Nay Min Khant Entertainment
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay Min Khant Entertainment, Movie & Music Store, .
တစ်ခေတ်ပြန်ထလာတဲ့ ဂျင်း အကြီးစား MLM Version အသစ်တစ်မျိုး JOOM
= = = = = = = = = = = = == = = = =
(ကျနော့ Friend ထဲမှာ Joom678 ကိုလုပ်နေသူများရှိရင် ယခု Post ကို ကျော်သွားပေးပါ သို့မဟုတ် Unfriend လုပ်သွားနိုင်ပါတယ်၊ စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့)
ငွေနဲနဲထည့် - ငွေများများပြန်ရ (Member များများပြန်ဆွယ်)
ကိုယ်တိုင် Member ဝင်မဟုတ်လို့ အကြမ်းဖျင်း သိသလောက်ပြောပြရရင်
- နာမည်ကြီး Online Shop App အစစ်တွေဖြစ်တဲ့ Amazon, Shopee, Taobao, စတဲ့ Sites တွေမှာ စျေးဝယ်တဲ့ပုံစံလုပ်
- ဝယ်ရတာကလဲ အပေါ်က တကယ့် Shopping Site တွေထဲက မဝင်ရပဲ "Joom678” ခေါ် Customize Domain တစ်ခု (Joom အစစ်မဟုတ်) ကနေ စျေးလိုက်ဝယ်သလို လုပ်ရတယ်။ (တစ်ကယ် ဝယ်တာမဟုတ်တော့ ပိုက်ဆံမကုန်ဘူးပေါ့)
- အဲ့လိုများများဝယ်တော့ Point တွေတက် ပြီး သတ်မှတ်ထားတဲ့ ပိုက်ဆံပြန်ရ (ပွိင့်ဘယ်လောက်ဆို ဘယ်လောက် စသဖြင့်)
- အဲ့ တက်တဲ့ ပွိုင့် ဆိုတာကလဲ တကယ့် Shopping Site တွေနဲ့ ချိတ်ဆက်မထား၊ မသက်ဆိုင်ပါ (ပုံစံတူ System ထဲမှာ Coding ကြိုထွင်ရေးထားတာပါ)
- တကယ်လဲ ပိုက်ဆံ ပြန်ရတော့၊ လူ စဆွယ်၊ Member ဘယ်လောက်ခေါ်ရင် ဘယ်လောက် % ပြန်ရမယ် စသဖြင့်
- တကယ်တော့ အဲ့ ပြန်ရတဲ့ ပိုက်ဆံဆိုတာ၊ အဆင့်ဆင့် ထပ်ဝင်ထားတဲ့ Member တွေဆီကပဲ ပြန်ရတာပါ
- ပိုဆိုးတာက ခုလို အရာရာခက်ခဲတဲ့ အချိန်မှာ CDM တွေ၊ C2D Clicker တွေကို ရောချပြီး ဆွဲခေါ်သွားကြတာပါ။
- အိမ်မှာနေရင်း ပိုက်ဆံရမယ်တို့၊ ဖုန်း သုံးရင်း ငွေဝင်မယ်တို့ …
Edit: Joom ခေါ် Online Shop အစစ်က တကယ်ရှိပါတယ်၊ သူ့လင့်က ဒီမှာပါ။
👉 http://www.joom.com/
သူကတော့ လူမဆွယ်ဘူး၊ ကြိုက်တာရှိရင် ဝင်ဝယ်၊ မဝယ်လဲ ရတယ်၊ ဒါပါပဲ။ တစ်ခုတော့ရှိတယ်၊ တစ်ကယ့် Shopping Site က (ကျနော်သိသလောက်) ဝယ်မယ်ဆို မြန်မာငွေနဲ့ မဟုတ်ဘူးဗျ၊ Visa Card တို့ Master Card တို့ အပြင် အခြား နိုင်ငံခြား Payment System တွေနဲ့ပဲရတာဗျ။
Point တွေဘာတွေ တော့ ရှိတယ်ဆိုပေမယ့်၊ အဲ့ Point တွေက၊ တကယ်ဝယ်ကြည့်မှ ရတဲ့ Point တွေဗျ။ ဥပမာ နဲ့ပြောရရင် - Yangon, City Mart မှာ တကယ်ဝယ်ရင် Point တွေရသလိုမျိုးပါ။ (တကယ် ဝယ်ဖို့တော့ လိုတာပေါ့)။
ခု JOOM678 က၊ ဝယ်တဲ့ပုံစံ လုပ်ပြီး (တကယ် မဝယ်ပဲ) Point တွေရသလိုဖြစ်နေတာပါ)။ စဉ်းစားချင့်ချိန်ကြပေါ့ဗျာ…
(မသေချာလို့ နားမလည်သေးရင် ဆက်ဖတ်ပေးပါ)
ရှင်းအောင် ပြောရရင် - တကယ့် Amazon Website မှာ ပစ္စည်းတစ်ခု ဝယ်ဖို့ ရှာလိုက်ပါ။ ဥပမာ - T Shirt တစ်ခုဆိုပါစို့၊ မိမိ Size နဲ့ တော်တာ (ကိုယ်ရွေးထားတဲ့ Brand ထဲက) 1 ထည်ပဲ ကျန်တယ်ထား၊ တစ်ထည် မှာဝယ်လိုက်တယ် - ဆိုပါစို့။ (ပစ္စည်းကတော့ ဝယ်လိုက်ပြီ၊ Myanmar နိုင်ငံကိုတော့ ရောက်မလာသေးဘူး)၊ ရောက်မလာသေးပေမယ့်၊ ဝယ်လိုက်တဲ့ Website က ပေးတဲ့ Promotion/Point တွေတော့ ကိုယ်က ရသွားလိမ့်မယ်။
အဲ့အချိန်မှာပဲ၊ အဲ့ Amazon ကနေ၊ အခြားအကောင့်တစ်ခုခုက ကိုယ် ဝယ်ခဲ့ဖူးတဲ့ ပစ္စည်းကို တွေ့လိုက်လို့ သဘောကျရင်တောင်မှ၊ ဝယ်လို့ ရတော့မှာ မဟုတ်ပါဘူး။ "Out of Stock" ပဲ ပြတော့မှာပါ။
(ဘာလို့လဲဆိုတော့၊ တစ်ထည်ပဲကျန်တာ ကိုယ်က တကယ် ဝယ်လိုက်ပြီးပြီမလို့ပါ)
ဒါပေမယ့် ယခု Joom678 မှာ အဲ့လို Order တိုက်တာတွေ မရှိလောက်ဘူးဗျ (ကျနော်ကိုယ်တိုင်လဲ မဝယ်ဘူးတော့၊ မသိဘူးလေ)။ ဘယ် ပစ္စည်း အဝယ်ပဲပြပြ၊ ရနေမှာပါပဲ "Out of stock" ရှိမှာမဟုတ်လောက်ဘူး။
အဲ့လောက်ဆို သဘောပေါက်ကြလိမ့်မယ်ထင်ပါတယ်ဗျ။
အသေးစိတ်ကိုတော့ Sayar Zin Zay Lwin တင်ထားတဲ့ Post ၅ ခုကို ဖတ်ကြည့်နိုင်အောင် အောက်မှာ Link ချန်ပေးခဲ့ပါတယ်။ (ဖတ်ဖြစ်အောင် ဖတ်ကြပါ)
Credit to Sayar Zin Zae Lwin
📌 Joom ( အတု ) အကြောင်း Post (၅) ခု
Post (1)
https://m.facebook.com/story.php?story_fbid=1906294266428426&id=100011436132439
Post (2)
https://m.facebook.com/story.php?story_fbid=1909131649478021&id=100011436132439
Post (3)
https://m.facebook.com/story.php?story_fbid=1909249892799530&id=100011436132439
Post (4)
https://m.facebook.com/story.php?story_fbid=1909531409438045&id=100011436132439
Post (5)
https://m.facebook.com/story.php?story_fbid=1910126162711903&id=100011436132439
Credit
ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင်
နှိပ်စက်ကြလိမ့်မယ်တဲ့...
Rangoon Tea House မှာ ဒန်ပေါက်တစ်ပွဲ $12
မုန့်ဟင်းခါးတစ်ပွဲ $6
ရောင်းတဲ့သူကလည်း ရောင်းတယ်
လာစားတဲ့သူကလည်း စားနိုင်တဲ့ လူတန်းစားတွေ
အဲ့တော့.. ဘာမှပြသနာမရှိဘူး
အဲ့လိုပဲ .. ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက
အ မ က ကျောင်းထဲမှာ တဲထိုးပြီး ရောင်းနေတဲ့
ဒေါ်နှင်းဆီ မုန့်ဟင်းခါး တစ်ပွဲကို အကြော်စုံ၊ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥနဲ့ဆို ၁၂၀၀၀ လောက်ရှိမယ် ရောင်းလာတာ နှစ် ၂၀ လောက်ရှိပြီ
လာစားတဲ့ လူတန်းစားကလည်း စားနိုင်တဲ့ လူတန်းစား၊ ဘာပြသနာမှမရှိခဲ့ဘူး။
ဒီနှစ်ဆိုင်က အရသာလည်း သိပ်မကွာဘူး
စျေးလည်း သိပ်မကွာဘူး
သို့ပေမယ့် .. ဟိုတစ်လောက ဒေါ်နှင်းဆီဆိုင်မှာ
လာစားတဲ့ လူတစ်ယောက်က တစ်ပွဲ ၁၅၀၀၀ တန်ဆိုပြီး ဖေ့ဘုတ်မှာတင်တော့ တို့လူမျိုး ထုံးစံအတိုင်း ဝိုင်းဆဲကြသည်ပေါ့
ဆဲတဲ့အထဲမှာ ၁၅၀၀၀ ဆိုရင် တစ်မိသားစုလုံး
နှစ်ရက်လောက် ထမင်းစားလို့ရတယ်လို့ ပြောတဲ့လူလဲရှိတယ်
(တကယ်လည်း သူတို့ မိသားစုက ၁၅၀၀၀ နဲ့
နှစ်ရက်လောက် ထမင်းစားနေရတာလည်း ဖြစ်ချင်ဖြစ်မယ်)
နောက်ထပ်ဆဲတဲ့ လူတန်းစား တစ်မျိုးကျတော့
Roof Top Bar မှာ Mild seven တစ်ဗူး ၅၅၀၀ ပေးသောက်တဲ့ လူတွေပါတယ်
Brave မှာ ဘလက်တစ်လုံး ၈၀၀၀၀ ပေးသောက်တဲ့
လူတွေလည်းပါတယ်
KTV မှာ အသီး ၃ မျိုးလောက် ၄ စိတ် စိတ်ပြီး
ထည့်ထားတဲ့ ပန်းကန်ကို ၇၅၀၀ ပေးပြီး စားတဲ့ လူတွေလည်းပါတယ်
ဘာမှန်းမသိ ညာမှန်းမသိနဲ့ မှုတ်ရပြီးရော ဆိုပြီး
ရှီရှားတစ်အိုး တစ်သိန်းလောက် ပေးသောက်တဲ့
အဖွဲ့တွေလည်းပါတယ်
ပြောချင်တာကတော့ ဒီလူတွေ အကုန်လုံးက
ဆဲချင်လို့ကို ဝင်ဆဲတာ
အဆိုတော် နေဝင်းက .. အိမ့်ချစ်ချောကို ကြည့်တဲ့
အကြည့်က အင်မတန် နှစ်လိုဖွယ်ကောင်းပြီး မိန်းခလေးတိုင်း အားကျရတယ်
ဗိုလ်တစ်ထောင် ညစျေးက မုန့်လင်မယား ရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်း
ဒီ အကြည့်ပဲ
ဒါပေမယ့် .. နှစ်လိုဖွယ် မကောင်းဘူး
မိန်းခလေးတွေ ရာနှုံးပြည့် အားမကျဘူး
အရက်ဖိုး တောင်းမလို့ မျက်နှာချို သွေးနေတယ်လို့
တောင် ပြောတဲ့လူရှိသေးတယ်
မှော်ဘီက မရမ်းတလင်းခြံမှာ အဘမင်းသိင်္ခရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ်
ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်တဲ့...
အဲတော့ ကိုယ့်ကိုကိုယ် ခမ်းနားအောင်သာ
တည်ဆောက်ပါ
လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ
ပိုက်ဆံဆိုတာ ဘာတွေ မဖန်ဆင်းနိုင်ဘူး
ညာတွေ မဖန်ဆင်းနိုင်ဘူးဆိုတဲ့ ဗော်ရှီဘစ်
ဂျင်းတွေကို သွားမယုံနဲ့...
ဥပါယ်တံမျဉ် ဇာတ်ကားထဲက ဗီလိန်ဇာတ်ရုပ်
သိန်းစိုး ပြောသလိုပဲ...
ခင်ဗျား ဆင်းရဲဖူးသလား ဆင်းရဲရင် ဘယ်သူမှ
စောက်ဖက် မလုပ်ဘူးတဲ့... 🥹
#မည်သို့ပင်ဆိုစေကာမူ
လမ်းဆက်လျှောက်ပါ
-----------------------
မြန်မာစကားပုံတွင်
“တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဟူ၍ရှိပါသည်။
ရည်မှန်းချက်ပန်းတိုင် မည်မျှဝေးပါသနည်း။ မည်မျှဝေးသည်ဆိုစေ တစ်နေ့ကို တစ်လံမျှပင်လျှောက်ကာ မှန်မှန်သွားကြည့်ပါ။ ပုဂံက ဘယ်မှမရွေ့ပါ။ သူ့နေရာမှာသူရှိနေပါလိမ့်မည်။ ရွေ့နေသော ကိုယ်က တစ်နေ့ရောက်ရမည်။
ပန်းတိုင်က ရှိကိုရှိနေသည်။ လျှောက်ကို လျှောက်ရမည်။ မလျှောက်ဘဲမရောက်။ လျှောက်မှရောက်မည်။
မစ္စစ်ချားလ်စ် ဖိလစ်ပီယာ ဆိုသူတစ်ယောက်အကြောင်း ပြောပြချင်ပါသည်။
ဖိလစ်ပီယာသည် လှူဒါန်းမှုတစ်ခုကို လုပ်ချင်သည်။ သို့သော် သူ့တွင် ငွေမရှိ။ ဆင်းရဲသည့်အပြင် အငြိမ်းစား လစာငွေလေးဖြင့် ခြိုးခြံချွေတာပြီး ဘဝကို ရပ်တည်နေရရှာသူဖြစ်သောကြောင့်ပင်။
တစ်နေ့တွင် သူက မသန်စွမ်းသည့် ကလေးများအတွက် ရန်ပုံငွေရှာသည့် အနေဖြင့် (Walk-a-thon) လမ်းလျှောက်ပွဲတစ်ခုကို ကျင်းပမည်ဖြစ်ကြောင်း ကြားလိုက်သည်။ သူက ထိုလမ်းလျှောက်ပွဲကို ကိုယ်တိုင် ဝင်ပြီး လျှောက်ရန် ဆုံးဖြတ်လိုက်ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းရာ လျှောက်နိုင်သည့် မိုင်ပမာဏ အတိုင်း အလှူငွေရမည်ဖြစ်ကြောင်း ကတိစကားတစ်ခွန်းကို ရလိုက်သည်။
ထို Walk-a-thon ပွဲကို ဝင်လျှောက်သူများ အနေဖြင့် အများဆုံး လျှောက်နိုင်မှ ၁၀ မိုင်ခန့်သာဖြစ်သည်။ သို့သော် ဖိလစ်ပီယာသည် လျှောက်နိုင်သလောက် အလှူငွေရမည်ဖြစ်သဖြင့် မိုင်များများလျှောက်ရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။
ထိုအချိန်က သူ့အသက်မှာ ၆၃ နှစ်
အသက် ၆၃ နှစ်ရှိပြီဖြစ်သော မစ္စစ် ဖိလစ်ပီယာသည် သူနေထိုင်ရာ မြို့ထဲတွင်ရှိသော လမ်းများပေါ်တွင် Walk-a-thon လုပ်သည်မဟုတ်။ သူက မီယာမီ၊ ဖလော်ရီဒါ မှသည် နယူးယော့ခ်စီတီးတိုင် လျှောက်ခဲ့သူဖြစ်သည်။ သူလျှောက်ခဲ့သည့် ခရီးမိုင်ပမာဏမှာ မိုင်ပေါင်း ၁၅၀၀။ ထိုမိုင်ပေါင်း ၁၅၀၀ ခရီးကို ဖိလစ်ပီယာသည် ဘတ်စ် ကားလည်း မစီး၊ ကားကြုံလည်း မလိုက်။ ခြေလျှင်ခရီးဖြင့် တစ်ယောက်တည်း လျှောက်ခဲ့သူ ဖြစ်သည်။
နယူးယော့ခ်သို့ရောက်လာသောအခါတွင် သူ့ကို သတင်းထောက်တွေက ဝိုင်းမေးကြသည်။ အဘယ်ကြောင့် ခရီးရှည်ကြီးကို ဇွဲကောင်းကောင်းဖြင့် လျှောက်ရသနည်း။ သူ့တွင် အဖြေက ရှိပြီးသားဖြစ်သည်။
“တစ်ခါလှမ်းရင် ခြေတစ်လှမ်းချလိုက်ဖို့ သတ္တိမွေးစရာ မလိုပါဘူး။ အဲဒီလိုစိတ်နဲ့ လျှောက်ခဲ့တာပဲ။ တစ်လှမ်းပြီးတစ်လှမ်း မနားတမ်းလျှောက်ခဲ့တာပဲ။ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်ရင် ဘယ်ကိစ္စကို မဆို ပြီးမြောက်နိုင်ပါတယ်။ ဘယ်လောက်ကြီးကျယ်တဲ့အလုပ်ဖြစ်နေပါစေ၊ ဘယ်လောက် သေးငယ်တဲ့ အလုပ်ဖြစ်နေပါစေ ... တစ်လှမ်းပြီးတစ်လှမ်းသာလျှောက်လိုက် ... ရောက်ကိုရောက်မယ်”
မည်သည့်ကိစ္စမဆို မလုပ်မီ ဝေဖန်မှုတွေ၊ အဖျက်အဆီးတွေ၊ တားဆီးမှုတွေ၊ စိတ်ပျက်စရာ ကောင်းလောက်အောင် ပြောဆိုမှုတွေ ကြုံတွေ့ရနိုင်ပါသည်။
လူ့သဘောက
ကိုယ့်ထက်သာ မနာလိုချင်
ကိုယ့်ထက်ကြော ပြောချင်
ကိုယ့်ထက်မြင့် အပြစ်မြင်
ပြောနေ ဝေဖန်နေသည်များကို လိုက်ပြီးနားထောင်နေလျှင် ခြေတစ်လှမ်းမျှ မလှမ်းချင်လောက်အောင် ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ဘာကိုမျှ နားထောင်စရာမလို၊ ဂရုစိုက်စရာမလို ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ်လျှောက်ရမည့်လမ်းကို ဇွဲသန်သန်နှင့် ရည်မှန်းထားသည့်အတိုင်း လျှောက်ရန်သာဖြစ်သည်။
ရေတွင်းထဲက ဖားပုံပြင်လည်းရှိသည်
ရေတွင်းနက်နက်ထဲတွင် ပျော်မွေ့နေကြသော ဖားတို့သည် ရေတွင်းအပြင်ကို ခုန်ထွက်ရန် မကြိုးစားချင်။ ရေတွင်း ရေကလည်း ခမ်းတော့မည်။ ရေခမ်းလျှင်သေကုန်လိမ့်မည်။ ရေတွင်းအပြင်ကို ထွက်ရန် ခုန်တက် နေသည့် ဖားလေးတွေကိုလည်း ဖားအိုကြီးတွေက
“မတက်နဲ့ ပြုတ်ကျလို့ သေကုန်မယ်”
“အပြင်လောကမှာ ကြောက်စရာတွေ”
“အပေါ်ကို တက်လို့လည်း ဘာထူးမှာလဲ”
“ငါတို့တစ်သက်လုံး ဒီမှာနေ ... ဒီမှာသေကြတာပဲ”
စသည်ဖြင့် အမျိုးမျိုး ဟန့်တားကြသည်။ နားယောင်သော ဖားလေးတွေက ရေတွင်းကို တစ်ပေမြင့်အောင်ပင် ခုန်မတက်။
တစ်နေ့တွင် ဖားငယ်လေးတစ်ကောင်က ရေတွင်းကိုခုန်တက်သည်။ တစ်ကောင်တစ်မျိုး ဝိုင်းအော်ပြီး ဟန့်တားကြသည်။
ဖားငယ်လေးမှာ တစ်လက်မမှသည် တစ်ပေ၊ တစ်ပေမှသည် တစ်ကိုက်၊ တစ်ကိုက်မှသည် တစ်ထစ်ချင်း၊ တစ်ခုန်ချင်း ပုံမှန်တက်သွားသည်။
အောက်ကဝိုင်းအော်နေသည့် ဖားတွေကလည်း ဝိုင်းအော်သည်။
နောက်ဆုံး ဖားလေးက ရေတွင်းပေါင်ပေါ်ကို ရောက်သွားသည်။ သူက နောက်ဆုံးအနေဖြင့် အောက်ကို ငုံ့ကြည့် လိုက်သည်။ သူက နားရွက်လေးကို လက်လေးနဲ့ကာပြီး
“ခင်ဗျားတို့ ဘာတွေ အော်နေကြတာလဲ ... လောကကြီးက အကျယ်ကြီး ... အဘိုးကြီးတွေ ပြောသလို မဟုတ်ဘူး” ဟု ပြန်အော်သည်။
ထိုဖားလေးက နားမကြား ... နားမကြားသဖြင့် မည်သည့်ဖားအော်တာကိုမျှ မသိ။ ဇွဲရှိရှိနှင့် နောက်ဆုံး ပန်းတိုင်ကို ရောက်လာသည်။
နားတွေကို ပိတ်ထားသင့် ပိတ်ထားပါ
နားမကြားသလို နေသင့်လည်း နေလိုက်ပါ
သို့သော်
တစ်လှမ်းချင်း တစ်ခုန်ချင်း ရွေ့နေရန်တော့ ဘယ်တော့မျှ မမေ့ပါနှင့်။
(Ref: One Step at a Time)
တင်ညွန့်
၄.၁၀.၂၀၂၂
ကိုယ်က မိတ်ဆွေလို့ သတ်မှတ်ပြီး စိတ်ရင်းနဲ့ဆက်ဆံနေပေမယ့် …
ကိုယ့်အပေါ်မှာ မိတ်ဆွေလို့ သဘောမထားတဲ့သူတွေ ရှိနေတာ .
မျက်နှာဖုံးတွေ ကွာကျမှသိရတာတော့ … ကိုယ် တုံးလွန်းလို့ပဲ
တစ်ခါတစ်ရံမှာ တန်ဖိုးထားမှုတွေက မညီမျှနေတတ်တာ
လောကရဲ့ သဘာဝပဲ နေမှာပါ …
နောက်ကွယ်မှာ ကိုယ့်အပေါ် မစစ်မှန်တဲ့
အမည်ခံ မိတ်ဆွေတွေရဲ့ စိတ်ကို ပြန်သိရတဲ့အခါ …
မိတ်ဆွေမပီသတဲ့ သူတော့ မသိဘူး …
ငါ့အပေါ် အရမ်းကောင်းတဲ့ မိတ်ဆွေအရင်းကြီးပါလို့ …
ဂုဏ်ယူတတ်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲ ရှက်မိတယ် …
စိတ်ရင်းမှန်သော မိတ်ဆွေသူငယ်ချင်းများနဲ့ တွေ့ကြပါစေ
ချစ်ခြင်းအားဖြင့် ❤️
PDF သတင်းသေချာ မစုံစမ်းဘဲ တိုက်ပွဲတွင် သေဆုံး၊ ဒဏ်ရာရလျှင် စစ်မှုထမ်းဆောင်ခြင်းဟု မသတ်မှတ်ကြောင်း စစ်ကောင်စီ ညွှန်ကြားချက်ထုတ်ပြန်
-----------------------------------------------------------------
တိုက်ပွဲတွင် စစ်သားများ သေဆုံး၊ ဒဏ်ရာရမှု တာဝန်မယူဘဲ သနားစရာမရှိဟု စစ်ဗိုလ်ချုပ်များ သတ်မှတ်လိုက်ခြင်းဟု CDM ဗိုလ်ကြီးလင်းထက်အောင် မှတ် ချက်ပြု
ရန်ကုန်၊ အောက်တိုဘာ ၁
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်များအနေဖြင့် PDF သတင်းသေ ချာ မစုံစမ်းဘဲ အလုံပိတ်ကားဖြင့် သွား၍ သေဆုံး၊ ဒဏ်ရာရလျှင် စစ်မှုထမ်းဆောင်ခြင်း ဟု မသတ်မှတ်ကြောင်း စစ်ကောင်စီက ညွှန် ကြားချက်တစ်ရပ် ထုတ် ပြန်လိုက်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်တွင် စစ်ဆင် ရေး တာဝန်နှင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေရသည့် တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် စနစ်တကျ စုဖွဲ့၍ ချီတက် သွားလမှု မရှိခြင်း၊ အသံပေးဗုံးခွဲ၍ မြူဆွယ် ခြင်း၊ သတင်းအမှားပေး ခြင်းတို့ ဖြင့် မက်လုံးပေး လှည့်စားမှုများကို သတင်း တည် ဆောက်နိုင်မှုနှင့် စနစ်တကျ စုဖွဲ့နိုင်ခြင်းမရှိဘဲ အလုံပိတ် မော် တော်ယာဉ်များဖြင့် သွားရောက် ရှင်းလင်းသဖြင့် လူ/လက်နက်/ခဲယမ်းများ ဆုံး ရှုံးရသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် သတင်းရရှိပါက သေချာစိစစ်၍ စနစ်တကျ စုဖွဲ့ပြီးမှ သာ ရှင်းလင်းရန်၊ အလုံပိတ်မော်တော်ယာဉ်များကို လုံး၀(လုံး၀) အသုံးမပြုရန် ၊ အလုံပိတ်မော်တော်ယာဉ်များ အသုံးပြု၍ နယ်မြေရှင်းလင်းပါက သေဆုံး/ထိခိုက်မှုများရှိလျှင် သေဆုံးသူစစ်သားများကို စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်(မဝင်) ဟု သတ်မှတ်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
CDM ဗိုလ်ကြီး လင်းထက်အောင်က အဆိုပါညွှန်ကြားချက်သည် စစ်သားများကို ဗိုလ်ချုပ်များက တိုက်ပွဲတွင် မသေရန် အတွက် ဖိအားပေးခြင်းဖြစ်ပြီး တိုက် ပွဲတွင်သေလျှင်လည်း စစ်ဗိုလ်ချုပ်များက တာဝန်မယူတော့ဘဲ သနားစရာမရှိဟု သတ်မှတ်လိုက်သည့် သဘောဟု သုံးသပ်ပြောဆိုသည်။
"စစ်မှုထမ်းဆောင်ခြင်းနဲ့မပတ်သက်ဘူးလို့ ပြောလိုက်တဲ့ အရာက စစ်သားတစ်ဦးအတွက် တော်တော်ဆိုးဆိုးဝါးဝါးပြုလိုက်တဲ့ အရာတစ်ခုလို့ မြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ရှေ့တန်းမှာ စစ်သည်က တိုက်ပွဲကျရင် ကျန်ခဲ့တဲ့ မိသားစု အနေနဲ့ ပင်စင်၊ ဂရယ်ဂျူတီ၊ အစရှိတဲ့ ဆုကြေးလေးတွေ ရကြတယ်။ တိုက်ပွဲ ကျတာကို စစ်မှုထမ်းဆောင်ခြင်းနဲ့ အကျုံးမဝင်ဘူးဆိုတဲ့ မှတ်ချက် ပါသွားပြီဆိုရင် သေသွားတဲ့ စစ်သားအတွက်က ဘာဆုကြေးမှ မရတဲ့သဘောဖြစ်သွားပြီ။ ဒီဥစ္စကာ စစ်ဗိုလ်ချုပ်တွေအနေနဲ့ သူတို့အောက်က သူတွေကို ကောင်းကောင်းပညာပေး နေတယ်လို့ ပြောလို့ရသလို လက်အောက်ငယ်သားတွေကိုလည်း ဘယ်လိုသေသေ ငါတို့နဲ့မဆိုင်ဘူးလို့ ပြောလိုက်တာဖြစ်တယ်။ ကိုယ့်ဘာကိုယ် အသုံးမကျလို့သေတာ ဘာမှ သနားစရာမရှိဘူး ဆိုတဲ့ ပုံစံမျိုးလို့တောင် ပြောလို့ရတယ်" ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
NLD အစိုးရကို လမ်းပေါ်တိုက်ပွဲ၊ အဓိကရုဏ်းတွေနဲ့ ဖြုတ်ချဖို့ ကြံစည်ခဲ့တဲ့ မင်းအောင်လှိုင် သစ္စာခံ ခင်ရီ ကြံ့ဖွတ်ခေါင်းဆောင် ဖြစ်လာမှုရဲ့ အန္တရာယ်
By ဟိဏ်းဝေယံ
ဗိုလ်ချုပ်ဟောင်း၊ ရဲချုပ်ဟောင်း ခင်ရီနဲ့ပတ်သက်လို့ မဘသ၊ အမျိုးသားရေးသမားတွေနဲ့ ဘယ်လို ဆက်စပ်မှုတွေရှိလဲဆိုတာ မကြာ ခဏ ဆိုသလို ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ခင်ရီဟာ မင်းအောင်လှိုင်ရဲ့ ဩဇာခံ သစ္စာခံယူသူ စစ်စစ်ဖြစ်တယ်ဆိုတာ ကိုလည်း ရှင်းပြခဲ့ပြီးပါပြီ။ မင်းအောင်လှိုင်နဲ့ ခင်ရီအကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဘယ်လို တည်ဆောက်ခဲ့လဲ ဆိုတာကို ရှင်းပြပေးပါ့မယ်။
စက်တင်ဘာလလယ်မှာ ခင်ရီဟာ ကြံ့ဖွတ်ပါတီရဲ့ ယာယီဥက္ကဋ္ဌ ဖြစ်လာပြီး မကြာခင် ကျင်းပတော့မယ် အောက် တိုဘာ ကြံ့ဖွတ်ညီလာခံမှာ တရားဝင် ဥက္ကဋ္ဌ အဖြစ် အတည်ပြုဖို့ ရာခိုင်နှုန်းအပြည့်သေချာနေပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဦးသိန်းစိန်အစိုးရ မဲရှုံးလို့ အာဏာလက်လွှတ်လိုက်ရတဲ့ အချိန်ကစပြီး ခင်ရီဟာ NLD အစိုးရ ဖြုတ်ချရေး၊ စစ်တပ် အာဏာပြန်ယူရေး လမ်းကြောင်းကို အဓိက ဦးတည်ခဲ့တဲ့ လက်မရွံ့ လူမိုက်လူရမ်းကား ဖြစ်ပါတယ်။
သမ္မတရုံး ဝန်ကြီးဟောင်း ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းက ပြောဆိုမှုတွေ၊ စာတမ်းတွေ၊ အကြံဉာဏ်ပေးမှုတွေနဲ့ ပညာရှိရှိဆန်ဆန် စစ်တပ်အာဏာသိမ်းရေး တိုက်တွန်းနေချိန်မှာ မြေပြင်မှာ အဓိက အလုပ်လုပ်ပြီး မဘသနဲ့ အမျိုး သားရေးတွေကို စုစည်းသူကတော့ ခင်ရီပါ။ တစ်နည်းအားဖြင့် လမ်းပေါ်တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ NLD အစိုးရကို တစ်ချိန်လုံး ဖြုတ်ချဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။
ခင်ရီဟာ စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်ခဲ့သူဖြစ်ပြီး မင်းအောင်လှိုင်နဲ့ ခင်ရီတို့က မဘသ၊ အမျိုးသားရေး သမားတွေနဲ့ ထိတွေ့ဆက်ဆံဖို့ စစ်ဘက်အရာရှိတစ်ဦးကို ခန့်ထားခဲ့ပါတယ်။ သူကတော့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ ဗိုလ်ကြီး သန့်ဇင်ကျော်ဖြစ်ပါတယ်။ ဗိုလ်ကြီးသန့်ဇင်ကျော်ဟာ ခင်ရီနဲ့ မင်းအောင်လှိုင်ဆီကို တိုက်ရိုက် ဖုန်း ခေါ်နိုင်သူလည်းဖြစ်ပါတယ်။
ခင်ရီပထမဆုံး လုပ်လာတာက အမျိုးသားရေးနဲ့ စစ်တပ်ထောက်ခံပွဲတွေပဲ ဖြစ်ပါတယ်။ အဲဒီစစ်တပ်ထောက်ခံပွဲတွေအတွက် ကြံ့ဖွတ်ခင်ရီက အဓိက ပိုက်ဆံစိုက် ထုတ်ပေးပြီး သူရဲ့ တပည့် ဖြစ်သူ စရဖ ပြည်သူ့ဆက်ဆံရေး အရာရှိ ဗိုလ်ကြီး သန့်ဇင်ကျော် ကနေတဆင့် မဘသ အမည်ခံ အမျိုးသားရေး အစွန်းရောက်များထံ ချဥ်းကပ်စေပြီး တပ်ထောက်ခံပွဲ များစွာကို ပြုလုပ်ခိုင်းစေခဲ့ပါတယ်။
စစ်တပ်ထောက်ခံပွဲတွေမှာ တာဝန်ခံ၊ နာမည်ခံပြီး ပွဲမိန့် လျှောက်ထားပေးသူတွေက ငွေကြေးရရှိပါတယ်။ ထောက် ခံပွဲ အသေးဆိုလျှင် ငွေကျပ် ၅သိန်း ၊ ပွဲအကြီးရင်တော့ ငွေကျပ် ၁၀ သိန်းနှင့် အထက် ပွဲခွင့်ပြုမိန့် လျှောက်ထားသူတွေက ရရှိပါတယ်။
စစ်တပ်ထောက်ခံပွဲ၊ အမျိုးသားရေးပွဲတွေမှာ လာရောက်ဟောပြောသူတွေအတွက် နယ်ဝေးမှလာသူဆိုရင် နေထိုင်စားသောက်စရိတ် အပြင် ပွဲအသေးဟောပြောခ ငွေကျပ် ၅ သိန်း၊ ပွဲအကြီးဆိုရင် ဟောပြောခ ၁၀ သိန်းရရှိကြပါတယ်။
ထူးထူး ခြားခြားနဲ့ အားလုံး ထင်သာမြင်သာ ရှိတဲ့ ပွဲကို ပြောပါဆိုရင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရန်ကုန်တိုင်း မိုင်ဒါကွင်းမှာ မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲဖြစ်ပြီး အဲဒီပွဲအတွက် အစည်းအဝေးတွေအဆင့်ဆင့်ခေါ်ယူခဲ့ကြပါတယ်။ အစည်းအဝေးတွေမှာလည်း ခင်ရီရဲ့ ညွှန်ကြားချက်ကို အဓိကမူတည် အလုပ်လုပ်ခဲ့ပါတယ်။
ငွေကြေးအနေနဲ့ သိန်း ထောင်ကျော် အသုံးပြုခဲ့ပါတယ် ။ လူအင်အားအနေဖြင့် ရန်ကုန်တိုင်းအတွင်း မှ မဘသ အစွန်း ရောက်များသာမက ပဲခူး နေပြည်တော် ကရင်ပြည်နယ် နှင့် ဧရာဝတီတိုင်းမှ မဘသများကိုပါ လမ်းစရိတ် ငွေကြေး အကုန်ကျခံခေါ်ဆောင် အင်အားဖြည့်ခဲ့ပါတယ်။
အဲဒီပွဲအတွက် ရန်ကုန်တိုင်းတာဝန်ခံများအဖြစ် မြောက်ဥက္ကလာပ တောင်ဥက္ကလာ မြောက်ပိုင်းခရိုင် တာဝန်ခံအဖြစ်
အမျိုးသားရေးအစွန်းရောက် အဖွဲ့ MNO မှ တင့်လွင် ကို တာဝန်ပေးခြင်း၊ တောင်ဒဂုံ မြောက်ဒဂုံ နှင့် ဆိပ်ကမ်းမြို့နယ်များအတွက် ဝင်းကိုကိုလတ်(ဆွေစောင်း) ကိုတာဝန်ပေးခြင်း၊ သာကေတ၊ သန်လျင် အတွက် အမျိုးသားရေးအစွန်းရောက် သာကေတဇိုးအမည်ခံ လင်းလင်း ခေါ် တင်လင်းထိုက် နှင့်သူ၏ တပည့် အကြီးကောင် ခေါ် တင်ဌေးအောင် တို့ကို တာဝန် အသီးသီး ပေးအပ်ခဲ့ပြီး တစ်နိုင်ငံလုံး မဘသနဲ့အမျိုးသားရေး အစွန်းရောက်တွေကို ခေါ်ယူခဲ့တာပါ။
ရန်ကုန်တိုင်းလူအင်အားအတွက် ငွေသိန်း ၇၅၀ ထုတ်ပေးခဲ့ပြီး အဲဒီငွေတွေကို နဝဒေး ရုပ်ရှင်ရုံ ဘေးလမ်းကြားအတွင်းမှ ဝင်ရသော ထောက်လှမ်းရေးစစ်ရုံး ရှေ့ရှိ လက်ဖက်ရည်ဆိုင်မှာ လင်းလင်း ခေါ် တင်လင်းထိုက်က ဗိုလ်ကြီးသန့်ဇင်ကျော်ဆီက သွားထုတ်ယူခဲ့ရတာပါ။ ငွေကျပ် သိန်း ၇၅၀ ကို သယ်စရာ အိတ်မပါလို့ ပုဆိုးနဲ့ ထုပ်ပြီး သယ်ခဲ့ကြရပါသေးတယ်။
အဲဒီပွဲ မှာ အားလုံးသိရှိကြတဲ့အတိုင်း အေးနေဝင်း ကိုယ်တိုင် စင်ပေါ်တက်လာပြီး တပ်ထောက်ခံပွဲ တက်လာခဲ့ပါတယ်။ အဲဒီပွဲ ပြီးတဲ့နောက်ပိုင်း မိုင်ဒါကွင်းအတွင်း ကျည်ဆန်တွေ တွေ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
ဒီပွဲ အတွက် ဒီလို ငွေကြေးများစွာအသုံးချ ၊ပွဲလာသူတိုင်းကို ရေသန့်ဘူးကစလို့ ဒံပေါက် ကျွေးမွေးဖို့ထိ အကုန်ကျခံနိုင်တဲ့ ဘတ်ဂျက်ချပေးမယ့် ပွဲလာသူတွေအများစု ဒံပေါက်လည်းမစားရ၊ ရေတောင် လောက်လောက်ငှငှ မသောက်ရတဲ့ ချပေးတဲ့ ငွေကြေးကို အလွဲသုံးစားလုပ်တဲ့ ဖြစ်ရပ်တွေပါ ဖြစ်ခဲ့ပါတယ်။
ခင်ရီက ချထားပေးလိုက်တဲ့ ဒီငွေကြေးတွေကို အမျိုးသား ရေးအစွန်းရောက် မဘသ ဘုန်းကြီး သုစိတ္တ၊ MNO တင့်လွင်၊ ဝင်းကိုကိုလတ်၊ ဒံပေါက်တာဝန်ခံ လမ်းမတော်မုတ်ဆိတ် ခေါ် ထွန်းထွန်းဦး၊ လင်းလင်း ခေါ် တင်လင်းထိုက်တို့ က အဖြစ်လောက်သာ လုပ်ပြပြီး ဖြတ်စား၊ ဝေငှစားလုပ်ခဲ့ကြပါတယ်။
အဲဒီပွဲအပြီး MNO တင့်လွင်က သူရဲ့ ၁၀ ပေ အိမ်လေးကို တိုက်အဖြစ် ပြောင်းဆောက်နိုင်ခဲ့သလို လင်းလင်း ခေါ် တင်လင်းထိုက်က လည်း ရပ်ကွက်အတွင်း သူ့အိမ်နှင့် မျက်နာချင်းဆိုင် တိုက်အိမ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အဲဒီလို ငွေကြေး မသမာမှုတွေကြောင့် မစားလိုက် မသောက်လိုက်ရတဲ့ အမျိုးသားရေးသမားတွေ ယမ်းပုံမီးကျ ဒေါသကြီးစွာနဲ့ အကွဲအပြဲတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။
ပွဲအတွက် ၅၀၀၀ စားတွေ အပြင် မဘသ၊ အမျိုးသားရေး အစွန်းရောက်များသာမက ခိုးဆိုးလုနှိုက် စာရင်းဝင်များကိုပါ ရာဇဝတ်သားတွေကို ငွေပေး ခေါ်ယူကာ ဆန္ဒ ပြပွဲမှာ လုံခြုံရေးထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လာရောက်တားဆီးမယ်ဆိုရင် ပြန်လည် တိုက်ခိုက်ဖို့အတွက် ခင်ရီက အသေအချာစီစဥ်ခိုင်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြပြည်သူတွေ ပဋိပက္ခ ဖြစ်ကြရာ ရဲတပ်ဖွဲ့က ထိန်းမနိုင်လို့ စစ်တပ်က ကြားဝင် ထိန်းသိမ်းရတယ်။ NLD အစိုးရ ရဲ့ ညံ့ဖျင်းမှုကြောင့် ဒီလိုပြဿနာတွေ ဖြစ်ပေါ်ရပါတယ်ဆိုပြီး ပုံရိပ်ဖျက်ဖို့ ပါ။
တစ်နည်းအားဖြင့် လမ်းပေါ်တိုက်ပွဲတွေကတစ်ဆင့် ပဋိပက္ခတွေဖန်တီးပြီး စစ်တပ်အာဏာသိမ်းဖို့ ခင်ရီက ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။ ခင်ရီ အဲဒီလို ကြိုးပမ်းဖို့လည်း အဓိက စီစဉ်ညွှန်ကြားခဲ့သူက မင်းအောင်လှိုင်ပါပဲ။ ဒါပေမယ့် သူတို့ထင်သလို ပဋိပက္ခတွေက ဖြစ်မလာခဲ့ပါဘူး။ အဲဒီအချိန်က NLD အစိုးရက သဘောထားပျော့ပျောင်းစွာပဲ ပဋိပက္ခ ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေ ရှောင်ရှားခဲ့ကြတာ အားလုံး မှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်။
ခင်ရီဟာ သူလိုချင်တာ သူဖြစ်ချင်တာ ရဖို့ အကြမ်းနည်းကို သုံးတတ်တဲ့ အာဏာ ပါးကွက်သား ဖြစ်ပါတယ်။ အခုဆိုရင် မင်းအောင်လှိုင်ရဲ့စီစဉ်မှုနဲ့ ခင်ရီဟာ ကြံ့ဖွတ်ခေါင်းဆောင်ဖြစ်လာပါပြီ။ တချို့သတင်းရပ်ကွက်တွေက ခင်ရီကို သမ္မတအဖြစ်တောင် မင်းအောင်လှိုင်က နေရာပေးလိမ့်မယ်လို့ ခန့်မှန်းနေတာတွေရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခင်ရီဟာ မင်းအောင်လှိုင်ရဲ့ ရုပ်သေးရုပ်ဖြစ်ပြီး ပင်ကိုဗီဇ စရိုက်ခပ်ကြမ်းကြမ်းဖြစ်တာမို့ ကြံ့ဖွတ်ပါတီ ခေါင်းဆောင်ဖြစ်လာရင် လက်ရှိ မဘသ၊ အမျိုးသားရေးနဲ့ ဘာသာခြား မုန်းတီးရေး လှုံ့ဆော်မှုတွေနဲ့ လှုပ်ရှားမှု တွေဟာ အရှိန်မြင့်တက်လာနိုင်ပြီး အန္တရာယ်ကြီးတဲ့ ဘာသာရေးအစွန်းရောက်တွေ အလွန်ကြီးစိုးလာမယ့် အန္တရာယ် ရှိနေပါတယ်။
ဒီ Video ကို ကြည့်လိုက်ရပါတယ် ခံပြင်းနားကြည်းလေ လုပ်နိုင်တာတွေ ပိုလုပ်ပါတယ်
အခုလည်း post owner ရေးထားတာလေး ဖတ်ပြီး အခုချိန်ထိ နေစိမ့်တဲ့သူတွေ ခွထိုင်နေတဲ့သူတွေကို ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူးဗျာ။
အောက်က စာတွေအတွက် မူရင်း post ပိုင်ရှင်ကို Credit ပေးပါတယ်ခင်ဗျာ။
မူရင်း Post ကိုရော Video link ကိုရော cmt မှာ ချပေးထားပါမယ်ခင်ဗျာ။
ဘုရားဖြစ်မယ့် အုတ်နီခဲတွေ ကျနော်ရွံတယ်
လက်ယက်ကုန်းဖြစ်စဥ်နဲ့ပတ်သတ်ပြီး ဆရာမပြန်ပြောပြတာတွေကို နားထောင်ကြည့်ရင် တော်တော်လေး ရင်နာဖို့ကောင်းတယ်။ ဝုန်းဒိုင်းကြဲ ပစ်ခတ်မှုတွေကြောင့် သူတို့တွေ ဘယ်လောက်များကမ္ဘာပျက်ခဲ့မလဲဆိုတာ ကိုယ်ချင်းစာမိတယ်။
တစ်ကယ်တမ်းတွေးကြည့်ရင် စစ်ပညာတွေသင်၊ လေ့ကျင့်ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး အတွေ့အကြုံအများကြီး ရှိပါတယ်ဆိုတဲ့ အရွယ်ရောက်ပြီး စစ်သားတွေတောင် တိုက်ပွဲတစ်ပွဲရဲ့ ဖိစီးမှုကိုသေချာသိတယ်။ အရွယ်မရောက်သေးတဲ့ လူမမယ်ကလေးတွေမှာ ဘယ်လောက်တောင် ကြောက်လန့်ပြီး သွေးပျက်နေရှာမလဲ။
ဆရာမပြောတဲ့ထဲမှာ ခြေထောက်ဖွာလန်ကြဲသွားတဲ့ ကလေးလေးဟာ ငိုရင်သတ်ပစ်မယ်ပြောတဲ့ စစ်မိစ္ဆာတွေရဲ့ စကားကိုကြောက်ပြီး အသံတောင်ထွက်မလာဘူးတဲ့။ ရှေ့တန်းမှာ မိုင်းထိလို့ ခြေထောက်ဖြတ်ရတဲ့ စစ်သားတွေ ရှိတယ်။ မော်ဖိန်းနှစ်လုံးလောက် ထိုးပေးထားတာတောင် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတဲ့ စစ်သားတွေတွေ့ဖူးတယ်။ အော်မှာပဲ။ ခြေထောက်တစ်ခုလုံး ပျက်စီးသွားတာကိုး။ ဒါပေမယ့် ဆရာမပြောပြတဲ့ ကလေးလေးဟာ အသတ်ခံရမယ်ဆိုတဲ့ ကြောက်စိတ်ကြောင့် နာကျင်မှုကိုတောင် မေ့နေခဲ့ရှာတယ်။ သူဘယ်လောက်တောင် ကြောက်ရွံ့နေခဲ့မလဲ။
ဒဏ်ရာရ ကလေးလေးကို ကုတင်အောက်ကနေဆွဲထုတ်တာများ တိရိစ္ဆာန်တစ်ကောင်ကို သတ်နေတဲ့အတိုင်းပဲတဲ့။ အနာသေးသေးကို တစ်ခုခုနဲ့တိုက်မိရင် လူကြီးတွေတောင် ''အား'' ''အမလေး''နဲ့ 'တ'နေတဲ့အချိန်မှာ အဲ့ကလေးလေး အသံမထွက်နိုင်ရှာဘူးတဲ့။
လူမမယ်ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ကို ဆာလာအိတ်ထဲ စုထည့်နေတဲ့မြင်ကွင်းမျိုး ခင်ဗျား တွေးတောင်ကြည့်ဖူးသလား။ ''အမေရယ်... သားကိုသတ်လိုက်ပါတော့...သားနာလွန်းလို့ပါ...''ဆိုတဲ့စကား ခင်းဗျားသားသမီးကများ ခင်ဗျားကို ပြောရတဲ့အခြေအနေရောက်ရင် ခင်ဗျား ''အကြောင်းရှိလို့ အကျိုးဖြစ်တာလို့'' ဖြေသာနိုင်ပါ့မလား။
ကိုယ့်လက်ပေါ်တင် အသက်ပျောက်သွားတဲ့ ကိုယ့်ကလေးရဲ့အလောင်းကို ပြန်ပေးဖို့ ကိုယ့်ကလေးကို သတ်တဲ့ အယုတ်တမာတွေဆီ လက်အုပ်ချီ ဦးချပြီး တောင်းဆိုတာတောင် ကိုယ်တိုင်မြေမြှုပ်ခွင့်မရတဲ့ မိဘတွေရဲ့ခံစားချက်ကို ခင်ဗျားတို့ နေနိုင်သူတွေ ကိုယ်ချင်းရော စာမိရဲ့လား။
ရန်သူက ရန်သူပီပီ ပြုမူနေတာကို မေတ္တာထားဖို့ လာတားနေသူတွေကိုလဲ ကျနော်ကတော့ ရန်သူလိုပဲ သဘောထားမိနေတော့တယ်။ မတရားတာမှန်း သိသိရက်နဲ့ မေတ္တာရှေ့ထားဖို့ နားချ တရားပေးတဲ့ ဘုရားဖြစ်မယ့် အုတ်နီခဲတွေကို ကျနော်ရွံတယ်။
အရင်ကတော့ ဓမ္မနဲ့ အဓ္ဓမကို ခွဲခြားသိရင် တာဝန်ကျေတယ်လို့ ပြောချင်ပေမယ့် အခုအခြေအနေမှာတော့ ဓမ္မဘက်က အနိုင်ရအောင် နိုင်ရာဝန်ထမ်းပေးသူတွေနဲ့ပဲ စကားပြောဖြစ်တော့မယ် ထင်ပါတယ်ဗျာ။
Credit to (CDM)
တခါက...
ရန်ကုန်မြို့ရှိ နိုင်ငံခြားသားများ
အဝင်အထွက် ရှိတဲ့ နာမည်ကြီး
ဝိပဿနာတရားစခန်းတခုမှာပါ။
နိုင်ငံခြားသားတဦး တရားစခန်းဝင်ပါတယ်။ တရားစခန်းဝင် ယောဂီတွေအကုန်လုံး
သီလခံယူတဲ့အချိန်ကျတော့
အဲဒီနိုင်ငံခြားသားယောဂီက
သီလမခံယူဘူး။
ဒီတော့
တိုက်အုပ်ဆရာတော်က
တရားစခန်းဝင်ယောဂီအားလုံး
တရားစခန်းစည်းကမ်းအရ
သီလခံယူရမည့်စည်းကမ်းရှိကြောင်း
ဆုံးမတဲ့အခါ...
သူ ဗုဒ္ဓဘာသာဝင်မဟုတ်ကြောင်း ပြောတော့ တိုက်အုပ်ဆရာတော်က
"ဒါဖြင့် ဘာလို့တရားစခန်းလာဝင်တာလဲ"လို့
ထပ်မေးတော့ သူက
"ဗုဒ္ဓဘာသာ တရားရဲ့ဂုဏ်တော်မှာ
အချိန်မလင့်လာပါ၊
လေ့လာပါ၊
ကြိုက်မှကျင့်သုံးပါလို့ ပါပါတယ်၊
ဒါကြောင့် လာလေ့လာတာပါ" လို့
ပြန်ပြောပါတယ်။
ဒါနဲ့
ကျောင်းတိုက်က ဦးစီးနာယက
ကျောင်းထိုင်ဆရာတော်က နိုင်ငံခြားသားကို
သီလမခံယူပဲ တရားထိုင်ခွင့်
ပြုလိုက်ပါတယ်။
တရားစခန်းရဲ့လုပ်ငန်းစဉ်အရ
တရားထိုင် တရားစစ် တရားလျှောက်
လုပ်ငန်းစဉ်တွေ ပုံမှန်လုပ်တော့
တရားစခန်း တရားစစ်တဲ့အဖွဲ့က
အဲဒီနိုင်ငံခြားသားဟာ
နောက်ထပ် ၇ ရက်လောက်
တရားဆက်ထိုင်ရင် ဉာဏ်စဉ်တခုရနိုင်တယ်၊
ဒါပေမယ့် သူ့ရဲ့ Visa သက်တမ်းက
မနက်ဖြန်ကုန်ပြီ။
ဒီတော့
ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာ
စဉ်းစားဖို့ အဲဒီ နိုင်ငံခြားသားကို ခေါ်တွေ့ပြီး...
"သူ့အနေနဲ့ နောက်ထပ် ၇ ရက်လောက်
တရားဆက်ထိုင်ချင်သေးလား? ဆက်ထိုင်
ရင်လည်း ဝိပဿနာဉာဏ်စဉ်တခုတိုင်
တက်နိုင်ကြောင်း"ရှင်းပြတော့
သူကလည်း လက်ခံတယ်။
ဒါပေမယ့်
"သူနက်ဖြန် Visa ပြည့်ပြီ"လို့ ဖြေတော့...
"မပူနဲ့ ထိပ်တန်းအာဏာပိုင်တွေအထိ
ငါတို့ပေါက်ရောက်တယ်၊
သင့်ရဲ့ Passport ကိုပေး၊
တရားစခန်းနဲ့ပတ်သက်တဲ့ ဆရာဝန်ကြီး
တဦးကို သူကျန်းမာရေးအရ
ခရီးမသွားသင့်ကြောင်း ထောက်ခံစာ
ရေးခိုင်းပြီး လဝက က တရားစခန်းနဲ့
ပတ်သက်သူရဲ့ အကူညီနဲ့
Visa နောက်ထပ် ၁၄ ရက်ရအောင်
လုပ်ပေးမယ်" လို့ ပြောလိုက်တယ်။
အဲဒီအချိန်မှာ
နိုင်ငံခြားသားပြန်ပြောလိုက်တဲ့ စကားကြောင့်
တရားစခန်းက ယောဂီတွေနဲ့ သံဃာတွေ
ပါးစပ်အဟောင်းသားဖြစ်သွားရတယ်...
နိုင်ငံခြားသားက...
"ကျွန်ုပ် သီလအပ်က္မခံနိုင္ဘူး၊
ဘန်ကောက်မှာ Visaလျှောက်ပြီး
ပြန်လာခဲ့ပါမယ်" တဲ့။
နှုတ်ဖျားသီလ မခံတဲ့သူက
နှလုံးသားထဲထိ သီလစွဲမြဲသွားချိန်မှာ
နှုတ်ဖျားကနေ သီလအကြောင်း
အထပ်ထပ် သွန်သင်နေသူတွေက
လွယ်လွယ်လေး ထမင်းစားရေသောက်
မုသာဝါဒ ကံကို ချိုးဖေါက်နေကြတယ်။
ဘဝစာမေးပွဲ
-----------
ကျွန်တော်ငယ်စဉ် စက်ဘီးစီးတတ်ခါစ အရွယ်ကဖြစ်ပါသည်။
ရပ်ကွက်ထဲတွင် စက်ဘီးကို ကျင်လည်စွာ စီးနိုင်လာသည့်အခါ ကားလမ်းပေါ်တက်ပြီး စက်ဘီး စီးချင်လာ သည်။ သို့သော် အဖေက ကျွန်တော့်ကို ကားလမ်းပေါ်မတက်ရဟု အမိန့်ထုတ်ထားသည်။ ထို့ကြောင့် ရပ်ကွက်ထဲတွင်သာ စက်ဘီးစီးနေရသော်လည်း ကြာတော့ပျင်းလာသည်။ ကားလမ်းပေါ်တက်ပြီး ကားတွေ ကြားထဲတွင် စွန့်စားလိုစိတ်ပေါ်လာသည်။
တစ်နေ့ ကျွန်တော့်အဖေ နယ်ကိုသွားခိုက်တွင် ကျောင်းမှ ပြန်လာသော ကျွန်တော့်ကို အမေက
“သားရေ ... ဈေးထဲသွားပေးပါလားကွယ် ... ကိုဘဲလူးကုန်စုံဆိုင်မှာ အမေဆီပုလင်းမေ့ခဲ့လို့”
“အမေရယ် ဈေးက ဝေးတယ်”
“သွားပါ သားလေးရယ် ... အမေ ဟင်းချက်ဖို့ ဆီမရှိဘူး”
“ဒါဆိုသွားမယ်လေ ... စက်ဘီးနဲ့သွားမယ်”
“သား ကားလမ်းပေါ်မှာ စီးလို့ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်အမေရယ် သားကျွမ်းနေပါပြီ”
“အေး ဒါဆိုလည်း ဟောဒီ လွယ်အိတ်လေးယူသွား ... ဆီပုလင်းကို လွယ်အိတ်ထဲထည့် ... သေသေချာချာ ပြန်လွယ်ခဲ့”
“ဟုတ်ကဲ့ အမေ ... သား စက်ဘီးနဲ့ ဈေးသွားတာ အဖေ့ကို ပြန်မပြောနဲ့နော်”
“သွားပါကွယ် ... လမ်းဘေးကနင်းနော်”
“ဟုတ်ကဲ့”
ကျွန်တော်ပျော်သွားသည်။ ပထမဆုံး ကားလမ်းပေါ်တက်ပြီး စက်ဘီးနင်းရမည့် အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် စက်ဘီးကိုယူကာ ကားလမ်းပေါ် ကြောက်ကြောက်နှင့်တက်ခဲ့သည်။ သို့သော် ကိုယ့်လမ်းအတိုင်း ကိုယ်မှန်မှန်နင်းသွားတော့လည်း အဟုတ်ပင်။ ကားတွေက သူ့ဘာသာသူ ကျော်တက် သွားကြသည်။ ကျွန်တော် ပိုပြီး ရဲလာသည်။
ဈေးကိုရောက်သည့် အခါတွင် ကျွန်တော်က စက်ဘီးတွန်းပြီး ဈေးထဲကို ဝင်မည်ပြုရာ လူတစ်ယောက်က ကျွန်တော့်ရှေ့မှ လာပြီး လက်ကိုပိတ်ကာထားသည်။
“ဦးလေး ဘာဖြစ်လို့လဲ”
“အရူး ... သူခိုး ... ဈေးထဲကို မဝင်နဲ့”
“ဘာဖြစ်လဲဗျ ... ဈေးထဲကို ဘာဖြစ်လို့ မဝင်ရမှာလဲ ... ကျွန်တော် သူခိုးမဟုတ်ဘူး”
“ငပေါလေး ... ငါ့အမိန့် ... ငါက မဝင်နဲ့ဆို မဝင်နဲ့”
ကျွန်တော်ကသူ့ကို ကျော်ပြီး စက်ဘီးကို တွန်းသွားမည်ပြုသည့်အခါတွင် သူကစက်ဘီးနောက်မှ ဖင်ထိုင်ခုံကို အတင်းဆွဲထားသည်။
“ဟောဒီမှာ ကျွန်တော့်စက်ဘီးကို ခိုးသွားလို့ပါ” ဟုအော်သည်။
သို့သော် လူတွေက သူ့ကိုပြုံးပြီးကြည့်နေကြသည်။ ကျွန်တော့်မှာ ဒေါသထွက်လိုက်သည်မှ ပြောစရာမရှိ။ အရွယ်ချင်းကလည်းမမျှ။ ပြန်ပြီး ခံချလို့ကလည်းမဖြစ်။ ထို့ကြောင့် ကျွန်တော်ကစက်ဘီးကို နောက်ပြန် ဆုတ်ပြီး ဈေးထဲက ပြန်ထွက်လာခဲ့သည်။
အိမ်သို့ရောက်သည့်အခါတွင် အမေ့ကို ဒေါသဖြင့် ဖြစ်ပျက်သမျှ အကုန်ပြောပြလိုက်မိသည်။
“ဟယ် ... ဆီမပါလာဘူးပေါ့ ... ဒါဆို ဟင်းဘယ်လိုချက်ရမလဲ ... အမေက ထမင်းလည်း ခုမှတည်ထားတာ”
“အမေရာ ဘယ်လိုလူလဲမသိဘူး ... လူကို သက်သက်လိုက်ပြီး စော်ကားတာ”
“သားတွေ့လာတဲ့လူက ဘယ်လိုပုံလဲ"
“ဆံပင်က ဘဲမြီးနဲ့ ... မျက်နှာမှာလည်း ကျောက်ပေါက်မာတွေနဲ့ ... သွားကလည်းခေါသေးတယ်”
“ဪ ... သားက ဖွတ်ကလူးနဲ့တွေ့လာတာကိုး”
“ဖွတ်ကလူးတဲ့လား ... အဲဒီလူက”
“ဟုတ်တယ် တစ်ဈေးလုံးက သူ့ကို ဖွတ်ကလူးလို့ပဲ ခေါ်ကြတယ် ... သားရယ် အဲဒီကောင်က စိတ်မှန်တာ မဟုတ်ဘူး ... သူက တွေ့တဲ့လူတိုင်းကို အဲဒီအတိုင်းပဲ လိုက်ခေါ်နေကျ ... သူ့ကို ကြောက်မပြလိုက်နဲ့သား ... သူက စိုက်ကြည့်ရင် သူ့ကို ပြန်စိုက်ကြည့်လိုက်။ သူ့ကို မျက်စိတည့်တည့်သာကြည့် သူမခံနိုင်ဘူး။ သားက သူ့ကို သွားပြီးတော့ ကြောက်ပြလိုက်လို့ကတော့ သားကို သူက သူခိုးတွေရော ... အရူးတွေရော စုံအောင် အော်လိမ့်မယ်”
“သား အခုပဲ အခေါ်ခံခဲ့ရပြီးပြီလေ”
“သား ... နောက်တစ်ခေါက် ဈေးကို ပြန်သွား ... သူနဲ့ ရင်ဆိုင်ဖြစ်အောင် ရင်ဆိုင်လိုက် ... မကြောက်နဲ့နော် ... သူက ပုံမှန်စိတ်မဟုတ်တဲ့သူ။ ကိုယ်က လူကောင်း။ သူ့ကို ရဲရဲရင်ဆိုင်”
“မသွားချင်တော့ဘူး အမေရာ”
“ဘာလဲကွ ... သားက အဲဒီလိုလူတွေကို ရင်ဆိုင်ရမှာတောင် ကြောက်နေသလား”
အမေ့ထိုစကားမှာ ကျွန်တော့် မာနကိုတန်းထိပါတော့သည်။
“အမေ ... သားသွားမယ်”
“ဒါမှပေါ့ကွ”
ကျွန်တော် နောက်တစ်ခေါက် စက်ဘီးဖြင့် ကားလမ်းပေါ် ထပ်တက်သည်။ ဤတစ်ကြိမ်တွင် ကားတွေကို တွန့်ဆုတ်ဆုတ်ကြောက်မနေတော့။ ဈေးထဲကို ကျွန်တော် ဝင်လိုက်ချိန်တွင် ထိုဖွတ်ကလူးဆိုသည့်ကောင်ကို တန်းတိုးပါတော့သည်။
သူက
“ဟေ့ ... အရူးလေး ... ငပေါလေး ... သူခိုးလေး ... ဈေးထဲမှာ ဘာခိုးဖို့ လာတာလဲကွ”
သူကကျွန်တော့်ရှေ့မှ ပိတ်ရပ်ပြန်သည်။ ကျွန်တော်က စက်ဘီးကို ရပ်လိုက်သည်။ သူ့ကို တည့်တည့်စိုက် ကြည့်ကာ
“ဖယ်ပေးစမ်း ... ဖယ်မပေးရင် တိုက်လိုက်မှာ ဘာမှတ်သလဲ” ဟု အော်လိုက်ရာ သူက ကြောင်ပြီး ကျွန်တော့်ကို ကြည့်နေသည်။
ကျွန်တော်က သူ့ကိုကွင်းကာ စက်ဘီးကို ဆက်နင်းသွားသည်။ သူက ဘာမျှ မပြောဘဲ ကျန်ခဲ့သည်။ ကျွန်တော် ဦးဘဲလူး ကုန်စုံဆိုင်တွင် ဆီပုလင်းကို သွားယူသည်။ လွယ်အိတ်ထဲထည့်ကာ စလွယ်သိုင်းလွယ်ပြီး စက်ဘီးကို ပြန်နင်းလာသည်။
ဖွတ်ကလူးက လမ်းဘေးတွင်ထိုင်ပြီး ကျွန်တော့်ကိုကြည့်နေသည်။ ကျွန်တော်က သူ့ကို တစ်ချက်စိုက်ကြည့်ပြီး အိမ်ကို ပြန်နင်းလာခဲ့သည်။ ကျွန်တော့်စိတ်ထဲတွင် ပီတိတွေဖြစ်နေမိသည်။ လူတစ်ယောက်ကို မာမာတင်းတင်း ပထမဆုံး ရင်ဆိုင်ဖူးခြင်းဖြစ်သည်။
ထိုနေ့ည ထမင်းစားဝိုင်းတွင် အမေချက်ထားသည် ငါးပတ်မွှေဟင်းနှင့် ချဉ်ပေါင်ဟင်းကား စားမြိန်လှသည်။ ထမင်းစားနေရင်း အမေက အဖေ့ကို ပြောလိုက်သည်
“ရှင့်သား စာမေးပွဲ အောင်သွားပြီ”
“ဘာစာမေးပွဲလဲကွ ... ခုမှ ကျောင်းတက်ခါစရှိသေးတယ်”
“ဘဝစာမေးပွဲလေ ... သူ စက်ဘီးနဲ့ ကားလမ်းပေါ်တက်နိုင်ပြီ ... ဈေးကိုလည်း နှစ်ခေါက်သွားခဲ့ပြီ ... ဖွတ်ကလူးကိုတောင် သူရင်ဆိုင်ခဲ့ပြီ”
“ဟေ ဟုတ်လား”
“ဟုတ်တယ် ... သူ့ကို ကျွန်မ စာမေးပွဲစစ်လိုက်တာ ... အမှတ်ပြည့်ပဲ”
အဖေက ကျွန်တော့်ကို ဆူမည်ထင်ထားသော်လည်းမဆူ
“ဒါမှ ငါ့သားကွ” ဟု ထမင်းတွေ ပလုတ်ပလောင်းကြားမှ ပြောလိုက်သံမှာ ကျွန်တော့်အတွက် ခွန်အား ဖြစ်သွား စေခဲ့ပါသည်။
တင်ညွန့်
၂၄.၉.၂၀၂၂
မင်းသမီးတွေကြား ပြောရမှာဆိုတော့ အားငယ်နေရတဲ့ကြား မျက်ခွက်ပေါ်က ပျောက်လက်စ ဘုသီးကြီးက ဟိုက်ရားဆိုပြီး ပြန်ထွက်လာ။
အိမ်း…
Sunday ည မြန်မာချိန် (၈) နာရီပါလို့။
ဟိုလင်လုမယားလုLive တွေလို ဝက်ဝက်ကွဲ အားပေးကြပါလို့။
😌
We Love Myanmar-Global မြန်မာနိုင်ငံကို ချစ်မြတ်နိုးတယ်ဆိုရင် မြန်မာနိုင်ငံကိုအတူတူ ကူညီစောင့်ရှောက်ကြပါစို့ ။
Spring Special Task Force- MRDA ခွဲ -K.U Media/news company
အလုပ်အကိုင်က မရှိ
နိုင်ငံရေးက မကောင်း
မင်မင်ကတော့ ကျားဖင်သာ ပြေးနှိုက်လိုက်ချင်တယ် 😖
🤧
🎈"သူငယ်ချင်း မင်းအသက် ဘယ်လောက်လဲ"
🎈"၄၃'
-
🎈"အခုယူထားတဲ့ ကောင်မလေးအသက်ကကော"
-
🎈"၂၀"
-
🎈"ဒီလောက် အသက်ကွာတာ ဘယ်လိုများ ပြောပြီးယူထား သတုန်းကွာ"
-
🎈"ငါ့ရှိသမျှ မင်းအတွက်ပဲလို့ ပြောထားတယ်လေ"
-
🎈" ဒါ ပဲ လား ! " 😲😲😲
-
🎈"ဘယ်ကမလဲ၊ အသက်တော့ လိမ်ရသေးသပေါ့"
-
🎈"ဘာလဲ၊ ၃၀လို့ ညာပြောထားတယ်မို့လား"
-
🎈"ဟင့်အင်း ၇၉" 😛😛😛😛
-
-
🎈-ဒင်းတို့က ... သေခါနီးလေ ... ကြိုက်လေမို့
🤣🤣🤣
Credit:Original uploader.
တစ်ခါကလူတစ်ယောက်က အိမ်နောက်ဘက်ကွက်လပ်မှာ
နွားတစ်ကောင်နဲ့ဆီဆုံလှည့်နေရင်းခဏထားခဲ့ပြီး အိမ်ရှေ့
မှာရေနွေးကြမ်းငှဲ့ သောက်နေ သတဲ့။
အဲဒီတုန်းလမ်းပေါ်မှာ လူစိမ်းဧည့်တစ်ယောက်
ဖြတ်လာတာမြင်လို့ရေနွေးကြမ်း သောက် လှမ်း ဖိတ်လိုက်သတဲ့။
သူ့အရပ် ကိုယ့်ဒေသမိုးလေဝသအကြောင်း. စိုက်ရေးပျိုးရေး
အကြောင်းအလ္လာပ သလ္လာပတွေ ပြောနေကြရင်း...
အိမ်ရှင်ကကြမ်းပြင်ကိုနှင်တံ(နွားကန်)နဲ့ "ဗြန်းကနဲ" ရိုက်လိုက်တယ်။ပြီးတော့စကားဆက်ပြောကြပြန်တယ်။
တအောင့်လောက်အကြာကြမ်းပြင်ကိုရိုက်လိုက်ပြန်ရော...
ဧည့် လူစိမ်းလည်းအိမ်ရှင်ရဲ့ထူးဆန်းတဲ့အပြု အမူကြောင့်အကြောင်း
ရင်းကို မေးကြည့်မိသတဲ့။
"မေးစမ်းပရစေဦးနောင်ကြီးရယ်။စကားပြောနေရင်းနောင်ကြီးက
ကြမ်းပြင်ကိုခဏခဏ 'တဗြန်းဗြန်း'ရိုက်နေတာဘာသဘောလဲဗျ"
အိမ်ရှင်က..
" ဒီလိုဗျ ကျုပ်ကအိမ်နောက်ဖေးမှာနွားနဲ့ဆီပွတ်နေတာလေ။
ခလောက်သံကတိတ်သွားတော့ဒီနွားက ဆုံမလှည့်ပဲရပ်နေလို့
ကျုပ်ကနှင်တံရိုက်အသံပေးနေရတာ.။ကိုင်း... အခု ကျုပ်နွားရဲ့
ခလောက်သံကို မိတ်ဆွေကြားရဲ့မဟုတ်လား ... သူဆုံလှည့်နေပြီ လေ"
လူစိမ်းကဘဝင်မကျသလိုနဲ့...
"ဒီလိုဖြင့် နောင်ကြီးရယ်။ခင်ဗျားရဲ့ နွားကဆုံကိုဆွဲချင်ဟန်ဆောင်ပြီး
ခြေစုံရပ်နေရင်းက ခေါင်းကို လှုပ်ရမ်းပြီးခလောက်သံ ပေးနေရင်ရောဗျာ"
ဒီအခါမှာအိမ်ရှင်ကအခုလိုပြန်ပြောလိုက်ပါတယ်။
"ဒါကတော့ မိတ်ဆွေကလူဆိုတော့လူလိုတွေးတာကိုးဗျ။
သူကနွားလေဗျာ၊နွားလိုပဲတွေးတော့မှာပေါ့... တဲ့။
လူထုဦးလှ
မြန်မာ့ရိုးရာပုံပြင်များမှ ..