Reborn - Export Fashion

Reborn - Export Fashion

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Reborn - Export Fashion, .

Photos from Reborn - Export Fashion's post 03/06/2024

ဆယ်လ်မွန်+​ပြောင်းဖူး+ချိစ်ပါစတာ

ဂျုံ​ခေါက်ဆွဲအရသာ​တွေရိုးလာပြီဆို
ဒီပါစတာ​လေး​ပြောင်း​ကျွေးကြည့်
ဆန်ကြာဆံလိုအရသာ​လေးမို့ လုံးဝမအီဘူး

ပါစတာ​လေးကို လိုသ​လောက်​ချေပြီး ​​ရေအနည်းငယ်နဲ့ပြုတ်
​ရေခမ်းကာနီးရင် ပြောင်းဖူးနှစ်​လေးနဲ့ ချိစ်​လေးထည့်ပြီး နှံ့​အောင်​မွှေ
ဆယ်လ်မွန်ငါးကို ဆား,ကြက်သွန်ဖြူ,ငရုတ်​ကောင်း,​ဆော့စ်အနည်းငယ်တို့နဲ့နယ်ပြီး ​​ကြော်မယ်
တစ်ဝက်​လောက်ကို ​ပျော့​ပျော့​လေးဖယ်ထားပြီး ကျန်တာကိုကြွပ်​အောင်ဆက်​ကြော်
ခုနက ပါစတာ​လေးထဲကို ဆယ်လ်မွန်ငါး​ပျော့​ပျော့​ကြော်ထားတာ​လေး​တွေထည့်​မွှေပြီး အပူ​ပေးလိုက်ရင်
​မွှေးစိမ့်​နေတဲ့ ပါစတာ​လေးရပါပြီ🥰

#ဖြည့်စွက်စာ
#ပါစတာ
#၁နှစ်အထက်

Photos from Reborn - Export Fashion's post 30/05/2024

ဆယ်လ်မွန်ငါး ​ထောပတ်ထမင်း
Apple+Mango juice

#တစ်နှစ်အထက်

29/05/2024

#ညလယ်စာ
​ပြောင်းဖူးနှစ်နဲ့ နို့ပါစတာ ချိုချို​မွှေး​မွှေး​လေး

Photos from Reborn - Export Fashion's post 07/05/2024

#အမဲသားထမင်း​ပေါင်း

#၁နှစ်အထက်

05/05/2024

#ကံထူးရှင်​လေး
Chat box မှာ ဆက်သွယ်​ပေးပါရှင့်🥰

https://www.facebook.com/100075986741867/posts/447765424433012/

Photos from Reborn - Export Fashion's post 04/05/2024

ဘယ်လိုနာမည်​ပေးရမှန်းမသိတဲ့ အဆာ​ပြေမုန့်😁😁

ကြက်ဥတစ်လုံး,ဂျုံ၂ဇွန်းနဲ့ နို့30ml ကို​​ရော​ခေါက်ပြီး ​ထောပတ်ဆီနဲ့ ခပ်ပါးပါး​ကြော်
Peanut butter ​လေးသုပ်ပြီး​ခေါက်
ပုံ​ဖော် cutter ​လေးနဲ့ ဖြတ်ထားတာ​လေးပါ
စားလို့​တော့​ကောင်းသား😁😁
ပုံ​တောင်မနည်းလုရိုက်ရတယ်😘

#ဖြည့်စွက်စာ

Photos from Reborn - Export Fashion's post 03/05/2024

#​ရေညှိ​ခေါက်ဆွဲ​အေး

ပြုတ်ထားတဲ့​ခေါက်ဆွဲထဲကို ကြက်ဥပြုတ်ရယ် ​ရေညှိ​ရေစိမ်ထားတာ​လေးရယ်ကို ညှပ်ထည့်
ချိစ်မှုန့်ရယ် ကြက်သားမှုန့်ရယ်ထည့်ပြီး နှံ့​အောင်​မွှေ
အ​အေးခံပြီးရင် လုံးဝ​အေးသွား​အောင် ကြက်ပြုတ်ရည်ခဲထားတာ​လေးထည့်
လိ​မ္မော်သီး​အချိုပွဲလေးရယ်😘

#၁နှစ်အထက်
#ဖြည့်စွက်စာ

Photos from Reborn - Export Fashion's post 02/05/2024

#ပုဇွန်​ပေါင်း
#ဖြည့်စွက်စာ
အရသာမထည့်ရင် #၈လအထက် ​ကျွေးလို့ရပါတယ်

30/04/2024

Pigeon baby lotion ​လေး ပြန်​ရောင်းပါရ​စေ
Gift away ​လေးလဲ ပါတယ်​နော်

နို့ရည်လို ကျဲကျဲ​​အေး​အေးလေးနဲ့ အသားထဲစိမ့်ဝင်လွယ်ပြီး
အသားဖြူလာတယ်လို့ နာမည်ကြီးတဲ့ lotion ​လေးပါ

အသားပတ်တာ​တွေ ​နေ​လောင်တာ​တွေ အသားမညီတာ​တွေ သက်သာလို့ baby ​ရော ​မေ​မေပါ အတူလိမ်းဖြစ်တဲ့ lotion ​လေးပါ
အဝါ​​လေးက အနံ့သင်းသင်း​လေးပါပါတယ်
အဖြူ​လေးက အနံ့မပါလို့ ၆လ​​အောက်နဲ့ g6pd က​လေး​တွေ လိမ်းလို့ရပါတယ်

Made in japan စစ်စစ် 300g ဗူးကြီးပါ
ဗူးပါကင်အသစ်​တွေပါ

တစ်ဗူးကို 💵33000 ပါရှင့်
၂ဗူးယူရင် ရန်ကုန်မြို့တွင်း deli free ပါ
ပုံ​လေးမရိုက်အားလို့ credit ယူသုံးထားပါတယ်

ဒီပို့စ်​လေးကို public နဲ့ share ပြီး ss မန့်ထား​ပေး​နော်
၅.၅.၂၄ ရက်​နေ့မှာ တစ်ဗူးမဲ​ဖောက်​ပေးပါ့မယ်🤩

27/04/2024

‼️Home Childproofing ကလေးထိခိုက်မှုနည်းအောင် အိမ်တွင်းပြင်ဆင်ခြင်း ဆိုတာဘာလဲ။

▪️ကလေးတွေဟာ လူကြီးတွေထက် accident and injury မတော်တဆထိခိုက်မှုတွေ ရလွယ်ပြီး အသက်ဆုံးရှုံးရတတ်တဲ့အထိ ဆိုးတတ်ပါတယ်။

▪️ အိမ်မှာကလေးတစ်ယောက် ထပ်တိုးတော့မည်ဆိုကထဲက အိမ်တွင်းမတော်တဆထိခိုက်မှုတွေ လျှော့နည်းအောင် အိမ်ကို ပြင်ဆင်ရခြင်းကို childproof လုပ်တယ်လို့ခေါ်ပါတယ်။

▪️ကာကွယ်နည်းမှာ ယေဘူယျ အဆင့်၃ဆင့်ရှိပါတယ်။ မဖြစ်အောင်ကြိုတင်တားတာ primary prevention ၊ ဖြစ်ရင် အခြေအနေမဆိုးအောင် ရှေးဦးပြုစုတာနဲ့ တတ်ကျွမ်းတဲ့ ဆေးရုံဆေးခန်းပြတာ secondary prevention နဲ့ ဖြစ်ပြီး အမာရွတ်၊ ခန္ဓာကိုယ်ချို့ယွင်းမှု disability အနည်းဆုံးဖြစ်အောင်လုပ်တာ tertiary prevention တို့ပဲဖြစ်ပါတယ်။ Childproof ဆိုတာ Primary prevention ထဲမှာ ပါဝင်ပါတယ်။

❓ဘယ်လိုနည်းလမ်းတွေကြောင့် ထိခိုက်တတ်ပြီး ဘယ်လိုကာကွယ်ကြမလဲ။

မီးကိုပူတယ်ဆိုတာ ဖယောင်းတိုင်ကိုင် တစ်ခါဆွဲကြည့်ဖူးမှ သိတာပါ။ မီးပူလောင်ခံရဖို့ထိ မလိုပါဘူး။ တချို့အမှားတွေက မှားဖူးမှ အမှန်သိတာပါ။ ဘယ်သူမှ အကြီးအကျယ် မထိခိုက်မိတဲ့ အမှားကောင်းဖြစ်ဖို့တော့လိုပါတယ်။

▪️၁။ ရေတိမ်နစ်တယ်ဆိုတဲ့ စကားပုံလိုပါပဲ။ ကလေးငယ်တွေဟာ ရေနစ်သေဆုံးနိုင်ခြေ အရမ်းများပါတယ်။ ဒါကြောင့် ရေတိမ်လေးဆိုရင်တောင် မပေါ့ဆသင့်ပါဘူး။ ရေတွင်းတွေ၊ ရေမြောင်းတွေကို အဖုံးအကာထားသင့်ပါတယ်။ အိမ်ကရေချိုးခန်းကို လော့ချရေချိုးတာမျိုး မလုပ်‌သင့်ပါဘူး။ အရေးပေါ်ရေချိုးခန်းသော့ ထားရှိရပါမယ်။ ရေချိုးဇလုံတွေ အသုံးပြုတာ အန္တရာယ်ဖြစ်နိုင်၍ ကလေးငယ်တွေကို လူကြီးမပါဘဲ လုံးဝ သုံးခွင့်မရအောင် ဆောင်ရွက်သင့်ပါတယ်။ မိဘအကူနဲ့ ချိူးမယ်ဆိုရင်တောင် တချက်လေးမျှ အလစ်မပေးဘဲ စောင့်ကြည့်ရပါမယ်။

▪️၂။ ဓာတုဆေးပစ္စည်းပုလင်းများ။ ကလေးတွေက စူးစမ်းတတ်ပါတယ်။ ပိတ်ပင်လွန်းရင် ဖွံ့ဖြိုးမှု တိုးတက်မှုနှောင့်နှေးတတ်သလို လစ်လျှူရှူမိရင်လဲ တစ်သက်တာနောင်တရမဆုံးဖြစ်တတ်ပါတယ်။ ဓာတ်ဆီ၊ အက်ဆစ်နဲ့ အခြားအန္တရာယ်ရှိ ဓာတုပစ္စည်းများကို အိမ်ထဲမှာ မထားသိုသင့်ပါဘူး။ သောက်ရေပုလင်း၊ အချိုရည်ပုလင်းထဲမှာ အလွယ်တကူ မထည့်သင့်ပါဘူး။ မီးပျက်လို့ အိမ်မှာ အင်ဗက်တာထားရင်တောင် ဘက်ထရီအိုးကို ကလေးမထိအောင် ခြံခတ်ထားတာမျိုး လုပ်သင့်ပါတယ်။ ဆေးဝါးများကို child lock ပါတဲ့ ဗူးတွေနဲ့ ထုပ်ပိုးသင့်ပါတယ်။ ခါးတဲ့ဆေးက ပြဿနာမကြီး (မရှိဘူးမဟုတ်ပါ) တတ်ပေမယ့် ချိုတဲ့ဆေးတွေက ကလေးလက်လှမ်းမမှီအောင် သော့ခတ်ပိတ်ထားသင့်ပါတယ်။ အင်ဆူလင်လိုထိုးဆေးတွေ၊ အက်ပီရှော့ epinephrine shotလို ဆေးတွေ၊ ရှူဆေးပြောင်းတွေဟာ အရေးပေါ်ဖြစ်လာ၊ အရမ်းကြပ်လာရင် ကလေးဘာသာ ယူပြီး ထိုးနိုင်၊ ရှူနိုင်အောင် ထားပေးသင့်ပေမည့် ကစားစရာမဟုတ်၍ ဆော့ကစားသလို မထိုးသင့်၊ မရှူသင့်ကြောင်းး သေခြာမှာဖို့လိုပါတယ်။

▪️၃။ မီးပူ၊ ဆီပူ၊ ရေနွေးပူ။ ခုခေတ် မြန်မာလူမျိုးးတွေရဲ့ အိမ်တည်ဆောက်ပုံက သေးပါတယ်။ အထူးသဖြင့် သာမန်နဲ့ အခြေခံလူတန်းစားတွေရဲ့အိမ်မှာ မီးဖိုချောင်သီးသန့်မရှိပါဘူး။ ကလေးဟာ မီးဖိုချောင်ထဲဝင်လာပြီး ဆီပူရေနွေးပူ မီးပူလောင်တာကို တားဖို့က တံခါးပိတ်ရုံနဲ့မရရင် ကိုယ့်အိမ်မှာ ကိုယ်နဲ့လိုက်ဖက်မည့် ကိုယ့်ဘာသာ ကာကွယ်မှုတွေ လုပ်ရပါမယ်။ မေမေဟင်းချက်နေချိန် ဖေဖေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦးဒေါ်ဒေါ်က ကလေးထိန်းပေးတာတို့လိုမျိုး လုပ်သင့်ပါတယ်။ ကလေး တဖက်နဲ့ဟင်းချက်တာ အန္တရာယ်များတယ်ဆိုပြီး အပြင်ကပဲ မှာစားနေရင်လဲ ယောက်ျားထုလို့ ဘုထနိုင်ပါသေးတယ်နော်။ နောက်တစ်ခုက မီးခိုးအန္တရာယ်ပါ။ smoke detector တွေ cartoon monoxide detector တွေကတော့ ချမ်းသာမှတပ်နိုင်တယ်ဆိုပေမည့် အလုံပိတ်အခန်းမှာ မီးခိုးမအောင်းအောင် တံခါးတွေဖွင့်ထားတာလုပ်သင့်ပြီး၊ အဲကွန်းခန်းထဲ မီးဖိုတာ ဆေးလိပ်သောက်တာမျိုးကို ‌ရှောင်သင့်ပါတယ်။

▪️၄။ လျှပ်စစ်မီးအန္တရာယ်၊ ဓာတ်ကြိုးတွေကို အမြင့်မှာ သွယ်တန်းရပါမယ်။ လုံးဝ မြေကြီးမှာ မချသင့်ပါဘူး။ ရေစိုရင် ဓာတ်လိုက်တာ၊ ခလုတ်တိုက်ချော်လဲ နဖူးကွဲတာတွေ ဖြစ်နိုင်ပါတယ်။ မီးပလတ်ပေါက်ကို မြင့်မြင့်မှာထားရပါမယ်။ သာမန်ကလေးအားနဲ့ ထိုးလို့မရတဲ့ အဖုံးပါတဲ့ ပလက်ပေါက်ဖြစ်သင့်ပါတယ်။ ပေါက်ပြဲဆွေးမြည့်တဲ့ ဓာတ်ကြိုးတွေ တိပ်ကပ်ပြီး ပြန်မသုံးပါနဲ့။ ဝဲပစ်လိုက်ပါ။

▪️၅။ သေးသေးမွှားမွှားပစ္စည်းအန္တရာယ်။ သီးနိုင်တဲ့ အစေ့အဆံတွေ၊ အရုပ်သေးသေးလေးတွေ၊ ခံဖျက်တွေ၊ ချိုချဉ်တွေ၊ နာရီဓာတ်ခဲတွေကို အသက် ၃နှစ်အောက်မှာ ပေးမဆော့ပါနဲ့။ နာရီဓာတ်ခဲမြိုချမိရင် အူပေါက်လို့ အသက်သေဆုံးနိုင်ပါတယ်။

▪️၆။ မိုးမြင့်စံနန်းထက်မှာ နေရရင်လဲ ပြတင်းပေါက်အကာ၊ ဝရန်တာအကာ၊ လှေကားအကာတွေ ရှိရပါမယ်။ အရမ်းပိတ်ဆို့၊ အသေပိတ်ထားလို့‌တော့ မရပါဘူး။ အရေးပေါ်ထွက်ပေါက်တော့ရှိရမယ်ပေါ့။ လသားကလေးပေါက်စတွေဆို ပုခက်ပေါ်က ပုတ်ကျရင်တောင် အန္တရာယ်ရှိတာမလို့ သတိထားသင့်ပါတယ်။ ချောမွတ်တဲ့အနှီးတွေ၊ စောင်အထူတွေက ရစ်ပတ်လွယ်တာ၊ လွတ်ကျနိုင်တာ၊ ရုတ်တရက် အသက်ရှူရပ်သေဆုံးတာ Sudden infant death syndrome တွေ ဖြစ်တတ်လို့ မသုံးသင့်ပါဘူး။ ကလေးကို မလန့်အောင် စောင်နဲ့ဖိတာတွေကလဲ မလုပ်သင့်ပါဘူး။

▪️၇။ အသက်ရှူကြပ်စေမည့်အရာ။ ငယ်ငယ်က အမေတို့ဆူတာမှတ်မိပါတယ်။ ညဖက်တူတူပုန်းတိုင်းကစားရင် နတ်ဖွက်တတ်တယ်၊ မကစားရဘူး ဆိုတာပေါ့။ အထူးသဖြင့် မှောင်တဲ့အချိန် ကလေးခန္ဓာကိုယ်နဲ့ဆံ့တဲ့ တချို့ခြောင်တွေဟာ ပုန်းမိရင် အသက်ရှူကြပ်ပြီး ပြန်မထွက်နိုင်တာတွေ ဖြစ်တတ်လို့ပါ။ သံသေတ္တာကြီးတွေ၊ ဗီထိုကြီးတွေ စတာတွေကို သေခြာသော့ခတ်ထားသင့်ပါတယ်။ လိုက်ကာတွေ ကြိုးတွေဟာ ကလေးလည်ပင်းကို ရစ်ပတ်မိပြီး အသက်ရှူကြပ်တတ်လို့ အိမ်ထဲမှာ မထားသင့်ပါဘူး။ ကျွတ်ကျွတ်အိတ်နဲ့ ခေါင်းစွပ်တာ၊ ကြိုးနဲ့ခြည်ဆော့တာတွေ မလုပ်သင့်ပါဘူး။

▪️၈။ နောက်တခုက ချွန်ထက်တဲ့ ပစ္စည်းအန္တရာယ်ပါ။ ဓားတွေ၊ ကပ်ကြေးတွေ၊ အပ်တွေနဲ့ အန္တရာယ်မဖြစ်အောင် အကာတွေထားသင့်ပါတယ်။ ပါးစပ်ထဲ ခဲတံငုံပြီးပြေးတာ၊ တုတ်တွေကိုင်ပြီးပြေးတာတွေက အခန့်မသင့်ရင် အန္တရာယ်အရမ်းများပါတယ်။ projectile လက်နက်တွေရဲ့ အန္တရာယ်ကိုလဲ ထည့်စဉ်းစားရပါမယ်။ လေးခွ၊ လေသေနတ်၊ သေနတ် အစုံပေါ့။

▪️၉။ လက်ချောင်းသေးသေးလေးတွေ အံဆွဲတွေညပ်မှာ၊ တံခါးညပ်မှာ၊ ပရိဘောဂတွေပိမိမှာ ကြောက်ရတဲ့အတွက် အံဆွဲမှာ အကာတွေ၊ တံခါး ဘေးပေါက်မှာ အကာတွေထားတာနဲ့ စာအုပ်စင်၊ တီဗွီစင်လို ပရိဘောဂတွေမှာ လဲမကျနိုင်အောင် ဆိုင်းကြိုးသေခြာ တပ်သင့်ပါတယ်။

▪️၁၀။ ကြမ်းပြင်နဲ့ နံရံအစွန်းတွေ အန္တရယ်ကင်းဖို့လိုပါတယ်။ တောက်တောက်ပြေးကာစကလေး ချော်မလဲအောင်၊ လဲရင် မထိခိုက်အောင် ကြမ်းပြင်က မပျော့မမာ Yoga mattress လေးတွေ ခင်းတာမျိုး၊ တံခါးစောင်း၊ ခုတင်စောင်း၊ ခုံစောင်းတွေကို ဖော့ပြားကပ်တာမျိုး လုပ်သင့်ပါတယ်။

Credit Klean Cin
​ဒေါက်တာထူး group

Photos from Reborn - Export Fashion's post 23/04/2024

နေမ​ကောင်းတဲ့ က​လေး/လူကြီးအတွက်
#ကြက်သားဆန်ပြုတ်
#ငါးဆန်ပြုတ်

*ဆန်​လေးလိုသ​လောက်ကို ​ပျော့အိ​နေ​အောင် ချက်ထားမယ်

*ကြက်သား or ငါး(အရိုးနည်းတဲ့ ငါးကြင်း, ကကတစ်,ဆယ်လ်မွန်) ကို ဆားနနွင်းအနည်းငယ်နယ်ပြီး ပြုတ် or ​ပေါင်းမယ်

*ရပြီဆို အရိုးနွှင်ပြီး ​မွှေးသွား​အောင် ကြက်သွန်ဖြူနီ ဂျင်းအနည်းငယ်နဲ့ ဆီသတ်မယ်
ဒီနေရာမှာသုံးတဲ့ကြက်သားက ဗမာကြက်ဆိုရင် အနည်းငယ်ကြိတ်​ပေးပြီးမှ ဆီသတ်ဖို့လိုပါတယ်

*ပြီးရင် ဆန်​လေးပြုတ်ထားတဲ့ထဲကို ထည့်​မွှေမယ် ဆူ​အောင်တည်မယ်
​​ရေလိုချင်သ​လောက်ချန်မယ်
ကြက်သွန်မြိတ်နဲ့ ငရုတ်​ကောင်း​လေးအနည်းငယ်ဖြူးလိုက်ပြီဆိုရင်​တော့ ​​မွှေးကြိုင်​နေတဲ့ စားချင်စဖွယ် ဆန်ပြုတ်​လေးရပါပြီ🥣

~~~~~~~

Photos from Reborn - Export Fashion's post 20/04/2024

ခုတ​လော ဖြည့်စွက်စာအတွက် သိပ်မတင်ဖြစ်ရတဲ့အ​ကြောင်းရင်းက​တော့
လူကြီးစာပဲ ချက်​နေဖြစ်လို့ပါ😁
ဟုတ်ပါတယ်
ပူတာကတစ်မျိုး အစားငြင်းတဲ့အရွယ်​ရောက်လာတာကတစ်မျိုးနဲ့
သီးသန့်လုပ်ထားရင် လုပ်​မောကြီးဖြစ်တာကများ​နေလို့
လူကြီးဟင်းကိုပဲ က​လေးအတွက်ပါရ​အောင် ဆီ​လျှော့ အငန်​လျှော့ပြီးချက်ပါတယ်
လူကြီးအတွက်ကို ငရုတ်သီးဆား​ထောင်း​လေးနဲ့
တို့စရာ​လေး သရက်သီးသုပ်​လေး​တွေထပ်ဖြည့်ပါတယ်

မ​နေ့ကဆို မြစ်ငါးဒန်ကို ခရမ်းချဥ်သီးအနှစ်​လေးနဲ့ ဆီပြန်ချက်ပြီး ကင်ပွန်းချဥ်ရွက်ဟင်းချို​လေးဆမ်း​ကျွေးပါတယ်

ဒီ​နေ့​တော့ ပုဇွန်+​ရွှေဖရုံသီးချက်​လေးပါ
ကြက်သွန်ဖြူနီနဲ့ ငရုတ်အ​ရောင်တင်မှုန့်​လေးနည်းနည်းကိုဆီသတ်
ပုဇွန်​လေးထည့်လုံးပြီးခဏဖယ်ထား
အဲ့အနှစ်ထဲကိုပဲ ​ရွှေဖရုံသီးကိုအရသာအနည်းငယ်ထည့်ပြီး နူး​အောင်တည်
​ရွှေဖရုံသီးနူးရင် ပုဇွန်ထည့်​မွှေပြီး ​အရည်လိုချင်သ​လောက်ကျန်ရင်ရပါပြီ

ထမင်း​ပျော့​​ပျော့ကို အဲ့လိုဟင်း​လေး​တွေနဲ့ပဲ ၂နပ်​လောက်​ကျွေးပါတယ်
Breakfast နဲ့ ကျန်တဲ့အစာ​ပြေချိန်​တွေမှာ​တော့
Oat, milk, အသီး​ဖျော်ရည်, ဒိန်ချဥ်, ​ပေါင်မုန့်, ​ခေါက်ဆွဲ​ကြော် ကြာဇံ​ကြော်​လေး​တွေကို အဆင်​ပြေသလိုလှည့်​ကျွေးပါတယ်
ထမင်း​ကျွေးတဲ့အချိိန်မှာ​တော့ ပုံပါအတိုင်း ထမင်းတစ်လုပ် အသီးတစ်ဆုပ်​​ပေါ့ရှင်😜
​မေ​မေတို့​ရော သားသားမီးမီး​လေး​တွေ အစာစားဖို့အ​ရေး ဘယ်လိုများတိုက်ပွဲဝင်​နေကြပါလိမ့်🤔

#ဖြည့်စွက်စာ
#၁နှစ်၁လ

14/04/2024

ခေါက်ဆွဲ​လေးပြုတ်
ကြက်သွန်ဖြူဆီချက်​လေးရယ် ကြက်ဥရယ် ဆားအနည်းငယ်ရယ်ထည့်​မွှေ
ကြက်သွန်မြိတ်​လေးဖြူး
နံနက်စာ ဆီချက်​ခေါက်ဆွဲ​မွှေး​မွှေး​လေး

ဆားမထည့်ရင် ၈လအထက် ​ကျွေးလို့ရပါတယ်

#နံနက်စာ
#၁နှစ်အထက်
#ဆီချက်

Photos from Reborn - Export Fashion's post 10/04/2024

Today menu
ကြက်သား​ထောပတ်ထမင်း
နာနတ်သီး​ဖျော်ရည်

#၁နှစ်အထက်


#ဖြည့်စွက်စာ

29/03/2024

အမဲသားပြုတ်​ကြော်ကို နုတ်နုတ်စင်း
ဥနီ​လေးခြစ်ထည့်
ချကာနီး ကြက်သွန်မြိတ်​လေးပါးပါးညှပ်ထည့်
ချို​မွှေး​နေ​သော #အမဲစွပ်ပြုတ်ပူပူ​လေး

Photos from Reborn - Export Fashion's post 27/03/2024

Today menu
ကကတစ်ငါး​မွှေ
အာလူးထမင်းနယ်

#၁နှစ်အထက်

Photos from Reborn - Export Fashion's post 22/03/2024

ကလေးကာကွယ်ဆေး🚨💉💉💉မေမေတို့အတွက်

ကာကွယ်ဆေးအကြောင်းသိကောင်းစရာ (Vaccine)
မြန်မာနိုင်ငံတွင်ကလေးများအား အခမဲ့ တိုက်ကျွေး/ ထိုးပေးနေသောကာကွယ် ဆေးများ

#မွေးပြီးပြီးချင်း
ကာကွယ်ဆေး >>> ဘီစီဂျီ
ကာကွယ်ပေးသည့်ရောဂါ >>>ကလေးတီဘီရောဂါ (ဦးနှောက်တီဘီ)

#ပထမအကြိမ်(၂ လ)
ကာကွယ်ဆေး >>> ငါးမျိုးစပ်ကာကွယ်ဆေး - ၁/ ပိုလီယိုအစက်ချဆေး - ၁
ကာကွယ်ပေးသည့်ရောဂါ >>> ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ။ ပိုလီယိုအကြောသေရောဂါ။

#ဒုတိယအကြိမ်(၄ လ)
ကာကွယ်ဆေး >>> ငါးမျိုးစပ်ကာကွယ်ဆေး - ၂/ ပိုလီယိုအစက်ချဆေး - ၂
ကာကွယ်ပေးသည့်ရောဂါ >>> ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ။ ပိုလီယိုအကြောသေရောဂါ။

#တတိယအကြိမ်(၆ လ)
ကာကွယ်ဆေး >>> ငါးမျိုးစပ်ကာကွယ်ဆေး - ၃/ ပိုလီယိုအစက်ချဆေး - ၃
ကာကွယ်ပေးသည့်ရောဂါ >>> ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ။ ပိုလီယိုအကြောသေရောဂါ။

#စတုတ္ထအကြိမ်(၉ လ)
ကာကွယ်ဆေး >>> MMR (အမ်အမ်အာ) - ၁
ကာကွယ်ပေးသည့်ရောဂါ >>> ၀က်သက်၊ ဂျိုက်သိုး၊ ပါးကျိပ်ရောင်ရောဂါ။

#ပဉ္စမအကြိမ်(၁ နှစ်ခွဲ)
ကာကွယ်ဆေး >>> MMR (အမ်အမ်အာ) - ၂
ကာကွယ်ပေးသည့်ရောဂါ >>> ၀က်သက်၊ ဂျိုက်သိုး၊ ပါးကျိပ်ရောင်ရောဂါ။

*** ကာကွယ်ဆေးများကို အကြိမ်အရေအတွက် ပြည့်အောင်ထိုးသင့်သည်။ သို့မှသာ ရာနှုန်းပြည့်ရောဂါ ကာကွယ်နိုင်ပေသည်။

National immunization program တွင်မပါ၀င်သည့်
အခြားကာကွယ်ဆေးများ


ကာကွယ်နိုင်သည့်ရောဂါ >>> ရေကျောက်ရောဂါ
အသက်/အကြိမ်အရေအတွက် >>> 2 ကြိမ်ထိုးရမည်။ ပထမအကြိမ် - 12 လမှ 15 လအထိ
ဒုတိယအကြိမ် - 4 နှစ် မှ 6 နှစ်အထိ။


ကာကွယ်နိုင်သည့်ရောဂါ >>> အသည်းရောင်အသားဝါ A ရောဂါ
အသက်/အကြိမ်အရေအတွက် >>> 2 ကြိမ်ထိုးရမည်။ ပထမအကြိမ် - အသက် 1နှစ်
ဒုတိယအကြိမ် - ပထမအလုံးထိုးပြီး 6 လ (သို့) 12လ အကြာ တွင်ထိုးရမည်။


ကာကွယ်နိုင်သည့်ရောဂါ >>> ရာသီတုပ်ကွေးရောဂါ
အသက်/အကြိမ်အရေအတွက် >>> အသက် (၆လ) နှင့်အထက်မှစ၍ ထိုးနိုင်သည်။ နှစ်စဉ် တုပ်ကွေးရာသီရောက်တိုင်း ထိုးရသည်။ 9 နှစ်အောက် ကလေးများ 2ကြိမ်ထိုးရမည်။ ပထမအကြိမ်နှင့် ဒုတိယ အကြိမ် 4 ပတ်နှင့်အထက် ခြားရမည်။


ကာကွယ်နိုင်သည့်ရောဂါ >>> Rota ဗိုင်းရပ်ကြောင့်ဖြစ်သော ၀မ်းပျက်၀မ်းလျှောရောဂါ
အသက်/အကြိမ်အရေအတွက် >>> 2 ကြိမ်ထိုးရမည်။ ပထမအကြိမ် - အသက် 2 လ
ဒုတိယအကြိမ် - အသက် 4 လ

ACWY
ကာကွယ်နိုင်သည့်ရောဂါ >>> ဗက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါ
အသက်/အကြိမ်အရေအတွက် >>>2 ကြိမ်ထိုးရမည်။ပထမအကြိမ် - အသက် 11 နှစ်သို့ 12 နှစ်။
ဒုတိယ အကြိမ် - အသက် 16 နှစ် အသက် 2 လ နှင့်အထက် ကလေးများတွင် ခုခံအားကျဆင်းသော ရောဂါများရှိနေပါက၊ ဘေလုံးထုတ်ထားသော ကလေးများ။

13
ကာကွယ်နိုင်သည့်ရောဂါ >>> ပြင်းထန် အဆုတ်ရောင်ရောဂါ
အသက်/အကြိမ်အရေအတွက် >>> 3 ကြိမ် ထိုးရမည်။ အသက် 2လ၊ 4 လ၊ 6 လတွင် ထိုးရမည်။ Booster ကို အသက် 12 လမှ 15 နှစ် အတွင်း ထိုးရမည်။

23
ကာကွယ်နိုင်သည့်ရောဂါ >>> ပြင်းထန်အဆုတ်ရောင်ရောဂါ
အသက်/အကြိမ်အရေအတွက် >>> အသက် 2နှစ် နှင့် အထက် ကိုယ်ခံအား မကောင်းသော ကလေးများ၊ ဘေလုံးထုတ်ထားသော ကလေးများတွင် ထိုးနိုင်သည်။ 2ကြိမ်ထိုးရမည်။ ပထမအကြိမ် အသက် 2 နှစ်၊ ဒုတိယအကြိမ် - ပထမအကြိမ်ပြီး 5 နှစ်ကြာ။

ကာကွယ်ဆေး (Vaccine) ကရောဂါကို ဘယ်လိုကာကွယ်ပေးသလဲ။
ကာကွယ်ဆေးထိုးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်တွင် ရောဂါကို တိုက်ထုတ်နိုင်သော ပဋိပစ္စည်း (Antibody) များထွက်လာကာ ခန္ဓာကိုယ်အတွင်းတွင် အဆင်သင့်ရှိနေပေသည်။ ထို့ကြောင့် ရောဂါ၀င်ရောက်လာပါက ထို Antibody များကတိုက်ထုတ်လိုက်သဖြင့် ရောဂါဝေဒနာများနှင့် ၎င်း၏နောက်ဆက်တွဲဆိုးကျိုးများ မခံစားရတော့ပေ။

ဘာကြောင့် ကာကွယ်ဆေးထိုးသင့်လဲ။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်း၏ ဟူသော ဆောင်ပုဒ်ကို လူတိုင်းကြားဖူး ကြပေသည်။ သားသားမီးမီးလေးများ၏ ရောဂါခုခံနိုင်အားသည် လူကြီးများထက် ပို၍ နည်းသည်။ ရောဂါပိုးများလည်း လွယ်ကူ စွာပင်ရောက်နိုင်ပေသည်။ ကာကွယ်ဆေးမပေါ်ခင်က ဆုံစို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး၊ ၀က်သက်၊ ဂျိုက်သိုး စသည့်ရောဂါများကြောင့် ကလေးများစွာ၏ အသက်ဆုံးရှုံးခဲ့ရသည်။ မသန်စွမ်းဖြစ်ခဲ့ကြရသည်။ ကာကွယ်ဆေး မထိုးမိခြင်းကြောင့် ဖြစ်လာသောရောဂါ ဝေဒနာများမှာ ပြင်းထန်လှပြီး နောက်ဆက်တွဲဆိုးကျိုးများကလည်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ခြေလက်များဖြတ်ရခြင်း၊ အကြောသေမသန်စွမ်းဖြစ်ခြင်း၊ အကြားအားရုံ၊ အမြင်အာရုံ ဆုံးရှုံးခြင်း၊ အတက်ရောဂါခံစားရခြင်း၊ ဦးနှောက်သေခြင်း၊ ဥာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှသည် အသက်သေဆုံးသည်အထိ ဆိုးဝါးလှပေသည်။ ထို့ကြောင့် သားသားမီးမီးလေးများ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရန် ကာကွယ်ဆေးထိုးသင့်ပေသည်။
ကာကွယ်ဆေးထိုးပြီး ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသလား။ ဘာပါလဲရှင့်။
ဟုတ်ကဲ့ရှိပါတယ်။ သို့သော် ပြင်းထန်သောဘေးထွက်ဆိုးကျိုးဖြစ်ခြင်းမှာ အလွန့်အလွန်ပင် ရှားပါးလွန်း လှပါသည်။ ကာကွယ်ဆေးထိုးသည့်နေရာတွင် ပူခြင်း၊ နီခြင်း၊ အနည်းငယ် ဖောင်းနေခြင်း၊ ထိမိလျှင်နာခြင်း၊ ယားယံခြင်းစသည့် ဆိုးကျိုးအနည်းငယ်သာ ဖြစ်နိုင်သည်။ အချို့ကလေးများတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ၀မ်းလျှောခြင်း၊ နှုံးခြင်း၊ မအိမသာဖြစ်နေခြင်းတို့လည်းး ဖြစ်နိုင်ပေသည်။ ထိုလက္ခဏာများသည် ရက်အနည်းငယ် အတွင်း ပျောက်ကင်းသက်သာသွားတတ်ပေသည်။ ကာကွယ်ဆေး မထိုးမိ၍ ဖြစ်လာသော ရောဂါဝေဒနာများနှင့် နှိုင်းယှဉ်လျှင် ဘာမျှမပြောပလောက်အောင် သေးငယ်လှပေသည်။
ကာကွယ်ဆေးထိုးပြီးဖြစ်လာသော ဘေးထွက်လက္ခဏာများကို ဘယ်လိုသက်သာ အောင်လုပ် နိုင်လဲ။
- ကာကွယ်ဆေးထိုးထားသည့်နေရာတွင်ရဲပြီး ဖောင်းနေပါက ရေခဲထုပ်ဖြင့် (၁၀)မိနစ် (သို့) မိနစ် ၂၀ ခန့်ကပ်ထားနိုင်သည်။
- ကိုယ်အပူချိန်အနည်းငယ်တတ်လာပြီး၊ မအိမသာဖြစ်နေပါက Paracetamal အရည် တိုက်ကျွေးခြင်း တို့ပြုလုပ်နိုင်ပေသည်။
ဘယ်လိုအခြေအနေမျိုးတွင် ကာကွယ်ဆေးမထိုးသင့်လဲ။
- ပြင်းထန်စွာ နေမကောင်းဖြစ်နေသောကလေးများ၊ အပြင်းဖျားနေသော အချိန်များတွင် မထိုးသင့်ပေ။ ပြန်လည်နလန်ထူနေကောင်းလာပါက ကာကွယ်ဆေးပြန်ထိုး နိုင်ပေ သည်။
- ပထမအကြိမ်ထိုးပြီးကာကွယ်ဆေးကို ဓါတ်မတည့်သော ကလေးများ နောက်တစ်ကြိမ် ထိုးသင့်၊ မသင့်ကို ဆရာ၀န်နှင့် ပြန်လည်တိုင်ပင်သင့်ပေသည်။
သားသားမီးမီးအားလုံးကျန်းမာပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင်ပါစေ။

Credit.. Doctor On call

Photos from Reborn - Export Fashion's post 14/03/2024

ကလေးဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ တတ်ကျွမ်းနားလည်သည့်ဆရာဝန်များနှင့် အမြန်ဆုံးပြသရမည့် အခြေအနေများ (Developmental Red Flags)

Credit
Dr.Kyaw Lin

13/03/2024

ကလေးတွေကို အသက်လောက်ချစ်ပေမယ့် ကိုယ့်ရဲ့လွတ်လပ်မှုတွေကိုလည်း တမ်းတနေတဲ့မေမေ ... လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေတဲ့မေမေ ... မင်းကိုနားလည်ပါတယ်ဆိုတဲ့ နှစ်သိမ့်မှုကလေးကို လိုအပ်နေတဲ့မေမေအတွက်ပေါ့💗

အခုတလော ကျမတွေးမိနေတာတစ်ခုရှိတယ်။ မိခင်ဘဝဆိုတာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရုန်းထွက်မရနိုင်တာမျိုးပဲလို့ စဉ်းစားမိတယ်🌹

တခါတလေမှာ ကလေးတွေက မနက်အစောကြီးနိုးလာမယ်။ "နေ့တာရှည်ပေမယ့်၊ နှစ်တွေကုန်တာကမြန်လွန်းတယ်" .. "ကလေးလေးတွေက ကိုယ်မသိလိုက်ခင်ပဲ အရွယ်ရောက်သွားတော့မှာ" ဆိုတာ ကိုယ့်ရင်ထဲကသိပေမယ့် ဒီနေ့တနေ့ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ မသေချာသေးဘူး။ တနေ့စာကိုတွေးလိုက်တာနဲ့ ပင်ပန်းလိုက်တာနော်လို့ ခံစားရမယ်💗

တချို့ရက်တွေမှာ ကလေးတွေက နောက်ကျတဲ့အထိအိပ်မယ်။ ကိုယ်က မနက်စာလေး အေးအေးဆေးဆေး စားချိန်ရမယ်။ ကော်ဖီလေးသောက်ရင်း အလုပ်လေး နည်းနည်းပါးပါးလုပ်မယ်။ ဒီနေ့အတွက်တော့ Ready ပဲဟေ့လို့ ခံစားရမယ်🌹

အဲဒီလိုပါပဲ။ စိတ်ဓါတ်တက်ကြွလိုက် စိတ်ဓါတ်ကျလိုက်နဲ့လေ။ တခါတလေ ငါကညံ့လိုက်တာလို့ ခံစားရမယ်။ တခါတလေ ငါကတော်လိုက်တာလို့ ခံစားရမယ်။ ပင်ပန်းနေပေမယ့် နေ့တနေ့စာကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းဖို့ ကိုယ့်စိတ်ကို ပြင်ဆင်နေရတယ်🌹

အစ်မ/ညီမတို့ကိုပြောချင်တာက ...
"တခါတလေ အေးအေးချမ်းချမ်းလေး တစ်ယောက်ထဲနေချင်လိုက်တာ" လို့ တမ်းတခွင့်ရှိပါတယ်။ ကိုယ်ရေချိုးနေတုန်း သူပြုတ်ကျနေမလား၊ စားပွဲပေါ်တင်ထားတဲ့ကပ်ကြေးကို မမှီမကမ်းနဲ့ သွားဆွဲနေမလား စသဖြင့် တွေးပူမနေရဘဲ "ရေလေး ဝဝလင်လင် အေးအေးချမ်းချမ်း ချိုးချင်လိုက်တာ" လို့ တမ်းတခွင့်ရှိပါတယ်။ အဲဒီလိုတမ်းတမိလို့ အပြစ်မကင်းသလို ခံစားစရာမလိုပါဘူး🌹

မနက် ၂ နာရီမှာ ကလေးငိုလို့ထရင်းနဲ့ "ညဖက်မထရဘဲ ကောင်းကောင်းအိပ်ချင်လိုက်တာ" လို့တွေးမိတာအတွက် အပြစ်ရှိသလိုခံစားစရာမလိုပါဘူး🌹

"ဒီနေ့ကစပြီး ကလေးသိပ်ရင် နို့တိုက်ပြီးမသိပ်တော့ဘူး" လို့တွေးပေမယ့် မအောင်မြင်သေးတာအတွက် အပြစ်ရှိသလိုခံစားစရာမလိုပါဘူး🌹

အိမ်မှာနေတဲ့ ကလေးအမေပေမယ့် လှလှပပသပ်သပ်ရပ်ရပ်ဝတ်စားချင်တာ၊ အလှပြင်ချင်တာတွေအတွက် အပြစ်ရှိသလိုခံစားစရာမလိုပါဘူး🌹

တခါတလေ စျေးတောင်မသွားနိုင်လို့ ဝယ်စားရတာအတွက် အပြစ်ရှိသလိုခံစားစရာမလိုပါဘူး🌹

ကလေးကို အပြင်ဆိုင်က ကြက်ကြော်ဝယ်ကျွေးမိတာအတွက် အပြစ်ရှိသလိုခံစားစရာမလိုပါဘူး🌹

ကလေးဂျီကျနေတာတွေ မကြားချင်တော့အောင်ဖြစ်တာအတွက် အပြစ်ရှိသလိုခံစားစရာမလိုပါဘူး။ တချိန်ကျရင် ဒီလိုအချိန်တွေကိုပြန်လွမ်းမှာဆိုပေမယ့်လေ🌹

တခါတလေ အိမ်မရှင်းနိုင်တော့တာအတွက် အပြစ်ရှိသလိုခံစားစရာမလိုပါဘူး🌹

တဖက်ကလည်း ကလေးတွေနဲ့အမြဲတမ်းအတူရှိချင်သလို တဖက်ကလည်း ပင်လယ်ကမ်းခြေတစ်ခုမှာ တစ်ယောက်ထဲ လျှောက်သွားပစ်ချင်တာတွေအတွက် အပြစ်ရှိလို ခံစားစရာမလိုပါဘူး🌹

ကလေးမရခင်က အချိန်တွေကိုလွမ်းပေမယ့် ကလေးတွေမရှိရင်လည်း မနေတတ်တော့တဲ့ဘဝမှာ ... မိခင်တစ်ယောက်ဖြစ်တာနဲ့ ကိုယ်ဘဝ ကိုယ့်ဆန္ဒတွေ အကုန်ဖျောက်ပစ်စရာမလိုပါဘူး။ သာမာန်လူသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်မို့ ခံစားတမ်းတခွင့်တွေရှိပါတယ်။ ကိုယ့်မှာ ဒီလိုတွေခံစားမိတာလေးနဲ့ guilty ဖြစ်စရာမလိုပါဘူး🌹

ကိုယ့်ဘဝမှာ ကိုယ့်မိသားစုနဲ့အတူဖြစ်ချင် လုပ်ချင်တဲ့ ရည်မှန်းချက်တွေရှိနိုင်သလို ... ကိုယ့်တစ်ယောက်ထဲအနေနဲ့ ဖြစ်ချင်၊ လုပ်ချင်တဲ့ရည်မှန်းချက်တွေလည်း ရှိနိုင်သေးတယ်လေ🌹

ကလေးတွေ အရွယ်ရောက်လာတဲ့အချိန်ကျရင် အခုလက်ရှိဖြတ်သန်းနေရတဲ့အချိန်တွေကိုလည်း ပြန်တမ်းတမိလိမ့်မယ်။ အခုတော့ အားတင်းထားပါ💪
အဆင်ပြေသွားမှာပါ🌹

Photos from Reborn - Export Fashion's post 13/03/2024

💜ခရမ်း​ရောင်ကန်စွန်းဥပူတင်းကိတ်💜

Photos from Reborn - Export Fashion's post 10/03/2024

နေ့လည်အစာ​ပြေ
#ဝိတ်တက်​စေမယ့် #အာလူးကန်စွန်းဥပူတင်း

Photos from Reborn - Export Fashion's post 08/03/2024

အောက်မှာ ကြက်စွပ်ပြုတ်
အ​ပေါ်မှာ ပုဇွန်​​ပေါင်း(ပုဇွန်+ကြက်ဥ+​ပြောင်း​ကော်မှုန့် နဲ့ ငရုတ်​ကောင်းအနည်းငယ်ကို ​​ကျေညက်​အောင်ရောကြိတ်ပြီး ​ပေါင်းထားတာ​လေးပါ အရမ်းစား​ကောင်းပါတယ်ရှင့်😍)

Photos from Reborn - Export Fashion's post 08/03/2024

ပါစတာ, အာလူး​ကြော်, ဆယ်လ်မွန်ငါး​ကြော်
အချိုတည်းဖို့ သရက်သီးမှည့်💛💛💛

Photos from Reborn - Export Fashion's post 06/03/2024

🍜ညစာ သီးစုံ​ခေါက်ဆွဲဆီချက်🍜

​ခေါက်ဆွဲနဲ့ ထည့်ချင်တဲ့အသီးအရွက်​တွေကိုပြုတ်
နူးရင်ခဏဆယ်ပြီး
ကြက်သွန်ဖြူနဲ့ ငရုတ်​ကောင်း​လေးဆီသတ်
ပြုတ်ထားတာ​လေး​တွေထည့်​ကြော်
ကြက်ဥတစ်လုံး​ဖောက်ထည့်

သားသားက သူစားချင်တာ​လေး​တွေပဲ​ရွေးစား
ကျန်တာ​မေ​မေစား😁😁

Photos from Reborn - Export Fashion's post 06/03/2024

#နံနက်စာ
​ပေါင်မုန့်ညိုတစ်ချပ်, ကြက်ဥပြုတ်တစ်ခြမ်း, နို့ 60ml, စ​တော်ဘယ်ရီ၃လုံး ​ရောကြိတ်ထား​သော cereal ​လေး

02/03/2024

#နံနက်စာ
လွယ်ကူမြန်ဆန်တဲ့ ကြက်ဥဆန်ပြုတ်​လေးပါ
​​ရေသန့်အနည်းငယ်ကို ဆူ​အောင်တည်
ကြက်ဥတစ်လုံးကို ငရုတ်​ကောင်း,ကြက်သားမှုန့်အနည်းငယ်နဲ့ ​ခေါက်ပြီး
​ရေ​နွေးဆူဆူထဲ ဖြည်းဖြည်းချင်း​လောင်းထည့်
ပြီးရင် မီးပိတ်ပြီး မာဆုရဆန်မှုန့်​လေးထည့်​မွှေလိုက်ရုံပါပဲ
အပြစ်အကျဲ ကြိုက်သလိုစီမံနိုင်ပါတယ်ရှင့်🥰

Photos from Reborn - Export Fashion's post 01/03/2024

နေ့လည်အစာ​ပြေ
ဒိန်ချဥ်​လေးရယ် နို့+ကန်စွန်းဥ puree ​လေးရယ် ​ကျွေးဖြစ်ပါတယ်
​ငွေဇင်ပုလဲကထုတ်တဲ့ ဒီ greek yogurt ​လေးက အချဥ်နည်းပြီး စိမ့်စိမ့်​လေးမို့ အရမ်းစား​ကောင်းပါတယ်
အသီး​တွေကုန်​နေလို့ အသီး​ခြောက်​လေးထည့်​ကျွေးရတယ်
သားသားက ဒိန်ချဥ်​တော့ကြိုက်တယ်
ဒီလို​မွှေးတဲ့အသီး​လေး​တွေထည့်​ကျွေးရင် ပိုကြိုက်​ပေါ့😘

01/03/2024

ကလေးတွေ ကို မနက် စာ ဘာတွေ ကျွေးသင့်သလဲ????

#ဒေါက်တာညီညီကျော်

အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လာတာနဲ့အမျှ ကလေးငယ်တွေ ကိုလည်း အလွယ်တကူ ရတဲ့ လက်ဖက်ရည် ဆိုင် က အစားအစာ တွေ ကို ကျွေးလာတာကိုလည်း တွေ့ရပါတယ်။

ဘာတွေ မကျွေးသင့်ဘူးလဲ????

ဥပမာ - ကလေးငယ် ကို အလွယ်ရတဲ့ ဆိုင်က မုန့်ဟင်းခါး ကျွေးကြပါတယ်။ အခုဆို ၃-၄ နှစ် သား အရွယ်ကတည်း က မနက်စာ ကို မုန့်ဟင်းခါး ဝယ်ကျွေးနေတဲ့ မိဘ တွေ တွေ့နေရပါတယ်။ ဆိုင်မုန့်ဟင်းခါး ကတော့ ထုံးစံ အတိုင်း အချိုမှုန့် မတရား ပါဝင်ပါတယ်။ ဒီ Mono Sodium Glutamate (MSG) လို့ခေါ်တဲ့ အချိုမှုန့် တွေ ဟာ ဦးနှောက်မှာ ရှိတဲ့ Neurone (ဦးနှောက်ဆဲလ်) တွေ ကို ရေတွေနဲ့ ပွလာစေပြီး နောက်ဆုံးမှာ ပေါက်ပြီး ပျက်ဆီး သွားစေနိုင်ပါတယ်။ အကျိုးဆက်ကတော့ ကလေးငယ်တွေ မှာ ဆိုရင် မှတ်ဉာဏ် စွမ်းအားကို သိသိသာသာ ကျစေပြီး လန်းဆန်း တက်ကြွမှု့ မှာ လျော့နည်းသွားစေပါတယ်။

နောက်တစ်ခု ကတော့ အသုပ် မျိုးစုံပါ။ ဆိုင်လုပ် လက်သုပ် တွေကတော့ အချို့မှုန့်များရုံတင်မကပဲ နီနီရဲရဲ အချဉ် တွေ နဲ့ သုပ်ထားတဲ့ အပြင် မှို ပေါင်းများစွာပါနေတဲ့ ငရုတ်သီးမှုန့်တွေ က ကလေးတွေရဲ့ ကျန်းမာရေး ကို လွန်စွာ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာပြောရင် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစားအသောက်မသန့်လို့ ဖြစ်တဲ့ အသည်းရောင် ရောဂါ၊ မှိုတက်နေတဲ့ အစားအစာ အစားများလွန်း၍ အသည်း ကင်ဆာ အထိ ဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ခု ကတော့ ဆီတွေ နစ်နေအောင်ကြော်ထားတဲ့ အကြော်စုံ၊ ဆီ ထပ်ခါထပ်ခါ ပြန်သုံးပြီးကြော်ထားတဲ့ အကြော်စုံ တွေ မကျွေးသင့်ပါဘူး။ ရံဖန်ရံခါ စားတာ ပြဿနာ အရမ်းမရှိပေမယ့်။ ရည်ရှည်ဆိုရင်တော့ ကလေးငယ် အဝလွန် ရောဂါ ဖြစ်လာ နိုင်ပါတယ်။

ဘာတွေကျွေးသင့်သလဲ????

1. နွားနို့
2. ပေါင်မုန့် (expire date သေချာကြည့်ပြီး၊ မှို ပါ မပါ စစ်ဆေးပြီးမှ ဝယ်ပါ)
3. ပေါက်စီ
4. အိမ်လုပ် အသုပ် (မကျည်းရည် ဖြင့်သာ သုပ်ရန်၊ ငရုပ်သီးမှုန့် လုံးဝ မထည့်သင့်ပါ)
5. လက်ဖျော် အသီး ဖျော်ရည် တစ်ခုခု
6. ပဲပြုတ်
7. နံပြား
8. ကြက်ဥပြုတ် (တစ်ပါတ် သုံးရက် လောက် တစ်နေ့ တစ်လုံးကျွေးသင့်ပါတယ်။ ကြက်ဥ အနှစ်မှာပါတဲ့ ကိုလင်း (Choline) က မှတ်ဉာဏ်စွမ်းအားကို ကောင်းစေပါတယ်။
9. ထောပါတ်သီး
10. မြေပဲထောပတ်
11. ဒိန်ချဉ်
12. အိမ်လုပ် ခေါက်ဆွဲပြုတ်

အသက် ၅ နှစ် အောက် ကလေးများ ကို အပြင် အစားအစာ များမကျွေးသင့်ပါ။ အပြင်အစားအစာ တွေမှာ ဆားပါဝင်မှု့ များတဲ့ အတွက် ကလေးငယ်တွေ က အိမ်လုပ် အစားအစာတွေ ကို မစားဘဲ အပြင်စာ တွေ ကိုသာ ပိုပြီး စွဲမက် သွားစေနိုင်ပါတယ်။

လေးစားစွာဖြင့်
Credit to
ဒေါက်တာ ညီညီကျော်

Video from youtube

Photos from Reborn - Export Fashion's post 01/03/2024

လျှပ်စစ်မီးက ခဏခဏလာ​​နေ​တော့ ၃နပ်စာကို တစ်ခါတည်းစီမံရသည်​ပေါ့..😁

လူကြီးအတွက်​ရော က​လေးအတွက်​ရော
ဆိတ်နံရိုး ၅၀ သားကို ​ရေ​သေချာ​ဆေး
အညှီ​ပျောက်​အောင် သံပရာသီးတစ်လုံး၊စပါးလင်မှုန့်၊ဂျင်း၊နနွင်း၊မဆလာအနည်းငယ်နဲ့ ​သေချာနယ်ပြီး နာရီဝက်​လောက်နှပ်ထား
ပြီး​တော့ မီး​အေး​​အေးနဲ့နူး​အောင်ပြုတ်
နူးကာနီးမှာ ပဲနဲ့အာလူးထည့်ပြီး လူကြီးအတွက် အရသာ​တွေ ငရုတ်သီး​တွေမထည့်ခင် က​လေးအတွက်ဖယ်

ဆိတ်ရိုး​လေးပိုနူး​အောင် က​လေးအိုးနဲ့ ထပ်ပြုတ်​နေတုန်း အ​ပေါ်​​ပေါင်းဇကာမှာ ​နေ့လည်အစာ​ပြေအတွက် ကန်စွန်းဥရယ်
ည​နေစာ ပါစတာအတွက် ခရမ်းချဥ်သီးရယ်ကိုပါ တခါထဲ​ပေါင်းထားမယ်။
အ​ပေါ်ကဟာ​လေး​တွေနူးရင်
တ​နေကုန်အားဖြည့်ဖို့ #ဆိတ်စွပ်ပြုတ်​လေးလဲ ရပါပြီ
🥰🥰🥰

Photos from Reborn - Export Fashion's post 01/03/2024

#၁၁လသား
#နံနက်စာ
ရိုးရိုး​ပေါင်မုန့်ကြက်ဥ​ကြော်​ကို မစားချင်​တော့လို့
💕ပေါင်မုန့်တစ်ချပ်ကို ​ဘေးသား​လေး​တွေလှီး
💕နို့​လေးနဲ့စိမ်
💕ကြက်ဥတစ်လုံး​ခေါက်ပြီးဆမ်း
💕​ထောပတ်​လေးနဲ့​ကြော်
💕အ​ပေါ်ကချိစ်မှုန့်​လေးဖြူး

💛​ပျော့​ပျော့အိအိ​လေးနဲ့ စတိုင်တစ်မျိုး​ပေါ့😊

Videos (show all)

ကလေးတွေ ကို မနက် စာ ဘာတွေ ကျွေးသင့်သလဲ????#ဒေါက်တာညီညီကျော်အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လ...
ကျွန်မ အအိပ်မက်တယ်ဟုတ်ပါတယ်အပျိုတုန်းကဆို အိပ်​ရေးမဝရင် ဘာအလုပ်မှ​ကောင်း​ကောင်းလုပ်မရတာပါခုများ​တော့..မိုးလင်း ပဲပြုတ်သည...
#ကံထူးရှင်​လေးသိရ​အောင် video ​လေးနှိပ်ကြည့်ပါ😍Cb မှာ လိပ်စာ ဖုန်းနံပါတ်​လေး ပို့​ပေးပါ​နော်https://www.facebook.com/100...
၁၉၄၇ ခုနှစ်၊ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန်ဖြစ်သည်။...
ကျွန်​တော့ရည်မှန်းချက် ​တွေးလျှက်နဲ့ ​ပျော်သည်​ပျော်သည်😁😁Crd
မြောင်တို့ deli က အချိန်နဲ့ ​နေရာမှန်တယ်​လေအထဲကဟာ​တွေမပါ​တာ​တော့ ​မြောင်နဲ့မဆိုင်ဘူး​လေ🙄🙄Video crd

Website