The Pages of Burma

The Pages of Burma

This Page is writing about Business Contents and Knowledge Sharing Articles.

Photos from The Pages of Burma's post 04/06/2023

Facebook အ​ကြောင်းလေး​တွေ သိသ​လောက် ပြန်လည်မျှ​ဝေလိုက်ပါတယ်ခင်ဗျာ။

31/05/2023

"မိန်းမတစ်ယောက်ကို အ​ကောင်းဆုံးကာကွယ်​ပေးနိုင်တာက
သူမကိုယ်တိုင်ရှာတဲ့ ပိုက်ဆံပဲ"

-Clare Boothe Luce

Photos from The Pages of Burma's post 13/05/2023

အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေး​တွေကိုလည်း ဘေးလွတ်ရာ​ကို အတတ်နိုင်ဆုံးခေါ်သွား​ပေးပါခင်ဗျာ။မ​ခေါ်နိုင်ခဲ့ရင်​တောင် ချည်​နှောင်ထားတာမျိုး မလုပ်ပါနဲ့။​အားလုံးတူတူ​ကျော်ဖြတ်ကြမယ်ဗျာ။💚🍀

"After a hurricane comes a rainbow"

27/04/2023

တနေ့မင်းရောကိုယ်ရော သေဆုံးကြရမှာပဲ။​ဒါပေမဲ့ တတ်နိုင်သလောက် တိုင်းပြည်အပေါ် တာဝန်ကျေပွန်ခဲ့ရင်၊လူသားဆန်ဆန် အကောင်းဆုံးနေထိုင်ခဲ့ရင် လူတွေကမင်းကို ချီးကျူးလိမ့်မယ်။ ဂုဏ်ယူကြလိမ့်မယ်။
သေခြင်းတရားဆိုတာ ကိုယ်တို့ဆီဘယ်လိုလာမှာလဲမသိနိုင်ဘူးလေ။မြန်မြန်ပြေးလာမှာလား?အဖိုးကြီးတယောက်လမ်းသွားသလို ​ ဖြေးဖြေးချင်းလာမှာလားဆိုတာကို ???သေချာတာတစ်ခုကတော့ တနေ့ မင်းသေကို​ သေဆုံးရမှာ။ဒါပေမဲ့ အရေးကြီးတာက မင်းမ​သေခင် ဘာ​တွေလုပ်ခဲ့လဲဆိုတာပဲ။ ..............

[ကျွန်​တော် အကြိုက်ဆုံးကဗျာ​တွေထဲကတစ်ပုဒ်ဖြစ်တဲ့ Edmund Vance Cooke ရဲ့ How did you die ကဗျာမှ ရေးသားချက်အနည်းငယ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။အမှားတစ်စုံတစ်ရာ ပါဝင်ခဲ့ပါက ဘာသာပြန်သူ တစ်ဦးတည်း၏ အမှားသာ ဖြစ်ကြောင်း]

26/04/2023

Brand တစ်ခုတည်​ဆောက်တယ်ဆိုတာ က​လေးတစ်​ယောက်ကို ပြုစုပျိုးထောင်ရသလိုပါပဲ"

ဒီ​နေ့sharing လုပ်​ပေးမှာက​တော့ Brand Association အ​ကြောင်းဖြစ်ပါတယ်။Brand Association ဆိုတာက​တော့ brandတစ်ခုနာမည်​ပြောလိုက်တာနဲ့ customer စိတ်ထဲမှာသွားမြင်တဲ့အရာ ဒါမှမဟုတ် မင်းသားတစ်​ယောက်ဖြစ်ဖြစ် ပစ္စည်းတစ်ခုခုအကြောင်းဖြစ်ဖြစ်ပြောလိုက်တာနဲ့ သူနဲ့အတူတွဲမြင်လာတဲ့ အရာကို ပြောတာပါ။အရှင်းဆုံး ပြောရရင် brandနဲ့ပတ်သတ်​နေတဲ့ အရာ​တွေပါပဲ။Brand Associationက အ​ရေးကြီးတဲ့concept တစ်ခုပါ။ဘာလို့လဲဆိုတော့ customer က သင်နဲ့ သင့်ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ထုတ်ကုန် ဘယ်ဟာကို​ရွေးချယ်ဝယ်ယူမလဲဆုံးဖြတ်တဲ့အခါ Brand Association ကိုထည့်သွင်းစဥ်းစားကြလို့ပါပဲ။

Brand Association မှာ တစ်​ယောက်နဲ့တစ်​ယောက် အ​​ခြေခံထားတာချင်း မတူကြပါဘူး။အဲ့ထဲကမှ လူသိအများဆုံး ပုံစံ၃ မျိုးကို​ဖော်ပြ​ပေးလိုက်ပါတယ်။

(1)Celebrity based Brand Association

လူသိအများဆုံးနဲ့ အ​ အောင်မြင်ဆုံး ပုံစံပါ။Brandရဲ့ ပုံရိပ်က ကိုယ်ခန့်ထားတဲ့ Celebrity အ​ပေါ်အ​ ခြေခံနေတာမျိုးပါ။(ဥပမာ​- Brand အတွက် brand ambassador ခန့်တာမျိုး၊ပင်တိုင် ကြော်ငြာမော်ဒယ်ခန့်ထားတာမျိုးပါ။)တော်​တော်များများက အနုပညာရှင်တစ်​ယောက် နာမည်​ပြောလိုက်တာနဲ့ သူနဲ့ဆက်စပ်​နေတဲ့Brand တွေကို သွားမြင်တတ်ကြပါတယ်။အဲ့ဒါCelebrity based Brand Association ပါပဲ။ဒီပုံစံမျိုးသွားမယ်ဆို company တွေက သူ့Brand အတွက် အနုပညာရှင်ရွေးမယ်ဆိုရင်​သေချာစိစစ်သင့်ပါတယ်။
ကိုယ်​ရွေးလိုက်တဲ့ အနုပညာရှင်ကြောင့် ကိုယ့်brandပုံရိပ်မြင့်နိုင်သလို၊ကျလည်းကျဆင်းသွားနိုင်ပါတယ်။ဒါ​ကြောင့် တောင်ကိုရီးယားလို နိုင်ငံတွေမှာ ကိုယ့်brandနဲ့လက်တွဲထားတဲ့အနုပညာရှင်က မ​ကောင်းတဲ့သတင်းတစ်ခုခု ထွက်ပြီဆိုတာနဲ့ လက်တွဲဖြုတ်ပစ်ကြတာပါ။

(2)Founder based Brand Association

Brandရဲ့ပုံရိပ်က တည်​ထောင်သူ/ပိုင်ရှင်အ​ပေါ် အ​​ခြေခံ​နေတာမျိုးပါ။Apple လို့​ပြောတာနဲ့ Steve Jobs ၊Facebook ဆိုတာနဲ့ Mark Zuckerberg (ဇူဇူ)ကို မြင်ကြသလို​ပေါ့။Customerတွေက ပစ္စည်းချင်းစီ အရည်အ​သွေး စျေးနှုန်းချင်းတူ​နေတယ်ဆိုရင် ဘယ်သူထုတ်တာလဲ၊ဘယ်သူ့brandလဲ ဆိုပြီး​ကြည့်လာတတ်ကြပါတယ်။
တည်​ထောင်သူကို ယုံကြည်လို့ သ​ဘောကျလို့ ဝယ်သွားတာမျိုးရှိသလို၊ တည်​ထောင်သူကို မယုံကြည်လို့ဆိုပြီး မဝယ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ကမ္ဘာ​​ ကျော်Founder based Brand Association တွေထဲက အနည်းငယ် ဖော်ပြ​ပေးချင်ပါတယ်။
Microsoft__Bill Gate & Paul Aller
Amazon__Jeff Bezos
Walt Disney Company__Walt and Roy Disney
Space X__ Elon Musk

(3)Word/Tagline based Brand Association

Brandကို ကြော်ငြာတဲ့​နေရာမှာ သုံးတဲ့စကားလုံးက Brand ပုံရိပ်ကိုအ​ခြေခံထားတာမျိုးပါ။word based brand association​ တွေက လက်ရှိ​​ရေပန်းစား​နေတဲ့ စကားလုံးမျိုး ပါးစပ်ထဲစွဲ​နေမယ့်စကားလုံးမျိုးကို ရွေးချယ်ဖို့လိုပါတယ်။ဒီ​နေရာမှာ ပြောချင်တာ​လေးတစ်ခုက အခုဆို မြန်မာနိုင်ငံကလုပ်ငန်းတစ်ချို့က ကြော်ငြာအတွက် ဆောင်ပုဒ်ရေးတာမျိုး Taglineရေးတာမျိုးဆို ပါးစပ်ထဲစွဲ​နေရင်ပြီးတာပဲဆိုပြီး ညစ်ညမ်းစကားလုံး​တွေ အပြုသ​ဘော မ​ဆောင်တဲ့ စကားလုံးတွေကို သုံးလာကြတာ​တွေ့ပါတယ်။ဒါ​တွေက လက်ရှိ​တော့ လူသိသွားမှာ မှန်​ပေမယ့် brandပုံရိပ်ကိုကျဆင်း​စေနိုင်ပါတယ်။ပြီး​တော့ ကိုယ့်brandကို အ​ပေါစားဆန်​​စေပါတယ်။ဒါ​ကြောင့် လုပ်ငန်းရှင်​များက ကြော်ငြာတဲ့နေရာမှာ content teamကို သေချာစီစစ်သင့်ပါတယ်။
ကျွန်တော် အကြိုက်ဆုံး word based တစ်ခုဆိုရင်​တော့ Nikeရဲ့ tagline ဖြစ်တဲ့ Just Do it ပါပဲ။နာမည်အကြီးဆုံးword based​ ​ တွေထဲကတစ်ခုဆိုလည်း မှန်ပါတယ်။နာမည်ကြီး tagline​တွေနဲ့သူတို့ရဲ့ brand​တွေကို ဖော်ပြ​ပေးချင်ပါတယ်။
Samsaung : Do what you can't
Disneyland : The happiest place on earth
BMW : The ultimate driving machine
Capital One : What's in your wallet?

Brand Association က Customerကို အလွှမ်းမိုးနိုင်ဆုံးconcept ဖြစ်တာ​​ကြောင့် Brand တစ်ခုတည်​ဆောက်မယ်ဆိုရင် မပါမဖြစ်ထည့်သွင်းစဥ်းစားရမှာပါ။Brandတစ်ခု ဖြစ်လာရုံနဲ့ မရပ်ထားဘဲ positive association ဖြစ်လာ​အောင် တည်​ဆောက်သင့်ပါတယ်။

Refrence list ~~(1) Principles of Marketing by Philip Kotler and Gary Armstrong
(2) https://www.widen.com/blog/brand-association

[ကျွန်တော် သိသ​လောက် Knowledgeကို ပြန် share တဲ့အတွက် အမှားတစ်စုံတစ်ရာပါရှိပါက အကြံပြုနိုင်ပါတယ်ခင်ဗျာ]

19/08/2022

မင်းဘယ်လိုသေခဲ့တာလဲ
~~~~~~~~~~~~~~~~~~~~

ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေကို ကြံ့ကြံ့ခံတော်လှန် ရင်ဆိုင်ခဲ့လား?ဒါမှမဟုတ် သတ္တိမဲ့တဲ့ဝိညာဥ်တကောင်လို ကြောက်ဒူးတုန်ပြီး မျက်နှာလွှဲခဲပစ် လုပ်ဖူးလား။
ဘယ်လောက်သေးတဲ့ဒုက္ခဖြစ်ဖြစ်၊ကြီးမားတဲ့ ဒုက္ခဖြစ်ဖြစ်၊ မင်းဘယ်လိုတုံ့ပြန်လဲဆိုတာပဲ အဓိကကျတာပါ။
အသက်ရှင်စဥ်က မင်းဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ခဲ့လဲ။ ။

တခါတလေ မင်းကို လောကဓံကပစ်လဲသွားအောင် ရိုက်ချခံရဖူးတယ်မလား။
အဆင်ပြေလား အဲ့တော့... အပြုံးမပျက်ဘဲ ပြန်ထလိုက်ပေါ့။လူတိုင်းရှုံးနိမ့်ဖူးတာမို့လို့ ရှက်စရာမဟုတ်ပေမယ့် အဲ့နေရာမှာပဲအရှုံးပေးလိုက်မယ်ဆိုရင်တော့ ဒါက လေးစားစရာမကောင်းတော့ဘူး။
မင်းကို ဝိုင်းပြီးချိုးနှိမ်လေလေ၊မင်းက ပိုပြီးအောင်မြင်လေလေပဲ။ဘဝခရီးတလျှောက် နာကျင်ခဲ့ရတဲ့ မျက်ဝန်းနက်တစ်စုံအတွက် ဂုဏ်ယူလိုက်ပါ။
ဒီမျက်ဝန်းတစ်စုံက မင်းဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဘဝကို ဖြတ်သန်းခဲ့တယ်ဆိုတာရဲ့ သက်သေပဲ။

တနေ့ မင်းရောငါရော သေဆုံးကြမှာပဲ။​ဒါပေမဲ့ မင်းတတ်နိုင်သလောက် တိုင်းပြည်အပေါ် တာဝန်ကျေပွန်ခဲ့ရင်၊လူသားဆန်ဆန် အကောင်းဆုံးနေထိုင်ခဲ့ရင် လူတွေကမင်းကို ချီးကျူးလိမ့်မယ်။ ဂုဏ်ယူကြလိမ့်မယ်။
သေခြင်းတရားဆိုတာ ကိုယ့်ဆီဘယ်လိုလာမှာလဲမသိဘူးလေ။မြန်မြန်ပြေးလာမှာလား?အဖိုးကြီးတယောက်လမ်းသွားသလို လာမှာလားဆိုတာ???သေချာတာကတော့ တနေ့ မင်းသေဆုံးရမယ်ဆိုတာပဲ။ဒါပေမဲ့ အရေးကြီးတာက
မင်းဘယ်လို သေဆုံးခဲ့တာလဲဆိုတာ..............

[Edmund Vance Cooke ရဲ့ How did you die ကဗျာကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။အမှားတစ်စုံတစ်ရာ ပါဝင်ခဲ့ပါက ဘာသာပြန်သူ တစ်ဦးတည်း၏ အမှားသာ ဖြစ်ကြောင်း]

16/08/2022

ကိစ္စလေး တစ်ခုကြောင့် ဒီတစ်ပတ် "စကားပြောဖော်" program ကို နားပါမယ်ခင်ဗျာ။ နောက်အပတ်တွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော်။

09/08/2022

"စကားပြောဖော်" Program ရဲ့ ဒီညအတွက် Zoom Link လေးပါဗျာ

The Pages of Burma is inviting you to a scheduled Zoom meeting.

Join Zoom Meeting
https://us05web.zoom.us/j/3558009791?pwd=SXBlbC9yNkswQ2N3ckVaU3dsZEpTdz09

Meeting ID: 355 800 9791
Passcode: pages

Join our Cloud HD Video Meeting Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution used around the world in board, confer...

09/08/2022

"စကားပြောဖော်" Program ရဲ့ Second Week လေးမှာ ဘာအကြောင်းတွေပြောကြမလဲ?💁

ဒီအစီအစဥ်လေးရဲ့ ရည်ရွယ်ချက်အတိုင်း လက်ရှိခံစားနေရတာတွေ၊ ကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ဘယ်သူ့ကိုမှ ပြောပြလို့မရဘဲ မြိုသိပ်နေရတာတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်ဖို့အတွက် စီစဥ်ထားပါတယ်ဗျာ။

ဘယ်လိုမျိုးလဲဆိုတော့ Zoom meeting ထဲကိုမဝင်ခင်မှာ Fake name ပြောင်းထားဖို့နဲ့ Zoom meeting ထဲကျရင်လဲ Camera လေး off ထားကြဖို့ပါ။ ရင်ဖွင့်တဲ့နေရာမှာလဲ Breakout room မှာ နှစ်ယောက်ပဲ ရှိမှာဖြစ်တဲ့အတွက် စိတ်လုံခြုံမှုပိုရတာပေါ့ဗျာ။

စိတ်ရဲ့မွန်းကြပ်မှုတွေကို သက်သာစေဖို့ အလိုအပ်ဆုံးက စကားပြောဖော် တစ်ယောက်ပါပဲ။ ဒီ Programကို စိတ်ဝင်စားရင်တော့ ဒီနေ့ည 8:00 pm မှာ လာjoin လို့ ရပါတယ်ဗျာ။

Zoom Meeting Link ကို ညနေ 6:00 pm မှာ တင်ပေးပါမယ်ဗျာ။

#စကားပြောဖော်

02/08/2022

ဒီနေ့ Program လေးကို စိတ်ဝင်တစားနဲ့ ပါဝင်ပေးခဲ့ကြတဲ့သူ အကုန်လုံးကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

နောက်ဆုံးပိုင်းလေးမှာ
နောက်တစ်ပတ်အတွက် ရည်းစားဟောင်းကို ဆဲကြမယ်၊ crush က ငြင်းတဲ့အကြောင်းတွေရင်ဖွင့်မယ်၊ စသဖြင့် topic လေးတွေကို အကြံပေးသွားတဲ့အတွက်လည်း အထူးအထူးကိုကျေးဇူးတင်ပါတယ်ရှင်။😂

နောက်အပတ်မှာဘယ်လို Topic လေးတွေ ရင်ဖွင့်ကြမလဲဆိုတာသိရအောင် Page လေးကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

Stay tuned !

Admin tiny- ကျွန်တော့်အနေနဲ့ကတော့ အသည်းကွဲတဲ့အကြောင်းတွေ ပြောချင်ပါတယ်လို့။


#စကားပြောဖော်

02/08/2022

"စကားပြောဖော်"🌟🙆
ဒီည ၈ နာရီမှာ စမယ့် "စကားပြောဖော်" အစီအစဥ်ရဲ့ zoom link လေးပါ။
ည ၈နာရီမှာတွေ့ကြမယ်နော်။
အပြန်အလှန် ရင်ဖွင့်ကြမယ်ဗျာ။
ကျွန်တော်တို့ TPB ရဲ့ Admin Team ရှိနေပါမယ်ခင်ဗျာ။
https://us05web.zoom.us/j/88032113371?pwd=MGx2STgzcWZNcDRRYkdSTFNHaWt3QT09
Meeting ID: 880 3211 3371
Passcode: pages

Join our Cloud HD Video Meeting Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution used around the world in board, confer...

01/08/2022

"စကားပြောဖော်"🌟

စကားပြောဖော် အစီအစဥ်လေးရဲ့ first week မှာ ဘာအကြောင်းအရာတွေရင်ဖွင့်ကြမလဲ?

ဒီတစ်ပတ်မှာတော့
"လက်ရှိလူငယ်တွေကြုံတွေ့နေရတဲ့ အခက်အခဲတွေ" ကို ရင်ဖွင့်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အခက်အခဲဆိုတဲ့နေရာမှာ

- ပညာရေး အခက်အခဲ

- မိသားစု အခက်အခဲ

- ကျန်းမာရေးအခက်အခဲ မျိုးစုံရှိကြမှာပါ။

ကိုယ်အရမ်းစိတ်ပင်ပန်းနေရတာတွေ၊ စိတ်မလုံခြုံခံစားနေရတာတွေ၊ အများကြီးကြိုးစားခဲ့ပြီးမှ လက်လွှတ်အရှုံးပေးချင်နေလောက်အောင်ထိ မွန်းကြပ်နေရတာတွေ အားလုံးကို အပြန်အလှန်ရင်ဖွင့်ကြမယ်၊ ဖေးမကြမယ်ဗျာ။

ကိုယ့်ရဲ့ နာကျင်မှုတွေကို အော်ဟစ်ပစ်ချင်တာဘဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အရှုံးတွေကို ကျိန်ဆဲပစ်ချင်တာဘဲဖြစ်ဖြစ်၊
တခြားသူတွေရဲ့ နာကျင်မှုတွေကို ဖေးမချင်တာဘဲဖြစ်ဖြစ် ကျွန်တော်တို့ စကားပြောဖော် program ကနေကြိုဆိုပါတယ်ခင်ဗျာ။

Program- စကားပြောဖော်
Topic - လူငယ်တွေရင်ဆိုင်နေရတဲ့ အခက်အခဲများ
Date - 02.08.2022 (Tuesday)
Time - 8:00 pm

Join ရမယ့် zoom meeting link ကို မနက်ဖြန် ညနေ ၆ နာရီမှာ TPB page မှာ တင်ပေးထားပါမယ်ခင်ဗျာ။

"စကားပြောဖော်" အစီအစဥ်အကြောင်းအသေးစိတ်
နှင့် ဝင်ရောက်ဆွေးနွေးသူများလိုက်နာရမယ့် စည်းမျဥ်းတစ်ချိို့ကို အောက်က Link လေးမှာဝင်ဖတ်ပေးဖို့အကြံပြုပါတယ်ခင်ဗျာ။🙆‍♂️❤️

🔆စကားပြောဖော်အစီအစဥ်အကြောင်း အသေးစိတ်
https://www.facebook.com/112224377900671/posts/187780347011740/

🔆စကားပြောဖော်အစီအစဥ်ဖြစ်ပေါ်လာပုံ
https://www.facebook.com/112224377900671/posts/187712803685161/


#စကားပြောဖော်

25/07/2022

ဒီနေ့ဖြစ်သွားတဲ့ ကိစ္စကို အားလုံးလည်း သိပြီးလောက်ပြီလို့ ထင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ “စကားပြောဖော်” program ကို ဒီအပတ် ‌ခေတ္တရပ်နားထားပါတယ်။

22/07/2022

"စကားပြောဖော်"
ကျွန်တော်တို့ TPB ကနေ အစီစဥ်သစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ

ဒါကတော့ " စကားပြောဖော်" ဆိုတဲ့ အစီအစဥ်လေးဘဲဖြစ်ပါတယ်

ဒီအစီအစဥ်လေးကတော့ရိုးရှင်းပါတယ်

အပတ်စဥ် အင်္ဂါနေ့တိုင်းမှာ ကျွန်တော်တို့ The Pages of Burma ကနေ ZOOM meeting တစ်ခုကို host လုပ်ပေးမှာဖြစ်ပါတယ်။

Meeting မှာ ကျွန်တော်တို့ လူငယ်အများစုရင်ဆိုင်နေရတဲ့ ပညာရေး၊ လူမှုရေး၊ မိသားစုရေး အခက်အခဲများကို တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်ဆွေးနွေးတဲ့ပုံစံမျိုးနဲ့သွားမှာဖြစ်ပါတယ်။

အပတ်စဥ်တိုင်းမှာ မတူညီတဲ့ topic တွေရှိနေမှာပါ

ဥပမာ- မိဘနဲ့ သားသမီးကြားက ပဋိပက္ခများ စသဖြင့် မတူညီတဲ့ topic တွေကိုဆွေးနွေးကြပါမယ်

ဒါပေမယ့်အမှား အမှန်၊ အနိုင်အရှုံးမရှိ အကဲဖြတ်မယ့်သူမရှိ ကိုယ်ကြုံတွေ့နေရတဲ့ အခြေအနေတွေ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ရမယ့် စကားပြောခန်းလေးဖြစ်ပါတယ်ခင်ဗျာ

"ရည်ရွယ်ချက်"

- အဖက်ဖက်က ဖိစီးနေတဲ့ အခြေအနေမှာ စိတ်ထွက်ပေါက်တစ်ခုအဖြစ် မိမိရဲ့ အခက်အခဲများကို တခြားသောသူများနှင့်ရင်ဖွင့်ဆွေးနွေးနိုင်ရန်၊

- မတူညီသော အမြင်ရှိသူများဖြင့် ဆွေးနွေးခြင်းဖြင့် ကိစ္စရပ်တစ်ခုအား ရှုထောင့်ပေါင်းစုံမှ ရှူမြင်နိုင်ရန်၊

- တစ်ယောက်နှင့်တစ်ယောက် အမြင်ခြင်းဖလှယ်နိုင်ရန်၊

သင်ရဲ့ခံစားချက်တွေကို နားထောင်ပေးမယ့်သူတစ်ယောက်လိုနေတယ်၊ သင်ဟာ စကားပြောရတာကိိုနှစ်သက်တယ်၊ ဒါမှမဟုတ် တခြားသူတွေရဲ့အမြင်တွေကို နားထောင်ရတာနှစ်သက်တယ်ဆိုရင်တော့ ဒီ အစီအစဥ်လေးက သင့်အတွက်ပဲဖြစ်ပါတယ်

ကျွန်တော်တို့အနေနဲ့ ဒီအစီအစဥ်ကို အကောင်အထည်ဖော်တဲ့ အခါမှာ ခေတ်ကာလ အခြေအနေအရရော၊ ရင်းနှီးနွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့အတွက် တစ်ချို့
စည်းမျဥ်းစည်းကမ်းလေးတွေ ချမှတ်ထားပါတယ်ခင်ဗျာ

- စကားပြောရာတွင်တစ်ဦးနှင့်တစ်ဦးလေးစားမှုရှိရန်၊

- နားထောင်တတ်သူတစ်ယောက်ဖြစ်ရန်၊

- camera ပိတ်ထားပေးရန်၊ fake name ကိုသာသုံးရန် (ကျွန်တော်တို့အနေနဲ့လည်း ဘယ်လို privacy အချက်အလက်မျိုးကိုမှကောက်ခံမှာမဟုတ်ပါဘူးခင်ဗျာ)

နောက်တစ်ပတ်အတွက် ဘယ်အကြောင်းအရာလေးဆွေးနွေးကြမလဲဆိုတာကိုတော့ တနင်္လာနေ့ ည ၇ နာရီမှာPage မှာတင်ပေးပါမယ်ခင်ဗျာ။
အားလုံး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ပါစေဗျ။


#စကားပြောဖော်

22/07/2022

"ကျွန်တော်တို့လိုအပ်တာက နားထောင်ပေးမယ့်သူတစ်ယောက်လောက်ပါဘဲ"
လွန်ခဲ့တဲ့သုံးရက်လောက်က ကျွန်တော်ဟာ ဘာဆိုဘာမှ မလုပ်နိုင်လောက်အောင်ဖြစ်နေခဲ့ပါတယ်။ အဖက်ဖက်က ဖိစီးမှုတွေရယ်၊ ကြိုးစားသလောက် အရာမထင်ခဲ့တဲ့ အရာတွေရယ်၊ မိသားစုပြဿနာတွေရယ် အားလုံးလာစုံတဲ့အခါ အသက်ရှူရတာတောင် တော်တော်ခက်ခဲခဲ့ပါတယ်။
တစ်ရက်လုံးနီးပါး ဘယ်သူနဲ့မှလည်းစကားမပြောနိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ပြဿနာကို ကျွန်တော်ကိုယ်တိုင်နားမလည်တော့တဲ့ အခြေအနေကိုရောက်နေခဲ့တာ။ ဖြေရှင်းဖို့လမ်းစလည်းရှာမတွေ့ခဲ့ဘူး။ လုပ်စရာရှိသမျှအရာတွေအားလုံးကိုနောက်ကိုရွှေ့လိုက်ပြီး စိတ်ဓာတ်တွေဘဲကျနေခဲ့တယ်။
ဖြစ်ချင်တော့ အဲ့နေ့မှာ မဖြစ်မနေလုပ်ရမယ့် meeting တစ်ခုက ရှိနေခဲ့တယ်ဗျာ။ ဘယ်လိုမှရွှေ့လို့မရတဲ့အဆုံး တစ်နေကုန်မအားလို့ပါလို့အကြောင်းပြပြီး ည ၁၀ နာရီအထိအချိန်ဆွဲနေလိုက်တယ်။ တကယ် meeting လည်းစရော ကျွန်တော်တို့လုပ်မယ့် project တွေအကြောင်းပြောဖို့ကို စိတ်ကစုစည်းမရဘူး။ ဒီလိုနဲ့ ကျွန်တော်တို့အားလုံး meeting ကို ခဏရပ်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း တစ်ယောက်နဲ့ တစ်ယောက်ပြောဖြစ်ကြတယ်။ ကျွန်တော်အစက ငါဖြေရှင်းဖို့လိုနေပြီ ဒီအခက်အခဲတွေကနေဘယ်လိုလွတ်အောင်လုပ်ရမလဲ နည်းလမ်းလိုနေပြီ လို့ထင်ခဲ့တာ။ ဒါပေမယ့် တခြားအဖွဲ့ဝင်တွေနဲ့စကားပြောလိုက်တဲ့အခါမှာ ကျွန်တော်လိုနေတာ နားထောင်ပေးမယ့်သူ၊ ကိုယ့်ရဲ့ ပြဿနာတွေကို နားလည်နိုင်တဲ့သူဆိုတာ သိလိုက်ရတယ်။ နာရီဝက်လောက်လည်း စကားပြောပြီးရော ကျွန်တော့်စိတ်တွေ ပေါ့ပါးလာတယ်။ ပုံမှန်ပြန်ဖြစ်လာတယ်။ ရှေ့ဆက်ဖို့အတွက်အားပြန်ရလာတယ်။
တစ်ချို့အချိန်တွေမှာ ကျွန်တော်တို့ဟာ အကြံပေးမယ့်သူတွေ၊ လမ်းညွှန်မယ့်သူတွေ၊ အမှားအမှန် ဝေဖန်ပိုင်းခြားပြမယ့်သူတွေ လိုနေတာမဟုတ်ဘူး။ နားထောင်ပေးမယ့်သူတစ်ယောက်လောက်ပဲလိုအပ်တာပါ။ စကားပြောဖော်လိုနေတာပါ။ ကျွန်တော်တို့ပြောသမျှကိုနားထောင်ပြီး စကားတစ်ခွန်းစီတိုင်းကို "ဒါတော့မဖြစ်သင့်ဘူး၊ ဘယ်လိုလုပ်လိုက်ပါလား၊ မင်းကတုံးအတာကို" စသည်ဖြင့် ဝေဖန်မယ့်သူတွေမလိုပါဘူး။ ကျွန်တော်တို့မှာ ကျွန်တော်တို့ ဆုပ်ကိုင်ထားပြီးသား အမှန်တရားရှိနေပြီးသားမလား။
အခုလို ခက်ခဲနေတဲ့ကာလကြီးမှာ လူတိုင်းမှာ စိတ်ဖိစီးမှုတွေရှိနေမှာဘဲ။ နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုမှာရှိနေတဲ့သူတွေအဖို့ သိပ်ပြဿနာမရှိပေမယ့်၊ တစ်ယောက်တည်းရုန်းကန်ရတဲ့အခါမှာ တစ်ခါတစ်လေ သိပ်ကိုမွန်းကြပ်ပြီး နာကျင်ရပါတယ်။
ဒီလို ဒီလိုခက်ခဲတဲ့အချိန်တွေအတွက်
ကျွန်တော်တို့က "စကားပြောဖော်" ဆိုတဲ့ အစီအစဥ်လေးကို အကောင်အထည်ဖော်ဖို့ အကြံရခဲ့တယ်။
ကျွန်တော်တို့ အပတ်စဥ် တစ်ယောက်နဲ့တစ်ယောက်စကားပြောဖို့ နေရာလေးတစ်ခုဖန်တီးပေးမှာဖြစ်ပါတယ်။ ဒီ အစီအစဥ်လေးရဲ့ Detail ကို မကြာခင်မှာ launch လုပ်သွားပေးမှာ ဖြစ်ပါတယ်ဗျာ။ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ Page လေးကို စောင့်ကြည့်ပေးပါဦးခင်ဗျာ💛


#စကားပြောဖော်

17/04/2022

ငါတို့ အထက်တန်းတုန်းက ရာသီဥတုနဲ့ အခု ရာသီဥတု တူ‌‌ေသးရဲ့လား ?? ( ဖတ်ရန်ကြာချိန် ၃ မိနစ် )

တနေ့တခြား ပူလာတဲ့ နွေရာသီ ၊ ခေါင်လာတဲ့ မိုး ၊ ရှားလာတဲ့ရေ ရာသီဥတုဖောက်ပြန်တယ်ဆိုတာ ကမ္ဘာမြေကြီး ရင်ဆိုင်နေရတဲ့ တစ်ခုတည်းသော ပြဿနာ မဟုတ်ပါဘူး

ဒါဆိုရင် ဘယ်လို ပြဿနာတွေကို ကမ္ဘာမြေကြီး ရင်ဆိုင်နေရတာလဲ ⁉️

ဒီနေ့မှာတော့ အက်ဒ်မင်က လက်ရှိ ကမ္ဘာမြေကြီးမှာ ဖြစ်နေတဲ့ Environmental issues တွေထဲက ၄ ခုကို ပြောပြပေးသွားမှာ ဖြစ်ပါတယ် ။

-------------------------------------

1. Pollution ( ညစ်ညမ်းခြင်း)

လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပြီး ပြန်ကုစားဖို့ နှစ်ရာချီမက ကြာမြင့်ပါတယ်။ ကျောက္မီးသွေး၊ ရေနံ စတဲ့ ရုပ်ကြွင်းလောင်စာ‌ေတွအသုံးပြုမှုကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေနဲ့ စက်ရုံတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့တွေဟာ လေထုညစ်ညမ်းမှုကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

တစ်ဖက္မှာတော့ ရေနံဆီတွေ ပင်လယ်သမုဒ္ဒရာပြင်အတွင်း ယိုဖိတ်ခြင်း၊ စက်ရုံများမှ အန္တရယ်ရှိ စွန့်ပစ်ပစ္စည်း‌ေတွကို ပင်လယ်သမုဒ္ဒရာထဲသို့ တိုက်ရိုက် စွန့်ပစ်ခြင်း၊ ပလပ်စတစ်အမှိုက္များ ပင်လယ်ပြင်ထဲ စုပုံလာခြင်းနဲ့ အက်ဆစ်မိုးများ ရွာသွန်းခြင်း စတာ‌ေတွကြောင့် ရေထုဟာ ညစ်ညမ်းလာ‌ပ‌ါတယ်။ ရလဒ်အနေနဲ့ ပင်လယ်သမုဒ္ဒရာထဲ အက်ဆစ်ဓာတ်ပါဝင်နှုန်း မြင့်တက်လာပြီး ရေနေသက်ရှိတွေအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေပါတယ်။

လေထုနဲ့ ရေထုနည်းတူ မြေထုဟာလည်း စက်ရုံတွေက ထွက်လာတဲ့ အန္တရယ်ရှိ စွန့်ပစ်ပစ္စည်းတွေကြောင့် ညစ်ညမ်းလျက်ရှိပြီး စိုက်ပျိုးရေးမှာ ဓာတ်မြေဩဇာတွေ အလွန်အကျွံ အသုံးပြုလာမှုကလည်း ပြသာနာကို ပိုပြီး‌ေတာင် ဆိုးလာစေပါတယ် ။

2. Global warming ( ကမ္ဘာကြီး ပူနွေးလာမှု)

၁၉ ရာစု စက္မှုတော်လှန်ရေးဟာ ကမ္ဘာ့သမိုင်းကို တဆစ်ချိုး ပြောင်းလဲစေခဲ့သလို ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကလည်း အဲ့အချိန်ကတည်းကစပြီး သိသိသာသာ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီးရဲ့ အပူချိန်ဟာ နှစ်တစ်ရာအတွင်းမှာ နဂိုထက် 1 Degree Fahrenheit အထိ တိုးလာခဲ့ပြီး အကျိုးဆက်အနေနဲ့ ဝင်ရိုးစွန်းဒေသရှိ ရေခဲတောင်တွေဟာ တဖြေးဖြေး အရည်ပျော်ကျလာ‌ေနပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အာတိတ်စက်ဝန်းဒေသမှာ ရေခဲစိုင်တွေသိသိသာသာ လျော့နည်းလာတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒီလို ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်ကလည်း ဆယ်စုနှစ် တစ်ခုထက်တစ်ခု ပိုမြင့်တက်လာ‌ေနပြီး ပင်လယ်ကျွန်းစုနိုင်ငံတွေဟာ ရေဖုံးလွှမ်းခံရမယ့်အရေးကို ရှောင်ရှားနိုင်ဖို့ ကြိုတင် အစီအမံ‌ေတွ ပြုလုပ်လာ‌ကြပါတယ်။

ဒါ့အပြင် ရုတ်တရက်ရေကြီးခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ တောမီးလောင်ခြင်း၊ နှင်းမုန်တိုင်းများ တိုက်ခတ်ခြင်း၊ မိုးခေါင်ခြင်း နဲ့ ကန္တာရများ ဖြစ်ပေါ်လာခြင်းတို့ဟာလည်း ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အကျိုးဆက်အနေနဲ့ ဖြစ်လာတဲ့ ပုံမှန်မဟုတ်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေပဲ ဖြစ်ပါတယ်။

3. Overpopulation ( ကမ္ဘာ့လူဦးရေ အဆမတန် မြင့်တက်လာခြင်း)

လက်ရှိမှာ ကမ္ဘာ့လူဦးရေဟာ 7.9 Billions ရှိပြီး ဒီလူဦးရေအတွက် အစားအစာ၊ ရေနဲ့ လောင်စာဆီလို သဘာဝအရင်းအမြစ်တွေိကို Sustainable ဖြစ်အောင် လုပ်ပေးဖို့က ကြီးမားတဲ့ စိန်ခါ်မှုတစ်ရပ် ဖြစ်လာပါတယ်။

တစ်ဖက္မှာလည်း တိုးလာတဲ့ လူဦးရေကို လောက်ငအောင် ကျွေးနိုင်ဖို့ စိုက်ပျိုးရေးကို အဆမတန် တွန်းလုပ်တာဟာ ပြဿနာကို မဖြေရှင်းပေးနိုင်တဲ့အပြင် အနာဂတ်မှာ ပိုလို့တောင် ဆိုးလာစေတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စိုက်ပျိုး‌မွေးမြူရေးဆိုင်ရာ စည်းမျဉ်းတွေက စာအုပ်ထဲမှာပဲရှိပြီး လက်တွေ့မှာ လိုက်နာဆောင်ရွက္မှု နည်းပါး‌ေနဆဲပဲ ဖြစ်ပါတယ်။

သီးနှံတွေ အထွက်တိုးဖို့၊ ပိုးအကျနည်းဖို့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အထွက်တိုးဆေး၊ ကြီးထွားဆေး စတဲ့ ဓာတ်မြေဩဇာတွေ အလွန်အကျွံသုံးစွဲလာခြင်းက မြေထုကို ညစ်ညမ်းစေပြီး အသုံးပြုမှု နည်းစနစ်တွေ မမှန်တဲ့အခါ စားသုံးသူလူထုရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာ‌‌ေနပါတယ်။

4. Loss of biodiversity (ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးလာမှု)

ကမ္ဘာကြီး ပူနွေးလာမှုနဲ့ လူသားတွေရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့် ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ၎င်းတို့ နေထိုင်ရာ ဒေသတွေဟာ ဆိတ်သုဉ်းလာနေပါတယ်။

ပင်လယ်ပြင်အတွင်း အလွန်အကျွံ ငါးဖမ်းခြင်း၊ ရှားပါးသတ္တဝါများကို မှောင်ခိုဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားခြင်း၊ အလွန်အကျွံ အမဲလိုက်ခြင်း စတာတွေဟာ မြင်သာတဲ့ အချက်တွေဖြစ်ပြီး တစ်ဖက္မှာတော့ သစ်တောပြုန်းတီးလာမှုနဲ့ မြေရေလေ ညစ်ညမ်းလာမှုဟာ ဒီပြဿနာကို နာတာရှည်ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင်‌ ကမ္ဘာ့လူဦးရေ အဆမတန်မြင့်တက်လာမှုကြောင့် မြို့ပြများ ချဲ့ထွင်လာကြပြီး စက်ရုံမြေနေရာတွေ၊ စီးပွားရေးစီမံကိန်းတွေအတွက် သစ်ပင်တွေကို အလွန်အကျွံ ခုတ်လှဲလာကြပါတယ်။ အကျိုးဆက်ကတော့ သစ်တောဖံုးလွှမ်းမှုဧရိယာတွေ တဖြေးဖြေး ကျဆင်းလာ‌ေနတာပဲ ဖြစ်ပါတယ်။

ဒီလိုသစ်ပင်သစ်တောတွေ ပြုန်းတီးလာခြင်းဟာ တနည်းအားဖြင့် ပြောရရင် အောက်စီဂျင်ထုတ်လုပ်‌မှု လျော့ကျလာခြင်းဖြစ်ပြီး အဆိုပါဒေသရဲ့ အပူချိန်နဲ့ မိုးရေပေါ် အဓိက သက်ရောက္မှု ရှိပါတယ်။ အပူချိန်၊ မိုးရေ၊ စိုထိုင်းဆ၊ လေလမ်းကြောင်း၊ ရာသီဥတု စတဲ့ သဘာဝဖြစ်စဉ်တွေ ပြောင်းလဲလာတဲ့အခါ အဲ့‌ဒီဒေသမှာရှိတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေအနေနဲ့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပါတယ်။

ဒီလို Climate change ရဲ့ အကျိုးဆက်အနေနဲ့ Pollination (ဝတ်မှုန်ကူးခြင်း)လို သက်ရှိအားလုံးအတွက် အဓိကကျတဲ့ သဘာဝဖြစ်စဉ်တွေမှာ ဟန်ချက်မညီဖြစ်လာပြီး ဂေဟစနစ် ( Ecosystem) ကို အကြီးအကျယ် ခြိမ်းခြောက်‌လာပါတယ်။

Sci-Fic ရုပ်ရှင်တွေထဲကလို နေ့ချင်းညချင်းကြီး ကမ္ဘာပျက်္မသွားဘူးလို့ ထင်ရပေမဲ့ ဂေဟစနစ်ပျက်စီးသွားတဲ့တစ်နေ့ဟာ ကျွန်တော်တို့ လူသားတွေအားလုံးအတွက် နောက်ဆုံးနေ့ ဖြစ်သွားနိုင်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာကြီးရဲ့ကျန်းမာရေးကို ကိုယ်တွေနဲ့ မဆိုင်သလိုမနေဘဲ ဒီက‌နေ့ကစပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့်အပြုအမူတွေကို လျှော့ချကြဖို့ ‌တိုက်တွန်းချင်ပါတယ် ။

ဒီတော့ ဘယ်လိုမျိုး လျှော့ချကြမလဲနဲ့ လက်ရှိဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားမှုကို အောက်က Link မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်ဗျ

https://m.facebook.com/story.php?story_fbid=167489912373355&id=100073370408436

❌❌ ပြန်လည်ကူးယူခြင်း ခွင့်မပြုပါ ။ လွတ်လပ်စွာ မျှဝေနိုင်ပါသည်။

Photos from The Pages of Burma's post 28/03/2022

The Pages of Burma ကနေ ပြန်လည်ကြိုဆိုလိုက်ပါဗျာ🙆
ဒီကနေ့မှာတော့ Share နဲ့ ပတ်သတ်တာလေးတွေ အနည်းငယ် မျှဝေပေးလိုက်ပါတယ်နော်

Photos from The Pages of Burma's post 21/03/2022

မုန်တိုင်းအန္တရယ်ကို ကြိုတင်ကာကွယ်ကြရအောင်📢📢
အားလုံး သတိ ဝိရိယရှိကြပါနော်🙆

08/03/2022

Who run the world?
Girls...🙆🙆

Photos from The Pages of Burma's post 04/03/2022

The Pages of Burma ရဲ့ main contents တွေကို အလွယ်တကူနဲ့ တစုတစည်းတည်း ဖတ်လို့ရအောင် link တွေကို categories အလိုက် ခွဲပေးထားပါတယ်ခင်ဗျာ

02/03/2022

ယနေ့ မတ်လ ၂ ရက်နေ့မှာကျရောက်သော
ကျေးဇူးရှင် တောင်သူလယ်သမားနေ့ကို
TPB အဖွဲ့သားများမှ ကြိုဆို ဂုဏ်ပြုပါသည်👨‍🌾👨‍🌾👨‍🌾👩‍🌾👩‍🌾

ကျေးဇူးရှင်တောင်သူဦးကြီးများ ကျန်းမာချမ်းသာ၍ စီးပွား လာဘ်လာဘများ ပေါများပါစေ ကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။😇😇😇

#တောင်သူလယ်သမားနေ့

Photos from The Pages of Burma's post 02/03/2022
23/02/2022

အမေက ပြောတယ်

"ငါ့သမီး တစ်နေ့ကျရင် လူချမ်းသာ တစ်ယောက်ကို လက်ထပ်ပြီး ဘဝကို အခြေတကျ နေထိုင်တော့" တဲ့

ကျွန်မလည်း ပြန်ပြောလိုက်တယ်

" အမေ ကျွန်မက လူချမ်းသာ ပဲလေ။ ပြီးတော့ ယောကျာ်းတစ်ယောက်ကို လိုအပ်လို့ ယူတာမျိုးမလုပ်ဘူး။ ကျွန်မ ကြိုက်လို့ကို ယူတာ "

-CHER

Photos from The Pages of Burma's post 21/02/2022

Miniso ဆီကနေ ကိုယ်တွေ သင်ခန်းစာ ယူနိုင်တာ တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Marketing strategy ပါပဲ ။

Miniso ဟာ 3 High 3 Low Businesses strategy
(High Efficiency, High Technology, High Quality & Low Price, Low Cost, Low Margin ) ကို ကောင်းကောင်း အသုံးချတတ်ရုံသာမက marketing strategy နဲ့ ပက်သက်ရင်လည်း competitor တွေ ထက် နှာတစ်ဖျား သာတယ် ။

ဘယ်လိုဟာတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်

❌❌ပြန်လည်ကူးယူခြင်း ခွင့်မပြုပါ ။ လွတ်လပ်စွာ မျှဝေနိုင်ပါသည်။

14/02/2022

TPB ကနေ Valentine's Day အမှတ်တရ လက်ဆောင်ပေးတဲ့ အစီအစဥ်မှာ လက်ဆောင် Winner ရသွားတဲ့ သူက ဘယ်သူလဲဆိုတာ ဒီ video လေးမှာကြည့်ပေးပါခင်ဗျာ။

Winner ရတဲ့သူ page ရဲ့ chat box ကို လာဆက်သွယ်ပေးပါဦးခင်ဗျ😇😇💜💜💜

https://www.facebook.com/112224377900671/posts/149789920810783/

Photos from The Pages of Burma's post 14/02/2022

ဘယ်သူကများ Valentine's Day မှာ ချောကလက် ပေးရမယ်လို့ ထွင်လိုက်တာလဲ

ဒါဟာ V-day ရောက်တိုင်း အက်ဒ်မင်တို့လို FA တွေ တောက်ခေါက်ရင်း တွေးမိတဲ့ မေးခွန်းတစ်ခုပါပဲ

ဒါပေမဲ့ Valentine's Day မှ မဟုတ်ဘူး

ပျော်ရင်ဖြစ်ဖြစ် ဝမ်းနည်းရင်ဖြစ်ဖြစ် ပျင်းလို့ပဲ ဖြစ်ဖြစ် ကြိုက်လို့ပဲ ဖြစ်ဖြစ် ချောကလက်ကို လူတွေက နှစ်နှစ်ခြိုက်ခြိုက်ကို စားကြတယ်

ဆိုတော့ကာ နောက်ထပ် မေးခွန်း ရှိလာပါပြီ

ဘယ်အချိန်ကတည်းကစပြီး လူသားတွေ ချောကလက်ကို စားခဲ့ကြတာလဲ 🤔🤔

ဒီနေ့ အက်ဒ်မင်နဲ့အတူ ချောကလက်ရဲ့ ဇာတ်လမ်းလေးကို တူးဆွကြည့်ကြရအောင်

❌❌ပြန်လည်ကူးယူခြင်း ခွင့်မပြုပါ ။ လွတ်လပ်စွာ မျှဝေနိုင်ပါသည်

14/02/2022

ပထမဆုံး Happy Valentine's Day ပါလို့နော်💗
တော်တော်များများလည်းကြားဖူးပြီးသား နှစ်သိမ့်စကားပေမယ့် ထပ်ပြောပေးပါမယ်။

" Valentine ဆိုတာ Couples တွေ အတွက်ပဲမဟုတ်ပါဘူးခင်ဗျာ"

အားလုံးနဲ့ သက်ဆိုင်ပါတယ် ။

အားလုံးနဲ့ သက်ဆိုင်တယ်လို့ပြောပေမယ့်လည်း ချောကလက်တွေ၊ ပန်းစည်းတွေဆိုတာကတော့ ဘဲမရှိရင် ရမှာမဟုတ်ဘူးလေ။ (ဘဲမရှိလည်း ချောကလက်စားရပါတယ်ဆိုပြီး မန့်မှာ လာမကြွားပါနဲ့ ပိုက်ဆံရှိမှန်းသိတယ် ပေးမယ့်သူ မရှိတာ)

ပေးမလား ပေးမလား မျှော်နေတဲ့လူတွေလည်း ဒီအချိန်လောက်ဆို မရတော့ဘူးဆိုတာ သေချာလောက်ရောပေါ့ 😅

အခုတော့ နှစ်သိမ့်ဆုအနေနဲ့ ကျွန်တော်တို့ TBP ကနေ ပန်းစည်းလှလှလေးတစ်ခု နှင့် ငွေ ၅၀၀၀ ကျပ်ကို ကံစမ်းမဲဖောက်ပေးဖို့ စီစဥ်ထားပါတယ်ခင်ဗျာ။

(ကံစမ်းမဲပေါက်တဲ့သူက ပုံမှာပြထားတဲ့ ပန်းစည်းလေး နှင့် ငွေ ၅၀၀၀ ကျပ် ရမှာပါ ခင်ဗျာ)

ကံစမ်းမဲ အတွက် စည်းမျဥ်းစည်းကမ်းတွေကတော့

1. Single ဖြစ်ရပါမယ်။

2. ထပ်ပြီးတော့ Single ဖြစ်ရပါမယ်။

3. မွေးကတည်းက တစ်ခါမှ ရည်းစားမထားဖူးသူတွေကို ဦးစားပေးပါမယ်။

အဲ့တော့ ကံစမ်းမဲမှာ ပါဝင်ချင်တယ်ဆိုရင်

ကျွန်တော်တို့ TBP က တင်တဲ့ Content တွေကို ဘယ်လိုမြင်လဲ ဆိုတာရယ်၊

နောက်ထပ် TBP ကနေ ဘယ်လို အစီအစဥ်သစ်လေးတွေလုပ်စေချင်လဲဆိုတာ Comment မှာ မန့်သွားပေးပါဗျာ။🙆‍♂️

13/02/2022

ဒီကနေ့ကျရောက်တဲ့ ဗိုလ်ချုပ်၏ (107) နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုရင်း မှတ်တမ်းတင်အပ်ပါတယ်

Photos from The Pages of Burma's post 30/01/2022

“ မင်္ဂလာပါရှင် Miniso မှ ကြိုဆိုပါတယ်”

ဆိုင်ထဲ ဝင်လိုက်တာနဲ့ ကြားလိုက်ရတဲ့ စကားသံလေး

မျက်စိမခွာနိုင်လောက်အောင် လှလှပပစီထားတဲ့ အရုပ်လေးတွေ

စမ်းကြည့်ချင်စရာ accessories လေးတွေ

လိုချင်စရာ stationary ပစ္စည်းလေးတွေ

သင့်မှာ ဝယ်ဖို့ ဆုံးဖြတ်ချက်မရှိရင်တောင်မှ Miniso ဟာ သင့်ကို ဆိုင်ထဲ ပတ်ကြည့်ဖို့ ဆွဲဆောင်နေတာ အမှန်ပါပဲ

စဉ်းစားကြည့်လေ ဒီလိုမျက်စိပသာဒဖြစ်ပြီး သင့်‌တင့်တဲ့ဈေးနှုန်းမှာ သုံးပျော်တဲ့ ပစ္စည်းကောင်းလေးတွေကို ဘယ်သူက မလိုချင်ဘဲနေမှာလဲ 🤔

လိုချင်တာပေါ့ 😁

ဒါပေမဲ့ ဒီအချက်တစ်ခုတည်းကပဲ ကျွန်တော်တို့ကို ဝယ်ဖို့ ဆွဲဆောင်နေတာလား

နောက်ကွယ်မှာ ဘယ်အရာတွေကော ရှိနေဦးမလဲ

ဒီနေ့တော့ အက်ဒ်မင်တို့ ကျောင်းသားတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Miniso အကြောင်းကို တူးဆွကြည့်ကြရအောင်လား

❌❌ ပြန်လည်ကူးယူခြင်း ခွင့်မပြုပါ ။ လွတ်လပ်စွာ မျှဝေနိုင်ပါသည်။

Photos from The Pages of Burma's post 27/01/2022

အောင်မြင်တဲ့သူတွေအကြောင်းကိုဖတ်ရင် ကိုယ်တိုင်က အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ချင်လာပါလိမ့်မယ်တဲ့။

အောက်က စာသားလေးတွေကတော့ ကမ္ဘာ့ ဒိတ်ဒိတ်ကျဲတွေပြောခဲ့တဲ့စကားတွေပါ။

♦ 2022 ရဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူလေးယောက်ရဲ့ စကားဆိုလည်းမမှားပါဘူး။

ပုံအောက်မှာရေးထားတဲ့ သူတို့ရဲ့အကြောင်းလေးတွေမဖတ်ခင်
ဘယ်သူတွေဖြစ်မလဲဆိုတာ အောက်က quote လေးတွေဖတ်ပြီး comment မှာ ခန့်မှန်းရေးသားပေးခဲ့ကြပါဦးနော်။

(အဖြေမှန်ကို နောက်မှ ပြန်ဖြေပေးပါမယ်။)

နာမည်စာလုံးအစလေးတွေနဲ့ hint ပေးထားပါတယ်။

(1) All that interests me is promoting my brands, never myself.”
( hint - Bernard. ...)

(2) When something is important enough, you do it even if the odds are not in your favor.
(Hint- Elon. ....)

(3) Patience is a key element of success.
(Hint- Bill. ...)

(4) Work hard have fun and make history
(Hint - Jeff. ....)

♦♦♦ အောက်တစ်ပုံချင်းစီမှာ စာတွေပါပါတယ်နော်

Videos (show all)

Happy New Year!!!မင်မင်ပုံ save မရလို့ နဲနဲ အချိန်ကျော်သွားတယ် သွေ့ပုချိ😁😁#thepagesofburma #happynewyear2022

Website