PDF MM News
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF MM News, News & Media Website, .
မုံရွာရဲတပ်ရင်းကတပ်သား၂ဦးလက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာလို့ ငွေကျပ်သိန်း၅၀စီချီးမြှင့်
မုံရွာရဲတပ်ရင်းက တပ်သား၂ဦးလက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာလို့ ငွေကျပ်သိန်း၅၀စီချီးမြှင့်ပေးခဲ့တယ်လို့ People's Defence Army-Yinmarbinကထုတ်ပြန်ပါတယ်။
မုံရွာရဲတပ်ရင်း ၂၈က ရဲတပ်သား ကိုအောင်ကိုကိုနဲ့ ကိုမိုးလင်းအောင်တို့နှစ်ဦးဟာ PDA ယင်းမာပင်ထံဆက်သွယ်လာပြီး အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။
ဒါကြောင့်သူတို့၂ဦးကို PDAယင်းမာပင်ရဲ့ ခေါင်း ဆောင်တွေကိုယ်တိုင် အောက်တိုဘာ၁၃ရက်မှာ အခမ်းအနားနဲ့တကွ လက်ခံကြိုဆိုခဲ့ပါတယ်။
ဒီနောက် သူတို့၂ဦးကို တဦးလျင်ငွေကျပ် သိန်း ၅၀စီနဲ့ ၂ ဦးအတွက်ငွေကျပ်သိန်း ၁၀၀ကို ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
Crd
"ကြယ်တွေစုံတဲ့ည
အဝေးအိမ်ကိုလွမ်းတယ်
ကြယ်တွေစုံတဲ့ည
ဖြတ်ကျော်ရဦးမယ်"
ကြာအင်းဆိပ်ကြီးတွင် နယ်မြေရှင်းလင်းသည့် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦး သေဆုံး၊ ခဲယမ်းအချို့ သိမ်းဆည်းရရှိ
ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခုတ်ခွားရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၃ ရက်နေ့၌ နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဉ် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၁၃ ရက် နံနက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၃ လက်အောက်ခံ၊ ခမရ ၄၃၂ တပ်ရင်းမှ အင်အား ၇၈ ယောက်ခန့်သည် နယ်မြေရှင်းလင်းရေး ပြုလုပ်လာစဉ် KNLA ပူပေါင်းတပ်ဖွဲ့ နဂါးနီစစ်ကြောင်းက လိုက်လံပိတ်ဆို့ တိုက်ခိုက်ရာ မိနစ် ၂၀ နီးပါး ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ လက်နက်ကြီးကျည်ဆံအချို့နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် ခုတ်ခွားစစ်တပ်စခန်းမှ ခုတ်ခွားကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်၍ အများပြည်သူ မွေးမြူထားသော အိမ်မွေးဝက်တစ်ကောင်ကို အဓမ္မ လုယူသွားကြောင်း သိရှိရသည်။
အဆိုပါ ခုတ်ခွားစခန်းသည် လွန်ခဲ့သည့် ဩဂုတ်လအတွင်း၌ KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ကာ စခန်းထိုင်နေခြင်းဖြစ်သည်။
တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေသော KNU တပ်မဟာ ၆ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲနှင့် ဘုရားသုံးဆူမြို့နယ်ခွဲများတွင် စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်ခြင်း၊ တိုက်လေယာဉ်း ပျံဝဲခြင်းများ နေ့စဉ်နီးပါး ပြုလုပ်နေကြောင်းလည်း ဒေသခံများထံမှ သတင်းရရှိသည်။
Crd
စစ်ကောင်စီအဖွဲ့ထံက သိမ်းဆည်းရမိတဲ့ ကုန်ကြမ်းတွေကို ဖောက်ခွဲရေးမိုင်းနဲ့ တာဝေးပစ်လက်နက်တွေ အဖြစ် ထုတ်လုပ်အသုံးပြုနေ
စစ်ကောင်စီအဖွဲ့ထံကသိမ်းဆည်းရမိတဲ့ကုန်ကြမ်းပစ္စည်း တွေကို ဖောက်ခွဲရေးမိုင်းနဲ့ တာဝေးပစ် လက်နက်ကြီးတွေအဖြစ်ထုတ်လုပ်အသုံးပြုနေတယ်လို့ The Youth Force (Saw&Kyaukhtu)က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအဖွဲ့ထံက သိမ်းဆည်းရမိထားတဲ့ အဲဒီကုန် ကြမ်းပစ္စည်းတွေကိုThe Youth Force (Saw& Kyaukhtu) တပ်ဖွဲ့၊ လက်နက်ကြီးတပ်ခွဲကနေ ဖောက်ခွဲရေးမိုင်းနဲ့ တာဝေးပစ် လက်နက်ကြီးတွေအဖြစ် ထုတ်လုပ်လျက်ရှိနေတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ မိုင်းအလုံးရေ၂၀၀ကျော်အထိထုတ် လုပ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်ကြမ်းတွေရှိနေတဲ့အတွက် ဆက်လက်ထုတ်လုပ်နိုင်ဖို့လိုအပ်တဲ့ဆက်စပ်ပစ္စည်းတွေဝယ်ယူနိုင်ရန် ပြည်သူတွေထံ အကူအညီတောင်းခံထားပါတယ်။
Crd
မန္တလေး စိန်ပန်း ဂေါဝိန်ဆိပ်ကမ်းမှ ရိက္ခာနှင့်ခဲယမ်းတင် စစ်သင်္ဘော ၆ စီး ဗန်းမော်ဘက်သို့ ယနေ့ ထွက်ခွာ
မန္တလေး စိန်ပန်း ဂေါဝိန်ဆိပ်ကမ်းမှ ရိက္ခာနှင့်ခဲယမ်းများ တင်ဆောင်ထားသော စစ်သင်္ဘော ၆ စီး ဗန်းမော်ဘက်သို့ ယနေ့ ထွက်ခွာသွားကြောင်း မန္တလေးဒေသ ခံများနှင့်ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အောက်တိုဘာ ၁၄ ရက်နေ့ စိန်ပန်းဂေါဝိန်ဆိပ်ကမ်း ၃၈-လမ်းတည့်တည့် တွင်ဆိုက်ကပ်ထားသည့် နှစ်ထပ်သင်္ဘော ၅ စီးသည် ရိက္ခာနှင့် လက်နက်ခဲယမ်းများ တင်ဆောင်ကြကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် စတင်ထွက်ခွာခြင်း ဖြစ်ကြောင်း၊ နှစ်ထပ်စစ်သင်္ဘောနာမည်များမှာ ပြဒါးရှင် ၊ ပတိုင်း၊ ပင်လုံ၊ ပြည်သူ၊ ပေါက်တန်း တို့ဖြစ်ကြောင်း သိရှိရသည်။
နှစ်ထပ်သင်္ဘောတွင် ဘန်ကာများ၊ ခေါင်မိုးပေါ်တွင် စက်သေနတ်များ တပ်ဆင်ထားကြောင်း၊ ထို့ပြင် လက်နက် အပြည့်အစုံတပ်ဆင်ထားသော စစ်သေင်္ဘာတစ်စီးပါ နှစ်ထပ်သင်္ဘော ၅ စီးကို ဝန်းရံလိုက်ပါကြောင်း၊ စစ်သင်္ဘောတစ်စီးလျှင် အင်အား ၂၅ မှ ၃၀ ဝန်းကျင်ပါဝင်ပြီး အသင့်အနေအထားဖြင့် ဆိပ်ကမ်းမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
"ရိက္ခာ၊ လက်နက် တင်ပို့နေတဲ့ အဲဒီနှစ်ထပ်သင်္ဘောတွေပဲ။ ဟိုတစ်ခါလည်း တစ် ခေါက် ဗန်းမော်အထိ တက်သွားပြီးပြီ။ အဲဒီသင်္ဘောအုပ်စုပဲ သွားလိုက် ပြန်လိုက် ရိက္ခာတင်ပို့နေတာ။ " ဟု ဂေါဝိန်ဆိပ် အနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။
ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မန္တလေးဂေါဝိန်ဆိပ်မှ ထွက်ခွာသွားသော စစ် သင်္ဘော အုပ်စု။
Crd
အဝေးသင်စာမေးပွဲအတွက် ခွင့်ပြန်သွားတဲ့ ရဲဝန်ထမ်း သုံးပုံနှစ်ပုံလောက်ပြန်မလာလို့ ရန်ကုန်တိုင်းက ရဲတွေကိုလုံခြုံရေးတင်းကြပ်
၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အဝေးသင်ကျောင်းသား(ရဲဝန်ထမ်း)တွေကို စာမေးပွဲဖြေဖို့ ခွင့်ပေးလိုက်ရာ သုံးပုံနှစ်ပုံလောက် ပြန်မလာတော့လို့ ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတွေကို လုံခြုံရေးတင်းကြပ်ထားတယ်လို့သိရပါတယ်။
"အခု အဝေးသင်အတွက် ခွင့်ပြန်သွားတဲ့ သူတွေပြန်မလာကြတော့တာများလို့ လက်ရှိ စခန်းကလူတွေကို အရမ်းတင်းကြပ်နေတယ်။ပြန်မလာတာ ရန်ကုန်တိုင်းထဲက သုံးပုံနှစ်ပုံလောက်ရှိတယ်လို့ကြားတယ်" လို့ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အမည်မဖော်လိုသူ ရဲဝန်ထမ်း တစ်ဉီးက မဲခေါင် သတင်းဌာန ကိုပြောပါတယ်။
"အခုဆိုရင် ကျနော်တို့ခွင့်လည်းမရဘူး။ဈေးတောင်ထွက် မဝယ်ခိုင်းဘူး။ကယ်ရီနဲ့ဈေးမှာရတယ်" လို့ သူကဆက်ပြောပါတယ်။
ရန်ကုန်မြို့ထဲမှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုသူ ရဲဝန်ထမ်းေနာက်တစ်ဦးကလည်း "မိသားစုရှိနေလို့ အခြေအနေပေးရင် လစ်မယ့်သူတွေအများကြီးပဲ"လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်စာရင်းဇယားတွေအရ ရန်ကုန်တိုင်းအတွင်းမှာ ရဲ(ဌာနပေါင်းစုံ) အင်အား(၆၀၀၀၀ )လောက်ရှိပြီး လက်ရှိမှာ ဒီထက်အများကြီး နည်းနိုင်တယ်လို့ ရဲဝန်ထမ်းနဲ့နီးစပ်သူတစ်ဦးကခန့်မှန်းပါတယ်။
လက်ရှိ အာဏာသိမ်းစစ်တပ်က ရဲဝန်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံတာတွေရှိနေတာကြောင့် စစ်နဲ့ရဲကြားမှာ တင်းမာမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
Crd
Breaking News- မင်္ဂလာဒုံလေတပ်စခန်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် PDF က ပစ်ခတ်၊ လေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရဟု စစ်တပ် အတည်ပြု
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေတပ်စခန်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ယနေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ကျော် ပတ်ဝန်းကျင်အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် မင်္ဂလာဒုံ လေတပ် ပြုပြင်ရေးစခန်းထဲသို့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
" မင်္ဂလာလေတပ်စခန်း၊ ပြုပြင်ရေး စခန်းထဲကို ၁၀၇ မမ ၃ လုံး ပစ်ခတ်ပါတယ်။ ၃ လုံးထုထားတာက ၃ လုံးပါ။ ၃ လုံး ပစ်တာပါ" ဟု တော်လှန်ရေးရဲဘော်က ဆိုသည်။
မင်္ဂလာဒုံလေတပ်စခန်း၊ လေယာဉ် ထုတ်လုပ်ပြုပြင်ရေး ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရမှုကို မင်္ဂလာဒုံလေတပ်စခန်း သတင်းရင်းမြစ်ကလည်း အတည်ပြုသည်။
"ဟုတ်တယ်။ လထခ (လေယာဉ် ထုတ်လုပ်ပြုပြင်ရေး ဌာနချုပ်)ကို ပစ်တာ။
အပျက် အစီးတော့မသိရသေးဘူး" ဟု မင်္ဂလာလေတပ်သတင်းရင်းမြစ်က ပြောသည်။
ဓာတ်ပုံ- မင်္ဂလာဒုံလေတပ်စခန်း။
Crd
"မိသားစုထက် မိမိနိ်ုင်ငံကိုပိုချစ်ခဲ့သူ"😴🤎
နတ်တလင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးနိုင်သည်ဟု PDF က ခန့်မှန်းသည်။
Crd
"အမေ့သမီးများ...အားတင်းထား"
ပုလောမြို့နယ်က KPDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲ
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( K - PDF ) ရဲ့ မူးယစ်ဆေးဝါးနဲ့ စစ်တပ်ထုတ်ကုန်တွေ စစ်ဆေးရေးဂိတ်တစ်ခုကို မနေ့ (အောက်တိုဘာ ၁၃) နေ့လယ်ပိုင်းက ဒရုန်းနဲ့စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းတစ်စီးတည်းနဲ့ ဗုံး ၃ လုံးလာရောက် ကြဲချသွားတာဖြစ်ပြီး ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ KPDF က ပြောပါတယ်။
ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော)ဟာ အောက်တိုဘာ ၅ ရက်က ပုလောမြို့နယ်၊ နန်းတော်ကျေးရွာလမ်းဆုံက စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံး ၂ လုံး သွားရောက်ကြဲချခဲ့လို့ စစ်ကောင်စီ ၄ ယောက် ထိခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ် ဗုံးကြဲခံရပြီး တစ်ပတ်အကြာမှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
KPDF နဲ့ စစ်ကောင်စီတပ်တွေဟာ ပုလောမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုင်းဆွဲတိုက်ခိုက်တာ ခံရလေ့ ရှိပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေလည်း ပုလောမြို့နယ်အတွင်းမှာ ရှိကြပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၂၈၅ အခြေစိုက်ပြီး KNU တပ်မဟာ ၄ ရဲ့ လှုပ်ရှားနယ်မြေတွေလည်း ရှိပါတယ်။
မုံရွာမြို့၊ တောပုရွာ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးတပ်များမှ ဝင်ရောက်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပု (ပျူ)ရွာအတွင်းရှိ စစ်ကောင်စီတပ်စခန်းအား အောက်တိုဘာလ ၁၂ ရက်နေ့ညတွင် ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ စစ်ကြောင်းမှူးKanToတပ်ခွဲ ၄ Salingyi Revolution Eagle'sနှင့်မဟာမိတ်အဖွဲ့များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တောပုရွာတွင်စစ်ကောင်စီဘက်မှ စစ်သားများ၊ ပျူစောထီးများနှင့်ရဲများမှ စခန်းချတပ်စွဲထားပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ကောင်တာဗုံးသီများ၊ ၄၀ မမများဖြင့် စတင်တိုက်ခိုက်ခဲပြီး လက်နက်ငယ် Auto gun များဖြင့်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ တိုက်ပွဲကြာချိန် ၁ နာရီဝန်းကျင်လောက်ရှိပါတယ်။ ပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေနေတဲ့နေရာကို
လက်နက်ကြီးလက်နက်ငယ်နဲ့ ကျွန်တော်တို့တွေ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ" လို့ ဗိုလ်အောက်ဆွဲက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒါ့ပြင်စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခြင်းများရှိသော်လည်း
ဒေသကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုအား အတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းလျှက်ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။
ဒဂုံတောင်တွင် စစ်ကောင်စီအဖွဲ့ အဝေးထိန်းမိုင်းနဲ့ဖောက် ခွဲတိုက်ခိုက်ခံရ
ဒဂုံမြို့သစ်တောင်ပိုင်း ယောက်ကော်ပန်းခြံအနီးတွင်စစ်ကောင်စီအဖွဲ့အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရကြောင်း သိရပါတယ်။
အောက်တိုဘာ၁၄ရက်ဒီနေ့မနက်ပိုင်းမှာ တောင်ဒဂုံမြို့ နယ် ပြည်ထောင်စုလမ်းမကြီးယောက်ကော်ပန်းခြံအနီးဆောက်လက်စ အဆောက်အအုံမှာကင်းလာချတဲ့ စစ်ကောင်စီအဖွဲ့တွေကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
``အခုထိစစ်နေတာ။ ပန်းခြံမရောက်ခင်ကတည်းက လမ်း မကြီးကိုပိတ်ချထားတာ။ လိုင်းကားတွေလည်းပေးမသွားဘူး´´လို့ ဖြစ်စဥ်နေရာကို ရောက်ရှိနေတဲ့သတင်းရင်းမြစ်တဦးက BVJ ကိုပြောပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကို Giant Guard Underground အဖွဲ့က ပြုလုပ်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
Crd
အညာဒေသမြေ ဆားလင်းကြီးမြို့နယ်မှာ PDF တပ်ဖွဲ့များ စစ်ဆေးရေး ဂိတ်စခန်းများ ဖွင့်လှစ်ထားပြီးဖြစ်
Crd
ဗန်းမောက်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ခြောက်ဦးတွင် အမျိုးသမီးတစ်ဦးပါဝင်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် နားမော်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ခြောက်ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးမှာ ဝန်းသိုမြို့နယ်မှ အသက် ၃၄ နှစ်အရွယ်ရှိ မသက်သက်ဝင်းဖြစ်ပြီး စစ်ကိုင်းအထူးတပ်ဖွဲ့၏ လက်ရွေးစင်ကွန်မန်ဒိုတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ အောက်တိုဘာ ၁၁ ရက်နေ့က တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
"သူကမိန်းကလေး။ ဒါပေမဲ့ ငယ်ငယ်တုန်းကတည်းနဲ့ ယောကျ်ားလေးလိုနေတာ။ သူတို့ရဲ့အဖွဲ့ထဲမှာ မိန်းကလေး သူတစ်ယောက်ထဲပါတယ်။ သူကတကယ်တမ်းမှာ တိုက်ရည်ခိုက်ရည်တော်တယ်။ ရဲတင်းတယ်။ ငယ်သားတွေအပေါ်မှာ အမြဲတမ်းငဲ့ညာတယ်။ သူ့ရဲ့အဖွဲ့တွေက တအားတော်လွန်းလို့ သူ့ကို တပ်စိပ်မှူး တာဝန်ပေးထားတာ မိန်းကလေးဖြစ်ပေမယ့်"ဟုပြောသည်။
စစ်ကောင်စီက ဆန္ဒပြအရပ်သားပြည်သူများကို ပစ်ခတ်သတ်ဖြတ်သည့်အချိန်မှစပြီး လက်နက်ကိုင်လမ်းစဉ်အား ရွေးချယ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
မသက်သက်ဝင်းသည် ပြီးခဲ့သည့် ဇွန်လမှစကာ ဗန်းမောက်မြို့နယ် စစ်ကိုင်းအထူးတပ်ဖွဲ့၏ ကွန်မန်ဒိုအဖွဲ့တွင် တပ်စိပ်မှူးတာဝန်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ခြင်းပြီး စစ်ကိုင်းအထူးတပ်ဖွဲ့ဆိုသည်မှာ KIA တပ်ဖွဲ့ဝင်နှင့် K-PDF တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် လက်ရွေးစင်ကွန်မန်ဒိုတပ်ဖွဲ့ဖြစ်သည်။
မသက်သက်ဝင်းနှင့်အတူ ကျဆုံးခဲ့သည့် အထူးတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းအား ပြန်လည်သယ်ဆောင်နိုင်ခြင်း မရှိကြောင်းနှင့် ကျဆုံးသူများမှာ ၎င်းဦးဆောင်သည့် တပ်စိပ်မှ အဖွဲ့ဝင်များဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"သူ့တပ်စိပ်ပဲ ကျသွားတာ။ တစ်ယောက်ပဲ လွတ်ခဲ့တာ။ တိုက်ပွဲကျတာက နှစ်ဖက်ညှပ်ခံလိုက်ရတာ။ သူတို့က ရှေ့ပြေးတပ်ဖွဲ့။ တော်တော်လေး တော်တယ်" ဟုပြောသည်။
စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗန်းမောက်ဒေသကာကွယ်ရေးအဖွဲ့နှင့် စစ်ကိုင်းအထူးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗန်းမောက်မြို့နယ်တွင် အောက်တိုဘာလ ၄ ရက်နေ့မှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူ ၅၀ ဦးခန့်ရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုစစ်ကောင်စီစစ်ကြောင်းမှာ ဗန်းမောက်မြို့နယ်မှ ပင်လယ်ဘူးမြို့နယ်သို့ ဦးတည်နေကြောင်း သိရသည်။
ပုံ - ကျဆုံးခဲ့သည့် စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် မသက်သက်ဝင်း။
Crd
RCSS က မြေပြင်မှာ တိုက်ခိုက်နေလို့ ဆွေးနွေးဖို့ စဉ်းစားစရာမရှိဟု SSPP တုံ့ပြန်
ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး မြေပြင်မှာ ချောင်းမြောင်း ပစ်ခတ်တာတွေရှိလို့ RCSS နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းစုက မဲခေါင်သတင်းကို ပြောပါတယ်။
RCSS အဖွဲ့ရဲ့ ထုတ်ပြန်ချက်က လက်တွေ့ မြေပြင်မှာ ဖြစ်နေတာနဲ့ တခြားစီ ဖြစ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်ကလည်း SSPP တပ်စခန်းကို လာရောက်ပစ်ခတ် မိုင်းဆွဲသွားတယ်လို့ ဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။
“သူတို့ (RCSS) ဘယ်ကို ဦးတည်ပြီးတော့ ပြောတာမျိုးလဲတော့ မသိဘူး။ သူတို့ကို ဆွေးနွေးဖို့ ကမ်းလှမ်းနေတာ ကြာနေပြီ။ တစ်နှစ်နီးပါးတောင် ရှိနေပြီ။ ဘာမှ မတုံ့ပြန်ဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပဋိပက္ခ ဖြစ်တာကလည်း သူတို့အဖွဲ့က သွားပြီး ရန်စလို့ ဖြစ်တာ” လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်က ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးဖို့ RCSSက ကမ်းလှမ်းထားပါတယ်။
လက်ရှိ စစ်ရေးပဋိပက္ခများကြောင့် ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင် အများအပြားရှိနေပြီး တိုင်းပြည် စီးပွားရေး ကျဆင်းကာ ပြည်သူလူထု မြေစာပင် ဖြစ်နေရတဲ့အတွက် တွေ့ဆုံ ဆွေးနွေးပြီး နည်းလမ်းရှာဖို လိုအပ်တယ်လို RCSS ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ထိန်းချုပ် ဒေသဖြစ်တဲ့ ကဒူးကြီးဒေသကို RCSS က ကျူးကျော်လို့ PNLO နဲ့ အောက်တိုဘာ ၁၁ ရက်က တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။
မြောင်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF မိုင်းခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို ယနေ့နံနက် ၉နာရီခွဲခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေးရေးတင်းကြပ်သည့် မြောင်မြို့တောင်ဘက် စက်မှုလယ်ယာရုံးအနီးရှိ စစ်ကောင်စီစစ်ရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ကြိုတင်ပြင်ဆင်ပြီး စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်တာ ထိတဲ့အချိန် လှဲသွားတာမျက်မြင်က ကျွန်တော်တို့ရှေ့မှာပဲ နှစ်ယောက်လှဲသွားတယ်။ လက်ရှိအချိန်ထိ သတင်းရတာတော့ လေးယောက်အတည်ပြု ဒဏ်ရာရတာတော့ များတယ်။ သူတို့ကြောက်လန့်ပြီး အဲ့နားကအုတ်တံတိုင်းတွေ ကျော်တက်ပြီး အိမ်တွေထဲပြေးဝင်ကြတယ်” ဟုသူကပြောသည်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် မြောင်မြို့နယ်မှ ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့် ခရီးသွားပြည်သူများကို စစ်ဆေးရေးတင်းကြပ်စွာပြုလုပ်ပြီး ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်ကြောင်း သူကဆက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ရာတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Saw Bwar Gyi (MPDF) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့မှ မုံရွာသို့ ထွက်လာသော စစ်ကောင်စီကား ခြောက်စီးကိုလည်း မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာ နှင့် နတ်ရေကန်ကျေးရွာကြားတွင် T.G.R ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်းသိရသည်။
မြောင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ ရွာရှိပြီး လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်သည်။
Crd
လေကြောင်းရန်ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး KDF နဲ့ပူးပေါင်း
ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) အဖွဲ့ထံသို့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦး ဒီနေ့ (အောက်တိုဘာ ၁၂) မှာ CDM ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပူးပေါင်းလာတဲ့ စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးဟာ နေပြည်တော်မှာ အခြေစိုက်တဲ့ ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်ကလို့ ဆိုပါတယ်။ တပ်ကြပ်ကြီး နာမည်ကိုတော့ လုံခြုံရေးအရ ထုတ်မပြောပေမယ့် အသက် ၂၄ နှစ် ရှိပြီလို့ သိရပါတယ်။
ပြည်သူ့ဘက်ကို ရပ်တည်ချင်လာ ကြာပြီဖြစ်ပြီး အခွင့်မသာလို့ ထွက်လာလို့မရတာကို လွန်စွာနောင်တရတယ်လို့ သူကပြောတဲ့အကြောင်း KDF အဖွဲ့က ရေးသားထုတ်ပြန်ထားပါတယ်။
KDF အဖွဲ့ကလည်း CDM ပြုလုပ်ပြီး ပြည်သူနဲ့ပူးပေါင်းမယ့် စစ်ကောင်စီတပ်သားတွေကို ကြိုဆိုနေမှာဖြစ်ပြီး စိစစ်လက်ခံသွားမယ်လို့ အသိပေးထားပါတယ်။
လှည်းတန်းမီးပွိုင့်မှာ လမ်းဖြတ်ကူးနေတဲ့ လူငယ်ကို စစ်တပ်ကဖမ်းဆီး
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်မှာ ယနေ့ နေ့လည် ၁၂ ကျော်က လမ်းဖြတ်ကူးနေတဲ့ လူငယ်တစ်ဦးကို ဖမ်းဆီးပြီး လှည်းတန်းထိပ်ရှိ စစ်တပ်ဘန်ကာထဲ ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူ ကပြောပါတယ်။
“အဖမ်းခံရတဲ့ ကောင်လေးက ခပ်ပြည့်ပြည့်လေးပဲ။ ဆံပင်အတိုနဲ့ ကွာတား ဘောင်းဘီလေး ဝတ်ထားတယ်။ စစ်သားလေးယောက်နဲ့ အရပ်ဝတ် တစ်ယောက်ပါတယ်” လို့ ၎င်းကပြောပါတယ်။
အဖမ်းခံရတဲ့ လူငယ် မီးပွိုင့်မှာ လမ်းဖြတ်ကူးနေစဉ် လှည်းတန်း AA Medical အဆောက်အအုံဘက်မှ ဖြတ်လာတဲ့ စစ်သားတစ်ဦးနဲ့ အရပ်ဝတ်တစ်ဦးက ပိတ်ဆို့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“ဘာလို့ ဖမ်းသွားတာလဲတော့ မသိဘူး။ ဗုံးတွေ နေ့တိုင်းပေါက်နေတော့ အစစ်အဆေးတွေရှိတယ်။ နေ့တိုင်း ဖုန်းတွေ လိုက်စစ်တာတွေရှိတယ်။ ကောင်မလေး နှစ်ယောက် နာမည်မေးပြီး စုံစမ်းနေတာလည်း ရှိတယ်။ မလိုအပ်ရင် ဘယ်မှ မသွားတာ ကောင်းပါတယ်” လို့ ၎င်းကပြောပါတယ်။
ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမပေါ်ရှိ တိုက်အောက်မှာ ယမကာ မှီဝဲနေတဲ့ အမျိုးသား ၃ ဦးကို ယနေ့ အောက်တိုဘာလ မနက် ၁ နာရီကျော်မှာ စစ်တပ်က ရိုက်နှက်ခဲ့ပြီး ၂ ဦးကို ဖမ်းဆီးသွားပါသေးတယ်။
ယနေ့ မနက် ၂ နာရီကျော်က ကမာရွတ်မြို့နယ်၊ (၁) ရပ်ကွက်နဲ့ (၃) ရပ်ကွက်မှာ စစ်ကောင်စီတပ်က တိုက်ခန်းအချို့ကို ဝင်ရောက်ရှာဖွေ ခဲ့ပေမယ့် ဖမ်းဆီးခံရတာ မရှိခဲ့ပါဘူး။
ပုံအညွှန်း- ပုံအဟောင်းဖြစ်ပါတယ်။
တမူးPDFတပ်ရင်း(၃)မှ ရဲဘော်(၂)ဦး ထပ်မံထွက်ပြေး
------------------------------
တမူး၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)က ရဲဘော်(၂)ယောက်ဟာ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာဘဲ တပ်ကနေထွက်ပြေးသွားတယ်လို့ တမူးPDFတပ်ရင်း(၃)က သိရပါတယ်။
စစ်ကိုင်းတိုင်း တမူးPDFတပ်ရင်း(၃)က ရဲဘော် နေမင်းခန့်နဲ့ ဆေးဘွိုင်တို့ ထွက်ပြေးသွားတာကြောင့် တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ကြောင်း ဒီနေ့မှာ တရားဝင်အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သူတို့ဟာတပ်ပြေးဖြစ်သွားတာကြောင့် သူတို့နဲ့ပတ်သက်တဲ့ ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တပ်ရင်း(၃)က တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။
တမူးPDFတပ်ရင်း(၃)ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ရဲဘော်(၄) ဦးဟာ အသိပေးအကြောင်းကြားခြင်းမရှိဘဲ တပ်ကထွက်ပြေးသွားတယ်လို့ သိရပါတယ်။
Crd
Danger Force LPDFရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ဓာတ်ပုံမြင်ကွင်း
Danger Force LPDF ကအခြေခံစစ်ပညာ သင်တန်း အ မှတ်စဥ်(၆)ကို ဖွင့်လှစ်သင်ကြားခဲ့ပြီးနောက် သင်တန်းကာလပြီးဆုံးချိန် သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီသင် တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို ဓာတ်ပုံမြင်ကွင်းအ နေနဲ့ ပြန်လည်ဖော်ပြလိုက်ပါတယ်။
Crd
ဘားအံခရိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နေအိမ်မှာ ပစ်သတ်ခံရ
ကရင်ပြည်နယ်၊ ဘားအံခရိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခွန်အောင်ကျော်မိုး ယနေ့ မနက်က နေအိမ်တွင် သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရပါတယ်။
ဘားအံမြို့နယ်၊ သာမညကျေးရွာတွင် နေထိုင်သူ ဦးခွန်အောင်ကျော်မိုး ကို ယနေ့ မနက် ၇ နာရီကျော်က သနတ်သမားတွေ နေအိမ်ကို ဝင်ရောက်လာပြီး အနီးကပ် ပစ်သတ်သွားတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဒီမနက် ၇ နာရီ ၄၅ မိနစ် သေဆုံးသွားတာပါ။ ဘယ်သူတွေ လာပစ်တာလဲတော့ မသိကြဘူး။ သူ့အိမ်မှာ ဖြစ်တာဆိုတော့ အသံတွေကြားမှ သိကြတာ။ ခုတော့ လာရောက် စစ်ဆေးနေကြပြီ” လို့ ၎င်းကပြောပါတယ်။
လက်ရှိ သေဆုံးသူ နေအိမ်ကို စစ်တပ်နဲ့ရဲများ ရောက်ရှိနေပြီး အလောင်း သယ်ဆောင်ခြင်း စစ်ဆေးခြင်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းရှိ ဒေသ၊နေရာနှင့် အဆောက်အအုံ(၃၀)အား ကြားကာလအမွေအနှစ်အဖြစ် NUGသတ်မှတ်
--------------------------------------
စစ်ကိုင်းတိုင်းအတွင်းက အမွေအနှစ်ဆိုင်ရာ ဒေသ ၊နေရာနဲ့ အဆောက်အအုံ (၃၀) ကို ကြားကာလအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUGက ဒီနေ့မှာထုတ်ပြန်ကြေညာပါတယ်။
အမွေအနှစ်အဖြစ်သတ်မှတ်ထားတဲ့ အဲ့ဒီနေရာ၊ အဆောက်အအုံတွေနဲ့ ပတ် သက်ပြီး စစ်ရေးဆောင်ရွက်ခြင်းနဲ့ ထိခိုက်ဖျက်ဆီးမှုတွေ လုံးဝ(လုံးဝ) ဆောင် ရွက်ခြင်းမပြုဖို့တားမြစ်ထားပြီး ဆောင်ရွက်ခဲ့မယ်ဆိုပါက အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က အသိပေးထားပါတယ်။
တားမြစ်ချက်တွေထဲမှာ ကုန်းကြောင်းစစ် (သို့မဟုတ်) ရေကြောင်းစစ် (သို့မဟုတ်) လေကြောင်းစစ်ပြုလုပ်ခြင်း၊ စစ်ရေးပြုလုပ်ဖို့အတွက် စခန်းနေရာချထားခြင်း၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်းစတဲ့ ပျက်စီးရေးဆောင်ရွက်ခြင်း၊ ခိုးယူခြင်း၊ ရောင်းချခြင်း၊ ကုန် သွယ်ခြင်း၊ ပြုပြင်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းနဲ့ ပုံစံပြောင်းခြင်းစတဲ့ မူလအနေအ ထား ပျက်စီးစေဖို့ ကြံဆောင်ခြင်းတွေ ပါဝင်တယ်လို့ဖော်ပြထားပါတယ်။
အဲ့ဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ(၂၀၁၉)၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ(၂၀၁၅)တို့အပြင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အဲ့ဒီတားမြစ်ချက်တွေဟာ ဒေသခံပြည်သူတွေ မိရိုးဖလာလုပ်ကိုင်လာတဲ့ ဥပဒေနဲ့ညီညွတ်တဲ့ အ သက်မွေးမှုလုပ်ငန်းတွေ၊ လက်ရှိတည်ရှိနေမှုတွေအပေါ်ကိုတော့ သက်ရောက်ခြင်းမရှိစေရလို့လည်း ဖော်ပြပါတယ်။
Crd
လှိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေးတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ရန်ကင်းတွင် ဗုံးကွဲ
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေးတပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတစ်ရပ်ကို ယနေ့ ညနေ ၆ နာရီကျော်အချိန်တွင် လုပ်ဆောင်ခဲ့သဖြင့် လှိုင်မြို့နယ်အတွင်းရှိ ဒရုန်းလွှတ်တင်မှုရှိသည့်နေရာများကို စစ်တပ်က လိုက်လံစုံစမ်းနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့ထံမှ သိရှိရသည်။
ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် လှိုင်မြို့နယ်ရှိ ဘုရင့်နောင်လမ်းမဘေးရှိ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေး တပ်ကို ဒရုန်းဖြင့် ဗုံး ၁ လုံး ကျဲချသွားသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
"ဒီနေ့ ည ၈ နာရီလောက် ရဲနဲ့စစ်တပ်ဘက်က ဒရုန်းတွေ ဘယ်အိမ်တွေက လွှတ်တာတွေ့လဲ မေးတယ်။ ရပ်ကွက်ထဲမှာ ဒရုန်းပိုင်ဆိုင်တဲ့ အိမ်သိလား အဲဒါမျိုးမေးလာတယ်။ ဒရုန်းနဲ့ဗုံးကျဲသွားလို့ မေးတာလို့ပြောတယ်။ ကိုယ့်အပိုင် ရပ်ကွက်၊ လမ်းဘက်မှာ ဒရုန်းတွေရောင်းချတာ၊ လွှတ်တင်တာ၊ ထားရှိတာတွေ ရှိ၊ မရှိ စုံစမ်းဖို့လည်း ပြောလာတယ်" ဟု လှိုင်မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အလားတူ ရန်ကင်းမြို့နယ်တွင်လည်း ယနေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာကြားရ ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့ကြသည်။
ဓာတ်ပုံ- ကရင်ပြည်နယ်မှ ဖက်ဒရယ်ဝင်း ဒရုန်းတပ်ဖွဲ့ဝင်များ။
Crd
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲများ ပြုလုပ်
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Crd
ရေစကြိုမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေထိုင်တဲ့ လက်ဖက်ရည်ဆိုင်ထဲ ဝင်ပစ်လို့ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စည်ပင်သာယာရပ်ကွက် စစ်ကောင်စီနဲ့ပျူစောထီးတွေ ထိုင်တဲ့ နေရှင်နယ်လက်ဖက်ရည်ဆိုင်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မနေ့ (အောက်တိုဘာ ၁၁) နေ့လယ်က သေနတ်၊ လက်လုပ်မိုင်းတွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပစ္စတိုသေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် လက်လုပ်မိုင်းနဲ့ပါ ဖောက်ခွဲခဲ့တာကြောင့် စစ်ကောင်စီအဖွဲ့မှ ၁ ယောက်သေပြီး ပျူစောထီးအဖွဲ့မှ ၂ ယောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
လက်လုပ်မိုင်း ဖောက်ခွဲခဲ့လို့ ဒဏ်ရာရရှိသူတွေဟာ ပြင်းထန်ပြီး ဆေးကုသနေတယ်လို့ မြေပြင်သတင်းတွေကို အခြေခံပြီး Black Wolf PDF MDY အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်တပ်ဝါဒဖြန့် သတင်းတွေမှာလည်း PDF အဖွဲ့တွေ ရေစကြိုက နေရှင်နယ်လက်ဖက်ရည်ဆိုင်ထဲ ဝင်ရောက်ပစ်ခတ်ပြီး လက်လုပ်မိုင်းဖောက်ခွဲခဲ့တာကြောင့် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပေမယ့် သေဆုံးသူတွေကိုတော့ ထည့်သွင်းရေးသားခြင်းမရှိပါဘူး။
အခုလို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ MDY PDF (မန္တလေးခရိုင် တပ်ရင်း ၃)၊ ဒေါင်းညီနောင် ( MDY တပ်ရင်း ၃၊ တပ်ခွဲ ၃)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ ( ပခုက္ကူခရိုင် တပ်ရင်း ၁၀၊ တပ်ခွဲ ၃) တို့က မြို့ပြမှာ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဒဏ်ရာရ စစ်သားများ တင်လာသည့် စစ်ကား မိုင်းဆွဲ ခံရပြီး ၅ ဦးသေဆုံး၊ လွိုင်ကော်တွင် စစ်တပ် ဂိတ်စခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဒဏ်ရာရ အကြမ်းဖက် စစ်သားများ လိုက်ပါလာသော စစ်ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း PDF-South Monywa တပ်ဖွဲ့ထံမှ သိရသည်။
ထိခိုက် ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသော စစ်ကားကို အောက်တိုဘာလ ၁၁ ရက်နေ့ ည ၇ နာရီခန့်တွင် မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ချောင်းဦး မှ မုံရွာသို့ မောင်းနှင်လာစဥ် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို People's Defence Force - South Monywa ပြုလုပ်ခဲ့ပြီး ယင်း စစ်ကားသည် မုံရွာသို့ ပြန်ရောက်စဥ် ထိခိုက်ဒဏ်ရာရ စစ်သားများထဲမှ ၅ ဦးသေဆုံးကြောင်း PDF-South Monywa တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ကယန်းသာယာလမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၂၉ ရက်နေ့၌ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဂိတ်စခန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၁၀၀၅ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း အမှတ် ၁၀၀၈ တပ်ရင်းက ထုတ်ပြန်သည်။
တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
Crd
စားဖိုမှူး ရဲဘော်ဘကြီးတွေကို ယင်းမာပင် PDF ရဲဘော်တွေ သီတင်းကျွတ် ကန်တော့
အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ယင်းမာပင်မြို့နယ် PDF တပ်ရင်း ၁ ရဲဘော်တွေဟာ တပ်ရင်းအတွင်းမှာ စားသောက်ရေးအတွက် ချက်ပြုတ်ကျွေးမွေးနေတဲ့ စားဖိုမှူး ရဲဘော်ဘကြီးတွေကို သီတင်းကျွတ်ကန်တော့ခဲ့ကြပါတယ်။
အဲ့ဒီ တော်လှန်ရေးရဲဘော်ဘကြီးတွေဟာ ယင်းမာပင်မြို့နယ် တပ်ရင်း ၁ သင်တန်းအပတ်စဉ် ၁ ကနေ ၆ အထိ သင်တန်းသား ၁၈၀၀ ကျော် မွေးထုတ်ပေးခဲ့တဲ့ ကာလတလျှောက်လုံး ရှိတဲ့ရိက္ခာနဲ့ ချက်ပြုတ်ကျွေးမွေးခဲ့တာလို့ သိရပါတယ်။
ယင်းမာမြို့နယ် PDF တပ်ရင်း ၁ မှာ သင်တန်းတက်ရောက်ပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေလည်း စိတ်နဲ့ သီတင်းကျွတ်ကန်တော့နိုင်ရန်အတွက် ဓာတ်ပုံတွေကို မျှဝေထားတယ်လို့ အသိပေးထားပါတယ်။
ယင်းမာပင်မြို့နယ် PDF တပ်ရင်း ၁ ကို ၂၀၂၁ ခုနှစ်၊ မေလအတွင်းမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ ဖွဲ့စည်းထားပြီး ရဲဘော် ၁၈၀၀ လောက် စစ်သင်တန်းကနေ မွေးထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က ဖယ်ခုံ စစ်ဘေးရှောင်တွေကို အမြောက်နဲ့ ပစ်ခတ်နေလို့ ဗုံးခိုကျင်းတွေ တူးဖို့သတိပေး
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်မှ အောက်တိုဘာလ ၁၁ ရက်က စစ်ဘေးရှောင် ပြည်သူတွေရှိရာကို အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဇုံဧရိယာတွေမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ NUG ရဲ့ ၁၀၀၇ တပ်ရင်းက အသိပေး ထားပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁၁ ရက်၊ နေ့လည် ၁၂ နာရီဝန်းကျင်က စစ်ဘေးရှောင် ပြည်သူ အများအပြား ခိုလှုံနေတဲ့ ဒေသတွေကို ၁၂၀ မမ အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် NUG ၁၀၀၇ တပ်ရင်း (မိုးဗြဲ PDF) က ထုတ်ပြန်ပါတယ်။
ဒါကြောင့် ရှမ်းတောင်နဲ့ ကရင်နီ(ကယား)ပြည်နယ်က စစ်ဇုံဧရိယာ အတွင်းမှာ နေထိုင်တဲ့ပြည်သူတွေ အနေနဲ့ အသက်အန္တရယ် ထိခိုက်မှု မရှိစေရေးအတွက် ဖော်ပြထားတဲ့ အတိုင်း ဗုံးခိုကျင်းတွေ တူးကြဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူမှုကွန်ရက် အသုံးပြုသူတွေ အနေနဲ့လည်း ကမ်ပိန်းတစ်ရပ် အနေနဲ့ ဝိုင်းဝန်းနှိုးဆော်ပေး ကြပါဖို့နဲ့ ပြည်သူတွေ အနေနဲ့ မဖြစ်မနေ လိုက်နာပေးကြဖို့ မိုးဗြဲ PDF က တိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်တပ်က အင်အား ဆုတ်ယုတ်လာနေတာကြောက့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေကို အလွန်အကျွံ သုံးစွဲလာပြီဖြစ်တာကြောင့် ဖယ်ခုံမြို့နယ်ရှိ စစ်ဇုံဧရိယာတွေမှာ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ဖယ်ခုံ PDFတပ်ရင်း- ၂ ကလည်း မေတ္တာရပ်ခံထားပါတယ်။
ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်း၊ ခင်မွန်၊ အောင်ချမ်းသာ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်း၊ ခင်မွန်၊ အောင်ချမ်းသာကျေးရွာများကို ယမန်နေ့ စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ ၁၀၀ နီးပါး မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း အင်အား ၇၀ ပါသော စစ်ကြောင်းသည် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မယ်သဲကြိုးကွင်းမှ အိမ်ခြေ ၆၀ ဝန်းကျင်ခန့် မီးရှို့ခံရကြောင်း၊ ခင်မွန်ရွာနှင့် အောင်ချမ်းသာကျေးရွာလည်း မီးရှို့ဖျက်ဆီးခံရကြောင်း သိရှိရသည်။
"ခင်မွန်ရွာ ကိုမီးရှို့ပြီး အောင်ချမ်းသာရွာကိုဝင်တယ်။ အဲဒီကနေတဆင့် မယ်သဲကြိုးကွင်းဆင်းလာပြီး ထပ်ရှို့တယ် အိမ်ခြေ ၆၀ ဝန်းကျင်ခန့်လောက်မီးလောင်သွားတယ်။ စစ်တပ် ခွေးအင်အားက ၇၀ လောက်ပါတယ်။ အဲကနေမှ ပျူစောထီးရွာကင်မွန်းတော်ကိုဝင်ကြတယ်။ ကင်မွန်တော်ရောက်ခါနီးတိုက်ပွဲဖြစ်သေးတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်းကျေးရွာသို့ မကြာခဏ စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။
Crd
အဝေးပစ်နိုင်တဲ့ လက်နက်ကြီး မြို့နယ် ပ.က.ဖ ထုတ်လုပ်အောင်မြင်
စစ်ကိုင်းတိုင်းအတွင်းမှာ အခြေစိုက်ပြီး NUG လက်အောက်ရှိ Eagle People Defences အဖွဲ့က မီတာ ၄၀၀၀ ကျော်လောက်အထိ ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးကို ထုတ်လုပ်အောင်မြင်တယ်လို့ အသိပေးထားပါတယ်။
ဒီလက်နက်ကြီး ထုတ်လုပ်ဖို့ အချိန် ၁ လ ကျော်ယူရပြီး ကုန်ကျစားရိတ်က ၁၅ သိန်းလောက်ရှိပြီး စမ်းသပ်ပစ်ခတ်တာ အောင်မြင်တယ်လို့ Eagle People Defences အဖွဲ့က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အဲ့ဒီ လက်နက်ထုတ်လုပ်တဲ့အဖွဲ့ဟာ ဒေသတွင်းမှာ စစ်ကောင်စီအဖွဲ့ကိုလည်း တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ မြို့နယ် ပ.က.ဖ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
ထားဝယ်-သရက်ချောင်းလမ်းပိုင်းရှိ စကစ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ၊ မုံရွာ၊ မအူရွာကို လုယက်ဖျက်ဆီးခဲ့သော စစ်တပ် မိုင်းဆွဲခံရပြီး သေဆုံးမှုများပြား
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊သရက်နှစ်ခွရွာနှင့်ပန်းပြင်ရွာကြားရှိ စစ်ကောင်စီတပ်၏ စစ် ဆေးရေးဂိတ် ယမန်နေ့ညပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Dawei Information Center ထံမှ သိရှိရသည်။
အောက်တိုဘာ ၁၁ ရက်နေ့ ည(၈)နာရီခန့်တွင် စစ်တပ် စစ်ဆေးရေးဂိတ်ထဲကိုPDF ရဲဘော်များက ဒရုန်းဖြင့် ဗုံးသီး(၈)လုံးချဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း PDF အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။
"ကျနော်တို့ဘက်က ဗုံးကျဲပြီးတဲ့အချိန်၌စကစတပ်သားများအနီးအနားရှိနေရာများကိုလက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်တယ်။ ရဲဘော်တွေအားလုံးလည်း ဘေးကင်းစွာနဲ့ပြန်ဆုတ်လာခဲ့ပါတယ်"ဟု၎င်းက ထပ်မံပြောဆိုသည်။
ဒရုန်းဖြင့် ဗုံးကျဲသော စစ်တပ်စစ်ဆေးရေးဂိတ်သည် ပြည်သူလူထုအားအနည်းမျိုးစုံယုတ်မာကောက်ကျစ်နေ၍ ပြီးခဲ့သောလကလည်း ဒရုန်းနဲ့ဗုံးသီးချဖောက် ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မအူရွာမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ပြန်လာသည့် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁၀ ဦးသေ ဆုံးကြောင်း သိရသည်။
စစ်ကား ၃ စီးကို အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မုံရွာမြို့ စက်မှုဇုန် အဝိုင်းပတ် ပန်းတံခွန် ကိုယ်ပိုင် ကျောင်းအနီးတွင် ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီးထိမှန်ကာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုကို Farmers Revolution Force (မုံရွာခရိုင် တပ်ရင်း ၈, ၉, ၁၀)နှင့် Brave Heart Army-BHA တို့မှ ပူးပေါင်း ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်။
Crd
ဒီမော့ဆိုမြို့နယ်တွင် စစ်ကောင်စီဘက်မှပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ၅နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
အောက်တိုဘာလ ၈ ရက်နေ့ ညနေ့ ၆နာရီကျော် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းစစ်ရှောင်ပြည်သူရှိတဲ့နေရာသို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးနဲ့ ပစ်ခတ်မူကြောင့် ၅နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါပစ်ခတ်မှုအား ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းဖြစ်သည့် ငွေတောင်အခြေစိုက် ၁၀၂ တပ်ရင်း၊ ဖရူဆိုတပ်ရင်းဖြစ်သည့် ခမရ ၄၂၈၊ ခမရ ၅၃၁ ၊ အမှတ်(၁၄) တန်းမြှင့်စစ်သင်တန်းကျောင်း ကနေ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်နေသည်ဟု ယူဆကြောင်း ဒေသခံများက ဆိုသည်။
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားပြည်သူ ၁၀ဦးသေဆုံးခဲ့ရပြီး ၁၉ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၏ စာရင်းများအရ သိရသည်။
Crd