Kyaikhto Information Team

Kyaikhto Information Team

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaikhto Information Team, Politician, .

22/07/2023

ခွေးသူတောင်းစားဆိုသည့် ဆိုလိုရင်းမှာ အဘယ်နည်း

?????????????????????????????????????????????

Kyaikhto Information Organization 22/07/2023

ကော့ကရိတ် တိုက်ပွဲအတွင်း စစ်သား ၆ ဦး သေဆုံးခဲ့ပြီး ခလရ ၉၇ တပ်မိသားစုဝင်များပါ သေဆုံး ဒဏ်ရာရ
====================================

ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၆ နာရီမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့ရှိ ဆေးရုံကင်း၊ ခလရ ၉၇၊ ချက်ပွိုင့်၊ အဖွဲ့စုံရဲကင်း တို့ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ခလရ (၉၇) စစ်တပ်အတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ယင်းတပ်ရင်းအတွင်း နေထိုင်သော စစ်တပ်မိသားစုဝင်များပါ သေဆုံးဒဏ်ရာမှုများ ရှိခဲ့ကြောင်း၊ သေဆုံးသူ တပ်မိသားစုဝင်များကို စာရင်းဖျောက်ကာ ဒဏ်ရာရရှိသူ (၈) ဦးကိုသာ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရမှုအဖြစ် စစ်ကောင်စီက သတင်းထုတ်ပြန်ခိုင်းခဲ့ကြောင်း တပ်တွင်းအတင်းရင်းမြစ်ထံမှ သိရပါတယ်။

4C (TruthNews)

အကြမ်းဖက်စစ်သားမိသားစုဝင်တွေ ဒဏ်ရာရ ဆေးကုနေတဲ့ပုံ ကြည့်ချင်ရင်တော့ Kyaikhto Information Organization Telegram Channel မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Facebook မှာ တင်လို့မရတဲ့ပုံတွေ ကြည့်ချင်တဲ့သူတွေ အဲ့ဒီ Channel ကို Join ထားပေးကြပါအုံးနော်

👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

Kyaikhto Information Organization

22/07/2023

အွန်လိုင်းမှာ စျေးရောင်းတဲ့သူတွေ လိုင်စင်လျှောက်ရမယ်တဲ့

ပြောလိုက်ရင် ဥပဒေနဲ့အညီ အရေးယူမယ်ဆိုတာကြီးပဲ

ဦးကျော်စကား ငှားပြောရရင် ဥပဒေဆိုတဲ့စကား စစ်ခွေးတွေနဲ့ မတန်ကိုမတန်တာ

Crd လူကလေးမောင်မင်းဒင်

Photos from Kyaikhto Information Team's post 21/07/2023

အကြမ်းဖက်စစ်တပ်ရဲ့ လက်ခတ်တောင်ကြောတစ်ခုလုံးကို PDF နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်
ဇူလိုင် ၂၁ ၊ ၂၀၂၃

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ၊ မြဝတီမြို့အနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က တပ်စွဲထားတဲ့ လက်ခတ်တောင်ကြောတစ်ခုလုံးကို PDF နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါ တယ်။

“လက်ခတ်တောင် တာဝါတိုင်ကုန်း ၊ ဘုရားကုန်းတို့ကို ဇူလိုင် ၂၀ ရက် မနက် ၆ နာရီမှာ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂၁ ရက်မနက် ၅ နာရီမှာ လက်ခတ်တောင်ကြော တစ်ခုလုံးကို မိမိတို့ သိမ်းပိုက်နိုင်ခဲ့တယ်” လို့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ ၃ ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၇၅ ၊ ခမရ ၁၁၈ ၊ လ ၈ တို့က လက်ခတ်တောင်မှာ တပ်စွဲထားတာပါ။

တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တပ်မဟာ ၆ KNU/KNLA ၊ ကော်ဘရာစစ်ကြောင်း ၁ ၊ ကျားသစ်နက်နဲ့ Federal Wings တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က သေဆုံးမှုတွေ ရှိခဲ့ပြီး သေဆုံးမှုအရေအတွက်ကို စိစစ်နေဆဲ ဖြစ်တယ်ဆိုတာနဲ့ PDF နဲ့ ပူးပေါင်းတပ်တွေဘက်က ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဆီက ဆက်သွယ်ရေးစက် ၁ လုံး၊ ၆၀ မမ ၁၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ကားမိုင်း ၉ လုံး၊ ဂျန်မာစက် ၂ လုံး၊ မိုင်းရှာစက် ၂ လုံး၊ စက်လက်ပြောင်း ၁ ပြောင်း၊ ကွန်မန်ဒို ၆၀ မမ ပြောင်း ၂ လက်၊ ၄၀ မမ ၉ လုံး၊ G 3 ကျည်ဘောက် ၄ ခု၊ MA ကျည်ဘောက် ၂ ခု၊ စစ်ခမောက် ၈ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ RPG သီး ၁ လုံး ၊ 7.62 ကျည် ၁၈၈၀ တောင့် ၊ 5.56 ကျည် ၃၀၂ တောင့် တို့ သိမ်းဆည်းရမိခဲ့ပါတယ်။




Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေး တွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

21/07/2023

ရွှေကျင်မြို့၊ စလူချောင်းနှင့် ဒုံစရစ်ရွာကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ဇူလိုင် ၂၁ ရက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့ရှိ စလူချောင်းနှင့် ဒုံစရစ်ရွာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်း မသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေကျင်မြို့နယ် ဒုံစရစ် ၊ စလူ​ချောင်း ကျေးရွာကို အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦး ထက်မနည်းသေဆုံးကာ ၁၁ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာ ပြင်းထန်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များဘက်မှ စစ်ကြောင်းတိုးလာသည့် သတင်းကြိုရ၍ အသင့်စောင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

"သူတို့ တက်လာတယ်ဆိုတာ သတင်းကြိုရထားတာ။လက်နက်ချခိုင်းပါသေးတယ်။ ပူးပေါင်းခိုင်းတယ်။ အဲဒါကို ပြန်တိုက်တာ လက်နက်မချဘူး။ ပြောသေးတယ် မင်းတို့ကို မနိုင်ရင် ပြည်သူကို သတ်မယ်တဲ့ ခွေးတွေက ပြောတာ"ဟု KNLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောပြသည်။

တော်လှန်ရေး အင်အားစုများဘက်မှ အသားစီးရ တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဝေဟင်အသုံးပြုရန် တောင်ငူလေတပ်စခန်းမှ ပစ်ကူ ဂျက်လေယာဥ် ၀င်ရောက်လာသည့်အတွက် အချိန်မီဆုတ်ခွာခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များဘက်မှ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

21/07/2023

မြ၀တီက လက်ခတ်တောင်ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်၊ စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေး
+++++++++++++++++++

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ လက်ခတ်တောင်မှာ စစ်ကောင်စီနဲ့ KNU /KNLA တပ်ဖွဲ့တို့ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ တော်လှန်ရေး အင်အားစုတွေဘက် ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်တပ်ဖွဲ့တွေထံက သတင်းရရှိပါတယ်။

ဒီနေ့မနက် အစောပိုင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မနက် ၇နာရီကျော်လောက်မှာ လက်ခတ်တောင်က စစ်ကောင်စီအခြေစိုက်ရာနယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နယ်မြေကို တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်ခွင့်ရာခံနီးမှာပဲ စခန်းကို စွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဘက်က အသေအပျောက်နဲ့ ဒဏ်ရာရစာရင်းကိုတော့ အတည်ပြုနေဆဲလို့ သိရပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး KNU /KNLA ကတော့ မကြာခင်မှာ သီးခြားတရားဝင် သတင်းထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

21/07/2023

Update: ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၀၁ ရှိ ရဲနှင့် ပျူစောထီးများ တပ်စွဲထားသော KTV ကို ဝင်ရောက် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး ကား ၁ စီးသိမ်းဆည်းရရှိ

https://t.me/infohlaing
ဇူလိုင်လ ၂၁ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် ၁၀၁ ရှိ ရဲနှင့် ပျူစောထီးများ တပ်စွဲထားသော KTV ကို ဝင်ရောက် တိုက်ခိုက်မှု ၄ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်းထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၀ ရက် ညပိုင်းက အဆိုပါအကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲနှင့် ပျူစောထီးများ တပ်စွဲထားသော KTV ကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့က စီးနင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲ ၂ ဦး၊ သတင်းပေးပျူစောထီး ၂ ဦးသေဆုံးပြီး ရဲ ၂ ဦးဒဏ်ရာရရှိကာ အိမ်စီးကား ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသခွဲ -(၂) အထူးစစ်ဆင်ရေးတပ်ရင်း Special Force Column -Special Operation Commando Battalion (SOC) ရဲဘော်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခု စစ်ဆင်ရေးအပါအဝင် ကျောက်တံခါးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး၊ ရဲ ၆၀ ကျော်ကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင် ၁၈ ရက်ညပိုင်းကလည်း ကျောက်တံခါးမြို့နယ် ၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ် ၁၀၁/၇ အနီးရှိအလျား ၄၅ ပေရှိ တံတားနှင့် ရန်ကုန်-မန္တလေးမီး ရထားလမ်း၊ ကြေးနန်း မိုင်တိုင် ၁၀၉/၁၀ နှင့် ၁၀၉/၁၁ ကြားရှိ တံတားကို ဖောက်ခွဲခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လဆန်းပိုင်းကလည်း ညောင်လေးပင်ခရိုင်၊ ကျောက် တံခါးမြို့နယ် စစ်တောင်းမြစ်အနောက်ဖက် ခြမ်းသို့ ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉၊ ပိန်းဇလုတ်အခြေစိုက်ခမရ ၂၆၄၊ ဖြူးမြို့အခြေစိုက် ခမရ ၃၀၆ ၊ ပဲနွယ်ကုန်းအခြေစိုက် ခမရ ၃၀၇ တပ်ရင်းများက စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းတိုင်း၊အထူးကွန်မန်ဒိုတပ်ရင်းမှ ထုတ်ပြန်ထားသည်။

©KTM
Hlaing Info

Photos from Kyaikhto Information Team's post 20/07/2023

ကလေးငယ် အပါအဝင် ရွှေတွင်းတွင် အလုပ်လုပ်နေသော စုစုပေါင်း ၅၃ ဦးကို ဖမ်း၍ အလုပ်သမားတဲများအား မီးရှို့ကာ ရွှေတွင်းပိုင် ဘက်ဟိုး ၃ စီးအား သိမ်းဆည်းသွား၊ အလူးကျေးရွာမှာလည်း ရွာသား ၇ ဦးဖမ်းဆီးခံရ
=====================================

၂၀၊ ဇူလိုင်၊ ၂၀၂၃။ KIT

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ဆီအုန်းခြံအနောက်ဘက် ရွှေတွင်းတွင် အလုပ်လုပ်နေသော အလုပ်သမားနှင့် အလုပ်သမားမိသားစုဝင် ၂ နှစ် ၃ နှစ်အရွယ် အပါအဝင် စုစုပေါင်း ၅၃ ယောက်ကို ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၂ နာရီကျော်တွင် အကြမ်းဖက်စစ်တပ်မှ လာရောက်ဖမ်းဆီးသွားပြီး ဖောကားဖြင့် ခေါ်ဆောင်သွားကြောင်း၊ အလုပ်သမားများနေသည့် တဲအားလုံးကိုလဲ မီးရှို့သွားကြောင်း၊ ရွှေတွင်းပိုင် ဘက်ဟိုး ၃ စီးကိုလည် သိမ်းဆည်းသွားကြောင်း မြေပြင်သတင်းအရ ထပ်မံ သိရှိရပါသည်။

ကနဦးသိရှိချက်တွင် ၁၀ ယောက်ကျော်ဟု သိရှိရပြီး ထပ်မံသိရှိရသည့် သတင်းများအရ အလုပ်သမားနှင့် သူရဲ့မိသားစုဝင်များလည်း ပါဝင်ကြောင်း၊ ထိုအထဲတွင် ၂ နှစ်အရွယ် ၃ နှစ်အရွယ်ကလေးသူငယ်များလည်း ပါဝင်ကြောင်း၊ ထိုအားလုံးကို တပ်မ ၄၄ ထဲသို့ ခေါ်ဆောင်သွားကြောင်း၊ အလုပ်သမားများသည် အခြေခံ အလုပ်သမားများ ဖြစ်ကြောင်း၊ ယခုအချိန်အထိ ပြန်လည်လွှတ်ပေးခြင်းလည်း မရှိသေးကြောင်း သိရပါသည်။

ယနေ့ ဇူလိုင် ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင်လည်း ဘီးလင်းမြို့နယ် အလူးကျေးရွာမှ ရွာသား ၇ ဦးကိုလည်း အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးထားကြောင်းကိုလည်း သတင်းရရှိပါသည်။

Photos from Kyaikhto Information Team's post 20/07/2023

ဘဘကြီး ပေးသနားတဲ့ ကြံ့ဖွတ်တို့ရဲ့ ဘဝနာ ဝေဒနာများ

မှတ်မိကြသေးလား

၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းတော့ ကြံ့ဖွတ်ကကောင်တွေက သူတို့ပါတီ အာဏာရသွားသလို ပျော်ခဲ့ကြတာ။ အခုတော့ ကျောချရုံ မကဘူး၊ မြင်မြင်သမျှ အကုန်ချခံနေရလို့ ဓားပြမှန်း သိနေကြပြီ 😂

ကျော်ဖာ ဆိုရင် အုပ်ကြီး အသတ်ခံရလဲ ကြံ့ဖွတ်ပါတီဝင် ဆိုပြီး ရောကြိတ်တော့တာ။ ကြံ့ဖွတ်တွေ မခံချင်စိတ်နဲ့ စစ်တပ်ထဲ ဝင်လာကြမယ် ထင်နေလို့ဖြစ်မယ်

ဖွတ်တွေက ပါးတာမှ လှပ်နေတာပဲ။ စစ်တပ်က အာဏာသိမ်းတာကို သူတို့တွေ အချောင် အာဏာရ နေရာရမယ် ထင်လို့ ဟေးလားဝါးလာ လုပ်ခဲ့ကြတာ

မှတ်ထား.. အာဏာရှင် ဆိုတာ ကျောသားရင်သား မခွဲခြားဘူး၊ ထိုးကျွေးဖို့ ဆိုရင်ပြောတာ

ဘောမတွေ အခုထိ သဘောမပေါက်သေးရင် ဖွတ်တွေကို နမူနာယူကြ။ သူတို့တွေ ဘယ်လို ဘဝပျက်နေကြလဲ ကြည့်ထားကြ!

ဆက်မိုက်နေရင် မင်းတို့အလှည့် ရောက်လာမယ်။ မကြာတော့ဘူး 😀

4C (TruthNews)

Photos from Kyaikhto Information Team's post 19/07/2023

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ကောင်စီတပ်သားနှင့် ဆိုင်ကယ်ချင်းချိတ်မိသည့် မောင်ချစ်လေး တပ်ထဲခေါ်ယူသတ်ဖြတ်ခံရ
=====================================

၁၉၊ ဇူလိုင်၊ ၂၀၂၃။ KIT

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊သိမ်ဇရပ်မြို့၊ ကားဂိတ်လမ်းဆုံ၌ ယမန်နေ့နေ့လယ် (၁၁း၃၀) နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့နယ် ၊ ချောင်းစောက်ရွာတွင် နေထိုင်သည့် မောင်ချစ်လေး (၂၅) နှစ်သည် သိမ်ဇရပ်စျေးတွင် စျေးဝယ်ပြီး စျေးထုပ်(၂)ထုပ် ဆိုင်ကယ်ပေါ် တင်ပီး ပြန်ထွက်လာစဥ် သိမ်ဇရပ်ကားဂိတ်လမ်းဆုံအ​ရောက်တွင်
စစ်တောင်းတံတားအဟောင်းထိပ်၌ တာဝန်ကျနေသော သိမ်ဇရပ်အခြေစိုက် အမတ(၃၁၀) စစ်ကောင်စီတပ်သားတစ်ယောက် (ယူနီဖောင်း မပါ ၊ အရပ်ဝတ်)စီးနင်းလာသည့်ဆိုင်ကယ်နှင့် မောင်ချစ်လေး၏ ဆိုင်ကယ်ပေါ် ပါရှိလာသော စျေးထုပ်နှင့်ချိတ်မိကာ အဆိုပါစစ်ကောင်စီတပ်သား စီးနင်းလာသောဆိုင်ကယ် တိမ်းမှောက်သွားခဲ့သည်။

အဆိုပါ မတော်တဆမှုကြောင့် စစ်ကောင်စီ တပ်သားမှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရပြီး မောင်ချစ်လေးမှ ဆိုင်ကယ်ရပ်ကာ ဆွဲထူဖေးကူခဲ့ကြောင်း၊ ထိခိုက်မှုအား တာဝန်ယူပေးမည်ဟု ပြောကြားကြောင်း သိရှိရသည်။စစ်ကောင်စီတပ်သားမှာ မောင်ချစ်လေးအား ဘာမှပြန်မပြောဘဲ ဖုန်းသာဆက်နေခဲ့ကြောင်း သတင်းရင်းမြစ်မှ ပြောကြားပါသည်။

ဖြစ်စဥ်အပြီး (၁၅) မိနစ်ခန့်အကြာတွင် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး မောင်ချစ်လေးအား ဆိုင်ကယ်၊ဈေးထုပ်များနှင့်အတူ အမတ(၃၁၀)သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယနေ့မနက်ပိုင်းတွင် မောင်ချစ်လေး၏ မိသားစုများအား အလောင်းလာရောက်ထုတ်ယူရန် အမတ(၃၁၀)မှ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း၊ သေဆုံးသူ မောင်ချစ်လေး၏ခန္ခာကိုယ်၌ ခေါင်းပိုင်း ညိုမဲစွဲဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာ၊ လည်ပင်းနှင့်ကုတ်ပိုး ညိုမည်းစွဲဒဏ်ရာ၊ ဦးခေါင်းပျော့စိဒဏ်ရာတို့ကို တွေ့ရှိရကြောင်း သတင်းရင်းမြစ်မှ ပြောကြားသည်။

စစ်ကောင်စီဘက်မှ မောင်ချစ်လေးသည် (၁၈)ရက်နေ့က သေဆုံးကြောင်းကို သိမ်ဇရပ်တိုက်နယ်ဆေးရုံအုပ်ဒေါက်တာမြတ်ဆုဝေ လက်မှတ်ဖြင့် သေမှုသေခင်း ဖွင့်ခိုင်းပြီး လက်မှတ်ထိုးထုတ်ပြန်ခိုင်းခဲ့ကြောင်း၊ မောင်ချစ်လေး ရုပ်အလောင်းအား ထုတ်ယူရာတွင်လည်း ငွေကျပ်(၂ )သိန်း တောင်းယူခဲ့ကြောင်း၊ ဆိုင်ကယ်နှင့် စျေးထုပ်များကိုတော့ ပြန်မပေးကြောင်း သတင်းရင်းမြစ်မှ ပြောကြားပါသည်။

မောင်ချစ်လေးသည် မည်သည့်အဖွဲ့စည်းများနှင့်မျှ သက်ဆိုင်ခြင်းမရှိဘဲ စျေးရောင်း၊စျေးဝယ်ဖြင့်သာ လုပ်ကိုင်စားသောက်နေသည့် ပြည်သူတစ်ဦးဖြစ်ပြီး၎င်းတွင် ဇနီးဖြစ်သူသာ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

သိမ်ဇရပ်မြို့၌ ယခုကဲ့သို့ စစ်ကောင်စီတပ်မှ ခေါ်ယူသတ်ဖြတ်ခံရသူ (၂)ဦးအထိရှိလာပြီးဇန္နဝါရီလ (၂၅)ရက်နေ့ကလည်း ကိုကျော်ဇင်လတ်အား အမတ(၃၁၀)မှ တပ်ကြပ်ကြီးဦးတင့်ရွှေ(ငြိမ်း)၏ ချွေးမဖြစ်သူ မဥမ္မာနှင့် စကားအနည်းငယ်များရာမှ ခမရ(၂၀၇)မှ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

#သိမ်ဇရပ်ဟစ်တိုင်
#ခမရ၂၀၇ #အမတ၃၁၀
#အရပ်သားပြည်သူ #ဖမ်းဆီးသတ်ဖြတ်မှု

19/07/2023

အမျိုးသားရေးအစွန်းရောက်သူများက ၎င်းတို့ကို အကာအကွယ်ပေးရန် အကြမ်းဖက် စစ်ကောင်စီကို အသနားခံနေကြပြီ

19/07/2023

အမတ်ရာထူးက ဆိုင်းငံ့ခံရပြီး Mr. Pita လွှတ်တော်ထဲက ထွက်ခွါခဲ့ရသည့်မြင်ကွင်း (ရုပ်/သံ)

Photos from Kyaikhto Information Team's post 19/07/2023

" ကျိုက်ထို တော်လှန်သပိတ်"

၁၉၊ ဇူလိုင်၊ ၂၀၂၃။ KIT

ယနေ့နေ့လည် ၁၁ နာရီ ၃၀ မိနစ်တွင် Kyaikhto Generation -Z လူငယ်များအဖွဲ့မှ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်

' ကျဆုံးခဲ့ရ အာဇာနည်ကိုးဦးမက ' ခေါင်းစဥ်ဖြင့်

ကျိုက်ထိုမြို့ ကျိုက်ထို-ကင်မွန်းစခန်း လမ်းမကြီးဘေး ဘုရားသုံးဆူ ထိုင်တော်မူဘုရားကြီး မုဒ်ဝရှေ့တွင် တော်လှန်ရေးစာသားပါ စာရွက်များဖြင့် သပိတ်ဆင်နွှဲခဲ့ပါသည်။

"တို့ပြည်သူ တွေ ညီမှ ပြည်သာ "
" မကြာမှီ ရောင်နီလာတော့မည် "
" ငါတို့တွေ မသေအောင်နေ
မသိအောင်ကူ မမိအောင်လုပ် "ဆိုတဲ့

စာသားတွေပါသော စာရွက်တွေ ကျဲချခဲ့ကြောင်း သိရပါသည်။

Kyaikhto Generation -Z

19/07/2023

နမ့်ဖတ်ကာအနီးက စစ်ကောင်စီတပ်စခန်းတစ်ခု KIA သိမ်းပိုက်

မဲခေါင်၊ ဇူလိုင် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမြို့ နဲ့ မူဆယ် ကြားရှိ ခိုမုန်းရွာရဲ့ အရှေ့ဘက် ကောင်ရာဘွမ် စစ်ကောင်စီစခန်း ၁ ခုကို KIA ဘက်က သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်း အများအပြား ရရှိခဲ့ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

စစ်ကောင်စီအင်အား ၈၀ ခန့် ရှိတဲ့ အဲ့ဒီ့စခန်းကို KIA က နေ့လယ်ပိုင်းတည်းက အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ည ၆ နာရီ လောက်မှာ အကုန်သိမ်းသိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။

“မှန်တယ်။ အဲမှာ သိမ်းယူနိုင်ပြီ။ မနေ့ညနေ အကုန် သိမ်းယူနိုင်ခဲ့တယ်။" လို့ KIA ရှေ့တန်း နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီက အဲဒီမှာ စခန်း အထိုင်ချဖို့ ပြင်ဆင်နေလို့ လာတိုက်ရတာ ဖြစ်ပြီး KIA ဘက်က စစ်ကောင်စီ တက်လာမယ့် လမ်းမှာ ဗုံးလာထောင်တာ မြင်သွားလို့ နှစ်ဖက် ပစ်ခတ်မှု ပြင်းထန်လာပြီး နမ့်ဖတ်ကာ အခြေစိုက် ခလရ - ၁၂၃ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူ နေတာ လို့ သူက ပြောပါတယ်။

တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့ စခန်းမှာ KIA တပ်တွေက မနေဘဲ လက်နက်အများအပြားကို သယ်ဆောင်ကာ နောက်တန်းသို့ ပြန်ဆုတ်သွားပြီလို့လည်း သူက ဆက်ပြောပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ကောင်ရာဘွမ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ မုံးကိုးဘက်က ဆင်းလာတဲ့ စစ်ကောင်စီ ကားတန်းကို လမ်းလုံခြုံ‌ရေးသွားယူ‌ပေးနေချိန် KIA က အလစ်အငိုက် တိုက်ခိုက်ခဲ့ပါသေးတယ်။

ယခုရက်ပိုင်းအတွင်း အရှေ့မြောက် ကုန်သွယ်ရာ လမ်းကြောင်းအနီး ဝန်းကျင်မှာ စစ်ကောင်စီ နဲ့ KIA တို့အကြား နေ့တိုင်း နီးပါး တိုက်ပွဲ ဖြစ်ပွားနေတာပါ။

ဒါ့အပြင် မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲ မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ TNLA တို့ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတာရှိပြီး လားရှိုး မြို့နယ်မှာလည်း စစ်ကောင်စီနဲ့ MNDAA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

CJ-008

#စစ်ကောင်စီ

#ကောင်ရာဘွမ်
#သိမ်းပိုက်

Video crd

Telegram: Contact @kitpage 19/07/2023

တချို့ Page မှာ တင်လို့မရတဲ့သတင်းများ ဓာတ်ပုံများကို သိရှိကြည့်ရှုနိုင်စေရန် အောက်ပါ Kyaikhto Information Organization Telegram Channel ကို Join ထားဖို့ မမေ့ကြနဲ့နော်

👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

Telegram: Contact @kitpage

19/07/2023

ပလောင်းပလဲသမားများကို ဦးမောစ့်ပြောပြီး

19/07/2023

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလံ မုတ္တမံ။
မင်္ဂလသုတ္တ။

Whose mind is not shaken when he is touched by the phenomenon of the world, being without grief, unpolluted and secure,
This is supreme good fortune.
Mãngala sutta:

မင်္ဂလသုတ္တံထဲမှာ ဒီအပိုဒ်လေး သိပ်ကောင်းတယ်။ ဒါကို အာပေါက်အောင်ရွတ်ဖို့ ဘုရားက ဟောခဲ့တာမဟုတ်ပါဘူး။ လောကမှာ ဘာပဲကြုံလာကြုံလာ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်တတ်ဖို့ ဘုရားက ဆုံးမထားခဲ့တာပါ။ လောကဓံနဲ့ ရင်ဆိုင်လာရတဲ့အခါ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သွန်သင်ထားခဲ့တာပါ။ လောကဓံဆိုတာလည်း အဆိုးချည်းမဟုတ်ဘူး။ အကောင်းလည်းပါတယ်။ ဆင်းရဲဒုက္ခရောက်နေမှ လောကဓံမဟုတ်ဘူး။ ချမ်းသာသုခတွေပြည့်နေလည်း လောကဓံပဲ။ အကောင်းလောကဓံ ၄ပါး၊ အဆိုးလောကဓံ ၄ပါးရှိတယ်ဆိုတာ ဘုရားကဟောပြီးသား။ လောကဓမ္မဆိုတာ ဒါကိုပြောတာပါ။ တချို့က ဆင်းရဲ ဒုက္ခရောက်နေမှ လောကဓံလာရိုက်ခတ်တယ်လို့ ထင်ကြတယ်။ တကယ်တော့ ချမ်းသာတာလည်း လောကဓံပဲ။ မပြည့်မစုံနဲ့ ဆင်းရဲတဲ့ဒဏ်ဆိုတာရှိသလို ပြည့်ပြည့်စုံစုံနဲ့ ချမ်းသာတဲ့ဒဏ်ဆိုတာလည်း ရှိတယ်။ ဆင်းရဲတဲ့ဒဏ်၊ နိမ့်ကျစုတ်ပြတ်တဲ့ဒဏ် မခံနိုင်ကြသလို ချမ်းသာတဲ့ဒဏ်၊ အောင်မြင်ကျော်ကြားတဲ့ဒဏ်လည်း မခံနိုင်ကြဘူး။ ဒီဒဏ်တွေကိုခံနိုင်ရည်မရှိဘဲ လောကဓံရိုက်ခတ်မှုမှာ မျောပါသွားခဲ့ရင် ဗုဒ္ဓအဆုံးအမကို လိုက်နာမှုမရှိဘူး။ ဗုဒ္ဓလမ်းစဉ်ကနေ ချော်ထွက်သွားပြီလို့ ပြောလို့ရတယ်။ တနည်းဆို မင်္ဂလာမရှိတော့ဘူးပေါ့။ လူရယ်လို့ဖြစ်လာရင် လောကဓမ္မကို မဖြစ်မနေ ရင်ဆိုင်ရတာပါပဲ။ ဒါကို ရင်ဆိုင်တတ်ဖို့နဲ့ ရင်ဆိုင်နိုင်ဖို့က အဓိကကျတယ်။ ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် အကြောင်းအကျိုးဆင်ခြင်ပြီး မတုန်မလှုပ်၊ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တတ်ရမယ်။ ဒါမှ မင်္ဂလာရှိတယ်လို့ ဘုရားကဆိုလိုတာ။ တချို့က လောကဓံကျော်လွှားနိုင်တဲ့ ဖုဋ္ဌဿဂါထာကြီးဆိုပြီး ဖိရွတ်တယ်။ အဓိပ္ပာယ်မသိ၊ လိုက်နာမကျင့်သုံးနိုင်ဘဲနဲ့တော့ အာပေါက် အမြုပ်ထွက်ရုံပဲရှိပါမယ်။ ဒါမျိုးတွေလုပ်နေရင် ဗုဒ္ဓဘာသာဝင်ဆိုပေမဲ့ ဗုဒ္ဓအဆုံးအမနဲ့ ဝေးနေပြီ။ မည်ကာမတ္တဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလို့ ပြောလို့ရတယ်။ မင်္ဂလသုတ္တံတစ်ခုလုံးကလည်း လူသားတွေ လောကမှာ နေတတ်ထိုင်တတ်ဖို့ ဘုရားကဆုံးမခဲ့တာပါပဲ။ အဲ့လိုနေနိုင်ရင် ဗုဒ္ဓဘာသာဝင်ပီသသွားပြီလို့ ပြောလို့ရတယ်။
အားလုံးပဲ မင်္ဂလာရှိကြပါစေ။



💚💚💚

Photos from Kyaikhto Information Team's post 19/07/2023

ဘီးလင်းမှာ PDF ဆိုပြီး စစ်တပ်ဖမ်းဆီးထားသူ ၃ ဦးဟာ အဟောင်းပစ္စည်းလိုက်ဝယ်သူတွေဖြစ်နေ

ဘီးလင်း၊ ဇူလိုင်(၁၉)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အဝင် ရွှေသံလွင်တိုးဂိတ်ဟောင်းအနီးမှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ဆိုပြီး ဖမ်းဆီးသွားတဲ့ လူငယ် ၃ ဦးဟာ PDF တွေမဟုတ်ဘဲ အဟောင်းပစ္စည်းရောင်းဝယ် လုပ်ကိုင်သူတွေသာဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို ဆိုင်ကယ်တစ်စီးနဲ့လာတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က PDF တွေဆိုပြီး ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနေ အသက် ၂၀ အရွယ် မောင်စက်ပိုင်စိုး၊ အသက် ၁၉ နှစ်အရွယ် မောင်ခန့်ဇင်ကိုနဲ့ မခင်မေလတ်တို့ ၃ ဦး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

PDF ဆိုပြီး ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ သထုံနဲ့ဘီးလင်းမြို့နယ်အတွင်း အဟောင်းပစ္စည်း လိုက်ဝယ်သူတွေသာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ ပြောဆိုမှုအပေါ် ပြည်သူတွေအကြား ရယ်စရာ ဖြစ်တယ်လို့ တောင်စွန်းဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၃ ဦးဟာ သစ်ချတောင် PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ လူငယ် ၃ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဟာ ဘီးလင်းမြို့နယ်ထဲကရွှေတွင်းကို အလုပ်သွားမယ့် အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို PDF တွေဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

19/07/2023

တောင်တန်းမြေပြန့် ညီညွတ်ကျ
အာဇာနည်ဟာ ၉ ဦးမက

18/07/2023

ဖုန်းဘေလှူဒါန်းပေးသည့် ပြည်သူတစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်

18/07/2023

ဖုန်းဘေလေးများ တတ်နိုင်သလောက် ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်

18/07/2023

ကျိုက်ထိုမြို့ပေါ်မှာ ကင်းပုန်းတွေ အများကြီးရှိနေတယ်နော် အသွားအလာ ဂရုစိုက်ကျပါ။

18/07/2023

Breaking News

၁၈၊ ဇူလိုင်၊ ၂၀၂၃။ KIT

၁။ ကျိုက်ထိုတမြို့လုံး ယူနီဖောင်းနဲ့ရော အရပ်ဝတ်နဲ့ရော ကင်းပုန်းများစွာချထာကြောင်း သတင်းရရှိ။

၂။ မြို့ပေါ် ရပ်ကွက်အချို့နေရာမှာ ဆိုင်ကယ်၊ ကား စစ်ဆေးမှုတွေ ရှောင်တခင်လုပ်နေသည့်အတွက် လူငယ်များ သတိထားသွားလာကျပါ။

၃။ ကျိုက်ထို-မုပ္ပလင်ကြားရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေးတွင်လည်း အကြမ်းဖက်စစ်သား များစွာရှိ။

၄။ တချို့ကျေးရွာမှ ကျောင်းသားများကို မိဘများက ကျောင်းမှ လာပြန်ကြိုနေကျသည်ဟု သိရ။

Photos from Kyaikhto Information Team's post 18/07/2023

အင်းတကော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဝေဟင်စိုးမိုး ကမ်ပိန်းအစီအစဥ်မှာ ပြည်သူများ တတ်နိုင်သလောက် ပါဝင်ပေးကျဖို့ နှိုးဆော်ပါရစေ

ဝေဟင်ထက်ဟိန်းဖို့
လေယာဥ်ကပ်ပိန်းသို့
အရောက်လာပါ။

IPDFရဲ့လေယာဥ်ကမ်ပိန်းလေးမှာ ကြိုတင်မဲလေးတွေလာရောက်
ဝယ်ယူနိုင်ပါပြီနော်.......
ပါဝင်တဲ့ပစ္စည်းလေးတွေကလဲ တကယ့်စိတ်ဝင်စားစရာလေးတွေပါပဲဗျ။

အမျိုးအမည်တွေက

ကျောက်စိမ်းဆွဲပြား
အမေစု ပန်ချီကား
အမေစု နံရံကပ်ပန်းပု
ဆလိုင်းတင်မောင်ဦး ပန်းချီကား
မိဘမေတ္တာ မော်ဒန်ပန်းပု
computer lenovo thinkpad L570
redmi note12 pro
hollow guitar
air pod
ထိုင်းထီ အဆောင် 20တို့ဖြစ်ပါတယ်။
..ပစ္စည်းလေးတွေရဲ့အသေးစိတ်အချက်အလက်တွေကိုလဲ live saleမှာ ထည့်သွင်းဖော်ပြပေးမှာပဲဖြစ်ပါတယ်။

ကဲ အချိန်ရှိတုန်းလေး ကြိုတင်မဲများလာရောက်အားပေးကြပါအုံးဗျ.....

အောက်ပါ Inntakaw People's Defence Force IPDF page messenger တွင် ဝင်ရောက် ဝယ်ယူထောက်ပံ့နိုင်ပါသည်။

👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

https://www.facebook.com/profile.php?id=100083213564557&mibextid=ZbWKwL

IPDF

17/07/2023

ထိုင်းစစ်သားအမတ်တွေ ခြိမ်းခြောက်ခံနေရလို့ ရဲတိုင်ကာ အကာအကွယ်ရရေး တောင်းဆိုနေကြရ

ပြီးခဲ့တဲ့ကြာသပတေးနေ့က ဝန်ကြီးချုပ်ရွေးပွဲမှာ ကန့်လန့်တိုက်ကာ မဲမပေးဘဲ ဘုတ်ထိုင်ထိုင်နေကြတဲ့စစ်သားအမတ်တွေကို ပြည်သူတွေက ခြိမ်းခြောက်စာတွေပို့ခဲ့ကြပါတယ်။ ဒါ့အပြင်သူတို့စီးပွါးရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့နဲ့ သူတို့သမီးတွေကို မုဒိန်းကျင့်လိုက်မယ်လို့ အကြပ်ကိုင်ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုင်းစစ်သားအမတ် ၂၅၀ ရှိရာမှာ ၁၃ ယောက်ပဲ ဝန်ကြီးချုပ်ကို မဲထည့်ခဲ့ကြပါတယ်။ အဲဒီ ၁၃ ယောက်ကိုလည်း အခြားထိုင်းစစ်သားအမတ်တွေက မလိုတမာနဲ့ ပြသနာအရှာခံရမလား စိုးရိမ်နေကြရပါသတဲ့။

ထိုင်းစစ်သားအမတ်တွေကို အပြင်းအထန်ဝေဖန်သူ အရပ်သားအမတ် ၂ ယောက်ကိုလည်း အသရေဖျက်မှုနဲ့ ဘတ် ၅၀၀,၀၀၀ စီရလိုကြောင်း တရားစွဲခဲ့ကြပါတယ်။ လွတ်လပ်စွာသဘောထားကွဲခဲ့တာကို လွတ်လပ်စွာခြိမ်းခြောက်ခံနေရတယ်လို့ ထိုင်းစစ်သားအမတ်တွေက ငိုသံပါကြီးနဲ့ ကိုလှရွှေတို့ကို တိုင်တမ်းကာ အကူအညီတောင်းခဲ့ကြပါသတဲ့။ စိုးစက်။

ref: BP

17/07/2023

Breaking News

၁၇၊ ဇူလိုင်၊ ၂၀၂၃။ KIT

ယနေ့ညနေ ၃ နာရီ ကျိုက်ထိုမြို့ ဖိက္ကလိပ်ရပ်ကွက် ရွှေစားသောက်ဆိုင်ရှေ့တွင် အစစ်အဆေးရှိ ။

အကြမ်းဖက်အင်အားများပြီး မြို့ရေပေါ်ဆီအချို့ပါ ပါဝင်။

16/07/2023

ဘီးလင်းမြို့နယ် ကျုံအိပ်တံတားမှာ ကင်းစောင့်နေတဲ့ စစ်သားနဲ့ ကင်းပုန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ် (ရုပ်/သံ)
++++++++++++++++++
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျုံအိပ်တံတားမှာ ကင်းစောင့်နေတဲ့ စစ်သားတွေနဲ့ကင်းပုန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းမှ သတင်းရရှိပါတယ်။

ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၆ နာရီခန့်က ဘီးလင်းမြို့နယ် ဒေါက်ရက် ကျေးရွာအတွင်း အင်အား ၂၀ ခန့်နဲ့ ကင်းပုန်းဝပ်ကြတဲ့ အကြမ်းဖက်စစ်သားများကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေ ဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့လည်ပိုင်းကလည်း ကျုံအိပ်တံတားကို ပြင်ဆင်နေသော အဖွဲ့ကို လုံခြုံ ရေးယူပေးနေတဲ့ အကြမ်းဖက်စစ်သားများကို ၇၉ မမ ဗုံးသီး ၄ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး နယ်မြေအခြေအနေအရ ရန်ကုန်-မော်လမြိုင်လမ်းတလျှောက် ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်တာကြောင့် ခရီးသွားမိဘ ပြည်သူများအနေနဲ့ အထူးဂရုစိုက်သွားလာကြဖို့ တောကျီးကန်းစစ်ကြောင်းမှ ထုတ်ပြန်ထားပါတယ်။

အထက်ပါတိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်းနဲ့ KNLA ပူးပေါင်းအဖွဲ့ က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

16/07/2023

ညနေဘက် ထပ်မံရရှိသော သတင်းများ
=====================================

၁၆၊ ဇူလိုင်၊ ၂၀၂၃။ KIT

၁။ ကရဝေးဆိပ်၊ ဇီးကုန်းဘက်ကို အကြမ်းဖက်စစ်တပ်မှ အင်အားထပ်ဖြည့်သည့်အတွက် ရွာသားများ အလွန်ထိန့်လန့်နေ။

၂။ ရွာသား ၃ ဦးလဲ အသတ်ခံထားရဟု သိရ။

16/07/2023

ထိုင်းတော်ဝင်ဘုရင့်မိသားစုကို စော်ကားပြောဆိုတဲ့သူတွေကို ပစ်သတ်ရင် ထောင်မကျတဲ့ဥပဒေပြဌာန်းသတ်မှတ်ရင်ကောင်းမလားလို့ လွတ်တော်မှာပြောဆို(ရုပ်သံ)

မဲဆောက်၊ ဇူလိုင် ၁၆

ထိုင်းတော်ဝင်ဘုရင့်မိသားစုကို စော်ကားပြောဆိုတဲ့သူတွေကို ပစ်သတ်ရင်ထောင်မကျတဲ့ဥပဒေပြဌာန်းသတ်မှတ်ရင်ကောင်းမလားလို့ လွတ်တော်မှာ Mr.ချဒါ က ပြောဆိုခဲ့ပါတယ်။

Mr. ချဒါဟာ ဘုရင်ကိုထောက်ခံတဲ့ ဖှုန်ကျိုင်ထိုင်းပါတီက ဒု/ပါတီခေါင်း ဆောင်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဥထိုင်ဌာနီခရိုင်ကနေ လွတ်တော်အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရရှိပြီး လွတ်တော်အမတ်ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်က ပြုလုပ်တဲ့လွတ်တော်မှာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်ဆောင်း Mr. Pita ကို ဝန်ကြီးချုပ်အဆို တင်သွင်းပြီးနောက် ထိုင်းတော်ဝင်ဘုရင့်မိသားစုကို ကာကွယ်ပေးထားတဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ပြောဆိုခဲ့တဲ့ Move Forward ပါတီကို Mr.ချဒါ က အပြင်ထန်းဝေဖန်ခဲ့တာပါ။

Mr. ချဒါက ထိုင်းတော်ဝင်ဘုရင့်မိသားစုကို အကာကွယ်ပေးထားတဲ့ ပုဒ်မ ၁၂၂ ကို ပြင်ဆင်(သို့မဟုတ်)ဖျက်သိမ်းဖို့ ကြိုးစားတဲ့ ပါတီတိုင်းကိုထောက် ခံမှာမဟုတ်ပဲ အသက်ပေးကာကွယ်ပေးသွားမယ်လို့လည်းပြောဆိုခဲ့သလိုမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာအချို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

#မြဝတီမဲဆောက်မီဒီယာ

16/07/2023

ယနေ့ ငှက်ပျောတော၊ ဇီးကုန်း၊ ကရေဝေးဆိပ် အခြေအနေများ
=====================================

၁၆၊ ဇူလိုင်၊ ၂၀၂၃။ KIT

၁။ ကရဝေးဆိပ်ဘုန်းကြီးကျောင်းမှ ပြန်ထွက်၍ ကရဝေးဆိပ်စာသင်ကျောင်းနှင့် ဇီးကုန်းကျေးရွာ ဒေါ်ဘုကြက်မောက်ခြံတို့တွင် အကြမ်းဖက်စစ်သား+BGF တို့မှ နှစ်နေရာခွဲပြီး တပ်စွဲထားကာ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ။

၂။ ကရေဝေးဆိပ် ရွာသူမိန်းမပျို ၃ ဦးကို ဓားစားခံဖြင့် ဖမ်းဆီးထား။

၃။ ယနေ့မနက် ကရဝေးဆိပ်တံတားထိပ်တွင် ရွာသားကားတစ်စီးကို အကြမ်းဖက်စစ်သားမှ RPG ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကားမီးလောင်ပြီး ကားပေါ်ပါလာသည့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရ။

၄။ ကရဝေးဆိပ်တံတားတွင် စက်လက်နက်များကို အကြမ်းဖက်စစ်သားများမှ တပ်ဆင်နေပြီး ဘေပတ်ပတ်လည်ကိုလည်း လက်နက်ကြီးများ ပစ်ခတ်နေ။

၅။ အကြမ်းဖက်စစ်သားများရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား ၃ ဦး ဇီးကုန်းလမ်းမပေါ်တွင် လက်နက်ကြီးထိမှန်သည့်အတွက် လဲကျနေကြောင်း သိရ။

၆။ တညင်ချောင်းအတိုင်း အကြမ်းဖက်စစ်သား နောက်ထပ်တစ်ဖွဲ့ စစ်ကြောင်းထပ်ထိုးလာ။

ပုံ-စစ်ရှောင်မိသားစုများ မိုးရေထဲ ထွက်ပြေးနေရပုံ

16/07/2023

တိုက်ပွဲသတင်းထုပ်ပြန်ချက်

တောကျီးကန်း၊ ဇူလိုင် ၁၆

ဘီးလင်းမြို့နယ်အပိုင် ဒေါက်ရက် ကျေးရွာအတွင်း ကင်းပုန်းဝပ်နေသော စကစ တပ်အား တော်ကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းအဖွဲ့ မှ ယနေ့မနက် ၆ နာရီအချိန်တွင် သွားရောက်ပစ်ခတ်ရှင်းလင်ခဲ့ရာ စကစ ဘက်မှ ထိခိုက်ကျဆုံးများရှိကာ ထိခိုက်ကျဆုံးအသေးစိတ်အား မသိရှိရသေးပါ

တောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းအဖွဲ့များမှ ရဲဘော်များထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။

မွန်ပြည်နယ် သထုံ ဘီးလင်း ကျိုက်ထိုမြို့နယ်အတွင်း နှင့် ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင်
စကစ နှင့် ကျွန်တော်တို့ တောကျီးကန်းစစ်ကြောင်းနှင့် နေ့စဥ် ထိတွေ့မှုများရှိနေပါသဖြင့် ရန်ကုန်-မော်လမြိုင် ကားလမ်းအား အသုံးပြုကြသော မိဘပြည်သူများအနေဖြင့် သတိနှင့် သွားလာကြပါရန်နှင့် သက်ဆိုင်ရာ စစ်တိုင်းဒေသများရဲ့ ထုပ်ပြန်ချက်များအပေါ် လိုက်နာကြပါရန် သတိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည် ခင်ဗျာ..

#တောကျီးကန်းစစ်ကြောင်း
#တိုက်ပွဲသတင်း
#မွန်ပြည်နယ်
#သထု
#ဘီးလင်း
#ကျိုက်ထို
#တော်လှန်ရေး
#

16/07/2023

ထားဝယ်-ထီးခီးကားလမ်းကို ယနေ့ မှစတင်၍ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ပြီး ပြည်သူများ လိုက်နာကြရန် ကော်သူးလေတပ်မတော်က ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးကားလမ်းပေါ်တွင် မည်သည့်ယာဥ်မှ ဖြတ် သန်း သွား လာခြင်းမပြုကြရန် ပြည်သူများကို KawThooLei Army က အသိပေး ကြေညာချက်တစ်စောင်ကို ယမန်နေ့က ထုတ်ပြန်သည်။

ဇူလိုင် ၁၆ ရက်နေ့မှစ၍ လမ်းပြန်ဖွင့်သည့် အမိန့်စာ မထုတ်ပြန် မချင်း အဆိုပါ ကားလမ်းမကို ပြည်သူများ အသုံးပြုခြင်းမပြုကြပါရန် မေတ္တာရပ်ခံကြောင်း၊ ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်တိုကို လိုက်နာပေးခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ကြောင်း KTLAထားဝယ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၆ ရက်နေ့မှစတင်၍ KTLA တပ်ဖွဲ့ဝင်များက လမ်းကို ပိတ်ဆို့ စစ်ဆေးမည်ဖြစ်ပြီး ထုတ်ပြန်ချက်များကို လိုက်နာမှုမရှိပါက ထိခိုက်မှုများအတွက် တာဝန်ယူမည်မဟုတ်ကြောင်း၊ မသင်္ကာဖွယ်ရာအားလုံးကိုပစ်ခတ် ရှင်းလင်းမည်ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါ ကားလမ်းပေါ်၌မိဘပြည်သူများအနေဖြင့်လည်းမသင်္ကာဖွယ်ရာ လှုပ်ရှားမှုများ တွေ့ရှိပါက နီးစပ်ရာတော်လှန်ရေးအဖွဲများထံသို့ သတင်းပေးပို ကူညီပူးပေါင်းပေးကြပါရန် KTLA က ထပ်မံအသိပေးဖော်ပြထားသည်။

Photos from Kyaikhto Information Team's post 16/07/2023

လုံခြုံရေးတင်းကျပ်ထားတဲ့ မော်လမြိုင်မြို့မှာ လူသတ်လုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာ

မော်လမြိုင်၊ ဇူလိုင်(၁၆)

လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း လူသတ်လုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ လူမနေတဲ့အဆောက်အဦးအနီးမှာ အ မျိုးသားတစ်ဦးကိုသတ်ကာ ဆိုင်ကယ်နဲ့ ဖုန်းအပါအဝင် ပစ္စည်းတချို့ လုယက်သွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၀ ရက်နေ့ ညပိုင်းကလည်း စမ်းကြီးရပ်ကွက်ရှိ ရော်ဘာခြံလမ်းထိပ်မှာ အမျိုးသားတစ်ဦးကိုရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ဖုန်းတွေကို လုယူသွားတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဒေ သခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပစ္စည်းလုလူသတ်တဲ့ ဖြစ်စဉ်တွေဟာ အခုနှစ်အတွင်း အဖြစ်များလာသလို ဆိုင်ကယ်လုတာတွေ၊ ရိုက်နှက်ပြီးပစ္စည်းလုယက်တာတွေအပြင် ဆိုင်ကယ်ခိုးယူမှုတွေကလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ လူသတ်လုယက်မှုတွေဟာ အခုနောက်ပိုင်းကာလတွေမှာ ခပ်စိပ်စိပ် ဖြစ်ပွားလာပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူတာ မရှိသလောက် နည်းပါးနေတယ်လို့ ပြောပါတယ်။

“အဓိကတော့ စီးပွားရေးကျပ်တည်းလာတယ်။ အလုပ်အကိုင်ရှားပါးလာတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ခိုးဆိုးလုယက်တာတွေက ပိုဖြစ်များလာတာပေါ့။ ညနေပိုင်းဘက်တွေမှာ အများဆုံးပေါ့နော်။ ဆိုင်ကယ်လုယူမှုတွေ ဖြစ်တယ်။ ဆိုင်ကယ်ခိုးခံထိတာလည်း များနေတယ်။ နောက်လုယူပြီးတော့ လူကိုအသက်အန္တရာယ်တောင် ရန်ရှာတာပေါ့နော်။ အဲဒီလိုမျိုးဖြစ်စဉ်တွေကတော့ အခုဒီမှာခပ်စိပ်စိပ်လေးတွေ ဖြစ်လာတာတွေ့ရတယ်ဗျ။ CCTV တွေကတော့ တစ်မြို့လုံးလွှမ်းခြုံထားတာပဲလေ။ မီးပြတ်ရင် တောင်မှ ဆိုလာတပ်ထားတယ်လို့ ပြောတယ်ခင်ဗျ။ အဲဒီတော့ CCTV မရှာဘဲနဲ့ အောက်မှာဒီလိုဘဲ ပြီးလိုက်တဲ့ပုံစံမျိုးတွေရှိလို့ ကျွန်တော်ထင်တာ တရားခံတွေမမိဘူးလို့သိရတယ်”လို့ ဆိုပါတယ်။

မော်လမြိုင်မြို့မှာတော့ စစ်ကောင်စီတပ်ဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ထားသလို နေ့ရောညပါ လုံခြုံရေးကင်းလှည့်တာနဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် အများပြည်သူရဲ့ လုံခြုံရေးအတွက်ဆိုပြီး မော်လမြိုင်တစ်မြို့လုံး နေရာအနှံ့ CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိတဲ့အပေါ် မေးခွန်းထုတ်တာတွေ ရှိနေတာပါ။

မော်လမြိုင်ခံနောက်တစ်ဦးကလည်း နေအိမ်အပြင်ထွက်သွားလာဖို့ စိုးရိမ်နေရသလို လုံခြုံမှုမရှိတော့တဲ့ အခြေအနေကြောင့် အထူးသတိထားသွားလာနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အရင်တုန်းကဆိုရင် ကျမတို့ကအပြင်ထွက်ရင် (၉)နာရီ (၁၀)နာရီလည်း အိုကေတယ်။ ပြဿနာမရှိဘူးပေါ့နော်။ အခုကျတော့ တစ်ခါတလေကျရင် ကိုယ်ကအလုပ်လုပ်ရင်းနဲ့ အလုပ်မှာဇောပါသွားပြီး အိမ်ပြန်နောက်ကျတဲ့ အခြေအနေမျိုးဆိုရင် စိုးရိမ်ရတာတွေရှိတယ်။ ဘယ်အခြေအနေပဲဖြစ်ဖြစ် စားဝတ်နေရေးခက်ခဲလာမယ်ဆိုရင် လုပ်တဲ့သူကလည်း ရရစားစားလုပ်နိုင်တဲ့ အနေအထားမျိုးလေးတွေရှိတယ်။ တစ်ခါတလေ မူးယစ်ဆေးကြောင်တဲ့ လူမျိုးတွေလည်း အခက်အခဲလေးတွေ ရှိတာပေါ့နော်။ အဲဒါကြောင့် ကိုယ့်အနေနဲ့ကကျတော့ သတိကတော့ ကြီးကြီးထားပြီးတော့ သွားရလုပ်ရတာတွေ ရှိတာပေါ့နော်။ မီးပွိုင့်မိလို့ ဆိုင်ကယ်ရပ်ရင်တောင် ဟိုဘက်ဒီဘက်ကိုက အမြဲတမ်းကြည့်နေရတယ်။ ဘယ်အချိန်မှာ ကိုယ့်ကိုဘာလုပ်သွားမလဲဆိုတဲ့ဥစ္စာတွေက အမြဲတမ်းကြည့်နေရတယ်။ သတိမပြတ်စေရဘူးပေါ့နော်”လို့ ဆိုပါတယ်။

မော်လမြိုင်မြို့အတွင်း ဖြစ်ပေါ်နေတဲ့ လူသတ်ပြီး လုယက်မှုကျူးလွန်သူအများစုဟာ အုပ်စုဖွဲ့ပြီး လုပ် ကိုင်လာကြသလို တန်ဖိုးအနည်းငယ်ရှိယုံနဲ့ အသက်အန္တရာယ်တွေကိုပါ ရန်ရှာလာကြတာကြောင့် ပြည်သူဘဝ လုံခြုံမှုကင်းမဲ့လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုလို ခိုးဆိုးလုယက်မှုတွေအတွက် စစ်ကောင်စီ ရဲတပ်ဖွဲ့ထံ တိုင်ကြားပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖော်ထုတ်ပေးတာမရှိတဲ့အတွက် ပြည်သူတွေဟာ ကိုယ်ဖြစ်ကိုယ်ခံနေရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-Bo Bo Win

16/07/2023

စစ်ကြောင်းထိုးလာသည့်အတွက် ငှက်ပျောတော၊ ဇီးကုန်း၊ ကရဝေဆိပ်ကျေးရွာတို့မှ ရွာသားများ ပိတ်မိနေ
===================================

၁၆၊ ဇူလိုင်၊ ၂၀၂၃။ KIT

ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတော၊ ဇီးကုန်း၊ ကရဝေဆိပ်ကျေးရွာများဘက်သို့ အကြမ်းဖက်စစ်ကောင်စီမှ ယမန်နေ့ညပိုင်းတွင် စစ်ကြောင်း ၃ ကြောင်း ထိုးလာသည့်အတွက် ထိုကျေးရွာ ၃ ရွာမှ ရွာသားများ ပိတ်မိနေကြောင်း သိရသည်။

ယမန်နေ့ ညနေ ၆ နာရီလောက်တွင် တညင်ချောင်းဘက်မှ ၃၀ ခန့်၊ ဒူးရင်မြောင်ဘက်မှ ၃၀ ခန့်နှင့် ငှက်ပျောတောဘက်မှ ၃၅ ခန့်တို့မှ စစ်ကြောင်း ၃ ကြောင်းခွဲကာ တက်လာသည့်အတွက် ကျေးရွာသားများမှာ ညချင်းတွင်း မိုးရေထဲတွင် ထွက်ပြေးနေလဲ့ရသည်။

နံနက်မိုးသောက်ရောက်ချိန်တွင် အကြမ်းဖက်စစ်သားများ ပြန်မဆင်းသေးသည်ကို ပြန်ဆင်းသွားပြီးထင်သောကြောင့် ကျေးရွာအတွင်းသို့ ပြန်လာသော တချို့ရွာသားများနှင့် ညဘက် ဘုန်းကြီးကျောင်းတွင် ခိုအောင်းနေခဲ့ကျသော ရွာသားများမှာ ယခုတွင် ထိုရွာများ၌ ပိတ်မိနေကြောင်း သိရသည်။

ထိုကျေးရွာများအတွင်းတွင် အကြမ်းဖက်စစ်သားများသည်လည်း သေနတ်သံများ၊ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသည်။ အကြမ်းဖက်စစ်တပ်မှ တချို့ရွာသားများကိုလည်း ဖမ်းထားကြောင်း သတင်းရရှိပါသည်။

15/07/2023

BREAKING NEWS

၁၅၊ ဇူလိုင်၊ ၂၀၂၃။ KIT

ငှက်ပျောတော၊ ဇီးကုန်း၊ ချမ်း​မြေ့၊ ကရဝေဆိပ်ကျေးရွာများဘက်သို့ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးနေသည့်အတွက် ကျေးရွာသားများ ယခုသတင်းတင်နေချိန်တွင် ညတွင်းချင်း မိုးရေးထဲတွင် ပြေးလွှားနေရကြောင်း သိရပါသည်။

စစိကြောင်းထိုးလားသည့် စစ်ကောင်စီတပ်နှင့်အတူ DKBA (သို့) BGF များပါ အတူတူပါလာပြီး အင်အား ၁၀၀ ခန့်ရှိကြောင်း သတင်းရရှိ။

Videos (show all)

ရေးဘီးလူး
ဖမ်းမိ
စကစလော်ဘီ video
CCTV မှတ်တမ်း ၂ ခု
CCTV ရုပ်သံ
သူခိုးအား ကြိမ်ဒဏ် အချက် ၂၀ အပြစ်ပေး
Bad News

Website