Myebon Agent - Pann Poh

Myebon Agent - Pann Poh

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myebon Agent - Pann Poh, Book shop, .

27/02/2023

ပူပင်သောကတွေကို ဖယ်ခွာချခဲ့ပြီး
ရေလို ကြည်လင်အေးချမ်းတဲ့ စိတ်အစဉ်
ရရှိစေမယ့် စာအုပ်လေးတစ်အုပ်....

#သောကရဲ့အဝေးတစ်ဖက်မှာမင်းနေပါ
တန်ဖိုး - 4000 ၊ စာမျက်နှာ 91(ဒုတိယအကြိမ်)
စာအုပ်မှာယူရန် www.pannsattlann.com/product/thaw-ka/

- သောကရဲ့အဝေးတစ်ဖက်မှာမင်းနေပါ စာအုပ်မှာဆိုရင် စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ စိတ်သောကဖြစ်တာတွေကို အမြန်ဆုံးသက်သာမှုရရှိစေမယ့်အကြောင်းအရာတွေကို ရေးသားတင်ပြထားပါတယ်။
- လက်ရှိအချိန်၊ လက်ရှိအခြအနေမှာ တွေ့ကြုံခံစားနေရတဲ့ လူမှုဘဝတွေထဲက လက်တွေ့ကျကျ စနစ်တကျရေးသားတင်ပြထားပါတယ်။ ဒီစာအုပ်မှာ စိတ်ခွန်အားပြည့်စေမယ့် စာပိုဒ်(၇၅)ပုဒ် ပါဝင်ပါတယ်။ အပုဒ်တိုင်းမှာ ထိထိမိမိရေးဖွဲ့တင်ပြထားတဲ့အတွက် စာနည်းနည်းဖတ်ရုံနဲ့ စိတ်လက်ပေါ့ပါးမှု တွေကို အများကြီးရရှိခံစားရပါမယ်။ စာဖတ်သူတိုင်းကို ကြည်လင်သော စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

ကောင်းပြည့်သော် ၏ ထွက်ရှိပြီးစာအုပ်များ
www.pannsattlann.com/author-tag/kaung-pyae-thaw/

စာအုပ်များကို...
1 Website (www.pannsattlann.com)
2 App (Pann Satt Lann)
3 ဖုန်းအမှာ (ရုံးချိန်အတွင်း)
09 889003011
09 889003022
09 889003033
တို့မှ မှာယူနိုင်ပါတယ်။

ပန်းဆက်လမ်းမှ မှာယူသည့်
စာအုပ်တိုင်းမှာ...
စာအုပ်မိုးကာ + စာမှတ်ကတ်
လေးတွေ ပါဝင်မှာဖြစ်ပြီး...

ပြည်တွင်း ပို့ခ တစ်အုပ် ၂၀၀၀ ကျပ်၊
*ထပ်တိုးတစ်အုပ် ၁၀၀* ကျပ် ဖြစ်ပြီး
ပြည်ပနိုင်ငံပေါင်း ၂၀၀ ကျော်မှလည်း
အိမ်အရောက် မှာယူနိုင်ပါတယ်...

ရွှင်သာချမ်းမြေ့ကြပါစေ

#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း (pannsattlann.com)
#သောကရဲ့ အဝေးတစ်ဖက်မှာမင်းနေပါ
#ကောင်းပြည့်သော်

27/02/2023

https://www.facebook.com/100080126120908/posts/200541629293373/?mibextid=Nif5oz

🎉 ခံစားသူအမြင် ​ရေးခြယ်ပွဲ- Review Contest🎉
💜 တောင်ပေါ်အနမ်း အလွမ်းရာသီ 💜

❗️ Contest ကာလ ၂၆.၂.၂၀၂၃ မှ ၂၅.၃.၂၀၂၃ အထိ ❗️

တောင်ပေါ် အနမ်း အလွမ်းရာသီ.. ခံစားသူအမြင်ရေးခြယ်ပွဲ Review Contest အစီအစဉ်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ ...

ဒီအစီစဉ်ဟာ တစ်လတိတိရှိနေမှာ ဖြစ်ပြီး...အကောင်းဆုံး... Review ရေးသားသူ ၁၅ယောက်ကို March လ ၂၆ ရက်နေ့မှာ ရွေးချယ်ကြေညာပေးသွားမှာ ဖြစ်ပါတယ်..

❤️ ရွေးချယ်ခံရသူများဟာ..April လ ၂ရက်နေ့ (တနင်္ဂနွေနေ့)မှာ..
ဆရာမမွန်နဲ့အတူ Wyndham Grand Hotel မှာ ရင်းနှီးနွေးထွေးစွာ..Hi Tea အတူသုံးဆောင်ရင်း စာအုပ်အကြောင်းလေးတွေ ပြောဆိုဆွေးနွေးခွင့်ရဖို့ စီစဉ်ထားပါတယ်..

❤ မလာ​ရောက်နိုင်တဲ့နယ်က စာဖတ်သူများအတွက် အမှတ်တရ လက်ဆောင်လေးတွေ ပို့ပေးမှာ ဖြစ်ပါတယ်..

တောင်ပေါ်အနမ်းအလွမ်းရာသီဟာ.. ထွက်ပြီး တစ်ပတ်အတွင်းမှာပဲ ဒုတိယအကြိမ်ပြန်ရိုက်ရတဲ့ စာအုပ်ဖြစ်တာကြောင့် အထွေအထူး Promote လုပ်ဖို့မလိုပါဘူး..စာရေးသူနဲ့စာဖတ်သူများ ပိုပြီး ချစ်ခင်ရင်းနှီးစွာ ..အပြင်မှာ..တွေ့ဆုံနိုင်ဖို့ကိုသာ အဓိက.. ရည်ရွယ်ထားပါတယ်..

❤️ တောင်ပေါ်အနမ်း စာအုပ်လေးကို ဖတ်ပြီးသူတွေအနေနဲ့ မိမိရဲ့ခံစားချက်အမြင် review ​​လေးနဲ့ စာအုပ်ပုံ​လေးကို ကိုယ့် wall ထဲမှာတင်ပြီး link ​လေးကို ဒီပို့စ်​လေးရဲ့​အောက်မှာမန့်​ပေးပါ ...

ဝင်​ရောက်ပါဝင်ဖို့ ဖိတ်​ခေါ်ပါတယ်​နော် ...

ရွှင်သာချမ်းမြေ့ကြပါစေ💓
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း (pannsattlann.com)
#တောင်ပေါ်အနမ်းအလွမ်းရာသီ
#ခံစားသူအမြင်ရေးခြယ်ပွဲ

25/02/2023

Labour ကဒ် ဝန်ဆောင်မှု ကြေညာခြင်း😊😊

နိုင်ငံခြားသွားအလုပ်လုပ်ကိုင်လိုသူများ

ပြည်တွင်းဝန်ထမ်းလုပ်ကိုင်လိုသူများ အတွက်

မည့်သည့် labour ကဒ်အမျိုးအစားမဆို

ဆက်သွယ်မှာယူနိုင်ပါပီ

အသေးစိတ်သိရှိလိုပါက
ph 09250882464
09681575353

ဆက်သွယ်မေးမြန်နိုင်ပါတယ်

လျင်မြန်ဆုံးဝန်ဆောင်မှုပေးနေပါပီ😊😊

Photos from Pann Satt Lann Books's post 04/10/2022
04/08/2022

💜 ရိုးရှင်းစွာ ​နေထိုင်ခြင်းဖြင့်
စိတ်​အေးချမ်းမှုကို ရှာ​ဖွေနိုင်ဖို့....

#ပစ္စုပ္ပန်မှာ_ရှိနေပါ (မျိုးလွင်(MBA))

💓 ကြိုတင်မှာယူနိုင်ပါပြီ!

• တန်ဖိုး - 4000၊ စာမျက်နှာ - 186
• စာအုပ်ထွက်ရှိမည့်ရက် - 9.8.2022
• စာအုပ်မှာယူရန်👉 www.pannsattlann.com/product/ship-nay-par/

🤩 Pre Order ကြိုတင်မှာယူသူများအတွက် စာရေးသူ အမှတ်တရလက်မှတ်ဖြင့် စာအုပ်လေးရရှိမှာဖြစ်ပါတယ်

- အမေရိကန်နိုင်ငံသူ စာရေးဆရာမ အန်နာဘလက်ရဲ့ Be Mindful ကို မူရင်း အာဘော်အတိုင်း ပြန်ဆိုထားတဲ့ ဒီစာအုပ်မှာအတိတ်မှာလည်း မနေဖို့၊ အနာဂတ်အတွက်လည်း တွေးပူမနေဖို့၊ လက်ရှိပစ္စုပ္ပန်မှာပဲ ရှိနေဖို့အတွက် အချိန်ရရင် ရသလောက် သတိရှိဖို့ တိုက်တွန်းအကြံပြုထားပါတယ်။
- လူဖြစ်လာတဲ့အခါ ကောင်းတာတွေ မကောင်းတာတွေ၊ ကြိုက်တာတွေ မကြိုက်တာတွေ၊ ဖြစ်ချင်တာတွေ မဖြစ်ချင်တာတွေဟာ အတားအဆီးမရှိ ဖြစ်နေကြပါတယ်။ ဒါတွေကို ပြောင်းဖို့မလွယ်ပါဘူး။ ဒီအဖြစ်အပျက်တွေကို ရင်ဆိုင်ရမှာပဲဖြစ်တော့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရုံမက စိတ်ခွန်အားလည်းရှိဖို့ လိုပါတယ်။ စိတ်ထားတတ်ဖို့လိုပါတယ်။ ယနေ့ခေတ်လူတွေ ဘယ်လိုသွားလာလှုပ်ရှားပြီး ဘယ်လိုအခက်အခဲတွေနဲ့တွေ့တဲ့အခါ ဘယ်လို ဖြေရှင်းမလဲ။ ဘာကြောင့် ဒီလိုဖြေရှင်းရသလဲဆိုတာကိုလေ့ကျင့်ခန်းလေးတွေနဲ့ လွယ်လွယ်ကူကူ ရေးသားထားပါတယ်။

- ယနေ့လူတွေဟာ အလုပ်တော်တော်များများကို သတိမရှိဘဲ လုပ်နေကြပါတယ်။ အကျင့်ပါနေပါပြီ။ စိတ်လည်း တော်တော်လွင့်နေကြပါတယ်။ ရေချိုးရင်း ဘယ်နှစ်ယောက်အကြောင်း စဉ်းစားမိနေသလဲ။ လူဘယ်နှစ်ယောက်နဲ့အတူ ရေချိုးနေသလဲ။ ထမင်းစားရင်းနဲ့လည်း ဘာတွေစဉ်းစားပြီး စားနေသလဲ။ လက်ဖက်ရည်သောက်ရင်လည်း စိတ်ကလွင့်နေဆဲပါပဲ။ ပန်းကန်ဆေးရင်းနဲ့လည်း စိတ်ကလွင့်နေဆဲပါပဲ။ သတိမထားဘဲလုပ်နေတဲ့အလုပ်တွေ အများကြီးပါပဲ။ စိတ်ပညာဆရာကြီးတွေက အော်တိုပိုင်းလော့လို့ပြောလေ့ ရှိပါတယ်။ လေယာဉ်ပျံ သူ့အလိုလို ထိန်းကျောင်းမောင်းနှင်တာကို ဆိုလိုတာပါ။ ပိုင်းလော့ လေယာဉ်မှူးက ထိန်းစရာမလိုပါဘူး။ ဒီလိုလွင့်နေတဲ့စိတ်တွေကို ဘယ်လိုပြန်ဖမ်းမလဲ၊ စုစည်းမလဲဆိုတာတွေကို လမ်းညွှန်ထားပါတယ်။ ခြုံပြောရရင် သတိရှိဖို့ တရားမှတ်တဲ့ လေ့ကျင့်ခန်းတွေ စိတ်ဝင်စားစရာ လူ့စိတ်နေသဘောထား တွေကို ဖော်ပြထားပါတယ်။ ဘဝအတွက် ချက်ချင်းအကျိုးရှိစေတဲ့ ဗဟုသုတတွေ အများကြီးပါတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

စာအုပ်လေးကို...
1️⃣ Website (pannsattlann.com)
2️⃣ မိမိတို့မြို့ရှိ ပန်းပို့ကိုယ်စားလှယ်
3️⃣ ဟယ်လိုဆားဗစ် (ဖုန်းအမှာ)
09 889003011
09 889003022
09 889003033
တို့မှ မှာယူနိုင်ပါတယ်...

💓 မှာယူသည့် စာအုပ်တိုင်းမှာ
ပန်းဆက်လမ်းရဲ့ 'စာအုပ်မိုးကာ'
'Book Jecket' လေးတွေ
လက်ဆောင်ပါဝင်မှာဖြစ်ပါတယ်...

ရွှင်သာချမ်းမြေ့ကြပါစေ💓

Photos from Pann Satt Lann Books's post 17/07/2022

ဖတ္ခ်င္တဲ့စာအုပ္ရှိက မှာနိုင္ပါတယ္ရှင့္

03/06/2022

💓 မြတ်ဗုဒ္ဓ၏ ဓမ္မရိပ်အောက်က
အေးမြသည့် ဘ၀နေထိုင်နည်း ...

🍀 ကလေးဘ၀မှာတော့ အပူအပင် ကင်းရှင်းပါတယ်။ မုန့်လိုချင်လို့ ငိုရင် မုန့်ရရင် အငိုတတိတ်သွားပါပြီ။ နို့စို့ချင်လို့ ငိုရင် နို့စို့ရရင် အငိုတိတ်သွားပါပြီ။ အလိုမကျလို့ ငိုရင်လည်း ချော့လိုက်တာနဲ့ မကြာမီမှာ အငိုတိတ်သွားပါပြီ။ သူတို့တွေရဲ့ ဘ၀က အပူအပင် ကင်းစင်တယ် .....

🍀အသက်အရွယ်ရလာတော့ အလုပ်တွေက ပိုပိုများလာတယ်။ အလုပ်များလာတော့ အလုပ်တွေပိုလာတော့ စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ ပူပန်မှု၊ မအီမသာဖြစ်မှု၊ စိတ်ညစ်နွမ်းမှု၊ မကျေမနပ်ဖြစ်မှု၊ အလိုမကျမှု၊ နောင်တရမှု၊ သောကအပူမီးတွေ တောက်လောင်နေမှု စတာတွေက ကိုယ်နဲ့အတူ အဖော်ပြုနေပါပြီ...

🍀 ဒီစာအုပ်လေးကတော့ စိုးရိမ်ပူပန်မှုတွေများရတဲ့ ဒီနေ့လိုခေတ်ကြီးထဲမှာ နှလုံးအေးချမ်းစွာ နေထိုင်အသက်ရှင်နိုင်ဖို့ စာဖတ်သူရဲ့ စိတ်နှလုံးကို ဆေးကောင်းတစ်လက် တိုက်ကြွေးမယ့်စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်....

​ #နှလုံးအေးသောဆေး - ဒေါက်တာ အရှင်၀ရဗုဒ္ဓိ(ဓမ္မခရီးဖော်)
• တန်ဖိုး - 3500၊ စာမျက်နှာ 136
• စာအုပ်မှာယူရန်👉 www.pannsattlann.com/product/heart-cool/
• (စာအုပ်လေးကို ၁.၆.၂၀၂၂ မှာ ထွက်ရှိပြီး Pre Order မှာယူထားသူများထံသို့ အိမ်အရောက် ပို့ဆောင်ပေးထားပါပြီ။ မြန်မာတစ်ပြည်လုံးသို့လည်း စတင်ဖြန့်ချိနေပါပြီ)

စာအုပ်များကို
✅ Website (www.pannsattlann.com)
✅ App (Pann Satt Lann)
✅ ဟယ်လိုဆားဗစ် (ဖုန်းအမှာ)
09 889003011
09 889003022
09 889003033 တို့မှ မှာယူနိုင်ပြီး

• ပန်းဆက်လမ်းမှ မှာယူသည့်
စာအုပ်တိုင်းမှာ...
စာအုပ်မိုးကာ + စာမှတ်ကတ်
လေးတွေ ပါဝင်မှာဖြစ်ပါတယ်။

• ချစ်ခင်သူရသူတွေထံ စာအုပ်လေးတွေ
လက်ဆောင် ပို့မယ်ဆိုရင် ...
#အပြုံးလက်ဆောင် ဆိုတဲ့
ထုပ်ပိုးမှုလှလှလေးနဲ့ ပို့ဆောင်ပေးမှာပါ...

• ပို့ခ တစ်အုပ် ၁၀၀၀ ကျပ်၊
ထပ်တိုးတစ်အုပ် ၂၀၀ ကျပ် ဖြစ်ပြီး
မြန်မာပြည်အနှံ့ မြို့ကြီး ၂၀၀ နီးပါးကို
'ပန်းပို့စနစ်'ဖြင့် ပို့ဆောင်မှာဖြစ်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💓
ပန်းဆက်လမ်း

30/05/2022

❤❤

11/05/2022

အရင်းရှင်လူတန်းစားရဲ့ ဖိနှိပ်ဂုတ်သွေးစုပ်
မှုတွေကို ရင်နင့်ဖွယ်ရေးဖွဲ့ထားတဲ့ ကမ္ဘာကျော်
၀တ္ထုကြီးဖြစ်ပြီး ယနေ့ ဂန္ထဝင်စာပေ အဖြစ်
သတ်မှတ်ခံထားရတဲ့ ....
'သွေးစုပ်မြေ' (သို့မဟုတ်) 'TheJungle'

🍀 ဆရာကြီးရွှေဥဒေါင်း၏ ဘာသာပြန်လက်ရာကို ပန်းဆက်လမ်းစာပေမှ အမှတ်တရ ပြန်လည် ထုတ်ဝေထားပါတယ်....
#သွေးစုပ်မြေ (ရွှေဥဒေါင်း)
မူရင်း - The Jungle by Upton Sinclairs
◾️ တန်ဖိုး - 4000၊ စာမျက်နှာ 192
◾️ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/the-jungle/

သူဌေးတိုင်းပြည်လို့ နာမည်ကြီးနေသော အမေရိကန်ပြည်ကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်တဲ့ မိသားတစ်စုရဲ့ ရုန်းကန်လှုပ်ရှားရပုံများကို မြင်တွေ့ရမယ့် ဆရာကြီးရွှေဥဒေါင်းရဲ့ ၁၉၅၅ခုနှစ် စာပေဗိမာန် ဘာသာပြန်ဆုရ စာအုပ်ကောင်းတစ်အုပ် ..

အစားလေးတစ်လုတ်စားရဖို့အရေး ရှာလိုက်ရတဲ့အလုပ်တွေ .. အလုပ်လေးတစ်ခုရလာရင်လည်း အဲ့အလုပ် ပြန်ပြုတ်မသွားအောင် ဗလက္ကာရ ပြုကျင့်တာကိုတောင် ရေငုံနှုတ်ပိတ်နေရတဲ့ အဖြစ်တွေက ရင်နင့်စရာ ..

အေးခဲလွန်းတဲ့ ရာသီဥတုကို အန်တုပီး အလုပ်သွားပေမယ့် ခန္ဓာကိုယ်က မခံနိုင်တော့ သွေးခဲပြီး လက်ချောင်းလေးတွေ ပြတ်ကျသွားတဲ့ ကလေးငယ် .. အေးစက်မှောင်မိုက်တဲ့ အခန်းကျဥ်းလေးထဲမှာ ကြွက်တွေဝိုင်းကိုက်လို့ ကယ်ပါ ယူပါ တဆာဆာအော်ရင်း အရိုးစုဖြစ်သွားတဲ့ စတန်နီလို ကလေးလေးအကြောင်းကတော့ စာဖတ်သူရင်ကို ထိခိုက်စေမှာ အမှန်ပါပဲ ..

အထူးသဖြင့် အရင်းရှင်လူတန်းစားတစ်ရပ်က အလုပ်သမားလူတန်းစားတွေကို ဖိနှိပ်ပီး ဂုတ်သွေးစုပ် အုပ်ချုပ်နေကြတဲ့ အဖြစ်ကို ပေါ်လွင်အောင် ရေးသားထားနိုင်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ် ..

❤️ ရွှေဥဒေါင်း၏ မှာယူရရှိနိုင်သည့် စာအုပ်များကို
www.pannsattlann.com/author-tag/shwe-ou-daung/ link လေးထဲဝင်ပြီး စာမြည်း၊ စာညွှန်း၊ မာတိကာများ အသေးစိတ်လေ့လာဖတ်ရှုကာ မှာယူနိုင်ပါတယ်။

◾️◾️◾️

စာအုပ်များကို
✅ Website (www.pannsattlann.com)
✅ App (Pann Satt Lann)
✅ ဟယ်လိုဆားဗစ် (ဖုန်းအမှာ)
09 889003011
09 889003022
09 889003033 တို့မှ မှာယူနိုင်ပြီး

• ပန်းဆက်လမ်းမှ မှာယူသည့်
စာအုပ်တိုင်းမှာ...
စာအုပ်မိုးကာ + စာမှတ်ကတ်
လေးတွေ ပါဝင်မှာဖြစ်ပါတယ်။

• ချစ်ခင်သူရသူတွေထံ စာအုပ်လေးတွေ
လက်ဆောင် ပို့မယ်ဆိုရင် ...
#အပြုံးလက်ဆောင် ဆိုတဲ့
ထုပ်ပိုးမှုလှလှလေးနဲ့ ပို့ဆောင်ပေးမှာပါ...

• ပို့ခ တစ်အုပ် ၁၀၀၀ ကျပ်၊
ထပ်တိုးတစ်အုပ် ၂၀၀ ကျပ် ဖြစ်ပြီး
မြန်မာပြည်အနှံ့ မြို့ကြီး ၂၀၀ နီးပါးကို
'ပန်းပို့စနစ်'ဖြင့် ပို့ဆောင်မှာဖြစ်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💓

10/05/2022

💓 ဖတ်ပြီးသူတွေ တခုတ်တရ
ပြန်ပြောကြတဲ့ စာအုပ်လေးတစ်အုပ်...
Review Rating ကောင်းတဲ့ စာအုပ်လေး
တစ်အုပ်ကို ပြောပြချင်ပါတယ်...

📚 အရိပ်၏အရိပ် (သုတေးစစ်)
Readers' Reviews (5-Star Rating)
⭐️⭐️⭐️⭐️⭐️

✍️ Review by Bookalicious

💕 အထွေး
💕 မျက်နှာချင်းဆိုင်တိုက်ခန်းအထက်မှာ အခန်းနံပါတ်မရှိပါ စာအုပ်တွေရဲ့ ပဲ့ကိုင်ရှင် ဆရာမသုတေးစစ်ရဲ့ ၂၀၁၈ ခုနှစ်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ စာအုပ်ကလေး ....

စာအုပ်ထဲမှာ ၀တ္ထုတို (၁၅)ပုဒ်ပါ၀င်ပြီး တစ်ပုဒ်ချင်းစီက မတူညီတဲ့ရသနှင့် မတူညီတဲ့ စိတ်ခံစားချက်တွေကို ပေးစွမ်းခဲ့ပါတယ်။ အသက် (၁၆) နှစ်လောက်က အရေးအသားတွေဖြစ်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်‌၊ တွေးခေါ်စဉ်းစားမှု၊ အချိတ်အဆက်မိမိနဲ့ တင်ပြနိုင်မှုတွေက ဒီနေ့ဒီအချိန်ပြန်ဖတ်တာတောင်မှ လျော့မသွားတဲ့ ရသဂုဏ်သတ္တိတွေနဲ့ ပြည့်နေပါသေးတယ် ...

သူငယ်ချင်းအချင်းချင်းကြားက ချစ်ခြင်းမေတ္တာ၊ မိဘ နဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ မိခင်တစ်ယောက်ရဲ့ ငယ်စဉ်အခါပြုမူခဲ့မိတဲ့ လုပ်ရပ်ကြောင့်ရလာတဲ့ နှောင်းနောင်တအပေါ် သမီးဖြစ်သူထံ ထပ်မံမရောက်ရှိရလေအောင် တားဆီးပေးတဲ့ မိခင်မေတ္တာ၊ ခံစားချက်နာကျဉ်းမှုတွေကို ဂိမ်းကစားရင်းဖြေဖျောက်တတ်သော ကောင်လေးတစ်ယောက်အကြောင်း၊ ပိုးစုန်းကြူးတွေကို လိုက်ဖမ်းတတ်တဲ့ ကောင်လေးတစ်ယောက်အကြောင်း၊ ဖျက်သိမ်းခါနီး စာအုပ်အငှားဆိုင်ပိုင်ရှင်တစ်ယောက်၏ ရင်တွင်းခံစားချက်၊ ဂျပန်နိုင်ငံတွင် ၂၀၁၁ ကဖြစ်ပွားခဲ့သော ဆူနာမီကြောင့် သားဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ အိဇုမိဆိုတဲ့ ဂျပန်အမျိုးတစ်ယောက်ရဲ့အကြောင်း၊ လိမ်ညာခံရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လူတွေအပေါ်အမြဲသင်္ကာမကင်းဖြစ်နေတတ်တဲ့ ခံစားချက်တွေအပြင် ဆယ်ကျော်သက်၊အထက်တန်းကျောင်းသူဘ၀ ရင်ခုန်တတ်စအရွယ်မှာ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို ရင်၀ယ်ပိုက်ထားတဲ့ ကောင်မလေးတစ်ယောက်အကြောင်း .....

❤️ အချစ်
❤️ အလွမ်း
❤️ မေတ္တာတရားတွေနဲ့ ထုံမွှမ်းထားတဲ့ ဇာတ်လမ်းတစ်ခုစီ၊ ဇာတ်ကောင်တစ်ခုချင်းစီတိုင်းက စာဖတ်သူရဲ့ ရင်ထဲကိုသေချာပေါက်ရောက်စေမှာ အမှန်ပါပဲ ...

ကျနော့်ရဲ့ Personally အရဆိုရင် ...

နားကြပ်ကြိုး၊ ပက်လက်ကုလားထိုင်‌လေးတစ်လုံး၊ ဖိနပ်တစ်ဖက်၏ စိတ္တဇမိုးရာသီ၊ ပိုးစုန်းကြူး နှင့် အမေရေးတဲ့လ နေဝေးတဲ့ည အဲ့‌ငါးပုဒ်က ကျနော့်ရင်ထဲကို အရောက်ဆုံးဖြစ်ခဲ့ရပါတယ်...ဇာတ်လမ်းချိတ်ဆက်ပုံရော၊ ဇာတ်ကိုအဆုံးသတ်ထားတဲ့ပုံစံရော အရမ်းကိုကြိုက်ပါတယ်...(ဇာတ်လမ်းကတော့ Spoiler မဖြစ်ချင်လို့ မပြောတော့ဖူးနော်။ တခြားအပုဒ်တွေလဲ ကြိုက်တယ် ဒီငါးပုဒ်က ရင်ထဲဘယ်လိုကြီးဖြစ်ပြီး ကျန်ခဲ့မှန်းမသိလို့)

" ၀တ္ထုရေးခြင်းဆိုတာ ကလေးမွေးထုတ်လိုက်သလိုပါပဲ " " ကလေးတွေရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ ကျွန်မ‌အပေါ်မူတည်ပါတယ်" လို့ ဆရာမသုတေးစစ်က အမှာစာမှာဖော်ပြထားပါတယ်။ ဆရာမ မွေးထုတ်လိုက်တဲ့ ကလေးတွေက ပရိသတ်ရဲ့ ရင်ထဲမှာ နေရာတစ်နေရာယူပြီး လိမ္မာတဲ့ ကလေးတွေအဖြစ် စာဖတ်သူရဲ့ရင်ထဲ ရှင်သန်ကြီးပျင်း လူလားမြောက်နေပါပြီလို့ပြောရင်း ....

#π|@¥

#7.3.2022
◾️◾️◾️

စာအုပ်ဖတ်ညွှန်းများ ပိုမိုဖတ်ရှုရန် - https://www.pannsattlann.com/books-review/
🍀 အရိပ်၏အရိပ် (သုတေးစစ်)
• တန်ဖိုး - 3500 ၊ စာမျက်နှာ 128
https://www.pannsattlann.com/product/ayaik/

စာအုပ်များကို
✅ Website (www.pannsattlann.com)
✅ App (Pann Satt Lann)
✅ ဟယ်လိုဆားဗစ် (ဖုန်းအမှာ)
09 889003011
09 889003022
09 889003033 တို့မှ မှာယူနိုင်ပြီး

• ပန်းဆက်လမ်းမှ မှာယူသည့်
စာအုပ်တိုင်းမှာ...
စာအုပ်မိုးကာ + စာမှတ်ကတ်
လေးတွေ ပါဝင်မှာဖြစ်ပါတယ်။

• ချစ်ခင်သူရသူတွေထံ စာအုပ်လေးတွေ
လက်ဆောင် ပို့မယ်ဆိုရင် ...
#အပြုံးလက်ဆောင် ဆိုတဲ့
ထုပ်ပိုးမှုလှလှလေးနဲ့ ပို့ဆောင်ပေးမှာပါ...

• ပို့ခ တစ်အုပ် ၁၀၀၀ ကျပ်၊
ထပ်တိုးတစ်အုပ် ၂၀၀ ကျပ် ဖြစ်ပြီး
မြန်မာပြည်အနှံ့ မြို့ကြီး ၂၀၀ နီးပါးကို
'ပန်းပို့စနစ်'ဖြင့် ပို့ဆောင်မှာဖြစ်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💓

09/05/2022

📚 ပန်းဆက်လမ်း Website/App မှ
မေလ_ပထမပတ်အတွင်း
အရောင်းရဆုံး စာအုပ်(၁၀)အုပ် ဖြစ်ပါတယ် ...
https://www.pannsattlann.com/product-category/best-seller/

◾️ အရောင်းရဆုံးစာအုပ်တွေကို....
တစ်လအတွင်း အသစ်ထွက်စာအုပ်များရဲ့
Sales Report များကို အခြေခံပြီး
Data Base ဖြင့် ဖော်ပြပေးတာဖြစ်ပါတယ်

◾️ စာဖတ်သူတို့နှင့်ထပ်တူ စာရေးဆရာ၊
ဆရာမတို့အတွက် ဝမ်းသာဂုဏ်ယူစွာဖြင့်
ယခု post လေးကို ဖော်ပြအပ်ပါတယ် ...

❤️မေလ_ပထမပတ်ရဲ့
အရောင်းရဆုံး စာအုပ်များကတော့

၁။ မနက်စာအာဟာရ(၃) (မွန်ဟော်စီ)
၂။ ဟန်ချက်ညီသောဘဝ (မွန်ဟော်စီ)
၃။ ဆူဆိုက်ဒိုင်ယာရီ (သက်ပိုင်)
၄။ ဘဝအိုအေစစ် (မောင်သန်း)
၅။ ရှင်သန်ခွင့်ဒိုင်ယာရီ (ချမ်းငြိမ်း(ဟံသာဝတီ))
၆။ သတိဖြင့်ငြိမ်းချမ်းခြင်း (မျိုးလွင် (MBA))
၇။ ခွန်အားဖြည့်တဲ့စာ (လမင်းသစ်)
၈။ စံပယ်တစ်ကုံး ဂမုန်းတစ်ပွင့် (ကြူကြူသင်း)
၉။ မျက်လှည့် (ဇော်ဝင်းကြူ-ပျဉ်းမနား)
၁၀။ အခြားတစ်ဖက်မှရှုမြင်ခြင်း (ဆွေ​ဆွေမွန်)

စာချစ်သူများအားလုံး ရွှင်သာချမ်းမြေ့ပါစေ
ပန်းဆက်လမ်း (pannsattlann.com)
◾️◾️◾️

Photos from Myebon Agent - Pann Poh's post 31/03/2022

March လရဲ့ နောက်ဆုံးအပါတ်မှာ ရောက်ရှိလာတဲ့ပန်းလေးတွေ☺

Photos from Pann Satt Lann Books's post 24/03/2022

ဆရာမရဲ့ စာအုပ်တွေ စုစည်းထားတာလေးပါ😍

22/03/2022

Preorder now!😍

📚 New York Times နဲ့ Sunday Times တို့ရဲ့
အရောင်းရဆုံးစာရင်းဝင်ခဲ့တဲ့ ဒီစာအုပ်ဟာ ၂၀၁၉
ခုနှစ်ရဲ့ အကောင်းဆုံး လျှို့ဝှက်သည်းဖို ဝတ္ထုအဖြစ်
သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ စိတ္တဇလျှို့ဝှက်သည်းဖို
ဝတ္ထုဖြစ်တဲ့အတွက် မြှုပ်ကွက်တွေ၊ စိတ်ပိုင်းဆိုင်ရာ
အကြောင်းအရာတွေကိုစာရေးသူက ထည့်ရေးထား
ပါတယ်။

📚 မူရင်းစာရေးသူ ဟာ စိတ်ပညာကိုလေ့လာခဲ့ပြီး
လူငယ်ပျိုးထောင်ရေးပိုင်းမှာ စိတ်ပညာနဲ့ပတ်သက်တဲ့
ဆွေးနွေးရေးတွေ လုပ်ခဲ့တဲ့အတွက် သူ့ရဲ့ ပထမဆုံး
ပွဲဦးထွက်ဖြစ်တဲ့ ဒီစာအုပ်ဟာ စိတ်ပညာ၊ စိတ်ကုထုံး
တွေနဲ့ ဆက်နွှယ်နေပါတယ်။

❤️ Preorder Now!

🍀 #နှုတ်ဆိတ်သွားသူ- စုမြတ်ချစ်
◾️ တန်ဖိုး - 6500၊ စာမျက်နှာ 441
◾️ စာအုပ်ထွက်ရှိမည့်ရက် - 24.3.2022
◾️ ထုတ်ဝေတိုက် - သားငယ်စာပေ
◾️ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/silent-patient/

💚Pre Order ကြိုတင်မှာယူသူများအတွက် စာရေးဆရာ အမှတ်တရလက်မှတ်ဖြင့် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်💚

◾️ အယ်လီရှာဟာ အောင်မြင်တဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပြီး သူ့​ယောက်ျားက နာမည်​ကျော် ဓါတ်ပုံဆရာ။ အရာရာအဆင်​ပြေတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထား​ပေမဲ့ တစ်ညမှာ သူ့ယောက်ျားဟာ သေနတ်နဲ့ ငါးချက်ပစ်သတ်ခံရပါတယ်။ သူ့ယောကျာ်းနားမှာသေနတ်ကိုင်ပြီးရှိနေသူကတော့ အယ်လီရှာပါ။ သူ့ယောကျာ်းအသတ်ခံရတဲ့နေ့ကစပြီး သူ စကားတစ်ခွန်းမှမပြော​တော့ဘဲ နှုတ်ဆိတ်သွားပါတယ်။ သူ ဘာလို့ နှုတ်ဆိတ်သွားတာလဲ…သူ့ခင်ပွန်းကို သူကိုယ်တိုင်သတ်လိုက်တာလား…သူ့ကို ကူညီဖို့ ရောက်လာတဲ့ စိတ်ကုထုံးပညာရှင်ကရော နှုတ်ဆိတ်နေတဲ့ အယ်လီရှာကို စကားပြောလာအောင်လုပ်နိုင်မလား…ထင်မှတ်မထားတဲ့ မြုပ်ကွက်အလှည့်အပြောင်းတွေနဲ့ လျှို့ဝှက်သည်းဖိုဖတ်ရမယ့် စိတ္တဇဇာတ်လမ်း.....

◾️◾️◾️

1️⃣ Website (www.pannsattlann.com)
2️⃣ App (Pann Satt Lann)
3️⃣ ဟယ်လိုဆားဗစ် (ဖုန်းအမှာ)
09 889003011
09 889003022
09 889003033
တို့မှ မှာယူနိုင်ပါတယ်။

ပန်းဆက်လမ်းမှ မှာယူသည့် စာအုပ်တိုင်းမှာ...
🤍 စာအုပ်မိုးကာ + စာမှတ်ကတ် 🤍
လေးတွေ ပါဝင်မှာဖြစ်ပြီး...

ချစ်ခင်သူရသူတွေထံ စာအုပ်လေးတွေ
လက်ဆောင် ပို့မယ်ဆိုရင် ...
💓 အပြုံးလက်ဆောင် ဆိုတဲ့
ထုပ်ပိုးမှုလှလှလေးနဲ့ ပို့ဆောင်ပေးမှာပါ...
https://www.facebook.com/pannsattlannbooks/posts/1959625387548890

📦 ပို့ခ တစ်အုပ် ၁၀၀၀ ကျပ်၊
*ထပ်တိုးတစ်အုပ် ၂၀၀* ကျပ် ဖြစ်ပြီး
မြန်မာပြည်အနှံ့ မြို့ကြီး ၂၀၀ နီးပါးကို
#ပန်းပို့စနစ်ဖြင့် ပို့ဆောင်မှာဖြစ်ပါတယ်..

ရွှင်သာချမ်းမြေ့ကြပါစေ
ပန်းဆက်လမ်း
◾️◾️◾️

11/03/2022

(>‿◠)✌☺

ဒီစာအုပ်လေးဟာ နေ့တိုင်း စိတ်ပိုပြီး
တည်ငြိမ်ဖို့၊ ကြည်လင်ဖို့ စဥ်းစားချိန်
နည်းနည်းလိုတယ်လို့ ခံစားရတဲ့အခါ
သတိပြုပြီး လေ့ကျင့်ရမယ့် အလေ့
အကျင့်ကောင်းလေးတွေကိုအလွယ်
တကူ ဖတ်ရှုနိုင်အောင်စုစည်းထားတဲ့
စာအုပ်လေးဖြစ်ပါတယ်.....

❤️ Preorder Now!

🍀 #စိတ်ကိုခဏအနားပေးခြင်း- မျိုးလွင် (MBA)
• တန်ဖိုး - 2800၊ စာမျက်နှာ 96
• စာအုပ်ထွက်ရှိမည့်ရက် - 17.3.2022
• ထုတ်ဝေတိုက် - သားငယ်စာပေ
• စာအုပ်မှာယူရန်👉 www.pannsattlann.com/product/pause-every-day/

• ယနေ့လို အလျင်အမြန်သွားလာလှုပ်ရှား ဖြစ်ပျက်နေတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ရဲ့ စိတ်တွေဟာ ထွေပြားဗျာများပြီး အလုပ်များလွန်းလှပါတယ်။ ဒါကြောင့် အရာရာကို ကွဲကွဲပြား ပြား မမြင်နိုင်၊ မသိနိုင်တော့ မငြိမ်းချမ်းတော့ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်တောင် အိပ်မပျော်ကြတော့ပါဘူး။

• သင့်ခန္ဓာ၊ စိတ်နဲ့ ခံစားချက်တွေကို ပေါင်းစပ်ထားတဲ့ အလေ့အကျင့်ကောင်းလေးတွေကိုတစ်နေ့မှာ ဆယ်မိနစ်လောက် အချိန်ပေးလေ့ကျင့်ပေးရုံနဲ့ နေ့စဥ်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့၊ အခွင့်အရေးတွေကို ရယူနိုင်ဖို့ စိတ်ကိုဘယ်လိုတည်ငြိမ်အောင်ထိန်းမလဲ၊ အနားပေးမလဲ၊ အင်အားတွေဘယ်လိုဖြည့်ပေးနိုင်လဲဆိုတဲ့နည်းတွေကို ဒီစာအုပ်မှာညွှန်ပြပေးထားပါတယ်။

စာအုပ်များကို...
1️⃣ Website (www.pannsattlann.com)
2️⃣ App (Pann Satt Lann)
3️⃣ ဟယ်လိုဆားဗစ် (ဖုန်းအမှာ)
09 889003011
09 889003022
09 889003033
တို့မှ မှာယူနိုင်ပါတယ်။

ပန်းဆက်လမ်းမှ မှာယူသည့် စာအုပ်တိုင်းမှာ...
🤍 စာအုပ်မိုးကာ + စာမှတ်ကတ် 🤍
လေးတွေ ပါဝင်မှာဖြစ်ပြီး...

ချစ်ခင်သူရသူတွေထံ စာအုပ်လေးတွေ
လက်ဆောင် ပို့မယ်ဆိုရင် ...
💓 အပြုံးလက်ဆောင် ဆိုတဲ့
ထုပ်ပိုးမှုလှလှလေးနဲ့ ပို့ဆောင်ပေးမှာပါ...
https://www.facebook.com/pannsattlannbooks/posts/1959625387548890

📦 ပို့ခ တစ်အုပ် ၁၀၀၀ ကျပ်၊
*ထပ်တိုးတစ်အုပ် ၂၀၀* ကျပ် ဖြစ်ပြီး
မြန်မာပြည်အနှံ့ မြို့ကြီး ၂၀၀ နီးပါးကို
#ပန်းပို့စနစ်ဖြင့် ပို့ဆောင်မှာဖြစ်ပါတယ်..

ရွှင်သာချမ်းမြေ့ကြပါစေ
ပန်းဆက်လမ်း
◾️◾️◾️

Website