TPCC

TPCC

TPCC was formed by Ta’ang CSOs, Ta’ang Political Party and Ta’ang community leaders on 25, Mar, 2021

Photos from TPCC's post 21/06/2024

Ta'ang Political Consultative Committee -TPCC
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC
===================================

2024/June/15

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တအာင်းဒေသအတွင်းရှိ နိုင်ငံရေးသိပ္ပံကျောင်း အပါတ်စဉ်(၁,၂)၊ လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပါတ်(၃)မှ ကျောင်းသူ/သားတို့နှင့် ဆရာ/မတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များ၊ တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ- TPCC အကြောင်းအကျဉ်းချုပ်ဆွေးနွေးကာ တက်ရောက်လာသော ကျောင်းသူ/သားတို့မှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသား (61)ဦးနှင့် အမျိုးသမီး (52)ဦး စုစု‌ပေါင်း(113)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

#ကျောင်းသူ/သားတို့၏
#မှတ်တမ်းဓါတ်ပုံများ


#2024/6/21

Photos from TPCC's post 18/06/2024

Ta'ang Political Consultative Committee -TPCC
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC
===================================

2024/June/1

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တအာင်းဒေသအတွင်းရှိ မိဘပြည်သူတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ- TPCC အကြောင်းအကျဉ်းချုပ်ဆွေးနွေးကာ တက်ရောက်လာသောမိဘပြည်သူမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့နယ်အတွင်း ကျင်းပပြုလုပ်ခဲ့‌သော အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသား (40)ဦးနှင့် အမျိုးသမီး (34)ဦး စုစု‌ပေါင်း(74)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

#နမ့်ဆန်မြို့နယ်
#မှတ်တမ်းဓါတ်ပုံများ


#2024/6/18

Photos from TPCC's post 17/06/2024

Ta'ang Political Consultative Committee -TPCC
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC
===================================

2024/May/25

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တအာင်းဒေသအတွင်းရှိ မိဘပြည်သူတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ- TPCC အကြောင်းအကျဉ်းချုပ်ဆွေးနွေးကာ တက်ရောက်လာသောမိဘပြည်သူမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်း ကျင်းပပြုလုပ်ခဲ့‌သော အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသား (40)ဦးနှင့် အမျိုးသမီး (34)ဦး စုစု‌ပေါင်း(74)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

#ကွတ်ခိုင်မြို့နယ်
#မှတ်တမ်းဓါတ်ပုံများ


#2024/6/17

Photos from TPCC's post 16/06/2024

Ta'ang Political Consultative Committee -TPCC
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC
===================================

2024/May/24

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တအာင်းဒေသအတွင်းရှိ မိဘပြည်သူတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ- TPCC အကြောင်းအကျဉ်းချုပ်ဆွေးနွေးကာ တက်ရောက်လာသောမိဘပြည်သူမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ်အတွင်း ကျင်းပပြုလုပ်ခဲ့‌သော အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသား (69)ဦးနှင့် အမျိုးသမီး (37)ဦး စုစု‌ပေါင်း(106)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

#နမ္မတူမြို့နယ်
#မှတ်တမ်းဓါတ်ပုံများ


#2024/6/16

Photos from TPCC's post 14/06/2024

Ta'ang Political Consultative Committee -TPCC
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC
===================================

2024/May/21

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တအာင်းဒေသအတွင်းရှိ မိဘပြည်သူတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ- TPCC အကြောင်းအကျဉ်းချုပ်ဆွေးနွေးကာ တက်ရောက်လာသောမိဘပြည်သူမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မိုင်းလုံမြို့နယ်အတွင်း ကျင်းပပြုလုပ်ခဲ့‌သော အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသား (47)ဦးနှင့် အမျိုးသမီး (63)ဦး စုစု‌ပေါင်း(110)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

#မိုင်းလုံမြို့နယ်
#မှတ်တမ်းဓါတ်ပုံများ


#2024/6/14

Photos from TPCC's post 13/06/2024

Ta'ang Political Consultative Committee -TPCC
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC
===================================

2024/May/20

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တအာင်းဒေသအတွင်းရှိ မိဘပြည်သူတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ- TPCC အကြောင်းအကျဉ်းချုပ်ဆွေးနွေးကာ တက်ရောက်လာသောမိဘပြည်သူမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မိုင်းငေါ့မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့‌ေသာ အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသား (48)ဦးနှင့် အမျိုးသမီး (127)ဦး စုစု‌ပေါင်း(175)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

#မိုင်းငေါ့မြို့နယ်
#မှတ်တမ်းဓါတ်ပုံများ


#2024/6/13

25/03/2024

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC
==================================

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC
၏ နှစ်ပတ်လည်အစည်းအဝေးထုတ်ပြန်ချက်


#25/3/2024

16/12/2023

"၂၇၁၅"ပြည့်နှစ် တအာင်းနှစ်သစ်ကူးမင်္ဂလာကြိုဆိုထုတ်ပြန်ချက်

#တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ

#16/12/2023
#တအာင်းနှစ်သစ်ကူး
#ထုတ်ပြန်ချက်

11/12/2023

အသိပေးနှိုးဆော်လွှာ

#၁၁/၁၂/၂၀၂၃

Photos from TPCC's post 08/12/2023

Follow up statement on public damages due to the indiscriminate flring by the Terror Military Council in Ta'ang Region

#22/11/2023

Photos from TPCC's post 08/12/2023

Statement on public damages due to the indiscriminate flring by the Terror Military Council in Ta'ang Region

#22/11/2023

Photos from TPCC's post 04/12/2023

အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် တအာင်းဒေသအတွင်းရှိ ပြည်သူလူထု၏ ထိခိုက်နစ်နာမှုများ နောက်ဆက်တွဲ ထုတ်ပြန်ခြင်း

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ရက်

#4/12/2023

Photos from TPCC's post 22/11/2023

အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် တအာင်းဒေသအတွင်းရှိ ပြည်သူလူထု၏ ထိခိုက်နစ်နာမှုများအား ထုတ်ပြန်ခြင်း
================================

#တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ
'ang Political Consultative Committee -TPCC
#22/11/2023

Photos from TPCC's post 19/11/2023

တိုက်ပွဲ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရေးပေါ် လူသားချင်း စာနာထောက်ထားသည့် အကူအညီများအတွက် ဖိတ်ခေါ်ခြင်း

နိုဝင်ဘာလ ၁၈ ရက် ၂၀၂၃ ခုနှစ်

17/11/2023

ပြည်သူလူထုထံ တိုက်တွန်းနှိုးဆော်ချက်

#တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ

2023.11.17

11/10/2023

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်တိုက်ခိုက်ခြင်းအပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC ၏ သဘောထားထုတ်ပြန်ချက်

#11/10/2023

Photos from TPCC's post 06/08/2023

နွေဦးတော်လှန်ရေး၌ အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၆) ရက်

ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ် ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter) အစိတ်အပိုင်း (၁) ပါ ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊ လမ်းညွှန် အခြေခံမူများ၊ အခြေခံမူဝါဒများနှင့် နိုင်ငံရေးလမ်းပြမြေပုံတို့ကို အခြေခံ၍ အောက်ပါ နိုင်ငံရေး ရည်မှန်းချက် များနှင့် နိုင်ငံရေးရပ်တည်ချက်များကို ထုတ်ပြန်လိုက်သည်။

၁။ ကျွန်ုပ်တို့ မျှော်ရည်ပိုင်းဖြတ်ထားသော မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်သည်။ အသွင်သဏ္ဍာန် သာပြောင်း၍ အနှစ်သာရပြောင်းလဲခြင်းမရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ပါ။

၂။ အဆိုပါ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရန် လက်ရှိ တရားမဝင် စစ်အာဏာ သိမ်းယူထားမှုကို အပြီးတိုင် ဖယ်ရှားရမည့်အပြင် စစ်အာဏာသိမ်းသည့် အလေ့အထနှင့် စစ်တပ်၏ နိုင်ငံရေး တွင် ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ် ချုပ်ငြိမ်းစေရမည်ဟု အခိုင်အမာ လက်ခံယုံကြည် သည်။

၃။ ထို့အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှု ကို ချွင်းချက်မရှိ လိုက်နာ၍ ပြည်ပရန် ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော တိုင်းရင်းသား လူမျိုး ပေါင်းစုံပါဝင်သည့် “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်သွားမည်ဟု ကျွန်ုပ်တို့ ခိုင်မာစွာ ကတိပြုသည်။

၄။ ကျွန်ုပ်တို့အနေဖြင့် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများ အတွင်း သာမက လူထုလူတန်းစား အလွှာ အသီးသီးအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံအပေါ် ခေတ်အဆက် ဆက် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ စသည်တို့နှင့် စပ်လျဉ်း၍ အမှန်တရားပေါ်ပေါက်စေရန်၊ တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်၊ တရားမျှတမှုရရှိစေရန်၊ ထပ်မံကျူးလွန်ခံရမှုများမရှိစေရန် အသွင်ကူးပြောင်း ရေးကာလတရား မျှတမှု (Transitional Justice) လုပ်ငန်းစဉ်များကို မဖြစ်မနေ ဦးစားပေး ချမှတ် အကောင်အထည်ဖော်ဆောင်သွားမည်။

၅။ ကျွန်ုပ်တို့သည် အထက်ပါ ရည်မှန်းချက်ပန်းတိုင်များအား လက်ခံယုံကြည်သဘောတူပြီး မိမိတို့ မျှော်ရည်ပိုင်းဖြတ်ထားသော ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်သည်။

၆။ ကျွန်ုပ်တို့သည် နိုင်ငံတဝှမ်းတွင် ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးကြီးကို မဆုတ်မနစ်၊ ကြံ့ ကြံ့ခံ တွန်းလှန်ဆင်နွှဲလျက်ရှိသော တိုင်းရင်းသားပြည်သူလူထုအပေါင်းနှင့် အတူတကွ လက်တွဲ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အပြည့်အဝ အာမခံချက်ရှိသော နိုင်ငံရေး လုပ်ငန်းစဉ် များအား အန္တိမရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ သာတူညီမျှမှုကို ကိုယ်စားပြုသည့် စုပေါင်းခေါင်း ဆောင်မှုနှင့် စုပေါင်းတာဝန်ယူမှုဖြင့် နောက်မဆုတ်စတမ်း၊ မတွေဝေစတမ်း ဆက်လက် ချီတက် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ်ပါသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ

Photos from TPCC's post 03/08/2023

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးအစည်းအဝေး ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့လည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ အထူးအစည်းအဝေးတရပ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ ညနေ (၄) နာရီ မြန်မာအချိန်တွင် ကျင်းပခဲ့ကြသည်။ အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒုဝန်ကြီးများနှင့် NUCC ကောင်စီဝင်များ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် NUCC ကောင်စီဝင် ဒေါ်ခေတ်ငြိမ်းအေးတို့မှ အဖွင့်စကား ပြောကြားခဲ့ကြသည်။

“ကျနော်တို့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရှိပါတယ်။ (၁) အာဏာရှင်လုံးဝအမြစ်ပြတ်ရေးနဲ့ (၂) ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးသာ အဓိကဖြစ်ပါတယ်။ အရေးကြီးဆုံး လမ်းကြောင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်း (political path) ကရပြီးသားဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုပဲဖြစ်ဖြစ် အကြမ်းဖက်စစ်အုပ်စု အကွက်ဆင်တဲ့ဘက် မလိုက်သွားဖို့ အရေးကြီးပါတယ်” ဟု နိုင်ငံတော်ယာယီသမ္မတက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“NUCC/NUG က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပေါ် ယုံကြည်ပြီး ရှေ့ဆက်သွားရင်းနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်ယူဆပါတယ်။ အစိုးရအပြောင်းအလဲ (regime change) မဟုတ်ပဲ၊ စနစ်အပြောင်းအလဲ (system change) ဖြစ်ပါတယ်။ စစ်အုပ်စုက သပ်လျှိုလာတာတွေက နည်းလမ်းမျိုးစုံသုံးနေတယ်ယုံကြည်ပါတယ်။ ဘယ်လိုဖြစ်လာပါစေ ခေါင်းဆောင်များ/အစုအဖွဲ့ကြား အားလုံးညီညီညွတ်ညွတ် ရှေ့ဆက်သွားကြဖို့ လိုပါတယ်” ဟု ဒေါ်ခေတ်ငြိမ်းအေး၏ အဖွင့်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး သုံးသပ်ဆွေးနွေးကြပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သော လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက်အစည်းအဝေးနိဂုံးချုပ်စကားကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားရာတွင် “ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။ ကျနော်တို့မပြောင်းပါဘူးလို့ ဒီအစည်းအဝေးမှာလည်းပြောချင်ပါတယ်။ ၂၀၀၈ ရှိနေသ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်မှာမဟုတ်။ အဓိကက အကြမ်းဖက်စစ်အုပ်စုပြုတ်ကျဖို့ လိုအပ်နေပါတယ်။ ဝိုင်းဝန်းဆောင်ရွက်ကြရင်မဖြစ်နိုင်စရာမရှိပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

Photos from TPCC's post 22/06/2023

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC
===============================
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ- TPCC မှ ( 148 ) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ


#21/6/2023

13/06/2023

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC
==================================
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC မှ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ Interim Executive Council of Karenni State - IEC ဖွဲ့စည်းထုတ်ပြန်ခြင်းအပေါ် ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ွဲ့စည်းထုတ်ပြန်ခြင်းအပေါ်သဝဏ်လွှာပေးပို့

#12/6/2023

Photos from TPCC's post 31/05/2023

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC
===================================

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC မှ စစ်ကိုင်းတိုင်းဖိုရမ် ကျင်းပနိုင်မှုအပေါ် သဝဏ်လွှာပေးပို့ခြင်း

ရက်စွဲ ၂၇/၅/၂၀၂၃


#31/5/2023

Photos from TPCC's post 03/04/2023

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ
တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်း ကော်မတီ

အကြမ်းဖက်စစ်အုပ်စုထံတွင် မှတ်ပုံမတင်ဘဲ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူ့သဘောထားဆန္ဒနှင့်အညီ ဆန့်ကျင်ခဲ့ကြသည့် နိုင်ငံရေးပါတီများအား အသိအမှတ်ပြုမှတ်တမ်းတင်ခြင်း

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်

၁။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန် ကြိုးစားနေသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ “ဥပဒေအရပ်ရပ်ကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစား နေရုံသာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ် သတ်ဖြတ်၊ ညှဉ်းပန်း နှိပ်စက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာ လုံးဝမရှိပေ။ ၎င်းတို့က ကျင်းပမည် ဆိုသော "ရွေးကောက်ပွဲ" ဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း ပြဿနာ၏ ထွက်ပေါက်အဖြေ လုံးဝမဟုတ်ရုံသာမက ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပေသည်။” ဟု တော်လှန်ရေး အင်အားစုများအနေဖြင့် အတိအလင်း ကြေညာ ထားပြီးဖြစ်သည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရကလည်း အကြမ်းဖက်စစ်အုပ်စုက ပြဌာန်းသော ရွေးကောက်ပွဲ ဥပဒေသည် တရားဝင်မှုမရှိဘဲ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်းနှင့် စစ်အုပ်စုက ဖွဲ့စည်းတာဝန် ပေးအပ်သော ရွေးကောက်ပွဲ ကော်မရှင်သည်လည်း အကြမ်းဖက် လက်အောက်ခံ အဖွဲ့အစည်းအဖြစ် ကျရောက်လျက် ရှိကြောင်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက် က ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် (၅/၂၀၂၃) တွင် အတိအလင်း ဖော်ပြထားသည်ကို တွေ့ရသည်။

၃။ အကြမ်းဖက်စစ်အုပ်စု၏ ပျက်ပြယ်ပြီးဖြစ်သော ရွေးကောက်ပွဲ ဥပဒေ နိဒါန်းတွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန်” ဟု သုံးနှုန်းထားသောကြောင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး မျှော်မှန်းထား သည့် ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက် ပန်းတိုင်ကို ငြင်းပယ်ထားခြင်းဖြစ်သည်။ မှတ်ပုံတင်သော ပါတီများတင်သွင်းရမည့် ဝန်ခံချက် (ဂ) တွင်လည်း “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး” ဟူသည့် အချက်ပါဝင်သောကြောင့် ဖျက်သိမ်း ပျက်ပြယ်ပြီးဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်လည် ခေါင်းတိုးဝင်စေသည့် အခင်းအကျင်း ဖြစ်သည်ကိုလည်း သတိပြုကြရန် လိုအပ်ပါသည်။ နိုင်ငံရေးပါတီများ အနေဖြင့် မြန်မာနိုင်ငံ၏ အနှစ် (၇၀) ကျော်ခဲ့ပြီဖြစ်သော နိုင်ငံရေးပြဿနာ ကို အပြီးတိုင်ဖြေရှင်းရန်အတွက် စိတ်ပိုင်းဖြတ်ပြီးဖြစ်သည့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည်သူလူထုတရပ်လုံးနှင့် မိမိတို့ ဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏ သဘောထားဆန္ဒတို့ကို အခြေခံ၍ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြပါရန် အလေးအနက် သတိပေးတိုက်တွန်း အပ်ပါသည်။

၄။ အကြမ်းဖက်စစ်အုပ်စုက ဖွဲ့စည်းသော တရားမဝင် အဖွဲ့အစည်းဖြစ်သည့် ရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံမတင်ဘဲ အကြမ်းဖက်စစ်အုပ်စု ကျင်းပပြုလုပ်ရန် ကြိုးစားနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား လက်မခံ မပူးပေါင်းကြောင်းကို စိန်ခေါ်မှုများ၊ အခက်အခဲများ များစွာရှိနေသည့်ကြားမှပင် ပြည်သူ့ဆန္ဒနှင့်အညီ ဆုံးဖြတ်ကြေညာခဲ့ကြသည့် နိုင်ငံရေးပါတီများအားလုံး၏ ရပ်တည်ချက်နှင့် သဘောထားများကို လေးစားဂုဏ်ယူစွာဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။

၅။ ဒီမိုကရေစီနည်းလမ်းတကျဖွဲ့စည်းဖြစ်ပေါ်လာကြသည့် နိုင်ငံရေးပါတီများအား တရား၀င်အာဏာ မရှိသည့် အကြမ်းဖက်လက်အောက်ခံအဖွဲ့အစည်း UEC က ဖျက်သိမ်း ပိုင်ခွင့်မရှိပဲ ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းသည် ရှေ့လျှောက်တွင် တရားမဝင် အတုအယောင် ရွေးကောက်ပွဲများဖြင့် အာဏာရှင်စနစ်ကို တည်မြဲစေလျက် ပြည်သူလူထုကို အမြဲကြောက်ရွံ့ နေရမည့် ဘ၀အခြေအနေသို့ သက်ဆင်းစေမည့် အခင်းအကျင်းကို ထပ်မံဖန်တီးလိုက်ခြင်း ပင်ဖြစ်သည်။

၆။ လာမည့်အနာဂတ်တွင် မိမိတို့က စစ်မှန်သည့်ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပြုလုပ်လျက် ပြည်သူ့အာဏာ တည်ဆောက်ခြင်းဖြင့်သာလျင် ပြည်သူများ လိုအပ်မှု၊ ပြည်သူ့လုံခြုံမှုနှင့် ပြည်သူများ၏မျှော်လင့်ချက်ကို ဖြည့်ဆီးပေးနိုင်ပါမည်။ ယင်းသို့ဖြစ်ပေါ်ရရှိရန် တိုင်းရင်းသား ပြည်သူပြည်သားများအားလုံးက လက်ရေတပြင်တည်း ပူးပေါင်းပါ၀င်ကြရန် တိုက်တွန်းပါသည်။

Website