General Knowledge World

General Knowledge World

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from General Knowledge World, Medical and health, .

Photos from General Knowledge World's post 28/11/2021

Relay အကြောင်းမသိသေးသူများအတွက်ရည်ရွယ်ပါသည်

1.Relay ရဲ့အဓိပ္ပါယ်
2.Relay အလုပ်လုပ်ပုံ
3.Relay အသုံးပြုပုံ
တွေကို သိသမျှတင်ပြပေးပါမယ်

1. Relay ဆိုတာက Electromagnetic Switch ပါ
Electrical signal နဲ့ထိန်းချုပ်တဲ့ Switch ခလုပ်‌ပါ

2. Relay အလုပ်လုပ်ပုံကတော့
သူ့အထဲမှာ coil တခုနဲ့ contact point လေးတွေရှိပါတယ်
coil ကelectrical signal +&- ရရင် magnetic field ထွက်လာပီး contact point မှာတွဲထားတဲ့ သံပြားလေးကိုလှမ်းဆွဲပီး point နှစ်ခုကိုထိစေပါတယ်

အဲ့လိုထိသွားရင် pointရဲ့တဖက်မှာရှိတဲ့ power source ကနေ နောက်တဖက်မှာရှိတဲ့ electrical load ဆီကို current စီးသွားပါတယ်
current များများအသုံးပြုတဲ့ load အတွက် contact point ကြီးကြီးလိုပါတယ်
contact point ကြီးရင် relay ပါကြီးသွားပီး
သူအလုပ်လုပ်ဖို့ပေးရတဲ့ signal current လည်းများလာပါတယ်

3.လေးငုတ် relayမှာ နှစ်ငုတ်က သူအလုပ်လုပ်ဖို့ signal ဖြစ်ပီး ကျန်နှစ်ငုတ်က NO normally open ငုတ်တွေဖြစ်ပါတယ်
အများအားဖြင့် NO ငုတ်တခုမှာ standby power ထားပီး နောက်တခုကို load နဲ့ series ချိတ်ထားပါတယ်

-5ငုတ် relay မှာ 2ငုတ်က signal
NO တငုတ် NC တငုတ် Common တငုတ်
relay off နေရင် NCနဲ့Common ထိနေပီး
relay on နေရင် NOနဲ့Common ထိပါတယ်

-3ငုတ် relayလည်းရှိပါတယ်
သူက signalနဲ့NOကိုပေါင်းထားတာပါ
minus signalနဲ့ control လုပ်ရင် ပေါင်းထားတဲ့ငုတ်မှာ plus ထားပီး NOအထွက်မှာ plus ထွက်မှာပါ
plus signal controlဆိုရင် NOမှာ minusထွက်မှာပေါ့

Relay မှာ အနည်းဆုံး 3ငုတ်‌ က‌နေ
contact point နှစ်‌ခုဆိုရင်‌ 8ငုတ်‌ စသဖြင့်‌ contact point များရင်‌များသလို ငုတ်‌အ‌ရေအတွက်‌လည်းများလာပါမယ်‌

👉 Relay ကိုဘာကြောင့်သုံးရလဲဆိုတော့
high current load တွေ on/off လုပ်တဲ့အခါ
comfort, remote ဖြစ်ပီး နေရာသက်သာ ရေရှည်ခံပီး လဲလို့လည်းလွယ်ပါတယ်

control သက်သာအောင် ctlနဲ့loadကြား ကြားခံအနေနဲ့ သုံးတာပါ
hydraulic MCV ကို pilot controlနဲ့ ခိုင်းသလိုပေါ့

ဥပမာ
စက်မှာ starter motor ကို key switch ကနေတိုက်ရိုက်ခိုင်းရင် ခုသုံးနေတဲ့ switchထက်ကြီးတာလိုပါတယ်
နောက် start motor ကနေ key switchကိုချိတ်ထားတဲ့ wire နှစ်ချောင်းကို ampere များများနိုင်တဲ့ ဂိတ်ကြီးတဲ့ကြိုးကိုသုံးရပါမယ်

-အဲ့ဒီမှာ relayကြားခံသုံးပီး သူ့ကို starter နားထားရင်
comfort - start switchအသေးနဲ့ သက်သက်သာသာ သုံးရတယ်
remote - starter နဲ့ relay ကြားမှာရှိတဲ့
big wire ကို တိုတိုသုံးထားပီး
start switch နဲ့ relay ကြားကို small wireသုံးနိုင်ပါပီ

နောက် ECUတွေ PLC တွေကနေ solenoidတွေ high load တွေကို on/off control လုပ်တဲ့အခါ
relayကိုကြားခံသုံးလိုက်ရင် controller အလုပ်လုပ်ရတာအများကြီးသက်သာပါတယ်

-မှတ်ချက်
controller က currentနဲ့ control လုပ်ရတဲ့ power sh*tလို EPPRလို solenoidတွေမှာတော့
relay ၾကားခံသုံးလို့မရပါ
ဒီလောက်ဆိုရင်တော့ relay အကြောင်းသဘောပေါက်လောက်ပါပီ

Credit _‌ကိုတစ်

Photos from General Knowledge World's post 28/11/2021

စုလှိုင်ဝင်း ရဲ့ ကောက်ကြောင်းso mike nay yaw😘😍

Photos from General Knowledge World's post 28/11/2021

#ခံတက်ပင်
♥♥♥♥

ခံတက်ပင်ဟာ စားလို့ ရရုံတင်သာမက ဆေးဖက်လည်း
၀င်လှပါတယ်။ အရှင်နာဂသိမ်ဆေးကျမ်းမှာ သူ့ဆေး၀င်ပုံ
ရေးထားပုံက စိတ်၀င်စားစရာ…..
အရသာနဲ့ အကျိုးသွား..ခါးသက်၏ ပူ၏ ဝိပါကစပ်၏ ဝမ်းမီးကိုတောက်စေ၏ အနည်းဝမ်းသက်၏၊ ဂုဏ်နဲ့စွမ်းရည်.. ပြေပြစ်၏ သည်းခြေကိုပြုတတ်၏ လေသလိပ်ကိုငြိမ်းစေ၏ ဆီးအောင့်ရောဂါကျောက်တည်
ရောဂါ၊ ဂူလုံး၊ ပါဒရက်၊ ပိုးရောဂါ ၊သွေးဖေါက်ပြန်ခြင်း စသည်တို့ကို ပျောက်စေတတ်၏။ ရောဂါအလိုက်အသုံး
ပြုပုံမှာ ကျပ်တီးနာ၊ သက်တန့်လျောက်နာ၊ အပြင်းဖျား၊ အကိုက်အခဲ အဆစ်ယောင် ဆီးချို ကျောက်တည်ရောဂါ ဆီးအိပ်ရောင် ရောဂါများကိုပျောက်စေတယ်လို့ ဆိုထား
ပါတယ်...

ထို့အပြင်...မြန်မာဆေးကျမ်းများ အလိုအရ ခံတက်သည် ခါးသက်သက်ရှိ၏၊ ပူသောဂုဏ်သတ္တိ ရှိ၏၊ ၀မ်းမီး ကို
တောက်စေ၏၊ ၀မ်းကိုအနည်းငယ် သက်စေ၏၊ လေနှင့်
သလိပ်ကို ကြေစေ၍ ဆီးအောင့်ရောဂါ၊ ကျောက်တည်
ရောဂါနှင့် သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေနိုင်
၏....

အခေါက်အသုံးပြုပုံ

၁။ သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏...

အရွက်အသုံးပြုပုံ

၁။ အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့် နွေးအောင်
ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများ ပျောက်၏...
၂။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူ
ယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏...
၃။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုး
လေအောင့် ရောဂါပျောက်၏...

အမြစ်အသုံးပြုပုံ

၁။ အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်
သော် ဆီးချို ၊ ကျောက်တည်ရောဂါ ပျောက်၏... ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်
ရောင်ရောဂါနှင့် ကျောက်တည်ရောဂါ ပျောက်၏...
၂။ အမြစ်ကို အပြင်းဖျားရောဂါကုဆေး၌လည်း ထည့်
သွင်းအသုံးပြု၏။

#မြန်မာ့ဆေးဖက်ဝင်ပင်များ

သမားတော်...တိုင်းရင်းဆေး

crd

27/11/2021

မ​နေ့က ဖြစ်ရပ်နှစ်ခုမှာ
ယွန်းယွန်း ရဲ့သတင်းကိုပဲ အာရုံစိုက်နေကြတယ်
ဒီပဲယင်း မှာ ဖြစ်ပျက်နေတာကို သတိမထားမိကြဘူး
ဖြစ်နိုင်ရင် ယွန်းယွန်း အကြောင်း တင်မိတဲ့သူတွေလဲဖျတ်စေချင်တယ်
အားလုံးရဲ့ အားရုံတွေက ဘာမှ မဟုတ်တဲ့သူတွေဆီမှာ ရောက်မနေစေချင်ဘူး
တစ်ဖတ်မှာ သေတဲ့ပြည်သူတွေသေနေကြတာပါ သူတိူ့တွေ မီးလောင်းတိုက်တွေကြား ငိုပွဲဆင်နေကြရတာပါ
😔😔😔😔
ယွန်းယွန်းအကြောင်းတင်ထားရင် အလိုက်တသ်ိပြန်ဖျတ်သွားကြပါ🤗😫

27/11/2021

ကွန်ပျူတာရဲ့ အရေးပါသော Short Cut လေးများ 😚
ctrl + a - အားလုံးကို ရွေးပါ
ctrl + b - bold
ctrl + c - ကော်ပီကူးခြင်း
ctrl + d - ဖြည့်ပါ
ctrl + f - ရှာတွေ့သည်
ctrl + g - စာသား ၏ နောက်ထပ် ဖြစ်ရပ်ကို ရှာပါ
ctrl + h - အစားထိုးရန်
ctrl + i - italic
ctrl + k - hyperlink ကို ထည့်ပါ
ctrl + n - workbook အသစ်
ctrl + ဖွင့်သည်
ctrl + p - ပုံနှိပ်ခြင်း
ctrl + r - ဘာမှမရှိပေ
ctrl + s - ကယ်ပါ
ctrl + u - understand
ctrl + v - ပေ့စ်ပေ့စ်
ctrl w - ပိတ်သည်
ctrl + x - cut
ctrl + နှင့် - ထပ်ခါထပ်ခါ
ctrl + z - ပယ်ဖျက်သည်
f1 - ကူညီမှု
f2 - edition
f3 - နာမည်ကိုပေ့စ်လုပ်ပါ
f4 - နောက်ဆုံးလုပ်ဆောင်ချက်ကို ထပ်လုပ်ပါ
f4 - formula ကို ဝင်ရင် ၊ လုံးဝ / အမျိုးအလိုက် ဒိုင်လူကြီးတွေ ပြောင်းလိုက်
f5 - goto
f6 - နောက်ပန်အီး
f7 - စာလုံးပေါင်းစစ်
f8 - mode ရဲ့ တိုးချဲ့မှု
f9 - workbooks အားလုံးကို တွက်ချက်ပါ
f10 - menubar ကို ဖွင့်ပါ
f11 - စာပိုဒ်အသစ်
f12 - save တာအဖြစ်
ctrl +:-လက်ရှိအချိန်ကို ထည့်ပါ
ctrl +;-လက်ရှိရက်စွဲကို ထည့်ပါ
ctrl + "- အထက်ပါဆဲလ်ရဲ့ တန်ဖိုးကို မိတ္တူကူးယူပါ
cell အထက်မှ formula ကို ctrl + '- copy
အလုပ်ချိန် - excel မီနူးမှာ နောက်ထပ်functions အတွက် offset ချိန်ညှိမှု
shift + f1 - ဘာတွေလဲ ။
shift + f2 - cell cell ကို တည်းဖြတ်
shift + f3 - formula မှာ လုပ်ဆောင်မှုကို ပေ့စ်လုပ်ပါ
shift + f4 - နောက်ရှာမယ်
shift + f5 - find
shift + f6 - ယခင် panel
shift + f8 - ရွေးချယ်မှုကိုထည့်ပါ
shift + f9 - တက်ကြွသော အလုပ်စာရွက်ကို တွက်ချက်ပါ
shift + f10 - popup မီနူးပြပွဲ
shift + f11 - spreadsheစာရွက်အသစ်
shift + f12 - ကယ်ပါ
ctrl + f3 - နာမည်သတ်မှတ်ပါ
ctrl + f4 - ပိတ်သည်
ctrl + f5-xl, မူရင်းပြတင်းပေါက် ၏ အရွယ်အစား
ctrl + f6 - နောက်ထပ် workbook window
shift + ctrl + f6 - ယခင် workbook window
ctrl + f7-င်းဒိုးကို ရွှေ့ပါ
ctrl + f8 - resize window
ctrl + f9 - workbook ကို minimize
ctrl + f10 - maximize သို့မဟုတ် ပြန်လည်ထားရှိရန် ပြတင်းပေါက်များ
ctrl + f11 - inset 4.0 macro အလွှာ
ctrl + f1 - open file
alt + f1 - စာပိုဒ်တစ်ခု ထည့်ပါ
alt + f2 - ကယ်ပါ
alt + f4 - output
alt + f8 - macro dialogue
alt + f11 - visual basic တည်းဖြတ်သူ
ctrl + shift + f3 - အတန်းနှင့်ကော်လံအညွှန်းများကို အသုံးပြုပြီး နာမည်တစ်ခုဖန်တီးပါ
ctrl + shift + f6 - ယခင် window
ctrl + shift + f12 - ပုံနှိပ်ခြင်း
alt + shift + f1 - spreadsheet အသစ်
alt + shift + f2 - ကယ်ပါ
alt + = - autosum
formula အတွက် ctrl + '- အဖွင့်တန်ဖိုး / ပြပွဲ
ctrl + shift + a - formula မှာရှိတဲ့ အငြင်းပွားစရာ နာမည်တွေကို ထည့်လိုက်
alt + မြားအောက်မြား - အလိုအလျောက်မြင်ကွင်း စာရင်း
alt + '- format စတိုင် ဒိုင်ယာလော့စ်
ctrl + shift + ~ - general format

; original writer.

27/11/2021

ခေါင်းမူးနေတယ်၊ ဘာဖြစ်တာလဲ? 🏥
-----------------------------------------
ခေါင်းမူးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက အများကြီး ရှိပါတယ်။ အဲဒီက စ ပြောရင်တော့ ပိုမူးသွားဖို့ပဲ ရှိပါတယ်။ 😅 😵‍💫

အကြောင်းရင်းရှာတာက ဆရာဝန်လုပ်ပါလိမ့်မယ်။ ကိုယ်က အန္တရာယ်ရှိတဲ့လက္ခဏာတွေကို ကြိုသိထားဖို့နဲ့ ဆရာဝန်ဆီမရောက်ခင် ကိုယ်လုပ်လို့ရတာလုပ်ထားဖို့ ပဲ လိုတာပါ။

အထိုင်အထ ရိပ်ခနဲ ဖြစ်တာ၊ မျက်စိပြာသွားတာ နဲ့ ချာချာလည်အောင် ခေါင်းမူးတာက မတူပါဘူး။
အထိုင်အထ ရိပ်ခနဲ ဖြစ်တာ၊ မျက်စိပြာတာက သပ်သပ်တလိုင်းပါ။ နောက်မှ ဆွေးနွေးပါမယ်။

အခု ချာချာလည်အောင် မူးတဲ့သူတွေ အတွက် အရင်ရေးပေးပါမယ်။
အဲဒါကြောင့် လက်တွေ့မှာ ချာချာလည်အောင် ခေါင်းမူးရင် ဘာ နဲ့စမလဲအရင်ကြည့်ရအောင်။

(၁) သတိလစ်ခြင်း ➡️ ပြန်ကောင်းသွားရင်တောင် ဆရာဝန်ချက်ချင်းပြရမယ့် လက္ခဏာပါ။ ‼️

(၂) ခေါင်းမမူးခင်က ခေါင်းကို ထိခိုက်မိထားတာရှိလား🤕 ➡️ ရှိတယ်ဆိုရင် မပေါ့ပါနဲ့၊ အရေးကြီးပါတယ်။

(၃) ခေါင်းမူးတာအပြင် ➡️
- ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာရှိလား?
- မျက်နှာ၊ ခြေ၊ လက်၊ ထုံတာကျဥ်တာ၊ အားနည်းတာရှိလား?
- မျက်စိအမြင်ဝေဝါးတာ?
- စကားပြောရတာ ခက်ခဲနေတယ် ထင်လား?
- ရုတ်တရက် နှလုံးခုန်မူမမှန်ဖြစ်လား? မြန်တာ၊ နှေးတာ?
- ကိုယ်အလေးချိန် သိသိသာသာလျော့လား?
(အသက်ကြီးတဲ့သူတွေမှာ အိမ်သားက မေးပေးမှ သူတို့က ပြောတာပါ၊ နဂိုကလည်း အဲ လက္ခဏာတွေရှိတယ်ဆိုရင် မူးတာနောက်ပိုင်း အဲလက္ခဏာတွေ ပိုဆိုးလာလား သိဖို့ အရေးကြီးပါတယ်)
*** အဲဒီလက္ခဏာတွေက ဆရာဝန် အမြန်ပြသင့်တဲ့ လက္ခဏာတွေပါ။ ‼️

(၄) မူးနေတဲ့အချိန် သွေးပေါင် တိုင်းကြည့်လို့ရပါတယ်။ (ဆရာဝန်မဟုတ်ဘဲ အတွေ့အကြုံရှိတဲ့သူတိုင်း လုပ်လို့ရပါတယ်) ကျတာရော၊ တက်တာရော ဖြစ်နိုင်ပါတယ်။
သွေးပေါင်ကျနေရင် ဓါတ်ဆားရည်အရင်တိုက်ပြီး အကြောင်းရင်း လိုက်ရှာရပါမယ်၊

တက်နေတယ်ဆိုရင် -
သာမာန်လူတွေတောင် မူးနေတဲ့အချိန်မှာ သွေးပေါင်တက်တတ်ပါတယ်။ သွေးပေါင်တက်တိုင်း သွေးပေါင်ကျဆေး မလိုပါ။ ဒါပေမယ့် နဂိုက သွေးတိုးအခံ ရှိတဲ့သူ၊ ဆေးသောက်နေကျသူနဲ့ သွေးပေါင် ၁၆၀/၉၀ အထက်‌ တွေမှာဆိုရင်တော့ သွေးပေါင်ကျဆေးလိုကောင်းလိုမှာ ဖြစ်တဲ့အတွက် နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ပါ။

(၅) သွေးတွင်းအချိုဓါတ်က မူးနေတဲ့အချိန် စက်ရှိရင် တိုင်းကြည့်ပါ။
သူလည်း ကျတာရော၊ တက်တာရော ဖြစ်နိုင်ပါတယ်။ ချွေးစေးထွက်၊ ရင်တလှပ်လှပ်ဖြစ်တာတွေပါ တွဲနိုင်ပါတယ်။
ကျရင် အချိုရည်သောက်ရပြီး တက်ရင်တော့ အင်ဆူလင်ဖြစ်ဖြစ်၊ ဆီးချိုဆေး ဖြစ်ဖြစ် လိုကောင်းလိုမှာဖြစ်တဲ့အတွက် သူလည်း ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

(၆) သာမာန်မူးတာက (၁၄) ရက်ထက်ပိုမကြာသင့်ပါ။ ပိုကြာရင် သတိထားပြီး ဆရာဝန်နဲ့ထပ် တိုင်ပင်ပါ။ ဖြူဖျော့နေရင်တော့ သွေးအားနည်းတာ ဖြစ်နိုင်ပြီး သေချာအောင် သွေးဖောက်စစ်မှရမှာပါ။
-----------------------------
(၁) ကနေ (၆) အထိ လက္ခဏာတစ်ခုမှ မရှိရင်တော့ ချာချာလည်အောင် မူးနေရင်တောင် သိပ်မစိုးရိမ်ပါနဲ့။
အရေးပေါ် ကုသတာထက် ဖြည်းဖြည်းချင်းပဲ ဆေးသောက်၊ ဖြည်းဖြည်းချင်းပဲ သက်သာတဲ့ အခြေအနေတွေ ဖြစ်ဖို့များပါတယ်။

(၇) မူးတာက (၁၄) ရက်မပြည့်သေးဘူး၊ ပျို့အန်တာလည်း ရှိတယ်ဆိုရင် ဆက်စဥ်းစားရမှာက
- မကြာခင်က 💊 ဆေးသောက်ထားတာရှိလား၊ ဆေးအသစ်? ဆေးအပြောင်းအလဲ? တစ်ခါတစ်ရံ အချို့ဆေးတွေက စစချင်း မဖြစ်ဘဲ လနဲ့ ချီသောက်မှ ခေါင်းမူးတာ ရှိပါတယ်။
- အရက်
- ကား၊ လေယာဥ်ပျံ၊ သင်္ဘော (၂ ရက်ထက်ပိုမကြာသင့်ပါ)✈️ 🚢 🚐

(၈) အပေါ်က ပြောသမျှနဲ့ တစ်ခုမှ မကိုက်ရင် ထပ်မေးရမှာက - 👂
နားအူတာ၊ နားပြည်ယိုတာ၊ အကြားအာရုံချို့ယွင်းတာရှိလား? နားထဲ အရည်ကျည်ဖုလေးတွေ ရှိလား? ➡️
ရှိရင်တော့ နားကြောင့် ဖြစ်တဲ့ ခေါင်းမူးတာဖြစ်နိုင်ပါတယ်။ နား နှာခေါင်း ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

အဲဒီ လက္ခဏာတွေ မရှိလည်း နားထဲက အာရုံကြောတွေ ရောင်ရင်လည်း ခေါင်းမူးတာ တစ်မျိုးတည်းနဲ့ လာနိုင်ပါတယ်။

(၉) နားက ဘာမှ မဖြစ်ဘူး၊ ဒါပေမယ့် ခေါင်းအလှည့်အပြောင်း တအားမူးတယ်၊ အိပ်နေတုန်းလည်း ဟိုဖက် ဒီဖက်စောင်းရင် မူးနေတယ်ဆိုရင်တော့ အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ BPPV လို့ခေါ်တဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ယူဆတာကတော့ နားထဲက အရည်နဲ့ အစိုင်အခဲလေးတွေ မူမမှန်လို့ ဖြစ်တာပါ။ ခဏခဏ ပြန်ဖြစ်တတ်ပြီး စိုးရိမ်စရာမရှိပင်မယ့် ‌ဆေး သောက်ပြီး တော်ရုံမသက်သာတတ်ပါ။ ရုတ်တရက်ခေါင်းကို နောက်ပြန်လှန်ချတဲ့ Physio လုပ်ရင် အကျိုးရှိတယ်ပြောပါတယ်၊ ပြီးရင် လည်ပင်းကို မနက်ကတည်းက အပတ်ပတ်ပြီးငြိမ်အောင်ထား၊ တနေကုန် မလှဲဘဲ ငုတ်တုပ်ထိုင်၊ ညဖက်ကျမှ ဖြုတ်ပြီး အိပ် ရပါတယ်။
နမူနာကို အောက်ကလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=CPLOd6vqWKI

(၁၀) မုတ်ဆိတ်ရိတ်တုန်း၊ လည်ပင်းကော်လာပတ်ထားတုန်း၊ ခေါင်းအလှည့်အပြောင်းမှ ဖြစ်တာဆိုရင်တော့ လည်ပင်းက အကြောကို ထိမိတာ ဖြစ်ဖို့များပါတယ်။ ဆေးပေးတာထက် ကော်လာတွေ မပတ်ဖို့ သတိထားခိုင်းရတာပါ။

(၁၁) မျက်စိပြန်စမ်းဖို့လည်း မမေ့ပါနဲ့။

(၁၂) ယေဘူယျအားဖြင့် အထက်ပါအစဥ်အတိုင်း စဥ်းစားတယ်ဆိုပေမယ့် အခြားရောဂါအခံ ရှိတဲ့သူတွေမှာ ရောဂါနဲ့ လူနာအခြေအနေပေါ်မူတည်ပြီး စဥ်းစားပုံစဥ်းစားနည်းက ကွဲလွဲနိုင်တာမလို့ ရောဂါအခံရှိတဲ့သူတွေဆိုရင် မိမိပြနေကျဆရာဝန်နဲ့ အနည်းဆုံးတစ်ခါတော့ ပြန်ပြသင့်ပါတယ်။
---------------------------------
ဒီစာက မူးနေတဲ့သူတွေအတွက် ကိုယ်မူးတာ အရေးပေါ် အန္တရာယ်ရှိလား၊ မရှိလား တီးမိခေါက်မိရုံရေးပေးတာပါ။
* နံပါတ် (၇) ကနေ (၉) မှာပေးတဲ့ အမူးပျောက် ဆေးတွေ အကြောင်းကနောက်မှ ထပ်ရေးပေးပါမယ်။

အခုတောင် စာကတော်တော်ရှည်သွားပါပြီ၊
စာဖတ်ဖို့ အချိန်မရှိတဲ့သူတွေ၊ မျက်စိကောင်းကောင်း မမြင်ရတဲ့ အဖိုးအဖွားတွေ အတွက်လည်း လုပ်ထားတဲ့ အစီအစဥ်လေးတွေ ရှိပါတယ်။ မကြာခင်လာမှာ ဖြစ်တဲ့အတွက် Like & Share လုပ်ထားပြီး မျှဝေထားနိုင်ပါတယ်။

Photo: credit

27/11/2021

ဇူဇူ လဲ ၉လ အဘန်းခံထိပီဟေ့

27/11/2021

ဇီးဖြူသီး+ကြိတ်မှန်ရွက်+ ကွမ်းရွက်+ပျားရည်
မျက်မှန်တပ်ထားရသူများ
လက်တွေ့သာ စမ်းသပ်သုံးစွဲကြည့်ကြပါ...
🌱☘️🌱☘️🌱☘️🌱☘️🌱☘️🌱☘️🌱☘️

အသက်(၃၀)ကျော်မှပဲ မျက်စိမကြည်။
မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့
အနီးကြည့် ပါဝါ (+၁၅၀)ဒီဂရီ မျက်မှန်
တပ်ခဲ့ရသည်။

အခုအသက်(၄၀)ကျော်မှ
မျက်မှန်လွတ်လေတော့ ထူးဆန်းနေသလို
အများက ထင်ကြတော့သည်။

ဆေးနည်း အချိုးအစားအတိုင်း
လွယ်ကူစွာ ဖေါ်စပ်ရန် ဖြစ်လေသည်။

ဆေးနည်း

(၁) ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ဖယ်၊
နေလှန်း၊ အမှုန့်ပြုလုပ်ရန်။

(၂) ကြိတ်မှန်ရွက်ကိုခူး အရိပ်မှာ
အလိုအလျောက် သဘာဝအတိုင်း
အခြောက်ခံ အမှုန့်ပြုရန်။

(၃) ကွမ်းရွက်ကို အခြောက်လှန်း
အမှုန့်ပြုရန်။

(၄) ပျားရည်စစ်စစ်

ထို(၄)မျိုးသာ လိုပါသည်။

ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက်
လုပ်ပါမူ
ကာလတန်ဖိုး လေးသောင်းငါးသောင်းမက
ကုန်သည်သာ။

နေရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလိုဖြစ်ပြန်သည်။ မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုန်းပွတ်ဖို့ အကုန်ခက်ချေသည်။

မျက်မှန်ပါဝါက အကျမရှိ အတက်သာ။
ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက်ကြောတက်
စိတ်ပျက်ဖြစ်ရပြန်သည်။

"သုံးဆောင်ရန်"

ညအိပ်ပြီဆိုပါလျှင်

ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်း

ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း

ကွမ်းရွက်ခြောက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း

ထိုဆေးသုံးပါးအား
ပျားရည်လက်ဖက်စားဇွန်း(၃)ဇွန်းနှင့်
ရောမွေ၍ စားပေးရန်သာ ဖြစ်သည်။

သုံးလသာ ပုံမှန်မပျက် ယုံကြည်ချက်ဖြင့် စားပေးပါ။

မျက်စိကြည်လင်လာပြီး မျက်မှန်လွတ်မှာ
သေချာနေပါလိမ့်မည်။

ထိုမျှမက အကျိုးရလဒ်က
အညောင်းအညာပါ ပြေလာပါလိမ့်မည်။

မြန်မာတိုင်းရင်းဆေး အစွမ်းအား
လက်တွေ့လုပ်ဆောင်ခြင်းဖြင့်
ဂုဏ်ကိုမြင့်တင်ကြပါစို့။
_______________________________
Credit..to.မူရင်း _________________________________

26/11/2021

ဟောပြောပွဲ
__________

ကျနော်တို့ လူငယ်တစ်သိုက် ဟောပြောပွဲတစ်ခု
သွားနားထောင်ရန်အတွက် ချီတက်နေကြသည်။

တစ်လမှ လစာငွေ ငါးသိန်းသာရသော အဖေက ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။

လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုန်း၊လက်မှတ်ငါးစောင် ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။

ကျနော်ကြားဖူးနားဝ ဗုဒ္ဓဝင်ထဲကလို အသပြာတစ်ထောင်ပေးပြီး သားကို တရားနာခိုင်းတဲ့ သူဌေးကြီးလိုမျိုး။

ကျနော်ဆိုတာလည်း ဆယ်တန်းကို
အမှတ်ခပ်ပျော့ပျော့နဲ့ အောင်ပြီး
ရရာမေဂျာတစ်ခုယူရင်း တက္ကသိုလ်မှာ
ဝေလေလေလုပ်နေတဲ့ ရွက်ကျပင်ပေါက်။

ဆော်ရှိတယ်။ဆေးလိပ်သောက်တယ်။
စောက်ထာကျတယ်။ကျနော့်ကို ကျနော်တော့ အောင်မြင်နေတယ် ထင်ခဲ့တာပဲ။

ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာ အမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ ကျနော်မသိသေးဘူး။

ခန်းမထဲမှာ လူတွေအပြည့်ပဲ။တချို့က မိသားစုလိုက်။တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။

စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။
မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့…
ထူးထူးခြားခြားတောက်ပနေတာက သူ့ရဲ့
ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။
နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့
လည်း ဒီလို confidence ရှိနေတာ မဆန်းပါဘူး။ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီဝတ်ထားတယ်။
တီရှပ်တစ်ထည်ဝတ်ထားတယ်။
မြန်မာ့အဆင့်( ၁ )သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။

"မင်္ဂလာပါ။ကျနော် ကျော်စွာပါ။”

မိတ်ဆက်ပုံက ဒီလောက်ပဲ။နိုင်ငံတော်က
ချီးမြှင့်ထားတဲ့ သူဌေးဘွဲ့ကို သူ မရွတ်ပြဘူး။

"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခု မတူဘူးနော်။
အပေါ်စီးကနေ သင်ကြားပေးချင်တာ မဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။

ကျနော်က စကားပြောသိပ်ကောင်းတာတော့ မဟုတ်ဘူး။ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။”

အောင်မြင်တဲ့ နိဒါန်းပဲလား။လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိဖြစ်သွားတယ်။

"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး အကြံပြုချင်တာပါ။

တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို ပြောတယ်။ကမ္ဘာအရပ်ရပ်က
လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့
ဆိတ်သားရေ၊နွားသားရေမှာ
စာရေးနေရတဲ့ ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။

ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲ”ဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုး ပြုစုထားတာပါ...တဲ့။

"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး”

အဲ့ဒိအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့ သားရေပြားချပ်လေးကို ပေးလိုက်ရင်း
"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး”

မင်းကြီး မျက်မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာက နှစ်ကြောင်းတည်း....
"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။”

အဲ့ဒါ ဘဝပဲ။
နိဒါန်းက မွေးဖွားခြင်း။
နိဂုံးက သေဆုံးခြင်း။
သတ္တဝါတိုင်း အတူတူချည်းပဲ။

ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ကျနော်ဘယ်လိုနေခဲ့လဲ။

ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို ကျောင်းသားလူငယ်ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ဆိုးခဲ့ဖူးတယ်။တေခဲ့ဖူးတယ်။ပေခဲ့ဖူးတယ်။

ဘဝမှာ ကြက်ခြေခက်တွေ အပြည့်နဲ့။
ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ကျနော့်အဖေက မှာတယ်။
မင်းကြိုက်သလောက် ပျော်ပါ။ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါ...တဲ့။

ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။
အခွင့်အရေးတစ်ခု၊လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ညလုံးပေါက် ဂစ်တာတွေ တီး၊
သီချင်းတွေ ဆို၊ဘော်ဒါတွေနဲ့ မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့
နေ့တွေက မနည်းလှဘူး။

ရက်တွေကြာလာတော့ အဖေက ပြောတယ်။
"သား ကြိုက်သလောက် ပျော်ပါ။
သားအပျော်ကြူးတာနဲ့
တိုက်ရိုက်အချိုးတူစွာ အဖေတို့
စိတ်ပူရတယ်။ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါ..သား။

သားဘယ်နေရာမှာ မူးမှောက်ပြီး အိပ်ပျော်နေမလဲ။
ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက် ခံနေရမလဲ။ဖေဖေတို့
စိတ်ပူနေရတယ်။မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့ တစ်ရက်စာ စိတ်အေးရတယ်”တဲ့

ကျနော်မသိခဲ့ဘူး။ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ကျနော်ပဲ ပျော်ချင်တာ။ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။

အဲ့ဒိနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင်
ကျနော့်အိမ်ပြန်ချိန်တွေ ဥာဉ့်မနက်တော့ဘူး။
ကျနော့်ကြောင့် မိဘကို
စိတ်ပူစေမယ့်ဘေးကို အတတ်နိုင်ဆုံး အေးစေခဲ့တယ်။

အမေကတော့ အဖေ့ကို ပြောတယ်။
"ရှင့်နည်းက စွန့်စားလွန်းရာ မကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတော့
ဘယ့်နှယ့်လုပ်မလဲ”တဲ့။
ကျနော့် စိတ်ထဲမှာ စူးစူးနင့်နင့်နားလည်လိုက်တာက မိဘအိမ်ဆိုတာ သားသမီးတွေအတွက် လုံခြုံဘေးကင်းရာအရပ်ပဲ။

ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။ဒါပေမယ့် မိဘတွေဘက်က
ဝင်တွေးကြည့်ပါ။မင်းတို့အတွက်
မိဘအိမ်ဟာ ဘေးကင်းလုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။

ကျနော် ဒုတိယနှစ်ရောက်တော့
ရည်းစားရနေပြီ။အရူးအမဲသား စားရသလိုပေါ့ဗျာ။
အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။

တစ်ရက်မှာ အဖေက မေးတယ်။
" သား ချစ်သူရပြီလား”တဲ့
"ဟုတ်ကဲ့”လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ဘာအလုပ်လုပ်စားမလဲ။မင်းဘဝရည်မှန်းချက်က ဘာလဲလို့
မေးတယ်။မေးခွန်းက ရိုးရှင်းသလောက်
အဖြေက သိပ်ခက်တယ်။ခက်တာထက်ကို
ပိုပါတယ်။အဖြေက ရှိကို ရှိမနေတာ။

အဖေက ဘာမှဆက်မမေးတော့ဘူး။
ဟုတ်တယ်။ဒါက အဖေ ကျနော့်ကို မေးရမယ့် မေးခွန်းမဟုတ်ဘူး။ကျနော့်ကို ကျနော်မေးရမှာ။ငါဘာအလုပ်လုပ်မှာလဲ။ငါ့ရည်မှန်းချက်က ဘာလဲ။ကိုယ်လျှောက်မယ့်လမ်းတောင် ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။

ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။

ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။သင်ယူတယ်။
ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။
သိလိုသူက မာန်ချထားရတယ်။

ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။
သမီးရည်းစားပြဿနာပါ။ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။ကျိမ်စာတွေတိုက်။အသဲတွေကွဲ၊အရက်တွေမူး။

အဲ့ဒိအချိန်မှာ အဖေကထပ်မေးတယ်။
"သူ့မှာ မင်းကို ဖြတ်ဖို့ အခွင့်ရေးမရှိဘူးလား”တဲ့

ဟုတ်တယ်။ဘာစာချုပ်စာတမ်းမှ
ရှိတာမဟုတ်ဘူး။တစ်သက်လုံး လက်တွဲပါမယ်လို့လည်း ကတိမပေးထားဘူး။
ကျနော့်ကို သူ မလိုချင်တော့ရင်၊မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင် သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။ဒီလိုတွေးဖြစ်လာတယ်။တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာ မရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။
ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း ရွေးလိုက်တာလား။
ဥာဏ်နဲ့ရော ပိုင်းခြားစီစစ်ဖြစ်လား။

နောက်တစ်ကြိမ်ရွေးချယ်မှုကတော့ ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။
လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက် တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေးခဲ့ကြတယ်။

ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်မဟုတ်လား။Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့
deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 230AC
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current.
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင် ဖုန်းပဲ ဂိသွားလိမ့်မယ်။ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။မတူညီ ကွဲလွဲခြင်းသာ။နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ
သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။
နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။
အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရတတ်တယ်။မိဘက adapterမခံဘဲ 230AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။

ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်းတွေနဲ့ အောင်မြင်ချင်လာတယ်။
သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။
အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။
သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။
သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ် messageတစ်ခုအဖြစ် မျှဝေချင်ပါတယ်။

မက်ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက်မှာ သူပိုင်တဲ့နယ်မြေတွေကို သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။
အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီကGeometryပညာရှင် ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။

ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။
"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက် အထူးနည်းလမ်းမရှိပါဘူး”တဲ့။

ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။
ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ ဝီရိယကြောင့်ပဲ။ဦးတည်ရာကို ရွေးချယ်တာက ဥာဏ်ရည်ပေါ့။လျှောက်လမ်းမှာ
ခလုတ်မထိ ဆူးမငြိဖို့က သတိတရားရဲ့
လုပ်ဆောင်ချက်။

ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်လာတယ်။အတော်အတန် အောင်မြင်လာတယ်။ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က ကျနော့်ကို
မေးတယ်။စာဖတ်ဖြစ်လား...တဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့ ပြောတော့ သူဌေးကြီးက
"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင် တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့ ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထား”တဲ့
တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ် ထင်ပါတယ်။နောက်မှ လေသံပျော့သွားပြီး
"ငါ့ညီ ကျော်စွာ ဘီလ်ဂိတ်ကြီးရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ
စာဖတ်ခြင်းပဲ။

လင်ကွန်းက ပြောတယ်။ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင် လေးနာရီက ပုဆိန်သွေးနေမှာတဲ့။ငါတို့ အလုပ်လုပ်နေတယ်ဆိုတာ ဥာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။
စာဖတ်တယ်ဆိုတာ အဲ့ဒိဥာဏ်ပုဆိန်ကို
သွေးနေရတာ။မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။ပုဆိန်တုံးလာလိမ့်မယ်”တဲ့။

ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်
လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။
နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။
ပကတိမှ မဟုတ်တာ။ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင် ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။

ကျနော်မျှော်လင့်တယ်။ညီတို့ ညီမတို့လည်း
ပျော်ကြပါ။ဒါပေမယ့် ဘေးကင်းပါစေ။

ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။
ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။

ချစ်ကြပါ။ဒါပေမယ့် နားလည်မှုရှိပါစေ။

အလုပ်လုပ်ကြပါ။ဒါပေမယ့်
စာဖတ်ဖို့ အချိန်ရှိပါစေ။

အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။ဒါပေမယ့်
မာန်မာနတော့ ကင်းပါစေ။

နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။

ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား နားထောင်ပေးကြလို့ ကျနော် ကျော်စွာက အားလုံးကို ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက်မှတ်တွေကို အရောင်းကောင်တာမှာ ဝယ်စျေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။
ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ် လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။
ဒါပေမယ့် လေးနက်မှုတစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။

လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။
ငွေတစ်သောင်းဟာ တချို့လူတွေအတွက် သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။”

လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။
တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။

အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေ
တက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။
လက်မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။
အဖေပေးမယ့် ငွေတစ်သိန်းလည်း ကျနော်
မလိုချင်တော့။ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။
နိုင်ငံအတွက်၊မိဘအတွက်၊မိမိအတွက် အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊သားသမီးကောင်းအဖြစ်၊လူသားကောင်းအဖြစ် ကျနော် စတင်ရတော့မယ်။

မူရင်း. ေးပါတယ် မေတ္တာဖြင့် ပြန်လည်မျှဝေသည်။

Photos from General Knowledge World's post 26/11/2021

ParkShinHye နဲ့ ChoiTaeJoon တို့ရဲ့ wedding ကို Seoul မြို့အလည်က Shilla Hotel 🏨 မှာကျင်းပသွားပါမယ်တဲ့ ~

ရိုးရာဒီဇိုင်းနဲ့ ခေတ်ပေါ်ဒီဇိုင်းပေါင်းစပ်ထားတဲ့
Luxury hotel venue ဖြစ်ပြီး SongSong couple ၊ Jun Jihyun တို့ရဲ့ wedding တွေသာမကဘဲ အခြားနာမည်ကြီးသရုပ်ဆောင်တွေရဲ့ မင်္ဂလာပွဲတွေ ကျင်းပခဲ့တ

Website