BKK Condo Tour

BKK Condo Tour

Bangkok က Condo တွေအကြောင်း ဗဟုသုတမျှဝေရင်း ကျနော့်ရဲ့ကိုယ်ပိုင်ကွန်ဒိုအခန်းတွေကိုလဲ ပြန်ရောင်းပါတယ်

24/11/2023

𝐓𝐡𝐞 𝐚𝐮𝐭𝐨𝐦𝐨𝐭𝐢𝐯𝐞 𝐠𝐫𝐨𝐮𝐩 𝐨𝐟 𝐭𝐡𝐞 𝐅𝐞𝐝𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐓𝐡𝐚𝐢 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐞𝐬 (𝐅𝐓𝐈) ရဲ့ ကြေညာချက်အရ ...

October လထဲမှာ မော်တော်ယာဉ်ပေါင်း ၁၀၅,၇၂၆ စီးရေကို ထိုင်းနိုင်ငံမှ နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Export လုပ်ခဲ့တဲ့ မော်တော်ယာဉ်အမျိုးအစားထဲမှာ Pick-up Vehicle အမျိုးအစားက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ Australia, Central Eastern Europe, North America, Central America, South America အစရှိတဲ့ နေရာများကို အဓိက တင်ပို့ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Jan - Oct 2023 ဆိုရင် အားလုံးပေါင်း ၉၂၇,၆၃၅ စီးရေ Export လုပ်ခဲ့တာဖြစ်ပြီး မနှစ်ကထက် ၁၅.၈၆% ပိုတယ်လို့ ဆိုပါတယ်။

သူများနိုင်ငံတွေများ .... တကယ့်ကို အားကျစရာပါ

# reference - nationthailand

24/11/2023

𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 မှာ ရှိတဲ့ 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 တွေကို 𝐬𝐪𝐦 ဈေးအရ 𝐂𝐥𝐚𝐬𝐬 ခွဲထားခြင်း ဖြစ်ပါတယ်။

𝟏 𝐬𝐪𝐦 ဘတ် ၅ သောင်းအောက်ဆို 𝐒𝐮𝐩𝐞𝐫 𝐄𝐜𝐨𝐧𝐨𝐦𝐲 𝐒𝐞𝐠𝐦𝐞𝐧𝐭 ထဲမှာ ရှိပါတယ်။

၁ သိန်း - ၁ သိန်းခွဲကြားဆို 𝐔𝐩𝐩𝐞𝐫 𝐂𝐥𝐚𝐬𝐬

𝟏 𝐬𝐪𝐦 ဘတ် ၃ သိန်းအထက်ဆိုရင်တော့ 𝐒𝐮𝐩𝐞𝐫 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐥𝐚𝐬𝐬 လို့ သတ်မှတ်ထားပါတယ်။

လူကြီးမင်း ဝယ်ယူထားတဲ့ 𝐂𝐨𝐧𝐝𝐨 ကရော ဘယ် 𝐂𝐥𝐚𝐬𝐬 ထဲမှာ ပါပါသလဲ ? 𝐂𝐥𝐚𝐬𝐬 ဆိုတာကို ဈေးနဲ့ သတ်မှတ်တာလား ? တန်ဖိုးနဲ့ သတ်မှတ်တာလား ? ကိုယ်တန်ဖိုးထားတဲ့ အိမ်ကလေး ဆိုရင်ရော 𝟏 𝐬𝐪𝐦 ဘယ်လောက်ပဲ ရှိရှိ ကိုယ်နေပျော်ရင် အဆင်ပြေပြီလား ? ကျနော်လဲ သေချာ မသိပါ...

ခုလက်ရှိတော့ ကျနော် နေပျော်နေပါတယ် 😊

23/11/2023

𝐖𝐚𝐭 𝐊𝐡𝐚𝐨 𝐖𝐨𝐧𝐠 𝐏𝐡𝐫𝐚𝐜𝐡𝐚𝐧, 𝐋𝐨𝐩 𝐁𝐮𝐫𝐢 🙏🙏🙏

တောင်ထိပ်ရောက်ဖို့ လှေကားထစ်ပေါင်း ၃၇၉၀ ရှိတယ်လို့ ဆိုပါတယ်။ တော်တော် တက်ရတယ် ပြောကြပါတယ်။ ခြေထောက် မနာမယ့် ဖိနပ်မျိုး စီးဖို့၊ ရေဗူးဆောင်သွားဖို့ လိုပါတယ်။ တက်လမ်းတလျှောက် ဆိုင်ခန်းလေးတွေ ရှိပါတယ်။ ထိပ်ဆုံးနားက ဆန်ပြုတ်ဆိုင် တော်တော်ကောင်းတယ် ပြောကြပါတယ်။ ထိပ်ဆုံးကို ရောက်အောင် တက်နိုင်ရင် လူပျို၊ အပျိုကြီးများ အချစ်စစ် အချစ်မှန်နဲ့ တွေ့ရမယ်လို့ ထိုင်းတွေက ဆိုပါတယ်။ ကျနော်ကတော့ စွံပြီးသားမို့ ဆက်မတက်ဖြစ်ခဲ့ပါ 😁


blowithand, Instagram

Photos from BKK Condo Tour's post 23/11/2023

မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းများနဲ့ တစ်လွှာတည်း ဘေးချင်းကပ်ရပ် နေမလား ???

ဒါမှမဟုတ် အခန်း ၂ ခန်းပေါင်းပြီး ကျယ်ကျယ်ဝန်းဝန်း ပြည့်ပြည့်စုံစုံ ဇိမ်ကျကျ နေထိုင်မလား ???

𝗔𝗦𝗣𝗜𝗥𝗘 𝗩𝗶𝗯𝗵𝗮-𝗩𝗶𝗰𝘁𝗼𝗿𝘆 မှာ

2 Bed, 1 Bath = 46 sqm @ 5.** million
1 Bed, 1 Study, 1 Bath = 35 sqm @ 3.** million

ကပ်ရပ်အခန်းကောင်းလေးတွေကို တစ်ခန်းချင်း ဝယ်ယူနိုင်သလို အခန်းနှစ်ခန်းပေါင်းစပ်ပြီး Combined Unit အနေနဲ့လည်း ဝယ်ယူပိုင်ဆိုင်နိုင်ပါပြီ။

𝐂𝐨𝐦𝐛𝐢𝐧𝐞𝐝 𝐔𝐧𝐢𝐭 @ 𝟗.** 𝐦𝐢𝐥𝐥𝐢𝐨𝐧
𝟑 𝐁𝐞𝐝, 𝟏 𝐒𝐭𝐮𝐝𝐲, 𝟐 𝐁𝐚𝐭𝐡 = 𝟖𝟏 𝐬𝐪𝐦

အခန်း ၂ ခန်းကို မည်သို့မည်ပုံ ပေါင်းစပ်နိုင်တယ် ဆိုတာကို ပုံမှာ နမူနာပြသထားပါတယ် ⬇️⬇️⬇️

အကောင်းဆုံး၊ ဈေးအကြီးဆုံး၊ မြောက်ဘက်လှည့် 𝐏𝐨𝐨𝐥 𝐕𝐢𝐞𝐰 ၊ 𝐂𝐢𝐭𝐲 𝐕𝐢𝐞𝐰 အလွှာမြင့် အခန်းများဖြစ်ပါတယ်။

သူငယ်ချင်းမိတ်ဆွေတွေနဲ့ အိမ်နီးနားချင်း ဘေးချင်းကပ်ရပ် နေလိုတာပဲ ဖြစ်ဖြစ်၊ မိသားစု ၆-၇ ယောက်လောက် တစ်အိမ်တည်းမှာ ကျယ်ဝန်းသိုက်မြိုက်စွာ နေလိုတာပဲ ဖြစ်ဖြစ် ...

𝑩𝑲𝑲 𝑪𝑶𝑵𝑫𝑶 𝑻𝑶𝑼𝑹 ဆီမှာ ၂ ခန်းတွဲ အိပ်ခန်း ၃-၄ ခန်း ပါဝင်တဲ့ နေရာကောင်း ဗျူးကောင်း 𝑭𝒓𝒆𝒆𝒉𝒐𝒍𝒅 𝑪𝒐𝒏𝒅𝒐𝒎𝒊𝒏𝒊𝒖𝒎 𝑼𝒏𝒊𝒕 များစွာ ရှိပါတယ်လို့ သတင်းကောင်းပါးရင်း ...

အားလုံး အဆင်ပြေကြပါစေ။

(သတင်းပါးပေးသော Property Agent ၊ Individual Agent များအား % စီစဉ်ပေးပါတယ်)
..
BKK CONDO TOUR
invest wisely, live beautifully

23/11/2023

ခရီးသွားရာသီ ရောက်ရှိခြင်း အမှတ်တရ

" ကျနော် ရောက်ခဲ့ဖူးသော နေရာများအကြောင်း "

𝟐𝟎𝟎𝟏-𝟐𝟎𝟏𝟒 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞
ကျောင်းတက်၊ ပြီးတော့ အလုပ်လုပ်၊ 2014 ကျတော့ ရန်ကုန်ကို အပြီးပြန်ခဲ့ပါတယ်။ 2016 မှာတော့ တို့မြန်မာပြည်ကြီး အိုကေစိုပြည်ပြီ ဆိုပြီး Singapore PR စွန်လွှတ်ခဲ့ပါတယ် 😅

𝟐𝟎𝟎𝟏-𝟐𝟎𝟏𝟒 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚
Singapore ကနေ အကြိမ်ပေါင်းများစွာ Malaysia ကို Roadtrip သွားခဲ့ပါတယ်။ Singapore ကနေ ကားမောင်းသွားလို့ရတာဆိုလို့ ဒါပဲရှိတာလေ။

𝟐𝟎𝟎𝟏-𝟐𝟎𝟏𝟒 𝐁𝐚𝐭𝐚𝐦, 𝐈𝐧𝐝𝐨𝐧𝐞𝐬𝐢𝐚
Singapore ကနေ Malaysia အပြင် လွယ်လွယ်ကူကူ သွားလို့ရတာ Batam ပါပဲ။ လှေစီးသွားရင် ၁ နာရီ ကျော်ကျော်နဲ့ ရောက်ပါတယ်။

𝟐𝟎𝟎𝟓 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝
Singapore မှာ ကျောင်းပြီးတော့ Bangkok ကို ပထမဆုံးအကြိမ် အလည်ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့တုန်းက Thailand နဲ့ ခု Thailand ဘာမှ မဆိုင် ....

𝟐𝟎𝟏𝟏 𝐔𝐊
အလည်အပတ် + အလုပ်ကိစ္စ နဲ့ သွားဖြစ်ခဲ့တာပါ။ မြို့ငယ်လေးတွေမှာ သူတို့ရဲ့ နေထိုင်မှုပုံစံလေးတွေကို သဘောကျမိပါတယ်။

𝟐𝟎𝟏𝟐 𝐌𝐚𝐜𝐚𝐮 & 𝐇𝐨𝐧𝐠 𝐊𝐨𝐧𝐠
ကုမ္ပဏီက လုပ်ဖော်ကိုင်ဘက်တွေနဲ့ အလည်သွားဖြစ်ခဲ့တာပါ။ Macau ဟာ လက်ညှိုးညွှန်ရာ Casino နဲ့ Entertainment တွေရှိတဲ့ နေရာတစ်ခုပါ။

𝟐𝟎𝟏𝟑 𝐉𝐚𝐩𝐚𝐧
လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလည်သွားဖြစ်ခဲ့တာပါ။ တကယ့်ကို service oriented ဖြစ်တဲ့ နိုင်ငံတစ်ခုပါပဲ။ သန့်ရှင်းသပ်ရပ်မှုကလည်း Singapore တောင် လိုက်မမှီ။

𝟐𝟎𝟏𝟒-𝟐𝟎𝟏𝟕 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞, 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝
2014-2017 အတွင်းမှာတော့ Singapore ကို အလွမ်းပြေ ခဏခဏ ပြန်ရောက်ဖြစ်ပြီး၊ Bangkok/ Chiang Mai ကိုလည်း အကြိမ်များစွာ အလည်အပတ် ရောက်ဖြစ်ခဲ့ပါတယ်။

𝟐𝟎𝟏𝟖 & 𝟐𝟎𝟏𝟗 𝐁𝐚𝐥𝐢, 𝐈𝐧𝐝𝐨𝐧𝐞𝐬𝐢𝐚
၂ နှစ်အတွင်း ၂ ခါ ရောက်ဖြစ်ခဲ့ပေမယ့် မရိုးသွားခဲ့ပါဘူး။ Entertainment တွေရော၊ တောတောင်သဘာဝအလှတွေကိုပါ ခံစားနိုင်တဲ့ ကျနော် နှစ်သက်ရတဲ့ နေရာတစ်ခုပါ။

𝟐𝟎𝟏𝟗 𝐊𝐨𝐫𝐞𝐚
သင်္ကြန်ကာလမှာ အလည်အပတ်သွားခဲ့တာပါ။ BBQ beef တွေရဲ့ နူးညံ့လတ်ဆတ်တဲ့ အရသာကို မမေ့နိုင်လို့ နောက်တစ်ခေါက် သွားချင်ပါသေးတယ်။

𝟐𝟎𝟏𝟗 & 𝟐𝟎𝟐𝟑 𝐕𝐢𝐞𝐭𝐧𝐚𝐦
ဇနီးလောင်းနဲ့ Pre-wedding သွားရိုက်တာ ဖြစ်လို့ အများကြီးတော့ မလည်ပတ်ခဲ့ရပါဘူး။ တစ်နေကုန် ဓါတ်ပုံရိုက်နေရတော့ ညနေဘက်ရောက်တာနဲ့ မျက်လုံးတွေက တားမရအောင် စင်းလာတာ။

ဒုတိယအခေါက်မှာတော့ တော်တော့်ကို enjoy ဖြစ်ခဲ့ပါတယ်။ Beer ဈေးပေါချက်ကတော့ ....

𝟐𝟎𝟏𝟗-𝟐𝟎𝟐𝟎 𝐒𝐰𝐢𝐭𝐳𝐞𝐫𝐥𝐚𝐧𝐝, 𝐆𝐞𝐫𝐦𝐚𝐧𝐲, 𝐀𝐮𝐬𝐭𝐫𝐢𝐚, 𝐂𝐳𝐞𝐜𝐡, 𝐇𝐮𝐧𝐠𝐚𝐫𝐲
ဇနီး နဲ့ (ဇနီးလောင်း မဟုတ်တော့ပါ 😁) Honeymoon ဂိုးခဲ့တာပါ။ ဒီဇင်ဘာလထဲဆိုတော့ တကယ့်ကို နှင်းတွေဖြိုင်ဖြိုင်ကျတဲ့ White Christmas ပါပဲ။

𝟐𝟎𝟐𝟏 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝
Covid အလွန် ပထမဆုံးအသုတ် Thailand Pass နဲ့ ရောက်လာခဲ့ပါတယ်။ မွန်းကြပ်မှုတွေကနေ လွတ်လပ်မှုတွေ အပြည့် ရလိုက်သလိုပါပဲ။

𝟐𝟎𝟐𝟐 𝐒𝐢𝐚𝐦 𝐑𝐞𝐚𝐩, 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚
မြန်မာဖြစ်နေလို့လား မသိ၊ ပုဂံလောက် မကြိုက်ပါ။ ဈေးလည်း ထင်သလောက် ပေါမနေပါ။

𝟐𝟎𝟐𝟑
2023 ထဲမှာတော့ Vietnam ပဲ ရောက်ဖြစ်ခဲ့ပါတယ်။ ခရီးသွားရာသီဖြစ်တဲ့ December ရောက်တော့မှာဆိုတော့ ဘယ်သွားရင် ကောင်းမယ် ထင်လဲ ? မိတ်ဆွေတို့ရော ဘာအစီအစဉ်တွေ ရှိကြပါသလဲ ?

ခရီးသွားရာသီနဲ့ အတူ

" ကျနော် ရောက်ခဲ့ဖူးသော နေရာများ "

ခေါင်းစဉ်နဲ့ ကိုယ် လည်ပတ်ခဲ့ဖူးတဲ့ နေရာနဲ့ လူတွေအကြောင်းကို ပေါ့ပေါ့ပါးပါး တိုတိုတုတ်တုတ် အပျင်းပြေ ရေးထားတာလေးတွေကို နည်းနည်းချင်းစီ ပို့စ်တင်သွားပါမယ်။ Property / Condominium နဲ့ မသက်ဆိုင်လို့ သည်းခံပေးပါ ခင်ဗျာ။

22/11/2023

ဒီပရောဂျက် EIA pass မဖြစ်သေးပါ၊ ကြာနေပါပြီ။

Main Entrance ပြဿနာ အနည်းငယ် ဖြစ်နေပါတယ်။

https://www.facebook.com/100083279082057/posts/307961431989824/?sfnsn=mo

𝗠𝗤𝗗𝗖 𝗣𝗿𝗼𝘂𝗱 𝗘𝘀𝘁𝗮𝘁𝗲 မှ
𝗖𝗵𝗶𝗻𝗮 𝗧𝗼𝘄𝗻 မှာ မကြာမီ 𝗟𝗮𝘂𝗻𝗰𝗵 လုပ်မယ့်
၃၈ ထပ်/ ၈၇ ခန်း ပါဝင်တဲ့ 𝗟𝘂𝘅𝘂𝗿𝘆 𝗖𝗼𝗻𝗱𝗼
𝗠𝘂𝗹𝗯𝗲𝗿𝗿𝘆 𝗚𝗿𝗼𝘃𝗲 𝗖𝗵𝗶𝗻𝗮 𝗧𝗼𝘄𝗻

22/11/2023

Property DNA မှ မှတ်တမ်းတင်ပြုစုထားတဲ့

Jan- Sept 2023 အတွင်း Performance အကောင်းဆုံး၊ ဝင်ငွေအကောင်းဆုံး၊ အမြတ်ငွေအများဆုံး ရရှိထားတဲ့

Top 10 Property Developer များ
....
BKK CONDO TOUR
invest wisely, live beautifully

22/11/2023

ကွန်ဒိုအဟောင်းတစ်ခုကို ဝယ်မယ် ဆိုရင်

𝐉𝐮𝐫𝐢𝐬𝐭𝐢𝐜 𝐎𝐟𝐟𝐢𝐜𝐞 က အဆိုပါကွန်ဒိုကို 𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 ပုံမှန်ထိန်းသိမ်းမှု လုပ်ရဲ့လား ???

‌𝐏𝐫𝐨𝐩𝐞𝐫 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား ???

𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 စီမံခန့်ခွဲမှု ကောင်းရဲ့လား ???

ဆိုတာကို ဘယ်လို စစ်ဆေးကြမလဲ ‼️

++++++++++++++++++++++++++++++++++++++++

တချို့ ကွန်ဒိုတွေဟာ နှစ်ကာလကြာမြင့်နေပေမယ့် သေချာကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့အတွက် အသစ်နီးပါးလှပနေတာကို တွေ့ဖူးကြပါလိမ့်မယ်။ နေရာလဲ ကောင်း၊ Maintenance လဲ ကောင်းတဲ့ ကွန်ဒိုတွေဟာ တိုက်သက်တမ်း ကြာမြင့်ပေမယ့် တန်ဖိုးမကျသွားကြပါဘူး။

တချို့သော ကွန်ဒိုတွေကျပြန်တော့လည်း သက်တမ်းမကြာမြင့်သေးပေမယ့် ဟောင်းနွမ်းစုတ်ပြတ်နေပြီး Facilities တော်တော်များများကလည်း သုံးမရ ပြုမရ ဖြစ်နေတာကို ကြုံဖူးကြမှာပါ။ ဒီလို ကွန်ဒိုမျိုးတွေမှာ လူတွေ မနေချင်ကြတာ၊ မငှားချင်ကြတာကြောင့် ခဏလေးနဲ့ တန်ဖိုးနိမ့်ကျသွားရတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

လူ မနေတော့ အငှားမရ၊ အငှားမရတော့ တချို့ အခန်းပိုင်ရှင်တွေက Maintenance Fees တွေ မပေးပဲ ထားတတ်ကြပါတယ်။ တချို့ ပိုင်ရှင်တွေဆိုရင်လဲ Overseas ရောက်နေတာကြောင့် Maintenance Fees မပေးသွင်းတာမျိုး၊ တချို့ကျတော့လဲ တမင်သက်သက်ကို မပေးပဲ ထားတာမျိုး ရှိကြပါတယ်။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်... Juristic Office ဟာ သူ့ရဲ့ ဝန်ထမ်းတွေ (ရုံးဝန်ထမ်း၊ Service ဝန်ထမ်း၊ Technicians ၊ သန့်ရှင်းရေး ဝန်ထမ်း စသဖြင့်)၊ သန့်ရှင်းရေး ပစ္စည်းနဲ့ တခြားစက်ပစ္စည်း စတာတွေကို အခန်းပိုင်ရှင်တွေ ပေးချေတဲ့ Maintenance Fees မှရတဲ့ Budget နဲ့ လစာပေး‌ချေရတယ်၊ သုံးစွဲရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Maintenance Fees ကို အလုံအလောက် မရရှိတဲ့အခါ Juristic Office အနေနဲ့လည်း Maintenance ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့ ခက်ခဲပါလိမ့်မယ်။

Maintenance ညံ့တော့ လူမနေ၊ လူမနေတော့ Maintenance Fees မရ၊ Maintenance Fees မရတော့ ဝန်ထမ်းများများ မထားနိုင်တော့ Maintenance က ညံ့ ... ဂျာအေး သူ့အမေ ရိုက်နေသလိုပါပဲ။ ဒါဆို လူကြီးမင်း ဝယ်ယူဖို့ စဉ်းစားနေတဲ့ ကွန်ဒိုဟောင်းတစ်ခုမှာ ဒီလို ပြဿနာမျိုး မကြုံရလေအောင် ဘယ်လို စစ်ဆေးကြမလဲ ?

ကျနော်သာဆို

ပထမဆုံး လုံခြုံရေးဂိတ်ကို ကြည့်ပါမယ်။ လုံခြုံရေးဝန်ထမ်း ဘယ်နှစ်ယောက် ရှိလဲ။ Uniform ဘာညာ သပ်သပ်ရပ်ရပ် ရှိလား ၊ ဧည့်သည် အဝင် အထွက်ကို တာဝန်အရ စစ်ဆေးတာ ဘာညာ သေချာလုပ်ပါသလား ၊ ပျင်းရိတဲ့ ပုံစံနဲ့ အိပ်ချင်မူးတူး ဖြစ်နေပါသလား ???

ပြီးတော့ ကွန်ဒိုရဲ့ တိုက်သားနဲ့ ဆေး ... အပြင်ဘက်ကို ကြည့်ရင် တိုက်သားတွေ ကွဲနေလား ၊ ဆေးသားတွေ ကျန်သေး၊ ကောင်းသေးရဲ့လား ၊ အပြင်ဆေးသားကို ဘယ်နှစ်နှစ် တစ်ကြိမ် ပြန်လည်ပြုပြင်ထိန်းသိမ်းပါသလဲ ???

ပြီးရင် ကားပါကင်နဲ့ Common Area ... မီးသီးတွေ ကျွမ်းနေလား ၊ သန့်ရှင်းရေး လုပ်ထားရဲ့လား ၊ ကားတွေ ဆိုက်ကယ်တွေ ကြုံသလို ရပ်ထားကြသလား ၊ ရေပိုက်တွေ ယိုစိမ့်နေလား ၊ မြောင်းတွေ ရေစီးရေလာ ကောင်းရဲ့လား ၊ ဆိုးဆိုးရွားရွား အနံ့အသက်တွေ ရလား ???

ပြီးရင် ဓါတ်လှေကားကို ကြည့်ပါမယ်။ ဓါတ်လှေကားထဲမှာ ပုံမှန် Maintenance လုပ်တဲ့ မှတ်တမ်း ရှိလား ၊ Juristic က ပုံမှန် Newsletter တွေကို ကပ်ထားလား ၊ ဓါတ်လှေကား အတက်အဆင်းမှာ တကျွီကျွီနဲ့ အသံတွေမြည်လား ၊ Safe ဖြစ်တဲ့ ခံစားမှုမျိုး ရလား ၊ Lift Lobby ကို သန့်ရှင်းရေး လုပ်ထားရဲ့လား ???

ပြီးရင်တော့ Gym ၊ အိမ်သာ ၊ ရေကူးကန် ... Gym ကို သန့်ရှင်းရေး လုပ်ထားရဲ့လား ၊ အနံ့အသက် ကောင်းရဲ့လား ၊ စက်ပစ္စည်းတွေ ထိန်းထိန်းသိမ်းသိမ်း ရှိပါရဲ့လား ??? ရေကူးကန် ရဲ့ သန့်ရှင်းရေး ၊ အများသုံး အိမ်သာ ရေချိုးခန်းတို့ရဲ့ သန့်ရှင်းမှု ... ဒါတွေကို စစ်ဆေးပါမယ်။

Last but not least ... Condo Juristic နဲ့ အခန်းပိုင်ရှင်/ နေထိုင်သူတွေကြားမှာ ဘယ်လို Communication Channel ကို သုံးပါသလဲ ??? Application တစ်ခုခု၊ သို့မဟုတ် တယ်လီဖုန်း၊ သို့မဟုတ် တစ်လတစ်ခါ အစည်းအဝေး စသဖြင့် ပြဿနာတစ်ခုခု ကြုံလာတဲ့အခါ ဘယ်သို့ဘယ်ပုံ Cummunicate လုပ်ကြပါသလဲ ???

အပေါ်က အချက်အလက်တွေကတော့ ကျနော် စဉ်းစားမိသလောက်ပါ ခင်ဗျ။ ကျန်ခဲ့တာများ ရှိရင် ဖြည့်စွက်ပေးသွားကြပါ။

နိဂုံးချုပ် ပြောရရင်တော့ Occupancy မြင့်တဲ့ ကွန်ဒို၊ Management ကောင်းတဲ့ ကွန်ဒိုတွေဟာ ထိန်းသိမ်းမှုကောင်းကြပါတယ်။ အဲ့သလို ရေရှည် ပြုပြင်ထိန်းသိမ်းမှုကောင်းတဲ့ ကွန်ဒိုတစ်ခုရဲ့ အခန်းတစ်ခန်းကို ပိုင်ဆိုင်ရတာ၊ နေထိုင်ရတာဟာ (အိမ်တန်ဖိုးမကျတဲ့ အပြင် အိမ်ငှားတွေလည်း စိတ်ချမ်းသာရတာကြောင့်) မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလား။
....
BKK CONDO TOUR
invest wisely, live beautifully

Photos from BKK Condo Tour's post 21/11/2023

𝐓𝐇𝐄 𝐎𝐍𝐄 𝐒𝐈𝐆𝐍𝐀𝐓𝐔𝐑𝐄 𝐁𝐀𝐍𝐆𝐍𝐀-𝐑𝐀𝐌𝐀 𝟗

3 Storeyed Luxury House with Private Lift

Pool Villas & Garden Villas

Living Space 400 - 560 sqm

28 - 40 Million Baht

(လုံးချင်းကြိုက်တတ်တဲ့ မိတ်ဆွေများအတွက် sharing လုပ်ခြင်းသက်သက်ပါ။ ကျနော် ဝယ်ထားတာ မဟုတ်သလို ဝယ်လည်း မဝယ်နိုင်ပါ 😁။ ကျနော် ပြန်ရောင်းတာလည်း မဟုတ်ပါ။)
....
BKK CONDO TOUR
invest wisely, live beautifully

Photos from BKK Condo Tour's post 21/11/2023

၂၀၂၄ ခုနှစ်ထဲမှာ အမြန်ဆုံး ပြောင်းရွှေ့နေထိုင်နိုင်မယ့် နေရာကောင်း ဈေးသက်သာ အခန်းများ ရှိပါမယ်။

𝐀𝐬𝐩𝐢𝐫𝐞 𝐑𝐚𝐭𝐜𝐡𝐚𝐲𝐨𝐭𝐡𝐢𝐧 (မတ်လ ၂၀၂၄)
1 Bed Plus 35 sqm @ 3.xx mb

𝐋𝐢𝐟𝐞 𝐀𝐬𝐨𝐤𝐞 𝐑𝐚𝐦𝐚 𝟒 (ဩဂုတ် ၂၀၂၄)
1 Bed Plus 35 sqm @ 5.xx mb

𝐓𝐡𝐞 𝐒𝐭𝐚𝐠𝐞 𝐌𝐢𝐧𝐝𝐬𝐜𝐚𝐩𝐞 (ဇူလိုင် ၂၀၂၄)
2 Bedroom 46 sqm @ 4.xx mb

မိတ်ဆွေများရဲ့ အခန်းကောင်းလေးတွေ ဖြစ်ပါတယ်။ နောက်နှစ်ထဲ ပြီးစီးမယ့် ပရောဂျက်ကို ရှာဖွေနေပါက ဒီကွန်ဒိုပ‌ရောဂျက်တွေဟာ နေရာလည်းကောင်း ဈေးလည်းသင့်တင့်တာမို့ ရေကန်အသင့် ကြာအသင့်ပါပဲ ခင်ဗျာ ....
....
BKK CONDO TOUR
invest wisely, live beautifully

Photos from BKK Condo Tour's post 20/11/2023

ထိုင်းဘဏ်တွေရဲ့ Jan-Sept 2023 အမြတ်ငွေရရှိမှု မှတ်တမ်း

ခုက အတိုးနှုန်း(Mortgage)တွေပါ ထပ်တိုးလိုက်ပြီ ဆိုတော့ ဒီထက်ပိုမြတ်ဖို့ပဲ ရှိပါလိမ့်မယ်

Stock ဝယ်မယ်ဆို ထိပ်ဆုံးဘဏ်တွေရဲ့ Stock တွေဝယ် ထားရင် ကောင်းမယ်ထင်

Stock အတွေ့အကြုံရှိ လူကြီးမင်းတို့ ထင်မြင်ချက်လေးတွေ ဝေမျှပေးသွားကြပါဦး ...
....
BKK CONDO TOUR
invest wisely, live beautifully

Photos from BKK Condo Tour's post 19/11/2023

Winter Morning View from Life Sathorn Sierra 🌅

Good Morning, everyone 🙏

19/11/2023

Sunday Moti #24
++++++++++++++

" စိတ်ထဲရှိတဲ့အတိုင်း ပြောပါ "

ကျွန်တော်တို့တွေဟာ အချစ်ရဆုံးသူတွေအပေါ်မှာ အခွင့်အရေးယူတတ်ကြတာ၊ သူတို့ကို မကြာခဏ လျစ်လျူရှုတတ်ကြတာ... ဒါတွေက ပုံမှန်လို ဖြစ်နေပါပြီ။ သူတို့ အမြဲရှိနေလိမ့်မယ် ဆိုတဲ့ အတွေးနဲ့ ကိုယ့်မိသားစုကို အချိန်မပေးခဲ့ကြတာတွေ၊ ငါ့စိတ်ကို သူတို့သိနေတာပဲ၊ ခဏခဏ ပြောနေဖို့မှ မလိုတာဆိုပြီး ကိုယ့်မေတ္တာကို ထုတ်ဖော်မပြခဲ့ကြတာတွေ၊ ဒီထက် ပိုအရေးကြီးတာတွေ ရှိတယ်ဆိုပြီး ကိုယ့်အိမ်၊ ကိုယ့်မိသားစုနဲ့ ပေါင်းသင်းဆက်ဆံရေးကို အလေးမထားခဲ့ကြတာတွေ ... ဒါတွေကို သေချာ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်မိသားစုထက် အရေးကြီးတာ ဘာများရှိပါသေးလို့လဲ။ အောင်‌တော့ အောင်မြင်ပါရဲ့ ... ဒါပေမဲ့ တစ်ယောက်တည်းဆိုရင် ဒီအောင်မြင်မှုဆိုတာကရော ဘာများ အဓိပ္ပါယ်ရှိဦးမှာလဲ။ ကျွန်တော့်အတွက်တော့ ကိန်းဂဏန်းတွေ တန်းစီနေတဲ့ ငွေစုစာရင်းထက်စာရင် ပြီးပြည့်စုံတဲ့ မိသားစုဓါတ်ပုံက ပိုပြီးအထင်ကြီးစရာ ကောင်းပါတယ်။ ‌ဒါ အရိုးသားဆုံး ပြောတာပါ။

ဒါကြောင့် အခုပဲ မိဘတွေဆီ ဖုန်း‌ဆက်ပြီး သူတို့ကို ဘယ်လောက်ချစ်ကြောင်း ပြောလိုက်ပါ။ မနက်ပိုင်း အလုပ်မသွားခင် ကိုယ့်ကြင်ယာဖက်ကို အချိုသာဆုံး အနမ်းတစ်ချက် ပေးသွားလိုက်ပါ။ ကိုယ့်သားသမီးတွေကို ကြင်ကြင်နာနာ ထွေးပွေ့သွားပါ။ ကလေးတွေရဲ့ ငယ်ရွယ်မှု အချိန်ကာလဟာ ခဏတာပါပဲ။ ဒီအခွင့်အရေးတံခါးကြီး ပိတ်သွားခဲ့ရင် ဘယ်‌သောအခါမှ ပြန်ပွင့်လာမှာ မဟုတ်တော့ပါဘူး။

18/11/2023

အကောင်းဆုံး အခြေခံအဆောက်အဦ (Infrastructure) သတ်မှတ်ခံရသော နိုင်ငံများ

# စင်ကာပူက နံပါတ် ၁

# ထိုင်းနိုင်ငံက
အရှေ့တောင်အာရှမှာ နံပါတ် ၂
အာရှမှာဆို နံပါတ် ၉
ကမ္ဘာမှာဆို နံပါတ် ၂၅ ချိတ်ပါတယ်။

Logistic Performance Index Report
Infrastructure Category

Photos from BKK Condo Tour's post 16/11/2023

Friday Ads #24
++++++++++++

၂၀၂၄ နှစ်လယ်ပိုင်းမှာ အဆင်သင့် ပြောင်းရွှေ့နေထိုင်လိုသူများအတွက်

𝐓𝐡𝐞 𝐒𝐭𝐚𝐠𝐞 𝐌𝐢𝐧𝐝𝐬𝐜𝐚𝐩𝐞 (𝐑𝐚𝐭𝐜𝐡𝐚𝐝𝐚-𝐇𝐮𝐚𝐢 𝐊𝐡𝐰𝐚𝐧𝐠)

𝐑𝐚𝐦𝐚 𝟗 ပတ်ဝန်းကျင်မှာ တစ်မီတာပတ်လည် 𝟏 𝐬𝐪𝐦 ကို 𝟏𝟔𝟎,𝟎𝟎𝟎 𝐛𝐚𝐡𝐭 ကျော် ဈေးပေါက်နေချိန် 𝟏𝟏𝟎,𝟎𝟎𝟎 𝐛𝐚𝐡𝐭 ဝန်းကျင်နဲ့ နေရာကောင်း၊ အခန်းကောင်းကို ဝယ်ယူပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ...

𝟐 𝐁𝐞𝐝𝐫𝐨𝐨𝐦 @ 𝟒.𝟗𝟗 𝐦𝐢𝐥𝐥𝐢𝐨𝐧 𝐛𝐚𝐡𝐭 ❗❗❗
ထောင့်ခန်း ၊ unblocked view

သွားရလာရ လွယ်ကူတဲ့ 𝐌𝐑𝐓 အပြာရောင်လိုင်း 𝐇𝐮𝐚𝐢 𝐊𝐡𝐰𝐚𝐧𝐠 𝐌𝐑𝐓 𝐒𝐭𝐚𝐭𝐢𝐨𝐧 နဲ့ 𝟐𝟓𝟎𝐦 အနီးမှာ တည်ရှိတာကြောင့် ၅ မိနစ် လမ်းလျှောက်ရုံနဲ့ ရောက်ပါတယ်။

𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐑𝐚𝐦𝐚 𝟗 , 𝐉𝐨𝐝𝐝 𝐅𝐚𝐢𝐫𝐬 နဲ့ ၂ မှတ်တိုင် အနီး (အသစ်ဖွင့်မယ့် Jodd Fairs နဲ့ဆို ၁ မှတ်တိုင်)၊ 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐋𝐚𝐝𝐩𝐫𝐚𝐨 နဲ့ ၄ မှတ်တိုင် အနီး၊ 𝐂𝐡𝐚𝐭𝐮𝐜𝐡𝐚𝐤 𝐖𝐞𝐞𝐤𝐞𝐧𝐝 𝐌𝐚𝐫𝐤𝐞𝐭 နဲ့ ၅ မှတ်တိုင် အနီးမှာ ရှိပါတယ်။

၂၀၂၄ ခုနှစ် ဒုတိယပိုင်းမှာ အခန်းအပ်မယ်။ 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 က 𝐑𝐞𝐚𝐥 𝐀𝐬𝐬𝐞𝐭 ၊ အဆောက်အဦး ၁ ခု၊ ၂၉ ထပ်၊ အခန်းပေါင်း ၄၇၇ ခန်း ပါဝင်ပါတယ်။

ပြန်ငှားစားမယ်ဆိုရင် တစ်လ 𝟐𝟎,𝟎𝟎𝟎 𝐛𝐚𝐡𝐭 အထက် ဝင်ငွေပြန်ရမှာမို့ 𝐑𝐞𝐧𝐭𝐚𝐥 𝐘𝐢𝐞𝐥𝐝 𝟔% နီးနီး ရပါတယ်။

𝐁𝐞𝐬𝐭 𝐕𝐚𝐥𝐮𝐞 - 𝐁𝐞𝐬𝐭 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧
250m to MRT Huai Khwang
1.5km to Big C Extra
1.6km to the Street Ratchada
1.9km to Muang Thai Phatra Market
1.9km to Esplanade Ratchada
2.1km to University of the Thai Chamber of Commerce
2.8km to Central Rama 9

𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬
Mind Oasis , Escape Garden , City Gym , Private Studio , Co-passion Space , Jogging Track , Sky Garden , Delivery Zone , Meeting Room , White Onsen , whirlpool bath, Swimming Pool , Kids Pool , Multi-scape , Lobby ...

၂၀၂၄ ခုနှစ် ဒုတိယပိုင်းမှာ ဆောက်လုပ်ပြီးစီးမှာ ဖြစ်တာကြောင့် နောင်နှစ်ထဲမှာ ပြောင်းရွှေ့ နေထိုင်လိုသူ၊ အငှားနဲ့ ဝင်ငွေရှာလိုသူ၊ 𝐇𝐨𝐥𝐢𝐝𝐚𝐲 𝐇𝐨𝐦𝐞 အဖြစ် ဝယ်ယူထားလိုသူများအတွက် အသင့်တော်ဆုံးပါပဲ။

အားလုံး အဆင်ပြေကြပါစေ။

Photos from BKK Condo Tour's post 16/11/2023

2024 နှစ်ဆန်းပိုင်းမှာ ဆောက်လုပ်ရေးစတင်ပြီး 2027 ခုနှစ်မှာ စတင်ဖွင့်လှစ်သွားမယ့်

𝐔𝐭𝐚𝐩𝐚𝐨 𝐑𝐚𝐲𝐨𝐧𝐠-𝐏𝐚𝐭𝐭𝐚𝐲𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐩𝐨𝐫𝐭

အဆိုပါ Development ကို Phase (6) ခု ခွဲထားပါတယ်။

Phase 1 & 2 - New Main Terminal by the year 2027
157,000 sqm (12-15.9 milions passengers per year)

Phase 3 & 4 - Expansion of Main Terminal by 2034
264,000 sqm (22.4- 30 millions passengers per year)

Phase 5 - Expansion of Main Terminal by 2047
371,000 sqm (45 millions passengers per year)

Phase 6 - New Midfield Terminal by by 2060
82,000 sqm (60 millions passengers per year)

Utapao International Airport သည် Don Muaeng Airport နဲ့ Suvarnabhumi Airport တို့ကို 2028-29 ခုနှစ်မှာ စတင်ခုတ်မောင်းမယ့် High Speed Train နဲ့ ချိတ်ဆက်ပေးမယ့် ထိုင်းနိုင်ငံရဲ့ တတိယမြောက် အဓိက Commercial International Airport ဖြစ်လာမယ်လို့ ဆိုပါတယ်။

Photos from BKK Condo Tour's post 16/11/2023

ကျနော် ဝယ်ဖြစ်ခဲ့သော ကွန်ဒိုတိုက်ခန်းများအကြောင်း

Launch လုပ်ပြီးမှ အေးဆေး ဝယ်ဖြစ်ခဲ့သော ပရောဂျက်များ
🔸Skyrise 64 (sold)
🔸Life Sathorn Sierra (sold)
🔸Life Rama 4 Asoke (sold)
🔸Kave Town Island (sold)
🔸Nue Riverest (new)

+++++++++++++++++++++++++

Launch မလုပ်ခင်/ VIP day မှာတင် ယုံကြည်ချက်အပြည့်နဲ့ ဝယ်ယူခဲ့သော ပရောဂျက်များ
🔸Aspire Sukhumvit Rama 4 (2 bedroom available)
🔸Aspire Onnut Station (2 bedroom available)
🔸Aspire Vibha Victory (new)
🔸Chapter # # # # # # # # # (new)
🔸Flexi # # # # # # # # (new)

+++++++++++++++++++++++

မဝယ်ဖြစ်ခဲ့လို့ နောင်တရမိသော ပရောဂျက်များ 😅
🔸Rhythm Sukhumvit 50 (re-sale)
🔸Life Asoke Rama 9
🔸Ideo New Rama 9
🔸Nue District R9
🔸VIA Ari

+++++++++++++++++++++++

ဒီနှစ်ထဲ ထပ်ဝယ်ဖြစ်မယ့် ပရောဂျက်များ
🔸မရှိ

နောက်နှစ်ထဲ ထပ်ဝယ်ဖြစ်မယ့် ပရောဂျက်များ
🔸နောက်နှစ်ထဲ မျှော်နေတဲ့၊ သေချာပေါက်ဝယ်မယ့် ပရောဂျက် ၃ ခု ရှိ

မိတ်ဆွေတို့ရော ... ဘယ်ပရောဂျက်တွေကို စိတ်တိုင်းကျ ဝယ်ဖြစ်ခဲ့ကြလဲ ? ဘာတွေ ထပ်ဝယ်ဖို့ စိတ်ကူးရှိပါသလဲ ???

*** Note
(Sold) ဆိုသည်မှာ ကျနော့်ရဲ့ အခန်းများ အားလုံး ပြန်လည်ရောင်းချပြီး ဖြစ်ပါတယ်။
(New) ဆိုသည်မှာ အရောင်းပို့စ် သေချာ မတင်ရသေးခြင်း ဖြစ်ပါတယ်။
(Available) ဆိုသည်မှာ ရောင်းရန်ကျန်သော၊ ဥထားသော အခန်းများ ဖြစ်ပါတယ် ခင်ဗျာ ...
....
BKK CONDO TOUR
invest wisely, live beautifully

Photos from BKK Condo Tour's post 15/11/2023

𝐉𝐨𝐝𝐝 𝐅𝐚𝐢𝐫𝐬 အသစ်ကြီးရဲ့ လက်ရှိအခြေအနေ

𝐌𝐑𝐓 𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 နားမှာ ဆောက်လုပ်နေဆဲ နာမည်ကြီး 𝐉𝐨𝐝𝐝 𝐅𝐚𝐢𝐫𝐬 အသစ်ရဲ့ ပြီးစီးမှု အခြေအနေဟာ တော်တော် ခရီးရောက်လို့ နေပါပြီ ...

မြေပြင်မှာ အရင်လို 𝐉𝐨𝐝𝐝 𝐅𝐚𝐢𝐫𝐬 𝐌𝐚𝐫𝐤𝐞𝐭

𝐔𝐧𝐝𝐞𝐫𝐠𝐫𝐨𝐮𝐧𝐝 မှာ 𝐌𝐚𝐫𝐤𝐞𝐭 အတွက် 𝐂𝐚𝐫-𝐩𝐚𝐫𝐤𝐢𝐧𝐠

𝐋𝐞𝐯𝐞𝐥 1-3 မှာ 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐒𝐭𝐨𝐫𝐞
𝐋𝐞𝐯𝐞𝐥 4-7 မှာ 𝐂𝐚𝐫-𝐩𝐚𝐫𝐤𝐢𝐧𝐠
𝐋𝐞𝐯𝐞𝐥 8-12 မှာ 𝐎𝐟𝐟𝐢𝐜𝐞 ပါဝင်တဲ့ ၁၂ ထပ်အဆောက်အဦးတစ်ခုကိုလဲ တစ်ဝန်းထဲမှာ ထည့်သွင်းဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ၁၂ ထပ် အဆောက်အဦးကို ၂ နှစ်အတွင်း ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပြီး 𝐉𝐨𝐝𝐝 𝐅𝐚𝐢𝐫 𝐍𝐢𝐠𝐡𝐭 𝐌𝐚𝐫𝐤𝐞𝐭 ကိုတော့ 2024 နှစ်ဆန်းပိုင်းအမှီ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ပရောဂျက် အကျယ်အဝန်းမှာ 13 𝐫𝐚𝐢 ရှိပြီး (ယခင် 𝐓𝐫𝐚𝐢𝐧 𝐍𝐢𝐠𝐡𝐭 𝐌𝐚𝐫𝐤𝐞𝐭 𝐑𝐚𝐭𝐜𝐡𝐚𝐝𝐚 နေရာ) ပရောဂျက် တန်ဖိုးမှာ 7,000 𝐦𝐢𝐥𝐥𝐢𝐨𝐧 𝐛𝐚𝐡𝐭 ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ 𝐈𝐧𝐝𝐨𝐨𝐫 𝐒𝐡𝐨𝐩𝐬 928 ခန်း၊ 𝐎𝐮𝐭𝐝𝐨𝐨𝐫 𝐒𝐡𝐨𝐩 798 ခန်း ပါဝင်မှာ ဖြစ်ပြီး ဆောက်လုပ်ဖော်ဆောင်မယ့် 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 မှာ 𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 𝐩𝐥𝐜 (𝐏𝐅) ပဲ ဖြစ်ပါတယ်။

14/11/2023

Kave Town Island မှ 1 bed exclusive အခန်းအား ယုံကြည်စွာဖြင့် အားပေးဝယ်ယူသွားသော UK မှ အန်ကယ်ရဲ့ Review လေးပါ ခင်ဗျာ ...

ကျနော့်ဆီမှာ ကျနော် ပြန်အငှားချမယ့် အခန်းတွေက လွဲပြီး ပြန်ရောင်းဖို့ မကျန်တော့ပါ။ လွန်ခဲ့တဲ့ ၂-၃ လအတွင်း ကျနော်ဝယ်ယူထားသော Kave Town မှ အခန်း ၁၈ ခန်းကို record အနေနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

မိတ်ဆွေ ၂ ဦးရဲ့ Building B မှ အခန်း ၁ ခန်း နဲ့ Building F မှ အခန်း ၁ ခန်းတို့ကို ဝယ်ယူအားပေးနိုင်ပါသေးတယ် ခင်ဗျာ။

အဝင်အထွက် 𝐌𝐚𝐢𝐧 𝐆𝐚𝐭𝐞 နဲ့ အနီးဆုံး
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐁 @ 𝟏.𝟕𝟗 𝐦𝐢𝐥𝐥𝐢𝐨𝐧 𝐛𝐚𝐡𝐭
𝟐𝟐.𝟔 𝐬𝐪𝐦 - 𝟏 𝐁𝐞𝐝 𝐒𝐩𝐞𝐜𝐢𝐚𝐥
အလွှာမြင့် တောင်ဘက်အလှည့် လမ်းမဘက်

𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐅 @ 𝟏.𝟔𝟗 𝐦𝐢𝐥𝐥𝐢𝐨𝐧 𝐛𝐚𝐡𝐭
𝟐𝟐.𝟔 𝐬𝐪𝐦 - 𝟏 𝐁𝐞𝐝 𝐒𝐩𝐞𝐜𝐢𝐚𝐥
မြောက်ဘက်အလှည့် ကွင်းပြင်ဘက်

အားလုံး အဆင်ပြေကြပါစေ ...

Photos from BKK Condo Tour's post 14/11/2023

Sold out ပါ ခင်ဗျာ

https://www.facebook.com/100083279082057/posts/311545461631421/

14/11/2023

ကျနော် ကွန်ဒိုဝယ်ရင် #7

13/11/2023

Aspire Vibha-Victory

10 လွှာဝန်းကျင် ယူမယ်ဆို
မြောက်ဘက်လှည့်နဲ့ အရှေ့ဘက်လှည့် ဗျူးအကောင်းဆုံးပါ

‌အနောက်ဘက်နဲ့ တောင်ဘက် ဗျူးနည်းနည်း ပိတ်ပါမယ်

Comment မှာ 360° view @ level 10 ကို ကြည့်နိုင်ပါတယ် ⬇️⬇️⬇️

Photos from BKK Condo Tour's post 13/11/2023

𝐅𝐮𝐥𝐥𝐲 𝐅𝐢𝐭𝐭𝐞𝐝 vs 𝐅𝐮𝐥𝐥𝐲 𝐅𝐮𝐫𝐧𝐢𝐬𝐡𝐞𝐝 ဘာကွာလဲ ?

𝐅𝐮𝐥𝐥𝐲 𝐅𝐢𝐭𝐭𝐞𝐝
✔️ Kitchen Counter
✔️ Bathroom, Sanitary wares, Shower screen
✔️ Floor, Ceiling, Wall finishing, Doors, Partitions

✖️ Wardrobe, Bed, Dressing table
✖️ Storage Cabinet
✖️ Sofa, Tables & Chairs, Curtains
✖️ Electrical appliances
✖️ Home automation

𝐅𝐮𝐥𝐥𝐲 𝐅𝐮𝐫𝐧𝐢𝐬𝐡𝐞𝐝
✔️ Kitchen Counter
✔️ Bathroom, Sanitary wares, Shower screen
✔️ Floor, Ceiling, Wall finishing, Doors, Partitions
✔️ Wardrobe, Bed, Dressing table
✔️ Storage Cabinet
✔️ Sofa, Tables & Chairs, Curtains
✔️ Electrical appliances (some projects)
✔️ Home automation (some projects)

ကျနော် ဝယ်ယူထားတဲ့ ချောက်ဖယားမြစ်ကမ်းနဘေးက
𝐍𝐮𝐞 𝐑𝐢𝐯𝐞𝐫𝐞𝐬𝐭 (𝐍𝐨𝐛𝐥𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭) ရဲ့ 𝟏 𝐛𝐞𝐝𝐩𝐥𝐮𝐬 𝟑𝟒 𝐬𝐪𝐦 အခန်းလေးမှာတော့ 𝐅𝐮𝐥𝐥𝐲 𝐅𝐮𝐫𝐧𝐢𝐬𝐡𝐞𝐝 ဖြစ်တဲ့အပြင် အောက်ပါ 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐧𝐜𝐞𝐬 တွေကိုပါ လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။

1. Smart TV 43 inches
2. Refrigerator 9 cu
3. Water heater 3500 watts
4. Microwave oven 21 liters
5. Air purifier
6. Vacuum cleaner
7. Steam iron
8. Multi-purpose grill
9. Hair dryer
10. Oil-free fryer
11. Capsule coffee maker

ကဲ ... ဒီထက် စုံလင်တာ ဘာရှိဦးမလဲ 😁😁😁

𝐋𝐞𝐯𝐞𝐥 𝟐𝟎 အထက် အလွှာမြင့်ဖြစ်တာကြောင့် 𝐑𝐚𝐦𝐚 𝟗 𝐁𝐫𝐢𝐝𝐠𝐞 နဲ့ ချောက်ဖယားမြစ်ရဲ့ အလှကို အခန်းတိုင်းမှ ထင်ရှားလှပစွာ ရှုမြင်ရမှာ ဖြစ်ပါတယ်။

𝐅𝐮𝐥𝐥𝐲 𝐅𝐮𝐫𝐧𝐢𝐬𝐡𝐞𝐝 + 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐧𝐜𝐞𝐬 ပါဝင်တာကြောင့် 𝟐𝟎𝟐𝟓 နှစ်ကုန် အခန်းအပ်တဲ့အခါ အထုတ်ဆွဲပြီး အသင့်ပြောင်းရွှေ့‌နေထိုင်ရုံပါပဲ။

မနက်မိုးလင်း အိပ်ရာထတာနဲ့ ကိုယ့်ရဲ့ အိပ်ခန်းထဲကနေ ...
ညနေ အိမ်ပြန်ရောက်တဲ့အခါ အိမ်တံခါးဖွင့်ဝင်ဝင်ချင်း ကိုယ့်ရဲ့ ဧည့်ခန်းထဲကနေ ....
ချောက်ဖယားမြစ်ကွေ့ကြီးကို မြင်နေရတဲ့ ပျော်ရွှင်ကြည်နူးမှု။

ဝယ်ကတည်းက ဈေးသက်သာနေတာကြောင့် အခန်းမအပ်ခင် ပြန်လည်ရောင်းချတဲ့အခါ ရရှိနိုင်မယ့် အမြတ်အစွန်း။

မြစ်ကမ်းနဘေး အလွှာမြင့် ဗျူးကောင်း အခန်းဖွဲ့စည်းပုံလှတာကြောင့် ပြန်လည်ငှားရမ်းတဲ့အခါ မျက်နှာပန်းလှသလို 𝐑𝐞𝐧𝐭𝐚𝐥 𝐘𝐢𝐞𝐥𝐝 ကလဲ ကောင်း။

ဒီလိုအကျိုးအမြတ်‌တွေကို တပြိုင်နက်တည်း ရယူခံစားနိုင်ဖို့အတွက် တစ်မီတာပတ်လည်ကို ဘတ် ၁ သိန်းဝန်းကျင်ပဲ ပေးချေရမယ်ဆိုရင် ...

𝐃𝐨𝐰𝐧𝐩𝐚𝐲𝐦𝐞𝐧𝐭 သက်သက်သာသာနဲ့ လက်ဦးမှု ရယူထားနိုင်မယ် ဆိုရင် .....

BKK CONDO TOUR ကို Messenger မှာသာ မြန်မြန် Hi လိုက်ပါတော့ ခင်ဗျာ။

အားလုံး အဆင်ပြေကြပါစေ။

Photos from BKK Condo Tour's post 12/11/2023

Developer ဖြစ်တဲ့ စင်ကာပူအခြေစိုက် Pacific Star ကုမ္ပဏီ (Kanokkorn Pattana) ဒေဝါလီခံသွားခဲ့တာကြောင့် ရပ်တန့်နေတာ နှစ်နဲ့ချီကြာနေပြီ ဖြစ်တဲ့ .....

𝐓𝐡𝐞 𝐏𝐎𝐒𝐇 𝟏𝟐 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 @ Nonthaburi

12/11/2023

Sunday Moti #23
++++++++++++++

" ကံနဲ့ နိယာမ"

တချို့လူတွေက ပြောတယ်
“အလုပ်ကြိုးစားလေ၊ ကံကောင်းလေ” တဲ့။

ခင်ဗျားလည်း တစ်ခါတလေ ဒီလို‌တွေးချင်တွေးမိပါလိမ့်မယ်
“လူတချို့အောင်မြင်နေကြတာ ကံကောင်းလို့လား”

ဒါမှမဟုတ် ...
“လောကရဲ့ နိယာမအတိုင်း ကျင့်ကြံနေထိုင်ကြလို့လား” လို့။

ကျွန်‌တော်ကတော့ .... ကောင်းတာလုပ်တဲ့ သူတွေဆီမှာ ကောင်းတဲ့ အရာတွေ ဖြစ်တည်မယ်၊ မှန်ကန်တဲ့ အရာတွေကို လုပ်ရင် မှန်ကန်တဲ့ ရလဒ်တွေ ဖြစ်‌ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

အခုတလော ကျွန်တော် စိုက်ပျိုးရေးအကြောင်းကို ခဏ ခဏ စဉ်းစားနေမိတယ်။ အဲ .... ကျွန်တော့် လက်ရှိလုပ်ငန်းတွေကို စွန့်ပြီး စိုက်ပျိုးရေးထလုပ်‌တော့မယ်လို့ ကျွန်တော် ရည်ရွယ်မထားပါဘူး။ နောင်တချိန် အသက်အရွယ်လေး ရလာရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ စိုက်ပျိုးရေးသဘောတရားဟာ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ နေ့စဉ်ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိတဲ့ လောကနိယာမတွေနဲ့ အတူတူပါပဲ။ ကိုယ်စိုက်ပျိုးတာကို ကိုယ်ပြန်ရိတ်သိမ်းရတယ်။ ကိုယ့်ယာကို မှန်မှန်ပြုစုပျိုးထောင်ပေးရင် ကောက်ပဲသီးနှံတွေ ဖွံ့ဖြိုးမယ်။ အဲ့သလိုပဲ ... ကိုယ့်ကျန်းမာရေး၊ မိသားစု၊ အလုပ်တွေကို အလားတူစိတ်ဓါတ်နဲ့ ပြုစုပျိုးထောင်ပေးရင် ရရှိလာမှာ ကောင်းသော ရလဒ်တွေပါပဲ။

ဟုတ်ပါတယ် ... တစ်ခါတလေမှာ ကျွန်‌တော်တို့‌တွေ ကံကောင်းတတ်ပါတယ်။ ကံကောင်းခြင်းသည်လည်း လာဘ်တစ်ပါးပါပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ လောကရဲ့ နိယာမတွေနဲ့ အညီ ပြုမှုနေထိုင်ခြင်းက ပိုလို့အရေးကြီးပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေ၊ ကိုယ့်ဖောက်သည်တွေအတွက် ကိုယ်ဟာ တန်ဖိုးရှိ‌နေပါစေ။ လူတွေကို ရိုသေလေးစားစွာ၊ ကြင်နာစွာ ဆက်ဆံပါ။ ဖြူစင်ရိုးသားပါ။ အံ့သြစရာကောင်းလောက်အောင် စိတ်အားထက်သန်ပါ။ ဒါတွေကို ယုံကြည်မှုအပြည့်နဲ့ ဆက်သာလုပ်နေပါ။ တစ်နေ့မှာတော့ ကောင်းမြတ်ခြင်းတွေ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။ ကောင်းမွန်တဲ့ မျိုးစေ့တွေ များများပျိုးလေလေ၊ လှပတဲ့အပင်တွေကို များများ တွေ့ရလေပါပဲ။

11/11/2023

𝐓𝐡𝐞 𝐌𝐨𝐧𝐮𝐦𝐞𝐧𝐭 𝐓𝐡𝐨𝐧𝐠 𝐋𝐨 မှာရှိတဲ့ Penthouse
1 sqm ကို 1 million baht တဲ့

လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဈေးထက် ၃ ဆနီးပါးတက်

Crazy !!!

Photos from BKK Condo Tour's post 11/11/2023

𝐊𝐚𝐯𝐞 𝐓𝐨𝐰𝐧 𝐈𝐬𝐥𝐚𝐧𝐝
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐀 မှ အခန်းလေးကို အားပေးသွားတဲ့ မန္တလေးက ညီမငယ်များ အခန်းအားပေးရုံတင်မကပဲ ... သူတို့ ကုမ္ပဏီရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭 လေးတွေကိုပါ လက်ဆောင်ပေးသွားလို့ ကျေးဇူးပါ ခင်ဗျာ။

𝐉𝐨𝐲 𝐃𝐞𝐭𝐨𝐱 & 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐌𝐞𝐚𝐥
https://www.facebook.com/joydetoxandhealthymeal

ဒီတပတ်ထဲမှာပဲ
Building G မှ 1 bed special အခန်းကို အားပေးသွားတဲ့ စင်ကာပူက ညီမ
Building A မှ 1 bed special အခန်းကို အားပေးသွားတဲ့ စင်ကာပူမှ အကိုတို့ ဇနီးမောင်နှံ
Building A မှ 1 bed exclusive အခန်းကို အားပေးသွားတဲ့ UK မှ အန်ကယ်တို့ မိသားစု
Building A မှ 1 bed special အခန်းကို အားပေးသွားတဲ့ မန္တလေးမှ ညီမများအတွက်

နာမည်ပြောင်းစာချုပ် လုပ်ပေးဖြစ်ခဲ့ပါတယ်။

အားလုံးပဲ စီးပွားလာဘ်လာဘများ ဒီထက်ပို တိုးပွားပါစေ ခင်ဗျား ...

11/11/2023

𝐀𝐬𝐩𝐢𝐫𝐞 𝐕𝐢𝐛𝐡𝐚-𝐕𝐢𝐜𝐭𝐨𝐫𝐲 ပတ်ဝန်းကျင်ရှိ
အခြားသော 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 များနှင့်
ဈေးနှိုင်းယှဉ်ကြည့်ခြင်း

𝑷𝒓𝒊𝒄𝒆 𝑪𝒐𝒎𝒑𝒂𝒓𝒊𝒔𝒐𝒏

Photos from BKK Condo Tour's post 10/11/2023

November လကုန်မှာ ဖွင့်လှစ်တော့မယ့်

𝐂𝐄𝐍𝐓𝐑𝐀𝐋 𝐖𝐄𝐒𝐓𝐕𝐈𝐋𝐋𝐄

Ratchaphruek လမ်းပေါ်မှာရှိပြီး Life Sathorn Sierra ကနေ ကားမောင်းသွားရင် ၁၀ မိနစ်ပါပဲ။

Photo reference: google

https://maps.app.goo.gl/iFK6zQQuVG7sNKrdA

10/11/2023

Pay If You Like - Myanmar food
မှ ဒန်ပေါက် ၂ ပွဲ မှာစားတာ
ကောင်းမှကောင်းပါ 🤤🤤🤤

Photos from BKK Condo Tour's post 10/11/2023

Friday Ads #23
++++++++++++

သူဌေးတွေနေတဲ့ 𝐎𝐧𝐧𝐮𝐭 လိုနေရာမျိုးမှာ
အဆင့်အတန်းမှီ ကွန်ဒိုခန်းတစ်ခန်းကို
တစ်မီတာပတ်လည် 𝟗𝟓,𝟎𝟎𝟎 𝐛𝐚𝐡𝐭 ဝန်းကျင်နဲ့ ဝယ်ယူပိုင်ဆိုင်နိုင်မယ်ဆို တကယ့်ကို နေပျော်လွန်းပါတယ်။

𝐁𝐋𝐔𝐄 𝐒𝐔𝐊𝐇𝐔𝐌𝐕𝐈𝐓 𝟖𝟗 ( Low rise )

▪️

𝟐𝟒 𝐬𝐪𝐦 အခန်းကို 𝟐.𝟑𝟑 𝐦𝐢𝐥𝐥𝐨𝐧 𝐛𝐚𝐡𝐭
၂ ခန်းကပ်ရပ် ဝယ်ထားတာမို့ ၂ ခန်းပေါင်းလိုက်ရင်
𝟒𝟖 𝐬𝐪𝐦 ကို 𝟒.𝟔𝟔 𝐦𝐢𝐥𝐥𝐢𝐨𝐧 𝐛𝐚𝐡𝐭 နဲ့ ဝယ်ယူပိုင်ဆိုင်နိုင်ပါတယ်။
၂ ခန်း‌‌တွဲရက် ယူပါက ဈေးလျှော့ပေးပါမယ် ခင်ဗျ။

▪️▪️

𝟑𝟓.𝟓 𝐬𝐪𝐦 အခန်းကို 𝟑.𝟖𝟓 𝐦𝐢𝐥𝐥𝐢𝐨𝐧 𝐛𝐚𝐡𝐭
အလွှာမြင့် 𝟏 𝐛𝐞𝐝𝐩𝐥𝐮𝐬 အခန်းလေး ဖြစ်ပါတယ်။

ဒေါင့်ခန်းဖြစ်ပြီး တခြား အခန်းတွေနဲ့ ထိစပ်မှုမရှိတဲ့
𝐏𝐫𝐢𝐯𝐚𝐜𝐲 အပြည့်ရတဲ့ အခန်း ဖြစ်ပါတယ်။
နှစ်ယောက်အိပ်တစ်ခန်း၊ တယောက်အိပ်တစ်ခန်းနဲ့ ရေချိုးခန်းအမ်သာတစ်ခန်း ပါဝင်ပါတယ် ခင်ဗျ။
(𝐒𝐞𝐩𝐚𝐫𝐚𝐭𝐞 𝐊𝐢𝐭𝐜𝐡𝐞𝐧 မီးဖိုခန်းသီးသန့် ဖြစ်ပါတယ်)

▪️▪️▪️

🔸 BTS အစိမ်းရောင် Sukumvit လမ်းမကြီးပေါ် Only 2 Min walk
🔸 Onnut BTS (500 M) 7 Min လမ်းလျောက်အကွာအဝေး
🔸 Bangchak BTS နဲ့ ဘန်ချက်စျေးသို့ (400 M) လမ်းလျောက် 5 Min

🔸 Lotus , Century , Big C Shopping mall, Makro တွေနဲ့ နီးလို့ ဘာလိုလို အရမ်းအဆင်ပြေတဲ့ နေရာလေး
🔸 Wells International School နဲ့ Only 2 Min wallk
🔸 Anglo Singapore International School (5 min drive)

▪️▪️▪️▪️

Sukhumvit လမ်းမကြီးပေါ်က Condo တွေ 1 Sqm ကို 130000 /140000 ဘတ် အနည်းဆုံးဖြစ်နေတဲ့ Location မျိုးမှာ

Sukhumvit 89 လမ်းထဲ အနည်းငယ်လေးဝင်ရတဲ့ Location မျိုးမှာ

Foreign Quota (free hold) ပိုင်ဆိုင်မှုခိုင်မာတဲ့ Condo ကောင်း တစ်ခုကို 1 sqm = 95,000 ဝန်းကျင်နဲ့ ဝယ်ယူပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။

▪️▪️▪️▪️▪️

ပြန်ငှားမယ်ဆိုရင်လည်း Expatriate တွေ၊ ကျောင်းသားမိဘတွေ ကြိုက်တဲ့ နေရာ ...

December 2023 မှာ အပြီးသပ်အခန်းအပ်မှာဖြစ်ပြီး Funiture အပြည့်အစုံ အားလုံးပါပြီးဖြစ်တဲ့ အသစ်စက်စက် ကွန်ဒိုအခန်းတွေကို အသိ အမတစ်ယောက်မှ ဈေးသက်သက်သာသာနဲ့ ပြန်လည်ရောင်းချခြင်း ဖြစ်ပါတယ် ခင်ဗျာ။

အမက သဘောကောင်းတာမို့ ဈေးညှိနှိုင်းလိုတာ၊ မေးမြန်းစုံစမ်းလိုတာကို အမနဲ့ တိုက်ရိုက် ပြောဆိုနိုင်ပါတယ်။

++++++++++++++++++++++++++++++++

𝐁𝐋𝐔𝐄 𝐒𝐔𝐊𝐇𝐔𝐌𝐕𝐈𝐓 𝐂𝐎𝐍𝐃𝐎𝐌𝐈𝐍𝐈𝐔𝐌
𝐒𝐮𝐤𝐡𝐮𝐦𝐯𝐢𝐭 𝐚𝐫𝐞𝐚 - 𝐎𝐧𝐧𝐮𝐭

Facilities အပြည့်အစုံ

# Swimming pool
# Yoga room
# Fitness room
# Private Theater
# Co-Working space
# Patio Garden
# Garden walkway
# Car parking
# Lobby
# 24 Hrs Security

Photos from BKK Condo Tour's post 09/11/2023

မနက် နိုးနိုးချင်း မြူတွေလွင့်
🌫️ 🌫️ 🌫️

Photos from BKK Condo Tour's post 09/11/2023

AP Thailand ရဲ့ Jan-Sept 2023 စာရင်းရှင်းတမ်း

Total Revenue 37,141 million baht
Net Profit 4,719 milion baht

ထပ်မံ Launch လုပ်မယ့် ပရောဂျက်တန်ဖိုး
35,740 million baht

Photos from BKK Condo Tour's post 08/11/2023

ကွန်ဒိုအရောင်းပို့စ်တွေမှာ တွေ့ရလေ့ရှိတဲ့ 𝐒𝐈𝐌𝐏𝐋𝐄𝐗 ၊ 𝐃𝐔𝐏𝐋𝐄𝐗 ၊ 𝐕𝐄𝐑𝐓𝐈𝐏𝐋𝐄𝐗 ဆိုတာ ဘာတွေလဲ ???

𝐒𝐢𝐦𝐩𝐥𝐞𝐱 (၁ ထပ် ကွန်ဒိုခန်း)

𝐒𝐢𝐦𝐩𝐥𝐞𝐱 ဆိုတာက 𝐒𝐢𝐧𝐠𝐥𝐞 𝐅𝐥𝐨𝐨𝐫 တစ်ထပ်ခန်းကို ပြောတာပါ။ အများဆုံး တွေ့ရလေ့ရှိတဲ့ ကွန်ဒိုခန်း အမျိုးအစားပဲ ဖြစ်ပါတယ်။ 𝐒𝐭𝐮𝐝𝐢𝐨 ၊ 𝐎𝐧𝐞 𝐁𝐞𝐝 ၊ 𝐎𝐧𝐞 𝐁𝐞𝐝 𝐏𝐥𝐮𝐬 ၊ 𝐓𝐰𝐨 𝐁𝐞𝐝 ၊ 𝐓𝐡𝐫𝐞𝐞 𝐁𝐞𝐝 ++ စသဖြင့် အခန်းအမျိုးအစားများကို ခွဲခြားထားပါတယ်။

𝐃𝐮𝐩𝐥𝐞𝐱 (၂ ထပ် ကွန်ဒိုခန်း)

𝐃𝐮𝐩𝐥𝐞𝐱 ကတော့ 𝐓𝐰𝐨 𝐒𝐭𝐨𝐫𝐞𝐲 နှစ်ထပ်ခန်းများ ဖြစ်ပါတယ်။ များသောအားဖြင့် အိပ်ခန်း ၂ ခန်းပါလေ့ ရှိတယ်။ အောက်ထပ်မှာ ၁ ခန်း + အိမ်သာရေချိုးခန်း ၊ အပေါ်ထပ်မှာ ၁ ခန်း + အိမ်သာရေချိုးခန်း ပါတဲ့ ဖွဲ့စည်းပုံမျိုးပါ။ 𝐇𝐢𝐠𝐡 𝐄𝐧𝐝 / 𝐋𝐮𝐱𝐮𝐫𝐲 𝐂𝐨𝐧𝐝𝐨 မျိုးတွေမှာ တွေ့ရလေ့ ရှိပါတယ်။

𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱/ 𝐋𝐨𝐟𝐭/ 𝐇𝐲𝐛𝐫𝐢𝐝 (၁ ထပ်ခွဲ ကွန်ဒိုခန်း)

𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 ကတော့ 𝐒𝐢𝐦𝐩𝐥𝐞𝐱 နဲ့ 𝐃𝐮𝐩𝐥𝐞𝐱 ကြားလို့ ပြောလို့ရပါတယ်။ ထပ်ခိုးသ‌ဘောမျိုး (𝐌𝐞𝐳𝐳𝐚𝐧𝐢𝐧𝐞 𝐃𝐞𝐜𝐤) မှာ အိပ်ခန်း ၁ ခန်းရယ်၊ အောက်ထပ်မှာတော့ ထုံးစံအတိုင်း ဧည့်ခန်း၊ မီးဖိုချောင်၊ အိမ်သာရေချိုးခန်း စသဖြင့် ပါဝင်ပါတယ်။ 𝟏 𝐁𝐞𝐝 𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 ၊ 𝟐 𝐁𝐞𝐝 𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 ၊ 𝟑 𝐁𝐞𝐝 𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 စသဖြင့် ရှိကြပါတယ်။ ရေချိုးခန်းအိမ်သာက အောက်ထပ်မှာပဲ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ 𝐏𝐨𝐰𝐝𝐞𝐫 𝐑𝐨𝐨𝐦 (toilet & sink only) ကို အပေါ်ထပ်မှာ ထည့်သွင်းထားကြတာကို တွေ့ရပါတယ်။

ဒါဆို ၂ ထပ်ချင်းအတူတူကို 𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 နဲ့ 𝐃𝐮𝐩𝐥𝐞𝐱 က ဘာကွာတာလဲ ???

အရင်ပို့စ်မှာ ‌ဖော်ပြခဲ့ပါတယ်။ Comment ထဲက Link မှာလဲ ကြည့်နိုင်ပါတယ် ခင်ဗျာ။

Reference
Aspire Sukhumvit Rama 4

Photos from JS100 Radio's post 08/11/2023

Sukhumvit Road - Udomsuk နားမှာ ဒီနေ့ မနက်ပိုင်း ဒီလို ဖြစ်သွားပါတယ်

https://m.facebook.com/story.php?story_fbid=755173239970278&id=100064328274075&sfnsn=mo&mibextid=6aamW6

08/11/2023

အပျော်သဘော ဘုတော #၁

Photos from BKK Condo Tour's post 08/11/2023

𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 (𝐋𝐨𝐟𝐭/ 𝐇𝐲𝐛𝐫𝐢𝐝) နဲ့ 𝐃𝐮𝐩𝐥𝐞𝐱 ဘာကွာလဲ ???

▪️𝐃𝐮𝐩𝐥𝐞𝐱 မှာ 𝟐 𝐄𝐱𝐢𝐭𝐬 / အဝင်အထွက် တံခါးပေါက် ၂ ပေါက် ပါပါတယ်။ အောက်ထပ်မှာ ၁ ခု၊ အပေါ်ထပ်မှာ ၁ ခုပါ။

🔸𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 မှာတော့ အောက်ထပ်မှာပဲ တံခါးပေါက် ၁ ခု ပါဝင်ပါတယ်။

▪️𝐃𝐮𝐩𝐥𝐞𝐱 မှာ 𝐁𝐚𝐭𝐡𝐫𝐨𝐨𝐦 ကို 𝐔𝐩𝐩𝐞𝐫 𝐟𝐥𝐨𝐨𝐫 မှာရော၊ 𝐋𝐨𝐰𝐞𝐫 𝐟𝐥𝐨𝐨𝐫 မှာပါ ထည့်သွင်းထားလေ့ ရှိပါတယ်။

🔸𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 မှာတော့ 𝐁𝐚𝐭𝐡𝐫𝐨𝐨𝐦 ဟာ 𝐋𝐨𝐰𝐞𝐫 𝐟𝐥𝐨𝐨𝐫 မှာပဲ ပါပါတယ်။ 𝐔𝐩𝐩𝐞𝐫 𝐟𝐥𝐨𝐨𝐫 ကို 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞 𝐟𝐥𝐨𝐨𝐫 လို့ ခေါ်ကြပါတယ်။

▪️𝐃𝐮𝐩𝐥𝐞𝐱 မှာ ၂ ထပ်စာ အပြည့် ပါပါတယ်။ ကွန်ဒိုတစ်ခုရဲ့ ပုံမှန် အလွှာ ၂ လွှာကို ပေါင်းစပ်ထားခြင်းမျိုးပါ။ ဒါ့ကြောင့် 𝐃𝐨𝐮𝐛𝐥𝐞 𝐬𝐩𝐚𝐜𝐞 နေရာတွေမှာ 𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐡𝐞𝐢𝐠𝐡𝐭 ပိုမြင့်ပါတယ်။ (ဥပမာ ၂.၆ + ၂.၆ = ၅.၂ မီတာ)

🔸𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 အခန်းတွေကို သီးသန့်အလွှာမှာ ထည့်သွင်း‌ဆောက်လုပ်ကြပါတယ်။ ရိုးရိုးအခန်း 𝐒𝐢𝐦𝐩𝐥𝐞𝐱 တွေနဲ့ 𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐡𝐞𝐢𝐠𝐡𝐭 မတူညီတာကြောင့် 𝐒𝐢𝐦𝐩𝐥𝐞𝐱 နဲ့ 𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 ကို တစ်လွှာတည်း မထားကြပါဘူး။ ၁ လွှာခွဲစာ သာသာရှိတာကြောင့် 𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐡𝐞𝐢𝐠𝐡𝐭 မှာ ၄.၄ မီတာ ဝန်းကျင်သာ ရှိပါတယ်။

▪️𝐃𝐮𝐩𝐥𝐞𝐱 ရဲ့ 𝐓𝐢𝐭𝐥𝐞 𝐝𝐞𝐞𝐝 မှာ ၂ လွှာလုံး ပါဝင်တာကြောင့် 𝐂𝐀𝐌 𝐟𝐞𝐞𝐬 ကိုလည်း ၂ လွှာစာ ပေးရပါတယ်။

🔸 𝐕𝐞𝐫𝐭𝐢𝐩𝐥𝐞𝐱 ရဲ့ 𝐓𝐢𝐭𝐥𝐞 𝐝𝐞𝐞𝐝 မှာ 𝐋𝐨𝐰𝐞𝐫 𝐟𝐥𝐨𝐨𝐫 ပဲ ပါဝင်တာကြောင့် 𝐂𝐀𝐌 𝐟𝐞𝐞𝐬 ကို 𝐋𝐨𝐰𝐞𝐫 𝐟𝐥𝐨𝐨𝐫 အတွက်ပဲ ပေးဆောင်ရပါတယ်။

လိုအပ်တာရှိရင် ဖြည့်စွက်ပေးသွားကြပါဦး။

reference - Internet

07/11/2023

𝐀𝐬𝐩𝐢𝐫𝐞 𝐕𝐢𝐛𝐡𝐚-𝐕𝐢𝐜𝐭𝐨𝐫𝐲 တစ်ခန်းရပ်

ဒီ ၂ ရက်အတွင်း အသိမိတ်ဆွေများနဲ့ ပူးပေါင်းပြီး 1 bedroom extra, 2 bedroom simplex , 2 bedroom vertiplex အခန်းကောင်း အလွှာကောင်းလေးတွေကို ဦးဦးဖျားဖျား ဝယ်ထားလိုက်နိုင်ပါပြီ။

လူကြိုက်များတဲ့ 2 bedroom simplex တွေကတော့ အလွှာနိမ့်တွေပဲ ကျန်ပါတော့မယ်။

1 bed , 1 bed extra simplex အခန်းတွေနဲ့ vertiplex အခန်းတွေတော့ ကျန်ပါလိမ့်ဦးမယ်။

ကျနော်တို့ ဝယ်ယူထားတဲ့ အခန်းကောင်းလေးတွေကို များမကြာခင်မှာပဲ ဈေးသက်သက်သာသာနဲ့ ပြန်လည်ရောင်းချသွားပါမယ် ခင်ဗျာ ...

အားလုံး အဆင်ပြေကြပါစေ။

https://www.facebook.com/100083279082057/posts/313569188095715/

ဘာကြောင့် 𝑨𝒔𝒑𝒊𝒓𝒆 𝑽𝒊𝒃𝒉𝒂-𝑽𝒊𝒄𝒕𝒐𝒓𝒚 ကြိုပွိုင့်ကွန်ဒိုဟာ စောစောစီးစီး 𝑯𝒐𝒕 ဖြစ်သွားရတာလဲ ???

# နာမည်ကြီး Victory Monument ၊ Airport Rail Link Phayathai အနီး၊ Din Daeng District ထဲမှာ တည်ရှိပါတယ်။

# အဲ့ဒီ ပတ်ဝန်းကျင်ရှိ တခြားကွန်ဒိုတွေနဲ့ ယှဉ်ရင် သူ့ အဖွင့်ဈေးက တော်တော်ကို သက်သာပါတယ်။ ထိုင်းနိုင်ငံသားဆို Average Price 98,000 baht/ sqm နဲ့ စတယ်။ နိုင်ငံခြားသားဆို Average Price 115,000-120,000 baht/ sqm နဲ့ စပါတယ်။

# စောစောစီးစီး ဝယ်ယူသူ VIP တွေအတွက် အခန်းများများယူရင် % များများ ထပ်လျော့ပေးပါတယ်။

# အခန်းဖွဲ့စည်ပုံတွေ ကောင်းတယ်။ Vertiplex ဆို အပေါ်ထပ်မှာ အိမ်သာ (Powder Room) ပါ ပါဝင်လာပါတယ်။

# Victory Monument ပတ်ဝန်းကျင်က စည်ကားပါတယ်။ 1.2 km ဝေးတာကြောင့် မိနစ် ၂၀ လောက်တော့ လမ်းလျှောက်ရပါမယ် (ကျနော် သိပ်မကြိုက်တဲ့ အချက်)။ Pratunam နဲ့ 2 km ‌လောက်ပဲ ဝေးပါတယ်။ လမ်းလျှောက်မရပေမယ့် Motorcycle Taxi စီးရင် ၅ မိနစ် လောက်ပါပဲ။

# Victory Monument BTS က‌နေ အပေါ််ဘက်ကို စီးရင် ၂ ဘူတာဆို Ari ၊ ၅ ဘူတာဆို Chatuchak ၊ ၆ ဘူတာဆို Central Ladprao ရောက်ပြီ။ အောက်ဘက်ကို စီးရင် ၁ ဘူတာဆို Phayathai ၊ ၃ ဘူတာဆို Siam ရောက်ပါပြီ။

# RBIS International School ၊ Mahidol University နဲ့ လမ်းလျှောက်ရုံ အကွာအဝေးမှာပဲ ရှိပါတယ်။

# EIA Approval ရပြီးပြီလို့ ပြောပါတယ်။

ကျနော် မကြိုက်တဲ့ BTS နဲ့ နည်းနည်းလှမ်းတာ၊ အခြား အသေးအဖွဲအချက်တချို့ ရှိပေမယ့် ကြိုက်တဲ့သူတွေကျတော့လည်း မြို့ထဲဖြစ်တာ၊ CBD နဲ့ နီးတာ၊ ဘာဖြစ်တာ ညာဖြစ်တာ ဆိုပြီး ကြံဖန်ကြိုက် ကြံဖန်ဝယ်သွားကြတာပါပဲ။

ဝယ်လွန်းလို့ Simplex 2 Bedroom (၁၅ ထပ်နဲ့ အထက်) ၊ Vertiplex 2 Bedroom (၂၂ ထပ်နဲ့ အထက်) အားလုံးနီးပါးကို booking လုပ်သွားကြပါပြီ။

ကိုယ်တွေတောင် ကံကောင်းလို့ 2 bedroom အခန်းလေးတွေ ၃-၄ ခန်း ဦးထားခွင့် ရလိုက်ပါတယ်။

1 Bed နဲ့ 1 Bed Extra အခန်းလေးတွေ အလွှာကောင်းတွေမှာ ကျန်နိုင်ပါသေးတယ်။ စုဝယ်ရင် Discount များများ ရတာမို့ စိတ်ဝင်စားရင် ဦးထားချင်ရင် ကျနော်နဲ့ အတူ လိုက်ပါဝယ်ယူနိုင်ပါတယ်။ CB မှာ ဆက်သွယ်နိုင်ပါတယ်။ Comment မှာ ဘာမှ မဖြေပေးပါ။

ကျနော့်ဆီက အခန်းဝယ်ယူဖူးသော Old Customer များ ဦးစားပေး ဖြစ်ပါတယ်။ ကျနော့် အသိမိတ်ဆွေများ ဦးစားပေး ဖြစ်ပါတယ်။

မသိကျွမ်းသေးသူများအတွက်တော့ ... အကောင့်စစ် ဖြစ်ရပါမယ်။ နာမည်အရင်းနဲ့ ဖုန်းနံပါတ် ပေးရပါမယ်။ Passport Copy ပေးရပါမယ်။ ဘယ်အခန်းလေးတွေ ကျန်တယ်၊ Budget နဲ့ ချိန်ပြီး ဘယ်အခန်းလေးတွေ ယူသင့်တယ် ဆိုတာ အတူတူ တိုင်ပင်ဆွေး‌နွေးကြပါမယ်။ တကယ် Serious ဖြစ်သူများသာ .... မဟုတ်ရင် အချိန်ကုန်ပါတယ်၊ အချိန်ကုန်ရင် အခန်းတွေ ထပ်ပါသွားပါမယ် 😁

စာကြွင်း -

စကားမစပ် ...
အရင်ကဆို Life Asoke Rama 9 , Ideo New Rama 9 , Nue District R9 , Aspire Onnut , Aspire Sukhumvit Rama 4 , Kave Town ...

အခုဆို Via Ari , Aspire Vibha-Victory ... အစရှိတဲ့ မြန်မြန် Sold Out ဖြစ်သွားတဲ့ ပရောဂျက်တွေနဲ့ ပတ်သက်လို့ သင်ခန်းစာကောင်းကောင်း ရလိုက်ပါတယ်။

The right project , the right location , the right price ဆိုရင် (အရာအားလုံး အံဂွင်ဝင်ကျဖြစ်နေရင်) ဘယ်သူ ဘာပြောပြော .... လူတွေကြား ရေပန်းစားပြီး အံ့ဩရလောက်အောင် မြန်မြန်ဆန်ဆန် ရောင်းကုန်သွားကြတာပါပဲ။ ကိုယ့်ဘက်က အဲ့သလို the right project မျိုးကို သိဖို့နဲ့ the right time မှာ the right decision ချနိုင်ဖို့ပဲ လိုတာပါ။

အပြောသာလွယ်တာ ၊ ကိုယ်တောင် တကယ်တမ်းကျ ရဲရဲတင်းတင်း ဝယ်ရဲခဲ့တာ မဟုတ် 😁

အားလုံး အဆင်ပြေကြပါစေ ခင်ဗျာ ...

Videos (show all)

နှစ်သစ်ကူးညလို Festival တွေမှာ မီးရှူးမီးပန်း ဖောက်တာကို ကိုယ့် ဧည့်ခန်း၊ အိပ်ခန်းထဲကနေ  ...ကိုယ့် ကွန်ဒိုရဲ့ Rooftop Lo...
Khao Yai မှာ နေကြာပန်းတွေ ပွင့်နေပါပြီ

Website