Hinthada University Students' Association

Hinthada University Students' Association

ဟင်္သာတတက္ကသိုလ်ရှိ ကျောင်းသား/သူမ?

Photos from Hinthada University Students' Association's post 06/07/2022

ဟင်္သာတတက္ကသိုလ် စာစစ်ဌာန
စတုတ္ထနှစ်ဝိဇ္ဇာ(ဘွဲ့) - အင်္ဂလိပ်စာအထူးပြု အောင်စာရင်း

Photos from Hinthada University Students' Association's post 21/06/2022

၂၀၂၂ပညာသင်နှစ် ဟင်္သာတတက္ကသိုလ် အဝေးသင်သင်တန်း ပထမနှစ်(၂၀၁၉ အောင်)၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် ပထမနှစ်(၂ဝ၂ဝ အောင်) (သိပ္ပံ)အထူးပြုအားလုံး၏ အပတ်စဉ်ပြုလုပ်မည့် လက်တွေ့ သင်တန်းအချိန်ဇယားနှင့် (Schedule)ကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာခြင်း

ဟင်္သာတတက္ကသိုလ်

14/06/2022

၂၀၂၂ ပညာသင်နှစ်အတွက် ပထမနှစ်၊ဒုတိယနှစ်နှင့် တတိယနှစ်များ ကျောင်းအပ်နှံနိုင်ပြီဖြစ်ပါသည်။

10/06/2022

၂ဝ၂ဝ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဟင်္သာတတက္ကသိုလ် (အဝေးသင် သင်တန်း)သို့ နောက်ဆက်တွဲ ဝင်ခွင့်ရရှိသူများစာရင်းအား ထုတ်ပြန်ကြေညာခြင်း (နောက်ဆက်တွဲ-၁၁)

ဟင်္သာတတက္ကသိုလ်

25/05/2022

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊သူများ နေ့သင်တန်းကျောင်းအပ်နှံခြင်းနှင့် ကျောင်းပြောင်းခြင်းကို ဇွန်လ(၁၀)ရက်နေ့ နောက်ဆုံးထားလက်ခံမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ်ဝင်ခွင့်ရသူများအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အပြောင်းအရွှေ့နှင့် ကျောင်းအပ်နှံခြင်းများကို ၂၀၂၂ ခုနှစ် ဇွန်လ (၁၀)ရက်နေ့အထိ နောက်ဆုံးထား၍ လက်ခံရန် အကြောင်းကြားပါသည်။

24/05/2022

အသိပေးကြေညာခြင်း 📌

မိမိတို့ Hinthada University Pageအနေဖြင့် ဟင်္သာတတက္ကသိုလ် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီသိရှိစေရန်၊ ကျောင်းသားကျောင်းသူများအား ကျောင်းကိစ္စအကူအညီ/အကြံဥာဏ်ပေးရန်နှင့် အဆင်ပြေချောမွေ့စေရန်အတွက် ကျောင်းသားကျောင်းသူများကိုယ်တိုင် ဖန်တီးတည်ထောင်ထားသော Pageဖြစ်ပါသည်(အဖွဲ့အစည်းမဟုတ်ပါ)။ ထို့ကြောင့် ဟင်္သာတတက္ကသိုလ်ရှိ ဆရာဆရာမများနှင့် ပြန်ကြားရေးတာဝန်ခံများ၏ ကိုယ်စားပြုPageမဟုတ်ကြောင်း အတိအလင်းကြေညာအပ်ပါသည်။

📨📬 လူကြီးမင်းတို့အနေဖြင့် မိမိတို့ Hinthada University Pageသို့ ဟင်္သာတတက္ကသိုလ်နှင့် သက်ဆိုင်သောသတင်းများ ပေးပို့လိုပါက မိမိတို့အနေဖြင့် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါတယ်။ သတင်းများကိုPage Chatboxမှတဆင့် ပေးပို့ဆက်သွယ်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။

ဟင်္သာတတက္ကသိုလ်နှင့်သက်ဆိုင်သော လိပ်စာများ

📌 ဟင်္သာတတက္ကသိုလ် ရုပ်မြင်သံကြားဌာန
https://www.facebook.com/%E1%80%9F%E1%80%84%E1%80%BA%E1%80%B9%E1%80%9E%E1%80%AC%E1%80%90%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA-%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%9E%E1%80%B6%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-111346807298847/

📌 Hinthada University Students' Association
https://www.facebook.com/husa2022/

📌 Hinthada University Website
https://www.hu.edu.mm

Admin Team
ဟင်္သာတတက္ကသိုလ်ကျောင်းသားကျောင်းသူများ

10/05/2022

ဟင်္သာတတက္ကသိုလ်တွင် ဥပဒေဘာသာရပ် စတင်လျှောက်ထားနိုင်ပြီ(2020 အောင်)

02/05/2022

ဟင်္သာတ တက္ကသိုလ် ၏ အောက်ဖော်ပြပါ သင်တန်းနှစ်များကို (၁၂.၅.၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

30/04/2022

၂၀၂၀ပညာသင်နှစ် အဝေးသင်သင်တန်း ကျောင်းအပ်နှံခြင်းကို (၁၃-၅-၂၀၂၂)ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

ဟင်္သာတတက္ကသိုလ်(အဝေးသင်သင်တန်း) သင်တန်းနှစ်အားလုံး (စတုတ္ထနှစ်သိပ္ပံမှအပ) ၏ (၂၀၂၀ ပညာသင်နှစ်) ကျောင်းဝင်မှတ်ပုံတင်ရန်ကျန်ရှိသည့် ကျောင်းသားကျောင်းသူများအတွက် ၂၀၂၂ ပညာသင်နှစ်အဖြစ် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို (၂၆.၄.၂၀၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဟင်္သာတတက္ကသိုလ် ကိုယ်စားပြုပညာရေးအဖွဲ့၏ (၂/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်အရ ( ၁၃-၅-၂၀၂၂ ) ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အဝေးသင်ဌာန၊ ဟင်္သာတတက္ကသိုလ်

27/04/2022

၂ဝ၂ဝ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဟင်္သာတတက္ကသိုလ် (နေ့သင်တန်း)သို့ နောက်ဆက်တွဲ ဝင်ခွင့်ရရှိသူများစာရင်းအား ထုတ်ပြန်ကြေညာခြင်း
အပိုင်း(၂)

25/04/2022

၂၀၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် (ဝိဇ္ဇာအထူးပြု) ဒုတိယအသုတ်နှင့် တတိယအသုတ်တို့၏ အနီးကပ်သင်တန်းများ ဖွင့်လှစ်မည့်ရက် ကြေညာ

Photos from Hinthada University Students' Association's post 23/04/2022

၂ဝ၂ဝ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဟင်္သာတတက္ကသိုလ် (အဝေးသင် သင်တန်း)သို့ နောက်ဆက်တွဲ ဝင်ခွင့်ရရှိသူများစာရင်းအား ထုတ်ပြန်ကြေညာခြင်း

အဝေးသင်ဌာန၊ ဟင်္သာတတက္ကသိုလ်

21/04/2022

အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်မည်

18/04/2022

အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းများ ရက်ရွှေ့ဆိုင်း

၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနသည် … တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ၂၀၂၂ ခုနှစ် မေလအတွင်း ဖွင့်လှစ်ရန်လျာထားသည့် ၂၀၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် … နောက်ဆုံးနှစ် ဒုတိယအသုတ် (ဝိဇ္ဇာအထူးပြု)နှင့် တတိယအသုတ် (ဝိဇ္ဇာအထူးပြု)များ၏ အနီးကပ် သင်တန်းများကို ခေတ္တရက်ရွှေ့ဆိုင်းလိုက်သည်။

၂။ အဝေးသင်တက္ကသိုလ်သင်တန်း အသီးသီးအတွက် စာစဉ်ပို့ချဆွေးနွေးမှုများနှင့် အသံလွှင့်ပို့ချ ချက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အနီးကပ်သင်တန်းအချိန်စာရင်းကို .. အချိန်မီအသိပေး ကြေညာသွားမည်ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန

18/04/2022

ကြေညာချက်

၁။ ဟင်္သာတတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ( ၁၂-၅-၂၀၂၂ )ရက်နေ့တွင် ဖွင့်လှစ်မည့် ပထမနှစ် (၂၀၂၀ အောင်)သင်တန်း၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို (၁၈-၄-၂၀၂၂)ရက် ၊ တနင်္လာနေ့ မှ စတင်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၂။ အဆိုပါသင်တန်းများတွင် ကျောင်းခေါ်ချိန် ၇၅ % ပြည့်မိမှသာ စာမေးပွဲဖြေဆိုခွင့် ရရှိမည်ဖြစ်၍ ကျောင်းဝင်မှတ်ပုံတင်ခြင်းကျောင်းပြောင်းရွှေ့ခြင်းနှင့် အထူးပြုဘာသာရပ် အပြောင်းအရွှေ့များကို ( ၁၈-၄-၂၀၂၂ ) မှ ( ၂၇-၅-၂ဝ၂၂ )ရက်နေ့ နောက်ဆုံးထားပြီး မပျက်မ ကွက် တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

သင်တန်းရေးရာဌာန

14/04/2022

ကျောင်းသား/သူများကို ကိုယ်စားမပြုကြောင်းနှင့် တရားမဝင်ကြောင်း ကြေညာချက်

13/04/2022

၂၀၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ်(ဝိဇ္ဇာအထူးပြုဘာသာရပ်) သင်တန်းများကို‌ အောက်ပါအတိုင်းဖွင့်လှစ်ပါမည်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ၂၀၂၂ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် (ဝိဇ္ဇာအထူးပြု ဘာသာရပ်) သင်တန်းများ၏ စာစဉ်ပို့ချခြင်းများကို (၂၄-၁-၂၀၂၂) ရက်နေ့တွင် စတင်မည်ဖြစ်ပြီး စာစဉ်များကို သတ်မှတ်ရက်များအတိုင်း တင်သွင်းကြရမည်ဖြစ်သည်။

အနီးကပ်သင်တန်းများကို အောက်ပါအတိုင်း ပို့ချမည်ဖြစ်ကြောင်း ကြေညာလိုက်သည် -

ဒုတိယအသုတ်
(အထူးပြုဘာသာရပ်များ-အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒနှင့် ပဉ္စမနှစ် ဥပဒေပညာ သင်တန်း)

(၅-၅-၂၀၂၂) ရက်နေ့မှ (၁၄-၅-၂၀၂၂) ရက်နေ့အထိ

တတိယအသုတ်
(အထူးပြု ဘာသာရပ်များ မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ)

(၂၅-၅-၂၀၂၂) ရက်နေ့မှ (၃-၆-၂၀၂၂) ရက်နေ့အထိ

13/04/2022

ဟင်္သာတက္ကသိုလ်ရှိ ကျောင်းသား/သူများ ပညာသင်ယူရာတွင် အခက်အခဲမရှိအဆင်ပြေစေရန် ဟင်္သာတတက္ကသိုလ် ကျောင်းသား/သူများအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းထားရှိပါသည်။

12/04/2022

နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဟင်္သာတတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နေ့သင်တန်းများဖြစ်သော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ဂုဏ်ထူးတန်းပထမနှစ် သင်တန်းများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများဖြစ်သော ပဉ္စမနှစ်ဥပဒေပညာ၊ ပဉ္စမနှစ်ပညာရေး၊ ဂုဏ်ထူးတန်းတတိယနှစ်၊ မဟာ အရည်အချင်းစစ်သင်တန်း နှင့် မဟာဘွဲ့သင်တန်းများအားလုံးကို ၁၂-၅-၂၀၂၂ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာလိုက်သည်။

ဟင်္သာတတက္ကသိုလ် အဝေးသင်သင်တန်းတွင် ၂၀၂၀ပညာသင်နှစ်၌ ကျောင်းအပ်နှံထားသော နောက်ဆုံးနှစ် ဝိဇ္ဇာအထူးပြု ဘာသာရပ်များမှ ကျောင်းသား၊ကျောင်းသူများသည်၂၀၂၂ပညာသင်နှစ်တွင်အနီးကပ်ပို့ချသင်တန်း များကို အောက်ဖော်ပြပါအတိုင်း တက်ရောက်ရမည်ဖြစ်ကြောင်း ကြေညာ လိုက်သည်။

ဒုတိယအသုတ်

စတုတ္ထနှစ် အဝေးသင်ဝိဇ္ဇာသင်တန်းများ (အထူးပြုဘာသာရပ်များ-အင်္ဂလိပ်စာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ) နှင့် ပဉ္စမနှစ် ဥပဒေပညာသင်တန်း
(၅-၅-၂၀၂၂)ရက်နေ့မှ (၁၄-၅-၂၀၂၂)ရက်နေ့ထိ။

တတိယအသုတ်

စတုတ္ထနှစ် အဝေးသင်ဝိဇ္ဇာသင်တန်းများ (အထူးပြုဘာသာရပ်များ-မြန်မာစာ၊သမိုင်း)
(၂၅-၅-၂၀၂၂)ရက်နေ့မှ (၃-၆-၂၀၂၂)ရက်နေ့ထိ။