Jotar Lay

Jotar Lay

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jotar Lay, Grocers, .

18/03/2023

ကရင်နီပြည်ကို အဖက်ဖက်ကနေ စကစတွေကနေ စစ်မျက်နှာအများအပြားဖြင့် စစ်ကြောင်းထိုးလာတာ 9ရက်မြောက်နေ့ရှိနေပြီဖြစ်ပြီး ကျွန်တော်တို့အဖွဲ့လည်း တခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပါဝင်တော်လှန်လျက်ရှိပါတယ်။ စကစတွေက တစ်ရက်နဲ့တစ်ရက် စစ်ကြောင်းအင်အားအများအပြားအသုံးပြုပြီး နယ်မြေစိုးမိုးရေးကိုဦးတည်ကာ ပြင်းထန်သော ထိုးစစ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်လာနေပါတယ်။

အခုတိုက်ပွဲတွေမှာ နှစ်ဖက်တင်းမာမှုပြင်းထန်ပြီး စကစအနေဖြင့် စစ်ရေးအရအသာစီးရယူနိုင်ဖို့အတွက် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနှင့်သာမက Jet Fighter တွေနဲ့ပါ ဗုံးကျဲတာတွေလည်း ဆက်တိုက်ဆိုသလို ပြုလုပ်လာလျက်ရှိပါတယ်။

တိုက်ပွဲပြင်းထန်လာတာနှင့်အမျှ ရဲဘော်တွေအနေနဲ့လည်း နေ့စဉ်ရက်ဆက် နေ့ရောညပါ မအိပ်ရ၊ မနားရပဲ စကစထိုးလာမယ့်စစ်ကြောင်းရန်ကိုရော လေကြောင်းရန်ကိုပါ သတိကြီးစွာ စောင့်ကြည့်ပီး အစွမ်းကုန်ခုခံနေရပါတယ်။

ကရင်နီပြည်မှာ ယခုအချိန်ထိ တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေသလို၊ နောက်ရက်တွေမှာလည်းစစ်ရေးအရှိန်ပိုပြီး ပြင်းထန်လာဖို့ရှိနေတဲ့အတွက် စစ်ရေးအရလိုအပ်ချက်ရှိလာတဲ့ နှုတ်ခမ်းနီစတဲ့ ပစ္စည်းတွေ လောက်ငှအောင် ဆက်တိုက်ဖြည့်တင်းနိုင်ဖို့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ အကူအညီတောင်းလိုပါတယ်ခင်ဗျ။🙏

အသီးအဆန်များဝယ်ရန်အတွက်
ကူလိုပါကCampaign link

https://www.facebook.com/100068819140546/posts/534457555524878/

ရိက္ခာ/ထောက်ပို့ပစ္စည်းများအတွက်
ကူပေးလိုပါကPost link

https://www.facebook.com/100068819140546/posts/536040508699916/

17/03/2023

ထီးလင်းမြို့မြောက်ဘက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရ ပြီး ခုနစ်ဦးခန့် သေဆုံး

မကွေး၊ မတ်လ ၁၇

မကွေးတိုင်း၊ ထီးလင်းမြို့မြောက်ဘက်တွင် အာဏာ သိမ်းအကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း YDF က သတင်း ထုတ်ပြန်ခဲ့ သည်။

ယမန့်နေ့ညနေ့ ငါးနာရီခန့်က ဂန့်ဂေါခရိုင်အတွင်း နယ် မြေ ရှင်းလင်းရန် လာသည့်အင်အား (၆၀၀) ပါ စစ် ကြောင်း( စစ်ကားအစီး (၃၈) စီး နှင့် ခြေလျင်ရှေ့ ပြေး စစ်သား ၂၀၀) မှ ခြေလျင်ရှေ့ပြေး စစ်ကြောင်းအား ထီးလင်းမြို့မြောက် ဘက်ရှိ ထိန်တိုင်းရွာ နှင့် ဆေးမင်းတော ရွာအကြားရှိ ရေရှင် လမ်းခွဲတွင် ယောကာကွယ်ရေးတပ်များက ခုခံတိုက် ခိုက်ခဲ့ကြတာ ဖြစ်သည်။

အဆိုပါအာဏာသိမ်းအကြမ်းဖက်စစ်တပ်က မတ်လ (၁၃) ရက်နေ့ကစတင်ပြီး ပခုက္ကူမြို့မှတစ်ဆင့် ယောဒေသ နှင့် ချင်းပြည်နယ်ဘက်ကို ဦးတည် ထွက် လာပြီး စစ်ကားအစီးရှစ်ဆယ်ခန့်ကို ကာကွယ်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီစစ်သား ခုနစ်ဦးခန့် သေဆုံးခဲ့တာ ဖြစ်သည်။

ယနေ့တိုက်ခိုက်မှုအပြီးတွင် ဒေသခံကာကွယ်ရေးရဲဘော်များက ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ပြည်သူများအနေဖြင့် မလိုလားအပ်ဘဲ ခရီးမသွားကြဖို့ နှင့် သတိထားနေထိုင်ကြဖို့ကို ကာကွယ်ရေးရဲ ဘော်များက နှိုးဆော်ထားကြသည်။

အထက်ပါစစ်ဆင်ရေးကို စစ်ကြောင်းမှုး ယောလင်း ဦး ဆောင်သော ယောနက စစ်ကြောင်း နှင့် ခရိုင်တပ်ရင်း (၁၇) (၁၈) ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့တာ ဖြစ် သည်။

14/03/2023

ဖယ်ခုံတိုက်ပွဲတွင် စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၁၉ ဦး သေဆုံးပြီး စစ်သား ၆ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိ (ရုပ်/သံ)

ရန်ကုန်၊ မတ် ၁၄

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ကုရင် ကျေးရွာအုပ်စု တောင်ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၁၉ ဦးသေဆုံးပြီး စစ်သား ၆ ဦးကို အရှင်ဖမ်းမိကြောင်း ဖယ်ခုံ PKPDF 2 မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင် နံနက်အစောပိုင်း ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ်များ ခိုးဝင်လာကြောင်း သတင်းရှရိသဖြင့် PKPDF 2 တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက တောနင်းရှာဖွေရာ နံနက် ၁၀ နာရီခွဲအချိန်တွင် ထိတွေ့မှု စတင်ဖြစ်ပွားကြောင်း၊ ဖယ်ခုံမြို့ အထိုင်တပ်က လက်နက်ကြီးပစ်ကူမှု ရှိနေသောကြောင့် ခက်ခက်ခဲခဲ တိုက်စစ် ဆင်စစ်ခဲ့ရကြောင်း၊ မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ် အထိနာပြီး ထွက်ပြေးခဲ့ကြောင်း၊ စစ်သား ၆ ဦးကိုမူ အရှင်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီအချိန် တောလမ်းတစ်နေရာတွင် ဖယ်ခုံ PDF ၏ ကင်းထောက်တပ်စိပ်နှင့် ဆုတ်ခွာထွက်ပြေးလာသော စစ်တပ်တို့ ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့မှုတွင် PKPDF2 ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း၊ ယင်းနေ့တွင်ပင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ အရာရှိ အပါအဝင် စစ်သား ၁၉ လောင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း ၆ ဦးနှင့်ပတ်သက်၍ "ဒါကတော့ အရင်ကတည်းက စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်း သိမ်းထားပါတယ်။ တိုက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲဗျ။ ဖြည့်စွက်စရာ မရှိတော့ပါဘူး" ဟု ဖယ်ခုံ PKPDF 2 မှ တာဝန်ရှိသူက ပြောဆိုသည်။

credit Khit Thit Media

လှိုင်သာယာ သတင်းများ - HTY NEWS

11/03/2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘီလူးတောင်နှင့် စုံနံသာကြားရှိ ခံသင်းတံတားတွင် အင်အား (၁၅)ဦးခန့် စခန်းချထားသည့် စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့မှ ယနေ့ (မတ် ၁၀ ရက်) နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သားအချို့ထွက်ပြေး(၆)ဦး သေဆုံး စခန်းကို ဖျက်ဆီးခဲ့ကြောင်း သိရှိရ။

10,3,2023

08/03/2023

5.3.2023-14/စပြီးဦးဆောင်လိုက်တဲ့ နဂါးဖြူအထူးစစ်ကြောင်း

20/02/2023

စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်တိုက်

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

ယနေ့ နံနက် (၇) နာရီ (၁၅) မိနစ်ဝန်းကျင်က မွန်ပြည်နယ် (တောင်ပိုင်း)၊ ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်သားများ စခန်းချစစ်ဆေးနေသည့် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီးဘူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အပြန်လှန်ပစ်ခတ်မှု (၁) နာရီဝန်းကျင်အတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတဦး သေဆုံးခဲ့ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေကလည်း ရေးဘီလူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

13/02/2023

ယနေ့ (13.2.2023) နေ့ဟာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့(၁၀၈) နှစ်မြောက်
မွေးနေ့ဖြစ်ပါတယ် 🙏🙏🙏

#ဗိုလ်ချုပ်အောင်ဆန်း၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ (၁၃)ရက်နေ့ဟာဆိုရင် ကျွန်တော်/မတို့ မြန်မာနိုင်ငံရဲ့
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ပဲဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်မြန်မာနိုင်ငံ၏
လေးစားတန်ဖိုးထားရသောသတိတရ
မမေ့သင့်မမေ့ထိုက်သော နိုင်ငံခေါင်းဆောင်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။

#ဗိုလ်ချုပ်ပြောခဲ့သောမိန့်ခွန်း

"ငါတို့ စစ်တပ်ဟာ
နိုင်ငံသူ၊နိုင်ငံသားတွေကိုညှဉ်းပန်းဖို့မဟုတ်။
လက်နက်အားကိုးတန်ခိုးပြဖို့မဟုတ်။
စစ်တပ်ဟာနိုင်ငံရဲ့ အစေခံဖြစ်ရမယ်
နိုင်ငံဟာစစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။''
အာဏာဟာဥပဒေအထက်မှာရှိနေရင်
ဒီနိုင်ငံဟာမွဲနေဦးမှာဘဲ။

#ဗိုလ်ချုပ်အောင်ဆန်း
#ဖေဖော်ဝါရီ၁၃
#ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

01/02/2023

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၅၀၀ ကျော် စုပေါင်း ဆန္ဒပြနေတဲ့ မြင်ကွင်း။ (ရုပ်သံ)

Photos from Jotar Lay 's post 01/02/2023

စစ်တပ် အာဏာသိမ်းမှု ၂ နှစ်ပြည့်ပြီ

ဖေဖော်ဝါရီ ၁၊ ၂၀၂၃

စစ်တပ် အာဏာသိမ်းမှုမှာ ယနေ့ဆိုလျှင် ၂ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာ ဏာသိမ်းလိုက်ပြီး ရွေးကောက်ပွဲအနိုင်ရ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ခေါင်း ဆောင်များအပါအဝင်၊ ပါတီဝင်များ၊ NLD ဝန်းရံသည့် ထင်ရှားသူများကို နံနက်စောစော၌ လိုက်လံထိန်းသိမ်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးလိုင်းများမှာ အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက် မနက် ၇ နာရီလောက်တွင် ယာယီ ပြတ်တောက်သွားသလို အင်တာနက် ပြတ်တောက်မှုများကြောင့် ဘဏ်များလည်း ပိတ်ကာ၊ ရုံးတချို့လည်း ပိတ်ခဲ့ရသည်။

ရပ်ကွက်များထဲတွင် အာဏာသိမ်းမှု သတင်းကြောင့် ကုန်စုံဆိုင်များ၊ စူပါမားကတ်များသို့ အလုအယက်တိုးဝှေ့၍ အခြေခံစားသောက်ကုန်နှင့် ကုန်ခြောက်များ ဝယ်ယူစုဆောင်းမှုများ ပြုလုပ်ကြသဖြင့် ဆိုင်တချို့မှာ ပိတ်လိုက်ရသည့် ဆိုင်များလည်း ရှိခဲ့သလို၊ ဆန်ပြတ် လပ်သွားသည်အထိ ရောင်းရသည့် ဆိုင်များလည်း ရှိကြောင်း သိရသည်။

ယင်းနေ့မှာပင် ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သည့် မြို့တော်ခန်းမ၊ တိုင်းဒေသကြီး လွှတ်တော် အစရှိသည့် နေရာများတွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက လုံ ခြုံရေး ရယူထားတာကို တွေ့ရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက် ၁၁ နာရီခွဲလောက်အချိန်တွင် တပ်မတော်ထောက်ခံသူများက ကားများဖြင့် မဟာဗန္ဓုလလမ်းတလျောက် လှည့်လည်ကာ ဆူးလေတွင် အောင်ပွဲခံခဲ့သလို ဆူးလေဘုရားလမ်းမှတဆင့် ဆက်လက် ချီတက်ကြသည်ကို မြင်တွေ့ရသည်။

ထိုနေ့တွင် ပြည်သူများက ပြင်ပသို့ မထွက်ကြတော့သည့်အတွက် ရန်ကုန်မြို့လမ်းမများပေါ်တွင် လူရှင်းလျက်ရှိပြီးစစ်ကားများ ဖြတ်သန်းမောင်းနှင်နေသည် မြင်တွေ့ရသည်။

စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဧရာဝတီသတင်းဌာနက ရန်ကုန်မြို့ပေါ်ရှိ နေရာတချို့၌ လိုက်လံ မှတ်တမ်းတင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ယခု အာဏာသိမ်း ၂ နှစ်ပြည့်အဖြစ် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

ဓာတ်ပုံ- ဧရာဝတီ

28/01/2023

တောင်ပိုင်းတိုင်း စစ်ဒေသကို လက်နက်တပ်ဆင်ပေးနေသည့် NUG

RNA_ဇန်နဝါရီ(၂၈)၊၂၀၂၃ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ -NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၃) မှ တာဝန်ရှိသူများ ကျားသစ်နက်စစ်ကြောင်း မွန်းမံသင်တန်း သင်တန်းဆင်းပွဲ တက်ရောက်ပြီး လက်နက်တပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃) ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၄) ရက်နေ့က ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသခွဲ အမှတ် (၃) မှ ဒု-စစ်ဒေသမှူး စောရှားနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တောင်ပိုင်းတိုင်းစစ်ဒေသတွင်းရှိ PDF တပ်ဖွဲ့တချို့၏ သင်တန်းဆင်းပွဲများကို တက်ရောက်နေပြီး လက်နက်နှင့် အလှူငွေများ ပေးအပ်ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ထုတ်ပြန်ကြေညာနေပြီး၊ စစ်ရေးအရှိန်မြှင့်ရန်နှင့် ကြိုးပမ်းနေကြောင်း မကြာခဏပြောကြားထားသည်။

ရုပ်သံ - မွမ်းမံသင်တန်း အပတ်စဉ် ၂/၂၀၂၂ သင်တန်းဆင်းပွဲ စွမ်းရည်သရုပ်ပြအစီစဉ်

28/01/2023

သာသနာအမှတ်တံဆိပ်ကားဖြင့် ရေးဘီလူးအဖွဲ့၏ သတင်းကို လိုက်လံ စုံစမ်း နေသော ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မူးယစ်ဆေးဝါးများနှင့် ပစ္စတို ၂ လက် ဖမ်းဆီးရမိ (ရုပ်/သံ)
+++++++++++++++++++++
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် သာသနာအမှတ်တံဆိပ်ကားဖြင့် ရေးဘီလူးအဖွဲ့ ၏ သတင်းကို လိုက်လံစုံစမ်းနေသော ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး ပြီး မူးယစ်ဆေးဝါးနှင့် ပစ္စတို ၂ လက် ဖမ်းဆီးရမိကြောင်း ရေးဘီလူးအဖွဲ့ ခေါင်း ဆောင် က ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မွန်းလွဲ ၃ နာရီအချိန် ရေးမြို့နယ်၊ ဝေမှောင်ရွာ အနီး တွင် ပျူစောထီး ၂ ဦးက ဘုန်းကြီးကားဖြင့် မူးယစ်ဆေးဝါးရောင်းချခြင်း၊ ရေးဘီလူးအဖွဲ့ အကြောင်း လိုက်လံစုံစမ်းခြင်းများ ပြုလုပ်နေသဖြင့် ပစ် ခတ်တိုက်ခိုက်ရာမှ သေဆုံး သွား ကြောင်း၊ ကားအတွင်းမှ ပစ္စတိုလက်နက် ၂ လက်၊ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း၊ ၂ ဦးစလုံးသည် ရေးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ လူဆိုးလူမိုက်များဖြစ်ကြောင်း ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ပြောသည်။

23/01/2023

ကရင်နီပူပေါင်းတပ်ဖွဲ့များမှာ စစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးနဲ့ကျည်ဆန်များသိမ်းဆည်းရရှိ
============
ဇန်နဝါရီ၂၁

ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် ၊ နန်းဖဲကျေးရွာအနီးရှိမယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအားချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးနဲ့ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ပါတယ်။

ဇန်နဝါရီ၂၁ရက်မှာ ကရင်နီKNDFက စစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။

"ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် ၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) အချိန်မှစ၍ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။

နံနက်(၉)နာရီခွဲအချိန်ထိ အပြန်အလှန်ပစ်ခက်မှုများအပြီး ကရင်နီပူပေါင်းတပ်ဖွဲ့များမှစစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးနေသော (၅)ဦး၏ ရုပ်အလောင်းများကို ရှင်းလင်းခဲ့ရသလို ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ဖော်ပြပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့သလို ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ၎င်းတို့၏ အဆိုပါစခန်းကုန်းအား မိမိတို့ကရင်နီပူပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုခဲ့သော (၆၀)မမ စိန်ပြောင်း (၂)လက် ၊
RPG (၁)လက် ၊ MA-1 (၁)လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင်
ပစ္စည်များအား သိမ်းဆည်းရရှိခဲ့ပါတယ်။

မယ်စလောင်းတောင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် (၁)ဦး မြင့်မြက်စွာ ကျဆုံးခဲ့ရပါတယ်။

Photos from Jotar Lay 's post 23/01/2023

20.1 . 2023ရက်နေ့တွင်
KNDF B-08 သည် တပ်သားအသစ်များရဲ့ သင်တန်းဆင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်း ရဲဘော်များမှ စစ်ရေးပြခြင်း၊ ကရင်နီအမျိုးသားများကာကွယ် ရေးတပ်အလံတော်အားအလေးပြုချင်းများကို အဓိက လုပ်ဆောင်ခဲ့ပါသည်။
B-08
#သတင်းနှင့်ပြန်ကြားရေး

Photos from Jotar Lay 's post 22/01/2023

တိုက်ပွဲသတင်းထုတ်ပြန်ချက် ။

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ (၂၁)ရက်။

ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် ၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) အချိန်မှစ၍ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။

နံနက်(၉)နာရီခွဲအချိန်ထိ အပြန်အလှန်ပစ်ခက်မှုများအပြီး မိမိတို့ကရင်နီပူပေါင်းတပ်ဖွဲ့များမှာ စစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးနေသော (၅)ဦး၏ ရုပ်အလောင်းများကို ရှင်းလင်းခဲ့ရသလို ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့ပါသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့သလို ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ၎င်းတို့၏ အဆိုပါစခန်းကုန်းအား မိမိတို့ကရင်နီပူပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါသည်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုခဲ့သော (၆၀)မမ စိန်ပြောင်း (၂)လက် ၊
RPG (၁)လက် ၊ MA-1 (၁)လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင်
ပစ္စည်များအား သိမ်းဆည်းရရှိခဲ့ပါသည်။

မယ်စလောင်းတောင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် (၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်အား မိမိတို့ KNDF မှ အာဇာနည်သူရဲကောင်းအဖြစ် လေးစာအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်ပါသည်။

ဘောလခဲမြို့နယ်အတွင်း စစ်ရေးအရအရေးပါ၍ နှစ်ပေါင်းများစွာ အခိုင်အမာတပ်ချကာ ခြေကုပ်ယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ မယ်စလောင်းတောင်စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နေချိန်၌လည်း KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့မှ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီ၏ ခြေကုပ် စခန်းအချို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘဲ မိမိတို့ပူးပေါင်းတပ်များဖက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဆုပ်ခွာနိုင်ခဲ့ပါသည်။

ပြည်သူလူထုအား နေ့စဥ်လက်နက်ကြီးများ ပစ်ခက်၍ စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီ၏ စခန်းများထဲမှ တစ်ခုဖြစ်သည့် မယ်စလောင်းတောင်စခန်းကုန်းအား မိမိတို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့်အတူ ညီညွှတ်စွာချေမှုန်းတိုက်ခိုက်ခဲ့ကြသော Karenni Commando ၊ ကရင်နီတပ်မတော် (KA )၊ Loikaw PDF ၊ DMO PDF ၊ ဘောလခဲ PDF တို့ကိုလည်းရှေ့ဆက်တိုက်ပွဲများတွင် ဆက်လက်၍ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒပြုပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။

ဆက်သွယ်ရန်။ ၀၉၄၂၅၅၁၇၅၉၄၊ ၀၉၄၅၇၂၉၆၄၈၇၊ ၀၉၄၄၅၂၅၂၂၇၄။

14/01/2023

ပကာရီရွာလမ်းမှာအမျိုးသား(၂)ဦးသေနတ်ဖြင့်ပစ်ခံရ၍ (၁)ဦးကျည်ထိမှန်ဖမ်းခံရပြီး၊ဆက်စပ်ရှိသူတို့​ကိုစစ်သားများဖုန်းနဲ့ထောင်ချောက်ဆင်ဖမ်းဆီးရန်ပြင်ဆင်နေဟုဆို

ထားဝယ် ၊ ဇန်နဝါရီလ ၁၄ ရက်နေ့

ထားဝယ်-ထီးခီးလမ်းပိုင်းရှိပကာရီကျေးရွာမှာ ခရီးသွားနေသည့်အမျိုးသား(၂)ဦးကို ယနေ့နံနက်ပိုင်းက စစ်သားများသေနတ်ပစ်ခတ်ဖမ်းဆီးရာတွင် (၁)ဦးထိမှန်ခဲ့သည်။

ဇန်နဝါရီ(၁၄)ရက်၊နံနက်(၉)နာရီခွဲကျော်ခန့်တွင် ကိုပြည့်စုံ (ခ)ကိုတေ ဆိုသူလူငယ်(၁)ဦးနဲ့ခရီးသွားနေစဥ် စကစ
တပ်သားများ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရာ၌၎င်းကျည်ထိမှန်ခဲ့၍ဖမ်းဆီးခံရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

"မနက်ကတည်းက စစ်သား(၄)ဦးလောက်လမ်းဆုံအနီး၌ ခြေရှုပ်နေပါတယ်။အဲလူတွေဆိုင်ကယ်နှင့်လာတာမြင်ပြီးသေနတ်နဲ့ ထွက်ပစ်တယ်။သေနတ်အသံ(၁၀)ချက် နီးပါးအထိဆက်တိုက်ကြားရပါတယ်"ဟု၎င်းကပြောဆိုသည်။

ယင်း ပစ်ခတ်ခံရသူ ကိုပြည့်စုံ (ခ)ကိုတေမှာဝမ်းဗိုက်နှင့်ခြေထောက်တွင်ကျည်ထိမှန်၍၎င်းကိုပကာရီရဲစခန်းဖက်
သို့ယူသွားပြီး နောက်ဆက်တွဲအခြေနေများကိုဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။

အဆိုပါဖမ်းခံရသူ၏ဖုန်းကိုစကစတပ်သားများအသုံးပြုပြီး၎င်းနှင့်ဆက်နွယ်ပက်သက်သူများကိုဖုန်းနဲ့ဆက်သွယ် နေ၍ လူကိုယ်တိုင် လာတွေ့ပေးပါဟု ဖြေကြာပြီး ထောင် ချောက်ဆင်ဖမ်းဆီးရန် ကြိုးစားနေကြောင်း စုံစမ်းသိရှိရပါသည်။

#ပုံ/ ကျည်ထိမှန်ဖမ်းဆီးခံရသည့် ကိုပြည့်စုံ (ခ)ကိုတေ။

14/01/2023

အောင်လအင်ဆန်နှင့် ဘရာဇီးနိုင်ငံသား ဂီဗာတိုဂါဘာအို ထိုးသတ်တဲ့ပွဲမှာ အောင်လအင်ဆန်က အနိုင်ရရှိခဲ့ပါတယ်။

12/01/2023

ဓားမဆိုင်းတပ်မတော်က အမြင့်ဆိပ်ကမ်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရေယာဉ်နှင့် ရိက္ခာယာဉ် တိုက်ခိုက်ခဲ့မှုတွင် စစ်သား ၂၃ ဦး သေဆုံးကြောင်း ပြောဆို

စစ်ကိုင်း၊ ဇန်နဝါရီလ ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမှတစ်ဆင့် အမြင့်ဆိပ်ကမ်းကို ဆင်းလာသည့်အာဏာသိမ်းအကြမ်းဖက်စစ်ရေယာဉ်တစ်စီး နှင့် ချင်းတွင်းမြစ်အကြောင်းတိုင်း စုန်ဆင်းလာသည့် အမြန်ရေယာဥ်တစ်စီးအား တိုက်ခိုက်ခဲ့ကြောင်း ဓားမဆိုင်းတပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်ဇန်နဝါရီလ ၁၀ ရက်နေ့၊ မနက်ခုနစ်နာရီတွင် အမြင့်ဆိပ်ကမ်းကို ဆင်းလာသည့်အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရေယာဉ်တစ်စီး နှင့် ညနေ့ ငါးနာရီတွင် အမြင့်ရွာဆိပ်ကမ်းမှ မုံရွာမြို့သို့ဆန်တက်လာသော အာဏာသိမ်းအကြမ်းဖက်စစ်တပ် ရိက္ခာသယ်
အမြန်ရေယာဉ်အား လက်နက်ကြီး လက်နက်ငယ် ရှေ့ထွက်မိုင်းများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။

မနက်ခင်းတိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က (၄၀)မမဗုံးသီး (၆၀)မမ၊ G-3, G4 စက်ကလေးများ စသော လက်နက်များဖြင့်ပြန်လည်ခုခံတိုက်ခိုက်လာသလို
ညနေ (၅:၀၀)နာရီအချိန်ခန့် အမြင့်ကမ်းမှ မုံရွာမြို့သို့ဆန်တက်လာသော အာဏာသိမ်းအကြမ်းဖက်စစ်တပ်အမြန်ရေယာဉ်က (၄၀)မမဗုံးသီး (၆၀)မမ၊ G-3, G4 စက်ကလေးများ စသော လက်နက်များဖြင့်ပြန်လည်ခုခံတိုက်ခိုက်လာပါသည်။

အဆိုပါတိုက်ပွဲနှစ်ကြိမ်အတွင်း အာဏာသိမ်းအကြမ်း ဖက်စစ်တပ်ဘက်က စစ်သား (၂၁) ဦး သေဆုံးအများအပြားဒဏ်ရာရှိကြောင်း ခိုင်မာသော သတင်းမှ သိရှိရကြောင်း ဓါးမဆိုင်းတပ်မတော် (D.M.S.A) ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ အထူးတိုက်ခိုက်ရေးအဖွဲ့က ပြောဆိုထားသည်။

Photos from Jotar Lay 's post 09/01/2023

လူငယ် ၉ ဦးကို PDF ဆိုပြီး စစ်ကောင်စီက ဖမ်းဆီး နှိပ်စက်

ပခုက္ကူ၊ ဇန်နဝါရီ ၉၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ချောက်ကန်ကျေးရွာအနီးကနေ လူငယ် ၉ ဦးကို PDF ဆိုပြီး ဖမ်းဆီးကာ စစ်ကောင်စီတပ်သားတွေက နှိပ်စက်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၈ ရက်မနေ့ကမနက် ၉ နာရီခန့်မှာ ကား ၁ စီးနဲ့ လာတဲ့လူငယ်တွေကို စစ်ကောင်စီစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

"ဖမ်းခံရတာက လူငယ်တွေချည်းပဲ။ အသက် ၂၀ တောင်ပြည့်ပါ့ဦးမလား မသိဘူး။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ မသိရဘူး။ ခေါ်သွားတာတော့ သိရတယ်။ နောက်ဆက်တွဲအခြေနေတော့မသိရဘူး" လို့ ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေဟာ အသက် ၁၅ နှစ်မှ အသက် ၂၀ အရွယ်အကြားရှိ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

"ဖမ်းဆီးခံလိုက်ရတာတော့ ကြားရတယ်။ ဘယ်အဖွဲ့ကလဲနဲ့ ဘာမှမဆိုင်တဲ့ အရပ်သားလူငယ်တွေလားဆိုတာ သေချာတော့ မသိရသေးဘူး။ အခြေနေသိရအောင် စုံစမ်းနေတုန်းပဲ" လို့ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါလူငယ်တွေကို စစ်ကောင်စီဘက်က ဖမ်းဆီးပြီး စစ်ကြောရေးကို ခေါ်ဆောင်သွားကာ ထိုးနှက်ရိုက်တာတွေလုပ်တဲ့အတွက် ဒဏ်ရာတွေရရှိထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ အဲဒီလူငယ် ၉ ဦးဟာ မြိုင် PDF တွေနဲ့ ချိတ်ဆက်ထားပြီး မကျီးကန်ကျေးရွာကို သွားကာ PDF ထဲဝင်ဖို့လာတဲ့ လူငယ်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပခုက္ကူမြို့နယ်ထဲမှာ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရလို့ ကင်းပုန်းဝပ်ပြီး လုံခြုံရေးစစ်ဆေးတင်းကြပ်တာ၊ ဒေသခံတွေကို PDF နဲ့ဆက်စပ်ပတ်သက်သူတွေဆိုပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်လျှက်ရှိနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်ကလည်း ရန်ကုန်ကနေ ခရီးသည်တင်ကားနဲ့လိုက်လာတဲ့ လူငယ်အမျိုးသား ၄ ဦးကို ပခုက္ကူမြို့နယ် ဧရာဝတီတံတားအနီးအရောက်မှာ စစ်ကောင်စီတပ်သားတွေက ပုလဲနယ်မှာ ဒရုန်းသင်တန်းပေးဖို့ သွားသူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

09/01/2023

ပုလဲနယ်မှာ NUG က အခွန်ငွေ ကောက်ခံမှု ငါးလအတွင်း ကျပ်သိန်း(၄၆၀)ကျော် ရရှိ၊

MFP၊ ဇနျနဝါရီ - ၉

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ လမ်းညွှန်မှုနဲ့ ဂိတ်ကိုးဂိတ် ဖွင့်လှစ်ပြီး အခွန်ကောက်ခံရာမှာ ၂၀၂၂ ဩဂုတ်ကနေ ဒီဇင်ဘာအထိ ငါးလတာအတွင်း ကျပ်သိန်းပေါင်း (၄၆၀)ကျော် ကောက်ခံ ရရှိခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)က MFP ကို ပြောပါတယ်။

ကောက်ခံရရှိတဲ့ အခွန်ရန်ပုံငွေကို NUG က သတ်မှတ်ထားတဲ့ မူဝါဒအတိုငျး NUG ဘဏ္ဍာခွန်၀န်ကြီးဌာနကို (၃၀)ရာခိုင်းနှုန်း ပေးသွင်းရပြီး ပြည်သူ့အုပ်ချုပ်ရေး (ပ.အ.ဖ)ရဲ့ လုပ်ငန်းစဉ်အတွက် (၃၀)ရာခိုင်နှုန်းနဲ့ ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) လုပ်ငန်းစဉ်အတွက် (၄၀)ရာခိုင်နှုန်း ခွဲဝေပေးခဲ့တယ်လို့ ပုလဲနယ် ပ.အ.ဖ ဥက္ကဌ ဦးဇော်ထက်က ပြောပါတယ်။

အခွန်ကောက်ခံပုံကတော့ မော်တော်ယာဉ်တွေကို အဓိက ကောက်ခံခြင်းဖြစ်ကာ ပုလဲမြိုနယ်ထဲ ပကဖ၊ ပအဖတွေ ဦးဆောင်တဲ့ အခွန်ငွေ ကောက်ခံရေးဂိတ် ကိုးဂိတ် ဖွင့်လှစ်ထားပြီး ပထမဆုံး ဂိတ်တစ်ဂိတ်ကို ဖြတ်သန်းမယ်ဆိုရင် အဲဒီကနေ အခွန်ဆောင်ပြီးကြောင်း ချလန်ဖြတ်ပိုင်းကို ရရှိမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ဂိတ်တွေကို ဖြတ်သန်းမယ်ဆိုရင်တော့ အခွန်ထပ်ဆောင်စရာ မလိုဘဲ အဆိုပါွ ဖတ်ပိုင်းစာရွက်ကို ပြသလိုက်ရုံသာ ဖြစ်တယ်လို့ ဦးဇော်ထက်က ရှင်းပြပါတယ်။

အခုလို ပုလဲမြို့နယ်အတွင်းမှာ ဂိတ်ကိုးဂိတ် ဖွင့်လှစ်ပြီး စနစ်တကျ အခွန်ကောက်ခံနိုင်ခြင်း မရှိစဉ်က ဖြတ်သန်းသွားလာတဲ့ ဂိတ်တိုင်းလိုလိုမှာ အခွန်ပေးဆောင်နေရတာကြောင့် ပြည်သူတွေဟာ (ပ.အ.ဖ) အဖွဲ့ကို တိုင်ကြားမှုတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ အဲဒီအခက်အခဲတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။

လက်ရှိ ပုလဲမြို့နယ်အတွင်း အခွန်ကောက်ခံပုံနဲ့ ရရှိလာတဲ့ အခွန်ရန်ပုံငွေတွေကို ခွဲဝေအသုံးချပုံ စတဲ့ အကြောင်းအရာ အပြည့်အစုံကို ပုလဲနယ် (ပ.အ.ဖ) ဉကဌ ဦးဇော်ထက်ကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။

#မန္တလေး #စစ်ကိုင်း #အညာ #ပုလဲ #အခွန်ကောက်ခံ

09/01/2023

ကန်ဒေါင့်ရဲစခန်း ပစ်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံး
*******************

ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးကာ လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်ကာ ၈ ရက်နေ့ အထိ ၅ ရက် ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိတွေ့တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ လက်ဦးမှုရရှိခဲ့ပြီး ကန်ဒေါင့် စခန်းအနီး ပေ ၁၀၀ အကွာအထိ ချဉ်းကပ်နိုင်ခဲ့သည်ဟု ပုလဲမြို့နယ်အခြေစိုက် M7 People's Defense Army (M7 PDA) ဒုတပ်ရင်းမှူး ဗိုလ်မြတ်က သံလွင်ခက်ကို ပြောသည်။

" ၇ ရက်နေ့ညနေပိုင်းမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ အဖွဲ့တွေအကုန်လုံးကတော့ ပတ်လည်ကနေဝိုင်းပစ်ကြတာပေါ့ သူတို့ဘက်ကလည်းပြန်ပစ်တယ်။ စခန်းသိမ်းဖို့ ပေ ၁၀၀ လောက်အရောက်မှာ လေယာဉ်လာလို့ ပြန်ဆုတ်ခဲ့ရတာ " ဟု ၎င်းက ပြောသည်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားစဉ် လေကြောင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ခန့်ကို လာရောက် ဖြည့်တင်းသွားသည်ဟု ၎င်းက ဆက်ပြောသည်။

ပုလဲမြို့နယ်ဒေသခံတပ်ဖွဲ့များဖြစ်သည့် တပ်ရင်း ၉၊ ၁၂၊ ၁၉ တပ်ရင်းများအပါအဝင် ချောက်မြို့နယ် အခြေစိုက် တပ်ဖွဲ့များဖြစ်သည့် Chauk Guerrilla Force၊ တမာမြေ ပျောက်ကြားတပ်ဖွဲ့နှင့် ကျားသစ်နက်စစ်ကြောင်း များလည်း ပူးပေါင်းပါဝင်ခဲ့သည်ဟု Chauk Guerrilla Force တာဝန်ခံ ရဲဘော်ဘကွန်း ကပြောသည်။

တိုက်ပွဲများကြောင့် ပုလဲမြို့နယ် သာစည်ကျေးရွာ၊ သရက်လှကျေးရွာ၊ ကန်ဒေါင့်ကျေးရွာ အပါအဝင် ကန်ဒေါင့်ရဲစခန်းအနီးရှိ ကျေးရွာ ၇ ရွာက ဒေသခံပြည်သူ သုံးထောင်ကျော် စစ်ဘေးရှောင်နေရသည်ဟု ပုလဲဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက " ဒေသခံတွေ ရှောင်နေကြတာ တစ်ပတ်လောက်ရှိပြီ၊ နီးစပ်ရာတောတွေ ရွာတွေ ရှောင်နေကြတာပေါ့၊ စုစုပေါင်း ၃ ထောင်ကျော်လောက် ရှိမယ်ဗျ " ဟု ပြောသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ကန်ဒေါင့်ရဲစခန်း အပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။

03/01/2023

ပုလဲက စစ်ကောင်စီရဲစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ဗုံး(၁၄)လုံးကြဲပြီး တိုက်ခိုက်(ရုပ်သံ)

လူငယ့်ခေတ်
ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း ပုလဲနယ် က အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကန့်ဒေါက်ရဲစခန်းကို နှစ်ရက်ဆက် ဒရုန်းနဲ့ဗုံး(၁၄)လုံးကြဲကာ တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ Salingyi Special Task Force - SSTF တပ်ဖွဲ့က သတင်းထုတ်ပြန်ဖော်ပြပါတယ်။

ဒီဇင်ဘာ ၃၁ရက်နဲ့ ဇန်နဝါရီ၁ရက်နေ့တွေမှာ နှစ်ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံး(၁၄)ကြဲပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Salingyi Special Task Force - SSTF တပ်ဖွဲ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုတိုက်ခိုက်မှုကို Salingyi Special Task Force - SSTF နဲ့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တပ်ရင်း၂ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ကာ တိုက်ခိုက်မှုအပြီးမှာ တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


#လူငယ့်ခေတ်
Video-Salingyi Special Task Force - SSTF

02/01/2023

ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်းကို
KTLA(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)၊ KNLAနှင့် ပူးပေါင်းအဖွဲ့မှသိမ်းပိုက်

ယနေ့ မနက် ၃ နာရီလောက်မှာ BGF စခန်း ၃ ခုထဲမှ ၂ ခုကို လောလောဆယ် သိမ်းထားပြီး စစ်ကောင်စီလက်အောက်ခံတပ်တွေ အထိအခိုက်အကျအဆုံးများသလို Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်(ခ)အနဲနှင့်
ပူးပေါင်းအဖွဲ့မှရဲဘော်များလည်းကျဆုံးခဲ့ပါတယ်။
နှဈဖကျထိခိုကျဒဏျရာရရှိသူမြားလညျးရျှိနပေါတယျ။
မြေပြင်မှာအထိနာလာတော့ လေကြောင်းပစ်ကူပါ လက်ရှိ ပေးနေခဲ့ရာ ဒေသခံ ၄ ယောက် လေယာဥ် ဗုံးဆထိမှန်ထားခဲ့တယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးနားအပါအဝင် ဘုရားသုံးဆူအထိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နှင့် KTLA(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)၊KNLA နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့တွေကြား ၂ ပတ်ကြာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ၁၅၀၀ ကျော်လည်းရှိနေပါတယ်။

တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ခဲယမ်းအမြောက်အမြားလည်းအသုံးပြုတိုက်ပွဲဝင်နေပါတယ်။
နောက်ဆုံးစခန်းကုန်းနှင့်ယခုလက်ရှိအချိန်ထိ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေပြီး ရန်သူ့လေကြောင်းစစ်ကူများအကြားမှ အောင်ပွဲဆင်သွားမယ်လို့ ဗျူဟာမှူးကျော့အယ်စေးဝါးကပြောပါတယ်။


#ဗျူဟာစစ်ကြောင်း

#ထိုးဖောက်ဝင်_မြို့ပြဗျောက်

02/01/2023

မွန်ပြည်နယ်မှာ ယနေ့မနက် မိုင်တဲတာဝါတိုင်ကိုဖျက်ဆီးခဲ့ပြီး စကစတပ်များ တက်လာတဲ့လမ်းကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ကဆို

jotar lay

မွန်ပြည်နယ်မှာ ယနေ့မနက် မိုင်တဲတာဝါတိုင်ကိုဖျက်ဆီးခဲ့ပြီး စကစတပ်များ တက်လာတဲ့လမ်းကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ကဆိုပါတယ်။

ဇန်နဝါရီ၂ရက်မှာ စစ်ရေးသတင်းကို ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကအတည်ပြုဆိုပါတယ်။

"၂၀၂၃ မွန်ပြည်နယ် ကျုံလောင်းကျနော်တို့ ရွာဟောင်းမှာရှိတဲ့ မိုင်တဲတာဝါတိုင်ကို အရင်ဖြိုခွင်းဖျက်ဆီးတယ်။ဖြိုခွင်းဖျက်ဆီးပြီးမှ ကျနော်တို့ ခွေးတွေ တက်လာမယ့်လမ်းက ကင်းပုန်းယူစောင့်ပစ်တယ်။ခွေးတွေ မြောက်များစွာကျတယ်"လို့ဆိုပါတယ်။

ဒီဇင်ဘာ ၂၇ရက်နေ့ကလည်း ရေးမြို့၊ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားကို ရေးဘီလူးအဖွဲ့မှပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ကနှစ်ဦးသေဆုံးခဲ့ပါတယ်။

01/01/2023
01/01/2023

အရေးကြီးပြီ
ဆက်လက်စည်းလုံးညီညွတ်ဖို့...
သွေးမကွဲဖို့....
တွဲထားတဲ့လက်တွေ ဆက်မြဲဖို့...
ပေါင်းစပ်ညီညွတ်စစ်ဆင်နိုင်ဖို့....
အရေးကြီးပြီ

04/11/2022

လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချူပ်အောင်ဆန်းအကြောင်း တစေ.တစောင်း

ကဗျာဆရာဟိန်းရဲ့ အရေးအသားကို
စာရေးဆရာ ညီမင်းညိုမှ ရွတ်ဖတ်ခြင်း.......

29/10/2022

မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီအတွက် အရမ်းကို ဆုံးရှုံးမှု ကြီးမားပါတယ် (ရုပ်/သံ)

အောက်တိုဘာ ၂၉၊ ၂၀၂၂

စစ်အာဏာရှင် စနစ်ကို တွန်းလှန်ရာမှာ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မန္တလေး မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာ ဝံသာဘိဝံသဟာ အောက်တိုဘာလ ၂၇ ရက်နေ့ ည ထိုင်းစံတော်ချိန် ၁၀ နာရီကျော်အချိန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အစိုးရဆေးရုံကြီးမှာ နှလုံးသွေးကြောပိတ် ဝေဒနာနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။

မြ၀တီမင်းကြီး ဆရာတော်ဟာ သက်တော်(၇၁) နှစ်၊ သိက္ခာတော်(၅၁) ဝါမှာ ဓမ္မဝါဒ ထွန်းကားပြန့်ပွါးရေးအတွက် သာသနာ ပြုရင်း ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ကြီးဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပူးပေါင်းပြီး အဓမ္မဘက်က ရပ်တည်နေတဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ အရှင်ဆေကိန္နတို့လို ဩဇာကြီးမားတဲ့ ဘုန်းကြီးတွေကို ပြောင်ပြောင်တင်းတင်း ဝေဖန်ပြီး ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဆရာတော်တပါး ဖြစ်ပါတယ်။

29/10/2022

| မြန်မာနိုင်ငံတည်း ဟူသော အခန်းထဲမှာ ထွန်းထားတဲ့ အကြီးဆုံးသော မီးတိုင်ကြီး ရုတ်တရက် ဖြတ်ဆို ငြိမ်းသွားသလို ဦးဇင်းတို့ ရင်ထဲမှာ ခံစားရပါတယ် |

ဦးဝါယမ ( နွေဦးတော်လှန်ရေးသံဃကွန်ရက် )

မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရိယဝံသာ ဘိဝံသ ၊ (သ.စ.အ) ဓမ္မာစရိယ. ဝဋံသကာ ၊
"အန္တိမ အဂ္ဂိ စျာပန အစီအစဥ်" ကို အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Website