Dawei Watch TV
Dawei Watch TV is a platform of Dawei Watch media, providing information mainly TV stories, podcasts and PSA.
ဇူလိုင်လ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
***********
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းကိုလာတဲ့ ခရီးသွားတွေကို စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးတာတွေရှိနေတဲ့အကြောင်း
- တနင်္သာရီတိုင်းထဲက စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့အခြေအနေ
- ထားဝယ်မြို့ရှိ စစ်ကောင်စီဝန်ကြီးအိမ်ယာက အစောင့်ရဲတပ်သားရဲ့အလောင်း ရေမြောင်းထဲတွေ့ရှိခဲ့တာ
- ထားဝယ်ခရိုင်မှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေပါဖြစ်ပေါ်နေတဲ့အကြောင်း
- စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကျိုက်ထုံဒေသခံ လူငယ် ၆ ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရခဲ့တဲ့အခြေအနေ
- စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းယူလိုက်ပြီလို့ ကိုးကန့်တပ်က သတင်းထုတ်ပြန်တာ
- ထိုင်းမှာ ညဖက်မုန့်ထွက်ဝယ်တဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားတာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
တနင်္သာရီမြို့နယ် ထိုင်းနယ်စပ်က မိုးကဖော့စခန်းကို စစ်ကောင်စီတပ်စွန့်ခွာ
လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ မိုးကုတ်ကို တော်လှန်ရေးတပ်တွေသိမ်းယူ
The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၁၁)]
Dawei Watch| အခန်းဆက် ဝတ္ထု
၁၉၅၈ ခုနှစ် စစ်တပ်က အနုနည်းဖြင့် အာဏာသိမ်းလိုက်ပြီ။ စစ်တပ်က ထားဝယ်မြို့ပေါ်တွင် စုဝေးနေကြလေပြီ။ စော်ဖျားက စခန်းများ အခြားနေရာသို့ ရွှေ့ရဦးမည်။ ယခုက အနောက်ဘက်သို့ ခရီး။ သို့သော် ထားဝယ်မြစ်ကြီးက လမ်းခရီးတွင် ကန့်လန့်ခံနေသည်။ ထိုမျှ မကသေး စစ်တပ်၏ ကင်းပုန်းအဖွဲ့။
The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၁၀)] >>> https://fb.watch/txtiSlh8oT/
ဒိုင်လူကြီးက ဘက်လိုက်ခဲ့သော အာဂျင်တီးနားပွဲကို ပြန်ကန်ခိုင်းပြီး မော်ရိုကို,ကို အနိုင်ပေး
Dawei Watch၊ ဇူလိုင် ၂၅
ဒိုင်လူကြီး၏တစ်ဖက်စောင်းနင်း ဆုံးဖြတ်ချက်များကြောင့် ပွဲဆူသွားခဲ့သော အာဂျင်တီးနားနှင့် မော်ရိုကိုတို့၏ ၂၀၂၄ ခုနှစ် ပါရီအိုလံပစ် အုပ်စုအဖွင့်ပွဲစဉ်ကို ပွဲစဉ်ကျင်းပမှု ပြီးဆုံးသွားပြီးနောက် ၂ နာရီအကြာတွင် အငြင်းပွားဖွယ်မိနစ်များကို ပြန်လည်ကစားစေခဲ့ပြီး အာဂျင်တီးနား၏သရေရလဒ် ပျက်ပြယ်ကာ အဆုံးသတ်တွင် မော်ရိုကိုက အာဂျင်တီးနားကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်ဟု သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။
အာဂျင်တီးနားနှင့် မော်ရိုကိုတို့၏အိုလံပစ်ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မော်ရိုကိုက ပွဲကို နှစ်ဂိုးအသာဖြင့် စတင် ဦးဆောင်ထားခဲ့ပြီး အာဂျင်တီးနားက ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ကာ အာဂျင်တီးနားအတွက် ဒုတိယချေပဂိုးရရှိစေရန် ဒိုင်လူကြီးက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်များမှာ ပွဲကို အငြင်းပွားစရာများ ဖြစ်ပေါ်လာစေခဲ့သည်။
အာဂျင်တီးနားသည် ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၁၅ မိနစ်သို့ အရောက်တွင် ဒုတိယမြောက်ချေပဂိုးကို သွင်းယူရရှိခဲ့ပြီး အာဂျင်တီးနားက ချေပဂိုး ရရှိလိုက်ပြီးသည်နှင့်တပြိုင်နက် ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်လိုက်သည်ကို မြင်တွေ့ခဲ့ရသည်။
လက်ရှိတွင် အာဂျင်တီးနားအသင်း သွင်းယူခဲ့သော ချေပဂိုးမှာ လူကျွံဘောဖြစ်နေသည်ကို VAR တွင် တွေ့ရှိခဲ့ရသော်လည်း ဒိုင်လူကြီးများက ဘက်လိုက်ဆုံးဖြတ်ကာ ယင်းဂိုးကို အာဂျင်တီးနားအတွက် အဖိုးတန်ချေပဂိုးအဖြစ် သတ်မှတ်ပေးလိုက်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ပွဲပြီးဆုံးပြီးနောက် နှစ်နာရီအကြာတွင် အငြင်းပွားဖွယ် နာကျင်ပိုအချိန်မိနစ်များကို ပြိုင်ပွဲကျင်းပရေးကော်မတီက ပြန်လည် ယှဉ်ပြိုင်စေခဲ့ကာ အဆုံးသတ်တွင် မော်ရိုကို,က ၂ ဂိုး ၁ ဂိုးဖြင့် နိုင်သွားခဲ့ပြီဖြစ်သည်။
အာဂျင်တီးနားနှင့် မော်ရိုကိုတို့၏ပွဲစဉ် ပြီးဆုံးချိန်တွင် ဒိုင်လူကြီးများနှင့် အာဂျင်တီးနား ကစားသမားများကို ဒေါသထွက်နေသော ပွဲကြည့်ပရိသတ်များက အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးခဲ့ရပြီး ကစားသမားများနှင့် ဒိုင်လူကြီးများ အဝတ်လဲခန်းရှိရာသို့ ရောက်ရှိအပြီးတွင် ပြိုင်ပွဲကျင်းပရေးကော်မတီက သက်ဆိုင်ရာနေရာများသို့ မပြန်စေသေးဘဲ ပွဲကို ပြန်လည်သုံးသပ်လိုက်ခြင်းဖြစ်သည်။
ပရိသတ်များ ရှိနေချိန်တွင် အငြင်းပွားဖွယ်ရာမိနစ်များကို ပြန်လည်ယှဉ်ပြိုင်စေမည်ဆိုပါက ပွဲဆူလာနိုင်ခြေရှိသည့်အတွက် ပရိသတ်များအားလုံး ဘောလုံးကွင်းနှင့်ဝေးရာသို့ ရောက်သွားပြီးနောက် ၂ နာရီအကြာတွင်မှ အငြင်းပွားဖွယ် နာကျင်အချိန်ပိုမိနစ်များကို ပရိသတ်မပါစေဘဲ အာဂျင်တီးနားနှင့် မော်ရိုကိုတို့ကို ပြိုင်ပွဲကျင်းပရေးကော်မတီက ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
အငြင်းပွားဖွယ်ရာ လက်ကျန်မိနစ်များကို မော်ရိုကိုက အာဂျင်တီးနားကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရထားသော ပွဲပြီးဆုံးချိန်မိနစ် ၉၀ မှ စတင်ကာ ပြန်လည်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပြီး အငြင်းပွားဖွယ်လက်ကျန်မိနစ်များကို ပြန်ကစားပြီးချိန်တွင် မော်ရိုကိုက ယင်းရလဒ်အတိုင်း အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။
ပြန်လည်ကစားစေချိန်တွင် ပြိုင်ပွဲကျင်းပရေးကော်မတီက နာကျင်အချိန်ပိုကို ၃ မိနစ်သာ သတ်မှတ်ပေးခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၃ နာရီက စတင်ယှဉ်ပြိုင်ခဲ့ရသော ယင်းပွဲစဉ်မှာ ယခုကဲ့သို့သော နောက်ဆက်တွဲပြဿနာများကြောင့် ဒေသစံတော်ချိန် ည ၇ နာရီကျော်မှသာ ပွဲပြီးဆုံးသွားခဲ့သည်။
ဇူလိုင်လ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
***********
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့မှာ စစ်ကောင်စီတပ်သားတွေပါတဲ့ကား အပစ်ခံရချိန် အနားမှာရှိတဲ့ အရပ်သားတစ်ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါး ပျံတော်မူသွားတဲ့အကြောင်း
- လောင်းလုံးမြို့နယ်တောင်ပိုင်းရှိ ရွာတွေကို စစ်ကြောင်းထိုးချိန်ကအဖမ်းခံရသူတွေ ပြန်လွတ်လာတာ
- သောက်ရေခွက် ပျောက်တဲ့ကိစ္စကြောင့် စစ်ကောင်စီတပ်သားနဲ့ ဒေသခံအမျိုးသမီးတို့ ရန်ဖြစ်တဲ့သတင်း
- ကရသူရိမှာ စစ်မှုထမ်းငှားဖို့ တစ်အိမ်ထောင်ကျပ်သုံးသောင်းကောက်ပေမယ့် စာရင်းမရှင်းသေးတဲ့အခြေအနေ
- မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မွန်က မြို့နယ်ငါးခုရဲ့ အနိမ့်ပိုင်းနေရာတွေကို ရေစဝင်နေတဲ့သတင်း
- မလေးရှားသွားမယ့် မြန်မာ ၈၀ကျော် ထိုင်းမှာ ဖမ်းဆီးခံရတဲ့အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ရေဖြူမှာ စစ်ကောင်စီတပ်သားတွေပါတဲ့ကားပစ်ခတ်ခံရ၊ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦးသေဆုံး
သောက်ရေခွက်ပျောက်တဲ့ကိစ္စ စစ်ကောင်စီတပ်သားနဲ့ ဒေသခံအမျိုးသမီးတို့ ခိုက်ရန်ဖြစ်
မလေးရှားသွားမယ့် မြန်မာ ၈၀ကျော် ထိုင်းမှာ ဖမ်းဆီးခံရ
လားရှိုးမှာ ဒုဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်လက်နက်ချ
ပြင်ကျောင်းရွာက ထားဝယ်သပိတ်ကော်မတီဝင်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်မီးရှို့
ဇူလိုင်လ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
***********
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်ရဲ့သ တ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၄၀၀ နီးပါးရှိလာတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်တဲ့အကြောင်း
- လားရှိုးမှာ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်လက်နက်ချလိုက်တဲ့သတင်း
- ကလိန်အောင်-ကံပေါက်လမ်းပိုင်းမှာ မောရဝတီရေတပ်အရာရှိလိုက်ပါလာတဲ့ကား မိုင်းဆွဲခံရတဲ့သတင်း
- ဘုတ်ပြင်းရေပြင်ကမ်းနီးမှာ ကမ်းဝေးဝါလတ်လှေတွေ အစုလိုက်အပြုံလိုက် ငါးဝင်ဖမ်းနေတဲ့အခြေအနေ
- စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူလိုက်တဲ့အကြောင်း
- ရေဖြူမှာ ခွေးရူးပြန်ရောဂါကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့အကြောင်း အပါအဝင်
- ထိုင်းမြောက်ပိုင်းမှာ ရွှေဆိုင်က လက်စွပ်လုပြေးတဲ့ မြန်မာတစ်ဦးအဖမ်းခံရတာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဘုတ်ပြင်းမှာ ဝါလတ်လှေအုပ်စုလိုက် ကျွန်းအနီးငါးဝင်ဖမ်းလို့ ကမ်းနီးရေလုပ်သားတွေအခက်ကြုံ
The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၁၀)]
Dawei Watch| အခန်းဆက် ဝတ္ထု
ကြည်ကြည်ကို ကြိုးတုပ်လိုက်သည်။ သူလျှိူကြည်ကြည် ဖြစ်သွားလေပြီ။ စော်ဖျားစခန်း တောတွင်း စခန်း။ ဗိုလ်မှူးကျော်တင့်၊ မိုးကြည် တို့နှင့် ကြည်ကြည် တွေ့ဆုံချိန်။ အချုပ်ခန်းထဲက ကြည်ကြည်။
The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၉)] >>> https://fb.watch/tvegebS1hv/
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတ ရာထူးယူ
ဘန်ကောက်က စျေးဝယ်စင်တာတစ်ခုမှာ မြန်မာတစ်ဦး အသတ်ခံရ
ဇူလိုင်လ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
***********
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောဒေသကာကွယ်ရေးတပ် တပ်ခွဲမှူးတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တဲ့အကြောင်း
- တနင်္သာရီမြို့နယ် ဆင်ခေါင်းရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရသွားတာ
- ဘန်ကောက်မြို့က စျေးဝယ်စင်တာတစ်ခုမှာ မြန်မာတစ်ဦးအသ တ်ခံရတဲ့အကြောင်း
- ထိုင်းနိုင်ငံ လုပ်ငန်းခွင်တွေထဲက မြန်မာလုပ်သားတစ်သိန်းနီးပါး စစ်ဆေးခံရပြီး ခြောက်ရာနီးပါးအဖမ်းခံရတဲ့အခြေအနေ
- မြန်မာက ဖိနှိပ်ခံလူတန်းစားနဲ့တောင်သူလယ်သမားအရေး တက်ကြွစွာပါဝင်ခဲ့တဲံ ပါမောက္ခ ဂျိမ်းစကော့ကွယ်လွန်သွားတာ
- သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ရွေးကောက်ပွဲက နုတ်ထွက်သွားတဲ့အကြောင်း အပါအဝင်
- တရုတ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းနှစ်လုံးကြောင့် ရေကြီးရေလျှံပြီး လူသေဆုံးတာတွေများခဲ့တဲ့အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ပုလောဒေသကာကွယ်ရေးတပ်ခွဲမှူးအပါအဝင် နှစ်ဦးသေဆုံး
အမေရိကန်ရွေးကောက်ပွဲကနေ သမ္မတ ဂျိုးဘိုင်ဒင် နုတ်ထွက်
မြန်မာတွေဆင်နွှဲတဲ့ ထိုင်းတောင်ပိုင်းက စေတီအုတ်မြစ်ချပွဲ
ကူးတို့ဂိုဏ်းဝင် သံဃာတော်များ ဝါဆိုဝါကပ်ပြုသည့်မြင်ကွင်းများ
Dawei Watch| ဇူလိုင်လ ၂၁
ရေဖြူမြို့နယ်၊ ဖောင်းတောရွာ၊ ဇေယျသီတာရုံကျောင်းတိုက်က ဂဏဝိမုတ်ကူးတို့ဂိုဏ်းဝင်သံဃာတော်များ ဝါဆိုလပြည့်ကျော်တစ်ရက် ဇူလိုင်၂၁ ရက် ညတွင် ဝါဆိုဝါကပ်ပြုကြပြီး ရွာသူရွာသားများက ဝါဆိုပန်းကပ်ကြသည်။
ထားဝယ်ဒေသတွင် နှစ်စဉ် ဝါဆိုလပြည့်ကျော်တစ်ရက်၌ တောစဉ်တောင်စဉ်တစ်လျှောက် ဝါဆိုပန်းခူး၍ ဘုရားပုထိုးများနှင့် ဘုန်းကြီးကျောင်းများတွင် ဝါဆိုပန်းကပ်သည့် ဓလေ့ကို ပြုလုပ်လေ့ရှိကြသည်။
ကိုဗစ်မတိုင်မီကာလများတွင် ရပ်ရွာအလိုက် မိသားစုအလိုက် ရှင်ကိုးရှင်စာရင်းဝင်ဘုရားများနှင့် ရပ်ရွာအလိုက်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းကပ်၍ဘုရားဖူးခြင်းပြုလုပ်လေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ တိုက်ပွဲများအပြင် လမ်းပိုင်းများတွင် စစ်ဆေးရေးဂိတ်များ များပြားခြင်းတို့ကြောင့် ဝါဆိုပန်းကပ်ဘုရားဖူးထွက်သူ နည်းပါးကြောင်း ထားဝယ်ဒေသခံတို့က ဆိုသည်။
ရပ်ရွာနယ်မြေ မအေးချမ်းသည့် ဒေသများရှိ ဘုန်းကြီးကျောင်းများက သံဃာတော်များသည်လည်း မြို့ပေါ်ရှိ ကျောင်းများတွင် ရှောင်တိမ်း၍ ဝါဆိုဝါကပ်တော်မူရကြောင်း မြို့ပေါ်ကျောင်းတစ်ကျောင်းတွင် ခေတ္တဝါဆိုသီတင်းသုံးနေသည့် ရေဖြူမြို့နယ်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။
Dawei Watch ရဲ့ သတင်းတွေကို
Instagram > https://www.instagram.com/dawei_watch/
Telegram > https://t.me/daweiwatch/
Website > https://www.daweiwatch.com/21/07/2024/95196/
မြန်မာ့ရေးရာ
***********
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၂၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
ယိုရို လည်း အစွမ်းပြ၊ မောင့်ကလည်း ဂိုးဖန်တီးပေးနိုင်ခဲ့သည့် မန်ယူနိုင်ပွဲ
Dawei Watch၊ ဇူလိုင် ၂၁
မန်ယူအသင်းသည် စကော့တလန်နိုင်ငံသို့ သွားရောက်၍ စကော့တလန်ကလပ် ရိန်းဂျားစ်နှင့် ယှဉ်ပြိုင်ကစားခဲ့သော ဒုတိယမြောက် ရာသီကြိုခြေစမ်းပွဲစဉ်တွင် နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။
မန်ယူသည် ပွဲထွက်လူစာရင်းတွင် ဆန်ချို၊ မေဆန်မောင့်၊ ကတ်စ်မဲရိုး၊ ယိုရို၊ ဝမ်ဘစ်ဆကာ၊ အီဗန်စ်နှင့် ဂိုးသမား အိုနာနာ တို့ကို ထည့်သွင်းကစားသွားခဲ့ပြီး မန်ယူနည်းပြ အီရစ်ခ် တန်ဟတ်ဂ်က အသင်းကို ၄-၂-၃-၁ ကစားကွက်နှင့် အထိုင်ချသည်ကို မြင်တွေ့ခဲ့ရသည်။
မန်ယူသည် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးသွားချိန်တွင် ဂိုးသမား အိုနာနာကလွဲ၍ အခြားသော ကစားသမား ၁၀ ဦးလုံးကို လူစားလဲလှယ်သွားခဲ့ပြီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက မန်ယူထံသို့ ပြောင်းရွှေ့လာခဲ့သော ယိုရိုမှာ ပွဲထွက်ကစားရာတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ချီးကျူးခံခဲ့ရသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
မန်ယူသည် ပထမပိုင်းပွဲကစားချိန် ၃၉ မိနစ်တွင် ရိန်းဂျားစ်ဘက်သို့ အဖွင့်ဂိုး စသွင်းနိုင်ခဲ့ပြီး ဒိုင်ယယ်လ်လို သွင်းယူခဲ့သည့် ယင်းဂိုးကို မေဆန်မောင့်က ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
မန်ယူသည် ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၇၀ တွင် ဒုတိယဂိုးကို ဆက်လက် သွင်းယူနိုင်ခဲ့ကာ အိုယီဒီလီ ဖန်တီးပေးလိုက်သည်ကို ဟူဂီးလ်က ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။
မန်ယူသည် ပထမဆုံးယှဉ်ပြိုင်ခဲ့သော ရာသီကြိုခြေစမ်းပွဲတွင် နော်ဝေကလပ် ရိုစင်ဘော့ကို တစ်ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သော်လည်း ယခုပွဲစဉ်တွင် ပုံစံကောင်းကို ထုတ်ဖော်ပြသ၍ ရိန်းဂျားစ်ကို အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။
မန်ယူသည် ယခုပွဲစဉ် ယှဉ်ပြိုင်အပြီးတွင် ရာသီကြိုခြေစမ်းပွဲများ ဆက်လက်ယှဉ်ပြိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုသို့ ခရီးထွက်ခွာလိမ့်မည်ဖြစ်သည်။
မန်ယူသည် အမေရိကန်ပြည်ထောင်စုသို့သွားရောက်မည့် ရာသီကြိုခြေစမ်းခရီးတွင် ဇူလိုင်လ ၂၈ ရက်နေ့၌ အာဆင်နယ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဘက်တစ်တို့နှင့် ဆက်လက် ယှဉ်ပြိုင်ကစားလိမ့်မည်ဖြစ်သည်။
Photos - Reds Updates
The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၉)]
Dawei Watch| အခန်းဆက် ဝတ္ထု
စစ်ကြီးကား စလေပြီ။ ထားဝယ်ရေဝန် ဦးဒါနဲ့ မထင်မှတ်ထားသည့် လှည့်ကွက်။ ထားဝယ်သားများ လက်အောက်ရောက်သွားသော အင်းဝသားများ။ အင်္ဂလိပ်တို့ကို ပထမဆုံး တော်လှန်လိုက်သော ထားဝယ်သားများ။
The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၈)] >>> https://fb.watch/tsffRVOIB1/
မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ အန္တရာယ်မကင်းတဲ့ အပြုအမူများ
**********
မိုင်းနဲ့ အသုံးပြုပြီး မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ (ဒါမှမဟုတ်) ပုံမှန်မဟုတ်တဲ့ အရာဝတ္တုပစ္စည်းတွေကို ကိုင်တွယ်တာ၊ နေရာရွေ့တာ၊ တုတ်နဲ့ထိုးတာ၊ ရေနဲ့လောင်းတာ၊ မီးရှို့တာ၊ ခြေထောက်နဲ့ကန်တာမျိုးနဲ့ အနီးနားရပ်ကပ်ပြီးကြည့်ရှုဖို့ ကြိုးစားတာတွေကို လုံးဝမလုပ်သင့်ပါဘူး။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇူလိုင်လ ၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ)
******************
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
စစ်ကောင်စီတပ်က ညင်းမော်ရွာတွင် ဒေသခံတစ်ဦးကို ပစ်ခတ်ပြီး နေအိမ်သုံးဆောင်မီးရှို့
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
************
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇူလိုင်လ ၁၃ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့များဦးဆောင်ပြုလုပ်သည့် သရက်ချောင်းမြို့နယ်က အာဇာနည်နေ့ အခမ်းအနား
Dawei Watch| ဇူလိုင် ၁၉
၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဒေါင်းညီနောင်စစ်ကြောင်း)တို့ ဦးဆောင်ပြီး သရက်ချောင်းမြို့နယ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် ယနေ့နံနက်က ကျင်းပခဲ့သည်။
Dawei Watch ရဲ့ သတင်းတွေကို
Instagram > https://www.instagram.com/dawei_watch/
Telegram > https://t.me/daweiwatch/
Website > https://www.daweiwatch.com/19/07/2024/95067/
ဇူလိုင်လ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
***********
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့အနီးက ညှင်းမော်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေထွက်ပြေးနေရတဲ့သတင်း
- ကော့သောင်းမြို့နယ်၊ ရွာသစ်ရွာက နေအိမ်တစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း
- ရေဖြူမြို့နယ် ဇာဒီရွာက နေအိမ်ငါးလုံးကို စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်
- ကမ္ဘာတစ်ဝန်း နည်းပညာချို့ယွင်းမှုကြောင့် လေယာဉ်၊ ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ အခက်အခဲဖြစ်လာတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။