Alex Hein
Join up facebook june 2011
Breaker အကြောင်း သိကောင်းစရာများ
============================
MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့
ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။ MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။
(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ
နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။
နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။
နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။
နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။
နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။
#ရေတိုင်ကီအဖုံး၏ အကျိုး အပြစ်များ
-----------------------------------
ရေတိုင်ကီအဖုံးဆိုတာ အင်ဂျင်အအေးခံစနစ်မှာ
ပါတဲ့ ယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး
အအေးပေးစနစ်က သတ်မှတ် ဖိအားအောက်တွင်သာ
ရှိနေစေရန် ထိမ်းသိမ်းဖို့ အသုံးပြုပါတယ်။
အကောင်းဆုံး အအေးပေးစနစ်ဖိအားက
13မှ 16 PSI ဝန်းကျင်ရှိသင့်ပါတယ်။
ရေတိုင်ကီအဖုံးကို ဒီဖိအားမှာ အမြဲရှိနေစေဖို့
ပုံစံ ထုတ်ထားပါတယ်။
Coolant ဖိအား အတက်အကျကြောင့် Coolant
အရည် ယိုစိမ့်ခြင်း၊ အဖြူရောင်အစင်းများ ပေါ်လာခြင်းနှင့် ရေပိုက်ကွဲခြင်း စသဖြင့် ရေတိုင်ကီအဖုံး
မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာများစွာ ရှိပါတယ်။
ဖိအားလွန်ကဲခြင်းကြောင့် အအေးပေးစနစ်
အစိတ်အပိုင်း ချို့ယွင်းမှုကို ဖြစ်စေပြီး ဖိအားနည်းမယ်ဆို coolant အရည်များ ဆူပွကခြင်း ဖြစ်စေနိုင်ပါတယ်။
အအေးခံစနစ်ချို့ယွင်းရင် အင်ဂျင် အပူလွန်ကဲခြင်း ဖြစ်နိုင်ပါတယ်။ ရေတိုင်ကီအဖုံး ချွတ်ယွင်းမှုကြောင့် အင်ဂျင်လည်ပတ်နေစဉ် အပူအလွန်အကျွံ
တက်လာနိုင်ပြီး နောက်ဆုံးအင်ဂျင် ချို့ယွင်းမှုကို
ဖြစ်စေနိုင်တဲ့ မြောက်မြားစွာသော နောက်ဆက်တွဲ
ပြသနာတွေ ကြုံတွေ့လာနိုင်ပါတယ်။
မကောင်းတဲ့ အင်ဂျင်အပူထိန်းသိမ်းစနစ်၊
ရေတိုင်ကီအဖုံး head gasket စတာတွေရဲ့ အဖြစ်များ တွေ့ကြုံနိုင်တဲ့ လက္ခဏာအချို့ကို သေသေချာချာ လေ့လာကြည့်ပါ။
#ရေတိုင်ကီ_အဖုံးမကောင်းလျှင် ဖြစ်တတ်သော လက္ခဏာများ
-------------------------------------------------
ထုတ်လုပ်သူတွေက သတ်မှတ်ဖိအားအတိုင်းအတာ
တစ်ခု ပါ၀င်တဲ့ အအေးခံစနစ်အတွက် အဖုံးကို
ဖန်တီးထာတာပါ။
ရည်ရွယ်ထုတ်လုပ်တဲ့ သတ်မှတ်ဖိအား ပမာဏထက်
ပိုများသော ရေတိုင်ကီအဖုံးကို အသုံးပြုခြင်းက
coolant ပိုက် ပျက်စေခြင်း coolant ယိုစိမ့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
အအေးခံစနစ်မှာ လက်ရှိ အအေးခံစနစ်အတွက် အကောင်းဆုံးဖိအားကို ရောက်ရှိပြီးနောက်
ရေတိုင်ကီအဖုံးက ပိုပေးတဲ့ ဖိအားဒဏ်ကို
ခံနိုင်ရည်မရှိတဲ့ အစိတ်အပိုင်းတွေက ယိုစိမ့်မှု၊
ပွင့်ထွက်မှု ၊ဖိအားလွန်ကဲမှုကြောင့် coolant ပိုက်များ၊ ရေတိုင်ကီ၊ gasket သို့မဟုတ်ရေပန့် စတဲ့ စနစ်ရဲ့ အားနည်းတဲ့ နေရာတွေမှ coolant ယိုစိမ့်မှု
ဖြစ်ပါလိမ့်မယ်။
ဒါ့ကြောင့် ရေတိုင်ကီအဖုံး မကောင်းလို့ လဲလှယ်မယ်
ဆိုရင် သတ်မှတ်ဖိအား ပမာဏ နဲ့ တူညီတဲ့
အဖုံးကိုသာ အသုံးပြုသင့်ပါတယ်။
coolant ပိုက် အင်ဂျင် ကိုယ်ထည် စတာတွေမှာ
ယိုစိမ့် Coolant အ ရောင်အစွန်းအထင်း တွေရှိမရှိ ကြည့်ပြီး ယိုစိမ့်မှု ရှိမရှိကို အမြင်နဲ့ ဆုံးဖြတ်နိုင်ပါတယ်။
အင်ဂျင်အပူလွန်ကဲခြင်း
----------------------
ဖိအားကို မခံနိုင်တဲ့ ရေတိုင်ကီ အဖုံးက အအေးခံရည် ဆူပွက်အမှတ်(Boiling Point)ကို လျော့ကျစေပြီး ယာဉ်အင်ဂျင်ကိုယ်ထည်မှ အပူစုပ်ယူနိုင်စွမ်းကိုလည်း လျော့ကျ စေနိုင်ပါတယ်။
ရေတိုင်ကီအဖုံး လုပ်ေဆာင်ချက်က ထိရောက်မှု
မရှိတာကြောင့် coolant မှာ လေခိုမှု ဖြစ်ရင်လည်း
ပိတ်မိနေတဲ့ အအေးခံရည်ထဲက လေကအပူချိန်
တက်မှု ဖြစ်လာပြီး အင်ဂျင်အပူလွန်ကဲမှု ဖြစ်စေနိုင်ပါတယ်။
gauge မှာပြတဲ့အပူချိန် သိသိသာသာ
မြင့်တက်လာခြင်းက ရေဒီယေတာအဖုံး
မကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အပူလွန်ကဲတဲ့ အင်ဂျင်က ယာဉ်ကိုအလွန်အကျွံ
ပျက်စီးစေနိုင်သော ကွဲပြားခြားနားတဲ့ အစိတ်အပိုင်းများကိုလည်း နောက်ဆက်တွဲ အနေနဲ့ ပျက်စီးစေနိုင်ပါတယ်။
အင်ဂျင် အပူလွန်ကဲလာတယ်ဆိုတာ သတိပြုမိတာနဲ့ အင်ဂျင်လည်ပတ်နေတာကိုရပ်တန့်ပစ်ဖို့ အရေးကြီးပါတယ်။အပူလွန်ကဲတဲ့ အင်ဂျင်ကြောင့် ထိခိုက်ဒဏ်ရာ
ရခြင်းမဖြစ်စေဖို့ စစ်ဆေးခြင်းမပြုခင် အင်ဂျင်အေးအောင် အရင် ထားပါ။
ရေနွေးအငွေ့များ ထွက်နေသော အင်ဂျင်
--------------------------------------
ဆိုးရွားတဲ့ ရေတိုင်ကီအဖုံးရဲ့ နောက်ထပ်လက္ခဏာတစ်ခုက ယာဉ်မှ အခိုးငွေ့များ ထွက်နေခြင်း ဖြစ်ပါတယ်။ ရေနွေးငွေ့တွေ ထွက်ေနခြင်းက အအေးခံရည် ဆူပွက်နေခြင်းဖြစ်ပြီး အအေးခံရည်က မကောင်းတဲ့ Seal၊ရေတိုင်ကီအဖုံး စတာတွေက တဆင့် အငွေ့ပုံစံနဲ့ ထွက်လာခြင်း ဖြစ်ပါတယ်။ ရေနွေးငွေ့တွေ ထွက်နေတဲ့ ယာဉ်ဟာ အင်ဂျင် အပူလွန်ကဲနေတယ်ဆိုတာ အတွက် အနီရောင်အဆင့် သတိပေးချက် ဖြစ်ပါတယ်။
အငွေ့ပျံထွက်နေခြင်းက များသောအားဖြင့် အင်ဂျင် အအေးခံရည် အလွန်အကျွံ ပူနေတာ ဖြစ်တာကြောင့် ပြုပြင်သူအနေနဲ အင်ဂျင်ပြသနာတွေကို စစ်ဆေးဖို့ အဖုံးကိုမဖွင့်ခင် အရင်အအေးခံ ထားသင့်ပါတယ်။
ရေငွေ့ပျံခြင်းကြောင့် ပုံမှန်ရှိသင့်တဲ့ coolant ပမာဏထက် coolant ပိုမို လျော့နည်း ဆုံးရှုံးခြင်း ဖြစ်စေပြီး အင်ဂျင်မှ ထုတ်နေတဲ့ အပူကိုဖယ်ရှားဖို့ လုံလောက်တဲ့ အအေးခံရည် ပမာဏ မရှိတော့တာမျိုး ဖြစ်လာနိုင်ပြီး အင်ဂျင်အပူက ပိုမို ဆိုးရွားစွာ မြင့်တက်လာစေနိုင်ပါတယ်။ဒါကြောင့် ရေနွေးငွေ့တွေ ထွက်နေရင် အင်ဂျင်ကို အမြန်ဆုံး ရပ်တန့်ပစ်နိုင်ဖို့ လိုပါတယ်။
ကန်ထွက် (သို့) ပြုတ်ထွက်နေသောရေတိုင်ကီပိုက်
------------------------------------------------
ရေတိုင်ကီအဖုံး မကောင်းခြင်းကြောင့် ရေပိုက်အတွင်း ဖိအား အတက်အကျမမှန်ခြင်း ဖြစ်စေနိုင်ပြီး ရေပိုက်များ ကွဲထွက် ပြုတ်ထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဖိအားနိမ့်ခြင်းက ရေပိုက်တွေအတွင်း လေဟာနယ်များ ဖြစ်ပေါ်စေနိုင်ပြီး တစ်ချိန်တည်းမှာ ဖိအားပိုများခြင်းက ပိုက်များကို ပေါက်ပြဲခြင်း အက်ကွဲခြင်း ပွင့်ထွက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ ရေပိုက်ပေါက်ခြင်းက အင်ဂျင်အပူလျော့ချပေးနိုင်တဲ့ coolant ပမာဏကို လျှော့ကျစေပါတယ်။
ပိုများတဲ့ ဖိအားက ပိုက်ကို လုံးဝပျက်စီးအောင် မဖျက်နိုင်ေတာင် အပေါက်ငယ်လေးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ယာဉ်ရပ်ထားပြီး ရေပိုက်အတွင်း ဖိအား လျော့ကျနေစဉ် ဒီအပေါက်တွေကို မြင်ချင်မှမြင်ရမှာပါ။ရေပိုက်အတွင်း ဖိအားတက်လာချိန်မှာ ရေယိုစိမ့်မှု ဖြစ်နိုင်ပါတယ်။ဒီလို သေးငယ်တဲ့ အပေါက်လေးတွေ ရှိမရှိ ဆပ်ပြာရည်အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။
အဆက်မပြတ် ပြည့်လျှံထွက်နေသောရေလှောင်ကန်ငယ်
------------------------------------------------------
သတ်မှတ်ထားတဲ့ ဖိအားပမာဏထက် ကျော်လွန်တဲ့အခါ ဖိအားကိုထိန်းညှိပေးဖို့ overflow reservoir ထဲ coolant ကို စီးဝင်စေပါတယ်။ ဒါပေမယ့် ရေတိုင်ကီအဖုံးမကောင်းတဲ့အခါ အင်ဂျင်က coolant ကို ပိုလျှံတဲ့ ဖိအားကြောင့် မဟုတ်ဘဲ ရေလှောင်ကန်ဆီ စီးဆင်းစေခြင်း ဖြစ်စေပါတယ်။ ဒါက ရေတိုင်ကီအတွင်း ဖိအားဆုံးရှုံးမှုဖြစ်စေပြီး ဖိအားအနည်းငယ် သို့မဟုတ်လုံးဝမရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ဖိအားနည်းခြင်းက စနစ်အတွင်း ထွက်ပေါက် တစ်ခုရှိနေခြင်း၊ မကောင်းတဲ့ Radiator အဖုံး ဒါမှမဟုတ် မကောင်းတဲ့ coolant reservoir cap ရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
စောစောကပြောခဲ့သလိုဘဲ ဖိအားနိမ့်တာကြောင့်ရေတိုင်ကီ အအေးခံရည်က အပူလွန်ကဲပြီးအင်ဂျင် ချို့ယွင်းတာကိုဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့်၊ မကောင်းတဲ့ရေတိုင်ကီအဖုံးေကြာင့် ပြည့်လျှံတဲ့ လက္ခဏာကိုသတိပြုမိရင် ရေတိုင်ကီအဖုံးကို စစ်ေဆးပြီး လိုအပ်ရင် အစားထိုး လဲလှယ်ဖို့ လိုအပ်ပါတယ် ။
Cooling System ထဲသို့ လေများ ဝင်ရောက်ခြင်း
-----------------------------------------------
ရေတိုင်ကီအဖုံး ချို့ယွင်းမှုရဲ့နောက်ထပ်လက္ခဏာတစ်ခုက အအေးခံစနစ်ထဲကို လေများ ဝင်ေရာက်လာခြင်း ဖြစ်ပါတယ်။ ပိုက်များစတင် မအက်ကွဲမီ စနစ်အတွင်း လေဝင်ရောက်နေတာကို သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်။ အအေးပေးစနစ်အတွင်း ဝင်ရောက်တဲ့ လေကြောင့် ပိုက်လိုင်း အတွင်း ဖိအားလျော့နည်းခြင်း လေဟာနယ် နေရာများမှာ အပူချိန်မြင့်တင်ပြီး ကွဲအက်ခြင်းများဖြစ်စေနိုင်ပါတယ်။ဖိအားနည်းခြင်းက ရေပိုက်တွေကို အက်ကွဲစေပြီး ယိုစိမ့်မှုကို ဖြစ်စေပါတယ်။
Coolant Level နိမ့်ခြင်း
----------------------
အထက် ဖော်ပြပါ အချက်တွေအားလုံးက တစ်နည်းမဟုတ်တစ်နည်းနဲ့ ရေတိုင်ကီအတွင်းက coolant level ကို နိမ့်စေနိုင်ပါတယ်။ ပြစ်ချက်တိုင်းက ရေတိုင်ကီဖုံးနဲ့ ပတ်သတ်နိုင်ပါတယ်။ ပေါက်နေတဲ့ ရေပိုက်က ဖိအား လျော့နည်းမှု ယိုစိမ့်မှုကိုဖြစ်စေနိုင်သလို ရေတိုင်ကီအဖုံးကလည်း ဖိအား လျော့နည်းမှုနဲ့ coolant level ကို သိသိသာသာကျဆင်းစေနိုင်ပါတယ်။
ကောင်းကောင်းမွန်မွန် မဖုံးထားတဲ့ ရေတိုင်ကီ အဖုံးကလည်း ဖိအားအတက်အကျ ဖြစ်ပေါ်စေနိုင်ပြီး ရေလှောင်ကန်ငယ် ပြည့်လျှံလာစေနိုင်ပါတယ်။
Coolant အဆင့်နိမ့်ခြင်း ပုံမှန်ထက် အအေးခံရည် ဆုံးရှုံးမှု ပိုမြန်ခြင်းက သတိထားသင့်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
ရေတိုင်ကီအဖုံး ကောင်းမကောင်း ဘယ်လိုစမ်းသပ် စစ်ဆေးရမလဲ?
----------------------------------------------------------------
ရေတိုင်ကီ အဖုံးကို အစားထိုးဖို့အချိန်ရောက်ပြီလား ဆိုတာ သိဖို့ ရေတိုင်ကီအဖုံး ကောင်းမကောင်း စစ်ဆေးနိုင်ဖို့ လိုပါတယ်။
အင်ဂျင်ကို စက် ၁၀ မိနစ်ခန့် နှိုးထားပါ။ နှိုးထားစဉ် အဖုံးနှင့်ပိုက်များမှ အအေးခံရည် ယိုစိမ့်မှုသို့မဟုတ်ပူဖောင်းများ ဖြစ်ပေါ်ခြင်း ရှိမရှိ စစ်ဆေးပါ။
ယိုစိမ့်မှု လက္ခဏာ တစ်စုံတစ်ရာ မတွေ့ပါက အဝတ်ထူထူ ဒါမှမဟုတ် အပူဒဏ်ခံ လက်အိတ် ဝတ်ပြီးရေတိုင်ကီအဖုံးကို ဖြည်းဖြည်းချင်း လှည့်ပါ။ အဖုံးကိုမဖြုတ်ပါနဲ့။
အနည်းငယ် လျော့ထားသော ရေတိုင်ကီအဖုံးမှ ရေနွေးငွေ့ အနည်းငယ်နဲ့ ရေပူဖောင်းအနည်းငယ် ထွက်လာတယ်ဆိုရင် coolant က သတ်မှတ်ထားတဲ့ ဖိအားအောက်မှာ သာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ရေနွေးငွေ့လုံးဝ မထွက်လာဘူး ဆိုရင် ဖိအားယိုစိမ့်မှုရှိတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ရေတိုင်ကီအဖုံးက ဖိအားချို့ယွင်းချက်နဲ့ယိုစိမ့်မှု ဟုတ်မဟုတ် စစ်ဆေးဖို့ Radiator and Cap Test Kit ကို အသုံးပြု စစ်ဆေးနိုင်ပါတယ်။
ဒီ ကိရိယာကို မသုံးခင် စက်သတ်ပါ။ရေတိုင်ကီအဖုံးကို မဖယ်ရှားခင်အနည်းဆုံး မိနစ် ၃၀ စောင့်ပါ။ဖိအား gauge ကို cap adapter နဲ့ ကောင်းကောင်းမွန်မွန် ချိတ်ဆက်ပါ။
Tester က လေစုပ်ပန့် သုံးပြီး ဖိအား ဖြည့်ပါ။သက်ဆိုင်ရာ ပြုပြင်နည်း လက်စွဲစာအုပ်မှာ အကြံပြုထားသော PSI ပမာဏနဲ့ tester gauge မှ ဖတ်ယူရရှိမှုကို တိုက်ဆိုင် စစ်ဆေးပါ။ရေတိုင်ကီ အဖုံးလဲသင့် မလဲသင့် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
ဖိအားက အကြံပြုထားတဲ့ ဖိအားအထိ တက်မလာနိုင်ရင် တစ်ဖြည်းဖြည်း ပြန်ကျသွားရင် ရေပိုက် ပိုက်ဆက် ရေတိုင်ကီ စတဲ့ စနစ် ရေလည်ပတ်လမ်း တစ်နေရာရာမှ ယိုစိမ့်မှု ဖြစ်နေတာ ဖြစ်ပြီး တက်လာတယ်ဆိုရင် ရေတိုင်ကီ အဖုံး ချို့ယွင်းပြီး ယိုစိမ့်မှု ဖြစ်နေတာ ဖြစ်ပါတယ်။
ရေတိုင်ကီအဖုံး မကောင်းဘဲနဲ့ အင်ဂျင်ကို လည်ပတ် မောင်းနှင်ရင် ဘာဖြစ်မလဲ?
-----------------------------------------------------------------------
အင်ဂျင်က မကောင်းတဲ့ ဒါမှမဟုတ် မှားယွင်းတဲ့ ရေတိုင်ကီအဖုံး အသုံးပြု လည်ပတ်မယ်ဆို အင်ဂျင် အပူလွန်ကဲပါလိမ့်မယ်။ ရေတိုင်ကီဖိအား အလွန်နည်းမယ်ဆို အင်ဂျင်မှထုတ်တဲ့ အပူအားလုံးကို ဖယ်ထုတ်နိုင်မှာ မဟုတ်ပါဘူး။အပူရှိန်လွန်ကဲခြင်းက အင်ဂျင်အစိတ်အပိုင်းများအတွက် ပိုဆိုးသော ပြသနာများ ဖြစ်စေနိုင်တဲ့ ဂတ်စ်ကတ် ပျက်စီးခြင်းလည်း ဖြစ်စေနိုင်ပါတယ်။
မကောင်းသောရေတိုင်ကီအဖုံးကြောင့် လေပူဖောင်းတွေ ဖြစ်စေနိုင်သလား?
------------------------------------------------------------------------
မေကာင်းတဲ့ မှားယွင်းတဲ့ ရေတိုင်ကီအဖုံးက အအေးပေးစနစ်အတွင်းသို့လေ၀င်ရောက်ခြင်းဖြစ်စေပြီး ရေလှောင်ကန်မှာ လေပူဖောင်းတွေ ထွက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
ရေတိုင်ကီအဖုံးက ရေတိုင်ကီထဲက coolant စနစ်အတွင်း လည်ပတ်မှုကို တည်ငြိမ်စေပါတယ်။ရေတိုင်ကီအဖုံး မကောင်းလျှင် စုပ်စက်၊ အင်ဂျင်ဘလောက်နဲ့ ရေတိုင်ကီ အတွင်း coolant ချောချောမွေ့မွေ့ စီးဆင်းနိုင်မှာ မဟုတ်ပါဘူး။ မကောင်းတဲ့ ရေဒီယေတာကလည်း coolant အရည်ကို ရေနွေးငွေ့ပူဖောင်း /လေသံ အနေနဲ့ ထုတ်လွှတ်နိုင်ပါတယ်။
Coolant ယိုစိမ့်မှုက အပူလွန်ကဲခြင်းနဲ့ gasket ပျက်စီးချို့ယွင်းခြင်းကိုဖြစ်စေနိုင်တာကြောင့် အင်ဂျင်ပိုမိုပျက်စီးစေခြင်းမှ ကာကွယ်ရန် ယိုစိမ့်မှုကို တတ်နိုင်သမျှ အမြန်ဆုံးပြုပြင်သင့်ပါတယ်။
ရေတိုင်ကီအဖုံးအစားထိုးလဲလှယ်မယ်ဆိုထုတ်လုပ်သူ သတ်မှတ်ရေတိုင်ကီအဖုံး သတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးပါ။ယာဉ်အတွက် လိုအပ်သော ဖိအား ထိန်းချုပ်မှု မရှိတဲ့ တွေ့ရာ ရေတိုင်ကီ အဖုံး ၀ယ်ယူ တပ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။
ရေတိုင်ကီအဖုံးကအကန့်အသတ်မရှိကြာရှည် ခံပါတယ်။ ဒါပေမဲ့ အခြေအနေ အပေါ်မူတည်ပြီး အချိန်မတိုင်မီ ရေတိုင်ကီအဖုံးပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ကမ်းရိုးတန်းဒေသ တွေမှာ စိုထိုင်းဆ အငန်ဓာတ်စတဲ့ အခြေအနေေတွက ယာဉ်အစိတ်အပိုင်းေတွ သံချေးတက် လွယ်ကူပါတယ်။ အေးတဲ့ဒေသ နှင်းကျတဲ့ဒေသ ယာဉ် ထားသိုမှု ပုံစံ တွေအပေါ် မူတည်ပြီး သံချေးတက်ခြင်းက ပိုမြန်မြန်ဆန်ဆန် ဟောင်းနွမ်းပျက်စီးစေနိုင်ပါတယ်။
Crd; Photo
မူရင်းရေးသားသူအား လေးစားလျှက်ပါ
သင်ဟာ အိမ်ဆောက်ဖို့ စီစဉ်ထားရင်
၁။ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။
၂။အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။
၃။အပူအအေးအတွက် လေဝင်လေထွက်ကို ချိန်တွက်ပါ။
၄။အိမ်တန်ဖိုးနှင့်ညီမျှသောဒီဇိုင်းကိုစနစ်တကျ ဆွဲပြီး ပုံဖော်ပါ။
၅။(အိမ်ဆောက်နည်းအခြေခံသဘောတရားများ)
မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း
ဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်
ရွက်ပေးရမည်။
* အဆောက်အဦအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။
* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။
* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။
* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။
* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။
* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။
* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။
* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း
ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)
* တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။
* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တ
ရာဖြင့် သုတ်ထားရပါမည်။
* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။
* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။
* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။
* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်
ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထား
ရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက်
အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ
ရေဖြည့်ထားရပါမည်။
မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ
ပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။
*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့
(12') အမြင့်ထိသာ လောင်းသင့်ပါသည်။
*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။
ခရီးဝေးမသွားခင် မဖြစ်မနေ စစ်ဆေးသင့်တဲ့အချက်လေးများ
၁- ဘရိတ်စနစ်များကို စစ်ဆေးပါ၊
ခရီးဝေးဖြစ်ဖြစ် နေ့စဉ်အသုံးပြုဖို့ပဲ ဖြစ်ဖြစ် ကားတစ်စီးမှာ ဘရိတ်စနစ်က အရေးကြီးဆုံးဖြစ်တာကြောင့် ခြေနင်းဘရိတ်နှင့် hand ဘရိတ်တို့ ကောင်းမွန်မှုရှိရပါမယ်။
၂- အချက်ပြမီးများအားလုံးကို စစ်ဆေးပါ၊
ကားရဲ့ အရှေ့မီးကြီး၊ အနောက်မီး၊ ဘရိတ်မီး နှင့် သက်ဆိုင်ရာ အချက်ပြမီးများအားလုံး ကောင်းမွန်မှုရှိကြောင်း သေချာပါစေ။
၃- မှန်များအားလုံးကို စစ်ဆေးပါ၊
ခရီးဝေးသွားတဲ့ ကောင်းမွန်တဲ့မြင်ကွင်းတွေကို ရရှိနိုင်ဖို့အတွက် ကားရဲ့ ပြတင်းပေါက်မှန်၊ လေကာမှန်နှင့် နောက်ကြည့်မှန် အစရှိတဲ့ မှန်တွေ ကြည်လင်မှု ရှိ/မရှိ စစ်ဆေးရပါမယ်။
၄- Drive Belt & Timing Belt များကို စစ်ဆေးပါ၊
ခရီးဝေးသွားတဲ့အခါ ကြာရှည်စွာမောင်းနှင်ဖို့ လိုအပ်တာကြောင့် ပန်ကာကြိုးနှင့် ဘတ်ကြိုးများ လျော့ရဲ ပျက်စီးမှုများ ရှိ/မရှိကို စစ်ဆေးရပါမယ်။
၅- Oil, Fluids & Filters များကို စစ်ဆေးပါ၊
ကားအမျိုးအစားအပေါ် မူတည်ပြီး အသုံးပြုမယ့်ဆီ၊ အင်ဂျင်ဝိုင်၊ သက်ဆိုင်ရာ Coolant အရည်နှင့် Air Filter/ Oil filter အစရှိတာတွေကို စစ်ဆေးရပါမယ်။
၆- Battery လုပ်ဆာင်မှု အခြေအနေကို စစ်ဆေးပါ၊
ဘက်ထရီရဲ့ Charging / Starting အခြေအနေများနှင့် ဘက်ထရီရဲ့လုပ်ဆောင်မှုများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးရပါမယ်။
၇- ဟွန်းနှင့် ထိုင်ခုံခါးပတ်များကို စစ်ဆေးပါ၊
အချက်ပေးဟွန်းများနှင့် မတော်ဆတမှုများ ဖြစ်ခဲ့သည်ရှိသော် ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိစေရန် ထိုင်ခုံခါးပတ်များကို စစ်ဆေးရပါမယ်။
၈- တာယာနှင့် ဘီးရဲ့ အခြေအနေကို စစ်ဆေးပါ၊
ခရီးဝေးသွားတဲ့အခါ အဆင်ပြေချောမွေ့မှုရှိစေဖို့အတွက် တာယာပန်းသားများ ပါးနေခြင်း ရှိ မရှိ နှင့် လေပေါင်ချိန်တို့ရဲ့ အခြေအနေတို့ကိုပါ စစ်ဆေးရပါမယ်။
၉- ဝိုက်ဘာများကို စစ်ဆေးပါ၊
ခန့်မှန်းလို့မရတဲ့ ရာသီဥတု နှင့် ရေငွေ့ရိုက်တာတွေကြောင့် မြင်ကွင်းဝေးဝါးမှုမရှိစေရန်အတွက် wiper များ ကောင်းမွန်ရှိ မရှိနှင့် မှန်ကြည်ဆေးရည်တို့ကိုပါ တစ်ပါတည်း စစ်ဆေးရပါမယ်။
၁၀- ကားအောက်ပိုင်းအခြေအနေကို စစ်ဆေးပါ၊
ကားကြံခိုင်မှုရှိစေဖို့အတွက် ကားအောက်ပိုင်း (Suspension) အခြေအနေ နှင့် သင့်တော်တဲ့ Alignment ချိန်ညှိခြင်းတွေကို လုပ်ဆောင်သင့်ပါတယ်။
ဒါကြောင့် ခရီးဝေးသွားဖို့ လိုအပ်တဲ့အခါတိုင်း ဒီအချက်လေးတွေကို မဖြစ်မနေစစ်ဆေးဖို့ မမေ့ပါနဲ့နော်။ မိတ်ဆွေတို့အနေနဲ့ ယာဥ်အန္တရာယ်ကင်းရှင်းပြီး သာယာဖြောင့်ဖြူးတဲ့ ခရီးစဉ်လေးတွေကို အားလုံးပဲ ပိုင်ဆိုင်နိုင်ကြပါစေ။
အော်တိုဂီယာဆောင့်ခြင်းနှင့် ပလပ်ကွိုင်ပြစ်ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဓါတ်ဆီအင်ဂျင် အော်တိုဂီယာကားတွေမှာ အများဆုံးကြုံတွေ့ရတဲ့ ပြစ်ချက်တခုကတော့ ဂီယာဆောင့်တဲ့ ပြစ်ချက်ဘဲဖြစ်ပါတယ်။
အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်ခြင်း၊ ဂီယာမချိန်းခြင်း၊ ဂီယာချိန်း နောက်ကျခြင်းတွေကြုံတွေ့ရတဲ့အခါ အော်တိုဂီယာဘောက်ကြောင့်လို့ဘဲထင်ပြီး ဂီယာဘောက်လဲခြင်းကို လုပ်ဆောင်လေ့ရှိကြပါတယ်။
အော်တိုဆီမလဲတာကြာသွားတဲ့အတွက် ဂီယာဘောက်အတွင်းမှာရှိတဲ့ ကလပ်ပြားများပွန်းစားခြင်း၊ ဗားဘော်ဒီချေးပိတ်ခြင်း၊ ဆိုလိုနှိုက်များ ပျက်စီးခြင်းတို့ကြောင့် ဒီပြစ်ချက်တွေက ဖြစ်စေနိုင်ပါတယ်။
ဂီယာဆောင့်ခြင်း၊ ဂီယာမချိန်းခြင်း၊ ဂီယာချိန်းနောက်ကျခြင်းတွေက ဂီယာဘောက်ကြောင့် မဟုတ်ဘဲ တခြားပြစ်ချက်တွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။
ဥပမာ
စစ်ဆေးပြုပြင်မှုတခုပြုလုပ်ပြီးသွားတဲ့အခါ ဂီယာဘောက်အပ်ကြိုး (Ground) မတပ်မိခြင်း၊ ဂီယာဘောက်ကွန်ထရိုးယူနစ်ပျက်စီးခြင်း၊ ဂီယာဘောက် လက်ဝါး (Gear Position Sensor) ပျက်စီးခြင်း တို့အပြင် အင်ဂျင်ပိုင်းပြစ်ချက်တွေဖြစ်တဲ့ VVT စနစ် ပြစ်ချက်ရှိခြင်း၊ ပလပ်နှင့်ပလပ်ကွိုင်များ မကောင်းခြင်း၊ အင်ဂျက်တာများချေးပိတ်ခြင်း စသည်တို့ကြောင့်လည်း ဒီပြစ်ချက်တွေ ကြုံတွေ့နိုင်ပါတယ်။
ဒီဆောင်းပါးလေးမှာ ဂီယာဆောင့်ခြင်းနှင့် ပလပ်ကွိုင် (Ignition Coil) ပြစ်ချက်တွေကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။
ပလပ်ကွိုင် လို့ ခေါ်တဲ့ အင်ဂနေးရှင်းကွိုင်တွေက သက်တမ်းတခုကြာလာတဲ့ ပလပ်တွေကို မီးပေးအားကျဆင်းလာခြင်း (သို့မဟုတ်) အင်ဂျင်အပူလွန်ကဲခြင်းကြောင့် ပလပ်ကွိုင်များပေါက်ပြီး မီးကူးကာ ပလပ်တွေကို မီးပေးအားကျဆင်းလာတတ်ပါတယ်။
ပလပ်ကွိုင်တွေ ပေါက်ခြင်း (သို့) ကွဲခြင်းကြောင့် ပလပ်မီးပေးအား (မီးကူးအား) ကျဆင်းလာတဲ့အခါ အင်ဂျင်ပါဝါလည်းဆုံးရှုံးစေပြီး ဝန်အားကိုမနိုင်တော့ပါဘူး။
အဲ့ဒီအခါ အော်တိုဂီယာရဲ့ နံပါတ်စဉ်အလိုက် ချိန်းသွားတဲ့လုပ်ငန်းစဉ်မှာ အင်ဂျင်ရုန်းအားက မလိုက်နိုင်တော့တဲ့အတွက် ဂီယာဆောင့်ခြင်း၊ ဂီယာချိန်းနောက်ကျခြင်းတို့ကို ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။
ပလပ်ကွိုင်တွေပေါက်တဲ့အခါ ပြစ်ချက်ကုဒ်အနေနဲ့ Misfire ပြစ်ချက်ကုဒ်တွေဖြစ်တဲ့ P0300, P0301 – P0312 အထိ တက်စေနိုင်ပါတယ်။
ဒါဆိုရင်တော့ ပြစ်ချက်ကုဒ်တွေအရ ဆလင်ဒါနံပါတ်စဉ်အလိုက် ပလပ် (Spark Plug) နှင့် ပလပ်ကွိုင် (Ignition Coil) ကို သေချာစစ်ဆေးပေးသင့်ပါတယ်။
ဒါကြောင့် အော်တိုဂီယာနှင့်ပါတ်သက်တဲ့ ပြစ်ချက်ရှိနေတဲ့အခါ အော်တိုဂီယာဘောက်နဲ့ သက်ဆိုင်တဲ့ပြစ်ချက်တွေကို ထည့်သွင်းစဉ်းစားရသလို အင်ဂျင်ပိုင်းပြစ်ချက်တွေဖြစ်တဲ့ ပလပ်ကွိုင်ပေါက်ခြင်း၊ ပလပ်ကွိုင်မီးထွက်အားကျခြင်းကိုလည်း ထည့်သွင်စဉ်းစားသင့်ပါတယ်။
မူရင်း Credit
အလုပ်တွေအရှုပ်ခံ ဒုက္ခခံပြီး ရေချိန်ချ မျဉ်းဆွဲရတဲ့ ခေတ်တွေ ကုန်လွန်ခဲ့ပါပြီ 😁
#ကားတစ်စီးဝယ်တော့မယ်ဆိုရင် .....?
မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ် ဝှီးတပ် မှန် / မမှန်
ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။
ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်
၁။ အင်ဂျင်ခန်း ကြည့်မယ် ။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frame တွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။
အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမယ်။
အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။
Original Spot တွေ ချိတ်တွေဖြစ်ရမယ် ။
ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)
၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။
AC အေးလားကြည့်မယ် ။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။
၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။ တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။
၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။
၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။
၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။
၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒကျရျှဘုတျ ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )
၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။
၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )
၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )
ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ စျေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး စျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီး သော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံး ပေါ့။
သိသလောက် မှတ်သလောက် လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။
မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါသည်။ဗဟုသုတရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျား #
ဂီယာအချိန်းမှာ တုံ့ခနဲ ၊ ဂီယာဘောက်တချက်တချက် အသံထွက်ခြင်း နှင့် Torque converter (ခေါ်) သပိတ်အုံပြစ်ချက်
++++++++++++++++++++++++++++++++++++
👨🔧 Auto ဂီယာဘောက်မှာပါတဲ့ သပိတ်အုံခေါ် Torque converter ၏ တာဝန်သည် engine လည်အားကို oil pump ဆီသို့ တဆင့်ပို့ဆောင်ပေးပါတယ်။ အင်ဂျင်လည်တာနဲ့ torque converter အလုပ်လုပ်ပါတယ် ထိုသို့ အလုပ်လုပ်မှသာ ဂီယာထဲရှိ အစိတ်အပိုင်းအားလုံး လည်ပတ်လှုပ်ရှားသွားမှာဖြစ်ပါတယ်။ အဓိကတော့ oil pump အလုပ်လုပ်ဖို့ torque converter က အဓိက လုပ်ဆောင်ပေးပါတယ်။ နောက်ပြီး ဂီယာဘောက်ရဲ့ တုန်ခါမှု ကိုအနည်းနဲ့အများလျော့ချပေးကာ D (1234) ထိုးနေစဥ်မှာပင် torque converter သည် ဂီယာတစ်ခုနဲ့တစ်ခုခြား power lack မဖြစ်အောင်တာဆီးပေးသည်။ ဒါ့ကြောင့် torque converter မကောင်းတဲ့အခါ အရှိန်များရင် ဂီယာခါနေမယ် ၊ သိသိသာသာ ဂီယာတုန်နေမယ် စတာတွေဖြစ်နိုင်ပါတယ်။ Torque converter ထဲရှိ bearing တွေ စားနေတာမျိုးဆိုရင်လဲ အသံထွက်တာမျိုး ၊ တုန်ခါတာမျိုးတွေ ကြုံရတတ်ပါတယ်။ အော်တိုဆီနည်းနေရင်လဲ torque converter တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေတတ်ပါတယ်။ torque converter oil seals တွေ မလုံရင်တော့ ထိုနေရာကနေ ATF oil ယိုပါမယ်။ အော်တိုဆီယိုနေရင် line pressure ကျပါမယ်။ ဒါမျိုးဆိုရင် ဂီယာချိန်းတာနောက်ကျခြင်း ၊ ဂီယာ မညက်ညောခြင်း ၊ ဂီယာဆောင့်ခြင်း စတဲ့ ပြဿနာမျိုးထိဖြစ်သွားတတ်ပါတယ်။
👨🔧 ဘဝတူမဂ္ဂင်းနစ်ဆရာများဘေးကင်းကြပါစေ 🙏
#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ဒေါ်လာကြောင့်နိင်ငံခြားစက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းဈေးနူန်းအသက်သာဆုံးနဲ့လက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ် (အသစ်ထွက်)
13000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်
13000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားဝါယာရိန်း&ECUစာအုပ်
12000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲစာအုပ်
12000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်
13000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
13000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)
🔴 Throttle body (လေတံခါး) ကြောင့် ဂီယာဆောင့်ခြင်းပြစ်ချက်လေးတစ်ခု 🔴
👨🔧 အော်တိုဂီယာဘောက် အကြောင်းကို မည်သို့ မည်ပုံ အလုပ်လုပ်နေလဲ သိတဲ့သူ များပါလိမ့်မယ်။ ကျွန်တော့် ပေ့စ်မှာလဲ ဂီယာဆောင့်တာနဲ့ ပတ်သက်ပြီး ရှု့ထောင့် အမျိုးမျိုး သုံးသပ်ပြပေးထားတဲ့ ဆောင်းပါးတွေ များစွာရှိပါတယ်။ အဓိက မိန်းပြစ်ချက်ကို မမျှဝေခင်မှာ အော်တိုဂီယာဘောက်ရဲ့ အလုပ်လုပ်ပုံလေးကို အကျဥ်ချုံးပြောပြပါအုံးမယ်ဗျာ။ အော်တိုဂီယာဘောက်သည် ECU ကနေ အလုပ်လုပ်ပေးပါတယ်။ ဒါ့ကြောင့် ECU မကောင်းခဲ့ရင် အထူးသဖြင့် ECU ထဲမှာရှိတဲ့ အော်တိုဂီယာဘောက် အတွက် တာဝန်ယူပေးထားတဲ့ သက်ဆိုင်ရာ IC လေးတွေ ၊ ပတ်လမ်းလေးတွေ ကောင်းကောင်း အလုပ်မလုပ်ခဲ့ရင် ဂီယာဘောက်ပြဿနာတက်ပါတယ်။ ထူးပြီးပြောစရာမလိုဘဲ အရပ်ခေါ်ဆိုရင် ဂီယာဆောင့်ပါတယ်။ ဒါက အခုနောက်ပိုင်း လူသိများလာတဲ့ အော်တိုဂီယာပြစ်ချက်တစ်ခု။ အများအားဖြင့် ကွန်ပြူတာဘောက်ကြောင့် ဂီယာဆောင့်တာထက် ဗားဘော်ဒီကြောင့် ဂီယာဆောင့်တာက ပိုများတယ်။ အတွေ့အကြုံအရ။ တကယ်တမ်းလုပ်ရတဲ့အခါမှာ ဗားဘော်ဒီသည် သက်တမ်းရှိတယ်။ သူ့သက်တမ်းကျော်လွန်ပြီး ၁၀နှစ် ၊ ၁၅ နှစ် အဲ့ဒါထက် ပိုမို အသုံးပြုလာခဲ့ရင် maintenance ပိုင်း အားနည်းတဲ့အလျောက် ယိုယွင်းလာတက်တယ်။ ပြင်လဲ မကောင်းတော့တာ များတယ်။ ဒါကတော့ အော်တိုဂီယာပိုင်းဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာလည်း အင်ဂျင်တုံး တစ်ခုတည်းမပြီးဘူး။ efi အင်ဂျင်မှာ အရေးကြီးတဲ့ ဆင်ဆာတွေကို အင်ဂျင်ပတ်ပတ်လည်မှာ တပ်ဆင်ပေးထားတယ်။ ဆီလေရေဝိုင် စတဲ့ ပထဝီ ၊ တေဇော ၊ အာပေါ ၊ ဝါယာ ဓာတ်ကြီး ၄ပါးကို ကောင်းကောင်းသိဖို့ ဆင်ဆာတွေက အာရုံခံပေးရတယ်။ ဒီလို အာရုံခံပေးမှုသည် ECU အတွက်များစွာ အရေးပါသလို သူကနေ change of community လို့ခေါ်တဲ့ အင်ဂျင်ဂီယာကို ထိန်းချုပ်ပေးဖို့ အထက်ပါဆင်ဆာတွေရဲ့ အလုပ်လုပ်နိုင်မှု စွမ်းအားသည် ကားမှာ များစွာ အရေးပါလှတာကို မိတ်ဆွေတို့ သိရှိကြပါတယ်။ IAT / ECT ဆင်ဆာသည် အင်ဂျင်ရဲ့ လေဓာတ် နဲ့ ရေဓာတ်ကို အာရုံခံပေးပါတယ်။ TPS ဆင်ဆာသည် လေတံခါးဆင်ဆာရဲ့ လှုပ်ရှားပြောင်းလဲမှု အာရုံခံပေးပါတယ်။ Knock ဆင်ဆာသည် အင်ဂျင်ထဲမှာရှိတဲ့ ပေါက်ကွဲမှု လှုပ်ရှားတွန်းတိုက်မှုကို အာရုံခံပေးပြီး O2 ဆင်ဆာသည် အိပ်ဇောကနေ ထွက်လာတဲ့မီးဓာတ်ကို အာရုံခံပေးပါတယ်။ MAF ဆင်ဆာကတော့ အင်ဂျင်ထဲဝင်လာတဲ့ လေဓာတ်ရဲ့ အနည်းအများကို အာရုံခံပေးပါတယ်။ အင်ဂျင်တစ်လုံးသည် လူတစ်ယောက်ရဲ့ ပုံစံကိုဘဲ နမူယူကာ ဆောက်လုပ်ထားတဲ့ သဘောဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျမနီ ထိပ်တန်းပညာရှင် Rudolf Diesel ကပြောတာ " the automobile engine will come, and then I will considere my life's work complete " ထိုဒီဇယ်ဆရာကြီး ဆိုလိုရင်းကတော့ " မော်တော်ကားအင်ဂျင်တွေပေါ်လာပြီနောက် ဒါတွေကိုဘဲ မြတ်နိုးတယ် ဒီထဲမှာဘဲ ငါ့ဘဝကိုနှစ်မြုပ်အဆုံးသတ်ဖို့ ငါ့စဥ်းစားမယ် " တဲ့ အကြောင်းကတော့ ဒီဇယ်အင်ဂျင်ထွင်တဲ့သူဘဲ ခပ်ညံ့ညံ့မဟုတ် ခန္ဓာဗေဒသဘောတရားကို သူနားလည်တယ် နောက်ဆုံးအချိန်ထိ ဒီထဲမှာဘဲ နှစ်မြုပ်အလုပ်လုပ်သွားမယ်ဆိုတာကလည်း သူထွင်တဲ့ အင်ဂျင်တွေက သူသေပြီး နောက် နှစ်ပေါင်း ရာထောင်မက ရှိနေအုံးမှာ ကြိုသိနေလို့ သူဒီစကားပြောခဲ့တာပါဘဲ။ ဂီယာဘောက်ကတော့ သူနဲ့ မဆိုင်ဘူး။ ဂီယာဘောက်က ကျွန်တော်တို့နဲ့ ဆိုင်တယ်။ ကဲဆက်မယ်။ လေတံခါးက ဂီယာဘောက်ရဲ့ ဘယ်အပိုင်းတွေကို သွားသက်ရောက်စေလည်းဆိုရင် shiffting timing မမှန် (ဂီယာဆောင့်ထွက် ၊ ဆောင့်ဝင့်) ၊ Torque converter clutch fault (သပိတ်အုံကလပ်လုပ်ဆောင်မှုမမှန်-အထက်ဂီယာတွေဆက်မတက်/အထက်ဂီယာတွေမှာတုန်) စတဲ့ ပြစ်ချက်တွေရှိပါတယ်။ နောက် ဂီယာချက်ချင်းမဝင်တာ ၊ ဂီယာနောက်ကျမှချိန်း ၊ အင်ဂျင်နဲ့ဂီယာ အချိတ်အဆက်မမိ ၊ ဂီယာအချိုးမမှန် ၊ rpm များပြီး ဂီယာအချက်ရေနည်း အင်ဂျင်ဟဲ စတဲ့ ပြစ်ချက်မျိုးတွေ ကားအစုံစုံ ပြစ်ချက်မတူညီတဲ့ သဘောမျိုးနဲ့ transmission error တွေဖြစ်ပေါ်လာပါတယ်။ ဂီယာ နံပါတ် 3 4 5 6 စတဲ့ ဂီယာအမြင့်တွေမှာ ပါဖော့မင့် ပိုကောင်းအောင်လှုပ်ရှားပေး torque converter clutch အကြောင်း ပို့စ် တစ်ခုအနေနဲ့ စီစဥ်ပေးပါအုံးမယ်။ ဘဝတူစက်ဆရာများ ဘေးကင်းကြပါစေ 🙏
#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ဒေါ်လာကြောင့်နိင်ငံခြားစက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းဈေးနူန်းအသက်သာဆုံးနဲ့လက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ် (အသစ်ထွက်)
13000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်
13000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားဝါယာရိန်း&ECUစာအုပ်
12000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲစာအုပ်
12000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်
13000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
13000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)