Al-insan

Al-insan

We do not raise donations from others.

We are a very small of working professionals group who contribute monthly donations within the group and donate to the needy monthly basis in various parts of Myanmar as of now .

17/03/2024

SREM scholarships

Photos from Al-insan's post 08/03/2024

ဒါကတော့ Bed Time Story အစီစဥ် ၄ ဖြစ် သော် funny farm animals စာအုပ်လေးကို တင်ပေးထားတာပါ

စာဖတ်ပြတဲဲ့ Video version ကို တော့
ဒီ့အရင် post မှာ တင်ထားပါတယ်

08/03/2024

"Bed Time Story"

အစီစဉ်လေး ကို ကလေးတွေ စာဖတ်တဲ့ အကျင့်လေးရအောင် AL-Insan မှ စီစဉ် ထားပါတယ်။

ဖေဖေ မေမေ တို့ သားသား မီးမီး လေးတွေ နှင့် အတူ ညအိပ်ယာ မဝင်ခင် အချိန်ဖတ်ပြပီး သူတို့ တွေ ကိုလည်း ပြန်ဖတ်ခိုင်းပါအုန်းနော်။

၄) Funny Farm Animals (ပျော် ရွှင် နေ ကြ သော မွေးမြူရေးတိရစ္ဆာန်များ)

ဒီစာအုပ်လေးက ကလေးတို့၏ အာရုံခံစား မှူ နှင့် စိတ်ကူး စိတ်သန်း ဖွဲ့ ဖြိုး စေပါတယ်
စာဖတ်မှူအား လည်း ကောင်း စေပါတယ်

ဒီစာအုပ်လေးကို သားသား မီးမီး များ အား မဖတ် ခိုင်းမီ သို့မဟုတ် ဖတ်ပြနေစဉ် သို့မဟုတ် ဖတ်ပြပီး vocabulary လေးတွေရဲ့ meaning လေးတွေကို ရင်းနှီးအောင် လုပ်‌ပေးပါနော်။

(((Google မှာ ကိုယ်မသိတဲ့ စကားလုံးလေတွေကို ရိုက်ထဲ့ပီးရှာကြည့်ပါနော် အသံထွက်ရော meaning ရော နှစ်ခုစလုံး ရှိပါတယ်။ ၊ Google ၏ English to English က ရှင်းပြတာနဲ့ သိပ် အဆင် မပြေရင် ၊ မိမိ တို့ ၏ phone များ မှ play store ကို သွား၍ English - Myanmar dictionary ကို download လုပ်ပီး word တစ်လုံးခြင်းစီကို ရှာ ပါနော်။ အသံထွက်ကိုလဲ ကလေးကို နား ထောင်ခိုင်းပါ။ ဒါမှ ကလေးလဲ အသံထွက် အမှန်ကို ရမှာ ပါနော်)))

Word ၏ meaning လေးတွေကို နုတ်က ခဏ ခဏ ဆိုတာ သို့မဟုတ် စာအုပ် မှာ ရေးတာလေးတွေ လုပ် လို့ရပါတယ်။

ဒီ အစီစဉ်လေး ကို နှစ်ပတ် တစ် ခါ တင် ပြ ပေးသွားပါ့မယ်။

နှစ်ပတ် မှာ ဒီစာအုပ်လေးကို ပီးအောင် ရင်းနှီးသွား ဖတ် ကြ နော်။

စာအုပ်ရဲ့ photos လေးတွေကို နောက် post မှာ တင်ပေးပါ့မယ်.

နောက် နှစ်ပတ် နေရင် ပြန် တွေ့ ကြမယ်။

ဖတ်ပီးပီးဆိုရင် comment box မှာ အမည်လေးရယ်၊ အတန်းရယ် ၊ မိဘ ကပဲ ဖတ်ပြတာလား၊ မိဘ နှင့် အတူ ဖတ်တာလား၊ကလေးကိုယ်တိုင် ဖတ် တာလး ဆိုတာ လာရောက် comment လေးတွေရေးပေးခဲ့ပါအုန်းနော်။

Bye bye, ကလေး တို့။

Photos from Edu Ye's post 04/03/2024
04/03/2024

Scholarship Opportunity.

မကြာမီ အချိန်အတွင်း ဆော်ဒီနိုင်ငံတွင်းရှိ တက္ကသိုလ်များ၌ ပညာသင်ဆု လျှောက်ရန် ဆော်ဒီနိုင်ငံ၊ ပညာရေးဝန်ကြီးဋ္ဌာနမှ ယခုနှစ်အတွက် ဖောင်ဖွင့်ပေးတော့မည် ဖြစ်ပါသည်။

ဖောင်ဖွင့်မည့်ရက် : 21.4.2024
ဖောင်ပိတ်မည့်ရက် : 28.7.2024

မဒီနဟ် အစ္စလာမ့် တက္ကသိုလ်ကို လျှောက်ချင်တယ်ဆိုရင်တော့ အောက်ပါပို့စ်က အချက်အလက်တွေ အခုကတည်းက ပြင်ဆင်ထားနိုင်ပါတယ်။

https://www.facebook.com/share/p/auYLDeYjbLPP2MMh/?mibextid=Nif5oz

ဆော်ဒီနိုင်ငံရှိ အခြားသော တက္ကသိုလ်များကို လျှောက်လိုပါက Bareq Institute Myanmar (BIM) ကို ဆက်သွယ်နိုင်ပါတယ်။

https://www.facebook.com/bareqmyanmar?mibextid=ZbWKwL

🏫 IUM - Myanmar Students' Union 🏫

Daughters Rising 18/10/2023

Credit:Eliott's Mission

တစ်နှစ်တစ်ခါခေါ်လေ့ရှိပီး မိန်းကလေးတွေကိုပဲ သီးသန့်ထောက်ပံ့ပေးသွားမှာပါ.

Daughters Risingအဖွဲ့အစည်းကနေ ဘွဲ့ရတဲ့အထိ ၄နှစ်စာထောက်ပံ့ပေးမှာဖြစ်ပါတယ်. တိုင်းရင်းသားတွေနဲ့ မဖွံ့ဖြိုးတဲ့ဒေသက ကျောင်းသူတွေအတွက် အဓိကရည်ရွယ်ပီးပေးနေတာပါ.

Thaiမှာကျောင်းတက်ဖို့အတွက် ကျောင်းစရိတ်(ဒါမှမဟုတ်) နေစရိတ်စားစရိတ်ကို ရွေးချယ်လျှောက်ရပါမယ်. ၂ခုလုံးရတဲ့လူတစ်ချို့လည်း ရှိတယ်လို့ကြားဖူးတယ်. ပီးတော့ လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသူတွေရော လျှောက်လို့ရပါတယ်🤗

ဒီscholarshipလျှောက်ဖို့ လိုအပ်တာတွေကတော့
- Passport and National ID
- University Acceptance Letter
- Two Recommendation Letters
ဒါပါပဲ. ရိုးရိုးရှင်းရှင်းလေးပါ. ပီးရင်တော့ scholarshipတွေရဲ့ ထုံးစံအတိုင်း essayရေးရပါမယ်.
📍Essay 1. Your Biography including your work experiences, family, and skills set that help you stand out from crowds). If you have left Myanmar, please describe how you came to be where you are now. [250-500 words]
📍Essay 2. Please explain your statement of purpose in this program. [250-500 words]
📍Essay 3. Why are you applying for this scholarship? Please be clear about how this scholarship can benefit you and your future goal. [max 200 words]
📍Essay 4. Please describe one specific challenge or issue that needs to be addressed in your community. Why is it important to address it and how this would impact your community if it is addressed? [250-500 words]
ဒါ ရှေ့နှစ်က ရေးခိုင်းတဲ့Essayတွေပါ. လေ့လာနိုင်ဖို့ပဲရည်ရွယ်ပါတယ်. မေးခွန်းအပြောင်းအလဲရှိနိုင်တာမလို့ပါ.

သူတို့အဖွဲ့အစည်းအကြောင်း https://daughtersrising.org/ မှာ လေ့လာနိုင်ပါတယ်. Februaryဆိုရင် လျှောက်လွှာဖွင့်မှာမလို့ ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်. အားလုံးပဲ နေရက်တိုင်းမှာ အဆင်ပြေပျော်ရွှင်ကြပါစေဗျ🙇🏻

Daughters Rising Empower at-risk girls to end trafficking

09/10/2023

Ctedit: Go International Academy

ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့အိပ်မက်ရှိတဲ့သူတိုင်းအတွက် Child’s Dream ရဲ့ Fully-Funded Scholarship🏆

Child’s Dream Scholarship (CDS လို့ပဲအတိုကောက်သုံးနှုန်းသွားပါမည်) ဆိုတာ ဘာလဲ၊ ဘယ်သူတွေလျှောက်လို့ရလဲ၊ ဘယ် Major တွေအတွက် လျှောက်လို့ရတာလဲ 🤔

အသေးစိတ်ကိုဆက်လက်ဖတ်ရှုကြရအောင် 👇

📌CDS က ထိုင်းနိုင်ငံ က နာမည်ကြီးတက္ကသိုလ်တချို့မှာ သတ်မှတ်ထားတဲ့ Undergraduate Program တွေကို 100% Fully Funded အနေနဲ့ တက်ရောက်နိုင်တဲ့ Program တစ်ခုပဲဖြစ်ပါတယ်။

✅CDS မှာ Funded လုပ်ပေးထားတာတွေကတော့
• Tuition and other fees (e.g. University fees, visa fees, etc.) ( ကျောင်းလခသည် ၄ နှစ်စာ )
• Supplies (e.g. Uniforms, Books, etc.)
• Living Cost (e.g. Rent, Food, Transportation) နဲ့
• Other Emergency ( အခြေအနေ အရနှင့် Case အလိုက် ) ထောက်ပံ့ပေးမှာပဲဖြစ်ပါတယ်

🤔ဘယ်သူတွေလျှောက်လို့ရမှာလဲ

✅ နိုင်ငံခြားပညာရေးလက်လှမ်းမှီဖို့ Financially ခက်ခဲနေတဲ့ မြန်မာနိုင်ငံသား မည်သူမဆို လျှောက်ထားလို့ရနိုင်ပါတယ်

တစ်ခါကို အယောက် ၂၀ ဝန်းကျင် လျှောက်ထားနိုင်တာမို့ ထိုင်းမှာ ကျောင်းတက်ချင်တဲ့ မြန်မာနိုင်ငံသားတိုင်း Try သင့်တဲ့ Scholar တစ်ခုပါ

❗️Scholarship Deadline ကတော့ နှစ်တိုင်း February 28 မှာ Application Form ပိတ်ပါတယ်❗️

============================

🤔 လျှောက်ထားဖို့အတွက် ဘာတွေလိုအပ်မလဲ

• Nationality: မြန်မာနိုင်ငံသားဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင်ကဒ်/Passport ရှိပြီးသူဖြစ်ရပါမယ်

• Age: အသက် ၃၀ နှင့် အသက် ၃၀ အောက်ဖြစ်ရပါမယ်

• Financial Need: မိသားစုအခြေအနေအရ ကျောင်းတက်ဖို့အတွက် Financially Support လိုအပ်နေသူ (or) ထောက်ပံ့နိုင်သည့် မိဘများမရှိသောသူ ဖြစ်ရပါမယ်

• No Other Scholarship: အခြားသော Organization မှ ပေးအပ်သော Scholarship Program များတွင်ပါဝင်လျှောက်ထားခြင်းမရှိရပါ

• Child’s Dream Scholarship လျှောက်ထားဖို့အတွက် ၁၂ တန်းပညာရေး (or) GED နဲ့လျှောက်ထားလို့ရပါတယ်

• Study Program ပေါ်မူတည်ပြီး English (or) Thai Proficiency ကိုပြနိုင်တဲ့ Test ( e.g. English အတွက်ဆို IELTS/ TOFEL ) ကြိုတင်ပြင်ဆင်ထားရပါမယ်

• ကိုယ်တက်ရောက်မယ့် (CDS မှသတ်မှတ်ထားသော) University ကို အချိန်မှီ လျှောက်ထားပြီး University မှ Admission Accept လုပ်ထားပြီးသားဖြစ်ရပါမယ်

============================

📌Child’s Dream Scholarship ရဲ့ Timeline အကျဉ်းချုံး

• December လမှ February အတွင်းလျှောက်ထားနိုင်ပြီး

• February 28 ကတော့ Application Deadline ပါ

• March မှာတော့ Application တွေကို Screening စစ်ဆေးပြီး Interview အတွက် shortlist ခေါ်ပါတယ်။
( March ကုန်လို့မှ CDS မှ Reply မရရင်တော့ Scholarship လျှောက်ထားခြင်း မအောင်မြင်ပါ)

အောင်မြင်စွာလျှောက်ထားပြီးနောက်မှာတော့ Face-to-face Interview တွေခေါ်ဆိုပြီး ပုံမှန် Scholarship Process အတိုင်း ဆောင်ရွက်သွားပြီး August မှာတော့ ကျောင်းစတက်ရမှာပဲဖြစ်ပါတယ် 🏆

============================

🏫တက်ရောက်နိုင်မယ့် University နဲ့ Major တွေကတော့

📚Asia-Pacific International University – Education in Teaching

📚Bangkok University – Communication Arts

📚Bangkok University – Innovative Media Production

📚Chiang Mai University – Social Sciences

📚Chulalongkorn University – Economics

📚King Mongkut – Software Engineering

📚King Mongkut – Engineering and Technology Management

📚Mae Fah Luang University – Public Health

📚Mahidol University – Natural Resources and Environmental Management

📚Rangsit University – International Relations and Development

📚Thammasat University – Economics

📚Thammasat University – Civil Engineering

📚Thammasat University – Mechanical Engineering

📚Thammasat University – Social Policy and Development တို့ပဲဖြစ်ပါတယ်

လျှောက်ထားတဲ့သူတိုင်း အိပ်မက်ကိုလက်လှမ်းယူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော် 🤗

“ပညာရေးကို လူတိုင်းလက်လှမ်းမှီစေရန်”
🎓 GO INTERNATIONAL ACADEMY 🎓

Photos from Al-insan's post 28/09/2023

ဒါကတော့ Bed Time Story အစီစဥ် ၃ ဖြစ် သော် Zoom, Zoom, Baby စာအုပ်လေးကို တင်ပေးထားတာပါ

စာဖတ်ပြတဲဲ့ Video version ကို တော့
ဒီ့အရင် post မှာ တင်ထားပါတယ်

28/09/2023

"Bed Time Story"

အစီစဉ်လေး ကို ကလေးတွေ စာဖတ်တဲ့ အကျင့်လေးရအောင် AL-Insan မှ စီစဉ် ထားပါတယ်။

ဖေဖေ မေမေ တို့ သားသား မီးမီး လေးတွေ နှင့် အတူ ညအိပ်ယာ မဝင်ခင် အချိန်ဖတ်ပြပီး သူတို့ တွေ ကိုလည်း ပြန်ဖတ်ခိုင်းပါအုန်းနော်။

၃) Zoom, Zoom, Baby! (ကလေး လေးကို ရှာ ကြ မယ်)

ကလေးတွေကိုအစီး အနင်း တွေရဲ့ အသံ ကို ဘယ် လို ကိုယ်စားပြု ပီးခေါ်လဲ, မိဘ နှင့် ကလေး ပျော် ပျော် လေး စိတ် လှူပ်ရှားစွာ အတူတူ ဖတ် လို့ ရအာင် လုပ်ပေးထားတာပါ

ဒီစာအုပ်လေးကို သားသား မီးမီး များ အား မဖတ် ခိုင်းမီ သို့မဟုတ် ဖတ်ပြနေစဉ် သို့မဟုတ် ဖတ်ပြပီး vocabulary လေးတွေရဲ့ meaning လေးတွေကို ရင်းနှီးအောင် လုပ်‌ပေးပါနော်။

(((Google မှာ ကိုယ်မသိတဲ့ စကားလုံးလေတွေကို ရိုက်ထဲ့ပီးရှာကြည့်ပါနော် အသံထွက်ရော meaning ရော နှစ်ခုစလုံး ရှိပါတယ်။ ၊ Google ၏ English to English က ရှင်းပြတာနဲ့ သိပ် အဆင် မပြေရင် ၊ မိမိ တို့ ၏ phone များ မှ play store ကို သွား၍ English - Myanmar dictionary ကို download လုပ်ပီး word တစ်လုံးခြင်းစီကို ရှာ ပါနော်။ အသံထွက်ကိုလဲ ကလေးကို နား ထောင်ခိုင်းပါ။ ဒါမှ ကလေးလဲ အသံထွက် အမှန်ကို ရမှာ ပါနော်)))

Word ၏ meaning လေးတွေကို နုတ်က ခဏ ခဏ ဆိုတာ သို့မဟုတ် စာအုပ် မှာ ရေးတာလေးတွေ လုပ် လို့ရပါတယ်။

ဒီ အစီစဉ်လေး ကို နှစ်ပတ် တစ် ခါ တင် ပြ ပေးသွားပါ့မယ်။

နှစ်ပတ် မှာ ဒီစာအုပ်လေးကို ပီးအောင် ရင်းနှီးသွား ဖတ် ကြ နော်။

စာအုပ်ရဲ့ photos လေးတွေကို နောက် post မှာ တင်ပေးပါ့မယ်.

နောက် နှစ်ပတ် နေရင် ပြန် တွေ့ ကြမယ်။

ဖတ်ပီးပီးဆိုရင် comment box မှာ အမည်လေးရယ်၊ အတန်းရယ် ၊ မိဘ ကပဲ ဖတ်ပြတာလား၊ မိဘ နှင့် အတူ ဖတ်တာလား၊ကလေးကိုယ်တိုင် ဖတ် တာလး ဆိုတာ လာရောက် comment လေးတွေရေးပေးခဲ့ပါအုန်းနော်။

Bye bye, ကလေး တို့။

24/04/2023

Time table အသစ်ပါ
May 2023 မှ July 2023 အထိပါ

စာသင်တာကို July လ မှာ ရပ်လိုက်မှာ မဟုတ်ပါဘူး

Time table ကို တစ်နှစ် လုံးစာ ဖော်ပြလိုက်လျှင် စာတွေ များသွား ၍ ၊time table ကို သေချာ မမြင်ရသောကြောင့် ဤကဲ့သို့ခွဲထားခြင်း ဖြစ်ပါတယ်
July 2023 ကုန်ခါနီးမှာ Aug 2023 နောက်ပိုင်းအတွက် ထပ် တင်ပေးပါ့မယ်

19/04/2023

ဖူးလ်ဘရိုက် ဒါမှမဟုတ် ဟမ်ဖရီ ပညာတော်သင်တစ်ယောက်ဖြစ်လိုပါသလား။ ဒါဆိုရင်တော့ နိုင်ငံရပ်ခြား ကျောင်းသားများအတွက် ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Student Scholarship)၊ ဟူးဘတ် အိပ်ချ် ဟမ်ဖရီ ဖဲလိုရှစ် (Hubert H. Humphrey Fellowship) နဲ့ ဆရာ၊ ဆရာတွေအတွက် နိုင်ငံခြားဘာသာစကားသင်ကြားမှု ဖူးလ်ဘရိုက်ပညာသင်ဆု (Fulbright Foreign Language Assistant (FLTA) အစီအစဉ်တွေအကြောင်း အွန်လိုင်းကတစ်ဆင့်သတင်းအချက်အလက်မျှဝေပေးမယ့်အစီအစဉ်ကို ကြည့်ရှုနားထောင်ဖို့ဖိတ်ခေါ်ပါတယ်။ ဒီအစီအစဉ်ကို မြန်မာဘာသာနဲ့ပဲ ပြောဆိုဆွေးနွေးကြမှာပါ။ ပညာတော်သင်ဟောင်းတွေကလည်း သူတို့ရဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးကြမှာဖြစ်ပါတယ်။

နေ့ရက်။ ။ ၂၀၂၃ ဧပြီ ၂၅

အချိန်။​​ ။ မွန်းလွဲ ၄:၃၀ (မြန်မာစံတော်ချိန်)

Zoom Link: https://tinyurl.com/infosession04252023

Meeting ID: 161 953 1596

Passcode: 645883

ပညာတော်သင် လျှောက်လွှာခေါ်ယူတဲ့ အကြောင်းနဲ့ လျှောက်လွှာကို ဒေါင်းလုတ် လုပ်ယူဖို့အတွက် သံရုံးအင်တာနက် စာမျက်နှာ https://mm.usembassy.gov/education-culture/scholarship-programs/ ကို ဝင်ရောက်ကြည့်ရှုပေးကြပါ။​

ဒီထက်ပိုပြီး သိချင်သေးတယ်ဆိုရင်တော့ ယဉ်ကျေးမှုရေးရာဌာနကို ဖုန်း ၀၁-၇၅၃၆၅၀၉-၇၅၀၅၁၁၃ လိုင်းခွဲနံပါတ် ၄၃၆၉/၇၉ ဒါမှမဟုတ် အီးမေးလ် လိပ်စာ [email protected] ကတဆင့် ဆက်သွယ်နိုင်ပါတယ်။

Do you want to be a Fulbright, Humphrey, or FLTA scholar? Please join our virtual information session about the Fulbright Foreign Student Scholarship, Hubert H. Humphrey Fellowship, and Fulbright Foreign Language Teaching Assistant (FLTA) program. The session will be presented in Burmese language. Exchange alumni will also share their experiences.



Date: April 25, 2023

Time: 4:30 p.m. Yangon Time

Zoom Link: https://tinyurl.com/infosession04252023

Meeting ID: 161 953 1596

Passcode: 645883



Please visit the U.S. Embassy website at https://mm.usembassy.gov/education-culture/scholarship-programs/ to read the complete announcement and download the application form.



For more information, contact the Cultural Affairs Unit at 01-7536509/01-7505113, Ext: 4369/4579, email:

[email protected].

14/04/2023

သတင်းကောင်းလေးပါ

တက်သင့်ပါတယ်

အားလုံးပဲ မင်္ဂလာပါ။ ရန်ကုန်မြို့ရှိအမေရိကန်သံရုံးနှင့် အမေရိကန်စင်တာတို့၏ ပံ့ပိုးမှုဖြင့် American English Myanmar နှင့် Parami University တို့ပူးပေါင်းဖွင့်လှစ်သော AEM-PARAMI ELI အစီအစဉ်မှ အခမဲ့အင်္ဂလိပ်စာသင်တန်းများကို သင်ကြားပို့ချလျက်ရှိပါတယ်။

ယခုအခါ အင်္ဂလိပ်ဘာသာစကားလေ့လာသူများအတွက် ပိုမိုကျယ်ပြန့်သောသင်ယူမှုများ ရရှိစေရန်ရည်ရွယ်ကာ အွန်လိုင်းမှနေ၍ အများသူငှာကိုယ်တိုင်သင်ယူနိုင်သောစနစ်တစ်ခုကိုလည်း စတင်လိုက်ပြီဖြစ်ပါတယ်။

ဤစနစ်ကတော့ Moodle ပလက်ဖောင်းကို အသုံးပြုပြီး လက်ရှိ AEM-Parami တွင် သင်ကြားပေးနေသော အင်္ဂလိပ်စာသင်တန်းလေးခုစလုံးအား မိမိကိုယ်တိုင် အွန်လိုင်းမှတစ်ဆင့် သင်ယူနိုင်မှာဖြစ်ပါတယ်။ ပထမဦးစွာ English for Academic Purposes (EAP) ကို စတင်သင်ယူနိုင်မှာဖြစ်ပါတယ်။ ကျန်ရှိနေသော အင်္ဂလိပ်စာအတန်းများအတွက်လည်း ပြင်ဆင်လျှက်ရှိပြီး သင်ယူရန်အသင့်ဖြစ်တဲ့အခါ ထပ်မံကြေညာပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုစေချင်ပါတယ်။

ဤအွန်လိုင်းသင်ရိုးညွှန်းတမ်းများက အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို မြှင့်တင်လိုသော ကျောင်းသားများနှင့် လုပ်ငန်းခွင်ရှိ လူငယ်လူရွယ်များကို ကူညီနိုင်ရန် ဖန်တီးထားခြင်းဖြစ်ပြီး သင်ယူသူက မိမိရဲ့ကိုယ်ပိုင်အချိန်မှာ ကိုယ်ပိုင်လေ့လာနိုင်စွမ်းဖြင့် သင်ယူနိုင်မှာဖြစ်ပါတယ်။ မည်သူမဆို (အခမဲ့ အွန်လိုင်းမှတစ်ဆင့်) သင်ယူနိုင်သော်လည်း သင်တန်းတိုးတက်မှု ကျောင်းသား၏ပါဝင်မှုကို ကြည့်ရှုပြီး ခြေရာခံနိုင်ရန်နှင့် Moodle ပလက်ဖောင်းကိုလိုအပ်သလို ဆက်လက်ပြင်ဆင်နိုင်ရန်အတွက် သင်ယူသူက Moodle မှာ အကောင့်တစ်ခု ဖန်တီးရန် လိုအပ်ပါတယ်။

အကောင့်ဖွင့်ရန်နှင့် တခြားလိုအပ်သောအသေးစိတ်အချက်အလက်များကို ဤနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ https://bit.ly/3zChREA
...

AEM-Parami English Language Initiative (ELI), a joint program of American English Myanmar and Parami University with the support of the U.S. Embassy Rangoon and the American Center Yangon, is offering free online English classes.

To provide asynchronous learning for English Language Learners, we built the AEM-Parami Moodle Learning Management System. The first of four courses, English for Academic Purposes (EAP), is now live on Moodle. We will gradually roll out other courses, so stay tuned!

These self-paced online courses were created to help students and working adults who want to improve their English language skills. These courses allow you to learn at your own time and pace. Anyone can enroll and learn for free, but to enable tracking course progress and participation, you will need to create an account in our Moodle Learning Management System.

Visit here: https://bit.ly/3zChREA to sign up and to get more information.

18/03/2023

Messenger group များကို grade 1 to 5 all subject (Eng, Maths and Science) group များကို ဖွဲ့ပီးပါပီ
မတွေ့သေးသော မိဘများ group အမည်လေးတွေကို messenger box မှာ ရိုက်၍ ရှာနိုင်ပါသည်။
Group အမည်များမှာ

Grade ကို G
ပီးရင် subject name
ပီးရင် AL , Al-Insan ၏ အတိုကောက်

Grade 1

G1-Eng-AL
G1- Maths-AL
G1- Science -AL

Grade 2

G2-Eng-AL
G2- Maths-AL
G2-Science-AL

Grade 3

G3-Eng-AL
G3- Maths-AL
G4- Science -AL

Grade 4

G4-Eng-AL
G4-Maths-AL
G4-Science-AL

Grade 5

G5-Eng-AL
G5-Maths-AL
G5-Science-AL

ကျေးဇူးတင်ပါတယ်

02/03/2023

Science teachers လေးတွေရပါပီနော်

အချိန်ဇယားလေး အတိုင်း Science, messenger group လေးတွေ Grade လိုက်ဖွဲ့ပေးသွားပါမယ်
စာရင်းပေးထားသော သားသားမီးမီးများ စာသင်ချိန်ရှိသော‌နေ့ထိ messenger group ထဲမရောက်သေးရင် Al-Insan messenger box သို့လာရောက်မေးမြန်းနိုင်ပါသည်။

Photos from Al-insan's post 26/02/2023

မြန်မာနိုင်ငံသားများ အတွက် Singapore မှ Scholarship

https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarships/myanmar

(((((ဒီ Scholarship က university တက်ရောက်ခွင့်တော့ မပါဘူး
High school ပုံစံ Pre-university,အထိပါပဲ
ဒီမှာ အမှတ်ကောင်းသွားရင်တော့ university တက်ဖို့ ကိုယ့်ဖာသာကိုယ် Scholarships ရှာရမှာပါ
ကိုယ်က အခု 10 တန်းကို အမှတ်အကောင်းစားကြီးနဲ့ အောင်မြင်ခဲ့တယ်ဆိုရင်‌တော့ ဒီ programme ကို တက်မဲ့အစား university တက်ဖို့ကိုပဲ Scholarship ကိုယ် ကိုယ်တိုင် ရှာသင့်ပါတယ်)))))

"လျှောက်ခွင့်ရှိသူများ"

1) 2 Jan 2007 မှ 1 Jan 2010 မွေးသူများ

2) English ဘာသာ ၌ တော်သော်သူ ဖြစ်ရမည်

3) စာမေးပွဲတိုင်းတွင် အဆင့်ကောင်းသူဖြစ်ရမည်

4) အနည်းဆုံး ၉ တန်း အောင်ပီးသူဖြစ်ရမည်

5) ကျောင်းစာမဟုတ်သော အခြား ဘာသာရပ်တွင် အဆင့်ကောင်းရထားသူဖြစ်ရမည်

"Scholarship ကာလ"

1) ၄ နှစ် ( Secondary 3 & 4, Pre-university 1 & 2 {GCE O and A level}
ကျောင်းရမှတ်ပေါ်မူတည်၍ ကျောင်းသား သက်တမ်းတိုးပေးမည်

"အကျိုးခံစားခွင့်"

1) နေစရိတ်

2) မုန့်ဖိုး

3) လေယဉ်လက်မှတ်စရိတ်

4) ကျောင်းလခ

5) GCE O and A level,စာမေးပွဲ ဖြေဆိုစရိတ် တစ်ကြိမ်

6) Insurance

"လျှောက်ထားရမည့်ကာလ"

1/3/2023 မှ 26/4/2023

"Interview ကာလ"

Jun to Aug 2023

"Scholarship ရရှိခြင်း အကြောင်းကြားမူ"

Sep 2023

"Singapore ကိုလာရမည့်ရက်"

Nov 2023
_______________________________________________________________________
"I am interested" ဆိုတဲ့ ခလုတ်လေးကို နှိပ်ပီး အချက်အလက်တွကို ဖြည့်၍ 1.3.2023 မှာ စလျှောက်လို့ရပါပီ

ဤ ကဲ့သို့ online လျှာက်ခြင်းနှင့် မရင်းနှီး၍ အကူညီ လိုလျှင် Al- Insan မှာ မေတ္တာ ဖြင့်ကူညီပေးပါမည်။

AL-Insan အား ဤ Scholarships အတွက် အကူညီတောင်းချင်လျှင် အောက်ပါ အချက်အလတ်များအား Al-Insan messenger box သို့ ပို့ပေး၍ အကူအညီတောင်းနိုင်ပါသည်

1) ကလေးအမည်

2) ကလေး နှင့် စာရင်းလာပေးသူ၏ တော်စပ်မှူ

3) Email account

4) ဆက်သွယ်ရန် phone နံပါတ်

Photos from Al-insan's post 26/02/2023

26/02/2023 အရ Student list အသစ်ပါ

အနီလေးနဲ့ ခြယ်ထားတာက ကျောင်းလာအပ်သော face book account ရှာမရလို့ ကလေးကို စာသင်မည့် messenger group ၌ ထည့်မရဖြစ်နေပါတယ်။

ထို ကလေးများ ကျောင်းတက်ချင်သေးတယ်ဆိုလျှင် Al-Insan ၏ messenger သို့လာရောက်ပြောပေးကြပါရှင့်

ဤ students list မှာ ကလေး အမည် ပါသော်လည်း Messenger group ထဲသို့ မရောက်သေးလျှင်လည်း Al-Insan ၏ messenger သို့လာရောက်ပြောပေးကြပါရှင့်

26/02/2023

အချိန်ဇယားလေး အသစ်ပါ
ဆရာမရှိသးလို့ Grade 2 science ကို ဖြုတ်တာကလွဲလို့ ပြောင်းလဲခြင်းမရှိပါဘူ:

26/02/2023

Messenger group များကို grade 1, 4 and 5 Science subject ကလွဲလို့ ( စေတနာ့ ဆရာ ရှာနေဆဲ မို့ပါ) ကျန်သော group များကို ဖွဲ့ပီးပါပီ
မတွေ့သေးသော မိဘများ group အမည်လေးတွေကို messenger box မှာ ရိုက်၍ ရှာနိုင်ပါသည်။
Group အမည်များမှာ

Grade ကို G
ပီးရင် subject name
ပီးရင် AL , Al-Insan ၏ အတိုကောက်

Grade 1

G1-Eng-AL
G1- Maths-AL
G1- Science -AL

Grade 2

G2-Eng-AL
G2- Maths-AL

Grade 3

G3-Eng-AL
G3- Maths-AL
G4- Science -AL

Grade 4

G4-Eng-AL
G4-Maths-AL

Grade 5

G5-Eng-AL
G5-Maths-AL

ကျေးဇူးတင်ပါတယ်

23/02/2023

AL-Insan ၏ ပညာဒါန grade 1 to 5 , Eng, Maths and Science တန်းခွဲများအတွက် Zoom ဖြင့်စာသင်ကြားနိုင်ရန် messenger group များကို ဖွဲ့ရာတွင်

Messenger group ဖွဲ့၍ပီးစီးသွားသောအတန်းများ

1) Grade 1 to 5, Maths အတန်း

2) Grade 1, Science အတန်း

Messenger group ဖွဲ့ရန်ကျန်ရှိ နေ သောအတန်းများ

1) Grade 1 to 5, Eng အတန်း

2) Grade 3 Science အတန်း

(အချိန်ဇယားလိုက် အမြန်ဆုံးဖွဲ့ ပေးသွားပါ့မယ်

Science subject က Grade 2, 4 and 5 စေတနာ့ ဆရာ မရသေးသောကြောင့် လောလောဆယ် မသင်သေးပါ

မိဘများ ကလေး ပညာရေး အတွက် ပူပန်ပီး messenger ၌ လာရောက်မေးမြန်းမူများ အလွန် များပြားသောကြောင့် ဤ post အား တင်လိုက်ပါသည်။

AL -Insan ပညာဒါနကလည်း သားသား မီးမီးတို့ အတွက် ထပ်ကြိုးစား နေအုန်းမှာပါ

AL-Insan ကို ကျေးဇူးတင်‌ကြောင်းလာပြောတဲ့ မိဘ များလည်း အများအပြားရှိလာတဲ့ အတွက် ပီတိ ဖြစ်မိပါတယ်

AL-Insan ၏ တန်ဖိုးရှိလှတဲ့ စေတနာ့ ဆရာ ဆရာမ များကိုလဲ ဤ နေရာမှ ကျေးဇူးတင်ရှိပါတယ်

23/02/2023

Grade 2, 3, 4 and 5 Science subject အတွက် international course သင်ပေးနိုင်တဲ့ volunteer teacher လိုနေပါတယ်ရှင်

သင်ကြားပေးနိုင်မဲ့ ဆရာ ဆရာမ များ Al Insan messenger page သို့လာရောက် လျှောက်ထားပေးပါနော်။

ကျေးဇူးတင်ပါတယ်။

23/02/2023

Grade အ‌ပြောင်းအလဲလုပ်ချင်သူများ Al-Insan messenger boxမှာ အမြန်ဆုံး လာပြောပေးပါ။
Messenger group များကို စာသင်ချိန် တစ်ရက်မတိုင်မီ အောက်ပါ အချန်ဇယားအတိုင်းဖွင့်ပေးနေပါတယ်။

22/02/2023

Telegram group ဖွဲ့ရာတွင် students တော်တော်များများ ၏ phone များ add မရပါသောကြောင့် messenger group ဖွဲ့ ၍ သင်ကြားထောက်ကူစာများ share သွားပါမည် ကို အကြောင်းကြားအပ်ပါသည်။

22/02/2023

Al-Insan ၏ ၂၀၂၃ တန်းခွဲကို မနေ့က ၂၁ -၂ -၂၃ တွင်စတင်ခဲ့ပါသည်။

အချိန်ဇယားကို ထပ်ခါ ထပ်ခါ messenger မှာလာမေးနေကြလို့ အခုထပ်တင်လိုက်တာပါ

Al-Insan page ကို like and follow လေး လုပ်ပေးကြပါနော်။ ဒါမှ ‌သားသားမီးမီးတို့ အတွက် ကြော်ငြာများကို အချိန်နှင့် တစ်ပြေးညီ သိနိုင်မှာပါ။

Photos from Al-insan's post 12/02/2023

ကျေင်းသား ကျောင်းသူ များ grade အပြောင်း အလဲရှိသောကြောင့် ဤ စာရင်းသည် 13.2.23 ရက်စွဲ အရ final စာရင်း ဖြစ် ပါသည်။

သင်တန်းများကို ၂၁-၂-၂၃ နေ့ မှ စ၍ ဖွင့် သွားပါမည်။

မိဘ ဆရာ Telegram account များကို ဖွင့် ၍ သင်ကြားမှူဆိုင်ရာများကို share သွားမည် ဖြစ်သောကြာင့် ဖုန်း နံပါတ် များအား ၊Al-Insan ၏ messenger ၌ လာရောက်‌ စာရင်း ပေး သွင်းကြပါရန် မေတ္တာရပ်ခံပါသည်။

မြန်မာစာ သင်ရန် စေတနာ့ ဆရာမ ရရှိထားသောကြောင့် မြန်မာစာ သင်ချင်သော ကျာင်းသား ကျာင်းသူ များ (အသက် ၆ နှစ် မှ ၁၀ နှစ် ကလေး များသာ) messenger သို့ စာရင်းပေးလို့ ရပါပီနော်။

Comment box ၌ စာရင်း မသွင်းရန် မေတ္တရပ်ခံအပ်ပါသည်။

စာရင်းပေးသွင်းရာတွင်
အမည်
အသက်
နေရပ်မြို့
လက်ရှိတက်နေသော ကျောင်း အမည်
တက်ချင်သောအတန်း နှင့်
ဖုန်းနံပါတ် တို့အား ပြည့်ပြည့်စုံစုံ ပေး ခြင်းအားဖြင့် စာရင်းပးသွင်း နိုင်ပါသည်။

10/02/2023

Grade 1 to 5 ,အချိန်ဇယားပါ
Grade 4 နှင့် 5 science ဘာသာရပ် အတွက် ဆရာမ ရရှိခဲ့ လျှင် အချိန်ဇယား အားပြန်လည် တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

Photos from Al-insan's post 09/02/2023

ကျေင်းသား ကျောင်းသူ များ ထက်တိုးသောကြောင့် ဤ စာရင်းသည် final စာရင်း ဖြစ် ပါသည်။

သင်တန်းများကို ၂၁-၂-၂၃ နေ့ မှ စ၍ ဖွင့် သွားပါမည်။

မိဘ ဆရာ Telegram account များကို ဖွင့် ၍ သင်ကြားမှူဆိုင်ရာများကို share သွားမည် ဖြစ်သောကြာင့် ဖုန်း နံပါတ် များအား ၊Al-Insan ၏ messenger ၌ လာရောက်‌ ပေး သွင်းကြပါရန် မေတ္တာရပ်ခံပါသည်။

အချိန်ဇယားအား ဤ AL-Insan page တွင် အမြန်ဆုံး ကြော်ငြာပေးသွားပါမည်။

31/01/2023

Al-insan ၏ Grade 5 (Science) ကို တက်ရောက်ခွင့်ရသော ကျောင်းသား ကျောင်းသူများစာရင်း
စာရင်းလာပေးရာတွင် မိမိတက်ရောက်ချင်သော ဘာသာရပ်များကို နာမည် မပေးထား သောသူများ ၊ ကလေးအတွက် register လုပ်ရာတွင် တောင်းထားသော information များ ပြည့်ပြည့်စုံစုံ မပေးထားသော်သူများ ၏ စာရင်းတွင်မပါ၀င်ပါရှင့်
Messenger group များကို grade နှင့် ဘာသာရပ်လိုက် ဖွဲ့သွားပါမည်။

31/01/2023

Al-insan ၏ Grade 5 (Maths) ကို တက်ရောက်ခွင့်ရသော ကျောင်းသား ကျောင်းသူများစာရင်း
စာရင်းလာပေးရာတွင် မိမိတက်ရောက်ချင်သော ဘာသာရပ်များကို နာမည် မပေးထား သောသူများ ၊ ကလေးအတွက် register လုပ်ရာတွင် တောင်းထားသော information များ ပြည့်ပြည့်စုံစုံ မပေးထားသော်သူများ ၏ စာရင်းတွင်မပါ၀င်ပါရှင့်
Messenger group များကို grade နှင့် ဘာသာရပ်လိုက် ဖွဲ့သွားပါမည်။

31/01/2023

Al-insan ၏ Grade 5 (English) ကို တက်ရောက်ခွင့်ရသော ကျောင်းသား ကျောင်းသူများစာရင်း
စာရင်းလာပေးရာတွင် မိမိတက်ရောက်ချင်သော ဘာသာရပ်များကို နာမည် မပေးထား သောသူများ ၊ ကလေးအတွက် register လုပ်ရာတွင် တောင်းထားသော information များ ပြည့်ပြည့်စုံစုံ မပေးထားသော်သူများ ၏ စာရင်းတွင်မပါ၀င်ပါရှင့်
Messenger group များကို grade နှင့် ဘာသာရပ်လိုက် ဖွဲ့သွားပါမည်။

31/01/2023

Al-insan ၏ Grade 4 (Science) ကို တက်ရောက်ခွင့်ရသော ကျောင်းသား ကျောင်းသူများစာရင်း
စာရင်းလာပေးရာတွင် မိမိတက်ရောက်ချင်သော ဘာသာရပ်များကို နာမည် မပေးထား သောသူများ ၊ ကလေးအတွက် register လုပ်ရာတွင် တောင်းထားသော information များ ပြည့်ပြည့်စုံစုံ မပေးထားသော်သူများ ၏ စာရင်းတွင်မပါ၀င်ပါရှင့်
Messenger group များကို grade နှင့် ဘာသာရပ်လိုက် ဖွဲ့သွားပါမည်။

Videos (show all)

"Bed Time Story" အစီစဉ်လေး ကို ကလေးတွေ စာဖတ်တဲ့ အကျင့်လေးရအောင် AL-Insan မှ စီစဉ် ထားပါတယ်။ဖေဖေ မေမေ တို့ သားသား မီးမီး ...
"Bed Time Story" အစီစဉ်လေး ကို ကလေးတွေ စာဖတ်တဲ့ အကျင့်လေးရအောင် AL-Insan မှ စီစဉ် ထားပါတယ်။ဖေဖေ မေမေ တို့ သားသား မီးမီး ...

Website