Love Emoji

Love Emoji

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Love Emoji, .

25/01/2022

လိမ္မာရတာကို စိတ်ကုန်လာတဲ့တစ်နေ့...
ငါနည်းနည်းလေးတော့ဆိုးကြည့်ဦးမယ်။

သည်းခံရတာကို ငြီးငွေ့လာတဲ့တစ်နေ့...
ငါနည်းနည်းလေး‌တော့ ပေါက်ကွဲကြည့်ဦးမယ်။

ပေးဆပ်ရတာကို စိတ်ပျက်လာတဲ့တစ်နေ့..
ငါနည်းနည်းလေးတော့ အတ္တကြီးကြည့်ဦးမယ်။

ခွင့်လွှတ်ပေးရတာကို ရင်နာလာတဲ့တစ်နေ့...
ငါနည်းနည်းလေးတော့ အသည်းမာကြည့်ဦးမယ်။

အောက်ကျို့ခံရတာကို ရွံမုန်းလာတဲ့တစ်နေ့....
ငါနည်းနည်းလေးတော့ မာနကြီးကြည့်ဦးမယ်။

အနစ်နာခံရတာကို ခံနိုင်ရည်မရှိတော့တဲ့တစ်နေ့....
ငါနည်းနည်းလေးတော့ တစ်ကိုယ်ကောင်းဆန်ကြည့်ဦးမယ်။

တစ်နေ့နေ့ပေါ့....
ဘယ်သူ့ဘယ်သူအတွက်မှ ရှင်သန်စရာမလိုတဲ့တစ်နေ့....
လောကကြီးရဲ့မျက်နှာကိုလုံးဝမကြည့်ဘဲနေနိုင်တဲ့တစ်နေ့....
အဲ့ဒီတစ်နေ့နေ့မှာတော့
ငါ လူသားတစ်‌ယောက်အဖြစ်ပီပီသသရှင်သန်နေထိုင်ကြည့်ရဦးမှာပေါ့။

မနောဖြူ

07/01/2022

ငယ်တုန်းက
ပိုက်ဆံမရှိတော့ဘူးလို့
မိဘကိုအမြဲညာတတ်တယ်

ကြီးလာတော့
ပိုက်ဆံရှိသေးတယ်ဆိုပြီး
မိဘကိုအမြဲညာပြန်တယ်

ငယ်တုန်းက
မိဘပိုက်ဆံနဲ့ မိဘက
ပစ္စည်းဝယ်ခိုင်းရင်
ဈေးအမြဲ ပိုပြောတတ်တယ်

ကြီးလာတော့
ကိုယ့်ပိုက်ဆံနဲ့ မိဘကို
ပစ္စည်းဝယ်ပေးတတ်လာတော့
ဈေးအမြဲ လျော့ပြောပြန်တယ်

ငယ်တုန်းက
အခက်အခဲနည်းနည်းမရှိလိုက်နဲ့
ရှိတာနဲ့အိမ်ပြန်ရောက်တာနဲ့ ငိုယိုပြီး
မိဘကိုတိုင်တန်းတတ်တယ်

ကြီးလာတော့
အပြင်မှာအဆင်မပြေလေ
အိမ်ရောက်ရင်ပြုံးလေပဲ

ကိုယ်ကတဖြည်းဖြည်းနဲ့
ရင့်ကျက်လာသော်လည်း
မိဘတွေကျတော့အိုးမင်းရင့်ရော်သွားပြီ

Photos from Love Emoji's post 06/01/2022

My Love♥

Website