Sau Baung

Sau Baung

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sau Baung, Financial Consultant, .

14/06/2022

အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ပေမဲ့ ဆုံးရှုံးနှစ်နာမူ့ မများအောင်လူတိုင်း ကြိုတင်အကာကွယ်ယူထားနိုင်ပါတယ်။
အမကြီး အမိအရာ ပီသတဲ့ ညီမလေးက မိမိကိုယ်တိုင်ရော မောင်/ ညီမတွေကိုပါ တပါးတည်း တူတူ အသက်အာမခံထားလိုက်တာ ဝမ်းသာကြည်နှုးရပါတယ်။

27/05/2022

ပျော်ရွှင် ကျန်းမာ သက်ရှည်ဖို့ ခုပဲ ဆက်သွယ်လိုက်ပါနော်

16/05/2022

အနာဂါတ်မှာ ငွေကြေးနဲ့ပတ်သက်တဲ့သောကကင်းဝေးပြီး စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ သာသာယာယာနေနိုင်ဖို့ဆိုရင်..
ကိုယ့်ရဲ့ပိုက်ဆံတွေကို
အသုံးစရိတ်နဲ့ရင်းနှီးမြုတ်နှံဖို့အတွက်ဖယ်ပြီးရင်
ကျန်တာတွေကို ဘယ်လိုခွဲဝေစုဆောင်းသင့်တယ်ဆိုတာလေးမျှဝေပေးချင်ပါတယ်..!

၃ ပုံခွဲထားပါ ... အလွယ်ပြောရရင် ရေတို၊ ရေရှည်၊ ရေလတ် ပေါ့..!

📌ရေတို
ရုတ်တရက် အရေးပေါ်ကိစ္စငယ်လေးတွေပေါ်လါရင် သုံးဖို့ပါ..! ဒီအတွက် ဘယ်လေါက်ပမာဏ ဖယ်စုထားသင့်လဲဆိုရင် တစ်လစာအသုံးစရိတ်ရဲ့ ၆ ဆ ကနေ ၁၀ ဆပါ..! တစ်လ ၃ သိန်းအသုံးစရိတ်ရှိတယ်ဆိုရင် သိန်း ၂၀ နဲ့ ၃၀ ကြားလေါက်ကို ရံထားသင့်တယ်ပေါ့ဗျာ..!

📌ရေလတ်
နေထိုင်မကောင်းဖြစ်တာမျိုး အလုပ်အကိုင်အပြောင်းအလဲမှာ ဝင်ငွေမရှိ ဖြစ်တဲ့အချိန်မျိုးတွေဖြစ်လါခဲ့ရင် သုံးဖို့ပါ..! ဒီအတွက် ဘယ်လေါက်ပမာဏ ဖယ်စုထားသင့်လဲဆိုရင် တစ်နှစ်ဝင်ငွေရဲ့ ၅ ဆပမာဏလေါက်ကိုဖယ်စုထားသင့်ပါတယ်..! (ကျန်းမာရေးအာမခံ/နှစ်တိုငွေပင်ငွေရင်း အသက်အာမခံလိုမျိုးဝယ်ထားပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်)

📌ရေရှည်
အငြိမ်းစားယူချိန်မှာသုံးဖို့...
သား/သမီးပညာရေးထောက်ပံ့ဖို့...
အိမ်/မြေဝယ်ယူရင်းနှီးမြုတ်နှံဖို့ နဲ့
အမွေစီမံဖို့တွေအတွက်မှာ သုံးဖို့ပါ..!
ဒီအတွက် ဘယ်လေါက်ပမာဏ ဖယ်စုထားသင့်လဲဆိုရင် တစ်နှစ်ဝင်ငွေရဲ့ ၁၀ ဆပမာဏလေါကို ရည်မှန်းချက်ထားစုသင့်ပါတယ်..! (ပညာရေးအသက်အာမခံ၊ ဘဝတစ်သက်တာအသက်အာမခံလိုဟာမျိုး ကြိုတင်ဝယ်ယူ ကာကွယ်ထားလို့ရပါတယ်)

မိတ်ဆွေတို့မိသားစုအတွက်
ဘယ်လို ငွေကြေးစီမံခန့်ခွဲမှုနဲ့ကာကွယ်မှုတွေရယူထားရမယ်ဆိုတာကို
သိရဖို့အတွက် "သုခချမ်းသာ" မှငွေကြေးအတိုင်ပင်ခံများနဲ့လွတ်လွတ်လပ်လပ် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

11/05/2022

အားလုံး မင်္ဂလာပါ . .!
ဒီနေ့ဝေမျှချင်တဲ့ ခေါင်းစဉ်ကတော့ အားလုံးစိတ်ဝင်စားကြမယ့် ခေါင်းစဉ်လေးဖြစ်ပါတယ်..!

Achievement = Smart Work + Hard Work

၁၉၃၀ မှာ Allen F. Morgenstern ပြောခဲ့တဲ့ “Work smarter, not harder” ဆိုတဲ့စကားကို ကျနော်တို့အရမ်းသဘောကျခဲ့ကြတယ်။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့အလုပ်တွေဟာ တကယ်ရော work smart ဖြစ်နေရဲ့လား.?
တကယ်ရော hard work ဖြစ်စရာမလိုဘူးလား.? ဆိုတာကိုတော့ ပြန်ဆန်းစစ်ကြည့်ဖို့လိုပါလိမ့်မယ်..!

မိတ်ဆွေ . .
Smart working လုပ်ရုံနဲ့ ရေရှည်ရလဒ်ကောင်းတွေရနေမှာမဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ကို hard working နဲ့ ကြိုးကြိုးစားစားလုပ်ကိုင်ပြီးမှသာ ကိုယ်ဘာလုပ်နေတယ်ဆိုတာ နားလည်ပြီး ပိုမိုကောင်းမွန်တဲ့ smart working plan တွေကိုရေးဆွဲနိုင်မှာပါ။

လူအများစုဟာ အရှိန်အဟုန်နဲ့ရွေ့လျားနေတဲ့ ကမ္ဘာကြီးမှာ အင်တိုက်အားတိုက် hard working မလုပ်ပဲ smart working ကိုအလွယ်တကူကူးပြောင်းသွားတာကြောင့် ကျဆုံးမှုတွေဆီကို ဦးတည်သွားနိုင်ပါတယ်။ ဒါဟာအင်အားအနည်းငယ်စိုက်ထုတ်ရမယ့် concepts တွေအပေါ်အာရုံမထားပဲ problem-solving ပြုလုပ်ဖို့ ကြိုးစားနေသလိုပါပဲ။

အခုပြောပြမယ့် smart working ရဲ့အဓိကသဘောတရားတွေကိုသာ hard working နဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် မိတ်ဆွေရဲ့အောင်မြင်မှုဟာ လျင်လျင်မြန်မြန်ရောက်ရှိလာမှာ အသေအချာပါပဲ..!

🟦 ထက်မြက်တဲ့ဆုံးဖြတ်ချက်+အလုပ်ကြိုးစားခြင်း

ကိုယ်ကြိုးစားသလောက်ပြန်ရချင်တယ်ဆိုရင် ကိုယ့်ရဲ့အားထုတ်မှုနဲ့အရင်းအမြစ်တွေအပေါ်မှာ ထိရောက်တဲ့ရလဒ်တွေရနိုင်အောင် ထက်မြက်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ အရေးကြီးပါတယ်။

🟦 ကိုယ့်ပန်းတိုင်အကြောင်း ကိုယ်သိပါ

အလုပ်မစခင်မှာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရှင်းရှင်းလင်းလင်းသိနေဖို့က အရေးကြီးပါတယ်။ ဘယ်ကိုသွားနေမှန်းမသိတဲ့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေဟာ အချိန်နဲ့ခွန်အားကိုဖြုန်းတီးရာရောက်ပါတယ်။ ဒါကြောင့် ရေတို၊ ရေရှည်စီမံကိန်းတွေပြင်ဆင်ပြီး ကိုယ့်တိုးတက်မှုကို ခြေရာခံပါ။

🟦 အချိန်ကိုစီမံခန့်ခွဲပါ။

အချိန်ဟာ အမြဲတမ်းတန်ဖိုးရှိတာကြောင့် ကိုယ်လုပ်ငန်းအားလုံးကို အချိန်ခွဲခြားသတ်မှတ်ထားပါ။ ကိုယ့်အချိန်တွေကိုပြုန်းတီးစေတဲ့၊ ပြီးမြောက်အောင်အချိန်အကြာကြီးယူရတဲ့ အလုပ်တွေကို သတိပြုလုပ်ဆောင်ပါ။

🟦 ကိုယ့်အလုပ်က ထိရောက်မှုရှိမရှိ ဆန်းစစ်ပါ။

ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်ရည်မှန်းချက်ကိုရောက်မနေဘူးဆိုရင်တောင် တိုးတက်မှုရလဒ်တော့ရှိပါစေ။ မျက်စိစုံမှိတ်ပြီးအလုပ်မလုပ်ပါနဲ့။ ဘယ်အလုပ်က ကိုယ့်ရည်မှန်းချက်တွေကို ဘယ်လိုအောင်မြင်အောင် ကူညီပေးနိုင်မလဲဆိုတာ ဆန်းစစ်ပါ။

မိတ်ဆွေအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်..! အခြားသူတွေကို အခုလိုအကျိုးရှိတာတွေ သိရှိစေချင်တယ်ဆိုရင်လည်း Share ခလုပ်လေးနှိပ်ပြီး မျှဝေပေးလို့လည်းရပါတယ်..!

ThuKhaChanThar

27/04/2022

Retirement Plan လုပ်ထားရင် ရရှိမယ့်အကျိုး (၃) ခု

များသောအားဖြင့် အသက်ကြီးချိန်မှာငွေကြေးနဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြတာ / ပင်ပင်ပန်းပန်းနဲ့ဆက်ပြီးရုန်းကန်နေကြရတာမျိုးတွေ မိတ်ဆွေတို့ပတ်ဝန်းကျင်မှာ မြင်ဖူးကြပါလိမ့်မယ်... အဲ့ဒါဘာကြောင့်လဲဆိုတော့ ငယ်ရွယ်ချိန် ရှာနိုင်ဖွေနိုင်တုန်းအချိန်က အသက်ကြီးချိန်မှာ အေးအေးဆေးဆေးနေနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေမလုပ်ခဲ့လို့ .. တနည်းအားဖြင့် Retirement Plan မလုပ်ခဲ့လို့ပါ..!

လုပ်ခဲ့မယ်ဆိုရင် ရမယ့်အကျိုးကျေးဇူးတွေက ...

🟦 အနာဂါတ်အတွက် စိတ်အေးချမ်းလုံခြုံမှုရှိပါမယ်

ကိုယ်အလုပ်က အနားယူတဲ့အခါ ကိုယ့်အတွက် လုံခြုံစိတ်ချရတဲ့ Retirement Plan တခု ရှိထားတဲ့အတွက်၊ ကိုယ်တိုင် ဘယ်သူ့အထောက်အပံ့မှ မယူဘဲ ရပ်တည်နိုင်ပြီး ကိုယ်ဝါသနာပါတာလေး တွေကို ပဲ တစိုက်မတ်မတ် လုပ်သွားနိုင်ပါမယ်။

🟦 ငွေကြေးအတွက် ပူပင်ရတာမျိုးတွေမရှိနိုင်တော့ပါဘူး

ခိုင်မာမှန်ကန်တဲ့ Retirement Plan ကနေ ကိုယ့်အတွက် အသုံးစရိတ်ပြန်ရနေမှာ ဖြစ်လို့ ငွေကြေးအတွက် ပူပန်ရတာမျိုးတွေ ရှိနေမှာ မဟုတ်ပါဘူး။

🟦 စောစောစီးစီးအလုပ်ကနေ အနားယူလို့ရပါမယ်

မိတ်ဆွေတို့ အခု သက်လတ်ပိုင်းအရွယ်လောက်တည်းက Retirement Plan တစ်ခုထားရှိပြီး ငွေပုံမှန်လေးစုသွားမယ်ဆိုရင် မိတ်ဆွေတို့ ရဲ့ အနာဂါတ်အတွက် ငွေကြေးကာကွယ်မှုပေးနိုင်မယ့် Financial Plan တစ်ခုရှိထားပြီဆိုတော့ အလုပ်ကနေ စောစောအနားယူပြီး ကိုယ်ဝါသနာ ပါတာတွေအတွက် အချိန်ပေးပြီး ဘဝကို ပျော်ပျော်နေလို့ရနိုင်ပါမယ်။

Retirement Plan နဲ့ ပါတ်သက်တာပဲ ဖြစ်ဖြစ် ..
မိတ်ဆွေတို့မိသားစုအတွက်
ဘယ်လို ငွေကြေးစီမံခန့်ခွဲမှုနဲ့ကာကွယ်မှုတွေရယူထားရမယ်ဆိုတာကို သိရဖို့အတွက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

26/04/2022

အာမခံထားခြင်းက ဘာလို့အရေးကြီးတာလဲ။

လူတွေက ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ငွေရှာမယ်၊
လိုချင်တာတဲ့ပစ္စည်းတွေ ဝယ်မယ်၊ အိမ်ဝယ်မယ်၊
ကိုယ့်လုပ်ငန်းကို ချဲ့လိုက်မယ်၊
သားသမီးကို ဘယ်လိုပညာရေးမျိုးထားမယ်၊
ဘယ်လိုကားမျိုးဝယ်စီးမယ်၊
ဘယ်လိုနေရာမျိုးကို အလည်အပတ် ခရီးထွက်မယ်၊

အဲဒီလိုမျိုး လုပ်ချင်တာတွေ အကုန်လုံးက တိုက်စစ်ကစားနေတာနဲ့တူတယ်။ လူတွေက အဲလိုတိုက်စစ်ကစားတာကိုပဲ အားသန်ကြတယ်။

အဲဒါတွေအကုန်လုံးကလည်း ကိုယ်က ကျန်းကျန်းမာမာနဲ့ အသက်ရှင်သန်ပြီး လုပ်ကိုင်နိုင်စွမ်းရှိတော့မှ အကောင်အထည်ဖော်လို့ရမယ့်အရာတွေ ဖြစ်တယ်။

ကိုယ်သာ မမျှော်လင့်ဘဲနဲ့ ရုတ်တရက် ထာဝစဉ်မသန်စွမ်းဖြစ်သွားတာပဲဖြစ်ဖြစ်၊ တိမ်းပါးသွားတာပဲ ဖြစ်ဖြစ် ကိုယ်သာမရှိတော့ဘူးဆိုရင် ၊ မိသားစုတစ်ခုမှာ Income ကို အဓိက Generate လုပ်နေတဲ့ လူတစ်ယောက်သာ မရှိတော့ဘူးဆိုရင် ရှေ့ဆက်ဖြစ်သွားမယ့်အရာတွေအတွက်ကို ကြိုတင်ပြင်ဆင်ထားတာရှိတဲ့သူက အင်မတန့် အင်မတန် နည်းပါတယ်။

အာမခံထားထားခြင်းကတော့ အဲဒီအရာတွေအတွက် Protection အကာအကွယ် လုပ်ထားသလို ဒေါင်ဒေါင်မြည်ခံစစ်မှူးတစ်ယောက်အနေနဲ့ အကာအကွယ်ပေးနိုင်ပါတယ်။

25/04/2022

ပုံမှန်သမရိုးကျအတိုင်း အလုပ်လုပ်ကြမယ်…

သုံးမယ်။ ဝယ်ချင်တာဝယ်မယ်။ စုဆောင်းမယ်…

ရင်းနှီးမြှပ်နှံတာတွေလုပ်ကြမယ်…

ပြီးတော့ကော ကိုယ်ဘယ်အရွယ်မှာ Retirement လုပ်မလဲ?

Retire အတွက် ကိုယ်က Financial Planning တွေကော လုပ်ထားပြီးသွားပြီလား?

တကယ်လို့ ကိုယ်က အကြောင်းအမျိုးမျိုးကြောင့် အလုပ်မလုပ်နိုင်တော့လို့…

ဝင်ငွေမရှိနိုင်တော့လို့..

ဒါမှမဟုတ် ရုတ်တရက် တိမ်းပါးသွားခဲ့ရင် အဲဒီအလှည့်အပြောင်းမှာ ကိုယ့်ဝင်ငွေကို မှီခိုနေတဲ့ ကိုယ့်မိသားစုအတွက်…

ကိုယ့်မှာ အရွယ်မရောက်သေးတဲ့သားသမီးတွေ ရှိတယ်ဆိုရင် သူတို့ရဲ့ ပညာရေးဆုံးခန်းတိုင်အောင် ထားပေးနိုင်ဖို့အတွက်….

Contingency Plan အနေနဲ့ ကိုယ်ဘာလုပ်ထားပေးတာရှိလဲ?

အဲဒါတွေအတွက် အသက်အာမခံလုပ်ထားတာကလည်း ကိုယ့် Financial ကို Protection လုပ်ထားခြင်းတစ်မျိုးပါပဲ…

Website