Democratic Voice of Myanmar

Democratic Voice of Myanmar

ဒီမိုကရေစီ လိုလားနေသော မြန်မာပြည်သ?

22/11/2021

မနေ့ ဆောမြို့နယ် တိုက်ပွဲတွင် PDF-SAW ကရဲဘော် ၁ ယောက် ကျဆုံး

Photos from Democratic Voice of Myanmar's post 21/11/2021

ဘုရားကျောင်းမတတ်နိူင်ပေမယ့် တောထဲကနေအဆင်ပြေသလို ဘုရားတရားလုပ်နေတဲ့ PDF လူငယ်လေးတစ်ဦး

21/11/2021

(အာဏာ)

မြန်မာ့လွတ်လပ်ရေး
ရကတည်းက
မြန်မာ့ခေါင်းဆောင်များ
အာဏာကို အချင်းချင်း
လုယူမှုကြောင့်
တိုင်းရင်းသားများနှင့်
ရဟန်းပြည်သူများအားလုံး

- ယနေ့အချိန်ထိ
ပြည်သူများဘဝ
ပျက်သုဥ်းကြရသည်

- ယနေ့အချိန်ထိ
စစ်အားလုံးတိုက်တတ်ကြသည်

အနာဂတ်ကို ဘယ်လို
ဆက်လက် ဖန်တီးကြမလဲ?

Col. Solomon

Photos from Democratic Voice of Myanmar's post 21/11/2021

၂၀၂၁ နိုဝင်ဘာ ၂၁ ရက်နေ့
စစ်အာဏာသိမ်းပြီးသည့်နောက် စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရန် ကလေးမြို့ သပိတ်ကြောင်းကြီးနှင့်အတူ ရက်ပေါင်း 286 ရက်တိုင်တိုင် ချီတက်နေသော ချင်းကိုယ်စားပြု ချင်းအလံတော်ကို အလွန်ဂုဏ်ယူလေးစားလျက် ဦးညွတ်အလေးပြုပါသည်။

ထိုနည်းတူ ချင်းပြည်သူ့ကာကွယ်ရေးတပ်များတို့သည်လည်း အသက်ကို ပေးဆပ်စွန့်စားရင်း အာဏာရှင်ချေမှုန်းရေးအတွက် တိုက်ပွဲဝင်နေကြသည်ကို ဦးညွတ်ပြုပါသည်။ ချင်းပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတပ်များအာလုံး ပြည်သူကို ကာကွယ်ရင်း အဓမ္မကို တွန်းလှန်ချေမှုန်းသော တိုက်ပွဲတိုင်းတွင် အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါသည်။

၂၀၂၁ နိုဝင်ဘာ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသော PDF (Kalay) တပ်ရင်း ၃ အောက်မှ တပ်ခွဲတစ်ခု၏ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီးငယ် ၉ ဦးတို့​၏ အခြေအနေကို ပြည်တွင်းပြည်ပ ချင်းပြည်သူများအားလုံး အပါအဝင် မြန်မာပြည်သူများမှ စောင့်ဆိုင်းနားစွင့်နေပါသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့များက မီးဖွားပြီးစ မိခင်တဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို နိုဝင်ဘာလ ၁၁ ရက် ညက အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုကြောင့် ချင်းပြည်သူများ အလွန်ရင်နာကြေကွဲရပြီး ယခု ဖမ်းဆီးခံရသော အမျီုးသမီးငယ်များအတွက်လည်း ထပ်မံ စိုးရိမ်ရပြီး ဝမ်းနည်းရပါသည်။

21/11/2021

ချင်း ပြည်သူ့ကာကွယ်ရေးတပ်တော် CDF /CNF နှင့် ကလေးမြို့ PDF ပူပေါင်း တပ်ဖွဲ့များက ပြည်သူလူထုကြီးကို မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။
*******
ချစ်ခင်လေးစား အားကိုးရတဲ့မြန်မာပြည်သူလူထုကြီး ခင်ဗျာ။ ကျွန်တော်တို့ ဒီတော်လှန်ရေးလုပ်ရခြင်းသည် မြန်မာတစ်နိူင်ငံလုံးစစ်ကျွန်ဘဝက လွတ်မြောက်ဖို့နှင့်အ မှန်တရားဘက်ကခိုင်မာစွာရပ်တည်ပြီး တော်လှန်ရေးလုပ်ရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့သည် မြန်မာနိူင်ငံ စစ်ကျွန်ဘဝကနေ လွတ်မြောက်ဖို့နှင့်အမှန်တရားအတွက် ကျွန်တော်တို့ရဲ့အသက်တွေကိုစတေးပြီးတော့ တော်လှန်ရေးကို အဆုံးထိသွားဖို့ ဆုံးဖြတ်ပြီးသားလဲဖြစ်ပါတယ်။

ဒီ့အတွက်ကြောင့် စမ်းနည်းစရာများကြုံတွေ့လာခဲ့တဲ့အခါ ဝမ်းမနည်းကြပါနဲ့အုံး။
ပျော်စရာတွေ ကြုံတွေ့တဲ့အခါမှာလည် အပျော်မလွန်ကြပါနဲ့အုံး။ ဘာဖြစ်လို့လဲဆိုရင် တော်လှန်ရေးကြီးကမပြီးသေးပါဘူး။ ပျော်စရာအချိန် ၊ ဝမ်းနည်းစရာအချိန်ဟာ တော်လှန်ရေးကြီးပြီးသွားမှ ၊ အောင်ပွဲခံရင်း ဝမ်းနည်း ၊ ဝမ်းသာ ခံစားရကြမှာပါ။
အောင်ပွဲအတွက် ဝမ်းသာရင်း ၊ ကျရူံးသွားတဲ့ တစ်နိူင်ငံလုံးက သူရဲကောင်း ရဲဘော်ရဲဘက်များအတွက် ဝမ်းနည်းရမှာပါ။ ပြည်သူများအနေနဲ့ သွေးအေးမသွားကြပါနဲ့
ကျွန်တော်တို့ တော်လှန်ရေး အားနည်းသွားတာ၊ အားလျော့သွားတာ လုံးဝမရှိပါဘူး။ တော်လှန်ရေးကိုမြင့်တင်ဖို့ ဆက်လက်ကြိုးစားနေကြပါတယ်။

ဒီအချိန်ကာလဟာ ပျော်ရွင်ဝမ်းသာရမယ့်အချိန်မဟုတ်သေးသလို၊ ဝမ်းနည်းကြေကွဲ ၊ စိတ်ဓာတ်ကျနေရမယ့်အချိန်လဲမဟုတ်ပါဘူး။

ကျွန်တော်တို့သည် အဖမ်းခံရသည်ဖြစ်စေ၊ တိုက်ပွဲမှာ ကျရူံးသွားသည်ဖြစ်စေ ဝမ်းမနည်းကျပါနဲ့ စိတ်ဓာတ်မကျကြပါနဲ့ ဒါဟာ မြန်မာပြည် စစ်ကျွန်ဘဝက လွတ်မြောက်ဖို့နဲ့ အမှန်တရားအတွက် ကျန်တော်တို့ရဲ့ အသက်တွေကို ပေးဆပ်သွားတယ်လို့ပဲ သဘောထားပေးကြပါ။

အကြမ်းဖက်စစ်တပ် ဘက်က ကျရူံးမူများလာတဲ့အခါမှာလဲ အပျော်ကြီးမပျော်ကြပါနဲ့အုံး ဘာဖြစ်လို့လဲဆိုရင် တော်လှန်ရေးကမပြီးသေးလို့ပါပဲ။

​မိဘပြည်သူများကို နောက်ထပ် တောင်းဆိုချင်တာက တစ်ခုခုဖြစ်ရင် NUG အစိုးရကိုလက်ညိုးမထိုးအပြစ်မမြင်စေချင်ပါ။ တစ်ခုခုဖြစ်တိုင်း တစ်ယောက်ကိုတစ်​ယောက်အပြစ်တင်တာမျိုးမဟုတ်ပဲ အားသာချက်ရှိရင် ဆက်လက်အသုံးပြုပြီးတော့ အားနည်းချက်အတွက် ​တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီပြီး အဖြေရှာရုန်းထွက်ဖို့လိုပါတယ်။
NUG အစိုးရကို ဆက်လက်ဒီထက်မက ထောက်ခံ အားပေးကြပါလို့ တောင်းဆိုပါရစေ။

ဘာဖြစ်လို့လဲဆိုရင် NUG အစိုးသာမရှိခဲ့ရင် ကျွန်တော်တို့ လက်နက်ကိုင် ခုခံတော်လှန်နိူင်ဖို့မလွယ်ပါဘူး။
ကျွန်တော်တို့ရဲ့တရားဝင်အစိုးရ NUGရှိခဲ့လို့သာ ကျွန်တော်တို့လဲ အသက်ကိုရင်းပြီး တိုက်ပွဲဝင်ရဲတာပါ။
NUG အစိုးရရဲ့ ဝန်ကြီးဌာနအားလုံးကို ယုံကြည်ပေးကြပါ။ လက်ခံပေးကြပါလို့ မေတ္တာရပ်ခံတောင်းဆိုရပါစေဗျ။ အထူသဖြင့် အပြည်ပြည်ဆိုင်ရာ ဝန်ကြီးဌာန ကနေပြီးတော့ ကမ္ဘာ့ဥပဒေနှင့်အညီ တော်လှန်ခွင့်ရအောင်လုပ်ပေးနိူင်ခဲ့တယ်။ ဒါကြောင့် NUG အစိုးရအပေါ် ယုံကြည်မူနှင့် အားပေးထောက်ခံမူ ပိုမိုထောက်ခံပေးကြပါလို့ ထပ်ခါထပ်ခါ တောင်းဆိုချင်ပါတယ်။

ဒီတောင်းဆိုမူနှင့် မေတ္တာရပ်ခံခြင်းဟာ မြန်မာတစ်နိူင်ငံလုံးက ​ပြည်နယ်အသီးသီး၊ တိုင်းအသီးသီး၊ မြို့အသီးသီးက အသက်စတေး တိုက်ပွဲဝင်သူတိုင်းနှင့် ခံယူချက် တစ်သားတည်းဖြစ်မယ်လို့လဲ ယုံကြည်ပါတယ်။

ကျွန်တော်တို့ဟာ အောင်ပွဲမရမချင်း တော်လှန်ရေးကို ရပ်တန့်မသွားပါဘူး။
အောင်ပွဲမရမချင်း ဆက်လက် တိုက်ပွဲဝင်နေအုံးမှာပါ။

အရေးတော်ပုံ အောင်ကိုအောင်ရပါမည်။
တော်လှန်ရေး အောင်မြင်ရပါမည်။
စစ်ကျွန်ဘဝက လွတ်မြောက်ရပါမည်။
​အားတင်းထားပါ မြန်မာ 💪💪💪

အများပြည်သူသိအောင် မျှဝေပေးပါ။
Writter - Khup Bawi
ကျေးဇူးတင်ပါတယ်။

20/11/2021

အာဏာသိမ်းစစ်ကောင်စီ ယာဥ်တန်းအား KNLA တပ်ရင်း(၁)မှ မိုင်းဆွဲတိုက်ခိုက်၊ (၃)ဦးသေဆုံးကာ ရိက္ခာတင်ကား (၁)စီးပျက်စီး

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်
သထုံခရိုင်

ကေအဲန်ယူ- သထုံခရိုင်၊ ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးနယ်အုပ်စု၊ ဘန့်ဘွေးကုန်းရွာအနီး (ထုံးတောင်-ဝတ်ကြီးလမ်းခွ)တွင် နယ်မြေကျော်လွန် ဖြတ်သန်းလာသော
အာဏာသိမ်းစစ်ကောင်စီယာဥ်တန်းကို KNLA တပ်မဟာ (၁)၊ တပ်ရင်း(၁)မှ နိုဝင်ဘာလ (၁၉)ရက်၊ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်(၃)ဦးသေဆုံးပြီး ရိက္ခာတင်ကားကြီး (၁)စီးပျက်စီးခဲ့သည်။

နိုဝင်ဘာ (၁၉)ရက်နေ့နံနက်ပိုင်းက ကားအ စင်းရေ (၃၈)စီးဖြင့် ရိက္ခာနှင့် တပ်ဖွဲ့ဝင်များကို တင်ဆောင်လာသည့်
အာဏာသိမ်းစစ်ကောင်စီ ယာဥ်တန်းသည် ဝါးဘိုးတောဖက်မှ ကမမောင်းဖက်သို့ ဦးတည်မောင်းနှင်လာရာလမ်း၌ KNLA တပ်ရင်း (၁)မှ လမ်းခုလပ်တွင် မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှပြောသည်။

20/11/2021

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ နှင့် ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ တို့ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ
=================================
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အား အာဏာသိမ်းစစ်ကောင်စီ မှ လေကြောင်း၊ရေကြောင်း၊ကုန်းကြောင်း များဖြင့် စစ်ဆင်ရေးများပြုလုပ်၍ ပြည်သူလူထု မကြွနိုင်အောင် ဖိခဲ့ပါသည်။

ထိုကဲ့သို့ ဖိသည့်ကြားမှ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ နှင့် ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ တို့ပူးပေါင်း၍ စစ်ကောင်စီ အသွားလာများသည့် နေရာတွင် "ဖိရင် ကြွမယ်" ဆိုသည့် စသားပါ ပိတ်စကို ချိတ်ဆွဲခဲ့ပါသည်။

Photos from Democratic Voice of Myanmar's post 20/11/2021

NLD ဗဟိုကော်မတီအဖွဲ့၀င် ဦးဇေယျာသော် ဖမ်းဆီးခံရပြီးနောက် ၎င်းနေအိမ်နဲ့ နောက်နေအိမ်တစ်ခုတွင် ဖမ်းဆီးရမိသော လက်နက်/ခဲယမ်းများ စကစထုတ်ပြန်သည်။

- The Chin Journal

Photos from Democratic Voice of Myanmar's post 20/11/2021

မြောင်မြို့နယ်တွင် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလာသူ ရဲတပ်သားအား ဒေသကာကွယ်ရေးအဖွဲ့များက ကျပ်(၄၅)သိန်း ချီးမြှင့်

* * * * * *

စစ်ကိုင်းတိုင်းဒေကြီး၊ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာရှိ ကျောက်ရစ်ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုလာ၍ ဒေသကာကွယ်ရေးအဖွဲ့များက ဆုငွေကျပ် (၄၅)သိန်း ချီးမြှင့်ပြီး လွတ်မြောက်ရာ အရပ်ကို ပို့ဆောင်ပေးခဲ့ကြောင်း ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် YFPDF က သတင်းထုတ်ပြန်ထားရှိသည်။

ကျောက်ရစ်ရဲကင်းစခန်းမှ ကိုယ်ပိုင်အမှတ် လ၂၇၄၁၈၅ ကိုင်ဆောင်ထားသူ ရဲတပ်သား မောင်ထက်သူရသည် G3 သေနတ်တစ်လက်၊ ကျဉ်အတောင့်(၁၀၀)နှင့် လက်ပစ်ဗုံး(၁)လုံးတို့ဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလာခြင်း ဖြစ်သည်။

ဒေသကာကွယ်ရေး မဟာမိတ် ညီတောင်(၅)ဖွဲ့ဖြစ်သည့် Young Fighters People's Defence Force of Myaung(YFPDF)၊ Myaung Special People’s Defense Force ( MSPDF)၊ 27 Revolution Forces၊ 11Brothers Revolution Forces နှင့် T.G.R People's Defence Force ထံသို့ ခိုလုံလာသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များစုပေါင်းကာ ကျပ်(၄၅)သိန်း ချီးမြှင့်ပေးပြီး အဆိုပါ ရဲတပ်သားကို ရဲကင်းစခန်းကနေ ကယ်ထုတ်ပေးနိုင်ခဲ့သည့် ပြည်သူတစ်ဦးကိုလည်း ကျပ်(၁၀)သိန်း ဂုဏ်ပြုလိုက်သည်ဟု YFPDF က အသိပေးထားသည်။

ယခုလို ခိုလုံလာသူများကို အမျိုးသားညီညွတ်ရေးအစိုး(NUG)တွင် စာရင်းပေးသွားမည်ဖြစ်ပြီး ဆက်လက် ခိုလုံလိုသူများအနေဖြင့်လည်း ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်ကို တွေ့ရသည်။

Photos from Democratic Voice of Myanmar's post 20/11/2021

" KA/KNDF မှဖမ်းဆီးရမိတဲ့ mytel SIM card များ၊ top up card များ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူများကိုတော့ ပြန်လည်လွတ်ပေးခဲ့ပါတယ်။
ပစ္စည်းတွေကိုတော့ မီးရှို့ဖျက်စီးပစ်ခဲ့ပါတယ်။ "

- Karenni Nationalities Defense Force-KNDF

Photos from Democratic Voice of Myanmar's post 20/11/2021

စစ်ကိုင်းတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ​ကျောင်းသားများနှင့် စစ်​ကောင်စီ ဥက္ကဋ္ဌ တွေ့ဆုံ
=======
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် စစ်ကိုင်း ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအပတ်စဥ် ၄ ၊ သင်တန်းဆင်းမယ့်ကျောင်းသူကျောင်းသားတွေနဲ့ စစ်​ကောင်စီ ဥက္ကဋ္ဌ မင်း​အောင်လှိုင် မ​နေ့က​တွေ့ဆုံခဲ့​ကြောင်း သိရသည်။

သင်တန်းဆင်းအရေအတွက်က ၂၇၂ ယောက် ရှိသည့်အနက် ၇၂ ယောက်က နေပြည်တော်က ငုရွှေဝါခန်းမမှာ မနေ့က တွေ့တာ ဖြစ်ပြီး ကျန်တဲ့၂၀၀ က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနဲ့ ပင်လုံခန်းမတွေကနေ video conferencing နဲ့တက်တာ ဖြစ်​ကြောင်းသိရသည်။

တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊ ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့်ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန် ဖြစ်တယ်လို့ အဆို​တွေဆုံပွဲမှာ စစ်​ကောင်စီ ဥက္ကဋ္ဌ မင်း​အောင်လှိုင်က ​ပြောကြားခဲ့​ကြောင်းလည်း သိရသည်။

ပညာရေးဘွဲ့၅နှစ်သင်တန်း အပတ်စဥ် ၄ မှာ သင်တန်းသားစုစုပေါင်း ၃၀၂ ယောက်ရှိတဲ့အနက် ၂၇၂ ယောက် က ကျောင်းတက်နေပြီး ယခု နိုဝင်ဘာလနှောင်းပိုင်း မှာ ဘွဲ့ရမှာဖြစ်ပါသည်။

ဘွဲ့ယူပြီးရင် ကိုယ့်မြို့နယ်တွေမှာ အထက်တန်းပြ ရာထူးနဲ့ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါသည်။

ကချင်ပြည်နယ်က ကျောင်းသား ​ကျောင်း သူ ၁၆ ဦးရှိတဲ့အနက် ၁၆ ယောက်လုံးသွားတက်တာလို့လည်း သိရပါသည်။

Photos from Democratic Voice of Myanmar's post 20/11/2021

နိုဝင်ဘာ ၁၉ ရက်ကစပြီးတစ်လကြာ တစ်ရက် ၂နာရီမီးပျက်မယ်
လျှပ်စစ် မီတာခ ပုံမှန် ပေးဆောင်တဲ့သူတွေကတော့ မီးဖြတ်မှာမဟုတ်ဟုဆို

Photos from Democratic Voice of Myanmar's post 20/11/2021

မုံးကိုးဒေသတွင် အာဏာသိမ်းစစ်တပ်ထံမှ လက်နက်ခဲယမ်းအများအပြား ကိုးကန့် MNDAA က သိမ်းဆည်းရမိ
==========
ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုးဒေသတွင် ကိုးကန့် MNDAA နှင့် တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်၏ တပ်မ ၉၉ က လက်နက်ခဲယမ်းအများအပြား စွန့်ပစ်ထားခဲ့သည်ကို ကိုးကန့် MNDAA အဖွဲ့က သိမ်းဆည်းရမိကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

Photo: The Kokang

20/11/2021

လှိုင်သာယာ သောင်ကြီးရဲစခန်း ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၁
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမကြီးပေါ်ရှိ သောင်ကြီး ရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က ပူးပေါင်းပြီး M79 Gr***de launcher ၊ 40 mm ဗုံးသီး ၁ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်၌ ထိုရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ အလံအရှေ့တွင် စုဝေးအလေးပြုချိန်တွင် ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာ CGF HTY နှင့် Spring Revolution Flames ( SRF) တို့က ဆိုသည်။
ထိုသို့ ပစ်ခတ်ပြီး စစ်ကူလာရောက်သော စစ်ကောင်စီတပ်များကို အဝေးထိန်းဗုံး ၄ လုံးဖြင့် ဆက်လက်တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း ဂျန်ပါများကြောင့် မဖောက်ခွဲလိုက်ရကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို မဟူရာ စစ်ဆင်ရေးဟု အမည်ပေးထားပြီး နောက်ပိုင်းတွင်လည်း တော်လှန်ရေးအရှိန်ကို တဆင့်ထပ်တိုး စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုအဖွဲ့များက ထုတ်ပြန်ထားသည်။

20/11/2021

ဟားခါးမြို့နယ်တွင် ဘုရားကျောင်းမီးလောင်မှုဖြစ်ပွား
==========
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဗန်ဟားကျေးရွာရှိ Vanha Baptist Church (VBC) ဘုရားကျောင်းဟာ ယနေ့ နိုဝင်ဘာ ၁၉ ရက် နေ့လည် ၁ နာရီလောက်က မီးလောင်ပြာကျသွားတယ်လို့သိရတယ်။

မီးဟာ ဘုရားကျောင်းထဲမှာထားတဲ့ ဆိုလာကနေ စတင်လောင်ကျွမ်းသွားတာလို့ သင်းအုပ်ဆရာတော်က ပြောပါတယ်။
Zalen

20/11/2021

CNA မှ သူရဲကောင်းတဦး အသက်ပေး

မျိုးချစ်စိတ်ကြောင့် အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့ မလေးရှားကနေပြန်လာပြီ အခုလို အမိတိုင်းပြည်နှင့် လူမျိုးအတွက် အသက်တ‌ချောင်းပါ ပေးဆက်သွားတဲ့ Salai Khua Tin Thang, CNA ရဲဘော်ဟာ မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့က ထန်တလန် နဲ့ ဆိုပွန်းကြားမှာ CDFနှင့် ပူးပေါင်းပြီး အကြမ်းဖက်စကစတပ်ကို တော်လှန်တိုက်ထုပ်ခဲ့ရာမှာ ကျဆုံးသွားခဲ့ပါတယ်။

အမိမြေနဲ့ လူမျိုးအတွက်
တာဝန်ကျေပွန်လှပါပြီ
မျိုးချစ် ချင်းသူရဲ‌ကောင်း
Salai Khua Tin Thang ရာ
အဖရင်ခွင်နှင့် ငြိမ်းဝပ်စွာ အနားယူနှင့်ပါတော့။
လေးစား ဂုဏ်ပြု ဦးညွှတ်လျှက်

ချင်း တော်လှန်ရေး

သူရဲကောင်း တွေကျဆုံးတိုင်း များစွာဝမ်းနည်းရပါတယ်. အလေးပြုအပ်ပါသည်။

အရေးတော်ပုံ မုချအောင်ရမည်။

Photos from Democratic Voice of Myanmar's post 19/11/2021

စစ်ကောင်စီတပ်က PDF-Kalay စခန်းနားမှာ စီးစံရွာသားတစ်ဦးကို လည်လှီးသတ်ဖြတ်
===========
ကလေးမြို့နယ်၊ စီးစံရွာသား ဦးဗျကနေဆန်း (၄ဝနှစ်)ကို အာဏာသိမ်းစစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၅ ရက်တွင် သိမ်းပိုက်ခံရတဲ့ PDF-Kalay တပ်ရင်း ၃ စခန်းအနီးတွင် လည်လှီးသတ်ဖြတ်ခံရပြီး ဒီနေ့နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရွာသားတွေက အလောင်းသွားသယ်ကြပါတယ်။

ဦးဗျက်နေဆန်းဟာ တောယာမှာ ဝဥစိုက်ထားပြီး တစ်ယောက်တည်း တောယာမှာ နိုဝင်ဘာ ၁၄ ရက်က ညအိပ်ပါတယ်။
Zalen

19/11/2021

ရှမ်း​မြောက် မှာ MNDAA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေ

19 November 2021-Kachinwaves

ရှမ်း​ပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့၊ ဖော်ဂျုံး ကျေးရွာ အထက်တွင် ကိုးကန့်တပ် MNDAAနှင့် စစ်ကောင်စီတို့ ယ​နေ့နံနက် ၁၁ နာရီခန့်မှစတင်ပြီး တိုက်ပွဲ ပြင်းထန်နေကြောင့်သိရသည်။

ယခုရက်ပိုင်းတွင် ရှမ်း​ပြည်နယ်မြောက်မှာ ​တိုပ်ပွဲများ ပြန်လည် ပြင်းထန်လျက်ရှိသည်။

Photos from Democratic Voice of Myanmar's post 19/11/2021

ထိုင်း - မြန်မာ နယ်စပ် နေရာ ၅ နေရာမှာ တစ်ရက်တည်း မြန်မာနိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရ

အခုလအတွင်းဆက်တိုက်ဖမ်းဆီးခံရမှုတွေရှိနေ

မနေ့က နိုဝင်ဘာ ၁၈ရက် တစ်ရက်မှာတည်းပဲ ထိုင်းနဲ့ထိစပ်နေတဲ့ မြန်မာ - ထိုင်းနယ်စပ်နေရာ၅နေရာခန့်မှာ ထိုင်းနိုင်ငံကိုဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀ကျော်ခန့်ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းဌာနတွေကဖော်ပြသလို မြန်မာလုပ်သား အရေးကူညီနေသူတွေက ဘီဘီစီကိုပြောပါတယ်။ ထိုင်း နဲ့ မွန်ပြည်နယ် နယ်စပ်ဖြစ်တဲ့ ကန်ချနဘူရီပြည်နယ် နောက်စံခနဘူရီခရိုင်ထဲမှာ ၃နေရာခန့် ၊ ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ မဲဆောက်ခရိုင်အတွင်း ၃နေရာခန့်၊ တနင်္သာရီတိုင်းနဲ့ထိစပ်နေတဲ့ ပရာကျွတ်ခီရီခန်၊ ရနောင်းနဲ့ ချွန်ဖွန်ခရိုင်တွေထဲမှာ ၃နေရာခန့် ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့စပ်နေတဲ့ ချင်းရိုင်ခရိုင်နဲ့ ကယား ပြည်နယ်နဲ့ထိစပ်နေတဲ့မယ်ဟောင်ဆောင်ဒေသတွေမှာ တစ်ရက်ထဲဖမ်းဆီးခံကြရတာဖြစ်တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အောက် တွေပိုများပြီး ပြည်တွင်းမှာ အကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီးခံရမှုတွေ၊ နောက် အလုပ်အကိုင်ရှားပါးမှုနဲ့ တရားဝင်သွားဖို့စောင့်ဆိုင်းနေရတာကြာမြင့်လာတာတွေကြောင့် တရားမဝင်လမ်းကြောင်းကို အသုံးပြုဝင်ရောက်ဖို့ကြိုးစားတာတွေ့ရတယ်လို့ ဦးမိုးကြိုးကထောက်ပြပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ - Royal Thai Army

19/11/2021

ဒီမနက် ​ကျောက်ထု ​လေယာဥ်ကွင်းမှာ ဆင်းတဲ့ Mi35p တိုက်ခိုက်​ရေး ရဟတ်ယာဥ်နဲ့ သာမန်စစ်သုံး သယ်ယူပို့​ဆောင်​ရေး ရဟတ်ယာဥ် ဖြစ်ပါတယ်။

အခု ​ဆောမြို့နယ် ကျင်းလိန် ဘက်မှာ ​လေ​ကြောင်းက ​နေ ပစ်ခတ် တိုက်ခိုက်​နေတယ်လို့ သိရ။

​ယော​ဒေသ ကာကွယ်​ရေး တပ်ဖွဲ့​တွေနဲ့
CDF မင်းတပ် ၊ ကန်ပက်လက် ပူး​ပေါင်း တပ်ဖွဲ့​တွေ စစ်ကူအဖြစ်
သွား​ရောက် တိုက် ခိုက်​နေတာဖြစ်ပြီး။

တိုက်ပွဲ ပြင်းထန်လျက်ရှိပါတယ်။

နိုဝင်ဘာ ၁၉ ၊ ​​ဆော

18/11/2021

ကလေးမြို့ တောင်ပိုင်း PDF Kalay တပ်ရင်း (၇) ရဲ့ ကထိန်အလှူဒါနပုံရိပ်

17/11/2021

People's Defence Force (Kalay)
တိုက်ပွဲသတင်းထုတ်ပြန်ချက်
နိုဝင်ဘာလ ၁၇ရက် ၊ ၂၀၂၁

17/11/2021

ကလေးမြို့ပေါ်တွင် ဒီည ၁၀:၁၀ အချိန်တွင် ပေါက်ကွဲသံ ၁၀ ကြိမ် လောက် ကျယ်လောင်စွာကြားရပါတယ်။

အခုလည်း သေနတ်သံ ဆက်တိုက်ကြားနေရတယ်။

Photos from Democratic Voice of Myanmar's post 17/11/2021

အမှားများ အားနည်းချက်များကို သင်ခန်းစာယူမည်။ ဆုံးရှုံးမှုများအတွက် နှစ်ဆပြန်လည်ရယူမည်။



(တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည့်အတွက် ပြည်သူများ လုံခြုံရေး သတိရှိစွာဖြင့် နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

17/11/2021

PDF Kalay ရဲဘော်တွေဖမ်းဆီးတဲ့နေရာမှာ တိုက်ပွဲဆက်ဖြစ်ပွား
==========
ကလေးမြို့ အနောက်တောင်ဘက် ချင်းပြည်နယ်မှာ ဒီမနက် ၇ နာရီကစပြီး လက်နက်ကြီးနဲ့ သေနတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ယင်းနေရာတွင် မနေ့က PDF Kalay တပ်ရင်း ၃ တပ်ခွဲက ဆေးတပ်သား အမျိုးသမီး ၁၀ ယောက်နဲ့ ယောက်ျားလေး ၂ ယောက်ဖမ်းကို အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။

PDF Kalay နဲ့ CNDF တပ်တွေက ဖမ်းဆီးခံရတဲ့ရဲဘော်တွေပြန်လွတ်ပေးပါက လမ်းဖွင့်ပေးမယ်လို့ လော်စပီကာနဲ့ ပြောပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်က ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ပြန်မလွတ်ပေးလို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းဖြစ်တယ်။

မနက်ပိုင်းတွင် ကလေး-ဂန့်ဂေါလမ်း ထိုမာဘက်ကနေ စစ်ကူတက်လာတဲ့ ကားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

17/11/2021

Kalay PDF အမျိုးသမီး ဆေးတပ်သား ၈ ယောက်တို့ ပုံ တက်လာပါတယ်။
သူတို့ လွှတ်မြောက်ဖို့ အတွက် အထူးဆုတောင်းပေကြရအောင် 🙏🙏

Photo - DavidDT

Crd.
ချင်း တော်လှန်ရေး page

17/11/2021

Update

14/11/2021

ချင်းအမျိုးသားတပ်ဦး ဥက္ကဌ ပူးဇင်ကျုံး Vaurawng Zunnthil နှင့်တွေ့ဆုံခန်းတွင်ပြောကြားသည့် မှတ်မှတ်သားသားစကားများ
===========================================
Nov. 13,2021_CCN

လက်ရှိတော်လှန်ရေးကာလအတွင်းမှာ မိမိလူမျိုးနဲ့တိုင်းပြည်အတွက်အသက်ပေးသူ ချင်းစစ်သည် ၁၀၀ ကျော်ရှိပြီဖြစ်သည်။ မိမိလူမျိုးနဲ့တိုင်းပြည်အတွက် အသက်စွန့်သွားသော စစ်သည်တော်များအားလုံးရဲ့ အမည်ဟာ ချင်းအမျိုးသားအလံတွင်ကမ္ဗည်းတင်ပြီး နောင်လာနောက်သားများအားလုံးအတွက် အမျိုးသားသူရဲကောင်းများအဖြစ် အစဉ်အောက်မေ့သတိရနေမှာဖြစ်ပါတယ်။

ဒီတော်လှန်ရေးကာလမှာ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ မိမိတို့ရဲ့ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကိုဖျက်စီးမှုတွေဟာ ကျွန်တော်တို့အားလုံးထပ်တူထပ်မျှနာကြည်းခံစားကြရပါတယ်။ ကျွန်တော်တို့ရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်စီးလို့ရနိုင်ပေမယ့် ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကိုတော့ မဖျက်စီးနိုင်ပါဘူး။ ဒီထက်ပိုမိုကောင်းမွန်တဲ့တိုင်းပြည်ကို ထူထောင်ကြမယ်ဆိုတဲ့ ခိုင်မာသော သန္နိဌာန်ချပြီးရှေ့ဆက်သွားကြပါစို့။

နိုင်ငံရေးအခြေအနေဆိုးရွားမှုများကြောင့် ပြည်ပကိုစစ်ဘေးရှောင်နေရတဲ့ ပြည်သူ သန်းချီပြီးရှိနေပြီး ဖမ်းဆီးချုပ်နှောင်ခံရတဲ့သူတွေလည်း အများအပြားရှိနေပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်ခုပါတယ်။ အခုအဆင်းရဲဆုံးတိုင်းပြည်အနေအထားကနေ နလန်မထူနိုင်တဲ့တိုင်းပြည်အခြေအနေကို ရောက်သွားနိုင်တဲ့ကာလမျိုးဖြစ်နေပြန်ပါပြီ။

ဒီတော်လှန်ရေးကို တချို့က NLD နဲ့ အကြမ်းဖက်စစ်တပ်ကြားက တော်လှန်ရေးလို့ဆိုတယ်၊ တချို့ကအုပ်စုတစ်ခုနဲ့အကြမ်းဖက်စစ်တပ်ကြားတော်လှန်ရေးလို့ ဆိုကြတယ် ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များနဲ့ အကြမ်းဖက်စစ်တပ်အကြားတော်လှန်ရေးလို့လည်း ဆိုကြတယ်။

(၁) ဒီတော်လှန်ရေးရဲ့ ရည်မှန်းချက်က အကြမ်းဖက်စစ်တပ်စနစ်ပျက်သုဉ်းသွားအောင် အမြစ်ပြတ်ခြေမှုန်းသွားဖို့ဖြစ်တယ်။
(၂) ၂၀၀၈ ခြေဥကိုဖျက်သိမ်းဖို့နဲ့ (အကြောင်းရင်းက ပြည်သူတွေတစ်ခဲနက်ထောက်ခံခဲ့တဲ့ ခြေဥမဟုတ်သလို မိမိလိုသလိုပုံသွင်းရေးဆွဲထားတဲခြေဥဖြစ်တယ်)
(၃) ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်သွားဖို့ဖြစ်တယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကို မိမိတို့မနှစ်ခြိုက်/ မလိုလားကြောင်း ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသကြတယ်။ ဒါပေမယ့်အကြမ်းဖက်နှိမ်နင်းမှုတွေနဲ့ပဲတုံ့ပြန်တဲ့အတွက် အခုဆိုရင်ပြည်သူတွေဟာမလွှဲမရှောင်သာပဲ လက်နက်ကိုင်ကာ ပြန်လည်တော်လှန်ခုခံကြရတယ်။ ဒါကြောင့်တော်လှန်တဲ့စစ်ဟာ မှန်ကန်တဲ့ရွေးချက်မှုဖြစ်တယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မှားယွင်းဆိုးရွားလှတဲ့ယူဆချက်က မြန်မာနိုင်ငံဟာ လူမျိုးတစ်မျိုးတည်းမှာပဲတည်ပြီး လူမျိုးတစ်ခုတည်းဆိုတဲ့ပုံစံမျိုးနဲ့သွတ်သွင်းခြင်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ချင်းလူမျိုးအနေနဲ့ အခြားလူမျိုးတစ်မျိုးရဲ့ လောင်းရိပ်အောက်မှာသွတ်သွင်းခံရမယ်ဆိုရင် မိမိလူမျိုးရဲ့ စာပေယဉ်ကျေးမှုအမွေအနှစ်တွေကို အသုံးပြုခွင့်နဲ့ ထိန်းသိမ်းခွင့်တွေဟာ တဖြည်းဖြည်းနဲ့လွင့်ပါးသွားမယ့်အခြေအနေမျိုးကို မလိုလားကြပါဘူး ဒါကြောင့်အခုလိုမျိုး ချင်းပြည်ကို အဆက်မပြတ်နှိပ်ကွပ်တိုက်ခိုက်ပြီးကြီးစိုးမှုရယူချင်တာဖြစ်တယ်။

- CCNC

14/11/2021

ဖားကန့်က စစ်​​ကောင်စီ တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်

နိုဝင်ဘာ ၁၄ ရက်

ဖားကန့်က စစ်​​ကောင်စီ တပ်စခန်း ၃ ခုကို ​ကေအိုင်​အေ ယ​နေ့မနက်ပိုင်းက တစ်ချိန်ထဲမှာ ဝင်တိုက်ပြီး
သိမ်းလိုက်​ကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ် ကံဆီး တဖက်ကမ်း နမ်ဂျန်​အောင်လျဲန်၊ ဆိုင်းဂျာ၊ ဂါခရန် စတဲ့ စစ်​ကောင်စီ စခန်း ၃ ခုကို
မ​နေ့ည​နေက​နေ သွားတိုက်ပြီး ယ​နေ့မနက် သိမ်းလိုက်တာဖြစ်​ကြောင်း ​ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါ စခန်းများသည် စစ်​ကောင်စီတပ် ၁၀၀ ​ကျော်​စီ ရှိသည့် တပ်စခန်းများဖြစ်​ကြောင်းလည်း သိရပြီး
ဖားကန့်ဗျူဟာမှလည်း လက်ရှိအချိန်တွင် လက်နက်ကြီးများပစ်ခတ်​​နေ​ကြောင်း ဆိုသည်။

​ဒဏ်ရာရ ကျဆုံးစာရင်း​တော့ စုံစမ်း အတည်ပြုနိုင်ခြင်း
မရှိ​သေးပါ။

Crd.

12/11/2021

Congratulations to MAH 😁😁😁

11/11/2021

နေ့တိုင်း လိုလိုနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ ချင်းတောင်မှာ မြေဩဇာ ဖြစ်နေကြတော့တာဘဲ။ ခုလည်း သွေးချင်း CDF Matupi မှ 6 ပွဲ လာပြန်ပြီဟေ့

11/11/2021

စစ်ကောင်စီသင်္ဘော ကျောက်ကြီးကျေးရွာအနီး တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်

11 November 2021 - Kachinwaves

မန္တလေးဘက်မှ ရွှေကူမြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီင်္ဘော‌ကို ရွှေကူမြို့သို့ မရောက်မီ ဧရာဝတီမြစ်ကြောင်းလမ်းတစ်လျှောက်တွင် ကေအိုင်နှင့် PDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယနေ့ ညနေ ၆နာရီကျော်ခန့်တွင် ကျောက်ကြီးကျေးရွာအနီး တိုက်ပွဲအသေးစား ဖြစ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်သည့် ကျောက်ကြီးကျေးရွာဘက်သို့ မိုးစစ်ကျေးရွာတွင် စခန်းထိုင်နေသည့် စစ်ကောင်စီစစ်သားများ စစ်ကူသွားရောက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ ကျောက်ကြီးကျေးရွာတွင်လည်း စစ်ကောင်စီစစ်သား ၆၀ ဝန်းကျင် စခန်းချနေထိုင်ကြောင်း သိရသည်။

တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ မသိရကြောင်း၊ စစ်ကောင်စီသင်္ဘောသည် ၇နာရီခွဲခန့်တွင် ရွှေကူမြို့သို့ ဆိုက်ရောက်သွားသည့်ဟု ဒေသခံက ပြောသည်။

11/11/2021

မအူပင်မြို့ ဖိုးကံပေးကျေးရွာမှာ မိသားစုလိုက် အဆိပ်သောက်သေမှုဖြစ်ပွား

ဧရာဝတီတိုင်း မအူပင်မြို့နယ် လကျ်ားကြီးကျေးရွာအုပ်စု ဖိုးကံပေးကျေးရွာမှာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုလိုက် အဆိပ်သောက် သတ်သေမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိအဖွဲ့တွေထံက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁၀ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေနဲ့ ပရဟိအဖွဲ့တွေ ပူးပေါင်းကာ တွံတေးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

“ရွာဖက်က လူတွေပြောတာကတော့ သူတို့က အတော်ဆင်းရဲတယ်တဲ့ အခုချိန်မှာ စားဝတ်နေရေးပါခက်ခဲနေတော့ စိတ်ဓာတ်ကျပြီးတော့ အခုလိုလုပ်လိုက်ပုံရတယ်၊ အဆိပ်သောက်လိုက်တာ ဘယ်သူမှမသိလိုက်ကြဘူး၊ သူတို့ဆုံးပါးသွားမှသာ သိပြီး ဆေးရုံကိုပို့ဖို့ အနီးဆုံးဖြစ်တဲ့ တွံတေးကို ခေါ်လာကြတာ”လို့ တွံတေးမြို့ ပရဟိတအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကိုဗစ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူလိုက်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ အလုပ်လက်မဲ့နှုန်းတွေ ပိုမိုများပြားလာပြီး ပြည်သူအများစုဟာ စားဝတ်နေရေး ကြပ်တည်းနေကြရပါတယ်။

ဓာတ်ပုံ- နေတိုးပရဟိတအဖွဲ့
#ဧရာဝတီတိုင်း
#မအူပင်
#မိသားစုလိုက်
#အဆိပ်သောက်သေမှု

10/11/2021

လွိုင်ကော်မြို့ အခြေစိုက် ဆေးတပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်

ထွန်းထွန်းဝင်း

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် အမှတ် (၅၄) စစ်မြေပြင် ဆေးတပ်ရင်းမှ ဆေးတပ်သား တစ်ဦး နိုဝင်ဘာလ ၆ ရက်တွင် လက်နက်နှင့်အတူ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) ပြုလုပ်လာသည် ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်- Karenni Generation Z Army (KGZ Army) တာဝန်ရှိသူက ပြောသည်။

“ MA - 3 ဒင်ခေါက် သေနတ် နဲ့ ကျည်ဆန် ၇၀ ၊ ကျည်ကဒ်သုံးခု နဲ့ လက်ပစ်ဗုံး တစ်လုံးပါတယ်။ တစရ ၇/၁၀၀ တပ်မတော် ဆေးရုံကပါ။ ရိုးရိုးတပ်သားပါ။ လက်ရှိတော့ လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ ထားပေးထားပါတယ် ” ၎င်းက ပြောသည်။

စစ်အာဏာရှင်က ပြည်သူများအပေါ် ရက်စက်ယုတ်မာမူများကို လက်မခံနိုင်၍ CDM ဝင်လာသော စစ်ကောင်စီတပ်သားကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် လက်ခံကြိုဆိုကြောင်း KGZ Army က ယနေ့ မွန်းလွဲပိုင်းအချိန်တွင် လူမူကွန်ရက် စာမျက်နှာမှ ကြေညာထားသည်။ အဆိုပါ ဆေးတပ်သားကို KGZ Army က ချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ပေးအပ်ခဲ့သည်။

“ နှစ်ဦးရှိပါပြီ။ ပထမတစ်ဦးကို ကရင်နီပြည် ရဲဌာန Karenni State Police – KSP ကို လွှဲပေးလိုက်ပါတယ်” ဟု KGZ Army အဖွဲ့ တာဝန်ရှိသူက ပြောသည်။

KGZ Army သည် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ဘက် ရပ်တည်မည့် CDM ရဲနှင့် စစ်သားများကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုလျက်ရှိကြောင်းလည်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photos from Democratic Voice of Myanmar's post 10/11/2021

PDF - Kalewa တပ်ရင်း အပတ်စဉ် - ၁ သင်တန်းဆင်း ကျမ်းကျိန်ကတိသစ္စာပြုပွဲ

Photos from Democratic Voice of Myanmar's post 10/11/2021

မင်းတပ်-မတူပီ လမ်းတလျှောက်တွင် စကစနှင့် CDF-MINDAT တို့ ၉ ရက်မြောက်တိုက်ပွဲဆက်ဖြစ်

(Nov 8) မင်းတပ်-မတူပီလမ်း ၁၉ မိုင် တွင် နေ့လည် ၁ နာရီကျော်၌ တိုက်ပွဲ စပြီး စကစ ၁၀ ဦးကျော်ခန့် ကျဆုံးသည်ဟု သိရသည်။ ယခင်တိုက်ပွဲများနှင့်မတူဘဲ စကစယာဉ်တန်းရှည်သည် သံချပ်ကာ ၂ စီး ကို ရှေ့ထုတ်ပြီး စစ်ကားများကိုလည်း ၂ စီးဘေးချင်းယှဉ်၍သာ ရှေ့ဆက်တိုးကြသည်ကို တွေ့ရသည်။ CDF-MINDAT ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရှေ့သံချပ်ကာ ကားပေါ်မှ စက်လတ်(light machine gun)ပစ်သူ အပါအဝင် ၁၀ ဦးကျော်ကျဆုံးပြီး မိုင်းထိ၍ ဒဏ်ရာရသူ အများအပြားလည်း ရှိသည်။

မိုင်တိုင် ၂၇ တွင်လည်း စကစ အလောင်းတစ်ခု ‌မြေမြုပ်ခဲ့ကြသည်ကိုတွေ့ ရသည်။ စကစယာဉ်တန်းရှည်သည် လက်နက်ကြီး ခဲယမ်းနည်းပါးလာသည်ဟု ယူဆရပြီး မင်းတပ်မှ ၁၁မိုင်ခန့်အထိ တက်လာသော ဒေသခံတပ်ရင်းကသာ လက်နက်ကြီး လှမ်းပစ်ကူသည်ကို တွေ့ရသည်။

(Nov 9) ရက်‌နေ့တွင် ၁၆ မိုင်တွင် တိုက်ပွဲစပြီး စကစ ၅ ဦးခန့် ကျဆုံးပြီး မိုင်းထိ ဒဏ်ရာရသူများသည်။ CDF-MINDAT မှ ဆက်လက်၍ ၁၄ မိုင်အထိ နောက်မှလိုက်လံတိုက်ခိုက်ခဲ့ရာ နောက်ထပ် ၂ ဦးခန့် ကျဆုံးပြီး ဒဏ်ရာရသူများ ရှိမည်ဟု ခန့်မှန်းရသည်။ လမ်းမပေါ် ရှိ သွေးကွက်များ ကို ဆေးခြင်း၊ မြေကြီးနှင့်ဖုံးခြင်း စသည်ဖြင့် သဲလွန်စများကို စကစများက ဖျောက်ဖျက်ကြသည်ကို တွေ့ရသည်။

ယနေ့ (Nov 10) တွင်လည်း ၁၁ မိုင်ဝန်းကျင်တွင် CDF-Mindat နှင့် စကစများ ထိတွေ့မှုရှိခဲ့သည်။

Crd: CDF-Mindat

10/11/2021

ချင်း တော်လှန်ရေးတပ် CNA ရဲဘော်မှ
ရင်တွင်းစကား

လူတိုင်းသေရမယ်ဆိုတာသိပြီးသားမို့
ဘာဆန်းလို့တုန်း
ဘယ်လိုသေရမလဲဆိုတာသာ ဆန်းရတယ်။
လူဆိုတာ ကျည်ဆံနဲ့မသေလည်း
နောက်တနည်းနဲ့
သေချာပေါက်သေရမှာ သေချာ။

မြို့၊ ကျေးရွာ လူနေအိမ်တွေကို မီးရှု့၊
လူငယ်များကို
အရေပြားပေါ် အရုပ်ကို လှီးထည့်ထားရုံနဲ့
တော်လှန်ရေးကအဆုံးမသတ်နိုင်ဘူး။

မတရားမှုဟာ
တစ်ချက်ခြင်းသွားနေတဲ့ နာရီတလုံးထဲက
စက္ကန့်တံတချောင်းလိုပဲ
အကြီးမားဆုံးခရီးသွားတဦးအဖြစ်
ကမ္ဘာထဲ ဆက်သွားနေလိမ့်ဦးမယ်။

ရဲဘော်များ 💪💪
Salai Bawi Len San မှ ရေးသားသည်။

10/11/2021

- ယခု ပုံ သည် မတူပီ မှ မင်းတပ် ဖက်သို့
ဆင်းလာကြသော စကစတပ်ကား ၇၀ ကျော်၏
ယာဥ်တန်းပုံ ဖြစ်ပါတယ်...

- ယနေ့ လည်း Mindat CDF နဲ့ စခ များ
ထိတွေ့မှု ဖြစ်ပါတယ်...
CDF ဖက်မှ ဘေးကင်းအောင်မြင်ပြီး
စခ တွေဖက်တွင် အထိအခိုက်များကြောင်းသိရ

- ဒီနေ့တော့ တိုက်ပွဲ ဖြစ်တဲ့နေရာနဲ့ ၁ ဖာလုံ ဝန်းကျင်
ရောက်တော့ 😁 ရင်ခုန်ချင်စရာကြီး...😁
တအုန်းအုန်း တတုန်းတုန်းဘဲ...🙄
ကားလမ်းပေါ်လဲ ဆေးထိုးအပ် ပတ်တီး ဝါဂွင်း
သွေးတွေ နေရာတိုင်းတွေ့ရ...😒

- ယနေ့ ည စခ များ ၁၄ မိုင် ဝန်းကျင် တွင်
ညအိပ်နိုင်ခြေရှိ...
ညတွင်းချင်း မြို့ထဲလဲဝင်နိုင်...စောင့်ကြည့်နေဆဲ
ယနေ့ နံနက် မင်းတပ် မှ တက်သွားသော
စခ များ ၉ မိုင် ၊ ၆ မိုင် ဝန်းကျင်တွင် ရှိနေကြဆဲ

- ခက် ခက် ခဲ ခဲ ရိုက် ခဲ့ ကြ တဲ့ ပုံ လေး...😋

- Hkl
Nov 9 , 6:15 PM

09/11/2021

အမြန်လမ်း ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲ ၅ ဦးသေဆုံး
-----------
ယနေ့ (နိုဝင်ဘာ ၉) နံနက် အစောပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၁၀ ရှိ ဇဟား ရဲကင်း စခန်းတိုက်ခိုက်ခံရပြီး ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“သတင်းက Confirm (အတည်ဖြစ်) ဖြစ်ပါတယ်။ ဟုတ်တယ်တဲ့။ ငါးဦးကျသွားတယ်။ အချိန်တွေ ဘာတွေတော့ မမေးလိုက်ရဘူး” ဟု အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရပုံကို အဆိုပါအမျိုးသားက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဖြူးမြို့နယ် ရဲစခန်းနှင့် ဇဟားရဲကင်းစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။ အမြန်လမ်းရဲကင်းစခန်း ဝင်ရောက် တိုက်ခိုက်ခံရပြီး ရဲငါးဦးသေဆုံးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်ဟု BBC သတင်းဌာနက ရေးသားထားသည်။

အမြန်လမ်းရဲတပ်ဖွဲ့၏ ဇဟားရဲကင်းစခန်းရှိရာ မိုင်တိုင် ၁၁၀ သည် ဖြိုးမြို့နယ် ညောင်ပင်သာရွာ နှင့် ကညွတ်ကွင်းရွာကြားတွင် တည်ရှိသည်ဟု သိရသည်။ အဆိုပါ ရဲကင်စခန်းနှင့် မနီးမဝေးဖြစ်သည့် မိုင်တိုင် ၁၁၅ တွင် ခရီးသွားယာဉ်များ ရပ်နားရာ စားသောက်စခန်းရှိသည်။

08/11/2021

တိုက်ပွဲသတင်းထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်။

ယနေ့ နိုဝင်ဘာ (၈) ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်တွင် CNA ၊ CDF - KKG တပ်ရင်း ၂ (CDM - Siyin) နှင့် Zoland-PDF ပူးပေါင်းတပ်ဖွဲ့သည် ချင်းတောင်သို့တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ကားအကြီးနှစ်စီး၊ အသေးနှစ်စီးကို သိုင်းငင်းနှင့် ဟိန်ဇိန်ရွာကြားတွင် မိုင်း (၆) လုံးခွဲ တိုက်ခိုက်ခဲ့ပါသည်။ ပူးပေါင်းတပ်ဖွဲ့၏ အလစ်ငိုက်ချုံခိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ စစ်ခွေများနှင့် စစ်ကားများ အထိအခိုက် ရှိနိုင်ကြောင်းသိရပါသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ စစ်ခွေးတပ်များသည် ချင်းပြည်နယ်နှင့် ကလေးဆက်သွယ်ထားသော လမ်းမများတွင် တပ်စွဲ၊ သွားလာပြီး လူမဆန်အကြမ်းဖက်လုပ်ရပ်များကို အချိန်မရွေးကျူးလွန်နိုင်သည့်အတွက် မိဘပြည်သူများအနေနှင့် အထူးသတိပြုသွားလာနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

Chinland Defense Force - Kalay Kabaw Gangaw

Videos (show all)

ဆေးတပ်က ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင် နွေဦးတော်လှန်ရေးမှာ ပါဝင်လာပြီ
စစ်အာဏာရှင်ဆန့်ကျင်လို့ အဖမ်းခံရသူ  ၃၀၀၀ နီးပါး ထောင်အသီးသီးမှာ ကျန်နေသေး
ချင်းပြည်နယ် ဟားခါးမြို့၌ ည သပိတ် ကျင်းပ
မကြာခင် ဖြစ်လာတော့မည့်အကြောင်း Interview သောအခါ
မေတ္တာနှင့်ငြိမ်းချမ်း​ရေး
အိန္ဒိယသမုဒ္ဒရာမှာ အမေရိကန်ရေတပ် လတ်တလောစစ်ရေးလေ့ကျင့်မှု
ရွှေ ၇ ပိသာအမှုဖြစ်သွားပြန်ပြီ😁
ကိုယ့်သောက်ရှက်ကိုယ် ကမ္ဘာလှည့်ပြီးခွဲတယ်ဆိုတာဒါမျိုးကိုပြောတာ😆news-voa
အလိုမရှိ- (လှည်းတန်း)https://www.facebook.com/1843883842374891/posts/3752139681549288/?d=n
သဘောကျလွန်းလို့ ဘယ်နှစ်ခါမှန်းမသိဘူးကြည့်နေတာ❤️❤️
တစ်ချိန်လုံးရှေ့ဆုံးကနေ အားမန်ပြည့်ကြွေးကြော်သံနဲ့  တက်ကြွနေသူ
ဒီလူက ကိုရီးယားမှာရှိတဲ့ ဗေဒင်ဆရာဖြစ်တဲ့အပြင်  နတ်ဝင်သည်လည်းဖြစ်ပါတယ်။

Website