phyo yadanar khin

phyo yadanar khin

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from phyo yadanar khin, Grocers, .

28/10/2023
08/08/2023

သံပုရာသီးတွေပေါနေတဲ့အချိန် #သံပုရာသီးသနပ်လုပ်ထားကြမယ်
ပြုလုပ်နည်း
************
သံပရာသီးကိုရေဆေးပြီးအလုံးလိုက်ကိုလေးစိတ်စီ
ပြတ်အောင်လှီးထားပါ ဆား
နှင့်နယ်ပါ
သံပရာသီးလှီးပြီးသား ၁ပိသာ
ဆိုရင်ဆား ၅ ကျပ်သားထည့်
နယ်ပါ အငံကအနေတော်နှင့်
တာရှည်ထားလို့ရပါတယ်
ဆားနယ်ပြီးသားသံပရာသီး
ကိုပုလင်းမှာဖြစ်စေပလပ်
စတစ်ဘူးမှာဖြစ်စေထည့်ပြီး
အဖုံးလုံအောင်ပိတ်ထားပါ
အောက်ကဆားရည်အပေါ်က
သံပရာသီးနှင့်ထိအောင်တနေ့
တခါလောက်ဘူးကိုလှုပ်ပေး
လှန်ပေပါ နေရောင်မပြပဲအခန်းထဲမှာထားလည်းရပါ
တယ် ရက် ၂၀ ကျော် တလ
လောက်မှသံပုရာသီးကနူးနပ်
ပါတယ် သံပုရာသီးနူးနပ်မှ
ဒယ်အိုးတခုမှာဆီထည့်ပြီး
အပူပေးကာဆီပူလာရင်
မုန်ညှင်းစေ့ကိုထည့်ပါ မုန်ညှင်းစေ့ဖေါက်ဖေါက်မြည်
လာရင်မီးလျော့ပြီးဆီနွေးနွေး
မှာမဆလာမွှေးမှုန့်ထည့်ပါ
ငရုတ်သီးအစိမ်းမှုန့်ထည့်ပါ
မွှေပေးပါ သံပရာသီးနူးနပ်
နေတာထည့်ပါ သကြားနဲနဲ
ထည့်ပြီးမွှေပေးပါ အရသာ
မြည်းကြည့်ပါ အနေတော်ဆို
ရင်အအေးခံပြီးကြက်သွန်ဖြူ
နွှာထားတာကိုပါးပါးလှီးထည့်
ပြီမွှေပေးပါ သံပရာသီးသနပ်
ရပါပြီ စားကောင်းကြပါစေ
သံပုရာသီးစိမ်ထားတာကိုမိုး
ကုန်လို့နေပူရင်ဝါးစကာဗန်းမှာ
ပလပ်စတစ်အပါးစခံပြီးထည့်
၃ ရက်လောက်နေလှန်းရင်
သံပရာသီးအခြောက်ကိုရပါ
တယ် အဲဒါကို ပါဝါသကြားမှုန့်
နွယ်ချိုမှုန့်နှင့်ရောနယ်လိုက်ရင်သံပရာပေါင်းရပါတယ်
အရင်ကတော့စီးပွားဖြစ်လုပ်
ခဲ့ဖူးပါတယ် အခုကတော့နား
လိုက်ပါပြီး သံပရာသီးအခြောက်ကိုအစေ့ထုက်ကြိတ်
ပြီးပါဝါသကြားမှုန့်နွယ်ချိုမှုန့်
နှင့်နယ်ပြီးအပြားချပ်လုပ်ပြီး
နေလှန်းကာအဲဒီအပြားချပ်ကို
ပြန်ညှပ်ပြီးရှောက်သီးဆေးပြားလိုပြန်လုပ်လည်းရပါတယ်
ရှောက်သီးလည်းအဝိုင်းပါးလှီး ဆားစိမ်နေလှမ်းပြီးခြောက်ရင်ပါဝါသကြားမှုန့်
နွယ်ချိုမှုန့်နှင့်နယ်ပြီးရှောက်
ပြားဝိုင်းလည်းလုပ်လို့ရပါ
တယ် ဒီအချိန်ကရှောက်သီး
သံပရာသီးပေါတဲ့အချိန်ပါ
မိုးတွင်းမှာဆားစိမ်ထားပြီး
မိုးကုန်နေပူမှလှမ်းလို့ရပါတယ်
အခုကတော့နားလိုက်ပါပြီ
Kyaw Swe
အခြားနည်းများ
***************
သံပရာသီးကို အရင်ဆုံး ဆားရည်ထဲထည့်စိမ်ပေးပါ
ပီးရင်ရေစစ်ပြီး သံပရာသီးတလုံးကိုလေးစိတ်စိတ်ပီးအထဲကို ဆားနဲ့သိပ်ပေးပါ
ပီလျှင် ဖန်ပုလင်းထဲ သိပ်ပီးထည့်ပေးပါ
ဆားရည်‌ဖျော်ပီး အနည်းကယ်ထည့်ပေးပါ
နေ3ရက်လောက် ပုလင်းကိုပြပေးပါ
လုံးဝမှိုမတက်ပဲ အရောင်ဝင်းဝင်းအိအိလေးနဲ့ ကောင်းမှကောင်းပါပဲ
ညီမကတော့ သံပရာသီးကို စိတ် ဆားနှံ့အောင်နယ် ပလက်စတစ်အိတ်ထဲထည့် ကြိုးချဉ်ပြီး နေရတဲ့နေရာမှာ ချိတ်ထားလိုက်တယ်

Photos from phyo yadanar khin's post 02/08/2023

ထိုင်း စာ ထိုင်း စကား လေ့လာသူများအတွက်

Photos from phyo yadanar khin's post 02/08/2023

အရောင်လေးတွေ တရုတ်စကား တရုတ်စာ

Videos (show all)

Website