Immune Plus

Immune Plus

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Immune Plus, Medical and health, .

Photos from Immune Plus's post 22/05/2021

👩‍⚕️ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်သည်ဆိုသည်အတိုင်း မိုးရာသီ မရောက်မီ ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်းမှကာကွယ်ရန် ကာကွယ်ဆေးကြိုတင်ထိုးနှံထားခြင်းကလည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။

👩‍🦰 ယခုနှစ်အတွက်ကာကွယ်ပေးနိုင်သော ရာသီတုပ်ကွေး ရောဂါပိုး (၄)မျိုး.မှာ..
🔶A/ Victoria /2570/2019 ( H1N1) pdm 09-like strain
🔶A/ Hong Kong/ 2671/2019 ( H3N2 )-like strain
🔶B/ Washington/ 02/2019- like strain
🔶B/ Phuket/ 3073/2013- like strain

💉ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးခင်သိထားသင့်သည့်အချက်များ..

👩‍🦳Q. ရာသီတုပ်ကွေးကာကွယ်ဆေးကို အသက်အရွယ်ဘယ်လောက်မှစပြီးထိုးနိုင်ပါသလဲ❓

🧑🏻‍⚕️A. ရာသီတုပ်ကွေးကာကွယ်ဆေးကို ကလေးငယ်တွေမှာစပြီိးထိုးမယ်ဆိုရင် အသက် ၆လမှစ၍ထိုးနိုင်ပါသည်။
လူကြီး၊လူငယ်၊လူလတ်ပိုင်းတွေမှာဆိုရင်တော့ အသက်အရွယ် အပိုင်းအခြား မရွေးထိုးနိုင်ပါသည်။

👩‍🦳Q. ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်မှာထိုးသင့်ပါသလဲ❓

🧑🏻‍⚕️A. ကာကွယ်ဆေးကထိုးထိုးပြီးချင်း ဆေးအာနိသင် ချက်ချင်းမရပါ။ ဆေးထိုးပြီး (၂)ပတ်လောက်နေမှ ဆေးအာနိသင်စပြီးရတဲ့အတွက်ကြောင့် တုပ်ကွေးရာသီမစခင် (သို့မဟုတ်) မိုးဦးကျရာသီ မရောက်ခင်ကြိုထိုးထားနိုင်လျှင် ပိုကောင်းပါသည်။

👩‍🦳Q. ဘယ်သူတွေက ရာသီတုပ်ကွေးကာကွယ်ဆေး အထိုးသင့်ဆုံးလဲ❓

🧑🏻‍⚕️A. ✅ ကိုယ်ဝန်ဆောင်မိခင်များ ၊ကလေးနို့တိုက်မိခင်များ
✅ ကလေးငယ်များ
✅ အသက် ၆၀နှင့်အထက် သက်ကြီးရွယ်အိုများ
✅ ကိုယ်ခံအားနည်းသူများ
✅ သွေးတိုး၊ဆီးချို၊ပန်းနာရင်ကျပ် ရောဂါအခံရှိသူများ။
✅ ကင်ဆာရောဂါခံစားနေရပြီး ဆေးသွင်းကုသနေသောလူနာများ
✅ နာတာရှည်ရောဂါခံစားနေရသောလူနာများ
✅ လူနာများကို အနီးကပ်ပြုစုစောင့်ရှောက်နေရသောသူများ၊ကျန်းမာရေးဝန်ထမ်းများ.. စသည်တို့တွင် ထိုးသင့်ပါသည်။

👩‍🦳Q. ရာသီတုပ်ကွေးကာကွယ်ဆေးကို ၁ခါထိုးထားရုံနဲ့ လုံလောက်မှုရှိလား❓

👩‍⚕️A. တုပ်ကွေးကာကွယ်ဆေးသည် နှစ်စဉ်ပြောင်းလဲနေသော တုပ်ကွေးရောဂါပိုးဧ။်မျိုးစိတ် (strain) အလိုက် ပြောင်းလဲထုပ်လုပ်နေသည့်အတွက် (၁)နှစ်(၁)ကြိမ်ထိုးဖို့လိုပါမည်။

✅တုပ်ကွေးရောဂါကို ကာကွယ်ခြင်းဟာ တုပ်ကွေးရောဂါကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

👨‍⚕️ရာသီတုပ်ကွေးကာကွယ်ဆေးများထိုးနှံလိုပါက အောက်ပါဖုန်းနံပတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

📱09-5126059,09-5502770,09-441855876 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
👨‍⚕️page messenger မှတဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။

Website