Amadaw
amadaw market place
ကျန်းမာရေးကာကွယ်ရန် အရည်သွေးမြင့် ပစ္စည်းများ ဝယ်ယူရရှိနိုင်ပါပြီ ။
================
Covid 19 အတွက် အပြည့်အဝ ကာကွယ်နိုင်ရန် အရည်သွေးပြည့်ဝ ဖို့လိုသလို FDA ထောက်ခံချက်များ ၊
CE standard နှင့်အညီ ထုတ်လုပ်ထားမှုများနဲ့ ပြည့်စုံရပါမယ် ။
ဈေးပေါလွန်းလျင်လဲ သတိပြုရန်လိုသလို ဈေးနှုန်းသင့်တင့် မျတဖို့လဲ လိုပါတယ် ။
=================
ဒါတွေအားလုံးပြည့်စုံပြီး စိတ်ချစွာ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားပါတယ် ။
စိတ်ချရတဲ့ Medical Mask ၃ လွာ ကို အထူဆုံး ထုတ်လုပ်ပေးထားပါတယ် ။
တထုပ် ( 10 ခု ) = 4500 Ks
တထုပ် ( 50 ခု ) = 22500 Ks
500 ခုနှင့်အထက် အတွက်
အများဈေး သီးခြား ရှိပါသည်
======================
မျက်နှာပြင် တစ်ခုလုံးကို ကာကွယ်တဲ့ Face Shield ကလဲ 3500 Ks ထဲနဲ့
ဖေဖေ ၊ မေမေ ၊ သားသား၊မီးမီး တို့ အားလုံး ကာကွယ်လို့ ရပါသည်
========================
ထပ်မံ ရရှိနိုင်တာတွေကတော့
( 1 ) 35000 ကျပ်တန် PPE ဝတ်စုံ အကောင်းစား
( ဈေးပေါတဲ့ Standard ရှိပါသေးတယ် ။ မသွင်းပေးထားတော့ပါဘူး )
#စိတ်မချရမှာစိုးလို့ပါ
( 2 ) Infrared Themometer
အပူချိန်တိုင်း ကိရိယာ
( 3 ) ဆေးရုံးသုံး လက်အိတ်
( 4 ) လက်လှုပ် ဆေးဖြန်းစက်
( 5 ) Alcohol Pad
( 6 ) Dettol ပိုးသတ်ဆေး အကောင်း
( 1.8 L ဗူးကြီး တဆိုဒ်တည်းသာ )
( 7 ) Hand Gel ( 100 ,300 ,500 mL )
ကျန်းမာရေးကာကွယ်ရန် အရည်သွေးမြင့် ပစ္စည်းများ ဝယ်ယူရရှိနိုင်ပါပြီ ။
================
Covid 19 အတွက် အပြည့်အဝ ကာကွယ်နိုင်ရန် အရည်သွေးပြည့်ဝ ဖို့လိုသလို FDA ထောက်ခံချက်များ ၊
CE standard နှင့်အညီ ထုတ်လုပ်ထားမှုများနဲ့ ပြည့်စုံရပါမယ် ။
ဈေးပေါလွန်းလျင်လဲ သတိပြုရန်လိုသလို ဈေးနှုန်းသင့်တင့် မျတဖို့လဲ လိုပါတယ် ။
=================
ဒါတွေအားလုံးပြည့်စုံပြီး စိတ်ချစွာ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားပါတယ် ။
စိတ်ချရတဲ့ Medical Mask ၃ လွာ ကို အထူဆုံး ထုတ်လုပ်ပေးထားပါတယ် ။
တထုပ် ( 10 ခု ) = 4500 Ks
တထုပ် ( 50 ခု ) = 22500 Ks
500 ခုနှင့်အထက် အတွက်
အများဈေး သီးခြား ရှိပါသည်
======================
မျက်နှာပြင် တစ်ခုလုံးကို ကာကွယ်တဲ့ Face Shield ကလဲ 3500 Ks ထဲနဲ့
ဖေဖေ ၊ မေမေ ၊ သားသား၊မီးမီး တို့ အားလုံး ကာကွယ်လို့ ရပါသည်
========================
ထပ်မံ ရရှိနိုင်တာတွေကတော့
( 1 ) 35000 ကျပ်တန် PPE ဝတ်စုံ အကောင်းစား
( ဈေးပေါတဲ့ Standard ရှိပါသေးတယ် ။ မသွင်းပေးထားတော့ပါဘူး )
#စိတ်မချရမှာစိုးလို့ပါ
( 2 ) Infrared Themometer
အပူချိန်တိုင်း ကိရိယာ
( 3 ) ဆေးရုံးသုံး လက်အိတ်
( 4 ) လက်လှုပ် ဆေးဖြန်းစက်
( 5 ) Alcohol Pad
( 6 ) Dettol ပိုးသတ်ဆေး အကောင်း
( 1.8 L ဗူးကြီး တဆိုဒ်တည်းသာ )
( 7 ) Hand Gel ( 100 ,300 ,500 mL )
#စမတ်ကျကျစာဖတ်နိုင်ဖို့
စာဖတ်တဲ့အခါ ပုံစံမကျရင်
ဇက်ကြောတက် ၊ ကျောရိုးရောဂါ နဲ့ ကျီးပေါင်း တွေ ဖြစ်လာစေနိုင်ပါတယ် ။
ဒါတွေ မဖြစ်ရလေအောင်
လိုသလို ထောင့်မျိုးစုံ ချိန်ညိသုံးနိုင်တဲ့
ဒီစာဖတ်စားပွဲလေးက အသင့်တော်ဆုံးပါပဲ ။
#20000ကျပ်နဲ့ပဲရောင်းပေးနေပါတယ်
#၅ရက်အတွင်းရောက်မယ်
ယခုကာလမှာ Mask တွေအများစုဟာ တရုတ်ကနေ ဝင်လာကြတာပါ ။
ဘယ်သူကမှ ကြိုတင်မျော်လင့်မထားတဲ့
ဒီဖြစ်ရပ်ကြီးကြောင့် လူတိုင်းအတွက် Mask ဟာ ကာကွယ်ရေးပစ္စည်းတစ်ခု ဖြစ်လာပါတော့တယ် ။
လိုအပ်ချက် Need တွေ ရုတ်တရက်ထိုးတက်လာတဲ့အခါမှာတော့
ကုန်ကြမ်းတွေဟာ အလျင်မမှီ မလောက်ငှတော့ပဲ ဈေးတွေထိုးတက်လာခဲ့ပါတယ် ။
တချိန်တည်းမှာပဲ ယခင်က အင်မတန်ဈေးပေါတဲ့ Mask တွေဟာ ယခုအခါ ဈေးတက်လာပြီး ဖက်ပေါင်းစုံကနေ ထုတ်လုပ်နေတာတောင် တရုတ်နိုင်ငံဟာ
ပြည်တွင်း Mask အလွယ်တကူ ဝယ်ယူမရတာမျိုး ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာပဲ တရုတ်အစိုးရဟာ သူတို့ရဲ့ ပြည်တွင်းထုတ်လုပ်တဲ့ Mask တွေ
ပြည်ပ ကို အဓိက ထွက်သွားနေတာကို ကန့်သတ်ပစ်လိုက်ပါတော့တယ် ။
မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံ အတော်များများဆီကို Mask တွေ သန်းချီ ထွက်သွားနေတာကြောင့် ပြည်တွင်းမလောက်ငှ မှု ကို ထိန်းသိမ်းလိုက်တာပါ ။
မြန်မာနိုင်ငံမှာဆိုရင်လဲ … Mask တွေဟာ
အဆမတန်ဈေးမြင့်တင် ရောင်းချသူတွေကြောင့် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ် ။
ဒါကို အခွင့်ရေးယူသွားတဲ့ မသမာသူတွေဟာဆိုရင် ဈေးသက်သာစွာ ရမည်ဆိုသည့် အကြောင်းပြချက်ကို အဓိကထားပီး
ဝယ်ယူသူတွေဆီကနေ လိမ်လည်မှုတွေ ရှိလာခဲ့ပါတော့တယ် ။
အမှန်တကယ်က ဈေးတန်းအမှန်ကို
ချိန်ဆရန်လိုအပ်ပါတယ် ။
3 Ply Mask တခုကို စက်ရုံရောင်းချတဲ့ ဈေးနှုန်းတွေဟာ 350 ကျပ်ကနေ 380 ကျပ် ဝန်းကျင်ထိ ဝယ်ဈေး ရှိပါတယ် ။
တစ်ခုကို ၅၀၀ ကျပ်နှုန်းဆိုလျင်
ဈေးနှုန် မနည်း မများဘူးလို့ ဆိုရမှာပါ ။
အရမ်းဈေးသက်သာနေပြီဆိုရင်လဲ
တခုခု မှားနေပြီ ဆိုတာကို သတိထားသင့်ပါတယ် ။
ကျနော်တို့ မြန်မာများရဲ့ အလေ့အထ ကို
မသမာသူတွေဟာ ကောင်းစွာ သိရှိထားကြပါတယ် ။ ယခင်က ကျပ် ဆယ်ဂဏန်းသာ ရှိတဲ့ Mask တွေကို
အသက်သာဆုံးလိုချင်မိတာကတော့ အပြစ်မဟုတ်သလို ဆန်းလဲ မဆန်းပါဘူး
ဒီထက်ပိုပြီး တစ်ခုကို 700 / 800 / 1000 ကျပ် စသဖြင့် ရောင်းချတာကတော့ ဈေးများတယ် လို့
ဆိုနိုင်ပါတယ် ။ ( မည်သူကိုမှ ထိခိုက်စေလိုခြင်းမရှိပါပဲ သုံးသပ်ပြရုံသက်သက်ပါ )
ဒါကြောင့် ဝယ်ယူသူတွေ အနေနဲ့ကလဲ
ဈေးတန်းတစ်ခုကို ဘယ်ဟာ အမှန် ဆိုတာ သိရှိထားဖို့ လိုပါတယ် ။ ဒါတင်မက စိတ်မချရတဲ့ နေရာတွေကနေ ငွေကြိုလွဲပေးပီး ဝယ်ယူတာမျိုးကိုလဲ
ရှောင်ရှားသင့်ပါတယ် ။
ဒီအထိဖတ်လာပြီဆိုရင်တော့ …
ကျနော်တို့ ဖြန့်ဖြူးမဲ့ Mask ရဲ့ ဈေးတန်းလေးကိုလဲ တပါတည်း မိတ်ဆက်ပေးပါရစေ ။
3 Ply Mask အထူ ဖြစ်ရုံသာမက
စိတ်ချရတဲ့ အမာခံ စက်ရုံဖြစ်မှသာ
ရွေးချယ် တင်သွင်းပေးပါတယ် ။
စက်ရုံကို FDA က Approved လုပ်ပေးထားတဲ့ Certificate ရှိမှသာ တင်သွင်းပေးပါတယ် ။
ဈေးနှုန်းကတော့ တစ်ခုကို 450 ကျပ်နှုန်း နဲ့သာ ရောင်းချပေးသွားမှာပါ ။
ပစ္စည်းတွေကတော့ မရောက်ခင်ကတည်းက ကြိုတင်စာရင်းပေးမှာထားသူတွေနဲ့တင် တဝက်လောက်က ကုန်နှင့်နေပါပီ ။
လာမဲ့ ရက်ပိုင်းအတွင်းမှာဆို ရောက်ရှိပါပီ ။
ကြိုတင်မှာယူထားလိုပါက
cb မှာ လာရောက်မှာယူထားနိုင်ပါတယ်
ငွေလဲ ကြိုပေးထားစရာမလိုပါဘူး ။
မဖြစ်မနေမို့ ကြိုပေးထားရမယ် ဆိုရင်လဲ
အာမခံချက် တစ်ခု ပေးထားမှာပါ ။
ဒီလိုကာလမှာ လိုအပ်သူတွေကို ကူညီရင်း ဈေးရောင်းချင်တဲ့ ဝါဒနာ အရ လုပ်ခြင်းဖြစ်တာကြောင့် အမြတ်အစွန်းအများကြီးလဲ မလိုချင်သလို
အမြတ်တခုတည်းကို မကြည့်တာကြောင့် မည်သူ့ကိုမှ အတင်းထိုးမရောင်းပါဘူးနော် ။
အားလုံးကိုလဲ လေးစားသလို
လှူဒါန်းလိုသူတွေကိုဆိုရင် ပိုရောင်းချင်ပါတယ် ။
ကျေးဇူးပြု၍ Post ကို Share ပေးသွားပါဦးလို့လဲ မေတ္တာရပ်ခံပါရစေလားရှင် !
အချိန်ပေးဖတ်ရှုပေးတဲ့ လူကြီးမင်းတို့ကို
ကျေးဇူးအထူးပဲ တင်ရှိပါတယ်ရှင် 🙏
ဖေဖေ၊မေမေ၊သားသား၊မီးမီး တို့အားလုံးရဲ့ မျက်နှာတစ်ခုလုံးကို ကာကွယ်ထားပါ
မျက်လုံး ၊ နှာခေါင်း စသည် ။
3500 Ks
အော်ဒါ မှာထားနိုင်ပါပြီ ။
Mask တွေကို ဈေးတင်ရောင်းနေကြတယ် ။
မကြာခင် ဈေးပေါပေါလေးနဲ့ ရောင်းပေးမယ်
share ထားပေးကြပါ
Online shop လက်ကားယူလိုသူများကို မကြာမှီ သက်သာစွာ ရောင်းချပေးပါတော့မည်
မနှစ်က ဂျာမန်လူမျိုး ဓာတုဗေဒပညာရှင်နဲ့ သူ့အမျိုးသမီးကို မင်းကွန်းဘက်လိုက်ပို့တုန်းက ဓာတ်ဆီထည့်ထားတဲ့ရေ သန့်ဗူးခွံလေးတွေ ထောင်ထားတာတွေ့တော့ သူတို့ကမေးတာ...
"ခိုင်ရေ ရေသန့်ဗူးထဲကဘာတွေလဲ"
"အော် ဒါ ဓာတ်ဆီတွေလေ ဆိုင်ကြီးတွေကိုမသွားချင်တဲ့လူတွေ ဆိုင်ကယ်သမားတွေအတွက်ပေါ့ အရင်တုန်းက အဲ့လိုဆိုင်လေးတွေဟာ တော်တော်အရေးပါခဲ့တာ ဓာတ်ဆီမှောင်ခိုခေတ်လေ အစိုးရကဓာတ်ဆီကိုရာရှင်စနစ်နဲ့ရောင်းတုန်းကပေါ့ အစိုးရဆီမှာဈေးသက်သာတယ် ဒါပေမဲ့လိုသလောက်ဝယ်လို့မရဘူး မှောင်ခိုဈေးကွက်မှာ လိုသလောက်ရတယ် ဈေးကြီးတယ် ပိုတဲ့လူတွေကပြန်ရောင်းကြ လိုတဲ့လူတွေကပြန်ဝယ်ကြပေါ့
၂၀၀၇မှာ ပုဂ္ဂလိကပြောင်းလိုက်တော့ ဈေးတွေလဲကြီးကုန် မှောင်ခိုဈေးကွက်လဲပျောက်ပေါ့ ဓာတ်ဆီဈေးတက်လို့အစစအရာရာ ဈေးတွေကြီးကုန်လို့ ရွှေဝါရောင်အရေးအခင်းတောင်ဖြစ်သေးတယ်"
"ဘာလဲ ရွှေဝါရောင်အရေးအခင်း"
"ဘုန်းဘုန်းတွေဆန္ဒပြတာလေ"
"အော် အေးအေး ငါတို့ကြားလိုက်သေးတယ် ဓာတ်ဆီဗူးတွေနားမှာလဲ ဆီပုလင်းတွေပါလား"
"ဟုတ်တယ် ဆိုင်ရှင်ကအိမ်ဆိုင်လေးပါတွဲထားတာတွေ့လား ဆန် ဆီ ဆားအကုန်ရောင်းတယ်လေ ဈေးမသွားချင်တဲ့လူ အလွယ်တကူနီးနီးနားနား ဝယ်လို့ ရတာပေါ့"
အဲ့တာကိုကြားတော့ ဓာတုဗေဒပညာရှင်အမျိုးသား ဟန်းစ်က...
"ခိုင် နင့်ကိုငါပြောပြမယ် ဓာတ်ဆီကအငွေ့ပျံတတ်တာ သိလား"
"ဟုတ် ကြားဖူးတယ်"
"အေး ဓာတ်ဆီကအငွေ့ပျံပြီး အဲ့အငွေ့က ကော်ကိုဖောက် ထွက်နိုင်တယ် ဓာတ်ဆီအငွေ့ကရေမှာမပျော်ဝင်နိုင်ဘူး ဒါပေမဲ့ဆီမှာကောင်းကောင်းပျော်ဝင်နိုင်တယ် အဲ့လိုဆီတွေ မဝယ်စားသင့်ဘူး ဓာတ်ဆီဗူးတွေနဲ့နီးနေတော့ သေချာပေါက်ဆီထဲရောက်မှာပဲ ကြာရင်ကင်ဆာဖြစ်မှာ နင်မဝယ်စားနဲ့နော်"
"ကျေးဇူးပါ ငါတို့တွေအဲ့လောက်မသိကြဘူးဟယ် ငါတို့ဆီမှာ ကင်ဆာကလဲအဖြစ်များကြတယ်"
သူတို့နဲ့ မန်းလေးကနေ စစ်ကိုင်းကိုကန်ပတ်လမ်းအတိုင်း ကားနဲ့သွားတော့ဆီတင်သင်္ဘောတွေရပ်တဲ့ ဧရာဝတီဆိပ်တခုနားမှာ ကလေးတွေ ထိပ်မှာဖော့လေးတွေတပ်ထားတဲ့တုတ်တွေနဲ့ အလုပ်ရှုပ်နေကြတာမြင်တော့ ဟန်းစ်က...
"ခိုင်ရေ သူတို့တွေဘာလုပ်နေကြတာလဲ"
"သူတို့တွေ ဆင်းရဲတဲ့မိသားစုကပေါ့ ကျောင်းလဲမလိုက်ကြတော့ဘူးနဲ့တူပါတယ် သင်္ဘောနဲ့လာတဲ့ဓာတ်ဆီပီပါထဲက ဆီတွေကားပေါ်တင်ပြီး တိုင်ကီပီပါထဲက အကြွင်းအကျန်တွေကို အဲ့ဖော့တုတ်လေးနဲ့စုပ်ယူ ပြီးရင် ကိုင်ထားတဲ့ပုံးလေးတွေတွေ့လား အဲ့ပုံးထဲညှစ်ချ တနေကုန်ရင် တဗူးနှစ်ဗူးလောက်တော့ရမှာပေါ့"
"OMG လက်နဲ့ညှစ်တယ်ဟုတ်လား"
"အေး ဓာတ်ဆီစုပ်ထားတဲ့ဖော့တုံးတွေကိုညှစ်တာပေါ့"
"ဒုက္ခပဲ အဲ့ကလေးတွေဒုက္ခရောက်မှာ အသက်မရှည်နိုင်ဘူး ဓာတ်ဆီကအရေပြားကိုဖောက်ဝင်ပြီး သွေးကြောထဲရောက် နိုင်တယ် ကလေးတွေဆီမှာ ဆဲလ်တွေကအသစ်ဖြစ်တာမြန်တယ်လေ အဲ့ဒီဆဲလ်တွေကို ဒုက္ခပေးမယ် အချိန်တခုကြာလာရင် ကင်ဆာဖြစ်မှာ"
"ဟယ်"...
"ခိုင် နင့်ကိုငါပြောမယ် ငါဂျာမနီရောက်ရင်သူတို့အတွက် ရာဘာလက်အိတ်တွေရှာမယ် နင့်ကိုပို့ပေးရင်သူတို့လေးတွေ ကိုပေးပေးမလားဟင်"
"ရာဘာလက်အိတ်တွေလား နင်တကူးတကပို့စရာမလိုဘူး ဈေးကြီးတယ် ငါတို့ရန်ကုန်မှာဝယ်လို့ရတယ် ဈေးမကြီးဘူး ငါနောက်တခေါက်ဝယ်လာပြီး ပေးလိုက်မယ် ငါလဲလှူရတာပေါ့"
"နိုး နိုး သာမန်လက်အိတ်တွေနဲ့မရဘူး ဓာတ်ဆီကဖောက်ဝင်နိုင်တယ် အဲ့အတွက်အထူးထုတ်ထားတဲ့ လက်အိတ်တွေရှိတယ် ငါတောင်မနဲရှာရမှာ ငါတို့ဆီမှာအဲ့လို ဓာတ်ဆီကိုလက်နဲ့ကိုင်စရာအကြောင်းမရှိတော့ဘူးလေ"
"အဲ့ဒါဆိုရင်တော့ နင်အဆင်ပြေလို့ပို့ပေးရင် ငါဝေပေးမှာပေါ့ ငါကဒီအမြဲရောက်နေတာလေ"
ဟန်းစ်က သူ့ကတိအတိုင်းပို့ပေးလာတဲ့ ရာဘာလက်အိတ် တွေကို ခုတခေါက်လမ်းမကြုံကြုံအောင်သွားပြီး ဝေပေးခဲ့ပါတယ်...
ကလေးတွေရောလူကြီးတွေပါ သေချာနားလည်အောင်ရှင်းပြရင်း သုံးဖြစ်အောင်သုံးဖို့အထပ်ထပ်မှာနေတုန်း ခပ်ငယ်ငယ်အမျိုးသမီးလေးက...
"အမကြီး အမကြီး သမီးကိုလဲပေးပါနော်"
"နင်က ဓာတ်ဆီကိုင်ရလို့လား"
"မဟုတ်ဘူး သမီးယောက်ျားအတွက် သူကအခုအူမကြီး ကင်ဆာဖြစ်နေတာလေ ပိုက်ဆံမရှိလို့မကုနိုင်ဘူး သူလဲဓာတ်ဆီစုပ်တာပဲ"
"ဟယ် ဆေးရုံကြီးသွားလေ ခုနောက်ပိုင်းအလကားကုပေးတယ်တဲ့"
"မန်းလေးဆေးရုံကြီး သွားပြီးပြီ ခွဲရမှာစိပ်ရမှာနဲ့ သိန်းနှစ်ဆယ်လောက်ကုန်မယ်တဲ့ လက်လုပ်လက်စားတွေဆိုတော့ ဘယ်ရှိမှာလဲအမကြီးရယ်"
ဟင်းးး သက်ပြင်းအရှည်ကြီးချလိုက်ရင်း ငယ်နုနေပေမဲ့ သောကတွေနဲ့သူ့မျက်နှာကိုကြည့်လို့ ကျမမှာပြောစရာစကားလဲမရှိတော့...
ကလေးတွေကိုသာ ဒီလက်အိတ်တွေကိုသုံးဖြစ်အောင်သုံးဖို့ သေချာလဲသိမ်းဖို့မှာရင်း လေးလံတဲ့ခြေလှမ်းတွေနဲ့ ကားဆီသို့...😢😢😢
Credit to Wai
https://m.facebook.com/story.php?story_fbid=2675683929116149&id=100000237040473
😁😁