ဖြစ် သူ့ကို လွတ်မြောက် စေချင်ပြီး နွေးနွေး ထွေးထွေး နေစေ ချင် ပါတယ် ”
“ ခင်ဗျား ရူး နေသလား ကျုပ် အဲဒီ အထဲကို မသွားချင်ဘူး ” အကြောက် အကန် ငြင်းဆန် နေရင်း မှာဘဲ သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ သူ့ကို ဆွဲထူ မခြင်း ကို ခံလိုက် ရပါတယ်။ “ ရဲ အရာရှိကြီး ကျုပ်ကို လွှတ်ပါဗျ.. ကျုပ် အေးအေး ဆေးဆေး နေပါ ရစေ၊ ကျုပ် ဘာအမှား မှလဲ လုပ်ထား တာ မဟုတ်ဘူး ” လို့ ဆိုင် ကို ဆွဲခေါ် လာတဲ့ လမ်း တစ်လျှောက် မှာ လည်း အဖိုးအို ဂျက် ဟာ အော်ဟစ် ရုန်းကန် နေတုန်း ပါဘဲ။
“ ခင်ဗျား အတွက် အကောင်းဆုံး အခြေအနေ ကို ဖန်တီး ပေး နေတာ ကို မမိုက်မဲ ချင် စမ်းပါနဲ့” ရဲ အရာရှိ က လေသံ ခပ်မာမာနဲ့ သူ့ကို ပြန်ပြော ပါတယ်။ နောက်ဆုံးတော့ အမျိုးသမီး ကြီးနဲ့ ရဲအရာရှိ ဟာ ခက်ခက် ခဲခဲနဲ့ သူ့ကို ကော်ဖီ ဆိုင်လေး ထဲကို ရောက်အောင် ဆွဲခေါ် လာ နိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်း ဘက် ခပ်ကျကျ ကောင်တာ အနီး မှာ ထိုင်စေ လိုက်ပါတယ်။ အချိန် က မနက်စာ စားချိန် ကျော်သွားပြီး နေ့လည်စာ စားချိန်လဲ မရောက်သေး တဲ့ အတွက် ဆိုင် အတွင်း ထဲမှာတော့ လူသူ ရှင်းလင်း နေပါတယ်။ ဆိုင်ရဲ့ မန်နေဂျာ ဖြစ်သူ ဟာ စားပွဲ တွေကို ကျော်ဖြတ် ပြီး သူတို့ရဲ့ စားပွဲ မှာ လာရပ် ပြီး မေးပါတယ်။
“ ရဲအရာရှိ ခင်ဗျာ.. ဘာများ ဖြစ်လို့ ပါလဲ.. ဒီအဖိုးကြီး က ခင်ဗျား တို့ကို ဒုက္ခများ ပေးနေ လို့လား ”
“ ဘာမှ ဒုက္ခ မပေး ပါဘူး။ သူ့ကို ဒီအစ်မကြီး က အစားအသောက် ကျွေးမွေး ချင်လို့ ခေါ်လာ တာပါ.. ” ရဲအရာရှိရဲ့ စကား အဆုံးမှာ “ အိုး ဒီနေရာ ဟာ ဒီလို လူမျိုးတွေ နဲ့ သင့် တော်တဲ့ နေရာ မဟုတ် ပါဘူး ခင်ဗျာ။ ကျွန်တော် တို့ ဆိုင်ဟာ လူကြီး လူကောင်းတွေ ၀င်ထွက် သွားလာ စားသောက် တဲ့ ဆိုင် ဖြစ်ပါတယ်။ လမ်းပေါ် က ဒီလို စုတ်ပြတ်ပြတ် လူ တစ်ယောက် က ကျွန်တော် တို့ ဆိုင်ထဲမှာ လာ စားနေတာ သူများတွေ တွေ့ သွားရင် ဆိုင်နာမည် ပျက်ပြီး ကျွန်တော် တို့ ဆိုင်ရဲ့ စီးပွားရေး ကို ထိခိုက် ပါလိမ့်မယ်။” လို့ ဆိုင် မန်နေဂျာ က ပြောလိုက် ပါတယ်။
“ ကဲ အမျိုးသမီး ခင်ဗျား တွေ့တယ် မဟုတ်လား။ ကျုပ်ပြော ခဲ့သား ဘဲ .. ဒီလို နေရာ ကို ကျုပ် မလာချင် ပါဘူးလို့.. ကျုပ် သွားတော့ မယ်၊ ဒီလို နေရာမျိုး ကိုလဲ ဘယ်တော့မှ ထပ် မလာဘူး.. ” အဖိုးအို ဂျက်က သွား တစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်း တွေ ကို ဖွင့်ဟရင်း ဒေါသ ဖြစ်စွာ ပြော လိုက်ပါတယ်။
အမျိုးသမီး ဟာ ဆိုင်ရဲ့ မန်နေဂျာ ကို သေချာ ကြည့်လိုက်ပြီး ပြုံးပြ လိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီး ပေါ်မှာ ရှိတဲ့ အက်ဒီဂရုပ် ရဲ့ ဘဏ် လုပ်ငန်း စုကြီး ကို သိတယ် မဟုတ် လား. ” လို့ မေး လိုက်ပါတယ်။ ဒီတော့ ဆိုင်မန်နေဂျာ က စိတ်မရှည် တဲ့ လေသံနဲ့ “ သိပါတယ်.. သူတို့ဟာ အပတ်စဉ် တိုင်း ကုမ္ပဏီ အစည်းအဝေး ကို ကျွန်တော် တို့ဆိုင်ရဲ့ အထူးခန်း မှာ အမြဲ လုပ် ပါတယ်။ ဘာဖြစ် လို့ပါလဲ ” လို့ပြန်ဖြေ ပါတယ်။
အမျိုးသမီးက “ ဒါဆိုရင် ရှင်တို့ ဆိုင်မှာ လုပ်တဲ့ သူတို့ရဲ့ အပတ်စဉ် အစည်း အဝေး ကြောင့် ရှင်တို့ဆိုင် ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်း ခဲ့ရတဲ့ အတွက် သူတို့ဟာ ရှင်တို့ဆိုင်ကို တစ်ဘက် တစ်လမ်း က အကျိုးပြု နေတယ် ဆိုတာတော့ ရှင် လက်ခ ံတယ် မဟုတ်လား.. ”
“အဲဒီကိစ္စ ခင်ဗျား နဲ့ မဆိုင်ဘူးလို့ ထင် ပါတယ်.. ” မန်နေဂျာ က ဒေါသ ထွက် လာပုံ ရတဲ့ လေသံ နဲ့ ပြန်ပြော ပါတယ်။
“ကျွန်မ က အဲဒီ ဘဏ် လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိ ချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”
“ဗျာ…. ” အမျိုးသမီး ရဲ့ နာမည် လည်း ကြား လိုက်ရော မန်နေဂျာ ရဲ့ အမူအယာ က ချင်ခြင်း ဘဲ ပြောင်းလဲ သွားပါတယ်.။
အမျိုးသမီး က နောက် တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်း လုပ်တဲ့ အဲဒီပွဲနဲ့ မတူတဲ့ စားသောက် ပွဲလေး တစ်ခု ကို အခု ချက်ခြင်း ကျင်းပ ချင်ပါတယ်။ ရှင်တို့ဆိုင်ရဲ့ အကောင်း ဆုံး စားသောက် စရာတွေ ယူလာ ခဲ့ပါ.. ”
စားပွဲမှာ ရပ်နေ ဆဲ ဖြစ်တဲ့ ရဲအရာရှိ ကို တစ်ချက် ကြည့်လိုက်ပြီး “ ရဲ အရာရှိကြီး ကိုလည်း ကျွန်မတို့ နဲ့အတူတူ စားသောက် ဖို့ ဖိတ်ခေါ် ပါတယ်.. ”
“တော်ပါပြီ ခင်ဗျာ ကျေးဇူးပါ.. ကျွန်တော် က တာဝန် ချိန်တွင်း ဖြစ်နေတဲ့ အတွက် စားဖို့ မဖြစ် နိုင်ပါဘူး”
“ဒါဆိုရင် အပြန် ကို ကော်ဖီ တစ်ခွက် လောက်တော့ ယူသွား ပါရှင်.. ”
“ကောင်း ပါပြီ ဗျာ .. ကော်ဖီတော့ ယူသွား ပါ့မယ်.. ”
ရဲ အရာရှိ စကား အဆုံးမှာ မန်နေဂျာ က
“ကျွန်တော် ရဲအရာရှိ ယူ သွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်.. ဒီဝိုင်း အတွက် လဲ အကောင်းဆုံး အစား အသောက် တွေ ကို ယူလာ ခဲ့ပါ့ မယ် ခင်ဗျာ ” လို့ပြောပြီး မန်နေဂျာ က စားပွဲ ကနေ ထွက်ခွာ သွား ပါတယ်။
မန်နေဂျာ ပြန်ထွက် သွားတာ ကို စောင့် ပြီး ရဲ အရာရှိ က အမျိုးသမီး ကို “ ခင်ဗျား သူ့ကို လူမှန် နေရာမှန် ဖြစ်အောင် လုပ်ပေး လိုက်တာဘဲ ” လို့ လှမ်းပြော လိုက် ပါတယ်..
“ ကျွန်မ ဒီလို တော့ မရည်ရွယ် ပါဘူး။ ဒါပေမဲ့ ဒီလို ထုတ် မပြောရင် မဖြစ်တော့ တာမို့ ထုတ်ပြော လိုက် ရတာပါ။ ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို ဒီခေါ် လာတာ အကြောင်း အများကြီး ရှိပါ တယ်..” လို့ ပြော လိုက်ပြီး အမျိုးသမီး ဟာ ထိုင်ခုံပေါ် ထိုင်ချ လိုက်ပါတယ်. ထို့နောက် အဖိုးကြီး ဘက် ကို လှည့်ပြီး စကား စတင် ပြောပါတယ်။
“ အန်ကယ် ဂျက်... ရှင်ကျွန်မ ကို မှတ်မိ လား.. ”
အဖိုးအို ဂျက် ဟာ အမျိုးသမီး ကြီးရဲ့ မျက်နှာ ကို သေသေ ချာချာ စူးစမ်းစွာ ကြည့်နေပြီး “ ကျုပ်ထင်တာ ခင်ဗျားဟာ ကျုပ်ကို ရင်းရင်း နှီးနှီး သိနေပုံဘဲ”
“ဟုတ်ပါတယ် .. ကျွန်မ ရုပ်ရည်က ဟိုတုန်း ကထက် ရင့်ရော် သွားခဲ့ ပါပြီ.. အခု အချိန်မှာ ငွေကြေး ဥစ္စာ အရာရာ ပြည့်စုံ ကောင်း ပြည့်စုံနေ ပြီ လို့ ဆိုနိုင် ပေမဲ့ ကျွန်မရဲ့ ငယ်စဉ် ကာလ ရှင် ဒီဆိုင် မှာ အလုပ် လုပ် ခဲ့ဖူးတဲ့ အချိန်တွေ၊ အေးခဲ နေတဲ့ ခုလို ရာသီမျိုးမှာ ဆာလောင် ငတ်မွတ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး တစ်လုပ် အတွက် ဆိုင်တွေ ဆီမှာ အလုပ်တောင်း ခဲ့ရဖူး တဲ့ အချိန်တွေ ကို ဘယ်တော့ မှ မမေ့ပါ ဘူး ရှင်…”
“ အစ်မကြီး”
ဘေးနား က နားထောင် နေတဲ့ ရဲအရာရှိ ထံမှ အံ့သြ တကြီး လေသံ က လွှတ်ခနဲ ထွက်ကျ လာပါတယ်.. ဒီလို ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက် ဟာ ဆာလောင် မွတ်သိပ်စွာ နဲ့ လမ်းတွေ ပေါ်မှာ လျှောက် သွားခဲ့ ဖူး တယ် ဆိုတာ ကို သူဘယ်လိုမှ ယုံကြည် လက်ခံ နိုင်ပုံ မရပါ။
အမျိုးသမီး က သူ့ဘဝ နောက်ကြောင်း ကို စတင်ပြီး ရှင်းပြ ပါတယ်။ “ ကျွန်မဟာ အဲဒီအချိန် က ကောလိပ်ကျောင်း က ထွက်လာ ကစ ဒီမြို့ကလေး ကို အလုပ်ရှာ ဖို့ ရောက် လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင် တော့ အလုပ် တစ်ခု တလေမှ ကို တော်တော် နဲ့ ရှာလို့ မရခဲ့ ပါဘူး။ ဘယ်သူ ကမှ လည်း အလုပ် မပေး ခဲ့ကြ ပါဘူး။ နောက်ဆုံးတော့ လက်ထဲ မှာ ပြားစေ့လေး နည်းနည်း ကလွဲလို့ ဘာမှ မကျန်တော့ တဲ့အခါ အခန်း ငှားခ မပေး နိုင်တော့ တဲ့ ကျွန်မ ကို အခန်း ပိုင်ရှင်က မောင်းထုတ် လိုက်ပါတယ်။ ဒီလိုနဲ့ ဖေဖော်ဝါရီ လ ရဲ့ ပြင်းလွန်း တဲ့ အအေးဒဏ် အောက်မှာ ခိုနား ရာ မရှိ၊ ငတ်ငတ် ပြတ်ပြတ် ဆင်းဆင်း ရဲရဲနဲ့ လမ်းတွေ ပေါ်မှာ လျှောက်သွား နေခဲ့ရင်း နောက်ဆုံး မှာ ဒီနေရာ လေး ကို စားစရာ တစ်ခု တလေ ရလို ရငြား ရောက်လာ ခဲ့ပါတယ်။”
အဖိုးကြီးဂျက် ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ် မှတ်မိပြီ။ အဲဒီ တုန်းက ကျုပ်ဟာ ဟိုနား က ကောင်တာ မှာ ရပ် နေခဲ့တာလေ။ ခင်ဗျား က ကျုပ်ကို မေးတယ်.. အစား အသောက် နည်းနည်း ပေးပါ.. ဆိုင်မှာ ရှိတဲ့ အလုပ် ကို လုပ်ပေး ပါ့မယ် လို့ တောင်းဆို တယ်လေ။ ဆိုင် ဝန်ထမ်း မဟုတ် တဲ့ အပြင်လူ ကို အလုပ် ခိုင်းတဲ့ အချက် ဟာ ဆိုင်ရဲ့ စည်းကမ်း ချက်ကို ဖောက်ဖျက် ရာ ကျတဲ့ အ တွက် အလုပ် မပေး နိုင်ပါဘူး လို့ ကျုပ်က ပြောခဲ့ တယ်ေ လ။ ”
“ဟုတ်ကဲ့ .. ကျွန်မ သိပါတယ် အန်ကယ် ဂျက်။ အန်ကယ် ဟာ ကျွန်မ တစ်သက် မြင်ဖူး သမျှထဲမှာ အကြီးဆုံး ဖြစ်တဲ့ အသား ညှပ် ဆင်းဝစ်ကြီး တစ်ခုနဲ့ ကော်ဖီ တစ်ခွက် ကို ပေးပြီး တော့ ဟိုထောင့်နား က စားပွဲ မှာ သွားထိုင် စားပါလို့ ပြောခဲ့ တယ်. ကျွန်မ က ရှင် ကျွန်မ ကြောင့် ပြဿနာ တစ်ခုခု ဖြစ်မှာ ကို စိုးရိမ် နေခဲ့ပေမဲ့ ရှင်က ကျွန်မ စားတဲ့ အစား အစာ အတွက် ကျသင့်ငွေ ကို ကောင်တာ မှာ သွားရှင်း နေတာ တွေ့လိုက် ရတယ်။ ဒီတော့မှ အားလုံး အဆင်ပြေ သွားပြီ ဆိုတာ သိမှ စိတ်ချ လက်ချနဲ့ အစား ကို စားနိုင် ခဲ့တယ်။ ကျွန်မ ဘဝမှာ အဲဒီ အချိန်တုန်း က ဆာဆာ နဲ့ စားခဲ့ ရတဲ့ ဆင်းဒဝစ် လောက် ဘယ် အစား အသောက် ကမှ အရသာ မရှိ ခဲ့ပါဘူး။ ခုချိန် ထိ လည်း သတိရ နေ ပါတယ်။”
“ခင်ဗျား ဒီ နောက်ပိုင်း အလုပ် ရသွား ခဲ့သလား.. ” အဖိုးဂျက် က အမျိုးသမီး ကြီး ကို မေး လိုက်ပါတယ်..
“ဟုတ်တယ် သိပ် မကြာခင် မှာ ကျွန်မ ဟာ အလုပ် တစ်ခုကို ရလိုက် တယ်။ အလုပ် လုပ်တဲ့ အခါ သူများတွေ ထက် ပိုပြီး အလုပ်မှာ စေတနာ ထားတယ်။ ကြိုးစား တယ်။ ကျွန်မ က ငတ်ပြတ် တဲ့ ဘ၀ကို ရောက်ခဲ့ ဖူး တော့ ဒီဘဝ ကို ပြန် မသွား ချင် ဘူးလေ. ဒီတော့ ဘာလုပ် သလဲ... သူများ ထက် ပိုကြိုးစား ရတာပေါ့။ ကျွန်မ ရဲ့ ဇွဲ၊လုံ့လ အကျိုး ကြောင့် အချိန် နည်းနည်း ကြာ တဲ့ အခါ ကိုယ်ပိုင် လုပ်ငန်း တစ်ခု ကို ထူထောင် လာနိုင်ခဲ့တယ်။ ကံတရား ရဲ့ ဖေးမမှု လဲ ပါတာ ပေါ့လေ။ ” စကား ပြောရင်း အမျိုးသမီ ဟာ သူမ ရဲ့ ပိုက်ဆံအိတ် ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့ လိပ်စာ ကဒ်ပြားလေး တစ်ခု ကို ဆွဲထုတ် လိုက်ပြီး
“အန်ကယ် ဂျက်.. ရှင် ဒီမှာ စားသောက် ပြီးစီး တဲ့ အခါ ဒီ လိပ်စာ လေး အတိုင်း ရောက်အောင် သွားပြီး ကျွန်မ ရဲ့ ကိုယ်ရေး အရာရှိ နဲ့ သွားတွေ့ စေချင် တယ်.. ကျွန်မ တို့ ကုမ္ပဏီမှာ အန်ကယ် အတွက် သင့်တော် တဲ့ အလုပ် တစ်နေရာ ကို သူ စီစဉ် ပေးလိမ့်မယ်.. ပြီးတော့ အ၀တ်အစား ဝယ်ဖို့၊ နေထိုင် စားသောက် ဖို့ ငွေ တစ်ချို့ ကို သူ ထုတ် ပေးလိမ့် မယ်၊ အန်ကယ် ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်တည် နိုင်တဲ့ တစ်နေ့ အထိ ထောက်ပံ့ ပါလိမ့်မယ်။ အန်ကယ် ဘယ် လို အကူ အညီဘဲ လိုလို ကျွန်မ ဆီ လာခဲ့ပါ။ ကျွန်မ အန်ကယ် အတွက် အမြဲတမ်း တံခါးဖွင့် ထားပါ တယ် အန်ကယ် ဂျက်.. ”
အမျိုးသမီး ရဲ့ စကား အဆုံး မှာ အဖိုးအို ဂျက် ရဲ့ ပါးပြင်ပေါ် မှာ မျက်ရည် တွေ စီးကျ လာပါတော့ တယ်။ “ခင်ဗျား ကို ဘယ်လို ကျေးဇူး တင်ရမှန်း တောင် မသိ တော့ ပါဘူး ဗျာ” လို့ တုန်ယင် လှိုက်လှဲ နေတဲ့ အသံနဲ့ ပြောလိုက် ပါတယ်။
“ကျေးဇူး တင် ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်။ ကူညီ ထိုက်သူ ကို ကူညီရတာ ၀မ်းမြောက် စရာပါ။ အန်ကယ် ရဲ့ ကူညီ ထောက်ထား တတ်တဲ့ စိတ်ထား လေး ကို ကျွန်မ ဘယ်တော့ မှ မမေ့ ပါဘူး။ အန်ကယ် ကျွေး ခဲ့တဲ့ ဆင်းဒဝစ် နဲ့ ကော်ဖီ တစ်ခွက် ဟာ ကျွန်မ ဘ၀မှာ တန်ဖိုး အကြီးဆုံး အရာ တွေ ပါ… ဘယ်လို မှ တန်ဖိုး ဖြတ်လို့ မရပါဘူး။ ကျွန်မ ကို ခုလို သူ တစ်ပါး ကို ကူညီ တတ်အောင် လမ်းစ ကို လမ်းပြ ခဲ့တဲ့သူ ကလဲ အန်ကယ် ဂျက် ကိုယ်တိုင် ပါ”
စားသောက် နေတဲ့ အဖိုးအို ဂျက် ကို နှုတ်ဆက် ပြီး နောက် အမျိုးသမီး နဲ့ ရဲအရာရှိဟာ ကော်ဖီဆိုင် ရဲ့ အပြင်ဘက် ကို ထွက်လာ ကြ ပါတယ်။ ဆိုင်ရှေ့ အရောက် မှာ တစ်ယောက် တစ်လမ်း ထွက်ခွာ မသွားခင် ဆိုင် အဝနားမှာ ခေတ္တ ရပ်ပြီး အမျိုးသမီး ဟာ ရဲ အရာရှိ ကို ကျေးဇူးတင် စကား ဆို ပါတယ်။
“ ရှင့်ရဲ့ အကူ အညီ အ တွက် ကျေးဇူ းအထူး တင်ပါတယ် ရဲ အရာရှိ မင်းရယ်.. ”
“အိုး ကျေးဇူးတင် ဖို့ မလိုပါဘူး မစ္စ အက်ဒီ .. ကျွန်တော် က တောင် ကျေးဇူးတင် ရမှာ ပါဗျာ.. ကျွန်တော် ဒီနေ့ သိပ် ထူးဆန်း အံ့သြ စရာ အဖြစ် အပျက် ကလေး ကို တွေ့လိုက် ရပါတယ်.. ဘယ်တော့ မှ မေ့နိုင် မဲ့ အဖြစ် အ ပျက် လဲ မဟုတ်ပါ ဘူး ဗျာ.. ကျွန်တော့် ရင်ထဲ ကို တော်တော် ထိပါ တယ်.. ခင်ဗျား ရဲ့ ကော်ဖီ အတွက်လဲ ကျေးဇူး ပါ မစ္စ အယ်ဒီ.. ”
ရဲ အရာရှိ ရဲ့ လက်ထဲ က ကော်ဖီခွက် ကို သတိရ လိုက်မိတဲ့ အမျိုးသမီး ဟာ “အိုး ရှင် ကော်ဖီ ကို ဘယ်လို သောက်တယ် ဆို တာ မေးဖို့ ကျွန်မ မေ့ သွားတယ် အခု ယူ လာတာ ကော်ဖီ က အချိုပေါ့ ထင် တယ်။ နို့ ဖြစ်ဖြစ်၊ သကြား ဖြစ်ဖြစ် ထပ်ယူ မလား ” လို့မေး တော့ ရဲအရာရှိ ဟာ လက်ထဲက ကော်ဖီခွက် ကို ငုံ့ကြည့် လိုက်ပြီတော့ ပြုံးလိုက် ပါတယ်။ ပြီးတော့
ကျွန်တော့် အ တွက် သကြားတွေ၊ နို့တွေ မလိုတော့ ပါဘူးဗျာ၊ ဒီနေ့ အန်ကယ် ဂျက် ကို ခင်ဗျား ပေးလိုက် တဲ့ စေတနာ၊ မေတ္တာ တွေ က သကြား တွေ နို့တွေ ထက် ချို ပါတယ်။ တန်ဖိုး လည်း ကြီး လှပါတယ်။ စေတနာ မေတ္တာ တို့၊ ကျေးဇူး သိတတ်ခြင်း တို့ ဆိုတာ ဘယ် အရာနဲ့ မှ မတူ အောင် ချိုမြိန် လှပါတယ်၊ ကျွန်တော့် ရင်ထဲမှာ လည်း အဲဒီ အချိုဓာတ် တွေ ကူးစက် ပြီး နောက်ထပ် ဘယ်လို သကြားမှ မလို တော့အောင် ပီတိတွေ နဲ့ ချိုနေ ပါပြီ ဗျာ။
Kindness ( Unknown Author ) ကို ဘာသာ ပြန်ထားတဲ့စာလေးပြန်မျဝေတာပါ တာပါ။ ခုတလော စာ အသစ် မရေးဖြစ်သေး တာ ကြောင့် လွန်ခဲ့ တဲ့ ၂ နှစ် လောက် က ဖတ်ခဲ့မိတဲ့ ခဲ့တဲ့ ဒီပိုစ့်လေး ပြန်တင် ဖြစ် တာ ပါ။ နားလည် ခွင့်လွှတ်ပြီး ဖတ်ရှု ပေးကြ ပါလို့ တောင်းပန် ချင် ပါတယ်။ ဒီစာ ထဲက လို စေတနာ မေတ္တာ အပြည့်နဲ့ ကျေးဇူး သိ တတ်ခြင်း က သကြား ထက် ကို ချိုမြိန် လှပါတယ် ဆိုရင် ကျွန်မ တို့လဲ သကြား ထက် ချိုမြိန် တဲ့ အရာတွေ ကို ပေး နိုင်ဖို့ ကြိုးစား ကြပါဦး စို့လား နော်။
Credit :ကိုကျော်စွာ
( အစိမ်းရောင်လွင်ပြင် )
ဝင့်မြတ်ဘရဏီ
Stay Home နေပြီးနေနေ အလုပ်တွေပြန်ဆင်းရလို့ အပြင်သင်တန်းတွေ အချိန်မပေးနိုင်လို့ပဲဖြစ်ဖြစ်
သီးသန့် Online Class လေး မကြာခင်စတော့မှာ
ဖြစ်လို့ Follow& Like လေးလုပ်ထားကြဖို့ မမေ့နဲ့
နော်။
နော်။
မကြာခင်မှာ Online Class
လေး စတင်ပါတော့မယ်