Department of Myanmar : Taungoo University

Department of Myanmar : Taungoo University

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Department of Myanmar : Taungoo University, Education, .

03/08/2023

သင်တို့ဘုရား ငါ မဖူး

ဓာတ်လား နတ်လား
ပညတ်လား ပရမတ်လား ဘာဘာညာညာ မကွဲပြား
သင်တို့ယောင်ခြောက်ဆယ်ဘုရား ငါ မဖူး

မင်းတဆက် တက်ရင်
နန်းမြို့ အသစ်ပြုမယ် နေပြည်တော် ရွှေ့မယ်
ဟူးရားတို့ဝါဒနဲ့ ယတြာဘုရားတည်မယ်
သင်တို့ဂြိုဟ်သိမ်ဂြိုဟ်ပဲ့ဘုရား ငါ မဖူး

မြင့်မြတ်သော အတုမရှိဗုဒ္ဓရှေ့
နာမဝိသေသနပေါက်လွှတ်ပဲစားတွေ တပ်ဆင်ထားပုံ
ဆုတောင်းပြည့် ဝဋ်ကြွေးကျေ အရူးပျောက်
စော်ကြည် ထီပေါက် နိဗ္ဗာန်ရောက်
အခု ငြိမ်းချမ်းရေးတဲ့လား
သင်တို့ကလေးကင်ပွန်းတပ်ဘုရား ငါ မဖူး

ဗုဒ္ဓကို မတွေ့ရှိလိုက်တဲ့
တီကောင်တွေ အထွေးလိုက် ရူးခါနေကြပုံ
အောက်တန်းစားဆန်တယ် ဆူညံတယ်
သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပ ကင်းတယ်
သင်တို့ဖွဲအဖျဉ်းဘုရား ငါ မဖူး

မင်းခမ်းမင်းနားသဘင်ထဲက
ရွှေရောင်စူးကျင့်နေတဲ့ အာရာမ် ဆင်းတု စေတီ နတ်ကွန်းများ
ပလွှားဂုဏ်မောက်သော အရပ်၌ ဗုဒ္ဓ နေတော်မမူ
သင်တို့ဂုဏ်သရေရှိဘုရား ငါ မဖူး

ငြူစူတယ် ဝန်တိုတယ်
အပျော်အပါးကို လောက်တဖွားဖွား ရေအိမ်လို တပ်မက်တယ်
အချင်းချင်း ဆန့်ကျင်တယ် ခြေထိုး ဆွဲငင်တယ်
ဖိနပ်ကို လျှပ်တိုက်စီးသလို အတွေးအခေါ်ပါးလျားတယ်
သင်တို့ပညာမဲ့ဘုရား ငါ မဖူး

ဗုဒ္ဓ မိန့်တဲ့ မောဃပုရိသတွေ
ဗုဒ္ဓ စက်ဆုပ်တဲ့ တုစ္ဆပုဂ္ဂလတွေ
ဒီမိုကရေစီထက် ပိုစောတဲ့ ဂဏစနစ်အကြောင်း ပြောရင်း
နှစ်ယောက်ရှိ သုံးဂိုဏ်းခွဲကြည့်ချင်တဲ့ သူရဲကောင်းရူးတွေ
သင်တို့အယောနိသောမနသိကာရဘုရား ငါ မဖူး

မမြင်ဖူး မူးမြစ်ထင်သလို
ဗုဒ္ဓကို မသိမြင်လေလေ ဘုရား တ လေလေ
ချစ်သားတို့ရေ.. ဝေလေလေ
သပ္ပုရိသအပေါင်း မျောက်လောင်းတို့ရေ.. ဝေလေလေ
အေ.. သင်တို့ဝေလေလေဘုရား ငါ မဖူး

တရားဦးဓမ္မစကြာရဲ့အမှတ်အသား
စက္က(တရားစက်ဝန်း)အစား လော်စပီကာအပေါက်ဝိုင်းကြီးအား
အရှက်တရားမဲ့ ရွံ့ဖွယ်လိလိ တပ်ဆင်လဲလှယ်ကြ
သင်တို့အမနာပဘုရား ငါ မဖူး

ဗုဒ္ဓက လွတ်လပ်တော်မူလို့
ဗုဒ္ဓကို သင်တို့အလေအလွင့်ဘုရားက ကွယ်ပလို့

ဓမ္မက သဘာဝကျယ်ပြောလို့
ဓမ္မကို သင်တို့ကျဉ်းကျပ်ကျုံ့ဝင်သောတရားက ကွယ်ပလို့

အို ဆူညံသော အသုရကာယတို့
သင်တို့ ချီးပသောဘုရား ငါ ငြင်းဆန်ပါရဲ့
သင်တို့ ထိုးကျင့်သောတရား ငါ ငြင်းဆန်ပါရဲ့

အို ပိန်ဖျင်းသော ပေတတိရစ္ဆာန်တို့
ငါ့မှာ တဆူတည်းသော တိတ်ဆိတ်သူ ဗုဒ္ဓဟာ ရှိပြီးဖြစ်ရဲ့
ထို့ကြောင့် သင်တို့ဘုရား ငါ မဖူးလိုလို့။

#ကေဇဝင်း
တန်ဆောင်မုန်းလပြည့်
သာမညဖလအခါတော်နေ့
( ကမ္ဘာ့သက်ငြိမ်ခြင်းနေ့)မှာ ရေးတယ်။

22/04/2022

ကျောင်းသား/ကျောင်းသူများခင်ဗျာ

တောင်ငူတက္ကသိုလ် CDM ကျောင်းသားများကွန်ယက်ရဲ့ သတင်းပြန်ကြားရေးဆိုင်ရာ တရားဝင် Telegram Channel လေးကို Join ပေးကြဖို့ တောင်းဆိုအပ်ပါတယ်ခင်ဗျာ

Telegram Channel 👇👇👇
https://t.me/TaungooUniCDMStudentsNetwork

21/04/2022

NUG က ပညာရေးအတွက် အာမခံမှုနည်းပါးလို့ ကျောင်းပြန်တက်ရတာပါဆိုတဲ့သူတွေအတွက်ပါ။

အာမခံချက်နည်းလို့ စကစဖွင့်တဲ့ကျောင်းတွေကို ပြန်တက်တဲ့ကျောင်းသားတွေ ကျောင်းတက်ခိုင်းတဲ့မိဘတွေကို မေးချင်တာက NUG က ထုတ်ပြန်ချက်တွေကို သေချာရော လေ့လာဖြစ်ရဲ့လားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။

NUG ရဲ့လက်ရှိပညာရေးပုံစံဟာ အောင်စာရင်းစာရွက်ပြမှ ပညာတတ်တယ်ထင်ရတဲ့ပညာရေးထက် မိမိဘာသာလေ့လာသင်ယူရတဲ့ ပုံစံမျိုးကို အလေးပေးထားပါတယ်။
လက်ရှိမှာလည်း အခြေခံပညာအားလုံးအတွက် သင်ကြားရေး video တွေကို နိုင်ငံတကာ အဆင့်မီပြင်ဆင်ထားရှိတာကို တွေ့ရပါတယ်။(မယုံရင် သင်ကြားရေး Video တွေတင်ထားတဲ့ telegram channel တွေကို ဝင်ကြည့်ပါ။)

NUG မဟုတ်ဘဲနဲ့ ပြင်ပအဖွဲ့အစည်းတွေဖြစ်တဲ့ FOEIM တို့ SPRING UNIVERSITY တို့လိုမျိုး အဖွဲ့အစည်းတွေမှာလည်း ကျွမ်းကျင်တဲ့လူတွေက စနစ်တကျသင်ကြားပေးနေတာကိုလည်း တက်ရောက်ဖူးတဲ့သူတွေအသိဖြစ်ပါတယ်။ထိုအဖွဲ့အစည်းတွေက ပေးတဲ့ သင်ယူပြီးမြောက်ကြောင်း လက်မှတ်တွေကလည်း တစ်နေရာရာမှာ အသုံးဝင်တယ်ဆိုတာကိုလည်း သိထားစေလိုပါတယ်။

အထင်ရှားဆုံးဥပမာအနေနဲ့ မင်မင်လက်တွေ့ကြုံဖူးတာလေးကို တင်ပြချင်ပါတယ်။
FOEIM စတင်ပေါ်ပေါက်ကာစ (NUG တောင်မပေါ်သေးခင်အချိန်)နိုင်ငံရေးနှင့် မနှီးနွယ်သော volunteer တွေရဲ့အင်အားတွေနဲ့ တက္ကသိုလ်ဝင်တန်းစနစ်ဟောင်း ကျောင်းသားတွေကို ၆ဘာသာစလုံးအခမဲ့ သင်ကြားပေးခဲ့ပါတယ်။၈လတိတိသင်ကြားပြီးမြောက် စာမေးပွဲစစ်ပြီး အောင်မြင်သူတွေကို အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးခဲ့ပါတယ်။
နိုင်ငံခြား တက္ကသိုလ်တစ်ခုက ဖွင့်လှစ်တဲ့ အွန်လိုင်းအတန်းတစ်ခုမှာ ၁၀တန်းအောင်လက်မှတ်ပြနိုင်တဲ့သူမှသာ သင်ကြားခွင့်ပြုထားပါတယ်။အဲ့ဒီအတန်းကို မင်မင်တို့ Team က ထုတ်ပေးထားတဲ့ အောင်လက်မှတ်ပြ ၊သေချာရှင်းပြပြီးနောက်မှာ ထိုအတန်းကို တက်ခွင့်ရသွားပါတယ်။(အတန်းက ပေါလောရှောလော အတန်းမဟုတ်ကြောင်းတော့ သိစေလိုပါတယ်။)

မင်မင်တို့လိုမျိုး အင်အားမတောင့်တဲ့ အဖွဲ့အစည်းကပေးတဲ့ အောင်လက်မှတ်ကို ချွင်းချက်အနေနဲ့ လက်ခံတယ်ဆိုရင် FOEIM တို့ NUG တို့က ပေးတဲ့ အောင်လက်မှတ်ဆိုရင်တော့ ဘယ်အတိုင်းအတာအထိ ထိရောက်မလဲ မင်မင်တို့ မပြောလည်း သိလောက်မယ်ထင်ပါတယ်။

ဒီနေရာမှာ ကျောင်းသားထုကို တောင်းဆိုချင်တာတစ်ခုရှိပါတယ်။၁၀တန်းအောင်မှ အလုပ်ပေးမယ်ဆိုတဲ့သူတွေကို မိမိရဲ့အခက်အခဲတွေ ၊တတ်မြောက်ထားတဲ့ပညာတွေ၊ တခြားအဖွဲ့အစည်းတွေဆီကနေ ရရှိထားတဲ့ အောင်လက်မှတ်တွေကိုပါ တင်ပြပြီး တောင်းဆိုကြည့်ဖို့ပါ။
၁၀တန်းအောင်မှ ၊ဘွဲ့ရမှခေါ်တယ်ဆိုလို့ complain မတက်ဘူးဆိုတာတော့ မဖြစ်သင့်ဘူးထင်ပါတယ်။

CDM လုပ်ထားရုံအပြင် ရသမျှအချိန်တွေမှာ ရသလိုလေး လေ့လာသင်ယူထားဖို့လည်း
အကြံပေးပါတယ်။ ဘာလုပ်ရမှန်းမသိရင် ရရာသာလုပ်ပါလို့ ပြောပါရစေ။

NUG နဲ့ EAOs တွေဟာတစ်နိုင်ငံလုံးရဲ့ တစ်ဝက်နီးပါးကို ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ အချက်
စစ်ကောင်စီဖက်မှာ လက်တစ်ဖက်တောင်မပြည့်တော့တဲ့နိုင်ငံတွေပဲ ရှိတော့တယ်ဆိုတဲ့အချက်
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေလာတယ်ဆိုပေမယ့် အများစုက နိုင်ငံတကာမှာ အခြေစိုက်တဲ့ တရုတ်ကုမ္ပဏီတွေလောက်တဲ့ ရှိတယ်ဆိုတဲ့အချက်
ကျောင်းသွားတက်တဲ့သူတွေရဲ့ အချက်အလက်တွေ ဒလဟော ကျိုးပေါက်နေတယ်ဆိုတဲ့အချက် ( တချို့ဆို စာသင်ခန်းထဲတောင်သွားတုန်းရှိသေး မင်မင်တို့ဆီ စာရင်းက ရောက်ပြီးနေပါပြီ။)
စကစပေးတဲ့ဘွဲ့ကို အသိအမှတ်ပြုမယ့်သူ မရှိသလောက်ရှားတယ်ဆိုတဲ့အချက်
စတာတွေကိုလည်း မေ့မထားသင့်ပါဘူး။

တစ်ဘဝလုံးစာကောင်းစားဖို့ တစ်နှစ်လောက်တော့ စောင့်စေချင်ပါတယ်။

ယုတ်စွအဆုံး
အခြေအနေအကြောင်းကြောင့် စကစဟာ CDM တွေကို ပြန်လည်လက်ခံဖို့များပါတယ်(လက်ရှိမှာတော့ စာတွေဘာတွေထုတ်ထားလည်း နောက်ကျ ပယ်ဖျက်တာမျိုးပါ)

၁၉၈၈ အရေးခင်းပြီးတုန်းက ကျောင်းသားခေါင်းဆောင်တွေကို နိုင်ငံရေးမလုပ်တော့ပါဘူးလို့ ကတိပေးရင် ဟားဗတ်ထိအောင် ပို့ပေးမယ်ဆိုပြီး ကမ်းလှမ်းတာမျိုးတွေရှိခဲ့ပါတယ်။တကယ်လည်း ပို့ခဲ့ပါတယ်။

ကိုယ့်သမိုင်းကိုယ်ရေးရပါတယ်။
မိဘဆန္ဒမလွန်ဆန်နိုင်လို့ဆိုတာလောက်နဲ့တော့ လူမှုသိပ္ပံအသိုင်းအဝိုင်းက ခွင့်လွှတ်မှာမဟုတ်သလို သမိုင်းမှာလည်း ခွင့်လွှတ်ခဲ့တာမတွေ့ရပါ ။ စစ်တမ်းတွေ အရလည်း အနာဂတ်မှာ ခွင့်လွှတ်ခံရနိုင်ဖို့ မရှိကြောင်း သိစေလိုပါသည်။

CDM များနှင့် ထပ်တူ ရပ်တည်လျက်

Telegram channel
https://t.me/loutkgummfy



#ကြံဆောင်သမျှအောင်ပါစေ
#ကျောင်းပြန်တက်သင့်ပြီလား

17/04/2022

အသုံးပြုသူ ၁,၀၀၀ လိုအပ်နေတဲ့ "The Pegu" App

🛑"The Pegu "က ဘာအတွက်လဲ ။
ပဲခူးဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်များအား Fundraise ပြီး ထောက်ပံ့နိုင်ဖို့ ပါ။

🛑"The Pegu "ကနေ ဘယ်လိုထောက်ပို့ကြမှာလဲ။
App ကို နေ့စဉ်ပုံမှန်သုံး ၊ သတင်းတွေ ဖတ်ရင်း ကြော်ငြာads တွေကနေ ငွေ၀င်ဖို့ပါ ။

🛑Ads ကြော်ငြာ တွေတက်‌နေပြီလား ။ဘာ အကူအညီတွေလိုအပ်‌နေလဲ။

ကျွန်တော်တို့ App ကို ဒေါင်းလုပ် ပြုလုပ်သူ ၁,၀၀၀ ပြည့်မှ Google ကြော်ငြာလျှောက်လို့ရမှာပါ
Google ကြော်ငြာ တက်မှ ကျွန်တော်တို့ တော်လှန်ရေးအတွက် ထောက်ပို့လုပ်နိုင်မှာဖြစ်ပါတယ် ခင်ဗျာ
ဒီရက်ပိုင်းလေးမှာပဲ အသုံးပြုသူ ၁,၀၀၀ ရဖို့အတွက် ကျွန်တော်တို့အားလေးစိုက်လိုက်ရအောင်ဗျာ
တော်လှန်ရေးအတွက် အားစိုက်နေကြတဲ့သူက ၁,၀၀၀ မကရှိတာမို့ ကျွန်တော်တို့
သိပ်မကြာခင်မှာ ပြည့်မယ်လို့ ယုံကြည်ပါတယ်ဗျာ...
လူပိုသိမှ ပိုပြီး ဒေါင်းလုပ်လုပ်နိုင်ကြမှာမို့ ကျွန်တော်တို့ပိုစ်ကိုလည်း share ပေးကြပါခင်ဗျာ
App ကို သုံးရတာအတွက် အခက်အခဲရှိရင်လဲ ကျွန်တော့်ကို Chat Box မှာ လာမေးလဲ ရပါတယ်
ဒါမှမဟုတ် တယ်လီဂရမ်မှာ မေးလဲ ရပါတယ် ခင်ဗျာ
Channel Link: https://t.me/ThePegu

Photos from Department of Myanmar : Taungoo University's post 04/04/2022

၂၀၂၂ခုနှစ် စကစ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အသိအမှတ်မပြုကြောင်း ကြေညာခြင်း

28/11/2021

"သွေးစွန်းပညာရေး သပိတ်မှောက်ကြ"

ပထမကျောင်းသားသပိတ်ကြောင့် ပေါ်ထွက်လာခဲ့ရသော အမျိုးသားနေ့၏ (၁၀၁) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျောင်းသားပြည်သူများအနေဖြင့် Profile Campaign တွင်ပါဝင်ရင်း စစ်ကျွန်ပညာရေး (ဝါ) သွေးစွန်းပညာရေးကို သပိတ်မှောက်ကြရန် တိုက်တွန်းနိုးဆော်ပါသည်။

Campaign ရည်ရွယ်ချက်
- စစ်ကျွန်ပညာရေးကို သပိတ်မှောက်ရန်
- ဖက်ဒရယ်ဒီမိုကရေစီပညာရေး တည်ဆောက်ရန်

Profile change ရန် Link - https://twb.nz/surc



#သွေးစွန်းပညာရေးကို သပိတ်မှောက်ကြ

Photos from Department of Myanmar : Taungoo University's post 18/11/2021

❙ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ် သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော Public Lecture အစီအစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများ၊ အရေးပေါ်ကာလအခြေအနေများတွင် လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များနှင့် အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာပြီး “ ပြည်သူက ပြည်သူကို ကူညီစောင့်ရှောက်ခြင်းဖြင့် အနိုင်ယူပါ”

ကြားကာလ ပညာရေးအစီအစဉ် (Public Lecture Series for students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ပညာသင်ယူခွင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသား ကျောင်းသူများအတွက် ပညာဆက်လက်သင်ယူခွင့် ရရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်းများနှင့် ပူးပေါင်းကာ စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့၊ ၂၀၂၁ ခုနှစ်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီ
နွေဦးမြန်မာစာ ဘာသာရပ်ဆိုင်ရာဟောပြောပွဲ
( တော်လှန်ရေးနဲ့ကဗျာဟာ ဖွားဖက်တော်တွေဖြစ်တယ် )
ဟောပြောမည့်သူ - ကဗျာဆရာ အောင်ဝေး

နွေးဦးတော်လှန်ရေးတွင် အားဖြည့်နေကြသော ကျောင်းသားလူငယ်များ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ထား ပြီး မြန်မာစာအထူးပြုဘာသာရပ်ကို စိတ်ဝင်စားလေ့လာလိုသော ကျောင်းသား၊ကျောင်းသူများနှင့် မြန်မာစာ ကို ချစ်မြတ်နိုးသူများ တက်ရောက်နိုင်ပါသည်။ မြန်မာစာပေ၏ သဘောသဘာဝများကို သိရှိနားလည်စေရန်၊ ရသစာပေမှ ပေးသည့် စိတ်ဓာတ်ခွန်အားသည် တော်လှန်ရေးအတွက် များစွာအကျိုးပြုကြောင်း သိရှိနားလည် စေရန် ရည်ရွယ်ပါသည်။

ဟောပြောပွဲစတင်သည်နှင့်တပြိုင်နက် Ministry of Education, NUG ၏ page နှင့် YouTube Channel များမှ တပြိုင်နက်တည်း Live လွှင့်ပေးပါမည်။

အောက်ဖော်ပြပါ Link များမှတစ်ဆင့် ဟောပြောပွဲကို တိုက်ရိုက်တက်ရောက်နိုင်ပါသည်။

◾️Zoom link:
https://learning-moe-nugmyanmar-org.zoom.us/j/85121780801?pwd=cms5TTg3clpzNkY0NU5vSWtuTGtmZz09

Meeting ID: 851 2178 0801
Passcode: 033845

Live လွှင့်မည့် page နှင့် YouTube Channel

◾️page: https://www.facebook.com/Ministry-of-Education-National-Unity Government-of-Myanmar-109386154653912

◾️YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQ

Photos from Department of Myanmar : Taungoo University's post 04/11/2021

နွေဦးမြန်မာစာ စာပေဟောပြောပွဲ

ခေါင်းစဉ် - တော်လှန်ရေးစိတ်ဓာတ် အမြဲရှင်သန်ထက်မြက်စေသော မြန်မာကဗျာများ
ဟောပြောသူ - ဦးဇော်ဇော်အောင်

ဟောပြောပွဲစတင်နေချိန်နှင့် တပြိုင်နက် Ministry of Education, NUG ၏ page နှင့် YouTube Channel များမှ တပြိုင်နက်တည်း Live လွှင့်ပေးပါမည်။
အောက်ဖော်ပြပါ Zoom Link မှတစ်ဆင့်လည်း တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://learning-moe-nugmyanmar-org.zoom.us/j/81338036448?pwd=Nlc4UTF3alVoUlAvNTd5eWFGcDk4dz09
Meeting ID: 813 3803 6448
Passcode: 785877

Live လွှင့်မည့် page နှင့် YouTube Channel
page: https://www.facebook.com/Ministry-of-Education-National-Unity Government-of-Myanmar-109386154653912
YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQ

Photos from Department of Myanmar : Taungoo University's post 26/08/2021

တောင်ငူတက္ကသိုလ် မြန်မာစာအထူးပြုကျောင်းသားများနှင့်၊ မြန်မာစာပေကို ချစ်မြတ်နိုးသော သူများအတွက်

ဩဂုတ်လ ၂၇ ရက်နေ့၊ ၂၀၂၁ ခုနှစ်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီ
နွေဦးမြန်မာစာ ဘာသာရပ်ဆိုင်ရာဟောပြောပွဲ
( မြန်မာစာကျောင်းသား ကဗျာဆရာ )
ဟောပြောမည့်သူ - ကဗျာဆရာ အောင်ဝေး
မြန်မာစာအထူးပြုကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး မြန်မာစာအထူးပြု ဘာသာရပ်ကို စိတ်ဝင်စားလေ့လာလိုသော ကျောင်းသား၊ကျောင်းသူများနှင့် မြန်မာစာကိုချစ်မြတ်နိုးသူများ တက်ရောက်နိုင်ပါသည်။ မြန်မာစာပေ၏ သဘောသဘာဝများကို သိရှိနားလည်စေပြီး မြန်မာစာ၏တန်ဖိုး ကို လေးစားဂုဏ်ယူတတ်စေရန် ရည်ရွယ်ပါသည်။

အောက်ဖော်ပြပါ Link များမှတစ်ဆင့် ဟောပြောပွဲကို တိုက်ရိုက်တက်ရောက်နိုင်ပါသည်။
Zoom link

https://learning-moe-nugmyanmar-org.zoom.us/j/86711550956?pwd=TVIrNXgvejM3OUtmMEFkSlE5TFQvZz09

Meeting ID: 867 1155 0956
Passcode: 395251

ဟောပြောပွဲစတင်သည်နှင့်တပြိုင်နက် Ministry of Education, NUG ၏ page နှင့် YouTube Channel များမှ တပြိုင်နက်တည်း Live လွှင့်ပေးပါမည်။

Live လွှင့်မည့် page နှင့် YouTube Channel
page: https://www.facebook.com/Ministry-of-Education-National-Unity Government-of-Myanmar-109386154653912

YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQ

Photos from Department of Myanmar : Taungoo University's post 22/08/2021

တောင်ငူတက္ကသိုလ်၊ယာယီတက္ကသိုလ်ကောင်စီ
Interim Council of Taungoo University
Email: [email protected]

ကြေညာချက်အမှတ် (၈/ ၂၀၂၁)
ရက်စွဲ ၊ ၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ (၂၂)ရက်

အသိအမှတ်မပြုကြောင်းနှင့် အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခြင်း

Website